en
Feedback
📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

Open in Telegram

အချစ်နှင့်ခံစားချက် ကဗျာများ (love & feeling poems)

Show more
Myanmar40 341The category is not specified
412
Subscribers
+524 hours
+477 days
+16330 days
Posts Archive
တစ်နေ့တော့ ရယ်ရင်းမောရင်း ခင်ဗျားဖုန်းနံပါတ်တွေ ဖျက်ပစ်တဲ့ထိ နေသားကျလာမှာပါ.. -ဆန်းကျော်စွာဝင်း

ငါကလွဲ တခြားအရာများပဲ ပေးချင်တာပါ ငါ့မှာလဲ ငါပဲရှိတာမို့ ခက်သားလား လွတ်လပ်စေလိုတဲ့စိတ်နဲ့ ငှက်ကလေးကို ဝေးဝေးပျံခိုင်းမိတိုင်း မျက်ရည်က ဝိုင်း ဝိုင်းလာ ငါဟာ စိတ်လဲမခိုင်ဘူး။ မင်းကိုလည်း မပိုင်ဘူး မဟုတ်လား။ -မြူမှုန်လ

''ကျန်းမာရေး ဂရုစိုက်ပါ '' ကျန်းကျန်းမာမာ ရှင်သန်နေတဲ့ မင်းကို (သက်ဆုံးတိုင်) ကိုယ်က ငေးကြည့်နေချင်သေးတာ … -ဖရော်ဆန်
''ကျန်းမာရေး ဂရုစိုက်ပါ '' ကျန်းကျန်းမာမာ ရှင်သန်နေတဲ့ မင်းကို (သက်ဆုံးတိုင်) ကိုယ်က ငေးကြည့်နေချင်သေးတာ … -ဖရော်ဆန်

ငိုရှိုက်သံတွေနဲ့ အသားကျနေတဲ့တိုင်းပြည်မှာ အသက်တွေသေနေလည်း အသေသတ်နေကျတုန်းပဲ မေတ္တာပေးရင်မေတ္တာပြန်ရတယ်ဆိုတာ ပဒေသရာဇ် ခေတ်မှာ ကျန်ခဲ့ပြီ ယောက်ဖရဲ့။ ငါတို့ရဲ့ လမ်းမထက်မှာ ဇီ၀ိန်ချုပ်ခဲ့ရတဲ့ ကြယ်ပွင့်တွေ အိုးအိမ်တောင်ယာတွေနဲ့အတူ ရောပျော်ပြီးလောင်သွားတဲ့ အိမ်မက်တစ်ချို့တွေ ဒီနိုင်ငံမှာ လူလာဖြစ်ရတာ သိပ်ကိုကောင်းတယ်(သေချင်စရာ)။ ငရဲဆိုတာ ငါ့တို့ခေတ်မှာသာ မျက်၀ါးထင်ထင်ကြုံတွေ့ရတာ မင်းမျက်လုံးတွေ မမှိတ်လိုက်နဲ့ယောက်ဖ ပညာမဲ့နေတဲ့ပညာတတ်ကြီးတွေနဲ့ အာဏာကိုအရိုးလို မက်နေတဲ့ ခွေးတစ်သိုက်တွေကို မင်းသေချာကြည့်သွား နောက်လူဖြစ်မဲ့ တိုင်းပြည်မှာ ဒီနိုင်ငံလို မကြုံရဖို့ မင်းသေချာဆုပန်သွား။ -ရွက်လှေ

မင်းတန်ဖိုးထားတက်တဲ့ တနေ့ရောက်ရင် အရာတော်တော်များများက မင်းအနားမှာ မရှိနိုင်တော့ဘူး ။ လူ့ဘဝမှာ အကြီးမားဆုံး နှမြောစရာက မင်းဂရုအစိုက်ရဆုံးလူနဲ့ လွဲသွားတာမဟုပါဘူး မင်းကို ဂရုစိုက်အပေးဆုံးလူနဲ့ လွဲသွားတာက နှမြောစရာအကောင်းဆုံးပါ ။ -မုဒြာ

တရက်တာ ပင်ပန်းသွားပြီနော် မောနေပြီလား စောစောအိပ်ပါ အိပ်ရေးပျက်မခံနဲ့နော် ။ မင်းအတွက် ကောင်းမွန်တဲ့ အိမ်မက်လေးက ရှိရှိသမျ စိတ်ညစ်စရာတွေကို ယူဆောင်သွားဖို့ မျှော်လင့်ပါတယ် ။ အိပ်ရာကနိုးလာတာနဲ့ ဆက်ပြီး ကြိုးစားပါနော် ကောင်းသောညလေးဖြစ်ပါစေ ။ -မုဒြာ

မလိုအပ်ဘူးထင်လို့သာ အလိုက်တသိနဲ့ တိတ်ဆိတ်စွာ ထွက်သွားပေးလိုက်တာပါ တချိန်ကကျမ ရှင့်အနားမှာ နေပျော်ဖို့ယော သေပျော်ဖို့ထိပါ မိုက်ရူးရဲဆန်စွာ ချစ်ခဲ့တဲ့သူပါ ။ -မုဒြာ

အိမ်ကဖေဖေမေမေက ရိုက်ဖို့မပြောနဲ့ ဆူမယ်ဆိုတာနဲ့ မျက်နှာငယ်လေးနဲ့ ကပ်ချွဲလိုက်ရင် အဆူမခံရတဲ့အပြင် မုန့်ဖိုးပါထပ်ရလိုက်သေး....😁 ဖေဖေမေမေပြီးရင် ထပ်ပြီးကပ်ချွဲစရာက ကိုကိုလူကြီးယေးရှိတယ် သဝန်အရမ်းတိုပြီး အမြဲလူကိုစိတ်မချဖြစ်တဲ့အပြင် ဆုံးရှုံးရမှာ ကြောက်တဲ့အထိ ချစ်တဲ့သူကြီးပေါ့🤭 အသက်ကြီးလို့သာ ကိုကိုကလူကြီးဖြစ်နေတာ စိတ်က ခလေးစိတ်နဲ့ ရစ်သမျှလဲ သည်းခံရတယ် နောက်တယောက်ကို ချစ်သွားမလားလို့လည်း စိတ်မပူရဘူး ကျမမျက်နှာတကမ္ဘာထင်တဲ့သူပေါ့ တကယ်ချစ်ကြတဲ့ယောကျာ်းတွေက မမြင်ကွယ်ရာမှာပါ သစ္စာရှိပြီး စိတ်ချရတယ် အဲ့အမျိုးသားလေးကို ကျမပိုင်ဆိုင်ထားတယ်🥰 -မုဒြာ

တချို့အရာတွေကို မတောင်းဆိုတာတော့ဘူးဆိုတာ မလိုချင်တော့လို့ မဟုတ်ဘူး ... ပြီးတော့ ... မရချင်တော့လို့လဲ မဟုတ်ဘူး တစ်ခါတစ်လေကျတော
တချို့အရာတွေကို မတောင်းဆိုတာတော့ဘူးဆိုတာ မလိုချင်တော့လို့ မဟုတ်ဘူး ... ပြီးတော့ ... မရချင်တော့လို့လဲ မဟုတ်ဘူး တစ်ခါတစ်လေကျတော့လေ ကိုယ်ဘယ်လောက်ပဲ တောင့်တတောင့်တ ပြည့်မလာတော့မယ့် ဆုတောင်းတွေ ရှိတယ်။ ဘယ်လောက်ပဲ ခယ ခယ ပြန်လှည့်မလာတော့တဲ့ ခြေလှမ်းတွေလည်း ရှိတယ် အဲ့ဒီအချိန်တွေမှာ မာနတွေ ထားလိုက်တာ မဟုတ်ပဲ အရှက်ပြေပေါ့ မလိုချင်ပါဘူးလေဆိုပြီး ဝန်မခံရဲသေးရင်တောင် မတောင်းဆိုတော့ပါဘူးဆိုတဲ့ စကားတွေလောက် ... ပြောပြရမှာပါ ။ #crd -မုဒြာ

တကယ်တော့လေ အဆင်မပြေရင်တစ်ယောက်တည်း ငြိမ်နေလိုက်တာအကောင်းဆုံးပဲ။ ဘယ်သူ့ဆီကမှ နွေးထွေးမှုကိုသွားမလိုချင်နဲ့။ ကိုယ်ထင်သလိုဖြစ်မလ
တကယ်တော့လေ အဆင်မပြေရင်တစ်ယောက်တည်း ငြိမ်နေလိုက်တာအကောင်းဆုံးပဲ။ ဘယ်သူ့ဆီကမှ နွေးထွေးမှုကိုသွားမလိုချင်နဲ့။ ကိုယ်ထင်သလိုဖြစ်မလာရင် ပိုပြီးသိမ်ငယ်သွားစေတယ်။ အဆင်မပြေတဲ့အရာက ပိုအဆင်မပြေဖြစ်ပြီး ဖိအားတွေပဲ ပိုများလိမ့်မယ်။ ပိုပင်ပန်းပါတယ်ကွာ။ မင်းအဆင်မပြေရင် တစ်ယောက်တည်းငြိမ်ကုတ်နေလိုက်။ အဲဒါကပိုပြီး အလုပ်ဖြစ်လိမ့်မယ်။ ဘယ်သူ့ကိုမှ မလိုအပ်လေ ပိုကောင်းလေပေါ့ကွာ...။ #crd -မုဒြာ

စပြီး သဘောကျမိတယ် ဆက်ပြီး သဘောကျနေအုံးမယ် အကြောင်းပြချက်တွေအများကြီး ရှိသည်ဖြစ်စေ နည်းနည်းလေးပဲ ရှိသည်ဖြစ်စေ ဒါဟာ သူ ဖြစ်နေလိ
စပြီး သဘောကျမိတယ် ဆက်ပြီး သဘောကျနေအုံးမယ် အကြောင်းပြချက်တွေအများကြီး ရှိသည်ဖြစ်စေ နည်းနည်းလေးပဲ ရှိသည်ဖြစ်စေ ဒါဟာ သူ ဖြစ်နေလို့ပဲဖြစ်ပါလိမ့်မယ် ။ # ခက်နှောင်

အချစ်စစ်တွေ အချစ်တုတွေတော့ ကျနော်မသိဘူး ကျနော်ရဲ့အချစ်ကတော့ သူ့မျက်နှာပေါ်က အပြုံးလေးမြင်ရရုံနဲ့ ကျေနပ်မိတာမျိုး....😍🤚// -မုဒြာ

ရှင်သန်ခြင်းကို ဘဝလို့ ခေါ်တဲ့အခါ မင်းကို ဘဝလို ချစ်တယ်။ -နွေသစ်ငြိမ်း

`ငရဲခန်းက ပျို့ကဗျာ´ တိမ်တွေကလဲ ဝါရီဝေ လိမ်ညှာလှည့်ဖျား ကြောက်မက်ဖွယ် အသွားအောက် ပြားပြားမှောက်ခဲ့ရတဲ့ ငါတို့အနာဂတ်တွေ မီးညွန့်မီးစတို့ကို နမ်းရှိုက်ခဲ့ရ။ တရားသော စစ်သည်လည်းကောင်း မတရားသော စစ်သည်လည်းကောင်း ငါတို့ကို အလောင်းများစွာ ထပ်စေခဲ့၏ ထို့ကြောင့် ငါတို့သည် စစ်ကိုမုန်းခဲ့ကြ။ အမှန်စင်စစ် ငါတို့သည် စိမ်းစိုသော တောများပမာ ရှင်သန်ချင်ကြသည် သို့သော် အာဏာရူးရဲ့အိမ်မက်များ၌ ငါတို့အနာဂတ် ရင့်ရော်စွာကြွေခဲ့ရပြီ။ ကမ္ဘာမြေ သာယာပါစေကွယ်..... ကမ္ဘာမြေ သာယာပါစေတော့.....။ -မုဒြာ

ငဲ့ညှာတက်လွန်းတဲ့ လူတွေက ဒဏ်ရာဒဏ်ချက်ပိုများတယ်။ တစ်ခါတလေကျတော့ ကိုယ်ကိုတိုင်ကြောင့် အစဉ်မပြေနေတာမဟုတ်ပဲ တဖက်သားကို သိပ်ပြီးတော့ ငဲ့ညှာတက်လွန်းလို့ ခက်ခဲနေရတာလို့ပြောရင် ပိုပြီးတော့ မှန်လိမ့်မယ်။ ဘယ်နေရာမဆို သူအဆင်မှပြေပါ့မလားလို့ တွေ့ပြီး ကိုယ်ရသင့်ရတိုက်တာတွေကိုတောင် တောင်းဖို့ အားနာနေခဲ့မိတာလေ။ ငါပြောလိုက်လို့ အဆင်ပြေပါ့မလားဆိုပြီး နှုတ်ဆိတ်နေခဲ့ရင်း တစ်နေ့နဲ့တစ်နေ့ ပိုပိုပြီး ခက်ခဲသွားခဲ့တာ။ ပြီးတော့တချို့ဘဝတွေကျတော့လေ နာကျင်နေမှန်းသိသိနဲ့ ရုံးမထွက်နိုင်တာ မဟုတ်ဘူး နာကျင်နေမှန်းသိပေမယ့် ငါမှမရှိတော့ရင် သူအဆင်ပြေပါ့မလားဆိုတဲ့ အတွေးနဲ့ ကိုယ့်ကို နာကျင်စေတဲ့လူကိုမှ ပြန်ပြီး ငဲ့ကြည့်နေသေးတာ။ အဆင်ပြေမနေဘူးဆိုတဲ့ အရပ်က လှည့်ထွက်ရဲတဲ့ သတ္တိတွေ ရှိမနေခဲ့တာမဟုပဲ ကိုယ်အဆင်ပြေဖို့ထက် တခြားတစ်ယောက် ခက်ခဲနေမှာကို ပိုပြီး ကြောက်နေတက်ခဲ့မိတာ။ ဒါကြောင့်ပဲ တချို့ရက်တွေမှာ ပျော်စရာရှားတယ် ကိုယ့်ကိုယ်ကို ဂရုစိုက်နေဖို့ထက် တခြားတယောက်ကို ဂရုစိုက်လွန်းနေမိတဲ့ အဖြစ်တွေပေါ့ ကိုယ့်ဖက်ငဲ့မကြည့်တက်တဲ့ လူကိုတောင်မှ ချန်ထားရစ်လိုက်တော့မယ်လို့ မတွေးပဲ အနည်းဆုံး ခက်ခဲနေတဲ့အချိန်လေးမှာ အတူရှိနေပေးနိုင်ဖို့အတွက်ပဲ တွေးနေခဲ့မိတာ။ သူအဆင်ပြေသွားမှ ကိုယ့်ကိုယ်ထားပစ်ခဲ့လဲ ထားပစ်ခဲ့တယ်ပေါ့ ဒီလောက်ပဲ တွေးပါတယ် အပြစ်တွေ တင်နေမှာလဲ မဟုသလို အပြစ်လို့ မြင်မှာလဲ မဟုပါဘူး ။ ဒီလိုပါပဲ ငဲ့ညှာတက်လွန်းတဲ့လူတွေမှာ တခြားလူတွေထက်တော့ အဆင်မပြေတာ များတယ် ငါပြောလိုက်ရင် အဆင်ပြေပါ့မလား အတွေးဝင်လာရင် နှုတ်ဆိတ်နေလိုက်တာ များပါတယ် ။ ပြီးတော့ သာမာန်လူတွေထက် ပိုပြီးတော့ ဒဏ်ရာဒဏ်ချက်တွေ များပါတယ် ။ -မုဒြာ

ရင့်ကျက်သင့်ပါပြီ ---------//------- ဆရာကြီးအောင်သင်းရဲ့ စကားလေး လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်း မဆိုင်ဘူး။ ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခုရထားတယ် ဆိုတာနဲ့လည်း မပတ်သက်ဘူး။ တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ။ ကျမအကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး။ "ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့ ဆရာပြောမှ ရှင်းသွားတယ် ရည်းစားထားစဆို တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်။ ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်။ ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်။ ကြီးလာတော့ ဒါတွေ နည်းသွားတယ် ဘာလို့ဆိုတော့ မိဘရဲ့ နေရာကို ဝင်ကြည့်တတ်လာလို့ပဲ။ ငယ်ငယ်တုန်း  ကတော့ ကြိုးစားရင် ဘာမဆို  ဖြစ်နိုင်တယ်လို့ ယုံကြည် ခဲ့ ဖူးပါတယ် လက်တွေ့ ဘဝ မှာတော့  ဘာတွေကို ကြိုးစား ရမယ်၊ ဘာတွေကို  လျစ်လျူရှု  တတ်ရမယ်  ဆိုတာ သဘောပေါက် သွားခဲ့ပြီ ဒါဆို သင် ရင့်ကျက်လာပြီ။ အရှုံးဆိုတာ နာကျင်စရာ မဟုတ်သလို၊ အဆုံးသတ်လည်း  မဟုတ်ဘူးဆိုတာ  သိသွားပြီ အရှုံးတွေနဲ့  မကြာခဏ ဆိုသလို ရင်းနှီး  လာရပေမယ့် အရှုံးသမားဆိုတဲ့ တံဆိပ်ကပ်  မခံရအောင် သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ  ဒါဆို သင် ရင့်ကျက်လာပါပြီ။ ၀မ်းနည်း  နေပေမယ့် ပြုံးနေမိတယ် ရင်ထဲ ဝမ်းသာပေမယ့် တည်ငြိမ်အောင် နေနေပါတယ် ဒါဆို သင် ရင့်ကျက်လာပြီ။ လူဆိုတာ အကောင်းနဲ့အဆိုး ရောနေတဲ့ သူတွေမှန်း သိလာရတယ် ဒါပေမယ့် ကောင်းတဲ့အချက်တွေကိုပဲ မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို လျစ်လျူ ရှု  တတ်လာ ပါမယ် ဒါဆို သင် ရင့်ကျက်လာပြီ။ အစပိုင်းမှာ လူတွေ သတ်မှတ်ထားတဲ့  အောင်မြင်မှုကိုရှာတယ် နောက်ပိုင်းမှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှုကိုပဲ ရှာတော့တယ် ဒါဆို ရင့်ကျက်လာပြီ။ ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊ သင်ကောင်းကောင်း သိလာပြီ ဒါဆို သင် ရင့်ကျက်လာပြီ။ လူတွေရဲ့ စကားကို ဂရု မစိုက်တတ်ဘူး ဒါပေမယ့်ကိုယ့်ရဲ့ သိက္ခာတရားကိုတော့ ဂရုစိုက် တတ်လာပြီ ဒါဆို ရင့်ကျက်လာပြီ။ အဆိုးတွေ  နဲ့ ကြုံရတိုင်း ဝမ်းမနည်း တတ်တော့ဘူး ဒါတွေဟာ အခိုက်အတန့်ပဲဆိုတာ သိသွားပြီ ဒါဆို သင် ရင့်ကျက်လာပြီ။ #crd -မုဒြာ