en
Feedback
📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

Open in Telegram

အချစ်နှင့်ခံစားချက် ကဗျာများ (love & feeling poems)

Show more
Myanmar40 341The category is not specified
412
Subscribers
+524 hours
+477 days
+16330 days
Posts Archive
တချိန်ချိန်ကျ ကိုယ့်လက်ကိုတွဲပြီး ပျော်စရာနေရာရော တော်ရာနေရာရော အတူသွားရမယ့် လက်တွဲဖော်လေးက ကိုယ့်ကို သိပ်ချစ်တဲ့သူပဲ ဖြစ်စေချင်တယ်။ ဘယ်အချိန်ပြန်တွေးတွေး ငါ့ကို တကယ်ရောချစ်ရဲ့လားလို့ သံသယစိတ် မြူတမှုန်စာတောင်မပေးဖူးတဲ့သူမျိုးပေါ့။ ကိုယ်နဲ့ပတ်သက်ရင် ဘာမာနမှမထားဘဲ အလျှော့ပေး ဆက်ဆံတတ်သူနဲ့ပဲ ဘဝကိုကုန်ဆုံးချင်တယ်။ စိတ်ထဲမှာ မရှင်းလင်းတဲ့ သံသယတွေနဲ့ နာကျင်တလှည့် ပျော်ရွှင်တလှည့် ခံစားနေရတဲ့ relationship မျိုး မဖြစ်ချင်ဘူး။ တယောက်မရှိတဲ့အချိန်တွေ တယောက်က နေသားတကျ ဖြတ်သန်းတတ်နေတဲ့ မနွေးထွေးမှုတွေ မလိုချင်ဘူး။ နာကြည်းစရာမပါတဲ့ စိတ်ကောက်ချိန်တိုတိုလေးတွေက အစ အောင်မြင်မှုတွေ ပြည့်စုံမှုတွေနဲ့ ပျော်စရာ ဘဝခရီးရှည်ကြီး အဆုံး .. ဘယ်အချိန်စောင်းငဲ့ကြည့်ကြည့် သူဟာ ကိုယ့်ကိုမချစ်တဲ့အချိန်ဆိုတာမရှိခဲ့ပါလားလို့ အကြွင်းမဲ့စိတ်ချထားရတဲ့ လက်ကလေးတစ်စုံကိုပဲ တစ်သက်လုံးဆုတ်ကိုင်သွားချင်တယ်။ ဒီလောက်ပဲ။ #crd -မုဒြာ

တကယ်ကို ဝေးသွားပြီဗျာ။ ပြေးသွားကြည့်ချင်တယ်ဆိုရင်တောင်မှ သူ့ဘေးမှာ တခြားတစ်ယောက်ရှိနေပြီလေ။ - ဒေါင်းသျှင်

နွေအတိတ် ဖြေသိမ့်လို့မရတဲ့ အဆွေး တွေးတွေးရင်းနဲ့ ရင်နာ မင်းဟာ မာယာနတ်ဘုရားလေးလား...။ ညိုနေပေမယ့် မပြိုနိုင်တဲ့မိုး ဘယ်လိုအငြိးတွေများ ထားသလဲလေ..။ နွေရာယ် စမ်းရေတွေခန်း ပန်းတွေခြောက်ပြီ အလွမ်းတွေ ရေဖြန်းဖို့ ကမ်းတွေလည်း ပျောက်ရပြီ -မုဒြာ @KLP251021

🌹19.6.2024🌹 အမေစုရဲ့ အသက်79နှစ်ပြည့်မွေးနေ့မှစ၍ နောက်ထပ်နှစ်ပေါင်းများစွာတိုင် သက်ရှည်ပြီး ကျန်းမာပါစေ မတရားမှု့ကနေလွတ်မြောက်ပြီး အရင်လို လှပတဲ့အမေ့အပြုံးတွေနဲ့တက်ကြွစွာ လျှောက်လှမ်းတက်တဲ့ အမေ့ရဲ့ခြေလှမ်းတွေ ပြည်သူကို ရင်ဝယ်သားသမီးလို ချစ်တဲ့အမေ ဂရုဏာရှေ့ထားလို့ အပြုံးနဲ့ပဲပြောဆိုတဲ့အမေ အာဏာတွေအစား မေတ္တာတရားရှေ့တန်းတင်တဲ့ အမေ မွေးနေ့တိုင်းမှာ ဖြတ်သန်းရပုံတွေက သိပ်ကို ကြမ်းတမ်းလှပါတယ်အမေရာယ် လောကဓံအပြုံးနဲ့ အံတုလို့ ပြည်သူအတွက် အမေမမှု့ခဲ့ရှာဘူး ချစ်တယ်အမေ........။ ဤမွေ့နေ့မှစပြီး နောက်နောင်အပြုံးပန်းတွေပဲ ဝေဆာပါစေမေမေ ပြည်သူ့မိခင်ကြီးအမေစု ကျန်းမာချမ်းသာပြီး အသက်ရာကျော်ရှည်ပါစေ ။

သူက ကိုယ်မှ မဟုတ်တာ" နေနိုင်လိုက်တာလို့ သူများကို အပြစ်သွားမတင်ပါနဲ့... သူနေနိုင်တာကသူ့အကျင့် ကိုယ်မနေနိုင်တာက ကိုယ့်အားနည်းချက်ပဲလေ...။ စိမ်းကားလိုက်တာလို့သူများကို သွားမစွတ်စွဲပါနဲ့... သူစိမ်းကားတာက သူ့ခံယူချက် အဲဒါကို အမှတ်မရှိပဲ တွယ်တာနေတာက ကိုယ့်ဒုက္ခကိုယ်ရှာသလိုပဲဖြစ်နေတာပဲလေ...။ ရက်စက်ရလေခြင်းရယ်လို့ သူများကို သွားနာကြည်းမနေပါနဲ့... သူရက်စက်တာက သူ့စရိုက်၊ သူမရှိရင်မနေနိုင်တဲ့ ကိုယ်ပဲလူမိုက်ဖြစ်နေတာပဲလေ...။ ကျေးဇူးမသိတတ်လေခြင်းရယ်လို့လည်း သူများကို သွားမပုတ်ခတ်လိုက်ပါနဲ့... သူမသိတတ်တာက သူ့အပြစ် သူ့ဆီကမျှော်လင့်နေမိတော့ ကိုယ်ပဲစိတ်ညစ်ရတာပဲလေ...။ မချစ်ရလေခြင်းရယ်လို့ သူများကို မကျေမနပ် သွားမဖြစ်နဲ့...သူမချစ်တာက သူ့ရဲ့လွတ်လပ်ခွင့် သူ့အနားက ထွက်မသွား နိုင်တာက ကိုယ့်ရဲ့ဝဋ်ကြွေးဖြစ်နေတာလေ... တစ်စုံတစ်ရာအတွက် တစ်စုံတစ်ယောက်ကို စိတ်တိုင်းမကျ ဖြစ်လေတိုင်း သူကကိုယ်မှ မဟုတ်တာဆိုတဲ့စကား လေးကိုတိုးတိုးလေး ဖြစ်ဖြစ်ရွတ်ကြည့်လိုက်ပါ... သူကကိုယ်မှမဟုတ်တာ... ကိုယ်တွေးသလို ကိုယ်သိသလို ကိုယ်ခံစားရသလို ကိုယ်ဖြစ်ချင်သလိုထပ်တူဖြစ်လာဖို့ဆိုတာ မရှိဘူးလေ...။ #crd -မုဒြာ

Morning ကလေး ... အသက်တွေကြီးလာရင် ပျော်စရာတွေ နည်းလာတတ်တယ် တဲ့ ... ဒါပေမယ့် အသက်တွေ ကြီးမသွားခင်တောင် တဖြေးဖြေးချင်း ရင့်ရော်လာတဲ့ စိတ်တွေနဲ့ နိုးနေတဲ့ မနက်ခင်းတွေမှာ အနည်းဆုံးတော့ ပျော်စရာလေးတစ်ခု ရှိစေချင်တယ် ရီစရာလေးတစ်ခုနဲ့ ကြုံစေချင်တယ် ပြုံးစရာ အမှတ်တရမျိုးလေး ရှိစေချင်တယ် ။ Morning နော် ကလေး ဆုတွေ အများကြီးတောင်းမပေးတော့ပါဘူး ဒီမနက်ခင်းလေးမှာ လူလဲ ကျန်းမာပါစေ စိတ်လည်း ချမ်းသာပါစေဆိုတဲ့ ဆုလေးပဲ ပြည့်စေချင်တယ် ။ # ကျေးကို

အချစ်ရေ .... ကမ္ဘာကြီးက သိပ်လှတာပဲ `စစ်´နဲ့`ဖောက်ပြန်ခြင်း´သာမရှိရင် ဒီထက်ပိုလှနေအုံးမှာ ။ -ဖားစည်ရည်ကျော်

အိမ်ကိုပြန်လို့ မရနိုင်သေးတဲ့ အခြေအနေမှာ တစ်နေ့ပြီး တစ်နေ့ အိမ်ကိုပိုလွမ်း ပိုပြန်ချင်နေမိတယ် ဘဝရဲ့ကျရှုံးမှု နှလုံးသားရဲ့ကွဲကြေမှု တစ်ပြိုင်နက် ကျရောက်လာတဲ့အခါ ခိုလှုံစရာ ရင်ခွင်မရှိတော့တဲ့အခါ အိမ်ကိုလွမ်းတတ်လာတယ် မိသားစုရဲ့နွေးထွေးမှုကို ပြန်တောင့်တလာမိတယ် မနေချင်ခဲ့ဆုံးနေရာဟာ အပြန်ချင်ဆုံးဖြစ်ခဲ့တယ် ။ - ခွန်ထွန်း

တော်လှန်ကြယ်နီတွေ ​ကြွေတာ ရင်နာစရာကောင်းတယ် အမေ ။ အဲ့ဒီနေ့က ကောင်းရာသုဂတိလားပါစေဆိုပြီး အလေးနီပြုပေးရုံကလွဲ တောကြီးမျက်မည်းထဲ ခေါင်းတလားဆိုတာလဲ မရှိခဲ့ဘူး ။ သရဏဂုံတင်ဖို့ ဘုန်းကြီးဆိုတာလဲ မရှိခဲ့ဘူး အကြွေစောလိုက်တာကွာလို့ ပြောဖို့လဲ အသံထွက် မရဲခဲ့ဘူး ။ အခုချိန်ကစလို့ ငါတို့နဲ့ ဘာမှ မသက်ဆိုင်တော့ပါ ၊ သင်သွားလိုရာကို သွားနိုင်ပါပြီ´တဲ့ ။ ပြန်တမ်းစာဖတ်သံဟာ ကျည်တတောင့်လို ရင်ဘတ်ကို ထုတ်ချင်းဖောက်ပစ်လိုက်တယ် ။ အစစအရာရာ ဆုံးရှုံးမှု့တွေ များနေတဲ့ နိုင်ငံမှာ ရဲရဲနီတဲ့ကြယ်ပွင့်တွေ စိတ်မြန်လက်မြန် အဓမ္မ´ကို ခပ်ရဲရဲတော်လှန်နေတဲ့အကြောင်း အမေ့ကို နှဖူးတွေ့ဒူးတွေ့ မြင်ဖူးစေချင်လိုက်တာ ။ ဝေခွင့်မရ မွှေးခွင့်မရ ကြွေခွင့်ပဲရသွားတဲ့ ကြယ်နီတွေ ဘယ်လိုအလင်းရောင်နဲ့မှ ပုံခိုင်းနှိုင်းပြဖို့ မလုံလောက်ခဲ့ဘူး ။ မြေပြင်က ကြယ်နီတွေဆိုပေမယ့် ကောင်းကင်ပေါ်လည်း တက်သွားနိုင်တာပဲ တရားရှာသူရဲ့လမ်းဟာ ကောင်းကင်ဘုံဆိုတာ အမေ မေ့နေရော့သလား ။ စစ်တလင်းမှာ ကြယ်နီတွေ တပွင့်ပြီးတပွင့် ကြွေသွားတဲ့ တော်လှန်ရေးမြင်ကွင်းဟာ ပက်ပက်စက်စက် ရင်နာစရာကောင်းခဲ့တယ်အမေ ။ -လမင်းလေး

💕ကိုယ်တကယ်ချစ်တတ်ခဲ့ပြီ💕 အချစ်တွေ တကယ်ရှိကြောင်း နားလည်ခဲ့ပြီး ပိုင်ဆိုင်လိုစိတ်တွေလည်းဖြစ်လာခဲ့ပြီ အချိန်တိုင်း မင်းအသံတွေကြားချင်တယ် ။ ကိုယ့်ကြောင့်နဲ့ အမြဲတမ်း ပြုံးပျော်စေချင်တယ် ရယ်မောစေချင်တယ် ။ အချိန်မှန်စာတွေပို့ချင်တယ် အချိန်မှန်ဖုန်းတွေဆက်ချင်တယ် ။ ချစ်တယ်လို့ ခဏခဏပြောမယ် လွမ်းတယ်လို့ တဖွဖွ​ရေရွတ်မယ် ။ မင်းရှိတဲ့ အရပ်မှာ နေမယ် ကိုယ်တို့ဒေသလေးကို သာယာစေချင်တယ် ။ အနေဝေးနေပေမယ့် သွေးမအေးဘူး မင်းအတွက်ဆို ပျော်စရာတွေ ဖန်တီးပေးမယ် ။ ဒါဟာ ချစ်ခြင်းတရားရဲ့သဘော စောင့်ရတာ မကြိုက်တဲ့ ငါက မင်းနဲ့နီးစပ်ဖို့ ကြိုးစားနေတတ်ပြီ ။ မင်းအတွက်ဆိုရင် ဘဝကို ပုံ‌အောပေးဖို့ သင်စရာမလိုဘူးအလိုက်တသိ ပေးဆပ်ရဲတာမျိုး ။ မင်းအမည်လေး ခေါ်လိုက်တိုင်း "ရှင့်"လို ပြန်ထူးတာလေးကအစရင်ခုန်ရတယ် ။ မလိမ်ညာပါဘူး ဒီရင်ခုန်ခြင်းတွေသာ အစစ်မှန်ဆိုရင် သေချာတယ် ကိုယ်တကယ် ချစ်တတ်ခဲ့ပြီ ။ ချစ်တယ် နောင်တမရချင်လို့ နောင်ဘဝတွေထိ မင်းတစ်ယောက်တည်း ချစ်ပြီး မင်းကိုပဲ လက်ထပ်ချင်တယ် ။ - နံရိုး

လူတစ်ယောက်ကို ချစ်ခဲ့တုန်းက .. တစ်လောကလုံးက ပတ်ကြွာခဲ့ဖူးတယ်... ဒါပေမယ့် ဝေးသွားတဲ့အခါ သူရွေးတာမှန်တယ်ဆိုပြီးပဲ နှုတ်ဆိတ်နေခဲ့လိုက်တာပါ ဘာကြောင့်လဲမေးရင် ... ချစ်ခဲ့ခြင်းတွေဟာ မချစ်တော့မှ အပြစ်ဖွဲ့စရာမှ မဟုတ်ပဲလေ။ -ကျေးကို

ဘယ်နှောင်ကြိုးကိုမဆို တိကနဲ ဖြတ်ပစ်နိုင်တဲ့ မိန်းမကို သွေးတိုးမစမ်းစေချင်ဘူး မလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး မလုပ်ချင် မလုပ်ရက်လို့ မလုပ်တာပဲရှိမယ် တချိန်က ငါသဲသဲလှုပ်ခဲ့လည်း ငါပြတ်သားရင် ဘာကိုမှစောက်ဂရုမစိုက်တော့ဘူး ။ -ယန်း

ရှင်းပြနေရလောက်အောင် ကိုယ့်နေထိုင်မှုက မရှူပ်ထွေးတဲ့အတွက် ဘယ်အရာကိုမှ ရှင်းပြဖို့စိတ်မပါဘူး။ ကိုယ့်ကိုဘယ်အတိုင်းအတာထိနားလည်ကြသလဲ.. အဲ့အတိုင်း ပြန်ဆက်ဆံပေးမယ် ဒါကိုယ့်လူမှုရေးပဲ။ -အလ်နီလွန်း

ခေါ်လည်း ခေါ်ချင်ပါတယ် ပြောလည်း ပြောချင်ပါတယ် မင်းအသံကြားပြီး အစကပြန်ကြေကွဲရမှာကိုပဲ စိုးတာ ကိုယ်နေနိုင်သွားတာ မဟုတ်ဘူး ။ -နွေသစ်ငြိမ်း

ပိုပိုချစ်လာအောင် မရစ်တတ်သလို အနားက မခွာအောင်လည်း မာယာတွေ မသုံးတတ်ဘူး ကလေးရဲ့ … ဘဝဆိုတဲ့ ပင်လယ်နက်ထဲ လှိုင်းတံပိုးတွေနဲ့ ခလုတ် တိုက်မိတဲ့အခါ ကိုယ့်ကို တ,ပါ ရာသီဥတုက အစ ကိုယ့်လောက်မှ မယုံရတာ ….. -ရှင်ပန်ထွာ

ငါအသက်မရှင်ချင်တော့တဲ့ အကြောင်းပြချက်တွေအများကြီး။ ငါအသက်ရှင်ချင်နေသေးတဲ့ အကြောင်းပြချက်ကတော့တစ်ခုတည်း။ ။ #crd -မုဒြာ