cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Movie Zone [Ko Paing]

Show more
The country is not specifiedThe language is not specifiedThe category is not specified
Advertising posts
7 429
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
ကဲ အသေမျှော်‌နေကြတဲ့ကား ရပါပြီး The Roundup – The Outlaws 2 (2022)အထွေအထူး မိတ်ဆက်နေစရာမလိုတော့တဲ့ သရုပ်ဆောင် Ma Dong-Seok နဲ့ My Libration Note ထဲက မင်းသား Son Seok-Koo တို့ရဲ့ The Roundup: The Outlaws 2လွန်ခဲ့တဲ့ 4 နှစ်…Garibong က အမှုကို စုံထောက်မာဆော့ဒိုတို့အဖွဲ့ ဖြေရှင်းနိုင်ခဲ့ပြီးတဲ့နောက် သူတို့အဖွဲ့အတွက် နောက်ထပ်ဖြေရှင်းစရာတွေပေါ်ပေါက်လာခဲ့တဲ့ The Roundup!တရားခံတစ်ဦးကို စုံစမ်းစစ်ဆေးဖို့အတွက် ဗီယက်နမ်ကို သွားရောက်ခဲ့ကြတဲ့ စုံထောက်မာဆော့ဒိုနဲ့ အဖွဲ့ခေါင်းဆောင်ဂျောင်အီမန်တို့ နှစ်ယောက်ဟာ ဗီယက်နမ်ကိုရောက်ပြီး မကြာခင်မှာပဲ ထူးဆန်းတဲ့ကွင်းဆက်လူသတ်မှုတစ်ခုကို အဖြေရှာဖို့ ဖြစ်လာပါတယ်ကိုရီးယားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ သားဖြစ်သူကိုတောင် ပြန်ပေး-ဆွဲပြီး သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ဂန်ဟယ်ဆန်းနောက်ကို လိုက်ကြရင်း စုံထောက်မာတို့ ဘာတွေကြုံကြိုက်ရမလဲ “လက်ထဲကချော်ထွက်သွားတဲ့ ငါးရှဉ့်”လို ဖမ်းမမိနိုင်ဖြစ်နေတဲ့ ဂန်ဟယ်ဆန်းကို စုံထောက်မာတို့အဖွဲ့အနေနဲ့ ဖမ်းဆီးနိုင်ပြီး တရားဥပဒေဘောင်ပေါ် တင်ပေးနိုင်ပါ့မလားဆိုတာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် Crime/Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Movie Zone https://t.me/+e0fXraY_I743Mjk9 https://t.me/+e0fXraY_I743Mjk9 https://t.me/+e0fXraY_I743Mjk9 First Join Channel Link https://t.me/+MjCBS_3-kfFjNzM1 The Outlaws 2 - The Roundup Movie Link 👇 720P https://t.me/c/1556300809/28 The Outlaws 1 https://t.me/c/1556300809/27
Show all...
05:42
Video unavailableShow in Telegram
" အာဇာနည်နေ့ တို့မမေ့ " ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ သည် (၇၅) ကြိမ်မြောက်အာဇာနည်နေ့ ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာဂါရဝပြုအပ်ပါသည်။🙏🙏🙏 10:37 AM ❤️ > အလေးပြု 🫡 ( ၁ မိနစ်ခန့် ငြိမ်သက်ပေးပါရန် ) ❌ ( 10:37 AM - 10:38 AM ) 10:38 AM 75th Anniversary of Myanmar Martyr’s Day Memo 🥀 Note - ယခုချိန်ကစပြီး GP များအကုန်ပိတ်ထားပါမည်။ 10: 38 မိနစ်‌တွင် အကုန်ပြန်ဖွင့်ပေးပါမယ်။
Show all...
အာဇာနည်နေ့_အောက်မေ့သတိရ_အနေဖြင့်အဆိုတော်မေလှမြိုင်၏_'အလေးပြုပါသည်'.mkv8.94 MB
Thor : God Of Thunder 2022 ဟုတ်ကဲ့ မမှားပါဘူး။ မာဗယ်ရဲ့အချစ်တော် နာမည်ကျော် ဆရာသောရ်ရဲ့ အသစ်စက်စက်ရုပ်ရှင်ပါ။ ထုံးစံအတိုင်း သောရ်နဲ့ ဆရာလိုကီတို့ရဲ့ အပြိုင်ဇာတ်ပါပဲ။ ဇာတ်လမ်းစစဖွင့်မှာတော့ လိုကီဟာ အကျဉ်းစံနေရပါတယ်။ ခဏအကြာမှာတော့ ထမင်းလာကျွေးတဲ့ကောင်ကို မလှိမ့်တပတ်လုပ်ပြီး လွတ်သွားပါတယ်။ God of Mischief ကြီး လိုကီကို ဂျက်စပဲရိုးကို လှောင်သလို သံတိုင်နောက်လှောင်ထားတာကိုး။ မလွတ်တာကမှ ဆန်းနေမှာပါ။လိုကီဟာ လွတ်ပြီးပြီးချင်းပဲ အိုဒင်ကိုသွားသတ်ပြီး Ragnarök ကို အစပျိုးဖို့ ကြံပါတယ်။ သူ့သားတွေထဲက တစ်ကောင်ဖြစ်တဲ့ ဧရာမဝံပုလွေကြီးကို အကျဉ်းချထားတာကို လွှတ်ပေးရမှာပါ။ အဲဒီဝံပုလွေကြီးလွတ်သွားရင် အိုဒင်ကို စားပြီး လောကကိုးပါးသစ်ပင်ကို စားပြီး လောကကိုးပါးလုံးကို ဖျက်ဆီးပစ်မှာပါ။ ပြဿနာကတော့ အိုဒင်ကြီးဟာ မျက်စိတစ်ဖက်ကန်းနေပေမဲ့ စောင်ထာကျနေတဲ့ ကြေးစားလူမိုက်ရုပ်ကြီးထွက်နေပါတယ်။အိုဒင်အသက်ငင်နေတဲ့ အချိန်မှာပဲ အတ်ဂတ်စ်ကိုပစ်ပြီး ဘယ်တွေအလည်လွန်နေမှန်းမသိတဲ့ ဆရာသောရ် ပြန်လာပါပြီ။ မီးခိုးငွေ့တွေ မြင်ရပါတယ်။ တူကိုင်ထားတဲ့လက်ကြီး မြင်ရပါတယ်။ သောကြီးကြမ်းပါတော့မယ်။ ဟာ ရုပ်မြင်ရပါပြီ။ မုတ်ဆိတ်‌မွေးပဲရှိတဲ့ ထိပ်ပြောင်ကတုံးကြီးပါ။ ရှေးသရုပ်ဖော်ပုံတွေမှာတောင် အဘိုးကြီးဖြစ်တဲ့အထိ ဆံရှည်ခဲ့တဲ့သောရ်ဟာ ခုတော့ ထိပ်ပြောင်ကြီးဖြစ်နေပါပြီ။ ထိပ်ပြောင်ကြီးဟာ တူကြီး ယမ်းပါတယ်။ ယမ်းတာ အထာကျပါတယ်။ မီးခိုးငွေ့တွေကြား ယမ်းရင်း အိမ်ပြန်ရောက်တဲ့ ကလေးလေးလို အပြေးလေးလာပါတယ်။ ထိပ်ကြီးကတော့ ပြောင်နေပါတယ်။သေခါနီးအိုဒင်ဟာ စောင်စကားတွေများပြီး လိုကီကိုတားဖို့မှာပါတယ်။ ဒီတော့ ဝံပုလွေကြီးကို ချုပ်ထားတဲ့ မစ်ဂတ်ခေါ် ကမ္ဘာကို နှစ်ကောင်သား ရှေ့ဆင့်နောက်ဆင့် ရောက်လာကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ကို နှစ်ထောင်ပေါင်းများစွာ ဘယ်သူမှမတွေ့ခဲ့တဲ့ ဝံပုလွေကြီးကို ချုပ်ထားတဲ့နေရာကို ကမ္ဘာပေါ်ကလူတွေက ဒီအချိန်မှာမှ စတွေ့ပါတယ်။ ရှေးသုသမားပီသကြပါတယ်။ ဗိုက်ကင်းသင်္ချိုင်းလိုလို ဘာလိုလို ပေါက်ကရတွေမျိုးစုံ လျှောက်မှန်းပါတယ်။ တကယ်က ထောင်ကြီးပါ။ ရှေးသုသမားတွေကို မယုံကြပါနဲ့။ အစွမ်းအပြည့်နဲ့ လိုကီဟာ အဲဒီရှေးသုဆိုက်ထဲကို ခွင့်တောင်းပြီးမှဝင်ပါတယ်။ သူ့ရှေ့မှာတင် ရုပ်ပြောင်းသွားတာကိုလည်း ဆရာသမားအစောင့်က သံသယမဝင်ပါဘူး။ ဒါမျိုး အင်းနားလော့ဂျစ်မျိုး ကွီးနေထူးနိုင်ကလွဲ ကမ္ဘာမှာ ဘယ်သူမှ မလုပ်နိုင်သေးတာကို ဒီကားမှာ လုပ်ပြသွားပါတယ်။ ကြုံတောင့်ကြုံခဲရုပ်ရှင်ပါပဲ။ အတိုချုန်း ပြောရရင်တော့ လိုကီက ဝံပုလွေကို လွှတ်ပေး၊ လောကကိုးပါးကို ဖျက်ဖို့ပြင်၊ ကမ္ဘာကစပျက်၊ သောရ်က ရောက်လာ၊ ထုံးစံအတိုင်း လူတွေနဲ့ပေါင်းပြီး ကမ္ဘာကို ကယ်ဖို့လုပ် ဒါတွေပါပဲ။ Thor : God Of Thunder 2022 Channel Link https://t.me/+MjCBS_3-kfFjNzM1 Movie Link https://t.me/c/1556300809/22 Movie Zone https://t.me/+e0fXraY_I743Mjk9 https://t.me/+e0fXraY_I743Mjk9 https://t.me/+e0fXraY_I743Mjk9
Show all...
Movie Zone

Movie Only Group movie များကိုသာ DM သို့ပိုပေးမှာဖြစ်ပါတယ် No Series

Photo unavailableShow in Telegram
Z-O-M-B-I-E-S 3 (2022)Disney plus က ထပ်မံတင်ဆက်လိုက်တဲ့ Fantasy, Teen, Romance, Musical ကားလေးပါ။ အရှေ့မှာလည်း Zombies နဲ့ Zombies-2 ဆိုပြီး နှစ်ကား ထွက်ရှိထားပါသေးတယ်။ဇာတ်လမ်းကတော့ သွေးစုပ်ဖုတ်ကောင်တွေ ဝံပုလွေတွေနဲ့ လူတွေအကုန် အတူနေကြတဲ့ မြို့လေးအကြောင်းကို အခြေခံထားတာပါ။ဇက်က high school တက်နေတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး ချစ်သူနဲ့အတူ တက္ကသိုလ်တက်ရဖို့ ကြိုးစားနေတာပါ။ တက္ကသိုလ်ဝင်ရဖို့ သူ့ကိုအရွေးခံရမဲ့နေ့မှာပဲ ဂြိုလ်သားတွေက အုန်းဒိုင်းဆို ရောက်ချလာပါတယ်။ဇက်ရဲ့ ချစ်သူကလည်း cheerleader ဖြစ်တော့ cheerleading ပြိုင်ပွဲနဲ့ အလုပ်တွေ ရှုပ်နေပါတယ် တစ်ဖက်မှာလည်း ဂြိုလ်သားတွေက မြေပုံတစ်ခုကို အပူတပြင်း ရှာဖွေနေတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ? ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။ Channel Link https://t.me/+MjCBS_3-kfFjNzM1 Movie Link https://t.me/c/1556300809/15 Movie Zone https://t.me/+e0fXraY_I743Mjk9 https://t.me/+e0fXraY_I743Mjk9 https://t.me/+e0fXraY_I743Mjk9
Show all...
Photo unavailableShow in Telegram
Lightyear (2022) ဇာတ်လမ်းအကျဉ်း =============== ဘက်ဇ်လိုက်ရီးယားဟာ ကြယ်တာယာစခန်းကြီးရဲ့ လေ့လာရေးအဖွဲ့မှာပါဝင်တဲ့ ကပ္ပတိန်အဆင့် အာကာသရိန်းဂျားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဂြိုလ်တစ်ခုကို သွားလေ့လာရင်း ဂြိုလ်ပေါ်က ဂြိုလ်သားတွေနဲ့တိုက်ပွဲတွေဖြစ်ပြီး သူ့တို့ ကြောင့်ပဲ ယာဉ်ပျက်ကျသွားခဲ့ပြီး အလင်းအလျှင်ကိုပေးတဲ့စနစ်ပါ ပျက်စီးသွားပါတယ်။ ဒီတော့ အိမ်ပြန်လို့မရတဲ့ယာဉ်ပေါ်ကအဖွဲ့သားတွေဟာ အဲဒီဂြိုလ်ပေါ်မှာ အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။ တချိန်တည်းမှာပဲ ဘက်ဇ်ကတော့ ယာဉ်ကို အလင်းမြန်နှုန်းနဲ့ ပြန်မောင်းနိုင်အောင်ပြုပြင်ပြီး အားလုံးကို အိမ်ကိုပြန်ပို့နိုင်ဖို့ စွန့်စားခန်းတွေဖွင့်ရပါတော့ တယ်။
Show all...
Photo unavailableShow in Telegram
Kung Fu Panda : The Dragon Knight S1 2022 Channel Link https://t.me/+WcNZvMdzkzc2NThl Movie Link https://t.me/c/1482882679/1265
Show all...
Photo unavailableShow in Telegram
The Witch Part 2: The Other One (2022) The Witch:The Subversion ရဲ့ အဆက်အနေနဲ့ The Witch Part 2 ထွက်ရှိလာပါပြီ။Part 2 မှာတော့ အားလုံးသိကြတဲ့ မင်းသား Lee Jong-Suk နဲ့ xtraordinary Attorney Woo ထဲက မင်းသမီး Park Eun Bin တို့ပါဝင်ထားသလို Part 1 က Casts တော်တော်များများလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်း ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ၊ အစမ်းသပ်ခံလူသားတွေ အားလုံးကို ရှင်းလိုက်ပေမဲ့ အဲဒီထဲကတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ KyungHee တို့ အမှတ်မထင် တွေ့ဆုံပြီးတဲ့နောက် ဒီမိန်းကလေးကို ကာကွယ်ဖို့အတွက် KyungHee (Park Eun Bin) တစ်ယောက် ကြိုးစားပုံကို သဲထိတ်ရင်ဖို ကြည့်ရှုခံစားရမယ့်အပြင် လူသားမျိုးစိတ်အသစ်တစ်ခုလိုဖြစ်နေတဲ့ ဒီမိန်းကလေးရဲ့ စွမ်းအားတွေက ဘာတွေဖြစ်မလဲ? ဘယ်သူတွေကများ ဘာရည်ရွယ်ချက်နဲ့ ဒီစမ်းသပ်မှုကြီးကို လုပ်ခဲ့ကြတာလဲ? Part 1 ထက်မလျော့တဲ့ သွေးသံတရဲရဲနဲ့ Horror Scenes တွေ ၊ သဘာဝလွန်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ Action Scenes တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်လို့ အခုပဲ ကြည့်ရှုခံစားလိုက်ပါဦးနော်
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.