en
Feedback
Myanmar Local News (media)

Myanmar Local News (media)

Open in Telegram

News and media

Show more
1 034
Subscribers
No data24 hours
-77 days
-830 days
Posts Archive
ရခိုင်အကြမ်းဖက် AA နှင့် ချိတ်ဆက်၍ မောင်တောမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ပို့ဆောင်မည့် ကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ပျော်ဘွယ်တွင် ဖမ်းမိ   နေပြည်တော် စက်တင်ဘာ ၁၀ ရခိုင်အကြမ်းဖက် AA နှင့် ချိတ်ဆက်ကာ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပျော်ဘွယ်မြို့နယ်၊ ဆိတ်ချိုကျေးရွာအုပ်စု၊ ကံစွယ်ကျေးရွာအနီး ပျော်ဘွယ် – နတ်မောက်သွားကားလမ်းတွင် နီဝင်း မောင်းနှင်ပြီး သိန်းထွန်း လိုက်ပါလာသည့် မီနီဘတ်စ်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၀၃၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။ ကွင်းဆက်စစ်ဆေးချက်အရ စက်တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရမည်းသင်းမြို့နယ်၊ ပျဉ်ပြားရွာမှ အောင်လံမြို့နယ်၊ ကွမ်းလောင်းကျေးရွာသို့ သယ်ဆောင်ခိုင်းသူများဖြစ်ကြသည့် နေပိုင်စိုး(ခ)ဂျာကြီး(ခ)အောင်ကျော်မြင့် အား မိတ္ထီလာမြို့၊ ပြည်သာယာ(တောင်)ရပ်ကွက်ရှိဟိုတယ်၌ Honda Insight ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ရန်ကုန် – မန္တလေးအမြန်လမ်း ၁၁၅ မိုင်တွင် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင်စီမံခန့်ခွဲသူ ကျော်သာ(ခ)အောင်ကျော် နှင့်အတူ ကိုစိုး၊ ယုယုမော် တို့ ၃ ဦးအား စိတ်ကြွဆေးပြား ၁၉၄ ပြား(၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၈၈ သိန်း)၊ မြန်မာငွေ ၉,၁၇၁,၅၀၀ ကျပ်၊ Grand Tiger ယာဉ် ၁ စီးတို့နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့၏ဖော်ထုတ်ချက်အရ စက်တင်ဘာလ ၅ ရက်နေ့တွင် ရဲမင်းအောင်(ခ)ပါးသိုင်း အား ရမည်းသင်းမြို့နယ်၊ ပျဉ်ပြားကျေးရွာရှိ နေအိမ်၌လည်းကောင်း၊ အောင်လံမှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ ဆက်လက်သယ်ဆောင်သူ မိုးအောင်(ခ)ဆလိုင်းမိုးအောင် အား ပြည်မြို့၊ ပြည်သာယာရပ်ကွက်တွင် Nissan Vanette ယာဉ် ၁ စီးနှင့်လည်းကောင်း၊ နေပိုင်စိုး(ခ)ဂျာကြီး(ခ)အောင်ကျော်မြင့် မှ စိတ်ကြွဆေးပြား သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် Pajero ယာဉ်အား မိတ္ထီလာမြို့နယ်၊ ကွေ့ကြီးရွာအနီးတွင် လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်နေ မောင်ဝင်း(ခ)အောင်စိန်(ခ)အောင်သိန်း(ခ)အောင်ထိန်(ဖမ်းဆီးရန်ကျန်)မှ ရမည်းသင်းမြို့နယ်သို့ လာရောက်ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း၊ ရမည်းသင်းမှ အောင်လံသို့ ကျော်သာ(ခ)အောင်ကျော် ၏ အစီအမံဖြင့် သယ်ဆောင်ခြင်းဖြစ်ပြီး အောင်လံမှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ သယ်ဆောင်သူများမှာ မိုးအောင်(ခ)ဆလိုင်းမိုးအောင်၊ ရဲအောင်(ဖမ်းဆီးရန်ကျန်)နှင့် ကိုဦး(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း၊ အမ်းမှ မောင်တောသို့ ဆက်လက်သယ်ဆောင်သူမှာ ရွှေလင်း(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရပါသည်။ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင်ပါဝင်သည့် ကျော်သာ(ခ)အောင်ကျော် နှင့် ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ အဓိကစီမံခန့်ခွဲသူ မောင်ဝင်း(ခ)အောင်စိန်(ခ)အောင်သိန်း(ခ)အောင်ထိန်(ဖမ်းဆီးရန်ကျန်)နှင့် ချိတ်ဆက်၍ ရခိုင်ပြည်နယ်၊ မောင်တောမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆက်လက်ပို့ဆောင်သူမှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ နိုင်နိုင်ဦး ဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ စိတ်ကြွဆေးပြားများ အကြိမ်ကြိမ်သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။ MLND. သတင်းဌာန

+2
ရခိုင်အကြမ်းဖက် AA နှင့် ချိတ်ဆက်၍ မောင်တောမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ပို့ဆောင်မည့် ကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ပျော်ဘွယ်တွင် ဖမ်းမိ   နေပြည်တော် စက်တင်ဘာ ၁၀

လမ်း​ပေါ်သွား စုံ/မ စနစ် ဖျက်သိမ်း၊ ဆီဖြည့်တင်းမှုအတွက် QR Quota စုံ/မ စနစ် ဆက်ကျင့်သုံးသွား မယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြော ကြား MLND နေပြည်တော်

မန္တလေးမြို့ပေါ်က ပြည်သူ့စစ်အမည်ခံများ၏ လှုပ်ရှားမှုနှင့် တာဝန်ယူမှု ကင်းမဲ့နေသည့် အခြေအနေများ ကိုတိုင်းဒေသကြီးအစိုးရအဖွဲ့က ထိထိရောက်ရောက်ဖြေရှင်းပေးရန် လိုလားလျှက်ရှိ မန္တလေး စက်တင်ဘာ ၉( ပြည်သူအသံကဏ္ဍ) ​မန္တလေးမြို့တော်ကြီး၏ လက်ရှိလုံခြုံရေး အခြေအနေနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည့် ပြည်သူ့စစ်အမည်ခံ အဖွဲ့အစည်းများ၏ ပုံရိပ်မှာ ဒေသခံပြည်သူများအတွက် စိုးရိမ်မကင်းစရာနှင့် မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။ အခြားသော ဒေသများတွင် တာဝန်သိစိတ်ဖြင့် အသက်ပေး တိုက်ပွဲဝင်နေကြသည့် ပြည်သူ့စစ်များနှင့် မတူဘဲ၊ မန္တလေးမြို့ပေါ်၌ ရှိနေသော အချို့သောပြည်သူစစ် အမည်ခံအဖွဲ့များမှာမူ တာဝန်ဝတ္တရားကို ကျောခိုင်းကာ သောက်စားမူးယူးခြင်းနှင့် အဂတိတရားများကို သာ အဓိကထား လုပ်ဆောင်နေကြကြောင်း မြို့ခံများက ဆိုသည်။ ​အာဏာပိုင်များ၏ ထိန်းကျောင်းမှု အားနည်းချက်နှင့် လက်ရှိ မြင်ကွင်း ​လက်ရှိအချိန်အထိ မန္တလေးမြို့တွင်း၌ အဆိုပါ ပြည်သူ့စစ်အမည်ခံများ၏ ခြေလှမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ အဘယ်ကြောင့် မထိန်းသိမ်းနိုင်သေးသနည်းဆိုသည့် အချက်မှာ အများပြည်သူကြားတွင် အဓိက ဆွေးနွေးစရာ ဖြစ်လာသည်။ အစိုးရယန္တရားများ ရပ်တည်နေသည့် အချက် အချာကျသော နေရာဒေသတစ်ခုတွင် ယခုကဲ့သို့ အဆင်အခြင်မဲ့သော လုပ်ရပ်များက အုပ်ချုပ်ရေးယန္တရား၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေလျက် ရှိသည်။ မြင်ကွင်းအားဖြင့် ကြည့်မည်ဆိုပါက တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသူများနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကွာခြားနေပြီး စည်းကမ်းမဲ့မှုများက အထင်အရှား ကိန်းအောင်းနေသကဲ့သို့ အမိမြေအတွက် အသက်တွေပေးဆက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာတပ်မတော်နဲ့ အတူတိုင်းချစ်ပြည်ချစ် ပြည်သူစစ်များရဲ့ပုံရိပ်ကို ကျဆင်းစေပါတယ် ​ကိုယ်ကျင့်တရား ပျက်ပြားမှုနှင့် မူးယစ်ဆေးဝါး ကွန်ရက်များ ​တာဝန်နှင့် ကျင့်ဝတ်ကို လိုက်နာရမည့်အစား ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေအသိုင်းအဝိုင်းများနှင့် ပေါင်းကာ စီးပွားရေးလုပ်ငန်းရှင်များကို အသုံးချ၍ မြို့တွင်းရှိ KTV များ၊ ဖျော်ဖြေရေးလုပ်ငန်းများမှတဆင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟူသော သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ လုံခြုံရေးတာဝန်ယူရမည့်သူများ ကိုယ်တိုင်က ဥပဒေကို ကျောခိုင်းကာ ပျော်ပါးမှုနောက်သို့ လိုက်နေခြင်းက မြို့တော်၏ တရားဥပဒေ စိုးမိုးရေးကို တိုက်ရိုက် ခြိမ်းခြောက်နေသကဲ့သို့ ဖြစ်နေသည်။ ​ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုနှင့် ဖြေရှင်းရမည့် တာဝန် ​လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ပြည်သူ့စစ်အမည်ခံ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို အမြန်ဆုံး စိစစ်ဖော်ထုတ် အရေးယူရန် လိုအပ်နေပြီဖြစ်သည်။ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့စွာဖြင့် လက်နက်ကိုင်ကာ မြို့ပေါ်တွင် မူးယူးသောင်းကျန်းနေမှုများကို ဆက်လက် လျစ်လျူရှုထားမည်ဆိုပါက မြို့တော်၏ လုံခြုံရေးသည် ပိုမိုယိုယွင်းလာမည်ဖြစ်ပြီး အစိုးရ၏ အုပ်ချုပ်ရေးပုံရိပ်ကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်မည် ဖြစ်ပေသည်။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ဤကိစ္စရပ်အပေါ် ထိရောက်တင်းမာသော အစီအမံများဖြင့် အမြန်ဆုံး ဝင်ရောက်ကိုင်တွယ်ကြရန် ဒေသခံပြည်သူများက မျှော်လင့်လျက် ရှိနေကြောင်း ငခုံးမတစ်ကောင်ကြောင့်တစ် လှေလုံးပုတ်တော့မယ့်အခြေအနေ များအား မြန်မာလိုကယ် သတင်းဌာနက ရေးသားဖော်ပြလိုက်ရသည့် MLND သတင်းဌာန( နေပြည်တော်)

+1
မန္တလေးမြို့ပေါ်က ပြည်သူ့စစ်အမည်ခံများ၏ လှုပ်ရှားမှုနှင့် တာဝန်ယူမှု ကင်းမဲ့နေသည့် အခြေအနေများ ကိုတိုင်းဒေသကြီးအစိုးရအဖွဲ့က ထိထိရောက်ရောက်ဖြေရှင်းပေးရန် လိုလားလျှက်ရှိ မန္တလေး စက်တင်ဘာ ၉( ပြည်သူအသံကဏ္ဍ) ​

Repost from MRTV
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၂ ဦး မြန်မာ - ထို
+1
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၂ ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ် နေပြည်တော်၊ စက်တင်ဘာ ၈

Repost from MRTV
တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော က
+9
တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းအား နယ်မြေစိုးမိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်၊ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ဖျက်ဆီးခဲ့သော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်တည်ဆောက် ================================== နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ - ၈

Repost from MRTV
တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော က
+9
တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းအား နယ်မြေစိုးမိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်၊ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ဖျက်ဆီးခဲ့သော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်တည်ဆောက် ================================== နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ - ၈

Repost from MRTV
တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော က
+7
တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းအား နယ်မြေစိုးမိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်၊ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ဖျက်ဆီးခဲ့သော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်တည်ဆောက် ================================== နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ - ၈

+1
‎ပျဉ်းမနားမြို့နယ်အတွင်း ဆိုင်ကယ်ခိုးယူမှုများ ကျူးလွန်သူ ၂ ဦးထံမှ သက်သေခံဆိုင်ကယ် ၁၉ စီး သိမ်းဆည်းရမိ‌‎ နေပြည်တော် စက်တင်ဘာ ၈

‎ပျဉ်းမနားမြို့နယ်အတွင်း ဆိုင်ကယ်ခိုးယူမှုများ ကျူးလွန်သူ ၂ ဦးထံမှ သက်သေခံဆိုင်ကယ် ၁၉ စီး သိမ်းဆည်းရမိ‌‎ နေပြည်တော် စက်တင်ဘာ ၈ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ဆိုင်ကယ်ခိုးယူမှုများ ကျူးလွန်ခဲ့သူ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ သက်သေခံဆိုင်ကယ် ၁၉ စီးအထိ သိမ်းဆည်းရမိခဲ့ကြောင်း ပျဉ်းမနားမြို့မရဲစခန်းထံမှသိရသည်။‎ ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက်တွင် ပျဉ်းမနားမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ကိုကိုဦးဦးစီးသောရဲတပ်ဖွဲ့ဝင်များသည် ကံဦးကျေးရွာ ရာအိမ်မှူးဦးဝင်းအောင်၊ ဆင်သေကျေးရွာရာအိမ်မှူးဦးမိုးဝင်းတို့နှင့်အတူ ပျဉ်းမနားမြို့မရဲစခန်း(ပ)၁၄၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည့် လမင်းဇော်နှင့် ဇင်ရဲထွန်း(ခ)ရဲထွန်းတို့ ၂ ဦးအား မသင်္ကာသဖြင့်ခေါ်ယူစစ်ဆေးမေးမြန်းချက်အရ အဆိုပါ ၂ ဦးသည် ပျဉ်းမနားမြို့မရဲစခန်းနှင့် ရွာကောက်နယ်မြေရဲစခန်းအပိုင် နယ်မြေများအတွင်းမှဆိုင်ကယ်များခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရပြီး ဒုရဲအုပ်ကိုကိုဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူ ၎င်းတို့၏ထွက်ဆိုချက်များအရစက်တင်ဘာ ၁ ရက်မှ ၇ ရက်အတွင်း စုစုပေါင်းသက်သေခံဆိုင်ကယ် ၁၉ စီးကို ရှာဖွေဖော်ထုတ် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။‎သိမ်းဆည်းရမိခဲ့သော ဆိုင်ကယ်များအနက် ၈ စီးနှင့် ပတ်သက်၍ ပျဉ်းမနားမြို့မရဲစခန်းတွင် ခိုးမှု ၈ မှု ဖွင့်လှစ်ထားရှိပြီးဖြစ်ကာ ရွာကောက်နယ်မြေရဲစခန်းတွင်လည်း အမှုများနှင့်သက်ဆိုင်သည့် သက်သေခံဆိုင်ကယ် ၅ စီးကို သိမ်းဆည်းထားရှိကြောင်းသိရသည်။ ထို့ပြင်ကျန်ရှိနေသေးသော သက်သေခံဆိုင်ကယ် ၆ စီးနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာဌာနများတွင် ထပ်မံအမှုဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။‎လက်ရှိတွင်ဆိုင်ကယ်ခိုးယူမှုကျူးလွန်သူ လမင်းဇော်နှင့် ဇင်ရဲထွန်း(ခ)ရဲထွန်းတို့ ၂ ဦးထံမှ သက်သေခံဆိုင်ကယ် ၁၉ စီး သိမ်းဆည်းရမိထားပြီး ဖြစ်ကာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရသိရသည့် MLND. နေပြည်တော်

အမြန်လမ်းမကြီးပေါ်က လူသတ်မှု အား ရဲတပ်ဖွဲ့က အချိန်တိုအတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ပြစ်မှု ကျုးလွန်သူဟု ယူဆရသူသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဟု ကြားသိရပေ့မယ် သီခြား အတည်မပြုနိုင်သေး နေပြည်တော် စက်တင်ဘာ ၈ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိတ္ထီလာမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအနီးတွင် အငှားကားစီးနင်းလာသူက ယာဉ်မောင်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ လမ်းဘေးစွန့်ပစ်ခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၆ ရက်၊ ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်းကနဦး သိရသည်။ ​ဖြစ်စဉ်မှာ မိတ္ထီလာမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၉/၁) ၏ အရှေ့ဘက် ပေ ၂၃၅ ပေခန့်အကွာ လှည်းလမ်းမဘေးတွင် ဒဏ်ရာများနှင့် သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူ၏ ရုပ်အလောင်းအား မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာတာဝန်ရှိသူက အတည်ပြု ပြောကြားထားသည့် ​"နေပြည်တော်၊ မြို့မဈေးကနေ အငှားမော်တော်ယာဉ်တစ်စီးကို ကျပ် ၄ သိန်းနဲ့ ငှားရမ်းပြီး ချစ်သူရှိတဲ့ မိတ္ထီလာမြို့ကို လာရာကနေ အမြန်လမ်းတစ်နေရာမှာ အခုလို အငှားယာဉ်မောင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်" ဟုရဲတပ်ဖွဲ့နှင့်နီးစပ်သူ များကဆိုသည် ​ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ရဲရင့်အောင် (၂၂ နှစ်) ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းသည် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ကြားသိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ ​လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား မိတ္ထီလာမြို့မရဲစခန်းမှ (ပ) ၁၄၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ MLND. သတင်းဌာန

+1
အမြန်လမ်းမကြီးပေါ်က လူသတ်မှု အား ရဲတပ်ဖွဲ့က အချိန်တိုအတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ပြစ်မှု ကျုးလွန်သူဟု ယူဆရသူသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဟု ကြားသိရပေ့မယ် သီခြား အတည်မပြုနိုင်သေး နေပြည်တော် စက်တင်ဘာ ၈

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေများဝင်ရောက်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး တာချီလိတ် စက်တင်ဘာ ၇ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းအချိန်မှစ၍ မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများစီးဆင်းကာ မြို့ပေါ်ရပ်ကွက်အချို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများစီးဝင်လာမှုကြောင့် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက တာလော့ရပ်ကွက်ရှိ လမ်းအချို့၊ မြန်မာ-ထိုင်းအမှတ် (၁)ချစ်ကြည်ရေးတံတားအနီး၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမရှိ နဂါးနှစ်ကောင်ကျောင်းရှေ့၊ ပုန်းထွန်ရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်ရှိ လမ်းအချို့တို့တွင် ရေဝင်ရောက်ခဲ့သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ယာယီသွားလာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။တာချီလိတ်မြို့ ပုန်းထွန်ဇလဗေဒတိုင်းတာရေးစခန်း၏ စက်တင်ဘာလ ၇ ရက်၊ နံနက် ၉ နာရီ တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေမှတ် ၄၆၄ စင်တီမီတာသို့ရောက်ရှိကာ စိုးရိမ်ရေမှတ် (အထက်) ၇၄ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ညနေ ၄ နာရီ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်(အောက်) ၁၈ စင်တီတာသို့ ရေများပြန်လည်ကျဆင်းလာခြင်းကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ လမ်းအချို့တွင်သာ ရေများကျန်ရှိတော့ကြောင်း သိရသည်။အဆိုပါ ရေကြီးရေလျှံမှုအခြေအနေများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည့်ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးအစီအမံများကို အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။ MLND သတင်းဌာန

+1
တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေများဝင်ရောက်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး တာချီလိတ် စက်တင်ဘာ ၇

Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၄-၉-၂၀၂၆ မှ ၆-၉-၂၀၂၆ ထိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုး ၏ ဖြေကြားချက် PPIB Links Youtube | Tiktok | Telegram | Website |X(Twitter)

ဗန်းမော်မြို့နယ်စည်ပင် လက်ထောက်အင်ဂျင်နီယာ နေအိမ်တွင် ရက်စက်စွာ သတ်ဖြတ်ခံရ၊ တရားခံ အမြန်ဆုံးမိပေးရန် မိသားစုဝင်များ တောင်းဆို ဗန်းမော် စက်တင်ဘာ ၇ ​ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာတစ်ဦး မိမိနေအိမ်အတွင်း၌ ထိတ်လန့်ဖွယ်ရာ ဒဏ်ရာများနှင့်အတူ သေဆုံးနေသဖြင့် တရားခံကို အမြန်ဆုံးဖမ်းဆီးပေးရန် မိသားစုဝင်များနှင့် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။ ​ဖြစ်စဉ်မှာ ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဗန်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ (စက်မှု) ဖြစ်သူ ဦးအောင်မျိုးသက် အသက် (၄၅) နှစ်သည် စက်တင်ဘာလ (၅) ရက်နေ့ နံနက် (၀၉:၁၀) နာရီအချိန်က လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၁၃/ခ) ရှိ နေအိမ်၌ ရှိနေစဉ်အတွင်း အမည်မသိသူများရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းခံ ခဲ့ရကြောင်း မိသားစုဝင်များက မြန်မာလိုကယ်သတင်းဌာန ကို ပြောကြားသည့် ​အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ရုပ်အလောင်းအား စစ်ဆေးချက်အရ နေအိမ်အိပ်ရာပေါ်တွင် သွေးများပေကျံလျက် ဘယ်ဘက်သို့ စောင်းနေသည့် အနေအထားဖြင့် တွေ့ရှိခဲ့ရပြီး ခန္ဓာကိုယ်အနှံ့ ရက်စက်စွာ ထိုးခုတ်၊ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကို တွေမြင်ခဲ့ရသည်ဟုဆိုသည် ​ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာ အသေးစိတ်အချက်များမှာ ​ယာနဖူး ပေါက်ပြဲဒဏ်ရာ (၁) ချက် ​ယာနားရွက် ပြတ်ရှဒဏ်ရာ (၁) ချက် ​ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ (၂) ချက် ​ယာဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ (၁) ချက် ​ယာလက်ဖျံ ညိုမဲဒဏ်ရာ (၁) ချက် ​ယာလက်ကောက်ဝတ် ပေါက်ပြဲဒဏ်ရာ (၁) ချက် စုစုပေါင်း ဒဏ်ရာ (၇) ချက်တို့ဖြင့် အပြင်းအထန် ဒဏ်ရာရရှိကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ​အဆိုပါ လူသတ်မှုကျူးလွန်သူများမှာ ပြင်းထန်သော ဒေါသစိတ် သို့မဟုတ် ရည်ရွယ်ချက်ကြီးမားစွာဖြင့် အသက်သေဆုံးသည်အထိ ရက်စက်စွာလုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။ ဒေသပြည်သူများက ဒီဆရာက စကားနဲပြီအနေအေးပါတယ် လူတိုင်းအပေါ် ကူညီတာပါ တစ်ခုပဲသူတို့အိမ်ထောင်ရေးကသိပ်အဆင်မပြေဘူးလိုတော့ ကြားမိတယ် ယခုလို ဖြစ်သွားတော့စိတ်မကောင်းဘူး တရားခံကိုအမြန်ဆုံးဖမ်းမိစေချင်ပါတယ်လို ဒေသခံ များကဆိုသည့် ဒီဖြစ်စဥ်နှင့်ပက်သက်၍ မိသားစုဝင်တစ်ဦးက ၅.၉.၂၀၂၆ ရက်နေ့မှာ ရက်ရက်စက်စက် အသတ်ခံရပေမယ့် အခုချိန် ထိအမှုမှန် မပေါ်သေးပါဘူးရှင် တရာတရားခံအမြန်ဆူံး ပေါ်စေချင်ပါတယ်ရှင် ကျမ အကိုကြီးက အနေအေးပြီး အလုပ်ပဲစိတ်ဝင်စားတဲ့ နာမည်ပျက်မရှိတဲ့ ကျမအကို ၅.၉.၂၀၂၆ရက်နေ့တွင်ရက်စက်စွာသတ်ပြီး ဖုန်းနှစ်လုံး ယူသွားပါသည် ညနေတိုင်းသဲကျောက်လုပ်ငန်းကိူ ငွေသွားကောက် သည့် မဆုံးခင်ညက ကောက်ခဲ့သည့် ငွေကိုလည်း ယူသွားသည်ဟူ သိရပါ ငွေတန်ဖိုးအတိအကျတော့မသိရပါဘူးရှင့်သူမဆုံးခင်တရက် အလိုမနက်ပိုင်း ဝန်ထမ်းတစ်ဦးကို အလုပ်ထုပ်ခဲ့သည်ဟုလည်း သိရပါသည် အကိုဆိုက်ထဲတွင် သက်ဆိုင်သော သူများ ဝန်ထမ်းအားလုံးကို သေသေချာချာစူံစမ်းစစ်ဆေးပေးဖို့ အမှန်တရားပေါ်ပေါက်ဖို့တောင်းဆိုချင်ပါတယ် ဖုန်းကဒ်ပြန်ယူပြီး နောက်ဆုံး ဖုန်းဆက်ခဲ့သည့် နံပါတ်ကိုလည်း စစ်ဆေးပေးဖို့တောင်းဆိုပါတယ်အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးပါလိုတောင်းဆိုပါတယ်တယ်လို နစ်နာသူမိသားစုဝင်များက မြန်မာလိုကယ်သတင်းဌာနကိုပြောသည့် အဆိုပါ ဖြစ်စဥ်များနှင့်ပက်သက်၍ သက်ဆိုင်ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားခံအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ဆက်လက်စုံစမ်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ MLND သတင်းဌာန

+2
ဗန်းမော်မြို့နယ် စည်ပင် သာယာရေးအဖွဲ့က လက်ထောက်အင်ဂျင်နီယာ နေအိမ်တွင် ရက်စက်စွာ သတ်ဖြတ်ခံရ၊ တရားခံ အမြန်ဆုံးဖမ်းမိရန် မိသားစုဝင်များ တောင်းဆို ဗန်းမော် စက်တင်ဘာ ၇

DEMU ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူ ဖမ်းဆီးရမိ နေပြည်တော် စက်တင်ဘာ ၇  စက်တင်ဘာ ၅ ရက်နေ့ညနေပိုင်းမှာ အမှတ်(၈)အစုန် နေပြည်တော် - ရန်ကုန် DEMU ရထားဟာ ခရီးစဉ်အပြီး ရထားတွဲဆိုင်းအား သိမ်းယူရန် ဆောင်ရွက်စဉ် ကြည့်မြင်တိုင်ဘူတာအဝင် မိုင်တိုင် ၃/၁၀ နဲ့  ၃/၁၁ အရောက် ဘုန်းကြီးကျောင်းလမ်းကူးမှ လူတစ်ဦးက ခဲနဲ့ ပစ်ပေါက်ခဲ့တာကြောင့် DEMU(U)5020 ရဲ့ ခုံအမှတ် 3A နဲ့ 3B အကြား ပြတင်းတံခါးဘေး လေကာမှန် ကြေမွကွဲအက်ခဲ့ကြောင်း သိရပါတယ်။  တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၆ ရက်နံနက် ၃ နာရီမှာ စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက်၊ ခတ္တာလမ်းရှိ အလုံမြို့နယ် အလုံဘူတာနဲ့ ရှမ်းလမ်းဘူတာအကြား ရထားလမ်းဘေးမြောင်းအဖုံးပေါ်မှာ အိပ်နေသူ တင်ထွန်း(ခ)ဂနေးစား အသက်(၄၁)နှစ် (ဘ)ဦးမန်းနီး၊ ဆင်မင်းလမ်းဆင်မင်းရပ်ကွက် အလုံမြို့နယ်နေသူအား CCTV မှတ်တမ်းဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ တူညီမှုရှိသဖြင့် ၎င်းအား စမ်းချောင်းမြို့မရဲစခန်း၌ (ပ)၃၆၁/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ(၈၄)ဖြင့် အမှုဖွင့်လှစ်စစ်ဆေးခဲ့ရာ စက်တင်ဘာ ၄ ရက်က အလားတူဖြစ်ပွားခဲ့တဲ့ အမှတ် (၈) အစုန် DEMU ရထားရဲ့ ပထမတန်းတွဲအား ခဲဖြင့်ပစ်ပေါက်ခဲ့တဲ့ အမှုပါပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။ MLND သတင်းဌာန

+2
DEMU ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူ ဖမ်းဆီးရမိ နေပြည်တော် စက်တင်ဘာ ၇ Â