Poe Hack Phyu(ရုပ်ရှင်ရုံ)
Open in Telegram
ဇာတ်ကားကောင်းလေးများအမြဲတင်ပေးမှာမို့Channelလေးကို joinခဲ့ပါအူးဗျ။
Show more1 624
Subscribers
No data24 hours
-47 days
-2530 days
Posts Archive
Repost from Channel YLK
Bloody Daddy (2023)
IMDb-8/10
Kabir Singh, Fraziတို့နဲ့ နာမည်ကျော်တဲ့
မင်းသားချောရှာဟစ်ဒ်ကပူးရ်ရဲ့ လတ်တလောထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးပါ။
Frazi ထဲမှာ သတင်းစာတိုက်ဟောင်းက စက်တစ်လုံးနဲ့ ငွေစက္ကူတုတွေ
ထုတ်ပြီးမွှေသွားတဲ့ မင်းသားရှာဟစ်ဒ်ကပူးက ဒီထဲမှာလည်း ဆူမေးရ်အဖြစ်
ကိုကင်းတအိတ်နဲ့ ပတ်မွှေဦးမှာပါ။
ကိုဗစ်ကာလအခြေခံထားတဲ့ ဇာတ်လမ်းကောင်းလေးတွေထဲကမှ
အခုတင်ဆက်ပေးမဲ့ အက်ရှင်ကားကလည်း ကိုဗစ်ကာလအတွင်းမှာ
ဇာတ်အိမ်တည်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ဆူမေးရ် က မူးယစ်ထိန်းချုပ်ရေးဌာနက ဝန်ထမ်းတယောက်၊
မိန်းမနဲ့ကွဲနေပြီး သားဖြစ်သူနဲ့အတူတူ နေနေပေမဲ့ သားနဲ့ကလည်း သိပ်မတည့်။
အလုပ်တူဘော်ဒါတယောက်နဲ့ မူးယစ်ဂိုဏ်းတခုက ကိုကင်းတွေသယ်လာတဲ့ကားကို
ဖြတ်ခုတ်လိုက်တာ ဂိုဏ်းခေါင်းဆောင်က သူ့သားကို ပြန်ပေးဆွဲပြီး
သူယူသွားတဲ့ ကိုကင်းအိတ်နဲ့ ပြန်လဲခိုင်းပါတယ်။သူ့ကို အဂတိတိုက်ဖျက်ရေးဌာနက
အရာရှိအာဒီတီကလည်း မသင်္ကာတာနဲ့ နောက်ကနေလိုက်စုံစမ်းနေတယ်။အတူလုပ်ခဲ့တဲ့
ဘော်ဒါကလည်း သစ္စာဖောက်သွားတော့ အဲလိုတွေကြားထဲကနေ မင်းသားဆူမေးရ်တယောက်
သားဖြစ်သူကို ကယ်တင်နိုင်မှာလား သူ့ကိုပဲ ရဲတွေက ဖမ်းသွားမလားဆိုတာ ကြည့်ရမှာပါ။
Repost from Channel YLK
Yaara( 2020)မြန်မာစာတန်းထိုး
=======================
IMDB7.8 / 10
Son- ဘုန်းဘုန်းအမေ့ကိုအသက်ပြန်ရှင်အောင်လုပ်ပေးပါလား
Father-သားအမေကမသေပါဘူး သူ့ထမ်းဆောင်ရမယ့်တာ၀န်ကျေသွားလို့သူ့ဝိညာဉ်လေးလေပေါ်ပျံသွားတာ
အားလုံးပဲမင်္ဂလာပါရှင့်
ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ သူငယ်ချင်းအချစ်နဲ့ အက်ရှင်ကိုတွဲဖက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဖခင်ရဲ့လုပ်ကြံရမှုကြောင့်တောကနေမြို့ကိုတက်လာတဲ့ညီအစ်ကိုနစ်ယောက်ဟာသူတို့ဖခင်ကိုလုပ်ကြံတဲ့သူရဲ့ကျွန်ဖြစ်လာတဲ့အခါ
မကောင်းမှုဒုစရိုက်နဲ့ဘ၀ကိုဖြတ်သန်းခဲ့ပြီးအမှန်တရားကိုသိသွားတဲ့အချိန်မှာ အလင်း၀င်လိုက်ကြပြီးတော့
သူတို့ရဲ့ငယ်ဘ၀ကကူညီခဲ့တဲ့သူငယ်ချင်းဟာ ရဲတွေလက်ကထွက်ပြေးနေရင်းနဲ့ ထောင်ချောက်မိသွားသောအခါ
CBIလက်ထဲကနေ သူတို့သူငယ်ချင်းကိုစွန့်စွန့်စားစားဘယ်လိုကယ်တင်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ....
Repost from Channel YLK
Mutant (2024)ဇာတ်ကာသစ်ကြီး
ဒီဇာတ်ကားလေးကတော့ အပြင်လောက လက်ရှိ ၂၁ရာစုမှာ
ကြောက်စရာ ကောင်းလောက်အောင် အရမ်းကိုဖွံ့ဖြိုးတတ်တက်လာပြီးတော့
အနာဂတ်မှာ လူသားမျိုးနွယ်ကိုပါ အန္တာယ်ပေးလာနိုင်တယ်ဆိုတဲ့
လူလုပ်ဉာဏ်ရည်တု AI နဲ့ လူသားတွေကြားက စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်းလေးကတော့
လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်စေဖို့အတွက် လက်ရှိ AI ထက်တစ်ဆင့်မြင့်တဲ့ ခံစားချက်ပါ
ထည့်သွင်းထားပြီးကိုယ်ပိုင်အသိစိတ်ရှိစေတဲ့ပရိုဂရမ်ပါ ထျန်းရုန်ချစ်ပ်ပြားကိုအင်ဂျင်နီယာကြီး ကျူးရုန်ကတီထွင်ခဲ့ပါတယ် ။
မူလရည်ရွယ်ချက်က လူသားအထောက်အကူပြုနည်းပညာဆိုပေမဲ့
ကိုယ်ပိုင်အသိစိတ်ရသွားတဲ့ ပင်မကိုယ်ထည် AI ဟာ လူသားမျိုးနွယ်ကိုမျိုးသုဉ်းသွားသည်အထိ သတ်ဖြတ်ပြီး စက်ရုပ်တွေကို
ကမ္ဘာမြေပေါ်မှာ အစားထိုးနေရာရဖို့ ကြိုးစားပါတော့တယ် ။အဲဒါကြောင့်ပဲ AI စက်ရုပ်စစ်တပ်ကြီးရဲ့ လူသားမျိုးနွယ်တွေကို
မျိုးသုဉ်းသတ်ဖြတ်ခြင်းအစီအစဉ်ကြီးစတင်လာပြီး လူသားတွေဘက်ကလည်းခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်ကြတဲ့အခါမှာတော့.......
Repost from Channel YLK
The Cabin in the woods (2012)
(IMDB 7.1) ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ..ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းသား ၅ ယောက် တောထဲက စွန့်ပစ်ထားတဲ့ သစ်လုံးအိမ်လေးမှာ အပန်းဖြေသွားရင်းနဲ့ ကြောက်မက်ဖွယ်အဖြစ်ဆိုးတွေ ကြုံရတာပါပဲ
တခြား Horror တွေနဲ့ မတူတာတစ်ခုတော့ ဒီဇာတ်ကားမှာ အဲဒီကြောက်မက်ဖွယ်တွေကို လူတစ်စုက စနစ်တကျ ရည်ရွယ်ချက်ရှိရှိဖန်တီးထားတာပါပဲ
အဲဒီနောက်ကွယ်က လူစုရဲ့ရွယ်ရွယ်ချက်က ဘာလဲ..သူတို့တွေထဲကရော ဘယ်သူလွတ်မြောက်နိုင်မလဲဆိုတာကိုတော့
Repost from Channel YLK
Shehzada 2023
Action/Comedy/Drama
အခုတစ်ခါတင်ဆက်ပေးမှာကတော့ ပရိသတ်တွေရင်ထဲကိုရောက်ရှိပြီးသားဖြစ်တဲ့
နာမည်ကြီးမင်းသား Kartik Aaryanနဲ့ မင်းသမီး Kriti Sanonတို့
ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
ဆေးရုံတစ်ခုမှာ သားယောက်ျားလေးရလို့ ပျော်ရွှင်နေကြတဲ့မိသားစုနှစ်ခုရှိနေပါတယ်။
တစ်နေ့တည်းတစ်ချိန်တည်းမှာပဲ မွေးလာခဲ့ရပေမယ့် ကလေးနှစ်ယောက်ဟာတော့
ကံချင်းမတူခဲ့ပါဘူး။ တစ်ယောက်ကတော့ လိုတိုင်းရတဲ့ဘဝမှာ နေရမှာဖြစ်ပြီး တစ်ယောက်ကတော့ ရုန်းကန်ရတဲ့ဘဝမျိုးမှာ နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကံတရားကို ပြောင်းလဲပစ်ချင်တဲ့သူတစ်ယောက်ရှိနေခဲ့ပါတယ်။ ချမ်းသာတဲ့ဘီလျံနာမိသားစုမှာ အလုပ်လုပ်နေရတဲ့ ဗယ်မီကီဟာ သူ့ကလေးနဲ့ အလုပ်ရှင်မိသားစုက ကလေးကို လဲပစ်ခဲ့ပါတယ်။
ကံတရားကမျက်နှာသာမပေးခဲ့တဲ့သူ့ဘဝလိုမျိုး ဒီကလေးလည်း ကြုံတွေ့စေရမယ်။ သူ့သားကတော့ ဘုရင်တစ်ပါးလိုဘဝမျိုးမှာပဲနေရမယ်လို့ ကြုံးဝါးရင်းနဲ့ပေါ့။ ဒီလိုနဲ့တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ သားဖြစ်သူဘန်တူကို အမုန်းတရားတွေ လျစ်လျူရှုမှုတွေနဲ့ပဲ ဆက်ဆံခဲ့ပါတယ်။ ဘုရင်တစ်ပါးလိုဆက်ဆံခံနေရတဲ့သူ့သားအရင်းဖြစ်သူ ရာ့ဂျ်ကိုတော့ ကျေနပ်ပီတိတွေနဲ့ပဲ ကြည့်နေခဲ့ပါတယ်။
Repost from Channel YLK
Uncharted (2022)
အားလုံးစောင့်မျှော်နေတဲ့ ဇာတ်ကားသစ်လေးထွက်ရှိလိုလာပါပြီ
ငယ်စဉ်ကတည်းက အစ်ကိုဖြစ်သူ ဆမ်ဒရိတ်နဲ့ ကွဲသွားတဲ့ နိတ်ဒရိတ်ဟာ
Bartenderတဖြစ်လဲ လူကုံထံ တွေဆီက အလစ်သုတ်ရင်း အသက် မွေးလာခဲ့သူပါ၊
တစ် နေ့မှာ ဆမ်ရဲ့မိတ် ဆွေ ဆိုသူ ဗစ်တာဆူလီဗန်က နိတ်ဆီ ရောက်လာပြီး
ကမ္ဘာ့ပထမဆုံးနယ် မြေ စူးစမ်းရွက် လွှင့်သူ ဖာဒီနန်မက်ဂျဲလန်၊
ကပ္ပတိန် ဟွမ်ဆီဘက်ရှန် အယ်ကာနိုအပါအဝင်
သင်္ဘောသား ၁၈ ယောက်ရဲ့ ပျောက်ဆုံး နေ သော ရွှေသိုက်ကြီးကို ရှာ ဖွေဖို လာ ခေါ်ပါတယ်။ကာလတန် ကြေး ၅ဘီလီယံအနည်းဆုံးရှိတဲ့ အဆိုပါ ရွှေသိုက်ကြီးကို
နိတ်တိုအပြင် ဆန်တီယာဂိုမွန်ကာဒါဆိုတဲ့ စပိန်သူ ဌေးတစ်ဦးကလည်း လိုချင်နေရာ
နိတ်ဒရိတ်တို၂ ယောက် မွန်ကာဒါရဲ့ရန်ကို ရှောင်ရင်း ရတနာသိုက်ကိုရှာ တွေ့နိုင်မလား၊
ရွှေ တွေရသွားမလား၊ နိတ်တစ် ယောက် အစ်ကိုဖြစ်သူဆမ်နဲ့ ပြန် တွေ့နိုင်မလားဆိုတာကို
Action,Adventureဆန်ဆန် ကြည့်ရှူရမှာပါ။
Repost from Channel YLK
𝖥all (2022)
အသည်းတအေးအေးနဲ့ကြည့်ရမယ့် ရုပ်ရှင်ကားလာပါပြီ။ ပိုစတာကြည့်ရုံနဲ့တင် ဘယ်လိုကားလဲသိမလားတောင်မသိဘူး။ အမြင့်တက်တဲ့စွန့်စားခန်းကားပါပဲ။
တောင်တက်သမားကောင်မလေးတစ်ယောက်ဟာ အတူတောင်တက်တဲ့ သူ့ယောကျ်ား ပြုတ်ကျပြီး ဆုံးသွားတဲ့နောက်မှာ စိတ်ဓာတ်ကျပြီး အရက်တွေသောက် အခန်းထဲအောင်းတာပဲလုပ်နေပါတော့တယ်။
ဒီတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသူ့ကိုစိတ်ပြေလက်ပျောက်အမြင့်တစ်ခုတက်ဖို့လာခေါ်ပါတော့တယ်။
သူတို့တက်ရမယ့်အရာ အမေရိကရဲ့ စတုတ္ထမြောက်အမြင့်ဆုံး တီဗီတာဝါဖြစ်ပြီး ပေ ၂၀၀၀ လောက်ကိုမြင့်ပါတယ်။
သူက အစပိုင်းမှာ သံဘောင်တွေပါတဲ့အတွင်းလှေကားကနေ လုံလုံခြုံခြုံတက်ရတာဖြစ်ပေမဲ့ ထိပ်တစ်ဆင့်မှာတော့ လှေကားအလွတ်ကြီးပဲ ရှိပါတယ်။
သူတို့တွေ အဲဒီအပေါ်ကို ခက်ခက်ခဲခဲတက် ဓာတ်ပုံတွေရိုက်ပြီး ပြန်အဆင်းမှာတော့ သံလှေကားဟောင်းကြီး ကျွတ်ကျသွားခဲ့ပါတယ်။
အဲဒီတော့ တာဝါအမြင့်ကြီးရဲ့ ထိပ်ဆုံးမှာ သူငယ်ချင်းနှစ်ယောက် ပိတ်မိနေပြီး ကယ်မယ့်သူလည်းမရှိ၊ ဘေးပတ်လည်မှာလူလည်းမရှိ၊ ဖုန်းလိုင်းလည်းမမိတဲ့အချိန်မှာ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်ဖို့ ဘယ်လိုတွေ နည်းမျိုးစုံနဲ့ စွန့်စားရမလဲဆိုတာ ကြည့်ရမှာပါပဲ
Repost from Channel YLK
Skiptrace (2016)
ဝါရင့်ဟောင်ကောင်ရဲတစ်ယောက်ဖြစ်တဲ့ ဘန်နီချန်းဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သလိုပါတနာလည်းဖြစ်တဲ့ ယန်းရဲ့ သေဆုံးမှုကိုအခုတိုင်မေ့မရသေးပါဘူး။ယန်းရဲ့သမီးငယ် ဆမန်သာကို သမီးရင်းလိုစောင့်ရှောက်ရင်း တစ်ဖက်ကလည်း
မက်တဒေါ်ဆိုတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။
တစ်နေ့တော့ သူ့သမီးလိုစောင့်ရှောက်ထားတဲ့ ဆမန်သာဟာ ကတ်စီနိုပိုင်ရှင်လူဆိုးတွေနဲ့ပြဿနာတစ်ခုထဲမှာ ဝင်ပါမိပြီး အဲဒီပြဿနာအတွက် အမေရိကန်လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ ကွန်နာဝပ်ကိုချန်းကလိုက်ရှာပေးဖို့ဖြစ်လာပါတယ်။ကွန်နာဝပ်ကိုယ်တိုင်ကလည်း ရုရှားမာဖီးယားတွေနဲ့အကြီးအကျယ်ရန်စရှိနေတဲ့သူပါ။
အဲဒီလိုနဲ့ ဘန်နီချန်းနဲ့ကွန်နာဝပ်တို့နှစ်ယောက် ဟောင်ကောင်အပြန်လမ်းမှာ ရုရှားမာဖီးယားတွေ၊ဟောင်ကောင်ဂန်းစတားတွေနဲ့အပြိုင်စွန့်စားခန်းတွေဖွင့်ရပါတော့တယ်။
ဂျက်ကီရဲ့ Shanghai noon တို့ Rush Hour တို့လိုပဲ အရွှန်းဖောက်ထားတဲ့ အက်ရှင်ပြကွက်တွေ သွက်လက်တဲ့ဇာတ်အိမ်တို့နဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Buddy cop action comedy တစ်ကားပါပဲ။
