SHIN YOON-သျှင်ယွန်း
Open in Telegram
6 935
Subscribers
-524 hours
-37 days
+830 days
Posts Archive
6 935
အချစ်နဲ့ ပတ်သက်မိရင်...အနည်းနဲ့အများတော့ ငိုရတာပါပဲ ။ ပျော်ရတယ်ဆိုရင်တောင် လွမ်းတဲ့စိတ်ကြောင့် မျက်ရည်ကျရတဲ့အခါတွေ ရှိတယ် ။ ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ ပူလောင်ရတာတွေရှိတယ် ။ စိတ်မချခြင်းတွေနဲ့ ပူပန်ရတာတွေရှိတယ် ။ တချို့ဘ၀တွေက ပိုဆိုးတယ် ... နာနာကျင်ကျင်နဲ့ကို တိတ်တ်လေး မျက်ရည်ကျရတာ ။
မတွယ်တာနဲ့တဲ့ ... ပြောတော့တာလွယ်တာနော် တကယ်တမ်းကျတော့ သံယောဇဥ်ဆိုတာ ဖြတ်ရခက်တယ် တွယ်မိရင် တွယ်မိသလောက် ပြေးထွက်လာဖို့ခက်တယ် ဝေးသွားဖို့တော့ မခက်ပါဘူး ကိုယ်ဆွဲထားတဲ့လက်လေး လွှတ်ချလိုက်ရုံနဲ့ ဝေးသွားမှာ အဲ့ဒီနောက်မှာ ကိုယ်ပြုံးပြုံးလေးရပ်နေနိုင်ဖို့ ခက်တာပါ ။
အများကြီးမျှော်လင့်မထားနဲ့တော့ ... ဖြစ်လာတဲ့အခါမှသာ ဖြစ်လာပြီလို့ မှတ်တတ်တဲ့ အကျင့်လေးပဲ ကောင်းတယ် ။ တကယ်လို့ ... ကိုယ်မျှော်လင့်ခဲ့ပြီးမှ ဖြစ်မလာတဲ့အခါ ဘယ်လောက်ထိ ... ပြိုလဲရလဲဆိုတာ မျှော်လင့်ဖူးသူချင်းပဲ သိပါတယ် ။
ဖြစ်နိုင်ရင် ... အေးချမ်းစေချင်ပါတယ် ။
#မိန်းမသားတို့အတွက်
#သျှင်ယွန်း
