en
Feedback
Linkပျက်ရင်အသေကြမ်းမဲ့လှ​ေဋ္ဌးတို့အဖွဲ့😾

Linkပျက်ရင်အသေကြမ်းမဲ့လှ​ေဋ္ဌးတို့အဖွဲ့😾

Open in Telegram

ဒါChannelအသစ်ပါMovie onlyဘဲတင်ပါတယ်ဗျ*-*

Show more
3 255
Subscribers
No data24 hours
-117 days
-5730 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
February '25
February '250
in 0 channels
January '25
+12
in 0 channels
Get PRO
December '24
+7
in 0 channels
Get PRO
November '24
+10
in 0 channels
Get PRO
October '24
+20
in 0 channels
Get PRO
September '24
+35
in 0 channels
Get PRO
August '24
+3 544
in 0 channels
Date
Subscriber Growth
Mentions
Channels
04 February0
03 February0
02 February0
01 February0
Channel Posts
2
The Da Vinci code (2006) ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အဓိကပြတိုက်ကြီးဖြစ်တဲ့ လူးဝ်ပြတိုက်မှာ ညကြီးသန်းခေါင် ပြတိုက်မှူးကြီး အသတ်ခံရသတဲ့။ ပြတိုက်မှူးကြီးဟာ သူမသေခင်မှာ သင်္ကေတကုဒ်တွေချန်ထားခဲ့တယ်။ ဒီလိုနဲ့ ပြင်သစ်ရဲတွေဟာ ပြတိုက်မှူးကြီးချန်ထားခဲ့တဲ့ စာတွေထဲက တစ်ခုတည်းသော နာမည်အနောက်ကို လိုက်ပါလေရော။ လန်ဂ်ဒန်တဲ့ …… ။ ဟားဗဒ်တက္ကသိုလ်ရဲ့ သင်္ကေတဗေဒပညာရှင်။ ကမ္ဘာပေါ်ကရှားမှရှားပညာရှင်မျိုး။ ပြတိုက်မှူးကြီးက သူမသေခင်ညမှာ လန်ဂ်ဒန်နဲ့ ညစာစားဖို့ရာ စီစဉ်ထားခဲ့တယ်။ ဒီလိုနဲ့ လန်ဂ်ဒန်ကို ပြင်သစ်ရဲတွေက အကူအညီတောင်းဖို့ရာဆိုပြီး လူးဝ်ပြတိုက်ကိုခေါ်လာပါလေရော။ ပြတိုက်အဝင်ဝက ဧရာမ ဖန်သား ပိရမစ်ကြီးက ပြသာနာတွေတော့ အထဲမှာစောင့်ပါပြီလို့ လန်ဂ်ဒန်ကို တိတ်တဆိတ် သတိပေးနေသလိုပါဘဲ။ သူလည်း အထဲရောက်သွားရော အထဲမှာ ပြတိုက်မှူးကြီးရဲ့ ကိုယ်လုံးတီးအလောင်းက ပြတိုက်ကြမ်းပြင်ပေါ်မှာ ပြန့်ကားနေတယ်။ လက်နှစ်ဖက်ကိုဆန့်တန်းထားပြီး ဝမ်းဗိုက်ဖောင်းဖောင်းကြီးအပေါ်မှာလည်း ငါးထောင့်ကြယ်ပုံကြီးကို သွေးနဲ့ပုံဖော်ထားတယ်။ နတ်ကိုးကိုယ်သူတွေ မီးရေနေလကိုးကွယ်သူတွေရဲ့ ရှေးဦးသင်္ကေတပုံစံမျိုး။ တစ်ဖက်လက်ညိုးမှာ သွေးပေနေပုံကိုထောက်ပြီး သူ့ဝမ်းဗိုက်က သေနတ်ဒဏ်ရာက သွေးကိုယူပြီး ကြယ်ပုံကို သူကိုယ်တိုင်ဆွဲခဲ့ပုံပါဘဲ။ နောက်တစ်ဖက်လက်မှာတော့ Marker ချောင်းကို မြဲမြဲဆုပ်ထားတယ်။ မကြာခင်မှာဘဲ လန်ဂ်ဒန်တစ်ယောက် စဉ်းစားမိရာ စဉ်းစားပြီး ကြမ်းပြင်ကို မီးထိုးကြည့်ရာမှာတော့ စာသားတွေပေါ်လာခဲ့တယ်။ ပထမဆုံးပေါ်လာတာက ကိန်းစဉ်တန်းတစ်ခု … 13-3-2-21-1-1-8-5 ..… နောက်တစ်ခုက စာသားတွေ … O,Draconian Devil Oh, Lame Saint တဲ့ …… ပထမဆုံးပေါ်လာတဲ့ ကိန်းစဉ်က ခန့်မှန်းရတာ သိပ်လွယ်တဲ့အရာ။ ဖီဘိုနာချီကိန်းစဉ်တန်းတစ်ခု … ။ လှပပြီးသေသပ်တဲ့ ကိန်းစဉ်တန်းတစ်ခု။ သဘာဝကြီးရဲ့ ကိန်းစဉ်တန်းတစ်ခု။ ကပ်လျက်ရှိတဲ့ ကိန်းတွေရဲ့ အချိုးဟာ 1.6 စွန်းစွန်းလေးရှိမယ့်ကိန်းစဉ်တန်းတစ်ခု။ ရှေးဦးအီဂျစ်တွေ ပိရမစ်ကြီးတွေကို ဆောက်တဲ့အခါမှာ တစ်ထပ်နဲ့တစ်ထပ်အတွင်း အမြဲလိုက်နာတဲ့ အချိုးတစ်ခု။ Twitter တံဆိပ်ရဲ့ ပျမ်းမျှညီမျှခြင်းအချိုးတစ်ခု။ ပျားအုံအတွင်းက ပျားထီးနဲ့ ပျားမတို့ရဲ့အချိုး။ တခြားတခြားသော သဘာဝတရားတို့ရဲ့ သိပ်ကိုလှပတဲ့ အချိုး … Golden Ratio ပေါ့။ စာသားတွေကိုကြည့်တော့ ဒါဟာ Anagram တစ်မျိုး။ လျှို့ဝှက်စာသားပေါ့။ တကယ်တမ်းကျ ဒီလောက်များတဲ့ စာတန်းရှည်ကို ကုဒ်ဖော်ဖို့ရာ Dan Brown နဲ့ ရုပ်ရှင်ထဲက လန်ဂ်ဒန်တို့လုပ်သွားသလောက် မလွယ်ဘူး။ တကယ်တမ်း စာရေးသူတို့ ကျောင်းစာသင်ခန်းထဲမှာ ကျောင်းသားတွေ ကွန်ပြူတာ ပရိုဂရမ်အကူအညီနဲ့လုပ်တာတောင် နာရီပိုင်းကြာတဲ့ CODE မျိုး။ ဖြစ်နိုင်ခြေပေါင်း ၃၆၀ ထရီလျံနည်းပါးရှိတဲ့ ကိန်းစဉ်တန်းကို စက္ကန့်ပိုင်းနဲ့ ပြောပြဖို့ရာဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တာမျိုး။ ဘယ်လိုဘဲပြောပြော လန်ဂ်ဒန်က Code ဖြည်နိုင်ခဲ့တယ်။ Leonardo Da vinci The Mona Lisa တဲ့။ သာမန်လူသတ်မှုကနေ သမိုင်းတစ်လျှောက်ရဲ့ အဓိကအနုပညာကြီးဖြစ်တဲ့ Mona Lisa အထိပါပါလာခဲ့ပြီ။ ဇာတ်လမ်းထဲမှာ ဒီကတဆင့် Holy Grail ဆိုတာပါပါလာခဲ့တယ်။ Holy Grail ဆိုတာကတော့ ယေရှုခရစ်တော် နောက်ဆုံး စားပွဲကြီးမှာ သုံးခဲ့တဲ့ ကလပ်ခွက် (ခွက်)။ နောက်ပြီး ခရစ်တော်ကို ကြိုးစင်တင်ရာကနေကျလာတဲ့ သွေးတွေကို ခံခဲ့တဲ့ခွက်။ ဒီခွက်ကိုရဖို့ ဟိုးရှေးရာစုနှစ်တွေကတည်းက အထူးတပ်ဖွဲ့တွေ သူရဲကောင်းတပ်ဖွဲ့တွေက ကြိုးစားလာခဲ့တာမျိုး။ ခရစ္စယာန်သမိုင်းရဲ့ အဓိကအချက်အခြာရတနာလို့ သတ်မှတ်ခံထားရတာမျိုး။ ဂျေရုစလင်ကို ဥရောပကသိမ်းပြီးနောက် မြို့တော်ကို ကာကွယ်စောင့်လျှောက်ဖို့ရာဆိုပြီး သူရဲကောင်းအဖွဲ့ကြီးကိုဖွဲ့ခဲ့တယ်။ ဒါပေမယ့် DAN BROWN ရဲ့ စာအုပ်ထဲမှာတော့ ၎င်းက အဆိုပါတပ်ဖွဲ့ဟာ မြို့တော်နဲ့လားလားမှမဆိုင်ဘဲ Holy Grail ခွက်ကို ရှာပုံတော်ဖွင့်ဖို့လို့ဆိုထားပါတယ်။ Holy Grail ကရော ပြတိုက်မှူးကြီး အသတ်ခံရာမှာ ဘယ်လိုပတ်သက်လဲ ? ဟို နှစ်ရာပေါင်းများစွာက Leonardo Da Vinci ကရော ဘယ်လိုပက်သက်လဲ ? ကြားထဲက လန်ဂ်ဒန်ကရော ? ၁၇၄ မိနစ်တိတိကြာတဲ့ ဒီဇာတ်ကားဟာ သမိုင်းမှန်ကိုနောက်ခံထားပြီး စိတ်ကူးယဉ်ထားတာမို့ ဘယ်လိုကြည့်ကြည့်ကို ရင်သပ်ရှုမောစရာကောင်းပါတယ်။ Secret Order တွေ Secret Treasure တွေအကြောင်းကို စိတ်ဝင်စားသူတွေက ရုပ်ရှင်ကြည့်လိုက် သမိုင်းအစစ်အမှန်ကိုရှာဖတ်လိုက်နဲ့ ရုပ်ရှင်တကားကြည့်ဖို့ရာ လေး ငါးနာရီလောက် အချိန်ပေးရပါလိမ့်မယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ စာအုပ်ရဲ့အရသာကိုလုံးဝပေါ့မသွားစေတဲ့အပြင် လန်ဂ်ဒန်အဖြစ်သရုပ်ဆောင်တဲ့ Tom Hanks ရဲ့ဇာတ်ကောင်အားနဲ့ တချို့ဇာတ်ဝင်ခန်းတွေဆို စာအုပ်ထက်တောင် ပို Dark သလိုခံစားမိတယ်လို့ဆိုရမယ်။
488
3
The Da Vinci Code (2006)
The Da Vinci Code (2006)
301
4
Angels & Demons (2009) ဒီဇာတ်ကားကတော့ လျှို့ဝှက်သည်းဖိုဇာတ်ကားဖြစ်ပြီး မင်းသားကြီး Tom Hanks အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီထ
Angels & Demons (2009) ဒီဇာတ်ကားကတော့ လျှို့ဝှက်သည်းဖိုဇာတ်ကားဖြစ်ပြီး မင်းသားကြီး Tom Hanks အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီထဲမှာ သိဒ္ဓိဆန်းဂိုဏ်းလို့ဘာသာပြန်ထားတဲ့ Illuminati ဂိုဏ်းကိုအကြောင်းပြု ပြီး ဇာတ်လမ်းကို ဖန်တီးတည်ဆောက်ထားကာ သမိုင်အချက်အလက်တွေစုံလင်စွာထည့်ထားနိုင်လို့ တကယ်ဖြစ်ပျက်နေသလား အောက်မေ့ရပါတယ်။ ထိုင်ရာမထ ကြည့်ရှုမိမယ့်ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းဖန်တီးသူ စာရေးဆရာက Da Vinci Code ကိုရေးသားတဲ့ နာမည်ကြီးစာရေးဆရာ Dan Brown ဖြစ်ပါတယ်။ Angels&Demons နဲ့ Da Vinci Code ကရုပ်ရှင်တစ်ကားစီဖြစ်ပေမယ့် ဆက်စပ်မှုရှိပါတယ်။ နှစ်ကားလုံးကို ကျွန်တော်အရမ်းနှစ်သက်မိပါတယ်။ သူငယ်ချင်းတို့နဲ့ အကြိုက်ချင်းတူမယ်လို့မျှော်လင့်မိပါတယ်။
321
5
Angels & Demons (2009)
Angels & Demons (2009)
272
6
Guardians of the Galaxy Volume 3 (2023) ဇာတ်လမ်းအကျဉ်း ဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်းအသည်းကွဲပ
Guardians of the Galaxy Volume 3 (2023) ဇာတ်လမ်းအကျဉ်း ဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်းအသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကိုနတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ
338
7
Guardians of the Galaxy Volume 3 (2023)
Guardians of the Galaxy Volume 3 (2023)
316
8
Pilot (2024) နာမည်ကြီး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ ဟန်ဂျောင်အူဟာ မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် နေ့ချင်းညချင်း အလု
Pilot (2024) နာမည်ကြီး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ ဟန်ဂျောင်အူဟာ မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် နေ့ချင်းညချင်း အလုပ်လက်မဲ့ဘဝကို ရောက်သွားပြီး စားဝတ်နေရေးပါ ခက်ခဲလာတဲ့အခါမှာတော့ ညီမဖြစ်သူ ဟန်ဂျောင်မီရဲ့ နာမည်ကိုသုံးပြီး သူ့ကိုယ်သူ မိန်းမတစ်ယောက်အနေနဲ့ ဟန်ဆောင်ကာ လေယာဉ်မှူး အလုပ်အသစ်တစ်ခုကို ထပ်ရဖို့အတွက် ကြိုးစားပါတော့တယ်။ ကံကောင်းထောက်မစွာနဲ့ လေယာဉ်မှူးအလုပ်ကို ရသွားတဲ့ ဂျောင်အူတစ်ယောက်မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုဆက်ဟန်ဆောင်မလဲ..။ လုပ်ငန်းခွင်မှာရော ဘယ်လိုအလွဲလေးတွေ တွေ့လာရမလဲဆိုတာ ဟာသလေးနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အရမ်းပေါက်နေတဲ့ ကားလေးလည်းဖြစ်တာမလို့ အကုန်လုံး အကြိုက်တွေ့စေမှာ အသေအချာပဲနော်။
529
9
Pilot (2024)
Pilot (2024)
485
10
Officer Black Belt (2024) Lee Jung-Do (Kim Woo-Bin) ဟာဆိုရင်တော့ အင်တာနက်ကဖေးမှာ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက် အရက်အတူတူသော
Officer Black Belt (2024) Lee Jung-Do (Kim Woo-Bin) ဟာဆိုရင်တော့ အင်တာနက်ကဖေးမှာ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက် အရက်အတူတူသောက်လိုက်နဲ့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးတတ်တဲ့သာမန်လူငယ်လေးတစ်ယောက်ပဲဖြစ်ပေမဲ့လည်း တိုက်ကွမ်ဒို၊ ကင်ဒိုနဲ့ ဂျူဒို စတဲ့ ကိုယ်ခံပညာမှာတော့ အမြင့်ဆုံးအဆင့်ရှိတဲ့သူပေါ့။ တစ်နေ့မှာတော့ Jung-Do က လျှပ်စစ်ခြေချင်းဝတ်ဆင်ထားတဲ့ ခံဝန်ချုပ်နဲ့နေနေတဲ့ လူတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ကိုယ်ခံပညာအရာရှိတစ်ဦးကို တွေ့ပြီး ကယ်တင်ပေးရာကနေ Jung-Do တစ်ယောက် ထိုဒဏ်ရာရသွားတဲ့ အရာရှိရဲ့ နေရာမှာ၅ ပတ်တာ အစားထိုးတာဝန်ယူပေးဖို့ ဖြစ်လာပြီး ခံဝန်ချုပ်ဖြင့်လွှတ်ထားတဲ့သူတွေရဲ့ အကြမ်းဖက်ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ စောင့်ကြည့်ရေးအရာရှိ Kim Sun-Min (Kim Sung-Kyun)နဲ့ အတူ အလုပ်တွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီလို သူတို့နှစ်ယောက်အတူပေါင်းပြီး အကြမ်းဖက်ပြစ်မှုတွေကို ဘယ်လိုနှိမ်နင်းဖြေရှင်းသွားမလဲ.. ပေါ့ပေါ့ပါးပါး‌နေလာတဲ့ Jung-Do အတွက် တာဝန်ပေးခံလိုက်ရပြီး ဘယ်လိုတွေပြောင်းလဲသွားမလဲ.. ဆိုတာတွေကို ဟာသအက်ရှင်ကားပီပီ ရယ်ရယ်‌မောမောနဲ့  ကြည့်ရှုရဦးမှာဖြစ်ပါတယ်။
484
11
Officer black belt (2024)
Officer black belt (2024)
417
12
ယောကျာ်းရင့်မာကြီးတွေတောင် မျက်ရည်ဝဲရတဲ့ရုပ်ရှင် How To Make Millions Before Grandma Dies (2024) ဘဝမှာ ဘယ်အချိန်မဆို အ‌ရေးကြီ
ယောကျာ်းရင့်မာကြီးတွေတောင် မျက်ရည်ဝဲရတဲ့ရုပ်ရှင် How To Make Millions Before Grandma Dies (2024) ဘဝမှာ ဘယ်အချိန်မဆို  အ‌ရေးကြီးဆုံးကမိသားစုပါပဲ။ ဒီရုပ်ရှင်ဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်သူဖြစ်ခြင်းရဲ့ လူသားဆန်တဲ့ဘဝဖော်ညွှန်းထားပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ M ဆိုတဲ့လူငယ်လေးဟာ လူငယ်သဘာဝအတိုင်း ဘဝကိုအလေးမထားပဲနေခဲ့ရာမှ သူ့ရဲ့အဖွားမှာကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတာသိလိုက်ရတဲ့ M ဟာ အဖွားစီမှ အမွေကိုမက်မောပြီးပြုစုစောင့်ရှောက်တဲ့ရင်းကနေ အဖွားနဲ့မြေးတို့ရဲ့ နှစ်ယောက်ကြားကချစ်ခြင်းမေတ္တာကိုဖော်ညွန်းထားတဲ့ဇာတ်ကားလေးဖြစ်လို့  ကိုယ်တိုင်တွေကြုံသလို မျိုးခံစားရမည့်ဇာတ်ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။
665
13
How to make millions before grandma dies (2024)
How to make millions before grandma dies (2024)
637
14
Handsome Guys 2024 ကဲfb မှာtrendဖြစ်နေတဲ့သရဲကားလေးလာပါပြီ ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလ
Handsome Guys 2024 ကဲfb မှာtrendဖြစ်နေတဲ့သရဲကားလေးလာပါပြီ ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။ တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်းလို့ဆိုပြီး ကြည့်ရှုသူတွေကြားမှာ ပေါက်နေတဲ့ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်
910
15
Handsome guys (2024)
Handsome guys (2024)
980
16
The Boys Season 1(2019) စူပါ ပါဝါရပြီးလူတွေကိုအကျိုးပြုနေတဲ့Hero တွေရှိသလို အနိုင့်ကျင်ပြီးကိုယ်ကျိုးအတွက် အသုံးချနေတဲ့သူရဲကေ
The Boys Season 1(2019) စူပါ ပါဝါရပြီးလူတွေကိုအကျိုးပြုနေတဲ့Hero တွေရှိသလို အနိုင့်ကျင်ပြီးကိုယ်ကျိုးအတွက် အသုံးချနေတဲ့သူရဲကောင်းဟန်ဆောင်ထားတဲ့ မိစ္ဆာလိုကောင်တွေလည်းအများကြီးရှိပါတယ်ဒီလိုကောင်တွေကြောင့် တစ်ချို့သောသူတွေ အများစွာထိခိုက်နေပေမယ့်လည်း Supervillain လိုကောင်တွေဟာ အင်အားကြီးတာရော အဖွဲ့အစည်းတစ်ခုအနေနဲ့ရှိနေတာရော ထောက်ခံနေတဲ့သူတွေများနေတာကြောင့် ဒေါသတွေကိုမြိုသိပ်နေရတဲ့သူတွေအများကြီးရှိပါတယ်ဒီအထဲမှာမှဒီလိုစူပါပါဝါရနေတဲ့ အရူးတွေကို ရသလောက်ပြန်သတ်မယ်ဆိုပြီး The Boys ဆိုတဲ့အဖွဲ့အစည်းလေးပေါ်ပေါက်လာတဲ့အချိန်မှာတော့SE1 ထဲက ရှယ်ကြမ်းသလို SE2 မှာလည်းပိုတောင်ကြမ်းလာပါတယ်ဒီစီးရီးက စိတ်ဝင်စားဖို့ကောင်းတာက ကျွန်တော်တို့မြင်တွေ့နေကြ ကိုးကွယ်ရတဲ့စူပါဟီးရိုးတွေမဟုတ်ဘဲ ဗီလိန်ကောင်တွေကို လိုက်ဗျင်းပြီး အားနည်းနေတဲ့အဖွဲ့လေးနဲ့ ကျွန်တော်တို့ဟာ တစ်သားထဲအလိုလိုဖြစ်သွားပါတယ်ပြီးတော့ ဗီလိန်စူပါပါဝါကောင်တွေရဲ့အားနည်းချက်တွေကို လိုက်ရှာပြီး ဗျင်းဖို့လိုက်စဉ်းစားရတာလည်းတော်တော်စိတ်ဝင်စားစရာကောင်းပါတယ်အက်ရှင်ခန်းတွေ ဘယ်လောက်မိုက်ပြီးနင်းကန်ပီပြင်လည်းဆိုတာတော့ https://t.me/Serieslinkpytyinathykyanmkhlahty/67
787
17
MaXXXine (2024) နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။ လက်ရှိ ဟော်ရာအသစ်တွေထဲ
MaXXXine (2024) နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။ လက်ရှိ ဟော်ရာအသစ်တွေထဲမှာ လက်စောင်းအထက်ဆုံးဖြစ်နေတာကတော့ ဒီသုံးကားနဲ့ Fear Street တွေပါပဲ။ ဟော်ရာကားကောင်းဆိုရင် ဒါတွေကို ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။ Pearl နဲ့ X မှာပါခဲ့တဲ့ လူသတ်သမား စုံတွဲကတော့ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သေဒဏ်ကျတဲ့ ကွင်းဆက်လူသတ်သမား လင်မယား Ray and Faye Copeland အကြောင်းကို အခြေခံထားတာပါ။ အခု မက်ဆင်းကတော့ X မှာတုန်းက ပွဲကြမ်းခဲ့တဲ့ မက်ဆင်းတစ်ယောက် ဘာတွေ ဆက်ကြမ်းမလဲ ပြတာပါပဲ။ ဒါရိုက်တာကလည်း အရင် နှစ်ကားကို ရိုက်ခဲ့တဲ့ Ti West ပါပဲ။ မင်းသမီးကလည်း Mia Goth ပဲ ပြန်ပါထားပါတယ်။ Breaking Bad ထဲက ဆရာကြီး Giancarlo Esposito ကလည်း ဆရာကြီးအဖြစ် ပါဝင်ထားတုန်းပါပဲ။
588
18
Maxxxine (2024)
Maxxxine (2024)
463
19
Project Silence (2023) ကိုးရီးယားနိုင်ငံရဲ့ရုတ်တရက်ချည်းရာသီဥတုဆိုးဝါးလာမှုကြောင့် မြူဆိုင်းအန္တရာယ်ကြုံတွေ့နိုင်ရကြောင်း နို
Project Silence (2023) ကိုးရီးယားနိုင်ငံရဲ့ရုတ်တရက်ချည်းရာသီဥတုဆိုးဝါးလာမှုကြောင့် မြူဆိုင်းအန္တရာယ်ကြုံတွေ့နိုင်ရကြောင်း နိုင်ငံတွင်းမှာ အသိပေးစာထုတ်ပြန်ထားပါတယ်။ပြည်သူလူထုတွေ ပိတ်မိနေရုံမက စစ်တပ်ဦးဆောင်တဲ့ လျှို့ဝှက်စမ်းသပ်ချက်ရဲ့အစမ်းသပ်ခံတွေကို ပြောင်းရွေ့ရေးအဖွဲ့ဟာလည်း တံတားပေါ်  ပိတ်မိနေတဲ့အပြင်  ယာဉ်တိုက်မှုကြောင့်အစမ်းသပ်ခံများပါ လွတ်မြောက်သွားပါတယ်။ အစမ်းသပ်ခံများက သားကောင်ကို ပစ်မှတ်ထားတိုက်ခိုက်တတ်ကြတဲ့ ရက်စက်ကြုမ်းကြုပ်တဲ့ ခွေးသတ္တဝါကြီးများဖြစ်နေကြတဲ့အလျောက် ဒီအန္တရာယ်ကနေ တံတားပေါ်မှာရှိတဲ့လူတွေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပြီးစစ်တပ်ဘက်ကရော သတ္တဝါတွေအပေါ် ဘယ်လိုစမ်းသပ်ချက်တွေကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့စမ်းသပ်လုပ်ဆောင်နေသလဲဆိုတာ။
488
20
Project Silence (2024)
Project Silence (2024)
426