en
Feedback
M Cinema - 2

M Cinema - 2

Open in Telegram

welcome...!

Show more
1 623
Subscribers
-324 hours
-117 days
+4630 days
Posts Archive
The Soul Reaper (2023) ဇာတ်ကားသစ်

The Soul Reaper (2023) ဇာတ်ကားသစ် IMDb - 6.2/10 နာမည်ကြီးနေတဲ့ ဗီယက်နမ် Horror ကားလေးကို စီအမ်ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဓားပြလူနည်းစုအုပ်စုတစ်စုဟာ နေရာရွှေ့ပြောင်းရင်း တစ်နှစ်ပတ်လုံးနှင်းတွေကျနေတဲ့ တောင်ပေါ်လေးတစ်နေရာမှာ အခြေချနေထိုင်ခဲ့ပါတယ်။ အဲဒီရွာလေးမှာ ထူးဆန်းတာကတော့ ရွာလူကြီးမိသားစုကလွဲပြီး ကျန်ရွာသားတွေက တောင်အောက်ကို မဆင်းနိုင်ပါဘူး။ သူတို့ရွာရဲ့ ထူးခြားမှုနောက်တစ်ခုကတော့ မှောင်လာရင် နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ ထကြွတယ်လို့ သတ်မှတ်ထားပေမဲ့ ရွာရဲ့ပွဲတစ်ခုခုလုပ်စရာရှိရင် ညဘက်မှာပဲ ကြွက်မျက်နှာဖုံးတွေတတ်ပြီး လုပ်ကြတာပါပဲ။ ဒီလိုနဲ့ ရွာလူကြီးသမီးဖြစ်သူ ဖုန်ရဲ့ မင်္ဂလာပွဲကိုလည်း ရွာရဲ့အစဉ်အလာအတိုင်း ညဘက်မှာကျင်းပတာပေါ့။ အဲဒီမှာပဲ ငယ်ငယ်ကတည်းက ဝိညာဉ်တွေကို မြင်နိုင်တဲ့ ဖုန် ဟာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ပေမဲ့ ကျန်တဲ့သူတွေကတော့ မမြင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ နေလာရင်း သူတိုရွာမှာ ထူးဆန်းစွာနဲ့ လူတွေ တစ်ယောက်က နှစ်ယောက် သေဆုံးလာခဲ့တဲ့နောက်မှာတော့ ရွာသားတွေဟာ ရွာမှာမနေရဲဘဲ တောင်အောက်ဆင်းဖို့ လမ်းရှာရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲ..... လူတွေကို သတ်နေတဲ့သူကရော ဘယ်သူဖြစ်မလဲ..... ဖုန်မြင်လိုက်တဲ့ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးကရော ဘယ်သူများလဲ ..... ဆိုတာတွေကို ဂမ္ဘီရဆန်ဆန်နဲ့ စိတ်ဝင်တစားကြည်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou နဲ့ Mary ပဲ ဖြစ်ပါတယ်။ #ChannelMyanmar

The Soul Reaper (2023) ဇာတ်ကားသစ်
The Soul Reaper (2023) ဇာတ်ကားသစ်

Battle of Snakes (2023) ဇာတ်ကားသစ်

Battle of Snakes (2023) လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့ မ သ မာ`လူတစ်စုကြောင့်
Battle of Snakes (2023) လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့ မ သ မာ`လူတစ်စုကြောင့် ပင်လယ်ထဲ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်… တစ်ဖက်မှာလည်း ပူတင်းဆိုတဲ့ သမီးလေးနဲ့ သားအဖသံယောဇဉ် ရင်ကြားစေ့ဖို့ ကြိုးစားနေတဲ့ လင်ဟောက်တုန်းတို့ သားအဖကလည်း… သူငယ်ချင်း မာဖန်း ကျေးဇူးနဲ့ ပင်လယ်ခရီးစဉ်စတင်ဖို့ဖြစ်ခဲ့တယ်… လင်ဟောက်တုန်းနဲ့ မာဖန်းတို့က ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ် အသေးလေး ဖွင့်ထားတာဖြစ်ပြီး ဟောက်တုန်းမှာ ရှောင်ဟေးဆိုတဲ့ လိမ်မာလွန်းတဲ့ မျောက်ဝံတစ်ကောင်ရှိတယ်… ဒီမျောက်ဝံကို အချိန်ပေးလွန်းတာကြောင့်လည်း ကွာ ရှင်း ဖို့ဖြစ်လာပြီး သူ့သမီးလေး ပူတင်းနဲ့လည်း သူစိမ်းဆန်သွားခဲ့တာပေါ့…ဒီလိုနဲ့ ဖင်အန်းသင်္ဘောကြီးရဲ့ အပျော်ခရီးစဉ်စခဲ့တာပေါ့… ဒီခရီးစဉ်က ဘာကို အကြောင်းပြုတာလဲ… ဘာကြောင့် တိ ရ စ္ဆာန် တွေကို ဖိတ်ကြားခဲ့ရတာလဲ… နောက်ပြီး အပျော်ခရီးစဉ်ကြီး ဘယ်လို အဆုံးtတ်သွားမှာလဲ… စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို့ ကြည့်ရတာ အရှုံးမရှိစေမယ့် ကားကောင်းတစ်ခုပါ…

Sixty Minutes (2024) ဇာတ်ကားသစ်

Sixty Minutes (2024) ဇာတ်ကားသစ် Action, Adventure, Drama ဒီနှစ် အစမှာ ထွက်ရှိလာတဲ့ ဂျာမန် အက်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ O
Sixty Minutes (2024) ဇာတ်ကားသစ် Action, Adventure, Drama ဒီနှစ် အစမှာ ထွက်ရှိလာတဲ့ ဂျာမန် အက်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ Octavioက MMA fighter တစ်ယောက်ပါ။ သူ့ အသက် ၁၉နှစ်မှာ သူ့ exနဲ့ ရထားတဲ့ သူသိပ်ချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူ့သမီးလေးမွေးနေ့မှာမှ သူ လက်ဝှေ့ထိုးရမယ့် ပွဲက ၃ခါလောက် အချိန်ရွှေ့ဆိုင်းနေတာပါ။ သူ့သမီးလေး မွေးနေ့ကို အချိန်မီ မရောက်နိုင်မှာ စိုးရိမ်နေတဲ့ သူ့ဆီကို ကြိုးဝိုင်းထဲ ဝင်ခါနီးဆဲဆဲမှာ သူ့ Ex ဆီက ဖုန်းဝင်လာပါတယ်။ နောက်တစ်နာရီအတွင်း မရာက်လာနိုင်ရင် သူ့ကို မိဘ အုပ်ထိန်းခွင့်မပေးနိုင်တော့ဘူးလို ပြောလာပါတယ်။ ဒီလိုနဲ့ Octavioတစ်ယောက် ဘာကိုမှ လှည့်မကြည့်ဘဲ သမီးဆီရောက်ဖို ထွက်လာခဲ့ပေမယ့် သူ့နောက်ကို လူတွေက တောက်လျှောက်လိုက်လာနေခဲ့တာပါ။ လမ်းတစ်လျှောက် ကြုံရတဲ့ အခက်အခဲတွေ အနှောင့်အနှေးတွေကို ကျော်ဖြတ်ပြီး သမီးဖြစ်သူဆီ ဘယ်လိုအရောက်သွားမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Mayhem (2023) ဇာတ်ကားသစ်

Mayhem 2023 ဇာတ်ကားသစ် အညွှန်း ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး Rotten tomatoes မှာ 79% အထိရရှိထားတဲ့
+1
Mayhem 2023 ဇာတ်ကားသစ် အညွှန်း ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး Rotten tomatoes မှာ 79% အထိရရှိထားတဲ့ The Raid တို့ John Wick တို့လိုမျိုး အက်ရှင်ကောင်းကောင်း Cinematography ကောင်းကောင်းလေးနဲ့ ၂၀၂၃ ကထွက်ရှိထားတဲ့ ပြင်သစ်-ထိုင်း အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ လက်ဝှေ့သမားဟောင်း ထောင်ထွက်ဖြစ်တဲ့ ဆမ်တစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက် သမားရိုးကျရှာစားချင်ပြီး မိသားစုနဲ့အေးဆေးနေချင်တာပါ။ ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှဘဲ အရင်က သူ့ရဲ့ဒုစရိုက်မှုတွေက သူ့ဆီတစ်ကျော့ပြန်လှည့်လာတဲ့အခါ… သမီးလေးဓားစာခံဖြစ်ခဲ့ရတော့ ဆမ်တစ်ယောက် ဘယ်လိုတွေများ ကလဲ့စားလိုက်ချေမလဲ။ ဘယ်လိုတွေ ဒီလောကကနေ ရုန်းထွက်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။ အညွန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။

Hachiko 2023 1080p WEB-DL CM

"ခွေးကလေးဟာချီကို" Hachiko 2023 ဒီနှစ်ထွက်ရှိထားတဲ့ တရုတ်ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Hachiko ပါ။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီးတော့ ပရိသတ်ကြီးတို့ထဲမှာ ခွေးချစ်တတ်တဲ့သူလေးတွေရှိရင် ဒီကားလေးက ကြည့်ကို ကြည့်သင့်တဲ့ကားလေးပါ။ အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ် ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင်တော့ ပါမောက္ခချန်ဟာ သုတေသနခရီးသွားရာကနေ လမ်းမှာ ခွေးပေါက်လေးတစ်ကောင်နဲ့ မတော်တဆ တွေ့ဆုံခဲ့ရပါတယ်။ ခွေးလေးက ချစ်ဖို့ကောင်းတဲ့အပြင် သနားစရာလည်း ကောင်းတာမလို့ ပါမောက္ခချန်က အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ မိန်းမဖြစ်သူက ငယ်ငယ်က ခွေးကိုက်ခံရဖူးတာကြောင့် အခုလိုမျိုး ခွေးခေါ်လာတာကို မကြည်ဖြူခဲ့ပါဘူး။ ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ ခွေးလေးကို မိသားစုဝင်အဖြစ် လက်ခံခဲ့တယ်။ ခွေးလေးရဲ့ နာမည်ကိုလည်း မာကျောက်ကစားဝိုင်းကို အစွဲပြုပြီး ပါးထုန်လို့ ပေးထားလိုက်တော့တာပေါ့။ ပါးထုန်လေးက သူ့သခင်အလုပ်သွားတိုင်း ကေဘယ်ဘူတာအထိ လိုက်ပို့တတ်ပြီးတော့ ဘူတာကနေ သတင်းစာယူပြီးမှ အိမ်ပြန်လာတတ်ပါတယ်။ ညနေပိုင်း သခင် အလုပ်ပြန်လာမယ့်အချိန်ရောက်ရင် ဘူတာမှာ သွားစောင့်နေတတ်သေးတာပါ။ သခင်ဖြစ်သူ ချန်ကျင်းရှိုက ပါးထုန်လေးကို သားလေးတစ်ယောက်လို သဘောထားတာမလို့ ပါးထုန်လေးကလည်း သခင့်ကို အရမ်းတွယ်တာခဲ့ပါတယ်။ တစ်နေ့မှာတော့ သခင်ဖြစ်သူဟာ မမျှော်လင့်ဘဲ လောကကြီးထဲက ထွက်ခွာသွားခဲ့ရပါတယ်။ ဒါပေမဲ့ ပါးထုန်လေးကတော့ သေခြင်းတရားဆိုတာကို နားမလည်ဘဲ သခင်ဖြစ်သူ ပြန်အလာကို စောင့်ပြီးရင် စောင့်နေခဲ့ပါတယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုကလည်း ဘဝပေးအခြေအနေတွေကြောင့် တစ်ယောက်တစ်နေရာစီ ကွဲကုန်ကြတာပေါ့။ ပါးထုန်လေးကရော အရင်နေရာလေးမှာပဲ သခင်ဖြစ်သူ ပြန်အလာကို စောင့်နေမှာလား၊ ဒါမှမဟုတ် ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ပဲ တခြားနေရာကို လိုက်သွားရမလား၊ သခင်တွေနဲ့ ပြန်တွေ့ရမလားဆိုတာကိုတော့ Hachiko ဆိုတဲ့ ဇာတ်ကားမှာ ကြည့်ကြည့်လိုက်ကြပါနော်။ ပါးထုန်နဲ့ သခင်ဖြစ်သူ ပါမောက္ခချန်ကြားက ကြည်နူးဖွယ်ရာ အခိုက်အတံ့လေးတွေကိုလည်း တွေ့မြင်ရမှာမလို့ ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်ရဲ့ အကြည်သင့်ဆုံး ဇာတ်ကားတစ်ကားပါပဲ။

Hachiko 2023 1080p WEB-DL CM
Hachiko 2023 1080p WEB-DL CM

Prey (2024) အသစ်စက်စက်

Prey (2024) အသစ်စက်စက် **** ဇာတ်လမ်းလေးကတော့ အာဖရိက ကာလာဟာရီသဲကန္တာရထဲမှာ လူအုပ်စုတစ်စု အသက်ရှင်ကျန်ဖို့ ကြိုးစားကြတဲ့ဇာတ်လမ်
Prey (2024) အသစ်စက်စက် **** ဇာတ်လမ်းလေးကတော့ အာဖရိက ကာလာဟာရီသဲကန္တာရထဲမှာ လူအုပ်စုတစ်စု အသက်ရှင်ကျန်ဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းလေးပါ...။ ဒီလူအုပ်စုထဲမှာ ခရစ်ယာန်သာသာပြု ဆရာဝန်တစ်ယောက်နဲ့ဇနီးဖြစ်သူ၊ လေယာဥ်မှူးတစ်ယောက်၊ လမ်းပြတစ်ယောက်နဲ့၊ တိုးရစ် သုံးယောက်ပါပါတယ်...။ အာဖရိကကို ပုံပြင်ကိုယ်စီရှိနဲ့ရောက်ရှိလာသူတွေပေါ့။ သို့ပေမယ့် စစ်သွေးကြွတွေသောင်းကျန်းလာတဲ့အခါ အားလုံးဟာ အသက်မသေချင်တော့ လေယာဥ်နဲ့ပြေးဖို့ ကြံပါတော့တယ်...။ ကံဆိုးချင်တော့ သူတို့စီးလာတဲ့ လေယာဥ်ဟာ တောရိုင်းတိရိစ္ဆာန်တွေ ကျက်စားတဲ့‌ အရိုင်းတောလွင်တီးခေါင်တစ်ခုမှာ ပျက်ကျသွားပါလေရော...။ ဒီအဖြစ်ဆိုးကနေ ဘယ်သူတွေရုန်းထွက်သွားနိုင်မလဲ၊ ဘယ်သူ့မှာက လူသိမခံတဲ့ဇာတ်လမ်းတွေရှိဦးမလဲ၊ ဘယ်သူကရော သားကောင်ဖြစ်သွားမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီဗျာ...။

Bob Marley One Love (2024)

Bob Marley One Love(2024) * 20 ရာစုရဲ့ အထင်ရှားဆုံး ရက်ဂေးအဆိုတော် ဘော့မာလီ၊ ကမ္ဘာအနှံ့က တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ စည်းလုံးရေး သီချင်းတွေရဲ့ဖခင်ကြီး၊ ကမ္ဘာ့အအောင်မြင်ဆုံး အယ်ဘမ်တွေထဲက တစ်ခုဖြစ်တဲ့ Exodus ဆိုတဲ့ masterpiece ရဲ့ ဖန်တီးရှင်အကြောင်းကို တင်ဆက်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ King Richard လို ဘိုင်အိုဂရပ်ဖီ ကားကောင်းတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Reinaldo Marcus Green ရဲ့ လက်ရာဖြစ်ပြီး Marvel Secret Invasion, The OA, Peaky Blinders တို့လို နာမည်ကျော်စီးရီးတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kingsley Ben-Adir က ဘော့မာလီအဖြစ် သရုပ်ဆောင်ထားပါတယ်။ သီချင်းကောင်း၊ ဇာတ်လမ်းကောင်း၊ သရုပ်ဆောင်ကောင်းတွေနဲ့မို့ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း ဘော့မာလီဟာ အစမှာ အာဖရိကလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသိအရမ်းများတဲ့အဆိုတော်ဖြစ်ခဲ့ပါတယ်။ ဂျာမေကာနိုင်ငံဟာ ၁၉၆၂ မှာ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တာပါ။ ၁၉၇၆ မှာ ဂျမေကာနိုင်ငံဟာ ဆိုရှယ်ဒီမိုကရက် People's National Party နဲ့ ကွန်ဆာဗေးတစ် Jamaica Labour Party တို့အကြား ပြိုင်ဆိုင်မှုကနေ လက်နက်ကိုင် ပဋိပက္ခတွေအဖြစ်ပြောင်းလဲလာပြီး ပြည်တွင်းစစ်ကြီးဖြစ်ဖို့ အရမ်းနီးကပ်လာခဲ့ပါတယ်။ အဲဒီတင်းမာမှုတွေကို လျှော့ချချင်လို့ ဘော့မာလီဟာ ဂျမေကာအပြုံးဆိုတဲ့ ရှိုးပွဲကြီးတစ်ခုကို စီစဉ်ခဲ့ပေမဲ့ နိုင်ငံရေး အမြင်မတူမှုတွေကြောင့် အိမ်ထဲထိဝင်ပြီး လုပ်ကြံဖို့ ကြိုးစားခံခဲ့ရပါတယ်။ အသက်ဘေးကလွတ်လာပြီးတော့ ဗြိတိန်ကို ထွက်ပြေးခဲ့ပြီးနောက်မှာ Exodus အခွေကို ထုတ်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ ရက်ဂေးဂီတာ အိုင်ကွန်၊ ရာ့စတာဖာရိုင် ဘာသာရေးအိုင်ကွန်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျမေကာကို အသက်အန္တရာယ်ရှိတဲ့ကြားထဲက ပြန်လာပြီး အတိုက်အခံ ပါတီခေါင်းဆောင်နှစ်ယောက်ကိုပါ စင်ပေါ်ခေါ်တင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကူညီခဲ့ပါတယ်။ (ရုပ်ရှင်ထဲမှာ ဒီလိုပြပေမဲ့ အပြင်မှာတော့ ဂျမေကာဟာ ပါတီနှစ်ခု အားပြိုင်မှုတွေ၊ ဂိုဏ်းအကြမ်းဖက်မှုတွေ၊ လူသတ်မှုတွေနဲ့ ၂၀၂၄အထိတောင် မတည်ငြိမ်သေးပါဘူး)

Bob Marley One Love (2024)
Bob Marley One Love (2024)

Stopmotion 2023 ဇာတ်ကားသစ်

Stopmotion (2023)ဇာတ်ကားသစ် ဒါလေးကတော့ မနေ့တနေ့ကမှအသစ်ထွက်ရှိလာတဲ့ horror ကားလေးတစ်ကားပဲဖြစ်ပါတယ်။ Stop-motion အန်နီမေးရှင်းဆ
Stopmotion (2023)ဇာတ်ကားသစ် ဒါလေးကတော့ မနေ့တနေ့ကမှအသစ်ထွက်ရှိလာတဲ့ horror ကားလေးတစ်ကားပဲဖြစ်ပါတယ်။ Stop-motion အန်နီမေးရှင်းဆိုတာကတော့ ပုံမှန်အန်နီမေးရှင်းကားတွေနဲ့မတူပဲ အပြင်မှာအရုပ်ကလေးတွေကိုဖန်တီးပြီး သူတိုရဲ့လှုပ်ရှားမှုပုံစံလေးတွေကို တစ်ဆင့်ချင်းရွှေ့ပြီး တစ်ပုံချင်းဓါတ်ပုံရိုက်ကာ စိတ်ရှည်လက်ရှည်ပုံဖော်ရတဲ့ အန်နီမေးရှင်းရုပ်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ stop-motion ဖန်တီးသူလေးအယ်လာဟာ မိခင်ဖြစ်သူကိုကူညီရင်း ရောဂါအခြေအနေကြောင့်မိခင်ဖြစ်သူရဲ့တာဝန်တွေတစ်ခုလုံး သူ့ရဲ့ပုခုံးပေါ်ကိုကျရောက်လာပါတော့တယ်။ ရုပ်ရှင်အတွက်အိုင်ဒီယာတွေမထွက်နေတုန်း အိမ်နီးချင်းကောင်မလေးရဲ့အိုင်ဒီယာတွေလွှမ်းမိုးခံရကာ မလုပ်သင့်တဲ့ဖန်တီးမှုတွေကိုလုပ်မိပြီး အခြေအနေတွေဟာထိန်းမနိုင်သိမ်းမရဖြစ်လာတာကိုရှုစားရမှာပါ။ အနုပညာရှင်တစ်ယောက်ရဲ့အနုပညာအပေါ်ရူးသွပ်စွဲလန်းမှုအကြောင်းကိုပုံဖော်ထားပြီး ဘယ်လောက်ထိကြောက်မက်ဖွယ်ရာကောင်းကြောင်းကိုလည်း သွေးသံတရဲရဲနဲ့ရက်ရက်စက်စက်သရုပ်ဖော်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ horror ကားတစ်ကား‌ဖြစ်လို ကြည့်ရှုခံစားလိုက်ကြပါဦး

"လက်ဖြောင့်သူရဲကောင်းမယ်" The King Of Snipers 2023