ကလေးများအတွက် ဖတ်စရာ
Open in Telegram
1 440
Subscribers
No data24 hours
+17 days
+630 days
Posts Archive
1 440
#စစ်ကိုင်းပြတ်ရွှေ့ကျောက်လွှာပေါ်၌
#ရှောင်ရှားရမည့်မြို့ပြကျေးရွာများ
1. မြစ်ကြီးနား
2. နမ္မတီး
3. ကာမိုင်း
4. မိုးကောင်း
5. စမော
6. ဟွီလုံ
7. ပင်းဘော
8. တာလောကြီး
9. လိုင်ဇာ
10. ရွာသစ်
11. နန်းမား
12. ဘီလူး
13. မိုးညှင်း
14. ဟုန်ဂေါ
15. မော်ဟန်
16. နန်စီးအောင်
17. မော်လူး
18. နမီး
19. မန်လည်
20. မဲဇာ
21. တဘော
22. ဘုံချောင်း
23. ဒတွင်
24. ထီးချိုင့်
25. မြတောင်
26. သစ်ပုံ
27. တကောင်း
28. ဘုံဂွန်
29. ရှိန်မကာ
30. တကောင်း
31. ဖိုးရ
32. မကျီးကုန်း
33. လက်ပံကုန်း
34. သပိတ်ကျင်း
35. မမောဝ
36. ကြာညှပ်
37. ဇဂျီးဒေါ
38. ဇင်းချောင်း
39. ဗနွဲ
40. စပါယ်နဂို
41. မလည်
42. ညောင်ရင်း
43. ကျောက်ကြီး
44. ဗန်းမောက်
45. အင်းတော်
46. ကသာ
47. ကောလင်း
48. ကန့်ဘလူ
49. ကျပ်ပြင်
50. ဇရပ်ကွင်း
51. ချောင်းကြီး
52. ကျည်တောက်ပေါက်
53. နွယ်ရုံ
54. နတ်တောင်
55. လက်ပန်လှ
56. စဉ့်ကူး
57. ကျောက်မြောင်း
58. ရွှေပြည်
59. သစ်စိန်ကြီး
60. မတ်တရာ
61. လမိုင်း
62. မြကန်သာ
63. ကံကြီး
64. သဖန်းဒေါက်
65. မင်းကွန်း
66. အောင်ချမ်းသာ
67. ပုသိမ်ကြီး
68. မန္တလေး( မေမြို့ )
69. စစ်ကိုင်းမြို့
70. အမရပူရ
71. ပြည်ကြီးတံခွန်
72. မြစ်ငယ်
73. စဉ့်ကိုင်
74. တံတားဦး
75. ကျောက်ဆည်
76. မြစ်သား
77. ညောင်ဝန်းရွာ
78. ကူမဲ
79. ရွှေကူ
80. ကူမဲ
81. ရွှေတောင်
82. ပြင်စီ
83. ရွာခိုင်ကြီး
84. ဝမ်းတွင်း
85. သပြေဝ
86. မိတ်ထီလာ
87. သာစည်
88. ညောင်းရမ်း
89. လှိုင်းတက်
90. ဘုရားငါးဆူ
91. ပျော်ဘွယ်
92. ရမည်းသင်း
93. ညောင်လွန့်
94. တပ်ကုန်း
95. ပေါင်းလောင်း
96. နေပြည်တော်
97. ရေဇင်း
98. လယ်ဝေး
99. ဧလာ
100. ရေနီ
101. မြို့လှ
102. ဆွာ
103. ရေတာရှည်
104. ကျွန်းကုန်း
105. သံတောင်
106. တောင်ငူ
107. ဇရပ်ကြီး
108. ဇေယျဝတီ
109. ဖြူး
110. ကညွှတ်ကွင်း
111. ကျောက်ကြီး
112. ပဲနွယ်ကုန်း
113. ကျောက်တံခါး
114. ပိန်းဇလုပ်
115. ဖဒို
116. ညောင်လေးပင်
117. ပြွန်တန်ဆာ
118. ရွှေကျင်
119. ဘိုင်းဒါး
120. သုံးခွ
121. မြစ်ကျိူး
122. ဒိုက်ဦး
123. ကတုတ်
124. ကျိူက်စကော
125. ပျဉ်ပုံကြီး
126. ကျိူက်လှ
127. ဘုရားကြီး
128. ပဲခူး
129. သိမ်ဇရပ်
130. မုပ္ပလင်
131. သနပ်ပင်
132. ကမာစဲ
133. ရစ်ကန်ကြီး
134. တံတား
135. အုန်းနှဲ
136. သက်ကလ
137. ခရမ်း
138. ထုံးကြီး
139. သုံးခွ
140. ဇီးဖြူပင်
141. ပုတ္တလုတ်
142. ကန်တော
143. ရွှေဦး
144. တံခွန်တိုင်
145. တော်ကြီး
146. သန်လျင်
147. ပုလဲ
148. ကျောက်တန်း
149. ဘန်းဘွေ့ကုန်း
150. မင်းပြား
👆🏻 ထိုမြို့နှင့်ရွာများဟာမြန်မာနိုင်ငံအလယ်တည့်တည့်ငလျင်ကြောကြီးတည့်တည့်မှာထိုင်ထားတဲ့မြို့ရွာများပဲ ဖြစ်ပါတယ်
ဧရာဝတီရိုးမကမ်းမြောင်ဒေသနဲ့ရခိုင်ရိုးမကမ်းမြောင်ဒေသငလျင်ကြောမကြီးပေါ်မှာထိုင်နေတဲ့မြို့ရွာများကိုဆက်လက်ဖော်ပြပေးပါမယ်
👇🏻
1. ခန်တီး
2. အောင်မြေ
3. ဆင်သေ
4. ဘိန်းနန်း
5. ဟိန်းဆန်း
6. မှိုင်နှောင်
7. နပကန်
8. ထမံသီ
9. ရပ်ဖ
10. အွန်ဘက်
11. မန်ပ
12. မောင်းခန်း
13. ပင်ပလု
14. ကျော်ဝ
15. သိန်ခင်
16. ဆန်းခပ်
17. ဟုမ္မလင်း
18. တုန်မိန်
19. ရွှေပြည်အေး
ရွာငယ်များစွာရှိနေပါတယ်
20. ဖောင်းပြင်
21. စစ်တောင်း
22. မော်လိုက်
23. ကလေးဝ
ရွာငယ်များစွာရှိနေပါတယ်
24. ဖိုင်ဒင်း
25. ခမ်းပတ်
26. ရာဇဂြိုဟ်
27. ကလေး
28. ထောက်ကြန့်
29. သရက်တော
30. ဟံသာဝတီ
31. ပခုက္ကူ
32. ချောက်
33. ရေနံချောင်း
34. မင်းဘူး
35. ဂန့်ဂေါ
36. မင်းတပ်
37. မတူပီ
38. မြောက်ဦး
39. မြောင်းဘွေ
40. မင်းပြား
41. ကျောက်တော်
42. အမ်း
43. ကွင်းကြီး
44. မအီ
ထိုအနီးနားရှိသောမြို့နှင့်ရွာငယ်များစွာရှိနေပါတယ်
45. တောင်ကုတ်
46. ရွာမ
47. ရွှေလှေ
48. သံတွဲ
49. ကျောက်ကြီး
50. ဆပ်သွား
51. စကု
52. မင်းလှ
53. ဆင်ပေါင်ဝဲ
54. ကိုးပင်
55. အောင်လံ
56. ပြလို့
57. ဝက်ထီးကန်
58. မကွေး
59. ပြည်
60. သဲကုန်း
61. ပုတီးကုန်း
62. နတ်လင်း
63. မြန်အောင်
64. မိုးညို
65. ထူးကြီး
66. ကနောင်
67. အင်္ဂပူ
68. ဥသျှစ်ပင်
69. အင်ပင်
70. လေးမျက်နှာ
71. သီတာကုန်းပြင်
72. ဓနုဖြူ
73. ပန်းတနော်
74. ကျောင်းကုန်း
75. ဒါးက
76. သာပေါင်း
77. အသုတ်
78. ရေကြည်
79. အိမ်မဲ
80. ကန်ကြီး
81. မြောင်းမြ
အနီးတစ်ဝိုက်ရှိမြို့နှင့်ရွာများစွာ
82. ငွေဆောင် ( ဆူနာမီသတိ )
83. ချောင်းသာ ( ဆူနာမီသတိ )
စစ်ကိုင်းပြတ်ရွေ့ကျောက်လွှာချပ်ကြီးနှစ်ခုသည်
84. ပုသိမ်မြို့တည့်တည့် မှာ အဆုံးသတ်ပါသည်ထို့ကြောင့်လက်ရှိအထက်ဖော်ပြပါဖော်ပြခဲ့သောမြို့နှင့်ရွာများသည်စစ်ကိုင်းငလျင်ကြောမကြီးအပေါ်တည့်တည့်ပေါ်တွင်ထိုင်နေသောမြို့များ
နှင့်အနီးနားရှိမြို့ရွာများစွာထိလှုပ်ခပ်နိုင်ပါသည်သတိရှိရှိလေးနဲ့နေထိုင်စဉ်ချင်ကြစေဖို့ မိဘပြည်သူများအားချစ်ခင်လေးစားစွာဖြင့်
ဖော်ပြတင်ဆက်ပေးလိုက်ပါတယ်
1 440
လင်မယားကိုလည်းအထူးကျေးဇူးတင်ရှိပါတယ် ကျနော့်ဘဝမှာဘယ်တော့မှ
မမေ့နိုင်တဲ့အလုပ်တစ်ခုပါ ဂျပန်တွေပြန်မယ့်နောက်ဆုံးရက်မှာ
အမှတ်ရစရာတစ်ခုရှိခဲ့သေးတယ် ကျနော်တို
့ဟာတစ်လလုံးလုံးနေပူကျဲတဲကြီးထဲမှာတနေကုန်လမ်းလျှောက်ခဲ့ရလို့
အသားတွေမည်းသည်းနေကြပါပြီနေပူဒဏ်ဘယ်လောက်ခံရသလဲဆိုရင်ညနေအလုပ်ပြီးလို့
ရေချိုးလိုက်ရင်ကိုယ်ပေါ်ကရေပြားတွေအခြောက်လွန်ပြီးအဖတ်လိုက်ကွာကျတဲ့အထိပါပဲ
ဂျပန်တွေဆိုတာလည်းဘုရားစူးဂျပန်လို
့ပြောရမလိုဖြစ်နေပါပြီနေလောင်ပြီးမည်းသည်းနေလိုက်တာ
ကြည့်လို့တောင်မကောင်းဘူး ဒါပေမယ့်ကျနော်တို့အားလုံးပျော်ကြပါတယ်
အဲလိုနဲ့နောက်ဆုံး
ပြန်မယ့်နေ့ကိုရောက်လာပါတယ်လေယာဉ်ချိန်ကညနေကျမှထွက်မှာမို့မနက်ပိုင်းအားနေတဲ့အခါ
အချိန်ဖြုန်းဖို့ကျနော်ကြံစည်ရပါတယ် ပထမအိမ်ကိုခေါ်ပြီးထမင်းဖိတ်ကျွေးဖို
့စဉ်းစားပေမယ့် အဆင်မပြေမှာစိုးလို့တခြားတနေရာပို
့ပေးမယ်ဆိုပြီးစီစဉ်တဲ့အခါကမာ္ဘအေးဘုရားလမ်းက
ကျောက်မြတ်ရတနာပြတိုက်ကိုခေါ်သွားပြဖို့ဆုံးဖြတ်လိုက်တယ် အဲဒီကိုရောက်ပြီးအထဲဝင်
ကြည့်ဖို့ကောင်တာမှာဝင်ကြေးပေးတဲ့အခါနိုင်ငံခြားသားကဒေါ်လာနဲ့ပေးရမယ်လို
့ရေးထားတာတွေ့တာနဲ
့ကျနော်လည်းမှတ်တမ်းထဲမှာဂျပန်နှစ်ယောက်ရဲ့နာမည်ကိုရေးပြီးကောင်တာကစာရေးမလေးကိုကျနော့်အတွက်မြန်မာငွေရယ်သူတို
့နှစ်ယောက်စာ ၆ဒေါ်လာကိုထုတ်ပေးလိုက်တော့ စာရေးမလေးက မြန်မာငွေနဲ့ပေးလို
့ရပါတယ်တဲ့ ဒါနဲ့ကျနော်လည်း မဟုတ်ဘူးလေ နိုင်ငံခြားသား
တွေကဒေါ်လာနဲ့ပေးရမှာမဟုတ်ဘူးလားဆိုတော့စာရေးမလေးကကျနော်တို့သုံးယောက်ကို
ကြောင်ကြည့်ပြီးဘယ်မှာနိုင်ငံခြားသားပါလို့လဲတဲ့ကျနော်ကဒီမှာသူတို့ကဂျပန်တွေလေ
ဆိုပြီးလက်ညိုးပြတော့ကောင်မလေးကဟင်ဂျပန်တွေနဲ့လည်းမတူဘူးမြန်မာတွေပဲအောက်မေ့လို့
ဆိုပြီးရယ်ပါလေရော ကျနော့်မှာသူတို့တကယ်ဂျပန်တွေဆိုတာပါအတော်ပြောယူလိုက်ရ
တယ် ကျနော်တို့ရယ်မောပြောဆိုတာကို ဆရာဆူဇူမီးနဲ့ဆာတို့တို့ကဘာ
မှနားမလည်ဘဲမျက်လုံးလေးပေကလပ်ပေကလပ်နဲ့ကြည့်နေရှာတယ် သိများ
သိရင်စိတ်နာမှာအမှန်ပဲနောက်အမှတ်ရစရာတစ်ခုက စစချင်းဆောက်နဲ့ထွင်းဆိုသလို
သူတို့မြန်မာ
ပြည်ကိုရောက်ရောက်ချင်းနေ့မှာဖြစ်တာပါလေ့လာရေးခရီးစဉ်မစခင်ပထမဆုံးနေ
့မှာသူတို့ကိုကျနော်ရွှေတိဂုံဘုရားခေါ်သွားတယ် ပြီးတော့ဘယ်ပို
့ရမှန်းမသိတာနဲ့ကြားဖူးနားဝရှိတဲ့ ထောက်ကြန်
့စစ်သင်္ချိုင်းဆိုတာသွားသတိရတယ် ကျနော့်မှာဗွေဆော်ဦး
အတွေ့အကြုံဖြစ်လို့ယောင်နနလည်းဖြစ်နေတာပေါ့ဒါနဲ
့ပဲဂျပန်တွေကိုထောက်ကြန့်စစ်သင်္ချိုင်းရှိရာဆီ
အမှတ်တရပြမယ်ဆိုပြီးခေါ်သွားမိတယ်ဟိုကိုရောက်လို့အထဲမှာလျှောက်ပတ်
ကြည့်ရင်းဆရာဆူဇူမီးကအုတ်ဂူတွေပေါ်မှာကမ္ဗည်းထိုးထားတဲ့စာတွေလိုက်ဖတ်ရင်းမျက်နှာပျက်သွားတယ်
ပြီးတော့ကျနော့်ဖက်လှည့်ရင်း မျက်နှာထားတည်တည်နဲ့ဒီနေရာဟာ
ဟိုတစ်ချိန်တုန်းက
ဂျပန်တွေနဲ့စစ်တိုက်ရင်းကျဆုံးသွားတဲ့စစ်သားတွေကို
မြုပ်နှံထားတဲ့နေရာမဟုတ်လားဆိုပြီးမေးတယ် ဟုတ်တယ်ထောက်ကြန်
့စစ်သင်္ချိုင်းဆိုတာဒုတိယကမာ္ဘစစ်ပွဲကြီးတုန်းက မြန်မာပြည်ထဲက
နေဂျပန်တွေကိုတိုက်ထုတ်ရင်းကျဆုံးသွားတဲ့အင်္ဂံလိပ်နဲ့မဟာမိတ်တပ်သား
တွေကိုဂုဏ်ပြုတဲ့အနေနဲ့အမှတ်တရဆောက်လုပ်ထားတာပဲ
ဒါကိုကျနော်သေချာမစဉ်းစားမိလိုက်ဘူး အခုတော့ဆရာဆူဇူမီးက
ကျနော့်ကိုအထင်လွဲသွားပြီ အတိတ်ခေတ်က သူတို့လူမျိုး
တွေရဲ့အမှားကိုပြဖို့တမင်တကာဒီကိုခေါ်လာတာလို့ထင်သွားတယ် အဲတော့
မှကျနော်လည်းမှားမှန်းသိသွားပြီးသူတို့ကိုမျက်နှာပူစွာနဲ့ အင်း အဲ ဆိုပြီး
ဝေ့လည်ကြောင်ပတ်တွေလျှောက်ဖြေနေမိတယ် ဆာတို့ကတော့ဘာမှခံစားရပုံမပေါ်ပါဘူး
ဆရာဆူဇူမီးရဲ့အရိပ်အခြေကိုသာကြောက်ကြောက်နဲ့ကြည့်နေရှာတယ်
ကျနော်လည်းအားနာနာနဲ့
ဒီကိုတမင်ခေါ်လာတာမဟုတ်ဘူးဆိုတဲ့အကြောင်း အာပေါက်အောင်ရှင်းပြရင်း
ရန်ကုန်ကိုအပြန်ကားပေါ်မှာအားလုံးကိုယ်စီတိတ်ဆိတ်လျှက်။
သီဟ
ဘူမိဗဒေ
၁၃.၄.၂၀၂၅
1 440
အဲဒီလို ငလျင်ကွဲ
ချောင်းအတိုင်း လမ်းလျှောက်လိုက်သွားကြရင်း အချိန်ကညနေမှောင်ရီပျိုးလာ
တယ် လိုက်ရင်းလိုက်ရင်းနဲ့တောတွေရှင်းသွားပြီး ကွင်းပြင်မို့မို
့ပေါ်ကိုရောက်လာတဲ့အချိန်မှာ
ကျနော့်နားထဲအသံတွေစပြီးကြားလာရတယ်လေတိုက်သံတွေ တဟူးဟူးနဲ
့စကားပြောသံလိုလို
ဆူဆူညံညံအသံတွေဟာအဝေးကြီးကနေရောက်လာသမျိုးကျနော့်နားထဲကို သဲ့သဲ့လေးဝင်လာ
တယ် နေမင်းကြီးကလည်းအတော်ကိုစောင်းနေပြီ ဆွတ်ပျံ
့ကြည်နူးဖွယ်အချိန်မျိုးပေါ့ ကျနော်လည်း အသံတွေကိုနားထောင်ရင်း ရှေ
့မှာဘာရှိမလဲဆိုတာကိုသိချင်ဇောနဲ့ခြေလှမ်းတွေပိုသွက်လာမိ
တယ်ကျောက်တန်းမြို
့အကျော်တောင်ဖက်ကနေငလျင်ကွဲချောင်းအတိုင်းဆက်လျှောက်လာတဲ့အခါ
ညနေမှောင်ရီးပျိုးလာပြီ နေဝင်တော့မယ် ကျနော်တို
့လုပ်နေတဲ့အလုပ်အဆုံးသတ်ရတော့မယ်
အချိန်လည်းဖြစ်တယ်ဂျပန်နှစ်ယောက်နဲ
့ကျနော်စကားသိပ်မပြောဖြစ်တော့ဘဲတိတ်ဆိတ်စွာလျှောက်လာရင်း
အသံတွေကြားလာရတယ်လို့ပြောဖူးတယ်ကျနော့်စိတ်ထဲမှာဆူညံသံတွေကြား
ရတော့နောက်ထပ်ရွာတစ်ရွာတွေ့ရလိမ့်အုံးမယ်ဆိုပြီးထင်ခဲ့မိတယ်
ဒါပေမယ့်သွားရင်းသွားရင်း တောရှင်းသွားပြီးကွင်းပြင်ကျယ်ဖြစ်သွားတယ်
နည်းနည်းဆက်သွားလိုက်တဲ့အခါ
ရုတ်တရက်တွေ့လိုက်ရတာက ရှေ့တမျော်တခေါ်မှာ
ငွေရောင်လွှမ်းတဲ့ပြင်ကျယ်ကြီးဖြစ်နေတယ် အဲဒီငွေရောင်ပြင်ကြီးပေါ်မှာ
လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေတဲ့အရာလေးတွေတွေ့ရပြီးလေတိုက်သံ
တွေလည်းကြားနေရတယ်
ရေးရေးလေးမြင်နေရတဲ့အဲဒီငွေရောင်မျက်နှာပြင်ကြီးကိုကြည့်ပြီး ကျနော်
ခဏလောက် ဇဝေဇဝါဖြစ်နေသေးတယ် နောက်တော့မှဒါဟာပင်လယ်ရေပြင်ကြီးပါလားဆိုတာ
သဘောပေါက်သွားတော့တယ်ဟုတ်တယ်ကျနော်တို့အခုကျောက်တန်းမြို
့ရဲ့တောင်ဖက်အစွန်းကပင်လယ်ဝစပ်ကိုရောက်လာတာပါ ပင်လယ်ရေပြင်ပေါ်မှာ
လှိုင်းကြက်ခွပ်လေးတွေထနေပြီး လေလေးတဖြူးဖြူးတိုက်နေတယ် ငါးဖမ်းလှေအချို
့ဟာရွက်လွှင့်ပြီး ဟိုဟိုဒီဒီသွားလာနေသလို
လှေပေါ်ကလူတွေရဲ့စကားပြောသံကလည်းကမ်းစပ်နားကကျောက်တန်းတွေပေါ်မှာရပ်နေတဲ့ကျနော်တို
့ဆီကိုလေနဲ့အတူရောက်လာတယ် ကျနော်တို့သုံးယောက်ဟာ
အဲဒီပင်လယ်စပ်ကျောက်ခုံ
ပေါ်ကနေငွေရောင်ရေပြင်ကြီးကိုကြည့်ပြီးစစ်ကိုင်းပြတ်ရွေ့ဟာဒီနေရာမှာဆုံးသွားပြီး
ပင်လယ်ထဲကိုထိုးဆင်းသွားတာပါလားဆိုတာကိုတွေးမိပြီး
ကျနော့်စိတ်ထဲမှာတစ်ခုခုကိုလွမ်းမိသလိုတောင်ဖြစ်လိုက်သေးတယ် သတိရလို့ဆရာ
ဆူဇူမီးကိုလှမ်းကြည့်တော့ သူလည်းပဲရေပြင်ကြီးကိုလှမ်းမျော်ကြည့်ပြီး
တစ်ခုခုကိုခံစားနေရတဲ့ပုံပဲ
အဲဒီအချိန်မှာသဘာဝတရားကြီးရဲ့ကြီးကျယ်ထူးဆန်းမှုကိုလည်းအံ့သြသင့်မိတယ်
တခါတလေကျရင် ကျနော်တို့နေထိုင်တဲ့ကမာ္ဘကြီးဟာဘယ်လိုများဖွဲ
့စည်းတည်ဆောက်ထားလဲဆိုတာသိချင်စိတ်
ပြင်းပြမိသလိုသဘာဝတရားကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးဆိုတာကိုလည်းလက်ခံသဘောပေါက်
မိတယ် ကျနော်တို့အဲဒီနေရာမှာမိနစ်အနည်းငယ်လောက်ရပ်ကြည့်နေကြပြီး
လာလမ်းအတိုင်းပြန်ခဲ့
ကြတယ်အခုဆိုရင်ညကျနော်တို
့ရဲ့လုပ်ငန်းပြီးဆုံးသွားပါပြီမဆိုစလောက်အခက်အခဲလေးအနည်းငယ်ရှိခဲ့ပေမယ့်အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်ပင်ပန်းရကျိုးနပ်တယ်လို
့ဆိုရမှာပေါ့အမှန်တကယ်တော့ ဆရာဆူဇူမီးနဲ့ကျောင်းသားဆာတို့တို
့ဟာစီးပွါးရေးလုပ်ငန်းရှင်သူဌေးတွေမဟုတ်ပါဘူး
သူတို့ဒီကိုလာဖို
့အတွက်ပိုက်ဆံစုခဲ့ရပါတယ်ဒါကြောင့်တခြားဂျပန်ဧည့်သည်တွေလိုငွေအများကြီးမသုံးနိုင်ပေမယ့်စိတ်ရင်းစိတ်စေတနာကောင်းပြီးကိုယ်ချင်းစာတရားလည်းရှိသလိုကိုယ်ကျင့်တရား
ကောင်းမွန်တာကိုလည်းတွေ့ရပါတယ် ဒီအလုပ်အတွက်ကျနော်ဟာတစ်နေ့ကို၅ဒေါ်လာနှုန်းနဲ့
ရက်၃၀အတွက်ဒေါ်လာ၁၅၀အပြင်နောက်ဆုံးရက်မှာဆရာဆူဇူမီးကကျနော့်ကိုအလုပ်ကြိုးစားတဲ့အတွက်ဆိုပြီးအပိုဆုငွေနောက်ထပ်ဒေါ်လာ၃၀ပေးလို
့အားလုံးစုစုပေါင်းဒေါ်လာ၁၈၀ကိုလုပ်အား
ကြေးရရှိခဲ့ပါတယ် သူတို
့လည်းငွေကုန်သလိုအလုပ်ဖြစ်ခဲ့တဲ့အတွက်အကျိုးရှိတယ်လို့ဆိုရမှာပါ
အမှန်အတိုင်းပြောရရင်ဂျပန်တွေအခုလိုမျိုးလာလေ့လာတာတရားမဝင်ပါဘူးသူတို
့အနေနဲ့ဒီလိုလာလုပ်ချင်တယ်ဆိုရင်အစိုးရဆီကိုတရားဝင်အကြောင်းကြားပြီးပညာရေးဌာနရဲ့ထောက်ခံချက်နဲ
့
ကျနော်တို့ဘူမိဗေဒဌာနနဲ
့ပူးပေါင်းပြီးလုပ်ဆောင်ရမှာပါဒါပေမယ့်အဲဒီအချိန်တုန်းကအစိုးရရဲ့တင်း
ကျပ်မှုတွေများလွန်းတာကြောင့်ဂျပန်တွေဟာဒီမှာဂျပန်ကုမ္ပဏီတစ်ခုနဲ
့ဆက်သွယ်ပြီးတိုးရစ်
ဗီဇာနဲ့ရောက်လာတာပါဒါကြောင့်ပြောရမယ်ဆိုရင်ကျနော်တို
့အလုပ်ဟာအန္တရာယ်နည်းနည်းရှိတယ်လို့ထင်ပါတယ်အခန်
့မသင့်ရင်လုံခြုံရေးအကြောင်းပြချက်နဲ့အရေးယူခံရနိုင်ဖွယ်ရှိပါတယ်
ဒါပေမယ့်ဒီအလုပ်ဟာဘာအကျိုးအမြတ်မှမပါတဲ့သုတေသနအလုပ်တစ်ခုသာဖြစ်တယ်လို
့ကျနော်ယုံကြည်တာကြောင့်စိုးရိမ်စိတ်မရှိဘဲအကြောက်အလန့်ကင်းကင်းနဲ
့လုပ်ခဲ့တာပါ
ပိုက်ဆံရသလိုပညာလည်းရတဲ့အတွက်ဒီအလုပ်လုပ်ခဲ့ရတာအလွန်ကျေနပ်
အားရမိပါတယ် အလုပ်ရှာပေးခဲ့တဲ့ ဆရာဦးမျိုးညွန့်ရယ်ဂျပန်ကုမ္ပဏီနဲ့
ဆက်သွယ်ပေးခဲ့တဲ့ အဲဒီအချိန်ဒဂုံ တက္ကသိုလ်ကဆရာမဒေါ်ချိုချိုအေးတို့
1 440
ဆောက်လိုက်တဲ့ဆည်ထဲမှာရေတွေဘယ်လောက်ထည့်ထည့်မတင်ကျန်ရစ်ဘဲဟောင်းလောင်းကြီးဖြစ်နေတယ်တဲ့ဘာလို
့လည်းဆိုတော့ငလျင်ကြောပြတ်ရွေ့ရှိတဲ့နေရာမြေကြီးအောက်မှာအက်ကွဲကြောင်း
ကြီးရှိနေတော့ရေတွေကအောက်ကိုစီးကျသွားတာပေါ့ ဒီအဖြစ်အပျက်ကိုအကြောင်းပြုပြီး
ကျနော်တို့ဘူမိဗေဒသမားတွေက ငါတို့မပါဘာမှဆောက်လို့မရဘူးဆိုပြီး ကိုယ့်
ကိုကိုယ်ဂုဏ်တင်ပြောခဲ့ကြတာပေါ့ ဒါနဲ့ပက်သတ်ပြီး ငလျင်ကြောရှိတဲ့နေရာမှာ
ရေမဝပ်ဘူးလို့တော့တထစ်ချတွက်လို့လည်းမရသေးဘူးဗျ တစ်ခါတလေမှာငလျင်ကြောဟာ
ချောင်းလိုလိုမြောင်းလိုလိုဖြစ်နေတာတွေလည်းတွေ
့ရသေးတယ်သုံးခွကနေကျောက်တန်းအကြား
လိုက်ခဲ့တဲ့ငလျင်ကြောဟာ ချောင်းတွေ မြောင်းတွေ ဖြစ်နေတာကို တွေ့ခဲ့ရတယ်
ချောင်းယောင် မြောင်းယောင်ဆောင်သောပြတ်ရွေ့လို
့ပြောရမှာပေါ့ခုနကအကြောင်းကိုပြန်ဆက်ရရင်
ရန်ကုန်ရောက်တဲ့အခါ ဂျပန်နှစ်ယောက်တည်းခိုဖို့မြို
့ထဲကတည်းခိုခန်းတစ်ခုမှာဌားပေးရတယ်
ကျနော်ကတော့ကိုယ့်အိမ်မှာပဲပြန်အိပ်တယ် ကားသမားကိုလည်းသူ
့အိမ်မှာပြန်အိပ်ခိုင်းပြီး
မနက်၆နာရီမှာကျနော့်ကိုဝင်ခေါ်ပြီးတော့သူတို့ကိုတည်းခိုခန်းမှာဝင်ခေါ်ပြီး
ကျောက်တန်းကိုဆက်ချီတက်ကြတယ် အဲဒါဟာ ကျနော်တို
့ရဲ့နောက်ဆုံးလေ့လာရေးခရီးစဉ်ပဲ ကျောက်တန်းကနေ
တောင်ဖက်ကိုဆက်လိုက်တဲ့အခါမှာကျနော်လုပ်ရတဲ့အလုပ်တစ်ခုပိုလာတယ်
အဲဒါဘာလည်းဆိုတော့
ကျောက်တန်းကနေငလျင်ကြောဖြတ်သွားတဲ့တစ်လျှောက်ကရွာတွေမှာ
အသက်၈၀ကျော်၉၀ရှိတဲ့အဖိုးအဖွားတွေကိုရှာပြီးအင်တာဗျုးလုပ်ရတာပဲလွန်ခဲ့တဲ့၁၉၃၀တုန်းကလှုပ်ခဲ့တဲ့ငလျင်ဟာမြန်မာပြည်မှာ
အကြီးကျယ်ဆုံးဖြစ်ခဲ့တယ် အဲဒီငလျင်ကိုထိတွေ့ခံစားခဲ့
ဖူးတဲ့သူတွေရဲ့အတွေ
့အကြုံကိုဂျပန်တွေကသိချင်တယ်ဆိုတော့ကျနော်ကငလျင်ကိုမှီခဲ့ဖူးသူတွေကို
ရှာပြီး သူတို့တွေ့ကြုံခဲ့ရတာတွေကိုမေးမြန်းပြီးဂျပန်တွေကို ဘာသာပြန်ပေးရတယ်
ငလျင်ကြောအကြောင်းရေးနေရင်းနဲ့သမ္မတအိုဘားမားရောက်လာတော့စိတ်ကအဲဒီဖက်ကိုလည်သွားပြီးအရင်တုန်းကအကြောင်းတွေပြန်စဉ်းစားဖို
့အာရုံမလာဘူးဖြစ်နေတယ် ဒါပေမယ့်လည်း
အစပြုထားတဲ့အလုပ်တစ်ခုကိုအဆုံးသတ်ရမယ့်တာဝန်ကရှိတော့ ပြန်ဆက်ရအုံးမှာပေါ့
ငလျင်ကြောကိုလေ့လာတဲ့အခါကျနော်တို
့ကအစအဆုံးတောက်လျှောက်လိုက်ခဲ့တာမျိုးမဟုတ်
ဘူး ငလျင်ကြောအစပြုတဲ့ စစ်ကိုင်းပြတ်ရွေ့ကအမှန်တကယ်ဆိုရင်
စစ်ကိုင်းအထက်နားကစပြီး တောင်ဖက်စွန်းကျောက်တန်းမြို့ကိုဖြတ်လို
့ပင်လယ်ထဲစိုက်ဆင်းသွားတာပါ ဒါကိုကျနော်တို့က
ကြားတစ်ဝက်ကနေ အပိုင်းလေးတွေခွဲပြီးလိုက်ခဲ့ကြတာဖြစ်တယ်
အဲလိုလိုက်ခဲ့တဲ့အခါမှာ
နေရာ၃နေရာကိုအခြေပြုပြီးလှုပ်ရှားခဲ့တယ်ပထမကပဲခူးဒုတိယကပျဉ်းမနားပြီးတော့နောက်ဆုံးရန်ကုန်
ပဲခူးမြို့ပေါ်မှာတည်းပြီးအနီးအနားပတ်ဝန်းကျင်တွေနဲ
့သုံးခွအထိလိုက်ခဲ့တာ၂ပတ်လောက်ကြာခဲ့ပေမယ့် ပျဉ်းမနားမှာတော့ ၂
ညလောက်ပဲအိပ်ခဲ့တယ်ရန်ကုန်ပြန်ရောက်တဲ့အချိန်မှာတော့
သုံးခွနားကနေကျောက်တန်းအလွန်ပင်လယ်စပ်မြန်မာပြည်မြေပုံထဲကနေငလျင်ကြော
ပျောက်ကွယ်သွားတဲ့နေရာအထိ အတိအကျရောက်ခဲ့တယ်အဲလိုလိုက်ခဲ့တဲ့အချိန်မှာ
သုံးခွမြို့ဈေး
ကြီးရဲ့အောက်ကငလျင်ကြောဖြတ်သွားတယ်ဆိုတဲ့အကြောင်းပြောဖူးတယ်
အဲဒါနဲ့ဆက်စပ်ပြီးနောက်တစ်ချက်သတိပြုမိတာကသုံးခွမြို့နယ်တစ်ဝိုက်မှာ
ရေတွင်းတွေတူးတဲ့အခါရေချိုသိပ်မထွက်ဘူးလို့သိရတယ် ဒါဟာ
ငလျင်ကြောရှိတဲ့နေရာမို့လားဆိုပြီး
ဘူမိဗေဒဆရာကြီးတစ်ယောက်ကိုမေးကြည့်တော့ မဆိုင်ဘူးလို့ဖြေတယ်
ပင်လယ်နားနီးသွားလို့ပါတဲ့ အဲလိုနဲ့သုံးခွကနေဆင်းလာပြီး
ကျောက်တန်းဖက်ကိုရွေ့တဲ့
အခါ ငလျင်ကြီးအတွေ့အကြုံရှိတဲ့သူတွေကိုရှာဖွေပြီး အင်တာဗျူးလုပ်ရတယ်
ဆိုတဲ့အကြောင်းပြောဖူးတယ်အသက်ကြီးတဲ့သူတွေရှိပေမယ့်ငလျင်ကြီးလှုပ်တဲ့ဒဏ်ကိုနဖူးတွေ
့ဒူးတွေ့ခံစားခဲ့ရတဲ့သူကိုရှာရတာခက်နေတယ်တချို
့အဖိုးကြီးအဖွားကြီးတွေကလည်း
ငလျင်လှုပ်တာမှီခဲ့ပေမယ့်အသက်ကြီးလို
့မှတ်ညဏ်မကောင်းတော့တာကြောင့်သိပ်မမှတ်မိဘဲသေချာမပြောပြနိုင်တော့ဘူး
ဒါပေမယ့်ကံကောင်းစွာနဲ့အသက်၈၀ကျော်အရွယ်အဖိုးကြီးတစ်
ယောက်ကိုကျောက်တန်းနားကကဒတ်ပနဆိုတဲ့ရွာမှာရှာတွေ
့ခဲ့တယ်အဖိုးကြီးကမှတ်ညဏ်သိပ်မချို
့ယွင်းသေးတော့နည်းနည်းပြန်ပြောနိုင်တယ်သူ့ပြောစကားအရ
ငလျင်ကြီးလှုပ်တဲ့အချိန်တုန်းက ငလျင်မလာခင်
လေတွေတိုက်ပြီးတော်လဲသံကြီးမြည်ဟီးလာတယ်ငလျင်လည်းလှုပ်ရောမြေတွေကွဲ
အက်ပြီးအထဲကရေတွေပန်းထွက်လာတာ ကြောက်စရာကြီးဆိုပဲ သူတို
့ဖက်မှာကအထပ်မြင့်
အဆောက်အအုံတွေမရှိလို့လူအသေအပျောက်သိပ်မရှိပေမယ့်
ငလျင်လှုပ်တာပြင်းထန်လွန်းလို့ မြေကြီးအက်ကွဲသွားပြီး
ချောင်းအဖြစ်ကျန်ရစ်ခဲ့တာယခုထိပဲဆိုလို့ငလျင်ကွဲချောင်းဆိုပြီး
အမည်ပေးခံထားရတဲ့အဲဒီနေရာကိုသွားကြည့်တဲ့အခါ ငလျင်ကွဲချောင်းဟာ
ချောင်းကောတစ်ခုအဖြစ်တောင်ဘက်ပင်လယ်ဝဆီကိုဦးတည်သွားတာတွေ ရတယ် အမှန်တော့
ရွာသားတွေသမုတ်ခေါ်ဝေါ်ခဲ့တဲ့ ငလျင်ကွဲချောင်းဆိုတာကျနော်တို
့သည်းကြီးမည်းကြီး နောက်
ယောင်ခံလိုက်နေတဲ့ အဓိက ဇာတ်ကောင် စစ်ကိုင်းပြတ်ရွေ့ဖြစ်နေတော့တာပါပဲ
1 440
ဆင်းလေ့လာသေးတယ် ကမာ္ဘပေါ်မှာမီးသင့်ကျောက်ရယ် အနည်ကျကျောက်
ရယ် အသွင်ပြောင်းကျောက်ရယ်ဆိုပြီးကျောက်ကြီးသုံးမျိုးရှိတဲ့အထဲမှာ
အဲဒီကျောက်တုံးကြီးတွေဟာ
အနည်ကျပြီးဖြစ်ပေါ်လာတာဆိုလားပဲပျဉ်းမနားမှာလိုက်တုန်းကအမှတ်ရစရာတစ်ခုရှိသေးတယ်
အဲဒီနားတစ်ဝိုက်သွားရင်းသွားရင်းကျနော်တို့ ပျဉ်းမနားမြို
့ရဲ့သင်္ချိုင်းကြီးထဲရောက်သွားတယ် သင်္ချိုင်းကြီးက
အကြီးကြီးပဲဘာသာပေါင်းစုံမြုပ်နှံထားတဲ့သင်္ချိုင်းကြီးပေါ့အုတ်ဂူတွေဆိုတာဖွေးနေတာပဲ
ကျနော်တို့ကအဲဒီထဲကို ကားနဲ့ဖြတ်သွားတာပါ သင်္ချိင်းကြီးကို
တအံ့တသြကြည့်ပြီးသွားနေရင်းနဲ့
ကားကသဲလမ်းထဲမှာနစ်သွားပြီးမောင်းတက်လို့မရတော့ဘူးအဲဒါနဲ
့ကျနော်ရယ်ဂျပန်နှစ်ယောက်ဆင်းပြီး ကားကိုဝိုင်းတွန်းကြတယ်
ကားသမားကတော့လီဗာနင်းပြီး ရုန်းထွက်ပေါ့ ဒါပေမယ့်
ဘယ်လိုမှမရဘူး သဲနစ်တာတော်တော်နက်တော့ လူအားမနိုင်ဘူးဖြစ်နေတယ်
အဲဒီအချိန်မှာ ကျနော်တော်တော်လန့်သွားတယ် သင်္ချိုင်းကြီးထဲမှာ ကားပျက်
ပြီးပြန်ထွက်လို့မရခဲ့ရင်လို့တွေးမိပြီးကျောချမ်းသွားတယ် ကျနော်တို့လည်း
တတ်နိုင်သလောက်ကြိုးစားကြည့်သေးတယ် ကားဘီးအောက်ကနေ တုတ်တွေ
ခဲတွေထံပြီးရုန်းပေမယ့်မရဘူးနောက်ဆုံး ဖြတ်သွားဖြတ်လာ လူတွေလာရင်
အကူအညီတောင်းမယ်ဆိုပြီးစိတ်ညစ်ညစ်နဲ့ထိုင်စောင့်နေကြတယ်
အချိန်ကညနေစောင်းလောက်ရှိပြီတဖြည်းဖြည်းနဲ့မှောင်လာတော့မှာ
ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့လည်းအုတ်ဂူတွေချည်းပဲ ဒါနဲ့ကျနော်လည်း
ဆရာဆူဇူမီးကိုသွေးတိုးစမ်းပြီးမေးကြည့်တယ် ငါတို့သာ ကားထွက်လို
့မရဘဲဒီထဲမှာညအိပ်ရမယ်
ဆိုရင် ဘယ်လိုလုပ်မလဲ မင်းမကြောက်ဘူးလားဆိုတော့ လူသေတွေပဲကွာ
ဘာလုပ်နိုင်မှာလဲ ကြောက်စရာမရှိဘူးလို
့ပြောတော့ကျနော်လည်းနည်းနည်းအားတက်သွားတယ် ဆာတို
့ကတော့နည်းနည်းကြောက်တဲ့ပုံပဲ ကံကောင်းစွာနဲ့ပဲ သိပ်မကြာပါဘူး အလုပ်သမား
ယောက်ကျားမိန်းမတွေအပြည့်နဲ
့မြေသယ်တဲ့ကားကြီးတစ်စီးမျက်နှာချင်းဆိုင်ကမောင်းချလာတယ်
ကျနော်လည်းပျော်သွားပြီးသူတို
့ကားကိုတားအကျိုးအကြောင်းပြောပြီးအကူအညီတောင်းလို
့အားလုံးဆင်းပြီးဝိုင်းတွန်းပေးတာနဲ့ကားမောင်းထွက်နိုင်တော့တယ်
အဲတော့မှပဲ အားလုံး
သက်ပြင်းချနိုင်တယ် အမှတ်ရစရာပါပဲပျဉ်းမနား ကနေဆက်ဆင်းလာတော့
လယ်ဝေးကိုကျော်ပြီး သာဝတ္ထိနားရောက်တဲ့အခါမှာ fault line
အရမ်းထင်ရှားတာတွေ့ရတယ်Fault line
ကြောင့်ဖြစ်တဲ့တောင်ကုန်းတွေအဲဒီနားမှာအများကြီးပဲ အဲဒီနားမှာလည်း
တိုင်းထွာမှုတွေ တော်တော်လုပ်ခဲ့ရတယ် ဂျပန်တွေနဲ့ငလျင်ကြောလိုက်တဲ့အခါ
ကျနော်သတိထားမိတာတစ်ခုရှိတယ်
ဘာလည်းဆိုတော့ငလျင်ကြောရှိတဲ့နေရာတစ်လျှောက်မှာတောင်ကုန်းတောင်ကမူတွေဖြစ်လေ့ရှိတယ်
အဲလိုဖြစ်တဲ့အခါမှာမြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေကလည်းတောင်ကုန်းမြင့်မြင့်တွေ
့တာနဲ့စေတီ
တည်တတ်တဲ့အလေ့အကျင့်ရှိတော့ငလျင်ကြောရှိတဲ့နေရာတစ်လျှောက်မှာ ဘုရားစေတီတွေရှိတာကို
သတိထားမိတယ် ဒါကြောင့်ကောက်ချက်ချရမယ်ဆိုရင်
ငလျင်ကြောကိုခြေရာခံမယ်ဆိုရင် တောင်ကုန်းပေါ်မှာတည်ထားတဲ့စေတီဘုရားတွေဟာ
ပြေးမလွတ်ဘူးဖြစ်နေတယ်
ငလျင်ကြောကိုလိုက်တဲ့ခါမှာပျဉ်းမနားကနေဘုရားကြီးကြားအထိတော့ ကျနော်တို
့ဆင်းပြီးမလိုက်တော့ဘူးကားကိုရန်ကုန်ထိတောက်လျှောက်မောင်းလာခဲ့တယ်
ရန်ကုန်ရောက်တဲ့အခါ ဆရာဆူဇူမီးကအစီအစဉ်ကိုပြန်ဆွဲတယ်
ရန်ကုန်မှာအခြေစိုက်တည်းပြီး တောင်အရပ်ကျောက်တန်းဘက်ကို ဆက်လေ့လာဖို့ပဲ
ကျောက်တန်းကိုမသွားခင်ခရမ်းနဲ့
သုံးခွကြားလိုက်ခဲ့တုန်းက အမှတ်ရစရာတစ်ခုရှိခဲ့သေးတယ်ကျနော်တို့ခရမ်းကနေ
သုံးခွကို ငလျင်ကြောအတိုင်းလိုက်လာပြီး
သုံးခွနားရောက်ခါနီးမှာချောင်းတစ်ခုကာဆီးထားတာကိုတွေ့ရတယ်
ဂျပန်တွေကလည်းအတိအကျဆိုတော့ချောင်းကိုကျော်ပတ်ပြီးမလိုက်ချင်ဘူး
ချောင်းကန့်လန့်ဖြတ်အတိုင်းငလျင်ကြောသွားသလို ထပ်ကြပ်မကွာလိုက်ချင်တာဆိုတော့
ချောင်းဘေးမှာရပ်ထားတဲ့သမ္ဗာန်လေးတစ်စီးဌားပြီးဟိုဖက်ကမ်းကိုကူးလိုက်ကြတယ်လှေပေါ်တက်တဲ့အခါ
ဂျပန်တွေရောကျနော်ရောအတွေ့အကြုံမရှိလို့ဟိုယိုင်ဒီယိုင်နဲ
့ရေထဲကျမလိုဖြစ်လိုက်သေးတယ် ဟိုဖက်ကမ်းရောက်လို့နည်းနည်းဆက်လိုက်တဲ့အခါ
ဗြုန်းကနဲတွေ့လိုက်ရတာက ဈေးကြီးတစ်ခုပဲ အဲဒါသုံးခွမြို
့ရဲ့တစ်ခုတည်းသောဈေးကြီးဖြစ်နေတယ်ငလျင်ကြောဟာအဲဒီဈေးကြီးရဲ့အောက်
တည့်တည့်ကနေဖြတ်သွားတဲ့အကြောင်းကိုဆရာဆူဇူမီးကကျနော့်ကိုရှင်းပြရင်းစိတ်မသက်သာတဲ့ပုံနဲ
့ခေါင်းကိုခါတယ်ဒီနေရာမှာအဆောက်အဦးတွေတံတားတွေဆည်တွေအထပ်မြင့်အဆောက်အအုံတွေဆောက်တဲ့အခါမှာဘူမိဗေဒGeologistတွေရဲ့အရေးပါပုံကိုပြောပြချင်တယ်ကျနော်တို
့ဘူမိဗဒနေဲ့
ကျောင်းပြီးတဲ့သူတွေကြားမှာ ပြောစမှတ်တစ်ခုရှိခဲ့တယ်တစ်ခါတုန်းက
မြန်မာပြည်မှာ ရေလှောင်
တဲ့ဆည်ကြီးတစ်ခုကို အင်ဂျင်နီယာတွေကဆောက်ကြတယ်
ဒါပေမယ့်အဲဒီဆည်ဆောက်မယ့်မြေနေရာအနေအထားကို Geologistတွေနဲ
့မတိုင်ပင်ဘဲဆောက်
ခဲ့တဲ့အခါ ဆည်ရဲ့အောက်ခြေမြေကြီးက ငလျင်ကြောပြတ်ရွေ
့လိုင်းအပေါ်တည့်တည့်ကိုရောက်နေလို့
1 440
စကားကတော့အင်္ဂလိပ်လိုပဲပြောရတာပေါ့ ကျနော်ကဂျပန်လိုမှမရတာ အင်္ဂလိပ်လိုကလည်း
ဒီလောက်အကျွမ်းကြီးမဟုတ်ပါဘူးအလုပ်ဖြစ်ရုံလောက်ပါ
အမှန်တော့ကျနော်ရဲ့ဂိုက်လိုင်စင်က
ပြင်သစ်နဲ့ရထားတာပါ ၂၀၀၁ခုနှစ်မှာသင်တန်းဆင်းခဲ့တာဖြစ်ပါတယ်
ဒါပေမယ့်ပထမဆုံးလိုက်ရတဲ့ဧည့်သည်က ဂျပန်ဖြစ်ပြီး ပြောတော့ အင်္ဂလိပ်လို
သုံးရတာနည်းနည်းတော့ရယ်စရာဖြစ်နေတယ် သူတို့နှစ်ယောက်နဲ
့ကျနော်အလုပ်လုပ်ရတာ
အဆင်ပြေပါတယ်ဘာပြဿနာမှမရှိပါဘူးကျနော့်ကိုလည်းနားလည်မှုရှိတယ်တောထဲမှာသွားနေရင်းနဲ
့ဈေးဆိုင်လေးဘာလေးတွေ့ရင်ကျနော်ကအမောပြေဆေးလိပ်ဝယ်ဝယ်သောက်လေ့ရှ်ိတယ်
သူတို့ကဆေးလိပ်မသောက်တတ်ဘူးကျနော်မောရင်ဆေးလိပ်ဝယ်ဝယ်သောက်တာကိုကြည့်ပြီးဆရာဆူဇူမီးကပြုံးတယ်
ကျနော်ဆေးလိပ်ဝယ်သောက်တာနဲ့မင်းအားဖြည့်ဖို့လိုပြီးဆိုပြီးစတတ်တယ်
သူတို့နဲ့တောထဲမှာသွားရင်းနဲ့အမှတ်ရစရာတစ်ခုထဲကအမှိုက်ပစ်တာနဲ
့ပတ်သက်ပြီးအသိ
တစ်ခုရခဲ့သေးတယ် တောထဲမှာသွားရင်းလာရင်း ခဏတဖြုတ် အမောဖြေရင်းရေသောက်
မုန့်စားတာမျိုးရှိတယ်အဲဒီမှာကျနော်က ခရီးပြန်စရင်
စားခဲ့သောက်ခဲ့တဲ့ရေသန့်ဗူးခွံတို့
ပလပ်စတစ်အိတ်တို့ကိုဒီအတိုင်းထားခဲ့မယ်လုပ်တော့ သူတို့ကမရဘူး
အကုန်ပြန်သယ်လာခိုင်းပြီး
အခန်းပြန်ရောက်တော့မှအမှိုက်ပုံးထဲပစ်ခိုင်းတယ်ကျနော်ကတော့မလိုတော့တဲ့ပစ္စည်းတွေအလေးခံပြီး
မသယ်ချင်တော့ဘူးပေါ့ဒီအတိုင်းထားခဲ့ပစ်ချင်တာအဲဒီတုန်းအခုလောက်ကျနော်စည်းကမ်းမရှိသေးဘူးလေဒါပေမယ့်
အကျင့်ကောင်းတစ်ခုအနေနဲ့သူတို့ခိုင်းတဲ့အတိုင်းကျနော်လုပ်ပါတယ်
စည်းကမ်းမရှိမိလို့ကိုယ့်ကိုယ်ကိုယ်လည်းနည်းနည်းရှက်သွားတယ်
ဒါနဲ့နောက်တစ်ခါကျတော့အဲလိုမျိုးတောထဲမှာမုန်
့စားနားရင်းပြန်ထွက်တော့ကျနော်လည်းသူတို့အပြောမခံဘဲ
ကိုယ်စားခဲ့တဲ့အမှိုက်တွေအကုန်ပြန်သယ်လာတယ် ကျနော်တို့
စားတဲ့အထဲမှာ လိမ္မော်သီးလည်းပါတော့လိမ္မော်သီးခွံတွေပါပြန်ယူလာတာပေါ့
အဲဒီမှာ ဂျပန်တွေက စားပြီးသား လိမ္မော်သီးခွံတွေကျတော့ တောထဲမှာဒီအတိုင်း
လွှင့်ပစ်ခဲ့တယ်ဗျ ဒါနဲ့ကျနော်လည်းအံ့သြသင့်ပြီး သူတို့ကိုမင်းတို
့ငါ့ကိုပြောတော့အမှိုက်တွေအကုန်ပြန်ယူလာခဲ့ဆို အခုကျတော့ဘာလို
့လိမ္မော်ခွံတွေ ဒီအတိုင်းပစ်ခဲ့လည်းဆိုပြီးမေးတော့ မဟုတ်ဘူးလေတဲ့
လိမ္မော်သီးဆိုတာသဘာဝမြေကြီးထဲကထွက်တာမြေကြီးထဲကလာတာကိုမြေကြီးထဲပြန်ပြစ်တာပြဿနာမရှိဘူးလေလူကလုပ်တဲ့အရာဝတ္ထုတွေကိုအမှိုက်မဖြစ်စေနဲ
့တဲ့ကျနော့်အတွက်မှတ်စရာတစ်ခုရ
သွားတာပေါ့နောက်အမှတ်ရစရာတစ်ခုကခရီးမစခင်မိုတယ်မှာတည်းကကိုယ့်ကိစ္စကိုယ်အပြတ်ရှင်း
လာကြတယ်တောထဲရောက်မှဆို အိမ်သာမရှိဘာမရှိနဲ့မလွယ်ဘူးလေ ဒါနဲ
့တစ်ရက်ကျတော့
ဆရာဆူဇူမီး ဒုက္ခရောက်ပါလေရောသူမိုတယ်ကမထွက်ခင် အိမ်သာမတက်လာမိခဲ့ဘူး
တောထဲရောက်တော့ မနက်စာတန်ခိုးနဲ
့ဗိုက်နာတယ်ဖြစ်ရောတောထဲမှာအိမ်သာကလည်းဘယ်လိုမှ
ရှာမတွေ့ သူကလည်းမအောင့်နိုင်တော့နောက်ဆုံး ဆရာဆူဇူမီး
ခြုံတိုးရတော့တာပဲ ကျနော်နဲ့ဆာတို့ကတော့ရယ်ချင်နေတယ် သူကိစ္စပြီးလို
့ပြန်ထွက်လာတော့ကျနော်က ဘယ်လိုလဲ အဆင်ပြေရဲ့မေးတော့
ကောင်းတယ်ကွတဲ့လေလေးတဖြူးဖြူးနဲ့ မိုတယ်မှာထက်
ပိုဇိမ်ရှိတယ်ဆိုပဲ ဟားဟားဟား အဲလိုနဲ့ငလျင်ကြောလိုက်နေရင်းကျနော်တို
့တောင်ငူကိုတက်သွားတယ်အဲဒီမှာညအိပ်ဖို့တည်းခိုခန်းလိုက်ရှာတော့မြို
့ထဲပိုင်းနားကတည်းခိုခန်းတစ်ခုမှာအိပ်ဖြစ်တယ်ဒါပေမယ့်ကျနော်တို
့အရွေးမှားသွားတယ် အဲဒီတည်းခိုခန်းကတော်တော်ဆူတယ် ဇယားတွေနဲ
့ရှုပ်ရှက်ခတ်ပြီးဆူညံနေလို့ကျနော်
တို့အိပ်မရခဲ့ဘူး ဆရာဆူဇူမီးလည်းစိတ်ညစ်သွားတယ်
နောက်ညကျပြောင်းတည်းတဲ့တည်းခိုခန်းက
အဆင်ပြေပါတယ်အေးဆေးပဲတောင်ငူမှာတော့အထူးအထွေသိပ်လိုက်စရာမရှိဘူးအချိန်တွေပိုနေလို
့ကျနော်လည်းဘယ်သွားရမှန်းမသိတာနဲ့ဘုရားတွေလိုက်ပို့ပေးမိတယ်
မြန်မာပြည်မှာကလည်း လည်စရာပတ်စရာက ဘုရားတွေပဲများတာကို
ဘုရားတွေရောက်တော့ဖိနပ်ချွတ်ရတယ်လေ နေပူပူထဲမှာဖိနပ်မပါဘဲသွားရတော့
ဂျပန်တွေ ခြေပူပြီးစိတ်ညစ်လာတယ် နောက်ဆုံးတော့
ကျနော့်ကိုပြောယူရတယ် တခြားနေရာပို့ချင်ပို့ပါ ဘုရားတော့မသွားပါနဲ
့တော့လို့ ကျနော်တို့ကသာတစ်နေရာရာရောက်ရင် တန်ခိုးကြီးဘုရား
ဘာဘုရားဆိုပြီး တကူးတကဝင်ဖူးနေကြ
တာ သူတို့အတွက်တော့ဘာမှမဆန်းဘူးလေ ဘာသာရေးကိုလည်း အလေးအနက်ထားပုံမပေါ်ဘူး
အလုပ်ပေါ်မှာပဲအာရုံစိုက်ထားကြတဲ့လူတွေ
တောင်ငူမှာ၂ရက်လောက်နေပြီးကျနော်တို့ပျဉ်းမနားဆက်တက်သွားကြတယ်
ကျနော်တို့ပျဉ်းမနားကို ရောက်သွားကြတဲ့အခါ ပျဉ်းမနားမြို့အထက်နားက
ရေပြာဆိုတဲ့ရွာလေးကနေ စလိုက်ကြတယ် အဲဒီရေပြာရွာလေးနားမှာ
ဂေါက်ကွင်းလည်းရှိတယ် ရေပြာရဲ့ဘေးနားမှာ တောင်ရှိတယ် အဲဒီတောင်ဟာ
ပဲခူးရိုးမ ဖြစ်မလားမသိဘူး ငလျင်ကြောဟာအဲဒီတောင်ကိုလည်းဖြတ်သွားတယ်
အထက်ပိုင်းမှာကျတော့ မြေသားပြောင်းလဲသွားပြီ ရွံ့စေးရောင်ပေါက်သွားတယ်
ဘူမိဗေဒနဲ့ကျောင်းပြီးပေမယ့် စာသေချာမလုပ်ခဲ့တော့မမှတ်မိဘူး အဲဒီမှာ
ကျောက်တုံးအကြီးကြီးတွေလည်းတွေ့တော့ဆရာဆူဇူမီး စိတ်ဝင်စားပြီး
1 440
အကုန်ကျနော်ငွေရှင်းပေးရတယ် ကျနော်ကငွေကိုင်ပေါ့ သူတို့ကကျနော့်ကို
ဒေါ်လာနဲ့လဲထားတဲ့မြန်မာငွေ ၁သိန်းလားမသိဘူအပ်ထားတယ်
အသုံးစရိတ်စာရင်းတော့
မှတ်ထားရတာပေါ့ညစာကတော့ပွဲတော်ပဲ
ပုံမှန်အားဖြင့်ညနေ၆နာရီလောက်ဆိုအလုပ်သိမ်းပြီးတည်းခိုခန်းပြန်ကြတယ်
တခါတလေလည်းနည်းနည်းနောက်ကျတာရှိတယ် အခန်းပြန်ရောက်လို
့ရေမိုးချိုးအဝတ်အစားလဲပြီးတာနဲ့မိုတယ်ရှေ့ကတရုတ်စားသောက်ဆိုင်မှာ
ဟင်းသုံးလေးမျိုးမှာပြီးအဝတီးကြတာ မစားခင်ဘီယာသောက်ကြတယ်
ကျနော့်အကြိုက်ပေါ့ ဆရာဆူဇူမီးကတော့သိပ်မသောက်ပါဘူး
တစ်လုံးလောက်ပဲ ကျနော်နဲ့ဆာတို့ကတော့လူငယ်ဆိုတော့ နည်းနည်းပိုသောက်တယ်
ဆာတို့ကကျောင်းသား ကျနော့်ထက်နည်းနည်းငယ်ပြီးချောလည်းချောတယ်
သဘောကောင်းပြီးအေးလည်းအေးတယ် ဆရာဆူဇူမီးကိုလည်းအရမ်းကြောက်ရတယ်
ဆရာဆူဇူမီးလည်းသဘောကောင်းပါတယ် ဒါပေမယ့် အလုပ်နဲ့ပတ်သက်ရင်တော့
အရမ်းစည်းကမ်းကြီးပြီး အရမ်းလည်းတိကျတယ်
ဂျပန်တွေအလုပ်တကယ်လုပ်တယ်ဆိုတာအဲတော့မှယုံသွားတယ်
သူတို့နှစ်ယောက်မြန်မာပြည်ကိုလာတာပထမဆုံးဖြစ်ပေမယ့်
တခြားဘာကိုမှစိတ်မဝင်စားဘူး အလုပ်တစ်ခုတည်းကိုပဲအာရုံစိုက်ထားကြတယ်
တခြားဂျပန်နှာဘူးတွေလို မိန်းမခေါ်ခိုင်းဖို့ဝေးလို
့မိန်းကလေးချောချောတွေ့ရင်တောင်သေချာမကြည့်ဘူး
အဲဒါဒီမှာနေသွားတဲ့တစ်လလုံးလုံးပဲ တကယ်လေးစားဖို့ကောင်းတယ်
အစားအသောက်အနေအထိုင်ဘာတစ်ခုမှဂျီးမများ မငြိုငြင်ဘူး ဖြစ်သလိုနေ ဖြစ်သလိုစားတယ်
ငလျင်ကြောပြတ်ရွေ့က ကောလင်းနားကနေစဆင်းလာပြီးရွှေဘို စစ်ကိုင်း မန္တလေး ပျဉ်းမနား
တောင်ငူ ဘုရားကြီး ဝမ်းဘဲအင်း ပဲခူးသနပ်ပင် အုန်းနှဲ သက္ကလပ် ဖလေး ခရမ်း
သုံးခွ ကျောက်တန်း စတဲ့မြို့တွေကိုဖြတ်သွားပြီးနောက်ဆုံး
ကျောက်တန်းအလွန်ပင်လယ်စပ်ကနေ Andaman sea ထဲကိုထိုးဝင်သွားတာပါ
ဂျပန်တွေနဲ့လိုက်တဲ့အခါ သူတို့ကငလျင်ကြောကိုအတိမ်းအစာင်းမခံဘူး
ကျော်သွားခွသွားတာမျိုးမလုပ်ဘူး တစ်ထပ်တည်းကျအောင်လိုက်တယ်
အဲဒီမှာဘာဖြစ်လည်းဆိုတော့ငလျင်ကြောကလူနေရပ်ကွက်ထဲကအိမ်တွေခြံဝင်းတွေကိုဖြတ်သွားတဲ့အခါသူများအိမ်ဝင်းထဲဝင်ဖို
့ခွင့်တောင်းရတယ် တချို့ကလိုလိုလားလားခွင့်ပြုပေမယ့်တချို့
သိပ်မကြိုက်ချင်ဘူးဂျပန်တွေကလည်းအတိအကျလိုက်ချင်တာဆိုတော့မရရအောင်
ပြောယူပေးရတယ်တခါတလေကျရင်လိုက်ရင်းလိုက်ရင်းနဲ့ အိမ်နောက်ဖေး ထမီတန်းအောက်ကို
ရောက်သွားတာမျိုးတွေလည်းရှိခဲ့တယ် ဂျပန်တွေကတော့ဘာကိုမှဂရုမစိုက်ပါဘူး
ခြုံထဲတောထဲလည်းအတင်းတိုးတာပဲ ရွှံ့ထဲရေထဲလည်းဆင်းတာပဲ
မြွေပါးကင်းပါးလည်းမကြောက်ဘူး ခွေးတွေဘာတွေလည်းမလန့်ဘူး
ကျနော်ကတော့နည်းနည်းစိုးရိမ်စိတ်ရှိတယ် ထင်တဲ့အတိုင်းပဲအဲလိုတောထဲမှာသွား
နေရင်းနဲ့ခရမ်းနဲ့သုံးခွကြားထဲမှာထင်တယ်တောထဲမှာလမ်းလျောက်သွားနေရင်းနဲ
့ကျနော်ရှေ့ကနေလက်မောင်းလုံးလောက်ရှိတဲ့မြွေကြီးတစ်ကောင်ရှောခနဲဆိုပြီးဖြတ်သွားတာ
လူကိုခေါင်းနပန်းကြီးပြီး
ဆံပင်မွေးတွေအကုန်ထောင်တက်သွားတာတစ်သက်မှာတစ်ခါပဲဖြစ်ဖူးသေးတယ်
တော်တော်ကိုလန့်သွားတာ မြွေတွေ့တဲ့အကြောင်းဂျပန်တွေကိုပြောပြတော့သူတို
့ကအေးဆေးပဲ ကျနော်လန့်နေတာကိုကြည့်ပြီး ရယ်တောင်ရယ်နေသေးတယ်
ဘယ်လိုလူတွေလည်းမသိပါဘူး
ကျနော်ကတော့လန့်ဖြတ်ပြီးရွာထဲရောက်အောင်အမြန်သုတ်ခြေတင်တော့ပါပဲ
အဲလိုနဲ့ပဲခူးနားတစ်ဝိုက်ကို လိုက်နေရင်းနဲ
့အပေါ်ဖက်နည်းနည်းပြန်တက်သွားတယ် ဘုရားကြီးနဲ
့ဝမ်းဘဲအင်းကြားကိုထပ်လိုက်တယ် အဲဒီနားမှာ ကောလိချောင်းဆိုတာရှိတယ်
ချောင်းသေးသေးလေးပါပဲ ငလျင်ကြောက အဲဒီချောင်းလေးနားကဖြတ်သွားတာ
ဘုရားကြီးနားကရထားလမ်းဘေးမှာအင်းကြီးတစ်အင်းရှိတယ်
ရေအိုင်ကြီးကိုပြောတာပါ
အခုတော့အဲဒီအင်းကြီးကကောသွားပါပြီရေခန်းသွားတာကိုပြောတာပါ
အဲဒီအင်းကြီးနာမည်ကိုအစကတော့မှတ်မိတယ် အခုတော့မေ့သွားပြီ
ငလျင်ကြောဟာအဲဒီအင်းကြီးရဲ့အောက်ကနေလည်းဖြတ်သွားတယ်အထက်အညာကနေဆင်းလာတဲ့
ငလျင်ကြောဟာပဲခူးမြို
့ထဲကိုဝင်လာတဲ့အခါမှာရွှေမောဓောဘုရားကြီးအောက်ကနေတည့်တည့်ဖြတ်သွားတာကိုတွေ
့ရတယ်ကျနော်တို့လိုက်တဲ့အခါငလျင်ကြောတည့်တည့်ဖြတ်သွားတဲ့ဘုရားစေတီနှစ်ခုကိုတွေ
့ခဲ့ရတယ် ပထမကခုနကပြောတဲ့ရွှေမောဓောစေတီတော်ကြီးရယ် နောက်တစ်ခုက
အုန်းနှဲနဲ့
သက္ကလပ်ကြားမှာဖလေးဆိုတဲ့မြို့လေးရှိတယ်စကားကြုံလို
့ပြောရအုံးမယ်အုန်းနှဲတို့သက္ကလပ်တို
့ဆိုတာအင်းခွေးထွက်တာအလွန်နာမည်ကြီးတဲ့နေရာပေါ့အဲဒီနားတစ်ဝိုက်မှာအင်းတွေအလွန်ပေါတယ်
လေဒါကလည်းငလျင်ကြောလက်ချက်ကြောင့်လို
့ယူဆရမယ်ထင်တယ်အဲဒီအကြောင်းနောက်မှရှင်းပြအုံးမယ်ခုနကပြောတဲ့ဖလေးမြို
့ထဲမှာဖလေးဘုရားကြီးဆိုတာရှိတယ်တောင်လေးတစ်တောင်ပေါ်မှာ
စေတီတည်ထားတာတန်ခိုးကြီးတယ်လို
့ဆိုကြတာပဲငလျင်ကြောဟာအဲဒီဖလေးဘုရားကြီးရဲ့အောက်
ခြေတည့်တည်ကိုလည်းဖြတ်သွားပါတယ်
ငလျင်ကြောကိုဂျပန်တွေဘယ်လိုလိုက်လည်းဆိုတော့
airphotမှာပြထားတဲ့Faultlineကိုကွန်တိုမြေပုံနဲ့တိုက်GPSစက်နဲ
့တိုင်းပြီးအမှတ်အသားတွေလုပ်တယ်သူတို
့နှစ်ယောက်လုပ်နေတာကိုကျနော်ကဘေးကကြည့်ပြီးလိုအပ်တဲ့အကူအညီပေးရတယ်
1 440
စစ်ကိုင်းပြတ်ရွေ့အကြောင်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရေးခဲ့တာ ပြန်တင်ပါတယ်
၂၀၀၂ ခုနှစ်လောက်ကဂျပန်နှစ်ယောက်နဲ့ဂိုက်လိုက်ဖူးတယ်
ဂိုက်ဆိုပေမယ့်filedဆင်းတာပါ
ဂျပန်နှစ်ယောက်မှာတစ်ယောက်ကကျိုတိုတက္ကသိုလ်geophysic department က
Assistant
professorနောက်တစ်ယောက်ကတော့ဟီရိုရှီးမားတက္ကသိုလ်ကပထဝီကျောင်းသား
အဲဒီကျောင်းသားကသူ့ရဲ့မာစတာဘွဲ့thesisအတွက်
မြန်မာပြည်မှာစာတမ်းလာပြုစုတာ
မြန်မာပြည်မှာလှုပ်ခဲ့တဲ့ငလျင်တွေရဲ့အဓိကအကြောင်းတစ်ခုဖြစ်တဲ့စစ်က
ိုင်းပြတ်ရွေ့ကိုsurvey လာလုပ်တာပဲ။သူတို
့နှစ်ယောက်ရောက်လာတော့အကူအညီပေးဖို
့ဂိုက်လိုချင်တယ်ဆိုပြီးဂိုက်ရှာတဲ့အခါမှာကျောင်းဆရာတစ်ယောက်ကျေးဇူးနဲ
့ဂိုက်လိုက်ဖြစ်သွားတယ်
အမှန်ကဂျပန်စကားတတ်တဲ့ဂျပန်ဂိုက်ရှာပေးရမှာဖြစ်ပေမယ့်သူတို
့ကတောထဲကိုသွားမှာတနေကုန်လမ်းလျောက်ရမှာပင်ပန်းမှာဆိုတော့အတွေ
့အကြုံရှိတဲ့geology ကျောင်းသားကိုယ့်ကိုရွေးပြီးခေါ်သွားတယ်
ဂိုက်ကြေးကတော့တခြားဂိုက်တွေရသလိုပေးတယ် ကားတစ်စီးဌားထားတယ်
စူပါရုဗင်ကား ကားဒရိုင်ဘာရယ် ကျနော်ရယ်
အဲဒီဂျပန်နှစ်ယောက်ရယ်အားလုံးလေးယောက်ပေါ့ စစ်ကိုင်းပြတ်ရွေ
့ကဘယ်ကစသလဲဆိုတော့ စစ်ကိုင်တိုင်းကောလင်းနားကစပြီးဆင်းလာတာ ကျနော်တို
့ကအဲဒီအထိမသွားတော့ဘူး ပျဉ်းမနားနားကနေပြီးစလိုက်တယ်
အဲဒီတုန်းက နေပြည်တော်မရှိသေးဘူးပျဉ်းမနား ပျဉ်ပုံကြီး ပျဉ်ပုံလေး
ရွာတွေကိုပြတ်ရွေ့ကြောဖြတ်သွားတာ နေပြည်တော်နားလည်းပါတာပေါ့
ဂျပန်တွေဆီမှာကပစ္စည်းကိရိယာအစုံအလင်ပါတယ်
အဲဒီတုန်းကလူသိပ်မသိသေးတဲ့GPSစက်တို့airphoto တို
့စစ်တပ်သုံးကွန်တိုမြေပုံတို့အကုန်ပါတယ် ကွန်တိုမြေပုံဆိုရင်အရမ်းတိကျတာ
ဘယ်နေရာဘာရှိမလဲဆိုတာအတိအကျသိရတယ် ချောင်းတွေမြောင်းတွေကအစအသေးစိတ်ပါလို
့ခရီးသွားရတာအရမ်းအဆင်ပြေတယ် လမ်းမှားစရာအကြောင်းမရှိဘူး
မနက်ဖက်ဆိုရင်ကော်ဖီသောက်မုန့်စားရေဗူးယူ
ကျောပိုးအိတ်လွယ်ပြီးငလျင်ကြောလိုက်မယ့်အနီးဆုံးနေရာကိုကားနဲ
့သွားပြီးအဲဒီနေရာကနေ
လမ်းဆင်းလျှောက်ပြီးစလိုက်ကြတာပေါ့ကားသမားကိုကျနော်တို
့လမ်းကြောင်းအဆုံးသတ်မယ့်နေရာကိုချိန်းပြီးပြန်ရောက်လောက်မယ့်အချိန်ကိုအဲဒီနေရာမှာစောင့်ခိုင်းတယ်
ဂျပန်နှစ်ယောက်နဲ
့ငလျင်ကြောစလိုက်တော့ပထမဆုံးပဲခူးမှာစတည်းချပြီးစထွက်တယ် ပဲခူးက
အင်ပါယာတည်းခိုခန်းမှာတည်းတာနှစ်ပတ်လောက်ကြာသွားလို
့ထောက်လှမ်းရေးကလာမေးတာ
ခံရသေးတယ်အမှန်ဆိုပဲခူးဆိုတာကနိုင်ငံခြားခရီးသွားတွေခဏတဖြုတ်လောက်ပဲတည်းတာဆိုတော့အများဆုံးကြာ၂ရက်၃ရက်လောက်ပဲကိုကျနော်တို
့က၂ပတ်လောက်ကြာသွားတော့လာမေးတာပေါ့ ဒါပေမယ့်အေးဆေးပါပဲ ကျနော်တို
့ကကျောင်းသားတွေပါ ငလျင်ကြောကိုလာလေ့လာတာပါဆိုတော့
နားလည်သွားပြီးအကူအညီလိုရင်ပြောပါလို့တောင်ဆိုပါတယ် ပဲခူးထဲမှာ
စိုင်တီဆိုတဲ့ရွာလေးရှိတယ်
အဲဒီရွာလေးကိုငလျင်ကြောကတည့်တည့်ဖြတ်သွားတာ
ကျနော်တို့ရဲ့ပထမဆုံးနေ့ကအဲဒီရွာလေးကစတာ စစချင်းနေ့အဲဒီရွာလေးမှာတော်တော်ကြာတယ်
သူတို့ကလည်းပထမဆုံးရက်ဆိုတော့သေချာအချိန်ယူပြီးတော့ကိုလုပ်တာ Gpsရယ်
airphoto ရယ်ကြည့်ပြီးတော့ကျနော့်ကိုပြောတယ်
ဒီနားမှာငလျင်ကြောရှိတာသေချာတယ်
နေရာအတိအကျသိဖို
့နည်းနည်းလိုသေးတယ်ဆိုပြီးအခေါက်ခေါက်အခါခါတိုင်းထွာပြီးတဲ့နောက်မှာ
တော့နေရာကိုသိသွားတယ်အဲဒီရွာထဲကဇရပ်နားမှာရေတွင်းရှိတယ်အဲဒီရေတွင်းနားကနေငလျင်ကြောကဖြတ်သွားတာကျနော်တို
့ရဲ့ပထမဆုံးငလျင်ကြောတွေ့ရှိမှုပါပဲ နေကလည်းအရမ်းပူ ရေကလည်း
ဆာဗိုက်ကလည်းဆာတော့အရမ်းပင်ပန်သွားတယ်သူတို့ကတော့ဇောနဲ
့ဆိုတော့ပင်ပန်းရကောင်းမှန်း
ဆာရကောင်းမှန်းမသိဘူးအရမ်းတက်ကြွနေကြတယ်ကျနော်ကတော့ပထမဆုံးနေ
့မှာတင်အီစလံဝေသွားတယ်အဲဒီစိုင်တီရွာလေးကနေ ငလျင်ကြောအတိုင်းလိုက်သွားရင်
တာဝဆိုတဲ့ရွာကိုရောက်တယ်
သူလည်းငလျင်ကြောဖြတ်သွားတာပဲစိုင်တီကနေလမ်းလျောက်ပြီးနေပူထဲမှာတောက်လျောက်survey
တိုင်းသွားကြတာ ကျနော်ကတော့ tripot ကိုင် ပေကြိုးဆွဲပေါ့
အဲဒီဖက်တွေတခါမှမရောက်ဖူးတော့
တာဝဆိုတာကိုရန်ကုန်ကတာဝတက္ကသိုလ်နားရောက်ပြီထင်ပြီးပျော်နေတာဟားဟားဘယ်ဟုတ်မလဲတခြားစီဖြစ်နေတယ်
လမ်းလျောက်ရတာညောင်းလာတော့အဝေးကြီးကိုရောက်ပြီဆိုပြီးအထင်မှားတာ
ကျနော်တို့ကမနက်စာကိုလက်ဖက်ရည်ဆိုင်မှာကော်ဖီသောက်မုန်
့လေးဘာလေးနည်းပါးစားပြီးတော့ရေဗူးနဲ့ပေါင်မုန်
့လေး၂ထုပ်၃ထုပ်ယူပြီးခရီးစထွက်ကြတာ နေ
့လယ်စာကိုတော့တောထဲမှာပဲဖြစ်သလိုရေနဲ့ပေါင်မုန့်နဲ့ပြီးလိုက်တာ နေ
့တိုင်းအဲလိုပဲ
သူတို့ကဘာမှမငြီးဘူး အစားလည်းသိပ်မမက်ဘူး အလုပ်လုပ်ဖို့ပဲအာရုံစိုက်နေတာ
ကျနော်ကတော့နေ့လယ်စာကိုအဝမစားရလို့အာသာမပြေချင်ဘူး ရေကတော့ငတ်လိုက်တာအရမ်းပဲ
နေကအရမ်းပူတာကို ဒါပေမယ့်စိုးရိမ်စရာတော့မရှိပါဘူး ကားနောက်ခန်းထဲမှာ
ရေသန့်ဗူးတွေအပြည့်ဝယ်ပြီးထည့်ထားတာကြိုက်သလောက်ယူသောက်လို့ရတယ်
အဲဒီတုန်းကရေသန့်ဗူးကအိုအေစစ်လားပဲရှိသေးတာ သုံးဖို့စွဲဖို
့အတွက်ကျနော်ကအကုန်တာဝန်ယူရတယ် စားတာသောက်တာ ဝယ်တာခြမ်းတာ
1 440
အခုချိန်မှာ လူတိုင်းက ကိုယ်ပိုင်ဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။
တချို့က စားဝတ်နေရေး၊ တချို့က မိသားစုနဲ့ကျန်းမာရေး၊ တချို့က စိတ်ဖိစီးမှုနဲ့။ ဒါကြောင့် “အဆင်ပြေလား” လို့မေးဖို့တောင် အချိန်မရတာမျိုးရှိတတ်တယ်။ ဒါကိုစိတ်ဆိုးစရာမဟုတ်ဘူး၊ လူတိုင်းအလုပ်ရှုပ်နေတာပါ။
ဒါပေမဲ့ ဒီလိုအချိန်မှာတောင် ကိုယ့်ကိုသတိတရပြီး “နေကောင်းလား” လို့မေးလာတဲ့သူတွေကတော့ တန်ဖိုးကြီးတဲ့လူတွေပါ။ သူတို့မေးသမျှက ချစ်ခြင်း၊ ဂရုစိုက်ခြင်းနဲ့တန်ဖိုးထားခြင်းဖြစ်တယ်။
ဒါကြောင့် ဒီလိုသူတွေကို ကျနော်တို့နောက်မှာ ပိုချစ်ရမယ်၊ ပိုကူညီရမယ်၊ ပိုတန်ဖိုးထားရမယ်။ ဒုက္ခကြားက စစ်မှန်တဲ့ချစ်ခြင်းကို မမေ့ဘဲထားသင့်ပါ
အခုချိန်မှာ လူတိုင်းက ကိုယ်ပိုင်ဒုက္ခနဲ့ ရင်ဆိုင်နေရတယ် ဒါကြောင့် "အဆင်ပြေလာ" နေကောင်းလား?
လို့ သတိတရမေးတဲ့သူတွေက်ို ပိုချစ်ပေးပါ
Kh,John(Hantharwaddy )
1 440
" အထက်တန်းစားမိန်းမ ဖြစ်ချင်ရင်
အိမ်အလုပ်တွေ လုပ်တတ်လို့
မိန်းမပီသလှပြီရယ်လို့
အထက်တန်းစားမိန်းမ ဖြစ်မယ်မထင်နဲ့။
မိန်းမဆိုတာ ကြောက်သင့်မှ
ကြောက်ရမယ်
ရှက်သင့်မှ ရှက်ရမယ် ။
တကယ့်မိန်းမ ဖြစ်ချင်ရင်
မိန်းမအမူအယာနဲ့ ယောက်ျားစိတ် ရှိရမယ် ။
အဲ့လိုမှ မရှိရင် အဲဒီ့မိန်းမဟာ သေရောပဲ ။
အရှင်လတ်လတ်နဲ့ အသုံးမ၀င်ပဲ
သေတာကို ပြောတာ ။
ဘာအဖိုးတန်သလဲ ?
မိန်းမကလဲ ဖြစ်ရပြန် ကိုယ့်ကိုကိုယ်လဲ
နောက်ပြန်ဆွဲနေပြန်ပြီဆိုရင်
ခပ်လည်လည်
ခပ်ပွေပွေယောက်ျားမျိုးရရင်
ဒူးနဲ့မျက်ရည် သုတ်ရပြီပဲ "
#ဂျာနယ်ကျော်မမလေး
#သူလိုမိန်းမ
#မူရင်းရေးသူအားလေးစားနေလျက်
1 440
အထက်တန်းမအောင်သေးသူများ လျှောက်ထားနိုင်တဲ့ စင်္ကာပူနိုင်ငံက ပညာသင်ဆု
======================
ဒီပညာသင်ဆုက မြန်မာကျောင်းသားတွေအတွက် စင်္ကာပူအထက်တန်းကျောင်းတွေမှာ စရိတ်ငြိမ်း ပညာဆက်လက်သင်ယူနိုင်ပြီး နိုင်ငံတကာ အသိအမှတ်ပြု Singapore-Cambridge GCE A-Level တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ကို ရရှိမယ့် အခွင့်အရေး ဖြစ်ပါတယ်။
အပြည့်အစုံဖတ်ရန်
>> https://www.edge.com.mm/article/asean-scholarship-for-myanmar.html
#education #singapore #scholarships #highschool
1 440
https://t.me/+w6g2HO6sLN8xODY9
Chat groupလေးကို joinပြီး အတန်းအပ်တာနှင့်ပတ်သက်တာများ၊ payment ကိစ္စနှင့် ပတ်သက်တာများကို groupထဲမှာ မေးမြန်းနိုင်ပါတယ်။
သက်ဆိုင်ရာadminများမှ ပြန်လည်ဖြေကြားပေးသွားပါ့မယ်ဗျ။
1 440
ကိုးရီးယား ဘာသာစကားကို အခြေခံမှ စတင်လေ့လာလိုသူတွေ အတွက် ရည်ရွယ်ကာ ဖွင့်လှစ်သွားမယ့် တန်းခွဲလေးမှာ
Korean Language ရဲ့ အခြေခံအကျဆုံး Hangul ကိုးရီးယားအက္ခရာများမှ စတင်ကာ နေ့စဥ်ပြောဆိုဆက်သွယ်ရမယ့် အကြောင်းအရာတွေဖြစ်တဲ့ မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း၊ နူတ်ဆက်ခြင်း၊ မိသားစု၊ နေ့ရက်၊ အချိန် နှင့်ဆိုင်တဲ့ စကားလုံးတွေကို လေ့လာသွားရမှာဖြစ်ပြီး တက်ရောက် အပ်နှံနိုင်ဖို့ Deadline ကို March 15 ထိ နောက်ဆုတ်ပေးထားတာမို့ အချိန်စာရင်းသွင်းနိုင်အောင် မျှဝေပေးလိုက်ရပါတယ် ခင်ဗျာ ။
1 440
စိတ်ကောင်းရှိတဲ့သူတွေကို စိတ်ထိခိုက်အောင်လုပ်လိုက်တဲ့အခါ သူတို့အသံထွက်ပြီး အော်ကြမှာမဟုတ်ဘူး။ သူတို့ရဲ့နာကျင်မှုကို စိတ်ထဲမှာပဲ သိမ်းထားကြလိမ့်မယ်။
သူတို့က တိတ်တိတ်လေးနဲ့ တဖြည်းဖြည်း ဝေးကွာသွားပြီး ပြန်လာတော့မှာမဟုတ်ဘူး။ သူတို့က ကောင်းတာတွေပဲ ဆက်လုပ်နေမှာပါ။သင့်ကိုတော့ ဘယ်တော့မှ ပြန်မယုံကြည်တော့ဘူး။ အဲဒီမှာ သင် သူတို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရတာပါပဲ။
"When you hurt good-hearted people, they won't scream, they'll keep their pain inside.
They will gently and silently drift away never to return. They won't stop being good, they'll never trust you again. This is exactly when you lost them.”
Emanuela Laura Grigoriu
Picture crd - People Matters
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
1 440
မှန်တစ်ချပ်ဟာ သူ့ရှေ့ကို ရောက်လာတဲ့လူရဲ့ မျက်နှာပေါ် မူတည်ပြီး တူညီတဲ့ ပုံရိပ်ကို ပြန်ထုတ်ပေးပါတယ်။ ပြုံးရင် ပြန်ပြုံးပြတယ်၊ မဲ့ရင်လည်း ပြန်မဲ့ပြတယ်။ သူ့ဘဝက သူ့ရှေ့ လာရပ်တဲ့သူအပေါ်မှာ မူတည်နေတယ်။ တချို့တွေ ခံယူထားတဲ့ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတာ ဒါမျိုးပေါ့။
ဒါပေမဲ့ သိပ်လှပတဲ့ ပန်းချီကားတစ်ချပ်ကျတော့ ဒီလိုမဟုတ်ဘူး။ သူ့ရှေ့လာပြီး ပြုံးပဲပြပြ၊ မဲ့ပဲပြပြ၊ သူကတော့ လှပတဲ့ ရုပ်ပုံလေးကို အမြဲပြနေမှာ ဖြစ်ပါတယ်။
သူကောင်းလို့ ကိုယ်ကောင်းတာ၊ သူ မကောင်းလို့ ကိုယ်ကလည်း ပြန်မကောင်းတာတွေက စိတ်ဓါတ်မြင့်မြတ်သူတွေ လုပ်လေ့မရှိပါဘူး။ သူတို့ဟာ သူတို့ပုံစံအတိုင်းပဲ နေပါတယ်။ ကိုယ့်ရှေ့ ဘယ်လိုလာလုပ်ပြနေသလဲ ဆိုတာနဲ့ မဆိုင်ဘူး၊ သူတို့ရဲ့ ကိုယ်ပိုင်မူနဲ့ပဲ ဆိုင်တယ်။ လက်စားချေတယ်၊ တုံ့ပြန်တယ် ဆိုတာမျိုးတွေ သူတို့ဆီမှာမရှိဘူး။ ဒါတွေအတွက်နဲ့လည်း တန်ဖိုးရှိတဲ့ အချိန်တွေကို အလဟဿ အကုန်မခံဘူး။
📌 ၆။ သူတို့ကို ပြောင်းလဲမပေးပါနဲ့၊ ကိုယ်တိုင် မပြောင်းလဲသွားအောင်သာ ထိန်းပါ။
ကြည့်ဖူးတဲ့ ဇာတ်ကားတစ်ခုရှိတယ်။ မတရားမှုတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံရင်း တိုက်ဖျက်ပေမဲ့လည်း နောက်ဆုံးမှာ မတရားသူတွေကသာ ပန်းပန်သွားတယ်ဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပေါ့။
အဲဒီကား အဆုံးသတ်မှာ ဇာတ်ကောင်တစ်ယောက် ပြောသွားတဲ့ စကားလေး သိပ်လှပါတယ်။
“တကယ်တော့ ကျွန်မတို့ဟာ လောကကြီးကို ပြောင်းလဲနိုင်မလားလို့ ကြိုးစားခဲ့ကြတယ်၊ တကယ်တမ်း ကျွန်မတို့ရုန်းကန်လှုပ်ရှားခဲ့ကြတာဟာ လောကကြီးကို ကျွန်မတို့က ပြောင်းလဲနိုင်ဖို့မဟုတ်ဘဲ လောကကြီးက ကျွန်မတို့ကို မပြောင်းလဲပစ်နိုင်ဖို့ပဲ ဖြစ်တယ်” တဲ့။
တစ်ချိန်လုံး ဆိုးလာခဲ့တဲ့ လူတစ်ယောက်ဟာ နောင်တတွေရပြီး ပြောင်းလဲသွားတယ်ဆိုတာ ဇာတ်ကားတွေထဲလောက်ပဲ ရှိတယ်။ အပြင်မှာကတော့ သူတို့တွေဟာ နောင်တလည်း မရဘူး၊ မှားမှန်းလည်း မသိကြဘူး။ ဒါကြောင့် သူတို့ကို မှားမှန်းသိအောင်၊ နောင်တရအောင် ကြိုးစားနေမဲ့အစား ကိုယ်က သူတို့လို ဖြစ်မသွားအောင်ပဲ ထိန်းသိမ်းတာက ပိုလက်တွေ့ကျပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၈.၁၂.၂၀၁၈
🅲🆁🅴🅳🅸🆃
#followers
1 440
“အတင်စီးခံရတဲ့အခါ”
🔳 ကျွန်တော်တို့ဘဝမှာ တစ်ယောက်ယောက်က အနိုင်ကျင့်တာ၊ စော်ကားတာ၊ ဗိုလ်ကျတာ၊ တင်စီးတာ၊ တည့်တည့်ပြောရရင် လူပါးဝတာမျိုးတွေ ကြုံဖူးကြမှာပါ။
နည်းနည်းလောက် ပြန်စဉ်းစားကြည့်။ အဲ့ဒီလို ကြုံရတဲ့အခါ ဘယ်လိုခံစားရသလဲ၊ ဘယ်လိုတုံ့ပြန်ခဲ့မိသလဲ။
များသောအားဖြင့်တော့ စိတ်တိုမယ်၊ ငိုမိမယ်၊ ပြင်းပြင်းထန်ထန် တုံ့ပြန်မိချင်လည်းမိမယ်။ ဒီကနေမှတဆင့် အလုပ်ထွက်လိုက်တာ၊ အလုပ်ပြုတ်တာ၊ အမုန်းပွားတာတွေ ဖြစ်ရင်လည်း ဖြစ်ခဲ့မယ်။
🔳 ဒီဆောင်းပါးမှာတော့ ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတုန်းက တွေးမိခဲ့တာလေးတွေအပေါ် အခြေခံပြီး ဝေမျှချင်ပါတယ်။
📌 ၁။ စိတ်ထိန်းနိုင်ဖို့ လိုပါတယ်။
ဘယ်သူမဆို ဖြစ်ဖြစ်ချင်းတော့ စိတ်တိုတာပဲ။ အဲဒါကို မထိန်းနိုင်လိုက်တဲ့အခါ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ လူမှုကွန်ရက်တွေမှာလည်း တွေ့ဖူးတယ်၊ ကားပါကင်လုရင်း ပြဿနာဖြစ်ကြရာကတဆင့် ကိုယ်ထိလက်ရောက် လုပ်ကြတယ် ဆိုတာမျိုး။ ရုံးတွေ၊ အလုပ်တွေမှာဆိုရင်တော့ နောက်ပိုင်းအလုပ်လုပ်သမျှ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ အဆင်မပြေတော့တာမျိုး၊ စကားတွေလွန်၊ နှုတ်တွေကျွံသွားလို့ အလုပ်ထွက်လိုက်ရတာမျိုးတွေထိ ဖြစ်တတ်တာပေါ့။
ပြန်စဉ်းစားကြည့်ရင် မတန်ဘူးဆိုတာ သတိထားမိလိမ့်မယ်။ ဒါကြောင့် ဖြစ်ဖြစ်ချင်းမှာ စိတ်ထိန်းဖို့ လိုတယ် ပြောတာပါ။
မြွေတစ်ကောင်ဟာ သူ့ခေါင်းပေါ်မှာ ပျားလာနားလို့ စိတ်တွေတိုရင်း တိုရင်း နောက်ဆုံး မောင်းလာနေတဲ့ လှည်းရဲ့ ဘီးအောက်ကို ခေါင်းဝင်ခံလိုက်တယ်တဲ့။ နားနေတဲ့ ပျားလည်း သေ၊ သူကိုယ်တိုင်လည်း သေပေါ့။
ဒါကြောင့် ဒီစိတ်တိုစရာလေးတစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ တခြားအရာတွေကို အဆုံးရှုံးမခံပါနဲ့။ မလဲပစ်ပါနဲ့။ ဒီထက်ပိုကောင်းတဲ့ ဖြေရှင်းနည်းကို ခေါင်းအေးအေးနဲ့ ရှာဖွေစေချင်ပါတယ်။
📌 ၂။ ပြတ်သားတဲ့သူတစ်ယောက် ဖြစ်ပါစေ။
စိတ်ကိုထိန်းရမယ်လို့ ပြောလိုက်တာဟာ အရာအားလုံး ငုံ့ခံလာရမယ်လို့ မဆိုလိုပါဘူး။ ပြတ်ပြတ်သားသား ပြောရဲဆိုရဲဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ လူရဲ့သဘောက သည်းခံတဲ့သူဆို ပိုပြီး အနိုင်ယူတတ်လို့ပါပဲ။
လူတွေကို ၃ မျိုး ၃ စားခွဲလို့ရပါတယ်။ ကိုယ့်တစ်ဖက်တည်းသိပြီး သူတစ်ပါးကို နစ်နစ်နာနာ ပြောတတ်၊ အနိုင်ယူတတ်တဲ့ Aggressive type သမားတွေရယ်၊ ပြိုင်လာရင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး ဆိုပြီး ဘာလုပ်လုပ် ငြိမ်ခံနေတတ်တဲ့ Passive type သမားတွေရယ်၊
နောက်ဆုံးတစ်ခုကတော့ သူတစ်ပါးကိုလည်း လေးစားသလို၊ ကိုယ့်အခွင့်အရေးလည်း ကိုယ်သိတယ်၊ တောင်းဆိုရဲတယ်၊ ပြီးတော့ ကိုယ့်တာဝန်လည်း ကိုယ်ကျေအောင်လုပ်တယ်၊ ဒီလိုလူမျိုးကိုတော့ Assertive type လို့ခေါ်ပါတယ်။ ခိုင်မာပြတ်သားတဲ့သူလို့ မြန်မာလို ပြန်ချင်တယ်။
တစ်ဖက်က အနိုင်ယူသမျှ သည်းခံနေရင် ကိုယ်ဟာ အနိုင်ယူလို့ရတဲ့သူလို့ ထင်သွားတော့မှာပါ။ ရန်ပြန်ဖြစ်ဖို့မဟုတ်ဘဲ ကိုယ်ပြောစရာရှိတာကိုတော့ ရဲရဲတင်းတင်း ပြောနိုင်ဖို့ လိုပါတယ်။
📌 ၃။ တနုံ့နုံ့ ခံစားမနေပါနဲ့။
အဲ့ဒီလို အနိုင်ယူခံလိုက်ရပြီးရင် အများစု စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေရတတ်ပါတယ်။ သူက ငါ့ကို ဒီလိုလုပ်ရသလားပေါ့။ ဘာမှပြန်မပြော၊ မလုပ်ခဲ့ရရင် ပိုလို့တောင် ခံစားနေရတတ်တယ်။
တကယ်ဆို စဉ်းစားကြည့်၊ ဟိုလူက ပြောပြီး ပြီးသွားပြီ။ မေ့တောင်မေ့နေပြီ။ ကိုယ့်မှာသာ တနုံ့နုံ့နဲ့ ဖြစ်ကျန်ခဲ့တာ။ နာကျည်းလို့မဆုံး၊ ဝမ်းနည်းလို့မဆုံး၊ ခံစားလို့မဆုံး ဖြစ်နေတာ။ တွက်ကြည့်ရင် ဘယ်လောက်ရှုံးသလဲ။ အပြောလည်း ခံရတယ်။ ဒဏ်ရာကလည်း တစ်သက်လုံး ကျန်နေခဲ့တယ်။
ငယ်ငယ်က သင်ရတဲ့ စာတစ်ပုဒ်လိုပဲ၊ တိုက်ပွဲမှာ ထိသွားလို့ နဖူးမှာ ကျန်ခဲ့တဲ့ အမာရွတ်ကို မှန်ထဲမှာကြည့်တိုင်း ရှုံးနိမ့်နေရတော့မဲ့ စစ်သူကြီးလို ဖြစ်နေတယ်။ ဒါကြောင့် ထပ်ကာထပ်ကာ အရှုံးမခံပါနဲ့။ အဲဒီခံစားချက်ကို တတ်နိုင်သလောက် စိတ်ထဲက ဖယ်ထုတ်ကြည့်ပါ။ မဖယ်ထုတ်နိုင်သေးသရွေ့ ရှုံးနေရတယ် ဆိုတာကို မမေ့ပါနဲ့။
📌 ၄။ ကိုယ့်အဆင့်နဲ့ကိုယ် နေပါ။
တစ်ခါတလေလည်း တွေးမိတတ်ကြတယ်၊ ငါ သူပြောတဲ့အတိုင်း ပြန်ပြောလိုက်ရမလား၊ သူလုပ်တဲ့အတိုင်း ပြန်လုပ်လိုက်ရမလား ဆိုပြီးတော့ပေ့ါ။ ကျွန်တော်ကိုယ်တိုင်လည်း တွေးဖူးတာပဲ။ ဒါပေမဲ့ အဲ့ဒီလို လက်တုံ့ပြန်တော့မယ်ဆိုတဲ့အခါတိုင်း “အဆင့်အတန်း” ဆိုတဲ့ စကားလုံးက ကျွန်တော့်ခေါင်းထဲ ဝင်လာတယ်။
တကယ်တော့ အဆင့်အတန်းဆိုတာ ဘယ်လောက်ချမ်းသာတယ်၊ ဘာတွေ ဝတ်စားထားတယ် ဆိုတာထက် ကိုယ့်ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်နေစိတ်ထားတွေကသာ အဓိက ကိုယ်စားပြုတာ ဖြစ်ပါတယ်။ သူပြောသလို ပြန်ပြောလိုက်ရလို့ အားရတာထက် အဲ့ဒီအဆင့်အတန်း ဆုံးရှုံးသွားမှာကို ပိုနှမြောမိပါတယ်။
ဒါကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းတယ်။ ရိုင်းရိုင်းစိုင်းစိုင်း မတုံ့ပြန်မိအောင်နေတယ်။ ဘေးပတ်ဝန်းကျင်က တစ်ယောက်ယောက် မြင်လိုက်ရရင်လည်း ကိုယ်ဟာ အထင်သေးစရာ ဖြစ်မနေတော့ဘူးပေါ့။
📌 ၅။ ပန်းချီကားလို ကျင့်ပါ။
1 440
“ ကျောင်းစာမှာပဲ တော်နေလို့ မရဘူး ”
လူဆိုတာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ လုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေထဲကနေတဆင့် အတွေ့အကြုံတွေ ရလာတာပါ။
ဒီလိုမျိုး ကိစ္စတစ်ခုခုနဲ့ ကြုံတွေ့လာတဲ့အခါတိုင်းမှာ လူတွေဟာ သူတို့ လုပ်ခဲ့ဖူးတဲ့ ရလဒ်တွေကို မြင်တတ်လာတယ်။ မှားတဲ့ဟာတွေအတွက်ဆို အမှန်ဖြစ်လာဖို့ ပြင်ဆင်မယ်၊ ကြိုးစားမယ်။ မှန်တဲ့ဟာတွေအတွက်ဆို အမှားမဖြစ်လာအောင် ဆက်လက်ထိန်းထားမယ်။
ပြောရရင် လူဆိုတာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့်သာ လူတစ်ယောက်ရဲ့ အမြင်မှာ “ အမြင်တွေကျယ်ပြန့်လာတယ် ”။ ကျွန်တော်တို့ လူငယ်တွေဆို ပိုဆိုးတာပေါ့လေ။ လူငယ်ဘဝမှာ အတွေ့အကြုံတွေ၊ ဉာဏ်ပညာတွေ အားနည်းနေသေးတော့ ကိုယ်လိုချင်တာ ရဖို့ပဲ သိတာမျိုးတွေ ဖြစ်ဖူးလိမ့်မယ်။
တကယ်တမ်း ဒါက ရှက်စရာတစ်ခုလည်း မဟုတ်သလို၊ သိမ်ငယ်စရာလည်း မဟုတ်ပါဘူး။ ဒီစာကလည်း လူငယ်တွေကို ရှုံ့ချတာမဟုတ်ဘူး။ အသက်အရွယ်အရ၊ လျှောက်ဖူးတဲ့ လမ်းတွေအရ၊ အတွေ့အကြုံတွေအရ ဒါလိုဟာမျိုးတွေ ဖြစ်တတ်တယ်။ အဲဒီလို အတွေ့အကြုံဟောင်းကနေတဆင့် နောက်ထပ်အတွေ့အကြုံသစ်တွေ ရလာတဲ့အခါမှာ အမြင်ကျယ်လာဖို့ လုပ်ရမယ့်နည်းလမ်းကတော့ တစ်ခုပဲ ရှိတယ်။ အဲ့ဒါ စာဖတ်ဖို့ပဲ။
ဟုတ်ပါတယ်။ လူကြီးသူမတွေ ပြောပြောနေကျ စကားတစ်ခွန်းရှိတယ်။ မှားဖူးမှ သိလိမ့်မယ်တဲ့။ အခုခေတ်မှာ တစ်ခုခုလုပ်ပြီးမှ မှားဖူးမယ်ဆိုတာမျိုး မရှိတော့ဘူး။ မှားဖူးမှ အတွေ့အကြုံရှိတာပေါ့ဆိုတဲ့စကားက ခေတ်နောက်ကို ပြန်ဆွဲနေတဲ့ စကားသာဖြစ်တယ်။
တခြားသူတွေရဲ့အမှားတွေကို စာအုပ်တွေထဲမှာ ရှာဖတ်လို့ရတယ်။ ဝတ္ထုဇာတ်ကောင်ရဲ့ စရိုက်တွေကို ကြည့်ပြီး သင်ခန်းစာယူလို့ရတယ်။ ဆောင်းပါးတွေဖတ်ပြီး အမြင်တွေ ကျယ်လာမယ်။ ကဗျာတွေဖတ်ပြီး နှလုံးသား ရဲရင့်လာမယ်၊ နူးညံ့လာမယ်။
သေချာတာကတော့ မှားဖူးမှပဲ အတွေ့အကြုံရှိမှာ ဆိုတာမျိုးမရှိတော့ဘူး။ လူငယ်တွေကို အထူးသဖြင့် ပြောချင်တာက သူများ ပြောတဲ့စကားကို နားယောင်နေတာထက် ကိုယ့်ဟာကိုယ် စာဖတ်နေတာ အကောင်းဆုံးပဲ။
🅲🆁🅴🅳🅸🆃 Shwe Note
‘စာဖတ်ခြင်းဖြင့် ဘဝကိုမြှင့်တင်ပါ’
