2 751
Subscribers
No data24 hours
-107 days
-8630 days
Posts Archive
ကိုထက်မြတ် အားရပါးရပြောသွားတဲ့ ရွှေကြားတို့ကို ဖြုတ်စဥ်က
video ဖိုင်အကြောင်း
ကျနော်တို့ ယူနီကွန်း တပ်ဖွဲ့ရဲ့ အစင်မဟုတ်တဲ့
မစင်တစင်လေးတွေပေါ့ 😆😆
မင်းကွန်းမှသည်...... ကမ်ပိန်းလေး
လာတော့မှာမို့ ကူဖို့ပြင်ပေးထားကြပါဦးလို့
#ယူနီကွန်း
ကိုရွှေကျားတို့ ကိုဖိုးပြား တို့ အဖွဲ့ကိုဖြုတ်စဥ်အခါက
နဲနဲရိုင်းသွားရင် ခွင့်လွတ်
တို-က်ခို-က်ရေး ပစ္စည်း မကူညီချင်ဘူးဆိုတဲ့သူတွေအတွက် လာပါတော့မယ်ဗျာ
အပြည့်အစုံကိုတော့ စောင့်ဆိုင်းပေးကြပါဦး။
ဒီတစ်ခါ ကျည်ကာနဲ့ ပေါ့
#someday
+2
ကျနော်တို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ အတွက်လိုအပ်လျက်ရှိသော ဆေးဝါး နှင့် ရိက္ခာ အတွက်
သိန်းသုံးဆယ်ကျပ် ထောက်ပို့ကူညီအားဖြည့်ပေးပါသော
HOG-တွဲလက်များ (singapore) အားကျေးဇူးအထူးတင်ရှိပါကြောင်း ဤမှတ်တမ်း ဓာတ်ပုံ ဂုဏ်ပြုလွှာ များဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
#someday
#ယူနီကွန်း
မင်းကွန်း-စစ်ကိုင်း / ဇူလှိုင် ၂၂
မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းမှ စစ်မှုထမ်း အပတ်စဥ် ၈ နှင့် အပတ်စဥ် ၁၀ တို့မှ ပေါ်တာဆွဲခံ စစ်မှုထမ်း တပ်သားသုံးဦး ကနဦး အလင်းဝင်ရောက်လာကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ထံမှသိရသည်။
အဆိုပါ စစ်မှုထမ်းသုံးဦးတွင် တစ်ဦးသာ လ-န ခဲယမ်းများ ယူဆောင်လာခဲ့ပြီး ကျန်နှစ်ဦးမှာ အခြေအနေအရပ်ရပ်ကြောင့် ယူဆောင်နိုင်ခြင်းမရှိကြောင်းသိရသည်။
စစ်မှုထမ်း တပ်သားအသစ်များအနေဖြင့် အခြေအနေပေးသည်နှင့်တပြိုင်နက် အသက်ဘေးကလွတ်မြောက်နိုင်ရန် ထွက်ပြေးကြဖို့ အကြံပေးထားပြီး ကြောက်ရွံ၍ ထွက်မပြေးပါက တိုက်ပွဲအတွင်းအသက်သေဆုံးမည်ဖြစ်ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ တာဝန်ခံမှ
အသိပေးထားသည်။
ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ တာဝန်ခံက
' ဒီကောင်တွေက ပစ (စစ်မှူထမ်း) တွေကို ရှေ့ဆုံးကတက်ခိုင်းတာပါ မိုင်းရှိရင်လည်း ဒီကောင်တွေမိ အပစ်ခံရလည်း ဒီကောင်တွေ ခံဆိုပြီး တက်ခိုင်းတာလေ။မင်းကွန်းဒေသကို ဒုတိယတကျော့ စစ်ကြောင်းထိုးတော့လည်း အများဆုံးေ-သတာ ပစ (စစ်မှုထမ်း) တွေပါပဲ '
ဒါကြောင့်အခွင့်အရေးရတာနဲ့ လ-န ပါအောင်ယူပြီး ပြေးကြဖို့ တိုက်တွန်းထားပါတယ်။
လ-န နှင့် တကွ ဘက်ပြောင်းလာသော စစ်မှုထမ်းများအား ညီအကိုအရင်းပမာ နွေးထွေးစွာ ကြိုဆို
မင်းကွန်းဒေသ အတွင်း စကစ သတင်းပေးများ/ထောက်တိုင်များနှင့် ကြံခိုင်ရေးပါတီဝင်များကို ဖ-မ်း စီး ကာ ငွေနှင့်ပြန်ရွေးခိုင်းပြီး လွတ်ပေးသည့် ပြန်ပေးဆွဲဂိုဏ်းဆန်ဆန် ကိစ္စရပ်များအား ရပ်ကျေး ပကဖ များ local pdf များ လုပ်ဆောင်လျက်ရှိသည်။
Nug/Mod နှင့် သက်ဆိုင်ရာ လူကြီးများအနေဖြင့် အချိန်မှီ အရေးယူခြင်းမရှိပါက ကျနော်တို့ယူနီကွန်း
ပျောက်ကြားတပ်ဖွဲ့ အနေဖြင့် ဖြစ်နိုင်သမျှနည်းလမ်းများနှင့် ဖြေရှင်းသွားမည်ဖြစ်သည်။
ကျနော်တို့ ယူနီကွန်းတပ်ဖွဲ့ အနေဖြင့် မင်းကွန်းဒေသအတွင်း စစ်ဆင်ရေးများစွာ ဖော်ဆောင်ခဲ့ပြီး ပြည်သူများ အထင်အမြင်လွဲစေနိုင်သောကိစ္စရပ်များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (pdf) ၏ ဂုဏ်သိက္ခာ ကျဆင်းစေမည့် ကိစ္စများလုံးဝဆောင်ရွက်ခဲ့ခြင်းမရှိပါ။
ယခုလုပ်ရပ်များသည် Nug/Mod နှင့် ပြည်သူ့ကာကွယ်ရေးတပ်(pdf) ၏ ဂုဏ်သိက္ခာ နှင့် မင်းကွန်းဒေသ တွင် စစ်ဆင်ရေးများစွာဖော်ဆောင်နေသည့် ကျနော်တို့ ယူနီကွန်းတပ်ဖွဲ့ ၏ ဂုဏ်သိက္ခာ ကိုများစွာထိခိုက်ကျဆင်းစေသည်။
သို့ဖြစ်ပါ၍ Nug/Mod နှင့် သက်ဆိုင်ရာလူကြီးများ အနေဖြင့် အရေးယူခြင်းမရှိပါက ကျနော်တို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ မှ ရနိုင်သမျှနည်းဖြင့် အရေးယူသွားမည်ဖြစ်သည်။
-တာဝန်ခံ
-ဆန်းဒေး
-ယူနီကွန်းပျောက်ကြားတပ်ဖွဲ့
+1
ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေ pdf တွေ ဘာလို့ ဘုန်းကြီးတွေကို အရေး-ယူ ဖ-မ်းစီးရလဲဆိုတာ ဒီလိုတွေကြောင့်ပဲ
ဘုန်းကြီးက ဘုန်းကြီးအလုပ်မလုပ်ပဲ သတင်းပေး ဒလန်လုပ်နေတော့လည်း....
#someday
နှုတ်ခမ်းနီးစျေးကြီးမှု နှင့်ဝယ်ယူရန်ခက်ခဲမှုကြောင့်
တကယ်အသုံးဝင်တဲ့မောင်းပြန်တွေ နောက်တန်းမှာသိမ်းဆည်းထားရပါတယ်။
M16 / M4 တွေကိုနေတိုးစံပြု ၅.၅၆ နဲ့ပစ်ခတ်ရတာဖြစ်ပါတယ်။
အမှန်တကယ်ပစ်ခတ်ရတာ ကောင်းမွန်ပြီး ပစ်မှတ်တိကျတဲ့အပြင်errorလည်းမရှိသလောက်နည်းတာမို့ ရန်သူနဲ့ တကယ်ထိပ်တိုက် ရင်ဆိုင်ရတဲ့အခါ တပန်းမကပဲနှစ်ပန်း သုံးပန်းသာပါတယ်။
၅.၅၆ နေတိုးကျည်တတောင့်ဟာ ၁၅၀၀၀(တသောင်းခွဲ) နီးပါးရှိပြီး ဝယ်ချင်တိုင်းဝယ်လို့မရပါဘူး ပိုက်ဆံရှိတိုင်း ဝယ်မရဘူးလို့ပြောချင်တာပါ၊
ပိုက်ဆံလည်း မရှိပါဘူး😁
စကစထုတ် ၅.၅၆ ပစ်လို့မရဘူးလားဆိုတော့ ရပါတယ်။ but စကစ ကခုနောက်ပိုင်းတွေမှာ သူတို့နှုတ်ခမ်းနီတွေထဲကို ပြောင်းထဲမှာတင်ကွဲစေတဲ့ နှုတ်ခမ်းနီ တွေကို ရောထည့် ထားတာမို့ အဲ့လိုနှုတ်ခမ်းနီတွေနဲ့ဆို m16 သို့မဟုတ် M4 တလတ်လုံး ဆုံးရှုံးရမှာပါ (မတန်ပါဘူး)
ဆိုတော့ အနှစ်ချုပ်ရရင် ၅.၅၆ နေတိုးစံပြု နှုတ်ခမ်းနီဝယ်ဖို့ကူညီကြပါဦးလို့ ပြည်တွင်းပြည်ပမှထောက်ပို့ညီကိုမောင်နှမတွေကိုအကူအညီတောင်းချင်တာပါ။
စစ်ကိုင်းမြို့နယ်အနီးကအဖွဲ့အစည်းတွေလည်း နေတိုးလေးရှိရင်ဝေမျှပေးကြဖို့ မေတ္တာရပ်ခံပါရစေ
တထောင့် တသောင်းခွဲ
ဆယ်တောင့် တသိန်းခွဲ
ရဲဘော်တယောက်နှစ်ရာဆိုသိန်းသုံးဆယ်😢😢
ကျနော်တို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ page ပျက်သွားလို့ အသစ်ပြန်ဖောက်ထားပါတယ်။
ထောက်ပို့ အလှူရှင်များ၊ သတင်းဌာနများနှင့် အကြောင်းရှိလို့ဆက်သွယ်ချင်သူများ page Messenger မှ ဆက်သွယ်နိုင်ပါသည်။
page အသစ်လေး လူများများသိရှိနိုင်စေရန် Follow and Share လေးနဲ့ အားဖြည့်ပေးကြပါဦးနော်။
https://www.facebook.com/profile.php?id=61578190713224
ကျနော်တို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ ၏ မြန်မာလို နာမည်နှင့် အဓိက page ကျသွားလို့ ထောက်ပို့ကူညီမည့် သူများ နှင့် သတင်းဌာနများ၊ဆက်သွယ်လိုသူများ ဒီ အရံ page ကနေဆက်သွယ်လို့ရပါတယ်ဗျ။https://www.facebook.com/profile.php?id=100089086971284
လူအများသိရှိနိုင်စေရန် Share ခြင်းဖြင့်လည်း ကူညီပေးနိုင်ပါတယ်ဗျ။
