စာဖတ်ဝါသနာရှင်များ
Open in Telegram
စာပေနှင့်ပတ်သက်သောအကြောင်းအရာများနှင့်ခွန်အားဖြစ်စေသောအကြောင်းအရာများသာ တင်ဆက်ပေးပါမည်။
Show more400
Subscribers
+824 hours
+597 days
+20830 days
Posts Archive
လက်လျှော့မယ်ကြံတိုင်း
ဒါကိုဖတ်ပါ
✍✍✍
Dale Carnegie ရဲ့
ပုံပြင်တစ်ပုဒ်ဖတ်ဖူးတယ်။
တစ်ခါက ရေကူးချံပီယံတစ်ယောက်ဟာ ရေလက်ကြားတစ်ခုကို ကန့်လန့်ဖြတ် ဖြတ်ကူးပြီး စံချိန်သစ်တင်မယ်လို့ ကြေငြာလိုက်တယ်။ လူတွေကလည်း
ဒီသတင်းကို ကြားတော့ တော်တော်လေး စိတ်ဝင်စားသွားကြတယ်။
အဲ့လိုနဲ့ ဖြတ်ကူးမယ့်နေ့ကို ရောက်လာတယ်။ လူတွေဟာ တစ်ဖက်ကမ်းကနေ အုတ်အော်သောင်းနင်း ကြည့်ရှု့နေကြတယ်။
ရေကူးချံပီယံစကူးပါပြီ။ သူ့အတွက် ရေကူးရတာဟာ ဘာမှအပန်းမကြီးဘူးဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကူးနေပါတယ်။ အဲ့လိုကူးနေရင်းနဲ့ သူဟာ တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့
မြူတွေ အုံစိုင်းနေတာကို တွေ့လိုက်ရပါတယ်။
ဟုတ်ပါတယ်။ အဲ့ဒီနေ့က ရာသီဥတုဟာ နှင်းတွေကျပြီး မြူတွေစိုင်းနေပါတယ်။ သူဘာကိုမွ သဲသဲကွဲကွဲမမြင်ရဘဲ လက်ပစ်ကူးနေရတာပါ။
တော်တော်ကြာအောင် ကူးပြီးတဲ့အခါကျတော့ သူစိုးရိမ်စရိတ်ဝင်လာတယ်။ သူကူးနေတာ လမ်းကြောင်းရော မှန်ရဲ့လား၊ မြူတွေကြောင့် ဘာမှမမြင်ရဘဲ ဆန့်ကျင်ဘက်ကို ကူးနေမိပြီလား စိုးရိမ်စိတ်တွေဝင်လာတယ်။
နောက်တော့ တော်တော်ကြာကြာတဲ့အထိ ကူးနေပေမယ့်လည်း ကမ်းကို မရောက်နိုင်တော့ သူ့ဟာ လက်လျှော့လိုက်ပါတော့တယ်။ လက်လျှော့ပြီး သူ့ဆီ ကယ်ဆယ်ရေးတွေလွှတ်ဖို့ အကူအညီတောင်းပါတော့တယ်။
ကမ်းပေါ်ပြန်ရောက်တော့မှ သူသိလိုက်ရတာက သူဟာ ကမ်းနဲ့ မီတာ ၁၀၀ အကွာရောက်တော့မှ လက်လျှော့လိုက်တယ် ဆိုတာပါပဲ။
အင်တာဗျူးသမားတွေက သူ့ကို ဘာလို့ လက်လျှော့လိုက်တာလဲမေးတော့...
"မီတာ ၁၀၀ပဲ လိုတော့တယ်ဆိုတာ မသိလို့ပါ။ မီတာ ၁၀၀ ပဲ လိုတော့တယ်ဆိုတာသာ သိမယ်ဆိုရင် လက်လျှော့ခဲ့မှာ မဟုတ်ပါဘူး" လို့ ပြန်ပြောလိုက်ပါတယ်။
အဲ့လိုပဲ ကျွန်တော်တို့အနေနဲ့ တစ်ခါတလေကျရင် ဒီရေကူးချံပီယံလိုပဲ လက်လျှော့တော့မယ်လို့ ကြံတဲ့အချိန်ဟာ အောင်မြင်မှုနဲ့ မီတာ ၁၀၀ အကြာကို ရောက်နေတဲ့ အချိန်လည်း ဖြစ်နေတတ်တယ်။
လက်လျော့တော့မယ်ကြံတဲ့အခါတိုင်း ဒီအဖြစ်အပျက်ကလးကို ဆင်ခြင်သုံးသပ်ပြီး သေချာဆုံးဖြတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
မူရင်းရေးသားသူအားလေးစားစွာဖြင့်
Credits
တစ်ခါက လူတစ်ယောက်ဟာ
မိန်းမလှ တစ်ယောက်နဲ့
လက်ထပ်လိုက်တယ် - -
-
-
ရုပ်လှတဲ့အပြင်စိတ်ထားကလည်း
အရမ်းကောင်းတော့ အမျိုးသမီးကို
အရမ်းချစ်ရှာတယ်။
-
တစ်နေ့မှာ အမျိုးသမီးဟာ
အရေပြားရောဂါ စတင်ခံစား
လာရတယ်။
-
အကြောင်း တိုက်ဆိုင်ချင်တော့
တစ်ရက်မှာ အမျိုးသားကလည်း
အလုပ်ကိစ္စနဲ့ ခရီးထွက်ရတယ်။
-
ခရီးကနေ အိမ်ပြန်လမ်းမှာ
car accident ဖြစ်ပြီး မျက်စိ
နှစ်လုံးစလုံး ကွယ်သွားခဲ့တယ်။
-
-
ဒီနေရာမှာ ခဏလောက်ရပ်ပြီး
စဉ်းစားကြည့်ရအောင်..
-
အရေပြားရောဂါသည်နဲ့
မျက်မမြင်တယောက် ရဲ့
အိမ်ထောင်ရေးဟာ - -
-
ဘယ်သို့ ဘယ်ပုံခရီးဆက်
ကျမလဲ? ဘာတွေဆက်
ဖြစ်မယ်လို့ ထင်ပါသလဲ......?
-
တကယ်တော့ -
သူတို့ ၂ ယောက်ကြားမှာ
ဘာပြောင်းလဲမှု့မှမရှိခဲ့ပါဘူး။
-
အရင်လို ပျော်စရာကောင်းပြီး
ချစ်ချစ်ခင်ခင်နေတုန်းပဲ။
-
အချိန်တွေ ကုန်လာတာနဲ့အမျှ
အမျိုးသမီးရဲ့ အရေပြားရောဂါ
ဟာလည်း တစ်စ တစ်စ နဲ့
ပိုဆိုးလာတယ်။
-
မျက်မမြင် ယောက်ကျားက
သူမိန်းမ အရေပြားရောဂါ
ကြောင့်ရုပ်ပြတ် ဆင်းပြတ်
ခံစားနေရတာကိုမသိရှာ
ဘူးထင်ပါရဲ့။
-
သူတို့ နှစ် ယောက်ရဲ့
အိမ်ထောင်ရေးဟာ
ဟိုးအရင်ကထက်တောင်
တိုးပြီး ပိုလို့ ချစ်မြဲ ချစ်ဆဲ
ကြင်နာဆဲပဲ။
-
နောက်ဆုံးမှာတော့
အမျိုးသမီးဟာ အရေပြား
ရောဂါနဲ့ ဆုံးသွားရှာတယ်။
-
သူ့အတွက်တော့
ကြီးကျယ်တဲ့ဆုံးရှုံးမှုကြီး
တစ်ခုပဲလို့ခံစားရတယ်။
-
မိရိုးဖလာအတိုင်း ဇနီးရဲ့
အလောင်းကို မြေချပြီး
နောက်တစ်နေ့ မှာ -
-
အမျိုးသားဟာ ဇနီးသည်
ခေါင်းချခဲ့တဲ့ မြို့ ကနေ
အပြီးအပိုင်ထွက်သွားဖို့
ဆုံးဖြတ်လိုက်တယ်။
-
အဲ့ချိန်မှာ အိမ်နီးနားချင်း
လူတစ်ယောက်က စကား
လှမ်းပြောတယ် -- -
-
" ခင်ဗျား မျက်စိမမြင်တဲ့
ကာလတစ်လျှောက်လုံး
ခင်ဗျားရဲ့ ဝေယာဝစ္စတွေ
အကုန်လုံးကို -
-
ခင်ဗျားအမျိုးသမီးက
မငြီးမငြူ လုပ်ပေးခဲ့တာ
အခု ခင်ဗျားတစ်ယောက်
ထဲ ဘယ်လိုလုပ်မလဲ..
-
အမျိုးသားက ပြန်ပြောတယ်။
-
" ဒီမှာ မိတ်ဆွေ..... အမှန်က -
ကျွန်တော် မျက်စိမကန်းပါဘူး။
-
မမြင်ချင်ယောင်ဆောင်
နေခြင်းသာဖြစ်ပါတယ်။
-
ကျွန်တော့ အမျိုးသမီးဟာ
သူမရဲ့ ရုပ်ဆိုး အကြည်းတန်
နေတဲ့ မျက်နှာကို -
-
နေ့တိုင်း ကျွန်တော်မြင်နေရ
တယ်လို့ သူသိရင် - အဲ့ခံစားမှု့
ဟာ သူရောဂါဝေဒနာ ခံစား
မှုထက်ပိုပြီး နာကျင်လိမ့်မယ်။
-
ဒါကို ကျွန်တော်မမြင်ချင်ဘူး။
ရုပ်ပိုင်းဆိုင်ရာမလှတော့ပေမဲ့
သူမ ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ
အမြဲလှနေသူတစ်ယောက်ပါ။
-
စိတ်ထားဖြူစင်သူ
တစ်ယောက်မို့
ကျွန်တော်အတွက်
ဇနီးကောင်း တစ်ယောက်ပါ၊
-
ကျွန်တော်က သူအမြဲတမ်း
ပျော်ရွှင်ပြီး စိတ်ချမ်းသာ
နေတာကိုပဲ မြင်ချင်တဲ့
လူတေယာက် မို့ -
-
အခုလို ဟန်ဆောင်
ရခြင်းဖြစ်ပါတယ်။
-
-
လောကကြီးမှာ နှစ်ဦး နှစ်ဖက်
ပြေလည် ကောင်းစားဖို့အတွက်
တစ်ချို့သောအရာတွေကို မမြင်
ချင်ယောင်ဆောင်ပေးရပါတယ်။
#Credit:
#ပြန်လည်မျှဝေသည်
ဆုံးရှုံးသွားတဲ့အရာတစ်ချို့အတွက်
ကြေကွဲဝမ်းနည်းမှု့တွေနဲ့ အချိန်ကုန်မခံပါနဲ့
အပြောင်းအလဲ များတဲ့လောကကြီးမှာ
ဆုံးရှုံးမှုဆိုတာ ထူးဆန်းတဲ့အရာမှမဟုတ်တာ
ကျန်ရှ်နေတဲ့အချိန်လေးမှာ
သိမ်ငယ်မှု့နဲ့ အသက်မရှင်ပါနဲ့
ယုံကြည်မှုနဲ့ အသက်ရှင်ပါ
ယုံကြည်မှုဆိုတာ အောင်မြင်မှုရဲ့ သော့ချက်ဖြစ်နေလို့ပါ ။
လူဆိုတာ
ချမ်းသာဖိုထက် ကျန်းမာဖို့ကပိုအရေးကြီးတယ်
အားမာန်ရှ်ဖို့ထက် အမှားအမှန်သိဖို့အရေးကြီးတယ်
လူရည်သန့်ဖို့ထက် လူပီသဖို့ကပိုအရေးကြီးတယ်
ပညာတတ်ဖို့ထက် စာတတ်ဖို့ ပိုအရေးကြီးတယ်
မျိုးကောင်းဖို့ထက် အဆိုးအကောင်းသိဖို့ကပိုအရေးကြီးတယ်
ဒါမှလူပီသမှာပါ
Crd Original Writer
ပိုင်ရှင်မရှိတဲ့မြစ်ကို ရှာပါ။
ကိုယ့်အနီးအနားက လမင်းကိုပဲ ဖမ်းပါ။
အန္တရာယ်မရှိနိုင်တဲ့ အိပ်မက်ကိုပဲ မက်ပါ။
မလှည့်စားတတ်တဲ့အရိပ်မှာ ခိုပါ။
ကိုယ့်ကို တကယ်လာစေချင်လို့
ခင်းပေးတဲ့လမ်းကိုပဲ လျှောက်ပါ။
အတင်းလုယက် ဝင်စရာမလိုတဲ့တံခါးကိုပဲ ခေါက်ပါ။
အဆင့်အတန်း မခွဲတဲ့တိမ်ကို ရှာပါ။
ကိုယ့်ကို တကယ်ပြန်ကောင်းစေချင်တာ ကျိန်းသေတဲ့
ရာသီဥတုအောက်မှာပဲ ဖျားနာပါ။
ပြင်းထန်ပေမယ့် မယုတ်မာတဲ့
မုန်တိုင်းမျိုးတွေ့မှပဲ ' လွင့် ' ပါ ။
အကြံအစည်မရှိတဲ့ကြိုးကို ရှာပါ။
ကိုယ့်ကို မျက်နှာမငယ်စေတဲ့ ပြတင်းပေါက်ကနေပဲ ငေးပါ။
ထောင်ချောက် မဆင်ထားတဲ့ပုခုံးကိုပဲ မှီပါ။
အရောင်ခဏခဏမပြောင်းတဲ့
ကောင်းကင်အောက်မှာ နေပါ။
ကိုယ့်ကို တကယ်ကျစ်ကျစ်ပါအောင် ဆုပ်ထားမယ့်
နွယ်မှာပဲ အချည်နှောင်ခံပါ
သက်တောင်းသက်သာ ဖြစ်စေမယ့်နွံမှာပဲ နစ်ပါ ။
လွတ်လွတ်ကင်းကင်းရှိတဲ့ အရိပ်ကိုရှာပါ။
ကိုယ့်ကို ထပ်ပြီးမဖိနှိပ်မယ့် "ဝန် " ကိုပဲထမ်းပါ။
တွေ့သမျှ မြင်သမျှကို လှမ်းမခေါ်တတ်တဲ့
အမိုးအောက်မှာပဲ ခိုပါ ။
အဆိပ်မရှိတဲ့ကြယ်ကို ရှာပါ။
ကိုယ့်ကို တကယ်ဖိတ်ခေါ်တဲ့ တိမ်တွေဆီပဲ သွားပါ။
ပြန်လှည့်ကြည့်စရာမလိုတဲ့ မေတ္တာကိုပဲရွေးပါ ။
မာယာမရှိတဲ့အပင်ကို ရှာပါ။
ကိုယ်လက်လှမ်းမှီတဲ့နေရာက အပွင့်ကိုပဲခူးပါ
နောက်ဆံတင်းစရာမလိုတဲ့ ကြိုးကိုပဲချည်ပါ ။
ပြိုင်ဘက် မရှိတဲ့လှေကို ရှာပါ။
ကိုယ့်ကိုပျော်ရွှင်စေတဲ့ ရာသီဥတုမှာပဲနေပါ
အငြိုးအတေး မကြီးတဲ့ရေကိုပဲ သောက်ပါ ။
အဖော်မရှိတဲ့ ယုန်ကိုရှာပါ။
ကိုယ့်ကို လိုလိုလားလားရှိတဲ့ မြက်ခင်းပြင်ပေါ်မှာပဲ အိပ်ပါ ။
မျက်နှာပူစရာ မလိုတဲ့နံရံကိုပဲ မှီပါ။
အသုံးမကျတဲ့လူ_မဖြစ်စေနဲ့...🖋
✍ အသက် ၃၅ နှစ် ပြည့်တဲ့အချိန်ထိ
သင်ဟာ ဘာတစ်ခုမျှ မပိုင်သေးတဲ့အခါ
ဘယ်သူမှ သင့်ကို
သနားနေလိမ့်မယ် မထင်နဲ့...။😎
✍ စျေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့်
သင်ကျရှုံးခဲ့တဲ့ အခါမှာလည်း
ဘယ်ပြိုင်ဘက်ကမှ သင့်ကို
ကိုယ်ချင်းစာတယ် ဆိုပြီးတော့
လျှော့ပေးလိမ့်မယ် မထင်နဲ့...
"ကလေးကွက်နင်းနေတဲ့လူ စီးပွားရေး လောကမှာ
တစ်ယောက်မှ မပါဘူး"...။😎
✍ ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့
လမ်းခွဲသွားတဲ့အခါရော
ဘယ်သူကမှ သင့်ကို
စာနာလို့ ဆိုပြီးတော့ ကြယ်ငါးပွင့် ဟော်တယ်မှာ
မင်္ဂလာဆောင်ပေးမယ် မထင်နဲ့...။😎
✍ မိဘတွေကို ဆေးရုံဆေးခန်း
ကောင်းကောင်းမှာ ဆေးကုချင်တယ်
ဘယ်သူကမှ သင့်ကို
ချစ်လို့ ဆိုပြီးတော့
သင့်မိဘကို အကောင်းစား ဆေးရုံ ပို့ပေးမယ် မထင်နဲ့...။😎
✍ မိသားစု ဆင်းရဲလို့
မချမ်းသာလာတာပေါ့ဆိုတာ ဟုတ်ရဲ့လား...?
အသိပညာ မဆင်းရဲ စမ်းပါနဲ့
ဆင်ခြေတွေ အလီလီပေးနိုင်တဲ့ အတွက်
ဘယ်သူကများ
တော်လွန်းလို့ ဆိုပြီးတော့
ပိုက်ဆံလာပေးသလဲ မပေးဘူးနော်...။😎
✍ ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရလဒ်ကို
ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့
လျှောက်ရဲတဲ့ သတ္တိ မရှိတဲ့လူ ဆင်းရဲမှာပဲ...။😔
✍ စွန့်စားရမှာကို
ကြောက်နေတဲ့ လူဟာ ဆင်းရဲမှာပဲ...။😔
✍ ချမ်းသာချင်စိတ်
မပြင်းပြတဲ့လူဟာ ဆင်းရဲမှာပဲ...။😔
✍ အသွေးထဲ အသားထဲကနေ
ချမ်းသာချင်လာတဲ့လူဟာ
နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင်တော့ဘူး...
ပျောက်သွားတယ်...။💪
✍ ချမ်းသာဖို့ ဆိုရင် ၁၀၀% အပြည့်
ကိုယ့် ခွန်အားကို ထုတ်သုံးဖို့
အဆင်သင့် ဖြစ်နေကြတဲ့ လူတွေ ဖြစ်တယ်...။💪
✍ အသွေးထဲ အသားထဲကနေ
ချမ်းသာချင်လာတဲ့လူဟာ ဘာကြီးပဲ ဖြစ်နေနေ
အသစ်တွေ သင်ယူဖို့ကို
ဆာလောင်မွတ်သိပ်လာတယ်...။💪
✍ အမြဲတစေ ကိုယ့်အနေနဲ့
အဘက္ဘက္က
ပြီးပြည့်စုံဖို့အတွက်
တိုက်ချွတ် လေ့လာ နေလေ့ ရှိတယ်...။💪
✍ အသွေးထဲ အသားထဲကနေ
ချမ်းသာချင်လာတဲ့လူဟာ
ကျရှုံးခဲ့ရင်တောင် အဲဒီကျရှုံးမှုကို ဘေးဖယ် ထုတ်ပြီး
ဘယ်သူမှ စိတ်မကူးရဲတဲ့
အားထုတ်ခြင်း အသစ်တစ်ခုနဲ့ ဖြစ်စဉ်ကို
ချက်ချင်း ပြောင်းပြန်လှန်ပစ်ချင်သူတွေ ဖြစ်တယ်...။💪
✍ ဆင်ခြေတွေ
ဘေးဖယ် ထားလိုက်စမ်းပါ
သင်ရှေ့ဆက် ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်...
ငွေပုံရှိရာ လမ်းရယ်၊
အိမ် အပြန် လမ်းရယ်...
နှစ်ခု ထဲက တစ်ခုကို ရွေးရလိမ့်မယ်၊
ရပ်မနေနဲ့နော်...
သင်ဟာအသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်...💪
#ဘဝရဲ့ခရီးသည်
Credit ✍
Photo>Crd
,,,,,,,,,,,,,,,,,,
ဒီနေ့ဆီဆိုင်မှာ ဆီထည့်ဖို့စောင့်နေတုန်း
ရှေ့ကနေ ၅၀၀ ဖိုး ရလားလို့ မေးလိုက်တဲ့ အသံကြောင့်
ရုတ်တရက်ရယ်ချင်သွားတယ်။
ဒီဆီဈေးနဲ့ ၅၀၀ဖိုးဆိုတာ စဉ်းစားကြည့်ပါ။
ဒါပေမယ့်လည်း ဘဝတွေရှိတယ်ဆိုတာ တကယ်ပဲ။
မော့ကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက်၊
လက်ထဲမှာလည်း အနှုတ်လေးတွေ ဆုပ်လို့၊
ပန့်ကိုင်တဲ့ ကောင်မလေးကလည်း အားနာသွား
ပုံရတယ်၊ ခုတလော ၅၀၀ ဖိုးမရောင်းပေးသေးလို့ပါ
ရှင့်တဲ့၊
ဦးလေးကြီးမှာ ၅၀၀ပဲ ပါပုံရတယ်၊
ဆိုင်ကမရောင်းပေးတော့
ဆီမထည့်ရသေးပဲ မောင်းထွက်သွားရှာတယ်။
ဆိုင်ထိပ်ကျ ခဏရပ်ပြီး လက်ထဲက အနှုတ်လေး
တွေကိုသေချာ ရေနေရှာတာ
မြင်လိုက်တော့ ရင်ထဲတော်တော်
စိတ်မကောင်းဖြစ်သွားတာ၊
အနှုတ်ကလေးတွေ၁၀၀၀ပြည့်မလားလို့
ခဏခဏ ရေနေရှာတယ်နဲ့တူတယ်၊
ဆိုင်ထဲကိုလည်း ပြန်လှည့်လှည့်ကြည့်ပြီး
တစ်ခုခုပြန်လာပြောရကောင်းနိုးနိုး
ချိတုံချိတုံဖြစ်နေပုံရတယ်၊
ကိုယ်မြင်ရသလောက်တော့ ၅၀၀ မကျော်ဘူး
ထင်တာပဲ။
သူ အပြန်ပြန် ရေတွက်နေတာကို
အစဆုံးမြင်နေရတယ်၊(ကိုယ်က ၅၀၀၀ ဖိုးထည့်တာဆိုတော့ နည်းနည်းကြာတယ်လေ)
ကိုယ်ကလည်း
အဲ့ဒီလို ဘဝတွေမြင်ရင် မငဲ့ကြည့်ပဲကိုမနေနိုင်တာ၊
တတ်နိုင်သလောက်တော့ ကူကောင်းပါတယ်လေလို့
သူ့အနားသွားမိတယ်။
ဦးလေး "
ကျနော့် ဂရုဏာလေသံကို သူခံစားမိပုံရတယ်၊
အားကိုးတကြီး မော့ကြည့်ရှာတယ်၊
"ပေးပေး အဲ့ အနှုတ်တွေ ကျနော့်ကိုပေး..
ဒီတိုင်း အနှုတ်တွေကိုင်ပြီး သွားမေးရင်
ဦးလေးကို ဘယ်သူကမှ အရေးတယူရှိမှာမဟုတ်ဘူး"
သူ အားနာနေပုံရတယ်၊ ချက်ချင်းမပေးဘူး၊
ကိုယ် သူ့မျက်ဝန်းတွေကို နားလည်ပါတယ်၊
သူ ပေးရကောင်းနိုးနိုး တစ်ခုခုပြောချင်နိုးနိုး
ဝေခွဲမရဖြစ်နေပုံရတယ်၊
ကျနော်လည်း သူအနေရခက်မှာဆိုးတာနဲ့
ဆတ်ခနဲ သူ့လက်ထဲက
အနှုတ်လေးတွေဆွဲယူပြီး အိတ်ထဲကနေ
ငါးရာတန် အသစ်ချပ်ချွတ်တစ်ရွက် ထုတ်ပေးလိုက်
တယ်၊
"ရော့ ဦးလေး ကျနော် အနှုတ်လဲ ပေးလိုက်မယ်၊
ဦးလေးလည်း ခဏခဏ ထုတ်မရေရတော့ဘူးပေါ့
ကိုင်ရလည်း လွယ်တယ်လေ၊
ခွင့်ပြုဦးနော် ဦးလေး "
နှုတ်ဆက်ပြီး ကျနော် မောင်းထွက်လာခဲ့လိုက်
တယ်။
လှည့်မကြည့်လည်း သူ အံ့ဩဝမ်းသာပြီး
ကျန်ခဲ့မယ် ဆိုတာသိပါတယ်။
ကျနော်လည်းပီတိကိုစား အားရှိရတာပါပဲ၊
ပီတိဖြစ်ရပုံများ ဒီလောက်နဲ့ မပြီးဘူးဗျာ၊
တကယ်ပါ
လမ်းမှာ အမောပြေ ဘီယာဆိုင်ခဏဝင်ထိုင်တော့
သူ့ အနှုတ်လေးတွေထုတ်ရေမိတော့မှ
လားလား
၉၅၀ တောင်ဗျာ
စေတနာ လက်ငင်း အကျိုးပေးတယ်ဆိုတာ
တကယ်ပါပဲ။
နောက်ထပ်၂၅၀ပဲစိုက်ရပြီး တိုက်ဂါးတစ်ခွက်ဖိုး
ပိုထွက်လာတယ်လေ။
စိတ်ထားကောင်းရင် ကံကောင်းတယ်ဆိုတာ လက်တွေ့ပဲ
#Just_For_Fan
လေယာဉ်မှူး
လေယာဉ် သန့်ရှင်းရေး အလုပ်သမားတယောက်ဟာ လေယာဉ်မှူးရဲ့ အခန်းကို
သန့်ရှင်းရေးလုပ်ဖို့ ဝင်သွားတော့
"အတွေ့အကြုံမရှိသေးသူများအတွက်လေယာဉ်ပျံသန်းနည်း (အတွဲ၁)"
ဆိုတဲ့စာအုပ်တစ်အုပ်ကို တွေ့လိုက်ပါတယ်။
သူကပထမ စာမျက်နှာကိုလှန်လိုက်ပါတယ်။
''အင်ဂျင်ကို နိုးရန် အတွက် အနီ ရောင် ခလုပ် ကို နှိပ်ပါ၊"
အဲသည်အတိုင်းလုပ်လိုက်တာနဲ့ လေယာဉ်အင်ဂျင် စက်နိုးသွားတော့..သူပျော်သွားပြီး နောက်စာမျက်နှာကို လှန်လိုက်ပါတယ်။
“လေယာဉ်ရွေ့လျားဖို့အတွက် အပြာရောင်ခလုတ်ကို နှိပ်ပါ…” ဆိုတော့
သည်အတိုင်း လုပ်တာ
လေယာဉ်ဟာ အံ့သြစရာကောင်းတဲ့ အရှိန်နဲ့ ရွေ့လျားလာပါတော့တယ်။
လေယာဉ်ကိုပျံကြည့်ချင်လာတာနဲ.. တတိယမြောက်စာမျက်နှာကို လှန်ကြည့်လိုက်တော့ ...
''လေယာဉ်ပျံသန်းဖို့အစိမ်းရောင် ခလုတ်ကို နှိပ်ပါ.''..
အဲသည်အတိုင်းလုပ်လိုက်တာနဲ့ လေပျံကစပြီး ပျံသန်းတော့..သူ ရင်ခုန်သွားတယ်...!!
မိနစ် (၂၀) လောက် ပျံသန်းကြည့်ပြီးတဲ့ အခါကျတော့ကျေနပ်သွားပြီး လေယာဥ်ပျံ ကို
ပြန်ဆင်းချင်တာနဲ့စာမျက်နှာ (၄) ကိုဖွင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်...
စာမျက်နှာ (၄) မှာ ရေးထားတာက...
"လေယာဉ်ဆင်းသက်နည်းကို သိချင်ရင် အနီးဆုံးစာအုပ်ဆိုင်မှာ အတွဲ ၂ ကိုဝယ်ပါ။"
အဲ့သည်လူရဲ့အသုဘ
မနက်ဖြန် ချ ပါမယ်။
......သင်ခန်းစာ-......
အချက်အလက်ပြည့်စုံမှုမရှိဘဲနဲ့ ဘယ်အရာကိုမှကြိုးစားမကြည့်ပါနှင့်။
တစ်ပိုင်းတစ်စသိထားတဲ့ ပညာရပ်ဟာ အန္တရာယ်ရှိယုံမျှမက အပျက်သဘော ပါ ပါတယ်။
သားသမီးတွေကို ပညာကောင်းကောင်း သင်ပေးပါ။
Credit original writer.
" ခန္ဓာကိုယ်ကိုRestartချခြင်း "
ဖတ်ကြည့်ပါ စာရှည်ပေမဲ့ သင်တန်ဖိုးရှိတဲ့ အသိတခုရပါလိမ့်မယ် တကယ်ပါ.
လူအများကိုင်နေကြတဲ့ဖုန်းတွေ လေးလာတယ် error တွေတက်လာတယ်. Appalication တခုခုကို ဝင်ရင် အကြာကြီး အဝိုင်းလည်နေမယ် Momery တွေပြည့်နေမယ် စတာတွေဖြစ်လာပြီဆိုရင် လူတိုင်း ဖုန်းကို Restart ချတတ်ကြပါတယ်
ဖုန်း Restart ချပြီး ပြန်ဖွင့်လိုက်တဲ့အခါ Software တွေ Appalication တွေဖွင့်ရတာ ပေါ့သွားမယ် Facebook တွေဘာတွေထဲ ဝင်လိုက်ရင် အရမ်းသွက်လာတတ်ပါတယ်
ဒါဟာ ဘာလို့လဲဆိုတော့ ဖုန်းထဲမှာရ်ှနေတဲ့ မလိုအပ်ပဲ run နေတဲ့ မမြင်ရတဲ့ function တွေ stress တွေဟာ ပျောက်သွား လျော့သွားလို့ပါပဲ
ဒီလိုပါပဲ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးဟာလဲ ဖုန်းတလုံးနဲ့ အလားသဏ္ဍန်တူပါတယ်
မွေးကထဲကနေ လက်ရှိအသက်အရွယ်အထိ မနားကြရပါဘူး စာတွေကျက်ကြရတယ် အလုပ်တွေလုပ်ကြရတယ် ပိုက်ဆံတွေရှာရ ဖွေရ စုရ ဆောင်းရပါတယ် ချစ်သူထားရ အိမ်ထောင်ပြုရ သားသမီးမွေးရ နဲ့
ကျင်လည်ရတဲ့ဘဝတလျောက်မှာ လိုသူတွေလဲတွေ့သလို မလိုသူတွေလဲတွေ့ခဲ့ရ အတိုက်အခိုက်တွေ မနာလိုမှုတွေ ပြိုင်ဆိုင်မှုတွေ နိမ့်ကျမှုတွေ စတဲ့ မလိုအပ်ပဲ လည်ပါတ်နေရတဲ့ function တွေ stress တွေဟာ အများကြီးပါ
အဲခါကျရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဖုန်းတလုံးလိုပဲ လေးပြီး ဟန်းလာပါတော့တယ်
-ရောဂါတွေဖြစ်လာမယ်
-ဒေါသတွေဖြစ်လာမယ်
-ရုပ်တွေကျလာမယ်
-အိပ်မပျော်တာတွေဖြစ်လာမယ်
-အသက်တွေ တိုလာပါတော့တယ်
အဲခါကျရင် ကျွန်တော်တို့ရဲ့ ခန္ဓာကြီးကို ဖုန်းတလုံးလို Restart ချပေးဖို့ လိုလာပါပြီ
အဲတော့ ခန္ဓာကိုယ်ကို ဘယ်လို restart ချမလဲ ဆိုတော့
လွယ်ပါတယ် ကျွန်တော်ပြောပြ ပါမယ်
-မနက်စောစောထပါ (အရမ်းအစောကြီး မလိုပါဘူး ဒီလို အေးတဲ့ရာသီဆို 5:30 နောက်ကျဆုံး ၆ နာရီလောက်ထရင် ရပါပြီ ဒီထက်ပို စောထနိုင်ရင်တော့ အကောင်းဆုံးပေါ့)
နေ့တိုင်းမလိုပါဘူး တရက်လောက် restart ချပေးရင် ခန္ဓာကိုယ်က သိသာပါတယ်
စောစောထပြီး ရေဖန်ခွက် တခွက် အဝသောက်ပါ မျက်နာသစ်
အပေါ့အပါးသွားပြီး မနက်ခင်း ရောင်ခြည်ဦးကို ခံပါ လေကို ရူရိုက်ပါ ၁၅ မိနစ်လောက်
နံနက်ခင်း ထွက်လာတဲ့ ရောင်နီဦးဟာ အရမ်းလှပလို့ စိတ်အမောကို တကယ်ပြေစေပါတယ်
လူတွေအားလုံး မနိုးကြသေးတဲ့အတွက် လောကဓာတ်တခုလုံး တိတ်ဆိတ်ပြီး သင့်စိတ်အညစ်ကြေး တွေ ပျောက်သွားပါလိမ့်မယ်
ပြီးရင် ဘုရားစင်ရှေ့သွားပါ
ဘုရားမျက်နာတော်ကိုသေချာ ကြည့်အားရုံပြုပြီး မိမိနှစ်သက်ရာ ဂါထာတခုခုနဲ့ ဘုရားရှိခိုးပါ
ပြီးရင် အနဲဆုံး ၁၀ မိနစ်လောက် ငြိမ်ငြိမ်သက်သက် တရားထိုင်ပါ
တရားမထိုင်ဖူးလို့ ဘယ်လိုထိုင်ရမလဲ မသိရင် လွယ်လွယ်လေးပါ စိတ်ကို ပျံ့မသွားအောင် တနေရာမှာ စုစည်းလိုက်တာဟာ တရားထိုင်တာပါပဲ
တင်ပလင်ခွေထိုင် ခါးကိုစန့်ထား ပါစပ်ကိုပိတ်ပြီး နှခေါင်းနဲ့ အသက်အဝရူပါ နှခေါင်းထိပ်ကို လေတိုးဝင်သွားတာကို မျက်လုံးမှိတ်ပြီး မြင်အောင်ကြည့်ပါ ၅ စက္ကန့်လောက်အောင့်ထား ပြီးရင် နှခေါင်းကနေပဲ လေကို ပြန်ထုတ်ပါ ထွက်သွားတဲ့လေ နှာခေါင်းထိပ်တိုးသွားတာ သိလာပါလိမ့်မယ် မြင်အောင်ကြည့်ပါ
ဒါလေးပါပဲ လွယ်လွယ်လေးပါ
၁၀ မိနစ်ဆိုတဲ့ တိုတိုလေး အတွင်းမှာ ကိုယ့်စိတ်ကလေးဟာ အေးချမ်း အပြစ်ကင်းပြီးကိုယ့်နှာသီးထိပ်မှာ ပဲ ရှိနေပါလိမ့်မယ်
စစချင်းရက်မှာ စိတ်ကနာသီးထိပ်မှာ မနေပဲ နေရာအနှံ့လျောက်သွားနေပါလိမ့်မယ် ရအောင် ပြန်ခေါ် ပြန်ထားပါ
၃ ရက်လောက်ဆိုရင် သင့်စိတ်ကို ထိမ်းချုပ်နိုင်ပါပြီ
တရားထိုင်ပြီးတဲ့ အချိန်မှာ သင့်ခန္ဓာကိုယ်ဟာ ပေါ့ပါး နေတာ လန်းဆန်းနေတာ သင်ချက်ခြင်း ခံစားရပါတယ်
ပြီးရင် ၃၁ ဘုံကြင်လည်ကုန်သော လူနတ်ဗြန္မာ သတ္တဝါ အားလုံး ကျန်းမာချမ်းသာ ကြပါစေလို့ စိတ်နှစ်ပြီး မေတ္တာပို့ပါ
အဲတာဆို သင် restart ချပြီးပါပြီ
Stress နဲတဲ့သူဆိုရင် restart တခါချရင် ၃ ရက်လောက်ထိခံပါတယ်
Stress များတဲ့ လူကတော့ တပါတ်လောက် ဆက်တိုက် restart ချကြည့်ပါ အရမ်းကို သိသာလာပါလိမ့်မယ်
-အခုလို အသက်ရူလမ်းကြောင်းရောဂါတွေ ကာကွယ်ပါလိမ့်မယ်
-အဆုတ်အားကောင်းလာမယ်
-ညဘက် အရမ်းအိပ်လို့ကောင်းပါလိမ့်မယ်
-အရွယ်တင်လာပါလိမ့်မယ်
-ဆီချို သွေးတိုး နှလုံး မီးယပ်ရောဂါတွေ ပျောက်မယ်
-လောဘ ဒေါသ မောဟတွေ နဲလာမယ်
-မှတ်ညာဏ်တွေပြန်ကောင်းလာမယ်
-အာရုံစူးစိုက်နိုင်စွမ်းတွေတက်လာမယ်
ကျွန်တော့်ရဲ့ ကိုယ်တွေ့နည်းလေးပါ ယုံကြည်သူများ လိုက်ပါလုပ်ဆောင်၍ ခံစားနိုင်ကြပါစေ
သင်ဆရာ မြင်ဆရာများကို ဂါရဝပြုလျက်...
Credit မူရင်း
ချစ်ခြင်းများဖြင့်..
Moy Tun (စာပေ ပရဟိတ )
လူ(၃)မျိုး
မင်းဘဝမှာ လူ(၃)မျိုးနဲ့
ဆုံရပါလိမ့်မယ်။
(၁) သစ်ရွက်လိုလူ
(၂) သစ်ကိုင်းလိုလူ
(၃) သစ်မြစ်လိုလူ
ဒီလို လူတွေနဲ့ပါ။
သစ်ရွက်လိုလူ...
*******
ဒီလိုလူတွေက မင်းဘဝထဲမှာ
ရာသီတစ်ခုနဲ့ ရောက်လာကြတာ။
အားနည်းတဲ့အတွက်
သူတို့ကို အားကိုးလို့မရဘူး။
သူတို့လိုချင်တာသာ
ယူဖို့လာတဲ့အတွက်...
လေတိုက်ရင် ထွက်သွားကြလိမ့်မယ်။
အဆင်ပြေတဲ့အခါ
ဒီလူတွေက မင်းကို ချစ်ပေမယ့်
လေတိုက်တဲ့အခါ
မင်းကို ထားခဲ့လိမ့်မယ်။
သစ်ကိုင်းလိုလူ...
****
ဒီလိုလူတွေက သန်မာတယ်။
ဒါပေမယ့် သူတို့ကိုလည်း သတိထားရမယ်။
ဘဝက ခက်ခဲလာပြီး
ဝန် အလွန်အကျွံကို မထိန်းနိုင်တဲ့အခါ
ကျိုးပဲ့သွားလိမ့်မယ်။
တစ်ချို့ရာသီတွေမှာ
မင်းနဲ့အတူ ရှိနိုင်ပေမယ့်
ပိုခက္ခဲလာတဲ့အခါ
ဖဲ့ထွက်သွားလိမ့်မယ်။
သစ်မြစ်လိုလူ...
******
ဒီလိုလူတွေရဲ့ စိတ်ရင်းခံကို
မင်းမြင်ဖို့ အလွန်ခက်ခဲပေမယ့်
သူတို့က မင်းဘဝအတွက်
အလွန်အရေးကြီးပါတယ်။
မင်းဘဝရဲ့
အလွန်ခက်ခဲတဲ့အချိန်ကာလကို
ဖြတ်သန်းနေချိန်မှာ
မင်းအနေအထားကို တည်ငြိမ်မှုရှိအောင်
သူတို့က ဖေးမကူညီထားလိမ့်မယ်။
သူတို့က မင်းကို
တကယ်ချစ်တဲ့သူတွေပါ။
မင်းဘဝမှာ
ဆုံခဲ့ရတဲ့သူတွေ...
ချစ်ခဲ့ရတဲ့ သူငယ်ချင်းတွေ...
အားလုံးကေတာ့
သစ်မြစ်လိုလူချည့် မဟုတ်နိုင်ဘူးပေါ့။
ခက်ခဲတဲ့ကာလမှာ
အတူရှိနေသူတွေကမှ
သစ်မြစ်လိုလူလို့ ဆိုနိုင်မယ်။
သစ်မြစ်လိုလူတွေကတော့
ရာသီမရွေး
မင်းနဲ့အတူ ရှိနေပါလိမ့်မယ်ဟု
ဆိုနိုင်ပါကြောင်း။ ။
#ခီရီဒီးဒ်
▪️ကမ္ဘာ့လေယာဉ်ပျံထုတ်လုပ်မှုအများနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ပြင်သစ်
၃။ ဂျာမနီ
၄။ ကနေဒါ
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
▪️ကမ္ဘာ့ခရီးသွားဝင်ရောက်မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ပြင်သစ်
၂။ စပိန်
၃။ အမေရိကန်
၄။ တရုတ်
၅။ အီတလီ
၆။ တူရကီ
၇။ မက်ကစီကို
၈။ ထိုင်း
၉။ ဂျာမဏီ
၁၀။ ယူနိုက်တက်ကင်းဒမ်း ( UK )
▪️ကမ္ဘာ့ရေနံထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ ဆော်ဒီအာရေဗျ
၄။ ကနေဒါ
၅။ အီရတ်
၆။ တရုတ်
၇။ ယူအအေီ ( UAE )
၈။ ဘရာဇီး
၉ ။ ကူဝိတ်
၁၀။ အီရန်
▪️ကမ္ဘာ့မိုဘိုင်းဖုန်းတင်ပို့မှုအများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ ဗီယက်နမ်
၃။ ဟောင်ကောင် ( တရုတ် )
၄။ အမေရိကန်
၅။ ဂျာမနီ
၆။ ချက်သမ္မတနိုင်ငံ
၇။ စင်္ကာပူ
၈။ တောင်ကိုရီးယား
၉။ အိန္ဒိယ
၁၀။ ဩစတြီးယား
▪️ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအများနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အီတလီ
၂။ တရုတ်
၃။ စပိန်
၄။ ပြင်သစ်
၅။ ဂျာမနီ
၆။ အိန္ဒိယ
၇။ မက်ကစီကို
၈။ ယူနိုက်တက်ကင်းဒမ်း ( UK )
၉။ ရုရှား
၁၀။ အမေရိကန်
▪️ကမ္ဘာပေါ်၌ နျူကလီးယားလက်နက်ရှိသော နိုင်ငံများ
၁။ ရုရှား
၂။ အမေရိကန်
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အိန္ဒိယ
၇။ ပါကစ္စတန်
၈။ အစ္စရေး
၉။ မြောက်ကိုရီးယား
▪️ကမ္ဘာပတ်လမ်းကြောင်းတွင် လည်ပတ်မှုအများဆုံး ဂြိုလ်တုရှိတဲ့ နိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ ရုရှား
၄။ ဂျပန်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
▪️ကမ္ဘာ့အိုင်ကျူ( IQ ) အမြင့်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဂျပန်
၂။ ထိုင်ဝမ်
၃။ စင်္ကာပူ
၄။ ဟောင်ကောင် ( တရုတ် )
၅။ တရုတ်
၆။ တောင်ကိုရီးယား
၇။ ဘီလာရု
၈။ ဖင်လန်
၉။ လက်ချင်စတိန်း
၁၀။ ဂျာမနီ
▪️ကမ္ဘာ့အီးကျူ( EQ ) အမြင့်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဖိလစ်ပိုင်
၂။ အယ်ဆာဗေဒို
၃။ ဘာရိန်း
၄။ အိုမန်
၅။ ကိုလံဘီယာ
၆။ ချီလီ
၇။ ကော်စတာရီကာ
၈။ ကနေဒါ
၉။ ဂွာတီမာလာ
၁၀။ ဘိုလီဗီးယား
▪️ကမ္ဘာ့ပျမ်းမျှအရပ်အရှည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ နယ်သာလန်
၂။ မွန်တီနီဂရိုး
၃။ ဒိန်းမတ်
၄။ နော်ဝေး
၅။ ဆားဘီးယား
၆။ ဂျာမနီ
၇။ ခရိုအေးရှား
၈။ ချက်သမ္မတနိုင်ငံ
၉။ ဆလိုဗေးနီးယား
၁၀။ လူဇင်ဘတ်
▪️ကမ္ဘာ့ပျမ်းမျှအရပ်အပုဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အင်ဒိုနီးရှား
၂။ ဘိုလီဗီးယား
၃။ ဖိလစ်ပိုင်
၄။ ဗီယက်နမ်
၅။ ကမ္ဘောဒီးယား
၆။ နီပေါ
၇။ အီကွေဒေါ
၈။ သီရိလင်္ကာ
၉။ နိုင်ဂျင်ရီးယား
၁၀။ ပီရူး
▪️ကမ္ဘာ့မိုးမျှော်တိုက်အများဆုံးရှိတဲ့နိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ အမေရိကန်
၃။ ယူအအေီး ( UAE )
၄။ တောင်ကိုရီးယား
၅။ ဂျပန်
၆။ မလေးရှား
၇။ ဩသတြေးလျ
၈။ အင်ဒိုနီးရှား
၉။ ကနေဒါ
၁၀။ ထိုင်း
▪️ကမ္ဘာ့မိုးမျှော်တိုက်အများဆုံးရှိတဲ့မြို့ကြီး ( ၁၀ ) မြို့
၁။ ဟောင်ကောင် ( တရုတ် )
၂။ ရှိန်းကျိန့် ( တရုတ် )
၃။ နယူးယောက် ( အမေရိကန် )
၄။ ဒူဘိုင်း ( ယူအေအီး )
၅။ ရှန်ဟိုင်း ( တရုတ် )
၆။ ကွမ်းကျိုး ( တရုတ် )
၇။ တိုကျို ( ဂျပန် )
၈။ ကွာလာလမ်ပူ ( မလေးရှား )
၉။ ချုံချင့် ( တရုတ် )
၁၀။ ချီကာဂို ( အမေရိကန် )
▪️ကမ္ဘာ့ပျမ်းမျှအသက်ရှည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဟောင်ကောင် ( တရုတ် )
၂။ ဂျပန်
၃။ မကာအို ( တရုတ် )
၄။ ဆွစ်ဇာလန်
၅။ စင်္ကာပူ
၆။ အီတလီ
၇။ စပိန်
၈။ ဩစတြေးလျ
၉။ အိုက်စလန်
၁၀။ တောင်ကိုရီးယား
▪️ကမ္ဘာ့ပျမ်းမျှအသက်တိုဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဗဟိုအာဖရိကသမ္မတနိုင်ငံ
၂။ ချဒ်သမ္မတနိုင်ငံ
၃။ လီဆိုသို
၄။ နိုင်ဂျီရီးယား
၅။ ဆီရာလီယွန်
၆။ ဆိုမာလီယာ
၇။ အိုင်ဗရီကို့စ်
၈။ တောင်ဆူဒန်
၉။ ဂင်းနီဗစ်ဆော
၁၀။ အီကွေတာဂီနီ
▪️ကမ္ဘာ့အမြင့်ဆုံးရုပ်တုကြီး ( ၅ ) ရုပ်
၁။ ညီညွတ်ရေးရုပ်တု ( အိန္ဒိယ )
၂။ ရေပူစမ်းကျောင်းတော် ဗုဒ္ဓရုပ်ပွားတော် ( တရုတ် )
၃။ လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီး ( မြန်မာ )
၄။ အုရှိခုဗုဒ္ဓရုပ်ပွားတော်ကြီး ( ဂျပန် )
၅။ ဆန်းဒိုင်းဗောဓိသတ္တ ရုပ်ပွားတော်ကြီး ( ဂျပန် )
▪️ကမ္ဘာ့ရွှေထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ ဩစတြေးလျ
၃။ ရုရှား
၄။ အမေရိကန်
၅။ ကနေဒါ
▪️ကမ္ဘာ့စိန်ထုတ်လုပ်မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ဘော့ဆွာနာ
၃။ ကနေဒါ
၄။ ကွန်ဂို
၅။ တောင်အာဖရိက
▪️ကမ္ဘာ့ပေါ်၌ ပတ္တမြားထွက်ရှိသောနိုင်ငံများ
၁။ မြန်မာ
၂။ ထိုင်း
၃။ မဒါဂတ်စကား
၄။ သီရိလင်္ကာ
၅။ ကင်ညာ
၆။ ကမ္ဘောဒီးယား
၇။ ဗီယက်နမ်
၈။ ဩစတြေးလျ
၉။ ပါကစ္စတန်
၁၀။ အိန္ဒိယ
၁၁။ မာလဝီ
၁၂။ မိုဇမ်ဘစ်
၁၃။ တန်ဇန်နီးယား
၁၄။ အာဖဂန်နစ္စတန်
( ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ပတ္တမြားများကို မြန်မာနိုင်ငံမှ ထွက်ရှိပြီး ကမ္ဘာ့ပတ္တမြားထုတ်လုပ်မှု၏ ( ၉၀ ) ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံမှ ဖြစ်ပါတယ် )
▪️ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းထွက်ရှိသော နိုင်ငံ ( ၅ ) နိုင်ငံ
၁။ မြန်မာ
၂။ အမေရိကန်
၃။ ဂွာတီမာလာ
၄။ ကော်စတာရီကာ
၅။ မက်ကစီကို
( ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းများကို မြန်မာနိုင်ငံမှ ထွက်ရှိပြီး ကမ္ဘာ့ကျောက်စိမ်းထုတ်လုပ်မှု၏ ( ၇၀ ) ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံမှ ဖြစ်ပါတယ် )
မူရင်းကိုခရက်ဒစ်ပေးပါသည်
#credit
▪️ကမ္ဘာ့အချမ်းသာဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ နယူးယောက် ( အမေရိကန် )
၂။ တိုကျို ( ဂျပန် )
၃။ ဆန်ဖရန်စစ္စကို ( အမေရိကန် )
၄။ လန်ဒန် ( အင်္ဂလန် )
၅။ စင်္ကာပူ ( စင်္ကာပူ )
၆။ လော့စ်အိန်ဂျယ်လိစ် ( အမေရိကန် )
၇။ ချီကာဂို ( အမေရိကန် )
၈။ ဟူစတန် ( အမေရိကန် )
၉။ ဘေကျင်း ( တရုတ် )
၁၀။ ရှန်ဟိုင်း ( တရုတ် )
▪️ကမ္ဘာ့ဘီလီယံနာအများဆုံး ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ အိန္ဒိယ
၄။ ဂျာမဏီ
၅။ ရုရှား
၆။ ဟောင်ကောင် ( တရုတ် )
၇။ ဘရာဇီး
၈။ ကနေဒါ
၉။ ယူနိုက်တက်ကင်းဒမ်း ( UK )
၁၀။ အီတလီ
▪️ကမ္ဘာ့ဘီလီယံနာအများဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ နယူးယောက် ( အမေရိကန် )
၂။ ဘေကျင်း ( တရုတ် )
၃။ ဟောင်ကောင် ( တရုတ် )
၄။ လန်ဒန် ( အင်္ဂလန် )
၅။ ရှန်ဟိုင်း ( တရုတ် )
၆။ ရှိန်းကျိန့် ( တရုတ် )
၇။ မော်စကို ( ရုရှား )
၈။ မွန်ဘိုင်း ( အိန္ဒိယ )
၉။ ဆန်ဖရန်စစ္စကို ( အမေရိကန် )
၁၀။ ဆိုးလ် ( တောင်ကိုရီးယား )
▪️ကမ္ဘာ့ကိုးကွယ်မှုအများဆုံး ဘာသာကြီး ( ၅ ) ဘာသာ
၁။ ခရစ်ယာန်ဘာသာ
၂။ အစ္စလာမ်ဘာသာ
၃။ ဟိန္ဒူဘာသာ
၄။ ဗုဒ်ဓဘာသာ
၅။ ဆစ်ဘာသာ
▪️ကမ္ဘာ့ခရစ်ယာန်ဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ ဘရာဇီး
၃။ မက်ကစီကို
၄။ ရုရှား
၅။ ဖိလစ်ပိုင်
၆။ နိုင်ဂျီရီးယား
၇။ တရုတ်
၈။ ကွန်ဂို
၉။ ဂျာမနီ
၁၀။ အီသီယိုးပီးယား
▪️ကမ္ဘာ့အစ္စလာမ်ဘာသာဝင်အများနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အင်ဒိုနီးရှား
၂။ ပါကစ္စတန်
၃။ အိန္ဒိယ
၄။ ဘင်္ဂလားဒေ့ရှ်
၅။ နိုင်ဂျီရီးယား
၆။ အီဂျစ်
၇။ အီရန်
၈။ တူရကီ
၉။ အယ်ဂျီရီးယား
၁၀။ ဆူဒန်
▪️ကမ္ဘာ့ဟိန္ဒူဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ နိပေါ
၃။ ဘင်္ဂလားဒေ့ရှ်
၄။ အင်ဒိုနီးရှား
၅။ ပါကစ္စတန်
၆။ သီရိလင်္ကာ
၇။ အမေရိကန်
၈။ မလေးရှား
၉။ ယူနိုက်တက်ကင်းဒမ်း ( UK )
၁၀။ မြန်မာ
▪️ကမ္ဘာ့ဗုဒ္ဓဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ ထိုင်း
၃။ မြန်မာ
၄။ ဂျပန်
၅။ ကမ္ဘောဒီးယား
၆။ ဗီယက်နမ်
၇။ သီရိလင်္ကာ
၈။ တောင်ကိုရီးယား
၉။ အိန္ဒိယ
၁၀။ မလေးရှား
▪️ကမ္ဘာ့ဆစ်ဘာသာဝင်အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ ယူနိုက်တက်ကင်းဒမ်း ( UK )
၃။ အမေရိကန်
၄။ ကနေဒါ
၅။ ဩစတြေးလျ
၆။ မလေးရှား
၇။ အီတလီ
၈။ ထိုင်း
၉။ ပါကစ္စတန်
၁၀။ ဖိလစ်ပိုင်
▪️ကမ္ဘာ့ပေါ်၌ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ အာဂျင်တီးနား
၂။ အာမနေီးယား
၃။ တူဗားလူ
၄။ ကော်စတာရီကာ
၅။ ဒိန်းမတ်
၆။ အင်္ဂလန်
၇။ ဂရိ
၈။ ဂျော်ဂျီယာ
၉။ အိုက်စလန်
၁၀။ အယ်ဆာဗေဒို
၁၁။ အီသီယိုးပီးယား
၁၂။ မိုနာကို
၁၃။ ဗာတီကန်စီးတီး
၁၄။ ဟန်ဂေရီ
၁၅။ နော်ဝေး
၁၆။ ဖရိုးကျွန်းစု
၁၇။ ဆားဘီးယား
၁၈။ တွန်ဂါ
၁၉။ ဆမိုးအား
၂၀။ မော်လတာ
၂၁။ လက်ချင်စတိန်း
၂၂။ ဇမ်ဘီယာ
▪️ကမ္ဘာ့ပေါ်၌ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ အာဖဂန်နစ္စတန်
၂။ အယ်ဂျီရီးယား
၃။ ဘင်္ဂလားဒေ့ရှ်
၄။ ဘာရိန်း
၅။ ဘရူနိုင်း
၆။ ကိုမိုရို
၇။ ဂျီဘူတီ
၈။ အီဂျစ်
၉။ အီရန်
၁၀။ အီရတ်
၁၁။ ဂျော်ဒန်
၁၂။ ကူဝိတ်
၁၃။ လစ်ဗျား
၁၄။ မော်လဒိုက်
၁၅။ မလေးရှား
၁၆။ မော်ရီတေးနီးယား
၁၇။ မော်ရိုကို
၁၈။ အိုမန်
၁၉။ ပါကစ္စတန်
၂၀။ ပါလက်စတိုင်း
၂၁။ ကာတာ
၂၂။ ဆော်ဒီအာရေဗျ
၂၃။ ဆာရာဝီ
၂၄။ ဆိုမာလီယာ
၂၅။ တူနီးရှား
၂၆။ ယူအအေီး ( UAE )
၂၇။ ယီမင်
▪️ကမ္ဘာ့ပေါ်၌ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင် ပြဌာန်းထားသော နိုင်ငံများ
၁။ ဘူတန်
၂။ ကမ္ဘောဒီးယား
▪️ကမ္ဘာပေါ်၌ ဟိန္ဒူဘာသာ နှင့် ဆစ်ဘာသာတို့တွင် နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဌာန်းထားသော နိုင်ငံမရှိပေ။
▪️ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ( ၁၉၃ ) နိုင်ငံရှိသည်။
▪️ကမ္ဘာ့ကုလသမဂ္ဂတွင် ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသော ဘာသာများ
၁။ အင်္ဂလိပ်
၂။ တရုတ်
၃။ ပြင်သစ်
၄။ စပိန်
၅။ ရုရှား
၆။ အာရပ်
▪️ကမ္ဘာ့ကုလသမဂ္ဂတွင် ဗီတိုအာဏာ သုံးစွဲပိုင်ခွင့် ရှိသော နိုင်ငံများ
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
▪️ကမ္ဘာ့ကုလသမဂ္ဂ၌ အမြဲတမ်းအဖွဲ့နိုင်ငံ ( ၁၅ )
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ ပြင်သစ်
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အယ်ဘေနီးယား
၇။ ဘရာဇီး
၈။ ဂါဘွန်
၉။ ဂါနာ
၁၀။ အိန္ဒိယ
၁၁။ အိုင်ယာလန်
၁၂။ ကင်ညာ
၁၃။ မက်ကစီကို
၁၄။ နော်ဝေး
၁၅။ ယူအအေီး ( UAE )
▪️ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အိန္ဒိယ
၂။ ဗီယက်နမ်
၃။ ထိုင်း
၄။ ပါကစ္စတန်
၅။ အမေရိကန်
▪️ကမ္ဘာ့ဂျုံတင်ပို့မှုအများနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ အိန္ဒယ
၃။ ရုရှား
၄။ အမေရိကန်
၅။ ပြင်သစ်
▪️ကမ္ဘာ့စစ်လက်နက်ရောင်ချမှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ ပြင်သစ်
၄။ တရုတ်
၅။ ဂျာမဏီ
▪️ကမ္ဘာ့မော်တော်ကားထုတ်လုပ်မှုအများနိုင်ငံ ( ၅ )
၁။ တရုတ်
၂။ အမေရိကန်
၃။ ဂျပန်
၄။ အိန္ဒိယ
၅။ တောင်ကိုရီးယား
▪️ကမ္ဘာ့မော်တော်ဆိုင်ကယ်တင်ပို့မှုအများဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ တရုတ်
၂။ ဂျာမနီ
၃။ အိန္ဒိယ
၄။ ထိုင်း
၅။ ဂျပန်
သိကိုသိထားသင့်တဲ့ဗဟုသုတ
▪️ကမ္ဘာ့ဧရိယာအကျယ်ဆုံး နိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ကနေဒါ
၃။ တရုတ်
၄။ အမေရိကန်
၅။ ဘရာဇီး
▪️ကမ္ဘာ့ဧရိယာအသေးဆုံး နိုင်ငံ ( ၅ ) နိုင်ငံ
၁။ ဗာတီကန်စီးတီး
၂။ မိုနာကို
၃။ နအူရူး
၄။ တူဗားလူ
၅။ ဆန်မာရီနို
▪️ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ တရုတ်
၂။ အိန္ဒိယ
၃။ အမေရိကန်
၄။ အင်ဒိုနီးရှား
၅။ ပါကစ္စတန်
၆။ နိုင်ဂျီရီးယား
၇။ ဘရာဇီး
၈။ ဘင်္ဂလားဒေ့ရှ်
၉။ ရုရှား
၁၀။ မက်ကစီကို
▪️ကမ္ဘာ့လူဦးရေ အနည်ဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ ဗာတီကန်စီးတီး
၂။ နအူရူး
၃။ တူဗားလူ
၄။ ပလောင်း
၅။ ဆန်မာရီနို
၆။ လက်ချင်စတိန်း
၇။ မိုနာကို
၈။ Saint Kitts and Nevis
၉။ မာရှယ်ကျွန်းများ
၁၀။ ဒိုမီနီကာ
▪️ကမ္ဘာ့အချမ်းသာဆုံး ( ၁၀ ) နိုင်ငံ
( လူတစ်ဦးချင်းဝင်ငွေ )
၁။ လူဇင်ဘတ်
၂။ စင်ကာပူ
၃။ အိုင်ယာလန်
၄။ ကာတာ
၅။ မကာအို ( တရုတ် )
၆။ ဆွတ်ဇာလန်
၇။ ယူအအေီး ( UAE )
၈။ နော်ဝေး
၉။ အမေရိကန်
၁၀။ ဘရူနိုင်း
( စာရင်းကောက်မရသောနိုင်ငံများ — အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ဆီးရီးယား၊ ယူကရိန်း )
▪️ကမ္ဘာ့အဆင်းရဲဆုံး ( ၁၀ ) နိုင်ငံ
( လူတစ်ဦးချင်းဝင်ငွေ )
၁။ ဘူရွန်ဒီ
၂။ တောင်ဆူဒန်
၃။ ဗဟိုအာဖရိကသမ္မတနိုင်ငံ
၄။ ကွန်ဂို
၅။ ဆိုမာလီယာ
၆။ နိုင်ဂျာ
၇။ မိုဇမ်ဘစ်
၈။ မာလာဝီ
၉။ ချဒ်သမ္မတနိုင်ငံ
၁၀။ မဒါဂတ်စကား
( စာရင်းကောက်မရသောနိုင်ငံများ — အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ဆီးရီးယား၊ ယူကရိန်း )
▪️နိုင်ငံအလိုက် ကမ္ဘာ့အချမ်းသာဆုံး ( ၁၀ ) နိုင်ငံ
၁။ အမေရိကန်
၂။ တရုတ်
၃။ ဂျပန်
၄။ ဂျာမဏီ
၅။ ယူနိုက်တက်ကင်းဒမ်း ( UK )
၆။ အိန္ဒိယ
၇။ ပြင်သစ်
၈။ အီတလီ
၉။ ကနေဒါ
၁၀။ တောင်ကိုရီးယား
▪️ကမ္ဘာ့ငွေကြေးအမြင့်ဆုံး ( ၅ ) နိုင်ငံ
၁။ ကူဝိတ်
၂။ ဘာရိန်း
၃။ အိုမန်
၄။ ဂျော်ဒန်
၅။ ကေမန်ကျွန်းစု
▪️ကမ္ဘာ့ငွေကြေးအနိမ့်ဆုံး ( ၅ ) နိုင်ငံ
၁။ အီရန်
၂။ ဗီယက်နမ်
၃။ လာအို
၄။ အင်ဒိုနီးရှား
၅။ ဆီရာလီယွန်
▪️ကမ္ဘာ့စစ်အင်အားအကြီးဆုံး ( ၅ ) နိုင်ငံ
၁။ အမေရိကန်
၂။ ရုရှား
၃။ တရုတ်
၄။ အိန္ဒိယ
၅။ ဂျပန်
▪️ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ( ၁၀ ) ခု
၁။ Harvard University
၂။ Massachusetts Institute of Technology
၃။ Stanford University
၄။ University of California Berkeley
၅။ University of Oxford
၆။ University of Washington Seattle
၇။ Columbia University
၈။ University of Cambridge
၉။ California Institute of Technology
၁၀။ John's Hopkins University
( ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ဆယ်ခုစာရင်းတွင် အမေရိကန်နိုင်ငံမှ တက္ကသိုလ်ရှစ်ခု ပါဝင်ပြီး ယူနိုက်တက်ကင်းဒမ်းမှ တက္ကသိုလ် နှစ်စ်ခုသာ ပါဝင်ပါတယ် )
▪️ကမ္ဘာ့အရှည်ဆုံးမြစ်ကြီး ( ၅ ) စင်း
၁။ နိုင်းလ်မြစ် ( အာဖရိကတိုက် )
၂။ အမေဇုံမြစ် ( တောင်အမေရိကတိုက် )
၃။ ယန်ဇီမြစ် ( တရုတ် )
၄။ မစ္စစ္စပီမြစ် ( မြောက်အမေရိကတိုက် )
၅။ ယင်နစ်ဆီမြစ် ( ရုရှား )
▪️ကမ္ဘာ့အကြီးဆုံးရေကန်ကြီး ( ၅ ) ခု
၁။ ကက်စပီယန် ( အာရှတိုက် )
၂။ စူပီးရီးယား ( မြောက်အမေရိကတိုက် )
၃။ ဗစ်တိုးရီးယား ( အာဖရိကတိုက် )
၄။ ဟူရွန် ( မြောက်အမေရိကတိုက် )
၅။ မီချီဂန် ( အမေရိကန် )
▪️ကမ္ဘာ့အပူဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ မာလီ
၂။ ဗာကီနာဖာဆို
၃။ ဆီနီဂေါ
၄။ တူဗားလူ
၅။ ဂျီဘူတီ
▪️ကမ္ဘာ့အအေးဆုံးနိုင်ငံ ( ၅ ) နိုင်ငံ
၁။ ရုရှား
၂။ ကနေဒါ
၃။ မွန်ဂိုလီးယား
၄။ ဖင်လန်
၅။ အိုက်စလန်
▪️ကမ္ဘာ့အမြင့်ဆုံးတောင် ( ၅ ) လုံး
၁။ ဧဝရတ်တောင် ( နီပေါ၊ တရုတ် )
၂။ K2 ( တရုတ်၊ ပါကစ္စတန် )
၃။ Kangchenjunga ( နီပေါ၊ အိန္ဒိယ )
၄။ Lhotse ( နီပေါ၊ တရုတ် )
၅။ Makalu ( နီပေါ၊ တရုတ် )
▪️ကမ္ဘာ့လူပြောအများဆုံး ဘာသာစကား ( ၅ ) မျိုး
၁။ အင်္ဂလိပ်
၂။ တရုတ် ( မန်ဒရင်း )
၃။ ဟင်ဒီ
၄။ စပိန်
၅။ ပြင်သစ်
▪️ကမ္ဘာ့လူကြိုက်အများဆုံး အားကစား ( ၅ ) မျိုး
၁။ ဘောလုံး
၂။ ခရစ်ကက်
၃။ ဘတ်စကက်ဘော
၄။ ဟော်ကီ
၅။ တင်းနစ်
▪️ကမ္ဘာ့အကြီးဆုံးရုပ်ရှင်လုပ်ငန်းကြီး ( ၅ ) ခု
၁။ Hollywood ( အမေရိကန် )
၂။ Bollywood ( အိန္ဒိယ )
၃။ Chinese Cinema ( တရုတ် )
၄။ United Kingdom of Great Britain ( ဂရိတ်ဗြိတိန် )
၅။ Japanese Cinema ( ဂျပန် )
▪️ကမ္ဘာ့အန္တရာယ်အရှိဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အာဖဂန်နစ္စတန်
၂။ ယီမင်
၃။ ဆီးရီးယား
၄။ ရုရှား
၅။ တောင်ဆူဒန်
၆။ ကွန်ဂို
၇။ အီရတ်
၈။ ဆိုမာလီယာ
၉။ ဗဟိုအာဖရိက
၁၀။ ဆူဒန်
( မြန်မာနိုင်ငံဟာ အန္တရာယ်အရှိဆုံးနိုင်ငံများစာရင်းမှာ ကမ္ဘာ့အဆင့် ( ၂၅ ) ဖြစ်ပြီး အရှေ့တောင်အာရှမှာ နံပါတ် ( ၁ ) ဖြစ်ပါတယ် )
▪️ကမ္ဘာ့ဘေးအကင်းဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ
၁။ အိုက်စလန်
၂။ နယူးဇီလန်
၃။ အိုင်ယာလန်
၄။ ဒိန်းမတ်
၅။ ဩစတြီးယား
၆။ ပေါ်တူဂီ
၇။ ဆလိုဗေးနီးယား
၈။ ချက်သမ္မတနိုင်ငံ
၉။ စင်္ကာပူ
၁၀။ ဂျပန်
▪️ကမ္ဘာ့အကြီးဆုံးမြို့ကြီး ( ၁၀ ) မြို့
၁။ တိုကျို ( ဂျပန် )
၂။ ဒေလီ ( အိန္ဒိယ )
၃။ ရှန်ဟိုင်း ( တရုတ် )
၄။ ဆော်ပေါ်လို ( ဘရားဇီး )
၅။ မက်ကစီကိုစီးတီး ( မက်ကစီကို )
၆။ ကိုင်ရို ( အီဂျစ် )
၇။ ဒါကာ ( ဘင်္ဂလားဒေ့ရှ် )
၈။ မွန်ဘိုင်း ( အိန္ဒိယ )
၉။ ဘေကျင်း ( တရုတ် )
၁၀။ အိုဆာကာ ( ဂျပန် )
