ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Summer Palace (2006)
⭐IMDB: 7.1/10 (4 k Votes)
🎬 #Drama #Romance
🗓️ 2006 🎞️ Movie 📺 1080p FHD
🌎 #China #France
⏰ 2 နာရီ 15 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Summer Palace (2006)
~ IMDb – 7.1/10, Rotten Tomatoes – 72% ~
Directed By “Lou Ye”
Summer Palace ဟာ ထူမန်ဆိုတဲ့ တရုတ်နဲ့မြောက်ကိုရီးယားနယ်စပ် နယ်ဘက်ကျေးဘက်က မြို့ကလေးက ယုဟုန်ဆိုတဲ့ ဆယ်ကျော်သက်မကလေးရဲ့ အချစ်နဲ့ဘဝဇာတ်ကြောင်းလို့ ပြောရမလိုလိုပဲ။ ဇာတ်ကို ၁၉၈၀နှောင်းပိုင်းလောက်မှာ စထားတယ်။ အဲဒီကာလမှာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ယုဟုန်ဟာ ပေချင်ကောလိပ်ဝင်ခွင့်ရပြီး နယ်မြို့လေးကနေ ပေကျင်းကို တက်ဖို့အကြောင်းဖန်လာတယ်။ တရုတ်အစိုးရကို ကြောက်လို့ တကယ်မရှိတဲ့ ကောလိပ်နာမည်သုံးထားတာပေမဲ့ ပေကျင်းတက္ကသိုလ်ကိုပဲ ရည်ညွှန်းတယ်ပြောတယ်။ သူ့ရည်းစားကောင်လေးကတော့ နယ်မှာပဲ ကျန်ရစ်ခဲ့တယ်။ ဆယ်ကျော်သက်တွေ သဘာဝအတိုင်း ပေကျင်းကိုမသွားခင် ကောင်မလေးနဲ့ ကောင်လေး လက်တည့်စမ်းကြတယ်။ Lou Ye ဟာ ရှေ့ကရိုက်ခဲ့တဲ့ကားတွေအတိုင်းပဲ ဝတ်လစ်စားလစ်အခန်းတွေ တော်တော်သုံးထားတယ်။ အထူးသဖြင့် ယောက်ျားလေး ဝတ်လစ်စားလစ်တွေဘက် ပိုပြတယ်။ Lou Ye ရဲ့လိင်မှုခန်းတွေဟာ ပီပြင်သမှုနဲ့ နာမည်ကျော်ပြီးသားဆိုတော့ ထွေထွေထူးထူးတော့ ပြောစရာမလိုပါဘူး။ Summer Palace ရဲ့ လိင်မှုခန်းတွေကတော့ ဒီတိုင်းတင်မဟုတ်ဘဲ နိုင်ငံရေးအခြေအနေတွေကိုပါ ပုံဖော်ထားတယ်လည်း ပြောကြတယ်။
” နွေညနေခင်းမှာတိုက်တဲ့ လေပြေလို ဆိုင်းမဆင့်ဗုံမဆင့်ဆိုက်ရောက်လာတတ်တဲ့ အရာတစ်ခုရှိတယ်။ အဲဒီအရာက လူကို မိုးမမြင်လေမမြင်ဖြစ်အောင်လုပ်နိုင်ပြီး ပူလောင်ခြင်းတွေနဲ့ ထားခဲ့တတ်တယ်။ အဲဒီအရာက ကိုယ့်နောက်ကို အရိပ်လိုလိုက်နေတတ်ပြီး အဲဒီအရာကို ဘယ်လိုမှ ထိန်းချုပ်လို့မရဘူ။း အဲဒီအရာကို ဘာပါလို့တော့ ကျွန်မတပ်အပ်မသိဘူး။ အဲဒီအရာကို ကျွန်မ အချစ်လို့ပဲ အမည်တပ်ပေးနိုင်တယ် “
ကောင်မလေးက စိတ်ကစားတယ်ပဲပြောရမလား သူ့အချစ်ကိုခံယူပုံကပဲ ထူးခြားတယ်ပဲ ပြောရမလားတော့ မသိဘူး။ တက္ကသိုလ်ရောက်တော့လည်း တခြားကောင်လေးတစ်ယောက်နဲ့တွဲတယ်။ ပထမကောင်လေးနဲ့တုန်းက ငယ်သေးလို့လားမသိ ခံစားချက်သိပ်မများဘူးလို့ထင်ရပေမဲ့ ဒီဒုတိယကောင်လေးနဲ့ကျ ကောင်မလေးဟာ တော်တော်လေး ခံစားတတ်လာသလို ကောင်လေးကြောင့် ခံစားရတာတွေလည်းများလာတယ်။ ဒါကို သူ့ Monologue အရှည်ကြီးတွေနဲ့ ပြသွားတယ်။ ထူးတာက ဒီထဲက မိန်းကလေးဇာတ်ကောင်ဟာ ရုပ်ရှင်ဇာတ်ကောင်တစ်ခုဆိုတာထက် ကျွန်တော်တို့ ကြုံနေမြင်နေရတဲ့ မိန်းကလေးတွေနဲ့ စိတ်နေသဘောထား ဘာညာ တော်တော်တူတယ်။ သူ့ Monologue တွေအရဆိုလည်း ဒီအချက်က ပိုသိသာတယ်။ ဒီအတွက် တွဲဖက်အမျိုးသမီးဇာတ်ညွှန်းဆရာမတွေရဲ့ ကျေးဇူးလည်း မကင်းလောက်ဘူး။ ဒီကားရဲ့ ဇာတ်အိမ်ထက် ဇာတ်ကောင်က ပိုအဓိကကျနေတဲ့အတွက် မြင်နေကြုံနေကျ မိန်းကလေးဇာတ်ကောင်မျိုးကို ပေးနိုင်တာကိုက သူ့အရသာဖြစ်နေလိမ့်မယ်။
နောက်ကောလိပ်တက်နေတဲ့ ဇာတ်ကောင်တွေရဲ့ လူငယ်တို့ဘာသာသဘာဝ ကတောက်ကဆတွေ ဝေးကွာခြင်းတွေကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ သူက နိုင်ငံရေးစွတ်လာတယ်။ ၁၉၈၉မှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည်ရဲ့ နာမည်ကျော် ထျန်းအန်းမင် အရေးအခင်း ဖြစ်နေတဲ့ကာလနဲ့ ဆက်စပ်ပြသွားတယ်။ ငါတို့နိုင်ငံမှာ ငါတို့ဟာ အကျဉ်းသားတွေပြန်ဖြစ်နေတာကို ကမ္ဘာကသိစေချင်တယ်ဆိုပြီး ပီကင်းတက္ကသိုလ်က ဆရာမတစ်ယောက်က ဒီအရေးအခင်းမှာ ဟောပြောခဲ့သလို လူ ၃၀၀၀လောက်သေခဲ့တဲ့ အရေးအခင်းကြီးပေါ့။
Lou Ye ဟာ အရေးအခင်းနဲ့ လူငယ်တွေရဲ့ ဘဝရဲ့အပြောင်းအလဲတွေကို ယှဉ်တွဲပြသွားခဲ့သလို ဒီရုပ်ရှင်ကို ဝေဖန်ရေးဆရာတွေကတော့ နိုင်ငံရေးနဲ့ ကိုယ်ရေးကိုယ်တာကို အလှပဆုံးရောစပ်ထားတဲ့ ရုပ်ရှင်လို့လည်း ဆိုကြတယ်။ ဒီရုပ်ရှင်ထဲက ကောလိပ်ကျောင်းသားဘဝတွေဟာ ကြည်နူးစရာတစ်ကွက်မှမမြင်မိပေမဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ အငွေ့အသက်ကို ရနေတယ်ဆိုတာတော့ ငြင်းမရဘူး။
Zhang Yimou တို့၊ Chen Kaige တို့ မျိုးဆက်အလွန် Jia Zhangke တို့၊ Wang Xiaoshuai တို့၊ Lou Ye တို့ရဲ့ ၆ဆက်မြောက်ထဲ Lou Ye ဟာ ဒီမျိုးဆက်ရဲ့အထင်ရှားဆုံးလူတွေထဲ ပါပါတယ်။ Summer Palace ဟာလည်း သူ့ရဲ့အထင်ရှားဆုံးကားတွေထဲပါတယ်။ ထုံးစံအတိုင်း တရုတ်ပြည်မက ကားပေမဲ့ ကားကောင်းမှန်သမျှ လိုက်ဘန်းပြီး ပေါ်လစီကားပဲ ခွင့်ပြုတတ်တဲ့ တရုတ်ကြီးတို့ဟာ ထျန်းအန်းမင်အရေးအခင်းက Footage တွေကို သုံးထားတဲ့အတွက် ဒီကားကိုဘန်းလိုက်ပြန်တာပါပဲ။ ဒါပေမဲ့လည်း ဒီကားထဲက အချက်အလက်တော်တော်များကတော့ လှီးလွဲသုံးထားတာတွေပါ။ အဲဒီခေတ်မှာ တကယ်မရှိသေးတဲ့ အရာတွေလည်းပါသလို တကယ်မရှိတဲ့နေရာတွေလည်း ပါနေပြန်တာပါပဲ။ ဒါတောင် အပိတ်ခံရပါတယ်။ Lou Ye ဟာ တစ်ကားရိုက်တစ်ကားဆိုသလို အကြောင်းမျိုးစုံပြပြီး တရုတ်အစိုးရ ရိုက်ခွင့်ပိတ်နေရတဲ့ ဘဲပါပဲ။ ဒီကားအပြီးလည်း ငါးနှစ်ထပ်အပိတ်ခံခဲ့ရပါတယ်။
မတတ်နိုင်ခြင်းတွေနဲ့ ကြည့်နေရတဲ့ ကျွန်တော်တို့ခေတ်ထဲ ဖောခြင်းသောခြင်း စီးဆင်းနေတဲ့အရာတွေဟာ ဝေးကွာခြင်းတွေပဲဆိုတော့ တချို့အတွက်တော့ ဒီရုပ်ရှင်ဟာ အနည်း
Between the World and Us (2022- )
⭐IMDB: 5.7/10 (2 k Votes)
🎬 #Drama
🗓️ 2022- 🎞️ Series 📺 1080p FHD
🌎 #Turkey
⏰ 49 မိနစ် 49 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Between the World and Us (2022)Between the World and Us (2022) (စ-ဆုံး)********************************
ကမ္ဘာကျော် Erkenci Kuş (Early Bird) ဆိုတဲ့ တူရကီ ဇာတ်လမ်းတွဲလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။လှလွန်းလို့ မိန်းကလေးတွေတောင် ကြိုက်ရတဲ့ ဇာတ်ဆောင်မင်းသမီး Demet Ozdemir ရဲ့၂၀၂၂ မှာ ထွက်ခဲ့တဲ့ အပိုင်း ၈ ပိုင်းပါဝင်တဲ့ ရိုမန့်စ် ဇာတ်လမ်းလေး ဖြစ်တဲ့ “Between the World and Us”ဇာတ်လမ်းအကျဉ်းလေးကတော့နာမည်ကြီး မဂ္ဂဇင်းတိုက်တစ်ခုမှာ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်နေပြီး ယုံကြည်မှုသတ္တိနဲ့ အရာရာ ပြည့်စုံနေတဲ့ အမျိုးသမီးလေး “အီကင်”ဇာတ်လမ်းတွဲတစ်ခုတည်းနဲ့ အရမ်းနာမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသား “တိုဂါ”သူတို့ ၂ ဦး အမှတ်မထင် ချစ်ကြိုက်မိပြီး ကာလ ရှည်ကြာလာတဲ့ relationship တစ်ခု ဖြစ်လာတဲ့အချိန်မှာတစ်ဖက်မှာလည်း အရမ်းထက်မြက်တဲ့ အမျိုးသမီးတစ်ဦး တစ်ဖက်မှာလည်း မင်းသားက ဇာတ်လမ်းတွဲတစ်ခုတည်းရိုက်နေလို့သရုပ်ဆောင် အရည်အချင်းကို ဝေဖန်ခံနေရပြီး ဖိအားတွေများလာခဲ့တယ်။ တစ်ဦးနဲ့တစ်ဦး ရင်ဖွင့်ပြီး စကားတွေ ဖွယ်ဖွယ်ရာရာ မပြောတော့ဘဲ အေးစက်လာတဲ့ ဆက်ဆံရေးဖြစ်လာခဲ့တဲ့အချိန်မှာပြိုကွဲလုနီးနေတဲ့ ဆက်ဆံရေးကို လက်မလွှတ်နိုင်တဲ့ အီကင်တစ်ယောက်ဆိုရှယ်မီဒီယာမှာ အကောင့်အတုတစ်ခုကို ဝယ်ပြီး ဘာလင် ဆိုတဲ့ နာမည်နဲ့ တိုဂါ့ဆီကို ချဉ်းကပ်ခဲ့တယ်။တိုဂါကလည်း ဘာလင်နဲ့ စကားတွေ ပြောပြီး ရင်ဘတ်ချင်း ရင်းနှီးတဲ့သူ ဖြစ်လာခဲ့တယ်။တစ်နေ့ အပြင်မှာတွေ့ဖို့တောင်းဆိုတဲ့အခါ…. ဘာတွေ ဆက်ဖြစ်မလဲ???ခြံခုန်တာ စနှိုက်ကျော်တာတွေ များပြားလာတဲ့ ဒီခေတ်ကြီးမှာBetween the World and Us ဆိုတဲ့ ဇာတ်လမ်းတွဲလေးဟာ အပန်းဖြေဖို့အတွက်ကြည့်ရှုဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်လို့အကြံပြုရင်း…. Episodes: 8File Size: 820MB, 410MBQuality :Web-DL 1080p,720PGenres: Drama
Made in Bengaluru (2022)
⭐IMDB: 9.3/10 (286 Votes)
🎬 #Bollywood #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 48 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Made In Bengaluru 2023
IMDb 9.3/10 အထိရရှိထားပြီး ပရိတ်သတ်တွေနဲ့မစိမ်းလှတဲ့ နာမည်ကြီးမင်းသားမင်းသမီးတွေပါ၀င်ထားတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဘန်ဂလူရူမြို့ဟာ အိန္ဒိယတောင်ပိုင်းရဲ့မြို့တော်၊ လူသန်းပေါင်းများစွာရဲ့ အိပ်မက်တွေအကောင်အထည်ဖော်တဲ့အချက်အချာကျတဲ့နေရာလေးပေါ့။ ဒါ့အပြင်လူငယ်တွေ လုပ်ငန်းသစ်စဖို့ အားထားရတဲ့မြို့လေးတစ်မြို့ဆိုပါတော့။အဲ့ဒီမှာ ရည်မှန်းချက်ကြီးမားတဲ့ အင်ဂျင်နီယာကျောင်းဆင်းတစ်ယောက် ဆူဟာ့စ်ဆိုတဲ့လူငယ်လေးအပါအ၀င်ပါ။ ဆူဟာ့စ်ဟာ သူတီထွင်ထားတဲ့ အပ်ဒ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံပေးဖို့ရင်းနှီးမြှုပ်နှံသူတွေ တစ်ယောက်ပြီးတစ်ယောက်ရှာရာကနေ ဇာတ်လမ်းစထားပါတယ်။
သို့ပေမယ့်မြို့လေးဟာထင်သလောက်မရိုးသားနေပါဘူး တစ်ချို့လည်းတကယ်ကူညီပေးချင်သလိုသူတစ်ပါးဦးနှောက်ကိုဖောက်စားချင်ကြတဲ့တွေလည်း မနည်းမနောပါပဲ။ ဒီတော့ ဆူဟာ့စ်တစ်ယောက်လုပ်ငန်းစဖို့စီးပွားရေးလောကထဲ၀င်လာတဲ့အချိန်မှာ အဲ့လောကဟာလည်းမာယာများနေတဲ့အခါရည်မှန်းချက်ကိုအောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အချစ်၊ အလွမ်း ဟာသလေးနှောပြီးလူစုံစရိုက်စုံလှတဲ့ ဘန်ဂလူရူမြို့ကြီးထဲမှာ သူတို့တွေဘယ်လို အမျိုးစုံ ကြိုးခုန်ကြမယ်ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။
Made in Bengaluru (2022)
⭐IMDB: 9.3/10 (286 Votes)
🎬 #Bollywood #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD

Sankaku Mado no Sotogawa wa Yoru (2021)
⭐IMDB: 5.0/10 (207 Votes)
🎬 #Mystery #Thriller #Romance
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 1 နာရီ 44 မိနစ် 08 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The night beyond the tricornered window
စာအုပ်ဆိုင် တစ်ဆိုင်ရဲ့ စာရေးလေး “မိကဒို”မှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူငယ်ငယ်တည်းက သရဲတွေကို အချိန်တိုင်းမြင်နေရတာဖြစ်ပြီး ဒီကနေ ရှောင်လွှဲလို့မရသလို မမြင်ရတော့အောင်လည်း လုပ်လို့မရပါဘူး။ တစ်နေ့မှာတော့ “ဟိရခဝါ”လို့ခေါ်တဲ့ ပယောဂနှင်ဆရာက မိကဒိုကို ရှာတွေ့ခဲ့တဲ့နောက်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ဟိရခဝါက မိကဒိုကို သူ့ရဲ့လက်ထောက်အဖြစ်ခန့်ပြီးတော့ သရဲမြင်တဲ့အစွမ်း အကူအညီနဲ့ ဖြေရှင်းရခက်တဲ့ မှုခင်းတွေကို ရှာဖွေဖော်ထုတ်ကြပါတယ်။ ဒီလိုနဲ့ သူတို့လိုက်နေရတဲ့အမှုတွေက “ဟိအူရ”လို့ခေါ်တဲ့ အထက်တန်းကျောင်းသူရဲ့ နှုတ်ထွက်စကားတွေနဲ့ သက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။
၂၀၁၃ကနေ ၂၀၂၀အထိထုတ်ဝေခဲ့တဲ့ Yaoi mangaကို adaptionလုပ်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကျောရိုးနဲ့ Japanese BL ကားကောင်းတစ်ကားကို ကြည့်ရှုရမှာပါ။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )
Werewolf Game: Inferno (2018)
⭐IMDB: 6.1/10 (54 Votes)
🎬 #Action #Adventure #Horror #Drama #Mystery
🗓️ 2018 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 1 နာရီ 36 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Werewolf game : Inferno
Along the god’s willတို့ Alice in borderlandတို့လိုမျိုး အသက်ကိုလောင်းကြေးထပ်ပြီး ဂိမ်းကစားရတာကို ကြိုက်နှစ်သက်တဲ့ survival ရုပ်ရှင်ချစ်သူတွေအတွက် နောက်ထပ်ကြည့်လို့ရမဲ့ movieအတွဲကို တင်ဆက်ပေးလိုက်ပါတယ်။
ထူးခြားတာက တခြားmovieတွေလို သတ်မဲ့လူ ကိရိယာတွေ အဆင်သင့်ရှိနေတာမဟုတ်ဘဲ ဂိမ်းကစားသူတွေကိုယ်တိုင် သူတို့အထဲက သမန်းဝံပုလွေကို လိုက်လံ သတ်ဖြတ်ရမှာပါ။Party gameတစ်ခုဖြစ်တဲ့ The werewolf gameကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။မြန်မာမှာ ခေတ်စားခဲ့တဲ့ Among usလိုမျိုးပဲ အဖွဲ့ထဲက impostor(သမန်းဝံပုလွေ၂ကောင်)ဖြစ်နိုင်တဲ့သူကို မဲပေးပြီး ကိုယ်တိုင်သတ်ရမှာပါ။
ဇာတ်လမ်းအစမှာတော့ အထက်တန်းကျောင်းသား ကျောင်းသူတွေဟာ ဘာမှမသိလိုက်ဘဲ ထူးဆန်းတဲ့အဆောက်အဦတစ်ခုဆီ ရောက်လာကြပါတယ်။ အဲဒါဟာ တောနက်ထဲမှာ ထီးတည်းတည်ရှိနေတဲ့နေရာကျယ်ကြီးဖြစ်ပြီးတော့ လွတ်ဖို့လမ်းလည်း ရှာလို့မလွယ်ပါဘူး။လွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ သမန်းဝံပုလွေဂိမ်းကို ကစားရမှာဖြစ်ပါတယ်။
လူတွေအားလုံးထဲမှာမှ သမန်းဝံပုလွေ(jinrou) ၂ကောင်ရှိပြီးတော့ ကျန်တဲ့သူတွေက ရွာသားတွေဖြစ်ပါတယ်။ ညတိုင်း ၈နာရီမှာ အစည်းအဝေးထိုင်ပြီး ဘယ်သူက သမန်းဝံပုလွေဖြစ်နိုင်လဲဆိုတာကို မဲခွဲဆုံးဖြတ်ပါတယ်။ မဲအများဆုံးရတဲ့သူကို အခန်းထဲမှာပေးထားတဲ့ လက်နက်၊အဆိပ် စသဖြင့် သတ်စရာတစ်ခုခုနဲ့ သတ်ပစ်ရပါတယ်။ မဲခွဲတုန်းမှာ ဝံပုလွေကမသေခဲ့ရင် တစ်ညလုံး ရွာသားတွေကို လိုက်သတ်ခွင့်ရမှာဖြစ်ပါတယ်။ ၂ဖက်ထဲမှာ တစ်ဖက်ဖက်ကို အရင်ကုန်အောင် သတ်နိုင်တဲ့အဖွဲ့က နိုင်မှာပါ။
Movie nameအလိုက် “ရွာသားဖက်” “သမန်းဝံပုလွေဖက်” အဖွဲ့တစ်ခုချင်းစီရဲ့ ရှုထောင့်ကနေ လိုက်ကြည့်ရမှာဖြစ်လို့ survival game ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။2013မှာ ထွက်ခဲ့တဲ့ The villagers sideကနေ စပြီး ကြည့်ရင်တော့ သူထွက်ခဲ့တဲ့အတိုင်း အစဉ်လိုက်ဖြစ်ပြီး ကြည့်လို့ပိုကောင်းမယ်လို့ ထင်မိပါတယ်။သရုပ်ဆောင်တွေ အချင်းချင်း သတ်ပုံသတ်နည်းတွေက မတူတာမို့ တစ်ကားချင်းလည်း ရွေးကြည့်လို့ရပါတယ်။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )
Hero (2022)
⭐IMDB: 5.6/10 (2 k Votes)
🎬 #Biography #Drama #History #Comedy #Romance #Action
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 00 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hero(2022)
***********
ဒီရုပ်ရှင်ကားကြီးဟာ တော်လှန်ရေးသူရဲကောင်းAhn Jung Geun ရဲ့အကြောင်းကို
အခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်.. ဒီလူဟာ ကိုရီးယားသမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်ဖြစ်လေတော့
ဒါရိုက်တာကလည်း အဘက်ဘက်က ပြည့်စုံအောင် သေချာကိုရိုက်ကူးထားတာတွေ့ ရတယ်..
Musical လည်းပါလေတော့ လိုက်ဖက်ပြီး ဇာတိမာန်တက်ကြွစေတဲ့သီချင်းတွေသုံးထားတော့
ကြည့်ရှုတဲ့သူတွေကိုပါ သွေးဆူစိတ်လှုပ်ရှားစေတယ်.. B.Oလည်းဝင်သလို
ကြည့်သင့်တဲ့ကားတစ်ကားလည်းဖြစ်တယ်..
“၃ နှစ်အတွင်း ငါတို့အမိမြေရဲ့ရန်သူ အီထို ဟီရိုဘူမီကို မရှင်းပစ်နိုင်ရင်…အဲဒီအခါ သတ်သေပါ့မယ်”
1900 ခုနှစ်အစပိုင်းမှာ ကိုးရီးယားနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့အာဏာလွှမ်းမိုးမှု ကြီးမားလာတဲ့အလျောက်
လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတို့က လက်သူကြွယ်ကို ဖြတ်ပြီး
အဆိုပါကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကြပါတယ်..
အဲဒီကျမ်းသစ္စာကို တည်နိုင်ဖို့အတွက် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှု လုပ်ဆောင်ကြပုံတွေ
ဂျိုဆွန်းနယ်ချဲ့မှုရဲ့ အဓိကတရားခံဖြစ်တဲ့ အီထို ဟီရိုဘူမီကို ရှင်းပစ်နိုင်ဖို့ ကြိုးစားကြပုံတွေကိုတော့
ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်..
အားလုံးသိပြီးသား မင်းသမီးလေး Kim Go Eun လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ်Musical ရုပ်ရှင်ဖြစ်တဲ့အတွက် သီချင်းအမိုက်စားတွေနဲ့ပါ ထပ်ပေါင်းပံ့ပိုးပေးထားတာဖြစ်လို့
ကြက်သီးမွေးညင်းထရင်းနဲ့ ကြည့်ရမဲ့ကားလေးပါ ….
Black Cat (1991)
⭐IMDB: 5.8/10 (642 Votes)
🎬 #Action #Adult #Crime #Drama #Romance #Thriller
🗓️ 1991 🎞️ Movie 📺 720p HD
🌎 #HongKong #Canada
⏰ 1 နာရီ 37 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Black Cat (1991)
ဟောင်ကောင်အက်ရှင်ကားတွေရဲ့ရွှေခေတ်၊ မြန်မာပြည်ကလူတွေက ဂျက်မ လို့ သညာပြုခေါ်ကြတဲ့ အမျိုးသမီးဖိုက်တာဇာတ်ကားတွေထဲက အမှတ်တရဖြစ်စရာ တစ်ချိန်ကနာမည်ကျော်ကားတစ်ကားဖြစ်ပါတယ်။
ကတ်သရင်းဆိုတဲ့ ပြန်အမှတ်ရချင်စရာမရှိတဲ့ အတိတ်ဆိုးပိုင်ရှင်ကောင်မလေးတစ်ယောက်ဟာ မတော်တဆလူသတ်မှုတွေကျူးလွန်မိရာကနေ ထွက်ပြေးခဲ့ချိန်မှာ ပြန်ပြီးပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။ သူ သတိရချိန်မှာတော့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ရောက်ရှိနေပြီး လက်နက်တွေ၊ ရင်ဆိုင်တိုက်ပွဲစွမ်းရည်တွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သင်ကြားပေးခံရပြီးနောက် အယ်ရစ်ကာဆိုတဲ့ ကုတ်အမည်နဲ့ CIA အေးဂျင့်တစ်ယောက်ဖြစ်လာပါတော့တယ်။
ဇာတ်လမ်းသွားက Luc Besson ရဲ့နာမည်ကျော် La Femme Nikita နဲ့ဆင်သလို ဒါရိုက်တာကလဲ အဲ့ဒီကားကိုပဲပြန်ရိုက်ချင်ခဲ့တာပါ။ ဒါပေမဲ့ ဇာတ်ကားမူပိုင်ခွင့်ကို Disney ကဦးသွားခဲ့တဲ့အတွက် ခပ်ဆင်ဆင်ဇာတ်သွားနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင်က မထင်မရှားမော်ဒယ်တစ်ယောက်သာဖြစ်ခဲ့တဲ့ Jade Leung ကို တစ်ကားတည်းနဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်စေခဲ့တဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)
Black Cat (1991)
⭐IMDB: 5.8/10 (642 Votes)
🎬 #Action #Adult #Crime #Drama #Romance #Thriller
🗓️ 1991 🎞️ Movie 📺 1080p FHD

The Law According to Lidia Poët (2023- )
⭐IMDB: 7.5/10 (3 k Votes)
🎬 #Biography #Crime #Drama #War #Politics #History #Mystery
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #Italy
⏰ 47 မိနစ် 50 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Law According to Lidia Poët (2023)The Law According to Lidia Poët (2023)
============================
IMDb Rating 7.5/10
Rotten Tomatoes 86%သွယ်ဝိုက်နာမည်တပ်ရမယ်ဆိုရင် “ရှေ့နေမလေးလေဒီယာနှင့်
သူ၏အမှုတွဲများ”ပေါ့။
ဒီဇာတ်လမ်းတွဲဟာ နာမည်လေးဖတ်ကြည့်ပြီး အရမ်းရိုးရှင်းမယ်၊
ပေါ့ပေါ့ပါးပါးလေးပါလို့ ထင်ရသလောက်ကို မရိုးရှင်းတဲ့၊ မပေါ့ပါး
လှတဲ့ စီးရီးတစ်ခုပါ။ အီတလီတင်မက ကမ္ဘာနဲ့ချီပြီး ဒီစီးရီး ရေပန်း
စားနေရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုကတော့ တ
ကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာကြောင့်ပဲ ဖြစ်လိမ့်မယ်ထင်
ပါတယ်။ဤလောကမြေကမ္ဘာမှာ ကြီးမားလှတဲ့ ပြောင်းလဲမှုပေါင်းများစွာ
ရှိခဲ့ပါတယ်။ ယခုနှစ်ဆိုရင်လည်း AI တွေ ထွန်းကားတော့မယ့် နှစ်ပဲ
ဆိုပါတော့ဗျာ။ ဒီလိုပြောင်းလဲမှုပေါင်းများစွာထဲမှာ အသိမ်မွေ့ဆုံးနဲ့
အလှပဆုံးပြောင်းလဲမှုကို ပြောပါဆိုရင် ဖိုဝါဒီကို တိုက်ထုတ်ဖို့ကြိုး
စားခဲ့ကြတဲ့ အမျိုးသမီးထုကြီးတွေရဲ့ကြိုးပမ်းမှုတွေ ဖြစ်လိမ့်မယ်။
ဒီအမျိုးသမီးတွေဟာ သဘာဝတရားကြီးကြောင့် အားနည်းတဲ့ပုံပေါ်
နေကြသော်ငြား၊ အမှန်တကယ်အားနည်းကြသော်ငြား မာကြောဖို့
လိုလာပြီဆိုရင်လည်း သူမတူအောင်မာကျောနိုင်စွမ်းရှိကြတယ်ဆို
တာကို နိုင်ငံအနှံ့အပြားက အမျိုးသမီးတွေရဲ့ကြံ့ကြံ့ခံတွန်းလှန်ခဲ့မှု
တွေက သက်သေပြခဲ့ကြပြီးပြီလည်းဖြစ်ပါတယ်။ဒါဆို ဒီစီးရီးကရော ဘယ်ရပ်ဘယ်ဝန်းကျင်မှာ အမျိုးသမီးတွေဘယ်လို
ရုန်းကန်ရတာလဲဆိုတာကို ခန့်မှန်းမိကြလိမ့်မယ်ထင်ပါတယ်။ လေဒီ
ယာဟာ ဥပဒေအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့သမီးဖြစ်တာနဲ့
အညီ ရှေ့နေတစ်ယောက်ဖြစ်ရဖို့ကို ငယ်ငယ်တည်းက စိတ်ကူးယဉ်
အိပ်မက်ခဲ့ရသူပါ။ သို့ပေမဲ့လို့ တိုးတက်ပြောင်းလဲမှု အနည်းငယ်လျင်
မြန်ဆန်စပြုနေတဲ့ ၁၉ ရာစုနှစ်မှာ မွေးဖွားလာခဲ့တဲ့ သူမဘဝအတွက်
ကတော့ အလွန်အင်မတန်ကို ခက်ခဲကြပ်တည်းလှပါတယ်။ဖခင်ဖြစ်သူကိုယ်တိုင်က အမျိုးသမီးတွေဆိုတာ ရှေ့နေမလုပ်ရဘူး၊
ဥပဒေရေးရာကိစ္စမှာ အမျိုးသမီးတွေ ဝင်မရှုပ်ရဘူးဆိုတာကြောင့်
လေဒီယာဟာ ဖခင်ဖြစ်သူကို ငယ်စဉ်ကတည်းက နာကြည်းမုန်းတီး
နေရတဲ့သူတစ်ယောက်ပဲဆိုပါတော့။ သို့ပေမဲ့ သူ့အဖေဆုံးပါးပြီးနောက်
ပိုင်း သူ့အစ်ကိုဖြစ်သူအန်ရီကိုရဲ့ သိတတ်နားလည်မှုနဲ့အတူ အမျိုးသမီး
တွေကို ခါးခါးသီးသီးငြင်းဆန်နေတဲ့ ရပ်ဝန်းထဲကို မရမကဝင်ဖို့ စတင်
ကြိုးစားပါတော့တယ်။ဒီအမျိုးသမီးလေးသာ မကြိုးစားခဲ့ရင်တော့ အီတလီနိုင်ငံမှာ အမျိုးသမီး
ရှေ့နေတွေဆိုတာ ပေါ်လာဖို့ နှောင့်နှေးကြန့်ကြာနေဦးမှာပဲဖြစ်ပါတယ်။
အနှောင့်အယှက်ပေါင်း သောင်းခြောက်ထောင်ကို ဘယ်လိုကျော်ဖြတ်
ရတယ်၊ ဘယ်လိုအမှုတွေကို ရင်ဆိုင်ရတယ်ဆိုတာကိုတော့ တစ်ပိုင်းကို
အမှုတစ်ခုစီရင်သလို ဖန်တီးရိုက်ကူးထားတဲ့ စီးရီးကောင်းလေးမို့ သင်ဟာ
စီးရီးကောင်းလေးတစ်ခုရှာနေသူဆိုရင်တော့ ဒီစီးရီးလေးကို လက်လွတ်
မခံဘဲ ကြည့်ရှုခံစားပေးပါဦးခင်ဗျာ။မင်းသမီးလေး အတော်ချောတာမို့ ကြည့်ကောင်းသော်ငြား ဝတ်လစ်စလစ်
တွေ ကွက်ကွက်ကွင်းကွင်း တစ်ခန်းနှစ်ခန်းပါတာမို့ မိသားစုနဲ့ ကြည့်ရန်
မသင့်တော်ပါ။စုစုပေါင်း(၆)ပိုင်းထွက်ရှိပြီး cmမှ တစ်ပြိုင်တည်းတင်ဆက်ပေးပါမယ်။(ဒီစီးရီးရဲ့ အညွှန်းကို San Thu Aung မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ San Thu Aung, Alias တို့ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)
Interview with the Vampire (2022- )
⭐IMDB: 7.1/10 (15 k Votes)
🎬 #Drama #Fantasy #Horror
🗓️ 2022- 🎞️ Series 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 55 မိနစ် 23 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Interview with the Vampire (2022)နာမည်ကြီးရုပ်ရှင်တစ်ခုကိုပဲ စီးရီးအဖြစ် ပြန်တင်ဆက်ထားတာပါ။ဒီတစ်ခါတော့ ရုပ်ရှင်ကိုတကယ်ခံစားပြီးကြည့်ရှုတဲ့သူတွေအတွက် တကယ့်ကိုကောင်းတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ရှေးခေတ်က စကားအသုံးအနှုန်းတွေပါတဲ့ အတွက် အတတ်နိုင်ဆုံး အဆင်ပြေအောင် ပြန်ထားပေးတာကြောင့် အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ ကြိုပြောထားပါရစေ
ဇာတ်လမ်းအကျဉ်း
မက်လွိုင်းဆိုတဲ့ သတင်းထောက်ကြီးက အိမ်မှာနေ နေရင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူလုပ်ခဲ့ပြီးတော့ မေ့ထားလိုက်ချင်တဲ့ အင်တာဗြူးလေးတစ်ခုကို ပြန်လုပ်ဖို့အတွက် ဖိတ်ခေါ်စာလေးတစ်စောင်နဲ့ အင်တာဗြူးလုပ်ထားတဲ့ တိပ်ခွေပါဆယ်ထုပ်ကြီးရောက်လာပါတော့တယ် အဲဒီအင်တာဗြူးကတော့ သွေးစုပ်ဖုတ်ကောင်တစ်ယောက်နဲ့ လုပ်ထားတဲ့ အင်တာဗြူးလေးပါပဲ အဲဒီမှာပဲ သူတို့ရဲ့ မပြီးပြတ်သေးတဲ့ အင်တာဗြူးလေးကို အစကနေပြန်လုပ်ကြပါလေရော အင်တာဗြူးဖြေပေးတဲ့သူကတော့ သွေးစုပ်ဖုတ်ကောင်ကြီး လူဝီဖြစ်ပါတယ် မေးခွန်းလေးက အစကတော့ “မင်း ဘယ်အချိန်တုန်းကသေခဲ့တာလဲ မစ္စတာ ဒူးလက်ခ်”ဆိုတဲ့မေးခွန်းလေးပါပဲ အဲဒီကနေပြီးတော့ ၁၉၁၀ခုနှစ်ကနေစပြီး သူ့ရဲ့ ဘဝဖြစ်စဉ်လေးကို ပြောပြမဲ့ကားကောင်းလေးတစ်ကားမို့လို့ ရုပ်ရှင်ကိုခံစားပြီးကြည့်မဲ့သူတွေရော ဇာတ်အိမ်ခိုင်ခိုင်ကြည့်ချင်တဲ့သူတွေရော သွေးစုပ်ဖုတ်ကောင်ကားကို အမြင်ဆန်းဆန်းနဲ့ကြည့်ချင်တဲ့သူတွေအတွက်ပါ လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားပါပဲခင်ဗျာ
Girl$ (2010)
⭐IMDB: 5.5/10 (379 Votes)
🎬 #Adult #Drama
🗓️ 2010 🎞️ Movie 📺 1080p FHD
🌎 #HongKong
⏰ 1 နာရီ 29 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
*****************
တရုတ်ကားဖြစ်သော်လည်း အတော်လန်းတဲ့
အိပ်ရာခန်းတွေနဲ့ ကားနာမည်အတိုင်း မိန်းကလေးပုံစံအမျိုးမျိုး
စိတ်အဖုံဖုံနဲ့မို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြော်င်း…
တစ်ချို့က ကိုယ်ချစ်တဲ့သူနဲ့မှ အပျိုစင်ဘဝကိုကုန်ဆုံးချင်တာမျိုးရှိသလို
တစ်ချို့ကလည်း ငယ်စဉ်မှာ လက်တည့်စမ်းချင်တာမျိုးရှိတယ်..
တစ်ချို့က ငွေရှာနည်းကဲ့သို့အသုံးချတတ်သလို
တစ်ချို့ကလည်း ငွေပေးပြီးတော့ကို ယောက်ျားတွေနဲ့
သူတို့စိတ်ဖြေဖို့ အိပ်တတ်တာမျိုးရှိကြတယ်..
ဒီလို အခြေအနေပေါင်းစုံကို လေ့လာအကဲခတ်ခွင့်ရမှာမို့….
A Man Called Otto (2022)
⭐IMDB: 7.6/10 (21 k Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Sweden #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 06 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Man Called Otto (2023)
မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ ဒရာမာ ရုပ်ရှင်အသစ်လေးဖြစ်ပါတယ်။ကြည်နူးစရာမိသားစုရုပ်ရှင်သက်သက်ပါပဲ။
အော့တိုဆိုတာ့ ခပ်ရင့်ရင့်နဲ့အလုပ်ကိုအတိအကျလုပ်တတ်တဲ့လူ့ခွစာကြီး တစ်ယောက်ရှိပါတယ်။အားလုံးကို ဆူပူ အပြစ်တင်နေပေမဲ့ အကူအညီလိုအပ်ရင်လည်းအကုန်လုပ်ပေးတတ်တာမို့ အားလုံးကချစ်ကြပါတယ်။အဲဒီအချိန်မှာပဲ သူ့အိမ်ဘေးကို တွမ်မီနဲ့မယ်ရီဆောဆိုတဲ့ ဇနီးမောင်နှံနဲ့ ကလေးလေးနှစ်ယောက်ပြောင်းလာပါတယ်။အဓိကကတော့ အော့တိုဘာလို့ ဒီလိုဂွကျကျ အဘိုးကြီးဖြစ်နေလဲဆိုတဲ့ နောက်ကြောင်းရယ်၊လက်ရှိကာလမှာ သူတို့ကိုနှင်ထုတ်ဖို့ကြိုးစားနေတဲ့အိမ်ခြံမြေလုပ်ငန်းရှင် လူယုတ်မာတွေကိုရပ်ကွက်သားတွေစည်းစည်းလုံးလုံးပြန်တိုက်ထုတ်ပုံတွေရယ်ကို မေတ္တာတရားပုံဖော်မှုသက်သက်နဲ့ တင်ဆက်ထားတာပါပဲ။
တွမ်ဟန့်ကို ဒစ်ဂျစ်တယ်အထူးပြုလုပ်ချက်နဲ့ လူငယ်ပုံဖန်တီးတဲ့နေရာမှာတော့The Burbs 1989 က ပုံတွေကို အခြေခံပြီး ပြုလုပ်ထားတာပါ။တွမ်ဟန့်ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူကတော့ Truman Hanks ဖြစ်ပြီး တွမ်ဟန့်ခ်ရဲ့ သားအရင်းပဲဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။

Exotica (1994)
⭐IMDB: 7.0/10 (20 k Votes)
🎬 #Adult #Drama
🗓️ 1994 🎞️ Movie 📺 720p HD
🌎 #Canada
⏰ 1 နာရီ 44 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Exotica (1994)
~ IMDb – 7/10, Rotten Tomatoes – 95% ~
Exotica ဟာ ၁၉၉၀ ခုနှစ်များဆီက မရေရာမသေချာ အိပ်မက်ဆန်ဆန် ပုံစံမျိုးပြသပြီး Psychological Thriller ဇာတ်ကားတွေကို တစ်ခေတ်ဆန်းစေခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ဖော်ချွတ်ကလပ်တစ်ခုဖြစ်တဲ့ Exotica မှာဆုံကြတဲ့ လမ်းပျောက်နေတဲ့ ဒဏ်ရာရနေတဲ့ ဝိညာဉ်တစ်စုရဲ့ ဇာတ်လမ်းလေးပါ။ ဝမ်းနည်းစရာပြည့်နေတဲ့ အတိတ်နဲ့ လူတစ်ယောက်၊ သူနဲ့ ထူးဆန်းတဲ့ ဆက်ဆံရေးတစ်ခုရှိနေတဲ့ အကမယ်လေး၊ အကမယ်လေးကို စွဲလန်းနေတဲ့ ဒီဂျေနဲ့ ရှားပါးငှက်ဥတွေကို မှောင်ခိုကူးနေတဲ့ သူတစ်ယောက်… သူတို့ရဲ့ ဆက်နွယ်မှုတွေ နာကျင်မှုတွေ ခံစားချက်တွေကို ကူးလူးခံစားမိစေမှာပါ။ သူတို့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် ပုစ္ဆာတစ်ခုလို ဖန်တီးတင်ပြထားပါတယ်။ အရမ်းကို နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေနဲ့ ခံစားချက်တွေကို ရောထွေး ယှက်နွယ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ရုပ်ရှင်ဆု ၁၆ ဆုကို ရရှိထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်ကားအကြောင်း စိတ်မဝင်စားတဲ့သူတွေအတွက်လည်း ပေါက်စီပွဲတော်ကြီးကို ကြည့်ရမှာဖြစ်တဲ့အတွက် ခံစားလို့ရနိုင်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
Exotica (1994)
⭐IMDB: 7.0/10 (20 k Votes)
🎬 #Adult #Drama
🗓️ 1994 🎞️ Movie 📺 1080p FHD

The Mandalorian (2019- )
⭐IMDB: 8.7/10 (502 k Votes)
🎬 #Action #Adventure #Fantasy #SciFi #Drama #Western #War #Politics
🗓️ 2019- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 35 မိနစ် 47 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Mandalorian (2019-2023) Season 1 + 2 + 3ဒစ်စနေးရဲ့ ပွဲဦးထွက် စတားဝါးစ် စီးရီးလာပါပြီ။
အတော်ကို လန်းပါတယ်။ စတားဝါးစ်ဖန်တွေ အကြိုက်တွေ့မှာပါ။အထူးပြုလုပ်ချက်တွေနဲ့ အကောင်တွေ ယာဉ်တွေ လုပ်ထားတာအတော်ကိုကောင်းပါတယ်။စီးရီးဆိုပေမယ့် ရုပ်ရှင့်အဆင့်နီးပါး ဖန်တီးထားတာပါပဲ။တိုက်ခိုက်ခန်းတွေကလည်းတကယ့် စတားဝါးအငွေ့အသက်ကို ရမှာပါ။ကြည့်လေလေ သဘောကျလေလေပါပဲ။ဇာတ်လမ်းကတော့ တစ်ပိုင်းထဲနဲ့ ကောင်းမကောင်းပြောဖို့ခက်ပါသေးတယ်။အပိုင်း ၁ ရဲ့ အခြေအနေအရတော့ မေးခွန်းတွေနဲ့စိတ်ဝင်စားစရာ ကောင်းနေတုန်းပါပဲ။ဒီစီးရီးရဲ့ အချိန်ကာလကတော့စတားဝါးစ် ၆ – ရီထန်းအော့ဖ်သယ်ဂျဒိုင်း အပြီးကနေ စတင်ထားတာပါ။ဆရာယိုးဒါး၊ အင်ပါယာ၊ ဒါ့သ်ဗိတ်ဒါတို့သေဆုံးပြီးသွားခဲ့ပါပြီး။ ဆရာယိုးဒါးဟာအသက် ၉၀၀ ဝန်းကျင်မှာ သေသွားခဲ့တာပါ။ဒါကိုလည်း အကြောင်းရှိလို့ ပြောပြတာပါ။စီးရီးရဲ့ နာမည် မန်ဒါလိုရီးယန်း ဆိုတာစတားဝါးစ်ရဲ့ နာမည်ကျော် မျိုးနွယ်စု တစ်ခုနာမည်ပါပဲ။သူတို့တွေဟာ နာမည်ကျော် ချပ်ဝတ်အင်္ကျီတွေနဲ့တိုက်ခိုက်မှုကျွမ်းကျင်ကြလို့ ကျော်ကြားပါတယ်။စတားဝါးစ် နံပါတ် ၅ အင်ပါယာ စထရိုက်ဘက်မှာမိတ်ဆက်သွားတာကို တွေ့မှာပါ။နောက်ပြီး စတားဝါး ၂ – ကလုန်းစစ်ပွဲမှာလည်း ပါပါတယ်။ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဘော့ဘာဖက်ထ်ရဲ့ကာရိုက်တာကို လူကြိုက်များလာတဲ့အတွက်မန်ဒါလိုရီးယန်း ဇာတ်လမ်းတွေ ထပ်ပြီးပေါ်ပေါက်လာခဲ့တာပါပဲ။ဒီအထဲမှာ ဘက်စကာဆိုတဲ့ မန်ဒါလိုရီးယန်းဝတ်စုံသတ္တုလည်း ပါပါတယ်။တစ်ပတ်တစ်ပိုင်းနှုန်း ဆက်ကြည့်လိုက်ကြရအောင်။
Like Stars on Earth (2007)
⭐IMDB: 8.3/10 (196 k Votes)
🎬 #Bollywood #Drama #Family
🗓️ 2007 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 42 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနေ့တော့အရမ်းကောင်းတဲ့ အိန္ဒိယကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ပါဝင်တဲ့မင်းသားကိုလည်းစိမ်းကြမယ်မထင်ပါဘူး..ကျွန်တော်တို့တွေကြိုက်နှစ်သက်ခဲ့ကြတဲ့ PK ဇာတ်ကားမှ ကျွန်တော်တို့ရဲ့အသည်းကျော်မင်းသား Aamir Khan ပဲဖြစ်ပါတယ်..ဆု 15 ခု လျာထားခြင်းခံခဲ့ရပြီး 13 ဆု တိတိရရှိခဲ့ပါတယ်…
ဇာတ်လမ်းကတော့..အသက် ၈ နှစ်အရွယ်ရှိ အီရှန်ဟာ မိသားစုမှာ အငယ်ဆုံးသားဖြစ်ပြီး ထူးချွန်တဲ့ အဖေ၊ အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါ။ ကျောင်းမှာလည်း အမြဲတန်း နောက်ဆုံးကဖြစ်ပြီး စာသင်ရတာကို စိတ်မဝင်စားသူပါ။ ပန်းချီဆွဲရတာကို ဝါသနာပါပြီး စာကောင်းကောင်းမလုပ်တဲ့အတွက် အမြဲတမ်း ဆရာမတွေရဲ့ ဆူပူ၊ အပြစ်ပေးခြင်းကို ခံရလေ့ရှိပါတယ်။ တတိယတန်းကို တစ်ကြိမ်ကျခဲ့လို့ ပြန်တက်နေရတဲ့ ကျောင်းသားလေးလည်းဖြစ်ပါတယ်။ လူကောင်ငယ်ပေမယ့် ဂျစ်ကန်ကန်ကျောင်းသားလေးဖြစ်ပြီး သူစိတ်ဝင်စားတာက ပြင်ပလောကကြီးကိုပါ။စာအလွန်ညံ့ပြီး အဆော့မက်တဲ့ အီရှန်ဟာ ကျောင်းက အမှတ်စာရင်းတွေပို့ရင်လည်း အိမ်ကိုပြန်မပြပဲ ကျောင်းလည်း ပြေးတတ်ပါသေးတယ်။ အတန်းထဲမှာ စာဖတ်ခိုင်းရင်လည်း မဖတ်တတ်ပဲ ဆရာမကိုပြန်ပြောင်လို့ အခန်းအပြင်ထုတ်ပြီး အပြစ်ပေးခံရပါတယ်။စာသင်နှစ်ဝက်ရောက်တဲ့ အချိန်မှာတော့ ကျောင်းအုပ်ဆရာမကြီးက အီရှန်ရဲ့ မိဘတွေကို ခေါ်တွေ့ပြီး အီရှန့်ကို ဒီကျောင်းမှာ ဆက်ပြီး လက်မခံနိုင်တော့ကြောင်း ပြောပြပါတယ်။ အီရှန်ရဲ့ ဖခင်ဟာ စည်းကမ်းကြီးတဲ့ ဘော်ဒါကျောင်းတစ်ခုကို အီရှန့်ကို ပို့လိုက်ပါတယ်။ အီရှန့်အနေနဲ့ မိဘတွေနဲ့ဝေးရာမှာ မသွားလိုပေမယ့် ဖခင်ရဲ့ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်တာကြောင့် ကျောင်းအသစ်မှာ တစ်ယောက်တည်း လောကသစ်ကို ရင်ဆိုင်ရပါတော့တယ်။ဖိနပ်ကြိုးလည်းမချည်တတ်၊ အိပ်ရာလည်း မသိမ်းတတ်တဲ့ အီရှန်ဟာ ကျောင်းမှာ စည်းကမ်းတင်းကြပ်တဲ့ ဆရာတွေရဲ့ ဖိအားပေးမှုကြောင့် စာတွေကို စိတ်မဝင်စားရာကနေ စာသင်ရမှာကို ကြောက်လန့်လာပါတော့တယ်။ သူဟာ အားလုံးရဲ့ အပြင်ဘက်မှာ တစ်ယောက်တည်း အထီးကျန်နေရပြီး ညညဆိုရင် ရေချိုးခန်းထဲမှာ ကြိတ်ပြီး ငိုနေရပါတယ်။သူယခင်က အရမ်းဝါသနာပါတဲ့ ပန်းချီဆွဲခြင်းကိုတောင် ကြောက်ဆရာကောင်းတဲ့ ပန်းချီဆရာကြောင့် စိတ်ဝင်စားခြင်းမရှိတော့ပဲ၊ ဆိုးဝါးလှတဲ့ စည်းကမ်းတွေရဲ့ ဖိအားအောက်မှာ အမြဲတမ်းကြောက်လန့်နေရသူဖြစ်လာပါတယ်။ ဒီလိုနဲ့ ကြောက်စရာကောင်းတဲ့ ပန်းချီဆရာပြောင်းသွားပြီးနောက်မှာ ပန်းချီဆရာအသစ်ရောက်လာပါတယ်။ အချိန်ပိုင်းပန်းချီဆရာအဖြစ်ရောက်လာတဲ့ ရမ်ရှမ်ကာဟာ မသန်စွမ်းကလေးငယ်များ ကျောင်းမှာလည်း ပန်းချီဆရာအဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ အီရှန်လေးရဲ့ တစ်ယောက်တည်း အထီးကျန်ကြောက်လန့်နေမှုကို သတိထားမိတဲ့ ဆရာရမ်ရှမ်ကာဟာ အီရှန်လေးရဲ့ မိဘတွေကို သွားရောက်တွေ့ဆုံပြီး ပြဿနာရဲ့ အဖြေကို ဆွေနွေးခဲ့ပါတယ်။ဒီဇာတ်ကားဟာ စာရေးစာဖတ်ခက်ခဲတဲ့ရောဂါ (dyslexia) ရောဂါရှိနေတဲ့ ကလေးလေး အီရှန်ရဲ့ကြုံတွေ့ရတဲ့ အခက်အခဲကို ရိုက်ကူးထားတာဖြစ်ပြီး သူ့ရဲ့ဆရာ ရမ်ရှန်ကာရဲ့ ကူညီမှုနဲ့ လောကကြီးထဲ ပြန်လည်ဝင်ဆံ့လာတဲ့အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ ဂျစ်ကန်ကန်ကလေးလေး အီရှန်ရဲ့နေရာမှာ ၈ နှစ်အရွယ်ကလေးသရုပ်ဆောင် Darsheel Safary က ပီပြင်စွာသရုပ်ဆောင်ထားပြီး ပန်းချီဆရာ ရမ်ရှမ်ကာရဲ့နေရာမှာ နာမည်ကျော် PK မင်းသား Aamir Khan က သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူ၊ ဒါရိုက်တာလည်း ဖြစ်ပါတယ်။အိန္ဒိယငွေ သန်း ၁၂၀ နဲ့ ရိုက်ကူးထားပြီး ဝင်ငွေ သန်း ၈၉၀ ရအောင် အောင်မြင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။အိန္ဒိယရုပ်ရှင်အများစုလို မင်းသားနဲ့မင်းသမီးသီချင်းဖွင့်ပြီးကတဲ့အခန်းမျိုးမပါဝင်ပဲ၊ စကားပြောအများစုနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် အက်ရှင်ဇာတ်လမ်းကြမ်းကြမ်းမျိုးကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ပျင်းရိစရာကောင်းပါလိမ့်မယ်။ ငယ်ရွယ်တဲ့ တူ၊တူမ၊ သားသမီးရှိတဲ့ မိဘတိုင်း၊ ဆရာဆရာမတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပြီး ကလေးတိုင်းမှာ မတူညီတဲ့ စွမ်းဆောင်ရည်နဲ့ မတူညီတဲ့ အိပ်မက်တွေရှိတယ်ဆိုတာကို ဇာတ်လမ်းအစကနေအဆုံးအထိ မျက်စိမခွာနိုင်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။
IMDB Rating (8.4/10) ဖြစ်ပြီး Rotten Tomato (91%) ထိရထားတာမို့လို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်တယ်ဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုပြီးရင် သိသွားမှာ သေချာပါတယ်။
( အညွှန်းကို mmmovieguide မှ ကူးယူတင်ပြပါသည် )
Baragaki: Unbroken Samurai (2021)
⭐IMDB: 6.3/10 (206 Votes)
🎬 #Drama #History #Action
🗓️ 2021 🎞️ Movie 📺 720p HD
🌎 #Japan
⏰ 2 နာရီ 30 မိနစ် 05 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Baragaki: Unbroken Samurai (2021)
~IMDb – 6.3/10, MyDramaList – 7.2/10 ~
ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။
အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ – ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ရုပ်ရှင်နှစ်ကားနဲ့ စီးရီးသုံးခုရှိပါတယ်။ ဒီ Baragaki: Unbroken Samurai ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ကားပါ။ Hell Dogs (2022) နဲ့ Sekigahara (2017) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Masato Harada ရိုက်ကူးပြီး Jidaigeki (သမိုင်းဆိုင်ရာရုပ်ရှင်ဇာတ်လမ်းတွဲများ) မှာ သရုပ်ဆောင်လေ့ရှိတဲ့ Junichi Okada က ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Hijikata Toshizo (ဟီဂျိကာတာ တိုရှီဇိုး) အဖြစ် သရုပ်ဆောင်ထားပါတယ်။
Baragaki: Unbroken Samurai က ရှင်းဆန်းဂူမိအကြောင်းဆိုတာထက် ရှင်းဆန်းဂူမိရဲ့ ဒုခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဟီဂျိကာတာတိုရှီဇိုးကဘယ်လိုလူစားလဲ… သူကရှင်းဆန်းဂူမိကို ဘယ်လိုရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့သလဲ… ရှင်းဆန်းဂူမိကို သူ ဘယ်လောက်အထိ မျှော်လင့်ထားသလဲ… နောက်ဆုံးအချိန်အထိ ရှင်းဆန်းဂူမိအတွက် သူ ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲဆိုတာတွေကို အဓိကကြည့်ရှုခံစားရမှာဖြစ်သလို ရှင်းဆန်းဂူမိဘယ်လိုပေါ်ပေါက်လာသလဲ… ရှင်းဆန်းဂူမိဆိုတာဘာလဲ… ရှင်းဆန်းဂူမိရဲ့တစ်ခြားခေါင်းဆောင်တွေက ဘယ်လိုအကျင့်ရှိကြလဲ… ရှင်းဆန်းဂူမိရဲ့ နာမည်ကြီးတိုက်ပွဲတွေကဘာလဲ… ရှင်းဆန်းဂူမိဘယ်လိုအဆုံးသတ်သွားသလဲ ဆိုတာတွေကိုလည်း ဟီဂျိကာတာရဲ့အမြင်ကနေ သိရှိရမှာဖြစ်ပါတယ်။
၂ နာရီခွဲနီးပါးကြာတဲ့ ဒီဇာတ်ကားကို ဖြစ်ရပ်မှန်သမိုင်းကားကြီးဆိုပြီး ပျင်းစရာကောင်းတယ်လို့ ယူဆကြမှာပါ။ ဒါပေမဲ့ ရှင်းဆန်းဂူမိကဒီလိုကြီးပါလား ဒီခေတ်မှာ ဒီလိုတွေ ဖြစ်သွားခဲ့ပါလားဆိုတာကို ခပ်သွက်သွက်ဇာတ်ညွှန်းကြောင့် မပျင်းရိဘဲ သိရှိရမှာဖြစ်ပြီး အိုဗာတင်းမဟုတ်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဟီဂျိကာတာတို့ရဲ့ဓားရေးယှဉ်ပြိုင်မှုတွေ၊ တိုက်ပွဲအချို့က ကြည့်နေရင်း ဒါမှမဟုတ် ကြည့်ပြီးတာနဲ့ Kenshin Live-Action ငါးကားစလုံးကို ပြန်ကြည့်ချင်စိတ်ဖြစ်ပေါ်စေမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAKမှ ပြန်ဆို ရေးသားထားပါတယ်)