ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
https://m.media-amazon.com/images/M/MV5BZjQyNzE3OTUtMTk0Mi00M2QxLWI2MDYtMjAwYjljY2U4ZjBmXkEyXkFqcGdeQXVyMjkxNzQ1NDI@._V1_FMjpg_UX1000_.jpg
Kaapa (2022)
⭐IMDB: 6.9/10 (5 k Votes)
🎬 #Action #Bollywood #Crime #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 14 မိနစ် 06 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kaapa (2022)
IMDb 7/10ပျိုမေတွေရဲ့အသည်းစွဲ မင်းသားကြီး Prithviraj Sukumaran ပါဝင်သရုပ်ဆောင်ထားတဲ့Thriller/Crime အမျိုးအစားဇာတ်ကားကောင်းကိုတင်ဆက်ပေးချင်ပါတယ်အာနန်နဲ့ဘီနူဟာ ချစ်ကြည်နူး တစ်တီတူးလို့မဝသေးတဲ့ကြင်စဦးမောင်နှံလေးပါသူတို့က ဘန်ဂလောကနေ သီရုဗနသာပူရန်လို့ခေါ်တဲ့မြို့လေးကို ပြောင်းလာခါစရှိပါသေးတယ်အဲ့အချိန်မှာပဲ အာနန်သိလိုက်ရတာက သူ့မဟေသီက မဟာ့မဟာလူဆိုးစာရင်း kaapa ဆိုတဲ့ စာရင်းထဲကို ပါနေတာပါ
ပြီးတော့ အဲ့မြို့ကိုကြီးစိုးနေတဲ့ဂိုဏ်းက မာဒူဦးစီးတဲ့ ကိုလ်တာမာဒူဂိုဏ်းပါတဲ့မာဒူနဲ့သူ့မိန်းမ ဘီနူရဲ့မျိုးနွယ်သီရိဗစ်ကရာမန်နဲ့က ကမ္ဘာမကြေတွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြန်ဘူးဆိုတာလဲ သိလိုက်ရပါတယ်အာနန်တစ်ယောက် ဂိုဏ်းစတားကြီးကိုပဲ ပြေးတောင်းပန်ရမလား ရဲမှတ်တမ်းကပဲ သူ့မိန်းမနာမည်ဖျက်ပေးရမလားစသည်ဖြင့် ဇာတ်ရှုပ်ကြီးထဲဝင်ပါမိရာကနေ အပ်ချည်အစဖြေသလို နောက်ကွယ်ထိဘယ်လိုဝင်ပတ်သတ်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး…….

🗓️ 2022 🎞️ Movie 📺 720p HD

https://m.media-amazon.com/images/M/MV5BZTcwMGFlOGItNDhiNi00YzBmLWE1MzctMmY3MDRmOWY4ODcxXkEyXkFqcGdeQXVyMDA4NzMyOA@@._V1_FMjpg_UX1000_.jpg
The Jack in the Box (2019)
⭐IMDB: 4.2/10 (2 k Votes)
🎬 #Horror
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #UnitedKingdom
⏰ 1 နာရီ 28 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Jack in the Box (2019)
၁၈၀၀ပြည့်နှစ်နှောင်းလောက်မှာ Jack in the Box လို့ခေါ်တဲ့ အဖုံးဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့အရုပ်လေးက သေတ္တာပေါ်ကို ကန်ထွက်လာတဲ့အရုပ်သေတ္တာလေးတွေ ပေါ်လာခဲ့တယ်။ ဒီသေတ္တာလေးတွေကို ရှေးအတီတေတုန်းကတော့ မကောင်းတဲ့ရည်ရွယ်ချက်နဲ့အသုံးချခဲ့ကြတာပေါ့။ စုန်းအတတ်ကျင့်တဲ့လူတွေကို သေဒဏ်ပေးတဲ့ခေတ်တုန်းက စုန်းအတတ်ပညာသည်တွေဟာ ဒီလိုလှပပြီးဖွင့်ချင်စရာသိပ်ကောင်းတဲ့ သေတ္တာလေးတွေထဲမှာ နတ်ဆိုးတွေကို ထည့်ခဲ့ကြတယ်။ ချိုမြိန်တဲ့လက်စားချေခြင်းပေါ့။ ဒီသေတ္တာတွေဟာ ဖျက်ဆီးလို့လည်းမရဘူး။ သေတ္တာထဲမှာတော့ ကြောက်စရာကောင်းတဲ့ လူပြက်အရုပ်နဲ့တူတဲ့ မကောင်းဆိုးရွားကို ထည့်ထားကြတယ်။
တစ်ယောက်ယောက်ကများ အဲဒီသေတ္တာကို ဖွင့်မိပြီဆိုရင် သေတ္တာထဲက မကောင်းဆိုးရွားဟာ လူ၆ယောက်ပြည့်အောင် သတ်ပြီးမှ သေတ္တာထဲပြန်ဝင်တယ်။အသက်တစ်သက်အတွက် သူက သေတ္တာထဲ ၃နှစ်အသက်ရှင်နိုင်တယ်။ တစ်ခါထွက်လာလို့စားပြီးရင် ၁၈နှစ်တိတိသေတ္တာထဲရှင်သန်နိုင်တယ်။ လူဆိုတဲ့ သိချင်စိတ်များတဲ့ သတ္တဝါတွေက အမြဲဖွင့်နေကြတော့ ဒီလူပြက်ဟာ ရာစုအဆက်ဆက် ရှင်သန်နိုင်ခဲ့တယ်။ သေတ္တာကိုဖွင့်တဲ့လူတွေကတော့ ဆုတောင်းပြည့်ကြတယ်ဆိုတယ်။ ဒါပေမဲ့လည်း ကြမ္မာငင်ကြတာပါပဲ။
ဒီလိုနဲ့ ဒီသေတ္တာတွေဟာ သမိုင်းထဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရာက မြို့လေးတစ်မြို့က ပြတိုက်မှာပေါ်လာတယ်။ ပြောင်းလာတဲ့ပြတိုက်မှူးဟာ ဒီသေတ္တာကိုဖွင့်မိခဲ့တယ်။ နောက်ပိုင်း ဒီသေတ္တာထဲက မကောင်းဆိုးရွားအကြောင်း သူသိသွားတဲ့အခါမှာ မကောင်းဆိုးရွားကို တားဆီးဖို့ကြိုးစားတယ်။ အောင်မြင်လား။ မအောင်မြင်ဘူးလားတော့ ကိုယ်တိုင်ကြည့်ကြပေါ့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BZTcwMGFlOGItNDhiNi00YzBmLWE1MzctMmY3MDRmOWY4ODcxXkEyXkFqcGdeQXVyMDA4NzMyOA@@._V1_FMjpg_UX1000_.jpg
The Jack in the Box (2019)
⭐IMDB: 4.2/10 (2 k Votes)
🎬 #Horror
🗓️ 2019 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom
⏰ 1 နာရီ 28 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Jack in the Box (2019)
၁၈၀၀ပြည့်နှစ်နှောင်းလောက်မှာ Jack in the Box လို့ခေါ်တဲ့ အဖုံးဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့အရုပ်လေးက သေတ္တာပေါ်ကို ကန်ထွက်လာတဲ့အရုပ်သေတ္တာလေးတွေ ပေါ်လာခဲ့တယ်။ ဒီသေတ္တာလေးတွေကို ရှေးအတီတေတုန်းကတော့ မကောင်းတဲ့ရည်ရွယ်ချက်နဲ့အသုံးချခဲ့ကြတာပေါ့။ စုန်းအတတ်ကျင့်တဲ့လူတွေကို သေဒဏ်ပေးတဲ့ခေတ်တုန်းက စုန်းအတတ်ပညာသည်တွေဟာ ဒီလိုလှပပြီးဖွင့်ချင်စရာသိပ်ကောင်းတဲ့ သေတ္တာလေးတွေထဲမှာ နတ်ဆိုးတွေကို ထည့်ခဲ့ကြတယ်။ ချိုမြိန်တဲ့လက်စားချေခြင်းပေါ့။ ဒီသေတ္တာတွေဟာ ဖျက်ဆီးလို့လည်းမရဘူး။ သေတ္တာထဲမှာတော့ ကြောက်စရာကောင်းတဲ့ လူပြက်အရုပ်နဲ့တူတဲ့ မကောင်းဆိုးရွားကို ထည့်ထားကြတယ်။
တစ်ယောက်ယောက်ကများ အဲဒီသေတ္တာကို ဖွင့်မိပြီဆိုရင် သေတ္တာထဲက မကောင်းဆိုးရွားဟာ လူ၆ယောက်ပြည့်အောင် သတ်ပြီးမှ သေတ္တာထဲပြန်ဝင်တယ်။အသက်တစ်သက်အတွက် သူက သေတ္တာထဲ ၃နှစ်အသက်ရှင်နိုင်တယ်။ တစ်ခါထွက်လာလို့စားပြီးရင် ၁၈နှစ်တိတိသေတ္တာထဲရှင်သန်နိုင်တယ်။ လူဆိုတဲ့ သိချင်စိတ်များတဲ့ သတ္တဝါတွေက အမြဲဖွင့်နေကြတော့ ဒီလူပြက်ဟာ ရာစုအဆက်ဆက် ရှင်သန်နိုင်ခဲ့တယ်။ သေတ္တာကိုဖွင့်တဲ့လူတွေကတော့ ဆုတောင်းပြည့်ကြတယ်ဆိုတယ်။ ဒါပေမဲ့လည်း ကြမ္မာငင်ကြတာပါပဲ။
ဒီလိုနဲ့ ဒီသေတ္တာတွေဟာ သမိုင်းထဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရာက မြို့လေးတစ်မြို့က ပြတိုက်မှာပေါ်လာတယ်။ ပြောင်းလာတဲ့ပြတိုက်မှူးဟာ ဒီသေတ္တာကိုဖွင့်မိခဲ့တယ်။ နောက်ပိုင်း ဒီသေတ္တာထဲက မကောင်းဆိုးရွားအကြောင်း သူသိသွားတဲ့အခါမှာ မကောင်းဆိုးရွားကို တားဆီးဖို့ကြိုးစားတယ်။ အောင်မြင်လား။ မအောင်မြင်ဘူးလားတော့ ကိုယ်တိုင်ကြည့်ကြပေါ့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BODQzZmE5NWUtODIyMi00MWVlLWJmMTYtNjAyN2ZjNGQ0ZmNkXkEyXkFqcGdeQXVyMTEzMTI1Mjk3._V1_FMjpg_UX1000_.jpg
Jung_E (2023)
⭐IMDB: 6.5/10 (77 Votes)
🎬 #Action #Adventure #Drama #Sci-Fi
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #SouthKorea
⏰ 1 နာရီ 41 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
JUNG_E (2023)
၂၂ ရာစုအရောက်မှာတော့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လူသားတွေဟာ ကမ္ဘာမြေကြီးမှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲလာခဲ့ပါတယ်။ ဒီအတွက်လည်း အာကာသဟင်းလင်ပြင်မှာ လူနေအာကာသစခန်းတွေ ဆောက်လုပ်ပြီး အသက်ဆက်ခဲ့ကြရပါတယ်။ တစ်နေ့မှာတော့ ဒီအာကာသစခန်းမှာနေထိုင်ကြတဲ့ လူသားတွေ အချင်းချင်း ကတောက်ကဆဖြစ်ရာကနေ စစ်ပွဲကြီးဆီကိုပါ ဦးတည်လာပါတော့တယ်။
ဂျောင်အီ ဆိုတာကတော့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုရဲ့ အဖွဲ့မှူးပါ။ ကံမကောင်းစွာပဲ သူဟာ ဦးနှောက်ပုံတူပွားခြင်း သုတေသနတစ်ခုမှာ စမ်းသပ်ခံတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ဒီသုတေသနသာအောင်မြင်ရင် စစ်ပွဲကြီးကို အနိုင်နဲ့ ပိုင်းနိုင်မှာဖြစ်တဲ့အတွက် သုတေသနမှူးတွေဖြစ်တဲ့ ဆောဟျွန်း နဲ့ ဆန်းဟွန်းတို့ကလည်း အစွမ်းကုန် ကြိုးစားအားထုတ်ကြတယ်။
ဒီလိုနဲ့ ဦးနှောက်ပုံတူပွားခြင်း နဲ့ တိုက်ခိုက်ရေးစွမ်းရည်မြင့်တဲ့ AI စက်ရုပ် တီထွင်ဖို့ အထိပါ ကြိုးစားလာကြတဲ့အခါ …
သုတေသနမှူးတွေရဲ့ ကြိုးစားအားထုတ်မှုက တကယ်ပဲ အောင်မြင်လာမှာလား?ကံမကောင်းအကြောင်းမလှစွာနဲ့ စမ်းသပ်ခံဖြစ်သွားရရှာတဲ့ တပ်ဖွဲ့မှူး ဂျောင်အီတစ်ယောက်ကော စမ်းသပ်ခံဘဝကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ပါ့မလား?စစ်ပွဲကြီးကကော ဘယ်လို အဆုံးသတ်သွားမလဲ? ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုလိုက်ကြစို့နော်။
https://m.media-amazon.com/images/M/MV5BMjc5MDE0NjkxOF5BMl5BanBnXkFtZTcwNzA0NTkyMw@@._V1_FMjpg_UX1000_.jpg
Garden State (2004)
⭐IMDB: 7.4/10 (218 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2004 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 42 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Garden State(2004)
================
ဒီဇာတ်ကားလေးကတော့ 2004 ခုနှစ်မှာထွက်ရှိထားပြီး
Actor ကတော့ Director Zach Braff ကိုယ်တိုင်ပဲဖြစ်ပါတယ်
ဒီဇာတ်ကားလေးနဲ့ပက်သက်ပြီး Director Zach Braff က
Independent spirit award for best features ဆုရရှိခဲ့ပါတယ်
Braff က ဒီဇာတ်ကားလေးက သူ့ရဲ့ တကယ့်ဘဝအတွေ့အကြုံကို
အခြေခံပြီးတော့ ရိုက်ကူးထားတယ်လို့သိရပါတယ်
ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင် 26 နှစ်အရွယ်
မင်းသားရော waiter ရောလုပ်ပြီး ဘဝကိုရုန်းကန်နေရတဲ့
Andrew Largeman ဆိုတဲ့ကောင်လေးက သူ့အမေသေသွားလို့
သူ့ရဲ့ ဇာတိမြို့ New Jersey ကိုပြန်လာခဲ့တယ် ဇာတိမြို့ကို
ပြန်လာအပြီးမှာ Andrew ရဲ့ဘဝထဲကို Samantha ဆိုတဲ့
ကောင်မလေးရောက်လာပြီးတော့ Andrew ရဲ့ အဓိပ္ပာယ်မရှိတဲ့
ဘဝအတွက် ဘယ်လိုအပြောင်းအလဲလေးတွေ ဖြစ်သွားမလဲ
ဆိုတာကိုတော့ ဇာတ်ကားလေးကိုဆက်ပြီး ကြည့်ရှူပေးပါဦးနော်..
(အညွှန်းနဲ့ ဘာသာပြန်ဆိုထားတာကတော့ Duckkie ဖြစ်ပါတယ်)
https://m.media-amazon.com/images/M/MV5BNjcyNGI3NDQtOTljNS00ZGQ1LTgyZTAtODQyNDk4ZjkzNjMxXkEyXkFqcGdeQXVyMjM4NTM5NDY@._V1_FMjpg_UX1000_.jpg
The Price We Pay (2022)
⭐IMDB: 5.1/10 (416 Votes)
🎬 #Action #Horror #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 25 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Price We Pay (2022)
“အဖိုးအခတော့ ပေးရလိမ့်မယ်” ဒီစကားဟာ လောကနိယာမအရ ဘယ်နေရာမှာမဆို အကျုံးဝင်တဲ့ စကားဖြစ်ပါတယ်။ ကိုယ်ဘာပဲလုပ်လုပ် တန်ပြန်သက်ရောက်မှုရဲ့ အကျိုးရလဒ်ကို လူသားတိုင်း ခံစားကြရမှာပါ။ ဒီဇာတ်ကားလေးကလည်း ဒီသဘောကို သရုပ်ဖော်ထားတဲ့ Horror ကားလေးပါ။
ဇာတ်လမ်းအကျဉ်း …
ဂရေ့စ် တစ်ယောက် အကြွေးတွေမဆပ်နိုင်လို့ ရှိတာလေးထုချေပြီး အကြွေးဆပ်ဖို့ အပေါင်ဆိုင်ကို ရောက်နေချိန်မှာ ဓါးပြတိုက်မှုနဲ့ ကြုံရပြီး ဓားစာခံအဖြစ် အဖမ်းခံလိုက်ရပါတယ်။
ဒီလိုနဲ့ ဓားပြသုံးယောက်နဲ့အတူ သူမ စီးလာတဲ့ကားဟာ လယ်တော တစ်ခုအနီးမှာ ပျက်သွားတဲ့အခါ …
ညကြီးမင်းကြီးဆိုတော့ အနီးအနားလူနေအိမ်တစ်ခုကို ရအောင်ရှာပြီး အကူအညီတောင်းဖို့ ကြိုးစားကြရပါတယ်။ သို့ပေမဲ့ …
အဲ့ဒီအိမ်က ဘယ်သူတွေနေတာလဲ?ဘာတွေလုပ်ကြတာလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုအဖြေရှာလိုက်ကြစို့နော်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Themesပါ။)
https://m.media-amazon.com/images/M/MV5BMDRkYzA4ZjktZDNhZi00Mjk5LWFjZmEtNmEyNmQ2YjJmYzFlXkEyXkFqcGdeQXVyMTI5ODA1OTU0._V1_FMjpg_UX1000_.jpg
Love Can't Be Said (2022)
⭐IMDB: 5.8/10 (16 Votes)
🎬 #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 34 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကိုယ့်ရဲ့ လူငယ်ဘဝ အချိန်လေးကို တောက်ပပေးစေနိုင်တဲ့လူလို့ထင်မိစေလောက်တဲ့အထိ သဘောကျခဲ့ရတဲ့ အချစ်ဦးမျိုးရော ရှိခဲ့ဖူးလား?
သူများနဲ့ စကားပြောရတာ မကြိုက်တတ်သူ ၊ မိတ်ဆွေဖွဲ့ဖို့ ဝန်လေးနေတတ်သူ ၊ကိုယ့်ကိုကိုယ်အမြဲသိမ်ငယ်ပြီး နှိမ့်ချနေတတ်သူတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူလေး – ထုန်ကျစ်းလျောင်
ခင်မင်တတ်ပြီး ပျော်ပျော်နေတတ်သူ ၊ အပင်လေးတွေကိုချစ်မြတ်နိုးတဲ့သူ ၊သူများတကာကို ကူညီစိတ်အပြည့်ရှိသူ စတုတ္ထနှစ်ကျောင်းသားလေး – ကုပင်း
ကိုယ့်ကို အမြဲနှိမ့်ချ သိမ်ငယ်နေတတ်တဲ့ ထုန်ကျစ်းလျောင်တစ်ယောက်ထိုင်ပေကနေပြီး ကွမ်ကျိုးကို ကျောင်းလာတတ်တဲ့ ကုပင်းဆိုတဲ့ကောင်လေးကို လေးနှစ်တိတိ သဘောကျလာခဲ့ပါတယ် ။ဒါပေမဲ့လို့ ဖွင့်ပြောဖို့အတွက် သူမမှာ သတ္တိမရှိခဲ့ပါဘူး ။ဖွင့်ပြောမယ် ဆုံးဖြတ်ချက်ချခဲ့တိုင်းလဲ လွဲမှားမှူတွေအမျိုးမျိုးကြောင့် ဖွင့်ပြောဖို့ အခွင့်မသာခဲ့ပြန်ပါဘူး ။
❏ သူမရဲ့ ဘဝလေးကို တောက်ပစေခဲ့တဲ့ “သူ”❏သူမ ငယ်ရွယ်မှုတွေထဲက ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးခဲ့တဲ့ “သူ”❏ ရှင်သန်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူမကို သိစေခဲ့တဲ့ “သူ”ဘွဲ့ရပြီး နေရပ်ကိုပြန်ချိန် ကုပင်းတစ်ယောက် ထိုင်ပေကို ပြန်တော့မည့်အချိန်အတွင်းမှာမှ ထုန်ကျစ်းလျောင်တစ်ယောက် သတ္တိအပြည့်နဲ့ ဖွင့်ပြောခဲ့ပါတယ် ။“တစ်ချိန်လုံး အမြဲတမ်း ရှင့်ကိုပဲ သဘောကျနေမိခဲ့တာ “…!
❏ ဒါပေမဲ့ သူမရဲ့ ဖွင့်ပြောမှုက အောင်မြင်နိုင်ပါ့မလား ?❏ ကုပင်းမှာရော ဖုံးကွယ်ထားတဲ့ အရာတွေများရှိနေမလား ?❏ ငယ်ရွယ်ချိန်မှာ တွေ့ရှိခဲ့ကြတဲ့ သူတို့နှစ်ယောက် သက်ဆုံးထိတိုင်ပေါင်းဖက်သွားနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ပါရှင် ။ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတာနဲ့ “ကိုယ်သဘောကျတဲ့သူကို ဖွင့်ပြောလိုက်ပါ ။မဖွင့်ပြောမိလိုက်တဲ့အတွက် ရလိုက်တဲ့နောင်တကကိုယ့်ဘဝတစ်လျှောက်လုံး အဖော်ပြုနေပေးသွားမှာ” ဆိုတာ သိရှိလာစေပါလိမ့်မယ် ။
https://image.tmdb.org/t/p/original/nJjha6lzKjo3e9A92nZTXp2xyPb.jpg
The Assault ( 2023 )
⭐IMDB: ⁉️
🎬 #Action
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 21 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို 2023 ထွက်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေရှင်
တရုတ်နိုင်ငံ နယ်စပ်အတွင်းကို အမျိုးအမည်မသိတဲ့ ရည်ရွယ်ချက်နဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဝင်ရောက်လာခဲ့ပါတယ် ။ အဲ့ဒီအချိန်မှာ အကြမ်းဖက်တပ်ဖွဲ့ကိုနှိမ်နင်းဖို့ ပြည်သူ့လုံခြုံရေး၊အမျိုးသားလုံခြုံရေး၊လက်နက်ကိုင်ရဲတပ်ဖွဲ့ နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဟာနယ်စပ်တောင်ပေါ်ရွာပေးမှာ ပူးပေါင်းနေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ် ။
ထို့နောက် အထူးစစ်ဆင်ရေးအဖွဲ့ဟာ အဆောက်အအုံတွေကြားထဲမှာလျှို့ဝှက်စွာ နေရာယူခဲ့ပြီး မောင်းသူမဲ့ ဒရုန်းများနဲ့ ဗုံးကျဲတိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ် ။ဒါပေမဲ့ ဗုံးကျဲတိုက်ခိုက်ဖို့ အသင့်ပြင်ပြီး အနေအထားမှာအကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အတွင်းအရွယ်မရောက်သေးတဲ့ သူတွေပါရှိကြောင်း တွေ့ရှိခဲ့တဲ့ အချိန်မှာတော့ –
❏ တပ်ဖွဲ့တွေအနေနဲ့ ဒီအကြမ်းအဖက် အဖွဲ့ကိုဘယ်လိုကိုင်တွယ်မှာလဲ ?❏ စစ်ဆင်ရေးကရော ဒီအတိုင်းပဲရှိမလား ပြောင်းလဲသွားနိုင်မလား ?❏ ကြောက်မက်ဖွယ်ကောင်းတဲ့ ကြိုးကိုင်သူ အကြမ်းဖက်ခေါင်းဆောင်ကိုရောဖမ်းဆီးနိုင်ပါ့မလား ? ဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။Action တွေ တိုက်ခိုက်ဖောက်ခွဲမှုတွေကြိုက်နှစ်သက်သူတွေ အနေနဲ့ ဒီကားလေးကို အကြိုက်တွေ့စေမှာအမှန်ပါပဲ
https://m.media-amazon.com/images/M/MV5BMGE3ZTExNDYtZmExNC00OWI4LThjMDMtNGI1NWUxNmVmZWJjXkEyXkFqcGdeQXVyMDM1MzY1Mg@@._V1_FMjpg_UX1000_.jpg
When Winter Comes (2022)
⭐IMDB: 5.4/10 (5 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #SouthKorea
⏰ 1 နာရီ 45 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
When Winter Comes (2022)
Little Forest လို အလောင်မပါတဲ့ Healing drama တွေကိုပဲသဘောကျတဲ့သူတွေအတွက်When Winter Comes (2022) ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဆောင်းရာသီအေးအေးလေးမှာ စောင်ထဲကွေးရင်း အေးအေးဆေးဆေးနဲ့ ကြည့်လို့ကောင်းမယ့်ကားတစ်ကားပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ လက်ရှိအချိန်မှာ ဘတ်စ်ကားဒရိုင်ဘာလုပ်နေတဲ့ ရုပ်ရှင်ဒါရိုက်တာဟောင်း ဂုံဆော့ဝူနဲ့ဘတ်စ်ကားဂိတ်က စာရေးမလေး ယန်းယောင်းအယ်တို့ရဲ့ ကြည်နူးဖွယ်ဆက်ဆံရေးလေးကို ရိုက်ကူးပြသထားတာပါ။
ဒရိုင်ဘာဂုံဟာ ဘတ်စ်ကားဂိတ်ထိုင်ခုံပေါ်မှာ ကျန်နေခဲ့တဲ့ MP3 စက်လေးတစ်ခုကို တွေ့ရှိခဲ့ရာကနေယောင်းအယ်နဲ့ စတင်တွေ့ဆုံဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အတိတ်နဲ့ပါ ပြန်လည်ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ယောင်းအယ်ကတော့ အဲဒီ MP3 စက်လေးဟာ ပိုင်ရှင်ကလွှင့်ပစ်သွားခဲ့တာလို့ ယုံကြည်နေပြီးဒရိုင်ဘာဂုံကတော့ ပိုင်ရှင်ကမေ့ကျန်နေခဲ့တာလို့ တစ်ထစ်ချပြောနေခဲ့တာပါ။
ဒီလိုမျိုးယုံကြည်ချက်ကိုယ်စီနဲ့ MP3 စက်လေးကိုအကြောင်းပြုပြီး စတင်သိကျွမ်းခဲ့ကြတဲ့ဆက်ဆံရေးဟာအချိန်ကြာလာတဲ့အခါမှာ သံယောဇဉ်တွေပေါက်ဖွားလာကြမလား၊အဲဒီ MP3 စက်လေးမှာရော ဘာလျှို့ဝှက်ချက်တွေများ ရှိနေမလဲ၊သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအဆုံးသတ်လေးကရော ဘယ်လိုများဖြစ်သွားမလဲဆိုတဲ့စိတ်ဝင်စားစရာအချက်တွေကလည်း အပြည့်ပဲမို့ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။
အညွှန်း နဲ့ ဘာသာပြနကတော့Hmwe Thet Winnပဲ ဖြစ်ပါတယ်။
https://m.media-amazon.com/images/M/MV5BMTcxNTAxMTMzNF5BMl5BanBnXkFtZTcwMjQ1MDAxNA@@._V1_FMjpg_UX1000_.jpg
The Rite (2011)
⭐IMDB: 6.0/10 (99 k Votes)
🎬 #Drama #Horror #Mystery #Thriller
🗓️ 2011 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Hungary #Italy
⏰ 1 နာရီ 54 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Rite (2011)
Diagnosis (ရောဂါအမည်တပ်ခြင်း) ဆိုတာ ဆေးကုသတဲ့ဖြစ်စဉ်တစ်ခုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း အရေးပါလှတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီလိုပြောလို့ ယခုတင်ဆက်ပေးမှာက ဆေးပညာဆိုင်ရာ ဇာတ်လမ်းတစ်ခုတော့မဟုတ်ပါဘူး။ သရဲကားပါပဲ။
ဘုရားသခင်က လူသားတွေကို ဖန်ဆင်းလိုက်ပြီးနောက်မှာ လူသားတွေကို ရွံရှာမုန်းတီးစိတ်နဲ့ ဦးမညွှတ်နိုင်တဲ့ ဒုတိယသားကြီး လူစီဖာဟာ ဖခင်ကိုပုန်ကန်လို့ ငရဲမင်းသားအဖြစ်ကိုခံယူ၊ မကောင်းဆိုးဝါးတို့ရဲ့ ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်တဲ့။ သူကနေ အဆင့်ဆင့်ဆင်းသက်လာတဲ့ မကောင်းဆိုးဝါး ရာထူးအစဉ်လိုက်က လူတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့ရင်း လူ့ခန္ဓာကိုယ်ထဲဝင် သူတို့စိတ်နဲ့သူတို့ကိုယ်ဖြစ်အောင် ထိန်းချုပ်လိုက်တဲ့အခါ မကောင်းဆိုးဝါးပူးကပ်ခြင်းဖြစ်စဉ် ဖြစ်လာတော့တာပေါ့။
သားဆိုးလူစီဖာကို နှိမ်နင်းခဲ့ရတဲ့ သားကြီးဩရသ မိုက်ကယ်ရဲ့တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရတဲ့ လူသားဘုန်းတော်ကြီးတွေဟာ ပူးကပ်ခံရသူ လူသားတွေကို ကူညီပြီး မကောင်းဆိုးဝါးနှင်သူတွေအဖြစ် လေ့ကျင့်သင်ကြားလာရပါတယ်။ ဆရာဖြစ်သင်တန်းတက်ရသလိုပေါ့လေ။
မကောင်းဆိုးဝါးနှင်ရတယ်ဆိုတာ ပူးကပ်နေသူ ဘယ်သူလဲ၊ ဘာအမျိုးအစားလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့က အရေးအကြီးဆုံးပါ။ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးအမျိုးအစားကိုသိရရင် နှင်ထုတ်ဖို့က လွယ်ပါတယ် ဆိုကြပါစို့။
ဘုရားကို ယုံကြည်သက်ဝင်ခြင်းမရှိသူ၊ ဝေးလ်လူမျိုး၊ အလောင်းပြင်ရတဲ့မိသားစုက ဆင်းသက်လာတဲ့ လူပျိုပေါက်လေး မိုက်ကယ် ကိုဗက် က ဖခင်နဲ့ဝေးရာလမ်းအဖြစ် ဘုန်းကြီးဝတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖခင်နဲ့ အတူမရှိချင်လို့ ဘာသာရေးကျောင်းတက်ခဲ့ရာမှ ဆရာသမားရဲ့မျက်စိကျခြင်းခံရပြီး မကောင်းဆိုးဝါးနှင်သင်တန်းကို ဖိအားပေး တက်ရောက်ခိုင်းခံရပါတယ်။
သိပ္ပံဘက်ကို ယုံကြည်မှုကဲတဲ့ မိုက်ကယ် ကို ချွတ်နိုင်ဖို့အတွက် နာမည်ရဆရာတော် လူးကပ်စ် ဆီကို မကောင်းဆိုးဝါးနှင်သင်ခန်းစာတွေ လေ့လာခိုင်းလိုက်ရာမှ၊ လူးကပ်စ် ကို ဝင်ပူးလာတဲ့ ဘာရန် (ဘာရ်) မကောင်းဆိုးဝါးကြီးကို မိုက်ကယ် တစ်ယောက် နှင်ထုတ်ဖို့ဖြစ်လာတဲ့အခါ…
သရုပ်ဆောင်တွေကတော့ မသိသူမရှိအောင် နာမည်ကျော်တဲ့ အော်စကာဆုရှင် ဗြိတိန်သရုပ်ဆောင် အန်သိုနီဟော့ကင်းကြီးနဲ့ Once Upon a Time စီးရီးတွဲကြီးထဲမှာ ကပ္ပတိန်ဟု အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Colin O’Donoghue တို့အပြင် အီတလီမင်းသမီးအလှလေး Marta Gastini နဲ့ ဘရာဇီးမင်းသမီးအချောလေး Alice Braga တို့လည်း ပါပါသေးတယ်။ နောက် စပီးဘာ့ဂ်ရဲ့မြူးနစ်၊ ပေါ်လ်သောမတ်အန်ဒါဆန်ရဲ့ There Will Be Blood, မနှစ်က နာမည်ကျော်ခဲ့တဲ့ Belfast တို့ထဲက အိုင်းရစ်သရုပ်ဆောင် Ciarán Hinds ကလည်း ပါဝင်အားဖြည့်ထားပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BMTcxNTAxMTMzNF5BMl5BanBnXkFtZTcwMjQ1MDAxNA@@._V1_FMjpg_UX1000_.jpg
The Rite (2011)
⭐IMDB: 6.0/10 (99 k Votes)
🎬 #Drama #Horror #Mystery #Thriller
🗓️ 2011 🎞️ Movie 📺 720p HD

https://m.media-amazon.com/images/M/MV5BNTMzYWViMzEtYjZhZi00ZDY5LThhZGUtM2JmZTExZTRjOTg2XkEyXkFqcGdeQXVyMTM3OTE2Mzg@._V1_FMjpg_UX1000_.jpg
The Ages of Love (2011)
⭐IMDB: 5.9/10 (4 k Votes)
🎬 #Adult #Comedy #Romance
🗓️ 2011 🎞️ Movie 📺 720p HD
🌎 #Italy
⏰ 2 နာရီ 06 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ages of Love (2011) The Manual of Love 3(or) Manuale d’am3re
အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ နောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။
Manual of Love 2 တုန်းက ပါဝင်ပွဲကြမ်းသွားတဲ့ ပုရိသတို့အသည်းစွဲ မင်းသမီးကြီး Monica Bellucci လဲထပ်မံပါဝင်ထားခဲ့ပြီးတော့ တခြားဇာတ်ဆောင်တွေနဲ့ မတူညီတဲ့ဇာတ်လမ်းတွေကို ပေါင်းစပ်တင်ဆက်ထားပါတယ်။
ဇာတ်လမ်းကတော့ မြှားနတ်မောင်ဇာတ်လမ်းပါ…မြင်နေကျ မြှားနတ်မောင်ဇာတ်လမ်းတွေနဲ့မတူတာက
ဒီထဲမှာပါတဲ့ မြှားနတ်မောင်ကတော့ သောက်တလွဲပဲ ပစ်တတ်တဲ့ကောင်ပါ။
ဒီကောင်ပစ်လိုက်တာနဲ့ သောက်ပြသနာတသီကြီးတက်ပြီလို့ပြောရလောက်အောင် ချောက်ချတတ်တဲ့မြှားနတ်မောင်ပါ။
ရင့်ကျက်တည်ငြိမ်သူတွေတောင်မှ လဗြောင်းသတ်သွားတတ်တဲ့ မြှားနတ်မောင်ရဲ့မြှားသုံးချောင်းအကြောင်းကို ခံစားကြည့်ကြပါဦး။
Manual of Love ဇာတ်ကား ၃ ကားစလုံးကိုchannelmyanmar.org/?s=manual+of+loveမှာကြည့်ပါ။
https://m.media-amazon.com/images/M/MV5BNzRmZWJhNjUtY2ZkYy00N2MyLWJmNTktOTAwY2VkODVmOGY3XkEyXkFqcGdeQXVyMTkxNjUyNQ@@._V1_FMjpg_UX1000_.jpg
Supernatural (2005-2020)
⭐IMDB: 8.4/10 (449 k Votes)
🎬 #Drama #Fantasy #Horror #Mystery #Thriller
🗓️ 2005-2020 🎞️ tv series 📺 480p SD
🌎 #UnitedStates
⏰ 39 မိနစ် 33 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Supernatural S2+S3+S4+S5SuperNatural
————–ဒင်းန်နဲ့ ဆမ်တို့ကို လွမ်းနေကြမယ့် CM
ဖန်တွေအတွက် CM က တင်ဆက်ထားဖူးတဲ့Supernatural S2+S3+S4+S5ကို ပြန်လည်တင်ဆက်ပေးထားတာပါ.ဒေါင်း၇လဲ အဆင်ပြေအောင် ZIp File တွေ လုပ်ပေးထားပါတယ် Season 2 (Zip ) – Yoteshin / Userdrive / VIPSeason 3 (Zip ) – Yoteshin / Userdrive / VIPSeason 4 (Zip ) – Yoteshin / Userdrive / VIPSeason 5 (Zip ) – Yoteshin / Userdrive / VIP
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
https://m.media-amazon.com/images/M/MV5BOTEyNDJhMDAtY2U5ZS00OTMzLTkwODktMjU3MjFkZWVlMGYyXkEyXkFqcGdeQXVyMjkwOTAyMDU@._V1_FMjpg_UX1000_.jpg
The Boys (2019- )
⭐IMDB: 8.7/10 (514 k Votes)
🎬 # #Action #Comedy #Crime #Drama #Sci-Fi
🗓️ 2019- 🎞️ tv series 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 02 မိနစ် 16 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Boys Season 1+2+3The Boys(2020) Season (2)အညွှန်း******************************
အပိုင်း( ၁ မှ ၈ )ထိ စ/ဆုံးဒီစီးရီးက 2019 မှာ အပိုင်း(၈)ပိုင်းထွက်ရှိထားပြီးသလို တင်လည်းထားပြီးပါပြီ….ဇာတ်လမ်းတွဲအညွှန်းက ထွေထွေထူးထူးတော့ထပ်ပြောစရာမရှိဘူး…စူပါ ပါဝါရြပီး လူတွေကိုအကျိုးပြုနေတဲ့ Hero တွေရှိသလို အနိုင့်ကျင်ပြီး ကိုယ်ကျိုးအတွက်အသုံးချနေတဲ့ သူရဲကောင်းဟန်ဆောင်ထားတဲ့ မိစ္ဆာလိုကောင်တွေလည်းအများကြီးရှိပါတယ်…ဒီလိုကောင်တွေကြောင့် တစ်ချို့သောသူတွေ အများစွာထိခိုက်နေပေမယ့်လည်းSupervillain လိုကောင်တွေဟာ အင်အားကြီးတာရော အဖွဲ့အစည်းတစ်ခုအနေနဲ့ရှိနေတာရောထောက်ခံနေတဲ့သူတွေများနေတာကြောင့် ဒေါသတွေကိုမြိုသိပ်နေရတဲ့သူတွေအများကြီးရှိပါတယ်…ဒီအထဲမှာမှ ဘဝက သေလည်းမထူးဘူး …ဒီလိုစူပါပါဝါရနေတဲ့ အရူးတွေကို ရသလောက်ပြန်သတ်မယ်ဆိုပြီးThe Boys ဆိုတဲ့အဖွဲ့အစည်းလေးပေါ်ပေါက်လာတဲ့အချိန်မှာတော့….SE1 ထဲက ရှယ်ကြမ်းသလို SE2 မှာလည်းပိုတောင်ကြမ်းလာပါတယ်…ဒီစီးရီးက စိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်တို့မြင်တွေ့နေကြ ကိုးကွယ်ရတဲ့စူပါဟီးရိုးတွေမဟုတ်ဘဲ ဗီလိန်ကောင်တွေကို လိုက်ဗျင်းပြီးအားနည်းနေတဲ့အဖွဲ့လေးနဲ့ ကျွန်တော်တို့ဟာ တစ်သားထဲအလိုလိုဖြစ်သွားပါတယ်…ပြီးတော့ဗီလိန်စူပါပါဝါကောင်တွေရဲ့အားနည်းချက်တွေကို လိုက်ရှာပြီး ဗျင်းဖို့လိုက်စဉ်းစားရတာလည်းတော်တော်စိတ်ဝင်စားစရာကောင်းပါတယ်…အက်ရှင်ခန်းတွေ ဘယ်လောက်မိုက်ပြီးနင်းကန်ပီပြင်လည်းဆိုတာတော့ ထပ်ပြီးမပြောတော့ဘူး….ဒီနေ့ကတော့ အပိုင်း(၃)ခုထွက်ရှိထားမှာဖြစ်ပြီးကျန်တဲ့(၅)ပိုင်းကိုတော့ တစ်ပတ် တစ်ပိုင်းနှုန်းပဲထွက်သွားမှာမို့ စောင့်မျှော်ကြည့်ရှုကြပါကုန်…. Quality – 720p WEB-DLDuration – 60min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Crime,Action
https://m.media-amazon.com/images/M/MV5BZTc4N2MzZDMtZGIxNi00MjY0LTkyNzEtMTIzNmVjODk4YTJlXkEyXkFqcGdeQXVyMTM3OTE2Mzg@._V1_FMjpg_UX1000_.jpg
Manual of Love 2 (2007)
⭐IMDB: 5.5/10 (2 k Votes)
🎬 #Adult #Comedy #Romance
🗓️ 2007 🎞️ Movie 📺 720p HD
🌎 #Italy
⏰ 2 နာရီ 05 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Manual of Love 2 (2007) Manuale d’amore 2 (or) Capitoli successivi
အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ဒုတိယဇာတ်ကားဖြစ်ပါတယ်။
အီတလီ အချစ်ဇာတ်လမ်းလေးတွေဖြစ်ပြီးတော့ တစ်ကားမှာ အပိုင်းလေးတွေခွဲပြီး တင်ဆက်တဲ့ကားပါ။ တစ်ကားတည်းမှာပဲ ဇာတ်လမ်း လေးပုဒ်လောက် ပါရှိတာပါ။ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ချစ်ကြ မုန်းကြ ခံစားကြ ငိုယိုကြ လွမ်းဆွေးကြ ပျော်ရွှင်ကြ၊ ခံစားမှုပေါင်းမျိုးစုံနဲ့ လောကဇာတ်ခုံ အဖုံဖုံပေါ့လေ။
ယခု အမှတ် (၂) ကားကို ဒါရိုက်တာ Giovanni Veronesi ရိုက်ကူးတင်ဆက်ထားပြီး ဇာတ်လမ်းလေးခု ပါရှိပါတယ်။ ကျွန်တော်တို့ရဲ့ မမ Monica Bellucci ရဲ့ ညှို့အားပြင်း ဆွဲဆောင်ခြင်းတွေကို အသည်းတယားယား မြင်တွေ့ရမှာပါပဲ။ Elsa Pataky ရဲ့ ပျိုမြစ်တဲ့ ဗီးနပ်စ်ရှုံးအလှကလည်း မိန်းမောစရာပဲပေါ့။
ပထမဇာတ်လမ်းကတော့ ယာဉ်မတော်တဆ ဖြစ်ခဲ့ရတဲ့ သွေးသားဆူကြွတဲ့အရွယ် လူငယ်လေးတစ်ယောက် ခြေတောက်ပြန်လည်သန်စွမ်းဖို့ ဆေးရုံတက်ရတဲ့အချိန် လုံးကြီးပေါက်လှ ကာယဆရာမ Monica Bellucci ရဲ့ အညှို့ဓာတ်ကို ပြားပြားဝပ် အရှုံးပေးလိုက်ရတဲ့ အဖြစ်ေပါ့ဗျာ။ မမ ကလည်း လက်ထပ်ရမယ့်သူရှိ၊ မောင်လေးကလည်း ရည်းစားငုတ်တုတ်နဲ့။ နှစ်ယောက်သား စိတ်ကစားတဲ့ တစ်ညတာ ဆားငန်ရေတွင်းလေးအကြောင်းပါပဲ။
ဒုတိယဇာတ်လမ်းလား။ သူကတော့ လင်မယားချစ်ကို ကျော်လွန်လို့ သားသမီးချစ်ပေါ့။ သားသမီးသာဆိုတယ်။ မမွေးရသေးပါဘူး။ ရဖို့ကြိုးစားနေတုန်းပါ။ ပန်းသေနေတဲ့ ခင်ပွန်းကိုမှ မပစ်နိုင် ချစ်နေရတဲ့ ဇနီးသည်ခင်မျာ ဆေးရုံပေါင်းများစွာကိုသွားလို့ ကလေးရဖို့အရေး လုံးပမ်းရပုံပါပဲ။ အတူနေရုံနဲ့ ကလေးမရနိုင်တဲ့အခါမှာ ဖခင်ရဲ့သုတ်သွေးနဲ့ မိခင်ရဲ့ မျိုးဉကိုပေါင်းစပ်ပြီး မိခင်ရဲ့ သားအိမ်ထဲ ထည့်သွင်းသန္ဓေအောင်ဖို့ ကြိုးစားကြပုံလေးပါ။
တတိယမြောက် ဇာတ်လမ်းလား။ အမျိုးသားနဲ့ အမျိုးသမီး ချစ်ကြတာနဲ့ လူသားတွေက အားမရနိုင်ပါဘူး။ အမျိုးသားချင်းရော ချစ်လို့မရဘူးလား။ ရပါတယ်လေ။ ချစ်ခြင်းဆိုတာ အပြစ်ကင်းတာမျိုးပဲ။ ဒါပေမဲ့ ဘေးလူတွေရဲ့ အမြင်ကိုတော့ ရဲရဲကျော်ဖြတ်ဖို့ လိုသပေါ့လေ။ အမျိုးသားချင်း ချစ်မိရှာတဲ့ သူတို့နှစ်ယောက်ဟာ မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်ဒဏ်ကို ကြံ့ကြံ့ခံလို့ လက်ထပ်နိုင်ဖို့ ကြိုးစားကြပုံလေးပါ။
လေးခုမြောက်ဇာတ်လမ်းကတော့ ရိုးသလိုလိုဆန်း၊ ဆန်းသလိုလိုနဲ့ရိုးတာမျိုး။ စလာကတည်းက ယဉ်သကို ဆိုတာမျိုးပါပဲ။ အိမ်ထောင်သက် ရင့်နေပြီဖြစ်တဲ့ “ရင့်ကျက်တဲ့ ကိုကြီး” က ငယ်သေးပေမယ့် ပင်လယ်ကူးမယ့် ပုဇွန်ဆိတ်မလေးကို အကြည့်လေးတွေ ခ,လိုက်တာ ဒီဇာတ်လမ်း ဖြစ်တော့တာပါပဲ။ ကလေးလေးတစ်ယောက်ကိုပိုက်လာတဲ့ အမျိုးသမီးလေးတစ်ယောက်။ သူ့ဖခင်ကို သိပေမယ့် မြင်သာမြင်ရ ဖွင့်မပြောရဲတဲ့အဖြစ်ပါ။ သူ့သားလေးကို သူ့အဖိုးနဲ့ တွေ့ဆုံပေးချင်ပေမယ့် ဖခင်ဖြစ်သူကို မခေါ်ရဲတဲ့ ညငှက်မလေး Elsa Pataky ဟာ ရင့်ကျက်တဲ့ ကိုကြီးရဲ့ ရင်ခွင်ကို ခရီးသွားဟန်လွှဲ ဝင်ခိုသွားပါတယ်။ ထူးဆန်းတာက သူတို့ရဲ့ နောက်မီးလင်းတဲ့အဖြစ်ကို မိန်းမလုပ်သူက ပြုံးပြုံးလေး ခွင့်လွှတ်သတဲ့။ အဲဒီမှာတင် ကိုကြီးတစ်ယောက် ပေါက်ကွဲတော့တာပဲ။ သူ့မိန်းမနဲ့ အကြီးအကျယ် ပြဿနာရှင်းရမယ်ထင်ပေမဲ့ သူ့မိန်းမရဲ့ အပြုအမူဟာ သူ့ကို စိတ်ရှုပ်ထွေးသွားစေပါတယ်။ အစက တောင်းပန်ခြင်းနဲ့ အိမ်ထောင်ရေးဆက်မယ်စိတ်ကူးပေမဲ့ သူ့မိန်းမရဲ့ ခွင့်လွှတ်ခြင်းက သူ့အပေါ် ချစ်ခြင်းမရှိ ငွေကြေးတစ်ခုနဲ့ မှီခိုချင်တယ်ထင်ခဲ့ပြီး အိမ်ပေါ်က ဆင်းသွားပါတော့တယ်။ ပြီးတော့ ဘာဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။
အီတလီစကားပြောများကို အင်္ဂလိပ်လိုပြန်၊ အင်္ဂလိပ်မှ မြန်မာလိုပြန်ရတဲ့အတွက် ဘာသာပြန်သူအနေနဲ့ အချိတ်အဆက်မိဖို့နဲ့ ပြေပြစ်ဖို့ အားထုတ်ခဲ့ရပါတယ်။ အီတလီစကားကို ကျွမ်းကျင်မှုမရှိပေမဲ့ တစ်ခုသိလိုက်တာက သူတို့ဟာ စကားတစ်ခွန်းပြောဖို့အတွက် အသံတွေ အများကြီး ထွက်ရတယ်ဆိုတာပဲ။ တစ်ခါတလေ တစ်ခွန်းတည်းကိုပဲ နှစ်ခါ နှစ်ခါ ပြောကြပြန်ရော။ ဒီတော့ စာတန်းထိုး တိုပေမဲ့ သူတို့ပြောနေတာ အကြာကြီး ဖြစ်နေပါတယ်။ ဒါပေမဲ့ ချန်ခဲ့တာမရှိ အားလုံးကို ဘာသာပြန်ပေးထားတယ်ဆိုတာ သိစေချင်ပါတယ်နော်။
ဒီဇာတ်လမ်းတွေဟာ 18+ မဟုတ်ပါဘူး။ ဒါပေမဲ့ မိသားစုနဲ့လည်း မတူမကြည့်သင့်ပါဘူး။ အမေရိကန်ကားတွေလို အပြောအဆို ယုတ်ရင့်နေတာမျိုးမဟုတ်ပေမဲ့၊ အဖော်အချွတ်တွေ မပါသလောက် ထည့်မထားပေမဲ့ လိင်စိတ်ကြွလာစေတဲ့ အကြောင်းအရာတွေကို ငြိမ့်ငြိမ့်ညောင်းညောင်း တင်ဆက်ထားလို့ တစ်ယောက်တည်း အိပ်ယာထက်မှာ Feel ရမယ့် ပုံစံလေးပါ။ ရှင်းခနဲ ဗွင်းခနဲ မြင်ရပြီး အချိန်တိုအတွင်း ကြည့်ပြီးသွားမဲ့ဇာတ်လမ်းမဟုတ်လို့ ကြိုတင်သတိပေးပါရစေ။
အီတလီတို့ရဲ့ ရုပ်ရှင်မြင်ကွင်းဟာ နာမည်ကြီးသလို ကြီးသလောက်လည်း လှပလွန်းပ
https://m.media-amazon.com/images/M/MV5BNGQwNmI1NzMtOTJkNy00N2E0LWEwN2ItMGM0MjRmZmJjMDdmXkEyXkFqcGdeQXVyMzIwNDY4NDI@._V1_FMjpg_UX1000_.jpg
Manual of Love (2005)
⭐IMDB: 6.3/10 (4 k Votes)
🎬 #Adult #Comedy #Drama #Romance
🗓️ 2005 🎞️ Movie 📺 720p HD
🌎 #Italy
⏰ 1 နာရီ 51 မိနစ် 09 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Manual of Love (2005) Manuale d’amore
အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။
သူက ဇာတ်လမ်းတိုလေးတွေ စုစည်းထားတာတစ်ခုပါ။ ဇာတ်ကောင်တွေက ပတ်သက်နှီးနွယ်နေတဲ့ လှပတဲ့ အချိတ်အဆက်လေးတွေလည်း ပါဝင်ပါတယ်။ ယခုဇာတ်ကားမှာတော့ ဇာတ်လမ်းတို လေးပုဒ်ပါဝင်ပြီး အချစ်ရဲ့ မာယာနဲ့ လှည့်ဖျားတတ်ပုံ၊ အင်အားကြီးပုံတွေကို တင်ဆက်ထားသလို ကမောက်ကမအဖြစ်တွေ၊ ထင်မှတ်မထားတာတွေ ဖြစ်တတ်တယ်ဆိုတဲ့အကြောင်းတွေ ပါဝင်တာပေါ့ဗျာ။
ပထမဇာတ်လမ်းမှာ အလုပ်အကိုင်မရှိတဲ့ လူငယ်လေးတစ်ယောက်က တိုးဂိုက်မ ချောချောလေးကို ချစ်မိသွားလို့ အတင်းဝင်ကပ်ရာကနေ လှပတဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်တည်လာပုံပေါ့။
ဒုတိယဇာတ်လမ်းကတော့ မိန်းမအပေါ်မှာ စိတ်ပျက် စိတ်ကုန်နေတဲ့ ယောက်ျားတစ်ယောက်ကို မြင်တွေ့ရမှာဖြစ်ပြီး တတိယဇာတ်လမ်းမှာတော့ ယောက်ျားဖြစ်သူရဲ့ ဖောက်ပြန်ခြင်းခံလိုက်ရတဲ့ ယာဉ်ထိန်းရဲမေတစ်ဦးရဲ့ လက်စားချေခြင်းတစ်ခုကို ကြည့်ရှုရပါမယ်။ သူ့လက်စားချေပုံကတော့ ယောက်ျားထုကြီးအတွက် ရင်တုန်စရာပါပဲ။ ရှင်ဖောက်ပြန်ရင် ကျွန်မမှာလဲ ဖောက်ပြန်စရာ လယ်တစ်ကွက်ရှိတယ်ဆိုတဲ့ အကွက်ဆန်းကြီးပါ။
စတုတ္ထဇာတ်လမ်းကတော့ ကျွန်တော်အကြိုက်ဆုံးနဲ့ အလှပဆုံးပါပဲ။ မိန်းမဖြစ်သူက ဖောက်ပြန်ပြီး အခြားတစ်ယောက်ကို ရွေးချယ်လို့ သူ့ကို ထားခဲ့ခံလိုက်ရတဲ့ ကလေးအထူးကုဆရာဝန်တစ်ဦးရဲ့ အဖြစ်ပါ။ မိန်းမနဲ့ ကွဲနေရတဲ့ တခဏတာမှာ သူ့ဆေးခန်းက အကူသူနာပြုလေးနဲ့ one night stand ဖို့ အခြေအနေပေးလာပေမဲ့ သူနာပြုရဲ့ယောက်ျား ပြန်ရောက်လာတာနဲ့တိုးလို့ အထပ်မြင့်တိုက်ကြီးရဲ့ ပြူတင်းပေါက်က ရေခံအဆင့်လေးပေါ်မှာ တစ်ညလုံး မတ်တပ်ရပ်နေရတဲ့အဖြစ် ကြုံခဲ့ရတယ်။ ဒါပေမဲ့လည်းလေ … ဖူးစာဆိုတာ မထင်မှတ်တဲ့ နေရာက ရောက်လာတတ်တာမျိုးဆိုတော့ သူ့နှလုံးသားကို သိမ်းသွားတဲ့ တစ်ခုလပ်မလေးက သူ့ကို ဘယ်လိုတောင် ပစ်ကြွေသွားတယ်ဆိုတာလေး ရှုစားရပါမယ်။
Manual of Love သုံးကားစလုံးကို ဒါရိုက်တာ တစ်ယောက်တည်းက ရိုက်ကူးခဲ့တာဖြစ်ပြီး အီတလီရဲ့ နာမည်ကျော်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ အချစ်နဲ့ပတ်သက်ပြီး ငြိမ့်ငြိမ့်လေး ခံစားလိုသူများ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးများ ဖြစ်ပါကြောင်းနဲ့ မိသားစုနဲ့ကြည့်ဖို့တော့ တချို့အခန်းတွေက အဆင်မပြေနိုင်ပါဘူး။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှတင်ဆက်ထားပါတယ်။)
Manual of Love ဇာတ်ကား ၃ ကားစလုံးကိုchannelmyanmar.org/?s=manual+of+loveမှာကြည့်ပါ။
https://m.media-amazon.com/images/M/MV5BZDgyYjYwNjAtOWY4MS00YzBkLWFlNTktNDk5ZmQwZGI2OWQwXkEyXkFqcGdeQXVyMTkxNjUyNQ@@._V1_FMjpg_UX1000_.jpg
House Party (2023)
⭐IMDB: 4.6/10 (625 Votes)
🎬 #Comedy
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #USA #UnitedStates
⏰ 1 နာရီ 40 မိနစ် 14 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
House Party (2023)GC ပရိသတ်အတွက် 2023 မှာ အသစ်ထွက်ရှိလာတဲ့ ဇာတ်ကားသစ် House party ကို တင်ဆက်ပေးလိုက်ပါတယ်။ဒေမွန် နဲ့ ကယ်ဗင် သူငယ်ချင်းနှစ်ယောက်က အိမ်သန့်ရှင်းအလုပ်သမားအဖြစ်လုပ်ကြပါတယ်။ အယ်လ်အေ ရဲ့ လူနေမှုစရိတ်အတွက်ရယ် ကယ်ဗင်ရဲ့ သမီးလေး ကျောင်းစရိတ်အတွက်ရယ်ကြောင့် တဖက်မှာလည်း ပါတီပွဲ စီစဉ်ပေးသူများအဖြစ်လည်း လုပ်ကိုင်နေကြတယ်။တရက်မှာ ဒေမွန်ကြောင့် ပါတီပွဲပျက်သွားချိန် သူတို့အိမ်သန့်ရှင်းရေးအလုပ်ကလည်း အဖြုတ်ခံလိုက်ရပါတယ်။အဲဒါကြောင့် ပိုက်ဆံရှာဖို့အတွက် သူတို့ သန့်ရှင်းရေးလုပ်နေတဲ့ နာမည်ကြီး အားကစားသမား ဂျိမ်းလီဘရွန် ရဲ့ အိမ်ကို အိမ်ရှင်မရှိတုန်း ပါတီပွဲလုပ်ဖို့ သုံးပါတော့တယ်၊ သူတို့ပါတီ အစပိုင်းမှာ အဆင်ပြေပေမယ့် လီဘရွန်ရဲ့ ဆု ပစ္စည်း တစ်ခု ပျောက်ဆုံးသွားချိန်မှာတော့ သူတို့ နှစ်ဦး ဘဝ ဘယ်လို ဆက်ဖြစ်သွားမလဲ၊ သူတို့ကိုရော ဘယ်သူတွေက ဘယ်လို ကူညီပေးမှာလဲဆိုတာဆက်လက်ရှုစားလိုက်ပါReviewed by PhyuWinEiTranslated by PhyuWinEi & MayLinEncoded by Siran

https://m.media-amazon.com/images/M/MV5BNTRmNjdjY2EtYmY4MC00NzEyLWE3ZjktOWQzNWFmMDViMWNjXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg
Tag-init (2023)
⭐IMDB: ⁉️
🎬 #Drama
🗓️ 2023 🎞️ movie 📺 FHD 1080p
🌎 #Philippines
⏰ 1 နာရီ 31 မိနစ် 40 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
[18+] Tag init (2023)Martin က တက်ကြွတဲ့ ကြက်ဖပျိုလေးမို့ တွေ့ရာလက်တည့်စမ်းချင်တဲ့လူငယ်တယောက်ပေါ့။ နွေရာသီပိတ်ရက်မှာတော့ Martin က သူ့ရဲ့ ယောက်ျားပီသမှုကို သူငယ်ချင်းတွေနဲ့ အပြိုင်ဆိုင်စမ်းသပ်လိုမှုကြောင့် မိန်းမချောနှစ်ယောက်နဲ့ practical ဆင်းဖို့စီစဉ်ပါတော့တယ်။ သူများနဲ့မတူအောင် စရိုက်မတူတဲ့ Adeleနဲ့Nadine ဆိုတဲ့ ကောင်မလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ Adeleတယောက်က နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးသမား ဖြစ်ပြီး Nadineကတော့ လိင်ပိုင်းဆိုင်ရာတက်ကြွတဲ့ ကောင်မလေးဖြစ်ပါတယ်။18+ ဇာတ်ကားသစ်လေးဖြစ်တာမို့ ကြည့်ရှုခံစားကြပါဦး။ မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်သော အခန်းများစွာပါဝင်သောကြောင့် အသက်အရွယ်မပြည့်သူများနှင့် မိသားစုများနှင့်စု၍လည်း ကြည့်ရှုရန်မသင့်တော်ပါ။Translated by AMO