ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Sijjin 2 (2015) ⭐IMDB: 6.1/10 (4 k Votes) 🎬 #Horror #Thriller 🗓 2015 🎞 movie 🌎 #Turkey ⏰ 1 နာရီ 34 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siccin (2)IMDB: 6.1Rotten Tomatoes: 80%Genre: Horror/Thriller Siccin (2) ဟာ Siccin ရုပ်ရှင် Series ရဲ့ နှစ်ကားမြောက်ကားဖြစ်ပါတယ်။ Siccin ဟာ တူရကီနိုင်ငံရဲ့ အကြမ်းဆုံး Horror ကားဇာတ်လမ်းတွဲဖြစ်ပါတယ်။ Jumpscarei တွေလည်းဖောဖောသီသီသုံးထားပြီး အတော်လေးလည်းကျောချမ်းဖို့ကောင်းပါတယ်။ ဒါ့အပြင် မှော်နက်ပညာနဲ့ ဂျင်းနတ်ဆိုးတွေအကြောင်းလည်းပါတာကြောင့် တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်။ အဲထက်ပိုပြီးပြီးပြည့်စုံသွားတာကထင်မထားတဲ့ ဇာတ်လမ်းလှည့်ကွက်ပါပဲ။ ဇာတ်ညွှန်း ဟစ်ရန်မှာ သားလေးတစ်ယောက်ရှိပါတယ်။ ချစ်ဖို့ကောင်းတဲ့ သားလေး ဗီရိုလည်းရှိပါတယ်။ အိမ်ထောင်ရေးကတော်တော်လေးကိုသာယာခဲ့ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ဗီရိုဆုံးသွားခဲ့ပါတယ်။ အဲကိစ္စကြောင့် ဟစ်ရန်ဟာ သူ(မ)ကိုယ်သူ(မ) ခွင့်မလွှတ်နိုင်ခဲ့သလို သူ(မ)ယောကျ်ားကလည်း ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စနောက်ကွယ်မှာ မှော်နက်ပညာတွေရှိနေကြာင်း သိရှိသွားတဲ့နောက်မှာတော့...
Siccin 4 (2017) ⭐IMDB: 5.7/10 (3 k Votes) 🎬 #Horror #Thriller 🗓 2017 🎞 movie 🌎 #Turkey ⏰ 1 နာရီ 33 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siccin 4 (2017)IMDB : 5.7Genr : Horror/Thriller Siccin 4 ဟာ Siccin ရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Siccin ဆိုတာ တူရကီနိုင်ငံဟာ Horror ရုပ်ရှင်မှာ သွားနောက်လို့မရတဲ့အကြောင်းကို အကောင်းဆုံးသက်သေပြနေတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အတော်လေးလည်းဇာတ်လမ်းကောင်းတယ်လို့ဆိုရပါမယ်။ ဇာတ်ညွှန်း အရင်က စီးပွားရေးတောင့်တင်းပြီး ချမ်းသာခဲ့ပေမယ့် ကံအကောင်းအကြောင်းမလှတော့ အိုမာ တို့မိသားစုလေးဟာ သူ့အဘွားရဲ့အိမ်ကိုပြောင်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာကျန်းမာရေးမကောင်းတဲ့ အဘွားနေပြီး ခြံထဲမှာ သူ့အဘိုးရဲ့ အလောင်းကိုမြုပ်ထားတဲ့ အုတ်ဂူရှိနေပါတယ်။ ခက်တာက အိမ်ကြီးကိုပြောင်းလာကတည်းက တစ်မျိုးပြီးတစ်မျိုးခြောက်လှန့်နေတာပါပဲ။ Siccin ရဲ့ထုံးစံအတိုင်း ဇာတ်လမ်းလေးကမြုပ်ကွက်တွေ လှည့်ကွက်တွေနဲ့မလို့ ကြည့်ရကောင်းပါတယ်။ Jumpscare များတာကြောင့် ချစ်သူရည်းစားရှိသူများ အတူတူကြည့်ဖို့အကြံပေးပါတယ်။ ကြောက်ရင်ဖက်ထားလို့ရတာပေါ့။ ကျွန်တော်ကတော့ ဘယ်သူမှမရှိလို့ မျက်ရည်များနဲ့ ကြောက်ကြောက်လန့်လန့်ဘာသာပြန်ခဲ့ရပါကြောင်း...
Siccin 5 (2018) ⭐IMDB: 5.0/10 (2 k Votes) 🎬 #Horror 🗓 2018 🎞 movie 🌎 #Turkey ⏰ 1 နာရီ 32 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siccin 5 (2018)IMDB : 5Genre: Horror/Thriller Siccin Film Series ရဲ့ ၅ ကားမြောက်ဖြစ်တဲ့ Siccin 5 ဟာအတော်လေးကိုကြည့်ကောင်းတဲ့ တူရီကီစကားပြော Horror ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Siccin ရဲ့ထုံးစံအတိုင်း ကြည့်တဲ့လူကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး။ ဇာတ်ညွှန်း ဟေလာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မွေးလာကတည်းက ထူးဆန်းမှုတွေနဲ့ကြုံနေရတဲ့ကလေးဖြစ်ပါတယ်။ မွေးကတည်းက အဖေမရှိ၊ အဘိုးမရှိတဲ့ ဖတဆိုးလေးဖြစ်ပါတယ်။ သူ့မှာ အဒေါ်တစ်ယောက်ရှိပါတယ်။ သူ(မ)ရဲ့အဒေါ်ဟာ ဆီလင်း ဆိုတဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကျွမ်းဝင်နေပြီး မကြာခင်ယူတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ယူမှာကို တားမြစ်ချင်နေတဲ့လူတွေရှိပါတယ်။ သူတို့ကဘယ်သူများလဲ။ ဘာကြောင့်တားချင်တာလဲ။ Siccin ရဲ့ထုံးစံအတိုင်း ဇာတ်လမ်းက မရိုးဘူးလို့ပြောချင်ပါတယ်။...
Sijjin 6 (2019) ⭐IMDB: 5.0/10 (2 k Votes) 🎬 #Horror 🗓 2019 🎞 movie 🌎 #Turkey ⏰ 1 နာရီ 35 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siccin 6 (2019)IMDB: 5Genre: Horror/Thriller Siccin 6 ကတော့ လက်ရှိထွက်ထားတဲ့ Siccin ကားဆက်ရဲ့ နောက်ဆုံးကားဖြစ်ပါတယ်။ ထုံးစံအတိုင်းတော်တော်လေးကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ခုလို့ဆိုရပါမယ်။ Siccin 3 က အော်ဟန်လည်းပြန်ပါလာခဲ့ပါတယ်။ ဇာတ်ညွှန်း အစ်ဆန်မှာ ညီမလေးနှစ်ယောက်ရှိပါတယ်။ ဒါပေမယ့် အစ်ဆန်က ညညဆိုမမြင်အပ်တာတွေကိုမြင်ပြီး အိမ်မက်ဆိုးတွေမက်လေ့ရှိပါတယ်။ တော်တော်လေးကိုဆိုးရွားတဲ့ ရောဂါကိုခံစားနေရပါတယ်။ ဒါပေမယ့်နောက်ကွယ်မှာ မရိုးသားတဲ့ အကြောင်းခြင်းရာတွေရှိနေပါတယ်။ သူ(မ)ဘာလို့အဲလိုမျိုးဖြစ်နေတာလဲ… ဆက်ပြီးခံစားကြည့်လိုက်ကြပါ။...
White Plastic Sky (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Adventure #Animation #Drama #ScienceFiction #Romance #SciFi 🗓 2023 🎞 movie 🌎 #Hungary #Slovakia ⏰ 1 နာရီ 48 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ်ဝင်စားဖို့ကောင်းတဲ့ ဟန်ဂေးရီးယန်းအန်နီမေးရှင်းရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းရော တင်ဆက်ပုံရောဆန်းကျယ်ပြီး အဆင့်တစ်ခုထိရှိတယ်လို့ ကျွန်တော်တော့ခံစားရတာမို့ ခဏလောက်ဖြစ်ဖြစ် ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ဗျ။ 2123ခုနှစ်….၊ ကမ္ဘာကြီးပျက်စီးစပြုနေပြီး မြို့ကြီးနှစ်မြို့ပဲ ကျန်တော့တဲ့အချိန် လူတွေမှာ အစားအသောက် ရှားပါးပြတ်လတ်နေခဲ့။ ဒီမှာပဲ ပရော်ဖက်ဆာတစ်ယောက်တီထွင်ခဲ့တဲ့ မျိုးစေ့ကြောင့် လူတွေဆက်လက်ရှင်သန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ပြီးပေးဆပ်ရတဲ့တန်ဖိုးက အသက်ငါးဆယ်ပြည့်တာနဲ့ ဆန္ဒအလျောက်မိမိကိုယ်ကိုယ်စတေးပြီး အစားအသောက်တစ်ခုဖြစ်လာဖို့ ခန္ဓာကိုယ်တွင်း မျိုးစေ့ထည့်သွင်းပြီး စားသောက်ဖို့ အပင်တစ်ပင်ဖြစ်ပေးရတာပါ။ သုံးဆယ်ဝန်းကျင်ပဲရှိသေးတဲ့ စတက်ဖန်တို့ဇနီးမောင်နှံနှစ်ဦး။ စိတ်သောကတွေ ခံစားနေရတာမို့ ငါးဆယ်မပြည့်ခင်မှာပဲ ဇနီးဖြစ်သူ နိုရာက ဆန္ဒအလျောက် သူ့ကိုယ်သူစတေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီမှာပဲ ဇနီးဖြစ်သူကို မစွန့်လွှတ်နိုင်တဲ့ စတက်ဖန်တစ်ယောက် ဇနီးဖြစ်သူကိုကယ်တင်ဖို့ ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Dagr (2024) ⭐IMDB: 4.9/10 (2 k Votes) 🎬 #Comedy #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 17 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် သည်းထိတ်ရင်ဖို့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ လူဝီနဲ့သီရာလို့ခေါ်တဲ့ကောင်မလေးနှစ်ယောက်က လူအများကိုနှောင့်ယှက်တဲ့ဗီဒီယိုတွေရိုက်ပြီး အင်တာနက်မှာပြန်တင်တဲ့သူတွေဖြစ်ပါတယ်….ယခုအခါမှာတော့ သူတို့က သူတို့လပ်ခဲ့သမျှထဲအကြီးဆုံး ခိုးယူမှုကိုလုပ်ဖို့ဖြစ်လာပါတယ်…အဲ့ဒါကတော့ ကြော်ငြာ်ရိုက်ကူးရေးတစ်ခုမှာ အစားအသောက်လာပို့တဲ့သူတွေအနေနဲ့ဟန်ဆောင်ပြီး အဝတ်အစားအသုံးဆောင်တွေ၊ရိုက်ကူးရေးပစ္စည်းတွေကို ခိုးယူဖို့ပဲဖြစ်ပါတယ်… ခိုးယူပြီးတော့ရလာတဲ့ပိုက်ဆံတွေကို ပရဟိတအဖွဲ့တွေကိုပြန်လှူဖို့ပါ…ဒါပေမဲ့ သူတို့ရိုက်ကွင်းကိုရောက်သွားတဲ့အခါမှာတော့ ဘယ်သူ့ကိုမှမတွေ့ရပဲ iPad တစ်လုံးတွေ့လို့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ရိုက်ကူးရေးလုပ်ရင်းနဲ့မမျှော်လင့်ထားတာတွေဖြစ်ခဲ့တာကို သွားတွေ့ရပါတယ်…ထိုအခါ လူဝီနဲ့သီရာတို့ ဘာတွေဆက်ကြုံတွေ့ရမလဲ…ရိုက်ကူးရေးသမားတွေကရော ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို ကြည့်ရှူခံစားကြပါခင်ဗျာ...
Lolo and the Kid (2024) ⭐IMDB: 6.4/10 (463 Votes) 🎬 #Drama #Family 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 37 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဖွင့်မှာတော့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ အစပြုထားပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ဆွဲခေါ်သွားမယ် သံယောဇဉ်တွေ မေတ္တာတွေအကြောင်း လှလှပပဖော်ပြသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ သူတစ်ပါးကို လိမ်လည်လှည့်ဖြားရင်း အသက်မွေးကြတဲ့ မြေးအဘိုးနှစ်ယောက် ဘယ်လိုတွေဉာဏ်ဆင်ကြမလဲ။ လမ်းဘေးမှာနေရပေမယ့် မြေးဖြစ်သူက လိမ္မာယဉ်ကျေးကာ လူရမ်းကားမဖြစ်စေလိုတဲ့ အဘိုးတစ်ယောက်ရဲ့ဆန္ဒ ၊ဘဝအကြောင်းမလှသော်လည်း မြေးဖြစ်သူအားမငယ်အောင် မိမိတို့ဘဝကို ကြံဖန်ဂုဏ်ယူပြောတတ်သော အဘိုးတစ်ယောက်ရဲ့မေတ္တာ အဆုံးသတ်မှာ မြေးလေးကောင်းစားဖို့ အဘိုးတစ်ယောက်ရဲ့ အနစ်နာခံပုံတို့ကို ရင်နင့်အောင်ခံစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။...
Le torrent (2022) ⭐IMDB: 5.8/10 (549 Votes) 🎬 #Thriller #Crime #Drama 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 41 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မုန်တိုင်းတိုက်မယ့် သောကြာနေ့ညတစ်ညမှာ အလဇန္ဒားက ဇနီးသည် ဂျူးလီယက် အိမ်ထောင်ရေးဖောက်ပြန်နေတာကို သိရှိသွားပြီး စကားအကြီးအကျယ်များ၊ ရန်ဖြစ်ကြကာ မိန်းမလုပ်သူကိုအိမ်ပေါ်ကနှင်ချလိုက်ပါတယ်။ ဂျူးလီယက်က ညဘက်ကြီးထွက်သွားပြီး သိပ်မကြာခင်မှာပဲ လျှိုမြောင်ထဲကို ပြုတ်ကျကာ သေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ အချိန်ခဏအကြာ မုန်တိုင်းတိုက်လာတဲ့အခါ တောင်ကျရေနဲ့အတူ သူမရဲ့ အလောင်းက စီးမျောသွားပါတော့တယ်။ ရဲတွေကရှာဖွေရေးလုပ်နေတဲ့အချိန်မှာပဲ ဂျူးလီယက်ရဲ့ ဖခင်က သူတို့အိမ်ကိုရောက်ရှိလာကာ အလဇန္ဒားက အချို့အရာတွေကို လိမ်လည်နေမှန်း ရိပ်မိလာတဲ့အတွက် လိုက်လံစုံစမ်းပါတော့တယ်။ ဒီလိုနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအမျိုးအစားကတော့ Thriller/ Crime ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
J'adore ce que vous faites (2022) ⭐IMDB: 5.1/10 (385 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 31 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြင်သစ်နိုင်ငံကျော်ရုပ်ရှင်မင်းသား”ဂျရက်လန်ဗင်း”ဟာ နာမည်ကျော်သရုပ်ဆောင်တွေအများကြီးပါတဲ့အမေရိကန်ရုပ်ရှင်မှာပါဝင်ဖို့ကမ်းလှမ်းခံရပြီး အဲ့ရုပ်ရှင်ကိုရိုက်ကူးဖို့လက်ခံခဲ့ပါတယ် ရုပ်ရှင်ကို ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရိုက်ကူးပါတယ် အဲ့မြို့မှာပဲ ဂျရက်ဟာ သူခေတ္တတည်းရတဲ့အိမ်ကရေကူးကန်ကိုလာပြုပြင်ပေးတဲ့ မိုမိုဇာပါရေတိုဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ရပါတယ် သူကဂျရက်ရဲ့အမာခံပရိတ်သတ်တစ်ယောက်ပါ မိုမိုဟာသူအရမ်းသဘောကျလေးစားရတဲ့အိုင်ဒေါကိုအပြင်မှာမြင်တွေ့လိုက်ရတဲ့အခါ ခင်မင်ရင်းနှီးမှုရအောင်ကြိုးစားပါတယ် ဂျရက်ရဲ့ရိုက်ကွင်းကိုပါလာခွင့်တောင်းပြီး နောက်ပိုင်းမှာဂျရက်ကိုမျက်စိအောက်ကအပျောက်မခံလောက်တဲ့အထိ ကော်လိုကပ်နေခဲ့ပါတယ် မိုမိုအတွက်ကတော့ သူအရမ်းကြိုက်ရတဲ့ရုပ်ရှင်မင်းသားမလို့ အရမ်းတွယ်ကပ်နေတာပေမဲ့ တစ်ဖက်ကဂျရက်အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်လာပြီး မိုမိုကိုတွေ့ရတာကအိပ်မက်ဆိုးတစ်ခုလိုပါဖြစ်လာပါတော့တယ်...
Horror in the High Desert 3: Firewatch (2024) ⭐IMDB: 5.4/10 (339 Votes) 🎬 #Horror #Mystery 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica #UnitedStates ⏰ 1 နာရီ 28 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Found Footage ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းက ၂၀၂၁ ခုနစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Horror/ Suspense အမျိုးအစားဖြစ်ပါတယ်။ နာမည်ကြီး The Blairwitch Project လို အငွေ့အသက်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ Indie ဇာတ်ကားဖြစ်တာနဲ့အညီ ဇာတ်လမ်းတည်ဆောက်ပုံက အနည်းငယ်ထူးခြားပြီး ရုပ်သံအင်တာဗျူးတွေနဲ့ ဇာတ်လမ်းကိုပုံဖော်ပြီးမှ footage တွေကို အလျဥ်းသင့်သလို ထည့်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ နီဗားဒါးပြည်နယ် ကန္တာရထူထပ်တဲ့ဒေသတစ်ခုမှာ လူပျောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကို ကမ္ဘာတစ်လွှားက စူးစမ်းရှာဖွေရေးသမားတွေ စိတ်ဝင်စားလာကြပြီး နယ်မြေတစ်ဝိုက်ကို ခြေလျင်ခရီးနှင်ပြီး အဖြေရှာကြဖို့ ကြိုးစားကြပါတယ်။ အဲဒီအထဲမှာ Gary ဆိုတဲ့ စူးစမ်းရေးသမားတစ်ယောက်လည်း ပါဝင်ပြီး တစ်နေ့ Gary တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားချိန်မှာ အခြေအနေတွေ ပိုလို့ရှုပ်ထွေးလာပါတော့တယ်။ ဇာတ်လမ်းက Found Footage အမျိုးအစားကိုမှ Documentary ပုံစံ ရောသမမွှေထားတာဖြစ်လို့ ပုံမှန် Horror ရုပ်ရှင်တွေကို နှစ်သက်သူတွေအတွက်တော့ အကြိုက်တွေနိုင်မှာ မဟုတ်ပေမဲ့ Found Footage ဇာတ်ကားတွေကို နှစ်ခြိုက်သူတွေအတွက်တော့ ကြည့်ရှုသင့်ပါတယ်။...
Raayan (2024) ⭐IMDB: 6.9/10 (4 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Raayan (2024)“ရာယန်” IMDb 6.9 CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ တမီးလ် action ဇာတ်ကြမ်းရုံကားအသစ်လေးကို မိုးလင်းလင်းချင်း မနှေး/အမြန် တင်ဆက်ပေးလိုက်ပါတယ် နာမည်ကျော် မင်းသား Dhanush ရဲ့ ကားငါးဆယ်ပြည့်ရုပ်ရှင်ဖြစ်ပြီးသူကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာလုပ် အစွမ်းပြထားတဲ့ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၅၈ ကုဋေ ရရှိထားပါတယ် ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရာယန်ဟာ ညီငယ်နှစ်ယောက်ဖြစ်သူမူတူးနဲ့ မာနီကမ်၊ အချစ်ဆုံး ညီမလေး ဒူရ်ဂါတို့ရဲ့ အစ်ကိုကြီးဖြစ်ပြီး အဖေအမေတို့စွန့်ပစ်သွားကတည်းက ရွာကနေမြို့ကို ညီလေးညီမလေးတွေလက်ဆွဲခေါ်လာကာ ကြုံရာစား ရရာလုပ်ရင်း လူစည်ကားတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ ဘဝရောက်လာပါတယ် ညီလတ်ဖြစ်သူ မူတူးက အရက်မူး သွေးဆိုးကာ ပြဿနာရှာတတ်သူဖြစ်ပြီးညီငယ် မာနီကမ်ကတော့ လိမ္မာတဲ့ ကောလိပ်ကျောင်းသားလေးပါ တုန်နေအောင်ချစ်ရတဲ့ ညီမအငယ်ဆုံးလေးကိုလက်ထပ်ပေးနိုင်ဖို့နဲ့ မူတူးစရိုက်ကို ပြုပြင်ပေးနိုင်ဖို့ပဲ ပဓာနထားတဲ့ ရာယန်… တစ်နေ့မှာတော့ ဒူရိုင်နဲ့ ဆီသူ ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နဲ့ပတ်သက်မိရာမှ ဖြူစင်ရိုးသားတဲ့ သူတို့ဘဝတွေ အကျင့်ပျက်ဒုစရိုက်ပတ်ဝန်းကျင်ကြောင့် အရောင်နွမ်းမယ့်အရေး…အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုကယ်ထုတ်သွားနိုင်မလဲ ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
My Sole Desire (2022) ⭐IMDB: 6.1/10 (850 Votes) 🎬 #Drama #Romance 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 58 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “My Sole Desire” လို့ခေါ်တဲ့ ပြင်သစ်ဒရာမာ ဇာတ်လမ်းလေးကို ရိုက်ကူးပေးထားတဲ့ဒါရိုက်တာကတော့ Lucie Borleteau ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် Marcia လို့ခေါ်တဲ့၂၀ကျော် မိန်းကလေးတစ်ယောက်ဟာ စိတ်ဝင်စားမှုကြောင့် အဖော်အချွတ်ကလပ်တခုဖြစ်တဲ့Le Royaume ခေါ် The Kingdom လို့ခေါ်တဲ့ ကလပ်ထဲကို ဝင်သွားရင်းနဲ့ စိတ်ဝင်စားမှုကနေ စပြီးတော့သူတကယ်စိတ်ပါတဲ့ ပုံစံ လွပ်လပ်မှုနဲ့ ခံစားမှုကို ရှာတွေ့သွားပါတော့တယ်။ Marcia ဟာ အပြင်လူဖြစ်ပေမယ့် တနေ့မှာ အကမယ်တွေ ကင်မရာတွေ ကိုတွေ့ပြီးတော့စိတ်ပါသွားတာနဲ့ ဝင်ခွင့်ပြိုင်မယ်ဆိုပြီးတော့ လုပ်တဲ့အခါမှာ အဲဒီလောကထဲကို မထင်မှတ်ပဲရောက်လာပါတော့တယ်။ ဒီအဖော်အချွတ်မယ်လောကထဲကို ရောက်လာတဲ့ အချိန်ကစပြီးတော့ သူ့ရဲ့စိတ်ဆန္ဒတွေ အကြောက်တရားတွေ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ ကို ခံရပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုတဲ့ပုံစံမျိုးကို သွားထားပါတယ်။မိန်းကလေး အပေါင်းအသင်းတွေကြားထဲက နားလည်ရခက်တဲ့ ပြဿနာတွေ၊သူ့ကိုသူလက်ခံနိုင်ဖို့ဘယ်လိုလုပ်ခဲ့ရလဲဆိုတဲ့ အကြောင်းပါ။ Marcia ရဲ့ဇာတ်လမ်း၊ သူတကယ်ဖြစ်ချင်တာဖြစ်ဖို့အတွက်ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲခြင်းကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာက ဇာတ်လမ်းရဲ့ အမည် “My SoleDesire” ဆိုပြီးဖြစ်လာပါတော့တယ်။...
Two Blue Hearts (2024) ⭐IMDB: 7.8/10 (141 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 46 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Two Blue Hearts (2024)Original title: Dua Hati BiruGenre – Drama, Family 2019 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား လူငယ်ပညာပေး ဒရမ်မာကားကောင်းလေး ဖြစ်တဲ့(Two Blue Stripes) နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ရုပ်ရှင်သစ်လေး ဖြစ်ပါတယ်။ ဒါကြောင့် CM မှာလည်း ဒီရှေ့ကကားလေးကို တင်ပေးထားတဲ့အတွက် အရင်သွားကြည့်ပြီးမှဒီကားလေးကို ခံစားမယ်ဆိုရင်တော့ ပိုပြီးတော့ ပြည့်စုံပါလိမ့်မယ်ဗျ။ ဒီတော့ ပထမကားလေးမှာ ဘီမာနဲ့ ဒါရာတို့ အထက်တန်းကျောင်းသားဘဝမှာတင်လူငယ်သဘာဝကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့တာ နောက်ဆုံးကလေးမွေးပြီးဒါရာတစ်ယောက် ကိုရီးယားကို ထွက်သွားတယ်၊ ဘီမာတစ်ယောက်လည်းမိဘ နှစ်ပါးနဲ့အတူ ဒီသားလေးကို မိန်းမ ကိုရီးယားသွားတုန်း ပြုစုပျိုးထောင်မယ်ဆိုပြီး ပြီးသွားခဲ့ပါတယ်။ အခု ဒီဇာတ်ကားလေးမှာတော့ သူတို့သားလေးက ၄ နှစ် ရှိနေပါပြီ။ဒါရာတစ်ယောက်လည်း ကိုရီးယားကနေ ပြန်ရောက်လာခဲ့ပါပြီ။ခက်တာ ကလေးက ဖုန်းထဲမှာတော့ သူ့အမေကို သိပေမဲ့လည်း အပြင်မှာတကယ်တမ်းကျ လက်မခံသေးပဲ သူ့အမေ မဟုတ်ဘူးဆိုပြီး ဂျစ်တိုက်နေတာပေါ့။ နောက်ပြီး အဘိုး အဘွားတွေ အလိုလိုက်ထားပေးတာကြောင့် ကလေးက ဒီလို နည်းနည်းဆိုးနေရတယ်ဆိုပြီးမိခင်တာဝန်ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ချည်းကပ်ချင်လာတဲ့ ဒါရာတစ်ယောက် သားလေးဖြစ်သူနဲ့ဘယ်လိုတွေ ရင်းနှီးမှုရအောင် ပြန်ယူမလဲ။ ဘီမာတစ်ယောက်လည်းရရာအလုပ်လေးနဲ့ မိဘနှစ်ပါးကိုရော သားဖြစ်သူရောအတွက်ကြိုးစားရုန်းကန်နေရာကနေ ဒါရာပြန်ရောက်လာတော့ ဘယ်လိုမျိုးတစ်အိုးတစ်အိမ် မိသားစုလေးကို ထူထောင်ကြမလဲ ချမ်းသာတဲ့ဒါရာတို့ မိသားစုဖက်ကနေ ဘယ်လိုတွေ ပြန်ဝင်ပါလာပြီးတော့ဘယ်လို အခက်အခဲတွေ ကြုံပြီး ကျော်လွှားကြဦးမလဲဆိုတာကိုကြည့်ရမယ့် အင်ဒိုနီးရှား မိသားစုဒရမ်မာကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)...
Silent Love (2024) ⭐IMDB: 6.0/10 (144 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 56 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Silent Love ( 2024 ) ဇာတ်အိမ်လန်းလန်းနဲ့ ဂျပန်ရိုမန့်တစ်ရုပ်ရှင်ပါ။ ပုံမှန်ဂျပန်ရုပ်ရှင်တွေလို အရမ်းငြိမ်နေတဲ့ပုံစံနဲ့သွားတာမဟုတ်လို့ ဂျပန်ရုပ်ရှင်ပရိသတ်မဟုတ်တဲ့ အာရှရုပ်ရှင်ပရိသတ်တွေအတွက်လည်း အကြိုက်တွေ့လောက်မယ့် ရုပ်ရှင်ပါပဲ။ ရိုမန့်ကားတွေမှာ ပြဿနာက မတူတဲ့ပုံစံတစ်ခု အသစ်ထွက်လာဖို့ တော်တော်ခက်ခဲတာပါပဲ။ ဖြစ်နိုင်သလောက် အကုန်လုံးရိုက်ပြပြီးပြီ။ ထပ်ကျော့လည်း ရိုက်ပြခဲ့ပြီးပြီ။ အသစ်ကောင်းကောင်းတစ်ခုခုပေါ်လာဖို့က တော်တော်ကြုံတောင့်ကြုံခဲလိုဖြစ်နေတယ်။ ဒါက ဇာတ်အိမ်ကို အဓိက အခြေအတည်တဲ့ အမျိုးအစားအတွက်ပဲ ပြောတာပါ။ ပြောရရင် ဒီကားကို စစဖွင့်ချင်းတုန်းက ကျွန်တော်လည်း မျှော်လင့်ချက်မထားထားတော့ စစအခန်းနဲ့တင် နာမည်ကြီးရိုမန့်ကားထဲက အခန်းပဲဟ။ ဒါထပ်ရိုက်ပြဦးမှာလားတွေးမိပေမဲ့ ထင်တာနဲ့တော့ လွဲသွားတယ်။ ဒီတော့ ရိုးအီနေမှာစိုးလို့ ရိုမန့်မကြည့်ဖြစ်တော့ရင်တောင် ဒီကားတော့ စမ်းကြည့်သင့်တယ်ထင်တာပါပဲ။ ဇာတ်ကတော့ ပီယာနိုတီးတာက ဘဝတစ်ခုလို့ ခံယူထားတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်နေ့ သူက မျက်စိကွယ်သွားတော့ သတ်သေဖို့လုပ်တယ်။ ဒါကို သန့်ရှင်းရေးသမားကောင်လေးက ကယ်လိုက်တယ်။ အဲဒီကောင်လေးကလည်း စကားမပြောနိုင်ဘူး။ ဒီကနေသူတို့ရေစက်စတယ်ပေါ့။ ဒီလိုနဲ့ ကောင်မလေးက ပြန်ကောင်းဖို့လမ်းစလည်းရတော့ ဆက်ရှင်သန်ဖို့ကြိုးစားတယ်။ ကောင်လေးကလည်း ကောင်မလေးကျောင်းမှာ အလုပ်လုပ်နေတော့ သူတို့ ရေစက်ထပ်ဆုံဖို့ဖြစ်လာတယ်။ ဒီကနေ မတူတဲ့ဘဝနှစ်ခု ရေစက်ဆုံရာက အိပ်မက်တွေသက်သက်ပဲဖြစ်သွားမလား။ တကယ်ဖြစ်လာမလား တခြားအကွေ့အချိုးတွေနဲ့ ဆက်ကြည့်ရမှာပါ။ နောက်ထပ်ကာရိုက်တာ တစ်ယောက်နဲ့အချိတ်အဆက်လုပ်ထားတာလည်း ရှိသေးတာမို့ ဇာတ်လမ်းအစစ်က ကျွန်တော်အကျဉ်းပြောခဲ့သလောက်တော့ ပျင်းဖို့မကောင်းပါဘူး။ လွယ်လွယ်လေးပြောရရင် ဒီဇာတ်လမ်းက ကမ္ဘာချင်းမတူတဲ့ မျက်မမြင်ကောင်မလေးနဲ့ အအကောင်လေးရဲ့ မဖြစ်နိုင်တဲ့အချစ်တစ်ခုကို ဖြစ်အောင်လုပ်ကြည့်ကြတဲ့အကြောင်းပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန်ထားသူကတော့...
Ronggeng Kematian (2024) ⭐IMDB: 5.7/10 (24 Votes) 🎬 #Horror #Drama #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 38 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ronggeng Kematian(2024) အကမယ် IMDb-6.9/10 ဂျာဗားအလယ်ပိုင်းက ခေါင်လှတဲ့နေရာမှာ မန်ဂူဆာရီဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်ဝေးလံခေါင်ဖျားမီး တောင်မရတဲ့ ဒေသလေးက လူငယ်တွေရဲ့လေရဟတ်တီထွင်မှုနဲ့ လေအားလျှပ်စစ်ရဖို့ အစပျိုးကာစအချိန်….။ အဲဒီရွာလေးက မိန်းမငယ်လေးတွေရဲ့ အိပ်မက်ကတော့ ရွန်ဂျန်အကမယ်တစ်ယောက်ဖြစ်ဖို့လာရာဆာတီဆိုတဲ့ ကောင်မလေးက ရွန်ဂျန်အကမယ်ဆိုတာထက်အဲဒီအကမှာ တစ်ဖတ်ကမ်းခတ်ထူးချွန်ပြီး သိပ်လှတဲ့ ဆူလာစတရီကိုမှအားကျပြီး သူ့လိုဖြစ်ချင်တဲ့သူ ၊ ဒါပေမဲ့သူက အဲဒီကကွက်ရဲ့ အချိုးအဆစ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်။ တစ်နေ့ကျောင်းကအပြန် ပဝါတစ်ထည်ကောက်ရခဲ့ရာက အဲဒီညမှာရွန်ဂျန်အကကိုလှလှပပကနေတာကို လာရာဆာတီ့အမေကမြင်သွားပြီ နောက်ရက်မနက်မှာ အကလေ့ကျင့်ပေးတဲ့ဆရာမဆီ အတင်းလိုက်ပို့ခံရတော့တာပဲ ၊ ဆရာမရှေ့မှာ မကတတ်လို့ကြောင်နေတဲ့ လာရာဆာတီတစ်ယောက် သူကောက်ရလာတဲ့ပဝါကိုပုခုံးပေါ်တင်ပေးလိုက်ချိန်မှာ ဘေးကလူတွေအကုန်လုံး မှင်သက်သွားလောက်တဲ့ထိ ကကွက်တွေထွက်ပေါ်လာခဲ့တယ် ၊ဒီလိုနဲ့သူက အကအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး ရွာနှစ်ပတ်လည်ပွဲမှာ ဖျော်ဖြေရဖို့ဖြစ်လာတယ်အဲဒီအချိန်မှာပဲ သူတို့ရွာခံကျောင်းသားလေးယောက်က internship ဆင်းဖို့ ဒီရွာကို ခက်ခက်ခဲခဲရောက်လာချိန်….။ မြို့ကျောင်းသားတွေလုပ်မဲ့ ဆုပေးပွဲနဲ့ ရွာနှစ်ပတ်လည်ပွဲက တစ်ရက်တည်းတစ်ညတည်း..။အဲဒီအချိန်မှာ အားလုံးမထင်မှတ်ဘဲဖြစ်ပေါ်လာမဲ့အရာက……။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ်...
Addicted Heroin (2024) ⭐TMDB: 80% User Score 🎬 #Drama #Romance 🗓 2024 🎞 tv series 🌎 #Thailand ⏰ 55 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယစ်ယစ်မူးမူး အချစ်ဦး (၂၀၂၄) ဒီတစ်ခါမှာတော့ ရင်းနှီးပြီးသား ဇာတ်လမ်းတစ်ခုရဲ့ Thai Adaptation ဖြစ်တဲ့Addicted Heroin ကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။တရုတ်ဗားရှင်းတုန်းက ဝက်ဝက်ကွဲ အောင်မြင်မှု ရရှိခဲ့တဲ့ Addicted ကို ပြန်လည်ရိုက်ကူးထားတာမို့ မျှော်လင့် ကြည့်ရှုမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖခင် နောက်အိမ်ထောင်ပြုမှာကို မနှစ်မြို့တဲ့အတွက် အိမ်ကထွက်ပြေးလာတဲ့အိမ်ပြေး Hero တစ်ယောက် Pop ဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့တာပါပဲ။Hero တစ်ယောက် Pop နဲ့ ရင်းနှီးဖို့ ဆင်းရဲချင်ယောင်ဆောင်ရင်း ဒီကောင်လေးကိုမှ ချစ်မိသွားခဲ့ပါတော့တယ်။ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးဘဲ Pop က သူမနှစ်မြို့တဲ့ မိထွေးရဲ့ သားဖြစ်နေတဲ့အခါ… ဆယ်ကျော်သက်အရွယ် အချစ်ကို ဘယ်လိုကာကွယ်မလဲနှစ်ဦးသား အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတာအသည်းတယားယား ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်းကိုတော့Su Myatက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Su Myat, Mary, Char Ou, Dao Phyoတို့ပဲ ဖြစ်ပါတယ်။...
Longing (2024) ⭐IMDB: 4.7/10 (273 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Longing ( 2024 ) အစ္စရေးဒါရိုက်တာ Savi Gabizonရဲ့ ရုပ်ရှင်ပါ။အစ္စရေးဒါရိုက်တာဆိုတာ ထည့်ပြောရတာကတော့ ဒီရုပ်ရှင်က အမေရိကန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။သရုပ်ဆောင်တွေကတော့ Richard Gereနဲ့ Diane Kruger။ တော့စတားကြီးနဲ့ နာမည်ကြီးမင်းသမီးပေါ့။ပြောရရင် ဒီကားက ရစ်ချက်ဂီရိရဲ့ ဒီအရွယ်နဲ့တော်တော်လေးလိုက်ဖက်တယ်။ဇာတ်ကြောင်းကလည်း ရိုးရိုးလေးပဲ ဒါပေမဲ့ တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ပြောရရင် တစ်ဘက်တစ်လမ်းကနေ Shuji Iwaiရိုက်တဲ့ဇာတ်လမ်းတွေရဲ့ အငွေ့အသက်မျိုးကိုတောင် ဖမ်းမိတယ်။ တစ်ကိုယ်တည်းနေတဲ့ အသက်၆၀ လူကြီးတစ်ယောက်ကို သူ့မှာ ကလေးရှိကြောင်း သူ့ရည်းစားဟောင်းက လာပြောတယ်။ဒါပေမဲ့ လာပြောတဲ့အချိန်က အဲဒီကလေးသေပြီးတဲ့အချိန်။ဒီလိုနဲ့ အဲဒီလူကြီးက သူ့ကလေးရဲ့ နာရေးပွဲကိုသွားရင်း သူ့ကလေးရှင်သန်ဖြတ်သန်းခဲ့ဖူးတဲ့ သမိုင်းကို ခြေရာကောက်ရင်းမရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ချစ်တဲ့စိတ်နဲ့ ပြန်လည်ခံစားကြည့်တဲ့အကြောင်းပါပဲ။ဒီရုပ်ရှင်ဟာ Ratingတွေတော့ မကောင်းပါဘူး။ဒါပေမဲ့လည်း သူ့အကြောင်းအရာရော အငွေ့အသက်ရော ပေးနိုင်တဲ့ခံစားချက်ရောက အသိအမှတ်ပြုဖို့တန်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ရှင်သန်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ ရိုးရှင်းတယ်ထင်ရပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်လာမယ့်အရာတွေမဟုတ်ဘူး။အဓိပ္ပာယ်မရှိဘူးလို့ထင်ရရင်တောင်ရှင်သန်ကြည့်လိုက်ဖို့ အချစ်ဟာ ဝေဝါးလွန်းနေရင်တောင်ချစ်ကြည့်လိုက်ဖို့ကလွဲ ကျွန်တော်တို့အတွက် ဘာမှနားလည်စရာမရှိခဲ့ဘူး။ဒီရုပ်ရှင်ထဲက ရစ်ချက်ဂီရိဟာ သူ့သား ထိုင်ခဲ့ဖူးတဲ့နေရာတွေမှာ လိုက်ထိုင်ကြည့်ခဲ့တယ်။သူမြင်တောင်မမြင်ဖူး သိတောင်မသိလိုက်ရတဲ့ သားရဲ့ အငွေ့အသက်ကို အဲဒီနေရာတွေကနေ သူရချင်မှလည်းရမယ်။သူ့သားနေခဲ့တဲ့ဘဝကို ဖြတ်သန်းကြည့်ပေမဲ့လည်း သူ့သားကို သူနားလည်ချင်မှလည်း နားလည်မယ်။ ဒါပေမဲ့ ဒီတိုင်းပဲ ခံစားကြည့်လိုက်တာပါပဲ။အဲဒီအဘိုးကြီး အဲဒီနေရာတွေမှာ လိုက်ထိုင်နေတဲ့ အခြင်းအရာမျိုးကို ဖြတ်သန်းဖူးတဲ့လူတွေကိုတော့ ဒီရုပ်ရှင်ကို တော်တော်လေး သဘောကျလောက်မှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။...
Handwashing Lady (2020) ⭐TMDB: 0% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 18 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] Handwashing Lady (2020) ******************************* ချန်းဆောင်းဆိုတဲ့ အလုပ်လက်မဲ့ကောင်လေးက တစ်နေ့မှာ အထုပ်အပိုးတွေ မနိုင်မနင်းဖြစ်နေတဲ့ဟာရုဆိုတဲ့ မိန်းကလေးကို တွေ့ပြီးတော့ ကူညီပေးလိုက်ရာကနေအဲဒီမိန်းကလေးက အတူအိပ်ချင် အိပ်ရအောင်လို့ စပြောလာခဲ့တဲ့အတွက် အတူနေလိုက်မိတယ်အဲဒီကိစ္စပြီးနောက်မှာ ဟာရုကို တမ်းတမ်းစွဲဖြစ်သွားပြီးတစ်အိမ်တည်းမှာပါ အတူနေလိုက်တော့တယ်အဲဒီအချိန်ကတည်း ဟာရုက ချန်းဆောင်းအတွက် အကုန်ထောက်ပံ့ပေးပါတော့တယ်ပိုက်ဆံတွေလည်း ပေး ခန္ဓာကိုယ်လည်းပေးမို့ ချန်းဆောင်းတစ်ယောက်ကတော့ အစပိုင်းမှာ မျောက်အုန်းသီးရသလို ဖြစ်နေခဲ့တာပေ့ါဒါပေမဲ့ ဟာရုက တခြားယောက်ျားတွေနဲ့ တပူးပူးတတွဲတွဲလုပ်နေတာကို မြင်လိုက်ရတဲ့အခါမှာမယုံသင်္ကာမှုတွေ ကြီးစိုးလာပါတော့တယ်သူ့ကိုစပြီး အိပ်ဖို့ပြောခဲ့သလိုမျိုး တခြားသူတွေနဲ့လည်း အဲဒီလို လုပ်လောက်မှာပဲဆိုပြီးတော့ဟာရုကို အထင်အမြင်တွေ သေးလာသလို နှိပ်လည်း နှိပ်စက်ပါတော့တယ်အစကတည်းက အချစ်နဲ့ စခဲ့တာမဟုတ်ဘဲနဲ့ တဏှာနဲ့ စခဲ့တဲ့ ဆက်ဆံရေးမို့ဟာရုကို တဖြည်းဖြည်းနဲ့ လူတကာနဲ့ အိပ်နေတဲ့ ရွံစရာ သတ္တဝါလို ချန်းဆောင်းက မြင်လာခဲ့တယ်အဲဒီလို အခြေအနေကနေ သူတို့နှစ်ဦး ဘယ်လို ရုန်းထွက်ကြမလဲအချစ်ငတ်နေတဲ့ ဟာရုလည်း တကယ်အချစ်ခံရရှာပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်File Size : 1.22 GB, 462 MB Quality : 1080p,720p Format…mp4 Duration…01:18:29 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Dirty Politics (2015) ⭐IMDB: 2.6/10 (645 Votes) 🎬 #Bollywood #Drama #Thriller 🗓 2015 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dirty Politics 2015Genre – Drama ဘောလိဝုဒ် နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ထုတ်ဖော်ရိုက်ကူးထားတဲ့ဘောလိဝုဒ်ကားဟောင်းလေးကို CM Bollywood ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း အာနိုခီဒေဝီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရက်အတော်ကြာပျောက်ဆုံးနေတဲ့အမှုနဲ့ပတ်သက်ပြီး နာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ မစ္စတာ မူခီတယာဆင်းဂ်ကို အရာရှိနီဘေးနဲ့ အရာရှိနစ်ချေးတို့က ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ အကျင့်ပျက်နိုင်ငံရေး အဖွဲ့အစည်းဖြစ်နေလေတော့ သူ့ထက်အကောင်ကြီးတွေအချင်းချင်းရဲမင်းကြီးအထိ ဖုန်းနဲ့လှုပ်ရှားလိုက်ရာက မစ္စတာ မူခီတယာဆင်းဂ်တစ်ယောက် စစ်ဆေးမေးမြန်းခြင်းမရှိဘဲပြန်လွှတ်သွားပါတယ်။ ဒါကို မကျေနပ်တော့ ဝန်ကြီးချုပ်ထိတင်ပြပြီး အိန္ဒိယအထူးစုံစမ်းရေးဌာနကိုကိုင်တွယ်ပေးဖို့တောင်းဆိုရင်း အထူးစုံစမ်းရေးသမားတစ်ဦးပါလာပြီး အမှုကိုစတင်ကိုင်တွယ်တာနဲ့ပဲအကျင့်ပျက်အရာရှိတွေကို စကိုင်ပါတော့တယ်။ ဆိုတော့ အာနိုခီဒေဝီတစ်ယောက် ဘာဖြစ်သွားတာလဲတကယ်ပဲ နိုင်ငံရေးသမားတွေနဲ့ပတ်သက်နေလားဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုနိုင်မှာပါခင်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။)...
Waqt (2005) ⭐TMDB: 58% User Score 🎬 #Bollywood #Comedy #Drama #Family #Musical #Romance 🗓 2005 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Waqt The Race Against Time(2005) ဆန့်ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အားပြိုင်မှု IMDb-6.7/10 ဘောလိဝုဒ်ပရိသတ်ကြီးအတွက် Legend တွေရဲ့ တစ်ခေတ်တခါကဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်အမီတာဘဂျမ်း ၊ ပရီရန်ကား ၊ အရှေးကူးမား တို့လိုထိပ်သီးအနုပညာရှင်တွေချည်းပါဝင်ထားတဲ့ကားဖြစ်ပါတယ် ဘဝနေဝင်ချိန်နဲ့ နီးနေပြီဖြစ်တဲ့ဖခင်ဖြစ်သူကသူကိုယ်တိုင်လည်း ဘဝကို ကြိုးစားရှင်သန်ခဲ့သလိုသူကြိုးစားတည်ထောင်ခဲ့တဲ့ဘဝကို သားဖြစ်သူလက်ထဲအကြွင်းမဲ့ယုံကြည်အပ်နှံထားခဲ့ချင်တယ်သူထွက်မသွားခင် သားဖြစ်တဲ့သူကို ဘဝကြီးအကြောင်း သေချာနားလည်ပြီးအဖိုးတန်တဲ့ လူတော်လူကောင်းတစ်ယောက်အဖြစ်နဲ့ မြင်ခဲ့ချင်တယ်သားဖြစ်သူရဲ့သွေး မျိုးဆက်လေးရလာခဲ့ရင်ဆိုပြီးတော့လည်း တွေးတွေးပြီးပျော်နေတတ်တဲ့သူ သားဖြစ်တဲ့သူကတော့ အဲဒီအချက်တွေနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့သူပါပဲတော်တတ်ပြီးသားအဖေနဲ့ မပူပန်ရတဲ့စည်းစိမ်တွေကြား ဘာလိုနေသေးလဲဆိုပြီးဘဝကိုပျော်ပျော်ပဲဖြတ်သန်းနေခဲ့တယ် ။ သားဖြစ်သူကအားမကိုးရ သုံးစားမရတဲ့အပြင် ရန်သူတော်ရဲ့ သမီးကိုမှအရယူလာတော့ဘဝဆိုတာရင်ဆိုင်ကြည့်စမ်းဆိုပြီး အကြမ်းနည်းသုံးအိမ်ပေါ်ကနှင်ချတော့တာပဲ သိက္ခာ ဥစ္စာ အစစပြည့်စုံနေတဲ့မိသားစုကနေ ရုတ်တရက်ကြီး ဘာမှမရှိတဲ့ဘဝကိုရောက်သွားတဲ့သူက သူ့အဖေဗီဇတွေပါပြီး တိုးတက်အောင်လုပ်နိုင်မလားဖခင်မေတ္တာကိုရော နားလည်သဘောပေါက်သွားမလား 20 ရာစုဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဂန္တဝင်တင်တဲ့ဘောလိဝုဒ်ကောင်းများစွာလိုဒီကားကရော အဲဒီစံနှုန်းကိုမီရဲ့လား ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်...
