ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Suite Française (2014)
⭐IMDB: 7.0/10 (27 k Votes)
🎬 #Drama #Romance #Thriller #War
🗓️ 2014 🎞️ Movie 📺 720p
🌎 #UnitedKingdom #France #Canada #Belgium #UnitedStates
⏰ 1 နာရီ 47 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Suite Francaise (2014)
********************
Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး
၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက်
ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီးAuschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့
ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှSuite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်း
နှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက်ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်း
ဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကို
ပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။
Civil War Saint (2022)
⭐IMDB: 3.8/10 (25 Votes)
🎬 #Drama #War
🗓️ 2022 🎞️ movie 📺 1080p FHD
🌎 #UnitedStates
⏰ ⁉️
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Civil War Saint (2022)================
ဇာတ်လမ်းလေးကတော့ တိုက်ပွဲအတွင်းမှာဒဏ်ရာရလာတဲ့ဂျွန်နသန်ကို ဆေးရုံက ဝီလာမီနာဆိုတဲ့ခွေးကရှာတွေ့ပြီးတော့ကယ်ဆယ်လိုက်ပါတယ်။ နောက်ပြီး ဂျွန်နသန်မေ့နေတုန်းကစစ်ပွဲကြီးပြီးသွားတဲ့အတွက် အကုန်လုံးအိမ်ပြန်ကြတယ်။
ဂျွန်နသန်ပြန်သတိရလာတဲ့အခါမှာတော့ သူနာပြုဆရာမကြီးက စစ်ပွဲကြီးပြီးသွားကြောင်းနဲ့ အကုန်လုံးနေရပ်ကိုပြန်သွားကြောင်းပြောပြတယ်၊ အဲ့ဒါနဲ့ပဲ ဂျွန်နသန်လည်းသူ့နေရပ်ဖြစ်တဲ့မေယာလန်းကိုပြန်ဖို့လုပ်တယ်၊ ဆေးရုံမှာစောင့်ရှောက်မယ့်သူမရှိတဲ့ ဝီလာမီနာဆိုတဲ့ခွေးမကို သူနာပြုဆရာမကြီးက ခေါ်သွားပေးဖို့တောင်းဆိုတယ်၊ လမ်းမှာလည်းအဖော်ရတဲ့အတွက် ဂျွန်နသန်ဟာခေါ်သွားဖို့ဆုံးဖြတ်လိုက်တာပေါ့။ ဒီလိုနဲ့ ဂျွန်နသန်ရဲ့အိမ်ပြန်ခရီးမှာမမျှော်လင့်ထားတာတွေဖြစ်လာတဲ့အခါမှာတော့…….
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Tin Myo Lwin ဖြစ်ပါတယ်)
Civil War Saint (2022)
⭐⁉️
🎬 #Drama #War
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 12 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Civil War Saint (2022)================
ဇာတ်လမ်းလေးကတော့ တိုက်ပွဲအတွင်းမှာဒဏ်ရာရလာတဲ့ဂျွန်နသန်ကို ဆေးရုံက ဝီလာမီနာဆိုတဲ့ခွေးကရှာတွေ့ပြီးတော့ကယ်ဆယ်လိုက်ပါတယ်။ နောက်ပြီး ဂျွန်နသန်မေ့နေတုန်းကစစ်ပွဲကြီးပြီးသွားတဲ့အတွက် အကုန်လုံးအိမ်ပြန်ကြတယ်။
ဂျွန်နသန်ပြန်သတိရလာတဲ့အခါမှာတော့ သူနာပြုဆရာမကြီးက စစ်ပွဲကြီးပြီးသွားကြောင်းနဲ့ အကုန်လုံးနေရပ်ကိုပြန်သွားကြောင်းပြောပြတယ်၊ အဲ့ဒါနဲ့ပဲ ဂျွန်နသန်လည်းသူ့နေရပ်ဖြစ်တဲ့မေယာလန်းကိုပြန်ဖို့လုပ်တယ်၊ ဆေးရုံမှာစောင့်ရှောက်မယ့်သူမရှိတဲ့ ဝီလာမီနာဆိုတဲ့ခွေးမကို သူနာပြုဆရာမကြီးက ခေါ်သွားပေးဖို့တောင်းဆိုတယ်၊ လမ်းမှာလည်းအဖော်ရတဲ့အတွက် ဂျွန်နသန်ဟာခေါ်သွားဖို့ဆုံးဖြတ်လိုက်တာပေါ့။ ဒီလိုနဲ့ ဂျွန်နသန်ရဲ့အိမ်ပြန်ခရီးမှာမမျှော်လင့်ထားတာတွေဖြစ်လာတဲ့အခါမှာတော့…….
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Tin Myo Lwin ဖြစ်ပါတယ်)
Suite Française (2014)
⭐IMDB: 7.0/10 (27 k Votes)
🎬 #Drama #Romance #Thriller #War
🗓️ 2014 🎞️ Movie 📺 1080p
🌎 #UnitedKingdom #France #Canada #Belgium #UnitedStates
⏰ 1 နာရီ 47 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Suite Francaise (2014)
********************
Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး
၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက်
ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီးAuschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့
ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှSuite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်း
နှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက်ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်း
ဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကို
ပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။
Black Girl Missing (2023)
⭐IMDB: 5.4/10 (216 Votes)
🎬 #Crime #Drama #TVMovie
🗓️ 2023 🎞️ Movie 📺 1080p
🌎 #Canada
⏰ 1 နာရီ 27 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Black Girl Missing (2023)===================
ဒီနေ့တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ထားတဲ့ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ (၁၈) နှစ်အရွယ် သမီးလေး ပျောက်သွားလို့ လိုက်ရှာတဲ့ လူမည်းအမျိုးသမီး မိခင်တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ခွဲခြားဆက်ဆံမှုတွေ မတရားမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ရှယ်လ်ဘိတ်ကာက ဘလူးဗယ်လ်လီ အထက်တန်းကျောင်းက ဒုကျောင်းအုပ်ပါ။ ချစ်စရာ သမီးလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထားပါတယ်။ ခင်ပွန်းဆုံးသွားပြီး စိတ်သစ်လူသစ်ဖြစ်အောင် ဘလူးဗယ်လ်လီကို ပြောင်းခဲ့ကြတာပါ။
တစ်နေ့မှာတော့ သမီးကြီး လော်ရန် ပိတ်ရက်အိမ်ပြန်လာတုန်းစကားများကြပါတယ်။ စိတ်ဆိုးပြီး လော်ရန် ကောလိပ်ကို ပြန်သွားပြီပဲ ထင်နေခဲ့တာပါ။ လော်ရန်နဲ့ စကားမပြောဖြစ်တာ ကြာပါပြီ။ ဖုန်းဆက်လို့ စာပို့လို့လည်း မရပါဘူး။ ဟိုဟိုဒီဒီ စုံစမ်းကြည့်မှလော်ရန် ပျောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ ရဲတွေကို သွားရောက်အကြောင်းကြားပေမဲ့ ထွက်ပြေးသွားတာလို့ပဲ သုံးသပ်ပြောကြားပြီး သေချာစုံစမ်းမပေးကြပါဘူး။ သတင်းထောက်တွေကိုပြောတော့လည်း စိတ်ဝင်စားစရာ မရှိဘူးဆိုပြီး အာရုံမစိုက်ကြပါဘူး။
တစ်ချိန်တည်းမှာပဲ ဂျက်စီကာရူဆို ဆိုတဲ့ လူဖြူကောင်မလေးတစ်ယောက်လည်း ပျောက်နေပါတယ်။ ရဲတွေ စေတနာ့ဝန်ထမ်းတွေကလည်း အသည်းအသန်ရှာပေးကြပါတယ်။ သတင်းချန်နယ်တွေကလည်းဂျက်စီကာနဲ့ ပတ်သက်တဲ့ သတင်းတွေကို တစ်ချိန်လုံးတင်ဆက်နေကြပါတယ်။ ဒါပေမဲ့ လော်ရန်ပျောက်သွားတာကိုတော့ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ ဒီတော့ ရှယ်ရယ်လ်နဲ့ သမီးငယ်မာလီကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှာဖို့ ကြိုးစားရပါတော့တယ်။ အဲတော့ရှယ်ရယ်လ်နဲ့ မာလီ ပျောက်သွားတဲ့ လော်ရန်ကို ရှာတွေ့ပါ့မလား။လော်ရန် ဘာလို့ ထွက်သွားတာလဲ။ သူတို့ခက်ခဲနေတုန်း ဘယ်သူတွေကူညီပေးမလဲ။ ခံစားခဲ့ရတဲ့ မတရားမှုတွေအတွက် တရားမျှတမှုရနိုင်မလားဆိုတာကို စောင့်ကြည့်ခံစားလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Phu Myat Thwe ဖြစ်ပါတယ်)
Creed III (2023)
⭐IMDB: 7.2/10 (33 k Votes)
🎬 #Drama #Sport #Action
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Creed III (2023)=============IMDb Rating – 7.2/10
ခရိရုပ်ရှင် သုံးကားမြောက်လာပါပြီ။ ခရိဆိုတာ စတားလုံးသရုပ်ဆောင်ခဲ့တဲ့ လက်ဝှေ့ရုပ်ရှင်တွေရဲ့နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ မျိုးဆက်သစ်လက်ဝှေ့သမားအကြောင်းပါ။ မင်းသားကတော့ မိုက်ကယ်ဘီဂျော်ဒန်ပါပဲ။ ခရိအရင်ရုပ်ရှင် နှစ်ကားကိုလည်းချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။
ဒီရုပ်ရှင်အစမှာတော့ ခရိဟာ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုတွေအလီလီရခဲ့ပြီး လက်ဝှေ့လောကကနေ အနားယူပြီးခဲ့ပါပြီ။ လက်ချောင်းအရိုးအက်တာတွေ၊ မျက်ခုံးကွဲတာတွေ ဒဏ်ရာဒဏ်ချက်ဟောင်းတွေလည်း အပြည့်ပါပဲ။ ဒီတော့ မိသားစုနဲ့ပဲ လက်ဝှေ့သမားလေးတွေ ပျိုးထောင်ပေးရင်း အေးအေးချမ်းချမ်းနေထိုင်နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်း ဒိမ်းနဲ့ပြန်တွေ့လာပါတယ်။ ဒိမ်းဟာ သူ့ထက်ကြီးပြီး ထောင် ၁၈ နှစ်လောက်ကျပြီးမှ ပြန်ထွက်လာတဲ့သူပါ။ သူတို့မှာ ရာဇဝင်တွေရှိခဲ့ပါတယ်။ ဒိမ်းက အသက်ကြီးနေပေမဲ့ လက်ဝှေ့ကိုစိတ်မကုန်သေးဘဲ ခရိလို လက်ဝှေ့ချန်ပီယံဖြစ်ချင်လို့ ကူညီပေးဖို့ တောင်းဆိုလာတဲ့အခါ…
Creed I – Link
Creed II – Link
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)
Even If This Love Disappears from the World Tonight (2022)
⭐IMDB: 7.0/10 (232 Votes)
🎬 #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p
🌎 #Japan
⏰ 2 နာရီ 1 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Even if This Love Disappears from the World Tonight(2022)
********************************************************
ဒီရုပ်ရှင်လေးဟာ 2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Tomorrow I Will Date With Yesterday’s Youရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးတည်းကပဲရိုက်ကူးထားပြီး ကြည်ကြည်နူးနူး ဆွေးဆွေးမြေ့မြေ့ ခံစားရမယ့်
ခံစားချက်vibeလေးကလည်းအတူတူပါပဲ။ဇာတ်လမ်းအကြောင်းအရာကတော့ Toruဟာသူငယ်ချင်းဖြစ်သူအနိုင်ကျင့်ခံရတာကနေ
ကယ်တင်ဖို့ဆိုပြီး Hinoဆိုတဲ့အတန်းဖော်ကောင်မလေးဆီချစ်ကြိုက်ကြောင်းဟန်ဆောင်ဝန်ခံခဲ့ရပါတယ်။ Hinoကလည်း Toruကိုရည်းစားအဖြစ်လက်ခံခဲ့ပေမယ့်
စည်းကမ်းချက်လေးသုံးချက်ကိုတော့ လိုက်နာခိုင်းပါသတဲ့။၃ချက်ထဲက တစ်ချက်ကတော့ တကယ်ချစ်သွားလို့မရဘူး ဆိုတာပါပဲ။နောက်ပြီး Hinoဆိုတဲ့အမျိုးသမီးလေးဟာ ကားမတော်တဆမှုတစ်ခုကြောင့်
မှတ်ဉာဏ်အသစ်တွေမမှတ်နိုင်ဘဲ အိပ်ပျော်သွားတာနဲ့ ဒီနေ့အတွက်မှတ်ဉာဏ်တွေပျောက်သွားရသူပါ။
အဲ့ဒီနောက်မှာတော့……………….
Creed III (2023)
⭐IMDB: 7.2/10 (33 k Votes)
🎬 #Drama #Sport #Action
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Creed III (2023)=============IMDb Rating – 7.2/10
ခရိရုပ်ရှင် သုံးကားမြောက်လာပါပြီ။ ခရိဆိုတာ စတားလုံးသရုပ်ဆောင်ခဲ့တဲ့ လက်ဝှေ့ရုပ်ရှင်တွေရဲ့နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ မျိုးဆက်သစ်လက်ဝှေ့သမားအကြောင်းပါ။ မင်းသားကတော့ မိုက်ကယ်ဘီဂျော်ဒန်ပါပဲ။ ခရိအရင်ရုပ်ရှင် နှစ်ကားကိုလည်းချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။
ဒီရုပ်ရှင်အစမှာတော့ ခရိဟာ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုတွေအလီလီရခဲ့ပြီး လက်ဝှေ့လောကကနေ အနားယူပြီးခဲ့ပါပြီ။ လက်ချောင်းအရိုးအက်တာတွေ၊ မျက်ခုံးကွဲတာတွေ ဒဏ်ရာဒဏ်ချက်ဟောင်းတွေလည်း အပြည့်ပါပဲ။ ဒီတော့ မိသားစုနဲ့ပဲ လက်ဝှေ့သမားလေးတွေ ပျိုးထောင်ပေးရင်း အေးအေးချမ်းချမ်းနေထိုင်နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်း ဒိမ်းနဲ့ပြန်တွေ့လာပါတယ်။ ဒိမ်းဟာ သူ့ထက်ကြီးပြီး ထောင် ၁၈ နှစ်လောက်ကျပြီးမှ ပြန်ထွက်လာတဲ့သူပါ။ သူတို့မှာ ရာဇဝင်တွေရှိခဲ့ပါတယ်။ ဒိမ်းက အသက်ကြီးနေပေမဲ့ လက်ဝှေ့ကိုစိတ်မကုန်သေးဘဲ ခရိလို လက်ဝှေ့ချန်ပီယံဖြစ်ချင်လို့ ကူညီပေးဖို့ တောင်းဆိုလာတဲ့အခါ…
Creed I – Link
Creed II – Link
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)
Creed II (2018)
⭐IMDB: 7.1/10 (140 k Votes)
🎬 #Drama #Sport #Action
🗓️ 2018 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 10 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rating 7.6 အထိရရှိထားတဲ့ အကောင်းဆုံးစာရင်းဝင်
ရုပ်ရှင်ကားတစ်ကားလို့တောင် ပြောချင်ပါတယ်…
၁၉၇၆ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့
လက်ဝှေ့ကားတွေဟာ ဆယ်စုနှစ်များစွာကြာညောင်းခဲ့ပေမဲ့ အခုချိန်ထိ
အောင်မြင်စွာရှင်သန်နေဆဲပါ
ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကြောင့်
ဇာတ်ကားတိုင်းဟာလည်း rating မြင့်မားလှပါတယ်
၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည့်ကို မိတ်ဆက်ပေးခဲ့ပါတယ်
အဲဒီဇာတ်ကားလေးကလည်း ဆုတံဆိပ်များစွာနဲ့အတူ
ပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်
၂၀၁၈ခုနှစ်မှာတော့ Creed 2 ကို ပရိတ်သတ်တွေဆီ ပို့ဆောင်ပေးခဲ့ပြန်ပါတယ်
အရင်ကားတွေအတိုင်းပါပဲ စွဲဆောင်မှုရှိရှိနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပြန်ပါတယ်
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ရဲ့ရွှေခါးပတ်ကို ရရှိဖို့ဆိုတာ မလွယ်ကူသလို
ထိန်းသိမ်းဖို့ဆိုတာလည်း သိပ်ကိုခက်ခဲပါတယ်
ဒီဇာတ်ကားထဲမှာ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရတဲ့
လက်ဝှေ့သမားတစ်ယောက်ရဲ့ဘဝကို ကိုယ်ချင်းစာမိသွားအောင် ရိုက်ပြထားပါတယ်
ဝါသနာကြောင့် လုပ်နေပေမယ့် နာကျင်မှုကို လူတိုင်း ကြောက်ပါတယ်
ဒါ့အပြင် အချိန်မရွေး ကြိုးဝိုင်းထဲမှာ အသက်ဆုံးရှုံးသွားနိုင်ပါသေးတယ်
လက်ဝှေ့ရဲ့သဘောတရားကိုက သူတစ်ပါးကိုနာကျင်အောင်လုပ်ရတာပါ
သူတစ်ပါးကို နာကျင်စေချင်ရင်တော့ ကိုယ်ကိုတိုင်လည်းနာကျင်မှုကို
ကြောက်နေလို့မဖြစ်ပါဘူး
နာကျင်မှုကို ပိုပြီးခံနိုင်ရည်ရှိတဲ့သူက ရေရှည်မှာ ပိုပြီးအနိုင်ရဖို့များပါတယ်
အောင်မြင်မှုရဲ့ အရသာဟာ နာကျင်မှုတွေကို
စက္ကန့်ပိုင်းအတွင်းပျောက်အောင်ကုစားနိုင်တယ်ဆိုတဲ့
ရသကိုအပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့
ကြည့်လို့ကောင်းမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်…
Lovr Is Blind, Hate Too (2022)
⭐IMDB: 4.0/10 (15 Votes)
🎬 #Thriller
🗓️ 2022 🎞️ Movie 📺 1080p
🌎 #China #HongKong
⏰ 1 နာရီ 15 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စာရေးဆရာမ အားပေါင် ဆိုသူနဲ့ ဆရာဝန်ယန်ယောက်ဟွာတို့ဟာသူများတွေအားကျရတဲ့အထိ အရမ်းကိုမှ ချစ်ခင်ကြင်နာကြတဲ့ လင်မယားတွေပါ ။အားပေါင်တစ်ယောက် ကားမတော်တဆမှုနဲ့ကြုံတွေ့ပြီး မျက်စိနှစ်လုံးအမြင်ကွယ်ခဲ့ပြီးတဲ့နောက်မှာ ဆရာဝန်ယန်ဟာ သူ့ဇနီးအပေါ်ကိုအရင်ကထက် ဆထက်တစ်ပိုး တိုးလို့ချစ်ခဲ့ပါတယ် ။
ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဆရာဝန်ယန်ဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားခဲ့ပြီးဇနီးဖြစ်သူ အားပေါင်ကို အိမ်မှာတစ်ယောက်ထဲ ထားခဲ့ရပါတော့တယ် ။ဒီလိုမျိုး ဆရာဝန်ယန် ခဏတာ အိမ်ကနေ ထွက်သွားခဲ့တဲ့အခိုက်အတန့်ကသူ့ရဲ့ ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်ဆိုရင်လဲမမှားပါဘူး ။
သူခရီးထွက်နေစဥ်အတွင်းမှာ ကျန့်ဝမ်တီ လို့ခေါ်တဲ့ အမျိူးသားတစ်ဦးအိမ်ရောက်လာခဲ့ပြီး မျက်မမြင်အားပေါင်ကို စတင်အနိုင်ကျင့်ခဲ့ပါတော့တယ် ။ယောကျာ်းဖြစ်သူသူ ခရီးထွက်သွားနေတဲ့အတွက်ကြောင့်ကူရာမဲ့ဖြစ်နေတဲ့ အမျိုးသမီး မျက်မမြင်တစ်ယောက်ကြောက်မက်ဖွယ် အကြုံဆိုးနဲ့ ယောကျာ်းတစ်ယောက်ကို ရင်ဆိုင်ခဲ့တဲ့ အချိန်မှာ –
❏ ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားမှာလဲ ?❏ ကျန့်ဝမ်တီလို့ခေါ်တဲ့ အမျိုးသားကရော ဘယ်လိုအညှိုးအတေးတွေ ရှိခဲ့လို့ဒီလိုမျိုးကြောက်မက်ဖွယ်ကောင်းတဲ့ အကြံအစည်ကို ကြံစည်ရတာလဲ ?
❏ ဒီလိုမျိုးလျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဆက်ဆံရေးတွေကြားမှာတကယ့်အဖြစ်မှန်က ဘာလဲဆိုတာ သိရဖို့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။
Creed (2015)
⭐IMDB: 7.6/10 (292 k Votes)
🎬 #Drama #Sport #Action
🗓️ 2015 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 13 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Creed (2015)==========
Creed 2 ထွက်လာပြီတော့ Creed 1 လဲကြည့်ချင်ကြမယ်ထင်လို့အသစ်ပြန်တင်ပေးလိုက်ပါတယ်။ ဒီကားက တစ်ချိန်တုန်းက နာမည်ကျော်လူကြိုက်များခဲ့တဲ့၊ အခုချိန်ထိလဲ နာမည်ကျော်ဆဲ မင်းသားကြီးစတားလုံးရဲ့Rocky ဆိုတဲ့ရုပ်ရှင်ကားရဲ့ Sequal အဖြစ်ထွက်လာခဲ့တာဖြစ်ပါတယ်။
Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ AdonisCreed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကိုလက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှသွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။
ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှုတို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Ratingကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rockyကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့အကြံပြုပါရစေ။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)
Church of Darkness (2022)
⭐IMDB: 3.6/10 (69 Votes)
🎬 #Drama #Family #Horror
🗓️ 2022 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 1 နာရီ 27 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Church Of Darkness (2022)====================
ဒီ Church Of Darkness ဆိုတဲ့ကားလေးကတော့ Horror အမျိုးအစားကားလေးဖြစ်ပြီး လူငယ်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကား မှာ ဒေးဗစ်ဆိုတဲ့ ခရစ်ယာန်ဘာသာ ယုံကြည်သူကောင်လေးတစ်ယောက် မစ်ရှင်ပွိုင့်ဆိုတဲ့ မြို့ကလေးကို စပြောင်းရွှေ့လာစဉ်အင်မတန်ထူးခြားတဲ့ အဆောက်အဦးတစ်ခုကို မြင်တွေ့မိရာကစတင်ထားပါတယ်။
ဒေးဗစ်ဟာ ဘာသာရေးကို ယုံကြည်သက်ဝင်သူဖြစ်သော်လည်း လူငယ်ဖြစ်သည့်အလျောက် ဘာသာရေးအပေါ် နားလည်မှုလွဲခြင်းများလည်းရှိနေပုံကိုထည့်သွင်းရိုက်ကူးထားပါတယ်။ ထူးဆန်းတဲ့ နတ်ဆိုးများကို ပူဇော်သည့်Wheelmakerဆိုတဲ့ ဂိုဏ်းတစ်ခုကြီးစိုးနေတဲ့ မစ်ရှင်ပွိုင့်မှာ ဒေးဗစ်တစ်ယောက်ဘာတွေကြုံတွေ့ရမလဲ။ ဘယ်လိုတွေစွန့်စားရမလဲဆိုတာကိုတော့ဇာတ်ကားလေးကြည့်ပြီး အဖြေရှာလိုက်ကြပါဦးခင်ဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Lwin Bo ဖြစ်ပါတယ်)
Stalkers (2023- )
⭐IMDB: 7.0/10 (209 Votes)
🎬 #⁉️️ #Drama #Comedy
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #Philippines
⏰ 45 မိနစ် 12 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[18+] Stalkers (2023)Stalkers (2023) Completed Mini-Series
Erotica Manila ရဲ့နေရာကို အစဉ်အလာမပျက် အစားဝင်လာတဲ့ Mini-series အသစ်လေးဖြစ်ပါတယ်။ ဟယ်ရီဆိုတာ စိတ်ကူးယဉ်တတ်သလို အစွဲအလန်းကြီးတဲ့လူငယ်လေးတစ်ယောက်ပါ။ ဆွဲဆောင်မှုရှိတဲ့ မိန်းမလှတွေကိုမြင်လိုက်တာနဲ့ စိတ်ကူးထဲမှာတင် အကြိမ်ကြိမ်ပစ်မှားမိပြီး အပြင်မှာ တကယ်အထွတ်အထိပ်ရောက်တဲ့အထိ သူ့စိတ်ကူးကစွမ်းအားကြီးသလို အဲ့ဒီမိန်းကလေးတွေကိုလဲ စောင့်ရှောက်ဖို့တာဝန်ရှိတယ်လို့ သူ့ဟာသူယူဆထားပြီး နောက်ကတစ်ကောက်ကောက်လိုက် သူတို့ပစ္စည်းတွေ အတွင်းခံတွေကို အမှတ်တရဆိုပြီး ခိုးယူသိမ်းဆည်းတတ်ပါသေးတယ်။ တစ်နေ့မှာတော့ အက်ပဲလ်ဆိုတဲ့ အနှိပ်ခန်းပိုင်ရှင် မိန်းမချောလေးကို မြင်မြင်ချင်းစွဲလန်းမိသွားတဲံနောက် အက်ပဲလ်ဟာ သူ့ပစ်မှတ်အသစ်တစ်ခုဖြစ်လာပြီး တစ်ကောက်ကောက်လိုက်တဲ့ဇာတ်လမ်းစပါတော့တယ်။ ဒါပေမယ့် အဲ့ဒီမိန်းမချောလေးဟာ သူထင်ထားတာထက်ပိုပြီး အသိရခက်တဲ့ပဟေဠိတွေကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့… Sexy Comedy Thriller အမျိုးအစားဖြစ်ပြီး Vivamax ရဲ့အစဉ်အလာမပျက်ရင်သိမ့်တုန်ပြကွက်တွေ၊ မင်းသမီးအချောအလှလေးတွေနဲ့ ရှုစားကြရမှာပါ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ALS ပဲဖြစ်ပါတယ်)Size ~ 700MB+
50 or Two Whales Meet on the Beach (2020)
⭐IMDB: 6.9/10 (160 Votes)
🎬 #Drama
🗓️ 2020 🎞️ Movie 📺 720p
🌎 #Mexico
⏰ 1 နာရီ 59 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
50 or Two Whales Meet at the Beach (2020)===============================IMDb Rating – 6.9/10
ဒီ “50 or Two Whales Meet on the Beach” ဆိုတဲ့ဇာတ်ကားလေးကတော့ ဖယ်လိစ်နဲ့ အယ်လီဆာဆိုတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက် “Blue Whale Challenge” ကစားတာကိုအဓိကဇာတ်အိမ်ပြုထားတာပါ။
အရင်ဦးဆုံး “Blue Whale Challenge” ဆိုတဲ့ဂိမ်းကိုရှင်းပြပေးချင်ပါတယ်။ “Blue Whale Challenge” ဆိုတာက ၂၀၁၆ ဝန်းကျင်လောက်တုန်းက ကမ္ဘာပေါ်ကနေရာအနှံ့မှာခေတ်စားခဲ့တဲ့ အန္တရာယ်ရှိတဲ့အွန်လိုင်းစိန်ခေါ်မှုကစားပွဲတစ်ခုပေါ့။ အဲဒီဂိမ်းကစားရတဲ့ပုံစံဟာဆိုရင် ဆော့ကစားတဲ့သူတွေအနေနဲ့ ရက် ၅၀ ကာလအတွင်းမှာ အက်မင်ဆိုတဲ့သူတွေဆီကနေ စိန်ခေါ်မှု အခု ၅၀ကိုလက်ခံပြီးအောင်မြင်အောင်လုပ်ရမှာပါ။
စစချင်းစိန်ခေါ်မှုလေးတွေကတော့ ခပ်လွယ်လွယ်ပေါ့ပေါ့ပါးပါးလေးတွေပါပဲ။ “မနက်အစောကြီး ထရန်” တို့၊ “Horror ကားတွေကို တစ်ယောက်တည်းကြည့်ရန်” တို့ဆိုပြီးတော့ပေါ့။ အဲဒီကနေမှနောက်ပိုင်းမှာ တဖြည်းဖြည်းပိုပိုခက်လာပြီး အန္တရာယ်တွေလည်းပိုပိုရှိလာပါတယ်။ နောက်ဆုံး အခု ၅၀ မြောက်စိန်ခေါ်မှုဟာဆိုရင်တော့ ကစားတဲ့သူတွေကို ကိုယ့်ဘာသာကိုယ်သတ်သေခိုင်းတာပဲဖြစ်ပါတယ်။ တကယ်လို့ ကစားတဲ့သူကသာ ဒီစိန်ခေါ်မှုတွေကိုဆက်မလုပ်တော့ဘူး၊ ပျက်ကွက်တယ်ဆိုရင် ကစားသူတွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကိုပျံ့နှံ့အောင်လုပ်ပစ်မယ်တို့၊ မိသားစုတွေကိုအကြမ်းဖက်နှောင့်ယှက် သတ်ဖြတ်မယ်တို့ဆိုပြီးခြိမ်းခြောက်မှုတွေလည်းရှိပါတယ်။
ဒီတော့ ဇာတ်လမ်းကိုပြန်သွားကြမယ်ဆိုရင် ဖယ်လိစ်နဲ့ အယ်လီဆာတို့လည်း အစပိုင်းမှာ ဒီလိုစိန်ခေါ်မှုတွေကိုကျေကျေနပ်နပ်နဲ့လုပ်နေရာကနေမှ “ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရန်” ဆိုတဲ့ စိန်ခေါ်မှုကိုရောက်သွားပြီဆိုရင် ဘယ်လိုဆက်ဖြစ်လာမလဲ။ ကျေကျေနပ်နပ်နဲ့ပဲဆက်လုပ်သွားမှာလား။ ဒါမှမဟုတ် နောင်တရပြီး ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုကြပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)
Framed! A Sicilian Murder Mystery (2022-2023)
⭐IMDB: 6.8/10 (1 k Votes)
🎬 #Comedy #Crime
🗓️ 2022-2023 🎞️ Series 📺 1080p
🌎 #Italy
⏰ 34 မိနစ် 46 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Framed! A Sicilian Murder Mystery (2022) Season 01 CompleteFramed! A Sicilian Murder Mystery (2022) S01
~ IMDb rating – 6.8/10 ~ ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ ဟာသကားကြိုက်တဲ့ သူတွေအတွက် ပိတ်ရက်တွေကျရင် တစ်ထိုင်တည်းနဲ့ အသားကုန်ခွီနေရမယ့် အီတလီဟာသစီးရီး Framed! A Sicilian Murder Mystery ပဲဖြစ်ပါတယ်။ Netflix ကနေ 2022 ကမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲဲ့ ဟာသ စုံထောက် စီးရီးလေးပေါ့။ အရမ်းကြီးပေါကွက်တွေနဲ့ ကလိထိုးပြီးရယ်ရအောင် လုပ်ထားတာမျိုးမဟုတ်လို့ ဟာသသမားတွေ အကြိုက်တွေ့ပါလိမ့်မယ်။ ~ ဇာတ်လမ်းအညွှန်း ~ ယူထားတဲ့မိန်းမထက် သည်းထိတ်ရင်ဖိုစုံထောက်တီဗီရှိူးတွေကိုပဲ ကြိုက်တဲ့ဆယ်ဗိုနဲ့ အရာရာမေ့မေ့သားလေးဖြစ်နေတဲ့ ဗယ်လက်တီနိုတို့ သူတို့အလုပ်အရ ကာစတန်မာ ဂန်ဘီနိုအိမ်ကို တီဗီပြင်ဖို့သွားရင်း ဂန်ဘီနိုသေနေတာကိုမြင်သွားတဲ့အခါ သူတို့ကိုယ် သူတို့လူသတ်သမားလို့ သံသယဝင်နေတာကိုဘယ်လိုဖျောက်ကြမလဲ… နောက်ဖြစ်လာမယ့် ကိစ္စတွေကို ဘယ်လိုကျော်ဖြတ်ကြလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာလေးပဲဖြစ်ပါတယ်။ အခုခေတ်မှာ ကလိထိုးရယ်ခိုင်းတဲ့ကားတွေများလာတာကြောင့် ဒီလိုရှားပါးတဲ့ဟာသဇာတ်လမ်းမျိုးကိုတစ်ခေါက်လောက်တော့ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ DB ပဲဖြစ်ပါတယ်)Size ~ 550MB+
Tonight You're Sleeping with Me (2023)
⭐IMDB: 3.8/10 (631 Votes)
🎬 #Drama #Romance
🗓️ 2023 🎞️ Movie 📺 1080p
🌎 #Poland
⏰ 1 နာရီ 34 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tonight You’re Sleeping with Me (2023)=============================
ပိုလန်နိုင်ငံရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်ကားလေးပါ။ လွန်ခဲ့တဲ့၁၀ နှစ်လောက်ကတည်းက မမနဲ့မောင်လေးဟာ တွေ့ခဲ့ကြတယ်၊သိပ်ချစ်ခဲ့ကြတယ် စိတ်ကူးတွေယဉ်ခဲ့ကြတယ် ဒါပေမဲ့ မပေါင်းဖက်ခဲ့ရပါဘူး။ ဒီလိုနဲ့ ခုလက်ရှိမှာတော့ မမက သမီးလေးနှစ်ယောက်နဲ့အိမ်ထောင်သည် ဖြစ်နေပါပြီ။
ဖြစ်ချင်တော့ မောင်လေးက တခြားနိုင်ငံက ပြန်လာပြီး အလုပ်ဝင်လျှောက်တာ မမရဲ့ဌာနကို ကွက်တိ ဖြစ်နေပါတော့တယ်။ မမကလည်း အိမ်ထောင်ရေးမှာက ကတောက်ကဆတွေနဲ့ သာယာတာမဟုတ် ယောက်ျားဖြစ်သူနဲ့ လိုချင်တာမရ ဆန္ဒမပြည့်ဝနေခဲ့သူ။မောင်လေးကလည်း ဘယ်နှနှစ်ကြာကြာ မမမှ မမဆိုတဲ့ ကောင်ဇိုးလေးပေါ့။ အဲဒါနဲ့ တစ်နေ့ကျတော့ မမရဲ့ယောက်ျားဖြစ်သူဟာမမကိုလည်း မတိုင်ပင်ပဲ အပန်းဖြေခရီးဆိုပြီး အိုင်းစ်လန်းကို တစ်လသွားသာယာပါတော့တယ်။
ဘာပြောကောင်းမလဲ ပေါက်ကွဲချင်ပေမယ့်မီးစနက်တံကောင်းကောင်းမရှိလို့ ထိန်းထားရတဲ့ မမတစ်ယောက်မောင်လေးရဲ့လောင်ကျွမ်းမီးတောက်ကြားမှာ ထိန်းမရ သိမ်းမရ ပေါက်ကွဲကုန်ကြပါတော့တယ်။အဲဒါကြောင့် မမနဲ့မောင်လေး ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားကြမလဲ၊ဆန္ဒကို သိက္ခာနဲ့ပဲ ထိန်းကြမလား၊ စိတ်လွတ်လက်လွတ် သားပစ်မယားပစ် ပျော်ပါးကြမလား၊ ပျော်ရွှင်ရမလား ဒူးနဲ့မျက်ရည်သုတ်ကြရမလားဆိုတာတော့ ဆက်လက်ရှုစားပေးကြပါလို့….။
အိပ်ရာပေါ်က အခန်းတချို့နဲ့ ရွှေရင်နှစ်မွှာတွေပါ ပြသထားတာမို့ မိသားစုနဲ့အတူကြည့်ရှုရန် မသင့်ပါကြောင်း သတိပေးလိုက်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)
Duty After School (2023- )
⭐IMDB: 7.6/10 (9 Votes)
🎬 #Comedy #Drama #Sci-Fi & Fantasy #SciFi #Fantasy #Thriller
🗓️ 2023- 🎞️ Series 📺 1080p
🌎 #SouthKorea
⏰ 1 နာရီ 7 မိနစ် 40 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Duty After School (2023)Duty after school (2023)All of us are dead, the school nurse flies တိုလို student actionကားကြိုက်သူများအတွက်
All of us are dead S2 မလာခင်မှာ Tving ကနေအသစ်ထွက်လာရှိလာတဲ့ ကျောင်းသားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
အထက်တန်းကျောင်းတစ်ခုမှ ဝင်ခွင့်အတွက်စာကြိုးစားနေကြတဲ့ကျောင်းသားတွေက ဝင်ခွင့်အတွက်စာကြိုးစားရမယ့်အစား သူတိုအသက်ရှင်ဖိုအတွက် ဂြိုဟ်သားတွေနဲ့တိုက်ခိုက်ဖို ဖြစ်လာတဲ့အခါမှာ….
ကောင်းကင်ပေါ်ကနေ ကမ္ဘာမြေပေါ်ကို ဂြိုဟ်သားတွေကျရောက်လာပြီးတော့ ကြီးမားတဲ့ပျက်စီးမှုတွေဖြစ်လာပါတော့တယ် ကိုရီးယားအစိုးရဟာ ဒီဂြိုဟ်သားတွေကို နှိမ်နင်းဖိုအတွက် စစ်တပ်အင်အားဖြည့်တင်းဖိုအတွက် တက္ကသိုလ်တိုင်းအထက်တန်းကျောင်းတိုင်းက ကျောင်းသား/သူ တိုင်းကို စစ်လေ့ကျင့်ရေးတွေလုပ်ဖို အမိန့်ထုတ်ပြန်လိုက်ပါတယ် ဒါပေမဲ့ အထက်တန်းကျောင်း တတိယနှစ်အခန်း ၂ က ကျောင်းသားတွေကတော့ ဂရုမစိုက်ဘဲ တက္ကသိုလ်ဝင်ခွင့်အတွက်ပဲစာကြိုးနေတုန်းပါပဲ ဖြစ်ချင်တော့ ဒီနှစ်မှာ အဲဒီစာမေးပွဲတွေမကျင်းပဖြစ်တဲ့အခါ ကျောင်းသာတွေက စာလုပ်ရမယ့်အစား စစ်လေ့ကျင့်ရေးတွေကိုလေ့ကျင့်ရပါတော့တယ်ကျောင်းသားတွေအပေါ်စည်းကမ်းတင်းကြပ်ပေမယ့်ဂရုစိုက်တဲ့ တပ်ကြပ်ကြီး ကျောင်းသားတွေရဲ့ဘေးကင်းမှုကိုဦးစားပေးတဲ့ အတန်းပိုင်ဆရာမနဲ့အတူ ကျောင်းသားတွေက ဂြိုဟ်သားတွေကို ဘယ်လိုနှိမ်နင်းမလဲဆိုတာရင်တမမနဲ့ကြည့်ရမှာဖြစ်ပါတယ်
အပိုင်း၆ပိုင်းပါရှိပြီးတော့ တစ်ခါတည်းတင်ဆက်သွားမှာဖြစ်လိုစောင့်ကြည့်ပေးကြပါဦးFile Size –1.1GB / 516MBQuality – 1080p VIKI WEB DL / 720pDuration – 1h 13minsSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi & Fantasy, Drama
Start-Up (2019)
⭐IMDB: 6.5/10 (1 k Votes)
🎬 #Action #Comedy #Drama
🗓️ 2019 🎞️ Movie 📺 1080p
🌎 #SouthKorea
⏰ 1 နာရီ 42 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Start Up (2019) အညွှန်း********************imdb 6.3မင်းသားကြီး Ma Dong Seok ပါဝင်သရုပ်ဆောင်ထားတဲ့ comedy-drama ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းထဲမှာ ထယ်အီဆိုတဲ့ကောင်လေးဟာ အထက်တန်းကျောင်းကထွက်ပြီး ကလေကချေဖြစ်နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ပါ
ဒီအရွယ်မှာ ဖြစ်တတ်တဲ့သဘာဝအတိုင်း မိခင်ဖြစ်သူနဲ့အဆင်မပြေဖြစ်ကာ အိမ်ကသွားထွက်သွားခဲ့ပါတယ် နောက်တော့ နေထိုင်စားသောက်ဖို့အတွက် စားသောက်ဆိုင်တစ်ဆိုင်မှာဝင်လုပ်ခဲ့ပါတယ်တစ်ချိန်ထဲမှာပဲ ထယ်အီ
ရဲ့ မိုက်ဖော်မိုက်ဖက်သူငယ်ချင်း
ဆန်းပယ်ကလည်း
အကြွေးရှင်လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ် သူတို့နှစ်ယောက်
အလုပ်ခွင်မှာကြုံတွေ့ရမယ့် အဖြစ်အပျက်တွေက သူတို့ရဲ့ဘဝကို
ဘယ်လိုတည့်မတ်ပေးသွားမလဲဆိုတာကို
တွေ့ရမှာဖြစ်ပါတယ်
ဒီကားမှာလူငယ်တွေဖြစ်တတ်တဲ့သဘာဝတွေကိုသေချာချပြသွားပြီး တစ်ချို့ရိုက်ကွက်လေးတွေဆို တော်တော်ကိုမှတ်သားစရာလေးတွေရှိတာကိုတွေ့ရပါတယ်
ဒီကားမှာ မင်းသားကြီးရဲ့မြင်နေကျဇာတ်
ရုပ်တွေနဲ့မတူညီတဲ့ သရုပ်ဆောင်မှူတွေကို
မြင်တွေ့ရမှာဖြစ်ပြီးတော့ ရီရီမောမောနဲ့ကြည့်ရှုရမှာမို့ သူ့ရဲ့ပရိသတ်တွေဆိုရင်လက်လွှတ်ခံလို့မဖြစ်ပါဘူးနော်
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့- Thet Hnin Hsu ပါ
Translator – Thet Hnin Hsu
Encoder – Thit San Khant
File Size -1GB and 500MB
Quality – 1080p and 720p
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins
Amigos (2023)
⭐IMDB: 6.9/10 (2 k Votes)
🎬 #Action #Bollywood #Crime #Thriller
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 16 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Amigos (2023)
IMDb – 7/10
အခုတင်ဆက်ပေးမှာကတော့ အက်ရှင်ဇာတ်ကားတွေနဲ့လူသိများတဲ့မင်းသားNandamuri Kalyan Ramက သုံးကိုယ်ခွဲအဖြစ်သရုပ်ဆောင်ထားပြီးလှည့်ကွက်အများကြီးနဲ့ရိုလာကိုစတာစီးသလိုခံစားချက်တွေနဲ့ ကြည့်ရှု့ရမယ့်Amigosဆိုတဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
ကမ္ဘာကြီးမှာကိုယ်နဲ့သွေးသားမတော်စပ်ဘဲ ရုပ်တူတဲ့သူတွေကအနည်းဆုံးသုံးယောက်ကနေအများဆုံးခုနှစ်ယောက်အထိရှိနိုင်ပြီး အဲ့လူတွေနဲ့တွေ့နိုင်ဖို့ကိုယ့်မှာလည်း အခွင့်ရေးတွေရှိလာနိုင်ပါတယ်
ဒီကားထဲမှာတော့ဆဒ်ဒူးဆိုတဲ့လူငယ်လေးကရိုးသားထက်မြက်ပြီး မိဘစီးပွားရေးတွေကိုခန့်ခွဲနေသူတစ်ယောက်ပါတစ်နေ့မှာတော့ အခွင့်အရေးတချို့ကြောင့် ဝဘ်ဆိုဒ်တစ်ခုကနေ သူနဲ့ရုပ်တူတဲ့မန်ဂျူးနဲ့ မိုက်ကယ်ဆိုသူလူနှစ်ယောက်ကိုတွေ့ဆုံပြီး သူငယ််ချင်းတွေဖြစ်သွားကြပြီး အတူတူခရီးတွေထွက်ကာပျော်ရွှင်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့သုံးယောက်ထဲကမိုက်ကယ်ဆိုသူဟာ ဆဒ်ဒူးနဲ့မန်ဂျူးတို့လိုသာမန်လူမဟုတ်ဘဲ နိုင်ငံ့အလိုရှိရာဇဝတ်သားတစ်ယောက်ဖြစ်နေပြီး ရုပ်တူတာကိုအသုံးချကာထွက်ပြေးဖို့ကြံစည်လာတဲ့အခါ မိုက်ကယ့်ရဲ့လှည့်ကွက်ထဲကိုသူတို့ဘယ်လိုတွေဝင်သွားမိပြီး ပြန်ဖြေရှင်းဖို့ကြိုးစားကြမလဲ သွေးသားမတော်ပဲရုပ်တစ်ထေရာတည်းတူညီနေတဲ့ အကျိုးဆက်ကြောင့်ဘယ်လိုအမွှေဇယားတွေဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်
Amigos (2023)
⭐IMDB: 6.9/10 (2 k Votes)
🎬 #Action #Bollywood #Crime #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #India
⏰ 2 နာရီ 16 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Amigos (2023)
IMDb – 7/10
အခုတင်ဆက်ပေးမှာကတော့ အက်ရှင်ဇာတ်ကားတွေနဲ့လူသိများတဲ့မင်းသားNandamuri Kalyan Ramက သုံးကိုယ်ခွဲအဖြစ်သရုပ်ဆောင်ထားပြီးလှည့်ကွက်အများကြီးနဲ့ရိုလာကိုစတာစီးသလိုခံစားချက်တွေနဲ့ ကြည့်ရှု့ရမယ့်Amigosဆိုတဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
ကမ္ဘာကြီးမှာကိုယ်နဲ့သွေးသားမတော်စပ်ဘဲ ရုပ်တူတဲ့သူတွေကအနည်းဆုံးသုံးယောက်ကနေအများဆုံးခုနှစ်ယောက်အထိရှိနိုင်ပြီး အဲ့လူတွေနဲ့တွေ့နိုင်ဖို့ကိုယ့်မှာလည်း အခွင့်ရေးတွေရှိလာနိုင်ပါတယ်
ဒီကားထဲမှာတော့ဆဒ်ဒူးဆိုတဲ့လူငယ်လေးကရိုးသားထက်မြက်ပြီး မိဘစီးပွားရေးတွေကိုခန့်ခွဲနေသူတစ်ယောက်ပါတစ်နေ့မှာတော့ အခွင့်အရေးတချို့ကြောင့် ဝဘ်ဆိုဒ်တစ်ခုကနေ သူနဲ့ရုပ်တူတဲ့မန်ဂျူးနဲ့ မိုက်ကယ်ဆိုသူလူနှစ်ယောက်ကိုတွေ့ဆုံပြီး သူငယ််ချင်းတွေဖြစ်သွားကြပြီး အတူတူခရီးတွေထွက်ကာပျော်ရွှင်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့သုံးယောက်ထဲကမိုက်ကယ်ဆိုသူဟာ ဆဒ်ဒူးနဲ့မန်ဂျူးတို့လိုသာမန်လူမဟုတ်ဘဲ နိုင်ငံ့အလိုရှိရာဇဝတ်သားတစ်ယောက်ဖြစ်နေပြီး ရုပ်တူတာကိုအသုံးချကာထွက်ပြေးဖို့ကြံစည်လာတဲ့အခါ မိုက်ကယ့်ရဲ့လှည့်ကွက်ထဲကိုသူတို့ဘယ်လိုတွေဝင်သွားမိပြီး ပြန်ဖြေရှင်းဖို့ကြိုးစားကြမလဲ သွေးသားမတော်ပဲရုပ်တစ်ထေရာတည်းတူညီနေတဲ့ အကျိုးဆက်ကြောင့်ဘယ်လိုအမွှေဇယားတွေဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်
