ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
A Radiant Girl (2021)
⭐IMDB: 6.1/10 (390 Votes)
🎬 #Drama #History #War
🗓 2021 🎞 movie
🌎 #France
⏰ 1 နာရီ 39 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Radiant Girl (2021)================IMDb rating – 6.1/10
ဒီဇာတ်ကားလေးကတော့ 1942 မှာဂျူးလူမျိုးတွေကိုဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အမှောင်ခတ်ကာလအကြောင်းကို drama လေးရောနှောပြီးရိုက်ကူးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…1942 ခုနှစ်ပဲရစ်မြို့ နွေရာသီလေးမှာ Jewish French လူမျိုးဖြစ်တဲ့အသက် ၁၉ နှစ်အရွယ် အီရင်းဆိုတဲ့မိန်းကလေးတစ်ယောက်က ဘဝမှာရည်မှန်းချက်တွေအပြည့်နဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်လေးနဲ့ ဘဝကိုကြိုးစားရှင်သန်နေပါတယ်။ သူ့ဘဝအတွက် အချစ်ဆိုတဲ့အရာကိုစူးစမ်းလေ့လာနေပြီး ဘဝမှာပထမဆုံးသောအရာတွေကို လက်တည့်စမ်းကြည့်ရင်းနဲ့ပေါ့။
တစ်နေ့မှာတော့ သူ့ရဲ့မိသားစုမှာအမှောင်ရိပ်တစ်ခုလွှမ်းမိုးလာပါတယ်။သူ့ရဲ့တက်ကြွနေတဲ့စိတ်ဓာတ်လေးကို ဘယ်အရာတွေက ဘယ်လိုရိုက်ချိုးပစ်လိုက်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာစိတ်ဝင်စားဖွယ်ကြည့်ရှူခံစားပေးကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့June ဖြစ်ပါတယ်)...
Bee Season (2005)
⭐TMDB: 51.0% User Score
🎬 #Drama #Family
🗓 2005 🎞 movie
🌎 #UnitedStates #Germany #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bee Season (2005)=============
ဒီကားနဲ့ အဓိကဇာတ်ရုပ်ဖြစ်တဲ့ Flora Crossက 2006 Best YoungActress မှာ အဲ့ခေတ်အခါက ဟယ်ရီပေါ်တာဇာတ်ကားထဲက EmmaWatson, The Chronicles of Narnia ဇာတ်ကားထဲက GeorgieHenley တို့နဲ့အတူ ဆန်ခါတင်စာရင်းဝင်ခဲ့တာပါ။ ဒီကားထဲမှာ ဘာသာရေးနဲ့နှီးနွှယ်နေတဲ့အတွက် စိတ်ဝင်စားစရာအချက်တွေပါဝင်နေပါတယ်။ပြီးတော့ Bee Season ဆိုတာ သူတို့နိုင်ငံမှာ ကလေးတွေအတွက် ကျင်းပတဲ့စာလုံးပေါင်းပြိုင်ပွဲပါ။ စကားလုံးတွေက ဂူဂဲလ်ခေါက်ရှာကြည့်ရင်တောင် နားမလည်နိုင်တဲ့အထိကြမ်းတာပါ။
ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့အဓိကဇာတ်ဆောင် ၄ယောက်ရဲ့အေးတိအေးစက်သရုပ်ဆောင်မှုတွေအပြင်၊ ဘာသာရေးအမြင်မတူမှုတွေနဲ့ဆန်းသစ်တဲ့စကားလုံး၊အတွေးအခေါ်တွေကို မြင်တွေ့ရမှာပါ။
ကယ်လီဖိုနီးယား၊အုတ်ကလန်းမှာနေကြတဲ့ နော့မန်းတို့မိသားစုက ကြည်နူးအားကျစရာကောင်းတဲ့မိသားစုလေးပါ။ အိမ်ထောင်ဦးစီးအဖေဖြစ်သူကဘာသာရေးပိုင်းလေ့လာလိုက်စားတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပြီး သူရဲ့ဘာသာရေးအမြင်တွေကိုလည်း မိသားစုအပေါ်ချပြပြီး မိသားစုဝင်တိုင်းကို ဂျူးဘာသာဝင်အဖြစ် ကူးပြောင်းစေခဲ့သူပေါ့။ သားအကြီးဖြစ်သူက ဖအေကိုအားကျတော့ ဖအေစိတ်ကျေနပ်စေမယ့်အရာမှန်သမျှလုပ်ပေးတယ်၊ ဖြစ်ချင်တော့ သမီးအငယ်ဖြစ်သူ အယ်လိုင်ဇာက စီရင်စုစာလုံးပေါင်းပြိုင်ပွဲမှာ အနိုင်ရလိုက်တော့ ဖအေဖြစ်သူရဲ့အာရုံစိုက်မှုတွေက သမီးအငယ်အပေါ် ကျရောက်လာတဲ့အခါ နော့မန်းမိသားစုရဲ့ကံကြမ္မာ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကြည့်ရှူလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)...
Alabama Moon (2009)
⭐IMDB: 6.4/10 (2 k Votes)
🎬 #Drama #Family #Adventure
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Alabama Moon (2009)=================IMDb Rating – 6.4/10
ဇာတ်ကားကတော့ လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုကို ရှု့ထောင့်တစ်မျိုးကနေ တင်ဆက်ပေးတာပါ။ ဒီဇာတ်ကားကို ကလေးသရုပ်ဆောင်ကားအဖြစ်ပုံဖော်ထားပေမယ့်၊ နောက်ခံဇာတ်လမ်းကတော့ ကြည့်ရှုသူပရိတ်သတ်တွေ တွေးတောကြဖို့ပါပဲ။
မွန်းနဲ့ သူ့ရဲ့အဖေတို့ဟာ အစိုးရရဲ့ ထိန်းချုပ်ကွက်ကဲမှုအောက်မှာရှိတဲ့လူ့အဖွဲ့အစည်းကနေ လွတ်မြောက်ဖို့အတွက် သစ်တောထဲမှာ သီးသန့်ကလေးသွားနေကြတာပါ။ ဒီအခါမှာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကိုတော့ မွန်းဆိုတဲ့ ကလေးက ရင်ဆိုင်သွားရပါတယ်။
အစိုးရရဲ့ ထိန်းချုပ်မှုအောက်က လူ့အဖွဲ့အစည်းရဲ့ အခက်အခဲနဲ့ တောထဲမှာသွားနေကြတဲ့ သားအဖရင်ဆိုင်ရတဲ့ ပြသနာတွေကို ယှဥ်ထိုးပြီးတော့ ရိုက်ကူးသွားတာဖြစ်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာကတော့ ကြည့်ရှုတဲ့ပရိတ်သတ်က ဆက်လက်တွေးတောရမှာပါ။ ဒီဇာတ်ကားနဲ့ပဲ မွန်း အဖြစ်သရုပ်ဆောင် ကလေး သရုပ်ဆောင် Jimmy Bennet ဟာ Young BestArtist ဆုအတွက် Best Performance in a Feature Film – LeadingYoung Actor 2010 အဖြစ် တင်သွင်းခြင်းခံရပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...
Body Parts (2023)
⭐TMDB: 50.0% User Score
🎬 #Horror
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 44 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Body Parts (2023)
Horror ဆိုကြည့်ချင်ကြတဲ့သူတွေအတွက် ဇာတ်လမ်းပုံစံဆန်းဆန်းလေးနဲ့ movie လေးတစ်ခုတင်ဆက်ပေးပါဦးမယ်
ဘာလို့ဆန်းတယ်လို့ ပြောရလဲဆို ရုပ်ရှင်တစ်ခုလုံးက ဇာတ်အိမ်တစ်မျိုးတည်းကိုပဲ ပြသွားတာမျိုးမဟုတ်ဘဲမတူညီတဲ့ ဇာတ်လမ်း ၅ မျိုးကို ပုံစံအဖုံဖုံနဲ့ တင်ဆက်သွားတာပါ
ဒီဇာတ်လမ်းမှာဆို Stink, A Child Who Sees Ghosts, exorcism.net,The Person Who Lived, String ဆိုပြီး ဇာတ်လမ်း ၅ မျိုးပါဝင်ပါတယ်
တစ်ခုချင်းစီရဲ့ ရှုထောင့်နဲ့ အယူအဆ၊ တစ္ဆေသရဲဆိုတာကို ပုံဖော်တဲ့နေရာမှာ မတူညီတဲ့အတွက်ကြည့်ရင်းပျင်းလာတာမျိုး၊ အကြောက်ပေါ့သွားမှာတွေ စိတ်ပူဖို့မလိုပါဘူးနော်…ကိုရီးယား horror တွေ ကြိုက်တတ်တဲ့သူဆို ဒါလေးက မဆိုးဘူးလို့ပဲ ညွှန်းရမှာပဲ..
ဇာတ်လမ်းအသေးစိတ်ကိုတော့ ခေါင်းစဉ်ခွဲလေးတွေကို ဖတ်ပြီး ခန့်မှန်းမိမယ်ထင်လို့ ထည့်မရေးတော့ဘူးဘယ်လိုဇာတ်လမ်းတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်…
အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...
Sushi Girl (2012)
⭐IMDB: 6.0/10 (5 k Votes)
🎬 #Crime #Mystery #Thriller
🗓 2012 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sushi Girl (2012)==============
ဖစ်ရှ်တစ်ယောက် ထောင်က လွတ်လာတဲ့နေ့မှာပဲ သူ့ရဲ့ ဘော်ဒါဟောင်းဒုခ် ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရတယ်။ လွတ်မြောက်မှုအတွက် ဂုဏ်ပြုဖို့ပေါ့။ဒါပေမဲ့ ဒုခ် လက်စသတ်ချင်နေတဲ့ ကိစ္စတစ်ခုရှိနေတယ်။ ဖစ်ရှ်ဟာ ဓားပြတိုက်မှုနဲ့ ထောင်ထဲမှာ ၆နှစ်တာ ကုန်ဆုံးခဲ့တယ်။ အပေါင်းအပါတွေကိုတစ်ယောက်မှ မဖော်ထုတ်ဘဲ သူတစ်ယောက်တည်း အပြစ်ခံယူခဲ့တယ်။
ဒီ့အတွက် ဒုခ်က စွန့်ပစ်ခံထားရတဲ့ စားသောက်ဆိုင်တစ်ခုမှာ ဖစ်ရှ်အတွက်ဆူရှီကို ခမ်းခမ်းနားနား ထူးထူးခြားခြား ပြင်ဆင်ပေးထားတယ်၊ ဆူရှီအခင်းအကျင်းမှာတော့ ဝတ်လစ်စလစ်နဲ့ မိန်းကလေးတစ်ယောက်ဟာ တည်ခင်းစရာဗန်းအဖြစ် စားပွဲပေါ် လဲလျောင်းနေပေးရတယ်။ သူ့အလုပ်ဟာ သက်မဲ့ပန်းကန်ဖြစ်ပေးဖို့ ဘာပဲကြားကြား ဘာပဲမြင်မြင် ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့မိန်းကလေး။ ဒီလို ထူးခြားတဲ့ ဂုဏ်ပြုညစာစားပွဲလေးဟာ ထင်မှတ်မထားတာတွေ ဖြစ်လာတဲ့အခါ ဒီမိန်းကလေး ဘယ်လိုနေမလဲဆိုတာကိုတော့ကြည့်ရှုခံစားရင်ခုန်လိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mugiwara Ya ဖြစ်ပါတယ်)...
Darah Perawan Bulan Madu (2009)
⭐IMDB: 5.5/10 (32 Votes)
🎬 #Horror #Romance
🗓 2009 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 19 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Darah Perawan Bulan Madu / Virgin Blood on Honeymoon (2007)
ဒီတစ်ခါမှာတော့ အင်ဒို သည်းထိတ်ရင်ဖိုဇာတ်လမ်းလေး လာပါပြီ။စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲတွေဖြစ်ကြတဲ့ ပူထရာနဲ့ အာမီရာတို့ လက်ထပ်လိုက်ကြပြီး ဟန်းနီးမွန်းကိုတော့ အနားယူဖို့အတွက် မြို့ပြနဲ့ဝေးရာ ခေါင်လီလှတဲ့ ပူထရာ့ကိုယ်ပိုင်ကျွန်းဆီ ထွက်လာခဲ့ကြပါတယ်။ကြင်စဦးမောင်နှံနှစ်ယောက် ချိုမြိန်စွာ အချိန်ကုန်ဆုံးဖို့ မျှော်လင့်ထားခဲ့ပေမဲ့ ပူထရာ့စံအိမ်မှာ ထူးဆန်းမှုအရိပ်အယောင်တွေ စတင်လာပါတော့တယ်။သတို့သမီးအသစ်စက်စက်ကို အယောင်ပြခြောက်လှန့်နေတဲ့အရာက ဘာများဖြစ်မလဲ…စံအိမ်ပိုင်ရှင် ပူထရာကရော အာမီရာကို ဘာကြောင့် ကျွန်းပေါ်ခေါ်လာခဲ့သလဲဆိုတာ ကြည့်ရမှာပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Su Myatပဲ ဖြစ်ပါတယ်။...
Disco Inferno (2023)
⭐IMDB: 3.8/10 (539 Votes)
🎬 #Horror #Short
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 20 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Disco Inferno (2023)===============
ဒီဇာတ်လမ်းလေးက Horror ဇာတ်လမ်းတိုအမျိုးအစားလေးပါ။ဇာတ်လမ်းအစမှာ ကလေးအရမ်းလိုချင်တဲ့ မိန်းမကြီးတစ်ယောက်က သူကလေးမရနိုင်လို့ ဘုရားကျောင်းက စစ်စတာတစ်ယောက်ကိုသတ်ပြီး သူ့ကလေးကို ခိုးသွားခဲ့တယ်။ အဲ့လိုနဲ့ နှစ်နှစ်ဆယ်ကျော်ကြာပြီးနောက် ဘုရားကျောင်းပျက်အစား ကလပ်အသစ်ပေါ်လာပြီးအကပြိုင်ပွဲတစ်ခုကျင်းပကြတယ်။
အဲဒီက ပြိုင်ပွဲဝင်တွေထဲ မယ်လ်နဲ့ ဘရန်ဒန်တို့စုံတွဲလည်း ပါဝင်ပြီးအကပြိုင်ပွဲမစခင်မှာ မယ်လ်တစ်ယောက် သန့်စင်ခန်းခဏဝင်ရင်ပြန်ထွက်လာတော့ ဘုရားကျောင်းပျက်ထဲ ရောက်နေလေရဲ့။ နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတိုလေးမှာပဲဆက်လက်ကြည့်ရှုကြပါကုန်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Dick Figures: The Movie (2013)
⭐IMDB: 6.6/10 (2 k Votes)
🎬 #Action #Adventure #Animation #Fantasy #Comedy #ScienceFiction #SciFi #Thriller
🗓 2013 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 15 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dick Figures: The Movie (2013)=======================
ဒီကာတွန်းရုပ်ရှင်က Visual artist တွေအပျင်းကြီးလို့ တုတ်ချောင်းတွေပဲ လုပ်ထားတာလားမသိပေမယ့်၊ သူ့ရဲ့ theme နဲ့သူရပ်တည်ပြီးDick figure ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတွဲတွေ အများကြီးထွက်ပြီးအောင်မြင်ထားတာပါ။ Rick and Morty, Family Man Dark Jokeဆန်ဆန် Humor တွေကို ကြိုက်နှစ်သက်တဲ့ animation fan ဆိုရင်သေချာပေါက်မြည်းစမ်းကြည့်ဖို့ ပြောချင်ပါတယ်။
ဇာတ်လမ်းအညွှန်းက ရက်ဒ်နဲ့ ဘလူးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာကောင်မလေးကို မွေးနေ့လက်ဆောင်ပေးဖို့အတွက် အပေါင်ဆိုင်သွားရင်း အပေါင်ဆိုင်က ရက်ကွန်းဘိုးတော်က ဂျပန်ပြည်က နှစ်တစ်ထောင်ကံကြမ္မာဓားကြီးကို သူဆီယူလာပေးရင် မင်းကောင်မလေး လုံးဝကြွေသွားစေမယ့် လက်ဆောင်ကြီးကို ပေးမယ်လို့ပြောလိုက်တာကနေစပါတယ်။ တစ်ခုရှိတာက ဒီဓားကို နတ်ဆိုးနင်ဂျာစစ်တပ်ကြီးက စောင့်ရှောက်ကာကွယ်နေတဲ့အတွက်လွယ်လွယ်နဲ့ရမှာ မဟုတ်ပါဘူး။ ရက်ဒ်နဲ့ဘလူးနှစ်ယောက် အလွဲအလွဲအချော်အချော်တွေလုပ်ရင်း ဓားတစ်ချောင်းအတွက်စွန့်စားခန်းတွေ ထွက်ခဲ့ကြပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...
Snapshot of Love (2022)
⭐IMDB: 5.5/10 (134 Votes)
🎬 #Drama #Romance #TVMovie #Comedy
🗓 2022 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Snapshot of Love (2023)==================
ပါပါရာဇီသမားလေး အေဒရီရန်က နာမည်ကြီးနေတဲ့ တက်သစ်စမင်းသားပါကာဘန်းနက်ရဲ့ ရုပ်ရှင်ပထမဆုံးရုံတင်ပွဲ ကော်ဇောနီမှာ ဓာတ်ပုံလုရိုက်ရင်းသူ့အိတ်ထဲက ပန်းသီးပြုတ်ကျသွားပြီး ပါကာလျှောက်နေတဲ့ ကော်ဇောနီပေါ်ကျသွားလေရဲ့။ အဲဒီလိုနဲ့ သရုပ်ဆောင်မင်းသား ပါကာလည်း ပန်းသီးနင်းမိရင်းမှောက်ပြီး ဂွမ်းတော့တာပါပဲ။ ဓာတ်ပုံသမားတွေကလည်း အမိအရ ပုံတွေရိုက်ရင်း ပါကာက မေ့ပါလဲသွားလို့ ထမလာနိုင်တော့ နောက်နေ့ အတင်းအဖျင်းမဂ္ဂဇင်းတွေမှာ မင်းသားပါကာဘန်းနက် ကော်ဇောနီပေါ် အရက်မူးပြီး မှောက်သွားပါတယ်လို့ သတင်းခေါင်းစဥ်အတပ်ခံရပါရော။
သူ့ကိုယ်သူ လိပ်ပြာမလုံတဲ့ အေဒရီရန်က ပါကာအတွက် စိတ်မကောင်းဖြစ်ပေမဲ့သူ့ရဲ့အလုပ်ရှင်ကိုမလွန်ဆန်နိုင်တော့ အမှန်တရားကိုမချပြနိုင်ခဲ့ဘူး။ အဲဒီအချိန်ပါကာရဲ့အေဂျင်စီကလည်း အေဒရီရန်တို့ရဲ့မဂ္ဂဇင်းကို တရားစွဲမယ်တွေလုပ်တော့အလုပ်ရှင်က အေဒီရန့်ကို ခဏအလုပ်နားပစ်လိုက်ရတယ်။ အေဒရီရန်လည်းအလုပ်ပျက်သွားလို့ သူ့အဒေါ်ရှိတဲ့မြို့ဆီ နေဖို့သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါကာဘန်းနက်ကလည်း သူ့အဒေါ်ရဲ့တည်းခိုခန်းမှာ လာငှားနေတဲ့သူဖြစ်နေပြီးအဲဒီမှာဇာတ်လမ်းစတော့တာပါပဲ။ နောက်ပိုင်း နာမည်ကြီးမင်းသားနဲ့ သူ့သတင်းထောက် ပါပါရာဇီတို့ရဲ့ ဘယ်လိုအချစ်ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလာမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Oregon (2023)
⭐IMDB: 4.7/10 (590 Votes)
🎬 #Comedy #Drama #Romance
🗓 2023 🎞 movie
🌎 #Turkey
⏰ 1 နာရီ 34 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Oregon (2023)============
တစ်နေ့တည်းမှာ ဖြစ်ပျက်သမျှ အကြောင်းအရာတွေကို ဇာတ်အိမ်တည်ပြီး လူ့ဘဝအထွေထွေကို ချပြသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရမယ်။ အခက်အခဲတွေကနေသင်ယူစရာတွေလည်း ရလာကြလိမ့်မယ်။ဒါ ဘဝပဲ မဟုတ်လား။
၁၉၈၅ ခုနှစ် နွေရာသီတစ်ရက်မှာတော့ အစ်စတန်ဘူဆိုတဲ့ မြို့လေးဆီကို ဟာကန်နဲ့ဂါရီဆိုတဲ့ စုံတွဲတစ်တွဲ ရောက်လာခဲ့ကြတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ဆယ်လန် ဆိုတဲ့ သူငယ်ချင်းမလေးကို တိပ်ခွေလေးတစ်ခွေ ပြန်ပေးဖို့ပါပဲ။ ဖြစ်ချင်တော့ အဲဒီရက်မှာမှ ဆယ်လန်ကခရီးသွားနေတယ်တဲ့။ ဒီတော့ ဆယ်လန့်ရဲ့ အခန်းအပေါ်ထပ်မှာရှိတဲ့အပေါက်လေးကနေ တိပ်ခွေကို ပစ်ချပေးဖို့ ကြိုးစားကြတာပေါ့။(တော်တော်အူကြောင်ကြောင်နိုင်တယ်ဆိုပေမဲ့ အကြောင်းရင်းကိုသိရင်တော့ နားလည်သွားကြပါလိမ့်မယ်)
အဲဒီမှာပဲ တိုက်ခန်းစောင့်ကြီးက သူတို့ကို ပိုင်နက်ကျူးကျော်သူတွေဆိုပြီး စွပ်စွဲရာကနေ ရန်တွေစဖြစ်ကြတော့တာပေါ့။ ဒီလိုနဲ့ စုံတွဲနှစ်ယောက်လည်း ရဲစခန်းကို ရောက်လာပြီး ကြုံရဆုံရစခန်းအမှတ်တရတွေ စတင်လာပါတော့တယ်။ အရှေ့မှာ ညွှန်းခဲ့သလိုပဲ တစ်နေ့တာကိုဇာတ်အိမ်တည်ပြီး ရိုက်ထားတာဖြစ်တဲ့အတွက် အချိုးအကွေ့တွေတော့မပါခဲ့ပါဘူး။ ဒါပေမဲ့ ကြည့်ရှုပြီးရင်တော့ အတွေးတစ်ခု ကျန်နေစေခဲ့မဲ့ဇာတ်လမ်းမျိုးဆိုတာကတော့ ငြင်းလို့မရနိုင်တဲ့ အချက်တစ်ခုပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...
Nightshift (2020)
⭐IMDB: 6.1/10 (418 Votes)
🎬 #Horror
🗓 2020 🎞 movie
🌎 #Philippines
⏰ 1 နာရီ 36 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nightshift (2020)
2020 က ထွက်ရှိထားတဲ့ Nightshift (Phillipines) ဇာတ်ကားလေးဟာ Horror အမျိုးအစားဖြစ်ပြီးရင်ခဲွရုံတစ်ခုကို အခြေတည်ထားတဲ့အတွက် ထိတ်လန့်စရာတွေ Jumpscare တွေနဲ့ ပြည့်နေပါတယ်။မုန်တိုင်းထန်တဲ့ ညတစ်ညမှာ ရင်ခဲွရုံမှာတာ၀န်ကျတာ တစ်ပတ်ပဲရှိသေးတဲ့ လက်ထောက် Jessie တစ်ယောက်ဟာလူသေအလောင်းတွေကြား နေသားမကျသေးဘဲ ဖြစ်ရိုးဖြစ်စဥ္ တွေကအစ ထိတ်လန့်တတ်သူပါ။Jessie ကို တာ၀န်ကျတဲ့ အလောင်းခဲွစိတ်ဆရာ၀န်က လေ့လာမှတ်သားသင့်တာတွေကို ရှင်းပြတတ်ပါတယ်။ဒါပေမယ့်လည်း အလောင်းတွေက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ထက် ပိုမိုတဲ့ အပြုအမူတွေကို စတင်လာတဲ့အခါမှာတော့Jessie တစ်ယောက် ဆက်ပြီး နေနိုင်ပါ့မလား၊သဘာ၀ဖြစ်ရိုးဖြစ်စဥ်ရော ဟုတ်ရဲ့လား ဆိုတာကိုဒီ ၁နာရီ ၃၅မိနစ်ကြာမြင့်တဲ့ ဖိလစ်ပိုင် Horrr ဇာတ်ကားက ပြောပြပေးသွားမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Naung Naungပဲ ဖြစ်ပါတယ်။...
Vacancy (2007)
⭐TMDB: 62.0% User Score
🎬 #Horror #Thriller
🗓 2007 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Vacancy (2007)
ဇာတ်လမ်းအကျဉ်းကတော့ ဒေးဗစ်နဲ့ အေမီတို့စုံတွဲဟာ မိဘတွေရဲ့ နှစ်ပတ်လည်ပါတီကိုသွားရင်းလမ်းမှာ မျက်စိလည်လမ်းပျောက်နေတဲ့အပြင် ကားပါပျက်သွားပါတယ်။အဲဒါနဲ့ အခြေအနေအကြောင်းကြောင်းကြောင့် လမ်းမှာတွေ့ရတဲ့ မိုတယ်တစ်ခုမှာပဲ ဝင်တည်းဖြစ်သွားပါတယ်။မိုတယ်အခန်းထဲမှာ ပေးထားတဲ့ ဇာတ်ကားတွေကို အပျင်းပြေဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သွေးသံရဲရဲနဲ့ လူသတ်ကားတွေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ဇာတ်ကားတွေအားလုံးက ရိုက်ထားတဲ့ပုံစံတွေ အတူတူဖြစ်နေပြီးတော့ရိုက်ထားတဲ့နေရာက သူတို့တည်းတဲ့ မိုတယ်အခန်းထဲမှာပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့လူသတ်သမားတွေလက်ထဲကနေ ထွက်ပြေးနိုင်ဖို့ အချိန်နောက်ကျသွားပါပြီ။ညဘက်ကြီး ဘယ်မှာရောက်နေမှန်းမသိတဲ့အပြင် လူသတ်သမားတွေရဲ့ စောင့်ကြည့်ခြင်းကိုခံနေရတဲ့ သူတို့စုံတွဲ လူသတ်သမားတွေလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...
Solo (2018)
⭐IMDB: 5.0/10 (3 k Votes)
🎬 #Adventure #Biography #Drama #Thriller #Romance #Sport
🗓 2018 🎞 movie
🌎 #Spain
⏰ 1 နာရီ 31 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Solo [2018]
( IMDb 5/10, RT 38% )
အယ်လ်ဗာရိုဟာ မိသားစုဝင်တွေ ချစ်ရသူတွေနဲ့ ခပ်ဝေးဝေးမှာ နေပြီး သူ့ဘဝကို သူရှာဖွေနေသူပါ…ကမ္ဘာပတ် ရေလွှာလျှောစီးရင်း ဘဝကို စိတ်လွတ်လက်လွတ်နဲ့ အဖြေလိုက်ရှာနေသူပေါ့…သူကျင်လည်ရာ အရပ်က လူတွေမှန်သမျှကိုလည်း သူဟာ ခင်တွယ်တာထက် သူ့ကိုယ်ကျိုးအတွက်သာ အသုံးချပေါင်းသင်းခဲ့ပါတယ်…ဒိလိုနဲ့ တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ မတော်တဆမှုနဲ့အတူ ချောက်ကမ်းပါးပေါ်က ပြုတ်ကျသွားပါတော့တယ်…အောက်ရောက်တဲ့အခါ ဦးခေါင်းခွံထိ၊ လက်ကျိုး၊ တင်းပါးဆုံရိုးကျိုးတဲ့အပြင် ကျောက်အငူလေးဖြစ်တာမို့ ရေတက်တဲ့အခါ လှိုင်းနဲ့အတူ မြောပါသွားပါတော့တယ်…ဒဏ်ရာပေါင်းစုံနဲ့ သေလုမြောပါး ဖြစ်နေတဲ့အချိန်မှာ အယ်မာရိုတစ်ယောက် သူ့ဘဝကို သူပြန်ဆန်းစစ်မိပါတော့တယ်…
ဇာတ်လမ်းလေးကတော့ သေခါနီး လူတစ်ယောက် ကြုံတွေ့ရတဲ့ အဖြစ်ကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်…အယ်လ်ဗာရို လွတ်မလွတ်ကိုတော့ ပရိတ်သက်ကြီးကိုယ်တိုင် ရှုစားကြည့်လိုက်ကြပါခဗျ
အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...
Over Drive (2018)
⭐IMDB: 5.8/10 (429 Votes)
🎬 #Action
🗓 2018 🎞 movie
🌎 #Japan
⏰ 1 နာရီ 44 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Over Drive (2018)
ဒီတစ်ခေါက်ကြည့်ရှုရမယ့် ဇာတ်ကားလေးကတော့ One Piece Live Action မှာZoro အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေးရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။2018ခုနှစ်ကထွက်ရှိခဲ့ပြီး ဇာတ်ကားနာမည်ကတော့ Over Driveပဲဖြစ်ပါတယ်။
Hiyama Naozumi က ငယ်ရွယ်ပြီးအရည်အချင်းရှိတဲ့အပြင် ပြဿနာရှာတတ်တဲ့ ပြိုင်ကားမောင်းသူတစ်ယောက်ဖြစ်ပါတယ်။Hiyama Atsuhiroကတော့ Spica Racing ကုမ္ပဏီရဲ့ ကားပြင်ဆရာတစ်ယောက်ဖြစ်ပြီးNaozumiရဲ့ အစ်ကိုတစ်ယောက်လည်းဖြစ်ပါတယ်။သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဆက်ဆံရေးက ကြီးလာတဲ့အခါမှဘာလို့ပြောင်းလဲသွားရတာလဲဆိုတာရယ်Seiko Cup Rally Seriesမှာ ချန်ပီယံဖြစ်ပြီး WRCကို ဝင်ရောက်နိုင်ဖို့အတွက်ညီအစ်ကိုနှစ်ယောက်လုံး ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ပြီး အနိုင်ရရှိအောင်ကြိုးစားကြမလဲဆိုတာကိုစောင့်ကြည့်ရင်းစိတ်လှုပ်ရှားစရာကောင်းတဲ့ကားပြိုင်ပွဲတွေကိုပါကြည့်နိုင်မှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Khaingပဲ ဖြစ်ပါတယ်။...
Room No. 7 (2017)
⭐IMDB: 5.8/10 (825 Votes)
🎬 #Comedy #Crime #Thriller
🗓 2017 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 40 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Room No. 7 (2017) (အညွှန်း)====================လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာအရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့်လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်းလစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။
တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်းသူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့်DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် ..အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် ..ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် ..ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ဘာတွေဆက်ဖြစ်ကြဦးမလဲ။
အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Shin Ha Kyun နဲ့EXO ရဲ့ treasure လေး D.O. တို့ကအဓိကပါဝင်ထားသလိုthriller ရုပ်ရှင်ကြိုက်တဲ့သူတွေအဖို့ ကြည့်လို့ကောင်းတဲ့ကားဟောင်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Lai Laiiပဲ ဖြစ်ပါတယ်။...
Mount Chiak (2023)
⭐TMDB: 50.0% User Score
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 26 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mount Chaik (2023)
ကိုရီးယားရုပ်ရှင်လောကမှာ မြင်တွေ့နေကျမရှိတဲ့ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။
Mount Chiak (ချီအာ့တောင်) လို့ အမည်ရတဲ့ ဒီဇာတ်ကားလေးမှာဆိုရင်လူငယ်လေး ၅ ယောက်ဟာ စက်ဘီးစီးဖို့အတွက် ချီအာ့တောင်ကို ထွက်ခွာလာခဲ့ကြပါတယ်။ချီအာ့တောင်ဟာဆိုရင်တော့ အရင်ကတည်းက တစ္ဆေအကြောင်း၊ အပိုင်းပိုင်းဖြတ်သတ်တဲ့လူသတ်မှုအကြောင်း၊လူပျောက်မှုအကြောင်းတို့နဲ့ သတင်းကျော်ကြားတဲ့ တောင်တစ်ခုပါ။
ဒီလိုနဲ့ သူတို့ ၅ ယောက် တောင်ပေါ်ကို ရောက်ရှိသွားချိန်မှာတော့ ဘယ်တုန်းကမှ တွေးမထားဖူးတဲ့ ဖြစ်ရပ်တွေကို ခြောက်ခြားဖွယ် ကြုံတွေ့လာရပါတော့တယ်။အရင်ကလည်း လူပျောက်ဆုံးမှုတွေ လူသေမှုတွေ ရှိဖူးထားတဲ့ ကြောက်မက်ဖွယ် ဒီတောင်ပေါ်ကနေ သူတို့ ၅ ယောက် လွတ်မြောက်နိုင်ပါ့မလား၊ဘယ်လိုထိတ်လန့်စရာတွေနဲ့ ကြုံတွေ့သွားရဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။
Casts တွေအနေနဲ့ဆိုရင်လည်း Yoon Kyun-Sang, Kim Ye-Won,Lee Tae Hwan နဲ့ Bae Geu-Rin တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ စိတ်ပျက်စေရမှာ မဟုတ်ပါဘူး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Hmweပဲ ဖြစ်ပါတယ်။...
High Life (2018)
⭐IMDB: 5.8/10 (39 k Votes)
🎬 #Mystery #SciFi #Thriller #ScienceFiction #Drama
🗓 2018 🎞 movie
🌎 #France #UnitedKingdom #Germany #Poland #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 53 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
High Life (2018)
၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Robert Pattison ရဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။မင်းသမီးကတော့ X, Pearl အစရှိတဲ့ A24 ရဲ့ နာမည်ကြီး Slasher ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Mia Goth ပဲဖြစ်ပါတယ်။
IMDb Rating 5.8, Rotten Tomatoes 82% ရရှိထားတဲ့ Sci-Fi, Mystery, Thriller အမျိုးအစားရုပ်ရှင်ပါ။(18+ Warning- ကိုယ်လုံးတီးအခန်းတွေ၊ အမြင့်မတင့်တယ်တဲ့ ပြကွက်တချို့ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။Official rating ကလည်း R ဖြစ်ပါတယ်။)
ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာမြေမှာ ပြစ်ဒဏ်ကျူးလွန်ထားကြပြီးထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရတဲ့ သူတွေ၊ သေဒဏ်ကျခံထားရတဲ့သူတွေကို ဒုတိယအကြိမ်အခွင့်အရေးပေးမယ်သိပ္ပံပညာတိုးတက်မှုအတွက် ထမ်းဆောင်ပေးကြဆိုပြီး အာကာသယာဉ်တစ်စီးနဲ့ ထည့်ကာ နေအဖွဲ့အစည်းနဲ့ ဝေးရာဆီကို ပစ်လွှတ်လိုက်ပါတယ်။တကယ်တမ်းမှာတော့ ထောင်သားတွေကို ယာဉ်ပေါ်မှာ ပါလာတဲ့ ထောင်သားတွေဆီကနေ သုက်ပိုးကို ယူ၊အမျိုးသမီးတွေထဲကိုထည့် ကိုယ်ဝန်ရအောင်လုပ်၊ အာကာသထဲမှာ ကလေးမွေးပြီးတော့ စမ်းသပ်ချင်တာပါ။အဲလိုစမ်းသပ်ရာကနေ ကလေးတစ်ယောက်မွေးခဲ့ပေမယ့် ယာဉ်ပေါ်မှာ သမီးလေးနဲ့မွန်တီ(ရောဘတ်ပက်တင်ဆန်)တို့ နှစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပြီးရှင်သန်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မွန်းကြပ်ပြီး ရင်တမမနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...
Song lang (2018)
⭐IMDB: 7.7/10 (809 Votes)
🎬 #BL #Drama #Romance #Music
🗓 2018 🎞 movie
🌎 #Vietnam
⏰ 1 နာရီ 42 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Song Lang (2018)
80 ခုနှစ်လောက်က အပြင်အဆင်တွေကို သဘောကျသူတွေအတွက် 2018ကထွက်ရှိထားတဲ့ Song Langဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်လေးဟာ 80ခုနှစ် operaပြဇာတ်ကိုအခြေခဲရိုက်ကူးထားတဲ့ လူငယ်နှစ်ယောက်ကြားကBromanceလည်းမဟုတ် brotherhoodကိုလည်း နည်းနည်းအရောင်ဆိုးချင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
မိုးကြိုးသွားဒုန်းဟေ့ဆိုတာနဲ့ တစ်မြို့လုံးက ရွံကြောက်ရတဲ့ အကြွေးသိမ်းတဲ့လူတစ်ယောက်၊အကြွေးလာသိမ်းပြီဆိုရင် ရက်ရက်စက်စက်နည်းလမ်းမျိုးစုံနဲ့ မသိမ်းနိုင်တဲ့အကြွေးမရှိလို့ နာမည်ကြီးတဲ့အထိ ရက်စက်တတ်သူတစ်ယောက်ပေါ့။ဒါပေမဲ့ ရက်စက်ခက်ထန်တဲ့မျက်နှာဖုံးအောက်မှာ ဒဏ်ရာအပြည့်နဲ့ နူးညံ့တဲ့နှလုံးသားရှိတာကိုတော့ လူတွေကမသိကြပါဘူး။ဒီလိုနဲ့တစ်နေ့ ပြဇာတ်အဖွဲ့မှာ အကြွေးသိမ်းဖို့သွားရင်းနဲ့ လင်ဖုန်ဆိုတဲ့လူငယ်လေးနဲ့ဆုံဖို့ ဖြစ်လာပါတော့တယ်။
လင်ဖုန်က ငယ်ငယ်ထဲက operaပြဇာတ်ကိုရူးသွပ်ခဲ့သူတစ်ယောက်၊စင်မြင့်ထက်မှာ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်သူဖြစ်ပေမဲ့လည်းလက်တွေ့မှာ စကားနည်းပြီး တစ်ကိုယ်တည်းနေတတ်တဲ့ အထီးကျန်နေသူတစ်ယောက်ပါ။အချစ်ဆိုတဲ့အရာနဲ့ မထိတွေ့ရသေးတဲ့ ရေခဲနှလုံးသားပိုင်ရှင်လေးဆိုရင်လည်း မမှားပါဘူး။ဒီလို မတူညီတဲ့ကမ္ဘာကလူနှစ်ယောက် အကြွေးကိုအရင်းတည်လို့ ဆုံစည်းဖို့ ဖြစ်လာတဲ့အခါ…
အပေါ်ယံမှာ မျက်နှာဖုံးတပ်ထားပေမဲ့ အတွင်းကစိတ်ဒဏ်ရာကိုယ်စီနဲ့သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုနှောင်ကြိုးတွေဖြစ်ပေါ်လာမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...
Hana's Miso Soup (2015)
⭐IMDB: 7.0/10 (273 Votes)
🎬 #Drama #Family
🗓 2015 🎞 movie
🌎 #Japan
⏰ 1 နာရီ 51 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hana’s Miso Soup (2015)
ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ Hana Chan no Misoshiru ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ Yasutake Shingo ဟာ အနေအေးတဲ့လူတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူဟာ သွက်လက်ကြွတဲ့ ဂီတတက္ကသိုလ်ကကျောင်းသူလေး Kazynori Chieဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။
ဒီလိုနဲ့ သူတို့နှစ်ယောက် တဖြည်းဖြည်းရင်းနှီးပြီး ချစ်သူတွေဖြစ်သွားခဲ့ရာကတစ်နေ့မှာတော့ Chie ဟာ ကင်ဆာဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ဒါပေမဲ့ Shingo ကတော့ Chieကို လက်မလွှတ်ဘဲ ခွဲစိတ်မှုခံယူစေပြီး လက်ထပ်ခဲ့ပါတယ်။အဲဒီလိုကနေ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ Chieမှာ ကိုယ်ဝန်ရလာခဲ့ပါတော့တယ်။ဒါပေမဲ့ စိုးရိမ်စရာတစ်ခုကတော့ Chieဟာ ကလေးမွေးခဲ့ရင် ကင်ဆာပြန်ဖြစ်ပြီး သေနိုင်တယ်ဆိုတာပါ။ဒါပေမဲ့နောက်ဆုံးမှာတော့ အသက်ကိုပါရင်းပြီး ကလေးကို မွေးဖို့အတွက်ဆုံးဖြတ်ခဲ့တာကြောင့်Hanaဆိုတဲ့ ကျန်းမာတဲ့သမီးလေးမွေးဖွားလာခဲ့ပါတယ်။သို့ပေမဲ့လည်း သူရဲ့ရောဂါအခြေအနေကြောင့် ဘယ်အချိန်မှာ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ မသိနိုင်တဲ့ChieဟာသမီးလေးHanaကို ငယ်ငယ်ကတည်းက စားသောက်မှုပုံစံတွေနေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေကို သင်ကြားပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ Chieဟာ သူစိုးရိမ်နေခဲ့တဲ့အတိုင်း ကင်ဆာပြန်ဖြစ်မှာလားဒါမှမဟုတ် မိသားစုသုံးယောက်အတူတူ အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ဆက်ရှိသွားနိုင်မှာလားကို ပရိသတ်ကြီးကိုယ်တိုင် စောင့်မျှော်ကြည့်ရှုလိုက်ပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Khaingပဲ ဖြစ်ပါတယ်။...
The Peripheral (2022-2022)
⭐IMDB: 7.6/10 (75 k Votes)
🎬 #SciFi #Fantasy #Drama #Mystery #Thriller
🗓 2022-2022 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 55 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Inverso The Peripheral (Season1) (2022)ကမ္ဘာကျော်သိပ္ပံစီးရီး Westworldကို ဖန်တီးခဲ့သူတွေရဲ့ လက်ရာအသစ်အဖြစ် သိပ္ပံစိတ်ကူးယဉ် ဂိမ်းအခြေခံနဲ့ စီးရီးကောင်းတစ်ခု ထပ်မံထွက်ရှိလာပါပြီ။
Your browser does not support the video tag.ဒီ တစ်ခါတော့ ပရိသတ်ကြီးကို ဂိမ်းနဲ့ပတ်သက်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ် ဂိမ်းကစားတယ်ဆိုတာ ရုပ်သံတွေ ကြည်လင်ပြတ်သားပြီး ဇာတ်ကောင်တွေ ပီပြင်မှပိုပြီးကစားလို့ကောင်းတာပါ အဲဒီလို အရသာမျိုး ခံစားရဖို့အတွက်လည်း လူတွေက တစ်မျိုးပြီးတစ်မျိုး အဆင်မြှင့်တင်ပြီး တီထွင်နေကြတာပေါ့လေ လူတွေကလည်း အဲဒီလိုမျိုးလေး ကစားရမှ ကြိုက်တာကိုး အခုကားလေးကတော့ အဲဒီ ဂိမ်းကနေပဲအစပြုထားတဲ့ကားလေးမို့လို့ တကယ့်ကိုကြည့်ကောင်းမဲ့ ကားကောင်းလေး တစ်ကားပါပဲ
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းလေး ကတော့ အနာဂတ်ခေတ်ကို ပုံဖော်ပြီးရိုက်ကူး ထားတာပါ ဖလင်း နဲ့ ဘာတန်တို့က မောင်နှမတွေပေါ့ သူတို့မှာ မျက်စိမမြင်တဲ့ မိခင်ကြီးတစ်ယောက်ရှိနေတာပါ ပြီးတော့ မိခင်ကြီးမှာရော ဘာတန်မှာရောက ရောဂါတစ်ခုဖြစ်နေတာပါ ဖလင်းကတော့ အလုပ်ရှိပေမဲ့ ဘာတန်ကတော့ ကြေးစားဂိမ်းသမားအဖြစ်ပဲရပ်တည်နေတာပါ ဒါပေမဲ့လည်း ဘာတန်ရဲ့ ဂိမ်းဇာတ်ကောင်ကို တကယ်ကစားပေးနေတဲ့သူက ဖလင်းပါပဲ အဲဒီလိုနဲ့ တစ်နေ့ကျတော့ ဘာတန့်ဆီကို စမ်းသပ်ဖို့ဆိုပြီး ပုံရိပ်ယောင်နဲ့ကစားရတဲ့ ဂိမ်းတစ်ခုပို့လိုက်တာကို ဖလင်းကဆက်ကစားရင်းနဲ့ပဲ ဘာတွေဆက်ဖြစ်လာမလဲ သူတို့ထွင်ထားတဲ့ဂိမ်းရဲ့ရည်ရွယ်ချက်က ဘာများလဲ တကယ်ပဲ ဂိမ်းသက်သက်ပဲလား ဆိုတာကိုတော့ ပိတ်ကားပြင်ပေါ်မှာ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး...
