ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Sab Kushal Mangal (2020) ⭐IMDB: 4.2/10 (299 Votes) 🎬 #Bollywood #Romance #Comedy 🗓 2020 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sab Kushal Mangal (2020)”ရွာလည်ဖူးစာ”================================== ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြောအချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့.. ပါပူဟာ ရုပ်သံချန်နယ်တစ်ခုကကိုယ့်ဒုက္ခကိုယ်ရှာဆိုတဲ့ ပရိုဂရမ်ရဲ့ တင်ဆက်သူတစ်ယောက်ပါ။ သူဟာ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ အတွင်းရေးတွေကို ဟောဟောဒိုင်းဒိုင်းဖွင့်ချတတ်သူဖြစ်ပြီး ပရိသတ်အတော်အသင့်ရထားတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ကိုသူ့ရဲ့ပရိုဂရမ်ကနေ အရှက်ခွဲမိသလိုဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေကြုံတွေ့လာရပုံကို ရိုးမန့်စ်ပြကွက်တချို့နဲ့အတူ ဒီရုပ်ရှင်ထဲမှာရယ်ရယ်မောမော မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Kalinga (2024) ⭐IMDB: 9.3/10 (3 k Votes) 🎬 #Bollywood #Horror 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 53 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kalinga (2024) အားလပ်ချိန်မှာ စိတ်အပန်းဖြေစေဖို့ တလေဂူးလ်ထိတ်လန့်သည်းဖို ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မကောင်းတဲ့စွမ်းအင်တွေနဲ့ ဝန်းရံနေတဲ့ရွာလေးတစ်ရွာ။ ညဘက်တွေ ရွာပြင်ထွက်ရင် အပမှီတာလိုလိုသရဲပဲပူးတာလိုလိုနဲ့ ကိုယ့်အသားကိုယ်ပြန်လှီးစားကြတာတွေ ကြုံတွေ့နေကြရ။ လူသေရင် အဝတ်ပတ်ပြီး ရွာပြင်မှာပဲ ယဇ်ပူဇော်တာလိုမျိုးပစ်ထားခဲ့ကြတာရွာရဲ့ထုံးတမ်းအစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။ ဒီလိုမကောင်းတဲ့စွမ်းအင်တွေပေါများလှတဲ့ ရွာလေးထဲမှာမှ အမြတ်ကြီးစားငွေတိုးချေးတဲ့အပြင်အကြွေးပြန်ဆပ်ပြီး အပေါင်ပစ္စည်းပြန်တောင်းတဲ့ခါ လူကိုသတ်ပြီးရွာပြင်သွားပစ်တတ်တဲ့လူ့တိရစ္ဆာန်တွေကလည်းရှိနေပြန်ပါရော။ ပေါ့ပေါ့ပါးပါးပဲ နေတတ်ပေမဲ့ မဟုတ်မခံ ရင်ဆိုင်ဖြေရှင်းတတ်တဲ့ လင်ဂါတစ်ယောက်ဒီလိုပြဿနာတောကြီးထဲမှာ ရှိနေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်)...
Soo (2007) ⭐TMDB: 65% User Score 🎬 #Action #Crime #Drama #Thriller 🗓 2007 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 52 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Soo (2007)*************၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးမှာတော့မင်းသားကြီး Ji Jin Hee, Oh Man Seok နဲ့တခြားဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း**************နာမည်ကြီး လူသတ်သမားတစ်ယောက်ဖြစ်တဲ့ Soo(Ji Jin Hee) က မိဘမဲ့ဂေဟာမှာတည်းက ကွဲသွားခဲ့တဲ့ အမွှာညီဖြစ်သူကိုလိုက်ရှာနေရင်း သူ့အမွှာညီဖြစ်သူက ရဲဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အပြင်၊ ဂိုဏ်းတစ်ခုကို ဖမ်းဖို့လုပ်ရင်း အသတ်ခံလိုက်ရတာကို သိလိုက်ရတဲ့အချိန်မှာ၊ သူ့ညီအတွက်လက်စားချေဖို့ ကြိုးစားပါတော့တယ်။ သူဘာတွေဆက်ပြီးရင်ဆိုင်သွားမလဲ၊ ဘယ်လိုနည်းတွေနဲ့ ပြန်ပြီး ကလဲ့စားချေမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမဲ့ Action Thriller ရုပ်ရှင်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ (အညွှန်းကို Alice မှ ရေးသားပေးထားပါတယ်)...
Danny Collins (2015) ⭐IMDB: 7.0/10 (34 k Votes) 🎬 #Comedy #Drama #Music 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Al Pacino ကြီးရဲ့ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အချက်အချို့ပေါ်အခြေခံထားတဲ့ အသက်ကြီးကြီးရော့ခ်စတားတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါ Al Pacino အပြင် အခြားသောနာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါပါတယ် American Beauty, 20th Century Women ထဲက Annette Bening, Christopher Plummer, Jeniffer Garner, Bobby Cannavale တို့ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဒီ ဒန်နီကောလင်း ဆိုတာက အပြင်က Steve Tilston ဆိုတဲ့ အင်္ဂလိပ်Folk သီချင်းတေးရေးတီဆိုသူကို အခြေခံထားတာပါ IMDb rating 7, Rotten Tomatoes 78%ထိရရှိထားတဲ့ comedy/drama ရုပ်ရှင်လေးမို့ ကြည့်မကောင်းမှာတော့မပူရပါဘူး ဇာတ်လမ်းအကြောင်းအရာက ဒန်နီကောလင်းလို့အမည်တွင်တဲ့ အသက်ကြီးကြီးရော့ခ်ကာစူပါစတားကြီးဟာ သူ့ရဲ့မွေးနေ့မှာ ချစ်သူငယ်ချင်းကြီးက မွေးနေ့လက်ဆောင်အဖြစ်ရှာလာပေးတဲ့ နှစ်၄၀ကြာသက်တမ်းရှိနေပြီဖြစ်တဲ့ စာတစ်စောင်ကိုရခဲ့ပါတယ် အဲဒီစာက John Lennon ကြီးက သူ့ဆီ သူတက်သစ်စအချိန်မှာ အကြံပေးစာ၊ အကူအညီကမ်းလှမ်းစာအနေနဲ့ ရေးခဲ့တာပါ ကံမကောင်းစွာနဲ့ သူဒီစာကို ရသင့်တဲ့အချိန်မှာ ချက်ချင်းမရခဲ့ဘဲ မသမာသူတစ်ဦးရဲ့လက်ချက်ကြောင့် နှစ်ပေါင်း ၄၀အကြာမှသာ လက်ခံရရှိခဲ့ပါတယ် သူ့ဘဝကို ပရိသတ်တွေစိတ်တိုင်းကျရင်ပြီးရော ဖြစ်သလိုနေနေတဲ့ ဒန်နီကောလင်းတစ်ယောက် ဒီအသက်အရွယ်မှာ ဒီစာကိုမြင်မှ အသိတရားရပြီး လွဲမှားနေခဲ့တဲ့သူ့ဘဝကို ပြန်ပြင်ဆင်ဖို့ဆိုပြီး စိုင်းပြင်ပါတော့တယ် ခြေလှမ်းအစအနေနဲ့ သူလှမ်းဖို့ပြင်ခဲ့တာက သူတစ်ခါမှမမြင်ဖူးတဲ့ သူ့ရဲ့တရားမဝင်သားဖြစ်သူဆီ သွားတွေ့ဖို့ပါ သွားတွေ့တဲ့အချိန်မှာတော့ သားဖြစ်သူက တစ်သက်လုံးနေလို့တစ်ခါတောင်မလာတဲ့သူ့ကို မကြိုဆိုနေခဲ့ပါဘူး အဖြစ်က ထင်ထားသလိုမလွယ်ကူတဲ့အခါမှာ ဒန်နီကောလင်းတစ်ယောက် သူ့သားနဲ့သင့်မြတ်အောင် ဘယ်လိုကြိုးစားမလဲ သူ့ဘဝကို သူဖြစ်ချင်ခဲ့တဲ့အတိုင်း ရှေ့ဆက်မလားဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားလိုက်ကြပါခင်ဗျာ...
Moby Dick (2011) ⭐IMDB: 6.4/10 (532 Votes) 🎬 #Action #Drama #Mystery #Thriller 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 52 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Moby Dick (2011)****************ဒီတစ်ခါ CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုတာက၂၀၁၁ တုန်းက ထွက်ရှိခဲ့ပြီးတော့ ပရိသတ်တွေရဲ့ ရင်းနှီးပြီးသား ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့Hwang Jung-Min, Kim Sang-Ho, Kim Min-Hee နဲ့ Jin Goo တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Mystery, Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့*************************၁၉၉၄ ခုနှစ်မှာ ဆိုးလ်းမြို့စွန်မှာရှိတဲ့ ဘာရမ်တံတားမှာအမျိုးအမည် မသိတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သတင်းဦးသတင်းထူးရချင်တဲ့သတင်းထောက်အီဘန်းအူ (Hwang Jung-Min)က သွားရောက်စုံစမ်းခဲ့ပြီးမြောက်ပိုင်းကသူလျှိုရဲ့လက်ချက်ဖြစ်တယ်ဆိုတဲ့ အတွင်းသတင်းကိုရလာခဲ့ပေမဲ့ မွေးရပ်မြေက ညီငယ်တစ်ယောက်ဖြစ်တဲ့ ယွန်းဟျော့ (Jin Goo) ကဒီပေါက်ကွဲမှုက လုပ်ဇာတ်ဖြစ်နိုင်တယ်ဆိုတဲ့အတွေးစနဲ့ အချက်အလက်တချို့ကိုပေးသွားခဲ့ပါတယ်။ ဒီအချက်အလက်တွေကို လုပ်ဖော်ကိုင်ဖက်သတင်းထောက်တွေဖြစ်တဲ့ဆုန်းဂျင်ဂီ (Kim Sang-Ho)နဲ့ ဟိုဂွမ် (Kim Min-Hee)တို့နဲ့အတူပူးပေါင်းစုံစမ်းရင်းနဲ့နောက်ကွယ်မှာဘယ်လိုအမှန်တရားမျိုးကိုတွေ့ရှိလာရမလဲ ဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ (အညွှန်းကိုZoronoaမှ ရေးသားပေးထားပါတယ်)...
The Shipping News (2001) ⭐TMDB: 64% User Score 🎬 #Drama #Romance 🗓 2001 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒုက္ခဆိုတာ ခါးသီးမှုပါ ဒါပေမဲ့ အမြဲတော့ ဒုက္ခချည်းပဲလည်းကြုံမနေတတ်ပါဘူး အသက်၁၀၀မနေရ အမှု၁၀၀ကြုံရဆိုသလို လူတွေမှာ ဒုက္ခကတော့ များကြတာချည်းပါပဲ…..ဒါပေမဲ့ တချို့ အလှည့်အပြောင်းလေးတွေက ကိုယ်မထင်ထားတဲ့အလှည့်အပြောင်းလေးတွေဖြစ်လာတတ်သလို ဒုက္ခကနေ သုခ သုခကနေ ဒုက္ခပြောင်းသွားတတ်တဲ့ အလှည့်အပြောင်းအလဲတွေလည်းဖြစ်တတ်ပါသေးတယ်….. ဒီကားလေးထဲမှာတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်လောက်ကြုံပြီးချိန် ဘယ်လိုအလှည့်အပြောင်းတွေကြုံရမလဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်...
Tone-Deaf Clinic (2012) ⭐IMDB: 5.8/10 (104 Votes) 🎬 #Comedy #Drama #Music #Romance 🗓 2012 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 4 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Clinique (2012)*********************2012ခုနှစ်မှာ ပြသခဲ့တဲ့ ဟာသရုပ်ရှင် LOVE CLINIQUE မှာမင်းသားYoon Sang-Hyun, Choi Jin-Hyuk နဲ့ မင်းသမီး Park Ha-Sun,Lim Jung-Eun တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့*********************ကီးကြောင်ပြီး ဒေါသကြီးတတ်တဲ့ မိန်းမချောလေး ဒုံဂျူ(Park Ha-Sun)ဟာကြင်နာပြီး သီချင်းကောင်းကောင်းဆိုတတ်တဲ့ မင်ဆူ (Choi Jin-Hyuk)ကိုအထက်တန်းကတည်းကနေ ၁၀ နှစ်ကျော်ကြာတဲ့အချိန်ထိ ကြိတ်သဘောကျနေခဲ့တာပါ။ ၁၀ နှစ်အကြာ မင်ဆူ ဂျပန်ကနေပြန်ရောက်လာပြီးတော့သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာပဲဒုံဂျူရဲ့ သူငယ်ချင်းဖြစ်သူ ဘိုရာ(Lim Jung-Eun)က မိန်းမလှလေးဖြစ်တဲ့အပြင်အသံကောင်းအဆိုကောင်းတဲ့သူ ဖြစ်တာကြောင့်မင်ဆူက မြင်မြင်ချင်း သဘောကျသွားပါတော့တယ်။ ဒါကြောင့် ဒုံဂျူကလည်း အားကျမခံ သူငယ်ချင်းရဲ့ လက်ထပ်ပွဲမှာဂုဏ်ပြုသီချင်းဆိုပေးမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဒါကြောင့် လက်ထပ်ပွဲမတိုင်ခင် ကီးကြောင်တဲ့ပြဿနာကို ဖြေရှင်းဖို့ LOVE CLINIQUE လို့ ခေါ်တဲ့အသံပြုပြင်ရေးသင်တန်းကျောင်းကို ရောက်သွားပါတော့တယ်။ အဲဒီသင်တန်းကျောင်းမှာ နည်းပြဖြစ်သူ ရှင်းဟုန်း(Yoon Sang-Hyun)နဲ့ တွေ့ဆုံပြီး ဒုံဂျူတစ်ယောက် အလွဲလွဲအချော်အချော်နဲ့ပြဿနာတွေ ကြုံတွေ့ရပါတော့တယ်။ နောက်ဆုံးမှာ ဒုံဂျူတစ်ယောက် မင်ဆူရဲ့ အာရုံစိုက်မှုကိုရော ရနိုင်မလား၊ကီးကြောင်တာကို ဖြေရှင်းပြီး နောက်ဆုံးမှာ သီချင်းကောင်းကောင်းဆိုနိုင်မလားဆိုတာကိုဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (အညွှန်းကို Stary မှ ရေးသားပေးထားပါတယ်)...
Beautiful Sunday (2007) ⭐TMDB: 55% User Score 🎬 #Action #Drama #Mystery #Thriller #Adventure 🗓 2007 🎞 movie 🌎 #Germany #SouthKorea ⏰ 1 နာရီ 53 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Beautiful Sunday (2007)************************မင်းသားကြီး Namkoong Min နဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒီကားဟာတစ်ကားလုံး ဇာတ်ရှိန်မကျသွားဘဲ ခြောက်ခြားစရာကောင်းတဲ့ ရိုက်ချက်နဲ့ ဇာတ်လမ်းကြောင့်နောက်ဆုံးစာတန်းထိုးပြီးတာတောင် စိတ်ထဲမှာ စွဲကျန်ရစ်နေမဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ် .. ဒီကားဟာ ဝမ်းနည်းမှု၊ ပူဆွေးမှုတွေ အရင်းခံဆက်ယှက်နေတဲ့အမျိုးသားနှစ်ဦးရဲ့ ဇာတ်ကြောင်းဖြစ်ပြီးစိတ္တဇမှုခင်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်များအရသာတွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအညွှန်း*************ဆေးရုံမှာ သတိမေ့နေတဲ့ ဇနီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအကြွေးတွေကြောင့်ငွေအသည်းအသန်လိုနေတဲ့ စုံထောက်ဂန်။သူ့ဘဝရဲ့ အမှောင်ဆုံးအချိန်မှာ ဇနီးဖြစ်သူ အသက်ဆက်နိုင်ဖို့အတွက်ဆေးမှောင်ခိုသမားတွေဆီက လာဘ်ထိုးတာကို လက်ခံပြီးသူတို့ရဲ့ပြစ်မှုတွေကို မျက်နှာလွှဲခဲပစ် နေပေးခဲ့ရတယ်။ တစ်နေ့မှာ အကျင့်ပျက်စုံထောက်ဂန်ဆီကိုမင်ဝူးဆိုတဲ့လူတစ်ယောက် ရောက်လာပြီးသူဟာ သူ့မိန်းမကို သတ်မိပါတယ်လို့ အပြစ်ဝန်ခံတော့တယ်။ အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာဒီလူသတ်မှုနဲ့ သူ့မိန်းမရဲ့ မတော်တဆမှုအကြားဆက်သွယ်ချက်တစ်ခုခုရှိနေကြောင်း ရိပ်မိသွားတဲ့အခါ…. (ဇာတ်လမ်းအညွှန်းကို Esther Oo မှရေးသားထားပါတယ်)...
C'est Si Bon (2015) ⭐IMDB: 6.7/10 (475 Votes) 🎬 #Comedy #Drama #Music #Romance 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 2 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 C’est Si Bon (2015)********************နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Han Hyo Joo, Kang Ha Neul,Jung Woo ,Jin Goo, Jo Bok Rae တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဂီတကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ခေတ်တခါက ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးစတိတ်စင်ဖြစ်တဲ့ ဆဲရှီဘုံဆိုတာကအဆိုတော်တွေကိုမွေးထုတ်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ယွန်းဆဲတက္ကသိုလ်ကျောင်းသား ဆေးကျောင်းသားလေးဖြစ်တဲ့ယွန်းဟျွန်းဂျူ (Kang Ha Neul ) ဟာဆိုရင်အပတ်စဉ် ဆဲရှီဘုံရဲ့ထိပ်တိန်းဆုကို သိမ်းပိုက်ထားတဲ့သူပါ။ ဟားဗတ်မှာ ကျောင်းဆက်တက်မှာမို့ သီချင်းဆိုတာကို ရပ်နားတော့မဲ့တစ်နေ့မှာသူ့နေရာကို လုယူမယ့် ဆုန်းချန်းရှစ် (Jo Bok Rae)ကပေါ်လာပါတယ်။ အဆိုအပိုင်းမှာ တစ်ဖက်ကမ်းတော်ကြပေမဲ့ နှစ်ယောက်ကိုအဆိုတော်အဖွဲ့ဖွဲ့ဖို့လုပ်ရင်းကနေ ရွာသားလေးအိုဂွန်းထယ် (Jung Goo)ကပါသူတို့အဖွဲ့ထဲပါလာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရွဲ့စောင်းနေကြတဲ့ သူတို့ကြားမင်ဂျာယောင်း (Han Hyo Joo)လို့ခေါ်တဲ့ သရုပ်ဆောင်ဝါသနာပါတဲ့ ကောင်မလေးကသူတို့ကြားထဲဝင်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ မင်ဂျာယောင်းအချစ်ကိုဘယ်သူရသွားမှာလဲ။ သူငယ်ချင်းတွေ ဘယ်လိုအခက်အခဲတွေဖြတ်ကျော်ရင်ဆိုင်ရင်း အောင်မြင်သွားကြမလဲဆိုတာဒီဇာတ်ကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ် .. (အညွှန်းကို Shwe Pyae မှ ရေးသားပေးထားပါတယ်)...
Midnight FM (2010) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Action #Drama #Mystery #Thriller #Crime 🗓 2010 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 43 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Midnight FM (2010)*******************၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အားလုံးရဲ့ အချစ်တော် Ma Dong Seokမင်းသားကြီး Yoo Ji Tae နဲ့The Flu ထဲက မင်းသမီး Park Soo Ae ပါဝင်ထားတဲ့Midnigt FM ဆိုတဲ့ မှုခင်းဇာတ်ကားလေးအကြောင်း ပြောပြပေးချင်ပါတယ် .. နာမည်ကြီးရေဒီယိုအစီအစဉ်တင်ဆက်သူ ဂိုဆွန်းယောင်း(Soo Ae) ကသမီးဖြစ်သူရဲ့ကျန်းမာရေးကြောင့်ရေဒီယိုဒီဂျေအလုပ်ကနေ အနားယူဖို့စီစဉ်ခဲ့ပါတယ်။ အနားမယူခင်နောက်ဆုံးနေ့မှာ အမှတ်တရဖြစ်သွားအောင်သူ့အစီအစဉ်ရဲ့ ပရိတ်သတ်တွေထဲက တစ်ယောက်ဖြစ်တဲ့ဒေါ့ထယ်(Ma Dong Seok)ကိုသူမရဲ့အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ပုံမှန်အတိုင်း အစီအစဉ် တင်ဆက်နေရင်းနဲ့ရုတ်တရက် သူမဆီ ဖုန်းဝင်လာပြီးတော့သူမရဲ့ညီမဖြစ်သူနဲ့ ကလေးတွေကို ဖမ်းဆီးထားပြီးသတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့ပါတယ်။ ညီမဖြစ်သူနဲ့ ကလေးတွေကို လူသတ်သမားရန်ကနေ ကယ်တင်နိုင်ဖို့ဆိုရင်လူသတ်သမားပေးတဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန်နဲ့ ဖြေဆိုရမှာပဲဖြစ်ပါတယ်။ ဒီတော့ ဂိုဆွန်းယောင်းအနေနဲ့ လူသတ်သမားလက်ကနေညီမနဲ့ကလေးတွေကို ဘယ်လိုနည်းနဲ့ကယ်တင်မလဲ။ ဆွန်းယောင်းရဲ့ပရိတ်သတ်ဖြစ်တဲ့ ဒေါ့ထယ်ကလည်း ဘယ်လိုတွေ ကူညီပေးသွားမလဲဆိုတာကိုဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားပေးထားပါတယ်)...
Born to Sing (2013) ⭐IMDB: 7.3/10 (93 Votes) 🎬 #Comedy #Drama #Music #Romance 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 52 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Born To Sing (2013)**********************အခုတစ်ခေါက် ထပ်မံတင်ဆက်ပေးချင်တဲ့ ဇာတ်ကားဟောင်းလေးကတော့2013 လောက်က ထွက်ရှိခဲ့ပြီး2014 ခုနှစ် နှစ်၅၀ မြောက် Baeksang Arts Awards ဆုပေးပွဲမှာBest New Director ဆုနဲ့ ဇကာတင်စာရင်းဝင်ခဲ့ပြီးတော့၃၄ နှစ်မြောက် Golden Cinema Festival မှာBest New Cinematographer ဆု ရရှိထားခဲ့တဲ့Born To Sing ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် .. တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံကျော်သီချင်းဆိုပြိုင်ပွဲကြီးဖြစ်တဲ့Born To Sing ဆိုတဲ့ရှိုးကြီးဟာဂင်ဟယ်ဆိုတဲ့နယ်မြို့လေးကို ရောက်ရှိလာပါတယ်။ နာမည်ကြီးရှိုးဖြစ်တာကြောင့် အနိုင်ရရှိသူဟာအဆိုတော်ဖြစ်ဖို့အခွင့်လမ်းကိုရရှိမှာပါ။ ဒါကြောင့်လည်း မြို့မှာရှိသမျှ လူငယ် လူကြီးအကုန်ဝင်ပြိုင်ကြပါတယ်။ ဒီအထဲမှာမှ ပြိုင်ပွဲဝင်တချို့က အဆိုတော်ဖြစ်ချင်တာကြောင့်မဟုတ်ဘဲအကြောင်းရင်းကိုယ်စီကြောင့် ဝင်ပြိုင်ဖို့ဖြစ်လာတဲ့အခါ…. သူတို့ရဲ့အကြောင်းရင်းတွေက ဘာဖြစ်မလဲဆိုတာကိုတော့Born To Sing ဆိုတဲ့ဇာတ်လမ်းလေးမှာ အဖြေရှာလိုက်ကြတာပေါ့။ သရုပ်ဆောင်တွေအနေနဲ့ကလည်း တောင်ကိုရီးယားရဲ့မိခင်ကြီးလို့ပြောလို့ရတဲ့မင်းသမီးကြီးဂင်ဆူမီအပြင်တခြားသော နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ဂင်အင်ဂွမ်၊ ရူဟျွန်းဂယောင်း၊ယူယွန်းဆော့နဲ့ အီချိုဟီးတို့ပါဝင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို Double M မှရေးသားထားပါတယ်)...
The Idle Mermaid (2014) ⭐IMDB: 6.4/10 (310 Votes) 🎬 #Comedy #SciFi #Fantasy #Drama #Romance 🗓 2014 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 1 မိနစ် 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Idle Mermaid (2014) *********************** အပိုင်း (၁ မှ ၁၀) စ/ဆုံး ဒီတစ်ခေါက်မှာတော့ ခဏတာ စိတ်ပင်ပန်းမှုတွေ ပျောက်စေဖို့အတွက် လူငယ်အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Cast တွေကလည်း နာမည်ကြီး မင်းသား၊မင်းသမီးတွေဖြစ်ကြတဲ့ On Joo Wan ၊ Song Jae-rim ၊ Jo Boah တို့က အဓိကဇာတ်လိုက်တွေအဖြစ် ပါဝင်ထားပြီး Nam Joo Hyuk တို့လို နာမည်ကြီးတွေလည်း ဇာတ်ပို့အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း – အယ်ရင်းဆိုတဲ့ ရေသူမလေးက သူရှိတဲ့ ဟန်မြစ်နားလေးကို ရိုက်ကူးရေးလာလုပ်ပြီး မတော်တဆ ရေထဲပြုတ်ကျသွားတဲ့ ဂွန်ရှီဂယောင်းဆိုတဲ့ စားဖိုမှူးလေးကို အနမ်းတစ်ပွင့်နဲ့ ကယ်တင်ပေးပြီးတဲ့အခါ ဂွန်ရှီဂယောင်းကို ချစ်မိသွားပါတော့တယ်။ အဲဒီလိုနဲ့ ရေသူမလေး အယ်ရင်းက ရှီဂယောင်းနဲ့ နောက်ထပ်ပြန်တွေ့ရဖို့အတွက် စုန်းထီးအန်ရဲ့ မှော်ဆေးရည်ကို ခိုးသောက်လိုက်ပြီး လူသားဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အဲဒီဆေးသောက်ပြီးလို့ ရက်၁၀၀ အတွင်း အချစ်စစ်ကို ရှာမတွေ့ရင် သေသွားမှာကိုတော့ မှော်ဆေးရည်ကို သောက်ပြီးမှပဲ အယ်ရင်းတစ်ယောက် သိလိုက်ရပါတော့တယ်။ စုန်းထီးအန်ရဲ့ အကူအညီနဲ့ပဲ ရေသူမလေးအယ်ရင်းအဖြစ်ကနေ လူသားမလေး ဟာနီအဖြစ် ဆိုးလ်မြို့ပေါ်က အလုပ်ရဖို့ ကြိုးစားနေတဲ့ အလုပ်လက်မဲ့ လူငယ်တွေ စုနေတဲ့ အိမ်မှာနေဖို့ ဖြစ်လာပြီး ရှီဂယောင်းရဲ့ အချစ်ကို ရဖို့ ကြိုးစားရင်း တစ်အိမ်တည်း အတူတူနေတဲ့လူငယ်လေးတွေနဲ့လည်း သံယောဇဥ် တွယ်သွားပါတော့တယ်။ ရေသူမလေး အယ်ရင်းက ရက်၁၀၀ အတွင်း တကယ်ပဲ အချစ်စစ်ကို ရှာတွေ့ပြီး လူသားဖြစ်လာမလား..။ ဒါမှမဟုတ် ပျောက်ကွယ်သွားမလားဆိုတာကို အချစ်၊ဟာသလေး နှောပြီး ကြည့်ရမယ့်အပြင် အလုပ်ရဖို့ ကြိုးစားနေတဲ့ လူငယ်တွေရဲ့ စိတ်အားထက်သန်မှုကိုပါ ကြည့်ရှုရမဲ့ စိတ်ဝင်စားဖွယ် လူငယ်အချစ်ဟာသ ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Htoo Htoo Aung မှ ရေးသားထားပါတယ်။)...
Uzumaki: Spiral Into Horror (2024) ⭐IMDB: 8.6/10 (882 Votes) 🎬 #Animation #Mystery #Horror 🗓 2024 🎞 tv mini series 🌎 #Japan #UnitedStates #UnitedStatesofAmerica ⏰ 22 မိနစ် 36 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပိုင်းသစ် ( ၁) အပိုင်းလေးပိုင်းပဲပါမယ့် ဒီ Uzumakiဇာတ်လမ်းဟာ နာမည်ကျော် Junji Itoဇာတ်လမ်းတွေထဲက တစ်ပုဒ်ပါ။ ရုပ်ရှင်အနေနဲ့လည်း ထွက်ခဲ့ဖူးပေမဲ့ တော်တော်ကိုစုတ်ပါတယ်။ ဇာတ်လမ်းမကောင်းတာမဟုတ်ပဲ ရိုက်ထားတာက ကျနော့်အတွက် ကြည့်ရအဆင်မပြေတာပါ။ ဒါပေမဲ့ အခုကာတွန်းအနေနဲ့ထွက်လာမယ်ဆိုပြီးကြားမိတော့ အတော်ကိုစိတ်ဝင်စားမိတဲ့အပြင် ထူးထူးဆန်းဆန်းအနေနဲ့ ရုပ်ပြ စာအုပ်ဆန်ဆန်ပြောရမလား အဖြူနဲ့အမဲပဲ ပါမယ်ဆိုတော့ Horror, mystery themeနဲ့အရမ်းလိုက်မယ်ထင်မိတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ *********************** ခုလိုဇုချိုမြို့လေးဟာ ကျိန်စာတခုပေါ်လာခဲ့ပါတယ်။ ကနဦးအစမှာတော့ အိမ်တွင်းအောင်းနေတဲ့လူတစ်ယောက်ဟာ အရစ်အဝဲတွေကို စွဲလန်းလွန်းလာတာကနေစပါတယ်။ အဲ့ဒီနောက်တဖြည်းဖြည်းဆိုးလာပြီး တမြို့လုံးမှာပါ စွဲလန်းမှုက သက်ရောက်လာချိန်မှာတော့….. File Size – 499 MB / 196 MB Quality –WEB-DL 1080p HEVC , 720p Episodes – 4 Eps Duration – 22 min Subtitle – Myanmar Hardsub Format – mkv / mp4 Genre : Animation , Horror , Mystery Translator – Dr Nyan Encoder – Min Wai ( Season 1 ) Ongoing Series Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb (ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်)...
Sandhya Ke Aangan Mein (2024) ⭐TMDB: 100% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 # ⏰ 22 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sandhya Ke Aangan Mein (2024) “အရုပ်စံအိမ်” အာမိုလာဆိုတဲ့ အမျိုးသမီးလေးက ညရှစ်နာရီခွဲတိုင်းရုပ်မြင်သံကြားချန်နယ်တစ်ခုကလွှင့်တဲ့ ဇာတ်လမ်းတွဲကသရုပ်ဆောင်မင်းသမီးတစ်ယောက်။ လူတော်တော်များများ အဲဒီဇာတ်လမ်းတွဲကို စိတ်ဝင်တစားနဲ့စောင့်ကြည့်ရလောက်တဲ့ထိ ဇာတ်လမ်းတွဲကအောင်မြင်နေတာပေါ့။ ဒါပေမဲ့ အာမိုလာကတော့ အိမ်မှာပဲ ပေါ့ပေါ့ပါးပါးနေရင်းအိမ်ထောင်ရှင်မကောင်းတစ်ယောက်၊ အမေတစ်ယောက်ဖြစ်ဖို့အားသန်နေသူလေး။ သရုပ်ဆောင်လောကကနေ အပြီးထွက်ဖို့ ချန်နယ်နဲ့ ညှိနှိုင်းထားပြီးသား။ဇာတ်လမ်းတွဲထဲမှာ အာမိုလာ နောက်ဆုံးရိုက်ရမဲ့ရှုတင်က သေမဲ့အခန်း။သရုပ်ဆောင်လောကကနေ နားရတော့မှာဆိုပြီး ပျော်နေတဲ့ အာမိုလာတစ်ယောက်သရုပ်ဆောင်လောကက မနားရတဲ့အပြင်သူသရုပ်ဆောင်နေတဲ့ ဇာတ်လမ်းတွဲထဲကိုလက်တွေ့ဘ၀အဖြစ်နဲ့ ရောက်သွားချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Flight Attendant (2024) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Drama #Action #Crime #Romance #Thriller 🗓 2024 🎞 tv series 🌎 #India ⏰ 30 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Flight Attendant (2024) “လေယာဥ်မယ်” အသစ်ထွက်ရှိထားတဲ့ ဟင်ဒီ crime-thriller ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ် ကင်နီရှာဆိုတဲ့ လေယာဥ်မယ်လေးဟာ အလုပ်မှာထူးချွန်လှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီးအခက်အခဲတွေကို သိမ်သိမ်မွေ့မွေ့ဖြေရှင်းတတ်သူတစ်ယောက် အတိတ်မှာတော့ သူ့နာမည်ဟာရှက်တီ အခုဘဝနဲ့ လုံးဝကွဲပြားတဲ့ ယုတ်မာရက်စက်ခြင်းနဲ့ လှည့်ဖျားမှုတွေကြားမှာရှင်သန်ခဲ့ရတယ် သူ့ကိုအဆုံးစွန်ထိ ဒုက္ခပေးခဲ့သူက မာဟန်ဒရာဆိုတဲ့ကောက်ကျစ်တဲ့နိုင်ငံရေးသမားတစ်ယောက် အဆိုးများမှလွတ်မြောက်လာပြီးဘဝသစ်တစ်ခုမှာ ရှင်သန်နေသူလေး ဓာတ်ပုံအရိုက်ခံရမှာကိုတောင် သေမလောက်ကြောက်လန့်စိုးရိမ်နေတဲ့သူ့အတွက် အကြောင်းတစ်စုံတရာကြောင့် အတိတ်ကအိပ်မက်ဆိုးတွေက တဖန် ပြန်ခြောက်လှန့်လာချိန်မှာတော့…. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
Parineeta (2024) ⭐IMDB: 8.6/10 (104 Votes) 🎬 #Romance 🗓 2024 🎞 tv series 🌎 #India ⏰ 29 မိနစ် 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Parineeta 2024 (တဖန်ပြန်လည်နိုးထလာခဲ့သော ချစ်ခြင်းတရား) ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ အကြောင်းကြောင်းကြောင့်ခွဲခွာခဲ့ရပြီးတော့မှ ပြန်လည်တွေ့ဆုံရမယ့် ချစ်သူနှစ်ဦးရဲ့အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးတင်ဆက်ထားတဲ့ ရိုမန့်စီးရီးဖြစ်ပါတယ်။ ရှေခါနဲ့ လာလီတာတို့ဟာ အချစ်ကြီးချစ်ကြတဲ့ ချစ်သူတွေပေါ့။ မထင်မှတ်ထားတဲ့အကြောင်းတွေကြောင့်နဲ့ သူတို့နှစ်ယောက်ဟာ ဝေးသွားကြရပါတယ်။ဒီလိုနဲ့ ခွဲခွာခဲ့ရပြီး နှစ်အတော်ကြာတဲ့အချိန်မှာ နှစ်ယောက်သားခရီးသွားကြရင်းနဲ့ မွန်ဂီရ်မြို့ရဲ့ ဘူတာရုံလေးမှာရထားလာချိန်ကိုစောင့်မျှော်ရင်း ပြန်လည်ဆုံတွေ့ခဲ့ပါတော့တယ်။ ဒီလိုနဲ့ နှစ်ယောက်သား ပြန်လည်ဆုံတွေ့တဲ့အချိန်မှာတော့ အရင်ကခံစားချက်တွေဟာ အသစ်တစ်ဖန် ပြန်လည်ပေါက်ဖွားလာခဲ့ပြီးတော့သူတို့နှစ်ယောက်ကြားက အချစ်,အကြောက်တရား,ဒေါသ,နာကျင်မှုတွေနဲ့နှစ်ယောက်သား ဘာတွေဆက်ဖြစ်ကြမလဲ ……… ဒီခံစားချက်တွေကို ကျော်ဖြတ်နိုင်ပြီးတော့ ချစ်ခြင်းတရားဆီကို ပြန်လည်ဦးတည်လာနိုင်ပါ့မလား…….ဆိုတာကို ကြည့်ရှုရမယ့် ရိုမန့်စီးရီးလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOD TEAM ပဲဖြစ်ပါတယ်)...
Three Women (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Drama 🗓 2023 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 53 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB Rating 6.6 အထိ ရထားတဲ့ Three Women ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းက နာမည်အတိုင်းပဲ မတူညီတဲ့ အလွှာအသီးသီးက အမျိုးသမီး သုံးဦးအကြောင်းပါ။ သူတို့တွေမှာ တူညီတဲ့ အရာကတော့ သူတို့တွေကိုယ်တိုင်ရဲ့ မပြည့်ဝတဲ့ စိတ်ဆန္ဒလိုလား တောင့်တမှုတွေ၊ တခြားသူတွေ နားမလည် မမြင်နိုင်တဲ့ အထီးကျန် ခံစားမှုတွေပါ။ အမေရိကန် နိုင်ငံတလွှားမှာ လိင်မှုရေးရာနဲ့ ပတ်သတ်ပြီး အမျိုးသမီးတွေဘက်က ဆန္ဒမပြည့်ဝမှုတွေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ဒီအရာတွေအပေါ် ဘယ်လိုမျိုး တုံ့ပြန်မှုတွေ ရှိသလဲ ဆိုတာတွေကို မြင်သာအောင် ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီစီးရီးမှာ ခံစားချက်ကင်းမဲ့နေတဲ့ အိမ်ထောင်ဖက် ခင်ပွန်းက ထိကိုင်ဖို့ကိုတောင် ငြင်းဆန်ခံနေရတဲ့ အိမ်ထောင်ရှင်မ လီနာ ဆိုတဲ့ အမျိုးသမီး၊ အောင်မြင်တဲ့ လုပ်ငန်းပိုင်ရှင်ဖြစ်ပြီး စားဖိုမှူး ခင်ပွန်းသည်နဲ့ အတူ open relationship ရှိနေတဲ့ ဆလုံးဆိုတဲ့ စွန့်ဦးစီးပွားရေးပိုင်ရှင် အမျိုးသမီး၊ အတိတ်ရဲ့ အရိပ်မည်းအောက်မှာ ပိတ်မိနေပြီး ဘဝရှေ့ဆက်ဖို့ ကြိုးစားရုန်းကန်နေတဲ့ မက်ဂီဆိုတဲ့ စားပွဲထိုးမလေး… ဒီသုံးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေနဲ့ သူတို့တွေအကြောင်းကို ရေးသားဖို့ ကြိုးစားနေတဲ့ စာရေးဆရာမ ဂျီယာ…။ ဒီစီးရီးက သမားရိုးကျ စီးရီးတွေကနေ ခွဲထွက်ပြီး အမျိုးသမီးတွေရဲ့ လိင်မှုရေးရာ အခန်းကဏ္ဍ၊ အထီးကျန် အားငယ်မှုတွေ၊ လူ့အသိုင်းအဝိုင်းရဲ့ မေးခွန်းထုတ်ချင်စရာ ပြုမူလုပ်ဆောင်ချက်တွေအကြောင်းကို ရိုးသားစွာနဲ့ ထင်ဟပ်တင်ပြထားတဲ့ စီးရီးကောင်းတစ်ခုလို့ ပြောချင်ပါတယ်။...
Gyeongju (2014) ⭐IMDB: 6.8/10 (492 Votes) 🎬 #Adventure #Drama #Romance 🗓 2014 🎞 movie 🌎 #SouthKorea #China ⏰ 2 နာရီ 25 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gyeongju 2014************* မင်းသား Park Hae Ilနဲ့ မင်းသမီး Shin Min Ah တို့ပါဝင်သရုပ်ဆောင်ထားတဲ့… Romance & Drama ရုပ်ရှင်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း————- ချွဲဟျွန်းက ပေကျင်းတက္ကသိုလ်က ပါမောက္ခတစ်ယောက်ဖြစ်ပြီး… တရုတ်ကောင်မလေးတစ်ယောက်နဲ့လက်ထပ်ထားတာပါ။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ နာရေးကိုတက်ရောက်ဖို့ … ကိုရီးယားကိုပြန်လာခဲ့ပါတယ်။ ကိုရီးယားကို ပြန်ရောက်တာနဲ့… ဂယောင်းဂျူမြို့လေးဆီကိုပါ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၇နှစ်ဂယောင်းဂျူမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က.. ပန်းချီကားတစ်ချပ်ကို မမေ့နိုင်တာကြောင့် ပြန်ကြည့်ဖို့သွားခဲ့တာပါ။ လက်ဖက်ရည်ဆိုင်ကိုရောက်တဲ့အခါမှာတော့ ဆိုင်ပိုင်ရှင် အသစ်ဖြစ်တဲ့… မိန်းမလှလေးဂုံးယွန်းဟီးနဲ့ တွေ့ပါတော့တယ်။ ယွန်းဟီးကိုပန်းချီကားအကြောင်းမေးရင်း… နှစ်ယောက်ရင်းနှီးသွားကြပြီး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။...
Empire V (2023) ⭐IMDB: 5.1/10 (280 Votes) 🎬 #Drama #Fantasy #Thriller #ScienceFiction 🗓 2023 🎞 movie 🌎 #Russia #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်တော်တို့ CM ကနေ ဒီတစ်ခါမှာတော့ ၂၀၂၃ ခုနှစ်ထွက်IMDB 5.1 ရထားတဲ့ Ampire V ဆိုတဲ့ ရုရှားသွေးစုပ်ဖုတ်ကောင်ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ရုရှားမင်းသားကြီး Igor Zhizhikin,တက်သစ်စမင်းသား Pavel Tabakov နဲ့ မင်းသမီးချော Marina Zudina တို့ကအဓိကပါဝင်ထားကြပါတယ်။ လူ့ဘဝကြီးရဲ့အဓိပ္ပာယ်ကို မေးခွန်းထုတ်နေတဲ့ အညတရရိုမန်ဟာ ဘဝကိုရည်ရွယ်ချက်မရှိဖြတ်သန်းနေပါတယ်။တစ်ရက်မှာ မျှော်လင့်မထားပဲ သွေးစုပ်ဖုတ်ကောင်တစ်ကောင်အကိုက်ခံလိုက်ရပြီ သူ့နေရာကိုသွေးစုပ်ဖုတ်ကောင်အဖြစ်ဆက်ခံဖို့ ဖြစ်လာပါတယ် ။ သွေးစုပ်ဖုတ်ကောင်ဖြစ်လာတဲ့အခါရိုမန်ဟာ သွေးစုပ်ဖုတ်ကောင်တစ်ယောက်ရဲ့ နေထိုင်ပုံစံကိုလေ့လာရတယ်။ အရင်ကသူသိခဲ့တဲ့ သာမန်သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွေအစား အာဏာ၊ ပိုက်ဆံ၊ ကြွယ်ဝမှုတွေနဲ့ ပတ်ရစ်ထားတဲ့သွေးစုပ်ဖုတ်ကောင်လောကကြီးကို ထိတွေ့ခွင့်ရလာပါတယ် ။ လူ့သမိုင်းကြောင်းတစ်လျှောက်မှာသွေးစုပ်ဖုတ်ကောင်တွေပါဝင်ခဲ့ပုံသိလာပြီးနောက် ရိုမန်ဟာ ဒီစနစ်ကြီးရဲ့အောက်မှာမိမိရဲ့ ခံယူချက်နဲ့ဖြစ်တည်မှုကို မေးခွန်းထုတ်ရင်း စနစ်ကိုကိုယ်ကျိုးအတွက်အမြတ်ထုတ်နေတဲ့အခြားသွေးစုပ်ဖုတ်ကောင်တွေကို ရှင်းလင်းဖို့ ဖြစ်လာပါတယ်။...
Salem's Lot (2024) ⭐IMDB: 6.2/10 (417 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဟော်ရာဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာကလည်း Annabelle Comes Home တို့ IT တို့ရဲ့ ဇာတ်ညွှန်းဆရာ Gary Dauberman ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက မိစ္ဆာတွေကတော့ သွေးစုပ်ဖုတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက သွေးစုပ်ဖုတ်ကောင်တွေက တကယ် ကြောက်ဖို့ကောင်းတဲ့ ခေတ်ဟောင်းဗားရှင်းဖြစ်ပြီး ဒရာမာတွေ၊ ခေတ်ပေါ်နည်းပညာတွေ ထည့်ထားတဲ့ ဗားရှင်းတွေမဟုတ်ပါဘူး။ ပြီးတော့ စတီဖင်ကင်းရဲ့ ထုံးစံအတိုင်း ကလေးတွေ အများကြီး ဒုက္ခရောက်တာတွေ ကလေးတွေထဲကပဲ သူရဲကောင်းပေါ်လာတာတွေ ထည့်သွင်းထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဆေလမ်စ်လော့ ဆိုတဲ့မြို့ကလေးကို ငယ်ငယ်က စိတ်ဒဏ်ရာတွေနဲ့ စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူရောက်လာပြီးမကြာခင်မှာပဲ ကလေးတစ်ယောက် ပျောက်ဆုံး၊ သေဆုံးသွားရာကနေ ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက်ဖြစ်လာတယ်။ ဒါကိုပဲ ကျောင်းဆရာတစ်ယောက်၊ မြို့ခံကောင်မလေးတစ်ယောက်၊ ဆရာဝန်တစ်ယောက်၊ သတ္တိရှိတဲ့ကလေးတစ်ယောက်နဲ့ စာရေးဆရာတို့ ပူးပေါင်းပြီး အဖြေရှာဖို့ ကြိုးစားတဲ့အခါ မြို့ထဲကို သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရောက်နေပြီး တစ်မြို့လုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေတာကို သိလိုက်ရတဲ့အခါ သူတို့တွေ ဘယ်လိုတားဆီးဖို့ ကြိုးစားကြမလဲ၊ ဘယ်သူတွေ အသက်ရှင်ကျန်မလဲဆိုတာ ကြည့်ရမှာပါ။...
