en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
The Shepherd (2023) ⭐TMDB: 63.0% User Score 🎬 #Drama #Fantasy #Short 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica ⏰ 39 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ Disneyကထွက်လာတဲ့ ကြာမြင့်ချိန် ၃၈မိနစ်သာသာ short filmအမျိုးအစားမူဗီလေးပါ…။ Christmasအမီထွက်လာခဲ့တာဖြစ်ပြီး ဗြိတိန်စာရေးဆရာ Frederick Forsythရဲ့ ၁၉၇၅ခုနှစ်ထွက် The Shepherdဆိုတဲ့ ဝတ္ထုကိုရိုက်ကူးထားတာပါ…။ ဒီဝတ္ထုကိုစရေးခဲ့စဥ်က စာရေးဆရာဟာ ဇနီးဖြစ်သူအတွက် Christmas gift အနေနဲ့ Ghost Storyတစ်ပုဒ်လောက်ပေးချင်လို့ရေးသားခဲ့တာပါ….။ ၁၉၇၄ခုနှစ်ဝန်းကျင်မှာ ဗြိတိန်တော်ဝင်လေတပ်နဲ့ပတ်သက်ပြီး ဆန်းကြယ်တဲ့ ပုံပြင်တွေအတော်များများရှိသလို Forsythကိုယ်တိုင်ကလည်း လေယာဥ်မှူး ဟောင်းတစ်ယောက်ဖြစ်နေလေတော့… ခရစ်စမတ်အမီအိမ်ပြန်ချိန်မှာ ပင်လယ်ပြင်ကိုတစ်ကိုယ်တော်ဖြတ်ပျံတဲ့ လေယာဥ်မှူးအကြောင်း ပုံပြင်လေးရေးသားခဲ့ပါတယ်…။ ပုံပြင်လေးကဘယ်လိုလေးဖြစ်မလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုနိုင်ပါပြီ...

The Chivalrous Detective: Capital In Blood (2019) ⭐TMDB: 0.0% User Score 🎬 #Adventure #Drama #Mystery 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တရုတ်မှုခင်းရုပ်ရှင်တွေကိုပဲ ကြိုက်နှစ်သက်တဲ့ CM ရဲ့ပရိသတ်တွေအတွက်ဇာတ်လမ်းကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့- ရန်ကျုံးခေတ်မှာ မြို့တော်ပြန့်လျန်မှာ တော်ဝင်မျိုးနွယ်မှအစ အမတ်တွေရဲ့ဇနီးမယားအထိ အကြောင်းရင်းမဲ့စွာ လူဆယ်ယောက်ကျော် အသတ်ခံခဲ့ရပါတယ်။မြို့တော်မှ တိုင်းသူပြည်သားတွေကလည်း ဒီ ကွင်းဆက်လူသတ်မှုကြောင့်ကြောက်လန့်နေကြရပါတယ်။ ထိုအမှုကို မဖြေရှင်းနိုင်တဲ့အတွက်ပေါင်ချိန်ကို ရာထူးမှထုတ်ပယ်ပြီး ဇာတိပြန်ဖို့ မင်းကြီးက အမိန့်တော်ချခဲ့ပါတယ်။ ပိုင်ယွိထန်ဟာ ဇာတိပြန်တဲ့လမ်းမှာ လုပ်ကြံခံရတဲ့ ပေါင်ချိန်ကို ကယ်ခဲ့ပြီးဒီကိစ္စအကြောင်းကို ကြားသိရပြီး အမှုစုံစမ်းဖို့ မြို့တော်ကို ထွက်လာခဲ့ပါတယ်။နောက်ဆုံးမှာ ပိုင်ယွိထန်ဟာ လူသတ်အဖွဲ့ ထူလုံအဖွဲ့ခေါင်းဆောင်ချုပ်ချင်ရစ်ကျုံးကို ဖော်ထုတ်နိုင်ခဲ့ပြီး အဖွဲ့တစ်ခုလုံးကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဒုစရိုက်အဖွဲ့ခေါင်းဆောင်က ဘယ်သူ ဖြစ်နေမလဲ……ဒီအရာတွေကို နောက်ကွယ်က စီစဉ်နေတဲ့လူက ဘယ်သူ ဖြစ်မလဲ…..ဆိုတာကို ရုပ်ရှင်နဲ့အတူအဖြေရှာလိုက်ရအောင်နော်။...

Death Stranding (2023) ⭐TMDB: 0.0% User Score 🎬 #Action #Drama #Thriller #Crime 🗓 2023 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 39 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟောင်ကောင်အက်ရှင်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ဟောင်ကောင်အက်ရှင်ကားဆိုရင် အလင်းနဲ့အမှောင် မြေအောက်ဂိုဏ်းနဲ့ဥပဒေဘက်တော်သားတွေ အားပြိုင်တဲ့ဇာတ်ကားဆိုတာ မှန်းမိကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိကျန်းက သူ့ညီမသေဆုံးသွားတာမတော်တဆမဟုတ်နိုင်ဘူးလို့ မသင်္ကာဖြစ်ပြီး (၂)နှစ်ကြာအောင်စုံစမ်းလာခဲ့ပါတယ်။သူ့ညီမလေးသေဆုံးရတဲ့အကြောင်းအရင်းဟာ ပြည်တွင်းကုမ္ပဏီကြီးတစ်ခုနဲ့ပတ်သက်နေတယ်ဆိုတာသိလိုက်ရပြီး အဲဒီကုမ္ပဏီအကြောင်းစုံစမ်းတဲ့အချိန်မှာငွေမဲခဝါချမှု မြေအောက်ဂိုဏ်းတွေနဲ့ပူးပေါင်းမှု စတဲ့အမှုတွေနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။ ညီမအတွက်လက်စားချေနိုင်ဖို့ ကြိုးစားနေတဲ့……ရဲအရာရှိကျန်းချစ်သူသေဆုံးရခြင်းအတွက် ပြန်ပေးဆပ်နိုင်ဖို့ကြိုးစားနေတဲ့……ရဲအရာရှိဟောင်း ဥပဒေအပြင်ဘက်ကလူတစ်ယောက်အလင်းနဲ့အမှောင်နှစ်မျိုးပေါင်းပြီး ဘယ်လိုကြမ်းကြမလဲဆိုတာအက်ရှင်အမိုက်စားတွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။...

Full Moon (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Drama #Thriller #Crime 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 37 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Full Moon (2023) ခြောက်ခြားပုံပြင် အိပ်ရာဝင်ပုံပြင်တွေဟာ လူတိုင်းရဲ့ငယ်ဘဝကို လှ‌ပစေတဲ့အရာဖြစ်သလို ဘဝရဲ့လက်ကျန်သက်တမ်းမှာစိုးမိုးသွားတဲ့အရာဆိုလည်းမမှားဘူး အိပ်ရာဝင်ပုံပြင်တွေကနေ လူ့ဘဝကြီးမှာ ကျင့်ကြံနေထိုင်သင့် ပြုမူသင့်တဲ့အရာလေးတွေထည့်ပြောရင်းဆုံးမတတ်ကြတယ် ဒီဇာတ်လမ်းကတော့ အထက်ပါအကြောင်းအရာတွေနဲ့ ကွဲလွဲနေတဲ့အိပ်ရာဝင်ပုံပြင်တစ်ပုဒ်နဲ့အစပျိုးတယ်သမီးလေးအတွက် ဖခင်ဖြစ်သူပြောပြတဲ့အိပ်ရာဝင်ပုံပြင်ဟာ ခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတယ် မထင်မှတ်ဘဲပြောမိတဲ့ အိပ်ရာဝင်ဇာတ်လမ်းတစ်ပုဒ်ပြောပြရင်း အဲဒီခြောက်ခြားစရာအရာက သူတို့အနားချဉ်းကပ်လာတာကိုသတိမထားမိခဲ့ကြဘူးဒီမိသားစုကြား ခလောက်ဆန်လာမဲ့ အဲဒီခြောက်ခြားစရာတစ်ခုက….. အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

The Apostles (2014) ⭐TMDB: 10.0% User Score 🎬 #Horror #Mystery #ScienceFiction 🗓 2014 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 28 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုနဲ့ စိတ္တဇဆန်ဆန်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ကားမျိုးလေးဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ –စာရေးဆရာမလုယွင်ဟာ အမြဲလိုလိုအိပ်မက်ဆိုးတွေမက်လေ့ရှိပါတယ် ။ဒီလိုနဲ့သူစာအုပ်ထုတ်ဖို့ချိန်းဆိုထားတဲ့တစ်နေ့မှာ အမျိုးသားဖြစ်သူဟာအလုပ်ခရီးကနေ‌ရပ်ဆီပြန်အလာ စီးလာတဲ့လေယာဉ်ပျက်ကျသွားပြီး သေဆုံးလို့သွားခဲ့ပါတယ် ။ လုယွင်တစ်ယောက် ယောက်ျားရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ပစ္စည်းလေးတွေကိုသွားယူရင်း အမှန်တရားကိုလက်မခံနိုင်တဲ့အခါ….တစ်ဖက်မှာလည်း ဟန်ပင်းလို့ခေါ်တဲ့ အမျိုးသားရဲ့ အမျိုးသမီးဖြစ်သူကလည်းလေယာဉ်ပျက်ကျမှုထဲပါလို့သွားခဲ့ပြီး ‌ကျစ်ရစ်ပစ္စည်းတွေထဲမှာ လုယွင်၏ခင်ပွန်းဖြစ်သူဖုန်းကရှိနေတဲ့အခါ… သူတို့နှစ်ယောက်အမှန်တရားကိုဘယ်လိုရှာဖွေသွားကြမလဲ..ကိုယ်အမှန်လို့ထင်ထားတဲ့အရာတွေကအမှားဖြစ်ပြီးအမှားလို့ထင်ထားတဲ့အရာတွေက အမှန်တကယ်ဖြစ်နေတဲ့အခါ…လုယွင်တစ်ယောက်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါဦး...

How the Gringo Stole Christmas (2023) ⭐IMDB: 3.2/10 (166 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 How the Gringo Stole Christmas (2023) ရှေးရိုးဆန်ပြီး ရိုးရာဓလေ့တွေကို ထိန်းသိမ်းတဲ့ လက်ပေါက်ကပ် မက်ဆီကန်လူကြီး ဘန်နီနဲ့ လူဖြူသားမက်လောင်း လိက်ဖ်တို့ကြားက အလွဲတွေ ကတောက်ကဆလေးတွေကို ပုံဖော်ထားတဲ့ ခရစ္စမတ်ကားလေးပါ။ ဘန်နီက မက်ဆီကန်ဓလေ့တွေကို ထိန်းသိမ်းပြီး အမေရိကန်တွေကို အတိတ်က ဖြစ်ရပ်တွေကြောင့် သဘောမကျတဲ့ သူပါ။ ဘယ်လောက်တောင် အစွဲကြီးလဲဆို ခရစ္စမတ်ကိုလည်း မက်ဆီကန်ဓလေ့အတိုင်း နှစ်စဉ်လုပ်ပြီး ခရစ္စမတ်သစ်ပင်ကိုတောင် မက်ဆီကိုက ရှားစောင်းပင်ပုံစံ ညှပ်တတ်ပါတယ်။ ဒီလိုလူကြီးကိုမှ တစ်ဦးတည်းသောသမီးဖြစ်သူ ကလော်ဒီရာက ခရစ္စမတ်အားလပ်ရက်မှာ သူ့ချစ်သူ လူဖြူကောင်လေး… မက်ဆီကန်တွေ ဂရင်ဂိုလို့ခေါ်ကြတဲ့သူကို ခေါ်လာတဲ့အခါ… သမီးဖြစ်သူကို ချစ်ပြီး အစိုးရိမ်လွန်တတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဘန်နီ သဘောကျအောင် ဂရင်ဂိုကောင်လေး လိက်ခ် ဘယ်လိုတွေ ကြိုးပမ်းအားထုတ်မလဲဆိုတာ… မက်ဆီကန်ရိုးရာဓလေ့တွေနဲ့အတူ ခရစ္စမတ်အမီ ခွီရင်း ကြည့်နိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Ladki: Enter the Girl Dragon (2022) ⭐IMDB: 4.2/10 (336 Votes) 🎬 #Action #Bollywood #Drama #Romance 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 44 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ladki: Enter The Girl Dragon (2022)”အိန္ဒိယဂျက်မ” ဟောင်ကောင်ဂျက်မတွေ ကိုရီးယားဂျက်မတွေ တအားကိုရိုးလွန်းနေပြီဆိုတော့ တမူထူးတဲ့အိန္ဒိယဂျက်မကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Bollywood ကားဆိုပေမဲ့ ချခါနီးမှာ သီချင်းနဲ့ထမကဘဲ အပီအပြင်တကယ်ဖိုက်တာမလို့ female badass ကာရိုက်တာတွေကြိုက်သူတွေအတွက် must tryပါ။ ငယ်စဉ်က အစ်မဖြစ်သူမုဒိမ်းကျင့်ခံရတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်ရုံသာတတ်နိုင်ခဲ့တဲ့ပူဂျာတစ်‌ယောက် အစ်မဖြစ်သူက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ချိန်မှာတော့ အကြီးအကျယ်စိတ်ဒဏ်ရာရခဲ့ရတာပေါ့။ စိတ်ရောကိုယ်ပါပြိုလဲနေတဲ့ပူဂျာကို ပြန်လည်ရပ်တည်နိုင်စေတာကတော့ ဘရုစ်လီနဲ့ သူ့ရဲ့အတွေးအမြင်‌ သူ့ရဲ့ဂျီကွမ်ဒိုကိုယ်ခံပညာပါပဲ။ ဒီလိုနဲ့ ရုပ်ရှင်ကနေ ဂျီကွမ်ဒိုပညာကို သင်ယူနေတဲ့ပူဂျာတစ်‌ယောက် ဒီပညာကို ကိုယ်တိုင်လက်ထပ်သင်ကြားပေးနေတဲ့နဂါးကိုယ်ခံပညာသင်တန်းကျောင်းရဲ့သတင်းကိုကြားပြီး မြို့တက်လာချိန်မှာတော့ မိန်းကလေးတွေကို ပါးစပ်သရမ်းတတ်တဲ့လူမိုက်တစ်သိုက်နဲ့တွေ့ပါတော့တယ်။ ဒီလူမိုက်တွေကိုဝင်ဟန့်တဲ့သူကတော့ နီးလ်‌ဆိုတဲ့ကိုလူအေးကြီးပေါ့။ ဒါပေမဲ့ လူအေးကြီးပီပီ လူမိုက်နဲ့ပြိုင်မဖိုက်နိုင်တော့ ပူဂျာကပဲကယ်တင်ပေးလိုက်ရပြီး ရင်းနှီးသွားကြတဲ့သူတို့နှစ်‌ယောက်ကြားကပတ်သက်မှုနဲ့ ဂျီကွမ်ဒိုပညာရှင်ဖြစ်ချင်တဲ့ရည်မှန်းချက်ကြား ပူဂျာတစ်ယောက်ဘယ်လိုတွေဆက်လုပ်မလဲ။ နဂါးကျောင်းတော်ကို ဝင်ခွင့်ရပြီး သူ့ရဲ့အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Work at the Same Convenience Store-Konatsu Kashiwagi-Meisa Kawakita [EBOD-998-Decensored] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 1 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Meisa Kawakita ရဲ့ JAV တွေကြည့်ဖူးရင် သူမ ဘယ်လောက်ထိဆွဲဆောင်မှုရှိကြောင်းနဲ့ ဘယ်လောက်ထိတက်ကြွလဲဆိုတာ သိကြမှာပါ။ EBOD-998-Decensored ဒီဇာတ်လမ်းမှာတော့ သူမအပြင် Dual အဖြစ် Konatsu Kashiwagi ပါ  ပါဝင်ထားတာကြောင့် ဇာတ်လမ်းက ပိုကြွလာပါတယ်။ ထုံးစံအတိုင်း Meisa က ဆရာမကြီးတစ်ယောက်လို တက်ကြွတဲ့အခန်းကနေပါဝင်ထားပြီး Konatsu ကတော့ သူမရဲ့သူငယ်ချင်း မအူမလည်ပုံစံမျိုးပါဝင်ထားပါတယ်။ Decensored Version နဲ့ဆိုတော့ သူမတို့နှစ်ယောက်လုံးရဲ့ ဝင်းလက်နေမှုတွေကို ငစနူတစ်ကောင်နဲ့တွဲမြင်ကြရမှာပါ။ ‌JAV တွေကြိုက်တတ်ရင် ဒီဇာတ်ကားက တော်တော်မိုက်တဲ့ထဲပါပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Miracles (1989) ⭐TMDB: 71.0% User Score 🎬 #Action #Asian #Comedy #Crime #JackieChan #Drama 🗓 1989 🎞 movie 🌎 #HongKong ⏰ 2 နာရီ 8 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသားကြီးဂျက်ကီချန်း နုစဉ်အခါက ဇာတ်ကားပါ။ ဂျက်ကီချန်းရဲ့ အငွေ့အသက်ကို အကုန်နီးပါးပြန်ခံစားနိုင်မယ့်ဇာတ်ကားပါ။ Action,Comedy,Crime,Drama အမျိုးအစားဖြစ်ပြီး ပုံမှန်ကားလေးတွေနဲ့ နည်းနည်းလေးကွဲထွက်နေတဲ့ကားလေးတစ်ကားပါပဲ...

Dashing Through the Snow (2023) ⭐IMDB: 5.4/10 (2 k Votes) 🎬 #Comedy #Family #Fantasy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dashing Through the Snow (2023)========================= ခရစ္စမတ်အကြိုညမှာ အက်ဒီ သူ့ရဲ့ 8နှစ်သမီးလေးကို အိမ်မှာထားခဲ့ပြီး ဘေးအိမ်က ခရီးသွားတဲ့အိမ်နီးချင်းကြောင်ကို အစာလာကြွေးတယ်။ အဲဒီအချိန် မီးဖိုးခေါင်းတိုင်မှာ ဆန်တာကလော့ဝတ်စုံနဲ့သူစိမ်းရောက်နေတာကို တွေ့လိုက်တယ်။ အက်ဒီလည်း သူခိုးဆိုပြီး ရဲတိုင်ဖို့လုပ်ပေမဲ့ သူမသိတာက တကယ်တော့အဲဒါက ဆန်တာကလော့အစစ်ဖြစ်နေတာပါပဲ။ ဆန်တာကလော့လည်းသူက ဆန်တာကလော့ဆိုတာပြောပြတော့ နဂိုကတည်းက ဆန်တာကလော့ဆိုအယုံအကြည်မရှိတဲ့ အက်ဒီက ရူးနေတယ်ဆိုပြီး ဆေးရုံခေါဖို့လုပ်ပါတော့တယ်။ ဒီဇာတ်လမ်းက ခရစ္စမတ်ကိုမှ ရယ်နေရမယ့်ဟာသဇာတ်လမ်းပါ။ အက်ဒီ ရုတ်တရက်ပေါ်လာတဲ့ ဆန်တာကလော့နဲ့ ဘယ်လိုတွေအလွဲလွဲဖြစ်ပြီး ခေါင်းခြောက်ရမလဲဆိုတာ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...

Killers of the Flower Moon (2023) ⭐IMDB: 8.0/10 (99 k Votes) 🎬 #Crime #Drama #History #Mystery #Romance #Western 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 3 နာရီ 28 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Killers of the Flower Moon (2023)=========================IMDb Rating – 8.0/10 အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီးရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ်ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာDavid Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သမိုင်းအကျဉ်း——————1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေအကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီအခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက်အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။ လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ၄၀၀ လောက်ရှိပါတယ်။ ချမ်းသာလာတာနဲ့အညီ အကောင်းဆုံးတွေကိုသုံးစွဲပြီး လက်ဖွာတဲ့နေရာမှာ အရမ်းကို နာမည်ကြီးလာတဲ့အတွက် အမေရိကန်အစိုးရက ဥပဒေတစ်ခုနဲ့ ထိန်းသိမ်းတာခံခဲ့ရပါတယ်။ ဒါကတော့ငွေကြေးကို ထင်တိုင်းသုံးစွဲလို့မရဘဲ “ငွေကြေးမစီမံနိုင်သူ” အဖြစ်သတ်မှတ်ခံရရင် လူဖြူအုပ်ထိန်းသူတစ်ယောက်ဆီကနေပဲ ကိုယ်ငွေကြေးကို သတ်မှတ်ထားသလောက်ပဲ ပြန်ထုတ်သုံးခွင့် ရတော့တာပါ။ အဲဒီကာလမှာပဲ အိုဆေ့အင်ဒီယန်းပေါင်းများစွာ အသတ်ခံခဲ့ရပြီးအမှုတွေကိုလည်း တရားခံ ရေရရာရာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ အဓိကအကြောင်းရင်းကတော့အိုဆေ့တွေပိုင်ဆိုင်တဲ့ မြေတွေနဲ့ ရေနံခံစားခွင့်တွေကို နည်းမျိုးစုံနဲ့လုယူဖို့ ကြိုးစားခဲ့တဲ့လူဖြူတွေလက်ချက်ပါပဲ။ ဒီအမှုဟာ အက်ဖ်ဘီအိုင်ရဲ့ ပထမဆုံး ကိုင်တွယ်ရတဲ့အမှုဖြစ်လာပြီးမှအမှုမှန်ပေါ်ပေါက်လာပုံကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်း—————-အားနက် ဘာ့ဟက်ဆိုတဲ့ စစ်ပြန်တစ်ယောက်ဟာ သူ့ဦးလေးရှိရာ အိုဆေ့ပြည်နယ်မှာ အလုပ်လာရှာရင်း အငှားကားမောင်းဖြစ်သွားပါတယ်။ အငှားကားမောင်းရင်းကနေ အိုဆေ့မျိုးနွယ်စုဝင်မိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိရင်းလက်ထပ်ဖြစ်သွားပါတယ်။ အဲဒီမိသားစုရဲ့ ရေနံခံစားခွင့်နဲ့မြေတွေက အရမ်းကိုမက်မောစရာကောင်းနေတဲ့အတွက် အားနက်ရဲ့ဦးလေးက သူ့တူကိုစည်းရုံးပြီး အိုဆေ့မိသားစုတစ်ခုလုံးကို နည်းလမ်းမျိုးစုံနဲ့လုပ်ကြံပြီး အပိုင်စီးဖို့ ကြိုးစားတဲ့အခါဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...

The Velveteen Rabbit (2023) ⭐IMDB: 6.7/10 (403 Votes) 🎬 #Animation #Drama #Family #Fantasy #Short 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 44 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Velveteen Rabbit (2023)======================IMDb Rating – 6.7/10 Margery Williams ရဲ့ the Velveteen Rabbit စာအုပ်ကို မှီငြိမ်းရိုက်ကူးထားတဲ့ ခရစ်စမတ် ဇာတ်လမ်းလှလှလေးတစ်ပုဒ်ဖြစ်ပြီးToy Story တို့ Enchanted တို့လို vibe မျိုး ပေးမဲ့ ဇာတ်ကွက်မျိုးဖြစ်ပါတယ်။ တစ်ခါသော ခရစ်စမတ်မှာ ဝီလီယံလေးဟာ သူချစ်တဲ့ သူငယ်ချင်းတွေရှိရာ အရပ်ဒေသကနေ အဝေးတစ်နေရာကို ပြောင်းရွှေ့လာခဲ့ရပါတယ်။ နေရာသစ်မှာ သူငယ်ချင်းမရဘဲ အဖော်မဲ့နေတဲ့ ဝီလီယံတစ်ယောက် ခရစ်စမတ်မှာ သူ့အတွက် အဖော်မွန်ကောင်း ဖြစ်လာမဲ့ ယုန်ရုပ်လေး တစ်ရုပ်ကို လက်ဆောင်ရလိုက်ပါတယ်။ ဒီလိုနဲ့ ယုန်လေးဟာ သူ့ရဲ့ ကစားဖော်၊ စကားပြောဖော်၊ အိပ်ယာဝင်ချိန်ရဲ့ သူငယ်ချင်းအဖော်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အချိန်တွေကြာလေ ဒီယုန်ရုပ်လေးနဲ့ ဝီလီယံဟာ ခွဲခွါမရ တစ်သားတည်းဖြစ်လာကြတယ်။ စွန့်စားခန်းထွက်ဖော်တွေ ဖြစ်လာကြပါတော့တယ်။ ကလေးတစ်ဦးရဲ့ အထီးကျန်မှုနဲ့ သူချစ်တဲ့ ယုန်ရုပ်လေးတစ်ရုပ်ရဲ့ သံယောဇဉ်ကိုကလေးလေးရဲ့ ရှုထောင့်က တစ်ဖက် အရုပ်လေးရဲ့ ရှုထောင့်က တစ်ဖက်ချစ်စရာကောင်းအောင် ရိုက်ကူးထားလို့  မိသားစုနဲ့အတူ ကြည့်ရှုဖို့ ကောင်းမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Act Molemy ဖြစ်ပါတယ်)...

Ned Kelly (2003) ⭐TMDB: 60.0% User Score 🎬 #Action #Adventure #Biography #Crime #Drama #History #Romance #Western 🗓 2003 🎞 movie 🌎 #Australia #UnitedKingdom #UnitedStates #France #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဗြိတိန်အင်ပါယာရဲ့အင်အားကြီးမားစပြုချိန် ၁၈ရာစုခန့်လောက်မှာ ဘုရင်မဗစ်တိုးရီးယားက ဂရိတ်ဗြိတိန်အပြင် အိုင်ယာလန်ကိုလည်း အုပ်စိုးခဲ့ရပါတယ်…အဲဒီအချိန်က အင်္ဂလိပ်ရဲတွေ အာဏာအင်အားလွှမ်းမိုးမှုကြီးနေတဲ့အချိန်ဖြစ်တော့ လူမျိုးရေးခွဲခြားတဲ့ရဲတစ်ချို့က အိုင်ယာလန်လူမျိုးတွေကို မြင်မြင်သမျှမဲပြီး အနိုင်ကျင့်တတ်ကြတယ်။ ဒီလိုနဲ့ အိုင်ယာလန်သား နဒ်ကယ်လီက မိမိနဲ့ မိမိရဲ့ကယ်လီမိသားစုအပေါ် အကျင့်ပျက်ရဲဖစ်ပတ်ထရစ်ရဲ့ အကြိမ်ကြိမ်ဖိနှိပ်မှုကြောင့် ဝရမ်းပြေးတစ်ယောက်ဖြစ်လာရင်း လူမျိုးရေးခွဲခြားမှုတွေကို တွန်းလှန်ချင်စိတ်ကြောင့် ဂိုဏ်းဖွဲ့ပြီး ပုန်ကန်လှုပ်ရှားမှုတစ်ခု အစပြုဖို့ဖြစ်လာခဲ့တယ်။ အသက်အရွယ်ငယ်လွန်းပေမဲ့ မဟုတ်မခံလိုစိတ်ပြင်းထန်တဲ့ နဒ်က သူငယ်ချင်းဖြစ်သူဂျိုးဘန်ရ်၊ ညီဖြစ်သူ ဒန်ကယ်လီ၊ ဒန်ရဲ့သူငယ်ချင်းစတိဖ်ဟာ့တို့နဲ့ စုစုပေါင်း အိုင်ယာလန်သားလူငယ်၄ဦးပူးပေါင်းပြီး ပုန်ကန်မှုကို စတင်တော့တယ်။ နဒ်ကယ်လီတို့ ဆန့်ကျင်ပုန်ကန်ခဲ့တာက ဗြိတိန်နေမဝင်အင်ပါယာအစပျိုးခါနီးခေတ်ရဲ့ဘုရင်မဗစ်တိုးရီးယားရဲ့အာဏာစက်ကိုပါ…။ လူအင်အားလက်နက်အင်အားမမျှတဲ့ပုန်ကန်ပွဲမှာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ နဒ်ကယ်လီက ထယ်ထိုးတဲ့သတ္တပြားတွေကိုသံချပ်ကာအဖြစ်ကိုယ်လုံးပြည့်ပြုပြင်ဝတ်ဆင်ပြီး အင်္ဂလိပ်ရဲတွေကိုပြန်လည်တိုက်ပွဲဝင်ခဲ့တာကြောင့် Ned Kelly Suit of Armourဆိုပြီး ဗစ်တိုးရီးယားခေတ်သမိုင်းဝင်ရတနာတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ သမိုင်းဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး နဒ်ကယ်လီအဖြစ် သြစတေးလျသရုပ်ဆောင်Heath Ledger, သူငယ်ချင်းဂျိုးဘန်ရ်အဖြစ် Pirates of the Caribbeanရုပ်ရှင်ထဲက ဝေလ်တန်နာနဲ့ ရဲမှူးဟဲရ်အဖြစ်ကပ္ပတိန်ဘာဘိုဆာတို့ နှစ်ဦးလုံးပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်နော်...

Sophie's Choice (1982) ⭐TMDB: 73.0% User Score 🎬 #Drama #Romance #War 🗓 1982 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 31 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။...

Khoobsurat (2014) ⭐IMDB: 6.4/10 (9 k Votes) 🎬 #Bollywood #Comedy #Romance 🗓 2014 🎞 movie 🌎 #India #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Khoobsurat (2014)“ကန့်လန့် ချစ်သူ” IMDb 6.5 ရထားတဲ့ ဟင်ဒီကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်Fawad Khan နဲ့ မင်းသမီးချောလေး Sonam Kapoor တို့ ပါဝင်ထားတဲ့ romantic comedy ကားလေးပဲဖြစ်ပါတယ်ရုံတင်ဝင်ငွေ ရူပီး သန်း ၈၀၀ နီးပါးပြန်ရခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ ဇာတ်လမ်းအကျဥ်းကတော့ မီလီချက်ကရာဗာတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးဟာ အိန္ဒိယ ခရစ်ကတ်ပရီးမီးယားလိဂ်မှာ အကြောပြင် ဆရာဝန် Physiotherapist အဖြစ် လုပ်ကိုင်တာဖြစ်ပြီးနာမည်ကြီးအသင်းရဲ့ ကစားသမားတစ်ယောက်ကို ပွဲချိန်တွင်း ပြန်ကစားလို့ရအောင် ကုသပေးလိုက်နိုင်တာကြောင့် တော်ဝင်မိသားစုတစ်စုက သူ့ကို ခေါ်ပါတော့တယ်မီလီရဲ့ အမေကလည်း မီလီ့နည်းတူ ခေတ်ဆန်ပြီး ပေါ့ပေါ့ပါးပါးနေတတ်ပြီး သူ့သမီးကိုလည်း သမီးစိတ်ကြိုက်ယောကျာ်းတစ်ယောက် အမြန်ရစေချင်သူပါတော်ဝင်မိသားစုက ဝှီးချဲလ်ပေါ်က သိပ်ခေါင်းမာလွန်းတဲ့ ဘုရင်ကြီးကို ကုပေးရမှာဖြစ်ပြီး သူ့ရဲ့ ကတော်ကလည်း ဟိတ်ဟန်ဆန်လွန်းပြီး သားတော် မင်းသား ဗစ်ကရမ်ကပါ အမေနဲ့ တစ်ပုံစံတည်းပါစရောက်တဲ့နေ့ကတည်းက ဒေါက်တာမလေး မီလီတစ်ယောက် အလွဲလွဲအချော်ချော်ဖြစ်နေပြီး သူ့ရဲ့ ရွှတ်နောက်နောက် ကာရိုက်တာနဲ့ တော်ဝင်မိသားစုဝင်တွေရဲ့ အပေါက်အလမ်းမတည့်မှုက သူ့အတွက် တော်တော်လေး ဒုက္ခရောက်စေပါတယ်အနေနီးလို့ သူချစ်မိသွားတဲ့ ရေခဲတုံးမင်းသားလေးရဲ့ အချစ်ကို ရယူချင်ပေမယ့် မင်းသားမှာ ပိုင်ရှင်ရှိနေတာမို့ ဒေါက်တာ မလေးခင်ဗျာ ချစ်သူနဲ့ ပေါင်းဖက်နိုင်ပါ့မလား… ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးဒီထဲက ဒေါက်တာမလေးရဲ့ အပြုံးအရယ် အလှနဲ့တင် သိပ်ကိုကြည်နူးစရာကောင်းနေပြီမို့ ကြည့်ရတာ တန်မယ့်ကားတစ်ကားပါ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik San နဲ့ KKKZ  တို့မှ တင်ဆက်ထားပါတယ်။)...

Anatomy of a Fall (2023) ⭐IMDB: 7.9/10 (18 k Votes) 🎬 #Crime #Drama #Romance #Mystery #Thriller 🗓 2023 🎞 movie 🌎 #France ⏰ 2 နာရီ 32 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆန်ဒရာ ဗွိင်တာနဲ့ ဆင်မြူရယ် မော်လက်စကီ တို့ဟာ သားဖြစ်သူ ဒန်နီရယ်နဲ့ အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြတယ်။ တနေ့မှာတော့ မတော်တဆမှုကြောင့် သားဖြစ်သူက အမြင်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့တယ်။ အဲဒီအတွက် ဆင်မြူရယ်က မိမိကိုယ်ကို အမြဲ အပြစ်တင်နေပြီး ငွေကြေးပိုင်း အလုပ်ပိုင်းသာ မကဘဲနဲ့ အိမ်တွင်းရေးမှာလည်း မပြေမလည်မှုတွေ ရှိလာခဲ့တယ်။ လင်မယားနှစ်ယောက်ဟာလည်း ရန်ပွဲတွေဆက်နေခဲ့တယ်။ ဒီလိုနဲ့ တနေ့မှာတော့ ဆင်မြူရယ်ဟာ သူ့နေအိမ် ခြံဝန်းထဲမှာပဲ ဆုံးသွားခဲ့တယ်။ အဲဒီတော့ ဒါဟာ ဘယ်သူ့ကြောင့်ဖြစ်နိုင်မလဲဆိုတာကို တရားရုံးမှာ တောက်လျှောက် စစ်ဆေးပုံလေးတွေနဲ့ ဇာတ်လမ်း အစအဆုံး စိတ်ဝင်စရာကောင်းစွာ မြင်တွေ့ခံစားရမှာပဲ ဖြစ်ပါတယ်။...

Okka Kshanam (2017) ⭐IMDB: 6.9/10 (1 k Votes) 🎬 #Action #Bollywood #Romance #SciFi #Thriller 🗓 2017 🎞 movie 🌎 #India ⏰ 2 နာရီ 33 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Okka Kshanam (2017) နှစ်ကြိမ်ဖြစ်တော့ တိုက်ဆိုင်မှုလို့ ပြောနိုင်ရဲ့။သုံးလေးကြိမ်မက အားလုံးတူညီနေတော့တိုက်ဆိုင်မှုထက် ပိုသွားပြီ။ ဥပမာ ပြောရရင် လင်ကွန်း နဲ့ ကနေဒီ လိုပေါ့နှစ်တစ်ရာပဲ ကွာပြီး အားလုံးတူနေတာမျိုး။အဲ့လို တစ်ထပ်တည်းကျ တူနေတာမျိုးကိုParallel Life လို့ ခေါ်တယ်။ ဒီဇာတ်ကားလေးက လင်ကွန်းနဲ့ ကနေဒီတို့ထပ်တူကျမှုကို ဥပမာယူပြီး ဇာတ်အိမ်တည်းထားတာဆိုတော့ တစ်ယောက်ဖြစ်တာ နောက်တစ်ယောက်ဖြစ်ရတော့မယ်။ ဇာတ်လမ်းထဲမှာ ဂျီဗာနဲ့ ဂျို တို့အတွဲရယ်၊ဂျိုတို့ အိမ်ရှေ့က ရှီနီဗာ နဲ့ ဆွာတီတို့ အတွဲရယ်။Parallel Life ကျတဲ့ အတွဲနှစ်တွဲပေါ့။ ရှီနီဗာနဲ့ ဆွာတီတို့ကို အိမ်ထောင်ရေး အဆင်မပြေသူများအဖြစ်ပုံဖော်ထားပြီး၊သူတို့အတွဲ ဖြစ်ပျက်သမျှ ဂျီဗာနဲ့ ဂျို ဖြစ်လာတယ်။ Parallel life ဖြစ်နေတယ်ဆိုတာ သိရတော့ဂျီဗာနဲ့ ဂျိုတို့အတွဲဟာ သူတို့ရဲ့အနာဂတ်အဖြစ် မြင်နေရတဲ့ ရှီနီဗာနဲ့ ဆွာတီတို့ ဘဝတွေကို ကြည့်ရင်း စိုးရိမ်ကြောက်ရွံ့လာခဲ့ပါတယ်။ ” သူတို့ရဲ့ပစ္စုပ္ပန်က မင်းတို့ရဲ့အနာဂတ်ပဲ ” တဲ့။ မထင်မှတ်ဘဲ ဆွာတီဟာ သေဆုံးခဲ့တယ်။ဘယ်သူ သတ်တာလဲ? သေကြောင်းကြံတာလား?ဘာကြောင့် သတ်တာလဲ? ဘာကြောင့် ကြံတာလဲ? ဂျိုဟာ သူ့အနာဂတ်ဖြစ်တဲ့ ဆွာတီဆုံးတော့သူလည်း သေရတော့မှာကို ကြောက်ရွံ့လာတယ်။ ဂျီဗာဟာ အဖြေစရှာပါတော့တယ်။အဖြေသိမှ ဂျိုကို ကယ်နိုင်မှာ ဖြစ်သလိုကံကြမ္မာကို တားဆီးနိုင်ပါ့မလား? B57 ကားပါကင်ထဲက လူသတ်သမားလား?ခင်ပွန်းဖြစ်သူကပဲ သတ်ပစ်လိုက်တာလား? ဂျိုလည်း ဆွာတီလို ဖြစ်မလား?တားဆီးနိုင်မှာလား? ဖြစ်လာမလား?အဖြေရှာရင်းပဲ တခြားအမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဆေးရုံထဲက ကလေးငါးယောက်ကိစ္စပေါ့။သူတို့ကံကြမ္မာက ဘာလို့ဒီလို ကံဆိုးခဲ့ရတာလဲ? ။ အစပိုင်းမှာတော့ အချစ်ဇာတ်လမ်းဖြစ်ပြီးအလယ်ကနေ အဆုံးထိ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားလေးပါ။အချစ်ဇာတ်လမ်း ကြိုက်တဲ့သူတွေရော၊လျှို့ဝှက်သဲဖို ကြိုက်တဲ့သူတွေရော အကြိုက်တွေ့စေမယ့် ကားလေးပါလို့ ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nyi Nyi Koe မှ တင်ဆက်ထားပါတယ်။)...

Mariam (2022) ⭐TMDB: 0.0% User Score 🎬 #Bollywood #Drama 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 20 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mariam 2022 ( ငွေ ) ငွေသာလျှင်ဘုရားတစ်ဆူလိုဖြစ်နေတဲ့ခေတ် မျက်နှာကြီးရာဟင်းဖတ်ပါဆိုသလိုငွေမရှိရင်စာမေးပွဲတောင်ဖြေလို့မရတော့တဲ့ ကိုဗစ်ကာလကြီးတစ်ခုမှာပေါ့အိမ်ငှားခကို၄လစာအကြွေးတင်နေပြီးတော့ဖုန်းရှိမှကလေးတွေကအွန်လိုင်းစာမေးပွဲဖြေလို့ရမယ်ဆိုလို့ အိမ်ငှားခကအရေးကြီးလားဖုန်းကအရေးကြီးလားဆိုတာခေါင်းချင်းဆိုင်ဆွေးနွေးရတဲ့မိဘ၂ပါးအဆင်မပြေလွန်းလို့ အငှားကိုယ်ဝန်ဆောင်အလုပ်ပါလုပ်ခဲ့ရပြီးဗိုက်တစ်လုံးနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်းသန့်ရှင်းရေးလုပ်ရတဲ့မာရီရမ့်ဘဝကပျော်စရာတော့မကောင်းခဲ့ ဒီကြားထဲကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ မွေးခါနီးနောက်ဆုံးအပတ်မှာမှ အငှားကိုယ်ဝန်ဆောင်ခိုင်းတဲ့လူကအဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားလေတော့ .. လောကဓံတရားရဲ့ ရက်စက်လွန်းလှတဲ့ရိုက်ချက်တွေကြား သူတို့ဘယ်လိုတွေရုန်းကန်ကြမလဲသားသမီးအတွက်ဆိုအရာရာဖြည့်ဆည်းပေးချင်တဲ့မိဘတွေရဲ့စိတ်ဆန္ဒတွေကို ရှုစားလိုက်ကြပါဦး ( အညွှန်းကိုတော့ Yunni မှ ရေးသားပေးထားပြီးတော့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Ketika Berhenti di Sini (2023) ⭐IMDB: 6.0/10 (211 Votes) 🎬 #Drama #Romance #ScienceFiction 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 43 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Indonesiaနိုင်ငံထုတ် Netflix ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Graphic Designerမလေး Ditaဟာ iPadပျက်သွားလို့ သွားပြင်ရင်း Edနဲ့ဆုံကာ ချစ်သူ‌တွေဖြစ်သွားကြပါတယ်။ ဒီလိုနဲ့ ချစ်သူသက်တမ်း၄နှစ်မြောက်မှာပဲ Edဟာ အက်ဆီးဒင့်ဖြစ်ကာ ဆုံးသွားပါတယ်။ ကျန်ရစ်သူDitaဟာ သူငယ်ချင်းFanနဲ့ ချစ်သူဖြစ်သွားပေမဲ့ Edကို သတိရနေဆဲပါ။ တစ်ရက်မှာ Edချန်ထားခဲ့တဲ့ မျက်မှန်တစ်လက်ဟာ တပ်လိုက်ရင် Edရဲ့ AIပုံရိပ်ကိုမြင်နိုင်ပါတယ်။ Edကိုမမေ့နိုင်သူ Ditaအဖို့ ဒီမျက်မှန်နဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကြည့်လိုက်ရအောင်...

Third World Romance (2023) ⭐IMDB: 6.1/10 (63 Votes) 🎬 #Romance 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 53 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆင်းရဲသားကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ အလုပ်တွေ ကြိုးကြိုးစားစားလုပ်ရင်း နောက်၃၊၄နှစ်နေတော့ ချမ်းသာသွားကြပါတယ်။ …ဒီလိုဆိုရင်တော့ သိပ်ကိုစိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းဖြစ်နေမှာပေါ့။ အချိန်တိုတိုလေးအတွင်း လူချမ်းသာကြီးဖြစ် အိမ်တွေကားတွေပိုင်သွားတယ်ဆိုတာ ဇိမ်ခံရုပ်ရှင်တွေထဲမှာပဲရှိတာပါ လက်တွေ့ဘဝကြီးမှာတော့ ဘာကိုမှအလကား ရမနေပါဘူး။ လက်ရှိဘဝလေးကတဆင့် ချောင်လည်အောင် ကြိုးစားရုန်းကန်ရင် အသက်ရှင်နေရတာပါပဲ။ ဒီဇာတ်လမ်းလေးထဲမှာလည်း အထက်လူကြီးရဲ့ခေါင်းပုံဖြတ်မှုကြောင့် အလုပ်ထွက်လိုက်တဲ့ Breeနဲ့ ပျော်ရွှင်ဖို့ကိုသာဘဝရည်မှန်းချက်အဖြစ်ထားတဲ့ စူပါမားကတ်ကလုပ်သားလေးVinတို့ဟာ လက်တွေ့လောကကြီးဟာ ထင်သလောက်မလွယ်ကူကြောင်းပြနေပါတယ်။ ကပ်ရောဂါကြီးဖြစ်ပြီးခါစ အားလုံးလည်း နာလန်ပြန်ထူဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။ အစိုးရကထောက်ပံ့တဲ့ စားနပ်ရိက္ခာသွားယူရင်း Vinဟာ Breeကို သဘောကျသွားတဲ့ အတွက် အလုပ်လက်မဲ့ဖြစ်နေတဲ့ Breeကို လက်ရှိသူလုပ်နေတဲ့ စူပါမားကတ်မှာ အလုပ်သွင်းပေးလိုက်ပါတယ်။ ဘဝမှာ နေပျော်ဖို့ပဲအဓိကထားပြီး စိတ်ထားပြည့်ဝတဲ့ Vinဟာ Breeလိုအပ်တာမှန်သမျှကို တက်နိုင်သမျှလေးဖြည့်ဆည်းပေးရှာပါတယ်။ ဆင်းရဲတဲ့ဘဝမှာ အကြောက်တရားကင်းဖို့ကလွဲရင် ဘာကိုမှရွေးချယ်စရာမရှိဘူးလို့ ခံယူထားတဲ့Bree။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ခံယူချက်တွေကို ပြောင်းပြန်လှန်ပစ်ရမယ့်ဖြစ်ရပ်နဲ့ ကြုံရတဲ့အခါ...

ဇာတ်ညွှန်းများ • FDMN - Statistics & analytics of Telegram channel