ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Clear Cut (2024) ⭐TMDB: 48% User Score 🎬 #Action #Thriller 🗓 2024 🎞 Series 🌎 # ⏰ 1 နာရီ 28 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Clear Cut(2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ကထွက်ရှိထားတဲ့ Action , thriller ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ မင်းသား Clive Standen , Alec Baldwin , Stephan Dorff တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာကတော့ Brian Skiba ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း သစ်ထုတ်လုပ်သမား နှစ်ယောက် တောထဲကို သစ်ပင်ခုတ်ဖို့လာရင်းနဲ့ တောအုပ်အလယ်မှာ မူးယစ်ဆေးချက်တဲ့ နေရာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ မူးယစ်ဆေးအရောင်းအဝယ်သမားများရဲ့ လျှို့ဝှက်ချက်ကို သိရှိသွားတဲ့အလျောက် သူတို့ဟာ မူးရစ်ဆေးသမားတွေရဲ့ ရန်ကနေလွတ်မြောက်အောင် လုပ်ဖို့ဖြစ်လာပါတယ်။ Thriller ဆန်ဆန်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ မြှုပ်ကွက်တွေလဲ ပါတာမလို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)...
The Red Virgin (2024) ⭐TMDB: 71% User Score 🎬 #Drama #Mystery #History #Thriller 🗓 2024 🎞 Series 🌎 #Spain #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ သမိုင်းထဲမှာတကယ်ရှိခဲ့ပြီး အသက် ၁၈နှစ် အရွယ်မှာတင် ဘဝဇာတ်သိမ်းခဲ့ရတဲ့ လူငယ်ပါရမီရှင် စပိန်သူလေး Hildegart Rodríguez Carballeira အကြောင်း ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီ Hildegart ဆိုတဲ့ကောင်မလေးရဲ့ဘဝဟာ မွေးဖွားလာကတည်းက တော်တော် စိတ်ဝင်စားစရာကောင်းတာပါ။ ဘာလို့စိတ်ဝင်စားစရာကောင်းသလဲဆိုရင် Hildegart ရဲ့ အမေဖြစ်သူ Aurora ကြောင့်ပါပဲ။ Aurora က အများသူငှာလို အိမ်ထောင်ပြု-ယောက်ျားယူ-ကလေးမွေး ဒီလိုနည်းလမ်းမျိုးနဲ့ Hildegartကို မွေးဖွားခဲ့တာမဟုတ်ပါဘူး။ Aurora ဟာ ပိုမိုတိုးတက်တဲ့ လောကကြီးကို သူ့ရင်သွေးကနေ စတင်ပြီးတည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ Hildegart ကို ပရောဂျက်တစ်ခုလိုမျိုး တိတိကျကျစီစဥ်ပြီးမွေးဖွားခဲ့တာပါ။ (ဒါကို eugenic အယူဝါဒလို့ခေါ်ပါတယ်။) Aurora ဟာ သူ့သမီးကို သာမန်ထက်ထူးအောင် ထက်အောင် မွေးကတည်းက တိတိကျကျ ကြပ်မတ်လေ့ကျင်သင်ကြားပေးလေတော့ Hildegart ဟာ အသက် ၁၆နဲ့တင် ရှေ့နေဘွဲ့ရပြီး သတင်းစာတွေထဲမှာ လိင်မှုရေးရာနဲ့ဆိုင်တဲ့ ဆောင်းပါးတွေရေးသားလို့နေပါပြီ။ ဒီလိုနဲ့ ဗိုင်းကောင်းကျောက်ဖိ Hildegartဟာ မိခင်ရဲ့အုပ်ထိန်းမှု အောက်ကနေတစ်ဆင့် စပိန်ဆိုရှယ်လစ်ပါတီဝင် တစ်ဦးဖြစ်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူတစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အဘက်ဘက်ကနေ လိုလေသေးမရှိအောင် ပြီးပြည့်စုံထက်မြက် နေပေမဲ့ ကံမကောင်းအကြောင်းမလှတဲ့ Hildegartဟာ အသက် ၁၈နဲ့ တင်သေဆုံးခဲ့ရတာပါ။ ရုပ်ရှင်ထဲမှာလည်း သူသေဆုံးတဲ့အခန်းကနေ စတင်ရိုက်ကူးပြထားတာပါ။ Hildegartဆိုတဲ့ကောင်မလေး ဘယ်လိုသေဆုံးသွားခဲ့ရတာလဲ ဆိုတဲ့မေးခွန်းနဲ့ ဇာတ်လမ်းကိုသယ်လာပြီး စပိန်နိုင်ငံ သက်ဦးဆံပိုင် ဘုရင်စနစ်ကျဆုံးတဲ့ကာလရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကိုပါထင်ဟပ်အောင် မီးမောင်းထိုးပြထားတဲ့အတွက် အချိန်ပေးကြည့်ရတာနဲ့တန်စေမဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။...
The Man Who Knew Too Much (1956) ⭐TMDB: 75% User Score 🎬 #Drama #Thriller #Mystery 🗓 1956 🎞 Series 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Man Who Knew Too Much (1956) က Alfred Hitchcock ရဲ့ နာမည်ကျော် စွန့်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းတွင်မှာ James Stewart နှင့် Doris Day တို့ မိသားစုကို ကယ်တင်ရန် ပြဿနာတွေရင်ဆိုင်ရတယ်။ တစ်နေ့မှာ သူတို့ သားက ပျောက်သွားပြီး၊ ပစ်မှတ်တွေက အန္တရာယ်များစွာပေးပါတယ် ။ ဇာတ်လမ်းက မိသားစုတစ်ခု ချစ်ခြင်းနှင့် ကာကွယ်ခြင်းစိတ်ကို စွန့်စားမှုနှင့် အန္တရာယ်များအတွင်းမှာ ဖော်ပြတယ်။ Doris Day “Que Sera, Sera” သီချင်းက ဇာတ်လမ်း အဓိက အခန်းကဏ္ဍတစ်ခုဖြစ်ပြီး၊ ဇာတ်လမ်း ခံစားချက်များနှင့် အဓိပ္ပာယ်ကို လေးနက်စွာ ပြသပေးပါတယ်။ James Stewart ခံစားချက်များ၊ မိသားစုကို ကယ်တင်ရန် ရင်ဆိုင်ရသော အခက်အခဲများကို ထိရောက်စွာ ဖော်ပြထားပါတယ်။ Hitchcock ၏ ရုပ်ရှင်များထဲမှ အကောင်းဆုံးများထဲကတစ်ခုအဖြစ် အမှတ်တရရှိနေပါတယ် ။ The Man Who Knew Too Much က 1950s ရုပ်ရှင်ချစ်သူများအတွက် ထင်ရှားသော ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။...
Golden Escape (2022) ⭐TMDB: 60% User Score 🎬 #Action #Crime 🗓 2022 🎞 Series 🌎 #China ⏰ 1 နာရီ 28 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အကြွေးတွေပိနေတဲ့ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ Zhong Zheng တစ်ယောက်ဟာအချိန်မှီအကြွေးတွေမဆပ်နိုင်တဲ့အတွက် ကြံရာမရဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ ဘိုးဘွားအမွေရွှေချောင်းတွေရှိကြောင်းသိလိုက်ရပြီးရွှေတူးဖို့ကြံစည်ပါတော့တယ်။ဖြစ်ချင်တော့ ဘိုးဘွားအိမ်အဟောင်းနေရာကိုကိုလိုခေတ်နီခေတ်မှာ အင်္ဂလိပ်ပိုင်သိမ်းလိုက်ပြီးလက်ရှိမှာ အကျဉ်းထောင်ဖြစ်နေတော့Zhong Zheng မှာသားရဲတွင်းထဲခုန်ချရသလိုပဲပေါ့။ ဘိုးဘွားပိုင်ရွှေချောင်းတွေကိုရှာဖို့စတောင်မစရသေးခင်မှာပဲထောင်တွင်းဂိုဏ်းစတား၂ယောက်ဖြစ်တဲ့ Brother Xieနဲ့Brother Da Biao တို့အင်အားပြိုင်မှုထဲကိုဆွဲထည့်ခံရတော့ အလူလူအလဲလဲပေါ့။ အကြိမ်ကြိမ်ကယ်တင်ပေးခဲ့တဲ့ညီအကိုချင်းသစ္စာတရားကိုအလေးထားတဲ့Brother Xie ကိုပြောပြပြီး အတူရှာကြပါတယ်။သူတို့၂ယောက်အတူ ရွှေချောင်းကိုရှာတွေ့မလားရက်စက်ယုတ်မာတဲ့ Da Biao ရန်ကနေဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို သွေးသန်ရဲရဲ ပီပြင်တဲ့တိုက်ခိုက်ချက်တွေနဲ့ ကြည့်ရမှာပါ။...
Bodyguard 3 (2025) ⭐TMDB: 0% User Score 🎬 #Action #Comedy 🗓 2025 🎞 Series 🌎 #China ⏰ 1 နာရီ 36 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သာမန်ရုပ်ရည်နဲ့ကောင်းထျန်းတစ်ယောက်ဟာ ရုပ်ချောချောကောင်မလေးတစ်ယောက်ကိုရည်းစားတော်ထားရတော့ သည်းသည်းလှုပ်အရမ်းချစ်ပါတယ်။တစ်နေ့မှာ ကောင်မလေးကကျွန်းတစ်ကျွန်းပေါ်အပန်းဖြေခရီးထွက်နေတဲ့အချိန်မှာလူတစ်စုဖမ်းသွားတာကိုခံရပါတယ်။ ကောင်မလေးကိုတစ်သက်လုံးစောင့်ရှောက်ပါမယ်လို့ကတိပေးထားတဲ့ ကောင်းထျန်းဟာ ကောင်မလေးကိုရေကုန်ရေခန်းလိုက်ရှာပါတော့တယ် ရည်းစားလေးကိုလိုက်ရှာရင်းနဲ့မှ ဒီအဖွဲ့အစည်းက လူကုန်ကူး၊မူးယစ်ဆေးအရောင်းအဝယ်၊ရှေးဟောင်းပစ္စည်းမှောင်ခိုအရောင်းအဝယ်စတဲ့တရားမဝင်တဲ့အလုပ်တွေအကုန်လုပ်တဲ့အဖွဲ့ဆိုတာသိလိုက်ရပါတယ်။ဒီလူဆိုးအဖွဲ့ကိုသက်တော်စောင့်လေးတစ်ယောက်ကဘယ်လိုအလွဲတွေကြားမှာတွန်းလှန်နိုင်ပါ့မလားဆိုတာကို ကြည့်လိုက်ပါဦးနော်။...
Kahar: Kapla High Council (2024) ⭐TMDB: 54% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 Series 🌎 #Malaysia ⏰ 1 နာရီ 37 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kahar: Kapla High Council (2024)”တိုက်ပွဲ”================================= 2024 ခုနှစ်မှာထွက်ရှိခဲ့ပြီး Fight scenes တွေရောဇာတ်လမ်းရော ရေလည်မိုက်တဲ့ မလေးရှားရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၀၅ ခုနှစ်မှာ စပြီး ဇာတ်အိမ်တည်ထားတာပါ။ ကူဒရတ်ဆိုတဲ့ ကောလိပ်ရဲ့ စည်းမျဉ်းတွေက ထူးခြားပါတယ်။အဲဒီကောလိပ်မှာ တက်တဲ့ ကျောင်းသားတွေကို ဟယ်ရီပေါ်တာထဲကလိုHouse တွေခွဲထားပြီး House တစ်ခုကို ကိုယ်စားပြုခွင့်ရတဲ့ကျောင်းသားကအထက်ကောင်စီဆိုတဲ့အဖွဲ့ထဲကို ဝင်ခွင့်ရပါတယ်။ ကိုယ့်ရဲ့ House ရဲ့ ကိုယ်စားပြုချင်တဲ့ ကျောင်းသားတွေဟာလက်ရုံးရည်ချင်းယှဉ်ပြိုင်ရတာဖြစ်ပြီး ကိုယ်စားပြုဖြစ်ခွင့်ရရင်အခွင့်အရေးတွေလည်း အများကြီးရပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက် ကာဟာကတော့ အဲဒီကောလိပ်ကိုသူ့ဆန္ဒမပါဘဲရောက်လာတဲ့ ခပ်အေးအေးကျောင်းသားလေးပါ။ ကာဟာက ဘာမှမထူးချွန်ပေမဲ့ သူ့ရဲ့ အဖေနဲ့ အစ်ကိုကတော့အဲဒီကောလိပ်ရဲ့သမိုင်းမှာအထူးချွန်ဆုံးကျောင်းသားတွေဖြစ်ခဲ့ကြသူတွေပါ။အဲဒီလို အဖေရဲ့ဖိအားတွေ အစ်ကိုရဲ့ဖိအားတွေကို ထမ်းပိုးထားရတဲ့ကာဟာတစ်ယောက်သူ့ရဲ့ခံနိုင်ရည်ကိုကျော်လွန်သွားချိန်မှာတော့ ထိန်းချုပ်မှုတွေလွတ်သွားပြီးလုံးဝမတူတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံ၊နောက်ဆက်တွဲကိစ္စွတွေကြုံတွေ့ရပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်ကိုတော့ V, ToMo နဲ့ Zwe Yan တို့က ဘာသာပြန်တင်ဆက်ပေးထားပါတယ်။)...
Flow (2024) ⭐TMDB: 84% User Score 🎬 #Adventure #Animation #Fantasy 🗓 2024 🎞 Series 🌎 #Belgium #France #Latvia ⏰ 1 နာရီ 25 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ ထွက်ထားတာ မကြာသေးတဲ့ Animated movie လေး တစ်ကားပဲ ဖြစ်ပါတယ် ဒီကားလေးထဲမှာဆိုရင်တော့ ကြောင်လေးတစ်ကောင်က ရေကြီးလာတဲ့ အခါ လှေတွေပေါ်ကို တက်ပြီး ရှောင်ပြေးရပါတယ် အဲဒီအခါမှာ တခြားတိရစ္ဆာန်တွေလည်း ရှိနေတဲ့ အခါမှာတော့ မျိုးနွယ်မတူတဲ့ တိရစ္ဆာန်လေးတွေ ဘယ်လို အတူတူပူးပေါင်းပြီး အခက် အခဲတွေကို ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုသွားရမှာပါ Flow ဆိုတဲ့ နာမည်အတိုင်း ကံကြမ္မာရဲ့ ရေလှိုင်းတွေကြားမှာ ရေလိုက်ငါးလိုက်နေရမယ့် အခြေအနေတွေကို ပြသထားတာမလို့ ဘဝအမောအပန်းတွေကြားမှာ ကြည့်ရင်း အားဖြစ်စေလာနိုင်တာလည်း ဖြစ်ပါတယ်...
The Paradise of Thorns (2024) ⭐TMDB: 82% User Score 🎬 #BL #Drama #Thriller 🗓 2024 🎞 Series 🌎 #Thailand ⏰ 2 နာရီ 11 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Paradise Of Thorns (2024)***************************** IMDb Rating (7.8) မင်းသားချော Jeff Satur နဲ့ နာမည်ကြီးမင်းသမီး Engfa Waraha တို့ပါဝင်ထားတဲ့ထိုင်းနာမည်ကြီး GDH Production က ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာပါပြီ…မထွက်ခင်ကတည်းက ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Thriller / Drama အမျိုးအစားဖြစ်လို့ ရင်တဖိုဖိုနဲ့ ရှုစားရမှာဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း————– တရားဝင် လက်မထပ်ရသေးတဲ့ ဆက်နဲ့ထုန်ခမ်ဆိုတဲ့ လိင်တူအတွဲလေးက နှစ်ကိုယ်တူ ဘဝစတင်ဖို့အတွက် ကြိုးစားပြီး အိမ်ဆောက် ခြံဝယ်နဲ့ ဒူးရင်းသီးစိုက်ပြီး ဒူးရင်းခြံစီးပွားရေးကို စလုပ်ခဲ့ကြပါတယ်… ဒါပေမဲ့ ဆက်ဆုံးပါးသွားချိန်မှာတော့ ဆက်ရဲ့မိသားစုတွေက သူတို့အတွဲ နှစ်ကိုယ်တူကြိုးစားရှာဖွေခဲ့ရတဲ့ပိုင်ဆိုင်မှုတွေကို တရားဝင်လက်ထပ်ထားတာမရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ဝါးကြီးအုပ်ပါတော့တယ်… အသက်ရှင်ကျန်ခဲ့တဲ့ ထုန်ခမ်ကလည်း သူနဲ့ဆက်တို့ကြိုးစားခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေပြန်ရဖို့ကြိုးစားရုန်းကန်ရင်း ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာမျိုးကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်… ဇာတ်လမ်းအညွှန်းကို Kim မှ ရေးသားပေးထားပါတယ်...
Alangu (2024) ⭐TMDB: 0% User Score 🎬 #Action #Bollywood #Thriller 🗓 2024 🎞 Series 🌎 #India ⏰ 2 နာရီ 8 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alangu (2024) မျှော်လင့်ချက်နဲ့ အသက်ဆက် သည်းထိတ်ရင်ဖိုနှစ်ခြိုက်တဲ့ ပရိတ်သတ်တွေနဲ့ ခွေး လေးတွေချစ်တတ်သူတွေ၊တောတောင်ရေမြေရှုခင်း သဘောကျသူတွေ အကြိုက်တွေ့မယ့်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ “လူတွေနဲ့တိရိစ္ဆာန်လေးတွေ အတူယှဉ်တွဲနေထိုင်နေကြတဲ့ ဒီလောကကြီးမှာအားလုံးကရှင်သန်နေထိုင်ဖို့ ရုန်းကန်နေကြရသူချည်းပါပဲ။ဘာဖြစ်ဖြစ် အသက်သာဆက်ရှင်နေပါ၊ လက်မလျှော့ပါနဲ့၊ကျန်တာကိုသစ်တောတွေနဲ့တောတောင်တွေက ဂရုစိုက်ပေးပါလိမ့်မယ်တဲ့” ဒါမာဆိုတဲ့ တမီးလ်မျိုးနွယ်စုတစ်ခုကကောင်လေးက သူ့ခွေးလေးကာလီကိုအားပေးနှစ်သိမ့်တဲ့စကားလေးနဲ့အစပျိုးထားပါတယ်။ဒါမာနဲ့သူ့ခွေးလေးတို့ တွေ့ဆုံဖြစ်ကြပုံက ဒီလိုပါ။ ဒါမာတို့ကို အထုပ်လေးတစ်ထုပ်ပစ်ခိုင်းလို့ သွားပစ်ရာကရောဂါပိုးကူးခံထားရလို့ စွန့်ပစ်ခံရတဲ့ခွေးလေးဖြစ်နေပြီးအသက်ရှင်နေသေးတာကို တွေ့သွားပါတယ်။ ဒါနဲ့သူလည်းခွေးလေးကို တောထဲလွှတ်ပေးလိုက်ပေမဲ့ခွေးလေးက ဒါမာအိမ်ပြန်တဲ့လမ်းထိ လိုက်ပါလာလေရဲ့။အဲဒီလိုနဲ့သူလည်းခွေးလေးကိုမွေးဖြစ်သွားပြီး ကာလီလို့နာမည်ပေးခဲ့ပါတယ်။ ဒါမာတို့မျိုးနွယ်စုဟာ အနည်းငယ်သောလူနည်းစုလေးပေါ့။သူတို့နေထိုင်ရာနေရာလေးဟာ ဆေးရုံမရှိ၊ လမ်းမရှိမို့ အားလုံးကရေကြည်ရာမြက်နုရာ ပြောင်းရွှေ့ကုန်ကြပေမဲ့ဒါမာတို့မိသားစု ၇ခု၈ခုကပဲ ကျန်ရစ်နေခဲ့ပါတယ်။ သူတို့ဟာရိုးရာအရ နှစ်တိုင်း တောင်ထိပ်တက်ပြီး ပူဇော်မှုတွေ ပြုလုပ်နေကျပါ။ အဲဒီအခါ နယ်စပ်လေးကိုဖြတ်သွားရချိန် နယ်စပ်အစောင့်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ရက်စက်မှုတွေကို ကြုံတွေ့ရတာ ထုံးစံလိုဖြစ်နေရာက ပိုဆိုးလာပါပြီ။ တစ်နေ့သူ့အမေရဲ့ဆန္ဒကြောင့် သူငယ်ချင်းတွေရယ် ခွေးလေးကာလီရယ်နဲ့အတူတစ်နေရာသွားဖို့ဖြစ်လာပါတော့တယ်။ သူတို့မျိုးနွယ်စုကို ဘယ်လိုဆက်လက်ထိန်းသိမ်းမလဲ၊နယ်စပ်ကြားနိုင်ငံရေးပြဿနာအစစ်အမှန်တွေဆိုတာ ဘယ်လိုလဲ၊ ဒါမာနဲ့ခွေးလေးကာလီတို့ကရောဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။...
Vanishing on 7th Street (2010) ⭐TMDB: 53% User Score 🎬 #Mystery #Thriller #Horror 🗓 2010 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူစည်ကား ပုံမှန်လည်ပတ်နေတဲ့ မြို့လေးတမြို့မှာ တနေ့ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ။ ဘယ်သူမှ ဖော်ထုတ်လို့မရတဲ့ အကြောင်းအရာ တခုခုကြောင့် မီးတွေပျက် လူတွေ ရုတ်တရက် ထူးဆန်းစွာ ပျောက်ဆုံးသွာပါတယ်။ ကားတွေ အဝတ်တွေ ပိုင်ဆိုင်မှုတွေ စားသောက်ကုန်တွေ ဘယ်အရာမှ မပျောက်ပဲ လူတွေပဲ ပျောက်သွားတာပါ။ အသက်ရှင်ကျန်သူ လူတချို့က အလင်းမရှိတဲ့နေရာမှာ အရိပ်တွေက လူတွေကို ဖမ်းစားနေတယ်ဆိုတာ သိလာတဲ့အခါ ဘယ်လိုဆက်လုပ်ကြမလဲ။ ရှင်ကျန်သူ လူတချို့တည်းကမှ ဂျာနယ်လစ် လုခ်၊ သူနာပြု ရို့စ်မယ်ရီ၊ ၁၂ အရွယ်ကောင်လေး ဂျိမ်းစ်နဲ့ ရုပ်ရှင်ဆရာ ပေါလ်တို့ မီးစက်နဲ့ လည်ပတ်နေတဲ့ ဘားလေးတခုမှာ စုံကြတဲ့အခါ။ ဓါတ်ဆီကလဲ ကုန်နေပြီ၊ ဓါတ်ခဲတွေလဲ မရှိတော့ သွားယူဖို့ကလဲ မဖြစ်နိုင် အမှောင်ထုကြီးစိုး လာတဲ့ အနေထားမှာ လူတွေ ဘာလို့ ပျောက်ကုန်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို ရှာမှ ရှင်သန်နိုင်ဖို့ ဖြစ်လာပါတော့တယ်။ Mystery/ Thriller အမျိုးစားဖြစ်ပြီးတော့ ဇာတ်ကားတခုလုံး ဇာတ်ရှိန် မြင့်မြင့်နဲ့ ရင်တဖိုဖိုကြည့်ချင်ရင်တော့ ဒီဇာတ်ကားက တကယ်ကို ကောင်းတဲ့ ဇာတ်ကားပါ။ Rating တွေလဲ ကောင်းတာမလို့ ကြည့်ရှုခံစားကြည့်ပါအုံးလို့ပဲ အကြံပေးလိုက်ပါတယ် ခင်ဗျာ။...
Tom and Jerry: The Fast and the Furry (2005) ⭐TMDB: 70% User Score 🎬 #Action #Adventure #Animation #Comedy #Family 🗓 2005 🎞 Series 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တွမ်နဲ့ဂျယ်ရီ ပရိသတ်တွေအနေနဲ့ ဒီAnimationကို မသိသူ အတော်လေးရှားမှာပါ။ Fast & Furious theme ပုံစံမျိုးနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကျွန်တော်တို့ငယ်စဉ်က အတော်ကိုကြိုက်ခဲ့ရတဲ့ ဇာတ်လမ်းဖြစ်သလို ဇာတ်ကွက် တွေကိုပါ အလွတ်ရတဲ့အထိ ထပ်ခါတလဲလဲကြည့်ခဲ့ဖူးတဲ့ animationပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိမ်ပိုင်ရှင်ရဲ့နှင်ထုတ်ခြင်းကို ခံလိုက်ရတဲ့ တွမ်နဲ့ဂျယ်ရီတို့နှစ်ယောက် ဇိမ်ခံစံအိမ်ကြီးကို ပထမဆုအနေနဲ့ ပေးမယ့် ဟောလိဝုဒ်က ကားပြိုင်ပွဲကြီးရဲ့ ကြော်ငြာကိုမြင်ပြီး ပြိုင်ဖို့ လုပ်ကြပါတော့တယ်။ ပြိုင်ပွဲကျင်းပတဲ့ စတူဒီယိုဘက်ကလည်း တွမ်ရဲ့ဉာဏ်နီဉာဏ်နက် များတဲ့ပုံစံနဲ့ ဉာဏ်ပြေးတဲ့ ဂျယ်ရီရဲ့ပုံစံကို သဘောကျပြီး ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ပေးလိုက်ပါတယ်။ သူတို့နှစ်ကောင် ကြောင့်ပဲ အဲဒီကားပြိုင်ပွဲ အစီအစဉ်က ကြည့်ရှုနှုန်းတွေ ထိုးတက်လာတဲ့နောက် စတူဒီယိုဘက်က လောဘတက်ပြီး မူလပန်းတိုင်အစား ပန်းတိုင်တွေ တစ်ခုပြီးတစ်ခုပြောင်းပြီး ပြိုင်ပွဲရှည်အောင် လုပ်ပါတော့တယ်။ အဲဒီလို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြမ်းတမ်းလှတဲ့ ပြိုင်ပွဲကြီးမှာ တွမ်နဲ့ဂျယ်ရီ နှစ်ကောင် လူတွေနဲ့ရင်ဘောင်တန်းပြီး ဘယ်လိုမျိုး ကား အလန်းစားတွေနဲ့ ယှဉ်ပြိုင်သွားမှာလဲ၊ တခြားသူတွေကို အသာရအောင် ဘယ်လိုဉာဏ်များကြဦးမလဲ၊ ပြိုင်ပွဲကြီးမှာဘယ်သူအနိုင်ရပြီး စံအိမ်ကြီးကို ပိုင်ဆိုင်သွားမလဲဆိုတာ အချိုးအကွေ့များစွာနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။...
Dinosaur (2000) ⭐TMDB: 65% User Score 🎬 #Adventure #Animation #Drama #Family 🗓 2000 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dinosaur (2000) IMDb Rating (6.4) / Rotten Tomatoes (65%) ဆုတွေအများကြီးရထားတဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ နာမည်ကြီး live-action အင်နီးမေးရှင်း ဇတ်ကားကောင်းတစ်ခု.. ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၅ နှစ်ကပေါ်လာခဲ့ပြီးလွန်ခဲ့တဲ့ နှစ် ၆၆သန်းမှာမျိုးတုန်းပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ ဒိုနိုဆောဆိုတဲ့နာမည်ဟာ ဂရိဘာသာစကားကနေဆင်းသက်လာပြီးကြောက်စရာကောင်းတဲ့ အိမ်မြှောင်ကြီးလို့အဓိပ္ပါယ်ရပါတယ် ။ ဒိုင်နိုဆောတိုင်းကတော့ ကြောက်စရာကောင်းနေတာမဟုတ်ပါဘူး။ ရုပ်ကြွင်းတွေကနေဖော်ထုတ်ချက်အရ ဒိုင်နိုဆောတွေဟာတစ်ကယ်ရှိခဲ့တဲ့သတ္တဝါတွေဖြစ်ပြီး မျိုးစိပ် ၇၀၀ နဲ့ အမည်အတိအကျပေးနိုင်တာ မျိုးစိပ် ၃၀၀ ရှိပါတယ်။ လီးမာကောင်လေးတွေကတော့ မျောက်နဲ့တူပေမယ့် မျောက်မဟုတ်ပါဘူး ။သူ့ကို လူ မျောက် မျောက်ဝံတွေနဲ့အတူ ပရိုင်းမိတ်အုပ်စုထဲပဲထည့်ထားပါတယ် လီးမာတွေကဒိုင်နိုဆောတွေမျိုးမတုန်းခင် လွန်ခဲ့တဲ့နှစ် ၆၅ကနေ၇၅သန်းအတွင်းပေါ်လာခဲ့တယ်လို့ဆိုကြပါတယ်။ ဇတ်လမ်းအကျဥ်း လွန်ခဲ့နှစ်ပေါင်း၆၅သန်းခန့်ကလီးမာသတ္တဝါလင်မယား”ယာ”နဲ့“ပလီယို”ကတစ်နေ့မှာဒိုင်နိုဆောဥတစ်လုံးကိုတွေ့လို့ လွှင့်ပစ်မယ်လုပ်တုန်း မလွှင့်ပစ်နိုင်ပဲ ဥထဲကနေဒိုနိုဆောလေးပေါက်လာတဲ့အခါ သူတို့ရဲ့မွေးစားသားလေး “အလက်ဒါ” ဖြစ်လာပါတယ် ။ အလက်ဒါလေးကအသီးအရွက်စား ဂျက်ကာဆောရပ်စ် အမျိုးအစားဒိုင်နိုဆောလေးပါ။သူက iguanodonမျိုးထဲပါပါတယ်။ ပလီယိုတို့မှာ“ဇင်နီ”ဆိုတဲ့သားတစ်ယောက်နဲ့ “ဆူရီ” ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။အလက်ဒါလေးအရွယ်ရောက်လာပါတယ်။လီးမားလေးတွေနဲ့ဆော့ကစားပျော်ရွှင်နေပါတယ် ။တစ်ခါမှတော့ တစ်ခြားဒိုင်နိုဆောတွေကိုသူမတွေ့ဖူးသေးပါဘူး။ ဇင်နီလေးကလည်းကြင်ဖက်ရှာဖို့ကြိုးစားပေမယ့် မရရှာပါဘူး။ အဲဒီနေ့မှာပဲကောင်းကင်က ဥက္ကာခဲတွေ မီးလုံးတွေကျလာပြီးတစ်တောလုံးပျက်စီးမီးလောင်တော့” ယာ”တို့ မိသားစုလေးယောက်နဲ့ အလက်ဒါတို့အသက်လုထွက်ပြေးရပါတယ်။ ထွက်ပြေးရင်းနောက်ကနေစားဖို့လိုက်လာတဲ့ကာနိုတောရပ်စ်အသားစားဒိုင်နိုဆောတွေလက်ကနေလွတ်အောင်အသက်လုပြေးရပြန်ပါတယ်။ သိပ်မကြာခင်မှာပဲ တစ်ခြားဒိုင်နိုဆောအုပ်နဲ့သွားတွေ့ပါတယ် ။ သူတို့က ဥဥပြီးအသိုက်လုပ်မယ့် နေရာကိုသွားနေကြတာပါ။ နောက်ကျကျန်ရစ်တဲ့သက်ကြီးဒိုင်နိုဆောတွေကို အလက်ဒါကစောင့်ခေါ်ပေးပါတယ် ။ သူတို့ကအမှီမလိုက်နိုင်လို့စောင့်ခေါ်ပေးဖို့ အုပ်စုခေါင်းဆောင်“ခရွန်”ကိုပြောတဲ့အခါခရွန်ကလက်မခံပါဘူး ။ အလက်ဒါက ခရွန့်ရဲ့ ညီမ” နီးရာ” နဲ့စတွေ့ပါတယ်။ အသားစားကာနိုတောရစ်ပ်တွေက နောက်ကဆက်လိုက်လာပါတယ်။ အလက်ဒါတို့အုပ်စုဘာတွေကြုံရမလဲခရွန်တို့အုပ်စုဘာတွေဖြစ်ကြမလဲ ဥဥပြီးအသိုက်လုပ်မယ့်နေရာကဘယ်လိုမျိုးလဲ ရောက်ရောရောက်ကြပါ့မလားဆိုတာကတော့ဖန်သားပြင်ပေါ်ဆက်ကြည့်ကြပါ။ ဇတ်ကားမှာ သဘောကျမိတဲ့အချက်တွေဒီကားမှာတေးဂီတပိုင်းကိုကြိုက်ပါတယ်။ ဥက္ကာပျံဥက္ကာခဲတွေကျပြီးတစ်တောလုံးမီးလောင်လို့ကျန်တဲ့သူတွေအကုန်သေဆုံးကုန်တာကို ဝမ်းပမ်းတနည်းငေးကြည့်နေကြတဲ့အခန်းမှာသုံးထားတဲ့ဂီတကတကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်။ ဇတ်ကားသမိုင်းကိုရှာကြည့်တော့ ဒီဇတ်ကားရဲ့ တေးဂီတကဆုတွေရထားပါတယ်။ နောက်ခံ အသံသရုပ်ဆောင်တွေကလည်းတစ်အားကောင်းပါတယ်။ သဘာဝကျသလိုဆွဲဆောင်မှုရှိပြီးဇတ်ကောင်တွေကအသက်ဝင်လာပါတယ်။ အလက်ဒါအဖြစ်သရုပ်ဆောင်တဲ့Daniel Bernard Sweeney ရဲ့အသံချိုချိုလေးက သဘောကျစရာကောင်းပါတယ်။ ဇတ်သိမ်းမှာပလီယိုပြောတဲ့စကားလေးတွေကလည်းတကယ်ကိုနှစ်သက်စရာကောင်းပါတယ်။ ဟုတ်ပါတယ် ဒီရုပ်ရှင်လေးကြောင့်ပဲပရိသတ်တွေက “သူတို့ရဲ့အဲဒီမှာရှိခဲ့တဲ့ချိန်တွေကိုနည်းနည်းလေးဖြစ်ဖြစ်နောင်မှာအမှတ်ရနေကြမှာပါ” ကွန်ပြူတာနဲ့ ဇတ်ကောင်တွေကိုဖန်တီးထားပေမယ့်နောက်ခံကတော့ရိုက်ကွင်းအစစ်တွေကိုသုံးထားပြီးဗင်နီဇွဲလားနိုင်ငံ အမျိုသားဥယျဥ်နဲ့အိန်ဂျယ်ရေတံခွန်ကိုတွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ထဲကနေရာတွေ ဖလော်ရီဒါပြည်နယ်ထဲကနေရာတွေ ဟာဝိုင်ယီကျွန်းစုထဲကကျွန်းနှစ်ကျွန်းသြစတေးလျနိုင်ငံနေရာတစ်ချို့ ဆမ်မိုအာကမ်းခြေနဲ့ဂျော်ဒန်နိုင်ငံရိုက်ကွင်းတွေပါပါတယ်။ ဒါကြောင့်မို့ ရူခင်းရူကွက်တွေကတကယ်ကို သဘာဝကျလှပနေတာပါ။ ဒါရိုက်တာက Eric Leighton နဲ့RalphZondag ဖြစ်ပါတယ်။ တကယ်ကိုကောင်းပါတယ် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)...
Friends with Benefits (2011) ⭐TMDB: 67% User Score 🎬 #Adult #Comedy #Romance 🗓 2011 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Friends with Benefits (2011) IMDb Rating (6.5) / Rotten Tomatoes (69 %) မင်းသားကတော့ နာမည်ကျော် အဆိုတော် ဂျက်စတင်တင်းဘားလိတ် (Justin Timberlake)…မင်းသမီးက နာမည်ကြီးမော်ဒယ်သရုပ်ဆောင် မီလာကူးနစ် (Mila Kunis )…ဒါ့အပြင် Emma Stone တို့ Woody Harrelson တို့လဲ အားဖြည့်ပါဝင်ထားပါသေးတယ်… ဂျက်စတင်က ဒီထဲမှာ Designer… မင်းသမီးက Company Agent…သူတို့နှစ်ယောက်စလုံးက အချစ်ရေးမှာ မျှော်လင့်ချက်တွေအကြီးကြီး ထားမိပြီးအဲ့ဒီ့မျှော်လင့်ချက်တွေ အလွယ်တကူကွဲအက်သွားတာကြောင့် မချိမဆန့်ခံစားနေရတဲ့ အချစ်နာနေသူတွေပါ။ တစ်နေ့မှာ သူတို့နှစ်ယောက် အလုပ်ကိစ္စတစ်ခုကြောင့် ထိပ်တိုက်တွေ့ဆုံ ခင်မင်လာရာကနေ….အချစ်ဆိုရင် ကြောက်နေမိတဲ့ သူတို့နှစ်ယောက် အချစ်မပါတဲ့ တွယ်ညှိမှုတွေကို တည်ဆောက်ကြပါတော့တယ်…ဒါကတော့…Friends with Benefits (အကျိုးအမြတ်သူငယ်ချင်းတွေ) ဆိုတဲ့အတိုင်းတစ်ယောက်ကိုတစ်ယောက် Just Sex ယုံကလွဲပြီး သူငယ်ချင်းလိုပဲ နေကြတာပါ။ သူငယ်ချင်းဘဝနဲ့ Just Sex ယုံကလွဲပြီး ကျန်တာ ဘာအကန့်မှမရှိဘူးဆိုတဲ့ FWB Relationship ကြီးနဲ့သူတို့နှစ်ယောက် တယောက်ကိုတယောက်ဘယ်လောက်ထိ ယုံကြည်စိတ်ချပြီး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ….။ အဖော်အချွတ်ခန်းတချို့နဲ့ ဂျက်စတင်တင်းဘားလိတ်ရော မီလာကူးနစ်ရော အမြင်မတော်အောင် အရမ်း Good နေလို့မိသားစုနဲ့တော့ ကြည့်လို့မသင့်တော်ပါဘူးနော်။...
What Lucia Saw (2022) ⭐TMDB: 72% User Score 🎬 #Drama 🗓 2022 🎞 Series 🌎 #Colombia #Spain ⏰ 1 နာရီ 43 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 What Lucia Saw (2023) IMDb Rating (5.8) ဖာသာ (ဘုန်းကြီး ) တွေ အစုလိုက် အသတ်ခံရမှုမှာ မျက်မြင်သက်သေဖြစ်တဲ့ လူစီယာနဲ့ သူ့မိသားစုတို့ရဲ့ ထွက်ဆိုချက်ကို ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် ဒီအမှုကြီးမှာ နိုင်ငံရေးရှုပ်ထွေးမှုတွေပါလာတဲ့အခါ လူစီယာတို မိသားစု ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကြည့်ရူရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Dar Dar ဖြစ်ပါတယ်။)...
Pushpa 2 - The Rule (2024) ⭐TMDB: 71% User Score 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2024 🎞 Series 🌎 #India ⏰ 3 နာရီ 44 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pushpa 2 – The Rule (2024) “ပွတ်ရှ်ပါ ပြန်လာပြီ”Official WEB DL ဗားရှင်းမဟုတ်ပေမယ့်ရုပ်သံကြည်လင်နေပြီဖြစ်တဲ့ HD RIPဗားရှင်းဖြစ်တာကြောင့်တင်ဆက်ပေးလိုက်ပါပြီ =============================== အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားအာလူးအာဂျွန်နဲ့မင်းသမီးရက်ရှ်မီးကားတို့ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ပွတ်ရှ်ပါရုပ်ရှင်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ။ ဘတ်ဂျက် ကုဋေငါးရာဝန်းကျင်သုံးထားပြီး Box Officerမှာကုဋေထောင့်ရှစ်ရာကျော်ထိရခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ ရှေ့ကားနဲ့ အချိတ်အဆက်ရှိတဲ့အတွက် ၂၀၂၁ကထွက်ရှိခဲ့တဲ့ Pushpa: The Riseကို ကြည့်ပြီးမှဒီရုပ်ရှင်ကိုကြည့်ရင် ပိုပြီးဇာတ်ရည်လည်မှာပါ။ ရဲအရာရှိ ရှီခါဝက်တစ်ယောက် ပွတ်ရှ်ပါကိုဖမ်းမိဖို့အရေးအပြင်းအထန်ကြိုးစားနေပါတယ်။ဒါပေမဲ့လည်း ဒီနေရာမှာရှိရမဲ့စည်းမျဉ်းကပွတ်ရှ်ပါရဲ့စည်းမျဉ်းဆိုတဲ့အတိုင်း ရှီခါဝက်တစ်ယောက်ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်လို့နေတာပေါ့။ တစ်နေ့ ဝန်ကြီးဖြစ်သူ တီရူပတီကိုရောက်လာတော့ ပွတ်ရှ်ပါသွားတွေ့တဲ့အချိန်ပြဿနာဖြစ်ပြီး ဝန်ကြီးဖြစ်သူကိုပါ ဖြုတ်ချဖို့ ပွတ်ရှ်ပါတစ်ယောက် ကြံပါတော့တယ်။ ပွတ်ရှ်ပါမှာ အားလုံးရှိတယ် မရှိတာဆိုလို့ ရှုံးနိမ့်မှုနဲ့ အကြောက်တရားဆိုတာလိုပဲအခက်အခဲအတားအဆီးမှန်သမျှကို ပွတ်ရှ်ပါတစ်ယောက်ဖျက်ဆီးဖြိုချပစ်ပုံကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။)...
Us or Them (2023) ⭐TMDB: 47% User Score 🎬 #Action #Thriller 🗓 2023 🎞 Series 🌎 #UnitedKingdom ⏰ 1 နာရီ 26 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Us or Them (2024) ဒီ Us or Them ဆိုတဲ့ ရုပ်ရှင်ကတော့ ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မလဲဆိုတာကို ခေါင်းစဉ်ကနေတန်းမှန်းကြည့်ဖို့ခက်ခက်မှာပဲ။ Genre အနေနဲ့ကတော့ Action, Thriller, Mystery ဆန်တဲ့ဘက်ကိုရောက်ပါတယ်။ ဇာတ်လမ်းအကျဉ်း လူငယ်ဘဝကတည်းက သူငယ်ချင်းဖြစ်လာကြတဲ့ဂျုဒ်နဲ့ အန်တီတို့ဟာ မိသားစုနဲ့အတူခရီးတစ်ခုသွားကြပါတယ်။ ဖြစ်ပုံကတော့ ဂျုဒ်က သူကစားတဲ့ အွန်လိုင်းဂိမ်းတစ်ခုမှာ မဲပေါက်သွားတယ်ဆိုပြီး ဂိမ်းစီစဉ်သူတွေက အပျော်ခရီးသွားလက်မှတ်ကို မိသာစုးလိုက်ဖိတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ခရီးရောက်တော့ စမ်းတဝါးဝါးနဲ့ သူတို့ကို စီစဉ်သူတွေက ဆုကြောင်းအပြင် ဘာတွေချီးမြှင့်မလဲဆိုတာကို မသိဘဲ ခရီးမှာပျော်ကြတာပေါ့။ ဒီလိုနဲ့ စီစဉ်ပေးထားတဲ့ ဟိုတယ်နေထွက်ပြီး ဂိမ်းစီစဉ်သူတွေရှိရာကို လျှို့ဝှက်အစည်းအဝေးတစ်ခုသွားတက်ဖို့ ဂျုဒ်နဲ့အန်ဒီတို့ထွက်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ စီစဉ်သူတွေဟာ သူတို့ကို ဂိမ်းတစ်ခုနဲ့ထပ်မံမိတ်ဆက်လိုက်ပါတယ်။ ဒီဂိမ်းကို လူနှစ်ယောက်အစုံလိုက်ရှိမှသာ ဆော့လို့ရမှာဖြစ်ပြီးတော့ ဂိမ်းရဲ့ ပွဲစဉ်တစ်ခုချင်းစီကိုနိုင်ရင် ပိုက်ဆံကို ထပ်ထပ်ကွမ်းနေအောင်ဆတိုးပြီးရလာမှာပါ။ ဒါပေမဲ့ သတိထားစရာတစ်ခုကတော့ ပွဲစဉ်တစ်ခုခုဆော့တိုင်းကိုယ့်ဘက်ကနေလည်းပြန်ရင်းရတဲ့အရာတွေရှိပါတယ်။ ဒီလိုမျိုး ဂိမ်းစီစဉ်သူကနေ မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာ ဂျုဒ်က ငွေမက်သွားပြီး အန်ဒီ့ကို အသည်းအသန်ဆော့ဖို့ သိမ်းသွင်းပါတယ်။ သူတို့သူငယ်ချင်းနှစ်ယောက်ဆော့ဖြစ်သွားပေမယ့်လည်းနောက်ဆုံးမှာတော့ တစ်ယောက်မှာအသက်ရှင်နိုင်မှာကို မသိသေးတဲ့ သူငယ်ချင်းနှစ်ယောက် ဘယ်လိုဖြစ်သွားမလဲဆိုတာကို ရင်တလှုပ်လှုပ်နဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Back in Action (2025) ⭐TMDB: 68% User Score 🎬 #Action #Comedy 🗓 2025 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Back In Action (2025)================= ဒီရုပ်ရှင်ကတော့ 2025 ရဲ့ထိပ်တန်းနာမည်ကြီးသရုပ်ဆောင်တွေနဲ့ စတင်ထားတဲ့Nonstop အက်ရှင်ကားကောင်းတစ်ကားပါ…Jamie Fox , Cameron Diaz , Andrew Scott စတဲ့ နာမည်ကြီးအမြောက်အမြားပါဝင်ထားပါတယ်….CIA ရဲ့ ထိပ်တန်းစပိုင် ၂ ယောက်ဖြစ်တဲ့ အမ်မလီနဲ့ မတ်ဟာ ရုရှားတွေဆီကနေ… ကမ္ဘာအနှံ့က အရေးပါတဲ့ နယူးကလီယားဓာတ်ပေါင်းဖို.ဆည်ကြီးတွေဓာတ်အားပေးရုံတွေ စတဲ့အရာတွေကိုထိန်းချုပ်နိုင်တဲ့ သော့တစ်ချောင်းကို ခိုးလာပါတယ်… ဒီသော့ကိုပြန်အပ်ဖို့ အပြန်လမ်း လေယာဉ်ပေါ်မှာ အမ်မလီဟာမတ်ကြောင့် ကိုယ်ဝန်ရသွားကြောင်း သိရာကနေ..စီးလာတဲ့လေယာဉ်ပါ ချောက်ချခံလိုက်ရပြီး ရန်သူဘက်က တိုက်ခိုက်တာကိုခံရတာကြောင့်လေယာဉ်ပျက်ကျသွားပါတယ်…သော့ပါပျောက်သွားပြီး သူတို့နှစ်ယောက်လုံး သေလူဟန်ဆောင်က ဇာတ်မြှုပ်နေလိုက်ကြပါတယ်ဒါပေမယ့် ၁၅ နှစ်ကြာအပြီး သားနဲ့သမီးနဲ့ သာမန်မိသားစုလေးတစ်ခုရလာချိန်မှာ… အတိတ်ကသူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေ ပြန်လိုက်လာတဲ့အတွက်စွန့်လွှတ်ခဲ့တဲ့ သူလျှိုဘဝကိုပြန်သွားရပါတော့တယ်...
Deck the Walls (2024) ⭐TMDB: 59% User Score 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 Series 🌎 # ⏰ 1 နာရီ 24 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deck the walls (2024) IMDb Rating (5.9) ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်vibeအပြည့်နဲ့ ခရစ္စမတ် decorationတွေအများကြီးနဲ့ကိုမှ ဆောင်တွင်းလေးမှာအေးအေးဆေးဆေးကြည့်လို့ကောင်းမဲ့ကားလေးပါ။ ၁၅၀၀အချစ်တင်မကပဲ၅၂၈မေတ္တာတွေကိုပါထည့်သွင်းရိုက်ကူးပြထားတာမို့လို့ မိသားစုလိုက်တူတူကြည့်လို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ဆောင်တွေဖြသ်တဲ့ စဲလ်နဲ့ရိုစ့်ဆိုတဲ့မောင်နှမနှစ်ယောက်ဆီကစမှာပါ။ သူတို့နှစ်ယောက်လုံးဟာ ဆောက်လုပ်ရေးနယ်ပယ်မှာကျွမ်းကျင်ကြတဲ့သူတွေပါ။ စဲလ်ကတော့ဆောက်လုပ်ရေးတစ်ခုပိုင်ရှင်ဖြစ်ပြီး ညီမဖြစ်သူရိုစ့်ကတော့ ချီကာဂိုမှာ သူ့ကိုယ်ပိုင်အိမ်တွင်းအလှဆင်လုပ်ငန်းကိုလုပ်ဆောင်နေသူပါ။ သူတို့မိဘတွေဆုံးသွားချိန်မှာတော့ ရိုစ့်ဟာချီကာဂိုကိုထွက်လာခဲ့တာဖြစ်ပြီးတော့ သူ့အစ်ကိုကတော့ဆိုလန်းဆိုတဲ့မြို့လေးမှာပဲကျန်နေရစ်ပြီး သူ့မိဘခြေရာကိုနင်းခဲ့ပါတယ်။ ဒီလိုနဲ့တနေ့မှာတော့ ခရစ္စမတ်အတွင်းမှာသူတို့မို့လေးရဲ့စံပြဖြစ်တဲ့ကျောင်းအုပ်တစ်ယောက်ကိုမြို့တော်ဝန်ကနေ အိမ်တစ်လုံးပေးဖို့စီစဉ်ခဲ့ပြီးတော့ ဒါကိုစဲလ်ရဲ့ဆောက်လုပ်ရေးကတာဝန်ယူရမှာပါ။ ဒီလိုနဲ့ညီမဖြစ်သူနဲ့အတူတူအတွင်းခန်းအလှဆင်ဖို့အကြောင်းဖန်လာချိန်မှာတော့ ရိုစ့်ကသူတို့ရဲ့အရင်အိမ်ကိုပြန်လာခဲ့ပြီးတော့ ကူညီခဲ့ပါတယ်။ ဒီလိုနဲ့စဲလ်ရဲ့လုပ်ဖော်ကိုင်ဖက်ကတချိန်တုန်းကရိုစ့်ကြိတ်ကြိုက်နေရသူဖြစ်နေပြီး အိမ်ကိုခရစ္စမတ်မတိုင်ခင် ဘတ်ဂျက်အတတ်နိုင်ဆုံးချွေတာပြီး အခက်ခဲတွေကြားကနေ မရရအောင်ပြုပြင်တာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာမို့လို့ ကိုယ်တိုင်ပဲရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ C.M Min Htike ဖြစ်ပါတယ်။)...
Alarum (2025) ⭐TMDB: 53% User Score 🎬 #Action #Crime #Thriller 🗓 2025 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alarum (2025) IMDb Rating (6.2) ရမ်ဘိုမင်းသားကြီး Sylvester Stallone နဲ့ မင်းသား Scott Eastwood အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Crime ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ချိန်က စပိုင်လုပ်ခဲ့ဖူးတဲ့ ဂျိုးဟာ ဒီအလုပ်ကနေ ကင်းကင်းကွာကွာနေခဲ့တာ 5 နှစ်ရှိနေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ဇနီးဖြစ်သူ လော်ရာကလည်း စပိုင်တစ်ယောက် ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ဟာ လူမသိသူမသိ နေထိုင်ရပါတယ်။ တစ်နေ့ သူတို့ အပန်းဖြေခရီးထွက်တဲ့ နေရာမှာ ဟယ်လီကော်ပတာတစ်စင်း ပျက်ကျခဲ့ပါတယ်။ ဒါကို စပိုင်ဟောင်းပီပီ စူးစမ်းမိတဲ့ ဂျိုးဟာ လေယာဉ်မှူးသေဆုံးမှုက သွေးရိုးသားရိုးမဟုတ်တာကို ချက်ချင်းသိလိုက်ပါတယ်။ သို့ပေမဲ့ ပြဿနာက လေယာဉ်ပေါ်က ဆက်သွယ်ရေးကိရိယာက မပျက်စီးသေးတော့ ဂျိုးရဲ့ အသံကို တစ်ဖက်က ကြားလိုက်တာပါပဲ။ ဒီလိုနဲ့ ပျောက်သွားပြီလို့ ယူဆရတဲ့ အာချီဘောလ်အမည်ခံ ဂျိုးတစ်ယောက် အသက်ရှိနေသေးတာကို သူ့ရဲ့ အေဂျင်စီဟောင်းက သိသွားပြီး ထွက်သွားသူကို အရှင်မထားတဲ့ သူတို့ ထုံးစံအရ ဂျိုးကို လိုက်လံရှင်းထုတ်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။)...
The Other Way Around (2024) ⭐TMDB: 66% User Score 🎬 #Comedy #Drama 🗓 2024 🎞 Series 🌎 #France #Spain ⏰ 1 နာရီ 50 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Other Way Around (2024) IMDb Rating (6.6) / Rotten Tomatoes (92%) အဲလက်နဲ့ အာလီတို့နှစ်ယောက်ဟာ ၁၅ နှစ်ကြာအောင် လင်မယားသဖွယ်အတူယှဉ်တွဲလာခဲ့တဲ့ သက်လတ်ပိုင်းလူလွတ်နှစ်ယောက်ဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာ ရုပ်ရှင်လောကမှာ အသီးသီးလုပ်ကိုင်နေကြတဲ့သူဖြစ်ပြီး အတန်အသင့်ဝင်ငွေကောင်းပြီး သက်တောင့်သက်သာနေနိုင်ကြသူများဖြစ်ပါတယ်။ ဒါပေမဲ့ သမီးရည်းစားသက်တမ်းကြာလာရင် အနေအေးလာတယ်ဆိုတဲ့အတိုင်း အဲလက်တို့ဟာ အရင်လိုအချစ်တွေမလန်းဆန်းတော့ဘဲ လက်ရှိဘဝကိုငြီးငွေ့လာကြပါတယ်။ ဒီလိုနဲ့ နှစ်ဦးသဘောတူလမ်းခွဲဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ အာလီရဲ့အဖေဟာ တစ်ချိန်က “ပေါင်းစည်းခြင်းထက် ခွဲခြားခြင်းကို ဂုဏ်ပြုတာကောင်းတယ်” ဆိုတဲ့ စကားကို အာလီက သတိရသွားတဲ့အချိန် လမ်းခွဲအမှတ်တရအနေနဲ့ ပါတီတစ်ပွဲကျင်းပဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ပါတီမှာဘယ်လိုတွေဖြစ်သွားမလဲ အဲလက်တို့နှစ်ယောက်ကော နှစ်ယောက်သားမျဉ်းပြိုင်အနေနဲ့ဘဲ ဘဝကိုဆက်ကြရမလား မဟုတ်ရင် ၁၅ နှစ်ကြာသံယောစဉ်ကပဲသူတို့ကို ပြန်ပြီးပေါင်းစည်းစေမလားဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
