en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
The Twilight Saga: New Moon (2009) ⭐IMDB: 4.7/10 (289 k Votes) 🎬 #Adventure #Drama #Fancy #Fantasy #Romance 🗓️ 2009 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်… Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

Twilight (2008) ⭐IMDB: 5.3/10 (469 k Votes) 🎬 #Drama #Fantasy #Romance 🗓️ 2008 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်… Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

Vinaro Bhagyamu Vishnu Katha (2023) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Action #Bollywood #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 18 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vinaro Bhagyamu Vishnu Katha (2023)Action, Comedy, DramaIMDb 7.7/10 (2.4K) တချို့ဇာတ်လမ်းလေးတွေက စိတ်ကူးကောင်းလေးတွေကနေအစပျိုးလာသလို တချို့ဇာတ်လမ်းလေးတွေက ခင်မင်ရင်းနှီးမှုကနေစတင်လာတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကတော့ ရန်ပွဲတစ်ခုကနေ စတင်လာခဲ့တယ်။ အဲ့ဒီရန်ပွဲကနေပဲ ကောင်လေးတစ်ယောက်ရဲ့အမြင်တွေ ကောင်းမွန်လာခဲ့ပြီးတွေ့သမျှလူတိုင်းကို ကူညီတတ်လာခဲ့တယ်လေ။ သူ ဒီလိုကူညီရင်းနဲ့ မကူညီသင့်တဲ့လူတွေကို ကူညီခဲ့ပြီး ဒုက္ခရောက်ခဲ့ရပုံ…။ အချစ်ကိုရှာတွေ့ခဲ့ပုံနဲ့…။ သူ့ဘဝရ​ခဲ့တဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ဒီဇာတ်ကားကြည့်ရင်း ခံစားကြည့်ကြပါနော်။ ဒီဇာတ်ကားလေးက ဇာတ်လမ်းဘာညာ အသာထား တစ်ခုကြည့်လို့ကောင်းတာကကျွန်တော်တို့ လက်တွေ့ဘဝနဲ့ တော်တော်နီးစပ်တာပါ ဘာလို့လဲဆိုတော့ မင်းသမီးက ယူကျုဆယ်လီလေအဲ့တော့ ပရိသတ်ကြီးများအတွက် ဆယ်လီတွေဆိုတာလည်း သာမန်လူတွေလိုပဲချစ်ကြိုက်ကွဲငြားဇာတ်လမ်းလေးတွေရှိကြောင်း ရှုထောင့်အသစ်တစ်မျိုးကြည့်ရတာပေါ့သီချင်းကောင်းကောင်းလေးတွေနဲ့ အက်ရှင်ခန်းအလန်းတွေရယ်မင်းသမီးအချောလေးတစ်ယောက်ရယ်ပါရင် ကျန်တာဘာလိုဦးမှာလဲဒီဇာတ်ကားကိုချက်ချင်းပါ ပြေးဒေါင်းပြီးကြည့်လိုက်ပါတော့ ပရိသတ်အပေါင်းတို့………

Vinaro Bhagyamu Vishnu Katha (2023) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Action #Bollywood #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 18 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vinaro Bhagyamu Vishnu Katha (2023)Action, Comedy, DramaIMDb 7.7/10 (2.4K) တချို့ဇာတ်လမ်းလေးတွေက စိတ်ကူးကောင်းလေးတွေကနေအစပျိုးလာသလို တချို့ဇာတ်လမ်းလေးတွေက ခင်မင်ရင်းနှီးမှုကနေစတင်လာတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကတော့ ရန်ပွဲတစ်ခုကနေ စတင်လာခဲ့တယ်။ အဲ့ဒီရန်ပွဲကနေပဲ ကောင်လေးတစ်ယောက်ရဲ့အမြင်တွေ ကောင်းမွန်လာခဲ့ပြီးတွေ့သမျှလူတိုင်းကို ကူညီတတ်လာခဲ့တယ်လေ။ သူ ဒီလိုကူညီရင်းနဲ့ မကူညီသင့်တဲ့လူတွေကို ကူညီခဲ့ပြီး ဒုက္ခရောက်ခဲ့ရပုံ…။ အချစ်ကိုရှာတွေ့ခဲ့ပုံနဲ့…။ သူ့ဘဝရ​ခဲ့တဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ဒီဇာတ်ကားကြည့်ရင်း ခံစားကြည့်ကြပါနော်။ ဒီဇာတ်ကားလေးက ဇာတ်လမ်းဘာညာ အသာထား တစ်ခုကြည့်လို့ကောင်းတာကကျွန်တော်တို့ လက်တွေ့ဘဝနဲ့ တော်တော်နီးစပ်တာပါ ဘာလို့လဲဆိုတော့ မင်းသမီးက ယူကျုဆယ်လီလေအဲ့တော့ ပရိသတ်ကြီးများအတွက် ဆယ်လီတွေဆိုတာလည်း သာမန်လူတွေလိုပဲချစ်ကြိုက်ကွဲငြားဇာတ်လမ်းလေးတွေရှိကြောင်း ရှုထောင့်အသစ်တစ်မျိုးကြည့်ရတာပေါ့သီချင်းကောင်းကောင်းလေးတွေနဲ့ အက်ရှင်ခန်းအလန်းတွေရယ်မင်းသမီးအချောလေးတစ်ယောက်ရယ်ပါရင် ကျန်တာဘာလိုဦးမှာလဲဒီဇာတ်ကားကိုချက်ချင်းပါ ပြေးဒေါင်းပြီးကြည့်လိုက်ပါတော့ ပရိသတ်အပေါင်းတို့………

The Machinery of Dreams (2021) ⭐IMDB: 5.2/10 (52 Votes) 🎬 #Fantasy 🗓️ 2021 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 30 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Machinery of Dreams (2021)======================== ကားတိုက်မှုကြောင့် သူ့အမေ ထိခိုက်သွားပြီး ဆေးရုံတက်နေရတာကြောင့် ရှစ်နှစ်သမီးလေး လီလီဟာ သူ့အဒေါ်မာသာ အဘွားဘက်သ်တို့နဲ့အတူ နေရဖို့ အကြောင်းဖန်လာပါတယ်။ သူ့အဘွားဘက်သ်က ပုံပြင်ကောင်းကောင်းလေးတွေ ပြောတတ်သူတစ်ဦးပါ တစ်နေ့မှာတော့ လီလီ့ကို လယ်သမားနဲ့ မီးနတ်သူငယ်ဆိုတဲ့ ပုံပြင်‌လေး ပြောပြပါတယ်။ ပုံပြင်အရ သူ့အမေနေပြန်ကောင်းလာဖို့ နှလုံးသားတစ်စုံကို ရှာရပါမယ်။ နှလုံးသားကို မီးနတ်သူငယ်ကသုံးပိုင်းခွဲပြီး လောကသုံးခုက လူသုံးယောက်ဆီမှာ ပေးထားပါတယ်။သူ့အမေနေပြန်ကောင်းဖို့ ဘာမဆိုလုပ်မယ့် လီလီလေး လောကသုံးခုကို ခရီးသွားပြီး နှလုံးသားအစိတ်အပိုင်းတွေ ရှာပါတော့တယ်။ လီလီလေး ခရီးမှာ ဘာအလှည့်အပြောင်းတွေ ကြုံရဦးမလဲ ဘာသင်ခန်းစာတွေ သင်ယူရမလဲ သူ့အမေရော ပြန်သတိရလာပါ့မလား စတာတွေကို ဒီဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ သင်ယူစရာသင်ခန်းစာတွေ အများကြီး ရမှာမို့ အားလုံး ခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ရင်း တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Phu Myat Thwe ဖြစ်ပါတယ်)

ရင်ခွင်ရှင်းတမ်း ⭐N/A 🎬 # 🗓️ N/A 🎞️ Series 📺 1080p 🌎 #Myanmar ⏰ 28 မိနစ် 2 စက္ကန့် (တစ်ပိုင်းလျှင်) 👑 FDMN ဇာတ်ညွှန်း 📜 ဘဝကိုပေါ့ပျက်ပျက်နေပြီးမဟုတ်မခံတတ်တဲ့စိတ်ရှိတဲ့ ဖိုးသား တစ်ယောက်အလုပ်လုပ်ဖို့ တိုက်တွန်းတဲ့ချစ်သူ ယွန်းငယ် နဲ့အမြဲ ရန်ဖြစ်နေခဲ့ပြီး ဆရာဝန်မလေး စံဝတီ နဲ့ ကောင်းကျော် ကိုမိဘချင်းသဘောတူထားပေမယ့် စံဝတီ မှာ ကောင်းကျော်ကို မိတ်ဆွေလိုသဘောထားခဲ့တော့ ဖိုးသား နဲ့ စံဝတီ တို့မှာတွေ့ဆုံကြရင်း ဖိုးသား ကိုပြုပြင်ဖို့အတွက်ကြိုးစားနေတဲ့ စံဝတီ… စံဝတီ ရဲ့မောင်ဖြစ်သူ နေထက် မှာ ယွန်းငယ် ကို မြင်မြင်ချင်းချစ်မိပြီး ယွန်းငယ် ရဲ့အချစ်ကိုပိုင်ဆိုင်ဖို့ကြိုးစားရင်း ဖိုးသား နဲ့ ယွန်းငယ် တို့ ဘယ်လိုပြသာနာတွေ ဖြစ်ကြမလဲ…ဖိုးသားမှာ ယွန်းငယ် အမှတ်နဲ့လူမှားကာ စံဝတီကိုချစ်ကြောင်းပြောခဲ့တော့ စံဝတီ ရဲ့ရင်ထဲမှာနေရာယူရနေသူက ဖိုးသားလား ကောင်းကျော်လား ဆိုတာ… ယွန်းငယ် ရဲ့ရင်ထဲမှာကော နေထက်က နေရာယူနေမလား... လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ ရင်ခွင်ရှင်းတမ်း ဆိုတဲ့ဇာတ်လမ်းတွဲကို ရင်ခုန်စိတ်လှုပ်ရှားစရာ ဘယ်လိုကြည့်ရမလဲဆိုတာ… ဒီဇာတ်လမ်းတွဲလေးမှာ မေမိုးနဲ့ ဟန်နီကဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေမလဲဆိုတာ… သရုပ်ဆောင် ဟိန်းဝေယံ၊ ညိမ်းသော်၊ အုပ်သာကျော်၊ အေးဝတ်ရည်သောင်း၊ သွန်းဆက်၊ ဟန်လေး၊ သီရိစိုး၊ ခေးလရောင် သားညီ ဒါရိုက်တာ Media7

အလွမ်းသစ်ပင် ⭐N/A 🎬 #series #drama #romance 🗓️ N/A 🎞️ Series 📺 1080p 🌎 #Myanmar ⏰ 45 မိနစ် 58 စက္ကန့် (တစ်ပိုင်းလျှင်) 👑 FDMN ဇာတ်ညွှန်း 📜 လင်းခေတ်ဆိုသည့် ကောင်လေးနှင့် ချမ်းမြေ့ပုလဲသွယ်ဆိုသည့် ကောင်မလေးတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ချစ်ကြသော်လည်း သူတို့ချစ်သူနှစ်ယောက်ကြားထဲသို့ ဘယ်လိုမှ ပေါင်းဖက်လို့မရသည့် အကြောင်းကိစ္စတစ်ခုပေါ်လာခဲ့သည်။ ချမ်းမြေ့ပုလဲသွယ်ကို တစ်ဖတ်သတ်ချစ်မြတ်နိုးနေသူ မင်းခန့်ညားက လင်းခေတ်နှင့် ချမ်းမြေ့ပုလဲသွယ်တို့ကြားသို့ ဝင်ရောက်လာသောအခါ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ခုဖြစ်ပေါ်လာရလေတော့သည်။ သရုပ်ဆောင် ထက်အောင်ရှိုင်း၊ နေထွဋ်၊ လွင်မင်းသန့်၊ ပြည့်ဖြိုးစံ၊ နန်းဆုဦး ဒါရိုက်တာ အောင်ဇော်လင်း ထုတ်လုပ်ရေး Mahar

Iris: The Movie (2010) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Action #Adventure #Drama 🗓️ 2010 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 57 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Iris: The Movie(2010) ******************** အိုင်းရစ်ဆိုတဲ့ ဒရမ်မာလေးကို အတိုချုံ့ပြီး ပြန်ကြည့်ချင်သူများအတွက် movie version လေးရပါပြီ NSS လို့ခေါ်တဲ့အေးဂျင့်အဖွဲ့အစည်းတစ်ခုကနေ အထူးအေးဂျင့်ဖြစ်တဲ့ ဟျွန်းဂျွန်းကို မြောက်ပိုင်းကလူတစ်ဦးကို သတ်ဖို့အတွက်တာဝန်ပေးခဲ့ပါတယ်…. တာဝန်ပြီးမြောက်သွားသော်လည်း သရုပ်မှန်ပေါ်သွားတဲ့အတွက်ကြောင့် NSS ဒါရိုက်တာဘဲ့ဆန်းကနေ သူ့ကိုစွန့်ပစ်ဖို့အတွက် ဟျွန်းဂျွန်းရဲ့သူငယ်ချင်းဖြစ်သူ ဆာဝူကိုအမိန့်ပေးခဲ့ပါတယ်…. အဲဒီကနေတဆင့် ဟျွန်းဂျွန်းတစ်ယောက် နာကျည်းမှုတွေစတင်ကာ မြောက်ကိုရီးယားနဲ့ပူးပေါင်းပြီး လက်စားချေဖို့စတင်ရင်း အိုင်းရစ် ဆိုတဲ့အဖွဲ့အစည်းတစ်ခုအကြောင်း တစ်စတစ်စသိလာတဲ့အခါမှာတော့…. တစ်ဖက်မှာလည်း မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားကို နျူးကလီးယားလက်နက်နဲ့ ဗုံးဖောက်ခွဲဖို့စီစဉ်ရင်း ဘယ်လိုတွေဆက်ပြီး တောင်နဲ့မြောက် ပြဿနာလေးတွေ ဖြေရှင်းသွားမလဲ,,, ဟျွန်းဂျွန်းသိထားတဲ့ အိုင်းရစ်အဖွဲ့ကရော ဘာတွေကြံစည်ပြီး ဘယ်လိုတွေလုပ်ဆောင်နေလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးပါဦး…

Elite Squad (2007) ⭐IMDB: 8.0/10 (106 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2007 🎞️ Movie 📺 720p 🌎 #Brazil #UnitedStates #Argentina ⏰ 1 နာရီ 55 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Elite Squad(2007) **************** IMDb…8.0 ရီယို ဒီဂျနေယိုဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်ပြီး၊ ဆင်းရဲသားရပ်ကွက်တွေမှာဆိုရင်မူးယစ်ရာဇာတွေ၊ မူးယစ်ဂိုဏ်းသားတွေက မူးယစ်ရောင်းဝယ်ပြီး လက်နက်ကိုယ်စီကိုင်ကာအုပ်ချုပ်ပါတယ်။ဒီကရဲတွေဆိုတာကလည်း အကျင့်ပျက်ခြစားကာ မူးယစ်ဂိုဏ်းတွေနဲ့ပေါင်းစားငွေညစ်ဖို့သာ ခြေဆန့်ပြီးမှုခင်းတိုက်ဖျက်ဖို့ဆိုရင်တော့ကိုယ့်နယ်မြေမှာဖြစ်တဲ့လူသေအလောင်းကို အခြားနယ်မြေကိုရွှေ့ပြီးမှုခင်းကျဆင်းရေးကို ဒီလိုစွမ်းဆောင်ကြသူတွေပါ။ ဒီလိုနေရာမျိုးမှာ ပစ်ကြခတ်ကြရဲတွေလည်းမထိန်းသိမ်းနိုင်ဖြစ်လာပြီဆိုရင်ဝင်ပါရသူတွေကတော့ တိုက်ပွဲဝင်အထူးတပ်ဖွဲ့ BOPEတပ်ဖွဲ့ပါပဲ။ ဒီတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ နက်စီမန်တိုဟာဆိုရင် ဖခင်ဖြစ်တော့မှာမလို့တပ်ဖွဲ့ကနေလူစားထိုးရှာပြီး အနားယူဖို့ပြင်ဆင်နေချိန်၊ ဆင်းရဲသားရပ်ကွက်တွေကို ပုပ်ရဟန်းမင်းကြီးလာလည်မယ်ဆိုတော့လုံခြုံရေးကို ဦးစားပေးကာစစ်ဆင်ရေးဆင်းလုပ်ဖို့ ပြင်ဆင်ရပါတော့တယ်…အဲ့ဒီနောက်မှာတော့.. ဒီဇာတ်ကားဟာ ဆုတံဆိပ်တွေများစွာရရှိထားတဲ့ဘရာဇီး၊ ရီယီုရဲ့အခြေအနေတွေကိုမြင်တွေ့ရမယ့် အက်ရှင်ဇာတ်ကားကောင်းမို့လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဗျ။

Elite Squad (2007) ⭐IMDB: 8.0/10 (106 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2007 🎞️ Movie 📺 1080p 🌎 #Brazil #UnitedStates #Argentina ⏰ 1 နာရီ 55 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Elite Squad(2007) **************** IMDb…8.0 ရီယို ဒီဂျနေယိုဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်ပြီး၊ ဆင်းရဲသားရပ်ကွက်တွေမှာဆိုရင်မူးယစ်ရာဇာတွေ၊ မူးယစ်ဂိုဏ်းသားတွေက မူးယစ်ရောင်းဝယ်ပြီး လက်နက်ကိုယ်စီကိုင်ကာအုပ်ချုပ်ပါတယ်။ဒီကရဲတွေဆိုတာကလည်း အကျင့်ပျက်ခြစားကာ မူးယစ်ဂိုဏ်းတွေနဲ့ပေါင်းစားငွေညစ်ဖို့သာ ခြေဆန့်ပြီးမှုခင်းတိုက်ဖျက်ဖို့ဆိုရင်တော့ကိုယ့်နယ်မြေမှာဖြစ်တဲ့လူသေအလောင်းကို အခြားနယ်မြေကိုရွှေ့ပြီးမှုခင်းကျဆင်းရေးကို ဒီလိုစွမ်းဆောင်ကြသူတွေပါ။ ဒီလိုနေရာမျိုးမှာ ပစ်ကြခတ်ကြရဲတွေလည်းမထိန်းသိမ်းနိုင်ဖြစ်လာပြီဆိုရင်ဝင်ပါရသူတွေကတော့ တိုက်ပွဲဝင်အထူးတပ်ဖွဲ့ BOPEတပ်ဖွဲ့ပါပဲ။ ဒီတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ နက်စီမန်တိုဟာဆိုရင် ဖခင်ဖြစ်တော့မှာမလို့တပ်ဖွဲ့ကနေလူစားထိုးရှာပြီး အနားယူဖို့ပြင်ဆင်နေချိန်၊ ဆင်းရဲသားရပ်ကွက်တွေကို ပုပ်ရဟန်းမင်းကြီးလာလည်မယ်ဆိုတော့လုံခြုံရေးကို ဦးစားပေးကာစစ်ဆင်ရေးဆင်းလုပ်ဖို့ ပြင်ဆင်ရပါတော့တယ်…အဲ့ဒီနောက်မှာတော့.. ဒီဇာတ်ကားဟာ ဆုတံဆိပ်တွေများစွာရရှိထားတဲ့ဘရာဇီး၊ ရီယီုရဲ့အခြေအနေတွေကိုမြင်တွေ့ရမယ့် အက်ရှင်ဇာတ်ကားကောင်းမို့လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဗျ။

Margarita with a Straw (2014) ⭐IMDB: 7.2/10 (4 k Votes) 🎬 #Bollywood #Drama 🗓️ 2014 🎞️ Movie 📺 720p 🌎 #India ⏰ 1 နာရီ 53 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Margarita with a Straw (2014)=============================== imdb 7.2 / 3.9k Margaritaလေးတခွက်ကို ပိုက်လုံးလေးနဲ့ စုပ်ပြီးသောက်တတ်တဲ့ မသန်စွမ်းမိန်းမပျိုလေးရဲ့ဆယ်ကျော်သက်အရွယ် ဘဝဖြတ်သန်းတဲ့ပုံစံကိုဟာသရော ဒရာမာရော ရသနှစ်မျိုးကို အလှည့်ကျရောစပ်ပြီးပျော်တလှည့်ဝမ်းနည်းတလှည့်ကြည့်ရှုသွားရမယ့်ဇာတ်လမ်းလေးတပုဒ်ကို တင်ဆက်ပေးချင်ပါတယ် လိုင်လာဆိုတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းမသန်စွမ်းမိန်းကလေးတစ်ယောက်ဖြစ်ပြီး မိဘနှစ်ဦးရဲ့အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ဖူးဖူးမှုတ်ခြင်းခံထားရပြီး အနုပညာပိုင်းကိုလဲ ဝါသနာပါလှသူလေးပဲဖြစ်ပါတယ်အရွယ်ရောက်ပြီး သူမ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့တခြာားရွယ်တူတွေလို အချစ်ကို စမ်းသပ်ရူးမိုက်ချင်သူလေးတဦးဖြစ်လာပါတော့တယ်…သူမဟာ တခြားသာမန်လူတွေလိုပဲ အချစ်ကိုခံစားရူးသွပ်နိုင်မှာလားဒါမှမဟုတ် အချစ်ရေးမှာပဲ ကံခေမှာလားဆိုတာကို ပျော်ရွှင်စရာအခိုက်တန့်လေးတွေဝမ်းနည်းစရာအခိုက်တန့်လေးတွေနဲ့အတူ စီးမြောခံစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်

Fruitvale Station (2013) ⭐IMDB: 7.5/10 (83 k Votes) 🎬 #Biography #Crime #Drama #Romance 🗓️ 2013 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Creed နဲ့ Black panther တွေမှာ နာမည်ကြီးစတားဖြစ်လာတဲ့ Michael B. Jordan ကိုလူတွေ (လူမည်းအများစု)သိပြီး နာမည်ကြီးလာစေမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။၂၀၀၈ ခုနှစ်က Fruitvale ဘူတာမှာဖြစ်ခဲ့တဲ့လူမည်းကောင်လေးကို ရဲကပစ်သတ်မိတဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။အော်စကာ ဟာအရင်ကဆေးခြောက်ရောင်း‌တဲ့သူပေမယ့် ထောင်ကျပြီးနောက် သမီးလေးလဲရှိတော့ လိမ္မာတော့မယ် ဆုံးဖြတ်ပြီးကာမှ အလုပ်ပြုတ်ပြီး ဇနီးဖြစ်သူရဲ့ ငြိုငြင်ခံနေရပါတယ်။ ဒီလိုနဲ့ နှစ်ကူးညမှာမီးပန်းကြည့်ဖို့ မြို့ထဲကိုရထားစီးပြီးသွားကြရာမှာတော့ အဖြစ်ဆိုးနဲ့ကြုံရပါတော့တယ်။သာမန်ရန်ပွဲလေးတခုကို လာဖြေရှင်းကြတဲ့ ရဲကစိတ်တိုပြီး ပစ်သတ်လိုက်ပေမဲ့တရားရုံးမှာ အမှုရင်ဆိုင်ရာမှာတော့ လျှော့တိုက်သေနတ်နဲ့ သေနတ်အစစ်မှားပစ်မိတာဖြစ်ကြောင်းလျှောက်တင်ပြီး ထောင်၂နှစ်သာကျခဲ့လို့ ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့အမှုတခုပါ။ ဖြစ်ရပ်မှန်မှုခင်းတွေကို စိတ်ဝင်စားတဲ့သူတွေ အတွက်ကြည့်သင့်တဲ့ကားလေးပါ။

Fruitvale Station (2013) ⭐IMDB: 7.5/10 (83 k Votes) 🎬 #Biography #Crime #Drama #Romance 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Creed နဲ့ Black panther တွေမှာ နာမည်ကြီးစတားဖြစ်လာတဲ့ Michael B. Jordan ကိုလူတွေ (လူမည်းအများစု)သိပြီး နာမည်ကြီးလာစေမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။၂၀၀၈ ခုနှစ်က Fruitvale ဘူတာမှာဖြစ်ခဲ့တဲ့လူမည်းကောင်လေးကို ရဲကပစ်သတ်မိတဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။အော်စကာ ဟာအရင်ကဆေးခြောက်ရောင်း‌တဲ့သူပေမယ့် ထောင်ကျပြီးနောက် သမီးလေးလဲရှိတော့ လိမ္မာတော့မယ် ဆုံးဖြတ်ပြီးကာမှ အလုပ်ပြုတ်ပြီး ဇနီးဖြစ်သူရဲ့ ငြိုငြင်ခံနေရပါတယ်။ ဒီလိုနဲ့ နှစ်ကူးညမှာမီးပန်းကြည့်ဖို့ မြို့ထဲကိုရထားစီးပြီးသွားကြရာမှာတော့ အဖြစ်ဆိုးနဲ့ကြုံရပါတော့တယ်။သာမန်ရန်ပွဲလေးတခုကို လာဖြေရှင်းကြတဲ့ ရဲကစိတ်တိုပြီး ပစ်သတ်လိုက်ပေမဲ့တရားရုံးမှာ အမှုရင်ဆိုင်ရာမှာတော့ လျှော့တိုက်သေနတ်နဲ့ သေနတ်အစစ်မှားပစ်မိတာဖြစ်ကြောင်းလျှောက်တင်ပြီး ထောင်၂နှစ်သာကျခဲ့လို့ ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့အမှုတခုပါ။ ဖြစ်ရပ်မှန်မှုခင်းတွေကို စိတ်ဝင်စားတဲ့သူတွေ အတွက်ကြည့်သင့်တဲ့ကားလေးပါ။

The Old Ways (2020) ⭐IMDB: 5.4/10 (7 k Votes) 🎬 #Drama #Fantasy #Horror #Thriller 🗓️ 2020 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6.4/10Rotten tomatoes – 95% Horror ကားကောင်းကိုမှ သဘောကျတဲ့ CM ပရိသတ်တွေအတွက် 2020 တုန်းကထွက်ရှိထားတဲ့ မက်ဆီကန် horror ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်ကနေလာတဲ့ မက္ကဆီကိုလူမျိုး သတင်းထောက် ခရစ္စတီးနားတစ်ယောက် ရိုးရာယုံကြည်မှုတွေကိုသတင်းရေးဖို့အတွက် သူ့ရဲ့ဘိုးဘွားတွေရှိရဲ မွေးရပ်မြေ မက္ကဆီကို ကိုပြန်လာပြီး လေ့လာနေတဲ့အချိန်မှာ မသွားသင့်တဲ့နေရာတစ်ခုကို သွားလိုက်မိလို့ ဒေသခံတွေပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်။ ပြန်ပေးဆွဲခံရတဲ့အကြောင်းအရင်းကတော့ သူ့ကိုနတ်ဆိုးဝင်ပူးနေလို့ပါတဲ့။ ဒီလိုနဲ့ ခရစ္စတီးနားဆီကနေ နတ်ဆိုးကိုနှင်ဖို့လုပ်ကြရင်း နတ်ဆိုးကိုပဲအောင်မြင်စွာနှင်နိုင်မလား မအောင်မြင်ပဲ နတ်ဆိုးကဆက်ရှိနေမလား ခရစ္စတီးနားတစ်ယောက်ရောဘယ်လိုဆက်ဖြစ်မလဲဆိုတာကို သည်းထိပ်ရင်ဖိုနဲ့ကြည့်ရှုလိုက်ကြပါဦးဗျ။

Hong Kong Family (2022) ⭐IMDB: 6.1/10 (104 Votes) 🎬 #Drama #Family 🗓️ 2022 🎞️ Movie 📺 1080p 🌎 #HongKong ⏰ 1 နာရီ 53 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ မိသားစု တစ်စုအတွင်းမှာ တွေ့ကြုံလေ့ရှိတတ်တဲ့အကြောင်းအရာတွေအကြောင်း ရိုက်ကူးထားတဲ့ ဟောင်ကောင်မိသားစု ရုပ်ရှင်ကားလေးကို CM က ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးပါရစေ ။ ဟောင်ကောင် မိသားစုတစ်စုဟာ ဇာတိမြေကိုပြန်ပြီး ဆောင်းဦးရာသီမိသားစု လက်စုံထမင်းစားပွဲတစ်ခုကို ကျင်းပခဲ့ပါတယ် ။ဒါပေမဲ့ ဒီလက်စုံထမင်းစားပွဲဟာ သူတို့ ထင်သလိုချောချောမွေ့မွေ့ဖြစ်မနေခဲ့ပါဘူး ။ မိခင်ဖြစ်သူ နဲ့ သားဖြစ်သူမင် တို့နားလည်မှုတွေ ဖြစ်ရင်း မင်ဟာအိမ်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ် ။ ဒါ့အပြင် သမီးဖြစ်သူ လင်ဟာလဲ ယောကျာ်းနဲ့ ပြဿနာတွေဖြစ်ကာသူတို့ရဲ့ လူမမည် ကလေးတွေကိုပါ စိတ်ဒဏ်ရာရစေခဲ့ပါတော့တယ် ။ သားဖြစ်သူ မင် နဲ့ သမီးဖြစ်သူ လင် တို့ရဲ့ အခြေအနေကို ကြည့်ရင်းမိခင်ကြီးမှာ စိတ်မအေးချမ်းနိုင်ဖြစ်ခဲ့ပြီး ဒီမိသားစုရဲ့ ဆက်ဆံရေးဟာလဲ၁၀ စုနှစ်တိုင်တိုင် အေးစက်လို့ နေခဲ့ပါတယ် ။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ မင် တစ်ယောက် မိခင်ကြီးဆီကိုပြန်လာနိုင်ပါ့မလား ? အဆင်မပြေမှုတွေ ရင်ဝယ်ပိုက်ထားတဲ့သူတို့ မိသားစုလေးကရော ပြန်လည် အေးချမ်းနိုင်ပါ့မလား ?ဆိုတာ မိသားစု စိတ်ခံစားချက် ဦးစားပေးဟောင်ကောင်ရုပ်ရှင်လေးကို အခုပဲ ကြည့်ရှုလိုက်ရအောင်ပါနော် ။

The Mist (2007) ⭐IMDB: 7.1/10 (319 k Votes) 🎬 #Horror #Sci-Fi #Thriller #SciFi 🗓️ 2007 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 2 နာရီ 6 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့် တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ် နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ ၀တ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Mist ဆိုတဲ့ ရုပ္ရွင္ကားပါ ဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါ ပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါ စောင်ကို ကွေးနေအောင် ခြုံပါ (FA ဆိုရင္ေပါ့) 😛 ကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါ ဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါ ပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ… တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်း ၀င်ရောက် တိုက်ခက်တဲ့ အချိန် ရေကန်ငယ်လေး ရဲ့ နံဘေးက ပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကို သစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ် မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစု ႏိုးလာတဲ့ အခါမွာေတာ့ အရာအားလံုးဟာ မြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီး အပျက်အစီးတွေကို ရှင်းလင်းကြရပါတယ် သဘာ၀ ဘေးကို ရင်ဆိုင်ဖို့ အတွက် အစားအသောက်က အရေးကြီးတာကြောင့် အိမ်နီးချင်း တစ်ဦး ရယ် ဒေးဗစ် နဲ့ သူ့ရဲ့ သားငယ်တို့ မြို့ထဲက တစ်ခုထဲသော စူပါမားကတ် ကို ထွက်လာခဲ့ပါတယ် လူတိုင်းဟာ အလကား ရသကဲ့သို့ တိုးေ၀ွ႕ အလုအယက်၀ယ်နေကြပါတယ် ဒါ့အပြင် မြူခိုးတွေ အကြောင်းနဲ့ မြို့လေးရဲ့ တောင်ထိပ်မှာ စစ်တပ်မှ စမ်းသပ်နေတဲ့ အနုမြူဓါတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်နိုင်ကြောင်း အထင်အမြင်များ ဖလှယ်ကြ ပြောကြ နဲ့ စကားများ ဖောင်းပွလျက် ရှိပါတယ် ဒီလို နဲ့ သိပ်မကြာခင်ပဲ မြူခိုးများ တစ်ဖြေးဖြေး များလာတော့ တစ်ချို့က အိမ်မပြန်ရဲတော့ပဲ စူပါမားကတ္ အတြင္းကသာ မြူခိုးများ ပျောက်မလားဆိုပြီး စောင့်နေကြပါတယ် ဒါပေမယ့် သူတို့ ထင်သလို မြူခိုးများ မပျောက်ပဲ ကြောက်မက်ဖွယ်ကောင်းသော အကောင်များ သူတို့ဆီ ရောက်ရှိလာမယ်ဆိုတာကို မသိခဲ့ေသာ အခါ…. ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ရဲမာန်အောင် ဖြစ်ပြီး သစ်ဆန်းခန့် မှ တင်ဆက်ပေးထားပါတယ်

The Man from Rome (2022) ⭐IMDB: 5.1/10 (501 Votes) 🎬 #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Spain #Colombia #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Man from Rome(2022) IMDb – 5.1/10 ဥရောပအနောက်တောင်ဘက်ခြမ်း စပိန်နိုင်ငံ ဆဗီးလ်မြို့လေးက ဘုရားကျောင်းတစ်ခုမှာထူးထူးဆန်းဆန်း လူသေမှုတွေဟာ နှစ်ခုတောင် ဆက်နေခဲ့ပါပြီ။ရဲဘက်ဆိုင်ရာတွေက စုံစမ်းပေမဲ့လည်း ဘယ်သူ့ပယောဂမှ မပါတဲ့ သမားရိုးကျလူသေမှုလို့သာ မှတ်ယူလိုက်ရတယ်။ဒါပေမဲ့ လူသတ်တဲ့ဘုရားကျောင်းကြီး ဆိုပြီး ကောလဟာလတွေကတော့ ထွက်စပြုလာပါပြီ။ အဲဒီဘုရားကျောင်းကတော့ Our lady of tearsလို့လည်း သိကြတဲ့မယ်တော်မာရီတစ်ဖြစ်လဲ အပျိုစင်မာကာရေနာ ရုပ်တုရှိရာ ဘုရားကျောင်းလေးပါ။တိုက်ဆိုင်ချင်တော့ အဲဒီဘုရားကျောင်းမြေကို ဝယ်ယူပြီး စီမံကိန်းချကာအဆောက်အဦးတွေ ဆောက်ဖို့ ကြံစည်နေတဲ့ ကုမ္ပဏီတစ်ခုကလည်း ရှိနေပြန်ပါတယ်။ဒါပေမဲ့ ဘုရားကျောင်းကို ပိုင်ဆိုင်သူ ဘရူနာမိသားစုကတော့ မိသားစုအမွေအနှစ်မို့ မရောင်းချင်ပါဘူး။အဲဒီကြားထဲမှာပဲ လူသေမှုနှစ်ခုက ဖြစ်သွားတော့ ဘုရားကျောင်းအိုကြီးကို ဖြိုချဖို့ ရာခိုင်နှုန်းက ပိုများလာပါတယ်။ တစ်ဖက်မှာလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ကွန်ပျူတာ hackခံလိုက်ရပြီး လက်သည် hackerကမာကာရေနာဘုရားကျောင်းကို ဖြိုချခံရမဲ့အရေးကနေ ကယ်တင်ဖို့တောင်းပန်လွှာတစ်စောင်ကို ချန်ရစ်ခဲ့တော့သက်ဆိုင်ရာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေအနေနဲ့ ထောက်လှမ်းရေးပိုင်းက ဖာသာတစ်ယောက်ကို စုံစမ်းဖို့အတွက် လွှတ်လိုက်ရပါတယ်။ အဲဒီလိုစုံစမ်းရာကနေ တဖြည်းဖြည်း ပေါ်လာတဲ့ ဗာတီကန်မြို့က ဘုန်း‌တော်ကြီးတွေရဲ့သပွတ်အူလိုက်နေတဲ့ အရှုပ်တော်ပုံတွေ၊ လူသတ်တဲ့ ဘုရားကျောင်းကြီးဆိုတဲ့နာမည်ရဲ့နောက်ကွယ်က ဖြစ်ရပ်တွေကိုတော့ကိုယ်တိုင်သာ စောင့်မျှော်ရှုစားလိုက်ကြပါခင်ဗျား။ အညွှန်း နဲ့ ဘာသာပြန်ကတော့Hugoပဲ ဖြစ်ပါတယ်။

The Devil Conspiracy (2022) ⭐IMDB: 4.4/10 (1 k Votes) 🎬 #Horror #Sci-Fi #Thriller #SciFi 🗓️ 2022 🎞️ Movie 📺 720p 🌎 #CzechRepublic #Czechia #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Devil Conspiracy (2022) ကမ္ဘာဦးအစ ဒုတိယနေ့ အာရုဏ်ဦးမှာ ဘုရားသခင်ဟာ ကောင်းကင်ဘုံနဲ့ မြေကြီးကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ ပြီးနောက် ကြီးမြတ်တော်မူသော နတ်သားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီနတ်သားတွေဟာ ကောင်းကင်မှာ စံပယ်ကြတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲ အရေးအပါဆုံးတစ်ခုဖြစ်ခဲ့တဲ့ လူစီဖာဟာ အဲဒီနတ်သားတွေထဲက တစ်ယောက်ပေါ့။ လူစီဖာဟာ မောနင်းစတားလို့အမည်တွင်တဲ့အထိ ကောင်းမြတ်ခြင်းတွေ ပြည့်နေသလို တစ်ချိန်တည်းမှာ မာနနဲ့အတ္တကလည်းကြီးပြန်တယ်။ ဒီတော့ လူစီဖာက ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်ပိုင်အာဏာဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားနတ်သားတွေကိုလည်း စည်းရုံးခဲ့တယ်။ ဒီနောက် မိုက်ကယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ မိုက်ကယ်နဲ့လူစီဖာဟာ ကောင်းကင်တလင်းမှာ စီးချင်းထိုးကြတယ်။ ဒီဇာတ်လမ်းက လူစီဖာ ဘုရားသခင်ကို ပုန်ကန်လို့ မိုက်ကယ်နဲ့ လူစီဖာ စစ်ခင်းကြတဲ့အချိန်က စတယ်။ မိုက်ကယ်နဲ့ လူစီတိုက်ခိုက်ကြရင်း လူစီဖာ ကောင်းကင်ဘုံက ပြုတ်ကျလာတယ်။ ကမ္ဘာပေါ် သူပြုတ်ကျသွားတဲ့ကျင်းကြီးက ငရဲထိပေါက်တယ်။ မိုက်ကယ်က လူစီဖာကို ငရဲမှာ ချုပ်နှောင်ထားခဲ့တယ်။ ဒီနောက် နတ်ပြည်ကို ပြန်သွားတယ်။ နောက်တော့ ဒီဘက်ခေတ်ရောက်လာတယ်။ ယေရှု့ခြုံထည်အပိုင်းအစလေးကို ပြပွဲလုပ်ပြီး ပြသတဲ့ပွဲတစ်ခုမှာ တမန်တော်တွေကို မယုံတဲ့ မိန်းကလေးနဲ့ ဖာသာတစ်ပါး အတူတူရှိနေကြတယ်။ လူစီဖာ့တပည့်မကောင်းဆိုးရွားတွေက အဲဒီခြုံထည်ကို လာခိုးကြတယ်။ ခရစ်တော်ရဲ့ ဒီအန်အေကနေ ခရစ်တော်ကိုပြန်မွေးဖွားလာအောင်လုပ်ပြီး လူစီဖာရဲ့အခွံအဖြစ်အသုံးချမလို့ပေါ့။ မကောင်းဆိုးရွားတွေ ယေရှု့ခြုံထည်ကို လာခိုးတာနဲ့တိုးပြီး ဖာသာကသေပြီး ကောင်မလေးက အဖမ်းခံလိုက်ရတယ်။ အဖမ်းခံရတဲ့အကြောင်းရင်းက လူစီဖာဝင်ပူးဖို့အတွက် ဖန်ပြွန်သန္ဓေသားနဲ့ ယေရှု့ကို ကိုယ်ဝန်ပြန်ဆောင်ခိုင်းဖို့ပါတဲ့။ ယေရှု့ခြုံထည်က ဒီအန်အေနဲ့ သူက ယေရှု့ဒီအန်အေကိုသုံးပြီး ဖန်ပြွန်သန္ဓေသားလိုစနစ်နဲ့ ကောင်မလေးထဲထည့်ပြီး ကောင်မလေးကို ကိုယ်ဝန်ဆောင်ခိုင်းပြီး လူစီဖာအတွက်အခွံဖန်တီးကြမှာပါ။ ဖာသာဟာ နောက်ဆုံးထွက်သက်မှာ မိုက်ကယ်ကို ဆုတောင်းလိုက်တယ်။ ဖာသာ့ကိုယ်ထဲ မိုက်ကယ်ဝင်သွားပြီး ကောင်မလေးကိုပြန်ကယ်ဖို့ လူစီဖာကိုတားဖို့ လုပ်လာတယ်။ ဒီနောက် ကောင်းကင်နဲ့ငရဲ အမှန်တရားနဲ့ဆိုးယုတ်မှု အကောင်းနဲ့အဆိုး လူစီဖာနဲ့ မိုက်ကယ်ကြားက ဒီဘက်ခေတ်တိုက်ပွဲအစစ်ကို မျက်မြင်ကိုယ်တွေ့ မြင်ရမယ့်ကားအလန်းကြီးမို့ ကြည့်ကိုကြည့်သင့်ပါတယ်။ ဘာလို့ဆို ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်ကိုမှ ဘုရားသခင်က ဂျင်းထည့်ပြီး ထပ်ပေါက်ပေါက်ရှာရှာလုပ်ထားသေးတော့ ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်မျိုးကို ခင်ဗျားဘဝမှာ ထပ်မြင်ရဖို့ မသေချာလို့ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုLuciferမှ ပြန်ဆို ရေးသားထားပါတယ်)

The Devil Conspiracy (2022) ⭐IMDB: 4.4/10 (1 k Votes) 🎬 #Horror #Sci-Fi #Thriller #SciFi 🗓️ 2022 🎞️ Movie 📺 1080p 🌎 #CzechRepublic #Czechia #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Devil Conspiracy (2022) ကမ္ဘာဦးအစ ဒုတိယနေ့ အာရုဏ်ဦးမှာ ဘုရားသခင်ဟာ ကောင်းကင်ဘုံနဲ့ မြေကြီးကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ ပြီးနောက် ကြီးမြတ်တော်မူသော နတ်သားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီနတ်သားတွေဟာ ကောင်းကင်မှာ စံပယ်ကြတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲ အရေးအပါဆုံးတစ်ခုဖြစ်ခဲ့တဲ့ လူစီဖာဟာ အဲဒီနတ်သားတွေထဲက တစ်ယောက်ပေါ့။ လူစီဖာဟာ မောနင်းစတားလို့အမည်တွင်တဲ့အထိ ကောင်းမြတ်ခြင်းတွေ ပြည့်နေသလို တစ်ချိန်တည်းမှာ မာနနဲ့အတ္တကလည်းကြီးပြန်တယ်။ ဒီတော့ လူစီဖာက ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်ပိုင်အာဏာဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားနတ်သားတွေကိုလည်း စည်းရုံးခဲ့တယ်။ ဒီနောက် မိုက်ကယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ မိုက်ကယ်နဲ့လူစီဖာဟာ ကောင်းကင်တလင်းမှာ စီးချင်းထိုးကြတယ်။ ဒီဇာတ်လမ်းက လူစီဖာ ဘုရားသခင်ကို ပုန်ကန်လို့ မိုက်ကယ်နဲ့ လူစီဖာ စစ်ခင်းကြတဲ့အချိန်က စတယ်။ မိုက်ကယ်နဲ့ လူစီတိုက်ခိုက်ကြရင်း လူစီဖာ ကောင်းကင်ဘုံက ပြုတ်ကျလာတယ်။ ကမ္ဘာပေါ် သူပြုတ်ကျသွားတဲ့ကျင်းကြီးက ငရဲထိပေါက်တယ်။ မိုက်ကယ်က လူစီဖာကို ငရဲမှာ ချုပ်နှောင်ထားခဲ့တယ်။ ဒီနောက် နတ်ပြည်ကို ပြန်သွားတယ်။ နောက်တော့ ဒီဘက်ခေတ်ရောက်လာတယ်။ ယေရှု့ခြုံထည်အပိုင်းအစလေးကို ပြပွဲလုပ်ပြီး ပြသတဲ့ပွဲတစ်ခုမှာ တမန်တော်တွေကို မယုံတဲ့ မိန်းကလေးနဲ့ ဖာသာတစ်ပါး အတူတူရှိနေကြတယ်။ လူစီဖာ့တပည့်မကောင်းဆိုးရွားတွေက အဲဒီခြုံထည်ကို လာခိုးကြတယ်။ ခရစ်တော်ရဲ့ ဒီအန်အေကနေ ခရစ်တော်ကိုပြန်မွေးဖွားလာအောင်လုပ်ပြီး လူစီဖာရဲ့အခွံအဖြစ်အသုံးချမလို့ပေါ့။ မကောင်းဆိုးရွားတွေ ယေရှု့ခြုံထည်ကို လာခိုးတာနဲ့တိုးပြီး ဖာသာကသေပြီး ကောင်မလေးက အဖမ်းခံလိုက်ရတယ်။ အဖမ်းခံရတဲ့အကြောင်းရင်းက လူစီဖာဝင်ပူးဖို့အတွက် ဖန်ပြွန်သန္ဓေသားနဲ့ ယေရှု့ကို ကိုယ်ဝန်ပြန်ဆောင်ခိုင်းဖို့ပါတဲ့။ ယေရှု့ခြုံထည်က ဒီအန်အေနဲ့ သူက ယေရှု့ဒီအန်အေကိုသုံးပြီး ဖန်ပြွန်သန္ဓေသားလိုစနစ်နဲ့ ကောင်မလေးထဲထည့်ပြီး ကောင်မလေးကို ကိုယ်ဝန်ဆောင်ခိုင်းပြီး လူစီဖာအတွက်အခွံဖန်တီးကြမှာပါ။ ဖာသာဟာ နောက်ဆုံးထွက်သက်မှာ မိုက်ကယ်ကို ဆုတောင်းလိုက်တယ်။ ဖာသာ့ကိုယ်ထဲ မိုက်ကယ်ဝင်သွားပြီး ကောင်မလေးကိုပြန်ကယ်ဖို့ လူစီဖာကိုတားဖို့ လုပ်လာတယ်။ ဒီနောက် ကောင်းကင်နဲ့ငရဲ အမှန်တရားနဲ့ဆိုးယုတ်မှု အကောင်းနဲ့အဆိုး လူစီဖာနဲ့ မိုက်ကယ်ကြားက ဒီဘက်ခေတ်တိုက်ပွဲအစစ်ကို မျက်မြင်ကိုယ်တွေ့ မြင်ရမယ့်ကားအလန်းကြီးမို့ ကြည့်ကိုကြည့်သင့်ပါတယ်။ ဘာလို့ဆို ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်ကိုမှ ဘုရားသခင်က ဂျင်းထည့်ပြီး ထပ်ပေါက်ပေါက်ရှာရှာလုပ်ထားသေးတော့ ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်မျိုးကို ခင်ဗျားဘဝမှာ ထပ်မြင်ရဖို့ မသေချာလို့ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုLuciferမှ ပြန်ဆို ရေးသားထားပါတယ်)

My Mom Made Me Do It (2022) ⭐IMDB: 5.1/10 (93 Votes) 🎬 #Drama #Thriller #TVMovie 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Canada #UnitedStates ⏰ 1 နာရီ 26 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Mom Made Me Do It [Deadly Secrets] (2022)=================================== ဂျိတ်ဆိုတဲ့ထူးချွန်သူအထက်တန်းကျောင်းသူလေးဟာ သူ့အမေဖရီဒါနဲ့အတူ ဆွိမဲဒေါလ်ဆိုတဲ့နေရာကိုပြောင်းလာတာမကြာသေးပါဘူး။ အမေတစ်ခုသမီးတစ်ခုဆိုပေမယ့် ဖရီဒါက နာမည်ကျော်စာရေးဆရာမဖြစ်တာကြောင့် ဂျိတ်တစ်ယောက် ငွေကြေးကိစ္စတွေပူပန်စရာမလိုဘဲနဲ့ အမေ့ဆီကအချစ်တွေအကုန်ရပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းခဲ့ရပါတယ်။ ဖော်ရွေသဘောကောင်းသူလေးဖြစ်တာကြောင့် ဂျိတ်ဟာ ကျောင်းသစ်မှာလည်း သူငယ်ချင်းသစ်တွေ ချက်ချင်းကိုပဲရလာခဲ့ပါတယ်။ဒါပေမယ့် ဂျိတ်ပျော်ရွှင်မှုတွေဟာကြာရှည်မခံပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နေ့မှာ ဂျိတ်သူငယ်ချင်းသစ်ဖြစ်သူ ထီအန်းတစ်ယောက်အသတ်ခံခဲ့ရပါတယ်။ ဖရီဒါကလည်း ဂျိတ်ထင်ထားသလို ပြီးပြည့်စုံသာယာနေတာမဟုတ်ဘဲနဲ့ အခက်အခဲပြဿနာတချို့နဲ့ရင်ဆိုင်နေရာကိုမထင်မှတ်ဘဲသိခဲ့ရအပြီးမှာ ဂျိတ်တစ်ယောက် အမေကိုကူချင်ပေးချင်စိတ်နဲ့အန္တရာယ်များတဲ့အလုပ်တစ်ခုကိုလက်ခံလုပ်ခဲ့မိလိုက်တယ်။ ဒီတော့ အဲဒီအလုပ်ကဘာဖြစ်မလဲ၊ အဲဒီအလုပ်လုပ်မိရာကနေ ဂျိတ်နဲ့ဖရီဒါတို့ဘဝလေး ဘာဆက်ဖြစ်သွားမလဲ၊ ထီအန်းကိုသတ်တဲ့သူကရောဘယ်သူဖြစ်နေမလဲ၊ ဂျိတ်တို့ပါအန္တရာယ်ရှိလာနိုင်မလားဆိုတာကိုတော့ဒီ “My Mom Made Me Do It” ဇာတ်ကားလေးကိုဆက်ကြည့်ပြီးအဖြေရှာကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ FionaGillen ဖြစ်ပါတယ်)