en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
To All A Good Night (2023) ⭐IMDB: 7.7/10 (488 Votes) 🎬 #Drama #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 25 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 To All a Good Night (2023)=================== To All A Good Night ဇာတ်ကားကတော့ ခရစ်စမတ်ဒရာမာကားလေးပါနော်။ လျှို့ဝှက်ဇာတ်လမ်းလို့လည်း ပြောလို့ရပါတယ်။ဇာတ်အိမ်ကို စစ်မှုထမ်းဟောင်းတွေရဲ့ စိတ်ဒဏ်ရာတွေမှာ သွားပြီးတော့ လျှို့ဝှက်အခြေတည်ထားပါတယ်။ မိသားစုနဲ့အတူ ကြည့်ဖို့သင့်တော်တဲ့ခရစ်စမတ်ကားလေးပါ။ ခရစ်စမတ်က မိသားစုတွေအားလုံးအတွက် အမှတ်တရတွေကို ပြန်ပြီးအမှတ်ရစေပါတယ်။ အဲဒီအခါမှာ ဝမ်းသာစရာတွေချည်း မဟုတ်ဘဲ ဝမ်းနည်းစရာတွေပါရှိနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဝမ်းနည်းစရာတွေကိုကျော်ဖြတ်ပြီးသွားရင်တော့ ခံနိုင်ရည်ရှိတဲ့သူအဖြစ်ရောက်ရှိသွားကြတာပါပဲ။ဒီလိုကျော်ဖြတ်နိုင်ဖို့ဆိုရင် ကိုယ့်အနားမှာ အားပေးမယ့်သူလိုအပ်ပါတယ်။ ဆမ် နဲ့ စီစိီတို့ ဘယ်လို ကျော်ဖြတ်သွားကြပါသလဲ ။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Andy Mikita က ရိုက်ကူးထားပြီးတော့ IMDbrating 7.7 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...

The Legacy Of Dr. Death: Black File (2020) ⭐IMDB: 5.5/10 (99 Votes) 🎬 #Mystery #Thriller #Drama 🗓 2020 🎞 movie 🌎 #Japan ⏰ 2 နာရီ 1 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Legacy of Dr. Death: Black File (2020) ~ IMDb – 5.5/10, MyDramaList – 7.4/10 ~ “လူသားတွေမှာ ရှင်သန်ခွင့်ရှိရင် သေဆုံးခွင့်လည်း တန်းတူရှိသင့်တယ်” မိုးရွာတဲ့ညတစ်ညမှာ ကလေးတစ်ယောက်က သူ့အဖေက ဆရာဝန်ဆိုးတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်ဆိုပြီး ဖုန်းဆက်တိုင်ကြားခဲ့လို့ စုံထောက်တွေဖြစ်ကြတဲ့ အီနုကာအီ (Inukai) နဲ့ တာကာချီဟို (Takachiho) တို့ သွားရောက်စုံစမ်းကြတော့ အဲဒီကလေးရဲ့အဖေက ရောဂါကျွမ်းနေပြီဖြစ်တဲ့လူတစ်ယောက်ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးချင်တယ်လို့ မရဏဒေါက်တာ (Dr.Death) ကို တောင်းဆိုပြီး ဆေးထိုးခံ သေဆုံးသွားတယ်လို့သိရတယ်။ အဲဒီအမှုကနေသိလိုက်ရတာက မရဏဒေါက်တာမှာ တရားမဝင်ဝက်ဆိုက်ရှိပြီး အဲဒီကနေ ညင်သာစွာဇီဝိန်ခြွေပေးဖို့ (Euthanasia) ကို တောင်းဆိုနေကြသူတွေတွေ့လို့ အီနုကာအီတို့လည်း တဖြည်းဖြည်းလိုက်လံစုံစမ်းရင်း… ထင်သလောက်မရိုးစင်းတဲ့ ဇာတ်လမ်း မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။ ၂၀၁၇ ခုနှစ်မှာရေးသားထုတ်ဝေခဲ့တဲ့ Shichiri Nakayama ရဲ့ Dr. Death no Isan: Black File ကို ၂၀၂၀ ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်။ Shichiri Nakayama ဆိုတာ ၂၀၂၁ ခုနှစ်မှာထွက်ခဲ့တဲ့ In the Wake ဆိုတဲ့ဇာတ်ကားရဲ့ မူရင်းစာရေးဆရာလည်းဖြစ်ပါတယ်။ Homunculus (2021), Hard Days (2023), Ajin Demi-Human (2017) မှာသရုပ်ဆောင်ခဲ့တဲ့ Go Ayano နဲ့ The Promised Neverland (2020), Stolen Identity (2018) မှာပါခဲ့တဲ့ Keiko Kitagawa တို့က အဓိကပါဝင်ထားကြပါတယ်။ Euthanasia ဆိုတာက Mercy Killing ဆိုတဲ့ “ဝဋ်ကျွတ်အောင်သတ်ပေးခြင်း” လိုပါပဲ။ ကုသလို့မရတော့တဲ့ရောဂါဖြစ်ဖြစ်၊ နာတာရှည်ရောဂါဖြစ်ဖြစ်ခံစားနေရတဲ့ ကိုယ်က ကိုယ့်ကိုယ်ကိုယ်လည်းဒုက္ခခံရ၊ ကိုယ့်မိသားစုဝင်တွေကိုလည်း တစ်နည်းနည်းနဲ့ အကျိုးမပေးမှတော့ အမြန်ဆုံး ဒီဝဋ်ကနေကျွတ်ချင်ကြမှပဲလေ။ အဲဒါကို ဆေးဝါးတစ်ခုခုနဲ့ ညင်ညင်သာသာ ဇီဝိန်ခြွေပေးတဲ့ Euthanasia ဆိုတဲ့ဝန်ဆောင်မှုကရှိလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူကိုသေအောင်သတ်တဲ့လုပ်ရပ်ဆိုတာ လူသတ်မှုနဲ့မခြားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAKမှ ပြန်ဆို ရေးသားထားပါတယ်)...

Dosti: Friends Forever (2005) ⭐TMDB: 50.0% User Score 🎬 #Bollywood #Drama #Romance 🗓 2005 🎞 movie 🌎 #India #SouthAfrica ⏰ 2 နာရီ 10 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dosti: Friends Forever (2005)“အခင်ဆုံးသူငယ်ချင်းနှစ်ယောက်” 2005 ကထွက်ရှိခဲ့တဲ့ ရိုမန့်/ဒရာမာ ကားဟောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်မင်းသားချော အာရှေးကူးမားနဲ့ အတူ Bobby Deol နဲ့ Kareena Kapoor တို့ပါဝင်ထားတဲ့ အတိတ်ကို ပြန်လွမ်းချင်သွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ရုံတင်ဝင်ငွေအရလည်း အောင်မြင်ခဲ့တဲ့ကားတစ်ကားပါ “မိတ်ဆွေသူငယ်ချင်းဆိုတာ ဘုရားသခင်ပေးတဲ့ အကောင်းဆုံးဆုလာဘ်တစ်ခုပဲ” ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ဘဝမှာ ချစ်သူနဲ့တောင် ဝေခွဲဆုံးဖြတ်လို့မရနိုင်တဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက် ရှိကြမှာပါဒီဇာတ်လမ်းထဲမှာ “ကာရန်” နဲ့ “ရာ့ဂျ်” တို့ရဲ့သူငယ်ချင်းနှစ်ယောက်ဆက်ဆံရေးကို လှပစွာ ပုံဖော်ထားနိုင်ခဲ့ပြီး အာရှေးကူးမားရဲ့ မျက်နှာပြောင်ပုံတွေကလည်း ဖျော်ဖြေပေးနိုင်သလို သူ့ရဲ့ ဒရာမာချိုးပုံကလည်း ထိမိဂွိကြောင်းပါ ကာရန်က ကျိကျိတက်ချမ်းသာတဲ့ မိသားစုက သူဌေးသားဆိုပေမယ့် သူ့အတွက် မိသားစုဝင်ဖြစ်ခဲ့တာကတော့ သူငယ်ချင်း ရာ့ဂျ် ပဲဖြစ်ပါတယ်အဖေက စီးပွားရေးနဲ့ အမြဲအလုပ်ရှုပ်နေခဲ့ပြီး အမေကလည်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတင်းအဖျင်းပြောဖို့လောက်သာ အာရုံစိုက်ခဲ့တဲ့သူမို့ ကာရန်ဟာ ငယ်ငယ်လေးတည်းက ရွှေဘုံပေါ်မှာ အထီးကျန်ဆန်တဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူပါတစ်နေ့ တစ်ယောက်တည်း လျှောက်ပြေးရင်း ချောက်ကမ်းပါးကို ကျတော့မယ့်အချိန် လက်ကမ်းပေးခဲ့တဲ့ “ရာ့ဂျ်” ဆိုတဲ့ ဆင်းရဲသားလေးကြောင့်သာ အသက်ဆက်ရှင်ခွင့်ရခဲ့ပြီး အဲဒီနေ့က စလို့ ရာ့ဂျ်ကို သူ့အိမ် ခေါ်လာခဲ့ပြီး သွားအတူ ကစားအတူ ဖြစ်ခဲ့ပါတယ် တစ်နေ့ ရာ့ဂျ် ချစ်တဲ့ အန်ဂျာဆီဆိုတဲ့ မိန်းကလေးဆီက အဖြေရခဲ့ပြီး အမြဲတပူးပူးတတွဲတွဲလုပ်ခဲ့တဲ့ သူတို့နှစ်ယောက် အတူတူမင်္ဂလာဆောင်မယ်လုပ်ကာမှ ရည်းစားမမြဲတဲ့ သူဌေးသား ကာရန်တစ်ယောက် ရာ့ဂျ်နဲ့ အန်ဂျာလီတို့ မင်္ဂလာဆောင်မယ့်ရက်မတိုင်ခင်တစ်လအတွင်း အလျှင်အမြန်လက်တွဲဖော်ရဖို့ သူငယ်ချင်း နှစ်ယောက် ဘယ်လိုကြိုးပမ်းကြမလဲ သူတို့သူငယ်ချင်းနှစ်တွဲ တကယ်ရော တစ်ရက်ထဲမှာ အတူတူ လက်ထပ်နိုင်ပါ့မလားသူတို့နှစ်ယောက် ဂရုမစိုက်တဲ့ လူ့အသိုင်းအဝိုင်းကရော သူတို့ ညှိသလို အရာရာအဆင်ပြေချောမွေ့နိုင်ပါ့မလား ဆိုတဲ့အချစ် အလွမ်း အဆွေး ရသစုံလင်စွာ 2000 ခုနစ်များဆီသို့ ပြန်လည်ခေါ်ဆောင်ပေးသွားမယ့် ဒီဇာတ်ကားလေးကို ကြည့်ဖို့ တိုက်တွန်းပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik San နဲ့ KKKZ  တို့မှ တင်ဆက်ထားပါတယ်။)...

Silent Night (2002) ⭐TMDB: 62.0% User Score 🎬 #Biography #Drama #War 🗓 2002 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 26 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်တာကတော့ 2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်နောက်ခံဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ IMDB 7.5 ထိ ရရှိထားပြီး Nomination 4 ခုဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလဲမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ကြည်နူးစရာကောင်းတဲ့အဖြစ်အပျက်လေးအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကားထဲကလိုဖြစ်ရပ်မျိုး ပထမတကြိမ်ဖြစ်ခဲ့ဖူးတာကတော့ ပထမကမ္ဘာစစ်ကာလ ၁၉၁၄ ခုနှစ်မှာပါ။ Christmas Truce လို့ခေါ်ပါတယ်။ တဖက်နဲ့တဖက် အသေအလဲပစ်ခတ်နေကြတဲ့ ရန်သူစစ်သားတွေဟာ မုန်းတီးမှုတွေကိုခနဘေးဖယ်ထားပြီး လူသားဆန်စွာနဲ့ ခရစ်စမတ်နေ့လေးကိုဖြတ်သန်းခဲ့ကြတာပါ။ ဒီရုပ်ရှင်ကားဟာလည်း အမေရိကန်စစ်သားသုံးယောက်နဲ့ဂျာမန်စစ်သားသုံးယောက်တို့ ခရစ်စမတ်ညလေးကို ပျော်ရွှင်စွာအတူဖြတ်သန်းကြတဲ့အကြောင်းရိုက်ပြထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ၁၉၄၄ ခုနှစ်၊ ခရစ်စမတ်မတိုင်မီနေ့မှာ “မစ္စဝင်ကန်”နဲ့ သူမရဲ့သား “ဖရစ်” တို့ဟာ မြို့ပေါ်ကအိမ်ဗုံးကြဲခံလိုက်ရတဲ့အတွက် တောထဲက အမဲလိုက်တဲ့အိမ်လေးမှာခနပုန်းရှောင်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ထိုနေရာဟာ အမေရိကန်နဲ့ ဂျာမန်တို့ တိုက်ပွဲဖြစ်နေတဲ့နေရာပါ။ မစ္စဝင်ကန်ကတော့ အေးဆေးစွာနဲ့ပဲ တဲအိမ်ရောက်ရောက်ချင်းသူ့သားကိုစာသင်ဖို့လုပ်ပါတော့တယ်။ ထိုစဉ်မှာပဲ အမေရိကန်စစ်သားသုံးယောက်လမ်းမှားပြီး မစ္စဝင်ကန်တို့တဲအိမ်‌လေးကိုရောက်ရှိလာပါတယ်။ မစ္စဝင်ကန်လည်း ဘာမှမပြောသာပဲ ဝင်ခွင့်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ဂျာမန်စစ်သားသုံးယောက် မစ္စဝင်ကန်တို့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်စစ်သားသုံးယောက်နဲ့ ဂျာမန်စစ်သားသုံးယောက်၊ မစ္စဝင်ကန်တို့သားအမိ ၊ တိုက်ပွဲဖြစ်နေတဲ့ကာလအတွင်းမှာ ဒီလိုရန်သူခြောက်ယောက်ဟာ မုန်းတီးမှုတွေခနဘေးဖယ်ထားပြီး ခရစ်စမတ်ညလေးကိုဘယ်လိုဖြတ်သန်းကြမလဲဆိုတာ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။...

A Beautiful Married Woman With Glasses – Suzu Matsuoka (Decensored – KBR-006) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 51 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ချစ်စရာမျက်နှာလေးနဲ့ ကလေးဆန်တဲ့ ညီမလေးတွေက ချစ်ဖို့ကောင်းတာမှန်ပေမဲ့ အိန္ဒြေအပြည့် တည်ငြိမ်တဲ့ မျက်နှာထားလေးနဲ့ တောင့်ဖြောင့်တဲ့ မမတွေဆိုတာကလည်း တစ်ခါငြိတစ်သက်စွဲလန်းသွားစေမဲ့ မူးယစ်ဆေးလေးလိုပါပဲ…… အဲဒီလို လှပမှုတွေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်မှုတွေနဲ့ တည်ငြိမ်တဲ့ မျက်နှာထားလေးကို ပိုင်ဆိုင်းထားတဲ့ မင်းသမီးလေး Suzu Matsuoka ရဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ….. ဒီ KBR-006 ကားလေးထဲမှာတော့ မမက အိမ်ထောင်သက်ကြာလာတဲ့အချိန်မှာ သူ့အမျိုးသားက လိုသလောက်မပေးတော့လို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ရာမှ လောကရဲ့ အထွတ်အထိပ်အရသာကို စွဲမက်သွားတဲ့အကြောင်းလေး ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်လို့ မျက်စိပဿဒလည်းဖြစ် စိတ်ဝင်စားမှုလည်းကောင်းစေမဲ့ကားလေးမို့ မြေကြီးကိုလက်နဲ့ခတ်ရင်တောင် လွဲရင်လွဲပါလိမ့်ဦးမယ် အမြန်သာကြည့်လိုက်ပါ စိတ်ကျေနပ်မှုရစေမှာကတော့ အသေချာပါပဲ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...

Showdown at the Grand (2023) ⭐IMDB: 5.4/10 (275 Votes) 🎬 #Action #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Showdown at the Grand (2023) ~ Rotten Tomatoes – 100% ~ ငယ်ငယ်တည်းက မိသားစုအမွေအနှစ်ဖြစ်တဲ့ ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်ခံခဲ့ပြီး အမှတ်တရတွေပြည့်နေတဲ့ ဂန္ထ၀င်ရုပ်ရှင်ရုံကြီးကို တန်ဖိုးထား ဂုဏ်ယူတဲ့ ဂျော့ရှ်… အချိန်တွေကြာလာတော့ စီးပွားရေးသိပ်အဆင်မပြေတော့ပေမဲ့ မစွန့်ပစ်ဘဲ ဆက်လက်ထိန်းသိမ်းခဲ့သူ။ ဂျော့ရှ်အကြိုက်ဆုံး အက်ရှင်ကားတွေရဲ့ ဇာတ်လိုက်ကျော်သူရဲကောင်းက ကလော့လုဟယ်လီဒေးဖြစ်ပြီး သူပါသမျှရုပ်ရှင်တိုင်း မလွတ်တမ်းကြည့်ခဲ့ပြီး ပစ္စည်းတွေပါ စုဆောင်းထားပါတယ်။ ပြသာနာက အဖွဲ့အစည်းတစ်ခုက ဂျော့ရှ်တို့ရပ်ကွက်မှာ ခေတ်မီ Facilities တွေ အရာအားလုံးပါ၀င်တဲ့ အိမ်ရာစီမံကိန်းလိုမျိုးဆောက်ဖို့ စီစဉ်တာကနေ စပါတယ်။ ဂျော့ရှ်ရဲ့ရုပ်ရှင်ရုံရော အနားတစ်ဝိုက်က နေရာတွေကိုပါ ၀ယ်ပြီး ဖယ်ခိုင်းတာကြောင့်ပါ။ ဂျော့ရှ်က သူ့အတွက်အရာရာဖြစ်တဲ့ နေရာကိုမရောင်းဘူးငြင်းဆန်တဲ့အခါ… Developers တွေက နည်းမျိုးစုံသုံးပြီး ဖယ်ပေးအောင် ကြိုးပမ်းပါတော့တယ်။ ဂျော့ရှ်ကလည်း တစ်ဖက်မှာ သူ့ရုံလူ၀င်အောင် သူ့ရဲ့သူရဲကောင်းကြီး ဟယ်လီဒေးကို မရရအောင် ဖိတ်ခေါ်ခဲ့ပါတယ်။ ဟယ်လီ‌ဒေးရောက်လာတဲ့နေ့မှာပဲ ရန်သူတွေက ၀င်ရောက်အကြမ်းဖက်တဲ့အခါ ဂျော့ရှ်တစ်ယောက် သူ့ရဲ့ရုပ်ရှင်စတားနဲ့အတူ တိုက်ခိုက်ကာကွယ်တာကို ရှုစားရမှာပါ။ ဂျော့ရှ်က ရုပ်ရှင်ခရေဇီဖြစ်တဲ့အလျောက် တစ်ကားလုံး ဂန္ထ၀င်ရုပ်ရှင်ကားနာမည်တွေနဲ့ ဒိုင်ယာလော့တွေပါ ထည့်သုံးပြောသွားတာကိုပါ မြင်ရမှာဖြစ်ပါတယ်။ ပထမဆုံး War Machine ဖြစ်ခဲ့တဲ့ Terrence Howard အပြင် The Mentalist စီးရီးနဲ့ နာမည်ကျော်ခဲ့တဲ့ Amanda Righetti ကိုပါ ပြန်တွေ့ရမှာဖြစ်ပြီး ကိုယ်တွေကလေးဘဝတုန်းက ရုရှားအာနိုးလို့ ခေါ်ခဲ့ကြတဲ့ Dolph Lundgren ကြီးကိုလည်း ပြန်‌အားပေးနိုင်မယ့်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Hate to Be Around My Boyfriend-Non Shirahana [EBOD-989-Decensored] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 56 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 JAV မင်းသမီးတွေထဲ Non Shirahana ဆိုတာ ထည်ထည်ဝါဝါ တောက်ကြွားတဲ့ဆိုက်မျိုးနဲ့ လုံးဝဆိုက်ပြည့်တင်းပြည့်ပါ။ မှိုင်းကျတဲ့အကြည့်မျိုးတွေနဲ့ ရီဝေစွာကြည့်တတ်ပါသေးတယ်။ EBOD-989-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမရဲ့ တောက်ကြွားမှုတွေနဲ့ ပုရိသတွေကို ဘယ်လိုဒုက္ခပေးမလဲဆိုတာ မြင်တွေ့ရမှာပါ။ Decensored Version နဲ့ဆိုတော့ Non Shirahana ကို တင်းပြည့်ကျပ်ပြည့်ရှုမြင်ကြရပါမယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Police Story 4: First Strike (1996) ⭐TMDB: 65.0% User Score 🎬 #Action #Asian #Comedy #JackieChan #Adventure #Crime #Drama #Thriller 🗓 1996 🎞 movie 🌎 #HongKong #HongKong ⏰ 1 နာရီ 24 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားလေးမှာတော့ ဂျက်ကီချန်းတစ်ယောက်ဟာ စီအိုင်အေနဲ့အလုပ်တွဲလုပ်ရပြီး နျူးကလီးယား လက်နက်မှောင်ခိုရောင်းချမှုနဲ့ ပါဝင်ပတ်သက်နေနိုင်တဲ့ အမျိုးသမီးဖြစ်တဲ့ နာတာရှာကို ဟောင်ကောင်ကနေ ယူကရိန်းကိုသွားတဲ့ခရီးစဉ်မှာ လိုက်ပါစောင့်ကြည့်ဖို့ ရိုးရှင်းတဲ့တာဝန်ပေးလိုက်ပါတယ်။ ယူကရိန်းရောက်ပြီး ဂျက်ကီရဲ့တာဝန်ပြီးသွားပေမယ့် ယူကရိန်းစစ်တပ်က နာတာရှာကိုဖမ်းသွားရာကနေ ဂျက်ကီတစ်ယောက် သူမကို လိုက်ကယ်ရင်းနဲ့ နာတာရှာဟာ အမည်မသိ အာရှအမေရိကန်အမျိုးသားတစ်ယောက်နဲ့ အလုပ်တွဲလုပ်နေကြောင်း သိလိုက်ရပါတယ်။ ဒီလိုနဲ့ ဂျက်ကီတစ်ယောက် စီအိုင်အေ ရှရုားတို့ပါဝင်ပတ်သက်နေတဲ့အမှုကို မဆီမဆိုင်ရောပါသွားရာကနေ အမည်မသိအာရှအမေရိကန်က ဘယ်သူလဲ နျူးကလီးယားလက်နက်ကို မသမာသူလက်ထဲမရောက်အောင်၊ နိုင်ငံရေးလှည့်ကွက်ကြားက မသမာသူက ဘယ်သူလဲဆိုတာ သိအောင်ဖော်ထုတ်ဖို့ အမှုကို ကြိုးစားဖြေရှင်းမယ့် အက်ရှင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ လက်မနှေးဘဲ ကြည့်လိုက်ကြပါဦးခင်ဗျာ။ ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။...

The Boondock Saints II: All Saints Day (2009) ⭐IMDB: 6.2/10 (66 k Votes) 🎬 #Action #Crime #Thriller 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်ကားလေးကတော့ The Boondock Saints ဒုတိယမြောက်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ ကော်နာနဲ့မာဖီတို့ညီအစ်ကိုနှစ်ဦးဟာ အိုင်ယာလန်မှာပဲ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတုန်း ဘော်စတွန်မှာ အပြစ်မရှိတဲ့ဘုန်းတော်ကြီးတစ်ပါးအသတ်ခံရပါတယ် သတ်တဲ့ပုံစံဟာလည်း သူတို့သတ်တဲ့ပုံစံကိုတုပပြီးသတ်ထားတာကြောင့် ပြည်သူလူထုအကြားမှာ ဒီလူသတ်မှုဟာ သူတော်စင်တွေလုပ်တာလို့ထင်တဲ့သူနဲ့ သူတော်စင်တွေလုပ်တာမဟုတ်ဘူးလို့ထင်တဲ့သူနှစ်ခြမ်းကွဲသွားပါတယ် သူတို့နှစ်ယောက်ဟာ ထိုဘုန်းတော်ကြီးကိုသတ်တဲ့လူသတ်မှုကို ပြန်စုံစမ်းပြီးလက်စားချေဖို့ ဘော်စတွန်ကိုပြန်လာပြီး ရှင်းလင်းသုတ်သင်မှုတွေဆက်လုပ်ပါတယ် ကဲတပ်ဖွဲ့မှာလည်း အရင်က အထူးအေးဂျင့်ပေါ်လ်စမက်ကာနေရာမှာ ယူးနစ်ဘလွန်းဆိုတဲ့အမျိုးသမီးအေးဂျင့်ရောက်လာတဲ့အခါ ဘုန်းတော်ကြီးကိုသတ်တဲ့တရားခံအစစ်ကရောဘယ်သူလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးမကြည့်ခင်မှာ The Boondock Sanints(1999) ကိုအရင်ကြည့်သင့်ပါတယ်...

Frequently Asked Questions About Time Travel (2009) ⭐TMDB: 69.0% User Score 🎬 #Comedy #Drama #Romance #ScienceFiction #SciFi 🗓 2009 🎞 movie 🌎 #UnitedKingdom #UnitedKingdom ⏰ 1 နာရီ 23 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Sci- Fi ဇာတ်ကားလေးတစ်ခုကကိုတင်ဆက်ပေးချင်ပါတယ် အချိန်ခရီးသွားဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ရေး ပိထ်နဲ့ တိုဘီတို့ သူငယ်ချင်းသုံးယောက်ဟာ အလုပ်မှာအဆင်မပြေလို့ အရက်ဆိုင်ကိုသောက်ဖို့လာခဲ့ကြပါတယ် တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေမှုတွေပြောပြကြရင်းပေါ့ သူတို့ထဲမှာမှ “ရေး” က အချိန်ခရီးသွားခြင်းကိုအလွန်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ အဲ့ဒီအရက်ဆိုင်မှာ ကတ်ဆီဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာပြီး သူမဟာ အနာဂတ်ကလာခဲ့တာဖြစ်ကြောင်းပြောပါတယ်။ သူက အချိန်ခရီးသွားသူပါတဲ့ အနာဂတ်မှာ ”ရေး” ဟာ နာမည်ကျော်တစ်ယောက်ဖြစ်ကြောင်းကိုလည်းပြောပြပါတယ် သူက အချိန်ယိုစိမ့်ပေါက်တွေကိုပြင်ရတဲ့သူပါ အရက်ဆိုင်ပတ်ဝန်းကျင်မှာ အချိန်ယိုစိမ့်ပေါက်ရှိနေလို့လာပြင်ရင်း ”ရေး” နဲ့တွေ့တာပါ သူရှာနေတဲ့အချိန်ယိုစိမ့်ပေါက်က အရက်ဆိုင်က သန့်စင်ခန်းမှာရှိနေတာပါ အဲ့ဒီတော့ အိမ်သာထဲကိုဝင်သွားမိတဲ့သူငယ်ချင်းသုံးယောက် ဘယ်ခေတ် ဘယ်အချိန်တွေကိုရောက်သွားမလဲ သူတို့ လက်ရှိကာလကိုရောပြန်ရောက်ပါ့မလားဆိုတာကိ စိတ်ဝက်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်...

Priscilla (2023) ⭐IMDB: 7.0/10 (7 k Votes) 🎬 #Biography #Drama #Music #History #Romance 🗓 2023 🎞 movie 🌎 #Italy #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Priscilla (2023) ~ IMDb – 7/10, RT – 82%, Meta – 78% ~ ဖရန်စစ်ဖို့ဒ်ကော်ပိုလာကြီးကတော့ ၂၀၁၁ကတည်းက ဘာကားမှမထွက်ဘဲ ၂၀၁၉လောက်ကမှ Megalopolis ဆိုတဲ့ ရုပ်ရှင်အသစ်အကြောင်းထအော် သူဒီကားအတွက် ဇာတ်ညွှန်းရေးနေတာ ၁၉၈၀ကတည်းက ဖြစ်ကြောင်း ထအော်ပြီး ပျောက်သွားလောက်တာ အခု ၂၀၂၄ စတော့မယ့်အထိ ပြန်ကိုပေါ်မလာသေးပါဘူး။ Megalopolis ဆိုလည်း ရိုက်ကူးပြီးစီးပြီတော့ကြားပေမဲ့ အခုထိ ပိုစတာတောင် မလာသေးပါဘူး။ ရိုက်ကွင်းမှာလည်း ကော်ပိုလာထုံးစံအတိုင်း တော်တော်ကသောင်းကနင်းဖြစ်ခဲ့တယ်တော့ ကြားထားတာပါပဲ။ သူ့သမီး ဆိုဖီယာကော်ပိုလာကတော့ ၃နှစ်တစ်ကားဆိုသလို ပုံမှန်ရိုက်နေကျအတိုင်း ဒီနှစ်မှာ Priscilla နဲ့ ပြန်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါတော့ A24က ဖြန့်ဝေပေးထားပါတယ်။ ၁၉၈၅မှာ Elvis Presley ရဲ့မိန်းမ Priscilla Presley က “Elvis and Me” ဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပြီး အဲဗစ်နဲ့ သူ့အကြောင်းကို ရေးသားခဲ့ဖူးတယ်။ ၂၀၂၂ မှာတော့ ဆိုဖီယာကော်ပိုလာက ဒါကို ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ ကြေညာခဲ့တယ်။ ဆိုဖီကာကော်ပိုလာဟာ ဒီစာအုပ်ကို ဖတ်ပြီး တော်တော်လေးထိသွားခဲ့တယ်တော့ ဆိုပါတယ်။ ဘယ်လိုထိသွားသလဲတော့ မသိဘူးပေါ့။ ဒီကားဟာ ပရက်စလေ ဘိုင်အိုဂရပ်ဖီကားတစ်ကားလို့ပြောလို့ရပေမဲ့ Baz Luhrmann ရဲ့Elvis (2022)နဲ့ ဆန့်ကျင်စွာပဲ ဒီရုပ်ရှင်မှာ အဲဗစ်ရဲ့အောင်မြင်ခဲ့တဲ့ဘဝအကြောင်း သေချာထည့်သွင်းပြသသွားတာမျိုးမရှိဘူး။ အဲဗစ်ရဲ့ စိတ်အမှောင်ဘက်ခြမ်းကို ပိုအသားပေးပြသွားတယ်။ ဆိုဖီကာကော်ပိုလာဟာ သူတို့၂ယောက်ဆက်ဆံရေးထဲကမှ Priscilla ရဲ့ဘက်ကို ပိုပြသချင်ခဲ့ပြီး Priscilla ကို အဲဗစ်က ရုပ်ပိုင်း စိတ်ပိုင်း အနိုင်ကျင့်ခဲ့တာတွေကို ပေါ်လွင်အောင် ပြသချင်ခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ ဆိုဖီယာဟာ အဲဗစ်ကို အရမ်းဆိုးဆိုးရွားရွားကြီးတော့ ပြမထားဘူး။ ဒါပေမဲ့လည်း အဲဗစ်ရဲ့သမီးကတော့ သူ့အဖေအကြောင်း ဒီလိုပြသတဲ့ရုပ်ရှင်ကို သဘောမကျခဲ့သလို သူ့အမေဘက်ကမြင်တဲ့ သူ့အဖေအပေါ်အမြင်အကြောင်းလည်း သူစိတ်မဝင်စားဘူးလို့ဆိုခဲ့တယ်။ ဇာတ်ကတော့ အဲဗစ်ကို အမေရိကန်စစ်တပ်က ဂျာမနီမှာ မထမ်းမနေရ စစ်မှုထမ်းခိုင်းတဲ့အချိန်မှာစထားတယ်။ ဒီအချိန်မှာ သူအဆိုတော်အနေနဲ့ တော်တော်လေး အောင်မြင်ပြီးနေပြီ။ တစ်ရပ်တကျေးမှာပဲ ဂျာမနီကို တာဝန်ကျတဲ့ ဗိုလ်မှူးတစ်ယောက်ရဲ့သမီး Priscilla နဲ့တွေ့ပြီး သူချစ်ကျွမ်းဝင်မိခဲ့တယ်။ ပြဿနာကတော့ သူတို့စတွေ့တဲ့အချိန်မှာ Priscilla အသက်က ၁၅နှစ်ပဲရှိသေးတယ်။ ကလေးမလေးကို အဲဗစ်က ကြွေဆင်းသွားခဲ့သလို သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ အဲဗစ်ရဲ့ အရှိန်အဝါကိုလည်း ကလေးမလေးက မလွန်ဆန်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ၁၅နှစ်ကလေးနဲ့ နာမည်ကျော်အဆိုတော်ကြီးတို့ရဲ့ ဇာတ်လမ်းလေးစခဲ့တယ်။ အဲဒီဇာတ်လမ်းကနေမှ Priscilla အတွက် အဲဗစ်နဲ့ပတ်သက်ပြီး ကြုံခဲ့ရတာတွေကို ဆိုဖီယာကော်ပိုလာက ဆက်တင်ပြသွားတယ်။ ပြောရရင် ဒီရုပ်ရှင်မှာ အဲဗစ် နဲ့ Priscilla တို့ရဲ့ အိမ်ထောင်ရေး ဇာတ်လမ်းကို စဆုံးတင်ပြထားတယ်။ အဲဗစ်အဖြစ် ဆိုဖီယာရွေးထားတာက Jacob Elordi… သူ့အဆိုအရတော့ အဲဗစ်နဲ့ တူတဲ့ သရုပ်ဆောင်မျိုးရှိမှာမဟုတ်ပေမဲ့ ဂျက်ကော့ကလည်း အဲဗစ်လို ညှို့ဓာတ်ရှိပြီး မိန်းကလေးတွေသည်းသည်းလှုပ်သဘောကျခံရတဲ့သူမို့ သူရွေးခဲ့တာဆိုတယ်။ Priscilla ရဲ့ ၁၅နှစ်ကနေ ၂၇နှစ်အထိအပိုင်းအခြားကို သရုပ်ဆောင်ရမှာက Cailee Spaeny… သူလည်း ကောင်းခဲ့ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူ မင်းသမီးဆုဆန်ခါတင်ဝင်ထားသေးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကတော့ Priscilla ဟာ “Lost in Translation” နောက်ပိုင်း ဆိုဖီယာကော်ပိုလာရဲ့အကောင်းဆုံးကားလို့ ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူ့အဖေကြီး ဖရန်စစ်ရဲ့ကား ဘယ်တော့ဘယ်ဆီမှ ထွက်မယ်မှန်းလည်းမသိနိုင်တော့ ဘာမှမဆိုင်ပေမဲ့ အဆာပြေ ဆိုဖီယာကော်ပိုလာရဲ့ကားလေးကြည့်ရင်းပဲ စောင့်လိုက်ကြတာပေါ့။ ဆိုဖီယာကော်ပိုလာဟာ ဒီရုပ်ရှင်ကို သူ့ဝသီအတိုင်း အမျိုးသမီးဆန်တဲ့ အမြင်နဲ့ အသက်သွင်းသွားခဲ့တယ်။ ထူးတာကတော့ အဲဗစ်ပရက်စလေရဲ့ ဘိုင်အိုကားလို့ပြောလို့ရပေမဲ့ အဲဗစ်သီချင်းတွေမပါဘဲ ဆိုဖီယာ့ယောက်ျားနဲ့ သူ့ဝိုင်းတော်သားတွေက ဒီရုပ်ရှင်ရဲ့ သီချင်းတွေကို ဖန်တီးပေးထားတယ်။ အောင်မြင်တဲ့ယောက်ျားတွေအကြောင်း ကျွန်တော်တို့ အလုံအလောက်နီးပါးကြည့်ပြီးပါပြီ။ ဆိုဖီယာကော်ပိုလာကတော့ အဲဒီအောင်မြင်တဲ့ယောက်ျားတွေထဲက တစ်ယောက်ဒဏ်ကိုခံခဲ့ရတဲ့ မိန်းမတစ်ယောက်အကြောင်းကို ကျွန်တော်တို့ကို ပြသသွားခဲ့တယ်။ Priscilla ကို ဆိုဖီယာကော်ပိုလာရဲ့ လျှပ်ပြေးဖော်ပြတဲ့ပုံစံအတိုင်းပဲ တင်ပြထားတာမို့ သူ့တင်ဆက်ဟန်ကို သဘောကျတဲ့လူတွေ‌တော့ ကြိုက်ကြမှာပေမဲ့ အားလုံးတော့ ကြိုက်ကြမယ်မထင်ဘူး။ ဒါပေမဲ့လည်း အော်စကာမှာ တစ်နေရာရာက ဝင်ကောင်းဝင်နိုင်တဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်...

Identity Crisis (2023) ⭐IMDB: 5.9/10 (51 Votes) 🎬 #Comedy #Drama #Family #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Grey Anatomy, History of the World, Light outနဲ့ The Fabulousတို့ထဲက သရုပ်ဆောင်ပိုင်နိုင်လှတဲ့ မင်းသမီး Scout Lepore ကနေ ဒီဇာတ်လမ်းထဲမှာ ၂ကိုယ်ခွဲပြီး လက်ဖျားခါလောက်အောင် သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Scout Lepore အပြင် Greenhouse Academy, 20th Century Womenနဲ့ Side Effects အစရှိတဲ့ seriesတွေထဲက Finn Robertsနဲ့အတူ ဂန္တဝင်ကြီး Maria Canals-Barrera၊ Eliza Shin၊ Alexandra Boylanနဲ့ Elester Lathamတို့က အတူတကွ ဇာတ်ကို အထွတ်ထိပ်ရောက်အောင် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဒီဇာတ်လမ်းကို “ကိုယ့်ကိုယ်ကိုရှာဖွေခြင်း”လို့ ဘာသာပြန်သူအနေနဲ့ သမုတ်ချင်ပါတယ်။ မက်ဒီစင် မွန်ဂိုးမယ်ရီ,ဆိုသူက မျိုးရိုးဗီဇကို လေ့လာသင်ယူနေနဲ့ ပထမနှစ် သိပ္ပံပညာရှင်လေးဖြစ်ပါတယ်။ သူက သိပ်တော်တဲ့ သိပ္ပံပညာရှင်ဖြစ်ကြောင်း သူတီထွင်ထားတဲ့ စကားပြောနိုင်တဲ့ မှန်ကို ရုပ်ရှင်အစောပိုင်းမှာတင် ကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်။ ဒါပေမယ့် မက်ဒီစင်က သိပ်တော်လှပေမယ့် သူ့ကိုယ်သူ လူရာမဝင်သလို၊ သူ့ရဲ့အမေက သူ့ကို ဂုဏ်မယူသလို၊ အရာရာကို မလုပ်ရဲ မကိုင်ရဲ ဖြစ်နေပါတယ်။ အဲဒီလိုနဲ့ မက်ဒီစင်တစ်ယောက် ပြည့်စုံတဲ့ သူကို ဖန်တီးဖို့ Clone လို့ခေါ်တဲ့ ပုံတူပွားခြင်းနည်းပညာကို ရှာဖွေစမ်းသပ်ပါတော့တယ်။ စမ်းသပ်ရင်းကနေ နောက်ဆုံးတော့ သူ့ကိုယ်သူ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူမလုပ်ရဲမကိုင်ရဲဖြစ်နေတဲ့ အရာတွေကို သူ့ရဲ့ပုံပွား ကလုံးနဲ့ အစားထိုးလာပါတော့တယ်။ ကလုံးနဲ့ မက်ဒီစင် ထပ်တူညီဖြစ်အောင် Balancing လုပ်ရင်း မက်ဒီစင် တစ်ယောက် သူ့ကိုယ်သူ ရှာတွေ့သွားမလား ….. သူ ကလုံးလုပ်ခြင်းနည်းပညာကို ရှာဖွေတွေ့ရှိထားတာကို လူတွေ မသိအောင် ဘယ်လို ဖုံးဖိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။...

Silent Night, Fatal Night (2023) ⭐IMDB: 5.1/10 (125 Votes) 🎬 #Mystery #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်ကြီးစာရေးဆရာမ မယ်လိုရီက သူနောက်စာအုပ်ထပ်မရေးခင်ခေါင်းဆေးချင်လို့ သူ့ရဲ့အေးဂျင့်မိုက်ကယ်နဲ့တိုင်ပင်ဖြစ်ပါတယ်။ အဲဒါနဲ့မိုက်ကယ်ကသူအရင်ကနေခဲ့တဲ့တောထဲကအိမ်မှာသွားနားနေဆိုပြီး မယ်လိုရီကိုသွားနေခိုင်းခဲ့ပါတယ်။ မယ်လိုရီကတော့ပျော်ပျော်ပဲသွားနေရင်း သူမသိလိုက်တာက အဲ့နေရာမိုက်ကယ်ထောင်ထားတဲ့ထောင်ချောက်ဖြစ်နေတယ်ဆိုတာ...

Operation Black Ops (2023) ⭐IMDB: 2.7/10 (48 Votes) 🎬 #Action #Thriller #Drama 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 20 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခု ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လက်နက်ကို ပြောပါဆိုရင် အဏုမြူလက်နက်လို့ ဖြေကြပါလိမ့်မယ်။ အကယ်၍ ကမ္ဘာပေါ်မှာ အဏုမြူလက်နက်ထက် ပိုပြီးဆိုးရွားတဲ့လက်နက်တစ်မျိုး ရှိနေမယ်ဆိုရင်ရော ….. ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ တပ်မတော်က ရေဗန်စ်ဘရက်လို့ခေါ်တဲ့ ချွေးတပ်စခန်း တစ်ခုမှာ သုတေသနတွေကို လျှို့ဝှက်ပြီး စမ်းသပ် ရှာဖွေနေခဲ့ပါတယ်။ ဒါပေမယ့် နာဇီတို့ စစ်ကြီးရှုံးနိမ့်သွားတဲ့အခါမှာတော့ သုတေသနတွေကို ရပ်နားခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ဂျာမနီရဲ့ ရွှေရောင်နေ့တွေဆီကို ပြန်လည်ခေါ်ဆောင်ပေးမယ့်ဆိုပြီး The Childre of Hitler’s resistance လို့ခေါ်တဲ့ နာဇီလက်သစ်အဖွဲ့ကနေ ထိုသုတေသနကို ဆက်လက် လုပ်ဆောင်ပါတော့တယ်။ အဲဒါကို ကြားသိသွားတဲ့ CIAကနေပြီး နိုအာဆိုတဲ့လူကို ဦးဆောင်ဦးစီးပြုပြီး ဘလက်အော့စ် အဖွဲ့ကို ဖွဲ့စည်းကာ ဂျာမနီနိုင်ငံကို စေလွှတ်လိုက်ပါတော့တယ်။ အဏုမြူလက်နက်ထက် ပိုဆိုးတဲ့ လက်နက်က ဘာလဲ …. ဘယ်လိုစမ်းသပ်မှု သုတေသနတွေကို လုပ်ဆောင်နေကြတာလဲ ….. နိုရာတို့ရဲ့ဘလက်အော့စ်အဖွဲ့က ဘယ်လိုအန္တရာယ်မျိုးနဲ့ရင်ဆိုင်သွားရမလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...

Armageddon (1998) ⭐TMDB: 68.0% User Score 🎬 #Action #Adventure #SciFi #Thriller #ScienceFiction 🗓 1998 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 31 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Armageddon (1998)(Disaster Film/Thriller)နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။Armageddon ရဲ့ အစက ….NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ လက်ရှိမှာလည်း တစ်ချို့ ဥက္ကာပျံအစိတ်အပိုင်းတွေကမ္ဘာပေါ်ကျရောက်လောက်ပြီး လူတစ်ချို့က အသက်အိုးအိမ်တွေ ပျက်စီးနေကြပါတယ်။အန္တရယ်အများဆုံးနဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဥက္ကာပျံက ကမ္ဘာကြီးကို (၁၈)ရက် နေရင် ကျရောက်လာတော့မှာပါ။ဒီအန္တရယ်ဆိုးကြီးမှ လွတ်မြောက်ဖို့အတွက် NASA အကြီးအကဲ Dan Truman က ဥက္ကာပျံဆီရောက်အောင်သွားပြီး အဲဒီဥက္ကာပျံရဲ့ အတွင်းအလယ်ဗဟိုနေရာအထိ တွင်းတူးကာ nuclear ဗုံးကို ထည့်ခွဲရင် ၎င်းဥက္ကာပျံကြီး အစိတ်စိတ်အမွှာမွှာကွဲကာ.. ကမ္ဘာမြေနဲ့ ဝေးရာကို လွင့်စင်သွားမှာဖြစ်လို့ အဲဒီလိုနည်းနဲ့ ဖြေရှင်းမယ်လို့ စီစဉ်ပါတော့တယ်။ဒါပေမယ့် ဒီလို အန္တရယ်မျိုးတွေ ကျရောက်လာရင် ဖြေရှင်းနိုင်အောင်လို့ ကြိုတင်တွက်ချက်ကာ.. ရေနံတွင်းတူးစက်(Drilling Machine) နဲ့ ပုံစံတူ ယာဉ်ပုံစံဒီဇိုင်း ထုတ်ထားတာရှိပေမယ့် စက်ကို ကိုင်တွယ်အသုံးပြုဖို့ တော့ အာကသယာဉ်မှုးတွေကို သင်တန်းပေးတုန်းရှိပါသေးတယ်။အဲဒီတော့ကာ…Harry Stamperသူက အရမ်းတော်တဲ့ အတွေ့အကြုံပြည့်ဝတဲ့ Drilling Engineer တစ်ဦးဖြစ်ပြီး သမီးဖြစ်သူ Grace ကိုလည်း သူနဲ့အတူ ကမ်းလွန်ရေနံတွင်းတူးစဉ်မှာအတူအလုပ်လုပ်ကိုင်ဖို့ ခေါ်ထားတဲ့ သမီးကိုအလွန်ချစ်တဲ့ ဖခင်ကောင်းတစ်ဦး..နောက်တစ်ခုက NASA က တီထွင်ထားတဲ့ ယာဉ်ပျံရဲ့ အတုခိုးထားရတဲ့ Drill Design ကို ဖန်တီးရေးဆွဲသူတစ်ဦးA.Jသူကတော့ Harry ရဲ့လက်အောက်မှာ (၅)နှစ်ခန့် တာဝန်ထမ်းဆောင်နေတဲ့ Drilling Enginner ဖြစ်ပြီး Harry ရဲ့ သမီး Grace နဲ့ မေတ္တာမျှနေတဲ့ ထက်မြက်ပြီး တစ်ဇွတ်ထိုးခေါင်းမာတဲ့ လူငယ်လေး တစ်ဦး….ဒါ့အပြင် ရေနံစင်ပေါ်မှာ သက်စွန့်ဆံဖျားလုပ်ကိုင်နေကြတဲ့ Harry ရဲ့ ဆိုးတူကောင်းဖက် ရဲဖော်ရဲဖက်တွေဖြစ်တဲ့ Chick, Rockhound, Oscar, Bear, Max စတဲ့ လူတစ်စုကလည်း ရေနံစင်ပေါ်မှာ နေ့စဉ်လုပ်ကိုင်မြဲဖြစ်တဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်နေတုန်းမှာပဲ…FBI က Harry ကို NASA စခန်းဆီသို့ ခေါ်ဆောင်ပြီး ယာဉ်ပျံပေါ်လိုက်ပါကာ ဥက္ကာပျံကို ဖျက်ဆီးရာမှာ တာဝန်ယူဆောင်ရွက်ပေးဖို့ စေခိုင်းပါတယ်။ Harry ကလည်း သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့သာ အတူတကွ ပူးပေါင်းလုပ်ကိုင်လိုကြောင်း ပြန်လည်တောင်းဆိုတဲ့အခါမှာ NASA က တာဝန်ရှိသူတွေကလည်း သဘောတူလက်ခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့Freedom နဲ့ Independence ဆိုတဲ့ ယာဉ်ပျံနှစ်စင်းနဲ့ လူနှစ်စုခွဲပြီး ကမ္ဘာကထွက်ဖို့ အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လေ့ကျင့်မှုတွေကို ပြုလုပ်ပြီး အစီအစဉ်ဆွဲကြပါတော့တယ်။ ယာဉ်(၂)စင်းက လမ်းတစ်ဝက်မှာ Russia အာကာသယာဉ်စခန်းမှာ ဆီဖြည့်ပြီး လကိုပတ်ကာ ဥက္ကာပျံဆီ သွားရဖို့ စီစဉ်ထားပါတယ်။ဒါပေမယ့် တင်လွှတ်တဲ့ အာကာသယာဉ်တိုင်းက ရည်ရွယ်ရာနေရာကို အောင်မြင်စွာရောက်သွားတဲ့ ယာဉ်တွေရှိသလို လမ်းမှာ အကြောင်းအမျိုးမျိုးနဲ့ ပျက်ဆီးသွားခဲ့တဲ့ အတွေ့အကြုံတွေရှိတယ်ဆိုတာ အားလုံးက သိရှိနားလည်ထားပြီးဖြစ်ကြတဲ့အလျှောက်..Freedom နဲ့ Independence ဆိုတဲ့ ယာဉ်ပျံနှစ်စင်းကရော ကမ္ဘာမြေကို ကယ်တင်နိုင်ပါ့မလား..သူတို့အတွက်အပြန်လမ်းရောရှိပါ့မလားဆိုတာ…ဒီဇာတ်ကားမှာ Disaster Film/Thriller သက်သက်မဟုတ်ပဲ Harry ရဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာ၊ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်း နဲ့ စိတ်ဓာတ်သူရွေးခြယ်ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရဲဘော်ရဲဖက်စိတ်ဓာတ် ..AJ နဲ့ Grace တို့ရဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုလည်း တွေ့မြင်ခံစားရမှာပါ.. သရုပ်ဆောင်တွေကိုတော့ ကျွန်တော်ဒီကားကို စစကြည့်ကြည့်ချင်းမှာ ဘယ်သူတွေမှန်းသိပ်မသိဘူးဗျ.. (ကျွန်တော် ၉တန်းလောက်က ပထမဆုံးကြည့်ဖူးတာမို့လို့) နောက်ပိုင်း ပြန်ကြည့်ကာမှပဲ..Harry အဖြစ် Die Hard မင်းသားကြီး Bruce Willis...

A Not So Royal Christmas (2023) ⭐IMDB: 6.1/10 (525 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လောလောလတ်လတ်ထွက်ရှိထားတဲ့ Christmas ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Romantic ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးလေးပါ။ Nordinနိုင်ငံက Sorhagen ဆိုတဲ့ မြို့လေးမှာ အခြေတည်ထားပါတယ်။ Charlotteက အတင်းအဖျင်းတွေရေးတဲ့ ဂျာနယ်က သတင်းထောက်တစ်ယောက်ပါ။ သူ့သူဌေးဆီက လစာတိုးရဖို့အတွက် Sorhagenရဲ့ မြို့စားဖြစ်သူကို အင်တာဗျူးရဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီမြို့စားက လူအများအမြင်ကနေ ပုန်းကွယ်နေတာ ကြာနေပါပြီ။ ဒီတော့ Charlotte ကိုယ်တိုင် နန်းတော်ထဲကို အလည်အပတ်သွားရောက်သလိုနဲ့ အလစ်မှာ ခိုးဝင်ပြီး မြို့စားကို ရှာခဲ့ပါတယ်။ မြို့စားနဲ့တွေ့ပြီး အင်တာဗျူးခွင့်ရအောင်လည်း ကြံဆောင်နိုင်ခဲ့ပေမယ့် သူထင်ထားသလိုမဟုတ်ဘဲ မြို့စားက လျှို့ဝှက်ချက်တွေရှိနေတဲ့အခါ…။သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးက ဆက်ပြီးပေါ်လာနိုင်ပါ့မလား ဆက်လက်ကြည့်ရှုရမှာပါ။...

Sesham Mikeil Fathima (2023) ⭐IMDB: 7.0/10 (265 Votes) 🎬 #Bollywood #Comedy #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sesham Mike-il Fathima (2023) ဘောပွဲကြေငြာသူ ဖာသီမာ imdB (8.6/10) ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ မာလာရာလမ်စကားပြော ဒါရိုက်တာ မာနူစီကူးမားရဲ့ ပွဲဦးထွက်လက်ရာပေးပဲ ဖြစ်ပါတယ်…..ပွဲဦးထွက်မှာပဲ သူမတူတဲ့ဇာတ်လမ်းမျိုးကို ရဲရဲဝံ့ဝံ့ရိုက်ကူးပြထားပြီး rating တွေကလဲ လန်ပြန်နေတာကို တွေ့ရမှာပါ… တွေ့တဲ့အတိုင်းပဲ အမျိုးသမီးဇာတ်ကောင် ဦးစားပေးဖြစ်ပြီးမွတ်ဆလင်အမျိုးသမီးတစ်ယောက်ရဲ့ သူမတူပဲ ဘောလုံးပွဲကြေငြာတင်ဆက်သူအဖြစ်ရုန်းကန်တဲ့ပုံစံလေးကို comedy drama ပုံစံလေးနဲ့ တင်ဆက်ပေးထားတာပါ… ဖာသီမာက ငယ်ငယ်လေးထဲက စကားအရမ်းများပါတယ် ဘယ်လောက်များလဲဆို သူ့အမေဗိုက်ထဲကထွက်ပြီးအူဝဲလို့စအော်ထဲက ပြောလိုက်တဲ့စကား ခုထိကိုမရပ်သေးဘူးလို့ ပြောယူရပါတယ် လေအိုးလေးဖာသီမာရဲ့အကိုကတော့ဘောလုံးသမားတစ်ယောက်ပါ ဖာသီမာလဲ အကိုနဲ့ပေါင်းရင်း ဘောပွဲကြည့်ရုံတင်မက ဘေးကနေ ဘာဖြစ်တယ်ညာဖြစ်တယ်ဂိုးတယ်ခင်ဗျာတွေလဲ ထထအော်တတ်နေပါတော့တယ်အဲ့လိုနဲ့ပဲ သူ့အကိုတို့ဘောလုံးပွဲတစ်ခုမှာ ပွဲကြေငြာသူမရှိလို့ ဖာသီမာတစ်ယောက် စမ်းပြီးပွဲတင်ဆက်သူလုပ်လိုက်ရာကနေစပြီး…. အမျိုးသမီးပွဲတင်ဆက်သူတစ်ယောက်အတွက် သော့ပိတ်ထားတဲ့တံခါးတွေအများကြီးပါ အဲ့တံခါးတွေကို ရဲရဲဝံ့ဝံ့တံခါးခေါက်လိုက်ပါတဲ့….အဲ့လိုပါပဲ ကမ္ဘာပေါ်ကအိမ်မက်ပေါင်းစုံနဲ့အမျိုးသမီးများ ကိုယ့်ရှေ့ကပိတ်ထားတဲ့ တံခါးတွေကို ရဲရဲဝံ့ဝံ့ခေါက်နိုင်ဖို့အတွက်…ခေါက်မဲ့သူတွေရော ကူခေါက်ပေးမဲ့သူတို့ကောင်လေးတွေရော ကြည့်နိုင်ဖို့ CM ကနေ မိုတီအပြည့်နဲ့တင်ဆက်ပေးလိုက်ပါတယ် အညွှန်းကိုတော့ ဆရာစိုင်းမှ ရေးသားပေးထားပြီး ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Chicken Run: Dawn of the Nugget (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Adventure #Animation #Comedy #Family 🗓 2023 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #France ⏰ 1 နာရီ 42 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကမ္ဘာကျော်ကာတွန်းကားတွေထဲက တစ်ကားဖြစ်တဲ့ Chicken Run 2000 ရဲ့ အဆက်ဖြစ်တဲ့ Chicken Run: Dawn of the Nugget လာပါပြီ။ နာမည်ကြီးဇာတ်ကားတွေကို မရှည်ရှည်အောင် ဆွဲဆန့်ပြီး ရိုက်ကြတဲ့ခေတ်ထဲမှာ ကောင်းပါ့မလားလို့ ထင်ရပေမဲ့ ဒီတစ်ကားကတော့ ကောင်းသွားပါတယ်။ Rating လည်း Imdb 7.1 အထိ ရထားပါပြီ။ သရုပ်ဆောင်တွေကတော့ Westworld ဖန်တွေကြိုက်မဲ့ Thandiwe Newton က အဓိက မင်းသမီး ဂျင်ဂျာ၊ ရော့ကီနေရာမှာ Shazam မင်းသား Zachary Levi၊ သူတို့ရဲ့ သမီး မော်လီနေရာမှာတော့ Game of thrones ထဲက အချစ်တော်လေး Bella Ramsey က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကြက်ခြံကနေ ထွက်ပြေးလာကြတဲ့ ဂျင်ဂျာတို့တစ်သိုက်ဟာ လူမရှိတဲ့ကျွန်းတစ်ခုပေါ်မှာ လွတ်လွတ်လပ်လပ် အခြေချနေကြတာ ကြာပါပြီ။ ဂျင်ဂျာနဲ့ ရော်ကီမှာလည်း မော်လီဆိုတဲ့ သမီးလေး ရလာပါပြီ။ သူတို့ဟာ လူတွေနဲ့ဝေးရမှာ နေဖို့ကြိုးစားပြီး သူတို့သမီး မော်လီကိုလည်း ကြက်ခြံတွေအကြောင်း မပြောထားမိပါဘူး။ အရွယ်ရောက်လာတဲ့မော်လီဟာ လောကကြီးကို စူးစမ်းရင်းနဲ့ ရန်သူဟောင်း ကြက်ခြံပိုင်ရှင်ကြီး တွီဒီရဲ့ ခြံထဲမှာ ပိတ်မိသွားပါတော့တယ်။ ဒီတော့ မော်လီတို့တသိုက်ဟာ ခြံထဲကထွက်ပြေးဖို့မဟုတ်ဘဲ ခြံထဲကိုဖောက်ဝင်ပြီး မော်လီ့ကို ကယ်ဖို့ စွန့်စားခန်းတွေ ဖွင့်ကြပါတော့တယ်။ ပထမ ကားကို မကြည့်ရသေးတဲ့ သူများChicken Run (2000)ဆိုတာလေးကို နှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်...

I Hate Christmas (2022- ) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓 2022- 🎞 tv series 🌎 #Italy ⏰ 38 မိနစ် 59 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 I Hate Christmas (2023) Season 1ဂျာနာက ခရစ်စမတ်ကို အရမ်းမုန်းတယ်။ မိသားစုတွေ ကိုယ်စီ ကိုယ်စီနဲ့ ပျော်ရွှင်နေတဲ့ ခရစ်စမတ် အချိန်အခါက အသက် သုံးဆယ်အရွယ် ရည်းစားမရှိ ကလေးမရှိတဲ့ ဂျာနာလို အပျိုဟိုင်းကြီး အတွက် တကယ့် ငရဲလိုအချိန်ပဲ။ မိုးမိုးရဲ့ သီချင်းလိုမျိုး မိသားစုတွေကလည်း ဒီတသက် မျှော်လင့်ချက် မရှိတော့ဘူးလို့ထင်ကြတယ်။ထီလက်မှတ်ရောင်းတဲ့သူတွေကလည်း သနားကြတယ်။ ထမင်းစားပွဲမှာတောင် ဘက်ပဲ့နေလို့ ကလေးတွေကြားပါ ထိုင်ရတဲ့အထိပဲ။ Your browser does not support the video tag.ရည်းစားဟောင်း ဖရန်ချက်စကိုနဲ့ပြတ်ပြီး သုံးနှစ်ဆက်တိုက် ဒီ စိတ်ဒုက္ခကို ခံစားလာရတဲ့ ဂျာနာ တယောက် သည်းမခံနိုင်တော့ပဲ ရည်းစား ရှိတယ်လို့ လိမ်ပြောလိုက်မိတဲ့နောက်မှာတော့ ခရစ်စမတ်အမှီ ရည်းစား ရှာပုံတော်ဖွင့်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဂျာနာ တယောက် သူ့ရဲ့ အချိန်နှောင်းနေတဲ့ အချစ်ရှာပုံတော်ခရီးမှာ ဘာတွေဖြစ်ဦးမှာလဲ။ ဘာတွေ တလွဲဖြစ်ဦးမလဲ။ ခရစ်စမတ်မတိုင်ခင် သူ့ရဲ့ အချစ်စစ် ဘ၀လက်တွဲဖော်ကို ‌ ရှာတွေ့သွားနိုင်ပါ့မလား ဆိုတာကို CM ပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦး‌ခင်ဗျ။...

Death's Game (2023- ) ⭐TMDB: 100.0% User Score 🎬 #SciFi #Fantasy #Drama 🗓 2023- 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 4 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Death’s Game(2023)Death’s Game(2023)******************* Your browser does not support the video tag.အပိုင်းသစ်(၁ + ၂+၃+၄) 2023 ကုန်ခါနီးလေးမှာတင် အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး webtoon ဖြစ်တဲ့ “ I will die soon” ကို အခြေခံရိုက်ကူးထားပြီးပရိတ်သတ်အချစ်တော် Seo In-guk ကိုယ်တိုင် main cast အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက်ကြောင့်လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ဇာတ်လမ်းတွဲလေး တစ်ပုဒ်ဆိုလည်း မမှားပါဘူး။ခုနစ်နှစ်ကြာ အလုပ်ရှာမရဘဲ အလုပ်လက်မဲ့အဖြစ်နဲ့ နေလာရတဲ့ Choi Yi-jae(Seo In-guk) ဟာအသက်ဆက်ရှင်လိုတဲ့ ဆန္ဒပျောက်ဆုံးပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။ အဲဒီနောက် ငရဲကို မကျရောက်ခင်လေးမှာ သေခြင်းတရား (Park So-dam)ရဲ့ ပြစ်ဒဏ်စီရင်မှုကြောင့် Choi Yi-jae(Seo In-guk) တစ်ယောက်နောက်ထပ် ၁၂ ကြိမ်တိုင်တိုင် လူပြန်ဝင်စားဖို့ ဖြစ်လာပါတော့တယ်။၁၂ ကြိမ်တိတိ ဘယ်လိုခန္ဓာမျိုးနဲ့ပဲ နိုးထလာလာ သေဆုံးရမှာဖြစ်ပြီး အဲဒီ နာကျင်မှုတွေကိုအလူးအလဲ ခံစားရတဲ့ လူတစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ်ဆွဲဆောင်မှုရှိရှိ ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Main Cast တွေရဲ့ သရုပ်ဆောင်ချက်တွေကလည်း မိမိုက်လှတဲ့အပြင် အခြားသောနာမည်ကြီး သရုပ်ဆောင်တွေကပါ Supporting Role တွေ Guest တွေအဖြစ်နဲ့လည်းလူစုံတက်စုံ ပေါ်ထွက်လာဦးမှာဖြစ်လို့ ကြည့်ရတာ အရမ်းတန်ပြီး လုံးဝကို လက်မလွှတ်သင့်တဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း ၈ ပိုင်းပါဝင်ပြီးတော့ 2023,December 15 ရက်နေ့မှာအပိုင်း ၄ ပိုင်းအနေနဲ့ ပထမတစ်ဖြတ် ထွက်ရှိလာမှာဖြစ်ပြီး ကျန်တဲ့အပိုင်း ၄ ပိုင်းကိုတော့ 2024, January 5 ရက်နေ့မှာ ထွက်ရှိသွားမယ်လို့ သိရှိရပါတယ်။...