ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Dampyr (2022)
⭐IMDB: 5.5/10 (468 Votes)
🎬 #Fantasy #Horror #Action
🗓 2022 🎞 movie
📺 #720p #1080p
💿 532.2 MB ⦿ 1.3 GB
🌎 #Italy
⏰ 1 နာရီ 50 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအစမှာတော့ ဒရက်ကာဆိုတဲ့ဗန်ပိုင်းယားမျိုးနွယ်အမှောင်ကြီး
သခင်ကြီးဟာ စုန်းမတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး စုန်းမမှာ ကိုယ်ဝန်ရှိ
သွားပါတယ်၊ ကလေးမွေးဖွားတဲ့အချိန်တဲ့မှာ စုန်းမျိုးနွယ်တွေဟာ ဒရက်ကာကို
လာလို့မရအောင်တားဆီးကြတယ်၊ အကြောင်းကတော့ မွေးဖွားလာတဲ့
ကလေးဟာ သာမန်ဗန်ပိုင်းယားတွေထက် အဆင့်မြင့်ပြီး အမှောင်သခင်ကြီးတွေကို
သတ်နိုင်တဲ့ အစွမ်းရှိတဲ့ ဒန်ပီရာဖြစ်လာနိုင်လို့ပဲဖြစ်ပါတယ်၊ ဒါပေမယ့် စုန်းမျိုးနွယ်
တွေက ဒန်ပီရာကလေးလေးကို လူသူမသိအောင် အချိန်တစ်ခုကြာအောင်
ဖွက်ထားပြီးစောင့်ရှောက်ထားလိုက်ကြတယ်..
ကမ္ဘာကြီးဟာ ဗန်ပိုင်းယားတွေကြောင့် သေဆုံးမှုတွေမြှင့်တက်နေကြတယ်၊
စစ်တပ်ကလည်း လူတွေကိုစု၊ လက်နက်တွေပေးပြီး ဗန်ပိုင်းယားတွေကို
တိုက်ခိုက်ခိုင်းပေမယ့် ထင်သလောက်မအောင်မြင်ပါဘူး။ဒီလိုနဲ့ ဒန်ပီရာ
အရွယ်ရောက်လာတော့ပါတယ်၊ သူ့မှာအမှန်တကယ်အစွမ်းရှိမှန်းမသိပေမယ့်
ဒန်ပီရာဆိုတဲ့နာမည်နဲ့ မကောင်းဆိုးဝါးနှိမ်နှင်းရေးလုပ်ပြီး
ပိုက်ဆံလိမ်ကာ တစ်မြို့ဝင်တစ်မြို့ထွက်ရှာဖွေစားသောက်နေတယ်၊ တစ်ဖက်မှာ
ကွန်မန်ဒါ ကူရီယက်ဟာ မြို့တစ်မြို့မှာ သွေးစုပ်ဖုတ်ကောင်တွေတိုက်ခိုက်ခံနေရပြီး
သတ်ဖို့နည်းလမ်းမသိတာကြောင့်အကျပ်ရိုက်နေပါတယ်။ သူ့အဖွဲ့ထဲကတစ်ယောက်က
ဒန်ပီရာက သူတို့ကိုသတ်နိုင်လို့ပြောတဲ့အတွက် သူနဲ့ပူပေါင်းဖို့အတွက်သွားခေါ်လိုက်တဲ့
အခါမှာတော့……...
Pawn Shop Chronicles (2013)
⭐IMDB: 5.9/10 (12 k Votes)
🎬 #Action #Comedy #Crime
🗓 2013 🎞 movie
📺 #1080p #720p
💿 2.4 GB ⦿ 1.1 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 53 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Action, Comedy, CrimeIMDB – 5.9/10
Paul Walker ကြီး အလွမ်းပြေ ကြည့်လို့ရမယ့် ကားကောင်းတစ်ကား လာပြီဗျာ။
ဒီလိုပြောလို့ Paul Walker ချည်း ပါတယ်မထင်ပါနဲ့
Lord of the Ring က Frodo မင်းသား Elijah Wood တို့ Mummy မင်းသားကြီး
(နောက်ပိုင်းဆို The Whale နဲ့ ကြမ်းထားတဲ့) Brendan Fraser တို့
မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းကတော့ R Rated နဲ့ အညီ ကိုယ်လုံးတီးတွေပါမယ်
မိုးမွှန်အောင် ဆဲဆိုနေတာလည်း ပါဝင်တဲ့အတွက် သတိချပ်စေလိုပါတယ်ဗျ။
ကဲ ဇာတ်လမ်းအကြောင်းပြောမယ်…
ပြောမယ်သာပြောတာ တကယ်ကြည့်ဖူးသမျှထဲ ပေါက်ကရတွေဖြစ်ပြီး
ထူးခြားဆန်းကျယ် မှန်းမရတဲ့ဇာတ်လမ်းထဲ သူပါတယ်။
အကုန်လုံးကို စနစ်တကျ ဇာတ်တိုက်ထားတာမျိုး မရှိပဲ
ရော့ သွား ကြိုက်တာလုပ်ဆိုပြီး အကုန်လုံးက ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာမျိုး။
အဓိကက ဇာတ်လမ်းနာမည်လိုပဲ အပေါင်ဆိုင်မှတ်တမ်းများ
ဟုတ်တယ် ဒီ အပေါင်ဆိုင်လေးကို အရင်းတည်ပြီး
မတူညီတဲ့ ဇာတ်လမ်းတိုလေး ၃ ပုဒ် ဖြစ်ပျက်သွားတာပေါ့လေ။
အားလုံးကလည်း သူ့ဇာတ်လမ်းနဲ့သူ ရှိနေပေမယ့်
တစ်ခုနဲ့တစ်ခု တူတူသွားပြီး ကြုံကြိုက်တာမျိုးလည်း ပါနေတာပေါ့
သေချာတာတော့ ကြည့်နေရင်း WTF ဆိုပြီး ဖြစ်မှာကတော့ သေချာပါတယ်။
ကဲ ပထမဇာတ်လမ်းကတော့ လူဖြူ လူမျိုးခွဲခြားရေး
ဆေးသမားတသိုက်က သောက်တလွဲတွေ ဖြစ်ပြီး
ဓားပြသွားတိုက်မှာကို ကြည့်ရမှာပါ ဘယ်လောက်လွဲဆို
ဓားပြသွားတိုက်မယ့် သေနတ်ကို ဆီဖိုးမရှိလို့ အပေါင်ခံလိုက်ရတဲ့အဖြစ်မျိုး။
အဲဒီမှာ ကျွန်တော်တို့ Paul Walker ကြီးဗျာ တကယ်ထင်မထားလောက်အောင်
သရုပ်ဆောင်ပီပြင်ချက် ဆေးချပြီး ၃ ရက်လောက် အိပ်မထားလို့ ဂေါက်ပြီး လစ်နေတာ
လွဲကြတာဆိုတာ မြင်မကောင်းဘူး ဇာတ်လမ်း ၃ ပုဒ်ထဲ အကြိုက်ဆုံးလို့ ပြောရမယ်။
ဒုတိယဇာတ်လမ်းကတော့ လောလောလတ်လတ် လက်ထပ်ထားတဲ့ဘဲကြီး
ဘဏ်အကောင့်ဟတ်ခ်ခံရလို့ ဟန်နီမွန်းထွက်ရင်း ငွေပြတ်သွားတော့
မယားအသစ်လေးရဲ့လက်စွပ်သွားပေါင်တာ လွန်ခဲ့တဲ့ ၆ နှစ်က
ပျောက်သွားတဲ့ပထမဆုံး မယားရဲ့လက်စွပ်တွေ့ပြီး ကမ္ဘာမြေအဆုံး
လိုက်ရှာတာကို ကြည့်ရမှာပါ။
အတော် Fuk up ဖြစ်တဲ့ဇာတ်ပဲ အဆုံးသတ်
လှည့်ကွက်ကလည်း မထင်ထားဘူး အလေကြီး။
နောက်ဆုံးဇာတ်လမ်းကတော့ Mummy မင်းသားကြီးအကြောင်း။
သူက အယ်ဗစ်ပရက်စလေကို အင်မတန်သဘောကျပြီး
သူ့လိုဝတ် သူ့လိုနေပြီး ဖျော်ဖြေပွဲလိုက်လုပ်ပေးနေတဲ့လူ
ဒါပေမဲ့ ငတ်ပြတ်နေပြီး ဆီဖိုးကို မရှိတော့ပါဘူး
ဒီလိုနဲ့ ဆွဲကြိုးကြီး အပေါင်ခံပြီး ဖျော်ဖြေပွဲသွားတဲ့အချိန်
ဖျော်ဖြေတဲ့အချိန် ထူးဆန်းတာတွေ ကြုံတာကို ကြည့်ရမှာပါ။
ကြားထဲမှာလည်း Side story အသေးစားလေးက ပါသေး။
ပွင့်ပွင့်လင်းလင်းပြောရရင် IMDB 5.9 တောင် နည်းတယ်လို့ ထင်ပါတယ်။
တကယ်မကြည့်ရသေးရင် ကြည့်သင့်တဲ့ကားပါ
တချို့ ဒိုင်ယာလော့ခ်တွေဆို အသေရယ်နေရတယ်
ဇာတ်ကွက်ဆန်းတယ် မထင်ထားတာမျိုးမှ လုပ်ပြတာမျိုး
ပြောတာကြာသွားပါပြီ ပြေးသာ ကြည့်လိုက်ကြပါတော့။...
Space Wars: Quest for the Deepstar (2022)
⭐IMDB: 3.9/10 (207 Votes)
🎬 #Adventure #SciFi #ScienceFiction #Action
🗓 2022 🎞 movie
📺 #720p #1080p
💿 573.8 MB ⦿ 1.3 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၉၈၀ ခုနှစ်မှာသေခြင်းတရားဆိုတာက အဆုံးသတ်မဟုတ်တော့ပါဘူး။
လူတစ်ယောက်ယောက်သေဆုံးသွားရင် အလောင်းဆီကနေအဆီအနှစ်
လို့ခေါ်တဲ့ဝိဉာဉ်ကိုထုတ်ယူပြီး တော့စက်ရုပ်နဲ့လူနဲ့မျိုးစပ်ထားတဲ့ခန္ဓာကိုယ်
တစ်ခုမှာအသက်ပြန်သွင်းပေးလို့ရပါတယ်။
ပြဿနာတစ်ခုရှိတာကအဲ့ဒီလိုလုပ်ဖို့ကအဆမတန်ကိုဈေးကြီးနေတာပါပဲ။
ကစ်ပ်ဆိုတဲ့လူတစ်ယောက်ကဆုံးပါးသွားပေမဲ့ အဆီအနှစ်ထုတ်ယူထားတဲ့
သူ့မိန်းမကိုပြန်ခေါ်နိုင်ဖို့အတွက်သမီးဖြစ်သူတေလာနဲ့ကြိုးစားနေတဲ့
လူပဲဖြစ်ပါတယ်။ဒါပေမယ့်အဆမတန်ဈေးကြီးတဲ့အတွက်သူတို့တွေက
အဖိုးတန်ပစ္စည်းတွေကို ခိုးယူရောင်းစားပြီးတော့ အဲ့ဒီအတွက်ပိုက်ဆံစု
ဆောင်းနေရတာပဲဖြစ်ပါတယ်။တစ်နေ့မှာတော့သူတို့ဆီကိုဒိစတားလို့
ခေါ်တဲ့တန်ဖိုးကြီးယာဉ်ပျံပျက်ကြီး တစ်စီးကိုရှာဖွေဖို့အခွင့်အရေးက
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ဒါပေမယ့်လဲတန်ဖိုးကြီးတဲ့
အရာဆိုတော့ အဲ့ဒီနောက်ကိုလိုက်နေတာသူတို့တင်မကပဲတခြားတစ်ဖွဲ့လဲ
ရှိနေပါသေးတယ်။ ဒီလိုနဲ့သူတို့သားအဖနှစ်ယောက် အခက်အခဲတွေကို
ကျော်ဖြတ်ရင်းအဲ့ဒီဒိစတားဆိုတဲ့ယာဉ်ပျံကြီးကိုရှာတွေ့သွားကြမလား။
ကစ်ပ်ရဲ့ဇနီးဖြစ်သူတေလာရဲ့အမေကိုရောပြန်ခေါ်နိုင်ပါ့မလားဆိုတာကို
ကြည့်ရမှာပဲဖြစ်ပါတယ်။...
Maayon (2022)
⭐IMDB: 6.5/10 (1 k Votes)
🎬 #Bollywood #Mystery #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 972.7 MB ⦿ 2.2 GB
🌎 #India
⏰ 2 နာရီ 11 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Maayon (2022)IMDb-6.5/10
ရှေးဟောင်းဘုရားကျောင်းကြီးတစ်ခုထဲမှာ လူတွေဘုရားဝတ်ပြုနေကြပြီးဘုရားကျောင်းရဲ့ကြောက်မက်ဖွယ်ရာထူးခြားမှုကြောင့် နေဝင်ရင် အဲဒီဘုရားကျောင်းကြီးထဲ ဘယ်သူမှမနေရဲကြတာမို့ လူတွေအားလုံးက အိမ်ပြန်ဖို့လုပ်နေကြတယ်။ ဘုန်းကြီးငယ်တစ်ပါးကတော့ညမိုးချုပ်ရင် ဒီဘုရားကျောင်းကြီးထဲ ဘာတွေဖြစ်မလဲသိချင်တာကြောင့် အားလုံးပြန်သွားကြပေမဲ့မပြန်ဘဲ ဘုရားကျောင်းကြီးထဲမှာ နေခဲ့ပြီး အဲဒီဘုန်းကြီး ထူးထူးဆန်းဆန်းသေသွားတဲ့ မြင်ကွင်းနဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။
တစ်ဖက်မှာတော့ အဓိကဇာတ်ဆောင်အာဂျွန်ဟာ ရှေးဟောင်းပစ္စည်းတွေကိုရှာဖွေထိန်းသိမ်းတဲ့အစိုးရအဖွဲ့အစည်းက ရှေးဟောင်းသုတေသနအဖွဲ့ဝင်တစ်ယောက်ဖြစ်သလို အဲဒီပစ္စည်းတွေကို တရားမဝင်ရောင်းတဲ့မှောင်ခိုအဖွဲ့ကကြံရာပါလူလည်း ဖြစ်နေပြန်ပါတယ်။
ရှေးဟောင်းပစ္စည်းမှောင်ခိုဂိုဏ်းခေါင်းဆောင်က တန်ဖိုးကြီးရှေးဟောင်းဆင်းတုတစ်ဆူကိုလိုချင်တာကြောင့် အာဂျွန်နဲ့ သူ့ရဲ့ကြံရာပါဖြစ်တဲ့ အထက်လူကြီး ဒေဝရာ့ဂ်ျတို့ဟာခုနက ကြောက်စရာဘုရားကျောင်းကြီးထဲက အဖိုးတန်ဆင်းတုကို ရှာဖို့ကြံစည်ကြပါတော့တယ်။
နေဝင်ရင်တောင် လူတွေမသွားရဲတဲ့ ဘုရားကျောင်းထဲကရှေးဟောင်းဆင်းတုကို ယူဖို့ကြိုးစားရင်းအာဂျွန်တို့တွေ ဘယ်လိုထူးခြားဆန်းကြယ်တဲ့ အန္တရာယ်တွေနဲ့တွေ့မလဲ ၊နောက်ပြီး အဓိကဇာတ်လိုက်ကျော်အာဂျွန်ကရော တကယ့်ရှေးဟောင်းသုတေသနပညာရှင်အဖြစ်နဲ့ပဲပြန်နေသွားမလား ၊မှောင်ခိုလုပ်ပြီး စီးပွားရှာတဲ့ နိုင်ငံရဲ့သစ္စာဖောက်အဖြစ်နေသွားမှာလားဆိုတဲ့မေးခွန်းတွေရဲ့ အဖြေတွေကိုသိဖို့ ကြည့်လိုက်ကြရအောင်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Aditi~Moon~Vတို့ပဲ ဖြစ်ပါတယ်)...
Parasite Choon (2021)
⭐TMDB: 50.0% User Score
🎬 #Adult #Comedy #Drama
🗓 2021 🎞 movie
📺 #720p #1080p
💿 652.7 MB ⦿ 1.4 GB
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 00 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(18+)Parasite Choon (2021)
ဇာတ်လမ်းဇာတ်ကွက်လေးကောင်းမှ မှောင်ချင်တယ်ဆိုရင် ဒီကားကိုကြည့်ဖို့အကြံပေးပါရစေ Parasite ဇာတ်ကားကျောရိုးနဲ့ဆင်တူလေး ရိုက်ထားပြီး ဇာတ်လမ်းကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် အဓိကဇာတ်ကကောင်ကတော့ကိုယ်တွေမြင်နေကြပွဲတိုင်းကျော် ကိုရီးယား18+ဇာတ်ပေါ့ ဒါပေမယ့် ဒီတစ်ခါဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းတယ်
မြင်နေကြ မင်းသားထဲက ပွဲတိုင်းကျော်မင်းသားက ကုမ္ပဏီပိုင်ရှင် သူဌေး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး အလှတရားတွေနဲ့ပြည့်စုံနေတဲ့ကောင်မလေးတစ်ယောက်ကသူ့အိမ်မှာကပ်နေချင်လို့ စပွန်ဆာရှာရင်း တမျိုးလုံးတဆွေလုံး အလုပ်ခေါ်ခန့်လိုက်ရတဲ့ဇာတ်ကြောင်းလေးပါအကြင်နာတွေလဲပေး အလုပ်လည်းပေး နောက်ဆုံး ဘယ်လိုသင်ခန်းစာရမယ်ဆိုတာတော့ ဒီပညာပေးကားလေးကြည့်ရင် ပညာယူလိုက်ကြပါဦး...
At Middleton (2013)
⭐IMDB: 6.5/10 (9 k Votes)
🎬 #Comedy #Romance
🗓 2013 🎞 movie
📺 #720p #1080p
💿 979.8 MB ⦿ 2.0 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူငယ်တို့ရဲ့ချစ်ခြင်းမဟုတ်တဲ့ အိမ်ထောင်ရှိလူကြီးနှစ်ယောက်ရဲ့
တနေ့တာကာလအတွင်းကြုံတွေ့ခဲ့ရတဲ့ အချစ်တွေကို ရိုက်ပြထားတဲ့
အချစ်ဟာသဇာတ်မြူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
Conjuring Universe မှာ Lorraine Warren အဖြစ်သရုပ်ဆောင်ခဲ့တဲ့
မင်းသမီး Vera Farmiga နဲ့ မင်းသားကြီး Andy Garcia တို့က
အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အီဒစ် မာတင် (Vera Farmiga) ဟာ
ကလေးအသုံးအဆောင်ပရိဘောဂတွေရောင်းတဲ့အမျိုးသမီးတယောက်ဖြစ်ပြီး
သူ့ရဲ့သမီး အော်ဒရေ မာတင် ကောလိပ်တက်ဖို့အတွက် မစ်ဒဲတန်ကောလိပ်ကို
သူ့သမီးနဲ့အတူ လာရောက်လေ့လာသူပါ။
ဂျော့ ဟာ့မန်း (Andy Garcia) ကတော့ နှလုံးခွဲစိတ်ပါရဂူတယောက်ဖြစ်ပြီး
မစ်ဒဲတန်မှာ ကောလိပ်တက်ဖို့စိတ်မပါတဲ့ သူ့သားဖြစ်သူ ကွန်ရတ် ဟာ့မန်းနဲ့အတူ
ကျောင်းကိုလာလေ့လာသူပါ။
ဒီလိုနဲ့ သူတို့နှစ်ဖွဲ့လုံး မစ်ဒဲတန်ကောလိပ်လေ့လာရေးခရီးစဉ်မှာဆုံမိကြပြီး
ခေါင်းမာတတ်တဲ့မိဘတွေရဲ့သဘာဝအရ သူတို့သားသမီးတွေကို
အရှက်ခွဲမိသလိုဖြစ်သွားခဲ့ပါတယ်။
ဒါကြောင့် အီဒစ်နဲ့ ဂျော့တို့ နှစ်ယောက်သား အဖွဲ့ထဲကနေလစ်ထွက်လာခဲ့ပြီး
ဘာကိုမှတာဝန်ယူစရာမလိုတဲ့ လူငယ်တွေအဖြစ်
ကျောင်းဝန်းထဲမှာ လျောက်သွားကြပြီး ပေါက်ကရတွေလုပ်ကြရင်း
နေ့တဝက်ထဲမှာတင် ချစ်မိသွားကြပုံကို
ရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။...
Men of Deeds (2022)
⭐IMDB: 7.3/10 (1 k Votes)
🎬 #Comedy #Drama #Thriller #Crime
🗓 2022 🎞 movie
📺 #720p #1080p
💿 922.1 MB ⦿ 1.6 GB
🌎 #Romania #Bulgaria
⏰ 1 နာရီ 46 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ IMDb 7.3 ထိရရှိထားပြီး Rotten Tomatoes မှာ 100% အပြည့်ရရှိထားတဲ့အပြင် Gopo Awards 6ခုတိတိ ရရှိထားတဲ့ မှုခင်းကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်တဲ့ အီလီဟာ ကျေးလက်ဒေသတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ် သူတို့ရွာမှာ နေထိုင်တဲ့ မြို့တော်ဝန်ဟာဆိုရင် အတော် သဘောကောင်းပြီး အကူအညီလိုသမျှ လူတိုင်းကိုအကူအညီပေးတတ်တဲ့သူတစ်ယောက်ပါ အီလီဟာဆိုရင်တော့ သစ်သီးခြံလေး တစ်ခြံကို ပိုင်ဆိုင်ချင်ပြီး မိသာစုတစ်ခုတည်ထောင်ကာ ဘဝကို အဓိပ္ပာယ်ရှိရှိ နေထိုင်ချင်သူတစ်ယောက်ပါ အမှုတွေထက် သူ့ဘဝရှေ့ရေးကိုပဲ ဂရုစိုက်နေတတ်တဲ့ အီလီတစ်ယောက် တစ်ရက်မှာ လူသတ်မှုတစ်ခု ကြုံလာရပါတော့တယ် အဲ့ဒီလူသတ်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေက အီလီရဲ့ ဘဝကို ဘယ်လို သောင်းကျန်းသွားမှာလဲ အမြဲရွာသူရွာသားတွေကို ကူညီတတ်တဲ့ မြို့တော်ဝန်ရဲ့သရုပ်မှန်ကရောဘာလဲဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ...
Haider (2014)
⭐IMDB: 8.0/10 (56 k Votes)
🎬 #Action #Bollywood #Crime #Drama #Romance #Thriller
🗓 2014 🎞 movie
📺 #1080p #720p
💿 2.6 GB ⦿ 1.2 GB
🌎 #India
⏰ 2 နာရီ 42 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (8.0) / Rotten Tomatoes (88%)
မင်းသား Shahid Kapoor , မင်းသားကြီး Irrfan Khan ,မင်းသမီး Shraddha Kapoor,မင်းသမီးကြီး Tabu တို့နဲ့ဘောလိဝုဒ်ရဲ့ Rating မြင့် Action,Crime,Drama ရုပ်ရှင်ကားဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားက စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့ “Helmet”ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်အိမ်ကိုတော့ ၁၉၉၅ခုနှစ် ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။လူငယ်လေးတစ်ယောက် သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲအဲဒီကတ်ရှ်မီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။
အဲ့ဒီကိုရောက်တဲ့အခါမှာတော့ ဖြစ်စဉ်တွေဟာ သူထင်ထားသလို ရိုးစင်းမနေဘဲလိုက်လံစုံစမ်းရင်းနဲ့ ဘယ်လိုမြုပ်ကွက်တွေကို ဖော်ထုတ်လိုက်နိုင်မလဲ။ပျောက်ဆုံးသွားတယ်ဆိုတဲ့ သူ့ဖခင်ကိုရောပြန်တွေ့နိုင်မလား။နောက်ကွယ်က ဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာကို ခံစားမှုပြင်းရှရှနဲ့ခံစားကြည့်ရှုရမှာပါ။
ဇာတ်လမ်းက အချိုးအကွေ့လေးတွေ စိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကို မသိထားဘဲကိုယ်တိုင်အပြည့်အဝခံစားကြည့်ရှုမှ ပိုကောင်းပါမယ်။နိုင်ငံတကာမှာ ဘာကြောင့် Rating မြင့်ပြီး နာမည်ကြီးနေလဲဆိုတာ ခံစားဆုံးဖြတ်ပေးကြပါဦး။
(ရုပ်ရှင်အညွှန်းကို ကျော်ဇေလတ်မှ ရေးသားပြီး V & Thaik San မှ ဘာသာပြန်တင်ဆက်ထားပါတယ်။)...
S.O.S Mamis 2: Mosquita Muerta (2023)
⭐IMDB: 5.5/10 (24 Votes)
🎬 #Comedy
🗓 2023 🎞 movie
📺 #720p #1080p
💿 916.3 MB ⦿ 1.6 GB
🌎 #Chile
⏰ 1 နာရီ 40 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 5.3/10 ရရှိထားတဲ့ စပိန်ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး သူငယ်ချင်းသံယောဇဉ်နဲ့သူတို့ကြားကယုံကြည်မှုတွေကိုအဓိကထားရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်း….. ဘိုးဘွားတွေနဲ့လိုအပ်တဲ့သူတွေကိုအမြဲလှူဒါန်းကူညီပေးတတ်တဲ့စာသင်ကျောင်းတစ်ခုမှာ ထရီနီ၊ကလာရီတာ၊ဂျူလီယာနဲ့မီလာဂရို တို့ပါဝင်တဲ့ S.O.S Mamis ဆိုတဲ့တက်ကြွလှုပ်ရှားတဲ့ကျောင်းသားမိဘအဖွဲ့တစ်ခုရှိပါတယ် တစ်နေ့မှာတော့အသစ်ပြောင်းလာတဲ့ကလေးတစ်ယောက်ကိုကူညီပေးရင်းကလေးအမေဖြစ်တဲ့ဒန်နီရယ်လာဟာဖော်ရွေပြီးပေါင်းသင်းဆက်ဆံရေးကောင်းတာကြောင့် မကြာခင်အားလုံးနဲ့ရင်းနှီးသွားပေမဲ့ ထရီနီကတော့သံသယဝင်စရာလေးတွေကြောင့် စိတ်ထဲဘဝင်သိပ်မကျပါဘူး အဲဒါနဲ့ပဲသဘောထားကွဲလွဲတာတွေများသထက်များလာပြီးနှစ်ပေါင်းများစွာခင်လာခဲ့တဲ့သူငယ်ချင်းတွေပါသူစိမ်းဆန်သွားကြပါတော့တယ် ထရီနီထင်ထားသလိုဒန်နီရယ်လာကတကယ်ဖုံးကွယ်ထားတာတွေရှိနေတာလား ဒါမှမဟုတ်ထရီနီကပဲသံသယများနေတာလားဆိုတာကိုတော့ဘယ်သူမှသေချာမပြောနိုင်ကြပါဘူး စရိုက်မတူတဲ့သူငယ်ချင်းတွေကြားကသဘောထားကွဲလွဲတာတွေဘယ်လိုပြေလည်သွားမလဲ သူတို့သူငယ်ချင်းသံယောဇဉ်ကရောခိုင်မြဲနိုင်ပါ့မလားဆိုတာကိုဟာသလေးတွေနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ...
White Fox Love Affair (2023)
⭐TMDB: 0.0% User Score
🎬 #Fantasy
🗓 2023 🎞 Movie
📺 #720p #1080p
💿 564.2 MB ⦿ 1.0 GB
🌎 #China
⏰ 1 နာရီ 9 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ မိစ္ဆာမျိုးနွယ်ကိုအခြေတည်ထားတဲ့ဇာတ်လမ်းလေးပါ….ဝူရှန်းဂိုဏ်းမှာ ဖန်တီးထားတဲ့မိစ္ဆာသန့်စင်ဓာတ်လုံးကို မြေခွေးမိစ္ဆာညီအစ်မနှစ်ယောက်ခိုးယူရင်း အစ်မဖြစ်သူ ပိုင်စူးစူးက မတော်တဆ စုပ်ယူလိုက်မိသွားခဲ့တယ်…
ဓာတ်လုံးရဲ့တန်ပြန်မှုကြောင့် အရာအားလုံးကိုမေ့ပြီးဝူရှန်းတောင်အောက်ကဝူယိုးရွှာငယ်လေးက စိတ်ထားဖြူစင်တဲ့သမားတော်လေးဟယ်အန်းရှန်းက ကယ်တင်ခြင်းကိုခံခဲ့ရတယ်….
ဟယ်အန်းရှန်းကတော့ ကျင့်စဥ်တွေကိုစိတ်ဝင်စားတတ်ပြီး သတ္တဝါအားလုံးကိုကယ်တင်တတ်တဲ့စိတ်ထားဖြူစင်တဲ့သမားတော်လေးတစ်ယောက်ပေါ့…အရာအားလုံးကိုမေ့နေတဲ့ မြေခွေးမိစ္ဆာမလေး ပိုင်စူးစူး နဲ့စိတ်ထားဖြူစင်တဲ့သမားတော်လေး ဟယ်အန်းရှန်းတို့လူနဲ့ မိစ္ဆာအတူမနေရ သတ်မှတ်ထားတဲ့ လောကကြီးထဲမှာ ရှေ့ဆက်ဘယ်လိုဆက်ဖြစ်ကြမလဲ……
မိစ္ဆာသန့်စင်ဓာတ်လုံးကြောင့် အတိတ်မေ့တာကရောပျောက်ကင်းသွားမှာလား….မိစ္ဆာသန့်စင်ဓာတ်လုံးပျောက်ဆုံးသွားတဲ့ဂိုဏ်းတွေကြားကရှုပ်ထွေးမှုတွေရောဘယ်လိုဖြေရှင်းကြမလဲဆိုတာ….ချစ်ခြင်းမုန်းခြင်းတွေကြား လိုက်ပါစီးမြောပေးကြပါဦးနော်…....
Endless Battle (2023)
⭐TMDB: 90.0% User Score
🎬 #Action #Crime
🗓 2023 🎞 Movie
📺 #720p #1080p
💿 518.6 MB ⦿ 895.8 MB
🌎 #China
⏰ 1 နာရီ 27 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ အက်ရှင်ဇာတ်ကားလေးကိုမှကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်အက်ရှင်ဇာတ်ကားကောင်လေးဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် လုံခွန်းကတရားမဝင်မူးယစ်ဆေးတွေကို ရောင်းဝယ်တဲ့လူပေါ့။ရဲတွေကဒီလုံခွန်းကို ဖမ်းဆီးဖို့အတွက်နည်းမျိုးစုံသုံးဖမ်းဆီးပေမဲ့ အမြဲတမ်းလွတ်မြောက်ခဲ့တယ်။ဖြောင့်မတ်တဲ့ ရဲအရာရှိဖန်ကျန့်ကျုံးမှာအားချန်ဆိုတဲ့ ညီလေးတစ်ယောက်ရှိနေပေမဲ့ညီအစ်ကိုနှစ်ယောက်ဆက်ဆံရေးမပြေလည်ခဲ့ဘူး။
မပြေလည်တဲ့အကြောင်းရင်းကတော့ အစ်ကိုဖြစ်သူကမူးယစ်ဆေးအရောင်းအဝယ်ဂိုဏ်းတွေကိုဖမ်းဆီးနေတဲ့ ရဲသားတစ်ယောက်ဖြစ်ပေမဲ့ညီကတော့အဲ့ဂိုဏ်းတွေနဲ့ အပေါင်းအပါမိတ်ဆွေတွေဖြစ်နေခဲ့တာကြောင့်ပဲ။ သို့ပေမဲ့မကြာခဏသူ့ညီအဖမ်းခံရတိုင်းဖန်ကျန့်ကျုံးရဲ့မွေးစားအဖေချင်ရဲမှူးကတော့ သူ့ညီဘက်ကနေအမြဲကာပေးပြီးလွှတ်ပေးခဲ့တယ်။
တနေ့လုံခွန်းသားအငယ်ကရဲတစ်ယောက်ကို ကားသတ်မှုအပြင်မူးယစ်ဆေးမှုပါအဖမ်းခံလိုက်ရတဲ့အချိန် သားကိုချစ်မြတ်နိုးတဲ့ လုံခွန်းတစ်ယောက်ကယ်ထုတ်ဖို့ကြိုးစားပါတော့တယ်။ဒီလိုနဲ့ဒီအမြဲတမ်းလွတ်မြောက်နေတဲ့ လုံခွန်းမူးယစ်ဆေးဘုရင်မှာဘယ်သူတွေ ပါဝင်ကူညီပေးနေလဲ။ညီအစ်ကိုနှစ်ယောက်ဆက်ဆံရေးကကော ဘယ်လိုတွေကတောက်ကဆဖြစ်နေဦးမလဲ။ဒီရူပ်ထွေးလှတဲ့မူးယစ်ဆေးစီးပွားရေးလောကရဲ့ကြိုးစကိုဘယ်လိုဖြည်ကြမလဲအစရှိတဲ့စိတ်ဝင်စရာစုံထောက်မှုခင်းအက်ရှင်တို့ကို တစ်ခါတည်းဒီဇာတ်ကားကနေပြသသွားမှာဆိုတော့လက်မလွတ်တမ်းစောင့်ကြည့်လိုက်ရအောင်...
Breaking at the Edge (2013)
⭐IMDB: 4.3/10 (1 k Votes)
🎬 #Horror #Thriller
🗓 2013 🎞 movie
📺 #720p #1080p
💿 682.3 MB ⦿ 1.5 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘီယန်ကာ ဝုဒ်ရဲ့နေ့စဉ်ဘ၀က အရမ်းခက်ခဲပင်ပန်းရတယ်။
ပထမဆုံး ရင်သွေးကိုဆုံးရှုံးခဲ့ရပြီးတဲ့နောက် စိတ်ရောဂါရပြီး
ရူးမတတ်ဖြစ်ခဲ့ရတဲ့ ဘီယန်ကာကို ယောကျာ်းဖြစ်သူ အီယန် ဝုဒ်က
အနီးကပ်စောင့်ရှောက်ပေးနေတာပါ။
ဒီလိုမျိုး တနေ့တနေ့ မရှိခြင်းနဲ့ရှိခြင်းကို ခက်ခက်ခဲခဲ ခွဲခြားနေရတဲ့
ဘီယန်ကာရဲ့နောက်ကို အခုတလော လိုက်နေတာက
ထူးထူးဆန်းဆန်းကောင်မလေးတယောက်။
ဘီယန်ကာတယောက်ကပဲ သူ့ကိုမြင်နိုင်သလို ဒီကောင်မလေးနဲ့
ပတ်သက်ပြီး သူစုံစမ်းလို့ရသိလိုက်ရတဲ့အရာတိုင်းက
ထူးဆန်းပြီးရင်းထူးဆန်းနေတယ်။
ယောကျာ်းဖြစ်သူအပါအ၀င် လူတိုင်းကတော့ ဘီယန်ကာတယောက်
ကိုယ်၀န်ကြောင့် ဆေးသောက်တာရပ်လိုက်တဲ့အတွက် စိတ်ချောက်ချားပြီး
မြင်ချင်ရာမြင် စိတ်ကူးတွေယဉ်နေတာလို့ပဲထင်ကြတယ်။
ဒါပေမယ့် ဒီကောင်မလေးကြောင့် ဘီယန်ကာရဲ့မမွေးဖွားသေးတဲ့
ဒုတိယ ရင်သွေးကိုပါ ထိခိုက်လာတဲ့အခါမှာတော့ ဘီယန်ကာတယောက်
ဘယ်အရာက အမှန်တရားလဲ။
သူကပဲရူးနေတာလား။ ဒီကောင်မလေးက ဘာဖြစ်လို့သူ့ကိုမှ ဒီလိုမျိုးလုပ်နေတာလဲ။
တကယ့်အဖြစ်မှန်ကဘာလဲ။ အဆုံးမှာ ဘီယန်ကာနဲ့ သူ့ရဲ့ရင်သွေးလေးရော
ဘေးကင်းနိုင်ပါ့မလားဆိုတာကို ရှုစားအားပေးကြပါဦးခင်ဗျ...
The House (2022)
⭐IMDB: 5.7/10 (358 Votes)
🎬 #Adult #Drama
🗓 2022 🎞 movie
📺 #720p #1080p
💿 706.5 MB ⦿ 1.8 GB
🌎 #France #Belgium
⏰ 1 နာရီ 30 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
La Maison (2022)
La Maison ခေါ် စံအိမ်တော်လို့ခေါ်တဲ့ ဆောင်ကြာမြိုင်လေးတစ်ခုရဲ့ ဇာတ်လမ်းပါ။
အဓိက ဇာတ်ဆောင် မင်းသမီးက စာရေးဆရာ။ သူက သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်ရင်း ဆောင်ကြာမြိုင်ကို ရောက်သွားတယ်။ ရောက်သွားပြီးတဲ့နောက်မှာ ဆောင်ကြာမြိုင်ကို စိတ်ဝင်စားသွားပြီး ကိုယ်တိုင်အလုပ်လုပ်ရင်း နောက်ရေးမယ့်စာအုပ်အတွက် ကုန်ကြမ်းရှာပါတော့တယ်။
စာအုပ်အသစ်မရေးနိုင်သေးလို့ ကြပ်တည်းနေတဲ့အချိန်မှာ ဒီအလုပ်က ငွေရတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရတာပေါ့။ ဒါပေမဲ့ သူက စာရေးဖို့ ကြိုးစားနေရင်းနဲ့ပဲ ဒီအလုပ်ကို ခင်တွယ်လာတယ်။ ဒီစံအိမ်ကို ခင်တွယ်လာတယ်။ အဲဒီက အမျိုးသမီးလေးတွေကို ခင်တွယ်လာတယ်။ လိင်ကိစ္စကို နဂိုကတည်းက ဝါသနာလို့ လုပ်ဖြစ်တယ်ဆိုပေမဲ့ တကယ်လုပ်ကြည့်တော့မှ ဒီလောကအကြောင်း ဒီလောကကလူတွေအကြောင်း သိလာပြီး ချစ်စိတ်ဝင်သွားတဲ့ အဖြစ်လေးပါ။
အက်ရှင်ခန်းတွေမှာတော့ ကွင်းကွင်းကွက်ကွက်ပြမထားပေမဲ့ ဘုရားသခင်ရဲ့ အနုစိတ်ဖန်တီးထားတဲ့ အလှအပတွေကိုတော့ အပြည့်အဝခံစားနိုင်မှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကို6 9မှ ပြန်ဆို ရေးသားထားပါတယ်)...
Scarlett (2020)
⭐IMDB: 5.1/10 (564 Votes)
🎬 #Action
🗓 2020 🎞 movie
📺 #720p #1080p
💿 848.5 MB ⦿ 1.9 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အက်ရှင်ကားမှကြည့်ချင်တဲ့ပရိသတ်တို့အတွက် ဂျက်မ စကားလက်ကားပါ…။
ဖခင်ဖြစ်သူဟာ စပိုင်တစ်ယောက်ဖြစ်တဲ့အလျောက် စကားလက်ဟာလည်း
ငယ်စဥ်ကတည်းက သူများတွေနဲ့မတူအောင် သေနတ်ပစ်၊ အသတ်အပုတ်
အတိုက်အခိုက်ကိုလေ့ကျင့်ခဲ့ရတာပါ….။
မိခင်ဖြစ်သူကငယ်ငယ်လေးကတည်းကဆုံးပါးသွားတော့ ဖတဆိုးလေး
စကားလက်ဟာ သူ့ဘဝကို စပိုင်ဖခင်ဆီက သင်ယူရင်းနဲ့သာအချိန်ကုန်ဆုံးခဲ့တာပေါ့…။
တစ်နေ့မှာတော့ မှောင်ခိုလက်နက်အရောင်းအဝယ်သမားတွေဟာ သူတို့အိမ်ကို
လာတိုက်ခိုက်ပြီး စကားလက်ရဲ့ဖခင်ကို ဖမ်းသွားပါတော့တယ်…။
ဒီတော့ စကားလက်တစ်ယောက် ဖခင်ကိုပြန်ကယ်ဖို့အတွက် တစ်ယောက်တည်း
စစ်ဆင်ရေးထွက်ခဲ့ပါတော့တယ်….။
သူ့အဖေကို ဘာလို့ဖမ်းသွားတာလဲ၊ မှောင်ခိုသမားတွေရဲ့ရည်ရွက်ချက်ကဘာလဲ၊
စကားလက်တစ်ယောက်တည်းဘယ်လို တိုက်ပွဲဝင်မလဲဆိုတာ
ဇာတ်ကားလေးထဲကြည့်ရှုလို့ရပါပြီ…။...
Breakfast at Tiffany's (1961)
⭐TMDB: 77.0% User Score
🎬 #Comedy #Drama #Romance
🗓 1961 🎞 movie
📺 #720p #1080p
💿 904.5 MB ⦿ 2.8 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 55 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Breakfast at Tiffany’s (1961)
~ IMDb – 7.6/10, Rotten Tomatoes – 88% ~
ဒီကားလေးကတော့ ရုပ်ရှင်ချစ်ပရိသတ်တို့အတွက် အထူးတလည်ရှင်းပြစရာ လိုမယ်တောင်မထင်ပါဘူး။ ရွှန်းလဲ့တဲ့မျက်ဝန်းပိုင်ရှင် ကမ္ဘာကျော် ဖက်ရှင်အိုင်ကွန် မင်းသမီး အော်ဒရီဟပ်ဘန်းပါဝင်တဲ့ အောင်မြင်မှုများစွာကိုသိမ်းပိုက်ပြီး ကမ္ဘာတစ်ဝှမ်းလူကြိုက်များခဲ့၊ များနေဆဲဖြစ်တဲ့ အချစ်ဟာသ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb – 7.6/10 || Rotten Tomatoes – 88% အသီးသီးရရှိထားပြီး Breakfast at Tiffany’s ဆိုတဲ့စာအုပ်ကိုအခြေခံထားတဲ့ကားလေးပဲဖြစ်ပါတယ်။
ဟော်လီဂိုလိုက်လီးဆိုတဲ့ နယူးယောက်မှာနေထိုင်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ လွတ်လပ်မှုကိုအလွန်မြတ်နိုးသူဖြစ်ပြီး သူအရမ်းချစ်ရတဲ့ စစ်တပ်ထဲက အစ်ကိုဖြစ်သူဖရဒ် ပြန်ထွက်လာတဲ့အခါမှာ သူနဲ့အတူ နောင်ရေးအေးအေးနေရအောင် ကြံဆပြီး ရရာအခွင့်အရေးတိုင်းကို စူးစမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ရူပကာချောမောသူဖြစ်တဲ့အပြင် သူ့ရဲ့သွက်လက်ချက်ချာမှုကြောင့် လူမှုဆက်ဆံရေးကျင်လည်သူလည်းဖြစ်ပါတယ်။
သူနေထိုင်တဲ့တိုက်ခန်းအောက်ထပ်ကိုရွှေ့ပြောင်းလာသူကတော့ ပေါလ်ဗာဂျက်ခ်ဆိုတဲ့ သာမန်လူတန်းစားယောက်ျားတစ်ယောက်ဖြစ်ပါတယ်။ ရောက်ရောက်ချင်းနေ့မှာ သော့မရှိတာကြောင့် ဟော်လီ့ရဲ့အခန်းတံခါးကိုသွားခေါက်ရာကနေစပြီး တဖြည်းဖြည်းနဲ့မိတ်ဆွေကောင်းတွေဖြစ်သွားခဲ့ကြတယ်။
တစ်နေ့မှာတော့ အသားညိုညို တောင့်တောင့်ဖြောင့်ဖြောင့် အရပ်ရှည်ရှည် ဘရာဇီးလူမျိုး လူကုံထံအထက်တန်းစား မောင်ချမ်းသာတစ်ယောက်နဲ့ ဂိုလိုက်လီးတို့ချိန်းတွေ့ပြီးပြန်အလာ အခန်းဝမှာရောက်နေခဲ့တဲ့ကြေးနန်းစာတစ်စောင်ကြောင့် ဟော်လီတစ်ယောက်ယူကြုံးမရတဲ့အဖြစ်နဲ့ကြုံခဲ့ရတယ်။ အချိန်အနည်းငယ်ကုန်ဆုံးသွားပြီးတဲ့နောက် ဟော်လီတစ်ယောက် နလန်ထူနိုင်ချိန်မှာ ဘရာဇီးကိုသူ့ချစ်သူနဲ့အတူလိုက်သွားဖို့စီစဉ်ပြီး သူရဲ့အိမ်နီးချင်းမိတ်ဆွေကောင်းပေါလ်ကို နောက်ဆုံးအနေနဲ့နှုတ်ဆက်ဖို့လုပ်ခဲ့တယ်။
သူတို့စားသောက်ကြပြီး အိမ်အပြန်မှာ ဟော်လီ့ကို မူးယစ်ဆေးအဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတဲ့စွဲချက်ကြောင့် သတင်းထောက်တွေရောက်နေခဲ့ပြီး ဇယားတွေရှုပ်ခဲ့တယ်။ အဲဒီနောက်မှာ မိသားစုဂုဏ်သိမ်ကိုထိခိုက်မခံနိုင်တဲ့ ဟော်လီရဲ့ချစ်သူဟာလည်း သူ့ကိုစာတစ်စောင်နဲ့ဖြတ်ချသွားခဲ့တယ်။ လူတစ်ယောက်ကိုတကယ်ချစ်မိမှာ ကြောက်တဲ့ဟော်လီတစ်ယောက် သူ့အတွက်ဆိုအမြဲအသင့်ရှိနေတဲ့ ပေါလ်ရဲ့အချစ်ကိုလက်မခံနိုင်တဲ့နောက်ဆုံး ပေါလ်လည်း သူ့ကိုထားခဲ့လိုက်တယ်။ နောက်ဆုံးမှာ ဟော်လီတစ်ယောက်ဘယ်လိုဆုံးဖြတ်ချက်ကိုချလိုက်မလဲဆိုတာကို ခံစားချက်ရိုလာကိုစတာကြီးစီးပြီး ကြည့်ရှုလိုက်ရအောင်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)...
Alien Invasion (2023)
⭐IMDB: 1.9/10 (212 Votes)
🎬 #Horror #SciFi #ScienceFiction
🗓 2023 🎞 movie
📺 #720p #1080p
💿 383.8 MB ⦿ 1019.9 MB
🌎 #UnitedKingdom
⏰ 1 နာရီ 13 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lyraမွေးနေ့အတွက် သူငယ်ချင်းတစ်စုဟာ Lyraအိမ်ကို ရောက်ရှိလာကြပါတယ်။
မွေးနေ့ပါတီမှာ ဂိမ်းကစားရင်း အလောင်းအစားနဲ့ ဘေးအိမ်ကရေကူးကန်မှာ
ရေကူးကြဖို့ စိန်ခေါ်ကြပါတယ်။
လျှို့ဝှက်ချက်တွေပြည့်နှက်နေတဲ့ ဘေးအိမ်မှာ ရေခိုးကူးရုံတင်မက အဖွဲ့ထဲက
ကိုစပ်စုက အိမ်ထဲကိုဖောက်ဝင်ပါတော့တယ်။ အိမ်ရဲ့မြေအောက်ခန်းမှာ
သူတို့မထင်မှတ်ထားတဲ့အရာကို တွေ့ရှိကာ ပြန်ထွက်ဖို့ကြိုးစားပေမဲ့ အိမ်ရှင်လည်း
ပြန်ရောက်လာတာကြောင့် ထွက်မရဘဲ ပိတ်မိနေပါတော့တယ်။ သူတို့ဘာဆက်လုပ်ကြမလဲ
မြေအောက်ခန်းထဲမှာရှိနေတာကရောဘာလဲ ဘာအန္တရာယ်တွေကြုံရမလဲ
ဆိုတာ ဆက်လက်ကြည့်ရှုကြပါဦးခင်ဗျာ။...
Naked Weapon (2002)
⭐TMDB: 67.0% User Score
🎬 #Action #Adult #Crime #Drama #Romance #Thriller
🗓 2002 🎞 movie
📺 #720p #1080p
💿 1.4 GB ⦿ 3.6 GB
🌎 #HongKong #HongKong
⏰ 1 နာရီ 30 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Naked Weapon 2002
ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁၃ နှစ် အရွယ် မိန်းကလေးတွေ ပျောက်နေကြတယ်။ဒါနဲ့ ပတ်သတ်ပြီး CIA က Jack Chen နဲ့ သူ့အဖွဲ့ဟာ လိုက်လံစုံစမ်းနေခဲ့တာကြာပြီ။သူတို့ရဲ့ တစ်ခုတည်းသော သဲလွန်စကမဒမ် M ဆိုတဲ့ အမျိုးသမီး နဲ့ သူဦးဆောင်တဲ့ အဖွဲ့အစည်းပဲ။မဒမ် M ဟာ ကမ္ဘာ တစ်ဝှမ်းမှာရှိတဲ့ ၁၃ နှစ် အရွယ် မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတယ်။လူသူမနီးတဲ့ ကျွန်းဆီ ခေါ်သွားပြီးအဲဒီ မိန်းကလေးတွေကို စစ်ရေးလေ့ကျင့် သင်ကြားပေးတယ်။မဒမ် M ပြန်ပေးဆွဲတဲ့ မိန်းကလေးတွေအားလုံးဟာအားကစား ဒါမှမဟုတ် ကိုယ်ခံပညာ တစ်ခုခုမှာအများနဲ့ မတူအောင် ထူးချွန်တဲ့ သူတွေ ဖြစ်တယ်။အဲဒီထဲမှာ Charlene ဆိုတဲ့ ကလေးမလေးလည်း ပါတယ်။CIA က Jack Chen က လည်း ပျောက်သွားတဲ့ ကလေးတွေနဲ့ Charlene တို့အကြောင်းကို လိုက်စုံစမ်းနေခဲ့တာ ၈ နှစ်ကြာတဲ့အထိ ဘာသဲလွန်စမှ မရခဲ့ဘူး။
၈ နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးမတွေဟာ မဒမ် M ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေ့ကျင့်ရေးစခန်းကနေလှပချောမောပြီးရက်စက်စွာဇီဝိန်ချွေတတ်တဲ့ မိန်းမလှလေးအဖြစ် ထွက်ပေါ်လာတဲ့အမှာတော့…
မဒမ် M တစ်ယောက် သူပျိုးထောင်ထားတဲ့ မိန်းမငယ် လူသတ်သမားလေးတွေနဲ့ဘယ်လို ပြစ်မှုတွေကို ကျူးလွန်မှာလဲCharlene တစ်ယောက်ကရော မဒမ် M အားကိုးရတဲ့ အတော်ဆုံး လူသတ်သမား ဖြစ်လာမှာလားသူ့ကို လိုက်စုံစမ်းနေတဲ့ Jack Chen နဲ့ ရော ဘယ်လိုတွေ ရေစက်ဆုံဖြစ်ကြမှာလဲမဒမ် M တို့ အဖွဲ့အစည်းကြီးကရော နောက်ဆုံးမှာ ဘာဖြစ်သွားမှာလဲဆိုတာ……။
ဒီကားမှာ Charlee Ching အဖြစ် Nikita မင်းသမီး Maggie Q အဓိကပါဝင်ထားပြီးမင်းသား Daniel Wu နဲ့အခြားသရုပ်ဆောင်များစွာအားဖြည့်ထားပါတယ်။
2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့် အမျိုးသမီးဖိုက်တာဇာတ်ကြမ်းတွေထဲမှာတော့အခုချိန်ထိဗိုလ်စွဲနေသေးတဲ့ အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို DreamWalker မှ တင်ဆက်ထားပါတယ်။)...
Maaveeran (2023)
⭐IMDB: 7.5/10 (3 k Votes)
🎬 #Action #Bollywood #Drama #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 1.2 GB ⦿ 2.8 GB
🌎 #India
⏰ 2 နာရီ 41 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Maaveeran (2023)IMDb-7.5/10
ခဏခဏတောင်းဆိုနေကြတဲ့ Maaveeranဆိုတဲ့ ကြီးမြတ်သောသူရဲကောင်းဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။အက်ရှင်မင်းသားချော ရှီဗက်ကာသီကီရန် အဓိကနေရာကပါဝင်ထားပြီး တွဲဖက်သရုပ်ဆောင် ဟာသမင်းသားကြီးယိုဂီဘာဘူနဲ့အတူ တောင်ပိုင်းစတား မင်းသားကြီးဗီဂျေးစည်သူပတီကနေ နောက်ခံစကားပြောတဲ့သူအနေနဲ့ပါဝင်ထားပါတယ်။
ဇာတ်လိုက်က ဆပ်တရာ။ဆပ်တရာက မထင်မရှားကာတွန်းဆရာ။ဘယ်လောက်ထိမထင်ရှားလဲဆိုသတင်းစာတစောင်မှာ ရှဲဒိုးရေးပေးရတာ။(ရှဲဒိုးဆိုတာ သူကသာရေးရတာ နာမည်ခံထားတာကတယောက်။)နောက်ပြီး ငကြောက်။”ရန်လိုလာရင် အရှုံးပေးနှလုံးအေးစေ၏”ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ဘာနေနေ“နေပါစေ ထားလိုက်ပါ ပြီးသွားမှာပဲ”ဆိုပြီးနေတဲ့သူ။
နိုင်ငံရေးသမားတွေရဲ့ အမြတ်ထုတ်နိုင်ငံရေးကစားတဲ့လှည့်ကွက်တွေကြောင့်နဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့အိမ်လေးတွေကိုစွန့်ထားခဲ့ရပြီး သူတို့ချပေးတဲ့တိုက်ခန်းမှာသွားနေကြရတယ်။ လက်နဲ့ထိရင်ကြွေဆိုတဲ့အတိုင်းသံတချောင်းရိုက်ရုံနဲ့ နံရံပြိုကျပြီး ဘေးအခန်းနဲ့တသားတည်းဖြစ်မဲ့တိုက်ခန်းမှာနေကြရင်း တနေ့မှာတော့….။ဇာတ်လိုက်ကျော်ငကြောက်ကြီး ခေါင်းမှာဒဏ်ရာရပြီး သူတို့ရဲ့ကံကြမ္မာတွေဘယ်လိုအလှည့်အပြောင်းဖြစ်သွားမလည်းဆိုတာဇာတ်ကွက်ဇာတ်လမ်းခပ်ဆန်းဆန်းနဲ့ရှုစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~YH~Zwe~Cherry~Moon~BpLတို့ပဲဖြစ်ပါတယ်)...
A Lifelong Love (2023)
⭐IMDB: 5.6/10 (222 Votes)
🎬 #Romance #TVMovie #Drama
🗓 2023 🎞 tv movie
📺 #720p #1080p
💿 613.5 MB ⦿ 1.5 GB
🌎 #Canada #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ငယ်ရည်းစားတွေ ဖြစ်ခဲ့ကြတဲ့ ကဗျာဆရာမ အာနီကာနဲ့ ဓါတ်ပုံဆရာ ရိုင်ယန်
တစ်နေ့မှာတော့ နှစ်ယောက်လုံး စာအုပ်တစ်အုပ်အတွက် တူတူပရောဂျက်လုပ်ဖို့
ဖြစ်လာခဲ့ပါတယ်…
ထိုပရောဂျက်ကလည်း နှစ်ပတ်အတွင်း အာနီကာ့အဘိုးရဲ့ ငယ်ချစ်ဦးဖြစ်သူ
ရု့တ်ကိုရှာပြီး စာအုပ်တစ်အုပ်စာ ကဗျာတွေရေးဖို့ပါ။
ထိုပရောဂျက်လုပ်ရင်း ငယ်ရည်းစားနှစ်ယောက် ဘယ်လိုတွေပြန်နီးစပ်သွားမလဲ
အဘိုးဖြစ်သူရဲ့ငယ်ချစ်ဦးကိုရော ရှာတွေ့နိုင်ပါ့မလား ပရောဂျက်လည်း
အောင်မြင်နိုင်ပါ့မလားကတော့…...
The Year of the Dog (2022)
⭐IMDB: 5.8/10 (198 Votes)
🎬 #Drama
🗓 2022 🎞 movie
📺 #720p #1080p
💿 713.6 MB ⦿ 1.6 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Year of the Dog (2023)
~ IMDb – 5.8/10, Rotten Tomatoes – 100% ~
ဇာတ်လိုက်ဟာ အရက်စွဲနေတဲ့ တစ်ကိုယ်ရည်တစ်ကာယသမားတစ်ယောက်။ နာတာရှည်ဆေးရုံမှာတင်ထားရတဲ့ သူ့မိခင်ရဲ့ “ရက်၃၀တိတိ အရက်မသောက်ဘဲ နေနိုင်မှ အမေ့ကိုလာတွေ့ပါ” ဆိုတဲ့ စကားအရ အရက်ဖြတ်ဖို့ ကြိုးစားနေတဲ့သူ။
ဒီလိုနဲ့ တစ်ရက်မှာ လေလွင့် Husky ခွေးတစ်ကောင်နဲ့ ဆုံပါတယ်။ လေလွင့်လူနဲ့ လေလွင့်ခွေးရဲ့ကြားဆက်ဆံရေးက အစပိုင်းတော့ မရေမရာပါပဲ။
မွန်တားနားပြည်နယ်ဟာ စွတ်ဖားခွေးပြိုင်ပွဲတွေနဲ့ပတ်သတ်လို့ နာမည်ကြီးပါတယ်။ ဖြစ်ချင်တော့ ဒီ Husky လေးဟာ စွတ်ဖားခွေးဖြစ်နေနိုင်တယ်ဆိုတဲ့ အတွေးနဲ့ မြို့ထဲက စွတ်ဖားခွေးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တခြားစွတ်ဖားခွေးတွေနဲ့ယှဉ်ရင် အရွယ်အစားအရ သေးငယ်လွန်းနေလို့ အထင်မြင်သေးခံရတာတွေနဲ့ စကြုံရပါတယ်။
၂ယောက်သားကြား ဆက်နွယ်မှုလေးချိတ်မိသွားပြီးနောက် ကိုယ်စီပန်းတိုင်တွေဆီကို ဘယ်လိုလျှောက်လှမ်းကြမလဲ… ဇာတ်လိုက်ကရော သူ့အမေကို သွားတွေ့နိုင်မှာလား… ဆိုတာ ကြည့်ရှုလိုက်ကြပါဦး။
အရင်က သေချာမသိခဲ့တဲ့ စွတ်ဖားခွေးတွေအကြောင်းနဲ့ ခွေး ဆိုက်ကိုလိုဂျီအကြောင်းလည်း ဟောဒီ ခွေးနှစ်ဆိုတဲ့ ကားထဲမှာ အထိုက်အသင့်မြင်ရမှာပါ။ ခွေးချစ်ရင်တော့ လက်လွှတ်မခံပါနဲ့ ဒါပေမဲ့ အရက်စွဲပြီး ကိုယ့်ကို ဂရုစိုက်တဲ့သူတွေကိုမှ ဘုကလန့်လုပ်ချင်တဲ့သူမျိုးကို ကြည့်မရရင်တော့ ခွေးချစ်လည်း ဒီကားကို ကျော်သွားလိုက်ပါ။ မျက်ရည်မလွယ်ဘဲ သည်းခံနိုင်စွမ်းရှိမှ ခွေးလေးစွတ်ဖားဆွဲတာ လာကြည့်ပါလို့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
