ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
The Clearing (2004) ⭐TMDB: 58% User Score 🎬 #Drama #Mystery #Thriller 🗓 2004 🎞 tv movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Clearing ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ဇာတ်ကားဟာ ခံစားမှုများပြားတဲ့ စိတ်ကူးယဉ်သည့် ဇာတ်လမ်းဖြစ်ပြီး သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ Wayne Hayes (Robert Redford) ဟာ လောဘမပါဘဲ အောင်မြင်မှုရနေသူတစ်ဦးဖြစ်ပြီး၊ သူ့ဇနီး Eileen Hayes (Helen Mirren) နဲ့အတူ ချမ်းသာကျေနပ်စွာနေထိုင်ပါတယ်။ တစ်နေ့မှာတော့ Wayne ကို Arnold Mack (Willem Dafoe) ဆိုတဲ့ လူဆိုးတစ်ဦးက အတင်းဖမ်းဆီးပြီး ပျောက်ဆုံးသွားတဲ့အခါမှာ Eileen နဲ့ မိသားစုဟာ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုများပြားတဲ့ အခြေအနေကို တွေ့ကြုံရပါတယ်။ “The Clearing” ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့ ထင်မြင်ချက်တွေကို လှုံ့ဆော်ပေးပြီး ရင်ဖိုစရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ်။ကိုယ်တိုင်ကြည့်ရှုခံစားပေးပါဦး။...
Sword Art Online the Movie: Progressive - Scherzo of Deep Night (2022) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Action #Animation #Fantasy #ScienceFiction #Adventure #SciFi 🗓 2022 🎞 movie 🌎 #Japan ⏰ 1 နာရီ 41 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb-6.7/10 Sword Art Online: Progressive ဇာတ်လမ်းတွဲတွေထဲက ပထမတွဲမှာပါတဲ့အခန်းတစ်ခုကို ပုံဖော်ထားတဲ့ အန်နီမဲရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ၂၀၂၂ နှစ်ကုန်ခါနီးအချိန် ALSနဲ့ DKBဆိုပြီး ဂိမ်းကစားသမားတချို့ပါဝင်ပေါင်းစည်းထားတဲ့ ဂိုဏ်းနှစ်ခု ဦးဆောင်နေတဲ့အချိန် ဂိုဏ်းနှစ်ခုကြား အာဏာလုမှုကလည်း ပြင်းထန်နေပါတယ်။ ဂိုဏ်းခေါင်းဆောင်နှစ်ယောက်က ရန်သူတော်ကြီးကိုရှင်းလင်းပြီး အနိုင်ယူဖို့ အပြင်းအထန်ပြိုင်ဆိုင်နေကြပါတယ်။ အာဆူနာဆိုတဲ့ကောင်မလေးကတော့ သူငယ်ချင်းဖြစ်သူကြောင့် ဂိမ်းထဲမှာပိတ်မိနေတဲ့ကောင်မလေး။ ဒီဂိမ်းမှာ သေဆုံးသွားခဲ့ရင် အပြင်လောကမှာလည်းသေဆုံးသွားမှာဖြစ်လို့ အသက်ရှင်သန်ဖို့အရေး ရုန်းကန်နေရပါတယ်။ နှစ်သစ်ကူးအကြိုညအတွက် ပါတီလုပ်ဖို့ ဂိုဏ်းကြီးနှစ်ဂိုဏ်းပူးပေါင်းထားကြပေမဲ့ ပါတီညမှာ ရန်သူတော်ကြီးကို အဖွဲ့တစ်ခုက သွားရှင်းဖို့ကြံထားတာကို အာဆူနာ မတော်တဆကြားသွားခဲ့ရာကစ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ စစ်မက်မဖြစ်ပွဲရေးအတွက် သူငယ်ချင်းတွေအကူအညီရယူပြီး တားဆီးဖို့ကြိုးစားပါတော့တယ်၊ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
A Very Vermont Christmas (2024) ⭐IMDB: 6.0/10 (295 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားနာမည်က A very Vermont Christmas ဖြစ်ပြီး ၂၀၂၄ ခုနှစ်ကမှ ထွက်ရှိထားတဲ့ Romance/ Familiy ဇာတ်ကားလေးတစ်ခုပါ။ ဘီယာနှစ်သက်သူများ ဒီဇာတ်ကားကို သဘောကျမှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစုဘီယာလုပ်ငန်းတွေကို အခြေတည်ပြီး ခရစ္စမတ် အငွေ့အသက်တွေ ထုံမွှန်းထားတဲ့ မိသားစုနဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဗားမွန့်က နှင်းလျှောစီးစခန်းမြို့လေးဖြစ်တဲ့ Maple Glen မှာ Mongul Joe’s ဆိုတဲ့ ဘီယာဆိုင်နဲ့ ဘီယာချက်ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူ Joe တည်ထောင်ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီးဖြစ်သူ Joy က အမေဖြစ်သူနဲ့အတူ ဆက်လက်လည်ပတ်နေတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အင်အားကြီး ဘီယာကုမ္ပဏီတွေရဲ့ စျေးကွက်လက်ဝါးကြီး အုပ်မှုကြောင့် တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်းလေးတွေ အကြပ်ရိုက်ပြီး သူတို့ပိုင်လုပ်ငန်းလေးတွေကို ကုမ္ပဏီကြီးတွေထံ ထိုးအပ်ရမလိုဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ Zac ဆိုတဲ့ မျက်နှာစိမ်းဧည့်သည်တစ်ယောက်နဲ့ Joy တို့ ခင်မင်ရင်းနှီးသွားကြပြီး Zac က တကယ်တမ်းမှာ Joy တို့နဲ့ ပြိုင်ဘက် ဘီယာကုမ္ပဏီမှာ လုပ်ကိုင်နေသူမှန်း သိလိုက်ရပါတယ်။ တစ်ချိန်တည်းမှာ နှင်းလျှောစီးဘီယာပြိုင်ပွဲ ကျင်းပဖို့ရှိနေပြီး ဒီပြိုင်ပွဲမှာ အနိုင်လိုက်ရင် Joy တို့ မိသားစုလုပ်ငန်း ဆက်လက်ရပ်တည်နိုင်မှာဖြစ်လို့ Zac ရဲ့ အကူအညီယူပြီး ဘီယာအသစ်တစ်ခုမျိုးကို ဖန်တီးဖို့ကြိုးစားပါတော့တယ်။ ခရစ္စမတ်၊ ဘီယာနဲ့ နှင်းလျှောစီးအားကစား theme သုံးခု ပေါင်းစပ်ထားတဲ့ ကြည်နူးစရာ အချစ်ရုပ်ရှင်လေးဖြစ်ပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ကြာချိန်ကလည်း တစ်နာရီခွဲတောင် မပြည့်တာမို့ စိတ်ပင်ပန်းနွမ်းနယ်နေသူတွေ ကြည့်ပျော်မဲ့ အမေရိကန် Family/ Romance ဇာတ်ကားလေးဖြစ်ပါတယ်။...
With Love, Your Sweetly Salted (2023) ⭐IMDB: 6.2/10 (246 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 32 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အယ်လီ ဟာ ချီကာကို က စာဖတ်သူတွေရဲ့ အားပေးမှုကို ရရှိထားတဲ့ Sweety Salted အချိုကဲ အငံဓာတ် နာမည်ပြောင် သုံးပြီး ရေးတဲ့ အစားအသောက်ဝေဖန်သူတစ်ယောက်ပါ…… ဂုဏ်သတင်းကျော်ကြားပြီး လူပုံဓာတ်ပုံရိုက်မခံလို့ သူ့ကို နာမည်သာ ကြားဖူးကြပြီး ဘယ်သူမှ မမြင်ဘူးကြတဲ့ စာဖိုမှုး ဆတ်ရေနယ်ဒို ဆိုင်သစ်ဖွင့်တော့ အယ်လီရေးလိုက်တဲ့ သူ့ဆိုင်က ဂျဘရီတို အကြောင်းဝေဖန်ချက်ကြောင့် အယ်လီအတွက်ရော ဆတ်အတွက်ပါ အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး တခါမှမတွေ့ဘူးတဲ့ သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံကြမယ်ဆိုမလဲဆိုတာ ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုခံစားရမှာပါ အစားအသောက်ကားလေးတွေကြည့်ရတာ သဘောကျတဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ...
The White Ribbon (2009) ⭐IMDB: 7.8/10 (78 k Votes) 🎬 #Drama #Mystery #Thriller 🗓 2009 🎞 movie 🌎 #Germany #Austria #France #Italy #Canada ⏰ 2 နာရီ 24 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ 2009 ခုနှစ်မှာ ရွှေကမ္ဘာလုံးဆုနဲ့ Palme d’Or ဆုအပြင် အကောင်းဆုံး နိုင်ငံခြားဘာသာရုပ်ရှင်ဆုအများကြီးရထားတဲ့ ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ပထမကမ္ဘာစစ် မစခင် ဂျာမန် ရွာလေးတစ်ရွှာ မှာ ထူးဆန်းတဲ့ဖြစ်စဉ်တွေဖြစ်ပြီး တစ်ရွာလုံးမှာ ဟိုလူထင်ဒီလူထင်နဲ့ ရက်စက်မှုတွေသံသယဝင်မှုတွေနဲ့ ပြည့်နှက်နေပြီး လူ့သဘာဝတွေကိုဖော်ထုတ်ပြနိုင်တဲ့ ကားကောင်းလေးပါ။ ဇာတ်လမ်းကို ဒီထဲက ဇာတ်ကောင် ကျောင်းဆရာကာပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ လူတွေရဲ့နက်နဲရှုပ်ထွေးတဲ့ စိတ်တွေ အကြမ်းဖက်မှုတွေ အမှောင်ဘက်ခြမ်းတွေကို လူသဘာဝဆန်ဆန် မြင်တွေ့ရမှာပါ။ ဒီကားကိုတော့ ဒီ dark ဖြစ်တဲ့ feeling တွေ ညစ်ညမ်းမှူတွေကိုပေါ်လွင်အောင် Black and white နဲ့ပဲ ရိုက်ထားပါတယ်။...
Still Fabulous (2024) ⭐IMDB: 4.9/10 (665 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 33 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Still Fabulous (2024) ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် Comedy/ Romance ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။(18+ Warning အဖော်အချွတ်အခန်းတွေ၊ မိသားစုနဲ့ ကြည့်ရန်မသင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ပါတယ်)။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒလေနာဟာ ကိုယ့်ကိုယ်ကိုယ် မုန်းတီး၊အထင်သေး၊ ယုံကြည်ချက်မရှိတဲ့ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ယောက်ပါ။သူ့ကိုယ်သူလည်း မုန်းတီးနေသလို ယောကျ်ားတွေကလည်း သူ့ရဲ့ ခန္ဓာကိုယ်ကို ကြိုက်မှာမဟုတ်ဘူးလို့ ထင်နေပါတယ်။အလုပ်ကလည်း တခြားတစ်ယောက်ရဲ့ ကိုယ်စား နောက်ကွယ်ကနေ အစားရေးပေးရတဲ့ ဆရာရေးဆရာမ လုပ်ကို လုပ်နေရတာပါ။ဒီလိုတွေဖုံးကွယ်ထားရင်း ဘဝကို ရှင်သန်နေသူပါ။ အလုပ်က ဒိုနာတိုဆိုတဲ့ အယ်ဒီတာတစ်ယောက်ကိုလည်း တဖက်သတ် ကြိုက်နေတာပါ။မက်ဒလေနာလည်း အပြာကားဝဘ်ဆိုဒ်တွေ ဝင်ကြည့်ရင်း ထူးဆန်းစွာပဲဗလန်တီနာဆိုတဲ့ အပြာကားမင်းသမီး တစ်ယောက် သူ့အနားမှာ ပေါ်လာပါတယ်။ဗလန်တီနာ့ကို သူ တစ်ယောက်ပဲ မြင်ရတာပါ။ဗလန်တီနာလည်း ယုံကြည်ချက်ပျောက်ဆုံးနေတဲ့ မက်ဒလေနာ့ကို ကူညီပေးဖို့ဖြစ်လာပါတော့တယ်။မက်ဒလေနာတစ်ယောက် ဗလန်တီနာ့အကူအညီနဲ့ သူ့ဘဝကို ဘယ်လိုတွေ ပြောင်းလဲပစ်လိုက်မလဲ…… အညွှန်းနဲ့ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်...
Skunk (2023) ⭐IMDB: 7.5/10 (525 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Belgium #Netherlands ⏰ 1 နာရီ 48 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.5/10 ထိရရှိထားပြီး Winner ၂ဆု နဲ့ Nomination ၁ခုထိ ရရှိထားတဲ့ကားကောင်းလေးတစ်ကားပါ….. လီယမ်ဟာ abusive ဖြစ်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ရိုက်နှက် နှိပ်စက်ခံလာရင်းကနေ အဖွဲ့တစ်ခုကနေ သူ့ကိုကယ်တင်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒီအဖွဲ့ထဲမှာနေရင်း သူ့ရဲ့ အတိတ်ဘဝကို ပြန်လည်ရင်ဆိုင်ပုံ ဒီအဖွဲ့ထဲမှာ ရန်သူတွေ မိတ်ဆွေတွေ နဲ့နေထိုင်သွားပုံကို ကြည့်ရှူရမှာပါ။ ဒီဇာတ်ကားရဲ့ Genre ကို Thriller/Drama လို့သတ်မှတ်ထားပါတယ်။ ကြမ်းတမ်းတဲ့စကားတွေ စိတ်အနှောက်အယှက်ပေးနိုင်တဲ့ တချို့ ရိုက်ချက်တွေလည်း ဒီကားထဲမှာပါဝင်ပါတယ်။ ဒီကားကို ဒတ်ခ်ျဘာသာစကားကနေ အင်္ဂလိပ်ဘာသာ ပြန်ထားတာကိုမှ တစ်ဆင့်မြန်မာလိုထပ်ပြန်ရတဲ့အတွက် လိုအပ်ချက်တချို့ရှိနေရင်လည်း ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်ဗျ။...
Romantic Island (2008) ⭐TMDB: 64% User Score 🎬 #Comedy #Romance #Drama 🗓 2008 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 48 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Romantic Island (2008) ကိုရီးယားဇာတ်ကားဟောင်းတွေ ပြန်လည်တင်ဆက်ပေးနေကျမှာဒီတစ်ခါမှာတော့ Romance, comedy အမျိုးအစား ဇာတ်ကားလေးနဲ့ ပြန်ရောက်လို့ လာပါပြီ။ကိုရီးယားဇာတ်လမ်းပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရီုးရှင်းရှင်းပါပဲ။ဖူးစာလူးလာ ဒူးကာလို့မရဘဲ အချိန်ကျရင် ကိုယ့်ကိုချစ်ပေးမယ့်သူ တွေ့မယ်ဆိုသလိုပါအိမ်ပြေးမလေး ချွဲဆူဂျင်းနဲ နာမည်ကြီးအဆိုတော် ယူဂါယောင်းတို့ ကိုယ်စီ ငြီးငွေ့စရာဘဝကနေ ရုန်းထွက်ဖို့ဖိလစ်ပိုင်ကို အပန်းဖြေခရီး ထွက်လာခဲ့ကြရာက ကိုယ်စီ ရေစက်ကို ရှာတွေ့ခဲ့ကြပါတယ်။ဒါပေမဲ့ တချိန်တည်းမှာပဲ ဦးနှောက်အကြိတ်ကင်ဆာရှိနေတာမို့ ငါတော့ အကျိုးရှိရှိသေမယ်ဟဲ့ဆိုပြီးအာမခံကြေးရဖို့ လုပ်နေတဲ့ Joong Shik လည်း ကျွန်းပေါ်ကို ရောက်နေပြန်ပါသေးတယ်။Joong Shik တစ်ယောက် သူ့ကိုသတ်ပေးဖို့ ကိုယ်တိုင်ကြေးစားလူသတ်သမား ငှားခဲ့ပြီး၊ကြေးစားက လုပ်ကြံရမယ့်သူ အမှတ်မှားသွားတဲ့အခါမှာတော့…မတူညီတဲ့ နောက်ခံရှိတဲ့ အတွဲသုံးတွဲရဲ့ ရိုမန်တစ်ကျွန်းပေါ်က ကိုယ်စီဇာတ်လမ်းကိုRomance, comedy အမျိုးအစားဖြစ်တာမို့ ရိုမန့်ငြိမ်ငြိမ်လေးကို ဟာသလေးတွေနဲ့ တွဲမြင်ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့Su Myatပဲ ဖြစ်ပါတယ်...
A Prince (2023) ⭐IMDB: 5.6/10 (257 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 22 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Prince (2023) ယခုဇာတ်ကားဟာဆိုရင် ထူးဆန်းတဲ့တင်ဆက်ပုံမျိုးနဲ့ ဇာတ်ကားလို့ပဲ ဆိုရမှာပါ။ကြည့်ရှုသူရဲ့အမြင်ပေါ်မှာ မူတည်ပြီး ခံစားချက်အမျိုးမျိုး ပေးနိုင်မယ်လို့ ထင်ပါတယ်။IMDb rating အနေနဲ့တော့ 5.6, Rotten Tomatoes 70% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပီရဲယ်ဂျိုးဆက်ဖ်ဟာ ဥယျာဉ်ပန်းမန် စိုက်ပျိုးခြင်းပညာကို သင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ပါ။သူ့အဖေဟာ မုဆိုး၊ သူ့အမေဟာ တိရစ္ဆာန်ရုပ်လုံးသွင်းတဲ့ပညာရှင်တို့နဲ့အတူ ကြီးပြင်းခဲ့ရတဲ့သူပါ။ဒါပေမယ့် သူ့အဖေနဲ့အမေဟာ အမြဲတမ်း ငြင်းခုန်ရန်ဖြစ်နေကြတာမို့လို့ စိတ်ဒဏ်ရာရခဲ့သူပါ။ပီရဲယ်ဂျိုးဆက်ဖ်ဟာ အတန်းထဲမှာ ထူးခြားနေတဲ့သူမို့ အတန်းထဲကို စာလာသင်တဲ့ ဆရာရဲ့ ဂရုစိုက်မှုကို ခံရပါတယ်။ပီရဲယ်ဟာ ဥယျာဉ်မှူးအလုပ်လုပ်ရင်း သူ့ရဲ့ ဆန်းပြားတဲ့ လိင်ပိုင်းဆိုင်ရာ စွဲလန်းမှုပွင့် ထွက်လာပြီးဘဝကို ရှေ့ဆက်လျှောက်ဖို့ကြိုးစားပါတော့တယ်….. အညွှန်းနဲ့ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်...
Big City Greens the Movie: Spacecation (2024) ⭐IMDB: 6.4/10 (338 Votes) 🎬 #Animation #Comedy #Family #TVMovie #Music #Action #Adventure #Fantasy #Musical #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #SouthKorea #Canada #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Big Ciy Greens The Movie (2024) နာမည်အတော်အတန်ရှိရဲ့ စီးရီးအတွက် သီးသန့်ထုတ်ထားတဲ့ မူဗီပါ။ပုံစံကတော့ The Simpsonsလိုပုံစံမျိုးကို လိုက်တုထားတယ်ပြောရမလားပဲ။ဒါပေမဲ့ ဒီမှာကတော့ မိသားစုထဲက ပြဿနာလေးတွေနဲ့ အာကာသခရီးနဲ့ကိုပဲ အဓိကပုံဖော်ထားတာပါ။ဘစ်စီးတီးဆိုတဲ့ မြို့ကြီးတစ်မြို့ရှိတယ်။ ကမ္ဘာ့လူဦးရေးအများဆုံးမြို့ကြီးတဲ့။အဲဒီမြို့ကြီးရဲ့ အစွန်မှာ ဂရင်းမိသားစုဆိုတဲ့ မိသားစုတစ်ခုရှိတယ်။သူတို့က ခြံလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ တောင်သူတွေပေါ့။နှစ်တိုင်း သူတို့က မြို့ပေါ်ကို ကုန်စိမ်းတွေပို့ရင်း အပန်းဖြေခရီးထွက်ကြတယ်။အာကာသစခန်းတစ်ခုရဲ့စီအီးအိုဆီ ကုန်သွားပို့ရင်း အာကာသထဲ သွားရဖို့အကြောင်းဖန်လာတဲ့အကြောင်းပေါ့။အကြောင်းဖန်လာပုံကတော့ အာကာသစခန်းက အာကာသထဲ လူတွေအတွက်ဟိုတယ်ဖွင့်ထားသလိုစားဖို့သောက်ဖို့အတွက်လည်း အာကာသထဲ လယ်တွေယာတွေစိုက်ထားတယ်။စက်ရုပ်တွေနဲ့ပဲ လုပ်ဖို့စီစဉ်ထားပေမဲ့ စက်ရုပ်တွေက ချို့ယွင်းချက်ဖြစ်ပြီးမရိတ်နိုင်နေလို့ လူတွေလွှတ်ဖို့ အကြောင်းဖန်လာတာပါပဲ။အာကာသယာဉ်မှူးကို လယ်စိုက်တတ်အောင်သင်ပေးရတာထက်လယ်သမားကို အာကာသယာဉ်မှူးလုပ်ပေးရတာ ပိုလွယ်တယ်ဆိုတဲ့အယူအဆကိုလက်ကိုင်ထားတဲ့ စီးအိုစီကြီးက သူတို့မိသားစုကိုအာကာသထဲလွှတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲရယ်တစ်ဝက်ရင်ဖိုတစ်ဝက်နဲ့ ကြည့်ရမယ့် ကြည့်ကောင်းတဲ့ကာတွန်းကားလေးပါပဲ။ အညွှန်းနဲ့ဘာသာပြန်ကတော့Wပဲ ဖြစ်ပါတယ်...
Unfinished (2018) ⭐IMDB: 5.8/10 (46 Votes) 🎬 #Drama #Thriller 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 45 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unfinished (2018) ၁၉၈၆ ခုနှစ် စစ်အေးတိုက်ပွဲအပြီးမှာ တောင်၊မြောက် ကိုရီးယားနဲ့အရှေ့၊အနောက်ဘာလင်နိုင်ငံရေးအရှုပ်တော်ပုံတွေ ပေါ်ပေါက်လာခဲ့ပါတယ် ဒီရုပ်ရှင်ကတော့ အဲဒီခေတ်က တောင်၊မြောက်ကိုရီးယား သူလျှိုတွေဂျာမနီနိုင်ငံမှာ ခြေရှုပ်တဲ့အကြောင်းကို ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ် အိုယောင်မင်းက သုတေသနပဲလုပ်ချင်တဲ့ ပါမောက္ခဖြစ်ပေမဲ့ သူများရဲ့ လှည့်ဖျားခြင်းကိုခံရပြီးမြောက်ကိုရီးယားသူလျှိုအဖြစ်နဲ့ ဂျာမနီကို ရောက်လာခဲ့ပါတယ်ဖြစ်ချင်တော့ သူက သူလျှိုဆိုတာကို ဖော်ထုတ်ခဲ့လို့ မိသားစုကို ပြန်ပေးဆွဲခံရပြီးသူ့ရဲ့မိသားစုဝင်တွေကို ပြန်ကယ်တင်ဖို့ကြိုးစားသွားမှာပါသူလျှိုတွေပြည့်နေတဲ့နိုင်ငံမှာ မိသားစုကိုကယ်တင်ဖို့က တော်တော်ခက်ခဲပါတယ်ဒါပေမဲ့ အိုယောင်မင်းကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ကယ်တင်ခဲ့ပါတယ်အဆုံးမှာတော့ မိသားစုဝင်တွေနဲ့ ပြန်တွေ့နိုင်မလားဆိုတာကို ကြည့်ပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...
4 Years, 2 Guys, 1 Love (2016) ⭐IMDB: 5.4/10 (41 Votes) 🎬 #Comedy #Romance 🗓 2016 🎞 movie 🌎 #Vietnam ⏰ 1 နာရီ 32 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 4 Years, 2 Guys, 1 Love (2016) ဘဝမှာ တွေ့ဆုံမှုပေါင်းစုံရှိတယ်။ တစ်ချို့တွေ့ဆုံမှုတွေက အခိုက်အတန့်တစ်ခု ,တစ်ချို့တွေ့ဆုံမှုတွေက ကြာရှည်သော ,တစ်ချို့တွေ့ဆုံမှုတွေက သက်ဆုံးတိုင်။ တွေ့ဆုံမှုတိုင်းမှာ သူ့အကြောင်းတရားနဲ့ သူဖွဲ့စည်းထားတယ်။ကမ္ဘာဟာ သူ့ဝင်ရိုးကို သူသွေဖီပြီး မသွားဘူးတဲ့။ဒီလိုနဲ့ ဝင်ရိုးလိုအချစ်တွေဆီ ကမ္ဘာတွေ လည်ပြန်လာကြတယ်။တစ်ခါတလေလည်း ဝေးကောင်းဝေးကြမှာပေါ့။ဒါပေမဲ့ ကမ္ဘာလည်နေတာမို့ တစ်နေ့တော့ ဒီဆုံမှတ်ကို ငါတို့ပြန်ရောက်ကြမှာပဲ။သာယာတဲ့နွေဦးဘယ်နှလီထိ ဝေးကြမလဲ။ကမ္ဘာဟာ လည်နေတာမို့…. အညွှန်း နဲ့ ဘာသာပြန်ကတော့Wပဲ ဖြစ်ပါတယ်။...
3 Days 2 Nights in Poblacion (2024) ⭐IMDB: 3.9/10 (9 Votes) 🎬 #Drama #Comedy #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 34 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 3 days 2 nights in Poblacion (2024) ကောင်မလေးတွေရဲ့ဘဝမှာ သူတို့ဘော်ဒါကောင်မလေးတွေနဲ့အတူတူခရီးတွေထွက် ဘားတွေသွား စားချင်ရာတွေစား လုပ်ချင်တာတွေလုပ်စသည်ဖြင့် အတူတူပျော်ရွှင်ကြဖို့ တစ်ခါလောက်တော့ စိတ်ကူးယဉ်ဖူးမှာပါGirls Night တို့ Girls Trip တို့ပေါ့ ယောကျာ်းလေးတွေကအဲ့လိုမလုပ်ချင်ဘူးလားဆိုတော့ မဟုတ်ပါဘူး လုပ်လွန်းလို့ခက်နေတာပါအဲ့တော့ အခုတစ်ခါပရိသတ်ကြီးကို တင်ဆင်ပေးမယ့်ကားလေးကစိတ်ကူးယဉ်ရုံတင်မကပဲ နှစ်ယောက်ထဲအပြတ်ကဲတဲ့ကောင်မလေးနှစ်ယောက်အကြောင်း ဖြစ်ပါတယ်ဖိလစ်ပိုင်ရဲ့ Night Life တွေမှာ အသဲကွဲနေတဲ့သူငယ်ချင်းကို ကုစားပေးရင်းအချစ်သစ်ကိုရှာဖွေပေးရင်း ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေကြတဲ့အခါမီးရောင်စုံ တေးသံစုံတွေအောက်မှာ ဘာတွေဆက်ဖြစ်မလဲကတော့ပရိသတ်ကြီးကပဲ ကြည့်ရှုအားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်...
The Last Empress (2018) ⭐IMDB: 7.1/10 (790 Votes) 🎬 #Drama #Action #Adventure #Mystery 🗓 2018 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Last Empress (2018) စ/ဆုံး*****************************ဇာတ်လမ်းအညွှန်း အိုဆွန်းနီက တေးသရုပ်ဖော်ပြဇာတ်ရဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး တက်တက်ကြွကြွနေတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ် ဒီလိုနဲ့ တစ်နေ့မှာတော့ တောင်ကိုးရီးယားအင်ပါယာနိုင်ငံတော်ရဲ့ ဘုရင်ဖြစ်တဲ့ အီဟျော့နဲ့ ထိမ်းမြားလက်ဆက်ဖို့အကြောင်းဖန်လာပါတော့တယ်။ အိုဆွန်းနီတစ်ယောက် မိဖုရားတစ်ပါးအဖြစ်နဲ့ ဘုရင့်ဆီက အချစ်တွေရပြီလို့ ထင်နေတဲ့အချိန်မှာပဲ လင်တော်မောင်ဖြစ်တဲ့ ဘုရင်နဲ့အတွင်းရေးမှူးမလေးတို့ ဖောက်ပြန်နေတာကို သိရှိခဲ့ရပါတယ် အဲဒီလိုသိသွားတဲ့ အိုဆွန်းနီကို ဘုရင်အီဟျော့က လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ပါတော့တယ်။ နာဝမ်ရှစ်ကတော့ ဘုရင့်ရဲ့အယုံကြည်ရဆုံး သက်တော်စောင့်တစ်ဖြစ်လဲ သူ့အမေရဲ့သေဆုံးမှုအတွက် တာဝန်ရှိသူကို ကလဲ့စားချေဖို့ နန်းတွင်းထဲကို ဝင်လာခဲ့သူပဲဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘုရင်နဲ့ဖောက်ပြန်နေတဲ့ အတွင်းရေးမှူးက သူ့ကိုအရင်က သစ္စာဖောက်ခဲ့တဲ့ရည်းစားဟောင်းဖြစ်နေခဲ့ပြီး သူ့အမေကို သေအောင်လုပ်ခဲ့တဲ့သူက အာဏာကို လက်တစ်လုံးခြားလုပ်နေတဲ့ ဘုရင်အီဟျော့ဆိုတာကို သိသွားတဲ့အခါမှာတော့…. သေရွာက ပြန်ရှင်လာတဲ့ မိဖုရားအိုဆွန်းနီနဲ့ သက်တော်စောင့် နာဝမ်ရှစ်တို့ ပူးပေါင်းပြီး တစ်ယူသန် ဘုရင်စနစ်ကို ဘယ်လိုဖျက်ဆီးသွားကြမလဲ၊ ဘုရင့်နန်းတော်ထဲမှာရှိနေတဲ့ တခြားတခြားသောလျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်ရှေ့ပြေး ဘုရင်စနစ်ပုံစံပုံဖော်ပြီး ရိုက်ကူးထားတာဖြစ်တာမို့ တခြားနန်းတွင်းကားတွေနဲ့မတူတဲ့ခံစားချက်နဲ့ ကြည့်ရှုသွားရမှာပါ။ မိဖုရားအိုဆွန်းနီအဖြစ်ကတော့ သရုပ်ဆောင်တဲ့နေရာမှာ အရမ်းတော်တဲ့ မမ Jan Nara, သက်တော်စောင့် နာဝမ်ရှစ်အဖြစ် ယခုလက်ရှိထွက်လွှင့်ပြသနေဆဲဖြစ်တဲ့ Miss Day and Night ထဲက မင်းသား Choi JinHyuk နဲ့ ခေတ်သစ်ဘုရင်အဖြစ် အားလုံးသိပြီးသားဖြစ်တဲ့ Perfume, Vagabond ထဲက မင်းသား Shin Sung-rok တို့က ပါဝင်အားဖြည့်ထားပါတယ်။ အညွှန်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်...
Visher (2024) ⭐IMDB: 4.0/10 (142 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 6 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ညဖက်စောင်ခြုံမီးပိတ် Horror ကားကြည့်ချင်သူတွေအတွက် Paranormal Activity လို Vibe မျိုးရစေမဲ့ Visher ဆိုတဲ့ Horror ဇာတ်ကားအသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Production အကြီးကြီးတွေ နာမည်ကြီးမင်းသားမင်းသမီး တွေနဲ့တော့မဟုတ်ပေမဲ့ ကြည့်ရင်းနဲ့ကျောချမ်းစေမဲ့ခံစားချက်တွေ ဘယ်အချိန်မှာကင်မရာရှေ့မှာ Jumpscare ကောက်ပေါ်လာမလဲ ဆိုတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရတဲ့ခံစားချက်မျိုးတွေတော့ ပေးစွမ်းနိုင်မှာပါ။ အွန်လိုင်းကျားဖြန့်လိမ်လည်မှုတို့ ဖုန်းဆက်လိမ်လည်တာတို့က ဘယ်နိုင်ငံမှာမဆိုရှိကြတဲ့တရားမဝင်လုပ်ငန်းတွေပါပဲ။အမေရိကန် နိုင်ငံလို ဥပဒေစိုးမိုးတဲ့နိုင်ငံကြီးတွေမှာတောင်ဒါမျိုးတွေက မှိုလိုပေါက်နေတာပါ။ အခုဇာတ်ကားရဲ့အစမှာလည်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ ဖုန်းခေါ်ဆိုသူ တစ်ယောက်က သူ့သားကောင်တွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်လိမ်နေတာကိုတွေ့ရမှာပါ။ သူ့ရဲ့လိမ်လည်မှုတွေကရုသ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့မှပဲ ရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။ ဘယ်လိုဖြစ်ရတာလဲဆိုတော့ သူ့အလုပ်ထုံးစံအတိုင်းရုသ်ကို လိမ်ဖို့ဖုန်းဆက်အချက်အလက်တွေတောင်းပြီး ရုသ်ရဲ့ကင်မရာတွေ ထဲဝင်ခွင့်ရသွားတဲ့အချိန်မှာသူ့ကိုတွေ့ပြီး ကြွေဆင်းသွားခဲ့လို့ ပါပဲ။သူကလည်းမိန်းမလိုချင်နေတဲ့သူဆိုတော့ ရုသ်နဲ့သူ့ပုံကို တောင်တွဲပြီး မင်္ဂလာဆောင်ဓာတ်ပုံကောက်လုပ်လိုက်ပါသေးတယ်။ ဒါပေမယ့် သူမသိခဲ့တာကတော့ရုသ်ကို ဆက်သွယ်ခဲ့တဲ့အဲ့ဒီညမှာ သူရောရုသ်အတွက်ပါ အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမယ်ဆိုတာပါပဲ။ဒီတော့ သူတို့နှစ်ယောက်ဘယ်လိုအရာတွေကို ကြုံတွေ့ရမလဲ အဲ့ဒီတစ်ညတာ ကရော ဘယ်လိုမထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အဆုံးသတ် သွားမယ်ဆိုတာကိုကြည့်ရှုရမဲ့ Horror ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။...
Starve Acre (2023) ⭐IMDB: 5.3/10 (804 Votes) 🎬 #Drama #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ ဗြိတိန်ကျေးလက်ရိုးရာ Horror ရုပ်ရှင် တစ်ကားဖြစ်ပါတယ်။ လယ်ကွင်းထဲက စတာ့ဗ်ဧကလို့ခေါ်တဲ့ မိသားစုအိမ်ကြီးကို ပြောင်းရွှေ့လာကြတဲ့ ရစ်ချတ်နဲ့ ဂျူးလိယက် ဝေလ်လဘီလို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ အိုဝင်လို့ခေါ်တဲ့ တစ်ဦးတည်းသောသားလေး ရှိပါတယ်။ သားဖြစ်သူက ပန်းနာရင်ကျပ်ရှိလို့ လေကောင်းလေသန့်ရတဲ့ နေရာကို ပြောင်းလာရင် ပိုကောင်းမယ်ဆိုတဲ့အတွေးနဲ့ ပြောင်းလာကြတဲ့ လင်မယားနှစ်ယောက်…. သူတို့ရဲ့သားလေးဖြစ်သူက တစ်နေ့မှာ ရန်လိုတဲ့အပြုအမူတွေ စလုပ်လာခဲ့တဲ့အတွက် ဆေးခန်းပြ စစ်ဆေးနေရင်းနဲ့မှ ပန်းနာရင်ကျပ်ရောဂါထပြီး ရုတ်တရက်သေဆုံးသွားတဲ့အခါ… သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် အမေဖြစ်သူက ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး ဝိညာဉ်ပိုင်းဆိုင်ရာအကူအညီတွေ ရယူလို့ ဝမ်းနည်းမှုကို ကျော်လွှားဖို့ကြိုးစားနေခဲ့ပါတယ်… အဖေဖြစ်သူကတော့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့တဲ့ ဒဏ္ဍာရီလာသစ်ပင်ကြီးရဲ့ သဘာဝလွန်ဒြပ်စင်တွေကို တူးဖော်တွေ့ ရှိခဲ့ရာကနေ.. အဲဒီသစ်ပင်ကြီးက အမှောင်ဘက်ခြမ်းစွမ်းအားတွေနဲ့ ပတ်သက်မှုရှိနေကြောင်းသိရှိလာတာနဲ့အမျှ သူ့သားသေဆုံးမှုနဲ့ ပတ်သက်နေရမယ်လို့ ယူဆရင်း… သူတို့အိမ်ပတ်လည်က နယ်မြေရဲ့လျှို့ဝှက်ချက်တွေကို စတင်ရှာဖွေပါတော့တယ်… အဲဒီလိုနဲ့ သားဖြစ်သူသေဆုံးရတဲ့ အကြောင်းအရင်းမှန်ကို ရှာတွေ့သွားမလား လင်မယားနှစ်ယောက်လုံး ဝမ်းနည်းပူဆွေး ရမှုတွေကနေ လွတ်မြောက်သွားမလားဆိုတာကိုထိတ်လန့်မှုတွေ၊ တွေးတောစရာတွေအပြည့်နဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Last Passenger (2013) ⭐IMDB: 5.7/10 (7 k Votes) 🎬 #Action #Mystery #Thriller 🗓 2013 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးတော့ နာမည်အတိုင်း ရထားပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ခရီးသည်တွေအကြောင်းရိုက်ကူးထားတာပါ။ လူး၀စ်က ဆင်ဂယ်အဖေတစ်ယောက်ဖြစ်ပြီး ဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်။ အိမ်ပြန်ရထားပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့အသိအကျွမ်းဖြစ်ခဲ့ပါတယ်။ ခရစ်စမတ်အချိန်ဖြစ်တဲ့အတွက် ရထားပေါ်မှာ သူတို့သုံးယောက်နဲ့ အဖွားကြီးတစ်ယောက်ရယ် ဘုကလန့်အဖိုးကြီးတစ်ယောက်ရယ် လူမိုက်လိုလိုရုရှားလူမျိုးတစ်ယောက်ရယ်ပဲကျန်ခဲ့ပါတယ်။ ဆင်းရမယ့်ဘူတာရောက်ပေမဲ့ ရထားကမရပ်တဲ့အခါ အကုန်လုံးခြောက်ခြားပြီး အရေးပေါ်ဘရိတ်တွေအကုန်လိုက်ဆွဲကြည့်ပေမဲ့ တစ်ခုမှအလုပ်မဖြစ်ပါဘူး။ ရထားမောင်းသမားကလည်း တံခါးသွားခေါက်ပေမဲ့ ပြန်မဖြေတဲ့အခါ အကုန်လုံး ရထားမောင်းရဲ့အစီအစဥ်ကို ရိပ်မိပြီး စည်းစည်းလုံးလုံးနဲ့ ရထားပေါ်ကလွတ်မြောက်အောင် ကြံကြပါတော့တယ်။ ဘတ်ဂျက်နည်းကားဖြစ်ပေမဲ့ သည်းထိတ်ရင်ဖိုအရသာအပြည့်ပေးနိုင်တဲ့ကားလေးဖြစ်ပြီး character developmentတွေကအစ ပြီးပြည့်စုံနေတဲ့ကားလေးဖြစ်လို့ အားလုံးပဲကြည့်ရှုခံစားကြပါဦး။...
Killer Klowns from Outer Space (1988) ⭐TMDB: 65% User Score 🎬 #Comedy #Horror #SciFi #ScienceFiction 🗓 1988 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1988 က ထွက်ခဲ့တဲ့ Classic Horror ကားတစ်ကားဖြစ်တဲ့ Killer Klowns from outerspace ကိုတင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက အရမ်းနာမည်ကြီးခဲ့ပြီး နောက်ဆက်တွဲရုပ်ပြစာအုပ်တွေ ဂိမ်းတွေ ထုတ်ခဲ့တဲ့အထိပါပဲ။ နာမည်အတိုင်းပါပဲ အာကာသအပြင်က ဂြိုလ်သားလူပြက်တွေ ကမ္ဘာပေါ်ရောက်လာတာပါ။ Crescent Coveဆိုတဲ့မြို့ငယ်လေးမှာ မိုက်ခ်နဲ့ဒက်ဘီတို့အပါအဝင် လူငယ်တွေညဘက်သောက်စားပျော်ပါးနေကြတုန်း ကြယ်ကြွေကျလာတာကို မြင်လိုက်ရပါတယ်။ ဒက်ဘီနဲ့ မိုက်ခ်တို့သွားကြည့်တဲ့အခါ ကြယ်ကြွေတဲ့နေရာမှာ ဆပ်ကပ်တဲကြီးပဲရှိနေပြီး အထဲမှာ လူပြက်ပုံစံသတ္တဝါတွေနဲ့ လူသေအလောင်းတွေကိုတွေ့လိုက်ရပါတယ်။ မြို့ကရဲစခန်းကိုသွားပြောတော့လည်း မယုံပေမယ့် ရဲတစ်ယောက်ဖြစ်တဲ့ ဒက်ဘီရဲ့ ရည်းစားဟောင်း ဒေ့ဗ်က လိုက်ကြည့်မယ်ဆိုပြီး လာခဲ့ကြပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ဆပ်ကပ်တဲကြီးလည်းမရှိပဲ လူပြက်သတ္တဝါတွေက မြို့ထဲမှာ သောင်းကျန်းလို့နေပါပြီ။ ဒါ့အပြင် ဒက်ဘီကပါအဖမ်းခံလိုက်ရတော့ မိုက်ခ်နဲ့ ဒေ့ဗ်တို့နှစ်ယောက် ဒက်ဘီနဲ့ မြို့ကိုကယ်တင်ဖို့ကြိုးစားပုံကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
Casualties of War (1989) ⭐TMDB: 71% User Score 🎬 #Action #Crime #Drama #History #War 🗓 1989 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဗီယက်နမ်စစ်ပွဲကာလမှာ ဆာဂျင်မဆာ့ဗ်ဦးဆောင်တဲ့ ကင်းထောက်တပ်ဖွဲ့ ၅ယောက်က ခရီးရှည် ကင်းထောက်ရဖို့ တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့ နောက်နေ့မနက် ကင်းထောက်ခရီးမထွက်ခင် အနီးနားရွာတစ်ရွာက ဗီယက်နမ်မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မဖမ်းဆီပြီးသူတို့နဲ့အတူခေါ်သွားပါတယ်။ ဒီလုပ်ရပ်ကို မကြိုက်သူကတော့ တပ်သားအယ်ရစ်ဆင်ပါ။ ဒီလိုနဲ့ ဆာဂျင်မဆာ့ဗ်က မိန်းကလေးကို ကိုယ်လက်နှီးနှောဖို့ အယ်ရစ်ဆင်ကိုချော့တလှည့် ခြောက်တစ်လှည့် ဖျောင်းဖျပေမဲ့လည်း အယ်ရစ်ဆင်က အပြတ်အသတ်ငြင်းတဲ့အတွက် ခြိမ်းခြောက်ကာ ကင်းစောင့်ဖို့တာဝန်ပေးပြီး ကျန်လေးယောက်က အဲဒီမိန်းကလေးကို အဓမ္မကျင့်ခဲ့ပါတယ်။ နောက်တစ်နေ့ အခါအခွင့်ကြုံတဲ့အချိန် အယ်ရစ်ဆင်က ဖျားနာနေတဲ့ အဲဒီမိန်းကလေးကို ကယ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အယ်ရစ်ဆင် ဒီမိန်းကလေးကို ကယ်နိုင်မလား၊ ဒီလိုမတရားကျင့်တဲ့ တပ်သားတွေကရော ပြစ်ဒဏ်ခံစားရမလားဆိုတာ ဆက်လက်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။...
House on Rockingham (2024) ⭐IMDB: 3.8/10 (110 Votes) 🎬 #Thriller #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 19 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာရာဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိတော့တဲ့နောက်ပိုင်း အသက်ရှင်ရပ်တည်ဖို့အတွက် အိမ်သန့်ရှင်းရေးအကူအလုပ်ကို အိမ်တစ်အိမ်မှာလုပ်ရင်း သူနာပြုကျောင်းတက်ဖို့အတွက် ပိုက်ဆံကို စုနေတယ်။ တစ်နေ့ အိမ်ပိုင်ရှင်ရဲ့ ထူးခြားတဲ့အပြုအမူတွေကို သတိထားမိလာပြီး အိမ်ပိုင်ရှင်ဟာ သူ့ညီမလေးပျောက်ဆုံးမှုနဲ့ ပတ်သတ်နေတာကို သိလိုက်ရတယ်။ ဒါကိုအိမ်ပိုင်ရှင်ဟာသိပြီး မာရာ့ကို လိုက်ပြီးသတ်ဖို့ကြိုးစားပါတော့တယ်။ မာရာတစ်ယောက် လူသတ်သမား အိမ်ပိုင်ရှင်လက်ကနေ လွတ်နိုင်ပါ့မလားဆိုတာကိုတော့ House on Rockingham ဆိုတဲ့ ဇာတ်ကားကို ကြည့်ရှုပေးပါဦးနော်...
