en
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Pavi Caretaker (2024) ⭐IMDB: 5.7/10 (2 k Votes) 🎬 #Bollywood #Comedy #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 32 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pavi Caretaker (2024) တံခါးစောင့်ပါဗီသရန်နဲ့ ခွေးလေးဘရို IMDb-5.9/10 Kerala State Film Awards , Filmfare Awards South တို့အပါအဝင်ဆုပေးပွဲများစွာမှာ Best Actor နဲ့ တခြားဆုတွေအများကြီးဆွတ်ခူးခဲ့ဖူးတဲ့ပရိုဂျူဆာ ၊ မင်းသားကြီး Dileep အဓိကပါဝင်ထားတဲ့ ရိုမန့်ဟာသကားလေးပဲဖြစ်ပါတယ် ပါဗီသရန်က ဇိမ်ခံတိုက်ခန်းတွေရှိတဲ့အဆောက်အဦးကြီးရဲ့ တံခါးစောင့်လူပျိုကြီး ၊သူ့ရဲ့ အမောပြေရန်တွေ့စရာ အဖော်ကတော့ သူ့ခွေးလေး ဘရိုပါပဲ ။ ပါဗီသရန်က ပင်စင်စားအဒေါ်ကြီးတစ်ယောက်ရဲ့တိုက်ခန်းမှာ နှစ်ရှည်လများငှားခမပေးဘဲ ကပ်နေတယ် ၊ဒီလိုနဲ့ အိမ်ရှင်အဒေါ်ကြီးက သူ့တိုက်ခန်းမှာငှားခရမဲ့သူတစ်ယောက်ကို သူနဲ့တွဲထားတော့မယ်ဆိုပြီး တစ်ချက်လွှတ်ပြောလာတဲ့အချိန်…။ သူနဲ့ ခွေးလေးဘရိုပဲ လွတ်လွတ်လပ်လပ်နေလာတဲ့နေရာမှာလူသစ်ရောက်လာမယ်ဆိုတော့ လူပျိုကြီးအကြံအိုက်တော့တာပါပဲ….။ ဒါပေမဲ့ရောက်လာတဲ့အိမ်ငှားအသစ်က အမျိုးသမီးဆိုတာသိလိုက်ရတော့ လူပျိုကြီးဘယ်လိုတွေပြောင်းလဲလာမလဲ…။ သတ်လတ်ပိုင်းလူပျိုကြီးတစ်‌ယောက်ရဲ့ အလွဲအချော်တွေနဲ့ ချစ်စရာခွေးလေးရဲ့ အပြုအမူတွေကတစ်ခဏတော့ပြုံးမိစေမှာမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
...

Six Pack (1982) ⭐TMDB: 65% User Score 🎬 #Comedy #Drama #Sport #Family 🗓 1982 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြိုင်ကားသမားဟောင်း ဘရူးဘိတ်ကာဟာ တက္ကဆက်ပြည်နယ်က မြို့လေးတစ်ခုမှ ဆီထည့်ရင်း သူ၏ပြိုင်ကားအစိတ်ပိုင်းတွေ ဖြုတ်အခိုးခံလိုက်ရပါတော့တယ်။ ခိုးသွားတဲ့တရားခံကို လိုက်ရှာရင်း တရားခံတွေက ကလေးတစ်သိုက်ဖြစ်နေသောအခါ ဘရူးတစ်ယောက် လုပ်ရကိုင်ရကြပ်သွားပါတော့တယ်။ ကလေးတွေမှာ သာမန်ထက်ပိုတဲ့ကားပြင်တဲ့အရည်အချင်းတွေ ရှိနေတာကို သတိထားမိသွားတဲ့အခါမှာတော့ ဘရူးဘိတ်ကာဟာ သူ့ရဲ့ပြိုင်ပွဲတွေကို ကလေးတွေကို စတင်ပြီးခေါ်သွားပါတော့တယ်။ ကလေးတွေနဲ့ ပြိုင်ကားသမားကြီး တဖြည်းဖြည်းသံယောဇဉ်ဖြစ်လာပုံ ကားပြိုင်ကွင်းထဲမှာ ပြိုင်ကားတွေ ပြိုင်ဆိုင်မှုပြင်းထန်ပုံတို့ကို မပျင်းရအောင် ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
...

Someone Like You... (2001) ⭐TMDB: 60% User Score 🎬 #Comedy #Romance 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ဆောင်ဂျိန်းက အသည်းကွဲနေတဲ့ကာလမှာ ယောကျာ်းတွေရဲ့သဘောသဘာဝကိုအဖြေရှာချင်ခဲ့ပါတယ်။ သူရှာဖွေတွေ့ရှိလာတဲ့သီအိုရီတခုကတော့ နွားအသစ်ပါတဲ့။ နွားထီးတွေဟာ သူတိုမိတ်လိုက်ပြီးသားနွားမကို ၂ခါပြန်ပြီးမိတ်မလိုက်တတ်ပါဘူးတဲ့။ ယောကျာ်းတွေဟာလည်း နွားထီးတွေလို အသစ်မြင် အဟောင်းမေ့ဗီဇပါတဲ့သတ္တဝါတွေလိုမှတ်ယူလိုက်ပါတော့တယ်။ ဂျိန်းကဇာတ်လမ်းအဆုံးထိ နွားသစ်သီအိုရီကိုလက်ခံသွားမလား မှားကြောင်းပြမယ့်လက်တွဲဖော်တွေ့သွားမလား???? ဇာတ်ကားအညွှန်း‌ရေးသူမိမိလည်း ဒီသီအိုရီကိုလက်ခံချင်မိပါတယ်။ လူကြီးမင်းတိုအမြင်မှာရော နွားအသစ်သီအိုရီကိုလက်ခံလားလက်မခံဘူးလား? လက်မခံတဲ့သူတွေကို အားကျလိုက်တာ အချစ်ခံရတဲ့လူသားတွေဖြစ်မယ်ထင်ပါတယ်။ မိမိလည်း နွားသစ်သီအိုရီကမှားကြောင်းပြနိုင်မယ့်သူတွေ့လာမယ်မျှော်လင့်ရင်း အညွှန်းလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင့်။
...

Forget Me Not (2024) ⭐IMDB: 8.7/10 (10 Votes) 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India #Bangladesh ⏰ 1 နာရီ 29 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Forget me not 2024 မေ့မရတဲ့ချစ်ဒုက္ခ အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတာတော့မသိပေမဲ့နှလုံးသားနဲ့ဦးနှောက်ရဲ့ အားပြိုင်မှုအောက်မှာ မကြာခဏဆိုသလိုလမ်းပျောက်ရတတ်တာကတော့ ဒီအချစ်ဆိုတဲ့အရာပါပဲ။ အော်သီရဲ့နှလုံးသားကို အချစ်ဆိုတဲ့အရာနဲ့ မိတ်ဆက်ပေးခဲ့တဲ့ဖာဟင်းတစ်ယောက်သူ့ရဲ့နှလုံးသားမှာ ဒီအချစ်မျိုးစေ့လေး အမြစ်တွယ်ခါမှ ရုတ်တရက်ကြီးခြေရာဖျောက်သွားပါတော့တယ်။ အော်သီလည်း ဒွိဟသံသယတွေနဲ့ ဒေါသတွေရောပြွန်းကျန်ရစ်ဖြစ်ပြီး မိုတူဇာဆီကနေ လက်ထပ်ခွင့်တောင်းခံရပြီးမှပျောက်နေတဲ့ဖာဟင်းက ဘယ်ကမှန်းမသိ ပြန်ပေါ်လာပါတော့တယ်။ အချစ်ဦးဆိုတာ အနှစ် ၁၀၀ မမေ့နိုင်သူဆိုတော့ အော်သီတစ်ယောက်လက်ထပ်ခွင့်တောင်းတာကို လက်ခံပြီးမှ စိတ်ခံစားချက်တို့လွန်ဆွဲနေချိန် ဖာဟင်းက ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတော့ …. ဖာဟင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာဘာကြောင့်လဲ။ချစ်ခဲ့ပြီးမှ ဘာလို့ရုတ်တရက် ခြေရာဖျောက်ဂို့စ်သွားတာလဲ။အော်သီကရော ဒါတွေကိုစုံစမ်းရင်းနဲ့ သူ့နှလုံးသားထဲကမေးခွန်းရဲ့အဖြေကို ရှာတွေ့နိုင်မလားဆိုတာကတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်)
...

Bhagavan Dasante Ramrajyam (2023) ⭐IMDB: 7.0/10 (25 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bhagavan Dasante Ramrajyam (2024)“လောကပြဇာတ်” ဗာနာသီကာဗူရွာက ဗာနာသီကာပူဘုရားကျောင်းဟာ အရှင်ရာမ သီတာ ဟာနုမာန်တို့အတွက်တည်ထားတဲ့ ရှေးဟောင်းကျောင်းအဖြစ် သတ်မှတ်ခံရပြီး သူတို့ဘုရားပွဲလေးဟာလည်းအစီအစဉ်ပေါင်းစုံနဲ့ ထူးခြားတဲ့ပွဲလေးအဖြစ် တည်ရှိတာပေါ့။ အဲဒီနေရာမှာ ကွန်ဂျူရမ်မက်တန်ဆိုတာ ဗာနာသီကာဗူရွာလေးကို ရိုးရာယဉ်ကျေးမှုပေါကြွယ်ဝတဲ့နယ်မြေအဖြစ် ပြောင်းလဲပေးခဲ့တဲ့ အခြေခံအုတ်မြစ်လို့ ပြောလို့ရပါတယ်။သူ့လက်အောက်မှာလည်း တပည့်တပန်းပေါင်းများစွာနဲ့ သူတို့ပြဇာတ် ရာမရာနဆိုတာတာခေတ်တစ်ခုမှာ အင်မတန်ပေါက်ခဲ့တာမျိုးပေါ့။ အဲဒီမှာ ဒီလို တည်ထောင်သူဖခင်ကြီးတစ်ယောက်ဆုံးပါးသွားခဲ့တဲ့အချိန်မှာတော့ နှစ်ဂိုဏ်း ကွဲခဲ့ရပါတော့တယ်။ ချစ်ရတဲ့ တပည့်တွေကတော့ ဆရာကို အရိုအသေပေးတဲ့အနေနဲ့နှစ်စဉ်ဘုရားပွဲမှာ ပြဇာတ်ကဖို့ စီစဉ်ထားကြပြီးတော့ သားဖြစ်သူဆူမက်ရှ်ကတော့ ဆန့်ကျင်ချင်တဲ့လူ ဖြစ်နေပါတယ်။ အဲဒီမှာတင် တစ်ဖွဲ့က ဒီပွဲလေးကို ဖြစ်မြောက်အောင် စီစဉ်ကြပြီးတစ်ဖက်ကလည်း ဘယ်လိုမျိုး ပွဲဖျက်မလဲဆိုတာမျိုးလေးတွေ ကြည့်ရှုရမယ့်မလေယာလမ် အိန္ဒိယကားသစ်လေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

Table for 3 (2024) ⭐IMDB: 5.8/10 (16 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 48 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖိလစ်ပင်းတွေဟာ လိင်မှုကိစ္စအပေါ်ခံယူပုံ၊ ခေတ်ရှေ့ပြေးပုံတွေမှာ တစ်ခြား အာရှနိုင်ငံအတော်များများထက်ရှေ့ရောက်တယ်လို့ယူဆရပါလိမ့်မယ်၊(ဟောင်ကောင်ရဲ့ 1975 cat 3 ကားတွေနဲ့ ဂျပန်ရဲ့ အဲ့ဒီကာလဝန်းကျင်က ကြိုးတုပ်ဖယောင်းစက်ချ တွေကိုခဏမေ့ထားလိုက်ကြရအောင်ပါ)။ သူတို့တွေဟာ Mainstream ရုပ်ရှင်တွေကျရင် ဖုံးဖုံးဖိဖိဆင်ဆာပိလေရှိကြခဲ့ပေမယ့် Indie ခေါင်းစဉ်တပ်ထားတဲ့ဇာတ်ကားတွေမှာတော့ အဖုံးအကွယ်မရှိ ပကတိအတိုင်းတင်ဆက်ပြသပြီး ပွင့်လင်းကြတဲ့သူတွေပါပဲ။အခုနောက်ပိုင်း သူတို့ဇာတ်ကားတွေမှာ မကြာခဏမြင်လာရတာကတော့ Throuple ဆိုတဲ့ Relationship ပုံစံတစ်မျိုးပါပဲ။ပုံမှန်အားဖြင့်Couple ဆိုတာ လူနှစ်ယောက်ဆက်ဆံရေးဆိုတာကိုမြင်ကြည့်လိုက်မယ်ဆိုရင် Throuple ဆိုတာကတော့ လူသုံးယောက်ဆက်ဆံရေးပါ။Threesome လိုမျိုး တစ်ကြိမ်တစ်ခါ sex ကိစ္စအပေါ်ယံပတ်သက်တာမဟုတ်ပဲနဲ့ လူသုံးယောက်လုံးက ဒီဆက်ဆံရေးထဲမှာ အချစ်၊လူမှုရေး၊စီးပွားရေး အကုန်လုံးရောထွေးပတ်သက်နေတာမျိုးဖြစ်ပါတယ်။ တွေးကြည့်ရင် ပျော်စရာကောင်းသလိုလိုနဲ့ ဇယားရှုပ်မှာဖြစ်သလို လူတစ်ယောက်ရစ်တာတောင်မခံနိုင်တဲ့လူတွေအနေနဲ့ နှစ်ယောက်ပေါင်းရစ်ရင် ဘယ်လိုနေမလဲဆိုတာ ကျောထဲစိမ့်ချင်စရာပါပဲ။အဲ့ဒီ Relationship အကြောင်းအရင် Vivamax ကားတွေမှာကြိုကြားကြိုကြားပြထားတာတွေရှိပေမယ့် အခုတော့ အဲ့ဒီအကြောင်းအရာကိုပဲ ဒဲ့ရှင်းပြထားတဲ့ဇာတ်ကားနှစ်ကားရှေ့ဆင့်နောက်ဆင့်ထွက်လာပါတယ်။ ပထမ ဇာတ်ကားကတော့ အခုမိတ်ဆက်ပေးချင်တဲ့ Table For 3 ပါပဲ။ ဆယ်နှစ်ကျော်ဆက်ဆံရေးနောက်ပိုင်းမှာကတောက်ကဆတွေ ပြဿနာတွေနဲ့ အချင်းချင်း အေးစက်မာခဲလာတဲ့ လိင်တူချစ်သူအတွဲတစ်တွဲဟာ တတိယလူတစ်ယောက်ကို နှစ်ဦးသဘောတူဖိတ်ခေါ်ခဲ့ပြီး ဘယ်လိုပျော်စရာတွေ ဘယ်လိုစိတ်ညစ်စရာတွေ ကြုံရမှာလဲဆိုတာကို ခံစားကြည့်ကြပါဦး။( အညွှန်းနဲ့ ဘာသာပြန်သူကတော့
...

Geylang (2022) ⭐IMDB: 5.4/10 (138 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2022 🎞 movie 🌎 #Singapore ⏰ 1 နာရီ 29 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မကာအိုလိုပြောလိုက်ရင် အပျော်အပါးမျိုးစုံ ဒုစရိုက်မျိုးစုံနဲ့ပြည့်နှက်နေတဲ့နေရာဆိုတာ အားလုံးသတိထားမိကြမှာပါ။ ဒီတစ်ခါမှာလည်း မကာအိုလိုအပျော်အပါးမြိုကြီးကို အခြေခံပြီး​တော့ ဂေးလန်းဆိုတဲ့ လောင်းကစား၊ အပျော်အပါးရမ္မက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ မြိုကြီးအကြောင်းကို တစိုးတစွင့်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တစ်ညမှာ ဂေးလန်းက လိင်လုပ်သားအမျိုးသမီးတစ်ယောက်ဟာ အသတ်ခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အမတ်ရွေးကောက်ပွဲကလည်နောက်တစ်နေ့ဆိုစတော့မှာဖြစ်ပါတယ်။ အမတ်အဖြစ်ဝင်ပြိုင်ချင်တဲ့လူရဲ့ အမျိုးသမီးစီလင်းက ဒီကိစ္စသူနဲ့ဆက်စပ်နေတာကိုသိလိုက်ရတဲ့အခါမှာ ဒီကိစ္စကိုဖြေရှင်းဖိုကြိုးစားရင်း ကိစ္စတွေက ထင်ထားတာထက် ပိုပြီးရှုပ်ထွေနေတယ်ဆိုတာကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့
...

The Way He Looks (2014) ⭐IMDB: 7.9/10 (28 k Votes) 🎬 #Comedy #Drama #Romance 🗓 2014 🎞 movie 🌎 #Brazil ⏰ 1 နာရီ 36 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Way He Looks ဟာ ဒါရိုက်တာ Daniel Ribeiro ရဲ့ရုပ်ရှင်ကားတိုဖြစ်တဲ့ I Don’t Want to Go Back Alone ကို မူရင်းသရုပ်ဆောင်တွေနဲ့ပဲ သူကိုယ်တိုင်ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ 64th Berlin International Film မှာ စတင်မိတ်ဆက်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားနေရာအတွက် FIPRESCI Prize နဲ့best LGBT-themed feature အတွက် Teddy Award တွေအပါအဝင်ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုပေါင်း ၂၇ ဆုအထိရရှိထားတဲ့ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လီယိုနာဒိုဆိုတဲ့ မွေးရာပါမျက်မမြင်ကောင်လေးတစ်ယောက်၊ သူ့မှာ ဂျီယိုဗနာဆိုတဲ့ အချစ်ဆုံး သူငယ်ချင်းကောင်မလေးရှိတယ်။ အဲ့ဒီကောင်မလေးကပဲ သူ့ရဲ့နေ့စဉ်လူမှုဘ၀တွေမှာအမြဲတမ်းကူညီဖြည့်ဆည်းရင်းဖြတ်သန်းနေကြတာပါ။တစ်နေ့တော့ သူတို့ကျောင်းကို ဂါဘရီယယ်ဆိုတဲ့ လူချောလေးတစ်ယောက်ပြောင်းလာပါတယ်။ဂါဘရီယယ် ချောမချောဆိုတာ ဂျီယိုဗနာရဲ့အပြောနဲ့ပဲမြင်ရတာဖြစ်ပြီး လီယိုနာဒိုက သူ့ကိုမှန်းကြည့်ရုံသာတတ်နိုင်ပါတယ်။တစ်ဖြည်းဖြည်းနဲ့ ဂါဘရီယယ်ဟာ ဂျီယိုဗနာရဲ့နေရာကို အစားထိုးဝင်ယူလာခဲ့ပြီး လီယိုနာဒိုရဲ့စိတ်တွေပါ သူ့အပေါ်တိမ်းညွတ်လာခဲ့ပါတယ်။ ဒါတွေကိုထင်ထင်ရှားရှားမြင်တွေ့နေရတဲ့ ဂျီယိုဗနာတစ်ယောက် ဝမ်းနည်းစိတ်ဝန်တိုစိတ်တွေနဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ကြားဆက်ဆံရေးမှာ အက်ကြောင်းတွေထင်လာတဲ့နောက်မှတော့..။ ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ဝါဒဖြန့်တာတွေ လိုရာဆွဲထားတာတွေတင်မက ဗီလိန်တွေပါမပါပဲ ချစ်စရာကောင်းအောင်ရိုးရှင်းလှပစွာတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။နာမည်ကျော်သရုပ်ဆောင်ကြီးတွေမပါဝင်တာကြောင့် နိုင်ငံတကာမှာပေါက်သင့်သလောက်မပေါက်ခဲ့ပေမယ့်The Way He Looks ဟာ Love Simon, Call me by your name တို့လို LGBT Coming-of-Age ရုပ်ရှင်တွေထဲမှာ နေရာတစ်ခုရှိသင့်အောင်ကောင်းတယ်လို့ညွှန်းပါရစေ။ ( အညွှန်းနဲ့ ဘာသာပြန်သူကတော့
...

Godfather of Harlem (2019) ⭐IMDB: 8.1/10 (22 k Votes) 🎬 #Drama #Crime 🗓 2019 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 55 မိနစ် 28 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူ 2 သိန်း rating မှာ 8.1 အထိ ratingကောင်းခဲ့တဲ့ Godfather of Harlemဇာတ်လမ်းတွဲ… 2007 ခုမှာ မင်းသားကြီး Denzel Washingtonရိုက်ခဲ့တဲ့ American gangsterရုပ်ရှင်ရဲ့ အရှေ့ကအဖြစ်ပျက်ဇာတ်လမ်းတွဲလို့ပြောလို့ရပါတယ် မာတင်လူသာကင်းရဲ့ I have a dream မိန့်ခွန်းတွေ သမ္မတကန်နေဒီရဲ့ လုပ်ကြံခံရမှု ဗီယက်နမ်စစ်ပွဲ နယူးယောက်က လူဖြူလူမည်းကြားကခွဲခြားဆက်ဆံမှုနဲ့ အစိုးရကို အိတ်ကပ်ထဲထည့်ပြီး လက်ဝါးကြီးအုပ်နေတဲ့ လူမိုက်ဂိုဏ်းကြီးတွေ.. စသည်ဖြင့် အမေရိကန် 1960 ကာလက သမိုင်းတစ်ခေတ်ကို ရိုက်ကူးထားတဲ့ လက်ရာမြောက်ဇာတ်လမ်းတွဲဖြစ်ပါတယ် မင်းသားကြီး Forest Whitaker , Daredevilထဲက villain ကြီး Kingpin , breaking bad ထဲက villain ကြီး Giancarlo စတဲ့ မင်းသားကြီးတွေရဲ့ godfather စတိုင် လူမိုက်ကြီးတွေရဲ့အားပြိုင်မှုက်ုကြည့်ရမှာဖြစ်ပါတယ် …ဇာတ်လမ်းတွဲကောင်းတွေရှားနေတဲ့အချိန်မှာ လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်
...

Simbaa (2024) ⭐IMDB: 9.7/10 (2 k Votes) 🎬 #Bollywood #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Simbaa 2024 အမှန်တရား အောက်ပိုင်းသေနေတဲ့ယောကျာ်းဖြစ်သူ၊သမီးလေးတစ်ယောက်နဲ့ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေတဲ့အက်ရှာလေး ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီးမဆိုးလှတဲ့လစာနဲ့ ဒီမိသားစုကိုတော့သူကောင်းကောင်းကြီးလုပ်ကျွေးနိုင်ခဲ့တယ် စိတ်ထားလှသူတစ်ယောက်မို့ ရပ်ကွက်ထဲကလူတိုင်းချစ်ခင်မှုကိုရရှိထားသူဆိုလည်းမမှားဘူးပေါ့ဒါပေမဲ့လူအများမသိတဲ့အက်ရှာရဲ့အမှောင်ခြမ်းရှိပါတယ် အဲဒါကတော့ တစ်နေ့ မီးပွိုင့်မိနေတုန်းလူတစ်ယောက်ကသူ့ကိုကားနဲ့ဝင်တိုးမိတယ် အဲဒီအချိန်ကစ အက်ရှာကအက်ရှာမဟုတ်တော့ဘဲစိတ်ရိုင်းတွေဝင်ပြီး ကားနဲ့တိုက်တဲ့လူနောက်တကောက်ကောက်လိုက်ရင်းရက်ရက်စက်စက်သတ်ပစ်ခဲ့တယ် ဒီအမှုကိုလိုက်ဖို့ အထူးစုံစမ်းရေးပါခေါ်ထားရတဲ့အနေအထားထိဖြစ်လာခဲ့တဲ့နောက်မှာတော့ဘာတွေဆက်ဖြစ်သွားမလဲ အက်ရှာကရော ဘာလို့ခုလိုအကြောင်းအရင်းမရှိစိတ်ရိုင်းဝင်ရလဲဆိုတဲ့အကြောင်းရင်းခံကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Palmer (2021) ⭐IMDB: 7.3/10 (45 k Votes) 🎬 #Drama 🗓 2021 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Palmer (2021) ============ IMDb Rating – 7.3/10 ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက် ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10) ၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jack ပဲဖြစ်ပါတယ်။)
...

Confessions of a Dangerous Mind (2002) ⭐TMDB: 67% User Score 🎬 #Comedy #Crime #Drama 🗓 2002 🎞 tv movie 🌎 #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်တာကတော့…ဖြစ်ရပ်မှုန်အပေါ်အခြေခံထားတဲ့ စိတ်လှုပ်ရှားစရာသူလျှိုဇာတ်လမ်းလေးပဲဖြစ်ပါတယ်…ဆုပေါင်း ၇ ဆုရရှိခဲ့ပြီး ဇကာတင်စာရင်း ၁၂ နေရာဝင်ခဲ့ပါတယ်…..ဆုပေါင်း ၇ ဆုရရှိခဲ့ပြီး ဇကာတင်စာရင်း ၁၂ နေရာဝင်ခဲ့ပါတယ်…Sam Rockwell, Drew Barrymore, George Clooney, Julia Roberts အစရှိတဲ့နာမည်ကြီးမင်းသားမင်းသမီးများပါဝင်ထားပါတယ်…ဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင်မှာ နာမည်စကြီးခဲ့တဲ့ ရုပ်မြင်သံကြားထုတ်လုပ်သူ Chuck Barris ရဲ့ကိုယ်တိုင်ရေးအထုပ္ပတ္တိအပေါ်အခြေခံထားပါတယ်…. အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစား‌နေတဲ့ Chuck Barris က ရုပ်မြင်သံကြားလုပ်ငန်းဟာအလားအလာရှိတယ်လို့သိမြင်လာတဲ့အခါ NBC ကုမ္ပဏီမှာအကူအနေနဲ့စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်…ထို့နောက်သူဟာ ရုပ်မြင်သံကြားထုတ်လုပ်သူဖြစ်ဖို့ကြိုးစားလာခဲ့ပြီး မအောင်မြင်သေးခင်ကာလမှာ ဂျင်မ်ဘတ်ဒ်လို့ခေါ်တဲ့ စီအိုင်အေသူလျှိုတစ်ယောက်က သူ့ကိုဆက်သွယ်လာခဲ့ပါတယ်….ချက်ခ်လည်းသူလျှိုလုပ်ဖို့သဘောတူလိုက်ပြီး ဂျင်မ်ဘတ်ဒ်ရဲ့ညွှန်ကြားမှုအတိုင်း စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ပါတယ်….တဖက်မှာလည်း ရုပ်မြင်သံကြားထုတ်လုပ်သူအနေနဲ့ အသွင်ယူနေခဲ့ပါတယ်…ထို့နောက် သူနဲ့အတူလက်တွဲလုပ်ခဲ့တဲ့သူလျှိုတွေအသတ်ခံလာရတဲ့အခါမှာတော့ ချက်ခ်ဟာလည်းကြောက်လန့်နေခဲ့ပါတယ်…. ဒီရုပ်ရှင်ဇာတ်လမ်းဟာ ချက်ခ်ဘယ်ရစ်ရဲ့မနက်ဆိုရုပ်မြင်သံကြားထုတ်လုပ်သူ…ညဆိုသူလျှိုလုပ်တဲ့ ဘဝနှစ်ခုအကြောင်းကိုတင်ဆက်ပြသထားပါတယ်…ခံစားကြည့်ကြပါခင်ဗျာ
...

Spartacus (1960) ⭐TMDB: 76% User Score 🎬 #Adventure #Drama #History #War 🗓 1960 🎞 movie 🌎 #UnitedStatesofAmerica ⏰ 3 နာရီ 16 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။ စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။ သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

The Supremes at Earl's All-You-Can-Eat (2024) ⭐IMDB: 6.4/10 (773 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလ်ရဲ့ အဝစားဆိုင်ကနေ The Supremes ဆိုပြီး နာမည်တွင်လာခဲ့တဲ့ အိုဒက်၊ ကလာရိစ်နဲ့ ဘာဘရာ ဂျင်းဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်အဖွဲ့ရဲ့ ဆယ်ကျော်သက်ဘဝမှာ ကြုံတွေ့ခဲ့ရတာတွေစပြီး နောက်လာမဲ့ ဆယ်စုနှစ်သုံးခုအကြာမှာ ကြုံတွေ့ကြရမဲ့ အိမ်ထောင်ရေး၊ မိသားစုဘဝ၊ လူမှုရေးနဲ့ ကိုယ်ပိုင်ဘဝတွေကို ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု၊ ပူဆွေးမှုစတဲ့ ရသမျိုးစုံနဲ့ ကြည့်ရှုကြရမှာပါ။ လက်တွေ့ဘဝမှာ ကြုံကြိုက်တတ်တာလေးတွေကို ဖော်ပြတင်ဆက်ထားတာမို့ တိုက်ဆိုင်မှုလေးတွေပါလို့ ကြည့်ရှုရကျေနပ်စေမှာပါ
...

Kamla (2022) ⭐TMDB: 0% User Score 🎬 #Drama 🗓 2022 🎞 tv movie 🌎 #Egypt ⏰ 1 နာရီ 30 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ်မလာရာဟစ်အယ်ဝမ်ဆိုသူကတော့ အမျိုးသမီးစိတ်ရောဂါကုဆရာဝန် တစ်ယောက်ပါ။ သူဟာ သူ့လူနာတွေနဲ့ ဖခင်အပေါ် ပြုစုစောင့်ရှောက်ပေးတာက လွဲရင် တခြားကိစ္စကို စိတ်ဝင်စားလေ့ မရှိသူပါ။ တနည်းပြောရရင် ဖခင်ကို ပြုစုရင်း သူနဲ့ သင့်တော်တဲ့ အိမ်ထောင်ရှင်ဖက်ကို ရွေးရင်းရွေးရင်း အခုထိ အိမ်ထောင်မကျသေးတဲ့ အပျိုကြီးပေါ့လေ။ ဒီလိုနဲ့ လူနာတွေကို ကုသပေးလိုက် အဖေကြီးကို စောင့်ရှောက်ပေးလိုက်နဲ့ တနေ့မှာတော့ လူ ၂ယောက်ကို တွေ့ဆုံမိရာကနေ ကမ်မလာ့ဘဝဟာ အရာရာပြောင်းလဲသွားပါတော့တယ်။ တစ်ယောက်ကတော့ အက်စမာလို့ခေါ်တဲ့ ပြစ်တန်ဆာ လူနာမလေးရယ်၊ နောက်တစ်ယောက်ကတော့ ယူဆက်ဖ်အက်ဇ်အဲယ်ဒင်လို့ခေါ်တဲ့ စာရေးဆရာရယ်ပါ။ ထိုသူ ၂ယောက်ကိုတွေ့ဆုံပြီးတဲ့အခါမှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲ … ပြောင်းလဲခြင်းမျိုးကရော ဘယ်လိုပြောင်းလဲခြင်းမျိုးနဲ့ ပြောင်းလဲသွားမှာလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ယခုရုပ်ရှင်ရဲ့plotဟာ ရုပ်ရှင် တစ်ခုအနေနဲ့ ရိုးရှင်းလှပေမယ့် တကယ့်လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတဲ့ အမျိုးသမီးတွေရဲ့ဘဝတွေကို မျက်ဝါးထင်ထင် အမိအရ ရိုက်ပြထားနိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အသက်၄၀အထိ အိမ်ထောင်မပြုရသေးလို့ မင်္ဂလာဆောင်ဖို့ အဒေါ်ရဲ့ဖိအားပေးခံရမှုတွေ၊ ကမ်မလာ့အကြောင်း ပေါက်တက်ကရတွေပြောတဲ့ အဖေ့ဘက်ကအမျိုးတွေ၊ ဝထ္တုစာအုပ်ထဲမှာ တည်ရှိတဲ့ ယောကျ်ားတွေနဲ့ အပြင်လောကမှာ တကယ်ရှိနေတဲ့ ယောကျ်ားတွေရဲ့ကြီးမားတဲ့ ကွာခြားမှုတွေကို ဒီကားထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ယခု ရုပ်ရှင်ကို ကြည့်ရှု့ပြီးရင် ဖြစ်လာမယ့်ခံစားချက်ကို ခိုင်းနှိုင်းဖော်ပြရရင် နေကောင်းဖို့အတွက် ဆေးခါးကြီး တစ်ခွက်ကို သောက်လိုက်ရသလိုပါပဲ။ အမှန်တရားက ခါးတယ်၊ လက်တွေ့က ခက်ခဲတယ် ဒါပေမယ့် အရာအားလုံးက ကောင်းလာဖို့အတွက်ပါပဲ။ အညွှန်းနှင့်ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
...

The Monkey King 2 (2016) ⭐IMDB: 5.9/10 (4 k Votes) 🎬 #Action #Adventure #Fantasy 🗓 2016 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Monkey King 2 (2016) IMDb – 5.9/10_____Rotten – 100%  IMDb rating 5.9/10 ရရှိထားပြီး Rotten tomatoes မှာ ၁၀၀% ရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး ဝူချန့် ရဲ့ ၁၆ရာစုခေတ်ကထွက်ရှိခဲ့တဲ့ Journey To The West ဝတ္ထုကိုဘဲ ပြန်လည်ဆန်းသစ်တင်ဆက်ထားတာဘဲဖြစ်ပါတယ်။အများကမျှော်လင့်စောင့်စားနေတဲ့ ဇာတ်ကားတကားလဲဖြစ်သလို ရုံတင်ချိန်မှာတော့ Deadpool နဲ့ အပြိုင် ရုံတင်ပြသခဲ့သည့်အတွက် ဇာတ်ကားမှာ ထင်သလောက်အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အရင် ထွက်ရှိပြီးသား ဇာတ်ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ Visual Affect တွေ Animation တွေဟာ တော်တော်ကြီး ကြည့်ကောင်းလာတာကိုတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မျောက်မင်း ဝူခုန်းကားတွေရဲ့ ထုံးစံအတိုင်းဘဲ ကျမ်းစာသွားသယ်တဲ့နေရာကနေစတင်ထားပြီး ထုံးစံအတိုင်းဘဲ ဝူခုန်းကို ဆရာတော်က ကယ်တင်ပေးတဲ့အခန်းကနေဘဲစတင်ထားပါတယ်။ အရိုးဖြူမိစ္ဆာ တို့အဖွဲ့ ရဲ့ တိုက်ခိုက်မှုတွေ အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး အနောက်ဖက်က မိုးကြိုးကျောင်းဆောင်မှာ ကျမ်းစာတွေကို သယ်ယူနိုင်မနိုင်ကိုတော့ ဆက်လက် ဒေါင်းယူကြည့်ရှူကြပါဗျာ။ထိုသို့အလွန်ကောင်းသောဇာတ်ကားကို Channel Myanmar ပရိတ်သတ်ကြီးအတွက် Channel Myanmar မှ ကြိူးစားတင်ဆက်ပေးလိုက်ပါသည်။ ဇာတ်လမ်းတစ်ခုလုံးကို အညွှန်းတွင်ထည့်မရေးပေးလိုက်တော့ပါဘူး။ အနောက်ဘက်သို့ခရီးသွားခြင်း ၊ Monkey King 1 တို့ရဲ့ ဇာတ်လမ်းသဘောသဘာဝ အကြောင်းအရာများက ပရိတ်သတ်ကြီးနှင့် အကျွမ်းတဝင် အရင်းနှီးဆုံးဖြစ်နေပြီးသားဖြစ်လို့ပါ။ဇာတ်လမ်းကို ကိုယ်တိုင်ကိုယ်ကျခံစားကြည့်ရှူ့ပြီး ပရိတ်သတ်များကိုယ်တိုင် ညွှန်းပေးကြပါလို့ပဲ တောင်းဆိုပါရစေ။ ကျွန်တော်တို့ကြိူးစားသမျှအသိအမှတ်ပြုရင် လက်မလေးတွေထောင်ပေးခဲ့ကြပါခင်ဗျာ။ ဇာတ်ကားရဲ့ နောက်ဆုံး ဇာတ်ဝင်သီချင်းကိုတော့ ဘားရှင်းပြောင်းပြီး ရေးသားပေးထားတဲ့အကြောင်းကိုပါ တပါတည်း အသိပေးရင် အပြီးဆုံးသည်အထိ ကြည့်ရှူပေးဖို့ကိုပါတိုက်တွန်းလိုက်ပါရစေဗျာ။ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေဗျာ ။  Filesize : 2.50 GB / 1.22 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Fantasy Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by Nyi Than Lwin Encoded by LK နမူနာကြည့်ရန် ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

The Santa Clause 2 (2002) ⭐TMDB: 60% User Score 🎬 #Comedy #Drama #Family #Fantasy 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica #Canada ⏰ 1 နာရီ 44 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါ အဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ် ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ “ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်”ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ် စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ်
...

The Santa Clause (1994) ⭐TMDB: 65% User Score 🎬 #Comedy #Drama #Family #Fantasy 🗓 1994 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Walt Disney ကရိုက်ကူးတဲ့ The Santa(1994) ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ခရစ္စမတ်ရောက်ဖို့ကလည်းလိုသေးတာမလို့ ဒီဇာတ်ကားလေးကိုကြည့်ရင်း ခရစ္စမတ်အငွေ့အသက်လေးတွေကိုကြိုပြီးခံစားနိုင်မှာပါ ဇာတ်လမ်းလေးကတော့……စကော့ကယ်လ်ဗင်နဲ့လော်ရာတို့မှာ ချာလီဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ် ဒါပေမဲ့ သူတို့ဟာကွာရှင်းထားကြပြီး လော်ရာက နေးလ်ဆိုတဲ့သူနဲ့ နောက်အိမ်ထောင်ပြုထားပါတယ် ချာလီကိုတော့မိခင်ဖြစ်သူလော်ရာကပဲခေါ်ယူထားပါတယ် တစ်ရက် ခရစ္စမတ်အကြိုညမှာ လော်ရာဟာ သူ့ရဲ့လက်ရှိခင်ပွန်းဖြစ်သူနေးလ်ရဲ့မိဘတွေနဲ့ညစာသွားစားဖို့ရှိတာကြောင့် ချာလီလေးကို စကော့ဆီလာပို့ထားပါတယ် ကလေးသေချာမထိန်းတတ်တဲ့ စကော့ဟာ ချာလီကိုခရစ္စမတ်နဲ့ဆန်တာအကြောင်းပုံပြင်ဖတ်ပြပြီး ချော့သိပ်ပါတယ် အဲ့ညမှာပဲ ဆန်တာကလော့ကြီးဟာ အရုပ်လာပို့ရင်း သူတို့အိမ်ခေါင်မိုးပေါ်ကနေပြုတ်ကျလာပါတယ် အဲ့ပြုတ်ကျလာတဲ့ဆန်တာကလော့ကြီးရဲ့ဝတ်စုံကို စကော့တစ်ယောက်ဘုမသိဘမသိဝတ်ကြည့်မိရာကနေ ဆန်တာရဲ့တာဝန်တွေကိုယူရမလိုဖြစ်လာတဲ့အခါ
...

The Monkey King 3 (2018) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Action #Adventure #Family #Fantasy 🗓 2018 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 55 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားမှာတော့ ဆရာ တော် ရှန်ကျန်းနဲ့ တပည့်ကျော် သုံးဦးဖြစ်တဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်းတို့တွေ မိန်းမလှနိုင်ငံကို ရောက် သွားပြီး ကြုံဆုံရတာတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။ အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ရောက်လာတဲ့ ဘယ် ယောကျ်ားသားကိုမဆို သတ်ပစ်ဖို့လုပ်ခဲ့တာ မို့ ပြဿနာနဲ့ ရင်ဆိုင်ရပါတော့ တယ်။ အဲဒါနဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်း တို့တွေဟာ လွတ်မြောက်မယ့် နည်းလမ်းရှာတဲ့အခါမှာ မိန်းမလှ နိုင်ငံကို ဖုံးအုပ်ထားတဲ့ ဧရာမ မှော်ပိုက်ကွန်ရှိနေတယ်ဆိုတာသိခဲ့ပြီး အန္တရာယ် ဂိတ်တံခါးကို ကျော် ဖြတ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ချစ်ခြင်းမေတ္တာဆိုတဲ့ သောနဲ့ ဖွင့်မှပဲ ဖြစ်ပါတယ်။ ဆရာတော် ရှန်ကျန်းအဖို့ ကျမ်းစာတွေသယ်ဖို့ ခရီးဆက် ထွက်မလား၊ အချစ်အတွက် ပေး ဆပ်မလားဆိုတာ ဝေခွဲမရဖြစ်နေ ချိန်မှာ ကွမ်ရင်မယ်တော်ရောက် လာပြီး အမှန်မြင်နိုင်ဖို့ လမ်းပြခဲ့ ပါတယ်။ အဲဒီအခါမှာ ဆရာတော်ရှန် ကျန်းတို့ရဲ့ မေတ္တာဇာတ်လမ်းက ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲဆို တာကို အမိုက်စားဆက်တင်တွေ၊ ရိုက်ချက်တွေနဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေက မျောက်မင်းဝူခုံးအဖြစ် Aaron Kwok၊ ဆရာတော်ရှန် ကျန်းအဖြစ် Feng Shaofeng၊ မိန်းမလှဘုရင်မအဖြစ် Zhao Liying၊ ပါကျဲအဖြစ် Xiao Shenyang၊ ဝူဂျင်းအဖြစ် Him Law တို့ပဲ ဖြစ်ပါတယ်။
...

Maid in Manhattan (2002) ⭐TMDB: 61% User Score 🎬 #Comedy #Drama #Romance 🗓 2002 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။ မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
...