ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Indiana Jones and the Temple of Doom (1984)
⭐TMDB: 73.0% User Score
🎬 #Action #Adventure #Mystery
🗓 1984 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 58 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Indiana Jones and the Temple of Doom (1984)
IMDb Rating (7.5) / Rotten Tomatoes (77%)
+++++++++++++++++++++++++
Indiana Jones Franchise (1981-2023)
George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။
စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။
The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။
နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်ပြီး ဖြေရှင်းပေးလိုက်တယ်။
ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။
Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။
Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။
ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖ...
Raiders of the Lost Ark (1981)
⭐TMDB: 79.0% User Score
🎬 #Action #Adventure #Mystery
🗓 1981 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 55 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Indiana Jones and Raiders of the Lost Ark (1981)
IMDb Rating (8.4) / Rotten Tomatoes (93%)
++++++++++++++++++++++++
Indiana Jones Franchise (1981-2023)
George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။
စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။
The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။
နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်ပြီး ဖြေရှင်းပေးလိုက်တယ်။
ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။
Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။
Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။
ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း...
Dolphin Tale 2 (2014)
⭐IMDB: 6.4/10 (10 k Votes)
🎬 #Drama #Family
🗓 2014 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dolphin Tale 2 (2014)=================IMDb Rating – 6.4/10
2011ကထွက်ခဲ့တဲ့ Dolphin Tale 1 ရဲ့အဆက်ဖြစ်ပါတယ်။ ဆော်ရာနဲ့ဝင်းတားစတွေ့ပြီး 3နှစ်တောင်ကြာခဲ့ပါပြီ။ ကလေးသရုပ်ဆောင်တွေဖြစ်ကြတဲ့ ဆော်ရာနဲ့ဟေဇယ်တို့လည်း မြီးကောင်ပေါက်ရုပ်လေးဖြစ်လာတဲ့အပြင် ဝင်းတားလေးလည်း ပိုထွားလာပါပြီ။ ဒီထဲမှာတော့ ဝင်းတားရဲ့သူငယ်ချင်းအသစ်လေးဖြစ်တဲ့ လင်းပိုင်ပေါက်စလေးကိုပါ မြင်တွေ့ရမှာပါ။ ဒါဖြင့် ဖလော်ရီဒါပြည်နယ်က Clearwater Marine Aquarium ကိုအလည်တစ်ခေါက် ထပ်သွားကြပါစို့။ လင်းပိုင်ပုံပြင်လေးကတော့ ဒီကားမှာပဲ အဆုံးသတ်ခဲ့ပါပြီ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Dolphin Tale (2011)
⭐IMDB: 6.8/10 (25 k Votes)
🎬 #Drama #Family
🗓 2011 🎞 movie
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 53 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dolphin Tale (2011)===============IMDb Rating – 6.8/10
CM ပရိတ်သတ်ကြီးတို့ရေ။ ငယ်ငယ်က TV မှာလွှင့်ဖူးတဲ့ Dolphin Taleဆိုတဲ့ ကလေးဘဝရုပ်ရှင်လေးကိုမှတ်မိကြပါသလား။ အမြီးဖြတ်ပစ်လိုက်ရတဲ့ လင်းပိုင်လေးဝင်းတားနဲ့ သူ့ကိုကယ်ပေးခဲ့တဲ့ ဆော်ရာဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ပရိတ်သတ်ကြီးတို့ထဲမှာ ကြည့်ဖူးတဲ့သူရှိရင်ဖြင့်လင်းပိုင်လေးဝင်းတားဟာ အပြင်မှာ တကယ်ရှိခဲ့တယ်ဆိုတာရော သိပါသလား။ ဟုတ်ပါတယ် ဝင်းတားလေးဟာ တကယ်ရှိခဲ့ဖူးပြီး သူဟာ မသန်စွမ်းကလေးငယ်တွေအတွက် ဘဝကိုအရှုံးမပေးဖို့ တကယ်ကို ခွန်အားဖြစ်စေတဲ့လင်းပိုင်လေးတစ်ကောင်ပါ။
ဝင်းတားလေးဟာ Clearwater Marine Aquarium ကို ဒဏ်ရာများစွာနဲ့ရောက်လာပြီး အမြီးပိုင်းသွေးမလျှောက်တော့တာကြောင့် အမြီးဖြတ်ပစ်လိုက်ရပါတယ်။လင်းပိုင်တစ်ကောင်အတွက် ရေကူးစရာအမြီးမပါတော့တာဟာ လူတစ်ယောက်ခြေထောက်မပါတော့တာနဲ့အတူတူပါပဲ။ ဒါပေမဲ့ ဝင်းတားဟာ အရှုံးမပေးဘဲ အသက်16နှစ်ထိ အသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ သူ့ရဲ့ Bottlenose Dolphin မျိုးစိတ်သက်တမ်းဟာ နှစ်40ကနေ60ထိ ရှိတာပါ။ ဒါပေမဲ့ အမြီးမရှိတော့တဲ့လင်းပိုင်တစ်ကောင်အတွက်တော့ 16နှစ်ထိနေသွားနိုင်ဆိုတာ တကယ်အံ့ဩဖို့ကောင်းပါတယ်။ဒါ့အပြင် Dolphin Tale 1,2မှာ ပါဝင်တဲ့လင်းပိုင်လေးဟာ တကယ့်အပြင်ကဝင်းတားအစစ်ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ လင်းပိုင်လေးဝင်းတားဟာ 2021ခုနှစ်၊နိုဝင်ဘာ 11ရက်ကပဲ ဆုံးပါးသွားပြီမို့ ရုပ်ရှင်ထဲမှာပဲ တွေ့နိုင်တော့မှာပါ။ ကဲပါ ခံစားကြည့်ရှုလိုက်ပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Indiana Jones and the Dial of Destiny (2023)
⭐IMDB: 6.8/10 (96 k Votes)
🎬 #Action #Adventure #Fantasy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 36 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Indiana Jones and the Dial of Destiny (2023)
~ IMDb – 6.8/10, Rotten Tomatoes – 69% ~
ဂန္ထဝင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင် အသစ်ထွက်ပါပြီ။ ဒါက ၅ ကားမြောက်ရုပ်ရှင်ပါ။ ပထမလေးကားကိုတော့ ဒါရိုက်တာ စတီဗင်စပီးဘတ်ရိုက်ကူးခဲ့ပြီး အခုရုပ်ရှင်ကိုတော့ James Mangold က ရိုက်ကူးထားတာပါ။ ဒါပေမဲ့လည်း Executive Producer အဖြစ် စပီးဘတ်နဲ့ လူးကပ်စ်တို့ ပြန်ပါဝင်ခဲ့ပါတယ်။
မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ်ပဲ ပြန်ပါဝင်ထားပြီး Phoebe Waller-Bridge ကတော့ အင်ဒီရဲ့မိတ်ဆွေ ဘာဆယ်ရဲ့သမီး ဟယ်လင်နာအဖြစ် ပါဝင်ထားပါတယ်။ ဗီလိန်နေရာမှာတော့ ဗီလိန် ဆရာကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်အစမှာ ဟယ်ရစ်ဆန်ဖို့ ငယ်ငယ်တုန်းကပုံကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားပါတယ်။ AI နည်းပညာကိုသုံးပြီး ဟယ်ရစ်ဆန်ဖို့ငယ်ငယ်က ရုပ်ရှင်ဟောင်းအားလုံးထဲကနေ လိုအပ်တဲ့ မျက်နှာထား ခံစားချက်နဲ့လိုက်တာတွေကို ရွေးထုတ်ပြီးပေါင်းစပ်သွားတဲ့နည်းပညာမို့ ဟယ်ရစ်ဆန်ဖို့ရဲ့ ငယ်ငယ်ကမျက်နှာအစစ်ကို မြင်နေရတာပါပဲ။ ဒါရိုက်တာ စပီးဘတ်ကိုယ်တိုင်ဒီရုပ်ရှင်ကိုကြည့်ပြီး သဘောကျခဲ့တာပါ။ “အင်ဒီယာနာဂျုန်းကို ငါတစ်ယောက်တည်း ရိုက်တတ်တယ်ထင်တာ၊ အခြားရိုက်တတ်တဲ့သူ ရှိသေးသားပဲဟ” လို့တောင် မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဘတ်ဂျက် သန်း ၃၀၀ သုံးခဲ့ပြီး သန်း ၃၈၀ လောက်ပဲ ပြန်ရတာမို့ ငွေကြေးအရအောင်မြင်မှု နည်းခဲ့ပေမဲ့ အင်ဒီယာနာဂျုန်းပီသတဲ့အခိုက်အတန့်လေးတွေ ဖျော်ဖြေမှုပေးနိုင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာကြောင့် IMDb မှာတော့ 6.8/10 ထိ ရလိုက်ပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
ရှေးဟောင်းသုတေသီ ဒေါက်တာ အင်ဒီယာနာဂျုန်းဟာ တက္ကသိုလ်ပါမောက္ခအဖြစ်ကနေ အငြိမ်းစားယူလိုက်ပါပြီ။ ယူပြီးမကြာခင်မှာပဲ သူ့မိတ်ဆွေရဲ့ သမီး၊ သူ့ရဲ့ခေါင်းကိုင်သမီး ဟယ်လင်နာက သူ့ကိုလာရှာပြီး အင်ဒီနဲ့သူ့အဖေတို့ ဒုတိယကမ္ဘာစစ်အတွင်း စွန့်စားပြီး ရယူပြီးမှ ပျောက်ဆုံးသွားတဲ့ အာခီမီးဒီးစ်ရဲ့ ဒိုင်ခွက် အန်တာကသီးရာ အကြောင်းကို လာစုံစမ်းပါတော့တယ်။ အဲဒီဒိုင်ခွက်နောက်ကို လိုက်နေတဲ့ အခြားသူကလည်း နာဇီဟောင်း ရူပဗေဒပညာရှင် ဒေါက်တာရှမစ် ဖြစ်နေပါတယ်။ သူကတော့ ဒီဒိုင်ခွက်ကို အသုံးချနိုင်တဲ့သူဟာ နတ်ဘုရားလို ဩဇာအာဏာကြီးလာမယ်လို့ ယုံကြည်နေတဲ့သူပါပဲ။ အင်ဒီနဲ့ ဟယ်လင်နာတို့တစ်ဖက် ဒေါက်တာရှမစ်တို့အဖွဲ့ကတစ်ဖက် ပြိုင်လုကြရင်း စွန့်စားခန်းကြီးတွေ ဖွင့်ကြပါတော့တယ်။ အင်ဒီယာနာဂျုန်းရဲ့ ဝိသေသဖြစ်တဲ့ ရှေးဟောင်းပဟေဠိတွေ၊ တကယ်ရှိခဲ့တဲ့ သမိုင်းတွေနဲ့ ရောစပ်ထားတဲ့ စိတ်ကူးယဉ်တွေ၊ ရှေးဂူသင်္ချိုင်းတွေထဲက စွန့်စားခန်းတွေ ဝေဝေဆာဆာနဲ့မို့ ကြည့်လို့ကောင်းမယ့် နောက်ဆုံးရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)
Size – 3GB, 1.4GBQuality – 1080p, 720pIMDb Rating – 6.8/10Format – mp4Duration – 2H 34MinGenre – Action, AdventureSubtitle – Myanmar Subtitle (Hardsub)Translated byMr. AndersonEncoded by Y
Indiana Jones Franchise (1981-2023)
George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။
စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။
The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လော...
Septembers of Shiraz (2015)
⭐IMDB: 6.2/10 (6 k Votes)
🎬 #Thriller #Drama
🗓 2015 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အီရန်နိုင်ငံကို Revolutionary Guards လို့အမည်ရတဲ့ အစ္စလမ်မစ်အစွန်းရောက်ဝါဒီတွေ
သိမ်းပိုက်လိုက်တဲ့အတွက် ယခင်အစိုးရနဲ့အဆက်အစပ်ရှိတဲ့သူတွေကို ပစ်မှတ်ထားပြီး
လိုက်လံဖမ်းဆီးနေပါတယ်။နိုင်ငံအနှံ့မှာ ဆူပူသောင်းကျန်းမှုတွေဖြစ်နေကြပြီး ထင်ရာစိုင်းတဲ့
အစွန်းရောက်အဖွဲ့ရဲ့ဒဏ်ကိုအလူးအလဲခံစားရနေရတယ်။ အစ်ဇက်တို့မိသားစုဟာ
ကျောက်မျက်ရတနာလုပ်ငန်းလုပ်ကြပြီး ကြွယ်ဝချမ်းသာတဲ့မိသားစုဖြစ်ပါတယ်။
တစ်နေ့ အစ်ဇက်အလုပ်လုပ်နေတုန်းမှာ Revolutionary Guards ကလာဖမ်းသွားပါတယ်။
ခင်ပွန်းဖြစ်သူနဲ့တွေ့ရဖို့အတွက် ဖာနက်ဇ်မှာ နည်းမျိုးစုံနဲ့ကြိုးစားပေမယ့်မအောင်မြင်ပါဘူး။
နီးစပ်တဲ့သူတွေနဲ့ ဆွေးမျိုးရင်းခြားတွေကလည်းလိုက်ဖမ်းလို့ထွက်ပြေးရတဲ့ အတွက်
ဘယ်သူ့မှ အကူအညီမပေးနိုင်ပါဘူး။ ဒီလိုအသည်းအသန်ကြိုးစားနေချိန်မှာ ခင်ပွန်းဖြစ်သူရဲ့
လုပ်ငန်းကို လူယုံက အပိုင်သိမ်းသွားတယ်။
ထောင်ထဲမှာ အကျဉ်းသားတွေကို နည်းမျိုးစုံနဲ့နှိပ်စက်မေးမြန်းဒဏ်ကိုမခံနိုင်တဲ့အဆုံးမှာ
အစ်ဇက်ဟာ ပိုင်ဆိုင်တာအကုန်ပေးမယ် သူ့ကိုလွတ်ပေးပါလို့ကမ်းလှမ်းတယ်။
ဒီကမ်းလှမ်းချက်ကိုတစ်ဖက်ကလည်းလက်ခံခဲ့တယ်။ အကျဉ်းထောင်ကနေလွတ်လာတဲ့
အစ်ဇက်ဟာ တစ်ချိန်မှာသူ့ကိုပြန်လာဖမ်းနိုင်တာကိုသိတဲ့အတွက် နိုင်ငံကနေထွက်ပြေးဖို့
ကြိုးစားပါတော့တယ်။...
Joji (2021)
⭐IMDB: 7.8/10 (10 k Votes)
🎬 #Crime #Drama
🗓 2021 🎞 movie
🌎 #India
⏰ 1 နာရီ 54 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းကတော့ စိတ်ဝင်စားရတဲ့ India Murder/ Thirller ကားပါ
IMDB မှာ 7.8/10 ရထားပါတယ်
မိသားစု family ဇာတ်လမ်းကို ဦးတည်ရိုက်ထားပြီးဇာတ်အိမ်ကို covid
အတွင်းတည်ဆောက်ထားပါတယ်..
မြို့တစ်မြို့က မျက်နှာဖုံးသူဌေးမိသားစုတခုရဲ့ဘဝအဖြစ်အပျက်ပေါ့
သန်မာပြီးအာဏာရှိတဲ့ အဖေရယ် သား ၃ ယောက်ရယ် ပထမသားရဲ့သား
ဆယ်ကျော်သက်အရွယ်တစ်ယောက်ရယ် ဒုတိယသားရဲ့မိန်းမရယ်
တစ်အိမ်တည်း အားလုံး၆ယောက်အတူနေကြတယ် အိမ်ထဲ ခြံထဲမှာတော့
အလုပ်သမားတွေအများကြီးရှိကြတယ်.
Joji ကတော့ ၃ယောက်တည်းကအငယ်ဆုံးသားပါ သူက ညီအကိုထဲမှာ
အိမ်ထောင်မရှိ လူလွတ်တစ်ယောက်။ တစ်အိမ်လုံး သားအားလုံးက
အဖေကို အရမ်းကြောက်ရတယ် တနေ့တော့ သူတို့အဖေက အလုပ်တခုလုပ်ရင်း
ဦးနှောက်သွေးကြောပေါက်သွားပါတယ် covid အတွင်းဆိုတော့ ဆေးကုရခက်ပေမဲ့
ဆေးရုံအမြန်ပို့ပေမဲ့ လေဖြတ်သွားပါတယ် အဖေဒီလိုဖြစ်ချိန်မှာ Jojiက
အခွင့်အရေးတွေ ယူလာတယ် အဖေပိုင်တဲ့အရာတွေကို မျက်စိကျပြီး
ရအောင်လုပ်ရာက ဘာဖြစ်မလဲ လူသတ်မှုကရော ဘယ်လိုဖြစ်မလဲကို ကြည့်ရမှာပါ.....
Weak Hero Class 1 (2022- )
⭐IMDB: 8.5/10 (4 k Votes)
🎬 #Action #Adventure #Drama #Thriller
🗓 2022- 🎞 tv mini series
🌎 #SouthKorea
⏰ 42 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Weak Hero Class 1 (2022) အားနည်းတဲ့သူက အရှုံးပေးရတဲ့ လောကကြီးဆိုပေမယ့် အဲဒါလည်း အမြဲမမှန်ပါဘူး
အမြဲတမ်း တစ်ကျောင်းလုံး အဆင့် ၁ ရနေကျယွန်းရှီအွန်းဟာ သက်လုံပိုင်းရော ကိုယ်ကာယပိုင်းမှာပါ အားနည်းလို့ အနိုင်ကျင့်ချင်စရာလေးဖြစ်နေပါတယ်ဒါပေမဲ့ ယွန်းရှီအွန်းဟာ သူ့ရဲ့ထက်မြက်မှုတွေ ဖြတ်ထိုးဥာဏ်တွေနဲ့ ကျောင်းတွင်းမှာရော ကျောင်းပြင်မှာရော ဆရာတစ်ဆူဖြစ်အောင်လုပ်သွားမှာပါဒီဇာတ်လမ်းဟာ Webtoon ကိုပြန်ရိုက်ထားတာဖြစ်ပြီး Wanna One ရဲ့အဖွဲ့ဝင်ဟောင်း Flower boy Park Ji Hoon က ရှီအွန်းအဖြစ် ပါဝင်သွားမှာဖြစ်ပြီး ၈ ပိုင်းပါဝင်သွားမှာပါ ။( အညွှန်းရေးသားထားသူကတော့ Thuu Thuu ပါ )Native Title: 약한영웅 Class 1...
The Boogeyman (2023)
⭐TMDB: 64.0% User Score
🎬 #Horror #Mystery #Thriller #Fantasy
🗓 2023 🎞 Movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီသရဲကားကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့
ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
မူလအစီအစဉ်ကတော့ Hulu မှာ streaming ပြသဖို့ ဖြစ်ပေမဲ့
အကြိုပွဲတွေမှာ လူတွေအရမ်းကြောက်ပြီး
ကြိုက်ကြတဲ့အတွက် ရုံတင်ဖြစ်သွားပါတယ်။
အချို့အခန်းတွေမှာ ပရိသတ်တွေ အရမ်းအော်ပြီး အရေးကြီးတဲ့
ဒိုင်ယာလော့တွေကို အသံဖုံးသွားလို့ ရုပ်ရှင်ကို
ကြောက်စရာအခန်းနဲ့ ဒိုင်ယာလော့ကြား နည်းနည်းခြားအောင်
ပြန်တည်းဖြတ်လိုက်ရပါသေးတယ်။
ဒီရုပ်ရှင်ရဲ့ အဓိက မိန်းကလေးသရုပ်ဆောင်နှစ်ယောက်ကတော့
Star Wars Series ထဲက မင်းသမီးလေယာနဲ့ ဒရက်ရှ် နေရာက သ
ရုပ်ဆောင်ခဲ့တဲ့နှစ်ယောက်ပါပဲ။
ဇာတ်လမ်းအကျဉ်း
အဓိကမကောင်းဆိုးဝါး ဘူဂီမန်းဟာ စတီဖင်ကင်းရဲ့ နာမည်ကျော် IT နဲ့ အတော်ဆင်တူပါတယ်။
ကလေးတွေကို အရမ်းကြောက်အောင်လုပ်ပြီး သတ်ပစ်တာပါ။
ဒါပေမဲ့ IT လောက်တော့ စွမ်းအားမကြီးပါဘူး။
သူဟာ အလင်းကိုကြောက်ပါတယ်။
အမှောင်ထဲမှာပဲ လှုပ်ရှားနိုင်တယ်။
စိတ်ဒဏ်ရာရှိနေတဲ့ကလေးတွေကို ပစ်မှတ်ထားတယ်။
ဒီလိုမျိုးပါပဲ။
စတီဖင်ကင်းရဲ့ ဝတ္ထုတိုပဲဖြစ်လို့ IT, Dark Tower လို့
ပင်မဇာတ်ကြောင်းကြီးမှာတော့ ထပ်မပါသေးပါဘူး။
ဒီရုပ်ရှင်မှာတော့ စိတ်ကုထုံးဆရာဝန်
ဒေါက်တာ ဟာပါမှာ ဆေဒီ နဲ့ ဆောယာဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။
သူတို့ရဲ့အမေကတော့ မကြာသေးခင်လေးက ကားတိုက်မှုဖြစ်ပြီး
ဆုံးသွားတာမို့ သူတို့မိသားစုဝင်သုံးယောက်လုံး
ကိုယ်စီပူဆွေးနေတုန်းအချိန်မှာပဲရှိပါသေးတယ်။
တစ်နေ့မှာတော့ လူတစ်ယောက် ရုတ်တရက်
ဒေါက်တာဟာပါနဲ့ လာပြပါတယ်။
သူ့ရဲ့ကလေးတွေကို မကောင်းဆိုးဝါးတစ်ကောင်က
သတ်သွားကြောင်း အခိုင်အမာပြောပါတယ်။
ပြီးတော့ ဒေါက်တာဟာပါရဲ့အိမ်မှာပဲ
သတ်သေသွားပါတယ်။
အဲဒီနောက်မှာ ကလေးမလေးနှစ်ယောက်ဟာ
ထူးဆန်းတဲ့ကြောက်စရာတွေမြင်လာရတဲ့အခါ…...
Invalid (2023)
⭐IMDB: 7.7/10 (469 Votes)
🎬 #Comedy #Drama
🗓 2023 🎞 movie
🌎 #Slovakia
⏰ 1 နာရီ 48 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပြတိုက်ထဲက သေနတ်ပစ်ခတ်မှုရဲ့ နောက်ကွယ်က ဇာတ်ကြောင်းက ဘာဖြစ်မလဲ… ထူးထူးခြားခြား ဆလိုဗက်ကီးယားကားတစ်ကားဖြစ်တဲ့ Invalid ဆိုတဲ့ကားကတော့ Drama, Comedy အမျိုးအစားကားတစ်ကားပဲ ဖြစ်ပါတယ်။ ဟုန်းဒဲရာ့လာ့စ်ကိုးဆိုတာက စက်တွေပြင်ဆင်တဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်ပဲ။ ဒါပေမဲ့ သူက ဒေါသအရမ်းကြီးတဲ့သူ။ သူ့ဒေါသကြောင့်ပဲ သူ့သားကို အိမ်ပေါ်က နှင်ချမိလိုက်သလို သူ့မိန်းမကလဲ အိမ်ပေါ်က ဆင်းသွားခဲ့တယ်။ နောက်တော့ သူ နောင်တရပြီး သူ့သားဖြစ်သူကို ပြန်ချော့ဖို့ ဓာတ်စက်ဝယ်တာကနေ ဇာတ်လမ်းကစတယ်။ ဓာတ်စက်ကြော်ငြာဆီမှာ အလိမ်ခံလိုက်ရတဲ့အပြင် ပိုက်ဆံတွေပါ ဓားပြတိုက်ခံရပြီး ဒုက္ခိတပါ ဖြစ်သွားခဲ့တဲ့ လာ့စ်ကိုးက ဘယ်လိုလက်စားပြန်ချေမလဲ။ လာ့စ်ကိုးကို ကယ်တင်ပေးခဲ့တဲ့ ဂါဘိုရဲ့ မိတ်ဆွေကောင်းပီသမှုတွေကိုလဲ ထင်ထင်ရှားရှားတွေ့မြင်ရမဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။...
The Standoff at Sparrow Creek (2018)
⭐IMDB: 6.1/10 (4 k Votes)
🎬 #Crime #Drama #Thriller #Mystery
🗓 2018 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂန်နွန်ဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့
လက်နက်ကိုင်ပြည်သူ့စစ်ဂိုဏ်းတစ်ခုရဲ့အဖွဲ့ဝင်ဖြစ်နေတာပေါ့…။
ဒီအဖွဲ့က ရဲတွေနဲ့လည်း သိပ်မတည့်သလို လက်နက်တိုက်တစ်ခု ပိုင်ဆိုင်တဲ့အဖွဲ့ပါ…။
တစ်နေ့ကျတော့ သူတို့ရဲ့စခန်းနားက အသုဘတစ်ခုမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပါတယ်…။
အသုဘက ရဲတွေရဲ့အသုဘ…။
ပစ်ခတ်သွားတဲ့သူက မောင်းပြန်သေနတ်တွေ၊ ဗုံးတွေနဲ့ ပစ္စည်းအစုံသုံးသွားတာ….။
ဒီတော့ ဂန်နွန်တို့အဖွဲ့လည်း ဒီပစ်ခတ်မှုက သူတို့နဲ့ ဆိုင်မဆိုင်၊ သူတို့လူလုပ်တာဟုတ်မဟုတ်
ဖြေရှင်းဖို့ စခန်းမှာ လူစုကြလေရော….။
ဖြစ်ချင်တော့ သူတို့လက်နက်တိုက်ထဲက မောင်းပြန်သေနတ်တစ်လက်နဲ့
ပစ္စည်းတချို့ပျောက်နေပါလေရော…။
ဒီကိစ္စကို ဂန်နွန်တို့ဘယ်လိုရှင်းမလဲ၊ လက်သည်က သူတို့အဖွဲ့ထဲကလားဆိုတာကို
စစ်ကြမေးကြရင်းနဲ့ Thrillerဆန်ဆန်ကြည့်ရှုရမယ့် crime movieလေးဖြစ်ပါတယ်….။...
Message from the King (2016)
⭐IMDB: 6.4/10 (17 k Votes)
🎬 #Action #Adventure #Crime #Thriller #Drama #Mystery
🗓 2016 🎞 movie
🌎 #UnitedKingdom #France #Belgium #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Black Pantherမင်းသား
Chadwick Boseman သရုပ်ဆောင်ထားတဲ့ action crime drama movie
လေးပဲဖြစ်ပါတယ်….။
နောက်ပြီး ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့လေသံ၊ စကားပြောဟန်ဟာ
Black Pantherရဲလေသံနဲ့တူတူပဲလို့ အင်တာဗြူးတစ်ခုမှာဖြေသွားဖူးပါတယ်…။
ဒီတော့ Black Pantherတစ်ဖြစ်လဲ မင်းသား Chadwick Bosemanရဲ့
သရုပ်ဆောင်ပုံကို အလွမ်းပြေ ကြည့်ရှုလို့ရမယ့်ကားလေးဖြစ်ပါတယ်…။
ညီမဖြစ်သူကိုရှာပုံတော်ဖွင့်တဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပြီး
မင်းသား Chadwickကလည်း စူပါဟီးရိုးသရုပ်မဟုတ်ဘဲ လူကောင်းတစ်ယောက်၊
ကြေကွဲနေတဲ့ အစ်ကိုတစ်ယောက်ရဲ့သရုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်
ပြသွားပါတယ်…။
ဇာတ်လမ်းအကျဥ်းကတော့…
ဂျက်ကော့ဟာ ညီမဖြစ်သူဘီယန်ကာကိုရှာဖို့အတွက်နဲ့ အာဖရိကကနေ
လော့စ်အိန်ဂျယ်လစ်ကိုတက်လာပါတယ်…။
သူသိတာဆိုလို့ ညီမဖြစ်သူက သူ့အကူအညီလိုနေတယ်၊ပျောက်ဆုံးနေတယ်…
ဆိုတာကလွဲပြီး ကျန်တာနတ္ထိပါ…။
အဲ့လိုကနေ တစ်စပြီးတစ်စသိအောင် စုံစမ်းရင်းနဲ့ ညီမဖြစ်သူပျောက်ဆုံးရတာဟာ
မသမာသူလူတစ်စုရဲ့လက်ချက်ဖြစ်မှန်းသိသွားတဲ့အခါမှာတော့…
ဘုရင်ကြီးရဲ့ ရာဇသံက ဘာဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရှုလို့ရပါပြီ…။...
Trollhunters: Tales of Arcadia (2016-2018)
⭐IMDB: 8.4/10 (18 k Votes)
🎬 #Family #Animation #Action #Adventure #Comedy #SciFi #Fantasy
🗓 2016-2018 🎞 tv series
🌎 #UnitedStates #Mexico #UnitedStatesofAmerica
⏰ 24 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Trollhunters: Tales of Arcadiaဒီ စီးရီး လေးကတော့ Netflix မှာထွက်ရှိထားတဲ့ကာတွန်းစီးရီးလေးဖြစ်ပါတယ်။
IMDB 8.4/10 ရရှိထားတာလဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတေ့ာ Trollhunters တွေဟာလူ့ပြည်နဲ့ဘီလူးပြည်ကိုဆက်နေတဲ့တံတားကိုကာကွယ်ရတာပါ။Trollhunter တစ်ယောက်သေရင် သူ့ကိုယ်ပိုင်အစောင်လေးဟာထိုက်တန်တဲ့သူကိုရွေးပီTrollhunter အဖြစ်ရွေးချယ်ပါတယ်။ဘီလူးတွေက နေ့ဘက်အပြင်ထွက်လို့မရပါဘူး။နေရောင်က သူ့တို့ ခန္ဓာကိုယ်နဲ့ထိရင်ကျောက်ခဲဖြစ်သွားတာကြောင့်ပါ။လူပြည်နဲ့ဘီလူးတွေ ဘယ်လိုဆက်စပ်နေမလဲ?လူသားတစ်ဦးကို Trollhunterအဖြစ်ရွေးချယ်ခံလိုက်ရတဲ့အခါမှာတော့လူသား ဟာလျှို့ဝှက်နေတဲ့ဘီလူးတွေနဲ့လူသားကမ္ဘာကိုကာကွယ်စောင့်ရှောက်သူဖြစ်လာပါတော့တယ်။လူသားနဲ့ဘယ်လိုဘယ်လိုရှေ့ဆက်မယ်ဆိုတာကိုတော့…..Season 3 ခုရှိပါတယ်(ဇာတ်လမ်းကိုတော့ Archi Thangyi နှင့် May Thazin Soe ကဘာသာပြန်ပြီးArkar Phyo နှင့် Xcode မှ Encode ပေးထားပါတယ်။)...
The White Queen (2013-2013)
⭐IMDB: 7.7/10 (30 k Votes)
🎬 #Drama #History #Romance #War
🗓 2013-2013 🎞 tv mini series
🌎 #UnitedKingdom #France #Belgium
⏰ 59 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The White Queen၂၀၁၃ ခုနှစ်က ထုတ်လွှင့်ခဲ့ပြီး တစ်ပိုင်းကိုကြာမြင့်ချိန် ၁နာရီရှိပြီး
အပိုင်း ၁၀ပိုင်းပါ၀င်တဲ့ မီနီစီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက IMbD rating 7.8 နှင့် Rotten Tomatoes 78 % ရထားတဲ့ဇာတ်လမ်းကောင်းလေးပါ။အင်္ဂလန်ရဲ့ ၁၄၆၄ ခုနှစ်ပါတ်၀န်းကျင်က နန်းတွင်းအရှုပ်တော်ပုံအကြောင်းလေးပါ။ တကယ့်သမိုင်း၀င်ဖြစ်ရပ်နဲ့ ဒဏ္ဍရီဆန်ဆန် အဖြစ်အပျက်နှစ်ခု ရောပြီးရိုက်ကူးထားတဲ့ ရာဇ၀င်ကားလေးပါ။ ၁၄၆၄ မှာ အင်္ဂလန်မှာ ပြည်တွင်းမှာစစ်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အဓိကကတော့ တော်၀င်မျိုးနွယ်စုနှစ်ခုဖြစ်တဲ့ House of York (ယော့ခ်မျိုးနွယ်) နဲ့ House of Lancaster (လန်ကတ်ထရီမျိုးနွယ်) နှစ်ခုအားပြိုင်တိုက်ခိုက်နေကြတဲ့အချိန်ပါ။ ယော့ခ်မျိုးနွယ်တွေက နှင်းဆီဖြူ လို့တင်စားခေါ်ေ၀ၚပြီး လန်ကတ်ထရီတွေကို နှင်းဆီနီလို့ ခေါ်ေ၀ၚခဲ့ကြပါတယ်။ သူတို့ကြားက စစ်ပွဲတွေကို နှင်းဆီစီးချင်း ( Wars of Roses) ဆိုပြီးတော့ အင်္ဂလန်သမိုင်းမှာ ရာဇ၀င်တွင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတာ့………..၁၄၆၄ ခုမှာ ယော့ခ်မျိုးနွယ် ဖြစ်တဲ့ ဘုရင် အက်ထ်၀ပ်ဟာ လန်ကထ်ထရီ မျိုးနွယ်ဖြစ်တဲ့ ဘုရင် ဟန်နရီ III ကိုသတ်ပြီး နန်းတက်ခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်က အင်္ဂလန်ကို ကမ်းရိုးတန်းတွေအထိ အာဏာစက်ပြန့်ပြီး နိုင်ငံတော်ကြီးတစ်ခုအနေနဲ့ တည်ထောင်ပြီး ငြိမ်းချမ်းမှုကို ဖော်ဆောင်ချင်တဲ့ဘုရင်တစ်ပါးပါ။ ဒါပေမယ့် သူရဲ့မကောင်းတဲ့အချက်ကတော့ မိန်းမရှုပ်ပါတယ်။ အင်္ဂလန်က မိန်းမတစ်၀က်လောက် သူနဲ့ မကင်းကြပါဘူး။အယ်လီဇဘတ်ဂရေး ကတော့ ရုပ်ရည်ချောမောပြေပြစ်ပြီး ကလေးနှစ်ယောက်အမေ မုဆိုးမလေးတစ်ဦးပါ။ အယ်လီဇဘတ်ဂရေး စစ်ပွဲပြီးတော့ သူ့သားနှစ်ယောက်ရပိုင်ခွင့်ရှိတဲ့အမွေ အတွက် ဘုရင်အက်ထ်၀ပ်ထံ လာရောက်တောင်းဆိုရင်း ဘုရင်အက်ထ်၀ပ်က အလှပဂေးလေးကို မျက်စိကျသွားပါတော့တယ်။ အယ်လီဇဘတ်ဂရေး ရဲ့အမေက မှော်ပညာတတ်ကျွမ်းတဲ့ စုန်းကေ၀မျိုးဖြစ်ပြီး အယ်လီဇဘတ်မှာလည်း ဒီမျိုးရိုးလိုက်ပါတယ်။အရှင်၀ါးရခ်လို့ခေါ်တဲ့ ပညာရှိမှူးမတ်ကတော့ နန်းတက်နိုင်အောင် အက်ထ်၀ပ်ဘုရင်ကို ကူညီခဲ့ပြီးကြိုးကိုင်ချင်နေသူတစ်ယောက်။ ဒါပေမယ့် ရှုပ်ရှုပ်ပွေပွေရှိတဲ့ ဘုရင်အက်ထ်၀ပ် မျိုးနွယ်မတူတဲ့လန်ကက်ထရီမျိုးနွယ်က သာမန်အရပ်သူ ဒီကလေးနစ်ယောက် မုဆိုးမလေးကို ဘုရင်မအဖြစ် တင်မြှောက်ချင်လာတဲ့အခါမှာတော့……………………………………..ဘုရင်အက်ထ်၀ပ် တစ်ယောက် တကယ်ပဲ မုဆိုးမလေးကို ချစ်မိသွားတာလား….ဒါတွေဟာ အယ်လီဇဘတ်ဂရေးနဲ့ သူ့အမေတို့ရဲ့ မှော်ပညာကြောင့်များလား…….အယ်လီဇဘတ်ဂရေး ဘုရင်မဖြစ်နိုင်ပါ့မလားဘုရင်မ ဖြစ်ခဲ့ရင်တောင် အတိုက်အခိုက်တွေကြား ကြံကြံခံနိုင်ပါ့မလား…………..မျိုးနွယ်မတူတဲ့ ယော့ခ် နဲ့ လန်ကတ်ထရီတို့ အားပြိုင်မှုမှာ ဘယ်သူအသာစီးရမလဲအရှင်၀ါးရခ်ကရော သူ ချယ်လှယ်လို့မရတော့အချိန်မှာ ဘယ်လိုစီစဥ်မှာလဲဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ကြပါ။ Review by Little Twinlay...
Traffickers: Inside the Golden Triangle (2021- )
⭐IMDB: 7.3/10 (60 Votes)
🎬 #Documentary
🗓 2021- 🎞 tv series
🌎 #
⏰ 46 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Traffickers: Inside The Golden Triangle (2021)Traffickers: Inside the Golden Triangle (2021)
Ep 1 – The Opium King တစ်ကမ္ဘာလုံးက နံပါတ်တစ် ဘိန်းဘုရင်ပါလို့ လက်ခံထားခဲ့ကြဖူးတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရှိတယ်။ သူ့နာမည်က ခွန်ဆာ။ မူးယစ်ဆေးလောကမှာတော့ သူ့ခေတ်သူ့အခါက ခွန်ဆာကို ဘယ်သူမှမမီဘူး။ အတ်စကိုဘားလည်း မမီဘူး။ မြန်မာ ထိုင်းနဲ့ အမေရိကန်ကပါ သူ့ကို မရမကဖမ်းဖို့ကြိုးစားခဲ့ကြတယ်။ အမေရိကန်ဆို ခွန်ဆာကိုဖမ်းဖို့ သီးသန့်အဖွဲ့တွေပါ ဖွဲ့ခဲ့ရတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ၂၀၀၇အထိ အေးဆေးနေရင်း ရောဂါနဲ့ပဲ ဆုံးသွားခဲ့တယ်။ ” ခွန်ဆာနဲ့ ဘိန်းလုပ်ငန်း “ ခွန်ဆာဟာ ရွှေတြိဂံလို့ခေါ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံစပ်က ဘိန်းထုတ်လုပ်ရေးနဲ့ နာမည်ကြီးတဲ့နေရာက နာမည်အကြီးဆုံး ဘိန်းဘုရင်ပါ။ သူ့ဆီက ဘိန်းတွေက ၉၅%သန့်တာကြောင့် အမေရိကဘိန်းဈေးကွက်တစ်ခုလုံး သူ့ဘိန်းတွေကို အသည်းစွဲကြိုက်ကြတယ်။ ခွန်ဆာကြောင့်နဲ့ ရွှေတြိဂံဟာ အဲဒီခေတ်က ကမ္ဘာ့ဘိန်းထုတ်လုပ်မှုအများဆုံးနေရာဖြစ်ခဲ့တယ်။ ဒီလိုနဲ့ အမေရိကန်က သူ့နိုင်ငံမှာ ဘိန်းစွဲနေတဲ့ ပြဿနာတော်တော်ကြီးလာလို့ ပြဿနာရင်းမြစ်ဖြစ်တဲ့ ခွန်ဆာကို မရမကဖမ်းဖို့လုပ်လာရတယ်။ ” ခွန်ဆာနဲ့ ရှမ်းပြည် “ ခွန်ဆာက ပြောရရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တစ်ယောက်ဆိုလည်း မမှားဘူး။ ရှမ်းပြည်အတွက် ဗမာစစ်တပ်ကို တော်လှန်နေတဲ့သူလို့တော့ ပြောကြပါတယ်။ ရှမ်းတိုင်းရင်းသားတွေဟာ သူ့ကို လေးစားကြပြီး ပြတိုက်နဲ့ပါ တခမ်းတနားပြထားခဲ့တယ်။ ရှမ်းတွေအတွက် ခွန်ဆာဟာ မျိုးချစ်သူရဲကောင်း ဖြစ်တယ်လို့လည်း ပြောကြတာပါပဲ။ သူ့ရဲ့မုန်တိုင်းတပ်မတော် မပြိုကွဲရင် ရှမ်းပြည် ဒီလောက်မရှုပ်ထွေးဘူးလို့ ပြောတဲ့လူတွေပါရှိပါတယ်။ သူ့ကျောထောက်နောက်ခံက ဘာလဲဆိုတာကိုတော့ တစ်ယောက်တစ်ပေါက်ပြောနေကြပြီး တော်တော်တော့ရှုပ်ပါတယ်။ နောက် သူ့အပေါ်လူတွေမြင်ကြတဲ့အမြင်တွေကလည်း တစ်ယောက်တစ်မျိုးဆိုသလို ကွဲပြားကြတယ်။ ဒါပေမဲ့ သူဟာ နာမည်ဆိုးရှိခဲ့ပေမဲ့ ရှမ်းပြည်အတွက် အကျိုးပြုတဲ့သူလို့ ယုံကြည်ကြသူတွေများပါတယ်။ ရှမ်းပြည်ရဲ့ သမ္မတလို့လည်း သူ့ကိုယ်သူကြေညာဖူးခဲ့ပါတယ်။ ” ခွန်ဆာနဲ့ အက်စကိုဘား “ ” ခွန်ဆာကို အရှေ့တောင်အာရှရဲ့ ပါဘလိုအက်စကိုဘားအဖြစ် တင်စားကြတယ်။ ဒီစကားကြားတော့ ခွန်ဆာကြီးက ရယ်တယ်တဲ့ဗျ။ ဒီကောင်မှာ ငါ့လို လူ ၄၀၀၀၀ လောက်ရှိပြီး လေယာဉ်ပစ်အမြောက်ပိုင်တဲ့စစ်တပ် မရှိပါဘူးကွ။ ကိုယ်ပိုင်မြို့လည်း မရှိဘူး။အဓိက အချက်ကတော့ ဒီကောင်မှာ ငါ့လို ပါးရည်နပ်ရည် မရှိဘူး တဲ့ ။” ဒီနှစ်ချက်လုံး မှန်တယ်ဆိုရမှာပဲ။ ဘာလို့ဆို ခွန်ဆာရဲ့နေရာအကြောင်းပြောထားတဲ့ စကားကိုသာ ဖတ်ကြည့်ပါတော့။ ” ရေအားလျှပ်စစ်နဲ့ မီးပေးတယ် ။ ဆေးရုံ စာသင် ကျောင်း ရှိတယ် ။ ကိုယ်ပိုင်ဂေါက်ကွင်း ရှိတယ်။ ကျနော်တို့ကသာ တောထဲထင်နေတာ။ ကမ္ဘာကတော့ ဟိုမိန်းဟာ မြန်မာပြည်က ဟောင်ကောင်ပဲ။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ရှိတယ်။ ခွန်ဆာကျင်းပတဲ့ ဂေါက်ပြိုင်ပွဲဟာ နအဖဂေါက်ပွဲထက် ကမ္ဘာကျော်တယ်။ ထိုင်ဝမ် စင်္ကာပူ ဂျပန် အမေရိကားက လာရိုက်ကြတယ်။ ကမ္ဘာကျော်အဆိုတော်တွေ လာတယ်။ ဗြိတိန်တော်ဝင် တွေ lady တွေ lord တွေတောင် လာတယ်။ ဒီသတင်းသာ အက်စ်ကိုဘာ ကြားရင် တက်သေသွားနိုင်လောက်တယ်။ ခွန်ဆာဟာ ရွှေတြိဂံရဲ့ အရှင်သခင် ဖြစ်လာတယ်။ “ ပါးရည်နပ်ရည်သာတာလည်း အမှန်ပါပဲ။ အက်စကိုဘားဟာ ဝရမ်းပြေးဘဝနဲ့ လမ်းပေါ်သေသွားခဲ့ပေမဲ့ ခွန်ဆာကတော့ အက်စကိုဘား အလှည့်ပြီး သူ့အလှည့်ရောက်လာမှာသိတာကြောင့်ရော တပ်တွင်းပုန်ကန်မှုဖြစ်ခဲ့တာကြောင့်ရော ဗမာအစိုးရဆီ လက်နက်ချခဲ့တယ်ဆိုပါတယ်။ သေတဲ့ ၂၀၀၇အထိ စီးပွားရေးလုပ်ငန်းတွေလုပ်ရင်း အေးဆေးနေသွားခဲ့ရပါတယ်။ ” ခွန်ဆာရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ရက်စက်ခြင်း “ ဖတ်ရသလောက်ဆို ခွန်ဆာဟာ ဉာဏ်ကောင်းတဲ့ လူတော်တစ်ယောက်ဆိုလည်း မမှားပါဘူး။ အမေရိကန်ကပါ မာစတာမိုင်းလို့ သတ်မှတ်ထားတာကိုး။ အုပ်ချုပ်မှုနဲ့ တပည့်တပန်းတွေအပေါ် ဆက်ဆံရေးလည်းကောင်းတဲ့လူပါ။ အကျယ်သိချင်ရင်တော့ ခွန်ဆာနာမည်ရိုက်ပြီးသာ ရှေးက တင်ထားကြတဲ့ သတင်းတွေကို ရှာဖတ်နိုင်ပါတယ်။ ခွန်ဆာဟာ မယားလေးယောက်ရှိပြီး မိန်းကလေးတွေကျအောင်လုပ်နိုင်တဲ့ ညှို့ဓာတ်ရှိတယ်ဆိုကြသလို ဥပဓိရုပ်လည်းဖြောင့်တဲ့သူပါပဲ။ ဒီဒိုကူထဲက သတင်းထောက်ဆို သူသမ္မတတွေ မင်းသားတွေ ဝန်ကြီးချုပ်တွေ အများကြီးကို အင်တာဗျူးဖူးပေမဲ့ ခွန်ဆာ့လို ဩဇာတိက္ကမမျိုး ရှိတဲ့သူ မမြင်ဖူးဘူးလို့ဆိုပါတယ်။ ဒီလိုဆိုလို့ မရက်စက်ဘူးမထင်ပါနဲ့။ ခွန်ဆာဟာ တော်တော် ရက်စက်တဲ့သူလည်းဟုတ်ပါတယ်။ သူ့လမ်း၀င်ရှုပ်မိရင် သေတာပဲလို့ ဒိုကူထဲဆိုထားပါတယ်။ ” သူနဲ့ ပြိုင်ဘက် ကွန်မင်တန် ဗိုလ်ချုပ်ကြီးလီ ရဲ့ ချင်းမိုင်က စံအိမ်ကို TNT ယမ်း ၂တန် သယ်လာတဲ့ကား နဲ့ ဖောက်ခွဲ ဖျက်ဆီးလိုက်တ...
Young Justice (2010-2022)
⭐IMDB: 8.6/10 (44 k Votes)
🎬 #Animation #SciFi #Fantasy #Action #Adventure #Crime #Romance
🗓 2010-2022 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 28 မိနစ် 13 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Young Justice S01+S02+ S03+S04IMDb – 8.7Young Justice ဆိုတာ Brandon Vietti နဲ့ Greg Weisman တို့နှစ်ယောက် Cartoon Network channelအတွက်
ဖန်တီးခဲ့ကြတဲ့ အမေရိကန် Animated Seriesတစ်ခုဖြစ်ပါတယ် Young Justice League Series ဟာ
Peter David ,Todd Dezago နဲ့Todd Nauck တို့ရဲ့Young Justice comic seriesကိုမှီငြိမ်းပြီး
DC Universe ရဲ့ စူပါဟီးရိုးလေးတွေကို အာရုံစိုက် မိလာအောင် ဖန်တီးခဲ့ကြတာဖြစ်ပါတယ်
အဆိုပါ Series ကို 26.11.2010 နေ့မှာ ကနေဒါနိုင်ငံမှာစတင်မိတ်ဆက်ခဲ့ပါတယ် Director များကတော့
Jay Oliva နဲ့ Michael Chang တို့ပါ YJL animated series ဟာ 2011ခုနှစ် မှာချီးမြှင့်တဲ့
Primetime Emmy Awards 2011(Animation ဆု) အပြင်အခြားသော အသံပိုင်းဆိုင်ရာ
ဆုများစွာကိုဆွတ်ခူးထားပါတယ် ဒီSeries မှာဆိုရင် Young Justice League အဖွဲ့ဝင်တွေဖြစ်တဲ့
ဆယ်ကျော်သက် ဟီးရိုးတွေရဲ့ နေထိုင်မူ့ဘဝတွေ စွန့်စားခန်း တွေကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်
YJL အဖွဲ့ဟာဆိုရင်ဖြင့် စစ်ဆင်ရေးတွေလုပ်ဆောင်ရင်းသူတို့ရဲ့ စီနီယာ ဟီးရိုးကြီးတွေအဖွဲ့ဖြစ်တဲ့
Justuice League အဖွဲကြီးရဲ့ မရှိမဖြစ် အထောက်အကူပေးနိုင်မယ့် အဖွဲ့လေးဖြစ်လာခဲ့ပါတယ်။ဆက်ပြီးတော့YJLအဖွဲဝင်တွေနဲ့ဆက်လက် မိတ်ဆက်ပေးချင်ပါတယ် YJL ရဲ့ပထမ seasonမှာ
အဖွဲ့ခေါင်းဆောင်က Aqualad ဖြစ်ပြီး အဖွဲ့ဝင်တွေအနေနဲ့ Robin(Dick Grayson),
Superboy, Kid Flash(Wally), Miss Martian,Artimisတို့အဓိကပါဝင်ထားပြီး
ဗီလိန်တွေအနေနဲ့တော့ Vandal Savage(Immortal အဖွဲ့ခေါင်းဆောင်),
Lex Luthor,Ra’s Al Ghul(The light ဂိုဏ်း ချုပ်),တို့ပါဝင်ထားပါတယ်။...
Ultraman (2019-2023)
⭐IMDB: 6.8/10 (2 k Votes)
🎬 #Animation #Action #Adventure #SciFi #Fantasy #Drama
🗓 2019-2023 🎞 tv series
🌎 #Japan #UnitedStatesofAmerica
⏰ 25 မိနစ် 41 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ultraman (2019)2019 ခုနှစ်မှာ Netflix က ပြသသွားတဲ့Ultraman Animation TV Series အစအဆုံးကို
CM မှ ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်အရင်လို ၁ ပိုင်းစီ တင်မနေတော့ပဲ13 ပိုင်းလုံးကို Zip ချူပ်ပြီးUpload ပေးလိုက်ပါတယ်ဘာသာပြန်ပေးထားတာကတော့ CM New Generations အဖွဲ့ဖြစ်ပြီးXCode မှ တင်ဆက်ပေးထားပါတယ်Download CompleteSeason (1) Complete Zip Yoteshin / Megaup==================
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
Börü (2018)
⭐IMDB: 6.7/10 (5 k Votes)
🎬 #History #Drama #Action #Thriller #War
🗓 2018 🎞 movie
🌎 #Turkey
⏰ 1 နာရီ 17 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Boru (2018)Wolf mini-series (2018) ဟာ Netflix ကလႊင့္တဲ့Turkish mini series ပါ။
စစ်ကားကောင်းတွေကိုမှကြည့်ချင်တဲဲ့ စစ်ကားပရိတ်သတ်တွေအတွက်ဒီ ၆ ပိုင်းသာပါရှိတဲ့ မီနီ စီးရီးလေးက စစ်ပွဲတွေရဲ့ရသတွေကိုပေးနိုင်မှာပါ… ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်အချိန်ပေးပြီးကြည့်ရကျိုးနပ်မှာပါ…တပိုင်းချင်းစီရဲ့ ကြာမြင့်ချိန်က ဇာတ်ကားတစ်ကားကြည့်ရတဲ့အချိန်နဲ့တူညီမှာဖြစ်ပြီးတော့ ကြာမြင့်ချိန်၁ နာရီ ကျော်ရှိပြီးတော့ ကြည်လက်ပြတ်သားတဲ့ရိုက်ချက်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်… IMDB Rating 8.6 ရရှိထားပြီးတော့ တပိုင်းချင်းဆီရဲ့Rating တွေကလည်း တော်တော်ကောင်းပါတယ်…စစ်ဆင်ရေးအခန်းတွေကိုလည်း တကယ့်အပြင်မှာဖြစ်နေသလိုမျိူးရိုက်ထားတာဖြစ်ပါတယ်… ဇာတ်လမ်းအကျဥ်းကတော့ အထူးတပ်ဖွဲ့Wolfအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။စစ်ကားပရိတ်သတ်များအကြိုက်တွေ့စေမယ့် စီးရီးဖြစ်ပါတယ်…....
Sister-in-law Addiction (2020)
⭐TMDB: 0.0% User Score
🎬 #Adult #Drama #Romance
🗓 2020 🎞 Movie
🌎 #SouthKorea
⏰ 1 နာရီ 17 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
*********************************ဟယ်အီဟာ မိန်းမနဲ့ခယ်မဖြစ်သူတိုနဲ့အတူ တစ်အိမ်တည်းမှာ အတူတူ နေနေပါတယ် …
ဟယ်အီတိုလင်မယားက သာမန်လိုပဲထင်ရပေမယ့် အတူနေချိန်မှာတော့ ဟယ်အီက
အထွဋ်အထိပ်ကို မရောက်နိုင်ဘဲဖြစ်နေပါတယ်……ဒီလိုအခြေအနေကို ငြီးငွေ့လာတဲ့ မိန်းမဖြစ်သူက စိတ်ကျေနပ်မှု ရနိုင်ဖိုအတွက်
တွဲဖက်ကိုယ်စီ ရှာဖိုပြောလာခဲ့ပါတယ်တစ်ဖက်မှာလည်း အွန်လိုင်းပေါ်မှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့
ခယ်မနဲ့ ဟယ်အီတိုလင်မယားကြားမှာ ဘာကိစ္စတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး…....
Mamma Mia! (2008)
⭐TMDB: 70.0% User Score
🎬 #Comedy #Musical #Romance
🗓 2008 🎞 movie
🌎 #UnitedStates #UnitedKingdom #Germany #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတော့ 2008 ခုနှစ်က ထွက်ခဲ့တဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
“အရမ်းလေးတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ချင်ဘူး ၊ ပေါ့ပျက်ပျက်ရုပ်ရှင်တွေကိုလည်း ကြည့်မိမှာစိုးတယ်” ဆိုတဲ့ သူတွေအတွက် ဒီဇာတ်ကားကတော့ အဆင်ပြေပါလိမ့်မယ်။
နေ့စဉ်ပင်ပန်းနွမ်းနယ်မှုတွေထဲကရုန်းထွက်ဖို့ ရုပ်ရှင်တစ်ကားကြည့်ပြီး စိတ်ပေါ့ပါးလန်းဆန်းသွားချင်တယ်ဆိုရင် ဒီ ရုပ်ရှင်လေးကို ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
နာမည်ကတော့ “Mamma Mia!” ဖြစ်ပါတယ်။
Meryl Streep ၊ Pierce Bronsnan ၊ Colin Firth ၊ Stellan Skarsgard ၊ Dominic Cooper ၊ Amanda Seyfried စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။
Lesbian တယောက်ဖြစ်တဲ့ Phyllida Lloyd အတွက် Mamma Mia! ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ရုပ်ရှင်ရဲ့ကုန်ကျစရိတ်က $52 million သာဖြစ်ပြီး တကယ် ရုံတင်ပြသခဲ့တဲ့အခါ $609.8 million အထိဝင်ငွေရရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
Kalokairi လို့ခေါ်တဲ့ ဂရိကျွန်းတစ်ကျွန်းပေါ်မှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။
Mamma Mia ရဲ့ ဇာတ်ကြောင်းကတော့ –Sophie (Amanda Seyfried) တယောက် သူ ချစ်တဲ့သူ Sky (Dominic Cooper) နဲ့ မင်္ဂလာဆောင်ရတော့မှာ ဖြစ်လို့ သူ ပျော်နေတာပေါ့ ။
ဒါပေမယ့် သူမ မပျော်နိုင်ရှာပါဘူး ။
သူမမှာ ဆန္ဒတစ်ခုရှိနေသေးပါတယ် ။
အဲဒါကတော့ သူမ ရဲ့ မင်္ဂလာဆောင်ကို သူမ အဖေကိုပါ တက်ရောက်ချီးမြှင့်စေချင်တာပဲဖြစ်ပါတယ်။
ဒါပေမယ့်လို့ Sophie ဆန္ဒကို အခက်တွေ့စေတာ တစ်ခုရှိနေပါသေးတယ် ။
အဲဒါကတော့ သူမရဲ့ ဖခင်ဖြစ်သူ ဘယ်သူမှန်း မသိတာပဲဖြစ်ပါတယ်။
တကယ်တော့ Sophie ရဲ့ အမေဖြစ်သူ ဟိုတယ်ပိုင်ရှင်တယောက်ဖြစ်တဲ့ Donna (Meryl Streep)က ငယ်စဉ်ဘဝမှာ ယောကျ်ားလေးတွေ ထည်လဲတွဲခဲ့သူပါ ။
အဲဒီတော့ ဆိုဖီ့အတွက် သူ့ဖခင်ဘယ်သူမှန်း မသိတော့ဘူးပေါ့နော်။
တနေ့တော့ ဆိုဖီဟာ သူ့အမေရဲ့ ဒိုင်ယာရီကို သေတ္တာဟောင်းတွေကြားမှာ ရှာတွေ့သွားပါတယ်။
ဒိုင်ယာရီထဲမှာ ဒိုနာ ဟာ သူမနဲ့ အတူတူအိပ်ဖူးတဲ့ယောက်ျားတွေကို အသေးစိတ်ရေးထားတာပေါ့။
အဲဒီ ဒိုင်ယာရီအရ ဆိုဖီ ဟာ သူမရဲ့ အဖေ ဖြစ်နိုင်တဲ့သူ သုံးယောက်ကို ဆွဲထုတ်လိုက်ပါတယ် ။
အဲဒီ သုံးယောက်ကတော့ အောင်မြင်တဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်နေတဲ့ Sam(Pierce Brosnan) ၊ဘဏ်ပိုင်ရှင်တယောက်ဖြစ်နေတဲ့ Harry(Colin Firth) ၊ ခရီးသွားစာရေးဆရာတယောက်ဖြစ်နေတဲ့ Bill (Stellan Skarsgård)တို့ပါ ။
အဲဒီသုံးယောက်ဆီကို Sophie က သူမရဲ့ မင်္ဂလာဆောင်ဖိတ်စာကို တစ်စောင်စီပို့လိုက်ပါတယ်။
သူတို့ကို အဖေရှာပုံတော်ဖွင့်ဖို့ခေါ်တာပါလို့ မပြောဘူးပေါ့။
Donna က သတိတရနဲ့ လှမ်းဖိတ်တယ်ဆိုပြီး ဆိုဖီက လိမ်ညာပြီးခေါ်လိုက်တာပေါ့။
သူတို့သုံးယောက်ကလည်း ဒိုနာ အပေါ် အချစ်မလျော့သေးတာကြောင့် ချက်ချင်းကို မင်္ဂလာဆောင်ကို ထွက်လာကြတယ်။
သူတို့သုံးယောက် ကျွန်းပေါ်ရောက်လာတဲ့အခါ ဆိုဖီ နဲ့ တွေ့တော့ သူမ အရမ်းဝမ်းသာသွားပါတယ် ။
အဲဒီသုံးယောက်ထဲကမှ တယောက်က သူ့ဖခင်ဖြစ်တဲ့သူကိုး။
အဲဒါနဲ့ သူတို့သုံးယောက်ကို သူက ဖိတ်တာပါလို့ ဆိုဖီ က ပြောလိုက်ပါတယ် ။
ဆိုဖီက သူ့အမေရဲ့ ချစ်သူဟောင်းတွေဖြစ်တဲ့ Sam,Harry,Bill တို့သုံးယောက်ရောက်လာတာကို မသိစေချင်သေးပါဘူး။
သူတို့ကို သူ့အမေမသိအောင် အခန်းတစ်ခုထဲ ဝှက်ထားလိုက်ပါတယ်။
ဒါပေမယ့် ဘယ်လောက်ဖုံးထားထား သူတို့သုံးယောက်ကို ဒိုနာ တွေ့သွားပါတယ်။ ခါးခါးသီးသီးပါပဲ ။
ဒိုနာက သူတို့သုံးယောက်ကို သူ့ဆီမလာဖို့ ခု ချက်ချင်းထွက်သွားဖို့ ပြောပါတယ်။
အဲဒီလိုနဲ့ သူတို့ဟာ နှင်ထုတ်ခံရလို့ ပြန်တော့မယ်ပေါ့ ။
သူတို့ပြန်ဖို့ပြင်နေတာကို ဆိုဖီက တွေ့သွားပြီး မပြန်သေးဖို့ သွားတားပါတယ် ။
သူ့အမေဖြစ်သူက သူ့ရဲ့မင်္ဂလာဆောင်အတွက်ဖိစီးမှုတွေများလို့အခုလို ပြောရတာဖြစ်ကြောင်း။
မနက်ဖြန် သူ့ရဲ့ မင်္ဂလာဆောင်အထိ နေစေချင်သေးကြောင်း၊တောင်းပန်ကြောင်း သွားပြောတာပေါ့ ။
အဲဒီလိုနဲ့ သူတို့ မပြန်ဖြစ်တော့ပါဘူး ။
အဲဒီနေ့ည ဆိုဖီရဲ့ အပျိုပါတီ(bachelorette party)မှာ သူတို့သုံးယောက်ရောက်လာပြီး ကခုန်နေကြရင်းနဲ့သူတို့ဟာ ဆိုဖီ့ရဲ့ ဖခင်ဖြစ်နိုင်ကြောင်း သိရှိသွားပါတယ်။
သူတို့သုံးယောက်လုံး ဆိုဖီ့ရဲ့ ဖခင်ဖြစ်ချင်သူတွေချည်းပါပဲ ။
အဲဒီနောက် သူတို့ဘာတွေဆက်ဖြစ်တယ်၊ မနက်ရောက်လို့ ဆိုဖီ ရဲ့ မင်္ဂလာဆောင်မှာ ဘယ်လိုတွေဖြစ်သွားခဲ့တယ် ၊ Sam,Bill,Harry သုံးယောက်ထဲကမှ ဆိုဖီရဲ့ အဖေက ဘယ်သူဖြစ်သွားလည်း ဆိုတာတွေကိုတော့ မပြောပြတော့ပါဘူးနော် . . . . ။
ဒီရုပ်ရှုင်တစ်ကားလုံးကို ABBA အဖွဲ့ရဲ့ သီချင်း ၂၇ ပုဒ် နဲ့ ရိုက်ကူးတင်ဆက်ထားတာမို့လို့ ABBA သီချင်းကြိုက်သူတွေ ရုပ်ရှင်ကြည့်ရင်းသီချင်းတွေ တဝကြီးနားထောင်ရမှာပဲဖြစ်ပါတယ်။
တကယ်တော့ Mamma Mia ဆိုတဲ့ နာမည်က ABBA ရဲ့ သီချင်းခေါင်းစဉ်တစ်ခုလည်းဖြစ်ပါတယ်။
ABBA ဆိုတ...
