ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
By the Time It Gets Dark (2016)
⭐IMDB: 6.4/10 (589 Votes)
🎬 #Drama
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #Thailand #France #Qatar #Netherlands
⏰ 1 နာရီ 46 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
By the Time It Gets Dark (2016)
~ IMDb – 6.4/10, RT – 90%, Meta – 73% ~
By the Time It Gets Dark ကို ကိုယ်ပိုင်အမြင်အရပြောရမယ်ဆိုရင်တော့ ယုန်တွင်းထဲ လိုက်ဝင်သွားတဲ့ အဲလစ်လိုပါပဲ…။
ယုန်တွင်းထဲမှာတော့ ၁၉၇၆ ခုနှစ်တုန်းကာလ ထိုင်းနိုင်ငံရဲ့ ကျောင်းသားသပိတ်ရှိနေပြီး လိုက်ပြတဲ့ ယုန်လေးကတော့ ဒီကားရဲ့ အဓိကဇာတ်ဆောင်လို့ ပြောလို့ရလောက်မယ့် ဒါရိုက်တာ မိန်းမငယ်လေးပေါ့…။ အဲဒီယုန်လေးနောက် အပြေးလိုက်ရင်း အပိုင်းအစတွေ အမှတ်တရတွေကို လိုက်ပါခံစားကြည့်ရမယ့် ရုပ်ရှင်ချစ်သူတိုင်းကတော့ အဲလစ်လေးတွေပါပဲ။ ငါတို့အားလုံးသည် အဲလစ်များသာပေါ့။
အံ့ဖွယ်ကမ္ဘာထဲက အဲလစ် (Alice in Wonderland) နဲ့မတူမှာဆိုလို့ ယုန်တွင်းထဲရှိနေတာဟာ Wonder (အံ့ဖွယ်တွေ) မဟုတ်ဘဲ Massacre (လူမဆန်စွာ သတ်ဖြတ်ခံရခြင်း)တွေ ဖြစ်နေတာပါပဲ။
ဒီဇာတ်ကားကို ဘန်ကောက်မြို့ သမ်မာဆတ်တက္ကသိုလ်မှာ ကြုံတွေ့ခဲ့တဲ့ ၁၉၇၆ ကာလတုန်းက ကျောင်းသားသပိတ်ရဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ အမျိုးသမီးရဲ့ဇာတ်လမ်းကို ရုပ်ရှင်ပြန်ရိုက်ဖို့ ကြိုးစားနေတဲ့ ဒါရိုက်တာမိန်းမငယ်လေး၊ ခြံလုပ်သားတဖြစ်လဲ နာမည်ကြီးသရုပ်ဆောင်ကောင်လေး၊ အလုပ်တွေတောက်လျှောက်ပြောင်းနေတဲ့ သာမန်မိန်းကလေးတစ်ယောက်၊ ဒီလို တစ်ယောက်ချင်းစီကြားက ဖြတ်သန်းမှုတွေ စတဲ့ အပိုင်းအစတွေနဲ့ ဖွဲ့စည်းထားပါတယ်။
တစ်ခုရှိတာက ဒီဇာတ်လမ်းဟာ အသင့်ခွံ့ကျွေးထားတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကြေညက်အောင်ဝါးစားဖို့ အချိန်ပေးရမယ့် ဇာတ်လမ်းမျိုးပါ။ ထိုင်းနိုင်ငံရဲ့ သမိုင်းဖြစ်ရပ်တစ်ခုကို အခြေခံထားတယ်ဆိုပေမဲ့ Festival Type ရုပ်ရှင်မျိုးဖြစ်တာမို့ အပြနှေးနှေးနဲ့ စိတ်ရှုပ်စရာကောင်းတယ်လို့ထင်တဲ့ကားမျိုးကို မကြိုက်ရင်တော့ ကြိုတင်သတိချပ်စေလိုပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
Shark Waters (2022)
⭐IMDB: 3.1/10 (119 Votes)
🎬 #Horror #Thriller #Action
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shark Waters (2022)===============
အစာဖြစ်တဲ့ငါးတွေရှားပါးလာတဲ့အခါ ငါးမန်းတွေကရန်လိုလာပြီး ရေထဲလာတဲ့လူတွေကို စားတဲ့အဆင့်ထိရောက်လာပါတယ်။
တစ်ရက်မှာတော့ ငါးဖမ်းခရီးထွက်လာတဲ့ စက်လှေတစ်စီးကို ငါးမန်းတွေရန်ပြုရင်း စက်လှေကရေလယ်ခေါင်မှာချောင်ပိတ်သွားတာကြောင့် စက်လှေပေါ်ပါလာတဲ့သူတွေက အသက်စွန့်ပြီးပြန်တိုက်ခိုက်ကြတာကို ရင်ခုန်စွာနဲ့ကြည့်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kasashi ဖြစ်ပါတယ်)
Shark Waters (2022)
⭐IMDB: 3.1/10 (119 Votes)
🎬 #Horror #Thriller #Action
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shark Waters (2022)===============
အစာဖြစ်တဲ့ငါးတွေရှားပါးလာတဲ့အခါ ငါးမန်းတွေကရန်လိုလာပြီး ရေထဲလာတဲ့လူတွေကို စားတဲ့အဆင့်ထိရောက်လာပါတယ်။
တစ်ရက်မှာတော့ ငါးဖမ်းခရီးထွက်လာတဲ့ စက်လှေတစ်စီးကို ငါးမန်းတွေရန်ပြုရင်း စက်လှေကရေလယ်ခေါင်မှာချောင်ပိတ်သွားတာကြောင့် စက်လှေပေါ်ပါလာတဲ့သူတွေက အသက်စွန့်ပြီးပြန်တိုက်ခိုက်ကြတာကို ရင်ခုန်စွာနဲ့ကြည့်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kasashi ဖြစ်ပါတယ်)
The Hunted (2003)
⭐IMDB: 6.0/10 (49 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2003 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 34 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hunted(2003)
================
ဒီကားကတော့ မင်းသားကြီး Tommy Lee Jones နဲ့ Benecio del Toro တို့
အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားဖြစ်ပါတယ်။
ခြေရာခံကျွမ်းကျင် ဆရာကြီး Bonham(Tommy Lee Jones) ဟာ FBI နဲ့
ပေါင်းပြီး သူ့ရဲ့ အတော်ဆုံး တပည့် ဖြစ်သူ ကို လိုက်လံ ဖမ်းဆီးရမယ့်
စိတ်လှုပ်ရှားစရာ Action/Thriller genre ပါ။
The Exorcist တို့ Cruising တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး
William Friedkin ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်တာကြောင့်
ကားဟောင်းထဲကမှ အက်ရှင်ကားကောင်းကောင်းကို ကြည့်ချင်တယ်ဆိုရင်တော့
ဒီကားက ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါ။
ရှုပ်ရှုပ်ထွေးထွေးဇာတ်လမ်း မဟုတ်ဘဲ ကြည့်ရင်းနဲ့မှ စိတ်လှုပ်ရှားရမယ့်
ကားဖြစ်တာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
( ဘာသာပြန်နဲ့ အညွှန်းကတော့ Khay Mar ပဲ ဖြစ်ပါတယ်)
Little Dixie (2023)
⭐IMDB: 4.9/10 (240 Votes)
🎬 #Action #Crime #Thriller #Drama
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Little Dixie (2023)
Doc Alexander ဟာ အမေရိကန်ရဲ့ Special Force က Superior Officer တစ်ယောက်ပါ။ Doc ရဲ့ နှစ်ပေါင်းများစွာလက်တွဲလုပ်ကိုင်လာသူကတော့ Billie Riggs ဆိုတဲ့ထက်မြက်တဲ့ လိင်တူချစ်ကြိုက်သူအမျိုးသမီး Officer တစ်ယောက်ပေါ့။ Doc နဲ့ Billie ဟာ အမေရိကန်နဲ့ မက္ကဆီကိုမူးယစ်ဂိုဏ်း Cartel ကြားမှာ စီးပွားရေးဆက်သွယ်မှုတွေကိုအပေးအယူလေးတွေနဲ့ အဆင်ပြေအောင် handle လုပ်နေကြပါတယ်။ ဒါပေမယ့် သူတို့ထဲက အသိအကျွမ်းတစ်ဦးဖြစ်တဲ့ Richard Jeffs ဟာ မြို့တော်ဝန်ဖြစ်လာပြီးတဲ့နောက်မှာ ဒါတွေကိုမသိပဲနဲ့ Cartel ခေါင်းဆောင်ရဲ့ ညီဖြစ်သူကို ကွပ်မျက်လိုက်ပါတယ်။ အဲဒီနောက်မှာ Doc နဲ့ Billie ဟာ အခြေအနေတွေကို ထိန်းညှိဖို့ကြိုးစားကြပေမယ့် ကစဉ့်ကလျားတွေဖြစ်ကုန်ပြီးနောက်ပိုင်းမှာတော့ Doc ဟာ သမီးလေးဖြစ်တဲ့ Little Dixie လေးကိုကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။
Doc Alexander အဖြစ် မင်းသားကြီး Frank Grillo ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်မှုတွေကို ရှုစားကြရမယ့် အသစ်စက်စက် Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)
Happy Gilmore (1996)
⭐IMDB: 7.0/10 (231 k Votes)
🎬 #Comedy #Sport
🗓️ 1996 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 33 မိနစ် 03 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူတိုင်းသိကြတဲ့ဟာသသရုပ်ဆောင်ကြီး Adam Sandlerရဲ့ ဟာသရုပ်ရှင်ကောင်းလေးလာပါပြီ။
ဟပ်ပီးဂေးလ်မောဆိုသူဟာ ငယ်စဥ်ကတည်းက ဟောကီအားကစားကိုနှစ်သက်သူတစ်ဦးပါ။ သူက ဟောကီကိုအလွန်နှစ်ကြိုက်ပင်မယ့်လည်း ကံမကောင်းလှရှာတော့ ဟောကီနဲ့သူနဲ့ကံမပါရှာပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြောင်မြောက်လှတဲ့ အားအင်ကို ဂေါက်ဖ်ကစားတဲ့နေရာမှာ အသုံးချဖို့ဖြစ်လာပါတော့တယ်။ သူ့အဖွားကလည်း IRSရဲ့အကြွေးသိမ်းခြင်းခံရပြီး သူ့အဖွားအိမ်အတွက် ဟပ်ပီးတစ်ယောက်ဂေါက်ဖ်ကိုအသုံးချသွားပြီး အိမ်ကိုပြန်ရွေးသွားနိုင်မလား၊ ဂေါက်ဖ်လမ်းခရီးမှာ ဘယ်လိုအခက်ခဲတွေတွေ့ကြုံသွားရမလဲဆိုတာကို အတက်ကျ အနိမ့်အမြင့်လေးတွေကို ဟာသနှောပြီးကြည့်ရှူ့ရမှာဖြစ်ပါတယ်။ Nominations၄ခုဝင်ပြီး 1ခုဆုရရှိထားတာမို့လို့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးနဲ့ရယ်လိုက်မောလိုက်ကိုမှ plotလေးနဲ့ကြည့်ချင်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။
Mysterious Circumstance: The Death of Meriwether Lewis (2022)
⭐IMDB: 4.8/10 (118 Votes)
🎬 #Mystery #Western #Thriller
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 54 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1800ခုနှစ်ကျော်က အမေရိကန်နာမည်ကျော် Lewis and Clarke Expedition က နယ်မြေရှာဖွေသူ Meriwether Lewis ရဲ့ဆန်းကြယ်တဲ့သေဆုံးမှုအကြောင်းကိုရိုက်ကူးထားတာပါ။ Lewis ဟာပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ်နဲ့အပေါင်းအပါတွေနဲ့ အစိုးရအလုပ်ခရီးစဉ်အတွင်းမှာပဲ တည်းခိုခန်းတစ်ခုမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးသွားပါတယ်။ Lewis သေဆုံးမှုကို ကိုယ့်ကိုယ်ကိုသတ်သေမှုလို့ ကောက်ချက်ချခဲ့ပေမယ့် တွေ့ရတဲ့ဒဏ်ရာနဲ့မကိုက်ညီပါဘူး။ နောက်နှစ်နှစ်အကြာမှာLewis ရဲ့မိတ်ဆွေတစ်ဦးက ဖြစ်ရပ်မှန်ကိုစုံစမ်းဖို့ အခင်းဖြစ်ရာတည်းခိုခန်းကိုရောက်ရှိလာပြီး သက်သေဖြစ်တဲ့ပိုင်ရှင်လင်မယားနှစ်ယောက်ကိုစုံစမ်းရာကနေ Meriwether Lewis ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးအမှုလား ဖုံးကွယ်ထားတာတွေရှိလား..အမေရိကန်သမိုင်းကြောင်းစိတ်၀င်စားရင် ကြိုက်မယ့်ကားလေးပါ။ နှစ်ပေါင်းများစွာ သမိုင်းပညာရှင်တွေ အဖြေရှာမရတဲ့အမှုကို ရိုက်ကူးပြထားပါတယ်။
Mysterious Circumstance: The Death of Meriwether Lewis (2022)
⭐IMDB: 4.8/10 (118 Votes)
🎬 #Mystery #Western #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 54 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1800ခုနှစ်ကျော်က အမေရိကန်နာမည်ကျော် Lewis and Clarke Expedition က နယ်မြေရှာဖွေသူ Meriwether Lewis ရဲ့ဆန်းကြယ်တဲ့သေဆုံးမှုအကြောင်းကိုရိုက်ကူးထားတာပါ။ Lewis ဟာပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ်နဲ့အပေါင်းအပါတွေနဲ့ အစိုးရအလုပ်ခရီးစဉ်အတွင်းမှာပဲ တည်းခိုခန်းတစ်ခုမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးသွားပါတယ်။ Lewis သေဆုံးမှုကို ကိုယ့်ကိုယ်ကိုသတ်သေမှုလို့ ကောက်ချက်ချခဲ့ပေမယ့် တွေ့ရတဲ့ဒဏ်ရာနဲ့မကိုက်ညီပါဘူး။ နောက်နှစ်နှစ်အကြာမှာLewis ရဲ့မိတ်ဆွေတစ်ဦးက ဖြစ်ရပ်မှန်ကိုစုံစမ်းဖို့ အခင်းဖြစ်ရာတည်းခိုခန်းကိုရောက်ရှိလာပြီး သက်သေဖြစ်တဲ့ပိုင်ရှင်လင်မယားနှစ်ယောက်ကိုစုံစမ်းရာကနေ Meriwether Lewis ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးအမှုလား ဖုံးကွယ်ထားတာတွေရှိလား..အမေရိကန်သမိုင်းကြောင်းစိတ်၀င်စားရင် ကြိုက်မယ့်ကားလေးပါ။ နှစ်ပေါင်းများစွာ သမိုင်းပညာရှင်တွေ အဖြေရှာမရတဲ့အမှုကို ရိုက်ကူးပြထားပါတယ်။
Wolf Pack (2023- )
⭐IMDB: 6.0/10 (2 k Votes)
🎬 #Drama #Fantasy #Horror #SciFi
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 53 မိနစ် 34 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wolf Pack (2023)
ဒီတခါတော့ ပရိသတ်ကြီးကို IMDB 5.8 ရှိတဲ့ သမန်းဝံပုလွေအလန်းစားဇာတ်လမ်းတွဲလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် သွေးစုပ်ဖုတ်ကောင်တွေချည်းကြည့်နေရလို့ ငြီးငွေ့နေသူတွေအတွက် အသစ်အဆန်းလေးအနေနဲ့ ကြည့်လို့ကောင်းမဲ့ ကားကောင်းလေးပါပဲ ဇာတ်လမ်းကတော့ စစချင်းမှာပဲ လော့အိန်ဂျလိစ်မှာ ၁၈နှစ်အတွင်း ပထမဆုံးလောင်တဲ့ တောင်မီးကြီးလောင်တာကနေစတာပါ အမြန်လမ်းတွေပေါ်မှာ ကားတွေပိတ်နေတုန်း တောထဲက တောကောင်တွေ ထွက်ပြေးရင်း လူတွေသေကြေ ကြ ကားတွေပျက်စီးကြ နဲ့ပေါ့ အဲဒီထဲမှာမှ အဲဗားရတ်ဆိုတဲ့ ကောင်လေးနဲ့ ဘလိတ်ခ်ဆိုတဲ့ ကောင်မလေးကို ဝံပုလွေတစ်ကောင်က ကိုက်သွားပါလေရော အဲဒါနဲ့ ဘလိတ်ခ်က အိမ်ပြန်ပြေး အဲဗားရတ် ကတော့ ဆေးရုံသွားပြခဲ့တာပါ ဆေးရုံရောက်ပြီးမကြာခင်မှာပဲ အဲဗားရတ်ဆီဖုန်းလာပြီး အကောင်တစ်ကောင်ကောင်က သူ့ကိုလိုက်သတ်နေတဲ့အကြောင်း သတိပေးလိုက်တဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ အကိုက်ခံလိုက်ရတဲ့သူတို့နှစ်ယောက်နောက်ကရော ဘာဖြစ်သွားမလဲ သူတို့နောက်ကို လိုက်နေတာကရော ဘာကြီးလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး……..File size…
Poker Face (2023- )
⭐IMDB: 8.2/10 (8 k Votes)
🎬 #Crime #Drama #Mystery
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 07 မိနစ် 40 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Poker Face (2023)
ဒီတခါတော့ ပရိသတ်ကြီးကို IMDB 8.3 ရှိတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် ဘဝကို ဖြစ်သလိုဖြတ်သန်းပြီး သာယာနေတဲ့ လောင်ကစားရုံက အလုပ်သမ လေးတစ်ယောက် ဟာ တစ်ရက်ကျတော့ သူ့သူငယ်ချင်းကို နှိပ်စက်တတ်တဲ့ ယောကျာ်းက သေနတ်နဲ့ပစ်သတ်လိုက်တဲ့ သတင်းကို ကြားပါလေရော ဒါပေမဲ့ တစ်ယောက်ယောက်လိမ်ရင် သိနေတတ်တဲ့သူက အဲဒီကိစ္စကို သူများတွေလို လွယ်လွယ်နဲ့ မယုံတာကြောင့် ဘာကြောင့်ဖြစ်တာလဲဆိုတာကို အရမ်းသိချင်စိတ်ပြင်းပြခဲ့တာပေါ့ အဲဒါအပြင် သူ့သူငယ်ချင်းကလည်း အသတ်မခံရခင်မှာ သူ့ဆီဖုန်းဆက်ခဲ့တာကြောင့် ဘာလို့ဆက်လဲဆိုတာကိုပါ သိချင်ခဲ့တာပေါ့ အဲဒီလိုနဲ့ ရဲစခန်းထိသွားပြီး တိုင်ကြားပေမဲ့လည်း သတ်လိုက်တဲ့သူတွေက အာဏာကြီးတဲ့ သူတွေဆိုတော့ အရာမရောက်ခဲ့တာကြောင့် ကိုယ်တိုင်ပဲ လိုက်လံစုံစမ်းရင်း ဘာတွေဖြစ်ကြမလဲ သူကရော ဘယ်လိုတွေဆက်လုပ်မလဲ သူ့ရဲ့ အရင်ကဇာတ်လမ်းတွေကရော ဘယ်လိုရှိခဲ့လဲဆိုတာ အကောင်းဆုံး သရုပ်ဆောင်ချက်တွေနဲ့ အဝကြီးကြည့်ရမဲ့ကားကောင်းလေးပါပဲFile size…686Mb / 1.32Gb
Accused (2023- )
⭐IMDB: 7.3/10 (1 k Votes)
🎬 #Crime #Drama
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 44 မိနစ် 27 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Accused (2023)
ဒီတခါတော့ ပရိသတ်ကြီးကို IMDB 7.4 ရှိတဲ့ Crime, Drama ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးလိုက်ပါတယ် စွပ်စွဲခံရခြင်းဆိုတဲ့အတိုင်း အမှုတစ်ခုမှာ စွပ်စွဲခံရတဲ့သူတွေအကြောင်းနဲ့ တရားရုံးမှာ ဘယ်လိုအဆုံးသတ်သွားလဲဆိုတဲ့အကြောင်းကို တင်ဆက်ပြသပေးထားတာပါ အပိုင်း၁ မှာတော့ ဦးနှောက်နဲ့အာရုံကြောခွဲစိတ်ဆရာဝန်ကြီး စကော့တ် ဟာ စိတ်ပုံမှန်မဟုတ်တဲ့သူ့သားကို ကုသပေးဖို့ကြိုးစားရင်းနဲ့ စွပ်စွဲခံလိုက်ရတဲ့အကြောင်းပါပဲ သူ့သားဟာ တခြားသူတွေနဲ့မတူဘဲ စိတ်ဆိုးလွယ်တဲ့အပြင် သူ့ကို ဟားတိုက်တယ်လို့ ထင်တဲ့သူတွေကိုပါ လက်စားချေဖို့ အစီစဉ်ကြီးတစ်ခုဆွဲထားတာပါ တစ်နေ့ သူတို့အိမ်ဘေးက ခွေးပျောက်သွားလို့ သူ့အဖေက သူ့သားကို စွပ်စွဲတာကနေ ပြဿနာကြီးတက်ပြီး သူ့သားစီစဉ်ထားတာတွေကို သူ့အဖေက ဖတ်မိသွားခဲ့တာပါ အဲဒါနဲ့ သူ့အဖေက ဘယ်လိုဖြေရှင်းမလဲ ဘာတွေဆက်ဖြစ်မလဲ သူ့သားစီစဉ်ထားတာကရော အကောင်အထည်ပေါ်လာမှာလား ဆိုတာကို ဆက်လက်ရှုစားလိုက်ကြပါဦး File size…678Mb / 384MB
The Snow Girl (2023-2023)
⭐IMDB: 6.9/10 (3 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2023-2023 🎞️ Series 📺 1080p FHD
🌎 #Spain
⏰ 43 မိနစ် 11 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Snow Girl (2023)
Netflixရဲ့ စပိန်mini seriesအသစ်လာပါပြီ။ အန်နာ(မိခင်)နဲ့အဲလ်ဗာရို(ဖခင်)၊ အမရာ(သမီး) မိသားစုသုံးယောက်သား စပိန်နိုင်ငံ မက်လန်ဂါမြို့လေးမှာ ခရစ်စမတ်ညချမ်းလေးမှာကျင်းပတဲ့ အလှပြပွဲကို ပျော်ပျော်ရွှင်ရွှင် မိသားစုလိုက်သွားကြည့်ကြပါတယ်။ ပျော်ရွှင်နေကြစဥ် သမီးဖြစ်သူ ၅နှစ်သမီးလေး အမရာက ရုတ်တရပ်ပျောက်ဆုံးသွားပါတယ်။ အန်နာတို့မိဘတွေလည်း ၅နှစ်သမီးလေးပျောက်သွားလို့ သမီးဇောနဲ့လိုက်ရှာနေခဲ့တာ ၆နှစ်တောင်ရှိသွားပါပြီ။ သတင်းအစနမရလို့ သေပြီလို့လက်ခံလိုက်ရတာကနေ မထင်မှတ်ပဲ သမီးလေး အမရာရဲ့ လက်ရှိမှတ်တမ်းဗီဒီယိုတစ်ခုလက်ထဲရောက်လာပါတော့တယ်။ အမရာကို ဘယ်သူက ပြန်ပေးစွဲသွားတာလဲ၊ ဘာလို့ပြန်ပေးစွဲတာလဲ၊ ဘာလို့၆နှစ်အကြာမှ ဗီဒီယိုဖိုင်ကိုပို့ပေးတာလဲ၊ ဘာအကြောင်းတွေများနောက်ကွယ်မှာရှိမလဲဆိုတာကို Crime thriller ပုံစံကြည့်ရှု့ရမှာဖြစ်ပါတယ်။ Personallyအရ Netflixက trailerထုတ်ကတည်းက စောင့်နေခဲ့ရတာဆိုတော့ စောင့်ခဲ့ရတဲ့ကျိုးနပ်တဲ့ series တစ်ခုဖြစ်ပြီး ကျွန်တော့်လိုမျိုး အကောင်းကြိုက်တဲ့လူတွေအတွက် ကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။ File size…
Daredevil (2015-2018)
⭐IMDB: 8.6/10 (446 k Votes)
🎬 #Action #Crime #Drama #Adventure #Fantasy #SciFi #Thriller
🗓️ 2015-2018 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 00 မိနစ် 41 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Daredevil(2015)Season 1Daredevil(2015)Season 1 -*****************************************************
အပိုင်း(၁ မှ ၁၃ )ထိ စ/ဆုံးDaredevil TV Series ဟာ အကြမ်းဆုံးထဲပါတယ်ဆိုတာ ငြင်းမရဘူး…တခြားအက်ရှင်စီးရီးတွေနဲ့ဘာကွာတာလဲဆိုရင်တော့ လူဆိုးကောင်တွေက၆ ချက်လောက်ထိုးခံရ နင်းကန် ဗျင်းခံရလည်း ကုန်းရုံးပြန်ထပြီး မင်းသားကို ပြန်ဗျင်းတာပါပဲ…တစ်ချို့အခန်းတွေဆို ဒါရိုက်တာရယ် မင်းသားကိုလည်း ညှာတာပါဦ:လို့ တွေးမိရလောက်အောင်ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးက ပြန်အတွယ်ခံရပါတယ်…နောက်ပြီ: ဗီလိန်တွေကိုလည်း တစ်ချိန်ကျနိုင်မှာပါလေလို့ လွယ်လွယ်တွေးလို့မရအောင်အားကောင်းပြီး ဉာဏ်ကစားနိုင်တဲ့ သူတွေထည့်ထားလို့ အပိုင်းတိုင်းက ဆွဲဆောင်မှုရှိပါတယ်…မာ့ခ်ရဲ့ ထူးခြားတဲ့အစွမ်းတွေကလည်း ဘာ့ကြောင့်ရတယ်..ဘယ်လိုလေ့ကျင့်ထားတယ်ဆိုတာတွေ တစ်ဘက်ကပြလိုက်လက်ရှိအချိန်တွေလည်း လှည့်ပြလိုက်မို့ လုံးဝမပျင်းရပါဘူး…ဟိုးယခင်များဆီက ကျွန်တော်တို့တင်ခဲ့တာရုပ်ထွက်ပိုင်းအတော်အားနည်းချက်ရှိခဲ့လို့ အခု BLU-RAY1080P5.1Ch တွေနဲ့အမိုက်စားပြန်တင်ပေးထားပါတယ်… မာ့ခ် ဟာ အသက် ၉ နှစ်အရွယ်က သူတစ်ပါးကို ကူညီဖို့ ကြိုးစားရင်း
ဓါတုဆေးရည်များ မျက်လုံးထဲ ဝင်သွားပြီးနောက် အမြင်အာရုံများ လုံးဝ ဆုံးရှုံးသွားတယ်…အဲ့ဒီနောက်မှာ အကြားအာရုံက တခြားသူတွေထက် ပိုထက်မြက်လာပြီးဘယ်လိုလဲကျလည်းဆိုတာထက် ဘယ်လိုပြန်ထလဲဆိုတာအရေးကြီးတယ်လို့ ခံယူချက်ရှိတဲ့ဒီကောင်လေးဟာ အမြင်ကလွဲလို့တခြားအရာတွေမှာ ထူးချွန်အောင်ကြိုးစားတယ်…သူ စိတ်ဓါတ်ကျနေတဲ့အခါတိုင်း ဖခင် ဖြစ်သူက ဆွဲထူခဲ့ပါတယ်..
သူမှာ အားသာချက်က အကြားအာရုံဖြစ်ပြီး ထိုအကြားအာရုံက မျက်လုံးမြင်ရတဲ့သူတွေထက်
သူ့ကို ပိုအစွမ်းထက်ပြီး ပိုမြင်စေပါတယ်...တရားဥပဒေ မှာ ရှင်းလို့ မရတဲ့ ရှေ့နေလေး မာ့ခ် ဟာ
ညဘက် တွေမှာ ထို ဥပဒေအား လက်တစ်လုံးခြားလုပ်သွားတဲ့ သူတွေကိုလိုက်လံအပြစ်ပေးပါတော့တယ်….Episodes: 13File Size: 2.0GB, 500MBQuality :Blu-Ray1080p5.1Ch,720pGenres: Crime, Drama, Action & Adventure
Chilling Adventures of Sabrina (2018-2020)
⭐IMDB: 7.4/10 (98 k Votes)
🎬 #Drama #Fantasy #Horror #Mystery #SciFi #Thriller
🗓️ 2018-2020 🎞️ Series 📺 720p HD
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 00 မိနစ် 54 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Chilling Adventures of Sabrina (2018)ဒီကားက Netflix ကထုတ်ထားတဲ့စီးရီးတစ်ခုပါ IMDB 8ရထားတဲ့ကားတစ်ကားပါစပယ်လ်မန်းမိသားစုရဲ့ သမီးဖြစ်တဲ့ စဘရီနာဆိုတဲ့
၁၆နှစ်ပြည့်ကာနီးကောင်မလေးကနေပြီးတော့ ဇာတ်လမ်းကစပါတယ်ဇာတ်ကားနံမည်နဲ့အလိုက် သူမရဲ့နေရာကနေပြီးတော့ ဖြစ်ကြောင်းကုန်စင်ရိုက်ပြထားတာပါသူမကတော့ စုန်းသွေးတစ်ဝက်လူသွေးတစ်ဝက်နှောနေတဲ့ ကပြားမလေးပါဟယ်ရီပေါ်တာကားနည်းနည်းဆန်ပါတယ်ထူးခြားတဲ့အစွမ်းတွေရှိနေမယ်လို့ယုံကြည်ခံထားရတဲ့ကလေးမလေးဟာစုန်းမျိုးစစ်စစ်အဖြစ်ခံယူလိုက်ရမလားလူသားတစ်ယောက်အဖြစ်ပဲခံယူလိုက်ရမလားဆိုပြီး ဇဝေဇဝါဖြစ်လို့နေပါတယ်သူမရဲ့၁၆နှစ်ပြည့်မွေးနေ့မှာ ၆၆နှစ်မှတစ်ခါပေါ်တဲ့သွေးရောင်လွှမ်းတဲ့လကြတ်မှုအောက်မှာ စုန်းမျိုးရိုးစစ်စစ်ဖြစ်အောင်သွတ်သွင်းချင်တဲ့သူ့ရဲ့အန်တီတွေနဲ့ ချစ်ရတဲ့ချစ်သူနဲ့သူငယ်ချင်း လူသားတွေဘက်ကို လွန်ဆွဲရင်းနဲ့ဝေခွဲမရနိုင်ဖြစ်နေတဲ့ ၁၆နှစ်အရွယ် စုန်းကပြားမလေးတစ်ယောက်အကြောင်းပါပြီးတော့ ကောင်မလေးကလဲချစ်ဖို့တော်တော်ကောင်းပါတယ်သူ့ရဲ့စွန့်စားမှုတွေကဘယ်လိုတွေရှိလဲသူ့မိဘတွေရော သူ့ကျောင်းမှာတက်နေတဲ့ပြသနာတွေကိုရော….စိတ်ဝင်စားရင်တော့ ဒေါင်းပြီးကြည့်လိုက်ဖို့ပဲပြောချင်ပါတယ်အပိုင်း၁၀ပိုင်းရှိပါတယ် ၂ရက်ကို၁ပိုင်းနှုန်းလောက်တင်ဆက်ပေးသွားမှာပါဒေါင်းရတဲ့ဘေကုန်ရကျိုးနပ်တဲ့ကားလို့ပဲပြောချင်ပါတယ်…(အညွှန်းနဲ့ဘာသာပြန်ပေးထားတာကတော့ Thinzar Htet ပဲဖြစ်ပါတယ်…)
Ozark (2017-2022)
⭐IMDB: 8.5/10 (321 k Votes)
🎬 #Crime #Drama #Thriller
🗓️ 2017-2022 🎞️ Series 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 12 မိနစ် 16 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ozark Season 1,2,3,4IMDb 8.4
လူ တစ်သိန်းခွဲလောက်က 8.4 vote ပေးထားတော့ အတော်ကို ကောင်းမှန်းသိသာပါတယ်။ ဇာတ်လမ်းကတော့ crime, thriller, drama အမျိုးအစားပါ။
တကယ်လို့ အမေရိကန်မှာ ခင်ဗျားလက်ထဲကို လူဆိုးဂိုဏ်းတစ်ခုရဲ့ ငွေ တစ်သန်းလောက် ရောက်လာရင် ခင်ဗျားဘာလုပ်မလဲ။ ဘာမှလုပ်လို့မရပါဘူးတဲ့။ ဘဏ်ကို သွားသွင်းလို့မရပါဘူး။ တစ်သောင်းကျော်တာနဲ့ ဘဏ္ဍာရေးနဲ့အခွန်ဌာနက လိုက်လာမှာပါ။ ကားဝယ်မလား? မရပြန်ပါဘူး အကောက်ခွန်က ချက်ချင်းလိုက်လာမှာပါပဲ။ ဒီတော့ ဘာလုပ်မလဲ။ တစ်သက်လုံး အသေးသုံးလေးတွေနဲ့ မုန့်ဝယ်စား ကားဆီဖြည့်ဖို့လောက်ပဲ ရပါလိမ့်မယ်။ ဒီငွေတွေက ငွေမည်းတွေ ဖြစ်လို့ပါပဲ။ ခင်ဗျားဘိန်းဖြူမှောင်ခိုကူးပြီး ငွေ သန်း ၁၀၀ ချမ်းသာလည်း သုံးချင်တိုင်း သုံးမရသေးပါဘူး။ ဒီငွေတွေကို တရားဝင်ဖြစ်အောင် လုပ်ရပါတယ်။ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် လျှော်ဖွတ်ရတယ်၊ ခဝါချရတယ်ပေါ့။ အဲဒီမှာ လူဆိုးဂိုဏ်းတွေဟာ ငွေကြေးနဲ့ အခွန်ပိုင်းကို ကျွမ်းကျင်သူတွေကို ချဉ်းကပ်ရတော့တာပါပဲ။ ဒါတောင် ရဲတွေ၊ နယ်စပ်အစောင့်တွေ၊ တရားသူကြီးတွေ၊ နိုင်ငံရေးသမားတွေကို လာဘ်ထိုးရတာတွေ ရှိပါသေးတယ်။
မာတီ ဘာ့ဟာ အတော်တော်တဲ့ ငွေကြေးဆိုင်ရာ အကြံပေးပညာရှင်ပါ။ ဘယ်ကိစ္စမဆို သွေးအေးအေးနဲ့ ဉာဏ်သုံးပြီးဖြေရှင်းတတ်တဲ့သူ၊ အတွက်အချက် သိပ်တော်တဲ့သူပေါ့။ သူ့ရဲ့မိတ်ဆွေ ဘရုစ် နဲ့ အတူ ကုမ္ပဏီတစ်ခု ထောင်ထားပါတယ်။ အဲဒီကုမ္ပဏီရဲ့ နောက်ကွယ်မှာတော့ မက္ကဆီကိုရဲ့ ဒုတိယအကြီးဆုံး ဘိန်းဖြူဂိုဏ်းကြီးအတွက် ငွေ ခဝါချပေးနေတာပါပဲ။ တစ်နေ့မှာတော့ သူ့မိတ်ဆွေ ဘရုစ်က သူမသိဘဲ ဂိုဏ်းဆီက ငွေတွေဖြောင်ထားတာကို ဂိုဏ်းခေါင်းဆောင်က သိတော့ သူတို့တစ်ဖွဲ့လုံးကို ပစ်သတ်ပြီး အလောင်းတွေကို အက်ဆစ်နဲ့ ဖျော်ချလိုက်ပါတယ်။ မာတီကတော့ အသက်ချမ်းသာရာရဖို့ အပေးအယူတစ်ခုလုပ်လိုက်ရပါတော့တယ်။ ဒါကတော့ သူ့မိတ်ဆွေခိုးသွားတဲ့ ငွေ ၈ သန်းကို ပြန်ဆပ်မယ့်အပြင် ငါးနှစ်အတွင်း ငွေမည်း သန်း ၅၀၀ ကို ခဝါချပေးပါ့မယ်ဆိုတဲ့ ကတိပါ။ တကယ်တော့ ငွေအဲဒီလောက်များများကို လက်ရှိသူနေတဲ့ ချီကာဂိုမှာလုပ်လို့မရပါဘူး။ အက်ဖ်ဘီအိုင်တွေ၊ အိုင်အာအက်စ်တွေ၊ ဒီအီးအေတွေ ခြေချင်းလိမ်နေတာမို့ပါပဲ။ ဒီတော့ သူက တစ်နှစ်ပတ်လုံး လူမရှိဘဲ တိုးရစ်ရာသီဆိုရင် လူတွေအုံခဲလာတတ်တဲ့ အိုဇာ့ခ် ဆိုတဲ့ နေရာတစ်ခုကို ပြောင်းပြီး ငွေတွေကို ခဝါချဖို့ ကြိုးစားရပါတော့တယ်။ ဒါပေမယ့် အိုဇာ့ကိုရောက်တဲ့အခါ ထင်သလောက်မလွယ်တာကို တွေ့ရတာပါပဲ။ တုံးလွန်းလို့ တွဲလုပ်မရတာတွေ၊ လည်လွန်းလို့ တွဲလို့မရတာတွေ၊ အကြံတူတွေ၊ အပြိုင်ဂိုဏ်းတွေ၊ လူဆိုးသူခိုးတွေ၊ ရဲတွေနဲ့ အကုန် ပတ်ရှင်းရပါတော့တယ်။ ဒီကားမှာ လူလည်ငွေကြေးပညာရှင်၊ လူလည် ဂိုဏ်းခေါင်းဆောင်၊ လူလည် အက်ဖ်ဘီအိုင် အေးဂျင့်တို့ ဉာဏ်ချင်းပြိုင်ပြီး အသက်နဲ့ရင်းပြီး ကစားကြတာကို တွေ့ရမှာပါပဲ။
Bad Behind Bars: Jodi Arias (2023)
⭐IMDB: 5.8/10 (123 Votes)
🎬 #Crime #Drama #TVMovie
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Canada
⏰ 1 နာရီ 26 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မိန်းမလည်သိန်းကြွယ် ဆိုတဲ့စကားပုံတစ်ခု မြန်မာစကားမှာရှိပါတယ်။ မိန်းမတွေလည်လာတဲ့အခါ ကောင်းတဲ့ဘက်မှာအရမ်းထူးချွန်ထက်မြက်ကြသလို ဆိုးတဲ့ဘက်မှာဆိုရင်လည်း တစ်ဖက်ကမ်းခတ်ယုတ်မာကောက်ကျစ်တဲ့သဘောကို ဖော်ပြတဲ့စကားပုံပါ။ အခုဇာတ်ကားလေးကိုကြည့်မိရင် ဒီစကားပုံကိုသွားအမှတ်ရမိမှာပါ။ လူ့သဘာဝအရ ထောင်ကျရင် ဆိုးမိုက်လို့လို့ ယေဘုယျသတ်မှတ်လို့ရပေမယ့် အချို့ကျတော့လည်း မှားယွင်းစွပ်စွဲခံရတတ်တာမျိုးလည်းရှိပါတယ်။ ဒီသဘောသဘာဝကြောင့် ထောင်တွင်းရောက်နေတဲ့ အကျဥ်းသားအချင်းချင်းတောင် မှားယွင်းယုံစားမိတာမျိုး၊ အခွင့်အရေးယူအသုံးချခံရတာမျိုး၊ လှည့်စားခံရတာမျိုးတတ်ရှိပါတယ်။ ဒီသဘောသဘာဝကို အခွင့်ကောင်းယူပြီး ကိုယ့်ပြစ်မှုအတွက်ပြစ်ဒဏ်သက်သာအောင် ကလိမ်တိငြမ်းစင် အကျဥ်းသားအချင်းချင်းလှည့်စားပြီး နှစ်ကျပ်ကွက်နင်းတဲ့အဖြစ်ကို ရိုက်ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် crime- thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ဒိုနာဗန်ဘယ်ရင်း၊ ထရေစီဘရောင်း တို့ဟာ တစ်ဆောင်တည်းနေကြတဲ့ အကျဥ်းသူအချင်းချင်းဖြစ်သလို မိန်းမချင်းကြိုက်နေတဲ့ lesbian အတွဲလည်းဖြစ်ပါတယ်။ ထရေစီဟာ ဆတ်ဆတ်ထိမခံ ထောင်တွင်းဖိုက်တာတစ်ယောက်မို့ သူနဲ့ပတ်သက်သူတွေဟာ ထောင်တွေရဲ့ထုံးစံအတိုင်း တခြားအကျဥ်းသားတွေ၊ နှစ်ကြီးသမားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကနေ သက်သာရာရပါတယ်။ ထရေစီရဲ့ချစ်သူဖြစ်တဲ့ အကျဥ်းသူ ဒိုနာဗန်ကတော့ ယောကျ်ားလျာပုံစံဖြစ်ပေမယ့် ရိုးရိုးအေးအေးနေတတ်ပြီး သဘောကောင်းတဲ့သူဖြစ်သလို ထရေစီလောက်လည်း ပြစ်မှုမကြီးတဲ့အတွက် ထောင်ထဲမှာအချိန်ခဏပဲကုန်ဆုံးရမှာပါ။ အဲ့လိုနဲ့ သူတို့နှစ်ယောက်ဟာ ထောင်တွင်းအကျဥ်းသူဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေစဥ်မှာပဲ ထောင်ထဲထပ်ရောက်လာတာကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဂျိုဒီအာရီးယပ်စ်ပါ။ သူမဟာ ချစ်သူကောင်လေးဖြစ်တဲ့ ထရာဗစ်အလက်ဇန္ဒားကို ရက်ရက်စက်စက်သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ထောင်ထဲရောက်လာပြီး တရားသူကြီးရဲ့အပြီးသတ်အမိန့်ချမှတ်မှုကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ အကျဥ်းသူအသစ်ဖြစ်တဲ့အတွက် အခန်းလွတ်နေတဲ့ ထရေစီ့အခန်းမှာပဲ ထောင်ဝါဒါတွေကနေရာချပေးတဲ့အချိန်မှာ ဂျိုဒီကိုမြင်ကတည်းကကြည့်မရတဲ့ ထရေစီနဲ့ပြသနာတက်ပါတော့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဂျိုဒီတတ်ကျွမ်းတဲ့တက်တူးပညာကြောင့် ထရေစီနဲ့သာမက သူမချစ်သူဖြစ်တဲ့ ဒိုနာဗန်ဘယ်ရင်းနဲ့ပါ ခင်မင်သွားကြပြီး သုံးယောက်သားတတွဲတွဲဖြစ်လာပါတော့တယ်။ ဒီလိုအေးဆေးစွာဖြတ်သန်းနေတဲ့အချိန်မှာပဲ အခြေအနေပြောင်းလဲဖို့ဖြစ်လာတာက ဒိုနာဗန်ဘယ်ရင်းအပြီးသတ်အမိန့်ချမှတ်ခံရပြီး လျှော့ရက်တွေနှုတ်ပြီး ထောင်ထဲကအစောကြီး လွတ်ဖို့အကြောင်းဖန်လာတာပါ။ တစ်ဖက်မှာလည်း မိန်းမချင်းချစ်ကြိုက်မှုကြောင့် ထရေစီနဲ့ဒိုနာဗန်ကို လူချင်းခွဲပြီး ထရေစီကိုထောင်ပြောင်းပေးလိုက်ပါတယ်။ အဲ့အချိန်မှာပဲ အေးဆေးတယ်လို့ထင်ရတဲ့ ဂျိုဒီတစ်ယောက် ဇာတိတွေပြလာပါတယ်။ တီဗီအင်တာဗျူးတွေမှာ သူ့အမှုနဲ့ပတ်သက်ပြီး သူအပြစ်မရှိကြောင်း တင်ပြတာ၊ ထောင်ဝါဒါတွေနဲ့ ခြေရှုပ်တာကအစ မျိုးစုံအလုပ်ရှုပ်လာပါတယ်။ အဲ့အချိန်မှာ ဘယ်ရင်းတစ်ယောက် လွတ်သွားပြီဖြစ်လို့ သူကနေတစ်ဆင့် သူမသက်သာရာသက်သာကြောင်း၊ ပြစ်ဒဏ်လျော့ရာလျော့ကြောင်းတွေကို ဂျိုဒီတစ်ယောက်နည်းမျိုးစုံသုံးပြီးချိတ်ဆက်လှုပ်ရှားဆောင်ရွက်လာပါတော့တယ်။ အဲ့အချိန်ကျမှ ဘယ်ရင်းလည်း ဂျိုဒီတကယ်ပဲအမှုကျူးလွန်ခဲ့လား၊ မကျူးလွန်ခဲ့ဘူးလားဆိုတာ မျက်မြင်ကိုယ်တွေ့သိလာရပါတော့တယ်။ဂျိုဒီတစ်ယောက် တကယ်ပဲအပြစ်ကင်းခဲ့သလား…ထရေစီ၊ ဂျိုဒီနဲ့ ဘယ်ရင်းတို့သုံးယောက် တကွဲတပြားဖြစ်ပြီးတဲ့နောက် အရင်လိုပဲတတွဲတွဲဖြစ်ဦးမလား…အပြင်ရောက်သွားတဲ့ ဒိုနာဗန်ဘယ်ရင်းတစ်ယောက်ရော ဘာတွေဆက်ကြုံရမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးကြည့်ရင်း ရှုစားလိုက်ရအောင်ပါ။ထရေစီယာဘလက်ခ်၊ ဆယ်လီနာဆင်းဒန်၊ လင်းရက်ဖာတီတို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ IMDd rating 5.9 ရရှိထားပြီး ဇာတ်ကားကြာမြင့်ချိန်က ၁နာရီ ၃၀ မိနစ်ဖြစ်ပါတယ်။
Cooties (2014)
⭐IMDB: 5.7/10 (27 k Votes)
🎬 #Action #Comedy #Horror #SciFi #Thriller
🗓️ 2014 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cooties(2014)
============
ကလင့်တ်ဟဒ်တ်ဆန်(Clint Hadson)ဆိုတဲ့ ကျောင်းဆရာတစ်ဖြစ်လဲ
စာရေးဆရာတစ်ယောက်ဟာ စာသင်ဖို့အတွက် သူငယ်ငယ်ကတက်ဖူးခဲ့တဲ့
ကျောင်းကိုပြန်သွားခဲ့ပါတယ်။
အဲ့ဒီကျောင်းမှာ ရောဂါရှိနေတဲ့ ကြက်သားတုံးတွေစားမိတာကြောင့် ခူးတီစ်
(cooties)လို့ခေါ်တဲ့ရောဂါဖြစ်ပြီး ကလေးတွေဟာဇွန်ဘီ (zombie)တွေ
ဖြစ်ကုန်ကြပါတယ်။ ဒီခူးတီစ်ဖြစ်နေတဲ့ကလေးတွေက ကလင့်တ်နဲ့
တခြားဆရာတွေကိုလိုက်ပြီးသတ်ကြတဲ့အခါမှာ သူတို့လက်ထဲကနေ
လွတ်အောင်ဘယ်လိုပြေးကြပြီး ဘယ်လိုအခက်အခဲတွေကြုံတွေ့ရလဲ
ဆိုတာကို သွေးသံရဲရဲတွေနဲ့အတူ ဟာသလေးနှောပြီးကြည့်ရမယ့်
ဇာတ်ကားလေးဖြစ်ပါတယ်။
Every Day in Kaimuki (2022)
⭐IMDB: 5.8/10 (79 Votes)
🎬 #Drama #Music
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 20 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အထီးကျန်မှုဆိုတာ လူတွေကို ရက်စက်စွာ နှိပ်စက်တတ်ပါတယ်။ လူတွေဟာ အထီးကျန်မှုခံစားရတိုင်း အိမ်ဆိုတဲ့အရာကို တောင့်တကြတယ်လေ။ ဇာတိမြိုမှ ကိုယ့်ရဲ့အိမ်လို မဆိုလိုပါဘူး။ ကိုယ်သိပ်ချစ်တဲ့မြိုလေးဟာ ဘယ်သူတွေက ပျက်စီးနေပြီလို ပြောနေပါစေ… ကိုယ်မြတ်နိုးရင်တော့ ကိုယ့်ရဲ့အထီးကျန်မှုတွေကို ဖြေဖျောက်ရာဘုံလေးပဲ မဟုတ်ပါလား…?
ဒီဇာတ်ကားလေးကတော့ နာ့ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ဟာဝိုင်အီမြိုမှာ ကြီးပြင်းခဲ့ပြီး ဘော်ဒါဘော်ဂျက်တွေနဲ့အတူ ဝါသနာပါရာတွေ လျှောက်လုပ်နေခဲ့ပါတယ်။ လူငယ်ပီပီ စကိတ်စီးကြတယ်။ ညဘက်မှာဆိုလည်း နောက်ထပ်ဝါသနာတစ်ခုဖြစ်တဲ့ ရေဒီယို ရုပ်သံလိုင်းတစ်ခုကို ထုတ်လွှင့်ပါတယ်။ အဲဒီရေဒီယိုရုပ်သံလိုင်းမှာ အပြင်မှာလည်း တကယ်ရှိပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ်ကာလအတွင်းမှာ အဖော်မဲ့နေတဲ့လူတိုင်းအတွက် ရည်ရွယ်ပြီး အခုလိုထုတ်လွှင့်ဖြစ်တာပေါ့။ တစ်ခါတလေ လူငယ်လေးတွေကို ဖိတ်ပြီး အတူတကွ ထုတ်လွှင့်ဖြစ်နေရင်းပေါ့။
အဖော်မဲ့တယ်ဆိုပေမယ့် ကောင်မလေးတော့ ရှိပါတယ်။ သူ့ကောင်မလေးက နယူးယော့ခ်မြိုတော်ကြီးမှာ အလုပ်အသစ်ရတဲ့အတွက် သွားဖိုပြင်ဆင်နေပါတယ်။ သူကလည်း ကိုယ့်ရဲ့မွေးရပ်မြေ ဟာဝါအီကို စွန့်ခွာပြီး “ဆံထုံးနောက် သျှောင်ပါ” ဖို လုပ်ရင်း စိတ်ကူးတွေယဉ်ခဲ့တာပေါ့။ စိတ်တွေလည်း အရမ်းလှုပ်ရှားနေပြီး လိုအပ်တဲ့ ပစ္စည်းတွေလှမ်းပို၊ မလိုတာတွေကို တခြားသူတွေကို ပေးပစ် စတာတွေအကုန်ပြင်ဆင်နေပါတယ်။ သူသိပ်ချစ်ရတဲ့ ကြောင်လေးကိုတောင် လေယာဉ်နဲ့သယ်ဖိုအထိ ပြင်ဆင်နေတာပေါ့။ ဘော်ဒါတွေကိုလည်း ထုံးစံအတိုင်း ပတ်ကြွားတယ်။ ကောင်မလေးနဲ့ တွေ့ရတော့မယ် ဘာညာနဲ့ ခဏခဏ တဖွဖွ ပြောရင်းကနေ ရုတ်တရက်…
သူ့ကောင်မလေးက မသွားဖြစ်တော့ဘူးပေါ့ဗျာ။ မိန်းမတွေရဲ့ထုံးစံအတိုင်း ခုတစ်မျိုး တော်ကြာတစ်မျိုးပေါ့။ အဲဒီလိုနဲ့ ကွိင်တက်ရာကနေ သူဆုံးဖြတ်ပြီးသားဖြစ်တာကြောင့် သွားဖိုကိုပဲ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ နာ့ဇ်တစ်ယောက် ဇာတိချက်ကြွေ မွေးရပ်မြေ သိပ်လှတဲ့ ဟာဝါအီကို စွန့်ခွာပြီး ထွက်သွားနိုင်ပါ့မလား…? ဝါသနာပါရာဖြစ်တဲ့ ရေဒီယိုစခန်းလေးကိုရော ပစ်ထားနိုင်ပါ့မလား…? စကိတ်တူတူစီးနေကြ သူငယ်ချင်းတွေကိုရော ထားခဲ့နိုင်ပါ့မလား…? ကောင်မလေးနဲ့ ဘာတွေဆက်ဖြစ်မလဲ…? သူ့ရဲ့အထီးကျန်ခြင်းတွေကို ဇာတိမြေဖြစ်တဲ့ ဟာဝါအီမှာပဲ ဖြေဖျောက်နိုင်မလား…? မီးရောင်တထိန်ထိန်နဲ့ စည်ကားတဲ့ နယူးယော့ခ်ကပဲ ကုစားပေးမနိုင်မလား…? စတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Go Goa Gone (2013)
⭐IMDB: 6.6/10 (14 k Votes)
🎬 #Action #Adventure #Bollywood #Comedy #Horror #SciFi
🗓️ 2013 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 1 နာရီ 42 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Go Goa Gone (2013)Action, Adventure, ComedyIMDb 6.6/10 (14K)
အခုတစ်ခါတင်ဆက်ပေးမယ်ကားလေးကတော့ မင်းသားကြီးဆေ့ဖ်အလီခန်းနဲ့ Lootcase 2020 မင်းသားကူနားတို့သမီးယောက်ဖနှစ်ဦးရဲ့ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားလေးဟာ အိန္ဒိယရူပီ ၁၉.၄သန်း (ကန်ဒေါ်လာ ၂.၄သန်း) အထိအမြတ်ရခဲ့တဲ့ ၂၀၁၃ခုနှစ်က ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
ဟာဒစ် လဗ် ဘန်နီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိတယ်..ဟာဒစ်နဲ့လဗ်က အတိုင်အဖောက်ညီတဲ့ဆိုးဖေါ်ဆိုးဖက်တွေဖြစ်ပြီး ဘန်နီကတော့ အမြဲဒုက္ခခံပေးနေရရှာတဲ့ ရိုးသားကြိုးစားတဲ့ကောင်လေးပေါ့။
တစ်ရက်တော့ သူတို့သုံးယောက်ဟာ လောကဓံရဲ့ရိုက်ခတ်ကြားမှာ ယက်ကန်ယက်ကန်နဲ့ရုရှားမာဖီးယားဦးဆောင်ပြီးကျင်းပပေးတဲ့ ပါတီပွဲတစ်ခုမှာ အပီကဲဖို့ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်။
သူတို့တွေ အပီကဲပြီး နောက်တစ်နေ့မှာတော့ လူတွေဟာ မူးယစ်ဆေးတစ်မျိုးသုံးစွဲမှုကြောင့်အသိစိတ်မရှိကြတော့ဘဲ အချင်းချင်းကိုက်ဖြတ်စားသောက်လာခဲ့ပါတော့တယ်။
အလွဲလွဲအချော်အချော်နဲ့ ဒီသူငယ်ချင်းသုံးယောက်ဟာ ဒီမရဏကျွန်းပေါ်ကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဟာသလေးနှောပြီးကြည့်ရဦးမှာမို့ ရှုစားတော်မူကြပါဦးနော်။
Tales of Nobody (2023)
⭐TMDB: 50.0% User Score
🎬 #Fantasy #Romance
🗓️ 2023 🎞️ Movie 📺 1080P
🌎 #
⏰ 1 နာရီ 39 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tales of Nobody (2023)
အတိတ်နဲ့လက်ရှိကြားက လက်ရှိကြားကစည်းကို ဖြတ်ကျော်သွားခဲ့တဲ့ မိန်းကလေးအီဆွန်း
မိခင်ရဲ့အကြိမ်ကြိမ်နောက်အိမ်ထောင်ပြုမှုတွေကြားကနေ ခြောက်ယောက်မြောက်ဖခင်ပါ ရရှိလာခဲ့တဲ့ အီဆွန်းကတော့မိခင်ပျောက်ဆုံးသွားပြီးတဲ့နောက် ဘဝကြီးကို ရေစုန်မြောရင်း နေထိုင်လာခဲ့သူပါ။
သူ့မိခင်နဲ့မတူအောင် မိခင်ကောင်း ဇနီးကောင်းတစ်ယောက်ဖြစ်ရမယ်လို့ ရည်မှန်းချက်ထားခဲ့ပြီးသူ့ရဲ့ဘဝကြီးကို အဘက်ဘက်ကနေ ပြောင်းလဲခဲ့ပေမဲ့ သူထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ဒီလိုနဲ့ တစ်ခဏတာပျော်ပါးတတ်တဲ့ အချစ်နဲ့ပဲ တွေ့ဆုံရဖန်များလာတဲ့ အီဆွန်းဟာနောက်ဆုံးမှာ သူ့ရဲ့ဘဝကြီးကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒါပေမဲ့ ကံကြမ္မာရဲ့အခွင့်အရေးပေးမှုကြောင့် အီဆွန်းတစ်ယောက် အတိတ်နဲ့လက်ရှိကြားကစည်းကို ဖြတ်ကျော်ပြီးသူ့ရဲ့ဘဝကြီးကို ပြန်လည်ကြည့်ရှုသုံးသပ်ခွင့် ရသွားခဲ့တဲ့အခါမှာတော့…ဘာတွေ ဆက်ဖြစ်လာမလဲ။သူဟာတကယ်ပဲ ဘဝကြီးကို အရှုံးပေးလိုက်တော့မှာလား…ဒါမှမဟုတ် ဘယ်လိုအပြောင်းအလဲတွေများ ဆက်ဖြစ်လာဦးမလဲဆိုတာအေးအေးငြိမ်ငြိမ်လေးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။
Casts တွေအနေနဲ့ကတော့ Rollacosta ထဲကမင်းသမီး Jeong Ga-Eun နဲ့ မင်သား Kwak Pil Je တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Hmwe Thet Winnပဲ ဖြစ်ပါတယ်။
