en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
The New Look (2024) ⭐TMDB: 80.0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 53 မိနစ် 59 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The New Look Season 1 (2024) ဒီဘက်ခေတ်မှာ Dior တို့ Coco Chanel အစရှိတဲ့ ပြင်သစ်ဘရန်းတွေဟာ လူတိုင်းနဲ့ ရင်းနှီးပြီးတော့ အမျိုးသမီးတိုင်းအသည်းစွဲရတဲ့ ကမ္ဘာကျော် Luxury Brand တွေအဖြစ် ရပ်တည်နေတာပါ။ ဒီတော့ သူတို့စတင်ဖြစ်တည်လာခဲ့တဲ့ သမိုင်းလေးကို ဗဟုသုတရဖွယ်ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီ series လေးကို လက်လွတ်မခံပါနဲ့နော်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်နှောင်းပိုင်းမှာ နာဇီတွေဟာ ပြင်သစ်ကို အဓမ္မအုပ်စိုးနေခဲ့ပြီး ပဲရစ်မှာတော့ Christian Dior ဟာ သူ့ရဲ့ တမူထူးခြားစွာ ကွန့်မြူးဆန်းသစ်လာတဲ့ ချုပ်လုပ်မှုဒီဇိုင်းတွေကြောင့် နာမည်တစ်ဟုန်ထိုး ရရှိလာပါတော့တယ်။တစ်ဖက်မှာတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက ရိုးရှင်းမှုကို စံထားတဲ့ အောင်မြင်ကျော်ကြားပြီးသား ဖက်ရှင်ဒီဇိုင်နာ Coco Chanel ဟာ စစ်နှောင်းပိုင်း ကုမ္မဏီအတွင်းရေးပြဿနာ ဖြေရှင်းပြီးတဲ့နောက်မှာ Christian Dior နှင့် အပြိုင် တဖန်ပြန်လည်ဦးမော့လာပါတော့တယ်။တစ်ဖက်မှာလည်း နာဇီအုပ်စိုးမှုကို တော်လှန်နေကြတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ပတ်သက်နေပါတယ်။ဒီ series လေးမှာ ဒိတ်ဒိတ်ကြဲဖက်ရှင်ဒီဇိုင်နာနှစ်ယောက် အကြိတ်အနယ် အားပြိုင်မှုနှင့် ဖက်ရှင်နယ်ပယ်က နိုင်ငံရေးကို ဘယ်လောက်သက်ရောက်စေလဲဆိုတာကို စိတ်ဝင်စားဖွယ် ဗဟုသုတရဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။
...

Roadkillers (2023) ⭐TMDB: 0.0% User Score 🎬 #Action #Adventure #Crime #Drama 🗓 2023 🎞 Series 🌎 #Philippines #UnitedStatesofAmerica ⏰ 40 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Roadkillers (2023)Roadkillers 2023 (ဝဋ်) IMDb _ 6.6လုပ်မိတဲ့အတိုင်း ပြန်ခံရတဲ့ဝဋ်ကိုယုံကြပါသလား စောပြီးခံရတာနဲ့နောက်ကျမှခံရတာပဲကွာကြပါတယ် စိုက်ပျိုးတဲ့အတိုင်းရိတ်သိမ်းရတယ်ဆိုတဲ့စကားက ဒီတိုင်းဆိုထားတဲ့စကားတော့မဟုတ်နေဘူးပေါ့ လူတွေအများအပြား သေကျေပျက်စီးကြတဲ့ကိုဗစ်ကာလကြီးတစ်ခု.. ဆေးရုံတွေမှာ အခန်းတွေမလောက်လို့ပိုစိုးရိမ်ရ ပိုအခြေအနေဆိုးတဲ့လူနာတွေကိုပဲရရာအခန်းပေးကြရနဲ့ အခန်းမရတဲ့လူနာတွေကိုတော့ ပြင်ပလျှောက်လမ်းမှာပဲညအိပ်စောင့်ကြရတဲ့အထိ လူတွေပြွတ်သိပ်နေတဲ့ဆေးရုံမှာစတေစီ့ဖခင်လည်းအပါအဝင်ပေါ့အခန်းရဖို့အသိအကူအညီနဲ့ကြိုးစားကြည့်ပေမဲ့ အခန်းရချင်ရင်လူတစ်ယောက်ဆေးရုံဆင်းဖို့ ဒါမှမဟုတ် သေဖို့သာဆုတောင်းနေဆိုတဲ့စကားလေးတစ်ခွန်းပဲအဖြေပြန်ရခဲ့တယ် ဒီလိုနဲ့ ဖခင်အတွက်ဆိုပြီးတော့မကြံကောင်းမစည်ရာတွေကြံစည်မိပြီး PPE ဝတ်စုံဝတ် လူနာခန်းတွေလိုက်ကြည့်ရင်း ၂နှစ်အတွင်းလူနာရှင်ဧည့်တွေတစ်ခါလေးတောင်မလာတဲ့ လူနာတစ်ယောက်ကိုတွေ့သွားတော့ အောက်ဆီဂျင်ပိုက်ဖြုတ်ပြီးလုပ်ကြံမိခဲ့တယ်ဒါပေမဲ့လည်း အချိန်လွန်မှအခန်းရလို့ဖခင်ဖြစ်သူကိုတော့အသက်မမှီလိုက်ဘူးပေါ့လေ ဒီဝဋ်ကြွေးကိုဘယ်လိုပြန်ဆပ်ရမလဲဆိုတော့ အလောင်းကိုပြန်သယ်လာတဲ့လမ်းမှာ အလောင်းခိုးခံရပြီးတော့ အဖေ့အလောင်းကိုပြန်လိုချင်ရင်ခိုင်းတဲ့အတိုင်းလုပ်ရမယ်ဆိုပြီး တစ်စတစ်စနဲ့လူပါသတ်ခိုင်းတဲ့အဆင့်မိရောက်လာခဲ့တဲ့အခါမှာတော့ … ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာဆက်လက်ရှုစားကြပါရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ်)
...

Laala (2023) ⭐IMDB: 9.0/10 (13 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 35 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Laala (2023) ဘဝမျဉ်းပြိုင်များIMDb 9/10 ဒီဇာတ်ကားမှာ ရှာမီနာ လက်ရှ်မီးနဲ့ ရှာဂျီလို့ခေါ်တဲ့ဇာတ်ကောင်သုံးယောက်ရဲ့ဘဝတွေကို ခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ ခြောက်နှစ်အရွယ်သမီးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ လက်ရှ်မီးဟာ သမီးဖြစ်သူအတွက်ဖခင်တစ်ယောက်ရှာနေချိန်မှာ facebook ကနေ ရှာဂျီနဲ့တွေ့ဆုံခဲ့ပါတယ်…သူနဲ့ရှာဂျီရဲ့ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မလဲ…ရှာမီနာကတော့ ယောကျ်ားတစ်ယောက်ရဲ့ကာကွယ်မှူရှိမှဘေးကင်းမယ်လို့မှတ်ယူထားတဲ့ မိသားစုအသိုင်းအဝိုင်းကနေ ထွက်သွားပြီးနေရာအများကြီးကို ခြေဆန့်ချင်နေတဲ့သူတစ်ယောက်… သူ့ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မလဲ…ဒီ၃ယောက်ရဲ့ဘဝတွေက ဘယ်လိုဆက်စပ်နေမလဲ…သင်ခန်းစာယူစရာတစ်ခုခု သေချာပေါက်ရမှာမလို့ကြည့်ရှုသင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်။
...

Brother's Keeper (2021) ⭐IMDB: 7.3/10 (3 k Votes) 🎬 #Drama #Thriller 🗓 2021 🎞 movie 🌎 #Turkey #Romania ⏰ 1 နာရီ 25 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တူရကီ နိုင်ငံရဲ့ အရှေ့ဘက်အစွန် ဆီနှင်းတွေထူထပ်နေတဲ့နေရာမှာ အထီးကျန်စွာတည်ရှိနေတဲ့ ယောက်ျား‌လေးဘော်ဒါကျောင်းလေးတစ်ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးကို အငြိမ်လေး ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကျောင်းအုပ်ချုပ်သူတွေ၊ ကျောင်းဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေကြားက အေးစက်ပြီး ဗျုရိုကရေစီဆန်တဲ့ ဆက်ဆံရေးကို ရိုက်ပြထားပြီး ဇာတ်လမ်းတစ်လျှောက် အေးစက်စက် ခံစားချက်ကို ခံစားရ‌စေမှာပါ။ ဒါရိုက်တာ Ferit Karahan က သူ့ရဲ့ မသာယာတဲ့အတွေ့အကြုံတွေကိုထည့်သွင်းရိုက်ထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ မယ်မတ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ သေလုမျောပါးနေမကောင်းဖြစ်ခဲ့ပါတယ်။ သူ့သူငယ်ချင်း ယူဆုဖ်က သူ့ကိုပြုစုစောင့်ရှောက်ရင်းနဲ့ ကျောင်းအုပ်ကြီးအပါအဝင် ဆရာတွေကိုအသိပေးခဲ့ပါတယ်။ ကျောင်းအုပ်ကြီးက အကြောင်းအရင်းကို မေးမြန်းစုံစမ်းတဲ့အခါ ကလေးဟာ အပြစ်ပေးခံရလို့ ဒီလိုဖြစ်သွားတာဖြစ်ကြောင်း သိသွားခဲ့ပါတယ်။ ဘာလို့ အပြစ်ပေးခံရတာလဲ၊ ပါဝင်ပတ်သက်သူတွေက ဘယ်သူလဲ၊ ဘယ်လိုတာဝန်ယူဆောင်ရွက်ကြမလဲ ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Terminator 3: Rise of the Machines (2003) ⭐TMDB: 62.0% User Score 🎬 #Action #SciFi #Thriller #ScienceFiction 🗓 2003 🎞 movie 🌎 #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တတိယမြောက်ဇာတ်ကားဖြစ်ပေမဲ့ ကန်မရွန်း လက်ရှောင်သွားတဲ့ ဇာတ်ကားပေါ့။ ဒါပေမဲ့ အရှိန်နဲ့တော့ ဆက်လိမ့်သွားတာပါပဲ။ Terminator 2 ကို အပြီးသတ်အနေနဲ့ ရိုက်ကူးခဲ့တယ်ဆိုပေမဲ့ 3 ရောက်အောင် ဆွဲရိုက်လိုက်တယ်။ သူ့ရှေ့ကကားတွေလောက်တော့ ဟိုးဟိုးကြော် မဖြစ်ခဲ့ပါဘူး။ ဒီဇာတ်ကားက နာမည်အတိုင်းပဲ စက်တွေက အနိုင်ယူသွားတာမျိုးပါ။ အဆင့်မြင့်နည်းပညာတွေကို အိုက်ဒီယာကောင်းကောင်း၊ ရုပ်ထွက်လှလှနဲ့ ရိုက်ကူးထားနိုင်ပါတယ်။ ခေတ်မီလာတော့ ခေတ်ဆန်သွားတာပေါ့လေ။ ဂျွန် ကော်နာ တို့တသိုက် တရားစီရင်ရာနေ့ကို တားမြစ်နိုင်ပြီလို့ ထင်နေဆဲမှာပဲ တီအက်ခ်စ် စက်ရုပ်တစ်ရုပ် အတိတ်ကို ပြန်ရောက်ရှိလာတယ်။ ဒီတစ်ခါတော့ အမျိုးသမီးအသွင်နဲ့ စက်ရုပ်ပေါ့လေ။ သူက တည်နေရာ ရှာမရတဲ့ ဂျွန် ကော်နာ ကို သတ်ဖို့အဓိကလာတာမဟုတ်ပါဘူး။ သူ့ရဲ့ အားထားရတဲ့ လက်ထောက် ဗိုလ်လေးတွေကို လာသတ်တာပါ။ လူသားတွေဘက်ကလည်း မော်ဒယ် ၈၅၀ စက်ရုပ်တစ်ရုပ်ကိုဖမ်း၊ အစီအစဉ်ပြန်လည်ရေးသွင်းပြီး ဂျွန် ကော်နာ နဲ့ သူ့ရဲ့ ဇနီးသည်ကို ကာကွယ်ဖို့ လွှတ်လိုက်တယ်။ ဒီတော့ ဒီဇာတ်ကားမှာ တီအက်ခ်စ် စက်ရုပ်အသစ်ရဲ့ လက်နက်ဆန်းတွေ၊ ဂျွန် ကော်နာ နဲ့ သူ့ဇနီးသည်ဖြစ်လာမယ့် ကောင်မလေးတို့ရဲ့ အူကြောင်ကြောင်အဖြစ်တွေ၊ မော်ဒယ် ၈၅၀ ကြီးရဲ့ ထီမထင်ဟန်တွေ ဝေဝေဆာဆာ ပါဝင်ပါတယ်။ နောက်ဆုံး ရှောင်လွှဲလို့မရတဲ့ တရားစီရင်ရာနေ့ ရောက်လာတဲ့အထိ ဂျွန် ကော်နာ နဲ့ ကတ်သရင်း ဘရူစတာ တို့ စက်ရုပ်တစ်ရုပ်နဲ့ ကြိုးပမ်းရုန်းကန်ကြပုံတွေကို ခံစားလိုက်ကြပါဦး။
...

Penthouse North (2013) ⭐TMDB: 57.0% User Score 🎬 #Drama #Mystery #Thriller 🗓 2013 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆာရာလို့ခေါ်တဲ့ မျက်မမြင်ကောင်မလေးဟာ သူ့ရဲ့ ချစ်သူရွိုင်ရန်နဲ့အတူ ပန့်ဟောက်စ်မှာ ပျော်ရွှင်စွာနေထိုင်နေပါတယ်။ ဆာရာဟာ မျက်စိမမြင်ရပေမဲ့ ကိုယ်ထူကိုယ်ထလုပ်တတ်ပြီး သူ့ကို မျက်မမြင်တစ်ယောက်မလို့ ကူညီပေးတာမျိုးကိုလည်း မကြိုက်တတ်ပါဘူး။ ဒီလိုနဲ့ နှစ်သစ်ကူးနေ့ရောက်တဲ့အချိန်မှာတော့ ညဘက်မှာ သောက်ဖို့အတွက် ရှန်ပိန်ကို ကိုယ်တိုင်တစ်ယောက်တည်းထွက်ဝယ်ရင်း အိမ်ကိုပြန်ရောက်တဲ့အချိန်မှ သူ့ရဲ့ချစ်သူဟာ အသတ်ခံထားရကြောင်းကို သိရှိပြီး ထွက်ပြေးဖို့လုပ်ပေမဲ့ သူ့ချစ်သူကို သတ်လိုက်တဲ့သူနဲ့ သူ့ရဲ့အဖော် ဟော်လန်ဒါဆိုတဲ့လူဟာ ဆာရာ့ကို နှိပ်စက်ပြီးတော့ ချစ်သူဖြစ်သူဖွက်ထားတဲ့ပစ္စည်းတွေအကြောင်းမေးရင်းနဲ့ သူ့ချစ်သူရဲ့ အတိတ်က လုပ်ခဲ့တဲ့အကြောင်းတွေကို သိလာရင်း …… သူ့ချစ်သူက ဘယ်လိုလူမျိုးလဲ ……. လူကိုသတ်ပြီးတော့ ရှာရလောက်တဲ့အထိရှာနေရတဲ့ ပစ္စည်းတွေက ဘယ်လောက်တောင် တန်ဖိုးကြီးနေလဲ ….. သူတို့ရှာနေတဲ့ ပစ္စည်းတွေကို ရှာတွေ့သွားမှာလား …… ဆာရာကရော အနှိပ်စက်ခံရာကနေ လွတ်မြောက်လာပါ့မလား ….. ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမဲ့ Drama Thriller ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။
...

Salawahan (2024) ⭐IMDB: 7.0/10 (57 Votes) 🎬 #Adult #Drama #Thriller 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 54 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Angeli Khang လေးရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။မာတင်နဲ့မယ်လာနီတို့ဟာ အခုမှအတူတူနေကာစ စုံတွဲဖြစ်ပါတယ်။ မယ်လာနီဟာ တစ်ချိန်ကပွေခဲ့ရှုပ်ခဲ့ ဇာတ်လမ်းဟောင်းတွေများခဲ့ပြီးအခုမှ မာတင်လိုလိုလူရိုးလူအေးစည်းကမ်းရှိသူတစ်ယောက်နဲ့တွေ့ဆုံပြီးအခြေချဖို့ဆုံးဖြတ်ခဲ့တာပါ။ဒါပေမယ့် အတူနေပြီးနောက်ပိုင်းကျမှ မာတင်ရဲ့အတ္တကြီး၊ တကိုယ်ကောင်းဆန်မှုတွေ ချုပ်ချယ်အနိုင်ကျင့်မှုတွေကိုကိုယ်တွေ့ကြုံလာရပြီးရှေ့ဆက်ဖို့တွေဝေလာချိန်မှာ မာတင်ရဲ့ညီဖြစ်သူ လီယိုရဲ့ချစ်ခွင့်ပန်မှုကို လက်ခံရရှိလိုက်ရတော့ သူ့စိတ်တွေယိမ်းယိုင်စပြုလာပါတယ်။အဲ့ဒီလိုအချိန်မှာမှ သူတစ်ယောက်တည်းရှိနေချိန်မျိုးမှာ မျက်နှာဖုံးစွပ်နဲ့လူတစ်ယောက် လာနှောင့်ယှက်ခြိမ်းခြောက်မှုကိုလည်း ကြုံလာရပါတယ်။မာတင်တို့ညီအစ်ကိုနဲ့သူ့ကြားက သုံးပွင့်ဆိုင်ဇာတ်လမ်း၊မျက်နှာဖုံးနဲ့ပဟေဠိဆန်ဆန်လူတစ်ယောက် ရှေ့ဆက်ဘာဖြစ်ကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ( အညွှန်းရေးသားထားသူကတော့
...

Terminator 2: Judgment Day (1991) ⭐TMDB: 81.0% User Score 🎬 #Action #SciFi #Thriller #ScienceFiction 🗓 1991 🎞 movie 🌎 #USA #UnitedStates #France #UnitedStatesofAmerica ⏰ 2 နာရီ 36 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ အဲဒီခေတ်ရဲ့ တတိယ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်သွားသလို ဟောလိဝုဒ်ရုပ်ရှင်မှတ်တမ်းမှာ အကောင်းဆုံး ဒုတိယအဆက်ကားအဖြစ် ဝင်သွားတာပဲ။ ထိန်းသိမ်းထားရမယ့် ဇာတ်ကားစာရင်းကို ၂၀၂၃ မှာ ထည့်ထားလိုက်ကြတယ်။ ဒီဇာတ်ကားမှာတော့ လူသားတို့ရဲ့ အဓိပတိခေါင်းဆောင် ဂျွန် ကော်နာ ကလေးငယ်ဘဝ မှာ နောက်ထပ်စက်ရုပ်တစ်ခု ရောက်လာခဲ့တယ်။ မော်ဒယ် ၁၀၁ ကြီးပါပဲ။ ထူးခြားတာက အဲဒီစက်ရုပ်ကို လူသားတွေကဖမ်းဆီးပြီး အစီအစဉ်ပြန်လည်ရေးဆွဲထည့်သွင်းလို့ ဂျွန်‌ ကော်နာ ကို ကာကွယ်ဖို့ လွှတ်လိုက်တာပဲ။ စက်တွေဘက်ကလည်း တီ ၁၀၀၀ သတ္တုရည် အသွင်ပြောင်းစက်ရုပ်ကို လွှတ်လိုက်တယ်။ ဒီလိုနဲ့ စက်ရုပ်နှစ်ရုပ် မြေကမ္ဘာပေါ်မှာ ထင်တိုင်းကြဲ တိုက်ကြခိုက်ကြတော့တာပဲပေါ့။ ဒီတော့ မိခင်ဖြစ်သူ ဆာရာ ကော်နာ ရယ်၊ ဂျွန် ကော်နာ ရယ် မော်ဒယ် ၁၀၁ ကြီးရယ် ပူးပေါင်းပြီးတော့ လူသားတို့ အဓွန့်ရှည်စေရေး ရုန်းကန်တိုက်ခိုက်ကြပုံတွေကို ရှုစားရမှာပါ။ ကျွန်တော်တို့ငယ်ငယ်ကတော့ အရည်ပျော်စက်ရုပ်ကားလို့ ခေါ်တာပေါ့လေ။ သူက ဗီလိန်သာပြောတာ ရုပ်ချောချော၊ အစွမ်းအစကလည်း အမိုက်စားဆိုတော့ ကလေးဘဝ ကစားရရင် အရည်ပျော်စက်ရုပ်နေရာ လုကြရတယ်။ ဒီတော့ လူကြီးမင်းတို့အနေနဲ့ ကလေးဘဝ အမှတ်တရလေးကို CM လက်ရာနဲ့ ပြန်လည်ခံစားလိုက်ကြပါဦး။
...

Shinjuku Incident (2009) ⭐TMDB: 66.0% User Score 🎬 #Action #Crime #Drama #JackieChan #Thriller 🗓 2009 🎞 Series 🌎 #HongKong ⏰ 1 နာရီ 59 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့အချစ်တော်မင်းသားကြီး ဂျက်ကီချန်း ရိုက်ကူးထားတဲ့ ဂျပန်ရောက် တရုတ်ဇာတ်ကားကောင်းပါ။ “ဘဝမှာ သုံးဆယ်ရာခိုင်နှုန်းက ကံတရား၊ ကျန်တာက တိုက်ပွဲပဲ” တဲ့။ ဒီဇာတ်ကားလေးမှာတော့ သံခေါင်းတစ်ဖြစ်လည်း ဂျက်ကီချန်းဟာ သူ့ကောင်မလေးတစ်ယောက် သူ့အဒေါ်ရှိရာ ဂျပန်ကိုလိုက်သွားပြီး သတင်းအစအန မရတော့တဲ့အတွက် ဂျပန်ကို တရားမဝင်မှောင်ခိုလိုက်လာပါတော့တယ်။ ဂျပန်ရောက်တော့ သူ့တို့ တရုတ်ညီနောင်တွေနဲ့အတူ တရားမဝင်လုပ်သားအဖြစ်နဲ့ ရရာအောက်ခြေအလုပ်တွေကို ကျပန်းလုပ်ရင်းနဲ့ သူ့ကောင်မလေးကို လိုက်ရှာပါတော့တယ်။ သူဟာ ဂျပန်ရောက်တရုတ်တွေ တရားဝင်နေထိုင်ခွင့်ရရှိရေးကို ကြိုးပမ်းရင်း သူ့ကောင်မလေးကို ရှာရင်းနဲ့ ဂိုဏ်းအဖွဲ့တွေနဲ့ ပတ်သက်မိလာပါတော့တယ်။ ဒီအချိန်မှာ သမာအာဇီဝကျကျ လုပ်စားချင်တဲ့ သူ့ခမျာ ဒီဂိုဏ်းပြဿနာတွေဆီကရော သူ့ညီနောင်တွေ လမ်းမှားမရောက်အောင်ရော ဘယ်လိုကြိုးပမ်းမလဲ သူ့ကောင်မလေးကိုရောရှာတွေ့နိုင်ပါ့မလား ဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Joy Ride 2: Dead Ahead (2008) ⭐TMDB: 55.0% User Score 🎬 #Horror #Crime #Thriller 🗓 2008 🎞 movie 🌎 #Canada ⏰ 1 နာရီ 32 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မယ်လီဆာနဲ့ခင်ပွန်းလောင်း ဘော်ဘီတို့ဟာ လက်ထပ်ဖို့အတွက်Las vegas ကိုကားမောင်းလာခဲ့ကြပါတယ်။ သူတို့နဲ့အတူ မယ်လီဆာရဲ့ညီမကေလာနဲ့အွန်လိုင်းရည်းစား နစ်ခ် ဆိုတာ ပါလာပါတယ်။ လမ်းတစ်ဝက်ကန္တာရထဲမှာ ကားပျက်သွားတဲ့နောက် လမ်းဆင်းလျှောက်ကြရာကနေ စွန့်ပစ်လယ်တောအိမ်ကြီးတစ်လုံးနဲ့အတူ ကားတစ်စီးကို တွေ့ခဲ့တဲ့အတွက် ပိုင်ရှင်ရှိရင် နောက်မှတောင်းပန်မယ် အလျော်ပေးမယ်ဆိုပြီးကားကိုယူသွားဖြစ်ခဲ့ကြပါတယ်။ နောက်တစ်နေ့မှာ စားသောက်ဆိုင်ထဲထိုင်နေတုန်း မယ်လီဆာဆီကို ကားပိုင်ရှင်ဆိုသူဆီက ဖုန်းဝင်လာခဲ့ပြီး ကားကိုယူသွားတဲ့အတွက် ဘော်ဘီကိုသူဖမ်းခေါ်သွားပြီလို့ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ ဘော်ဘီကိုအသက်ရှင်ရက်ပြန်လိုချင်ရင် သူခိုင်းသမျှလိုက်လုပ်ပေးရမှာဖြစ်ပြီး ပထမဆုံးတောင်းဆိုလာတာကတော့ သူ့ညီမကေလာရဲ့ လက်ခလယ်တစ်ချောင်းပါပဲ။ Joy ride ရဲ့ဒုတိယကားဖြစ်ပြီး သတ်ခန်းဖြတ်ခန်းတွေပထမကားထက်ပိုကြမ်းသလို horror ဘက်ပိုသွားပါတယ်။ rating ဘာညာမှာဩဇာကြီးတဲ့ ပထမကားကို မမှီပေမယ့် ကြည့်ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။
...

Little Big Soldier (2010) ⭐TMDB: 69.0% User Score 🎬 #Action #Adventure #Comedy #JackieChan 🗓 2010 🎞 Series 🌎 #China #HongKong ⏰ 1 နာရီ 36 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 MDb 6.9/10 , RT -79 တရုတ်ပြည် ပြည်တွင်းစစ်ဖြစ်နေတဲ့ ကာလကို အခြေခံရိုက်ကူးထားတဲ့ Little Big Soldier လို့ခေါ်တဲ့ဂျက်ကီချမ်းရဲ့ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့အခုလို ပြည်မကြီးအဖြစ် မပေါင်းစည်းမိခင်ကာလမှာ တရုတ်ပြည်ကြီးဟာ စစ်တလင်းဖြစ်ပွားနေပြီး ပြည်နယ်တွေဟာလည်း သူတစ်လူ ငါတစ်မင်း အုပ်ချုပ်နေကြပါတယ်။ ချီ၊ ချူ၊ ရန်၊ ဟန်၊ ကျောင်၊ ဝေနဲ့ ချင်းတို့ကတော့ အင်အားအကြီးဆုံးပြည်နယ်နိုင်ငံတွေပါ။ တနေ့မှာတော့ စစ်မက်အင်အားကြီးနိုင်ငံဖြစ်တဲ့ ဝေနိုင်ငံဟာ လီအန်းလို့ခေါ်တဲ့ နိုင်ငံငယ်လေးကို ကျူးကျော်သိမ်းပိုက်ဖို့ စစ်ချီလာနေတုန်း လီအန်းနိုင်ငံရဲ့ ဖီးနစ်တောင်ခြေအရောက်မှာ ခြုံခိုတိုက်ခိုက်ခံရပါတော့တယ်။ ၂ဖက်လုံး အပြင်းထန်စစ်တိုက်ပြီးသကာလမှာ ၂ဖက်လုံးအကျရှုံးများစွာနဲ့ လူပေါင်း ၃ထောင် သေဆုံးခဲ့ရပါတယ်။ ဂျက်ကီချမ်းက လီအန်းနိုင်ငံရဲ့ အညတရ စစ်သည်တော်လေးပါ။ ဂျက်ကီဟာ ကံကောင်းထောက်မစွာနဲ့ ဖီးနစ်တောင် တိုက်ပွဲမှာ မသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ထိုအချိန်မှာ ရန်သူနိုင်ငံရဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက်ကို တွေ့ပြီး (ရန်သူနိုင်ငံရဲ့ဗိုလ်ချုပ်ကြီးကို အရှင် သုံ့ပန်း ဖမ်းဆောင်လာနိုင်ရင် ဆုကြေးအပြင် မြေ ၅ဧက ရမှာပါ) ဗိုလ်ချုပ်ကို သုံ့ပန်းအနေနဲ့ ဖမ်းဆောင်လာခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အညတရစစ်သားလေးနဲ့ ဗိုလ်ချုပ်သုံ့ပန်းတို့ လီအန်းနိုင်ငံသို့ အပြန်ခရီးလမ်းကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျက်ကီတို့ လမ်းခရီးမှာ ဘယ်လိုအခက်ခဲတွေ ကြုံရမလဲ၊ ဘယ်လိုရန်သူတွေနဲ့ ရင်ဆိုင်ရမလဲ၊ လီအန်းနိုင်ငံကို သူတို့တွေပြန်ရောက်ကြပါ့မလား၊ လီအန်းနိုင်ငံငယ်လေးကရော ရန်သူတွေ လက်အောက်ကနေ လွတ်မြောက်နိုင်ပါ့မလား အစရှိတာတွေကို ထိုင်ရာကနေ မထဘဲ ကြည့်ရှု့ရမှာ ဖြစ်မှာပါ။ ဒီရုပ်ရှင်က ဂျက်ကီချမ်းရဲ့ trademark ဖြစ်တဲ့ martial arts prowessကို comedic momentsတွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဘတ်ဂျက်လည်း တော်တော်သုံးထားပုံရပြီး တိုက်ခိုက်တဲ့အပိုင်းတွေကလည်း မိုက်လှပြီး တိုက်ခိုက်နေတုန်း အလွဲလေးတွေကလည်း ရယ်နေရပါတယ်။ နိဂုံးချုပ်ပြောရရင် ဒီကားက ကြည့်ရတာ အချိန်ကုန်၊ billကုန် တန်ပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်သူက Min Khant Kyi Win ဖြစ်ပါတယ်။
...

E-Sarn Tootsie Part 2 (2024) ⭐TMDB: 0.0% User Score 🎬 #Comedy 🗓 2024 🎞 movie 🌎 #Thailand ⏰ 1 နာရီ 2 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တောပန်းလေးများ ပွင့်ရာမြေ အပိုင်း ၂ (၂၀၂၄) တောမှာ ပွင့်တဲ့ တောပန်းပွင့်လေးတွေ အပိုင်း ၂ လာပါပြီနော်။ ဇာတ်ကားလေးကတော့ LGBTQ+ကို အသားပေး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါOMGဇာတ်လမ်းတွဲတွေထဲက အဓိကသရုပ်ဆောင်ပန်ကိတ်လေးပါဝင်နေတော့ အထွေအထူးညွှန်းနေဖို့မလိုတော့ပါဘူး အိုလေ့ ဆူးကတ် မိုင့်မင်းတို့က အချော်တကောက်သယ်ရင်းတွေပါအိုလေ့ကတော့ အလှမယ်ပြိုင်ပွဲမှာ သရဖူရဖို့ သူ့ရဲ့အိပ်မက်တစ်ခုဖြစ်ခဲ့ပေမယ့်မပြည့်စုံတဲ့သူ့အလှကြောင့် အိပ်မက်မဖြစ်နိုင်ခဲ့ပါဘူးအိုလေ့တယောက် သူ့ရဲ့အစားထိုးပြိုင်ပေးဖို့ အလှမယ်တစ်ယောက်ကို လိုက်ရှာနေခဲ့တော့တယ်တိုတေလို့ခေါ်တဲ့ကျေးလက်အဆိုတော်ကောင်လေးကို အတုမပေးလုပ်ပြီး ပြိုင်ခိုင်းဖို့ သိမ်းသွင်းဖို့ ကြံနေရာတိုတေရဲ့မိဘတွေက ခွင့်မပြုတာကြောင့် အိုလေ့တို့သူငယ်ချင်းတွေဘယ်လိုအကြံအစည်တွေ ထုတ်ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ အညျွန်းကိုတော့Lei Wutyi Tunက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Fake Loveပဲ ဖြစ်ပါတယ်။
...

The Aviator (2004) ⭐TMDB: 72.0% User Score 🎬 #Biography #Drama 🗓 2004 🎞 movie 🌎 #Germany #USA #UnitedStatesofAmerica ⏰ 2 နာရီ 50 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Aviator ဇာတ်ကားကတော့၂၀၀၄ခုနှစ်မှာ Director : Martin Scorseseရိုက်ကူးခဲ့တဲ့ Biographical, Dramaရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ American Box Office အဖြစ် American $213.7 million အထိရရှိထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသားကြီး Leonardo DiCaprioကHoward Hughes အဖြစ်အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၃၅ခုနှစ်မှာ Hughesတစ်ယောက်H1 Racerဆိုတဲ့ လေယာဉ်ကိုမောင်းပြီးကမ္ဘာ့စံချိန်တင်ဖို့ကြိုးစားခဲ့ပါတယ်။၃နှစ်ကြာပြီးတဲ့နောက်မှာတော့ သူဟာလေးရက်ဆက်တိုက် လေယာဉ်မောင်းပြီး စံချိန်ချိုးပြခဲ့ပါတယ်။ သိပ်မကြာသေးခင်မှာပဲ သူဟာ TWA ဆိုတဲ့ လေယာဉ်ကုမ္ပဏီနဲ့ချိတ်ဆက်မိပြီး Army Air Forces မှာSpy Aircraft ဆိုတဲ့ project ကို လုပ်ဖို့စာချုပ်ချုပ်ခဲ့ပါတယ်။အဲ့ဒီ့နောက်မှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စာကြပါတော့။
...

The Regime (2024) ⭐TMDB: 79.0% User Score 🎬 #Drama #Comedy 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica #UnitedKingdom ⏰ 51 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Regime (2024) ငယ်ဘဝရဲ့အချစ်ဦးတစ်ယောက်ဖြစ်ခဲ့တဲ့ Kate Winslet ကို Domineering female characters အဖြစ် တွေ့မြင်ရမယ့်HBOရဲ့ The Regime miniseries ဒီဇာတ်လမ်းတွဲထဲမှာတော့Kateကို စိတ်ကူးယဉ်ဥရောပနိုင်ငံတစ်ခုက ဝန်ကြီးချုပ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပြီးတော့ နိုင်ငံရေးလောကကို သရော်ထားတဲ့ဟာသစီးရီးလေးတစ်ခုဖြစ်ပါတယ်။အယ်လီနာဟာ လောလောလတ်လတ် ရွေးကောက်ပွဲနိုင်ထားတဲ့ဝန်ကြီးချုပ်ဖြစ်ပြီး လက်အောက်ဝန်ထမ်းတွေကြားမှာအလွန်ဇီဇာကြောင်တဲ့သူပေါ့။ ဒါပေမဲ့ နိုင်ငံရေးပါးဝတဲ့နိုင်ငံ‌ရေးသမားပီပီမျက်နှာဖုံးအတု အပြုံးအတု‌တွေနဲ့ တော်ကီကြွယ်တဲ့အယ်လီနာကိုပြည်သူတွေကတော့ ချစ်ကြလေသတည်းပေါ့။ဖြစ်ချင်တော့ ဒီနိုင်ငံမှာ ဒီမိုကရေစီအယောင်ပြနဲ့ မီနီအာဏာရှင်လေးတွေက တက်တက်ပြီး အုပ်ချုပ်ထားတာဆို‌တော့ခေတ်အဆက်ဆက်က အုပ်ချုပ်သူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့်အဘက်ဘက်ကဆုတ်ယုတ်နေပြီးတော့ ပြည်သူတွေအတွက်ဝန်ကြီးချုပ်သစ်အယ်လီနာဟာ လမိုက်ညရဲ့အလင်းရှင်ပေါ့။ပြည်သူတွေဘာနေနေ နိုင်ငံရေးလောကဆိုတာ ဖိုဝါဒီကြီးစိုးတဲ့နေရာဆိုတော့ ခေတ်အဆက်ဆက် စားထားဝါးထားတဲ့ဝန်ကြီးအပေါင်းက အယ်လီနာမကျေနပ်ကြပါဘူး။နိုင်ငံလိုပဲ အဘက်ဘက်ကချွတ်ခြုံကျပြီး မှိုတက်နေတဲ့ နန်းတော်ကြီးကိုပါစိုထိုင်းဆတိုင်းပေးဖို့လူတစ်ယောက်အနေနဲ့ တပ်ကြပ်ဇူဘာ့ခ်ကိုအနားမှာထားဖို့ စီစဉ်လိုက်ပါတော့တယ်။အပြင်ရောအတွင်းပါ အန္တရာယ်အသွယ်သွယ်နဲ့ စိတ်အခြေအနေကပါမတည်ငြိမ်တဲ့အယ်လီနာတစ်ယောက် ဇူဘာ့ခ်ရဲ့အကူအညီနဲ့ပြဿနာပေါင်းစုံကြား သူ့ရဲ့အာဏာကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာရှုစားကြပါဦး။
...

Tragic Hero (1987) ⭐TMDB: 57.0% User Score 🎬 #Action #Crime #Drama 🗓 1987 🎞 movie 🌎 #HongKong ⏰ 1 နာရီ 37 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tragic Hero (1987) ~ IMDb – 6.3/10, Rotten Tomatoes – 58% ~ ၁၉၈၆မှာ ဂျွန်ဝူးရဲ့ A Better Tomorrow ရဲ့အောင်မြင်မှုနဲ့အတူ Heroic Bloodshed ရုပ်ရှင်တွေရဲ့ သဏ္ဍာန်ကပိုပေါ်လာပြီး ချောင်ယွန်ဖတ်ရဲ့ အောင်မြင်မှုလည်း တဟုန်ထိုးတက်လာပြီးတဲ့နောက် ၁၉၈၇မှာ ချောင်ယွန်ဖတ်ကားတွေမနည်းရိုက်ခဲ့တယ်။ An Autumn’s Tale, City on Fire, Tragic Hero, Rich and Famous, Flaming Brothers, A Better Tomorrow II တို့တွေပေါ့။ အဲဒီထဲက An Autumn’s Tale ကလွဲလို့ ကျန်တဲ့ကားတွေအကုန် Heroic Bloodshed ကားတွေချည်းပဲ။ ပြောရရင် ညီအစ်ကိုစိတ်ဓာတ်တွေ၊ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေနဲ့ ပစ်ခန်းခတ်ခန်းကြမ်းကြမ်းတွေ တွဲဖက်ပါဝင်နေတဲ့ ရုပ်ရှင်တွေ။ ဒီကားတွေထဲက ၂ကားကတော့ အဆက်တွေ။ Rich and Famous နဲ့ Tragic Hero တို့တွေပေါ့။ Tragic Hero က လပိုင်းလောက်စောပြီး အရင်ထွက်ပေမဲ့ ဇာတ်အရဆို သူက ၂ပဲ။ တစ်နှစ်တည်းထွက်တာဆိုတော့ ဘာလို့ဒါကိုအရင်ထုတ်လိုက်လဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့သေချာတာက Tragic Hero ကြည့်ပြီးရင် Rich and Famous ကိုကြည့်ဖို့ မလိုလောက်တော့ဘူး။ Tragic Hero ကို ရိုက်ထားတာက တေလာဝေါင်။ Behind the Yellow Line ဒါရိုက်တာ။ ကောင်းတာတွေလည်းရိုက်တယ်။ မကောင်းတာတွေလည်းရိုက်တယ်။ အတော်ကြီးလည်းမဟုတ်ဘူး။ ကောင်းတာတွေလည်းရှိတယ်။ ဒီကားက သူ့ကောင်းတဲ့ ၃ ၄ ကားထဲဝင်တယ်။ သရုပ်ဆောင်တွေကတော့ ချောင်ယွန်ဖတ်နဲ့ အန်ဒီလောင်။ ညီအစ်ကိုစိတ်ဓာတ်တွေ သဘောထားကြီးတာတွေနဲ့ပတ်သက်ရင် ချောင်ယွန်ဖတ်က ခွဲပစ်လို့မရတဲ့ မင်းသားပဲ။ သူက အဲဒီလိုဇာတ်ရုပ်တွေနဲ့ တော်တော်လေးလိုက်ဖက်တယ်။ အန်ဒီလောင်ကတော့ ထုံးစံအတိုင်း အက်ရှင်ကားတွေထဲက အန်ဒီလောင်ပါပဲ။ ဝေါင်ကာဝေးနဲ့ရိုက်ရိုက် ဂျွန်နီတိုနဲ့ရိုက်ရိုက် ဘန်နီချန်းနဲ့ရိုက်ရိုက် ဒီလိုကားတွေဆို အန်ဒီလောင်က အန်ဒီလောင်လို့ပဲပြောရမယ့်အထိ အန်ဒီလောင်ပီသတဲ့ပုံအတိုင်းပါပဲ။ ဇာတ်ကတော့ ဟောင်ကောင်ဂိုဏ်းစတားလောကမှာ ထိပ်သီးဖြစ်ခဲ့တဲ့ ချောင်ယွန်ဖတ်မှာ လက်ရုံး၂ယောက်ရှိခဲ့တယ်။ အန်ဒီလောင်နဲ့ နောက်တစ်ကောင်ပေါ့။ သူတို့က ညီအစ်ကိုတွေ။ အဲဒီ၂ယောက်မှာ အန်ဒီလောင့်အစ်ကိုက ချောင်ယွန်ဖတ်ကို သစ္စာဖောက်သွားတယ်။ အင်အားလည်းကြီးလာတယ်။ စီးပွားရေးဘက်ပဲ အာရုံစိုက်နေတဲ့‌ ချောင်ယွန်ဖတ်အတွက်လန့်စရာဖြစ်လာတယ်။ ရှောင်လွှဲပေမယ့် ရှောင်လွှဲလို့မရဘဲ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ သူ့မှာရှိသမျှအရာအားလုံးဆုံးရှုံးရဖို့ဖြစ်လာတယ်။ အဲဒီနောက် ပြန်တိုက်ခိုက်တဲ့အကြောင်းပေါ့။ ဒီလိုဇာတ်လမ်းတွေရဲ့ ပုံသေနည်းအတိုင်း မင်းသားခံရ ပြန်ထလာ ပြန်ချဆိုက်ပဲ။ Heroic Bloodshed ကားပီသစွာပဲ Battle Scene တွေက တော်တော်ကြမ်းကြမ်းပြထားတယ်။ ဂျွန်ဝူးကားတွေကြိုက်ရင် ကြည့်သင့်တယ်လို့ပဲပြောရမယ်။ အဲဒီပုံစံနဲ့ခပ်ဆင်ဆင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

11th Hour Cleaning (2022) ⭐IMDB: 3.4/10 (390 Votes) 🎬 #Horror 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 12 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒိုင်လန်တို့ဟာ​ အခင်းဖြစ်နေရာတွေကို သန့်ရှင်းရေး လိုက်လုပ်ပေးကြတဲ့အဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့နာမည်ကို 11th hour cleaning လို့ပေးထားပါတယ် သူတို့ပေးထားတဲ့နာမည်အတိုင်းပဲ​ ရှင်းလင်းရေးတွေကို သန်းခေါင်ယံအချိန်တွေမှာပဲလိုက်လုပ်ရလေ့ရှိပါတယ် တစ်နေ့မှာ​တော့​ ဒိုင်လန်တို့အဖွဲ့ဟာ ကိုယ့်မိသားစုဝင်တွေကို သတ်ပြီး ကိုယ့်ကိုယ်ကိုပါသတ်သေသွားတဲ့အခင်းဖြစ်အိမ်ကို သွားရှင်းရဖို့အလုပ်အပ်ခံရပါတော့တယ်. သူတို့အဖွဲ့ဟာ အဲဒီအခင်းဖြစ်နေရာမှာ​အလုပ်လုပ်နေကြရင်းနဲ့ အိမ်ထဲမှာထူးဆန်းစွာပိတ်မိသွားကြပြီးပြန်ထွက်လို့မရကြတော့ပါဘူး. ဒိုင်လန်ကတော့သူတို့ပိတ်မိနေတာ အိမ်ရဲ့တည်ဆောက်ပုံမှာ အိမ်ကိုအလုံပိတ်ဖြစ်အောင်လုပ်လို့ရတဲ့စနစ်ဆင်ထားတာကြောင့်လို့ သူ့အဖွဲ့သားတွေ​ကိုပြောခဲ့ပေမယ့် တကယ့်အမှန်တရားကသက်သက် ရှိနေပါတယ် အဲဒီအမှန်တရားကဘာလဲ သူတို့အဖွဲ့ကရောလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ပါ
...

Kuroneko (1968) ⭐TMDB: 74.0% User Score 🎬 #Drama #Horror #Fantasy 🗓 1968 🎞 movie 🌎 #Japan ⏰ 1 နာရီ 40 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kuroneko (1968) ~ IMDb – 7.7/10, Rotten Tomatoes – 96% ~ Kuroneko ခေါ် The Black Cat ဟာ တိုဟိုက ထုတ်ခဲ့တဲ့ တိုဟိုကို ဂုဏ်တင်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲ ပါခဲ့တယ်။ အဖြူအမဲကားကိုမှ တိုဟိုစကုတ်ဖော်မတ်နဲ့ ရိုက်ထားတယ်။ အဖြူအမဲကားဆိုပေမဲ့ မြင်ကွင်းအပြည့်ရတဲ့ ဖရိန်နဲ့ပဲ ရိုက်ထားတယ်။ ကာလာနဲ့ကားတွေလည်း ဂျပန်မှာရှိနေတာ ဆယ်စုနှစ်နှစ်ခုလောက်ကြာပြီဖြစ်တဲ့ ကာလပေမဲ့ အဖြူအမည်းနဲ့ပဲ ချထားတယ်။ ကောင်းတော့လည်းကောင်းပါတယ်။ သူ့အပြတွေဟာ အဖြူအမည်းနဲ့မှာ Composition နဲ့ Tone က အသေကြည့်ကောင်းတယ်။ ကူရိုဆာဝါရဲ့ Rashomon ကထက် အပြတွေက ကြည့်ကောင်းခဲ့တယ်။ ဇာတ်ကတော့ ဂျပန်မြေရှင်ပဒေသရာဇ်ခေတ်မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်နယ်ရှင်တွေ တိုက်ပွဲတွေကြမ်းနေခဲ့တဲ့ ခေတ်ပဲ။ ဆာမူရိုင်းတွေ ကြီးစိုးခဲ့တဲ့ ခေတ်ပေါ့။ ဒီကာလမှာ ဆာမူရိုင်းတွေက တော်တော်လေး အာဏာကြီးခဲ့သလို ဘာလုပ်လုပ်တင့်တယ်နေခဲ့တယ်။ စစ်အတွက် လယ်သမားတွေကို အတင်းစစ်ထဲခေါ်ကြတာတွေလည်းရှိခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေက ဝါးတောအုပ်နားမှာ အိမ်လေးတစ်အိမ်ဆောက်ပြီးနေ အဲဒီနားမှာ လယ်စိုက်ယာစိုက်နေနေရင်း အေးအေးချမ်းချမ်းနေခဲ့တဲ့ မိသားစုတစ်စု။ အမေရယ် သားရယ် ချွေးမရယ် အတူတူနေကြတယ်။ တစ်နေ့မှာ သား ယာလုပ်နေတုန်း တပ်သားတွေရောက်လာပြီး လက်ကထည်တုံးမချရသေးခင်ပဲ တိုက်ပွဲထဲဝင်ဖို့ အတင်းဆွဲခေါ်သွားခဲ့တယ်။ မိန်းမနဲ့မအေကို ပြန်တွေ့ချင်တဲ့စိတ်နဲ့ တိုက်ပွဲမှာ အသက်မဆုံးချင်တဲ့စိတ်နဲ့ ကျားကုတ်ကျားခဲတိုက်ရင်းခိုက်ရင်း အသေအကြေများတဲ့ တိုက်ပွဲကြီးတစ်ပွဲကနေ တစ်ယောက်တည်းသောရှင်ကျန်သူအဖြစ် သူပြန်လာခဲ့တယ်။ ဆာမူရိုင်းခေါင်းဆောင်က သူ့ကို ဆာမူရိုင်းအဖြစ်ချီးမြောက်ပြီး ဘွဲ့တွေပါပေးခဲ့တဲ့နောက် သားရွှေထီးဆောင်းပြီး အိမ်ကိုပြန်လာခဲ့တယ်။ ဒါပေမဲ့ ဝါးတောတစ်ဖက်က သူ့အိမ်လေးဆီ သူရောက်တဲ့အခါ ပြာပုံအတိပဲ ကျန်ခဲ့တာ သူတွေ့လိုက်ရတယ်။ သူ့မိန်းမနဲ့ အမေ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်း သူမသိရတော့ဘူး။ ဒီလိုနဲ့ မြို့ကို ပြန်လာတဲ့အခါ ဆာမူရိုင်းခေါင်းဆောင်က သူ့ကို သူအိမ်ရှိခဲ့တဲ့ဝါးတောနေရာမှာ မိစ္ဆာတစ်ကောင်သောင်းကျန်းနေကြောင်း။ အဲဒီနားကဖြတ်လာတဲ့ ဆာမူရိုင်းတွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရကြောင်း ဧကရာဇ်က ဒီကိစ္စကိုဖြေရှင်းခိုင်းနေကြောင်းပြောပြီး သူ့ကို အဲဒီမိစ္ဆာကို သုတ်သင်ဖို့ လွှတ်လိုက်တယ်။ ဝါးတောထဲက မိစ္ဆာကို သူသုတ်သင်နိုင်မလား… သူ့အမေနဲ့ မိန်းမကိုရော ဒီမိစ္ဆာကပဲ တစ်ခုခုလုပ်လိုက်တာလား… ဆက်မြင်ရလိမ့်မယ်။ ကလပ်စစ်ဟော်ရာစာရင်းဝင်ရုပ်ရှင်ပေမဲ့ ဒီရုပ်ရှင်ရဲ့ ကြောက်ဖို့ကောင်းခြင်းမကောင်းခြင်းဆိုတာထက် ဇာတ်ရဲ့ ဆွဲဆောင်မှုနဲ့ စီနီမာတိုလှပမှုကိုပဲ ပိုအားထားရမယ့် ကားလို့ပဲ မှတ်ရလိမ့်မယ်။ ဘာပြောပြော Kuroneko ဟာ ဂျပန်ရိုးရာသရဲဇာတ်လမ်းတစ်ခုကို လှလှပပ အသက်သွင်းနိုင်ခဲ့ပါတယ်။ နှောင်းပိုင်း တရုတ်တို့ဘာတို့မှာလည်း ဒီလိုဇာတ်မျိုးတွေကို အသက်သွင်းခဲ့ကြသေးပေမဲ့ Kuroneko ကတော့ ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Vadakkupatti Ramasamy (2024) ⭐IMDB: 6.8/10 (335 Votes) 🎬 #Bollywood #Comedy #Drama #Fantasy #ScienceFiction 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vadakkupatti Ramasamy (2024)ဗာဒါကူပါတီဂေါကပလေး ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးကို တောင်ပိုင်းဟာသကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ.. ဟာသကားဆိုပေမဲ့ ဇာတ်အိမ်တည်ထားတာက ဘာသာရေးကိစ္စဖြစ်လို့ပညာပေးဟာသကားလို့ပြောရင်လဲ မမှားပါဘူးဗျာရွာတစ်ရွာမှာ ရာမာဆာမီဆိုတဲ့ဘုရားမယုံတဲ့ကောင်လေးတစ်ယောက်ရှိပါတယ် သူတို့ရွာမှာကိုးကွယ်တဲ့ သာနာကာနတ်သမီးရဲ့ကျောင်းဆောင်ဟာ ရေကြီးလို့ ပျက်စီးသွားပါတယ်တဲ့ …အဲ့အချိန်မှာ ရာမာဆာမီက ပိုက်ဆံရဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဘာသာရေးကိုခုတုံးလုပ်ရမယ်လို့ဆုံးဖြတ်လိုက်ပြီး နတ်သမီးကပဲ သူ့ဆီကိုကြွလာတဲ့ပုံနဲ့ သူ့ခြံထဲမှာ ဘုရားကျောင်းဆောက်ပြီး ဂွင်ဖန်နေပါတော့တယ်…. တစ်နေ့မှာတော့ သူတို့ရွာကို အရာရှိအသစ်ရောက်လာတဲ့အခါမှာ ဒီလိုဘာသာရေးအကြောင်းပြဂွင်ဖန်နေတာကိုဘယ်လိုဆက်လုပ်မလဲ ဂေါပကလေးရာမာဆာမီတစ်ယောက် ရွာသားတွေကို ဘယ်လိုဂျင်းထည့်မလဲဘာတွေဆက်ဖြစ်မလဲဆိုတာကို ရီရီမောမောနဲ့ ဆက်အားပေးရမှာပါ…. ဇာတ်လမ်းလေးလဲပညာရ ဟာသကားလေးဆိုဝော့ာ စိတ်ပန်းလဲပြေစေလို့ပရိသတ်တို့ကြည့်ရှုနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Karinyo Brutal (2024) ⭐IMDB: 6.3/10 (61 Votes) 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 32 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အာရီယယ်ဆိုတဲ့ကောင်လေးဟာ နိုင်ငံခြားကိုအလုပ်သွားလုပ်ဖို့ရည်ရွယ်ချက်နဲ့အစ်ကိုဝမ်းကွဲရှိတဲ့မြို့ကိုတက်လာခဲ့ပါတယ်။အလုပ်ကိစ္စတွေဘာမှအကြောင်းမထူးသေးခင်မှာ သူ့အတွက်ထူးခြားလာတာတော့ အိမ်ရှေ့အိမ်က မမလှလှပါပဲ။အဲ့ဒီမမဟာ အိမ်ဖော်အမျိုးသမီးတစ်ဦးနဲ့နှစ်ယောက်တည်းနေပြီး ရံဖန်ရံခါ လူတစ်ယောက်အလည်လာပြီးပြန်တတ်ပါတယ်။သူ့အစ်ကိုဝမ်းကွဲဆီမှာစုံစမ်းကြည့်တော့ သူဌေးတစ်ယောက်ရဲ့ကီပင်သဘောမျိုးဖြစ်ကြောင်း ပိုင်ရှင်ရှိလို့ မကြောင်သင့်ကြောင်းဆုံးမပါသေးတယ်။ ဒါပေမယ့် မမကိုယ်တိုင်က သူ့ကိုရေလာမြောင်းပေးလုပ်လာ အိမ်ထဲကိုဖိတ်ခေါ် ဘီယာတိုက် အတင်းကြီးချကျွေးလာချိန်မှာတော့ မရှောင်နိုင်တော့ပဲ နှိုက်မြည်းမိပါတော့တယ်။တစ်ဖြည်းဖြည်းရင်းနှီးလာ သံယောဇဉ်တွေတွယ်လာတဲ့နောက် အဲ့ဒီမမက လက်ရှိဘဲကြီးကိုသတ်ပြီး ဒီဘ၀ကလွတ်မြောက်စေဖို့ သူ့ကိုကူညီဖို့ တောင်းဆိုလာတဲ့အခါမှာတော့..။ဇာတ်ကားထဲမှာဆက်လက်ရှုစားကြပါ။ ( အညွှန်းရေးသားထားသူကတော့
...

Red Dot (2021) ⭐IMDB: 5.5/10 (15 k Votes) 🎬 #Drama #Horror #Thriller 🗓 2021 🎞 movie 🌎 #Sweden ⏰ 1 နာရီ 26 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်နေ့ကျရင် ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူ ဥတ္တရအလင်းတန်းလိုခေါ်တဲ့ Northern lights တွေကို မြောက်ဝင်ရိုးစွန်းနိုင်ငံတွေမှာ ညလုံးပေါက်သွားထိုင်ကြည့်ချင်တယ်လို စိတ်ကူးယဉ်ထားတဲ့သူတွေရှိကောင်းရှိမှာပါ။ ဒီဇာတ်ကားကတော့ အဲ့လိုစိတ်ကူးထားသူ‌တွေရဲ့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အင်ဂျင်နီယာကျောင်းသား ဒေးဗစ်ဟာ ဆေးကျောင်းသူလေး နက်ဂျာနဲ့ သိပ်ချစ်ကြတဲ့ ချစ်သူတွေပါ။ သူဘွဲ့ရတဲ့နေ့မှာပဲ နက်ဂျာကို လက်ထပ်ခွင့်တောင်းခဲ့ပြီး နှစ်‌ယောက်သားဘဝအသစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ လင်မယားသဘာဝ ကတောက်တဆလေးတွေနဲ့ အဆင်မပြေဖြစ်လာခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးအဆင်မပြေတာကို ပြင်ဆင်ဖိုအတွက် ဒေးဗစ်တစ်ယောက်ဟာ နက်ဂျာနဲ့ Northern lights တွေတူတူသွားကြည့်ပြီး အပန်းဖြေကြဖို စီစဉ်လိုက်ပါတယ်။ သူတိုနှစ်ယောက် နှင်းတောင်ပေါ်မှာ အလင်းတန်းတွေကြည့်နေကြရင်း ရုတ်တရက်ကြီး  Sniper နဲ့ ချိန်ပြီးအမဲလိုက်ခြင်းကိုခံကြရပါတော့တယ်။ ဒီဇာတ်ကားဟာ Netflix ရဲ့ Swedish horror movieတစ်ခုဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့  ကြည့်ရှူသူ‌တွေကို အဆုံးထိဆွဲခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ plot twist အပိုင်းကလည်း‌ ထင်ထားသလောက်မရိုးရှင်းဘဲ တော်တော်လေး ကောင်းတယ်လိုဆိုရမှာပါ။ သည်းထိပ်ရင်ဖို survival ဇာတ်ကားတွေ ကြိုက်နှစ်သက်သူများအတွက်ကတော့ တကယ်ကိုကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။
...