ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Justice (2024) ⭐IMDB: 6.3/10 (3 k Votes) 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #Poland ⏰ 1 နာရီ 55 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Justice (2024) IMDb Rating (6.3) ဒီဇာတ်လမ်းလေးကတော့ပိုလန် စုံထောက်ဇာတ်လမ်းလေးပါ။ Soviet union လက်ထပ်တုန်းက အနားယူသွားတဲ့ စုံထောက်ဟောင်းတစ်ယောက်ကို ရက်ရက်စက်စက်လူသတ်ပြီးလုယက်သွားတဲ့ ဘဏ်ဓားပြတိုက်မှုတစ်ခုကို အစိုးရကတိုက်ရိုက်သူ့ကို စုံစမ်းခိုင်းပြီး ရာထူးဟောင်းပြန်ပေးမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဇာတ်လမ်းက Slow burn ဖြစ်ပြီး character တွေရဲ့ စရိုက်ကိုသေသေချာချာပြနိုင်ပါတယ်။ စုံထောက် thriller ကြိုက်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nikobaby ဖြစ်ပါတယ်။)...
Stealing Harvard (2002) ⭐TMDB: 48% User Score 🎬 #Action #Comedy #Crime #Drama 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stealing Harvard (2002) ကြမ်းကျွံသော်နုတ်ရ စကားကျွံသော်နုတ်မရဆိုတဲ့အတိုင်းပဲ ဂျွန်တစ်ယောက် သူ့ရဲ့တူမလေးကို ရုတ်တရက်ပြောမိတဲ့စကားကြောင့် သူ့ရဲ့သာမန်လက်လုပ်လက်စားဘဝကနေ လတော်တော်ကြာစကားမပြောဖြစ်တဲ့ သူ့ရဲ့အချစ်တော် သူငယ်ချင်းဒက်ဖ်နဲ့ပြန်ပေါင်းထုပ်မိပြီး တစ်လွဲတွေစတင်လာပါတော့တယ်။ Comedy Movieဖြစ်လို့ jokesတွေက မပေါ့တဲ့အပြင် plot twistတွေကလည်းမိုက်တဲ့အတွက်ကြောင့် Underrated ဖြစ်သော်ငြားလည်း ကြည့်ပျော်တယ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် တစ်ခါလောက်တော့tryကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Myat Noe Yamoneဖြစ်ပါတယ်။)...
Twitches Too (2007) ⭐TMDB: 67% User Score 🎬 #Drama #Family #Fantasy #TVMovie 🗓 2007 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကား ကတော့ Coventry လို့ခေါ်တဲ့မှော်တိုင်းပြည်မှာရှိတဲ့ Alex နဲ့ Camryn လို့ခေါ်တဲ့ အမွှာစုန်းမနှစ်ယောက်ရဲ့ မှော်စွန့်စားခန်းပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၂၁နှစ်ကနှိမ်နင်းခဲ့တဲ့ အမှောင် စွမ်းအားတွေပြန်လည်နိုးထဖို့ကြိုးစားလာတဲ့အချိန် ဘယ်လိုတားဆီးကြမလဲကိုကြည့်ရှု့ရမှာဖြစ်ပါတယ်။ အမွှာနှစ်ယောက်ရဲ့ အလွဲအချော်တွေ ငြင်းခုံမှုတွေကို ရယ်စရာအနေနဲ့မြင်ရမယ့်အပြင် သူတို့ရဲ့ မှော်စွမ်းအားတွေကိုထိန်းနိုင်အောင်ဘယ်လိုလေ့ကျင့်ကြမလဲဆိုတာကို ကြည့်ရှု့ကြပါဦးခင်ဗျာ။...
Lost in Forest (2023) ⭐TMDB: 40% User Score 🎬 #Action #Crime #Drama 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 2 နာရီ 14 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားရှန်းဟာတစ်ခေတ်တစ်ခါတုန်းက ကျုံးရှန်းနယ်မှာ ဂိုဏ်းစတားတစ်ယောက်ဖြစ်ခဲ့ပေမယ့်သူ့ညီကိုကိုကယ်ဖို့အတွက်နဲ့ ထောင်(၁၂)နှစ်ကျသွားခဲ့တယ်။ထောင်ကထွက်လာပြီး သူ့ရဲ့ညီကိုရှားအိုးကိုပြန်သွားတွေ့ခဲ့ပေမယ့်ထောင်ထဲ(၁၂)နှစ်ကြာခဲ့တဲ့အချိန်အတွင်းမှာ သူ့ဘဝအတွက်အရေးကြီးတဲ့သူတွေရဲ့ အရေးကြီးတဲ့အချိန်တွေနဲ့လွဲချော်ခဲ့ရတဲ့အတွက်သူက မြေအောက်လောကရဲ့အရှုပ်အထွေးတွေထဲကို ထပ်ပြီးဝင်မပါချင်တော့ဘူး။ အဲဒီအချိန်မှာပဲ ငယ်ရွယ်ပြီးကြမ်းတမ်းတဲ့မျောက်ကြီးလိုနာမည်ပြောင်ခေါ်တဲ့လူငယ်တစ်ယောက်က ရှားအိုးရဲ့ငွေရှင်သားကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ရှားအိုးက မျောက်ကြီးကိုရှင်းဖို့ကြိုးစားတယ်။ ဒီလိုနဲ့ ဂိုဏ်းနှစ်ခုကြားတိုက်ပွဲတွေဖြစ်လာတဲ့အခါ ရှားအိုးကိုထပ်ကယ်နိုင်မယ့်သူ အားရှန်းပဲရှိတော့တယ်။ညီကိုအတွက် သွေးစွန်းတဲ့လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။...
The Legend of the Condor Heroes: The Cadaverous Claws (2021) ⭐TMDB: 55% User Score 🎬 #Adventure #Romance #Action 🗓 2021 🎞 video movie 🌎 #China ⏰ 1 နာရီ 40 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မေချောက်ဖုံ ဆိုတဲ့နာမည်လေးကို Conder Heros ကြည့်ဖူး ဖတ်ဖူးသူတွေအားလုံး ကြားဖူးကြမှာပါ…ရင်းလည်း ရင်းနှီးကြမှာပါ…အခု 2019 နောက်ပိုင်းမှာ Conder Herosကို version အစုံနဲ့ ပြန်ရိုက်လာတာအားလုံး သတိထားမိမယ်ထင်ပါတယ်.. ဒီဇာတ်ကားလေးလည်း Conder Herosကို ပြန်ရိုက်ထားတဲ့version တွေထဲက version တစ်ခုပါပဲဒါပေမယ့် ဒီကားကတော့ မေချောက်ဖုံရဲ့ side Story ပေါ့ ဒီကားလေးရဲ့ အဓိက ဇာတ်ကောင်ကတော့ Mei Chaofeng ပါပဲ…တချို့ကလည်း လူဆိုးလို့အမှတ်ထင်ကာ အမုန်းကြီးမုန်းခဲ့သလို တချို့ကလည်းမေတ္တာငတ်သူလို့ အသနားပိုခဲ့တဲ့ ဇာတ်ကောင်တစ်ခုပါ… ဒီဇာတ်ကောင်ကိုဒီဇာတ်လမ်းထဲမှာတော့ သူ့ဘဝနဲ့ ပြောင်းလဲလာပုံ ဒီလမ်းရောက်အောင်တွန်းပို့ခဲ့တဲ့ ကံကြမ္မာဇာတ်ဆရာအကြောင်းကို ရိုက်ကူးပုံဖော်ပြထားပါ… ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် လှပတဲ့မိန်းမပျိုလေးတွေကိုတန်ဖိုးဖြတ်ရောင်းစားနေတဲ့လောကမှာ အသားနာခံမယ် ဘဝအပျက်မခံဘူးဆိုတဲ့ခံယူချက်နဲ့ သူဖုန်းစားလုပ်ဖို့ ဆုံးဖြတ်ရင်း ငတ်တစ်လှည့် ပြတ်တစ်လှည့် မသေရုံတမယ်ဗိုက်ထဲအစာရောက်ရုံလောက်သာစားရတဲ့ Mei Chaofeng တစ်ယောက်ဘဝအချိုးအကွေ့တစ်ခုမှာ ယောက်ျား ၂ ယောက်နဲ့တွေ့ခဲ့တယ်…တစ်ယောက်ကသူ့ကိုနောက်နောက်ပြောင်ပြောင်နဲ့ချစ်လို့စတယ်ပဲ ဆိုရမလား အစသန်တဲ့ လူငယ်လေး၊နောက်တစ်ယောက်ကတော့ Mei Chaofeng မြင်မြင်ချင်း ကိုလူချောလို့ မသတ်မှတ်ဘဲမနေနိုင်လောက်တဲ့ တည်ငြိမ်ရင့်ကျက်တဲ့ သက်လတ်ပိုင်းအရွယ်ဆိုပေမယ့် အရွယ်တင်သူ…သူတို့က ဘယ်သူဆိုတာ မပြောပြတော့ပါဘူး… တချို့တွေလည်း သိပြီးသားပါ မသိသေးသူလည်း ဇာတ်လမ်းကြည့်ရင်သိမှာပါ..ဒါပေမယ့် ဒီယောက်ျားနှစ်ယောက်နဲ့တွေ့ခဲ့တဲ့ အချိန်ကစပြီး သိုင်းလောကမှာ Mei Chaofengဆိုသူတစ်ယောက် ပေါ်ထွက်လာခဲ့တယ်…သူ့ဘဝလေးလည်း အရင်ကနဲ့ မတူအောင် လုံးဝပြောင်းလဲသွားခဲ့တယ်…. ကျန်တာကတော့ကိုယ်တိုင်သာဆက်လက်ကြည့်ရှုခံစားပါ...
Crocodile Island (2020) ⭐IMDB: 3.9/10 (269 Votes) 🎬 #Adventure #Fantasy #Horror 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့၂၀၂၀ထွက်သည်းထိတ်ရင်ဖို တရုတ်ဇာတ်ကားကောင်းလေးပါBudget 8millionသာရှိပေမယ့် box office ဝင်ငွေ16.7millionထိရခဲ့ပါတယ်Devil`s Sea နယ်မြေတစ်ဝိုက်ကို Bermuda Triangleလို့ခေါလေ့ရှိကြတယ်… အဲ့နယ်မြေရောက်ရင် လျှပ်စစ်သံလိုက်စွမ်းအားနှောက်ယှက်မှုကြောင့်လေယာဉ်တွေမကြာခဏပျက်ကျလေ့ရှိပါတယ်…ဒီလိုနဲ့ လင်ဟောက်နဲ့ရီးရီးတို့သားအဖနှစ်ယောက်စီးလာတဲ့GZ261လေယာဉ်ဟာ အဲ့နယ်မြေတစ်ဝိုက်မှာပျက်ကျသွားတဲ့အခါအမည်မသိကျွန်းတစ်ခုပေါရောက်သွားပါတယ်.. အဲ့ကျွန်းပေါမှာ ဧရာမမိချောင်းကြီးအပြင် ပင့်ကူကြီးတွေ တွရှိနေတဲ့အခါ….သူတို့တွေအသက်ရှင်နိုင်ဖို့ ဘယ်လိုတွေတိုက်ပွဲဝင်ကြရမလဲ..နောက်ဆုံးမှာလွတ်မြောက်နိုင်ပါ့မလား..ဇာတ်လမ်းတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ...
Freedom (2024) ⭐IMDB: 5.9/10 (892 Votes) 🎬 #Action #Crime #Drama #Romance #Thriller #Biography 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 51 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Freedom (2024) IMDb Rating (5.8) ဒီရုပ်ရှင်က ပြင်သစ်ရဲ့ အကြမ်းမဖက်တဲ့ နာမည်ကျော်ဓားပြကြီး ဘရူနိုဆူလက်အကြောင်းဖြစ်ရပ်မှန်ကို အခြေခံပြီး စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ပြင်သစ်ရုပ်ရှင်။ 1970နဲ့ 1980ကြားကာလမှာ ကျည်တစ်ချက်မဖောက်ဘဲ စူပါမားကတ်တွေနဲ့ လက်ဝတ်ရတနာဆိုင်တွေကို လုယက်ခဲ့တဲ့ လွပ်လပ်မှုကိုမြတ်နိုးသူ ဓားပြလူချောကြီးတစ်ယောက်ပေါ့။ လုယက်ရလာတာတွေကို ဆင်းရဲသားတွေဆီခွဲဝေပေးတတ်လို့ ခေတ်သစ်ရော်ဘင်ဟုလို့လည်း သမုတ်ကြသေးတယ်။ ရှစ်လအတွင်း စူပါမားကတ်၁၈ခုကို တစ်ခါမှအဖမ်းမခံရဘဲ အောင်အောင်မြင်မြင်နဲ့ လုယက်နိုင်ခဲ့သူ။ ဒီဇာတ်လမ်းမှာတော့ ဆူလက်ရဲ့ ဘ၀ခံယူချက်၊ ပြစ်ဒဏ်နဲ့ အချစ်ကြားက ရှင်သန်ပုံကို ရှုမြင်ကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)...
Malice (1993) ⭐TMDB: 63% User Score 🎬 #Crime #Mystery #Thriller 🗓 1993 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထရေစီ (Nicole Kidman) နဲ့ အန်ဒီ (Bill Pullman) တို့ဟာ အချစ်တွေလျှံနေသေးတဲ့ သာမန် ပညာတတ်လူရည်မွန် ဇနီးမောင်နှံဖြစ်ကြပါတယ်။ ငယ်ရွယ်ချောမောတက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ ထရေစီဟာ ကောလိပ်မှာလက်ထောက်ဌာနမှူးဖြစ်သူ အန်ဒီရဲ့ တပည့်ကျောင်းသူဖြစ်ခဲ့ဖူးသူလေးပါ။ တစ်ပတ်မှာ ငါးရက်လောက် ဆေးရုံရဲ့ ကလေးအထူးကုဌာနမှာ လုပ်အားပေးနေသူ ကျောင်းသူ ထရေစီရယ်၊ အနှစ်၁၀၀လောက် သက်တမ်းရှိနေတဲ့ ဝိတိုရိယခေတ်လက်ရာ အိမ်အိုကြီးမှာနေပြီး သမိုင်းဝင်အိမ်ဆိုတဲ့အပေါ်ဂုဏ်ယူနေတတ်တဲ့ ကျောင်းဆရာအန်ဒီတို့ဟာ အိမ်အတွက် အခြေခံလိုအပ်တဲ့ ပြင်ဆင်စရိတ်ကိုတောင် မတတ်နိုင်ကြတဲ့ လူလတ်တန်းစားဇနီးမောင်နှံပေါ့။ ဒါပေမယ့် “အသက်တစ်ရာ မနေရ၊ အမှုတစ်ရာပွေရ”ဆိုတဲ့ ဆိုရိုးရှိတယ်မလား။ အန်ဒီအလုပ်လုပ်တဲ့ကောလိပ်မှာ မုဒိမ်းမှုတွေကို ဆက်တိုက်ကျူးလွန်နေသူ တရားခံတစ်ယောက်ပေါ်ပေါက်လာပြီး တိုက်ခိုက်ခံရသူကျောင်းသူတွေမှာ ထိခိုက်ဒဏ်ရာရ အသက်သေဆုံးတဲ့အထိဖြစ်လာကြတယ်။ တစ်ဖက်မှာလည်း ထရေစီအလုပ်လုပ်နေတဲ့ ဆေးရုံကို ဂျက်ဒ် (Alec Baldwin)ဆိုတဲ့ ခွဲစိတ်ဆရာဝန်ပြောင်းလာခဲ့ပြီး အန်ဒီနဲ့တွေ့ဆုံခဲ့ကြတယ်။ အထက်တန်းကျောင်းနေဘက်တွေ ဖြစ်ခဲ့ကြလို့ အန်ဒီကဝမ်းပမ်းတသာရှိလှပေမဲ့ ထက်မြတ်ပြီးမောက်မာတဲ့ အတွက် ဂျက်ဒ်ကို ထရေစီကတော့ မျက်စိဆံမွှေးစူးစရာအဖြစ်ပဲမြင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ အန်ဒီဟာ မုဒိမ်းမှုတွေအတွက် သံသရှိသူစာရင်းဝင်အဖြစ် ရဲစခန်းမှာသွားရောက်အစစ်ဆေးခံခဲ့ရသလို ထရေစီရဲ့ အရေးပေါက်ခွဲစိတ်ကုသမှုတစ်ခုအတွက် အုပ်ထိန်းသူအနေနဲ့သဘောတူပေးလိုက်ရာမှာ မှားယွင်းခွဲစိတ်မှုဖြစ်သွားတဲ့အတွက် ထရေစီရဲ့ နာနာကျည်းကျည်းလမ်းခွဲမှုကိုပါ ကြုံလိုက်ရတယ်။ ခွဲစိတ်ပေးခဲ့တဲ့ သူငယ်ချင်းဖြစ်သူဂျက်ဒ်မှာ တရားစွဲခံခဲ့ရရင်း အန်ဒီတစ်ယောက် မမျှော်လင့်ထားတဲ့ အမှန်တရားတွေ သိလာရဖို့ဖြစ်လာပါတော့တယ်။...
Scooby-Doo! Adventures: The Mystery Map (2013) ⭐IMDB: 5.2/10 (566 Votes) 🎬 #Adventure #Animation #Comedy #Mystery #Family #Short #Fantasy 🗓 2013 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းမှာတော့ စကူဘီဒူးနဲ့ ရှက်ဂီတို့နှစ်ယောက် ပီဇာဝယ်စားရင်း ပီဇာမုန့်ထဲက ရတနာသိုက်မြေပုံတစ်ခု ရလာပြီး အဲဒီမြေပုံအတိုင်း ရတနာသိုက်ကို လိုက်ရှာဖို့ ပြင်ဆင်ကြပါတော့တယ်။ အဲဒီမြေပုံက နာမည်ကျော် ပင်လယ်ဓါးပြကြီးတစ်ယောက်ရဲ့ မြေပုံကြီးဖြစ်နေတာမို့ ရတနာတွေအများကြီးရှိမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှာပုံတော်ဖွင့်ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ရှာပုံတော်ခရီးမှာ ပင်လယ်ဓါးပြကြီးနဲ့ သူ့လက်စွဲတော် ကြက်တူရွေးကြီးရဲ့ ဝိညာဉ်တွေရဲ့ နှောင့်ယှက်မှုတွေ၊ သူတို့လိုပဲ ရတနာသိုက် လာရှာတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ စသဖြင့် အနှောင့်အယှက် မျိုးစုံကြားကနေ ရတနာသိုက်ကြီးကို ရှာတွေ့သွားမလား၊ ဘယ်လိုပြဿနာမျိုး ပဟေဠိမျိုးတွေ ကြုံရဦးမလဲဆိုတာ Stop Motion Puppet အန်နီမေးရှင်းပုံစံမျိုးနဲ့ ကြည့်ရှုရမှာပါ။...
Je Jatt Vigarh Gya (2024) ⭐IMDB: 5.3/10 (752 Votes) 🎬 #Action #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Je Jatt Vigarh Gya (2024)”တုံးတိုက်ကျားကိုက်”===================================== ပေါလိဝုဒ် ရုပ်ရှင်လောကထဲမှာ တော်တော်လေးနာမည်ကြီးတဲ့မင်းသား ဂျေးရန်ဒဝါရဲ့ အသစ်ထွက်ရှိထားတဲ့ပန်ချာပီစကားပြော ရုပ်ရှင်ကို ပရိသတ်တွေအတွက်CM Bollywood Team ကနေ ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့.. ဂျေးရန်ဒဝါသရုပ်ဆောင်ထားတဲ့ဇာတ်ကောင် ဇာတ်လိုက်ဖြစ်သူဒလေဟာ ဟုတ်လည်းမခံ၊ မဟုတ်လည်းမခံတဲ့ တစ်ရွာလုံးနဲ့မတည့်တဲ့ဆတ်ဆတ်ကြဲ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့မျက်စိထဲ အချိုးမပြေသမျှ ဝင်ဝင်ဆုံးမတတ်လို့ သူတို့ရွာမှာဆိုရင်သူထိုးတာမခံဖူးတဲ့ယောက်ျားလေးတွေကို တစ်ရွာလုံးက နှိမ်ကြတဲ့အထိပါပဲ။ အဲဒီလို အိန္ဒိယရုပ်ရှင်ဇာတ်လိုက်တွေရဲ့ ဝိသေသတွေနဲ့ပြည့်စုံနေတဲ့ ဒလေဟာ သူတပါးကိုကူညီရင်း အင်မတန်မှအကျင့်ပျက်ခြစားနေတဲ့ ဆေးရုံကြီးတစ်ခုဖွင့်ထားတဲ့နိုင်ငံရေးသမားကြီးတွေနဲ့ ငြိသွားတဲ့အခါ ကြမ်းပုံရမ်းပုံတွေကို ပရိသတ်တွေ မြင်တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Kaale Angrej (2024) ⭐IMDB: 5.5/10 (15 Votes) 🎬 #Action #Bollywood 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kaale Angrej (2024)“မသမာမှုများ” ပန်ဂျာဘီစကားပြော ပညာပေးဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဂျေရက်ရှ်ဆိုတာ ဘွဲ့ရပြီးခါစမိန်းကလေးဖြစ်ပြီးအိန္ဒိယနိုင်ငံက အကျင့်ပျက်ခြစားမှုနဲ့ထိုင်ခုံနေရာအတွက် အရည်အချင်းထက်စာရင်ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ ယိုယွင်းနေတဲ့စနစ်ကို အလိုမကျသူသူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလည်း ဆင်းရဲမွဲတေမှုကိုအခွင့်ကောင်းယူကာ လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် ဒါ့အပြင် အဖက်ဖက်က သမာမှုတွေအကြောင်းနဲ့ခေါင်းဆောင်လုပ်သူတွေရဲ့ ဖိနှိပ်မှု၊ အသုံးချမှုတွေကိုဂျေရက်ရှ်ဆိုတဲ့ ကောင်မလေးက ဘယ်လိုတိုက်ခိုက်သွားနိုင်မှာလဲဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Hostile Dimensions (2023) ⭐IMDB: 4.8/10 (500 Votes) 🎬 #Horror #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 18 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Multiverse နဲ့ပတ်သက်တဲ့ရုပ်ရှင်တွေဟာ အခုခေတ်ကာလတွေမှာအများအပြားထွက်ခဲ့ကြတဲ့အထဲ ဒီကားလေးလည်းအပါအဝင်ဖြစ်ပါတယ်။ Emily နဲ့ Brian တို့နှစ်ယောက်ဟာ documentary ရိုက်နေစဉ် တံခါးတစ်ချပ်ကိုတွေ့ပြီး Emily တစ်ယောက်အဲ့တံခါးထဲကိုဝင်ရင်းပျောက်သွားပါတယ်။ Wolf Door လို့ခေါ်တဲ့အဆိုပါတံခါးတွေကနေတစ်ဆင့် ကိုယ်စိတ်ကူးယဉ်လိုက်တဲ့ကမ္ဘာမှန်သမျှကိုသွားနိုင်တာကို Sam နဲ့ Ash တို့သူငယ်ချင်းနှစ်ယောက်သိသွားပြီးနောက် Emilyကိုလိုက်ရှာကြရင်းဘယ်လိုမျိုးတွေကြုံရမလဲဆိုတာက Found Footageပုံစံဇာတ်လမ်းမျိုးအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း 85%အထိရှိထားတဲ့ Independence movie တစ်ခုဖြစ်တဲ့ လက်မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။...
Sweet Sixteen (2002) ⭐TMDB: 70% User Score 🎬 #Crime #Drama 🗓 2002 🎞 movie 🌎 #Germany #Spain #UnitedKingdom ⏰ 1 နာရီ 47 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လီယမ်ဆိုတဲ့ ဆယ့်ငါးနှစ်သားကောင်လေးဟာ သူ့အမေ ထောင်က လွတ်လာမှာကို စောင့်စားနေရင်း သူ့ပထွေးနဲ့ သူ့အဖိုးတို့ရဲ့ အသုံးချမှုကို ခံနေရတဲ့ သူ့အမေကို ကယ်တင်ဖို့ကြိုးစားတဲ့ ဇာတ်လမ်းလေးပါ သူ့အမေနဲ့အတူ ပိုကောင်းတဲ့ ဘဝတစ်ခုမှာ နေထိုင်နိုင်ဖို့ စိတ်ကူးယဥ်ရင်း သူလုပ်တတ်တဲ့ အလုပ်နဲ့ ပိုက်ဆံရှာပြီး အိမ်ဝယ်ဖို့ ကြိုးစားလေရဲ့ အဲဒီမှာ သူ့ပထွေး ဖွက်ထားတဲ့ ယာမတွေကို ခိုးပြီးရောင်းလေရဲ့ သူ့အသက် ၁၆ နှစ်ပြည့်ဖို့ တစ်ရက်အလိုနေ့ဟာ သူ့အမေ ထောင်က ထွက်လာတဲ့နေ့ပေါ့ ၁၆ နှစ်ပြည့်ရင် သူ့မွေးနေ့ကို သူသိပ်ချစ်တဲ့ သူ့အမေရယ် သူ့မိသားစုလေးရယ်နဲ့ အတူကုန်ဆုံးဖို့ မျှော်လင့်ထားတဲ့ လီယမ်… အရွယ်ငယ်ပေမယ့် တာဝန်ယူစိတ်ရှိတဲ့ လီယမ်… သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်က သူ့ကို ဘယ်လိုတွေ ပုံသွင်းသွားသလဲဆိုတာ ဒီကားလေးမှာ ရှုစားကြည့်လိုက်နော် ဒီကားကို ရိုက်ကူးထားသူကတော့ ဆင်းရဲမွဲတေမှုနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ သက်ရောက်မှုတွေကို အဓိက အသာပေးထောက်ပြတတ်တဲ့ ဒါရိုက်တာ ကန်လိုအာ့ချ်ပါ ကိန်းရုပ်ရှင်ပွဲတော်လိုမျိုးမှာ ဆုနှစ်ခါပြန်ရတဲ့ ရှားရှားပါးပါး ဒါရိုက်တာတွေထဲက တစ်ယောက်ပေါ့...
The Christmas Charade (2024) ⭐TMDB: 68% User Score 🎬 #Comedy #Drama #Romance #TVMovie 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ခရစ္စမတ်အတွက် ခရစ္စမတ် Vibeလေးနဲ့ လန်းလန်းဆန်းဆန်း ပေါပေါ့ပါးပါးကြည့်လို့ရမယ့် Rom Com အမျိုးအစားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ မိဘများရဲ့လောင်းရိပ်အောက်မိနေတဲ့ ဝစ်တနီဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာတော့ သူငယ်ချင်းတစ်ယောက်စီစဉ်ပေးတဲ့ ဘလိုင်းဒိတ်ကို အရဲစွန့်ပြီးသွားခဲ့ပါတော့တယ်။ ဘလိုင်းဒိတ်မှာတွေ့ရမည့်သူ မှားသွားသောအခါ၊မှားတွေ့မိတဲ့သူကလည်း အမှုလိုက်ဖို့အတွက် ရည်းစားအတုအဖြစ်ဟန်ဆောင်ဖို့သူကို စောင့်နေတဲ့စုံထောက်ဖြစ်နေေသောအခါ စိုးရိမ်စိတ်ကြီးတဲ့ကောင်မလေး ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ ၊ ပြောရခက်တဲ့စုံထောက်ကြီးနဲ့ ကြောက်တတ်တဲ့ကောင်မလေးကြားမှာ အချစ်စိတ်တွေဘယ်လိုပေါ်ပေါက်လာမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...
Kingsman: The Golden Circle (2017) ⭐TMDB: 70% User Score 🎬 #Action #Adventure #Comedy #Thriller 🗓 2017 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 22 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kingsman: The Golden Circle (2017) IMDb Rating (7.7) / Rotten Tomatoes (51 %) “Manners maketh man.” Gentleman ဆိုတာဘယ်လိုယောက်ကျားမျိုးလဲဆိုတာ ပြသဖို့ဆိုရင်တော့ Kingsman ရုပ်ရှင်တွေက အတိအကျကိုညွှန်းဆိုပြသနေတာပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဖြောင့်မတ်တည်ကြည်တဲ့ယောက်ျား.. အဝတ်အစားကစလို့ အပြောအဆိုအနေအထိုင် အမူအရာ အမူအကျင့် အားလုံးမှာ စမတ်ကျကျနဲ့ ယဉ်ကျေးတဲ့ယောက်ျား ဒီလို Gentleman ရဲ့ဝိသေသတွေနဲ့ မင်းသားကြီး Colin Firth ကို ဟယ်ရီအဖြစ် မြင်တွေ့ရတာက Kingsman ရုပ်ရှင်တွေရဲ့ အရသာပါပဲ။ Kingsman ဆိုတာကတော့ ကမ္ဘာကြီးကို တိတ်တဆိတ်ကယ်တင်နေတဲ့လျှို့ဝှက်အေးဂျင့်အဖွဲ့အစည်းပါ။ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေကို အခြေပြုထားတယ်ဆိုပေမယ့် မတူကွဲပြားတဲ့ တင်ဆက်ပုံတွေ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့ Kingsman ဆိုတဲ့ ရသသစ်တခုကို အပြည့်အဝပေးနိုင်ခဲ့ပါတယ်။ Kingsman: The Golden Circle (2017) ရုပ်ရှင်ကိုတော့ Kingsman: The Secret Service(2014) ရဲ့အဆက်အဖြစ်တင်ဆက်ထားပြီး ပထမကားက သရုပ်ဆောင်တွေ ဗီလိန်တွေကိုပါချိတ်ဆက်ထားပါတယ်။...
My Little Eye (2002) ⭐TMDB: 54% User Score 🎬 #Horror #Mystery #Thriller 🗓 2002 🎞 movie 🌎 #Canada #France #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Little Eye (2002) IMDb Rating (5.5) / Rotten Tomatoes (70%) Awards – 3 wins and 4 nominations ဒီကားကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ထားတဲ့ Slasher Horror/ Thriller အမျိုးအစားကားလေးပါ။ ဇာတ်လမ်းအစကတော့ လူငါးယောက်ကို လူသူအလှမ်းဝေးတဲ့နေရာမှာရှိတဲ့ အိမ်အိုကြီးထဲ ခြောက်လနေနိုင်ရင် ဒေါ်လာတစ်သိန်းစီပေးမယ်ဆိုပြီး ကမ်းလှမ်းတာကနေစထားတယ်။ အိမ်အနှံ့မှာလဲ ၀က်ဘ်ဆိုဒ်ဇာတ်လမ်းအတွက်ဆိုပြီး ရေချိုးခန်းပါမချန် ကင်မရာတွေတပ်ဆင်ထားတယ်။ ခြောက်လလောက်နေပြီးမှ နောက်ဆုံးအပတ်ရောက်တဲ့အခါမှာ ထိတ်လန့်စရာတွေနဲ့ သူတို့ရဲ့အတိတ်ကဖြစ်ရပ်တွေက ခြောက်လှန့်ဖို့ရောက်ရှိလာပါတယ်။ အကုန်လုံးကတော့ ပိုက်ဆံမပေးချင်လို့ ကုမ္ပဏီကဇာတ်လမ်းထွင်တာလို့ ကောက်ချက်ချထားပေမဲ့ တကယ်ရောဟုတ်ပါ့မလား အချင်းချင်းကြားထဲမှာကတောက်ကဆတွေဖြစ်လာပြီး စိတ်၀မ်းကွဲလာကြတဲ့အခါ နောက်ဆုံးရက်အထိ အတူတောင့်ခံနိုင်ကြပါ့မလား စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ကိုယ်လုံးတီးဇာတ်၀င်ခန်းတချို့နဲ့ လိင်ဆက်ဆံခန်းတချို့ပါ၀င်လို့ သတိချပ်ကြည့်ရှုစေလိုပါတယ်။) (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri Swe ဖြစ်ပါတယ်။)...
Kingsman: The Secret Service (2014) ⭐IMDB: 7.7/10 (737 k Votes) 🎬 #Action #Adventure #Comedy #Thriller #Crime 🗓 2014 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kingsman: The Secret Service (2014) IMDb Rating (7.7) / Rotten Tomatoes (75 %) “Manners maketh man.” Gentleman ဆိုတာဘယ်လိုယောက်ကျားမျိုးလဲဆိုတာ ပြသဖို့ဆိုရင်တော့ Kingsman ရုပ်ရှင်တွေက အတိအကျကိုညွှန်းဆိုပြသနေတာပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဖြောင့်မတ်တည်ကြည်တဲ့ယောက်ျား.. အဝတ်အစားကစလို့ အပြောအဆိုအနေအထိုင် အမူအရာ အမူအကျင့် အားလုံးမှာ စမတ်ကျကျနဲ့ ယဉ်ကျေးတဲ့ယောက်ျား ဒီလို Gentleman ရဲ့ဝိသေသတွေနဲ့ မင်းသားကြီး Colin Firth ကို ဟယ်ရီအဖြစ် မြင်တွေ့ရတာက Kingsman ရုပ်ရှင်တွေရဲ့ အရသာပါပဲ။ Kingsman ဆိုတာကတော့ ကမ္ဘာကြီးကို တိတ်တဆိတ်ကယ်တင်နေတဲ့လျှို့ဝှက်အေးဂျင့်အဖွဲ့အစည်းပါ။ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေကို အခြေပြုထားတယ်ဆိုပေမယ့် မတူကွဲပြားတဲ့ တင်ဆက်ပုံတွေ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့ Kingsman ဆိုတဲ့ ရသသစ်တခုကို အပြည့်အဝပေးနိုင်ခဲ့ပါတယ်။ Kingsman:The Secret Service (2014) ရုပ်ရှင်မှာတော့ မင်းသားကြီး Colin Firth,Samuel L.Jackson , Mark Strong , Michael Caine တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ပြီး လူငယ်သရုပ်ဆောင် Taron Egerton က အဓိကသရုပ်ဆောင် Kingsman Agent အဖြစ်ပါဝင်ထားပါတယ်။...
Hello Ghost (2010) ⭐IMDB: 7.5/10 (5 k Votes) 🎬 #Comedy #Drama #Family #Romance 🗓 2010 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 51 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hello Ghost (2010) ******************** IMDb… 7.5 ဒီတစ်ခါ တင်ဆက်ပေးမယ့် သရဲဟာသရုပ်ရှင်ကားကောင်းမှာတော့ Cha Tae Hyun, Kang Ye Won, Ko Chang Seok, Jang Young Nam တို့လို ဝါရင့် သမ္ဘာရင့်ကြီးများစွာပါဝင် သရုပ်ဆောင်ထားတဲ့အတွက် ကြည့်လိုက်တာနဲ့ နောင်တမရစေမဲ့ ကားဆိုတာတော့ အသေအချာပါပဲ။ ဇာတ်လမ်းကတော့ ဂန်ဆန်းမန် (Cha Tae Hyun)ဟာ ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ အကြိမ်ကြိမ် ကြိုးစားနေတဲ့ တစ်ကောင်ကြွက်တစ်ယောက်ပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ဖြစ်ခဲ့သူပေါ့။ တစ်ရက် အဆုံးစီရင်ဖို့ကြိုးစားရင်း ဆေးရုံကိုရောက်သွားပြီးနောက်ပိုင်း ထူးထူးခြားခြား သရဲတွေကို စမြင်လာသလို သရဲ၄ကောင်က သူ့ခန္ဓာကိုယ်ကို အတူတူမျှသုံးပြီး သူ့အိမ်အထိပါ ကပ်လိုက်လာတဲ့အတွက် သရဲတွေကို နှင်ထုတ်ဖို့ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ညှိနှိုင်းပြီးတဲ့အခါမှာတော့… အထီးကျန်ပြီး သေချင်နေတဲ့ ဂန်ဆန်းမန်တစ်ယောက် သရဲတွေရဲ့ဆန္ဒကို လိုက်ဖြည့်ဆည်းပေးရင်း ဘယ်လို အလွဲဟာသလေးတွေ ဖြစ်မလဲ ဆိုတာကို မြှုပ်ကွက်လေးတွေနဲ့ အတူ ရသမျိုးစုံနဲ့ အဆုံးထိ စိတ်ဝင်စားဖို့ကောင်းအောင် ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကြီးမလို့ ကိုယ်တိုင်ခံစားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်နော်။ (ဇာတ်လမ်းအကျဉ်းကို ToeToe Aung မှ ရေးသားပေးထားပါတယ်။)...
Cliff Walkers (2021) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Crime #Drama #History #Thriller 🗓 2021 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျပန်စစ်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားကြသူတွေဟာ တိုင်းပြည်အတွက်အနစ်နာခံကာ သေပွဲဝင်ဖို့အမြဲတမ်း အသင့်ဖြစ်နေကြတဲ့သူတွေပါမနက်ဖြန် နေထွက် နေဝင်တာကို မြင်ရ မမြင်ရ မသေချာဘဲနဲ့ဆက်လက်လျှောက်လှမ်းနေကြတဲ့ ရဲရင့်တဲ့သူရဲကောင်းတွေပဲဖြစ်ကြပါတယ် ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဂျပန်စစ်သားတွေအုပ်စိုးချိန်တရုတ်တော်လှန်ရေးသမားတွေဖြစ်တဲ့ ကွန်မြူနစ်တွေ ဘယ်လောက်ခက်ခဲကြမ်းတမ်းစွာ စစ်ဆင်ရေးဆင်းရပုံတွေကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းအရာလေးကတော့…တရုတ်ကွန်မြူနစ်ဌာနချုပ်ဟာ အူတာနယာစစ်ဆင်ရေးကို လုပ်ဆောင်ဖို့သေသေချာချာလေ့ကျင့်ရေးဆင်းထားတဲ့ လျှို့ဝှက်အေးဂျင့် လေးယောက်ကိုဟာပင်းကို စေလွှတ်လိုက်ပါတယ် ဒါပေမဲ့လည်း သူတို့ရဲ့အတွင်းလူသစ္စာဖောက်ခံရပြီးသရုပ်မှန်ပေါက်ကြားဖို့ဖြစ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက်ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကိုစိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်...
Jatt Nuu Chudail Takri (2024) ⭐IMDB: 5.1/10 (4 k Votes) 🎬 #Bollywood #Comedy #Romance #Drama #Fantasy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jatt Nuu Chudail Takri 2024 ချစ်ရပါသောမာယာရှင် IMDb-5.0/10 အိမ်ထောင်သည်သူငယ်ချင်းများကြားကလူလွတ်အမောင်ဂျာလာလူကတော့သူငယ်ချင်းတွေကို ကွာရှင်းဖို့တိုက်တွန်းတတ်တဲ့ အဖွဲ့ထဲကဇိုးတစ်ကောင်ပေါ့။ တိုတောင်းလှတဲ့ဘဝကြီးမှာ စုန်းမနဲ့တူတဲ့ မာယာများတဲ့ မိန်းမဆိုတာတစ်ယောက်တည်းထားရတာ မတန်ဘူး လိုက်ပွဲလေးတွေနဲ့ပျော်ပါးရမှာဆိုပြီးဂျင်းသိပ်ကောင်းလို့ သူငယ်ချင်းတွေလည်း သူနဲ့စော်ကြူရင်း မိန်းမဆီမှာ အတွယ်ခံရတာပေါ့။ ဒီလိုနဲ့ အလံနီကောင်ဆိုးလေး ဂျာလာလူရဲ့ဘဝထဲက ရာနီဆိုတဲ့မိန်းမချောလေး ဝင်ရောက်လာပြီးတော့ အိပ်မက်ထဲအထိပါစိုးမိုးပြီး တစ်ကိုယ်တော်ဝါဒီကိုချေချွတ်ပြီးသကာလမှာ၊ ရာနီက တကယ်ပဲစုန်းမလေးဖြစ်နေတာကို တစ်စတစ်စ သတိထားမိလာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
