en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
House of Gucci (2021) ⭐IMDB: 6.6/10 (147 k Votes) 🎬 #Biography #Crime #Drama #History 🗓 2021 🎞 movie 📺 #720p #1080p #4K #480p 💿 1.0 GB ⦿ 2.7 GB ⦿ 3.8 GB ⦿ 711.1 MB 🌎 #UnitedStates #Canada #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 38 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူအတော်များများမျှော်နေတဲ့ကားလေး လာပါပြီ။ ကမ္ဘာကျော် ဘရန်းတစ်ခုဖြစ်တဲ့ ဂူချီရဲ့ မူလအစမိသားစုအကြောင်းပါပဲ။ ဖြစ်ရပ်မှန်ကို ကြားဖူးဖတ်ဖူးပြီးသားလူတွေကတော့ သိနှင့်မှာပါ။ မသိသေးတဲ့လူတွေအတွက်တော့ ကြည့်လို့ပိုကောင်းနေမှာပါပဲ။ ရှုပ်ထွေးတဲ့ လိမ်လည်မှုတွေ မှုခင်းတွေနဲ့ စိတ်ဝင်စားစရာဇာတ်လမ်းပါပဲ။ သရုပ်ဆောင်တွေကလည်း အဒမ်ဒရိုင်ဗာ၊ လေဒီဂါဂါ၊ အယ်ပါချီနို၊ ဂျားရတ်လယ်တို တို့ဖြစ်လို့ All Stars လို့ပဲ ပြောရမှာပါပဲ။ အားရပါးရကြည့်နိုင်ပါပြီ...

Sing 2 (2021) ⭐IMDB: 7.4/10 (77 k Votes) 🎬 #Adventure #Animation #Comedy #Family #Musical 🗓 2021 🎞 movie 📺 #4K #1080p #720p #640p 💿 4.6 GB ⦿ 1.7 GB ⦿ 905.5 MB ⦿ 300.8 MB 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sing 2 (2022) အားလုံး​စောင့်​​မျှော်​နေကြတဲ့ Sing 2 က​တော့ ​စောင့်ရကျိုးနပ်​အောင်Soundtrackအမိုက်စား​တွေ၊ လှပတဲ့ Animation​ ရိုက်ချက်တွေနဲ့အတူ ထွက်ရှိလာပါပြီ ပါဝင်တဲ့ Cast​တွေကလည်း Matthew McConaughey, Bono, Scarlet Johansson,Letitia Wright, Halsey,Pharrell Williams တို့လို ထိပ်သီးCast​​တွေ artist​တွေက အသံသရုပ်​ဆောင်​ပေးထားလို့Sing 1တုန်းက သ​ဘောကျခဲ့ရတဲ့ soundtrack တွေလို Sing 2မှာ ထပ်မံခံစားရဦးမှာပါ၊ – IMDbအ​နေနဲ့ 7.6– RottenTomatoesမှာ 70%ရရှိထားပါတယ် Sign 1အပြီး ကဇာတ်ရုံကြီး ပြန်ဖွင့်ခွင့်ရ​သွားတဲ့ Buster Moonနဲ့ သူ့ရဲ့ ​တေးသရုပ်​ဖော်အဖွဲ့ဟာဒီတစ်​ခေါက်မှာ​​ ကမ္ဘာ့​ဖျော်​ဖြေ​ရေးမြို့​တော်ကြီးဖြစ်တဲ့ Redshore Cityအထိ တက်​ပြီးကမ္ဘာနဲ့ချီ​အောင် အောင်မြင်တဲ့ ​တေးသရုပ်​ဖော်အဖွဲ့ဖြစ်ဖို့ ကြိုးစားကြပါတယ်၊ဒါ​ပေမဲ့ သူတို့ရဲ့​ဖျော်​ဖြေပွဲကြီး ​အောင်မြင်ဖို့ လိုအပ်​​နေတာက​တော့ဇနီးသည် သေဆုံးပြီးကတည်းက ၁၅နှစ်ကြာ အများမြင်ကွင်းက​ပျောက်​နေတဲ့ကမ္ဘာ​ကျော် Rock Starကြီး Clay Callowayကို သူတို့​ဖျော်​ဖြေပွဲမှာ ပါဝင်လာ​အောင် ​ခေါ်ရမှာပါ၊အသည်းကွဲ​ရော့ခ်ဘုရင်ကြီး Clayကို Buster Moonတို့တစ်သိုက် ရ​အောင်ခေါ်နိုင်မှာလား၊သူတို့ရဲ့ရှိုးပွဲက တစ်ကမ္ဘာလုံးက နားဆင်သူ​တွေရဲ့ ရင်ကိုဖမ်းစားနိုင်ပြီး​​အောင်မြင်တဲ့​တေးသရုပ်​ဖော်အဖွဲ့ကြီး ဖြစ်သွားမလားဆိုတာကိုသီချင်းအမိုက်စား အလျှံအပယ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်...

Eternals (2021) ⭐IMDB: 6.3/10 (363 k Votes) 🎬 #Action #Adventure #Fantasy #ScienceFiction #SciFi 🗓 2021 🎞 movie 📺 #720p #1080p #4K 💿 1.4 GB ⦿ 2.9 GB ⦿ 292.5 MB ⦿ 4.2 GB 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 36 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Eternals (2021) ============= IMDb Rating – 6.8/10 မာဗယ်ရဲ့ စူပါဟီးရိုးအသစ်တွေ လာပါပြီ။ မူလပထမအစမှာ…. ဧကဖြစ်တည်မှု ၆ ခု မတိုင်ခင်၊ ဖန်ဆင်းမှုကြီးမတိုင်ခင် ဖန်ဆင်းရှင်များ ရှိခဲ့ပါတယ်။ မဟာဖန်ဆင်းရှင် အာရစ်ရှမ်ဟာ ပထမဆုံးသော နေကို ဖန်ဆင်းပြီး စကြဝဠာကို အလင်းပေးခဲ့တယ်ပေါ့။ အဲ့လိုနဲ့ သက်ရှိတွေ စတင်ဖြစ်ပေါ်လာပြီး ဟန်ချက်ညီစွာ သာယာဝ ပြောခဲ့ကြတယ်။ အဲ့ဒီလိုပဲ အာကာသရဲ့ နက်ရှိင်းတဲ့နေရာတွေဆီမှာလည်း ဒီးဗီးယန့်ဆိုတဲ့ ထူးခြားတဲ့ မျိုးစိတ်တွေ ဖြစ်ပေါ်လာပြီးအသိဉာဏ်ရှိ သက်ရှိတွေကို စားသုံးလာကြတဲ့အခါ စကြဝဠာကြီးလည်း ကစင့်ကလျားဖြစ်ကုန်ပါတော့တယ်။ ဒီလိုဖြစ်ပျက်နေတဲ့ သဘာဝတရားကို ပုံမှန်ဖြစ်စေဖို့ အာရစ်ရှမ်ဟာ အိုလမ်ပီယာဂြိုလ်မှ မသေမျိုးသူရဲကောင်းတွေဖြစ်တဲ့ အီတာနယ်တွေကို စေလွှတ်ပြီး ဒီးဗီးယန့်တွေကို ရှင်းလင်းစေခဲ့တယ်။ မဟာအီတာနယ် အာဂျက်ဦးဆောင်တဲ့ အီတာနယ်တွေဟာ အာရစ်ရှမ်အပေါ်ကို စွဲစွဲမြဲမြဲသစ္စာရှိခဲ့ပေမဲ့ တာဝန်တစ်ခုနဲ့တွေ့လာတဲ့အခါ အရာရာ ပြောင်းလဲသွားပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)...

10 Things I Hate About You (1999) ⭐IMDB: 7.3/10 (361 k Votes) 🎬 #Comedy #Drama #Romance 🗓 1999 🎞 movie 📺 #720p #1080p #4K 💿 984.4 MB ⦿ 1.6 GB ⦿ 2.4 GB 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်မှာ မင်းသားကြီး Health Ledger နဲ့ မင်းသမီး Julia Stiles တို့ အဓိကပါဝင်ထားပြီး သူတို့နှစ်ယောက်ဘယ်လောက်တောင် တွဲဖတ်ညီခဲ့လဲဆိုရင် ဇာတ်ကားရိုက်ကူးနေစဉ်မှာပဲ တကယ်တွဲဖြစ်ခဲ့ကြပါတယ်…. ဇာတ်ဝင်ခန်းမှာ Julia ရဲ့တောင်းဆိုချက်ကြောင့်  Frankie Valli ရဲ့”Can’t take my eyes off you” သီချင်းကို Health Ledger ကိုယ်တိုင် သီဆိုခဲ့ပြီး ဒီ Scene ဟာ လူတိုင်းရင်ကို ကြည်နူးစေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာက လူငယ်တွေကြား အခုချိန်ထိ အသည်းစွဲနေတဲ့ဇာတ်ကားဖြစ်ပြီး Rating မြင့်တဲ့ Romance Comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့… ကမ်မရွန် ဆိုတဲ့ ကျောင်းသားလေး ပါဒွာ ဆိုတဲ့ ကျောင်းတော်ကြီးမှာ ကျောင်းစတက်တဲ့ နေ့မှာဘဲ ဘီယန်ကာဆိုတဲ့ စော်ချောချောလေးကို တွေ့ပြီး ခွက်တော့တာပဲ… ဘီယန်ကာ မှာ ကတ် ဆိုတဲ့ ဂွကျကျ အမ တစ်ယောက်ရှိပါတယ်.. ကတ်က လူမှုဆက်ဆံရေးညံ့ပြီး ဘဲမထားဘူးတဲ့.. ဒါကို သိတဲ့ သူတို့ အဖေကြီးက အမ ရည်းစားထားမှ ညီမလဲ ရည်းစားထားရမယ် ဆိုတဲ့ စည်းကမ်းချလိုက်တော့တာဘဲ.. ကမ်မရွန် ခင်မျာ ဘီယန်ကာဆိုတဲ့ အချစ်နတ်သမီး လေးကို လိုချင်ဇောနဲ့ ကြံရတော့တာဘဲ. . ဘယ်လို အကြံလဲဆိုတော့ အမဖြစ်သူ ကတ် ကို ပတ်ထရစ် ဆိုတဲ့ ဂျစ်ပစီဘွိုင်းကို လိုက် ခ ပေးပြီးတော့ပေါ့ လိုက်ခိုင်းတာပါ လိုက်ခ ပေးဖို့ ပိုက်ဆံမရှိပြန်တော့ တစ်မျိုးကြံရပြန်ပါတယ် ဘီယန်ကာကို အပိုင်ရအောင်ကြံချင်နေတဲ့ ဂျိုဝီဆိုတဲ့ သူဠေးသားလဲ ရှိပါသေးတယ် ကမ်မရွန်ရဲ့ အကြံကတော့ ဂျိုဝီကို မလိမ့်တပတ်နဲ့ ကပ်ပေါင်းပြီး ပတ်ထရစ်ကို ပိုက်ဆံ ပေးခိုင်းတာပါ ပတ်ထရစ်ကရော လိုက်ခယူပြီး ကတ် ဆိုတဲ့ လူ့ဂွစာ ကောင်မလေးကို လိုက်ရင်းနဲ့ တကယ်ချစ်သွားမလား ကမ်မရွန်ကကော သူ့အကြံအောင်မြင်ပြီး ဘီယန်ကာ ကို ပိုင်ဆိုင်မလား လူလည်ကျခံ လိုက်ရတဲ့ ဂျိုဝီကကော အငြိမ်နေမှာလားဆိုတာ………။ ရင်ခုန်ကြည်နူးစရာ တင်ဆက်ပုံတွေကြောင့် ကြည့်မိသူတိုင်း သိပ်ချစ်ကြရတဲ့ ဇာတ်ကားလေးပါပဲ။...

Bunty Aur Babli 2 (2021) ⭐IMDB: 4.1/10 (4 k Votes) 🎬 #Bollywood #Comedy #Romance #Crime #Drama 🗓 2021 🎞 movie 📺 #720p #4K #1080p 💿 1.0 GB ⦿ 4.5 GB ⦿ 2.3 GB 🌎 #India ⏰ 2 နာရီ 18 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အမီတာဘဂျမ်းတို့သားအဖနဲ့ငွေကြေးအရရော အနုပညာအရပါအောင်မြင်ပြီးအပြင်မှာပါ ရုပ်ရှင်ထဲကအတိုင်း ပုံတူကူးလိမ်လည်မှုတွေဖြစ်ပေါ်လာတဲ့အထိ ဩဇာကြီးခဲ့တဲ့Bunty Aur Babli ရဲ့ ​နောက်ဆက်တွဲ​ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပထမကားနဲ့ ၁၅ နှစ်အကွာမှာ ဇာတ်လမ်းကိုပြန်လည်စတင်ထားပါတယ်။အခုချိန်မှာတော့ ဘန်တီနဲ့ ဘာဘလီတို့ လူလိမ်ဝိဇ္ဇာ ၂​ယောက်ဟာ မိသားစု တစ်ခု ထူ​ထောင်ပြီး ​အေး​​အေး​ဆေး​ဆေး ဘဝကို ဖြတ်သန်း​နေကြပါပြီ. သား​လေးတစ်​ယောက်နဲ့ ​ပျော်ရွှင်စွာ​နေထိုင်ရင်းနဲ့ တစ်​နေ့မှာ​တော့ဘန်တီနဲ့ဘာဘလီတို့ရဲ့ လှည့်ကွက်​တွေ ပြန်​ပေါ်လာပါပြီ ဆိုပြီး လူတိုင်းပါးစပ်ဖျား​ပေါ် ပြန်​ရောက်လာကြပါ​​တော့တယ်.သက်လတ်ပိုင်း​ရောက်​နေကြတဲ့ ဘန်တီနဲ့ ဘာဘလီတို့လဲ သူတို့မလုပ်တဲ့ လိမ်လည်မှု​တွေနဲ့ စွပ်စွဲခံရပါ​တော့တယ်။ရဲအရာရှိ ဂျတာယူဟာ ဒီလက်သစ် ဘန်တီ-ဘာဘလီကို သဲလွန်စ ရှာမရတာ​ကြောင့်မူလ ဘန်တီ-ဘာဘလီတို့ကို က​လေးနဲ့ ခြိမ်း​ခြောက်ပြီး စုံစမ်း​ရေးမှာ ပါဝင်ဖို့ ခိုင်းစေခဲ့ပါတယ်။၁၅နှစ်အကြာမှ ဒီနယ်ပယ်ထဲ ပြန်ဝင်လာရတာမို့အနားယူထားတဲ့ ကာလရှည်အတွင်း သူတို့အရည်အချင်းတွေလျော့ပါးကုန်ပြီလား။ပြောင်းလဲသွားတဲ့ ခေတ်မှီနည်းပညာနဲ့ကွာဟသွားတဲ့ခေတ်အခြေအနေတွေကြားမှာ သူတို့ကိုပုံတူကူးကျူးလွန်နေတဲ့လူငယ်စုံတွဲနဲ့ ဘယ်လိုဉာဏ်များယှဉ်ပြိုင်ကြမလဲဆိုတာ ဟာသတွေနှောပြီး ရယ်မောပျော်ရွှင်စွာရှုစားကြရမှာပါ။ ပထမကားက Abhishek နေရာမှာ Saif Ali Khan ပါဝင်လာပြီး Rani နဲ့ဇာတ်ကားပေါင်းများစွာတွဲဖက်အောင်မြင်ခဲ့သူပီပီလိုက်ဖက်ညီအပေးအယူမျှစွာတွေ့မြင်ရပါလိမ့်မယ်။ လူငယ်စုံတွဲ ဘန်တီအာဘာဘလီလက်သစ်အဖြစ် Gully boy ဇာတ်ကားနဲ့ပေါက်လာတဲ့Siddhant Chaturvedi နဲ့ မင်းသမီးသစ်လေး Sharvari Wagh ကိုမိတ်ဆက်တွဲဖက်ပေးထားပါတယ်။ ပေါ့ပေါ့ပါးပါးသဘာ၀ကျတဲ့ဟာသတွေ သီချင်းကောင်းကောင်းလေးတွေနဲ့ ယောက်ျားရပြီးကားရိုက်ကျဲသွားတဲ့မမကြီး ရာနီးကိုအရင်တုန်းကလို လှလှပပ ခေတ်မှီသွက်လက်တဲ့ဇာတ်ရုပ်နဲ့တစ်မျိုး ဂွတီးဂွကျလူလတ်ပိုင်းအိမ်ထောင်ရှင်မကြီးအဖြစ်ပါ တစ်ဝကြီးတွေ့မြင်ရမှာပါ။...

Carmen (2022) ⭐IMDB: 6.3/10 (359 Votes) 🎬 #Comedy #Drama #Romance #Music #Musical 🗓 2022 🎞 movie 📺 #1080p #720p 💿 1.4 GB ⦿ 616.6 MB 🌎 #Australia #France ⏰ 1 နာရီ 56 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ Carmenဆိုတဲ့ အမျိုးသမီးလေး အကြောင်းကို ရိုက်ကူးထားတဲ့ Musical၊ Drama movieလေးဖြစ်ပါတယ်။ ဇာတ်ကားဆိုတာထက် အော်ပရာပိုဆန်တယ်ဗျ။ ဘာလို့ဆို ၁၈၇၅ခုနှစ်လောက်က Carmenဆိုတဲ့နာမည်နဲ့ ပြင်သစ် အော်ပရာကိုအခြေခံကာ ပြန်ရိုက်ကူးထားတာပါ…။ သို့ပေမဲ့ အော်ပရာထဲက စာသားအချို့ကိုသာယူသုံးထားပြီး ဇာတ်ကွက်တွေ ခေတ်ကာလတွေကိုတော့ အကုန်ပြောင်းလဲထားပါတယ်။ အော်ပရာကြည့်သလို ငြိမ်ငြိမ်လေး ထိုင်ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့စရာပါပဲ…။ ဇာတ်လမ်းအကျဥ်းကတော့ ကာမန်ဆိုတဲ့ ဂျစ်ပစီမလေးဟာ ဆုံးသွားတဲ့ မိခင်ကြီးရဲ့အမှာ စကားအတိုင်း အ‌‌ဒေါ်ဖြစ်သူကိုရှာဖို့ မက်ဆီကိုကနေ အမေရိကန်ကို ခိုးဝင်လာပါတယ်…။ ဖြစ်ချင်တော့ အမေရိကန်နယ်စပ်စောင့်ရဲတွေဟာ ခိုးဝင်လာသူတွေကို အမဲလိုက်သလို ပစ်ခတ်သတ်ပစ်လေ့ရှိပါတယ်…။ ဒီတော့ ကာမန်အတွက်က ဖမ်းမိသွားရင် အသက်ဆုံးမယ့်အခြေအနေပေါ့…။ ကံတရားလို့ပဲ ပြောမလား ဒီအခြေအနေက ကာမန်ကိုကယ်တင် ပေးခဲ့သူက အေဒင်ဆိုတဲ့ မရိန်းတပ်သားဟောင်းလေးပါ…။ အေဒင်ဟာ ကာမန်ကို ကယ်တင်ရင်းနဲ့ ရဲတစ်ယောက်သတ်မိပြီး ဝရမ်းပြေးဖြစ်ခဲ့ရပါတယ်..။ ဒီလိုနဲ့ ကာမန်နဲ့ အေဒင်တို့နှစ်ဦးသား ဥပဒေလက်ကလွတ်အောင် ပြေးရင်းလွှားရင်း…ဂျစ်ပစီဆန်ဆန်လေလွှင့်ကြရမယ့် ဇာတ်လမ်း အော်ပရာလေးကို ခံစားကြည့်လိုက်ပါဦး…။...

Atrangi Re (2021) ⭐IMDB: 6.5/10 (27 k Votes) 🎬 #Comedy #Drama #Romance #Fantasy #Musical 🗓 2021 🎞 movie 📺 #1080p #4K #720p #640p 💿 4.6 GB ⦿ 1.9 GB ⦿ 1.1 GB ⦿ 333.8 MB 🌎 #India ⏰ 2 နာရီ 18 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Atrangi Re (2021) ရင်ကူး(Sara Ali Khan) ဟာ သူ့ချစ်သူမျက်လှည့်ဆရာလေး ဆာဂျတ်ဒ်အလီ (Akshay Kumar) ကိုအရူးအမူးချစ်ခင်စွဲလန်းသူဖြစ်ပါတယ်။မတူညီတဲ့ ဘာသာရေးနောက်ခံတွေကြောင့်ရင်ကူးရဲ့အယူအစွဲကြီးတဲ့အသိုင်းအ၀ိုင်းဟာ သူခိုးရာလိုက်ပြေးတိုင်း မရရအောင်လိုက်ခွဲလေ့ရှိပြီးနောက်ဆုံးတစ်ကြိမ်မှာတော့ ဆာဂျတ်ဒ် မဟုတ်ရင်ပြီးရောဆိုပြီးလူတစ်ယောက်ကိုပြန်ပေးဆွဲခေါ်လာပြီး အတင်းအကျပ်လက်ထပ်ပေးလိုက်ပါတော့တယ်၊အဲ့ဒီလူကတော့ တမီလ်နာဒူးပြည်နယ်ကလာတဲ့ ဆရာဝန်လောင်းလေးဖြစ်တဲ့ ဗီရှူး (Dhanush) ပါပဲ။ပြဿနာက ဗီရှူးမှာလဲ မကြာခင်စေ့စပ်တော့မယ့်သတို့သမီးလောင်းရှိနှင့်နေပြီးဖြစ်နေတာပါ။မိဘသဘောတူရုံသက်သက် အချစ်ဆိုတာ ဘာမှန်းမသိဘဲ လက်ထပ်လုဆဲဆဲ ဗီရှူးဟာတစ်ပါးသူကိုအရူးအမူးချစ်နေတဲ့ ရင်ကူးကိုစွဲလန်းစပြုလာရာကနေသုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုအဖြစ်အသက်ဝင်လာပါတော့တယ်။ Dhanush ရဲ့နာမည်ကျော် hindi ဇာတ်ကား Raanjhanaa ရဲ့ဖန်တီးရှင် ဒါရိုက်တာကြီး Aanand L. Rai ရဲ့လက်ရာဖြစ်ပြီးဂီတပိုင်းကိုတာဝန်ယူထားတဲ့သူက A R Rahman ဖြစ်နေတဲ့အတွက် သီချင်းကောင်းကောင်းလေးတွေ လှပတဲ့ရှုမျှော်ခင်းတွေရိုက်ကွင်းရိုက်ကွက်တွေကို ရိုးရာဟန်မပျောက်ဘဲ တွဲဖက်မြင်တွေ့ရမှာပါ။ဇာတ်လမ်းကိုယ်တိုင်ကလဲ ထွေလာထဲကနဲ့မတူပဲထူးခြားတဲ့အချိုးအကွေ့အလှည့်အပြောင်းတွေကိုမြင်တွေ့ရပါလိမ့်မယ်။ အညွှန်းကိုတော့ Alias က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Alias, Pyi Ti Nyein နဲ့ Chit Tee တို့ပဲ ဖြစ်ပါတယ်။...

Encanto (2021) ⭐IMDB: 7.2/10 (240 k Votes) 🎬 #Adventure #Animation #Family #Fantasy #Comedy #Musical 🗓 2021 🎞 movie 📺 #1080p #720p #4K 💿 728.2 MB ⦿ 1.2 GB ⦿ 4.5 GB ⦿ 506.7 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Walt Disney ရဲ့ ​​နောက်ထပ်မင်းသမီးတစ်ပါး ထပ်​ပေါ်ထွက်လာမယ့် Encanto ဇာတ်ကား​လေးထွက်လာပါပြီ၊ Disneyကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ် Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊ ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊ တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊ သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ...

Carmen (2022) ⭐IMDB: 6.0/10 (330 Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 📺 #1080p #720p 💿 1.4 GB ⦿ 616.6 MB 🌎 #Australia #France #Malta #Canada ⏰ 1 နာရီ 56 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ Carmenဆိုတဲ့ အမျိုးသမီးလေး အကြောင်းကို ရိုက်ကူးထားတဲ့ Musical၊ Drama movieလေးဖြစ်ပါတယ်။ ဇာတ်ကားဆိုတာထက် အော်ပရာပိုဆန်တယ်ဗျ။ ဘာလို့ဆို ၁၈၇၅ခုနှစ်လောက်က Carmenဆိုတဲ့နာမည်နဲ့ ပြင်သစ် အော်ပရာကိုအခြေခံကာ ပြန်ရိုက်ကူးထားတာပါ…။ သို့ပေမဲ့ အော်ပရာထဲက စာသားအချို့ကိုသာယူသုံးထားပြီး ဇာတ်ကွက်တွေ ခေတ်ကာလတွေကိုတော့ အကုန်ပြောင်းလဲထားပါတယ်။ အော်ပရာကြည့်သလို ငြိမ်ငြိမ်လေး ထိုင်ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့စရာပါပဲ…။ ဇာတ်လမ်းအကျဥ်းကတော့ ကာမန်ဆိုတဲ့ ဂျစ်ပစီမလေးဟာ ဆုံးသွားတဲ့ မိခင်ကြီးရဲ့အမှာ စကားအတိုင်း အ‌‌ဒေါ်ဖြစ်သူကိုရှာဖို့ မက်ဆီကိုကနေ အမေရိကန်ကို ခိုးဝင်လာပါတယ်…။ ဖြစ်ချင်တော့ အမေရိကန်နယ်စပ်စောင့်ရဲတွေဟာ ခိုးဝင်လာသူတွေကို အမဲလိုက်သလို ပစ်ခတ်သတ်ပစ်လေ့ရှိပါတယ်…။ ဒီတော့ ကာမန်အတွက်က ဖမ်းမိသွားရင် အသက်ဆုံးမယ့်အခြေအနေပေါ့…။ ကံတရားလို့ပဲ ပြောမလား ဒီအခြေအနေက ကာမန်ကိုကယ်တင် ပေးခဲ့သူက အေဒင်ဆိုတဲ့ မရိန်းတပ်သားဟောင်းလေးပါ…။ အေဒင်ဟာ ကာမန်ကို ကယ်တင်ရင်းနဲ့ ရဲတစ်ယောက်သတ်မိပြီး ဝရမ်းပြေးဖြစ်ခဲ့ရပါတယ်..။ ဒီလိုနဲ့ ကာမန်နဲ့ အေဒင်တို့နှစ်ဦးသား ဥပဒေလက်ကလွတ်အောင် ပြေးရင်းလွှားရင်း…ဂျစ်ပစီဆန်ဆန်လေလွှင့်ကြရမယ့် ဇာတ်လမ်း အော်ပရာလေးကို ခံစားကြည့်လိုက်ပါဦး…။...

Hawa (2022) ⭐IMDB: 7.9/10 (5 k Votes) 🎬 #Bollywood #Drama #Mystery #Uncategorized #Fantasy 🗓 2022 🎞 movie 📺 #1080p #720p 💿 2.2 GB ⦿ 1.0 GB 🌎 #Bangladesh #France ⏰ 2 နာရီ 6 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hawa(2022)7.9/10 ယူအက်စ်ဒေါ်လာနဲ့ဆိုတစ်သန်းကျော်အထိ ရုံတင်ငွေရရှိခဲ့ပြီးဘင်္ဂလားဒေ့ရှ်အော်စကာကော်မတီကနေ၉၅ကြိမ်မြောက်အော်စကာဆုပေးပွဲအတွက်နိုင်ငံတကာရုပ်ရှင်ဆုစကာတင်စာရင်းမှာထည့်သွင်းဖို့ပေးပို့ခဲ့တဲ့ ဘင်္ဂါလီစကားပြော ဘင်္ဂလားဒေ့ရှ်ဇာတ်ကားပဲဖြစ်ပါတယ်။ ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးမှာ စက်လှေတစ်စီးနဲ့ငါးဖမ်းထွက်ခဲ့ကြတဲ့တံငါသည်လူတစ်စု။သူတို့ကြားက ရန်ငြိုးအဖုအထစ်တွေ။ လှေသူကြီးမသိအောင်ဘတ်ပြီး ပင်လယ်ထဲမှာတင် ငါးအရောင်းအဝယ်လုပ်ဖို့ဝေစုမတည့်ကြတာတွေ။အဲလိုပြဿနာတွေကြားထဲကနေ သူတို့ရဲ့ငါးဖမ်းပိုက်မှာသေပြီထင်ရတဲ့မိန်းကလေးတယောက် ငြိပါလာရာကနေစ။အဲဒီမိန်းကလေးက ဘယ်ကလဲ။ဘာကြောင့် ဒီပင်လယ်ပြင်ကြီးထဲမှာ သူတို့ငါးဖမ်းလှေကပိုက်ကွန်ကိုမှလာငြိနေရတာလဲဆိုတဲ့ပဟေဠိတွေကိုအဖြေညှိလိုက်ကြရအောင်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Moon,Cherry,BpLတို့ပဲဖြစ်ပါတယ်)...

Abulele (2015) ⭐IMDB: 5.8/10 (322 Votes) 🎬 #Adventure #Animation #Family #Fantasy 🗓 2015 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 436.0 MB 🌎 #Israel ⏰ 1 နာရီ 38 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Abulele (2015)=========== “တကယ်လည်းမရှိ၊ ရှိခဲ့ရင်လည်း ခင်ဗျားတို့ ကျွန်တော်တို့မမြင်နိုင်မယ့် ဖြစ်တည်မှုတစ်ခုအကြောင်းပေါ့ဗျာ”။အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တော်မှာ ကျောရိုးခံထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ မြေထဲပင်လယ်ဒေသမှာ ကလေးနဲ့ခွေးပဲ အယုံအကြည်ရှိကြတယ်ဆိုပြီး အိပ်ရာဝင်ပုံပြင်တစ်ခုမျှသာ သမုတ်ခံထားရတာကတော့Abulele ဆိုတဲ့ ရှေးဒဏ္ဍာရီလာသတ္တဝါကြီးတွေပဲဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် အိမ်မှာရော ကျောင်းမှာပါအဆင်မပြေဖြစ်ပြီး မဝင်ဆံ့နိုင်သလိုခံစားနေရတဲ့ အာဒမ်နဲ့ဗုံးခိုကျင်းထဲကသတ္တဝါကြီးတို့ သူငယ်ချင်း​တွေဖြစ်လာကြတဲ့အခါမှာတော့….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...

Restart After Come Back Home (2020) ⭐IMDB: 7.2/10 (545 Votes) 🎬 #Drama #Romance 🗓 2020 🎞 movie 📺 #1080p #720p #480p 💿 1.6 GB ⦿ 532.0 MB ⦿ 335.0 MB 🌎 #Japan ⏰ 1 နာရီ 38 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Restart After Come Back Home (2020)============================IMDb Rating – 7.2/10 LGBTQ+ ပရိတ်သတ်ကြီးအတွက် 2020 က ထွက်ရှိခဲ့တဲ့ဂျပန် Bl ‌ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။မာနကြီး ပျင်းရိတတ်ပြီး တစ်ခုခုဆို မလုပ်ဘဲ ရှောင်ပြေးနေတတ်တဲ့ Misuomi Kozuka (Yuki Furukawa) တစ်ယောက်တိုကျိုက ကုမ္ပဏီမှာ အဆင်မပြေတာကြောင့် အလုပ်ထွက်ခဲ့ပြီးသူ့ရဲ့မွေးရပ်မြေ ကျေးလက်ကအိမ်လေးဆီ ပြန်လာခဲ့ပါတယ်။ အဲဒီတောရွာလေးမှာ ‌လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်တဲ့အဘိုး Kumai ရဲ့တက်ကြွလန်းဆန်းပြီး အချိန်တိုင်းပြုံးပျော်နေတတ်တဲ့ မွေးစားသားလိမ္မာလေး Yamato Kumai (Ryo Ryusei)နဲ့ တွေ့ပါတော့တယ်။ လူမှုဆက်ဆံရေးကောင်းတဲ့ Yamato နဲ့တွေ့ပြီး Misuomi မှာ မလွှဲသာပဲ Greenhouse စိုက်ပျိုးရေးလုပ်ငန်းတွေ ကူလုပ်ရပါတော့တယ်။ အဲလိုနဲ့ သူတို့ နှစ်ယောက် ရင်းနှီးလာပြီး တစ်ယောက်ဘဝအတွက် တစ်ယောက် အားကိုးရတဲ့သူတွေဖြစ်လာတဲ့အခါ… Misuomi ရဲ့ မွေးရပ်မြေပြန်လာပြီး ပြန်လည် စတင်လာမယ့် ဘဝအသစ်လေးကို Rural vibes လေးနဲ့အတူ မိသားစု ဇာတ်လမ်းကောင်းလေးအဖြစ် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အ Ro လိုင်းလေးတွေလည်းပါတာမို့ အခုပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khaing Khin ဖြစ်ပါတယ်)...

Mi Maestra se comió a mi amigo (2023) ⭐IMDB: 5.6/10 (64 Votes) 🎬 #Adventure #Comedy #Family #Horror 🗓 2023 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 415.2 MB 🌎 #Mexico ⏰ 1 နာရီ 32 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mi Maestra se comió a mi amigo (2023)============================ သောမတ်စ်ဆိုတဲ့ကောင်လေးဟာ မကောင်းဆိုးဝါးမွန်းစတားတွေအကြောင်းကို အရမ်းပဲစိတ်ဝင်စားပြီး အချိန်ရတိုင်း အဲဒီဟာနဲ့ပတ်သတ်တဲ့စာအုပ်တွေပဲဖတ်နေလေ့ရှိတဲ့ကောင်လေးပေါ့။ တစ်မိသားစုလုံးမှာလည်း သူနဲ့ဝါသနာတူတာဆိုလို့ သေဆုံးသွားပြီဖြစ်တဲ့သူ့အဖေပဲရှိတာပါ။ တစ်နေ့မှာတော့ သောမတ်စ်တို့အတန်းကိုသင်နေကျ အင်္ဂလိပ်စာဆရာမကရုတ်တရက်နှုတ်ထွက်သွားပြီးတော့ အဲဒီနေရာမှာ ဆရာမအသစ်တစ်ယောက် အစားဝင်လာခဲ့ပါတယ်။ အဲဒီနေ့မှာတင်ပဲ ကံဆိုးပြီးသောမတ်စ်တစ်ယောက် သူဖတ်နေကျ မကောင်းဆိုးဝါးကာတွန်းစာအုပ်ကို ဆရာမအသစ်ဆီမှာအသိမ်းခံလိုက်ရပါတယ်။မကျေနပ်တာနဲ့ပဲ နောက်ရက်မှာပြန်ခိုးယူဖို့သွားတော့ အဲဒီဆရာမရဲ့လျှို့ဝှက်ချက်တစ်ခုကိုသိလိုက်ရပါတယ်။ အဲဒါကတော့သူ့ဆရာမဟာ ကလေးတွေကိုစားတတ်တဲ့မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ သူ့ကို လူတိုင်းက စိတ်ကူးယဉ်ကမ္ဘာမှာပဲနေနေတဲ့‌သူဆိုပြီး အမေနဲ့အစ်ကိုကပါသတ်မှတ်ထားကြတော့ ဒီအကြောင်း‌ကို သောမတ်စ်ပြန်ပြောပြလိုက်မယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။ သူ့သူငယ်ချင်းတွေကရောယုံကြည်ပေးနိုင်မှာလား။ ဆရာမအသစ်ရဲ့အန္တရာယ်ကနေရော ဘယ်လိုရင်ဆိုင်ကာကွယ်ကျော်လွှားသွားမှာလဲ။ ဒါတွေအားလုံးကိုတော့ ဇာတ်လမ်းလေးကြည့်ရင်းနဲ့ပဲအဖြေရှာကြည့်ကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)...

The Matrix Resurrections (2021) ⭐IMDB: 5.7/10 (263 k Votes) 🎬 #Action #SciFi #ScienceFiction #Adventure 🗓 2021 🎞 movie 📺 #4K #1080p #720p #480p 💿 5.2 GB ⦿ 3.0 GB ⦿ 1.6 GB ⦿ 313.1 MB 🌎 #UnitedStates #Australia #Canada #Germany #UnitedStatesofAmerica ⏰ 2 နာရီ 28 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Matrix သမိုင်းအကျဉ်း ၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ UN က စက်ရုပ်အားလုံးကို ဖျက်ဆီးဖို့ ရုတ်တရက် လုပ်ဆောင်လိုက်ပါတော့တယ်။ ဒီဖြစ်စဉ်ကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ စက်ရုပ်အနည်းစုဟာ လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ကိုလက်လျှော့ပြီး မီဆိုပိုတေးမီးယားဆိုတဲ့ လွတ်မြောက်နယ်မြေကို ထွက်သွားခဲ့ကြတယ်။ အဲဒီမှာပဲ 01 ဆိုတဲ့ ပထမဆုံး စက်ရုပ်နိုင်ငံ ပေါ်ပေါက်လာပါတော့တယ်။ 01 ဟာ သူတို့ကိုယ်သူတို့ ပိုအသိဉာဏ်ရှိလာအောင် ဖန်တီးခဲ့သလို လူတွေလိုအပ်တဲ့ စက်တွေ နည်းပညာတွေကိုလည်း ပြန်ရောင်းစားပြီး တဖြည်းဖြည်းနဲ့ စီးပွားရေးမှာ လူတွေထက် အဆမတန် အင်အားကြီးလာခဲ့ပါတယ်။ လူသားငွေကြေးတန်ဖိုးတွေလည်း ကျဆင်းပြီး အင်အားချည့်နဲ့လာတဲ့အတွက် UN က 01 ကို စီးပွားရေးပိတ်ဆို့ခဲ့တယ်။ ဒါကို ညှိနှိုင်းဖို့ ရောက်လာတဲ့ စက်ရုပ်သံတမန်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်မှာ UN က စက်ရုပ်နိုင်ငံကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီး ၂၂ ရာစု အလယ်လောက်မှာ စစ်ပွဲကြီးစတင်ခဲ့ပါတယ်။ ဒါ့အပြင် အနုမြူနဲ့ပါ လက်ဦးအောင် ထုခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုပ်တွေက လူတွေထက်ပိုမာတဲ့ အတွက် မျိုးမပြုတ်ခဲ့ပါဘူး။ အဲဒီမှာ မျိုးမပြုတ်ဘဲ ကျန်ခဲ့တဲ့စက်ရုပ်တွေဟာ တစ်ကမ္ဘာလုံးက စက်တွေကို စုစည်းပြီး ပြန်ထိုးစစ်ဆင်ပါတော့တယ်။ အရှေ့အလယ်ပိုင်း ဥရောပ အရှေ့ပိုင်းတွေကိုပါ သိမ်းပိုက်လာနိုင်ခဲ့တယ်။ အရေးနိမ့်လာတဲ့လူသားတွေဟာ အမှောင်မုန်တိုင်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့တယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ နေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာ့လေထုအကာတစ်ခုလုံးကို နာနိုဗုံးတွေနဲ့ဖောက်ခွဲပြီး တိမ်မည်းကြီးတွေ ဖုံးသွားအောင်လုပ်ပြီး ကမ္ဘာပေါ်မှာ နေရောင်ပျောက်ကွယ်သွားအောင်လုပ်ခဲ့တာပါပဲ။ ဒီစစ်ဆင်ရေးကြောင့် စက်ရုပ်တွေအင်အားချိနဲ့သွားပေမဲ့ မကြာခင်မှာပဲ အနုမြူစွမ်းအင်ကို အစားထိုးပြီး ပြန်အင်အားများလာခဲ့တယ်။ပြီးတော့ လူသားပုံစံစက်ရုပ်တွေကိုမသုံးတော့ဘဲ ပိုပြီးတိုက်ခိုက်နိုင် အားသုံးနိုင်တဲ့ စန်တီနယ်လို စက်ရုပ်တွေကို သုံးလာခဲ့တယ်။ လူသားတွေ အကျအဆုံးများပြီး ငတ်မွတ်လာတဲ့အချိန်မှာတော့ UN ရဲ့ရှေ့ကို စက်ရုပ်သံတမန်နောက်တစ်ခေါက်ရောက်လာပါတော့တယ်။ ဒီတစ်ခါမှာတော့ စက်ရုပ်သံတမန်က ထွေထွေထူးထူးညှိနှိုင်းမနေတော့ပါဘူး။ သူ့ကိုယ်သူဖောက်ခွဲပြီး ကမ္ဘာခေါင်းဆောင်အားလုံးနဲ့ နယူးယောက်မြို့ကြီးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ခေါင်းဆောင်မရှိတော့တဲ့ တပ်တွေကိုလည်း စက်ရုပ်တပ်တွေက အသာအယာအနိုင်ယူပြီး လူသားတွေ ကျဆုံးသွားခဲ့ပါတော့တယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ နေ နဲ့ အနုမြူစွမ်းအင်အပြင် နောက်ထပ် စွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိလာခဲ့ပါတယ်။ ဒါကတော့လူသားတွေကို ဖမ်းဆီးထားပြီး သူတို့ ကိုယ်ကနေ လျှပ်စစ်စွမ်းအင်တွေ ထုတ်ယူတာပါ။ အဆုံးမရှိတဲ့ကွင်းပြင်ကြီးတွေထဲမှာ လူသားတွေ သန်းချီပြီး ဖမ်းဆီးထားပြီး စွမ်းအင်ထုတ်ယူပါတော့တယ်။အဲဒိဖမ်းဆီးထားတဲ့လူသားတွေရဲ့ စိတ်ကို အကျဉ်းချဖို့အတွက် Matrix ကို ဖန်တီးလိုက်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ လူသားတွေရဲ့ စိတ်ကို ကွန်ပြူတာစနစ်ထဲကို ထည့်သွင်းထားပြီး ၁၉ ရာစု ၂၀ ရာစုခေတ်မှာ သူတို့ဘာသာ အသက်ရှင်နေထိုင်နေကြသလို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ။ (ဒါကတော့ ၁ ၂ ၃ ကြည့်ပြီးမှ ဆက်ဖတ်သင့်ပါတယ်) Matrix ရဲ့ ပထမဆုံးဗားရှင်းမှာတော့ လူသားတွေဟာ လုံးဝပြီးပြည့်စုံပြီး လိုလေးသေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရတာပါ။ ဒါကို လူသာ...

No Time to Die (2021) ⭐IMDB: 7.3/10 (423 k Votes) 🎬 #007 #Action #Adventure #Thriller 🗓 2021 🎞 movie 📺 #4K #1080p #720p #480p 💿 4.0 GB ⦿ 3.0 GB ⦿ 1.9 GB ⦿ 821.0 MB 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 43 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 No Time to Die (2021) ================= IMDb Rating – 7.5/10 No time to die ကတော့ No time to disappoint ပါပဲ။ ကျေနပ်စရာကောင်းပါတယ်။ အနားယူပြီးဖြစ်တဲ့ ဂျိန်းစ်ဘွန်းကို စီအိုင်အေက စပက်တာတွေနဲ့ ပတ်သတ်တဲ့အမှုတစ်ခု အကူအညီတောင်းလို့ လက်ခံလိုက်ရင်းနဲ့ 007 အသစ်နဲ့ တွေ့ပြီး အရင်ရန်သူဟောင်းတွေရော ရန်သူသစ်တွေရော ချစ်သူဟောင်းတွေရောနဲ့ တွေ့ပြီး ဇာတ်လမ်းတွေ ရှုပ်ကုန်တာပေါ့။ အဓိကကတော့ ဇီဝလက်နက်နဲ့ လူတွေသတ်ပြီး ကမ္ဘာကြီးကို ပြင်ဆင်ပေးချင်တဲ့ သူတော်ကောင်းကြီးကို 007 ဟောင်း လူယုတ်မာကြီးက လိုက်ပြီး တားဆီးရတဲ့ ဇာတ်လမ်းပါပဲ။ အများကြီးတော့ ဇာတ်လမ်းကို မပြောပြတော့ပါဘူး။ အားလုံးကြိုက်ကြမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကိုMr.Andrson မှရေးသားပေးပြီး၊ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)...

Resident Evil: Welcome to Raccoon City (2021) ⭐IMDB: 5.2/10 (59 k Votes) 🎬 #Action #Horror #SciFi #ScienceFiction 🗓 2021 🎞 movie 📺 #4K #1080p #720p #480p 💿 3.0 GB ⦿ 1.3 GB ⦿ 1019.6 MB ⦿ 254.6 MB 🌎 #Canada #Germany #France #Japan #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်း လီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာ ဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့က မိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာ ကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလား အခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့ လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့် သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီး ဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ…...

Di Renjie - Red Eyes (2021) ⭐IMDB: 6.7/10 (69 Votes) 🎬 #Action #Asian #History #Mystery #Thriller #Fantasy 🗓 2021 🎞 movie 📺 #4K #1080p #720p 💿 2.4 GB ⦿ 1.2 GB ⦿ 517.9 MB 🌎 #China ⏰ 1 နာရီ 26 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါကတော့ CM ကနေ ငါးကားမြောက်အဖြစ် တင်ဆက်ပေးမယ့် Young Detective Dee ဇာတ်ကားပါပဲ။ အရင်ကားများကို ကြည့်ဖူးသူများကတော့ နှလုံးပီတိ ဂွမ်းဆီထိပြီး ကြည့်ရမယ့် ဇာတ်ကားပေါ့။ Dee ရဲ့ ဟန် အရရော စုံထောက်ဇာတ်လမ်း ဟန် အရရော ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်စေရမယ့် ဇာတ်ကားတွေပေါ့။မကြည့်ဖူးသေးတဲ့ သူများအတွက်တော့ CM မှာ အရင်တင်ထားတဲ့ ဇာတ်ကားတွေကို ထွက်ရှိရာခုနှစ်ကို အလိုက် ကြည့်ရှုသင့်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာကတော့ မင်းသားတွေပါပဲ။ အဓိကဇာတ်ဆောင်မင်းသား နှစ်ယောက် ရိုက်ကူးထားပါတယ်။ Mark Chao နဲ့ Andy Lau တို့ပါ။ တကယ်တမ်း Dee ဇာတ်ကောင်နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးသွားတဲ့ မင်းသားကြီး Andy Lau ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးပါပဲ။ Mark Chao ကလည်း Dee အငယ်ဇာတ်ရုပ်ကို အင်မတန်ပီပြင်ပါတယ်ဗျာ။ အခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ Mark Chao ပုံဖော်တဲ့ Dee ပေါ့။ အခုဇာတ်ကားဟာ ရိုက်ကူးတင်ဆက်ပုံ၊ သရုပ်ဆောင်၊ ဇာတ်လမ်းဇာတ်ကွက်၊ အားလုံးက အရင်ဇာတ်ကားတွေကို တင်းပြည့် ကျပ်ပြည့် မီတဲ့ကားတစ်ကားပါပဲ။ ဇာတ်လမ်းကတော့ တရုတ် ဇွန်ဘီးကားလို့တောင် ပြောရမလိုပေါ့။ လူသေတွေရုတ်တရက်ထလာပြီး တွေ့သမျှလူလိုက်ကိုက်နေတဲ့ အမှုကြီး Dee ရဲ့လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့အကြောင်းပါပဲ။ နိုင်ငံခြား ဇွန်ဘီး ကားတွေကတော့ ဘယ်ကောင်က ဘာ့ကြောင့် ဘယ်နေရာက စတယ်ဆိုတာ ရေရေရာရာ မသိရပါဘူး။ စလိုက်တာနဲ့ တစ်ကမ္ဘာလုံး ကာလနာတိုက်နေရာက စတာပါပဲ။ ချီးကျူးစရာရှိတာက အခု Dee ကတော့ ဇွန်ဘီးတွေ ဘာ့ကြောင့်ဖြစ်ပေါ်လာပြီး ဘယ်လိုအဆုံးသတ်ရတယ်ဆိုတာ ရေရေရာရာပြောသွားပါတယ်။ ယုတ္တိရှိတာ မရှိတာ အပထားပေါ့ဗျာ။ အခု ဇွန်ဘီးတွေကလည်း ဧကရာဇ် ဘုရင်မ နန်းတော်ဆီတောင် တက်ကိုက်မယ့်ဟာတွေဆိုတော့ Dee တစ်ယောက် ဘယ်လိုပျားတုပ်အောင် စုံစမ်းဖော်ထုတ်ရတယ်ဆိုတာလေးကို ဟာခနဲ အိုခနဲ ကြည့်လိုက်ကြရအောင်လားဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားတာပါ။) Detective Dee ဇာတ်ကားများအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=detective+deeကြည့်လို့ရပါတယ်။...

Sooryavanshi (2021) ⭐IMDB: 6.1/10 (78 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓 2021 🎞 movie 📺 #4K #1080p #720p 💿 5.6 GB ⦿ 2.2 GB ⦿ 1.4 GB 🌎 #India ⏰ 2 နာရီ 24 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sooryavanshi (2021) မြန်မာစာတန်းထိုး ဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့ Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး Singham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။ မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေက စတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေ လုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။ အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ငေးခွင့်ရဦးမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။...

Venom: Let There Be Carnage (2021) ⭐IMDB: 5.9/10 (240 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction #Thriller 🗓 2021 🎞 movie 📺 #720p #1080p #4K #480p 💿 934.8 MB ⦿ 1.8 GB ⦿ 4.5 GB ⦿ 515.0 MB 🌎 #UnitedStates #China #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Venom: Let There Be Carnage (2021) ========================== IMDb Rating – 6.3/10 Venom 2 WebDL video quality, sound quality ကောင်းကောင်းနဲ့ Digital Released ထွက်လာပြီမို့ . update လုပ်ပြီး တင်ဆက်ပေးလိုက်ပါပြီ။ Venom ဒုတိယကားမှာလည်း အက်ဒီ နဲ့ ဗယ်နွန်က မတည့်အတူနေပါပဲ။ ငြင်းလိုက်ခုန်လို့ ရန်ဖြစ်လိုက်နဲ့ လူဆိုးတွေနဲ့ ချနေဆဲပါပဲ။ ကလိတပ်ဆိုတဲ့ စိတ္တဇလူသတ်သမားဆီကို အနီရောင် ကပ်ပါးကောင် ကာနေ့ဂျ် ရောက်သွားပြီ ထောင်ကနေ လွတ်မြောက်သွားပါတယ်။ ကလိတပ်က သူ့ရဲ့ချစ်သူကိုပါ ထောင်ထဲက ကယ်ထုတ်ပြီး အက်ဒီ နဲ့ဗယ်နွန်ကို ကလဲ့စားချေဖို့ လိုက်လာတဲ့အခါ….. အဆက်အစပ်ရှိချင်ရင်တော့ CM မှာတင်ပေးထားတဲ့ Venom 1 ကိုကြည့်လို့ရပါတယ်။ နောက်ပြီးတော့ Venom-2 ရဲ့ အဆုံးမှာ စပိုက်ဒါမန်း နဲ့ ဆက်စပ်မယ့် တစ်ခန်းပါသေးတာမို့ သေချာလေး ရှာကြည့်လိုက်ပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။)...

Black Lotus (2023) ⭐IMDB: 4.2/10 (1 k Votes) 🎬 #Action #Thriller #Uncategorized #Crime 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 1.2 GB ⦿ 566.0 MB ⦿ 342.5 MB 🌎 #UnitedStates #Netherlands #Bulgaria #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Black Lotus (2023)============== ဒီတစ်ခေါက် ခပ်ကြမ်းကြမ်းလေးမှ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးအတွက် Worldwide kickboxing champion ဖြစ်တဲ့ Rico Verhoeven ကအဓိကသရုပ်ဆောင်ထားပြီး CaptainAmerica:Winter Soldier မှာကတည်းက ပရိတ်သတ်ကြီးသိရှိပြီးသားဖြစ်လောက်မယ့် Frank Grillo ပါ။ ဒီဇာတ်ကားမှာ ဗီလိန်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းကတော့…အထူးတပ်ဖွဲ့ဝင် Matteo တစ်ယောက် ပြဇာတ်အဖွဲ့တစ်ခုကို အကြမ်းဖက်သမားတွေက ဖမ်းဆီးထားလို့ ကယ်ဆယ်ပေးဖို့ စစ်ဆင်ရေးလုပ်နေခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ Matteo အတွက် သူ့ဘဝအတွက် စိတ်ဒဏ်ရာရစေတဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုကိုကြုံတွေ့ခဲ့ရတာကြောင့် နှစ်ပေါင်းများစွာကြာအောင် ဇာတ်မြှုပ်ပြီးနေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူအတိတ်ကိုပြန်ပြီး ခွင့်လွှတ်မှုတောင်းခံဖို့အတွက်မိသားစုတစ်စုဆီကိုသွားတဲ့အချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို အဲဒီမိသားစုမှာလည်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က အလိုရှိနေတဲ့ရာဇဝတ်ဂိုဏ်းကြီးတစ်ခုကြောင့် ဖြစ်ရပ်ဆိုးကြီးတစ်ခုကို ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ ဒီတော့ Matteo တစ်ယောက် အဲဒီဂိုဏ်းနဲ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမှာလဲ…အထူးတပ်ဖွဲ့ဝင်တစ်ယောက်ပီပီမိသားစုဝင်ကို ဘယ်လိုကယ်တင်ပေးသွားမှာလဲဆိုတာကို Thrillerဆန်ဆန် ကြည့်ရှူရမယ့် Action ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့June ဖြစ်ပါတယ်)...