ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Where Hands Touch (2018)
⭐IMDB: 6.6/10 (5 k Votes)
🎬 #Drama #Romance #War
🗓 2018 🎞 movie
📺 #480p #720p #1080p
💿 341.2 MB ⦿ 588.0 MB ⦿ 1.4 GB
🌎 #UnitedKingdom
⏰ 2 နာရီ 2 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Where Hands Touch (2018)====================IMDb Rating – 6.6/10
ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ဂျာမနီမှာ အခြေတည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ Layna ဟာ ဂျာမန်လူဖြူအမေနဲ့ ပြင်သစ်လူမည်း အဖေတို့ပေါင်းစပ်ပြီး မွေးလာတဲ့ (၁၆)နှစ်အရွယ် ကလေးမလေးပါ။ Rhinelandမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေက Leyna လို သွေးနှောလူမည်း ကလေးတွေကို ရှင်းလင်းပစ်ဖို့ ကြိုးစားနေတာကြောင့် ဘာလင်မှာများ အန္တရာယ်ကင်းနိုင်မလားဆိုပြီး Leyna ရဲ့ အမေ Kerstinတစ်ယောက် သားနဲ့သမီးကို လက်ဆွဲပြီး ဘာလင်ကို ထွက်လာခဲ့ပါတယ်။
ပိုကောင်းတဲ့ ဘဝတစ်ခု ရနိုင်ဖို့ Leyna ကို ကျောင်းပို့ပြီး စာသင်ပေးခဲ့ပေမဲ့နီဂရိုးတစ်ယောက် စာသင်ဖို့ မလိုဘူးဆိုပြီး ကျောင်းကနေဆွဲထုတ်ပြီး စက်ရုံမှာ အလုပ်လုပ်ဖို့ ပို့လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ Leyna တစ်ယောက်ထင်ရှားတဲ့ SSအရာရှိတစ်ဦးရဲ့ သားဖြစ်ပြီး ကိုယ်တိုင်လည်း လူငယ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lutz နဲ့ တွေ့ပြီး အချစ်ဇာတ်လမ်း အစပျိုးမိပါတော့တယ်။
ဟစ်တလာဟာ Gestapo လို့ ခေါ်တဲ့ လျှို့ဝှက်ရဲတွေကို အမိန့်ပေးပြီး Rhinelandဒေသက ဂျာမန်-လူမည်း သွေးနှောကလေးတွေကို နောက်ထပ်ဂျာမန်တွေနဲ့သွေးမနှောနိုင်အောင် သားကြောဖြတ်ဖို့ လျှို့ဝှက်အမိန့်ပေးခဲ့ပါတယ်။ မှတ်တမ်းတွေအရ ကလေးပေါင်း ၈၀၀ ကျော် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီရုပ်ရှင်မှာ ဂျာမန်-လူမည်း မိန်းကလေးတစ်ယောက် ဂျာမန်အလုပ်ကြမ်း စခန်းတွေမှာ အသက်ရှင်ဖို့ရုန်းကန်ရပုံတွေ၊ ကြုံတွေခဲ့ရတဲ့ ဖိနှိပ်မှုတွေကို တွေ့မြင်ရမှာပါ။ ဖျောက်ဖျက်ခံခဲ့ရတဲ့တကယ့်ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်တာကြောင့် ခံစားကြည့်လိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Phu Myat Thwe မှဖြစ်ပါတယ်)...
The Eternal Road (2017)
⭐IMDB: 7.1/10 (3 k Votes)
🎬 #Drama #History #War
🗓 2017 🎞 movie
📺 #720p #1080p
💿 699.7 MB ⦿ 1.7 GB
🌎 #Finland #Estonia #Sweden
⏰ 1 နာရီ 44 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အချိန်ကတော့ အမေရိကန်ကစခဲ့တဲ့ Great Depression
စီးပွားရေးပျက်ကပ်ကြီးဆိုက်နေတဲ့ခုနှစ်တွေ။
အလုပ်လက်မဲ့ဖြစ်နေတဲ့လုပ်သားတွေအတွက်
စတာလင်ရဲ့ ဆိုဗီယက်ပြည်ထောင်စုကဖိတ်
ခေါ်မှုကရေငတ်တုံးရေတွင်းထဲကျသလိုဖြစ်လာခဲ့တယ်။
အမေရိကန် ကနေဒါတို့ကနေလုပ်သားပေါင်း
တသောင်းကျော်တို့ဟာ ဆိုဗီယက်တို့ရဲ့မြေကိုဘ၀သစ်
စနိုင်ဖို့ရွှေ့ပြောင်းလာခဲ့ကြတယ်။
ဆိုဗီယက်တို့ရဲ့နယ်စပ် ဖင်လန်နိုင်ငံမှာကတော့
ယူဆီ ကဲတိုလာဆိုတဲ့ အမေရိကန်ကပြန်လာတဲ့
သူတယောက်ကတော့ ကွန်မြူနစ်အဖြစ်
စွပ်စွဲခံရပြီးတော့ မိသားစုတွေဆီကနေပြန်ပေးဆွဲခံခဲ့ရပေမယ့်
ဆိုဗီယက်နိုင်ငံထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။
ဒါပေမယ့် မိအေးနှစ်ခါနာဆိုသလိုပဲ ကဲတိုလာရဲ့ အမေရိကန်
နောက်ေကြာင်းကိုမယုံသင်္ကာဖြစ်နေတဲ့ဆိုဗီယက်တို့က
ရွှေ့ပြောင်းအမေရိကန်တွေဦးစီးတဲ့ ရုရှားစိုက်ပျိုးမွေးမြူရေးခြံတခုမှာနေပြီ
းလျှို့၀ှက်ထောက်လှမ်းဖို့တွန်းအားပေးခဲ့တယ်။
ဒီလိုနဲ့ပဲ ယူဆီ ကဲတိုလာ တဖြစ်လဲ ယူဆီ ကာရီတယောက်
မိသားစုအသစ်နဲ့ ဒီခြံမှာပဲဘ၀သစ်တခုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။
တနေ့မှာတော့ စတာလင်ရဲ့သူလျှိုအဖြစ်စွပ်စွဲအမြစ်ဖြုတ်မှုတွေက
ဒီရွှေ့ပြောင်းအမေရိကန် တွေအပေါ်ကိုပါရိုက်ခတ်လာခဲ့တဲ့အခါမှာတော့
ယူဆီတယောက် ဒီ၀ရုန်းသုံးကားအခြေအနေတွေကြားထဲဘာတွေ
ဘယ်လိုဆက်ဖြစ်မှာလဲ။
အသက်ရှင်လျက်နဲ့ပဲထွက်လာနိုင်မလား။
သူ့မိသားစုလေးကရောအဆုံးမှာဘယ်လိုဖြစ်သွားမလဲ။
သူ့ရဲ့ရှည်လျားလှတဲ့ဘ၀ခရီးလမ်းကြီးကဘယ်လိုမျိုးပြီးဆုံးသွားမလဲဆိုတာကို
The Eternal Road ဆိုတဲ့ ဖင်လန်စကားပြောဇာတ်ကားလေးမှာ ရှုစားပေးကြပါဦးခင်ဗျ...
Joe (2013)
⭐IMDB: 6.8/10 (50 k Votes)
🎬 #Crime #Drama #Thriller
🗓 2013 🎞 movie
📺 #720p #1080p
💿 781.4 MB ⦿ 1.8 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 58 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 6.8/10
ဇာတ်လမ်းအညွှန်း
သူ့ဖခင်က အရက်သမား၊ သူ့မိသားစုက စားရမဲ့သောက်ရမဲ့…
ဟိုလေလွင့်ဒီလေလွင့်ဖြစ်နေတဲ့ မိသားစုအတွက်
၁၅နှစ်သားလေး ဂယ်ရီဟာ ဂျိုးဆိုတဲ့ လူတစ်ယောက်ဆီမှာ
အလုပ်လာလုပ်ပါတယ်။
ဂျိုးက ထောင်ထွက်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဒေါသထွက်တတ်တဲ့စိတ်ကို
ဆေးလိပ်သောက်၊အရက်သောက်ရင်း မြိုသိပ်ချုပ်တည်းရင်း
နေနေတဲ့သူတစ်ယောက်ပါ။
ဒါပေမဲ့ ဂျိုးက အလုပ်ကြိုးစားလုပ်တဲ့သူတွေကို သဘောကျပြီး
သူ့အလုပ်သမားတွေအပေါ်မှာတော့
တကယ်ကောင်းပေးတဲ့ အလုပ်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
ဂယ်ရီလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားတတ်သူဖြစ်တာမို့
ဂျိုးက သဘောကျပြီး သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်လာကြပါတယ်။
ဂယ်ရီရဲ့ အဖေက ဂယ်ရီ့အပေါ်မှာ သည်းမခံနိုင်လောက်အောင်
နှိပ်စက်ညှင်းပန်းတဲ့လုပ်ရက်တွေ လုပ်လာတဲ့အခါမှာ
ဂျိုးတစ်ယောက် သူ့ရဲ့လူသားချင်းစာနာစိတ်တွေ နှိုးကြွလာပြီး
ဂယ်ရီ့အတွက် သူကိုယ်တိုင် ပါဝင်ဖြေရှင်းဖို့ ဖြစ်ပါတော့တယ်။
အသုံးမကျတဲ့ ဖခင်လက်ထဲမှာ နေနေရပေမယ့်
ကံကောင်းထောက်မစွာနဲ့ ဂျိုးလိုလူမျိုးနဲ့တွေ့ဆုံလိုက်ရတဲ့
ဂယ်ရီနဲ့ လူကြမ်းကြီးပေမယ့် စာနာတတ်တဲ့စိတ်နှလုံးရှိတဲ့
ဂျိုးတို့အကြောင်း ရိုက်ကူးပြသထားပါတယ်။
ဂျိုး အဖြစ် Ghost rider မင်းသားကြီး Nicolas Cage က
သရုပ်ဆောင်ထားပါတယ်။
ကဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက
Orika ဖြစ်ပါတယ်။...
The Murderer (2023)
⭐IMDB: 6.2/10 (60 Votes)
🎬 #Comedy #Crime #Mystery #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 683.3 MB ⦿ 1.3 GB
🌎 #Thailand
⏰ 2 နာရီ 2 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Murderer (2023)
နာမည်ကျော် ထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဟာသကားအသစ်ထွက်လာပါပြီ။မင်းသမီးကတော့ Bad Genius ထဲက ဂရေ့စ်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Eisaya Hosuwan ပါပဲ။
ဇာတ်လမ်းအကျဉ်း
ထိုင်းနိုင်ငံတစ်နေရာက လယ်တောအိမ်လေးတစ်ခုထဲမှာ ၇ လောင်းပြိုင်လူသတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။အဲဒီအတွက် သံသယတရားခံကတော့ အဲလ်လို့ခေါ်တဲ့ ဗြိတိန်သားတစ်ယောက်ပါပဲ။သူဟာ သေသွားတဲ့မိသားစုရဲ့ သမီး ဆိုင် နဲ့ လက်ထပ်ထားတာဖြစ်ပြီး ယောက္ခမတွေအိမ်မှာ ညလာအိပ်တဲ့ညမှာ ပြဿနာတွေရှုပ်ကုန်တာဖြစ်ပါတယ်။အသတ်ခံရတဲ့ သူ ၇ ယောက်ကလည်း သေပုံသေနည်းတစ်မျိုးစီဖြစ်နေပြီး ဇာတ်လမ်းကိုယ်စီရှိနေပြန်ပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့ အဲလ် နဲ့ ဆိုင်၊ သူတို့ရဲ့ တူမလေး ဇွန် တို့ကို စခန်းမှူးက စစ်ဆေးရင်းသူတို့တစ်ယောက်တစ်ပေါက်ပြောပြတာတွေကနေ တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရမှာပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...
Brooklyn 45 (2023)
⭐IMDB: 5.8/10 (1 k Votes)
🎬 #Horror #Thriller #Drama #History
🗓 2023 🎞 movie
📺 #1080p #480p #720p
💿 270.7 MB ⦿ 593.5 MB ⦿ 1.0 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဝိညာဥ်/သရဲတွေ တကယ်ရှိတယ်ဆိုတာကို သိပ်မယုံချင်ကြတဲ့ စစ်ပြန်သူငယ်ချင်းတစ်သိုက်မှ ပရလောကဟာ တကယ်ရှိ,မရှိ စမ်းသပ်ကြတဲ့အနေနဲ့ ဝိညာဉ်ခေါ်ပွဲပြုလုပ်ကြတဲ့အခါ………… ဒီဇာတ်ကားလေးဟာတော့ ပထမကမ္ဘာစစ်ကြီးပြီးသွားချိန် ၁၉၄၅ခုနှစ် vibeကိုအပြည့်အဝရရှိစေမယ့် ၁နာရီ၃၄မိနစ်ကြာ Drama\Horror movie လေးပဲဖြစ်ပါတယ်။...
The Channel (2023)
⭐IMDB: 5.3/10 (632 Votes)
🎬 #Action #Crime #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 809.7 MB ⦿ 1.8 GB
🌎 #UnitedStates
⏰ 1 နာရီ 42 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Channel (2023)
” Subtitles error FIXED!!! “
~ Rotten Tomatoes – 67% ~
Crime, Thriller အမျိုးအစားကိုမှ ညီအကို မိသားစုသံယောဇဉ်တွေနဲ့ ဒရာမာပါးပါး ရောထည့်ထားတဲ့ Action ဇာတ်ကြမ်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ New Orleans မှာ အခြေတည်ပြီး ရိုက်ထားတာပါ။
ဂျိမ်းနဲ့ မစ်တို့ ညီအကို ၂ယောက်က Irish Channel မှာ ကြီးပျင်းခဲ့ပြီး အမေရိက မရိန်းတပ်ဖွဲ့က စစ်သားဟောင်းတွေဖြစ်ပါတယ်။ ဂျိမ်းက ဉာဏ်ပြေးပြီး ဆင်ခြင်နိုင်တဲ့ ညီဆိုရင် မစ်ကတော့ သွေးဆူလွယ်ပြီး ထိန်းချုပ်ရခက်တဲ့ အကိုလို့ပြောရမှာပါ။ စစ်ကထွက်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ပြစ်မှုတွေ ကျူးလွန်ထားပါတယ်။ ဂျိမ်းမှာက ဘဏ်၀န်ထမ်း ဇနီး အေဗာ နဲ့ မွေးရာပါနှလုံးရောဂါသည် လသားအရွယ် သမီးလေးရှိပါတယ်။ နှလုံးခွဲစိတ်ဖို့ ကုန်ကျစရိတ်က ဈေးကြီးလွန်းတဲ့အတွက် ဘဏ်ခွဲတစ်ခုကို အဖွဲ့လိုက် ဓားပြတိုက်ရာကနေ ဇာတ်လမ်းစပါတယ်။
ဓားပြတိုက်တာက ထင်သလိုဖြစ်မလာဘဲ ရဲတွေရောက်လာတဲ့အတွက် ပိုက်ဆံတွေနဲ့အတူ သေလုမျောပါးထွက်ပြေးရပါတယ်။ နှစ်ဖက် အကျအဆုံးရှိပြီး အမှုက ကြီးတဲ့အတွက် New Orleans ရဲတပ်ဖွဲ့နဲ့ FBI နှစ်ဖွဲ့ပေါင်းပြီး တရားခံတွေကို ဖမ်းဖို့ စီစဉ်ပါတော့တယ်။ FBI ရဲ့ အထူးအေးဂျင့် ရော့စ်က သတင်းပေးသူဆီကနေ ညီအကို ၂ယောက်အကြောင်းသိရပြီး ဆက်လက်စုံစမ်းရင်း စစ်သားဟောင်းတွေဆိုတာပါ အကြောင်းစုံသိသွားပါတယ်။
တစ်ဖက်မှာလည်း ညီအကို ၂ယောက်နဲ့ အေဗာတို့ ထွက်ပြေးကြရင်း ဒေါသမထိန်းနိုင်တဲ့ အကို မစ်ကြောင့် ဂန်းစတားတွေပါ ပါလာပြီး ပိုရှုပ်လာတဲ့အခါသူတို့ ၃ယောက်လုံး FBI လက်က လွတ်မြောက်နိုင်မလား… ဘယ်လို အလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကို Nonstop Action ခန်းတွေနဲ့ မျက်တောင်မခတ်တမ်း အားပေးရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Hugot (2023)
⭐IMDB: 6.5/10 (29 Votes)
🎬 #Adult #Crime #Drama #Sport
🗓 2023 🎞 movie
📺 #720p #1080p
💿 852.3 MB ⦿ 1.9 GB
🌎 #Philippines
⏰ 1 နာရီ 40 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hugot (2023)
ကွိုင်းက ဘတ်စ်ကတ်ဘောဝါသနာပါပြီး ကိုယ်တိုင်လည်းကြိုးစားသလို အရည်အချင်းလည်းရှိတဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဖခင်ကတော့ သူ့ဝါသနာကို ခါးခါးသီးသီးဖြစ်နေပြီး သင်္ဘောတက်ဖို့ပဲ တိုက်တွန်းနေပါတယ်။
ကွိုင်းမှာ သူ့ကိုတစ်ဖက်သက် ကြိုက်နေသလို ဆာတိုင်းကျွေးဖော်ရတဲ့ ဂျာပွတ်ဆိုတဲ့ သူငယ်ချင်းမလေးလည်းရှိပေမဲ့ သူတကယ်တမ်းစိတ်ဝင်စားပြီး မှန်းနေရတဲ့သူကတော့ သူ့ကစားဖော်ပြိုင်ဘက်ရဲ့ ရည်းစားဖြစ်တဲ့ တီနာ (Azi Acosta) ဖြစ်ပါတယ်။
တစ်နေ့တော့ ငွေရှာခိုင်းချင်တဲ့ သူ့ဖခင်ပါးစပ်ပိတ်သွားအောင်၊ သူ့ဝါသနာကို လွတ်လွတ်လပ်လပ်လိုက်စားနိုင်အောင် အလွယ်တကူငွေရတဲ့ မူးယစ်ဆေးပို့တဲ့ အလုပ်ကိုတွဲလုပ်မိရင်း ဇာတ်လမ်းတွေရှုပ်ဖို့ဖြစ်လာပါတော့တယ်။
ဇာတ်လမ်းထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Pamasahe တစ်ကားတည်းနဲ့ ရှေ့ဆုံးတန်းကိုရောက်လာခဲ့တဲ့ Azi Acosta လေးပါပဲ။ မလိုအပ်ဘဲ ထည့်ထားတဲ့ ဂျိန်းခန်းတွေအများကြီးပါဝင်တဲ့အတွက် စိတ်ကျေနပ်ကြမှာလည်း အသေအချာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Among the Beasts (2023)
⭐IMDB: 5.9/10 (117 Votes)
🎬 #Action #Mystery #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 685.5 MB ⦿ 2.1 GB
🌎 #UnitedStates
⏰ 1 နာရီ 41 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Among the Beasts (2023)==================IMDb Rating – 6.0/10
Action, Thriller, Mystery ဇာတ်ကားကောင်းကြိုက်သူများအတွက်Rotten Tomatoes 57%, IMDb rating 6.0/10 ရရှိထားတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ စစ်သားဟောင်းကြီး အယ်လ်တီဟာ ကျဆုံးသွားရှာပြီဖြစ်တဲ့ သူ့ရဲ့ ရဲဘော်ရဲဖက် ဘော်ဘီရဲ့ မိသားစုကို စောင့်ရှောက်ပေးနေခဲ့ပါတယ်။ တစ်နေ့မှာ ဘော်ဘီရဲ့ သမီး ကေလာ ပြန်ပေးဆွဲခံရပြီးပျောက်ဆုံးသွားခဲ့ပါတယ်။ အယ်လ်တီလည်း ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ အယ်လ်တီလည်း စိတ်ဓာတ်တွေကျ၊ တာဝန်မကျေဘူးဆိုတဲ့ ခံစားချက်တွေနဲ့ လုံးပန်းနေခဲ့ပါတယ်။
တစ်နှစ်ခန့်အကြာမှာ လိုလာ ဆိုတဲ့ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ရဲ့သမီးဟာ သူ့ညီမဝမ်းကွဲလေး ဆိုဖီယာ ပြန်ပေးဆွဲခံရပြီး ပျောက်သွားတာမို့ဖြစ်ပုံချင်းတူတဲ့ အယ်လ်တီ့ဆီကို အကူအညီလာတောင်းပါတယ်။ အယ်လ်တီတစ်ယောက်လည်း သူ့တာဝန်မကျေမှုကို ပြန်လည်ပေးဆပ်ဖို့အတွက်လိုလာ့ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အယ်လ်တီ၊ လိုလာနဲ့အေဂျေတို့ သုံးယောက်ဟာ ကလေးပြန်ပေးဂိုဏ်းကို လိုက်လံစုံစမ်းတဲ့အခါမှာတော့……
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin မှဖြစ်ပါတယ်)...
Sher Shivraj (2022)
⭐IMDB: 8.3/10 (3 k Votes)
🎬 #Action #Bollywood #Drama #History
🗓 2022 🎞 movie
📺 #720p #1080p
💿 1.2 GB ⦿ 3.4 GB
🌎 #India
⏰ 2 နာရီ 33 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sher Shivraj (2022)***************************IMDb-8.3/10
ဘယ်လိုလက်နက်ပဲဖြစ်နေပါစေ…..လူသားပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ်…..နေ့ပဲဖြစ်နေနေ ညပဲဖြစ်နေနေ…..အိမ်တွင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်….သင်ဟာ သတ်လို့မသေနိုင်တဲ့ မသေမျိုးဖြစ်စေဆိုပြီး အရှင်ဗြမ္မဟာက ဒီဆုလာဘ်ကိုဟီရန်ရာကာ့ရှပ်ဆီ ပေးအပ်ခဲ့တယ်။
ဒီဆုလာဘ်ကြောင့်ပဲ ဆိုးသွမ်းလာတဲ့ ဟီရန်ရာကို နတ်ဘုရားတွေကပါကြောက်လန့်လာကြခဲ့တယ်။ဒါပေမယ့် သူ့သားတော် ပရယ်လားဒ်ကတော့အရှင်ဗိဿနိုးကို ဆည်းကပ်တဲ့သူ။ဒါကြောင့်ပဲ ဟီရန်ရာကာ့ရှပ်က ပရယ်လားဒ်ကိုအကြိမ်ပေါင်းများစွာသတ်ဖို့ကြံစည်ခဲ့တယ်။ ဒါပေမဲ့လည်း အရှင်ဗိဿနိုးရဲ့ဘုန်းတန်ခိုးကြောင့်ပရယ်လားဒ်ကို အကြိမ်ကြိမ်သတ်ဖို့ကြံစည်တာ မအောင်မြင်ခဲ့တဲ့နောက်မှာတော့ပရယ်လားဒ်ကိုမေးခဲ့တယ် မင်းရဲ့အရှင်ဗိဿနိုးဘယ်မှာလဲဆိုပြီး။ပရယ်လားဒ်ကပြန်ပြောခဲ့တယ်စကြာဝဠာကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ အရှင်ကတည်ရှိနေပါတယ်တဲ့။ဒီတော့ ဟီရန်ရာကဒီတိုင်မှာရှိတာလားလို့မေးလေတော့ ပရယ်လားဒ်က ဟုတ်တယ် ဒီတိုင်လုံးထဲမှာလည်းရှိတယ်ဆိုတော့တိုင်ကို ဒေါသတကြီးနဲ့ကန်ပါလေရော။အဲဒီမှာပဲ တိုင်လုံးကအစိတ်စိတ်အမွှာမွှာကွဲပြီး လူခန္ဓာကိုယ်ခြင်္သေ့ခေါင်းနဲ့ ဗိဿနိုးရဲ့အဝတာတစ်ဆူဖြစ်တဲ့ အရှင်နာဆင်မာပေါ်လာပြီး ဟီရန်ရာကိုပွေ့ချီသွားပြီး အတွင်းလည်း မဟုတ် အပြင်လည်းမဟုတ်လူလည်းမဟုတ် တရိစ္ဆာန်လည်းမဟုတ် ဘယ်လိုလက်နက်မှလည်းမသုံးဘဲ သုတ်သင်ရှင်းလင်းခဲ့ပါတယ်။
ဒီဇာတ်လမ်းကိုကြားတော့ မင်းသားလေးက သူလည်းအရှင်နာဆင်မာလိုမကောင်းဆိုးဝါးတွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပြီး တိုင်တည်ပါတယ်။တိုင်းပြည်ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ တစ်နေ့မှာတော့ ဟီရန်ရာလိုမကောင်းဆိုးဝါးနဲ့စစ်ခင်းဖို့ဖြစ်လာတဲ့အချိန်မှာ မင်းသားလေးအဆင်သင့်ဖြစ်နေမလားဆိုတာတော့ခမ်းခမ်းနားနားနဲ့ ကြည့်ရမယ့် အိန္ဒိယနန်းတွင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Yunniတို့ပဲဖြစ်ပါတယ်)...
Love Tactics (2022)
⭐IMDB: 5.3/10 (5 k Votes)
🎬 #Drama #Romance #Comedy
🗓 2022 🎞 movie
📺 #480p #720p #1080p
💿 411.9 MB ⦿ 617.0 MB ⦿ 1.1 GB
🌎 #Turkey
⏰ 1 နာရီ 39 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love Tactics (2022)
==============
CM ပရိသတ်တွေအတွက် 2022 မှာထွက်ရှိထားတဲ့ တူရကီအချစ်ရုပ်ရှင်လေး လာပါပြီ။ ဒီဇာတ်ကားလေးမကြည့်ခင်မှာတစ်ခုမေးပါရစေ ခင်ဗျားဟာ အချစ်စစ်ကို ရှာဖွေနေသူ တစ်ယောက်လား…စော်ကြည်ဘဲကြည် အပျော်ပဲတွဲနေတဲ့ အချစ်ကို အယုံအကြည်မရှိတဲ့သူတစ်ယောက်လား၊ ဘယ်ဘက်ထဲမှာ ပါမယ် ထင်ပါသလဲ …ဒီရုပ်ရှင်လေးထဲမှာတော့ Love Tactics ( အချစ်နည်းဗျူဟာများ ) ဆိုတဲ့ဘလော့ဂ်တစ်ခုကို ထောင်ထားတဲ့ အက်စ်လီ ဆိုတဲ့ ဖက်ရှင်ဒီဇိုင်နာမလေးတစ်ယောက်ရှိတယ်။ ယောက်ျားတွေဟာ တစ်သီးစားပဲချောင်းနေတဲ့ကျားတွေလို့ယုံကြည်နေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ အဲဒီဘလော့ဂ်မှာ သူကယောက်ျားတွေကို ဘယ်လိုဆွဲဆောင်ရမယ် ဘယ်အချိန်မှာ ဘယ်လို အကွက်ရွှေ့ရမယ် စသဖြင့် နည်းဗျူဟာတွေ တင်ပေးလေ့ရှိတယ်။
တစ်ဖက်မှာလည်း ကြော်ငြာကုမ္ပဏီမှာ ထူးချွန်တဲ့ မန်နေဂျာ တစ်ဦးဖြစ်တဲ့ကယ်ရမ်ဆိုတဲ့ သူတစ်ယောက်ရှိတယ်။ မိန်းကလေး တွေကို တစ်ညတာအပျော်ပဲတွဲပြီး ဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းနေတဲ့သူတစ်ယောက်။မိန်းမတွေကို ဘယ်လိုချုပ်ကိုင်ရမယ် မိန်းမတွေဟာ ဘယ်လိုစိတ်နေ သဘောထားရှိတယ်ဆိုတာ ကောင်းကောင်းကြီး နောကျေနေတဲ့ ယောက်ျားတစ်ယောက်ပေါ့။
ကံကြမ္မာက ဖန်တီးပေးလာတဲ့အခါမှာ အက်စ်လီနဲ့ ကယ်ရမ်တို့နှစ်ဦးဟာသူတို့သူငယ်ချင်းတွေကိုယ်စီနဲ့ ချမှတ်လိုက်တဲ့ အလောင်းအစားတွေကြောင့်တစ်ဦးနဲ့ တစ်ဦး ပတ်သက်ဖို့အကြောင်းဖန်လာရတယ်။ တစ်ယောက်က တစ်ယောက်ကိုချစ်မိလာအောင် လုပ်ကြဖို့ပါပဲ။ ဒီလိုနဲ့ အချစ်ကို အယုံအကြည်မရှိတဲ့ အက်စ်လီနဲ့ကယ်ရမ်တို့ နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် ချစ်မိလာအောင် လုပ်ဖို့ အလောင်းအစားနဲ့အချင်းချင်း ကစားကွက်တွေသုံးပြီး ပညာပြိုင်ကြပါတော့တယ်။ဘယ်သူဘက်က အလောင်းအစားနိုင်သွားမလဲ . . . အချစ်ကိုအယုံအကြည်မရှိတဲ့သူနှစ်ယောက်ကရော တကယ်ချစ်လာနိုင်မှာလား . . .
ဇာတ်ကားထဲက စကားလေးတစ်ခွန်းရှိပါတယ် . . .မိန်းမတွေဟာ ပွဲတစ်ပွဲကို အသေးစိတ်ကအစ ရှုမြင်တတ်ပြီး ယောက်ျားတွေဟာတော့အဲဒီပွဲကို ခြုံငုံမြင်တတ်ပြီး ပွဲကပေးတဲ့ ခံစားချက်ကိုပဲ အလေးထားပါတယ်တဲ့။ဒီဇာတ်ကားလေးကြည့်ပြီး ဟုတ်လားမဟုတ်လားဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ကြပါတော့
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chuck Chuck ဖြစ်ပါတယ်)...
Love Tactics 2 (2022)
⭐IMDB: 4.8/10 (1 k Votes)
🎬 #Comedy #Romance
🗓 2022 🎞 movie
📺 #720p #1080p
💿 833.1 MB ⦿ 1.8 GB
🌎 #Turkey
⏰ 1 နာရီ 40 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love Tactics 2 (2022)================
ပထမကားမှာ နင်ချစ်မလား ငါချစ်မလားနဲ့ အချစ်ပြိုင်ပွဲလေးလုပ်ခဲ့ကြတဲ့အက်စ်လီနဲ့ ကယ်ရမ့်ကိုမှတ်မိကြသေးရဲ့လား။ သူတို့နှစ်ယောက်ကနေတစ်ဆင့် စုံတွဲတွေဖြစ်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်က လက်ထပ်ကြတော့မှာပါတဲ့။ ဒါပေမဲ့ ဒါကို အက်စ်လီတို့နှစ်ယောက်က သဘောမကျပါဘူး။ အိမ်ထောင်ပြုလိုက်တာနဲ့ ရန်ပဲဖြစ်ပြီး အချစ်တွေမရှိတော့ဘဲနောက်ဆုံးကွာရှင်းကြမှာပဲလို့ ယုံကြည်ကြတဲ့နှစ်ယောက်ပေါ့။ အိမ်ထောင်ရေးကို အယုံအကြည်မရှိကြတာချင်းအတူတူ အက်စ်လီက ကယ်ရမ်ဟာသူ့ကိုလက်မထပ်ချင်ရကောင်းလားဆိုပြီး စိတ်ဆိုးသွားပါတယ်။
ဒီလိုနဲ့ အက်စ်လီက ကယ်ရမ် သူ့ကိုလက်ထပ်ချင်လာအောင် စစ်ဆင်ရေးစပါတယ်။ ကယ်ရမ်ကလည်း အားကျမခံ အက်စ်လီ့ကို အိမ်ထောင်သည်ဘဝကို စိတ်ကုန်သွားအောင် ဗျူဟာဆွဲပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ဒုတိယအကြိမ်ဂိမ်းလေးမှာရော ဘယ်သူအနိုင်ရမလဲ။ ချစ်ရင်ယူမှဖြစ်မှာလား လက်ထပ်လိုက်တာနဲ့ အချစ်တွေကုန်သွားပြီလား ပရိသတ်ကြီးရောဘယ်လိုထင်ပါသလဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL မှဖြစ်ပါတယ်)...
The Fence (2022)
⭐IMDB: 6.9/10 (235 Votes)
🎬 #Comedy #Drama
🗓 2022 🎞 movie
📺 #720p #1080p
💿 744.5 MB ⦿ 2.4 GB
🌎 #UnitedKingdom
⏰ 1 နာရီ 35 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စတိဗ်ဆိုတဲ့ ကောင်လေးကသူရှာထားတဲ့ပိုက်ဆံတွေစုပြီး
ဆိုင်ကယ်လေးတစ်စီးကိုဝယ်ခဲ့ပါတယ်။ဝယ်ပြီးသိပ်မကြာခင်မှာပဲ
အိမ်ရှေ့မှာရပ်ထားတုန်းအခိုးခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ရဲသွားတိုင်တော့
သူက သူ့အစ်ကိုအန်ဒရူးရဲ့ညီဖြစ်နေတာကိုသိသွားတော့ ရဲတွေက
မကူညီချင်သလိုထုံးစံအတိုင်းအင်တင်တင်လုပ်ပါတော့တယ်။
သူ့အစ်ကိုအန်ဒရူးဆိုတာက အမြဲတမ်းထိုးလိုက်ကြိတ်လိုက်နဲ့
လူကြမ်းတစ်ယောက်မလို့ အခုလဲခံဝန်နဲ့လွတ်လာတာဖြစ်ပါတယ်။
ဒီလိုနဲ့စတိဗ်တစ်ယောက် သူ့ဆိုင်ကယ်လေးကိုဘယ်သူခိုးသွားတယ်
ဆိုတာကိုလိုက်စုံစမ်းရင်းနဲ့ သတင်းအတိအကျရလာတဲ့အခါ သူ့အသက်
အရွယ်နဲ့ ဘာမှလုပ်မရတဲ့အတွက်သူ့အစ်ကိုကိုပဲ လူမိုက်ငှားပြီးခေါ်သွား
ခဲ့ပါတော့တယ်။သူ့အစ်ကိုကလဲမဆီမဆိုင်နဲ့ရဲတွေနဲ့ သူ့ကြားမှာ
ပဲကြီးလှော်ဆားညှပ်နေတဲ့သူ့ ညီကိုသနားပြီးအတတ်နိုင်ဆုံးလိုက်ကူ
ညီပေးခဲ့ပါတယ်။ဒီလိုနဲ့ဆိုင်ကယ်တော့ပြန်မရခဲ့ပေမဲ့လျော်ကြေးတော့
ပြန်ရခဲ့ပါတယ်။ဒါပေမယ့်တကယ်တမ်းအပြစ်ရှိတဲ့လူကဆိုင်ကယ်
သူခိုးမဟုတ်ပဲ နဲ့ ညီအစ်ကိုနှစ်ယောက်လုံးနဲ့ရန်စရှိနေတဲ့လူတွေ
ဖြစ်တဲ့အခါမှာတော့ဘာတွေဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့
ကြည့်ရှုရမဲ့အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။...
The Prey (2011)
⭐IMDB: 6.6/10 (6 k Votes)
🎬 #Action #Crime #Thriller #Drama
🗓 2011 🎞 movie
📺 #720p #1080p
💿 935.5 MB ⦿ 2.0 GB
🌎 #France
⏰ 1 နာရီ 45 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb -6.6/10 ~ Rotten Tomatoes – 70%
ဖရန့်ခ် အေဒရီယန်ဟာ ဘဏ်ဓားပြမှုနဲ့ ထောင်ကျ နေတာဖြစ်ပြီး
ဓားပြမှုကနေရလာတဲ့ ပိုက်ဆံ တွေဝှက်ထားတဲ့နေရာကိုလည်း
သူကလွဲရင်ဘယ်သူမှမသိပါဘူး။
ဒီလိုကြောင့်လည်း ထောင်ထဲက သူ့ရဲ့တွဲဖက်တွေ
ပစ်မှတ်ထားရန်ရှာတာကို ခံနေရသူပါ။
သူ့ရဲ့ထောင်တွင်းအခန်းဖော်ကတော့ ဂျင်း လူးဝစ် မူရေးဖြစ်ပြီး
ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကို စော်ကားမှုနဲ့ ထောင်ကျနေသူပါ။
တနေ့မှာ မူရေးကို တခြားထောင်သားတွေက ပညာပေးနေချိန်
ဖရန့်ခ်ကကြည့်မနေနိုင်တော့ပဲ ဝင်ကယ်ပေးလိုက်ရင်း မူရေးနဲ့ရင်းနှီးသွားခဲ့ပါတယ်။
မူရေးကတော့ အမှုမခိုင်လုံမှုကြောင့် ကွင်းလုံးကျွတ်လွတ်သွားခဲ့ပြီး
ဖရန့်ခ်ရဲ့မိသားစုကိုလည်းစောင့်ရှောက်ပေးပါ့မယ်လို့
ပြောခဲ့ပြီး ထောင်ကထွက်သွားခဲ့ပါတယ်။
ဒါပေမဲ့လည်း ကာဂါလို့ခေါ်တဲ့ ပြင်သစ်အထူးတပ်ဖွဲ့ခေါင်းဆောင်က
ဖရန့်ခ်ဆီကိုလာပြီး မူရေးအကြောင်းတွေမေးမြန်းတဲ့အခါမှာတော့
မူရေးကသူထင်ထားသလိုမဟုတ်ပဲ အမှောင်ဘက်ခြမ်းကြီးစိုးတဲ့
စိတ္တဇတယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါ
ဘာတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။
ပြင်သစ်နောက်ခံစကားပြောဇာတ်ကားကောင်းလေးဖြစ်တဲ့အပြင်
Rating တွေလည်း ကောင်းတာမလို့
သည်းထိပ်ရင်ဖိုအက်ရှင်ကားချစ်သူတွေ အကြိုက်တွေ့စေမှာပါ။...
The Recruit (2003)
⭐IMDB: 6.6/10 (140 k Votes)
🎬 #Action #Thriller
🗓 2003 🎞 movie
📺 #720p #1080p
💿 699.6 MB ⦿ 1.9 GB
🌎 #UnitedStates #Switzerland
⏰ 1 နာရီ 55 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Legend ကြီး AL Pacino နဲ့ Colin Farell တို့ အပြိုင်ကြဲထားတဲ့
ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.
ထက်မြက်တဲ့နည်းပညာသမားတစ်ယောက်ဖြစ်သူ ဂျိမ်းစ်ကို
စီအိုင်အေမှာ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး စီနီယာနည်းပြ အနေနဲ့
ငယ်ရွယ်တဲ့အရည်အချင်းရှိသူတွေကို
လူသစ်စုဆောင်းဖို့ ရှာဖွေနေခဲ့တဲ့ ဝေါ်တာဘက်ခ်က
အဖေ ဖြစ်သူရဲ့အကြောင်းကို သိချင်တဲ့ ဂျိမ်းစ်ရဲ့အညှာကို
ချုပ်ကိုင်ပြီး သူဖြစ်စေချင်သလို
စီအိုင်အေထဲဝင်နိုင်အောင် အပါခေါ်သွင်းခဲ့ပါတယ်.
“မွေးမြူရေးခြံ” လို့ အမှည်ဝှက်ပေးထားတဲ့ သူတို့ရဲ့
လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ဂျိမ်းစ်ကို
စမ်းသပ်မှု အဆင့်ဆင့်ကို ဖြတ်ကျော်စေခဲ့ပါတယ်.
နောက်ဆုံးစမ်းသပ်မှုကို မအောင်မြင်ခဲ့တဲ့
ဂျိမ်းစ်တစ်ယောက် စိတ်ဓာတ်ကျပြိုလဲနေခဲ့ပေမယ့်
ဝေါ်တာဘက်ခ်က လန်ဂလေက ဌာနချုပ်မှာ
နေရာတစ်ခုရအောင် စီစဉ်ပေးခဲ့ပြီး
N.O.C – (Non-Offical Cover) နော့အနေနဲ့ ဌာနက
အတွင်းသူလျှိုဖြစ်သူ လေလာရဲ့ချုပ်ကိုင်စေခိုင်းသူကို
ရှာဖွေဖော်ထုတ်ရမယ့် တာဝန်တစ်ခုကို ချပေးခဲ့ပါတယ်
ဒီနေရာအရောက်မှာတော့ ဂျိမ်းစ်အနေနဲ့
သူ့ရဲ့ အော်ပရေးရှင်းကို ပြီးအောင် လုပ်နိုင်မှာလား
လေလာရဲ့ နောက်ကွယ်က စေခိုင်းသူကရော ဘယ်သူဖြစ်မလဲ.ဝေါ်တာဘက်ခ်အနေနဲ့ကရော ဂျိမ်းစ်ကို နော့
အနေနဲ့တပ်ဖွဲ့ထဲ ခေါ်ခဲ့တဲ့ အဓိကရည်ရွယ်ချက်ကရောဘာလဲ
ဇာတ်လမ်းအဆုံးအထိ လှည့်စားနိုင်ဖို့ မပျက်ကွက်ခဲ့တဲ့
ဒီဇာတ်ကားလေးကို CM ကနေ ပရိသတ်များ
ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက် ရပါတယ်....
Flux Gourmet (2022)
⭐IMDB: 5.9/10 (3 k Votes)
🎬 #Comedy #Drama #Horror
🗓 2022 🎞 movie
📺 #720p #1080p
💿 494.4 MB ⦿ 1.1 GB
🌎 #UnitedKingdom #Hungary #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Flux Gourmet (2022)
* သွေးထွက်သံယိုဇာတ်ဝင်ခန်းများနှင့် ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများကြည့်ရှုရန်မသင့်ပါ *
~ IMDb – 5.9/10, Rotten Tomatoes – 85% ~
ဒီရုပ်ရှင်ကို ဘာအကြောင်းလဲလို့မေးရင် နည်းနည်းဖြေရခက်မယ်။ အကြောင်းအရာတွေက ရှုထောင့်ပေါင်းစုံကနေ တစ်မျိုးစီပြထားတာကြောင့်ပေါ့။ ဟင်းချက်တာပါတယ်၊ အနုပညာပါတယ်၊ သီချင်းတွေအသံတွေပါတယ်၊ ဟာသတွေပါတယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေပါတယ်၊ ဘာညာကွိကွတွေပါတယ်။
မကြည့်ခင်မှာ အရင်ဆုံး သူတို့တည်တဲ့ ဇာတ်လမ်းနဲ့အလုပ်အကိုင်သဘောတွေအရင်ပြောရပါလိမ့်မယ်။ Sonic Catering ကို ဒီရုပ်ရှင်ထဲကအတိုင်းဆိုရင်တော့ မြန်မာလိုအဓိပ္ပာယ်ခြုံမိဖို့ “ဟင်းသံလုပ်သရုပ်ဆောင်ခြင်း” လို့ခေါ်နိုင်ပါတယ်။
ဒါရိုက်တာ Peter Strickland ကလည်း ဒီရုပ်ရှင်ဟာ သူ့ဘဝနဲ့ အနီးစပ်ဆုံးရုပ်ရှင်ဖြစ်မယ်လို့ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် အဲဒီလို Sonic Catering Band တစ်ခုကို တည်ထောင်ခဲ့ဖူးလို့ပါတဲ့။
ASMR တွေနဲ့မတူတာက Sonic Catering ဟာ ပြဇာတ်ကသလို ပရိသတ်ရှေ့မှာပဲ ဟင်းချက်တယ်၊ ဟင်းချက်ရာကထွက်တဲ့အသံတွေကိုဖမ်းပြီး အသံညှိစက်တွေနဲ့ အမျိုးမျိုးချိန်ညှိတယ်။ ဓားနဲ့လှီးသံ၊ မီးဖွင့်သံ၊ ရေပွက်သံ အစရှိသဖြင့် အသံတွေကို အနီးကပ် တိုးသင့်တိုး ကျယ်သင့်ကျယ် ချိန်ညှိပြီး ကြည့်တဲ့သူတွေကို နားထဲပျားရည်လောင်းတာမျိုးပေါ့။
အပြင်လောကမှာဆိုရင်တော့ Sonic Caterer ဆိုတာ ဒီလောက်နဲ့ပြီးပေမဲ့ ဒီရုပ်ရှင်ထဲက ဟင်းသံလုပ်သမားတွေက စိတ္တဇဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ပါ ထပ်တိုး အနုပညာတစ်မျိုး ဖန်တီးကြပါတယ်။ အနုပညာအဆန်လွန်တာလားတော့မသိပါဘူး။ အဲဒီလိုသရုပ်ပြပွဲတွေပြီးတိုင်း စင်နောက်မှာ ပရိသတ်တွေနဲ့အတူ သိုင်းပြိုင်ကြပါသေးတယ်။ ဝိုင်းလုပ်ဝိုင်းစား ဘဝသမားလေးတွေပေါ့လေ။
ရုပ်ရှင်အကြောင်းအကြမ်းပြောရရင် ဟင်းသံလုပ်သရုပ်ဆောင်အဖွဲ့တစ်ခုက သူတို့ကို ငွေကြေးထောက်ပံ့မယ့်အဖွဲ့အစည်းနဲ့အတူ ယာယီအတူနေထိုင်ကြရာကနေ စထားပါတယ်။
အချင်းချင်းရန်ပတ်ဖြစ်နေတဲ့အဖွဲ့သား ၃ ယောက်ရယ်၊ လေပွပြီး အီးပေါက်ရမှာရှက်တဲ့ အာပလာ စာရေးဆရာတစ်ယောက်ရယ်၊ အလွန်အကျွံဝတ်စားတတ်တဲ့ ဒါရိုက်တာမတစ်ယောက်ရယ်၊ လေကြီးလေကျယ်တအားပြောတဲ့ ဆရာဝန်တစ်ယောက်ရယ်၊ သူတို့ကိုလိုက်နှောက်ယှက်တဲ့ အဖွဲ့တစ်ခုရယ်၊ ဖလန်ဂျာလို့ခေါ်တဲ့ အသံညှိစက်ကလေးတစ်လုံးရယ်။
သူတို့အားလုံးရဲ့စရိုက်တွေကို သတ်မှတ်ထားပေးပုံက အတော်လေး အားရစရာကောင်းပါတယ်။ မထင်ပေါ်ချင်တဲ့လူ၊ အာဏာပြချင်တဲ့လူ၊ ဆရာကြီးလုပ်ချင်တဲ့လူ စသဖြင့် စသဖြင့် ပေါ့လေ။
ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်ဆောင်က ဘယ်သူလဲ၊ ဇာတ်ကိုသယ်တာက ဘယ်သူများလဲလို့ အတိအကျပြောဖို့ခက်ပါတယ်။ အဲလ် ဆိုတဲ့ အဖွဲ့ခေါင်းဆောင်လား၊ နောက်ခံကနေ သူ့အမြင်တွေကိုပြောနေတဲ့ စာရေးဆရာလား၊ ဒါရိုက်တာမကြီးလား ဒါမှမဟုတ် ဖလန်ဂျာလေးလား။
ဇာတ်လမ်းတည်ပုံ၊ ဆင့်ပွားပုံ၊ ဇာတ်ရှိန်အတက်အကျက စလို့ ဒိုင်ယာလော့ခ်တွေအထိ အတော်လေးကောင်းပါတယ်။ ဝေဖန်တဲ့လူတွေကတော့ သူ့ရဲ့ပြကွက်အရစိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ်တို့ဘာတို့ ပြောကြပေမဲ့ အဲဒီလောက်ကြီးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတော့မဟုတ်ပါဘူး။
ရိုက်တဲ့လူနဲ့ ထုတ်တဲ့ကုမ္ပဏီဟန်ချက်ညီတယ်ဆိုတာ ဒီလိုရုပ်ရှင်မျိုးဖြစ်မှာပါ။ ပေါက်ကရဆို ကောင်းအောင်ရိုက်တတ်တဲ့ ဒါရိုက်တာ Peter Strickland နဲ့ ထုတ်ပေးတဲ့ကုမ္ပဏီက IFC Films ရဲ့ ထူးထူးဆန်းဆန်းရုပ်ရှင်တွေထုတ်ပေးတဲ့အပိုင်း IFC Midnight ကပါ။
Cast တွေအနေနဲ့ကလည်း ကျွန်တော်တို့နဲ့မစိမ်းတဲ့ Gwendoline Christie, Asa Butterfield နဲ့ Ralph Fiennes မတိုင်ခင်က Voldemort ကြီး Richard Bremmer တို့ပါဝင်ထားပါတယ်။
ဒီရုပ်ရှင်ဟာ နိုင်ငံတကာမှာအသံဒီဇိုင်းဆု ၂ ခုရထားပြီး ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အခြားဆန်ခါတင်စာရင်းများစွာဝင်ထားပါတယ်။ အနုပညာနယ်ပယ်သစ်တစ်ခုကို စူးစမ်းချင်ပြီး Dark Comedy သဘောကျတယ်ဆိုရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
Rev (2020)
⭐IMDB: 5.1/10 (2 k Votes)
🎬 #Action #Drama #Thriller
🗓 2020 🎞 movie
📺 #720p #1080p
💿 503.0 MB ⦿ 1.2 GB
🌎 #Canada #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Action, Drama, ThrillerIMDB – 5.1/10
ကျွန်တော့်နာမည်က မိုက်ကီ၊ အထက်တန်းကျောင်းသားဘဝကတည်းက
ရဲကားကိုခိုး မောင်းပြီး အဖမ်းခံရဖူးတယ်။
အဲဒါနဲ့ ပြီးသွားရောလားဆိုတော့ မပြီးဘူး ပိုဆိုးလာတယ်ပေါ့။
ဖြစ်ချင်တာက အိုင်တီနည်းပညာရှင်၊ App ကောင်းကောင်းလေး တီထွင်ပြီး
အသက် ၂၀ မပြည့်ခင် အနားယူချင်တဲ့ကောင်မျိုး။
ဒါပေမဲ့ ဘဝပေး မကောင်းပါဘူး ကွန်ပြူတာဆိုင်ဝင်လုပ်လည်း
အလုပ်ပြုတ်လာပြီး ကျွမ်းကျင်တဲ့ကားသူခိုးအလုပ်
ဆက်လုပ်တော့လည်း ရဲက ဖမ်းခံရပြန်တယ်။
ဆရာသမားရဲတွေက အဲဒါကို ထောင်ထဲတန်းမထည့်ပဲ
ကျွန်တော်က ကားခိုးတာကျွမ်းကျင်တော့ အပေးအယူလာလုပ်တယ်
“မင်း မဟုတ်ရင် တစ်သက်တစ်ကျွန်းလောက် ကျမှာနော်” ဘာညာနဲ့
ဖြဲခြောက်တော့ ကြောက်လန့်ပြီး သူတို့ပြောတာ လက်ခံလိုက်တယ်။
အဲဒါက ဘာလဲဆိုတော့ ကားသူခိုးဂိုဏ်းထဲကို သူလျှိုအနေနဲ့ ဝင်ရမှာတဲ့၊
ဒါနဲ့ ခေါင်းဆောင်ရဲ့ လမ်ဘော်ဂီနီကားကို ခိုးပြလိုက်တော့
ခေါင်းဆောင်က သဘောကျပြီး ကျွန်တော့်ကို သူ့အဖွဲ့ထဲ ဆွဲခေါ်ခဲ့ရော။
သူ့နာမည်က ချာလီ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တယ် ယုတ်မာတာမျိုးမရှိဘူး
ကျွန်တော့်ကိုလည်း ယုံကြည်ပြီး ပစားပေးတယ်။
သူ့တွဲဖက် အာဖရိကကနေ ပြန်လာတဲ့ ဆမ်မီဆိုတဲ့ကောင်ကရော အပေါက်ဆိုးတယ် ယုတ်မာတယ်
ကျွန်တော့်ကို စတွေ့တဲ့နေ့ကလည်းက သိပ်ကြည်ဟန်မရှိဘူး။
အဲဒီမှာ မမတစ်ယောက်လည်း ရှိနေပြန်တယ် သူကတော့ ချာလီရဲ့ကောင်မလေး အေဗာတဲ့၊ မစားသင့်တဲ့
အသီးမှန်း သိပေမဲ့လည်း မမရဲ့ ငြို့အားတွေအောက် ကျွန်တော် ရုန်းမထွက်နိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ ကျွန်တော့်ဘဝဟာ Hot Dog ထဲက ဝက်အူချောင်းလိုပဲ
တစ်ဖက်က ရဲတွေတသိုက်က စောင့်ကြည့်နေပြီး တစ်ဖက်ကလည်း
ကားသူခိုးဂိုဏ်းလူမိုက်တွေကြား
(ပိုဆိုးတာ ခေါင်းဆောင်ကောင်မလေးကို ခိုးစားနေသေးတယ်) ညှပ်နေခဲ့ပြီး
ကျွန်တော် ဘာတွေဆက်ဖြစ်မယ် ဘာတွေလုပ်ပြမယ်ဆိုတာတော့
ခင်ဗျားတို့ပဲ ဆက်ကြည့်ပြီး ခံစားလိုက်ကြပါတော့……။...
You're Next (2011)
⭐IMDB: 6.6/10 (105 k Votes)
🎬 #Horror #Thriller #Mystery
🗓 2011 🎞 movie
📺 #720p #1080p
💿 502.5 MB ⦿ 1.2 GB
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 6.6/10 ~ Rotten tomatoes – 79%
ဒေးဗစ်ဆန် မိသားစုက ချမ်းသာကြပေမဲ့လည်း
သူတို့ရဲ့မိသားစုဝင်အချင်းချင်းဆက်ဆံရေးကတော့ မကောင်းကြပါဘူး။
မိသားစုဝင်တွေလည်း စုံစုံလင်လင်အတူမရှိရတာကြာပြီဖြစ်တဲ့အတွက်
ပေါလ်နဲ့ အာဘရီတို့က သူတို့ရဲ့ 35 နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကို
ကလေး ၄ ယောက်နဲ့အတူ လူသူမနီးတဲ့ တောထဲကအိမ်ကြီးမှာလုပ်ရင်း
မိသားစုဝင်အချင်းချင်းပြန်ပြီးနွေးထွေးမှုရအောင်လုပ်ဖို့ အစီအစဥ်ဆွဲခဲ့ကြပါတယ်။
ဒီလိုနဲ့ သူတို့အကုန်အကုန်လုံးပျော်ပျော်ပါပါး နှစ်ပတ်လည်နေ့ကို
အောင်ပွဲခံတဲ့ညမှာပဲ မျက်နှာဖုံးနဲ့လူသ-တ်သမားတွေရောက်လာပြီး
လူတိုင်းကိုလိုက်သ-တ်ပါတော့တယ်။
ဒီအခြေအနေမှာ သူတို့မိသားစု အသက်ရှင်ကြမလား
သူတို့ရဲ့ မိသားစုကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ
ဒီလူသ-တ်သမားတွေကရော ဘယ်ကနေပြီး ဘာကြောင့်
ရောက်လာကြလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
2011 ထွက်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့အပြင်
အသ-တ်အဖြတ်ခန်းတွေ၊ သွေးသံရဲရဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာမလို့
၁၈ နှစ်အောက်ကလေးတွေတော့မကြည့်ရှုသင့်ပါဘူး။...
Disquiet (2023)
⭐IMDB: 3.8/10 (399 Votes)
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 520.1 MB ⦿ 935.3 MB
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းရဲ့အစမှာတော့ ဆမ်ကသာမာန်ဘဝမှာပဲရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့အိမ်ထောင်ရှင်တစ်ယောက်ပေါ့ ၊ တနေ့ကျတော့ဆမ်ဟာ car accident အကြီးအကျယ်ဖြစ်ရာကနေဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံမှာသတိရပြီးနိုးလာတော့ ဘေးပတ်လည်မှာဘယ်သူမှမရှိတော့တဲ့အပြင်ဖုန်းလိုင်းတွေလည်းမမိတော့ပါဘူး၊ ဆမ်လည်းလူတွေ့လိုတွေ့ငှါးလိုက်ရှာတဲ့အခါ ဘာမှန်းမသိတဲ့အဘိုးကြီးတစ်ယောက်တိုက်ခိုက်တာစခံရပါတော့တယ်၊ အဲ့လိုနဲ့ဆမ်လည်းဆေးရုံကမူမမှန်တာသိသွားတော့ထွက်ပြေးဖို့ကြိုးစားရပါပြီ၊ ဆမ်ကဆေးရုံထဲမှာပိတ်မိနေတာသူတစ်ယောက်တည်းမဟုတ်မှန်းသိလိုက်ရတော့သူလဲအားတက်ပြီးထွက်ပေါက်အတူတူကြိုးစားရှာကြပါတယ်၊ ထွက်ပြေးဖို့ကြိုးစားတာကလည်းအဲ့လောက်မလွယ်ကူခဲ့ပါဘူး၊ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ၊ ဖုန်းလိုင်းတွေမရ၊ဆေးရုံဘေးပတ်လည်မှာလည်းအမှောင်ထုတွေပြည့်နှက်နေတဲ့အပြင် ဆမ်တို့ကိုတားဆီးဖို့ဆိုပြီးစောင့်နေတဲ့လက်ရဲဇက်ရဲလူလိုလိုမကောင်းဆိုးဝါးလိုလိုတွေကအနောက်ကနေလိုက်နေတာဆိုတော့ ဆမ်တို့အဖွဲ့အသက်ရှင်လျက်အဲ့ဆေးရုံကြီးကနေထွက်နိုင်ပါ့မလား၊ အဲ့ထဲမှာပဲထာဝရနေသွားရမလား ပဟေဠိတွေနဲ့ ရင်ဖိုဖိုကြည့်ရမှာပဲဖြစ်ပါတယ် ။...
Bugaw (2023)
⭐IMDB: 5.4/10 (22 Votes)
🎬 #Adult #Thriller #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 685.7 MB ⦿ 1.7 GB
🌎 #Philippines
⏰ 1 နာရီ 30 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bugaw (2023)
ဒလောရက်စ်ဟာ သူတို့ရွာမှာ ပြည့်တန်ဆာအဖြစ် အသက်မွေးပြီး သူ့အလုပ်တွေအတွက် ရက်ချိန်းတွေ၊ ဈေးနှုန်းတွေ၊ ဖောက်သည်တွေနဲ့ချိတ်ဆက်တာကနေ အလုပ်လုပ်မယ့်နေရာတွေကိုလိုက်ပို့တာအထိ သူ့ဖခင်ကတာဝန်ယူပါတယ်။ သူရော ဖခင်ဖြစ်သူရော နှစ်ဦးလုံးရဲ့ ရည်မှန်းချက်က အငယ်နှစ်ယောက်ဖြစ်တဲ့ အိုင်းဆက်စ်နဲ့ဂလိုရီယာတို့ကိုပညာတတ်ကြီးဖြစ်ပြီး ဒီဘဝကနေရုန်းထွက်နိုင်ဖို့ပါပဲ။
တစ်နေ့တော့ သူ မလိုက်လျောတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဖောက်သည်တစ်ဦးနဲ့ အချင်းများရာကနေ သူတို့ဖခင်သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူ့ဖခင်နေရာကို မောင်ငယ် အိုင်းဆက်စ်က တာဝန်ယူလာခဲ့ပြီး တစ်ဖြည်းဖြည်းသိလာရတာတွေကတော့ သူ့ဖခင်ဟာ သူတို့ဝင်ငွေတွေထဲက မနည်းလှတဲ့ ပမာဏတစ်ခုကို နယ်မြေရဲတစ်ယောက်ကိုအချိန်မှန်မှန်ဆက်ကြေးပေးနေခဲ့ရတယ်ဆိုတာပါ။ ငွေအင်အားလူအင်အား ဘာကိုမှမယှဉ်နိုင်တဲ့ မိဘမဲ့ မောင်နှမသုံးယောက်ဟာ ရဲတောင်းဆိုတဲ့အတိုင်း ဆက်လက်ငုံ့ခံ လိုက်နာနေခဲ့ပေမယ့် အဲ့ဒီရဲက တစ်ဖြည်းဖြည်းအတင့်ရဲလာတဲ့အခါမှာတော့…
ဒီဘဝကနေ ဘယ်လိုနည်းနဲ့ အလွတ်ရုန်းကြမလဲဆိုတာကိုယ်တိုင်အဖြေရှာလိုက်ကြပါ။
ကြည့်လည်းကြည့်ကောင်းလှသလို မြင်နေတွေ့နေကျမဟုတ်တဲ့ မင်းသမီးအသစ်လေးတွေကိုလည်း ပွဲထုတ်ပေးထားပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Bhuvana Vijayam (2023)
⭐IMDB: 6.5/10 (470 Votes)
🎬 #Bollywood #Comedy #Horror #Crime
🗓 2023 🎞 movie
📺 #720p #1080p
💿 863.8 MB ⦿ 2.2 GB
🌎 #India
⏰ 1 နာရီ 56 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bhuvana Vijayam(2023)IMDb-6.9/10
ပေါ့ပေါ့ပါးပါးနဲ့ အပျင်းတော်ပြေစေမယ့် တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြတယ်။အဲဒီဆန္ဒတွေက အောင်မြင်မှုနဲ့အတူတွဲပါလာတတ်ကြပါမယ့် အဲဒီအောင်မြင်မှုအတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်ကြရတာ။အမြဲတမ်းရှုံးနေတဲ့လူတောင် တခါတလေအောင်နိုင်ပါသေးတယ်။အကြိမ်ရေနည်းပေမယ်လို့ပေါ့။အဲဒီလိုအချိန်တွေမှာ ဘုရားရဲ့ပါဝင်မှုက ရှိလာတတ်တာပဲ။
ဒီဇာတ်လမ်းကလည်း ဘုရားတွေထဲကမှ ဘဟူဗာနာဗီဂျေယမ်ဆိုတဲ့လူသားရဲ့ဇာတ်လမ်း။သေဆုံးပြီးနောက် ဘယ်လိုတွေဖြစ်လဲဆိုတာရယ်
ရုပ်ရှင်တစ်ကားအတွက် နောက်ခံဇာတ်ကြောင်းတွေ မတူညီကြတဲ့ လူခြောက်ယောက်ဇာတ်ညွှန်းအတွက်ပြိုင်ကြတာကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunniတို့ပဲဖြစ်ပါတယ်)...
