en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Piercing Wounds (2023) ⭐IMDB: 5.9/10 (54 Votes) 🎬 #Action #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 40 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်ကြီး မင်းသားမင်းသမီးတွေနဲ့မဟုတ်ဘဲ Budget ရိုက်ကူးထားတဲ့ ကားလေးတွေကိုကြည့်ဖူးကြမှာပါ။အဲ့ဒီ Budget ကားလေးတွေထဲမှာ မကောင်းဘဲနဲ့ ပေါတောတောကားတွေလည်းရှိသလို တကယ်ကောင်းတဲ့ လက်ခံပေးလို့ရတဲ့အခြေအနေတစ်ခုရှိတဲ့ကားလေးတွေလည်းရှိပါတယ်။ ဒီကားကလည်း လက်ခံလို့ရတဲ့အခြေအနေရှိတဲ့မင်းသားအဖြစ် သရုပ်ဆောင်ထားတဲ့ Andrew Jacob Brown ကိုယ်တိုင်ဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးထားတဲ့ဇာတ်ကားလေးပါပဲ။ဇာတ်ကားကတော့အက်ရှင် ဒရာမာ အချစ်ကားလေးပါ။အကျဉ်းချုပ်လေးကတော့ ဗီဆိုတဲ့လူတစ်ယောက်က လုပ်ကြံရေးအဖွဲ့တစ်ခုက အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အကြောင်းတစ်ခုခုနဲ့ အဖွဲ့ထဲက လူတွေအကုန်လုံးကိုသတ်ခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူချစ်တဲ့ သူ့အဖွဲ့သားတွေကိုဆုံးရှုံးခဲ့ပြီးရတဲ့နောက်မှာ ဗီတစ်ယောက်လေလွင့်နွားကြီးလို ဖြစ်နေပြီး ပန်းခြံတစ်ခုမှာပဲနေ့တိုင်းသွားအချိန်ကုန်နေတော့ပါတယ်။ လူကလည်း လုံးဝစုတ်ပြတ်သတ်နေပြီး အိမ်ခြေရာမဲ့တစ်ယောက်လိုတောင် ဖြစ်နေပါပြီ။ဒီလိုနဲ့ အဲ့ဒီအချိန်မှာ သူ့ဘဝထဲကိုမတ်နဲ့မယ်လ်ဆိုတဲ့ မောင်နှမနှစ်ယောက် ရောက်လာပြီး အဲ့ဒီနောက်ပိုင်းမှာသူ့ဘဝကဘယ်လိုတွေပြောင်းလဲသွားမလဲ သူ့ရဲ့အတိတ်ဟောင်းအစစ်အမှန်ကရောဘယ်လိုဖြစ်မလဲဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။...

Beyond Existence (2022) ⭐IMDB: 5.4/10 (85 Votes) 🎬 #SciFi #Thriller #ScienceFiction 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 29 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂြိုလ်သားတွေနဲ့ ပတ်သတ်တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေကို ရှာဖွေကြည့်ရှုနေကြတဲ့လူတွေအတွက် Beyond Existence ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်သည်းထိတ်ရင်ဖို ဇာတ်ကားလေးတစ်ကားကိုထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ အယ်လန်ဆိုတာ အစိုးရရဲ့သတင်းအချက်အလက်တွေကို ဖလှယ်နေတဲ့ ပါမောက္ခတစ်ယောက်ကို ရှာဖွေသုတ်သင်ဖို့စေလွှတ်ခံထားရတဲ့ အေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ အယ်လန်က ပါမောက္ခကို တွေ့အောင်ရှာခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုသတ်ဖို့လုပ်တဲ့အချိန်မှာ ပါမောက္ခကရိုးရိုးသာမန်လူမဟုတ်ပဲနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဂြိုလ်သားတစ်ယောက်ဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူ့တာဝန်က ပါမောက္ခကို သတ်ဖြတ်ဖို့ကနေ သူ့နောက်ကိုလိုက်နေတဲ့ အန္တရာယ်တွေ ရန်ကကာကွယ်ပေးရတဲ့ လူဖြစ်သွားပါတော့တယ်။အယ်လန်နဲ့ ပါမောက္ခလည်း အန္တရာယ်တွေရန်က နေထွက်ပြေးပုန်းရှောင်ရင်းနဲ့ ရင်းနှီးလာကြပြီး အယ်လန့်ရဲ့ ဘဝမှာ တစ်ခါမှမမြင်မကြားဖူးတဲ့ အရာတွေကိုသိမြင်လာရပါတော့တယ်။ ပါမောက္ခက ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေတဲ့လူမျိုးဖြစ်နေမလဲ သူတို့နောက်ကိုအဆက်မပြတ်လိုက်လာနေတဲ့ အန္တရာယ်ကရောဘာဖြစ်မလဲ သူတို့နှစ်ယောက်အတူတူပူးပေါင်းလာပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ ပန်းတိုင်အသစ်ကရော ဘာတွေဖြစ်မလည်းဆိုတာကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...

StarStruck (2010) ⭐IMDB: 6.1/10 (17 k Votes) 🎬 #Comedy #Family #Music #Romance #TVMovie 🗓 2010 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Disney ကရိုက်ကူးထားတဲ့ Teen/romance ရုပ်ရှင်လေးတစ်ခုကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ Christopher Wilde ဟာ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်၊ ရုပ်ချောချောအသက်ငယ်ငယ်နဲ့ ဂျက်စတင်ဘီဘာငယ်ငယ်ကလို Pop Starတစ်ယောက်ပေါ့။ သူဟာသာမာန် လူတွေနဲ့မတူပဲ Popstar lifeကိုဖြတ်သန်းနေရတာကြောင့် ပါပါရာဇီတွေဆိုတာလည်း သူ့နောက်ကတစ်ကောက်ကောက်ပါနေတတ်ပါတယ်။ တစ်ဖက်မှာတော့ Jessica ဆိုတဲ့သာမာန်ကျောင်းသူကောင်မလေးတစ်ယောက်ရှိပြီး သူ့အစ်မက Chrisကိုအရမ်းကြိုက်ပေမယ့် သူကတော့မကြိုက်ပါဘူး။ တစ်နေ့ Jessica တို့မိသားစုက Christopher နေထိုင်‌တဲ့ Los Angeles ကို အလည်ခရီးလာကြပြီး Jessica နဲ့ Christopher Wilde တို့မထင်မှတ်ပဲဆုံတွေ့ ကြတဲ့အကြောင်းလေးကို လူငယ်ဆန်ဆန်ရိုက်ကူးတင်ဆက်ပေးထားတာပါ။ 2010 ကထွက်ထားတဲ့ကားဖြစ်တဲ့အလျောက် အရင်က Disney show တွေရဲ့ vibe လေးအတိုင်းခံစားရပြီး ပါဝင်တဲ့ သီချင်းတွေကအတော်လေးကောင်းတာကို တွေ့ရပါတယ်။ Popstar လေး Christopher နဲ့ Jessica တို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲကြည့်ရှုခံစားလိုက်ကြပါဦး။...

Her Hobby (2023) ⭐TMDB: 50.0% User Score 🎬 #Crime #Drama #Mystery 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Her Hobby (2023) အရိုးစွဲနေတဲ့ဓလေ့နဲ့ နိမ့်ရာကိုလှံစိုက်တတ်ကြတဲ့ လူ့သဘာဝကတော့ နေရာတိုင်းမှာရှိစမြဲပါပဲ ဒီဇာတ်လမ်းအကျဉ်းကတော့ ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး ရွာကိုပြန်ရောက်လာတဲ့ ဂျောင်အင်းကိုရွာကလူတွေဟာ ရှေ့မှာပေါ်တင်တစ်မျိုး၊ နောက်ကွယ်မှာတစ်ဖုံ အမျိုးမျိုးကဲ့ရဲ့ပြောဆိုနေကြတာပါ တစ်ကောင်ကြွက်လိုဖြစ်နေတဲ့ဂျောင်အင်းကို နိုင်စားရာလိုမြင်နေကြတဲ့အတွက် ခိုကိုးရာမဲ့နေခဲ့တာပါ အဲလိုနဲ့ ရွာကိုအသစ်ပြောင်းလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ခင်မင်ပြီးတဲ့နောက်ဂျောင်အင်းဟာ ခံယူချက်တွေပြောင်းလာပြီး ရွာကလူတွေကို လက်စားချေပါတော့တယ် မိန်းကလေးတွေဆို ပြောချင်ဆိုချင်ကြတဲ့လောကကြီးက ဂျောင်အင်းအတွက် ဘယ်လိုလောကကြီးဖြစ်မလဲ…ဂျောင်အင်းကရော နောက်ဆုံးမှာ ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...

Poisoned: The Dirty Truth About Your Food (2023) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Documentary 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Poisoned : The Dirty Truth About Your Food (2023) အစားအသောက်ကြောင့် ဖြစ်တဲ့ ရောဂါဆိုရင် လူတော်တော်များများ တွေးမိတာကဝမ်းလျှောမယ်၊ ဗိုက်နာမယ်၊ အန်မယ် ဆိုတာလောက်ပါပဲ။ ဒါပေမဲ့ E.coli တို့၊ Salmonella တို့လို ရောဂါပိုးတွေအစားအစာထဲမှာ ပါသွားရင်တော့ အသက်နဲ့ရင်းပြီး ခံစားသွားရနိုင်ပါတယ်။ E.coli တို့၊ Salmonella တို့လို ရောဂါပိုးတွေက အူလမ်းကြောင်းထဲကတစ်ဆင့် သွေးထဲ ရောက်ပြီးခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါပေါင်းစုံကို အမျိုးစုံ ဒုက္ခပေးနိုင်တဲ့ အကောင်တွေပါ။ ဒီရောဂါပိုးတွေကြောင့် ခေတ်မီပြီး တိုးတက်လှပါတယ်ဆိုတဲ့မဟာအင်အားကြီးနိုင်ငံ အမေရိကန် ပြည်ထောင်စုမှာ လူပေါင်း ထောင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ဟမ်ဘာဂါ တစ်လုံးကြောင့် အသက်ပေးလိုက်ရသူတွေအသုပ်တစ်ပွဲကြောင့် ကျောက်ကပ်ပျက်သွားသူတွေ အစရှိတဲ့ရင်နင့်စရာ ဇာတ်လမ်းတွေကို ဒီ Docu ထဲမှာ တွေ့ရမှာပါ။ အစပိုင်းတော့ အသားတွေမှာပဲ ရောဂါပိုးတွေ ပါခဲ့ရာကနောက်ပိုင်းမှာ ဟင်းနုနွယ်တို့၊ မုန်ညင်းဆလတ်တို့လိုဟင်းသီးဟင်းရွက်တွေမှာလည်း ဒီရောဂါပိုးပါနေတာ တွေ့လာရပါတယ်။ ဒီရောဂါပိုးတွေ အစားအသောက်ထဲဘယ်လိုရောက်လာလဲ ဆိုတာကို အဖြေရှာကြရင်းနဲ့ယူအက်စ် အစားအသောက် ကွပ်ကဲရေး စနစ်ရဲ့ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေ…လုပ်ငန်းရှင်တွေရဲ့ ခေါင်းရှောင်ပုံတွေ….နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးဆန်တဲ့ ပေါ်လစီတွေကိုအင်တာဗျူးတွေ၊ ဗီဒီယို ကလစ်တွေနဲ့ စုံစုံလင်လင် ချပြထားပါတယ်။ “We have the safest food supply in the world” ဆိုတာကိုပါးစပ်ဖျားက မချစတမ်း ရွတ်လေ့ရှိတဲ့ ယူနိုက်တက်စတိတ်ကြီးရဲ့အဆိပ်သင့် အစားအသောက်တွေအကြောင်းကို ရှုစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။...

Dreamin' Wild (2022) ⭐IMDB: 6.7/10 (408 Votes) 🎬 #Biography #Drama #Music 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dreamin’ Wild (2022) ~ IMDb – 6.7/10, Rotten Tomatoes – 90% ~ ကိုယ်ဘာဖြစ်ချင်တာလဲကိုယ်သိဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူမျိုး ဖြစ်လာအောင်လုပ်ဖို့က မလွယ်ဆုံးအရာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကံကောင်းတဲ့ တချို့ကျတော့လည်း စောစောစီးစီးပဲ သူတို့ ဘာဖြစ်ချင်လဲ သူတို့သိသွားကြတယ်။ သူ့နောက်ဆက်တွဲကံဆိုးခြင်းကတော့ မြင်ဖူးသလောက်ဆို အဲဒီလိုစောစောစီးစီးသိသွားကြတာတွေမှာ မလွယ်ကူတာတွေတော့ တော်တော်များတယ်။ ဒီရုပ်ရှင်ထဲက ကောင်လေးတွေလိုပေါ့။ ၁၅ ၁၆လောက်မှာတင် သူတို့ဘာဖြစ်ချင်လဲ သူတို့ကောင်းကောင်းသိခဲ့ကြတယ်။ အဆိုတော်ကြီးတွေ ဒရမ်မာကြီးတွေ ဖြစ်ချင်ခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်ဆို ၁၅နှစ်မှာတင် တူရိယာပေါင်းစုံတီးနိုင်တဲ့အထိ ပါရမီပါခဲ့တယ်။ ဒီနေရာမှာ မိသားစုရဲ့သက်ရောက်မှုက ပါလာပြီ။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေကို အားမပေးကြတဲ့ မိဘတွေကတော့ သဘာဝအတိုင်းပဲ ပိုများလိမ့်မယ်။ ဒီလိုနဲ့ပဲ ရပ်တန့်သွားတဲ့ အိပ်မက်တွေရှိခဲ့လိမ့်မယ်။ သူတို့လည်း မှားတော့ မှားမနေဘူး။ ဘာလို့ဆို ဒီရုပ်ရှင်ထဲက ကောင်လေးတွေရဲ့မိဘတွေဟာ သူတို့ကလေးတွေရဲ့အိပ်မက်အတွက် လယ်ဧက၁၇၀၀လောက်ကနေ ၆၅ဧကလောက်ပဲ ကျန်တော့တဲ့အထိ ပံ့ပိုးပေးခဲ့ ယုံကြည်ပေးခဲ့ကြတယ်။ သူတို့စကားအတိုင်းဆို ဘဝမှာ ကိုယ့်မိသားစုကိုမှ မယုံရင် ဘာကိုယုံဦးမလဲပေါ့။ ဒါပေမဲ့ ဒီလိုအိပ်မက်တွေဟာ အားလုံးသိတဲ့အတိုင်း မဖြစ်မြောက်ခဲ့တာတွေက ပိုများတယ်။ သူတို့တစ်ဘဝလုံးရင်းပြီး ထုတ်လိုက်တဲ့ သီချင်းအယ်လ်ဘမ်ကလေးမှာ အားပေးသူမရှိခဲ့ဘူး။ ဒီလိုနဲ့ ကောင်လေးတွေ ညီအစ်ကို၂ယောက်ထဲက တစ်ယောက်က ထပ်ကြိုးစားတယ်။ နှစ်ယောက်စလုံးလုပ်လို့မဖြစ်တော့ သူ့အစ်ကိုက လက်လျှော့ပြီး လယ်လုပ်ရင်း သူ့ညီကို အားပေးခဲ့တယ်။ ဒါလည်း မအောင်မြင်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်တစ်လှည့် ပြေလည်တစ်လှည့် ပြန်လည်ပတ်ကြတယ်။ ကြာလာတော့ ကောင်လေးဟာ မအောင်မြင်ခဲ့တဲ့ အိပ်မက်တွေကို မေ့လျော့ထားခဲ့တယ်။ သူဖြစ်ချင်တာနဲ့ ခပ်ဆင်ဆင်ဘဝမျိုးမှာတော့ သူနေနေခဲ့တယ်။ ဒီလိုပါပဲ။ နှစ်တွေကြာလာခဲ့တယ်။ တစ်ခုသောနေ့မှာ ကောင်လေးဟာ သူငယ်ငယ်က သီချင်းသွင်းပြီး ပြန်နားထောင်တတ်တဲ့ ကွင်းပြင်ကလေးမှာ သူ့သီချင်းတွေကို သူပြန်လာနားထောင်နေခဲ့တယ်။ ဟိုးတုန်းကလို စိတ်ရှိတိုင်း ဖန်တီးနိုင်တဲ့ လွတ်လပ်မှုမျိုး သူ့မှာမရှိတော့ဘူး။ သူ့အဖေ သူ့အတွက် ဆုံးရှုံးခဲ့ရတာတွေအတွက် သူတောင်းပန်တော့ သူ့အဖေပြန်ပြောတာက… “ငါက တော်တော်အအိပ်မက်တာ… ငါအိပ်ပျော်သွားရင် နှိုးလို့ကိုမရဘူး။ တစ်ညမှာ ငါနိုးလာတော့ ငါလုံးဝပြန်အိပ်လို့မရခဲ့ဘူး။ ဒီတော့ ငါ့အိပ်ယာထဲက ထပြီး ဆင်ဝင်အောက် လမ်းထွက်လျှောက်တယ်။ အဲဒီမှာ သီချင်းသံကြားလိုက်ရတယ်။ သီချင်းသံက ဒီလောက်အဝေးကြီးအထိ ရောက်လာနိုင်မယ်လို့ ငါမထင်ခဲ့ဘူးလေ။ ဒါပေမဲ့… အဲဒီသီချင်းက မင်းသီချင်းဆိုတာ ငါသိခဲ့တယ်။ သီချင်းသံတိတ်သွားတဲ့အထိ တစ်ညလုံး ငါဆင်ဝင်အောက်မှာ ရပ်နားထောင်နေခဲ့တယ်။ အဲဒီနောက်ပိုင်း နောက်ညတွေလည်း ငါညတိုင်းထပြီး သီချင်းနားထောင်ခဲ့တယ်။ မင်းသီချင်းတွေနားထောင်ဖို့ဆို ငါ အဲဒီဆင်ဝင်အောက်မှာ တစ်သက်လုံးတောင် ရပ်နေနိုင်တယ်ကွာ။ ငါဒီမြေတွေ ဒီလယ်တွေအားလုံးကို အဲဒီသီချင်းသံကို ကြားရဖို့သက်သက်နဲ့ ငါအကုန်ပေးရဲတယ်။ မင်းသီချင်းသံကို ကြားရဖို့ပေါ့။ မင်းက ငါ့သားပါ။ အဖေတို့ မင်းအတွက် ဘယ်လောက်ပဲ ခက်ခဲခဲ့ ခက်ခဲခဲ့ အဖေလုံးဝနောင်တမရဖူးဘူး။”တဲ့။ အောင်မြင်ခဲ့တဲ့ အဆိုတော်တွေ တီးဝိုင်းတွေအကြောင်း ဇာတ်လမ်းတွေ ခင်ဗျားတို့ မနည်းမနော ကြည့်ဖူးပါလိမ့်မယ်။ သူတို့ရဲ့အားထုတ်မှုကို လေးစားရသလို သူတို့ရဲ့အောင်မြင်မှုကိုလည်း အားရခဲ့ဖူးမှာပဲ။ Manchester by the Sea နဲ့ အော်စကာရခဲ့တဲ့အပြင် Gone Baby Gone နဲ့ A Ghost Story တို့မှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Casey Affleck နဲ့ (500) Days of Summer နဲ့ အားလုံးအချစ်တော်ခံခဲ့ရတဲ့မင်းသမီး Zooey Deschanel တို့ သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာ တကယ်လည်းရှိခဲ့တဲ့ ၁၉၇၀ဝန်းကျင်က ဂီတသမားနှစ်ယောက်ဖြစ်တဲ့ Donnie & Joe Emerson ညီအစ်ကိုအကြောင်းကို အခြေတည်ရိုက်ကူးထားတာပါ။ သူတို့ဟာ ၁၉၇၀မှာ ဂီတကို စတင်ခဲ့ပေမဲ့ ဇာတ်လမ်းပါအတိုင်း ၂၁ရာစုရောက်မှပဲ မျိုးဆက်သစ်ပရိသတ်တွေ ပြန်လည်တူးဖော်အားပေးတာကိုခံခဲ့ရတဲ့ ခေတ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ ဂီတသမားတွေပါပဲ။ သူတို့ရဲ့အစောပိုင်းကာလတွေမှာ အောင်မြင်ခြင်းတွေတော့ ရှိမနေပါဘူး။ တစ်ယောက်အတွက် ဘယ်လောက်ပဲ ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့ တစ်ယောက်မှာ နောင်တမရှိခဲ့တဲ့လူတွေရဲ့ ယုံကြည်ခြင်းတွေကိုတော့ တွေ့ရလိမ့်မယ်။ ဘယ်တော့မှ မအောင်မြင်ခဲ့တဲ့ မိုးတိမ်လို သားတွေကို ဘယ်တော့မှ မစွန့်ပစ်ခဲ့တဲ့ ကောင်းကင်ကို တွေ့ရလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

Aporia (2023) ⭐IMDB: 5.3/10 (462 Votes) 🎬 #Drama #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Aporia (2023) ဆိုဖီဟာ ခင်ပွန်းဖြစ်သူ မယ်လ်ကို ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ဆုံးရှုံးထားရပြီးနောက်ပိုင်းမှာသမီးလေး ရိုင်လီနဲ့ သူဟာ ဦးတည်ရာမဲ့ စိတ်လေလွင့်နေခဲ့ကြပါတယ်။အမေနဲ့ သမီး အစေးမကပ် နေ့ရက်တွေကို ဖြစ်သလို ဖြတ်သန်းနေကြရင်းကမယ့်လ် သူငယ်ချင်း ဂျဘီးယားက ဆိုဖီိ့ကို သူနဲ့ မယ်လ် တီထွင်ထားတဲ့ အချိန်သွားခရီးစက်ကို ပြသပါတော့တယ်။ အချိန်သွားခရီးစက်ဆိုတာထက် ဒီစက်ဟာ အတိတ်က လူတွေကို သတ်ပစ်နိုင်တဲ့စက်ပေါ့…ဆိုဖီဟာ ချက်ချင်းဆိုသလို ဒီစက်ကိုအသုံးပြုပြီး မယ့်လ်ကို ပြန်ခေါ်ခဲ့ပါတယ်….ဒါပေမယ့် အကြောင်းကြောင့် အကျိုး… အရာရာတိုင်းဟာ ဆက်စပ်မှုတွေ ရှိနေစမြဲပါ…ဒီစက်ကို အသုံးပြုလိုက်တဲ့အတွက်ကြောင့် ဘာတွေ ဖြစ်လာသလဲ…မယ်လ်တစ်ယောက်ပဲ ပြန်လာတာလား….ဒီလူတစ်ယောက်ကနေ ဘာတွေ ဆင့်ပွားဖြစ်လာခဲ့သလဲ…မယ်လ်ကရော ဆိုဖီသိတဲ့ မယ်လဲပဲလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… Timelineeနဲ့ ပက်သက်တဲ့ ဇာတ်လမ်းတွေကို ကြည့်ရှုရတာ ကြိုက်နှစ်သက်တယ်ဆိုရင်ဒိကားကို ကြည့်ရှုဖို့ လုံးဝ recommend ပေးပါတယ်ခင်ဗျ အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

The Autopsy of Jane Doe (2016) ⭐IMDB: 6.8/10 (132 k Votes) 🎬 #Adult #Horror #Mystery #Thriller 🗓 2016 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (6.8) / Rotten Tomatoes (86%) Horror ကားတွေ Thriller ကားတွေ ကြိုက်နှစ်သက်သူတွေအတွက် The Autopsy of Jane Doe ဇာတ်ကားက တစိမ့်စိမ့်ကြည့်ရင်းကြောက်ဖို့ကောင်းတဲ့ခံစားချက်တွေကိုရရှိစေမယ့်ဇာတ်ကားပါ။ သေမှုသေခင်းနဲ့အလောင်းတွေကို ရင်ခွဲစစ်ဆေးပြီး သေရတဲ့အကြောင်းအရင်းကိုဖော်ထုတ်ပေးရတဲ့ ရင်​ခွဲရုံက သားအဖနှစ်​​ယောက်​ဆီကို ဘယ်သူဘယ်ဝါဆိုတာမသိရတဲ့ ပိုင်ရှင်မဲ့အမျိုးသမီးအလာင်းတစ်​ခုရောက်​လာပါတယ်​ အဲ့အမျိုးသမီးဟာ သေစေနိုင်လောက်တဲ့ပြင်ပဒဏ်ရာကြီးကြီးမားမားမရှိဘဲ ​သေဆုံး​နေတာဖြစ်​ပါတယ်​ သူသေဆုံးရခြင်းအ​ကြောင်းအရင်းကိုလိုက်​ရှာရင်း​ ရှာရင်းနဲ့ သူတို့နှစ်ယောက် ကြုံတွေ့သိရှိလိုက်ရတဲ့အရာတွေကတော့… ​ အဲ့ဒီအမျိုးသမီးရဲ့ ​သေဆုံးရတဲ့အ​ကြောင်းအရင်းကိုပဲ အ​ဖြေရှာနိုင်​မလား အဲ့အမျိုးသမီး မ​သေခင်​ဘာ​တွေဖြစ်​ခဲ့လဲဆိုတာကို အ​​ဖြေရှာနိုင်​မလား မရှာနိုင်​ဘူးလား ဆိုတာကို​တော့ ……။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Myat Thu မှ တင်ဆက်ထားပါတယ်။)...

Looper (2012) ⭐IMDB: 7.4/10 (593 k Votes) 🎬 #Action #Crime #Drama #Thriller #ScienceFiction #SciFi 🗓 2012 🎞 movie 🌎 #China #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (7.4) / Rotten Tomatoes (93%) မင်းသားကြီး Bruce Willis , Joseph Gordon-Levitt နဲ့ မင်းသမီး Emily Blunt တို့ ဦးဆောင်ပါဝင်တဲ့ ရုပ်ရှင်ကားကြီးပါ။ Time Travel နဲ့ပတ်သက်တဲ့ကားတစ်ကားဖြစ်ပါတယ်။ 2044 မှာ အခြေတည်တယ်။ဇာတ်လမ်းကတော့ အဲဒီအချိန်မှာ Time machine ဆိုတာ မပေါ်သေးပေမဲ့ နောက်နှစ် (၃၀) ကြာတဲ့အခါ ပေါ်ပြီတဲ့။ Future (2070) တွေမှာ Time machine ပေါ်လာပေမဲ့ ချက်ချင်းပဲ တရားမဝင်ဆိုပြီး ပိတ်ပင်ကြတယ်။ အဲဒီ့အတွက် လူဆိုးဂိုဏ်းအကြီးကြီးတွေက လျှို့ဝှက်သုံးတယ်။ အဲဒီ့ခေတ်မှာ လူတစ်ယောက်ကို သတ်ပြီး အစဖျောက်ဖို့ မလွယ်တဲ့အတွက် သူတို့တွေ သတ်ချင်တဲ့လူတွေကို ဖမ်း၊ ကြိုးတုပ်ပြီး ဒီနေ့ခေတ် (၂၀၄၄) က သတ်မှတ်နေရာတစ်ခု (ဥပမာ ပြောင်းခင်းဘေး) ကို ပို့လိုက်တယ်။ အဲဒါကိုမှ Looper ဆိုတဲ့ကောင်တွေက အဲဒီနေရာတွေမှာစောင့်နေပြီး ပေါ်လာတဲ့ကောင်ကို ပစ်သတ်၊ အစဖျောက်ပစ်တယ်။ နောက် သူတို့နဲ့ထည့်ပေးလိုက်တဲ့ ငွေပြား ရွှေပြားတွေကို payment အဖြစ်ယူတယ်။ Future ကလည်း အဲဒီလိုလုပ်နေရင်းနဲ့ သူတို့နဲ့ အလုပ်လုပ်နေတဲ့ looper တွေနဲ့ စာရင်းဖြောက်ချင်၊ စာချုပ်ဖျက်ချင်တဲ့အခါ အဲဒီ Looper ရဲ့ အအို version ဖြစ်တဲ့ (၂၀၇၀)က ကောင်ကို သူ့အငယ် version (၂၀၄၄) ဆီပြန်ပို့ပြီး သတ်ပစ်တတ်ပါတယ်။ တစ်ရက်မှာ ဒီလိုပဲ ဇာတ်လိုက်ရဲ့ အငယ် version (Josef Gordon Levitt) တစ်ယောက် အကြီးကောင် (Bruce Willis) ကိုပြန်သတ်ဖို့ ဖြစ်လာတဲ့အခါမှာတော့ ဒီလို ပုံမှန် assassination မဟုတ်တော့ဘဲ future က ပြဿနာတွေပါ လိုက်ရှင်းရပါတယ်။ … Review နာမည်နဲ့လိုက်အောင် Loop ပတ်နေတဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်လမ်းကို စဉ်းစားကြည့်ရင် ပုံမှန်ဆို အစမရှိ အဆုံးမရှိ လုံးဝ ပတ်လည်ရိုက်နေတဲ့ပုံပါပဲ။ ဇာတ်လမ်းက စလာတည်းက ကြမ်းတာ။ Idea ကိုတော်တော်သဘောကျပါတယ်။ ဥပမာ အကြီးကောင်ကို လိုချင်လို့ အငယ်ကောင်ကို နှိပ်စက်တာ အကြီးကောင်မှာလည်း effect တွေသွားဖြစ်တာဆို တော်တော်ကြီး ကြမ်းတယ်။ အဲဒီလို awesomeness တွေ ကြည့်ပြီး တစ်ဝက်ကျော်လောက်မှာတော့ ပျင်းဖို့ကောင်းသွားတယ်။ ဇာတ်ကွက်အချို့ကိုလည်း မှန်းလို့ရတယ်။ အရမ်းကြီး ရှုပ်တဲ့ time travel stuff တွေ မသုံးဘဲ လုပ်ထားတော့ ကြည့်ရတာ အရမ်းကြီး ရှုပ်မနေသလို အရမ်းကြီးလည်း mind blown မဖြစ်ဘူး။ Visual effect တွေ သိပ်မပါပေမဲ့ တစ်ချို့အခန်းတွေက ဆွဲထားမှန်း အရမ်းသိသာတယ်။ နောက်ဆုံး တစ်ကောင်တည်း ပွဲကြမ်းတဲ့အခန်းက ကြည့်လည်းကောင်းသလို လွယ်လွန်းအားကြီးသလိုပဲ။ မင်းသား Josef Gordon-Levitt က ဒီကားမှာ Bruce Willis နဲ့တူအောင် နှုတ်ခမ်းတွေ မေးရိုးတွေကို ပြင်ထားတယ်။ ကျွန်တော့အတွက်တော့ နှစ်ယောက်သား အဲလောက်ကြီး တူမှာမတူမှာကို ဂရုစိုက်ဖြစ်ဘဲ ပြင်ထားတဲ့အတွက် JGL ရဲ့ မျက်နှာက ထူးဆန်းပြီးတစ်ချက်တစ်ချက် မမှတ်မိတော့လောက်အောင် ရုပ်ဆိုးတယ်လို့ပဲ ထင်မိတယ်။ သရုပ်ဆောင်တာကိုလည်း သွားထိတယ်။ Bruce Willis ကြီးက တော်တော်မိုက်တယ်။ ကိုယ့် အငယ် version ကို တွေ့တော့ မင်းဘာသိလို့လည်း ငတုံး ဆိုပြီး ဖြစ်နေတာ badass ဖြစ်နေတာ သဘောကျတယ်။ Looper က အချိန်နှစ်ခုကြားက လူတစ်ယောက်တည်းအကြောင်းကို ရိုက်ထားတာပါ။ ရိုက်ထားတဲ့ ပုံစံ တင်ပြထားတဲ့ပုံစံကို သဘောကျတယ်။ ကြည့်ဖူးသမျှကားတွေထဲမှာ တော်တော်မိုက်တဲ့ကားပါ။ သို့ပေမဲ့ အရမ်းကောင်းတဲ့ လွန်အားကြီးတယ်ဆိုတဲ့ထဲတော့ မပါပါဘူး။ Sci-fi ကောင်းကောင်း ကြည့်ချင်တဲ့လူတွေ အတွက်ပါ။ … (ရုပ်ရှင်အညွှန်းကိုတော့ DatShin Facebook Page မှ ကူးယူဖော်ပြပါသည်)...

Advancing of ZQ (2023) ⭐TMDB: 34.0% User Score 🎬 #Action #Comedy #Fantasy 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 53 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အားလုံးကိုစိတ်အပန်းပြေစေမယ့် မိသားစုဟာသကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက တရုတ်ပြည်မြောက်ပိုင်းမှာက Dilraba DilmuratလိုUyghurလူမျိုးတွေနေထိုင်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခါရှီချီခါဆိုတဲ့နေရာလေးမှာရိုက်ကူးထားတာဖြစ်တဲ့အတွက်တခြားတရုတ်ကားတွေနဲ့မတူ အမြင်တစ်မျိုးလေးဆန်းနေမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ……ကျန့်ချန်ဟာ သူ့ရဲ့မပြည့်စုံတဲ့အိမ်ကနေထွက်ပြေးပြီးရှန်ဟိုင်းမှာHiiiPayဆိုတဲ့Applicationကိုပရိုဂရမ်ရေးဆွဲခဲ့ပါတယ်။သူ့ရဲ့Appကစပြီးအောင်မြင်လာတဲ့အချိန်မှာအဖိုးဆုံးပြီဆိုတဲ့သတင်းကြောင့် ခါရှီချီခါကိုပြန်လာခဲ့ရပါတယ်။ အဲဒီအချိန်မှာ ငွေမဲတွေခဝါချဖို့သူ့ရဲ့Appကိုအသုံးချချင်တဲ့ သူဌေးကြီးနဲ့တွေ့ပါလေရော……အဖိုးရဲ့အသုဘမှာ ဆန်းကြယ်မှုတွေဖြစ်လာပြီး အဖိုးကပြန်ရှင်လာတဲ့အပြင် မိသားစုဝင်တွေဟာတစ်ယောက်တစ်မျိုးဆီစွမ်းအားတွေရှိသွားပါတယ်။သူတို့မိသားစုဟာ ဂိုဏ်းစတားသူဌေးကြီးကို ဘယ်လိုစည်းစည်းလုံးလုံးနဲ့ပြန်ပြီးတွန်းလှန်ကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်လိုက်ပါဦးနော်။...

Gadar 2 (2023) ⭐IMDB: 5.7/10 (19 k Votes) 🎬 #Action #Adventure #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 45 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gardar 2 (2023) IMDb-5.7/10 ကုဋေ ၇၀၀ နီးပါးနဲ့ Blockbuster ဖြစ်ခဲ့တဲ့ကားပါ2023ခုနှစ်ရဲ့ တတိယဝင်ငွေအများဆုံးရုံတင်ကားလဲဖြစ်ပြီးGadar 1 က သရုပ်ဆောင်‌တွေဖြစ်တဲ့ ၉၀ ခုနှစ်အစောပိုင်းတည်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့မင်းသားမင်းသမီးကြီးတွေ Sunny Deol နဲ့ Ameesha Patel တို့ကို ပြန်ရှုစားနိုင်မဲ့ကားပါတာရာ အနေနဲ့ သရုပ်ဆောင်တဲ့ Sunny Deol ဆိုရင် ဒီ Gadar 2 နဲ့ပဲ ရုပ်ရှင်လောကကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ် ၁၉၄၇ အရေးအခင်းကာလမှာ စစ်သားအယောက်လေးဆယ်ကိုသတ်ပြီး ပါကစ္စတန်နိုင်ငံကနေထွက်ပြေးသွားတဲ့တာရာဆင်းဂ်နဲ့ ဆာကီနာတို့မိသားစုတို့ကို ပါကစ္စတန်ဗိုလ်မှူး ဟာမစ်ဒ်အစ်ဘာလ်က အသည်းအသန်အလိုရှိနေပါတယ် တာရာဆင်းဂ်တို့မိသားစုဟာ ဖြစ်ခဲ့တာတွေအားလုံးကိုမေ့ပစ်ပြီး ဘဝသစ်မှာအေးအေးချမ်းချမ်းနေဖို့ဆုံးဖြတ်ထားကြပြီးသားဒါပေမဲ့ မရှောင်လွှဲနိုင်တဲ့ကံကြမ္မာတွေနဲ့ စစ်မီးတွေကြားနောက်တစ်ကြိမ်ပါဝင်လာရပြန်တယ်နိုင်ငံအတွက်တစ်ကြိမ်တစ်ခါတော့ ကူမယ်လို့စဉ်းစားထားတဲ့ တာရာဆင်းဂ်တစ်ယောက် သူ့ကိုအလိုရှိနေတဲ့ဟာမစ်အစ်ဘာလ်နဲ့‌မှထိပ်‌တိုက်တွေ့ချိန်မှာတော့.. အဆုံးမရှိတဲ့ ပဋိပက္ခတွေနဲ့ စစ်မီးတွေကြားမှာ ချစ်ခြင်းမေတ္တာတရားတွေ ကြွေလွင့်ခဲ့ရသလိုဒီအချစ်မေတ္တာတွေကြောင့်ပဲ စစ်မီးတွေရဲ့အပူကိုကျော်ဖြတ်လာနိုင်ရတာပါပဲ တာရာဆင်းဂ်တို့ မိသားစုဝင်သုံးယောက်ကြားက ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ နှစ်နိုင်ငံကြားကစစ်မီး ။ဆန့်ကျင်ဘက်အရာနှစ်ခုနဲ့ ဒီကားက Blockbuster ထိဖြစ်ရတဲ့ အကြောင်းအရင်းကို ပရိသတ်ကြီးကိုယ်တိုင်ပဲရှူစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Sai ~ Alex ~ ToMo ~ Zwe တို့ပဲဖြစ်ပါတယ်...

Ballerina (2023) ⭐IMDB: 9.0/10 (11 Votes) 🎬 #Action #Thriller #Crime 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 34 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ballerina (2023) ကလဲ့စားချေတာတွေ တရားမဝင်လောကတွေနဲ့ သက်ဆိုင်တဲ့Netflixက‌နေ အသစ်ထွက်ရှိလာတဲ့ Actionကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဘဝပေး ‌‌အခြေအနေအရ ကိုယ်ခံပညာပါကျွမ်းကျင်တဲ့အပြင် အကြောက်အလန့်မရှိတဲ့ Jang Ok Ju ကဘော်ဒီကတ်အဖြစ် အလုပ်လုပ်ရင်း ဘဝကို အသက်မဲ့စွာဖြတ်သန်းနေတဲ့ မိန်းကလေးပါ။ အသက်ရှင်ရတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ထားတဲ့ သူ့အတွက်သူငယ်ချင်း Choi MinHee နဲ့တွေ့ပြီး ပြောင်းလဲလာခဲ့ပါတယ်။ကံဆိုးမှုတွေကြောင့် ပျော်ရွှင်မှုတွေက ကြာရှည်မခံပါဘူး။ သူ့သူငယ်ချင်းဖြစ်တဲ့ ဘဲလေးအကမယ် Min Heeဆီမှာ မူမမှန်တဲ့ကိစ္စတွေဖြစ်လာခဲ့ပြီးသူကိုယ်တိုင် ဝင်ကလဲ့စားချေဖို့ဖြစ်လာပါတော့တယ်။ Min Heeက ဘယ်လိုအခြေအနေတွေနဲ့ ကြုံတွေ့နေခဲ့ရသလဲဆိုတာအပြင်Ok Juရဲ့ strong female lead character နဲ့ ဘယ်လို ကလဲ့စားချေမလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလးပါ။ ဆယ်ကျော်သက် မိန်ကလေးတွေအတွက် ပညာပေးလည်းဖြစ်တဲ့အပြင်စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်တယ်ဆိုတာကို ညွှန်းပေးလိုက်ပါတယ်။ အညွှန်းကိုတော့Milkeuxက ရေးထားပေးပြီတော့ဘာသာြပန်ထားတာကတော့Milkeuxနဲ့Lai Laiiပဲ ဖြစ်ပါတယ်။...

Kitty the Killer (2023) ⭐IMDB: 5.3/10 (16 Votes) 🎬 #Action #Comedy #Fantasy 🗓 2023 🎞 movie 🌎 #Thailand ⏰ 2 နာရီ 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kitty the killer (2023) ထိုင်းရုပ်ရှင်တွေထဲကမှ ဒီတစ်ခါမှာတော့ စိတ်ဝင်စားစရာ ထိုင်းအက်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။2023 မှာထွက်ရှိလာတဲ့ ဒီဇာတ်ကားက မြင်နေကျ ထိုင်းရုပ်ရှင်ကားတွေမတူတဲ့ ဇာတ်အိမ်နဲ့ကောင်းမွန်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေ ပါရှိတာမို့ အက်ရှင်ဇာတ်လမ်းကောင်းကြိုက်သူတွေအဖို့ ‌ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ လျှို့ဝှက်အေဂျင်စီတွေကနေ အမျိုးသမီးငယ်တွေကို အထူးလေ့ကျင့်ပေးပြီး “ကစ်တီ” လို့ အမည်ဝှက်ပေးထားခဲ့ကြပါတယ်။“ကစ်တီ” တွေကို ထိန်းချုပ်တဲ့သူကိုတော့ “အုပ်ထိန်းသူ” လို့ ခေါ်ကြပြီး၊သူတို့က အေဂျင်စီတွေနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိတဲ့ သူတွေပါပဲ။ တစ်နေ့မှာ ရှားပါးပစ္စည်းဟောင်းတွေထဲကနေ ဆန်းကြယ်တဲ့ကျောက်တစ်မျိုး ပေါ်လာခဲ့ပြီးအေဂျင်စီတိုင်းက ထိုအရာကို အရယူဖို့ ကြိုးစားလာကြတဲ့အခါ….ဒီအရှုပ်ထဲ ဘုမသိဘမသိပါသွားသူ မောင်ချာလီကရော သေနတ်တကားကားကြား ဘယ်လို ရှင်သန်အောင် ကြိုးစားရမလဲ။“ကစ်တီ” တွေနဲ့ အေဂျင်စီတွေကြား၊ “အုပ်ထိန်းသူ” တွေကြားက ချုပ်နှောင်ထားတဲ့ကြိုးတွေအကြောင်းကိုပါဇာတ်ကားတစ်ခုလုံး စိတ်လှုပ်ရှားဖွယ်အပြည့် ကြည့်ရှုရမှာပါပဲ။ အညွှန်းကိုတော့Su Myatက ရေးထားပေးပြီတော့ဘာသာြပန်ထားတာကတော့Su Myat&Thae Thaeပဲ ဖြစ်ပါတယ်။...

https://m.media-amazon.com/images/M/MV5BMTAzNmFiMjctMmZhZi00MjdmLWI1OWEtYWY1NGIzMzYxZTU1XkEyXkFqcGdeQXVyNDU1Mjg2ODQ@._V1_FMjpg_UX1000_.jpg The Croods: Family Tree (2021) ⭐️IMDB: 6.8/10 (3 k Votes) 🎬 #Adventure #Animation #Short 🗓 2021 🎞 Movie 📺 1080p FHD 🌎 United States ⏰ 2 နာရီ 20 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Croods ; Family Tree (2021) Hulu က​နေ စက်တင်ဘာမှာထွက်ရှိထားတဲ့ လူရိုင်းကြီးခရုဒ်တို့ရဲ့The Croods : Family Treeဆိုတဲ့ Animated Seriesကို တင်ဆက်​ပေးလိုက်ပါတယ်။ဒီSeriesဟာ 2020မှာထွက်ရှိခဲ့တဲ့ The Croods : A New Ageရဲ့ တိုက်ရိုက်အဆက်ပဲဖြစ်ပါတယ်။တစ်ပိုင်းကို မိနစ်၂၀​ကျော်ကြာမြင့်မှာဖြစ်ပြီး ၆ပိုင်းတိတိ ထွက်ရှိထားပါတယ်။ ခရုဒ်မိသားစုနဲ့ ဘတ်တာမန်းမိသားစုဟာ အခုဆိုရင် Farmဆိုတဲ့ ဘတ်တာမန်းမိသားစုပိုင်ခြံထဲက Tree Houseမှာ တူတူ​နေထိုင်ကြပါပြီ၊အိမ်နီးချင်း​​တွေ တကျတ်ကျတ်ဖြစ်ရင် ခွီရတဲ့ထုံးစံအတိုင်းလူရိုင်းအကျင့်စရိုက်၊ အမူအကျင့်​တွေနဲ့ပဲ အသားကျ​နေ​သေးတဲ့ ခရုဒ်မိသားစုဝင်တို့ဒီ​နေ့​​ခေတ်အသိဉာဏ်နဲ့ ယဉ်​ကျေးတဲ့စရိုက်ရှိတဲ့ဘတ်တာမန်းမိသားစုနဲ့မှ တူတူတွဲ​နေရတဲ့အခါမှာ​တော့ ​ရေနဲ့ဆီလိုကွာ​နေတဲ့ ယဉ်​ကျေးမှုတွေကို​ ပြောင်းလဲညှိယူရင်း ပဋိပက္ခ​​ပေါင်းစုံဖြစ်လာပါ​​တော့တယ်…. Croods Franchiseရဲ့ထုံးစံအတိုင်း ​​တောရိုင်းသဘာဝအလှအပနဲ့သားရဲ​ကောင်​ အထူးအဆန်းတွေပါမယ်၊အ​ရေးကြီးရင် ​သွေးထက်ပျစ်တဲ့ မိသားစု​မေတ္တာ​တွေ၊ သူငယ်ချင်းသံ​ယောဇဉ်​တွေပါမယ်၊ပြဿနာ​ပေါင်းစုံ​ကြောင့် ခွီလည်းခွီရမယ်၊ ရယ်လည်းရယ်ရမယ်၊ တစ်ပိုင်းချင်းစီမှာပေးချင်တဲ့ Message​တွေပါမယ်၊Dreamwork ကုမ္ပဏီကပဲ ရိုက်ကူး​ပေးထားတယ်၊ဒီ​လောက်ဆို Animationကြိုက်တဲ့ Cmပရိတ်သတ်​တွေအဖို့ လက်မလွတ်သင့်တဲ့ Seriesဆိုတာ ​သေချာပါတယ်၊Croodsမိသားစုရဲ့ အလွဲ​တွေကို မိသားစုနဲ့တူတူ၊ ချစ်ရတဲ့သူ​တွေနဲ့ တူတူကြည့်ရင်း ဘဝအ​မော​တွေကို ​ခေတ္တခဏ​ဖြေ​ဖျောက်လိုက်ရ​အောင်ပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre…..Animation, AdventureQuality….WEB-DL 1080p and 720pFile size…2.6GB and 1.6GB and 807 MBFormat…mp4Duration….2h 20minSubtitle….Myanmar Subtitle (Hardsub)Translator ….. JimXEncoder …..August

Dug Days (2021-2021) ⭐IMDB: 8.0/10 (5 k Votes) 🎬 #Animation #Comedy #Family #Short #Adventure 🗓 2021-2021 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 8 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dug Days (2021) CompleteIMDb Rating (8.4)Up 2009 ကာတွန်းဇာတ်ကားထဲက အဘိုးကြီး Carl ရဲ့ ငယ်ချစ် Ellie အပေါ်ထားတဲ့ချစ်မေတ္တာဟာ ခုထိပြောစမှတ်ပြုစရာပဲမလား Carl အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ed Asner ကတော့ 29-8-2021 လွန်ခဲ့တဲ့လကပဲ ဆုံးသွားခဲ့ပြီ..သူဆုံးသွားပေမယ့် သူ့ဇာတ်ကောင်ရဲ့မေတ္တာတွေက Movie ချစ်သူတွေကြား ထာဝရ ရှင်သန်နေမှာပါ…ဒီစီးရီးလေးမှာ Carl တစ်ယောက် ရေတံခွန်ကခေါ်လာတဲ့ခွေးလေး dug နဲ့အတူအိမ်အသစ်လေးမှာ ဖြတ်သန်းနေတဲ့ ဘဝနေဝင်ချိန်လေးတွေကို တွေ့ရမှာပါဘယ်လောက်ကြာကြာ ချစ်ဇနီး ellie ကို မေ့မရခဲ့တဲ့ Carl အတွက်စကားပြောတတ်တဲ့ ခွေးလေး Carl ဟာ ဘဝအဖော်မွန်ပါပဲမေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်ပါတယ်ဆိုတာ Disney ထုံးစံအတိုင်းပါးပါးလေး ပြပေးဦးမှာပါကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သစ္စာရှိပုံတွေ ပတ်ဝန်းကျင်က တိရိစ္ဆာန်လေးတွေကို ကြင်နာသနားသင့်တာတွေသံယောဇဉ် မေတ္တာတရားကို တိုတိုနဲ့ ထိထိမိမိဖော်ပြထားတဲ့ ဒီစီးရီးဟာခံစားတတ်သူတွေ အတွက် မျက်ရည်ဝဲ‌လောက်စရာဇာတ်ဝင်ခန်းတွေ..ကြောင်နဲ့ကြွက်ကားထဲကလို ခွေးလေး Dug ရဲ့ အလွဲတွေနဲ့အတူ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်…မင်းမရှိတော့ရင်တောင် မင်းကိုလွမ်းရင်း မင်းချစ်တတ်တဲ့တိရစ္ဆာန်လေးတွေနဲ့ပဲလက်ကျန်ဘဝကို ဖြတ်သန်းဖြစ်မှာပါ ညီမလေး……။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှ တင်ဆက်ထားတာပါ။)အပိုင်း(၅)ပိုင်းပါတဲ့ ဒီစီးရီးလေးက တစ်ပိုင်းကို ၁၀ မိနစ်လောက်ပဲကြာတာမို့ အပိုင်း(၅)ပိုင်းလုံးကိုZip လုပ်ပြီးတင်ပေးထားပါတယ်…ဒေါင်းပြီးရင် Rar App နဲ့ Zip ဖြည်ပြီးမှ ကြည့်လို့ရပါမယ်နော်…Up (2009) မူရင်းဇာတ်ကားကိုတော့ https://channelmyanmar.org/up-2009/  မှာကြည့်လို့ရပါတယ်။...

Miss Shetty Mr Polishetty (2023) ⭐IMDB: 7.8/10 (1 k Votes) 🎬 #Bollywood #Comedy #Drama #Romance #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 30 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Miss Shetty Mr Polishetty 2023 IMDB 7.8 ရထားပြီး ရုံတင်ငွေ လေးဆကျော်မြတ်ခဲ့တဲ့ Telugu ဘာသာစကားပြော rom-com လေးလာပါပြီစီးပွားရေးအရ အောင်မြင်ရုံမကပဲ ဝေဖန်ရေးဆရာတွေရဲ့ positive review တွေပါရထားတဲ့ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အန်ဗီသာဆိုတဲ့ အသက် ၃၀ အရွယ် လန်ဒန်က Master Chef မမ ကသူ့အမေနဲ့အတူ နှစ်ယောက်တည်းနေပြီး ထက်မြက်တဲ့မိန်းမပီပီ မိန်းမဝါဒီတစ်ယောက်ဖြစ်ပါတယ် သူမဘဝမှာ သူ့အမေကို သင်ခန်းစာရလို့ အိမ်ထောင်ရေးကို စိတ်မဝင်စားပဲ အချစ်နဲ့ ခပ်ကင်းကင်းနေသူတစ်ယောက်ပါသူ့အမေဆုံးပြီးတဲ့နောက်တော့ တစ်ယောက်တည်းအထီးကျန်လို့ သူအသက်ကြီးလာတဲ့အခါ အနားမှာရှိနေပေးမယ့်သားသမီးမရှိမှာလည်း စိုးရိမ်လာပါတယ် ဒါပေမယ့်လည်း Independent ‘ဝီးမန်း’ ခံယူထားသူ မမက ယောကျာ်းယူဖို့ထက် သားသမီးကိုချစ်တင်းနှောခြင်းမပါပဲ မွေးဖို့ အလှူရှင်ရှာပါတော့တယ် ကြံရာကျပမ်း ယောကျာ်းအလှူရှင်နဲ့ရမှာကို တွေးပူပြီး သူ့စိတ်ကြိုက် သူ့စံနှုန်းနဲ့ ကိုက်မယ့်လူကို ရှာပုံတော်ထွက်ရာမှာStand-up comedian ဖြစ်ဖို့ကြိုးစားနေတဲ့ ဆစ်ဒူဆိုတဲ့ ကောင်လေးနဲ့ သွားတွေ့ပါတယ်ဆစ်ဒူကို မြင်မြင်ချင်းသဘောကျသွားတဲ့ မမက သူ့ရဲ့ သုက်ပိုးကိုရဖို့ ကြံပါတော့တယ် ‘သဘောကျတယ်’ ဆိုတာက သူ့ရဲ့အမူအကျင့်စိတ်နေစိတ်ထားကို သဘောကျပြီး သုက်ပိုးအလှူရှင်အဖြစ်ထိုက်တန်တယ်လို့ ယူဆတာပါ ဒါပေမယ့် မမ ဘက်က ကောင်လေးအပေါ်မှာ sperm doner အဖြစ်သာ မြင်ပြီးဒါကိုမသိတဲ့ ကောင်လေးကတော့ မမ ကိုသာ တန်းတန်းစွဲဖြစ်သွားပါတော့တယ် မမကို ဖွင့်ပြောတဲ့တစ်နေ့မှာတော့ ကောင်လေးတစ်ယောက် သူ့မမရဲ့ ရည်ရွယ်ချက်ကို သိသွားပြီးဘယ်လိုဆက်ဖြစ်မလဲ၊ မမ ဘယ်လောက်ထိ ရက်စက်မှာလဲ ဆိုတာကိုညီကိုတို့ အဓိက ကာရိုက်တာနေရာကနေ ဝင်ရောက် ခံစားပေးကြပါဦး အညွှန်းရေးသူကတော့ KKKZ ဖြစ်ပြီး CM Bollywood Team က ဘာသာပြန်ပေးထားပါတယ်...

Maya and the Three (2021-2021) ⭐IMDB: 8.1/10 (5 k Votes) 🎬 #Animation #Family #Action #Adventure #Comedy #Short #Drama #Fantasy 🗓 2021-2021 🎞 tv mini series 🌎 #Mexico #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Maya and the Three(2021) CompleteMaya and the Three (2021)Netflix က ထွက်ရှိလာတဲ့ animation series တစ်ခု တင်ဆက်ပေးချင်ပါတယ်။ Animation ဆိုပေမဲ့ ကလေးကြိုက်ဇာတ်လမ်းမျိုးမဟုတ်ဘဲဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာမို့သေချာပေါက် ကြည့်ရှုခံစားသင့်တဲ့ series လေးပါအညွှန်းလေးကို ဆက်လက်ဖတ်ရှုပေးပါဦး။ရှေးလူကြီးတွေ ထားခဲ့တဲ့ ဗျာဒိတ်တော်အရဧရာမလင်းယုန်ကြီးတစ်ကောင်နဲ့ ရဲရင့်သောဂျာဂွာသုံးကောင်သာလူ့လောကကြီးကို ကယ်တင်ဖို့အတွက် အမှောင်နတ်ဘုရားကိုရှင်းလင်းသုတ်သင်နိုင်ပါလိမ့်မယ်တဲ့။တက်ကာပြည်ကြီးရဲ့ မင်းသမီးတစ်ပါးဖြစ်သူ မာယာဟာထိုလင်းယုန်ကြီးအဖြစ် တိုက်ခိုက်နိုင်ဖို့ စစ်သူရဲကောင်းဖြစ်ချင်နေပါတယ်။မင်းသမီးတစ်ပါးလို မပြုမူနိုင်ဘဲ တိုက်ခိုက်ဖို့ကိုသာ စိတ်ပါနေတဲ့အတွက်မင်းသမီးအဖြစ် နန်းတက်ရမဲ့နေ့မှာပဲ မိခင်ဖြစ်သူ ဘုရင်မကြီးနဲ့ကတောက်ကဆဖြစ်ပြီး မတတ်သာတဲ့အဆုံး နန်းတက်ပွဲကို လက်ခံလိုက်ရတယ်။ပွဲတော်ကျင်းပနေတုန်းမှာပဲ အမှောင်မြေအောက်တိုင်းပြည်ကသံတမန်တစ်ယောက်ရောက်ရှိလာပြီးမင်းသမီးကို ခေါ်ဆောင်သွားဖို့ ကြိုးပမ်းပါတော့တယ်။ဒါကို ဘယ်လိုတားဆီးပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့CM ပရိသတ်ကြီးတို့ကိုယ်တိုင် ဆက်လက်ကြည့်ရှုသင့်ပါတယ်။အပိုင်း ၉ ပိုင်း ပါဝင်ပြီး IMDB 8.5 ရရှိထားပါတယ်။လှပ သစ်ဆန်းလှတဲ့ animation ရိုက်ချက်တွေကြောင့်စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်မလွတ်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှ ရေးသားထားပါတယ်။...

Fate: Into The Wall (2023) ⭐TMDB: 20.0% User Score 🎬 #Fantasy #Mystery #Romance 🗓 2023 🎞 tv series 🌎 #China ⏰ 1 နာရီ 47 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါCM ကနေဘာသာပြန်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့တရုတ်ကားကြည့်နေကျပရိတ်သတ်တွေနဲ့ မစိမ်းတဲ့မကောင်းဆိုးဝါးဖမ်းတဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် သူဌေးသားလေးဝမ်လိရွှမ်ကစာပေကိုလုံးဝစိတ်မဝင်စားဘဲနဲ့ သောက်စားပျော်ပါးပြီးအမတမျိုးနွယ်တွေလိုပျံသန်းကြတဲ့အကြောင်းရေးထားတဲ့စာတွေပဲ ဖတ်လေ့ရှိပါတယ်တစ်နေ့တော့ ဖားမကောင်းဆိုးဝါးကိုလိုက်ဖမ်းတဲ့သူတောင်းစားလေးအယောင်ဆောင်ထားတဲ့အမတမျိုးနွယ် နဲ့ဆုံတွေ့ပြီးချွေ့ယွင်တောင်မှာ အမတပညာတွေကို သင်ယူဖို့ ခရီးနှင်လာခဲ့ပါတယ် ဘယ်ကိစ္စမဆိုပေါ့ပျက်ပျက်ပဲ သဘောထားတတ်တဲ့ သခင်လေးဝမ်တစ်ယောက်တောင်အောက်ခိုးဆင်းဖို့ပြင်ရင်း ဆရာသုံးယောက်ရဲ့ သေရည်ဝိုင်းထဲကိုရောက်သွားရာကနေမှ ပန်းချီကားချပ်ထဲက နတ်မိမယ်လေးကို ‌မေတ္တာသက်ဝင်သွားခဲ့ပါတယ် နတ်မိမယ်လေးကို သူ့ဆရာက နံရံထဲကနေ ဖောက်ဝင်ပြီးတော့ခေါ်ထုတ်လာတာကိုသူတွေ့တော့ နံရံဖြတ်ဝင်တဲ့အတတ်ပညာကို သင်ယူချင်သွားပါလေရောအဲ့ကနေစပြီးတော့ သူ့ရဲ့အမတပညာတွေက တဖြေးဖြေးတိုးတက်လို့လာခဲ့ပါတယ်တစ်ဖက်မှာလည်း သူ့ဆရာက သူ့ကိုခေါ်ထားရတဲ့အကြောင်းရင်းကတော့သူတို့ဆရာသုံးယောက်ပုလဲထည့်ပြီး ထိန်းသိမ်းထားရတဲ့ ပုံရိပ်ယောင်ဆွဲဆောင်မှု မိစ္ဆာဆိုတဲ့ မြွေမကောင်းဆိုးဝါးရဲ့ဝိညာဉ်အခွဲတွေ ပြန်ပေါင်းစည်းပြီးလူ့လောကကြီးကို အန္တရာယ်ပြုလာရင် ဖြစ်လာမယ့်အန္တာရာယ်ကိုကိုင်တွယ်နိုင်သူက သူပဲလို့ ဆရာအကြီးဆုံးကပြောခဲ့တာမို့လို့ပဲဖြစ်ပါတယ်အဲ့တော့ သူတို့ကြိုတွက်ချက်ထားသလိုပဲ ဝမ်လိရွှမ်က ဒီအန္တာရာယ်ဆိုးကြီးကိုဘယ်လိုရင်ဆိုင်ကိုင်တွယ်သွားမှာလဲ ဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာဖြစ်လို့‌ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးတစ်ကားအဖြစ်ညွှန်ပေးချင်ပါတယ်...

Popuran (2022) ⭐IMDB: 5.9/10 (198 Votes) 🎬 #Comedy #Drama #Fantasy 🗓 2022 🎞 movie 🌎 #Japan ⏰ 1 နာရီ 36 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း….. အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်...

Fishbowl Wives (2022- ) ⭐IMDB: 6.2/10 (1 k Votes) 🎬 #Drama #Romance 🗓 2022- 🎞 tv series 🌎 #Japan ⏰ 52 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fishbowl Wives (2022)Fishbowl Wives (2022) ဇာတ်လမ်းတွဲအညွှန်း************************************** (18+) အပိုင်း (၁ မှ8) အထိ စ/ဆုံး(ပထမဦးစွာ ဒီစီးရီးကို အထူးသတိပေးလိုတာကတော့ မိသားစုနဲ့အတူလုံးဝမကြည့်သင့်သလိုအပိုင်း ၁ စလို့ အစမိနစ်လေးကို အစမ်းသဘောအနေနဲ့ ယောင်လို့တောင် လူကြားထဲမဖွင့်မိပါစေနဲ့လို့ပြောကြားလိုပါတယ်…ဒီလိုပြောလိုက်လို့  ဓာတ်ဆီတစ်ဂါလံ ၃ကားရတဲ့ Adult စီးရီးလို့မထင်လိုက်ပါနဲ့….နာမည်ကြီး Cast တွေသုံးထားတဲ့အပြင် ဇာတ်လမ်းသွားလည်းတကယ်ကိုကောင်းပါတယ်…)ဆာကူရာဟီရာဂါဆိုတဲ့ အမျိုးသမီးတစ်ဦး မတော်တဆမှု တစ်ခုကြောင့်သူမရဲ့ အိပ်မက်ကို လက်လွှတ်ခဲ့ရတယ်။ သူမဟာ အိမ်ထောင်ကျသွားပြီးသူမရဲ့ခင်ပွန်းသည်က hair salon တွေကို ဦးစီးတယ်ပေါ့။အင်မတန်းခမ်းနားထည်ဝါတဲ့ မိုးမြင့်အဆောက်အဦးရဲ့ ထိပ်ဆုံးအလွှာမှာ နေတဲ့လင်မယား၂ဦး။ အမျိုးသမီးတိုင်းဟာ သူမကို အားကျရတယ်။ ဒါပေမယ့်သူမရဲ့ ခင်ပွန်းက အိမ်ထောင်ရေး ပေါ်တင်ဖောက်ပြန်နေပြီး သူမကိုအိမ်တွင်းအကြမ်းဖက်တာမျိုးလုပ်တယ်။ တစ်နေ့မှာ ရွှေငါးလေးတစ်ကောင်ကိုအကြောင်းပြုပြီး သူမက အမျိုးသားငယ်လေးတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်…အိမ်ထောင်ရှင်မ ဇနီးသည် ၆ဦးရဲ့ ကြုံတွေ့ရတဲ့ အိမ်ထောင်ရေးအခက်အခဲကာမဆက်ဆံရာမှာ ကြုံရတဲ့အခက်အခဲတွေကို ကွင်းကွင်းကွက်ကွက် ပြသပေးမှာပါ။“ယောက်ျားတွေ ဖောက်ပြန်တာကျ ထုံးစံလိုဖြစ်နေပြီး မိန်းမတွေဖောက်ပြန်ရင်ကျ အပြစ်တစ်ခုလို သတ်မှတ်ကြတယ်”ဆိုတဲ့ အမြင်ကို ပြောင်းလဲသွားအောင် လုပ်တဲ့ ဇာတ်ကားလေးဖြစ်တာမို့ အရွယ်ရောက်ပြီးအမျိုးသား အမျိုးသမီးတို့ ကြည့်ဖို့ အထူးသင့်တော်ကြောင်းပြောကြားရင်း...