en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Looking for Her (2022) ⭐IMDB: 6.6/10 (522 Votes) 🎬 #Comedy #Drama #Romance #Uncategorized 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Looking for Her (2022)=================IMDb Rating – 6.6/10 Lesbian ဖြစ်တဲ့ တေလာက သူ့ကောင်မလေး ဂျက်စ်နဲ့ပြတ်ပြီးမကြာခင်မှာပဲ သူအဆက်အသွယ်ဖြတ်ထားတဲ့မိဘတွေဆီက ခရစ္စမတ်ကိုလာဖို့ဖိတ်ခံရတယ်။ သူ့ကောင်မလေး ဂျက်စ်ကိုပါ ခေါ်ခဲ့ပါတဲ့။ တေလာလည်းသူ့မိဘတွေကို အဖြစ်မှန်ပြောရမှာ ရှက်တာနဲ့ ခေါ်လာမယ်ဆိုပြီး ပြောလိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။ နောက်ဆုံး ကြံရာမရတဲ့အဆုံး တေလာ့သူငယ်ချင်းက သူ့ရည်းစားဟောင်းဂျက်စ်နေရာမှာ သရုပ်ဆောင်ပေးဖို့ မိန်းကလေးတစ်ယောက်လိုကြောင်းသတင်းစာမှာကြော်ငြာပါတော့တယ်။ အဲဒီကြော်ငြာကို သရုပ်ဆောင်ဝါသနာပါပြီး ငွေလိုနေတဲ့ အိုလစ်ကတွေ့တော့ တေလာဆီကို အလုပ်စိတ်ဝင်စားကြောင်း ပို့လိုက်တယ်။ အဲဒီလိုနဲ့ပဲ တေလာနဲ့ အိုလစ်တို့ တေလာ့မိဘတွေကိုလိမ်ဖို့ ကြိုးစားရင်း ဘယ်လိုချစ်စရာကောင်းတဲ့ဇာတ်လမ်းတွေဖြစ်မလာမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...

Heaven's Seven (2002) ⭐TMDB: 66.0% User Score 🎬 #Action #Comedy 🗓 2002 🎞 movie 🌎 #Thailand ⏰ 1 နာရီ 47 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Heaven’s Seven (2002) ဗီယက်နမ်စစ်ပွဲအပြီး သွေးသောက်ညီအစ်ကိုဖြစ်တဲ့ထိုင်းစစ်သား၇ဦးအဖွဲက သူတိုနေရပ်ကိုပြန်သွားခဲ့ကြတယ်တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ အမေရိကန်လူမျိုးတွေက ဓာတုအဆိပ်တမျိုးလာသိုလှောင်တာကို ရဲအုပ်အွန်အတ်က သက်သေရှာဖိုတာဝန်ကျနေခဲ့ပါတယ် စစ်သားဟောင်း၇ဦးတိုအဖွဲကို သူဌေးတစ်ဦးက အမေရိကန်လူမျိုးတွေဆီက ရွှေခိုးဖို ငှါးရမ်းခဲ့တယ်တစ်ဖက်ကလည်း ရဲအုပ်အွန်အတ်ကို ဒီဓာတုအဆိပ်ကားခိုးဖိုကူညီခဲ့တာကြောင့်သူဌေးကြီးအပါအဝင် ပြည်သူအများ ဓားစာခံအဖြစ် ဖမ်းစီးခြင်းခံခဲ့ရရာကနေဒီအဖွဲက ဗျာများစရာ ဓာတုကားနဲ့ပြည်သူ့အသက်ကြားမှာ ဘယ်လိုတွေရွေးချယ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် အညွှန်း န့ ဘာသာပြန်ကတော့Lei Wutyi Tunပဲ ဖြစ်ပါတယ်။...

The Heartbreak Kid (2007) ⭐TMDB: 57.0% User Score 🎬 #Comedy #Romance 🗓 2007 🎞 movie 🌎 #UnitedStates #Mexico #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Heartbreak Kid (2007)==================== လူတိုင်းက အချစ်ရေးမှာ “Right person, right time” ဖြစ်ချင်ကြတဲ့သူတွေချည်းပဲမလား။ ကိုယ့်အတွက် right person မဟုတ်ရင်လည်း စိတ်ညစ်ရ၊ rightperson နဲ့တွေ့ပေမယ့် right time မဟုတ်ပြန်ရင်လည်း ခွဲခွါရ။ right timeမှာright personနဲ့ စုံစည်းခွင့်ရသူက ကံကောင်းသူလို့ ဆိုရမလိုပဲ။ ဒီဇာတ်လမ်းလေးကတော့ wrong personနဲ့ တွေ့ပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ right personနဲ့wrong time မှာ တွေ့မိတဲ့ ကံဆိုးရှာသူလေးအကြောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလူပျိုကြီး အက်ဒီကို ရည်းစားထားဖို့ သူ့ဖခင်က တိုက်တွန်းနေရပါတယ်။ အက်ဒီရဲ့သူငယ်ချင်းကလည်း သူ့ရဲ့အိမ်ထောင်သည်ဘဝက ပျော်စရာတဲ့အကြောင်း အက်ဒီကို အမြဲကြွားပြနေပါတယ်။ အက်ဒီကလည်း အက်ဒီပါပဲ။ ၅နှစ်လောက် စေ့စပ်ထားခဲ့တဲ့ ကောင်မလေးနဲ့တောင် ပြတ်ခဲ့တယ်ဆိုပဲ။ အဲဒီတော့ ဇီဇာကြောင်၊ ရွေးရင်း လူပျိုကြီး ဖြစ်ကျန်ခဲ့တယ်ဆိုပါတော့။ တစ်နေ့တော့ သူနဲ့စေ့စပ်ခဲ့ဖူးတဲ့သူရဲ့မင်္ဂလာပွဲကအပြန်မှာ လိုင်လာဆိုတဲ့ ကောင်မလေးနဲ့ဆုံတယ်။ သူ့ဖခင်နဲ့ သူ့သူငယ်ချင်းရဲ့ တိုက်တွန်းမှုတွေကြောင့်ပဲ လိုင်လာနဲ့လက်ထပ်ဖြစ်သွားပြီး ပျားရည်ဆမ်းခရီးကိုတော့ ဘာဘိုကမ်းခြေကို သွားကြတယ်။ သူနဲ့ သင့်တော်တဲ့ right person နဲ့ပဲ လက်ထပ်ဖို့ စိတ်ကူးထားတဲ့ အက်ဒီတစ်ယောက်သူ့ဇနီးလေးရဲ့အကြောင်းကို ပျားရည်ဆမ်းခရီးထွက်တဲ့အချိန်မှ သိရပါတော့တယ်။ အဲဒီအချိန်ကျမှ မရန်ဒါဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီး အက်ဒီတစ်ယောက် တကယ်ချစ်မိသွားပါတယ်။ အဲဒီတော့ အက်ဒီ ဘယ်လိုဆက်လုပ်မလဲပေါ့၊ လိုင်လာနဲ့ လက်ထပ်ပြီးကာစအချိန်ပဲရှိသေး အဆင်မပြေတာတွေ ကြုံရတဲ့အချိန်လည်းဖြစ်၊ မရန်ဒါကိုလည်း ချစ်မိဆိုတော့… ကဲ သူ့အဖြစ် အကြောင်းစုံကိုတော့ ဆက်လက်ကြည့်ရှုကြပါဦး။ “Meet the Fockers”၊ “Meet the prents” တို့လို ဟာသဇာတ်လမ်းတွေရဲ့ အဓိသသရုပ်ဆောင် ဟာသမင်းသားကြီး Ben stiller က အက်ဒီအဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။Ben stillerကို မြင်ရင်ကို ရယ်ရတော့မှာသိနေသလိုမျိုး ဟာသဇာတ်လမ်းလေးမို့ တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Orika ဖြစ်ပါတယ်)...

Heaven's Seven 2 (2005) ⭐TMDB: 58.0% User Score 🎬 #Action #Comedy 🗓 2005 🎞 movie 🌎 #Thailand ⏰ 1 နာရီ 41 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Heaven’s Seven 2 (2005) ဒုတိယ ကမ္ဘာစစ်က ထိုင်းနိုင်ငံအတွင်း ဂျပန်အင်ပါယာတွေ ကြီးစိုး‌ခဲ့တဲ့ခေတ်ပါဂျပန်အင်ပါယာတွေကို တော်လှန်ဖို့ ဖိုက်တာ ခုနှစ်ယောက် (ခေါ်) သူရဲကောင်းခုနှစ်ဖော် ရှိခဲ့ပါတယ်ဂျပန်ဘက်က ဖမ်း၀ရမ်းထုတ်ခံထားရတဲ့သူတွေလည်း ဖြစ်ပါတယ်တစ်နေ့ သူတို့ကို ဖမ်းဖို့အတွက် တရုတ်ပြဇာတ်ရုံကို ဂျပန်တွေ ၀င်တိုက်ရောက်တိုက်ခိုက်ပါတယ် သို့ပေမဲ့ သူရဲကောင်းခုနှစ်ဖော်ကို ဖမ်းမမိတော့ ပြဇာတ်ရုံပိုင်ရှင်ကို ဖမ်းခေါ်သွားပါတယ်ဖမ်းပြီး မီးရထားလမ်းဆောက်လုပ်ရေး စခန်းကို ပို့ဆောင်လိုက်ပါတယ်အဲ့ဒီဆောက်လုပ်ရေးစခန်းမှာ လိင်မှုကိစ္စပြုကျင့်ဖို့အတွက် ထိုင်းအမျိုးသမီးတွေကိုလည်း ဂျပန်တွေ ဖမ်းခေါ်ထားပါတယ်ဆိုတော့ သူရဲကောင်းခုနှစ်ဖော် သူတို့ရဲ့ထိုင်းလူမျိုးကို ဘယ်လိုသွားကယ်ထုတ်ကြမှာလဲ သူတို့နိုင်ငံအတွက် ဘယ်လိုပုန်ကန်သွားမှာလဲ ဆိုတာ စောင့်ကြည့်လိုက်ပါ အညွှန်း န့ ဘာသာပြန်ကတော့Fake Loveပဲ ဖြစ်ပါတယ်။...

Weekender (2011) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Drama #Music 🗓 2011 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 30 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Weekender (2011) 2011 ကထွက်ရှိခဲ့တဲ့ Weekender ဇာတ်ကားလေးကတော့ ၉၀ပြည့်နှစ်အစောပိုင်းကာလ ကိုအခြေတည်ပြီးတော့ Rave တွေ ဘယ်လိုစဖြစ်တည်လာတာကို တစေ့တစောင့် ပြထားပါတယ်။ ပါတီနွှဲရတာ၀ါသနာပါကြပြီး ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကြိုက်တဲ့ မက်နဲ့ ဒီလန် တို့ သူငယ်ချင်း နှစ်ယောက်ဟာလူမနေတော့တဲ့ ဂိုဒေါင်ဟောင်းတွေမှာ အခကြေးပေးရတဲ့ ပါတီ ပဲွတွေ စထောင်ရာကနေ ငွေရပေါက်လမ်းကို တွေ့လာပါတယ်။ငွေမရှိတုန်းက ပျော်ပျော်နေတတ်ကြတဲ့ သူတို့နှစ်ယောက်နဲ့ တခြားသူငယ်ချင်းတွေဟာ အဆမတန် မြင့်တက်လာတဲ့ပါတီလာသူတွေနဲ့ မူးယစ်ဆေးသုံးစဲွသူတွေအကြား ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရောက်လာမလဲ ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ UK မှာ ၂၀၁၁ ကထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ drama အမျိုးအစားဖြစ်ပြီးလူငယ်ဆန်တဲ့ စကားပြောတွေ ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အညွှန်း န့ ဘာသာပြန်ကတော့Sai Naung Naungပဲ ဖြစ်ပါတယ်။...

High and Low (1963) ⭐TMDB: 83.0% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 1963 🎞 movie 🌎 #Japan ⏰ 2 နာရီ 24 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 High and Low (1963) ~ IMDb – 8.4/10, RT – 96%, Meta – 90% ~ အကီရာကူရိုဆာဝါရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပေါ့။ Rashomon, Ran, Throne of Blood, Dreams တို့မှာ တော်တော်ပြောခဲ့ပြီးပြီဆိုတော့ ကူရိုဆာဝါရဲ့ ဘုန်းတော်ဘွဲ့တွေအကြောင်း ထပ်မိတ်ဆက်ပေးဖို့မလိုလောက်တော့ဘူး။ ကူရိုဆာဝါရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ကောင်းပဲဆိုတာ အကုန်လုံးသိပြီးသားဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ထူးတာကတော့ ဒီရုပ်ရှင်က ရှေ့ကပြောခဲ့တဲ့ ကားတွေနဲ့မတူတော့ဘူး။ ဇာတ်က သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်သီးသန့်မှာပဲ အခြေတည်ထားသလို ဇာတ်ကလည်း စလိုက်ပြီဆိုတာနဲ့ တော်တော်လေး စိတ်ဝင်တစား ဆက်ကြည့်ချင်စရာကောင်းနေတယ်။ ထူးတာက ဒီရုပ်ရှင်က သူ့နာမည်အတိုင်း ကောင်းကင်နဲ့ ငရဲလို ကွာခြားနေတဲ့ ဘဝတွေအကြောင်း ရိုက်ပြထားပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်လေး သပ်ရပ်တဲ့ စုံထောက်ကားတစ်ခုအဖြစ်ပါ ထပ်ပေါင်းအသက်ဝင်နေတယ်။ ဒီနှစ်ခုရဲ့အချိုးမှာ ဘယ်ဟာက ပိုသာမလဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့ နှစ်ဘက်စလုံးအနေနဲ့ အရသာရှိတာတော့ အမှန်ပဲ။ နောက်တစ်ခုက ဒီကားကို ကောင်းကင်နဲ့ငရဲလို့ ပေးထားတာကို နားလည်နိုင်ပေမဲ့ ဇာတ်ကားအဆုံးမှာ နည်းနည်းတော့ တစ်မျိုးဖြစ်နေမိကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဒီကားရဲ့ ဂျပန်နာမည်က ကောင်းကင်မှ ငရဲသို့လို့ ပေးထားတာကို သိထားရင် အဆင်ပြေလောက်ပြီလို့ ထင်ရတာပဲ။ သူ့နာမည်နဲ့ဇာတ်ကားက အဟကို ကျွန်တော့်လို စိတ်မတင်မကျဖြစ်ကောင်းဖြစ်နေနိုင်မယ့်လူတွေအတွက် ကြိုပြောပြထားခြင်းပါပဲ။ ဆိုခဲ့သလို ဇာတ်က စစဖွင့်လိုက်ပြီဆိုတာနဲ့ တော်တော်လေးစိတ်ဝင်စားစရာကောင်းနေတယ်။ နာမည်ကျော်ဖိနပ်ကုမ္ပဏီက ဒါရိုက်တာလူကြီးတစ်ယောက်အိမ်ကို တခြားဒါရိုက်တာတွေလာပြီး နားချတယ်။ ချမရတော့ အဲဒီဒါရိုက်တာကို ဖြုတ်ဖို့ ကြံကြတယ်။ အဲဒီဒါရိုက်တာကလည်း မခေဘူး။ နောက်ကွယ်မှာ ရှယ်ယာတွေခိုးဝယ်ထားတာတွေရော ထပ်ဝယ်ဖို့ ပြင်ထားတာတွေရောက ကုမ္ပဏီတစ်ခုလုံးရဲ့ ရှယ်ယာထက်ဝက်လောက်ဖြစ်တော့မယ်။ သူအပိုင်သိမ်းတော့မယ်ပေါ့။ ကံဆိုးချင်တော့ သူကျန်တဲ့ရှယ်ယာတွေအတွက် ငွေချေရမယ့်ညမှာပဲ သူ့သားကို ပြန်ပေးဆွဲပြီး ယန်း သန်း၃၀တောင်းခံရတယ်။ သားသမီးဇောနဲ့ သူက ပေးမယ်။ ငွေကအများကြီးထပ်ရှာလို့ရတယ် ဘာညာလုပ်တာပေါ့။ ပြီးမှသိလိုက်ရတာက သူ့သားမဟုတ်ဘဲ သူ့ဒရိုင်ဘာရဲ့သားကို ပြန်ပေးဆွဲသွားတာဖြစ်နေတယ်။ သူပေးရမယ့်ငွေဆိုတာကလည်း သူရှယ်ယာဝယ်ချင်လို့ ရှိသမျှအကုန်‌ပေါင်နှံထားတဲ့ငွေတွေ။ ဒီတော့ ဒီငွေမရှိရင် သူဘဝပျက်မယ်။ သူ့သားအတွက်တော့ ပေးလိုက်နိုင်ပေမဲ့ ဒရိုင်ဘာရဲ့သားအတွက်ကျ သူပေးဖို့ လက်တွန့်နေတယ်။ ပြန်ပေးသမားကလည်း ကလေးမှားမှန်းသိသွားပေမဲ့ သူမပေးရင် ဘာဖြစ်ဖြစ် သတ်မှာပဲလို့ ခြိမ်းခြောက်လာတယ်။ ဇာတ်ကားနာမည်နဲ့ ဒီဇာတ်အဖွင့်ကို ပေါင်းစပ်ကြည့်လိုက်ရင် ဘယ်လိုဇာတ်မျိုးဖြစ်မလဲ ခင်ဗျားသိနေပြီလို့ ရေးတေးတေးထင်လာစရာအကြောင်းရှိကောင်းရှိမယ်။ ဒါပေမဲ့ ဒီဇာတ်က ဒီထက်အများကြီး အကွေ့အကောက်များသလို သူ့တင်ပြချင်တဲ့ အကြောင်းအရာကလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီထိရေးပြခဲ့တာက ဇာတ်ရဲ့အစပဲရှိသေးတယ်။ နောက်မှာ ဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို ခင်ဗျားမြင်လာရလိမ့်မယ်။ ရဲတွေက ပြန်ပေးသမားကို ဖမ်းဖို့ကြိုးစားတာကလည်း စုံထောက်ရုပ်ရှင်တစ်ကားလို စိတ်ဝင်စားဖို့ကောင်းသလို ပြန်ပေးသမားနဲ့ ဒါရိုက်တာ အဓိကကာရိုက်တာနှစ်ယောက် ငရဲနဲ့ကောင်းကင်ကြား အားပြိုင်ကြတာကလည်း သူတို့ချမယ့်ဆုံးဖြတ်ချက်တွေ လုပ်ရပ်တွေကိုလိုက်ကြည့်ရင်း အသည်းလန့်ချင်စရာကောင်းတယ်။ High and Low ကို အကောင်းဆုံး သည်းထိတ်ရင်ဖိုစုံထောက်ကားတစ်ကားလို့ ဆိုကြတယ်။ လွန်တော့မလွန်ပါဘူး။ မင်းသားတွေကလည်း ကူရိုဆာဝါထုံးစံအတိုင်း သူသုံးနေကျ လက်ရှိမှာ ဂျပန်ဂန္ထဝင်မင်းသားကြီးတွေ ဖြစ်သွားကြတဲ့ဘဲတွေချည်းပဲ။ Toshiro Mifune လို ဂန္ထဝင်မင်းသားကြီးရော၊ Ran ထဲက Tatsuya Nakadai ရော၊ To Live ထဲက Takashi Shimura ရောသုံးထားတယ်။ ဒီရုပ်ရှင်ကို မက္ကဘတ်ကို ကူရိုဆာဝါရိုက်ပြထားတဲ့ Throne of Blood မဟုတ်တဲ့ နောက်ထပ် ဗားရှင်းတစ်မျိုးလို့ တစ်ချို့က ဆိုကြတယ်။ ကူရိုဆာဝါရဲ့ တင်ပြပုံကြောင့် ဒီဇာတ်ဟာ ပိုမိုကျယ်ပြန့်သွားတယ်လို့လည်း ဆိုကြတယ်။ High and Low ကို မာတင်စကောဆဲစီက 39 Essential Foreign Films for a Young Filmmaker စာရင်းထဲ ထည့်ထားသလို အကောင်းဆုံးဂျပန်ရုပ်ရှင်ကားများစာရင်းမှာလည်း နံပါတ်၁၃ချိတ်ထားခဲ့တယ်။ ဒီဘာတွေညာတွေအသာထားပါဦး… ကူရိုဆာဝါတင်ပြတဲ့ စုံထောက်ကားတစ်ကားကို ဘယ်လိုဘယ်ပုံနဲ့ မြင်ရမလဲ တွေးကြည့်ရုံနဲ့တင် High and Low ဟာ တော်တော်လေး ရင်ခုန်စရာကောင်းနေပါပြီ။ နောက်ဆုံးတစ်ချက်အနေနဲ့တော့ ဒီရုပ်ရှင်ဟာ တခြားကူရိုဆာဝါရုပ်ရှင်တွေထက် ပရိသတ်မရွေးတဲ့ တင်ပြပုံမျိုးလည်း ပိုင်ထားပါတယ်။ စုံထောက်ကားပရိသတ်တွေကြည့်လည်းအဆင်ပြေသလို ရုပ်ရှင်ကောင်းကြိုက်သူတိုင်းအတ...

Murder in the Lens (2018) ⭐IMDB: 6.4/10 (32 Votes) 🎬 #Crime #Thriller 🗓 2018 🎞 movie 🌎 #Vietnam ⏰ 1 နာရီ 42 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Murder in the Lens (2018) ကေ က အင်မတန်တော်တဲ့ စုံထောက်တစ်ဦးပါ။သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးတာကြောင့်သူ့ဂုဏ်သိက္ခာတွေ ကျဆင်းနေရတဲ့အပြင် သူ့ရဲ့သေဆုံးမျုက သူ့ကို ခြောက်လှန့်နေတာပါ။ ဒီအချိန်ပဲ ပြဇာတ်မင်းသမီးတစ်ယောက် နဲ့ သူ့အမျိုးသား သေဆုံးမှုကို သူ ကိုင်ရပါတယ်။တရားခံကို လွယ်လွယ်ကူကူနဲ့ ဖမ်းမိတယ် ဆိုပေမဲ့ အမှုကိစ္စက ထင်သလောက် မရိုးရှင်းနေခဲ့ပါဘူး။ တရားခံရဲ့အမျိုးသမီးဖြစ်သူက သူ့အမျိုးသား အပြစ်မရှိတဲ့အကြောင်းစုံထောက်ကြီးကို လာတိုင်ပင်တဲ့အခါမှာတော့ ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ခဲ့ပါတော့တယ်။ အခင်းဖြစ်ရာ မြို့ကလေးမှာ အရင်က ကလေးပျောက်မှုတွေလည်း ရှိနေခဲ့ပါတယ်။အခုအမှုကိုလည်း စုံစမ်းရင်းနဲ့ ဒီကလေး‌ျောက်မှုတွေနဲ့ ဆက်စပ်မိလာတဲ့အခါမှာတော့ … အညွှန်း နဲ့ ဘာသာပြန်ကတော့SanDaKuuပဲ ဖြစ်ပါတယ်။...

The Last Samurai (2003) ⭐TMDB: 76.0% User Score 🎬 #Action #Drama #War 🗓 2003 🎞 movie 🌎 #USA #Japan #UnitedStatesofAmerica #NewZealand ⏰ 2 နာရီ 35 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Last Samurai ဆိုပဲTom Cruise ဆိုပဲပြီးတော့ ဆာမူရိုင်းချပ်ဝတ်တန်ဆာကြီးနဲ့ပိုစတာကြီးမြင်တာနဲ့ ဒီဇာတ်ကားဘယ်လိုလဲဆိုတာမြန်မာဇာတ်သိမ်းပိုင်းအတိုင်း ခန့်မှန်းရလွယ်လွန်းပါတယ်************အဲ့မှာ သောက်ဂွကျတာပဲတက်တက်စင်အောင်လွဲမြန်မာကားလိုဘာညာ အထင်သေးမိခဲ့တဲ့ ကျွန်တော်အခု all time fav ထဲ ထည့်ရမလို့ဘာညာဖြစ်နေပြီယောက်ျားတန်မယ့် ငိုကြီးချက်မ မဖြစ်ရုံတမယ်မျက်ရည်ပေါက်ပေါက်နဲ့တကယ်တော့ The Last Samurai ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ ဇာတ်ကားကိုညဘက် နားကြပ်တပ်ပြီး အပြည့်အဝ ခံစားပြီးမှ သိခဲ့ရတာ။ဟိုး၂နှစ်လောက်တုန်းက ဒီကားreviewရေးဖူးတယ် အဲ့reviewကို ပြန်တင်ထားလိုက်တယ် The plot –ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလဟာ Meji restoration (or)Westernization in Japan လို့အဓိပ္ပါယ်ရတဲ့Meji အစိုးရအသွင်ပြောင်းလဲခြင်း (သို့)အနောက်လူနေမှုအဆင့်အတန်းများ ဂျပန်သို့ရောက်လာခြင်းဖြစ်တဲ့ ၁၈ရာစုနှောင်းပိုင်း ၁၈၆၀ခုနှစ်ကာလများ… ခရစ်နှစ် 1603ခုနှစ်ကနေစပြီး တည်တံ့လာတဲ့ Edo era ကြီးဟာအမေရိကန်တွေ ခေတ်မှီလက်နက်ကိရိယာမျိုးစုံ စစ်သဘော်ကြီးတွေနဲ့ ဂျပန်ဆိပ်ကမ်းကိုလာရောက်ဆိုက်ကပ်ခြင်းကစပြီးပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်းဦးတည်လာခဲ့တယ်။ဂျပန်ဆိပ်ကမ်းကိုအသုံးပြုမယ် ကုန်သွယ်မယ် စစ်ခုံရုံးတွေမှာပါဝင်စွက်ဖက်မယ် ဂျပန်တွေတစ်သီးတခြားနေထိုင်အုပ်ချုပ်နေတာတွေရပ်တန့်ရမယ်ဆိုတဲ့ လက်နက်အမိန့်စကားသံတွေဟာ ဂျပန်ပြည်ကြီးရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတယ်။ထိုအချိန်ကာလ ဂျပန်အစိုးရဟာ လွယ်လွယ်ကူကူ စာချုပ်ရေးထိုးပေးလိုက်တယ်။ ဆာမူရိုင်းတွေဟာ ဒီလိုသူရဲဘောကြောင်တဲ့ အစိုးရလုပ်ရပ်ကို မကြိုက်။ ဒါ့ကြောင့် ဆာမူရိုင်း clanတွေစုစည်းပြီး အစိုးရကိုဖြုတ်ချပြီး ခေတ်မီတဲ့ဂျပန်အစိုးရ Meji အစိုးရကို ထူထောင်ကြတယ် ။သို့သော်လည်း Katsumoto ဆိုတဲ့ ဆာမူရိုင်းခေါင်းဆောင်ကြီးဟာMeji အစိုးရထူထောင်ရေးလမ်းစဉ်ကို မကြိုက်နှစ်ပေ။ငါတို့သည် ဆာမူရိုင်းများဖြစ်သည်။ ဓားကိုသာစွဲကိုင်သည်။မီးလက်နက်များမကိုင်။ ဘယ်တော့မှအညံ့မခံ။ အသေသာခံမည်ဆိုတဲ့လမ်းစဉ်ကို လျှောက်နေကြတဲ့ katsumotoနဲ့ သူနောက်ပါဆာမူရိုင်းတစ်ချို့ဟာ Mejiအစိုးရသစ်အတွက် ခေါင်းခဲစရာဖြစ်နေသည်။ထို့ကြောင့် katsumotoကို ဖြုတ်ချရန်အတွက် အနောက်နိုင်ငံများမှစစ်သူရဲကောင်းတွေကိုရှာပြီး meji အစိုးရရဲ့ စစ်တပ်ကိုလေ့ကျင့်ပေးရင်စီစဉ်ကြတော့တယ်။ Captain Nathan Algrenအင်ဒီယန်း‌ vs အမေရိကန် တိုက်ပွဲတွေမှာ သူရဲကောင်းအဖြစ်ကျော်ကြားတဲ့ ကပ္ပတိန် နေသန် အာလ်ဂရမ်တစ်ခုသောတိုက်ပွဲမှာ အထက်အရာရှိမှ အမိန့်ကြောင့် အပြစ်ကင်းစင်‌တဲ့ မိန်းမပျို/အို တွေနဲ့ ကလေးတွေကို သတ်ပစ်ခဲ့ရတယ်။ထိုတိုက်ပွဲအပြီးမှာ သူလုပ်ခဲ့သောလုပ်ရပ်ကိုနောင်တအရှက်ရသောကြောင့် စစ်တပ်မှထွက်ခဲ့တယ်။ကလေးတွေကို သတ်ခြင်း မိန်းမတွေကိုသတ်ခဲ့ရတဲ့မြင်ကွင်းတွေဟာ အိပ်မက်ဆိုးတစ်ခုလိုခြောက်လှန့်နေတယ် ။တစ်နေ့ Cap Nathan AlgrenဟာMejiအစိုးရရဲ့ ပညာရှင်၊ ခေါင်းဆောင်၊ သူရဲကောင်းစတဲ့ခေါ်ယူမှုတွေထဲက တစ်‌ယောက်ဖြစ်လာခဲ့တယ်ဒီလိုနဲ့ Mejiစစ်တပ်ကို လေ့ကျင့်သင်ကြားပေးရန်Nathan Algrenတစ်ယောက် ဂျပန်ပြည်ကြီးဆီကိုခရီးနှင်လာခဲ့တော့တယ် ဒီဇာတ်ကားရဲ့နောက်ဆုံးbattleဟာဆိုရင်1877က တကယ်ဖြစ်ခဲ့တဲ့ စစ်ပွဲ (Seinan-war)ကို based ယူထားတာဖြစ်ပါတယ်တကယ့်သမိုင်းနဲ့ ရုပ်ရှင်ကွာခြားချက်ကThe Last Samurai အစစ်ဟာ Katsumoto မဟုတ်ဘဲ Saigo Takamori ဆိုသူဖြစ်တယ်နောက်ပြီး Mejiစစ်တပ်နဲ့ ပူးပေါင်းပြီး သင်ကြားပေးတဲ့Captain ဟာလည်းအမေရိကန် စစ်တပ်မဟုတ်ဘဲ ပြင်သစ်စစ်တပ်က Captain Jules Brunet ဆိုသူဖြစ်တယ်(သူတို့ပုံသိချင်ရင် ဂလူးဂလူးခေါက်လိုက်ဗျာ) ဒီဇာတ်လမ်းဟာ တကယ့်ကိုသဘာဝကျကျဖန်တီးထားတယ် တကယ်သဘောကျစရာကောင်းတာကသရုပ်ဆောင်တွေအကုန်လုံးက ဂျပန်သားတွေကိုသာသုံးထားတာဖြစ်ပါတယ်အစကတော့ ဥရောပရောက်ဂျပန်ဖြစ်ဖြစ် စစ်ဘက်ဆိုင်ရာလေ့ကျင့်မှုရှိတဲ့ကိုရီးယားနိုင်ငံသားတွေဖြစ်ဖြစ် အသုံးပြုဖို့စီစဉ်ထားတာကို ဒါရိုက်တာအပါအဝင် မင်းသားTom Cruise တို့က အပြင်းအထန်ကန့်ကွက်ကြတယ်ပြီးတော့ Tom Cruiseကိုယ်တိုင် ဇာတ်ကားမှာပါဝင်မယ့် ဂျပန်သားတွေကို လနဲ့ချီ training ပေးခဲ့တယ် ဒါ့ကြောင့်လည်း ဒီဇာတ်ကားက ဂျပန်ကားဆိုတဲ့အရသာကိုအပြည့်အဝပေးစွမ်းခဲ့တယ်နောက်ထပ်ပြောစရာချင်တာက ဂျပန်စကားအခုမှလေ့လာသူတွေအတွက်လည်း ကြည့်သင့်တဲ့ movieလေးတစ်ခုပါပုံမှန်နေ့စဉ်ပြောနေကျ စကားပြောတွေထက်ကို ခပ်နှေးနှေးခပ်ပြတ်ပြတ်ပြောထားတာတွေ့ရပါတယ် နောက်ပိုင်း Tom Cruiseပြောတဲ့ စကားအချို့ဆို ကျွန်တော်တောင်နားလည်တယ် ဒီဇာတ်လမ်းက ဂျပန်နိုင်ငံအကြောင်းကို Hollywood styleရိုက်ကူးထားတယ်ဒါရိုက်တာကြီးကလည်း တကယ့်ကိုဆရာတစ်ဆူဖြစ်တဲ့ Edward Zwickဖြစ်တယ်Blood Diamond, Jack Reacherတို့ကိုလည်း ရိုက်ကူးခဲ့တဲ့ သူလည်းဖြစ်တယ်ဒီဇာတ်ကားမှာ...

Tatlubaaz (2023- ) ⭐IMDB: 5.5/10 (105 Votes) 🎬 #Comedy #Drama #Thriller 🗓 2023- 🎞 tv series 🌎 #India ⏰ 28 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tatlubaaz (2023)Tatlubaaz (TV Series)(2023) “လူလိမ် ဘူလ်ဘူလ်” IMDb-5.5/10ရုပ်သံဇာတ်လမ်းတွဲ မင်းသားချော Dheeraj Dhooparရဲ့ စီးရီးကောင်းလေးတတွဲကိုတင်ဆက်ပေးလိုက်ပါတယ်။ Your browser does not support the video tag.ဘူလ်ဘူလ်တျာဂီဆိုတာ တမြို့လုံးကို နည်းအမျိုးမျိုးနဲ့ပတ်လိမ်နေတဲ့ လူတစ်ယောက်။ ချမ်းသာကြွယ်၀တဲ့ဘ၀ကို မသမာတဲ့နည်းနဲ့ရယူဖို့ရာ ကြိုးစားနေတဲ့သူ။ သူ လက်ရှိနေထိုင်နေတဲ့မြို့မှာ ဖမ်း၀ရမ်းတွေလည်းအထုတ်ခံရ လိမ်လိုက်တဲ့လူတွေကလည်း လိုက်ရှာနေတာကြောင့် အချီကြီးကြံဖို့အရေး ဘနာရတ်ဆ်မြို့ကိုပြေးပါတော့တယ်။ ဘနာရတ်ဆ်ဆိုတာ ဒေလီလို နိုင်ငံရေးတွေနဲ့မြို့ မွမ်ဘိုင်းလို အိပ်မက်တွေနဲ့မြို့မဟုတ်ဘဲ အခွင့်အရေးတွေ အလားအလာတွေရှိတဲ့မြို့လို့ ခေါ်ကြတယ်။ အဲဒီလိုမြို့ကိုမှ ဘူလ်ဘူလ်တျာဂီတစ်ယောက် အချီကြီးလိမ်ဖို့အရေးကြံဖို့ကြိုးစားနေတုန်းမှာပဲ ဒီရှာနဲ့ အစ္စဘဲလီထောင်ချောက်ဆင်ထားတဲ့ ရာဇဝတ်မှုမြောက်များစွာနဲ့ ဒုက္ခတွင်းကြီးထဲကို သက်ဆင်းမိပါတော့တယ်။ဘူလ်ဘူလ်တျာဂီတစ်ယောက် သူ့အကြံအစည်ပဲ အောင်မြင်အထမြောက်မလား ဒုက္ခတောထဲမှာပဲ တဝဲလည်လည်နဲ့ လမ်းပျောက်သွားမလားဆိုတာ။ အိန္ဒိယလူလိမ်ရုပ်ရှင်ကားကောင်းတွေလိုပဲ တစ်ယောက်ပေါ်တစ်ယောက် ကွက်ကျော်ရိုက်တာတွေကို ရိုက်ကူးတင်ဆက်ထားတဲ့အတွက် ကြည့်ရှုခံစားကြပါဦး။(အညွှန်းကို‌တော့ Vမှ ရေးသားပေးထားပြီး ဘာသာပြန်ကတော့ Thaik Sanပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Little Miss Rawther (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Comedy #Drama #Musical #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Little Miss Rawther (2023)”အချစ်ရူးမလေး မိရော်သာ”======================================= IMDb 8.3/10စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြောအချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီးဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။ သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိအခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကိုတစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ…။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

I'll Find You (2019) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Drama #Music #Romance #War 🗓 2019 🎞 movie 🌎 #UnitedStates #Poland #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I’ll Find You (2019) =============== IMDb Rating – 7.1/10 ချစ်ခြင်းအစ မုန်းခြင်းကလို့ ဆိုသလို ကိုယ်တို့နှစ်ယောက်ရဲ့အချစ်အသီးအပွင့်တွေဟာ အမုန်းပင်စည်ကြီးကနေ အခြေတည်တယ်။ အချစ်နဲ့ အမုန်းဟာ ဆန့်ကျင်ဘက်ဖြစ်သလိုကိုယ်တို့အတွက် အရာရာတိုင်း နီးပါးကလည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ကက်သလစ်တစ်ယောက်ဖြစ်တဲ့ ကိုယ်ဂျူးလူမျိုးတစ်‌ယောက်ဖြစ်တဲ့ မင်း ဘာသာရေးကွဲပြားချက်တွေကြောင့် ပေါင်းစည်းဖို့ ခက်ခဲနေတဲ့ကြားကစစ်ပွဲကြီးက ကိုယ်တို့ကို ခွဲခဲ့တယ်။ မည်သို့ပင်ဖြစ်စေကာမူ ရေကန်ဟာ ကြာရှိမှ သင့်သလိုကိုယ်ဟာလည်း မင်းရှိမှ ဖြစ်မှာပါ။ အလားတူ ကိုယ့်ရဲ့ အသံကမင်းလေးရဲ့ တယောသံလေးနဲ့မှ ပိုလို့ ငြိမ့်ညောင်းနိုင်မှာမလို့ဘာတွေပဲ ဖြစ်လာလာ ကိုယ်မင်းကို တွေ့အောင် ရှာမှာပါ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Act Molemy ဖြစ်ပါတယ်)...

The Saint (1997) ⭐TMDB: 61.0% User Score 🎬 #Action #Adventure #Romance #Thriller #ScienceFiction 🗓 1997 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Saint (1997) မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ “သူတော်စိန်” သည် The Saint ပင် ဖြစ်လေသည်။ “The Saint” ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint‌ ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် သရုပ်ဆောင်ခဲ့ဖူး၏။ အခြားသော The Saint စီးရီးများသည်ပင် ဆာရော်ဂျာမိုးရ်၏ အရှိန်အဝါအောက်တွင် မှေးမှိန်ခဲ့ရ‌လေသည်။ ယခုခေတ်ကာလတွင် ဂန္ထဝင်မင်းသားကြီးတစ်ဦးအဖြစ် သမုတ်ခံထားရသော ဗယ်လ်ခေးမားသည်လည်း ဤ The Saint ဇာတ်ကောင်နေရာကို လွယ်လွယ်နှင့်ရခဲ့သည်မဟုတ်ပေ။ ဆာရော်ဂျာမိုးရ်သည် ၎င်းကဲ့သို့ ဂျိမ်းစ်ဘွန်းဖြစ်ခဲ့သည့် ပီးယာ့စ်‌ဘရော့စ်နန်ကို သရုပ်ဆောင်စေချင်ခဲ့သည့်အပြင် ပါရာမောင့်ကုမ္ပဏီသည်လည်း ထိုခေတ်က နာမည်ကျော်သရုပ်ဆောင်များဖြစ်နေသည့် ဟျုဂရန့်၊ မယ်ဂစ်ဆွန်၊ အာနိုးရှဝါဇင်နက်ဂါ၊ ဂျော့ဂ်ကလူနီ၊ ကယ်ဗင်ကော်စနာ၊ ဂျော်နီဒပ်နှင့် ဒန်နီယယ်ဒေးလူးဝစ် ကဲ့သို့သော ပုဂ္ဂိုလ်များကို ဦးစွာကမ်းလှမ်းခဲ့ခြင်းဖြစ်လေ၏။ သို့သော် ၁၉၉၅ ၏ Batman Forever အလွန်တွင် ဘရုစ်ဝိန်း (ဝါ) လင်းနို့လူသားဇာတ်ကောင်နေရာ၌ ဆက်လက်သရုပ်မဆောင်တော့လိုသော ဗယ်လ်ခေးမားသည် The Saint နေရာအတွက် အရွေးခံခဲ့ရလေ၏။ The Saint သည် စောရတစ်ဦးဖြစ်သော်ငြား သူတော်စင်တို့၏ အမည်နာမမျိုးစုံကို ထည်လဲအသုံးချ၏။ ဂျွန်ရော့စီ၊ မာတင်ဒီပိုရက်၊ ဘရူနိုဟော်တန်ဖရော့၊ သောမတ်မိုး၊ နီကိုလက်အိုဝင်၊ လူးဝစ်ဂွမ်နယ်လာ၊ ပီတာဒေမီယံ၊ ချားလ်ဘိုရိုမီရို စသည့် သူတော်စင်နာမည်တို့ကို လိုအပ်သည့်နေရာတို့တွင် လိုအပ်သလို သုံး၏။ ရုပ်ပြောင်းရုပ်လွှဲအရာတွင်လည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်၏။ ပစ္စည်းကိရိယာအဆန်းတို့ကိုလည်း သူကိုယ်တိုင်ထွင်ပြီး သုံးတတ်သေး၏။ သူ၏ အလုပ်ရှင်သည် မည်သူမည်ဝါဖြစ်‌ကြောင်းကိုလည်း စိုးစဉ်းမျှ ဂရုမစိုက်။ အပ်သည့်အလုပ်နှင့်ထိုက်တန်သော ငွေကြေးအသပြာရလျှင် အင်မတိအင်မတန် လုံခြုံပါဘိဆိုသည့်အရာကိုပင် ရအောင် ခိုးပေးနိုင်ပေသော‌ စောရတစ်ဦးဖြစ်‌လေ၏။ ထိုသို့ မိမိကျွမ်းကျင်လိမ္မာရာနယ်ပယ်၌ ဆရာတစ်ဆူဖြစ်သော၊ မိမိအလုပ်ကိုယ်မိမိ တိတိကျကျ သွေးအေးအေးဖြင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်တတ်သော The Saint ၏ သံမဏိနှလုံးစိုင်သည် သိပ္ပံပညာရှင်မလေးတစ်ယောက်၏နှုတ်ခမ်းပါးများဝယ် အရည်ပျော်ကျခဲ့ရလေသည်။ အချုပ်ဆိုရသော်… The Saint သည် ရဲရင့်၏။The Saint သည် ဖျတ်လတ်၏။The Saint သည် စွန့်စား၏။ထို The Saint ၏ စိတ်ဝင်စားစရာ…အသည်းထိတ်စရာ…အံ့ဩဘနန်းဖြစ်စရာ…လှုပ်ရှားမှုများကား… P.S – အဆုံးစာကြောင်းများအတွက် ဆရာကြီးရွှေဥဒေါင်း၏ သူတော်စိန်စာအုပ် ကျောဘက်မျက်နှာဖုံးမှ စာများကို ယူသုံးထားပါသည်။ (ဒီဇာတ်ကားကို666မှ ပြန်ဆိုပေးထားပါတယ်)...

Night of the Demons 2 (1994) ⭐TMDB: 61.0% User Score 🎬 #Comedy #Fantasy #Horror 🗓 1994 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Night of the Demons 2 (1994)===================== Night of the Demons 2 မှာတော့ 1 ထဲမှာ မိစ္ဆာဝင်ပူးခံရတဲ့အန်ဂျလာရဲ့ညီမဖြစ်တဲ့ မယ်လစ်ဆာဟာ စည်းကမ်းတင်းကြပ်တဲ့ ခရစ်ယာန်ကျောင်းကို အပို့ခံလိုက်ရပါတယ်။ အန်ဂျလာရဲ့ကိစ္စကပြီးသွားခဲ့ပေမဲ့ ဟောလ်အိမ်ကြီးရဲ့ ကောလဟာလတွေက ပြီးမသွားခဲ့ပါဘူး။ လူတွေရဲ့ အန်ဂျလာကို ဟောလ်အိမ်ကြီးမှာတွေ့ခဲ့တယ်ဆိုတဲ့စကားတွေက မယ်လစ်ဆာတက်နေတဲ့ စိန့်ရီတာကျောင်းအထိပြန့်သွားခဲ့ပြီး အရဲစွန့်သွားချင်တဲ့သူတွေ ရှိလာခဲ့ပါတယ်။ ဟောလိုးဝင်းညကိုရောက်တော့ ကျောင်းမှာကပွဲလုပ်တဲ့အခါမှာ မယ်လစ်ဆာရဲ့သူငယ်ချင်းတစ်သိုက်က ဆရာတွေလစ်တဲ့အချိန်မှာကျောင်းရဲ့ အဆောင်ကနေ ခိုးထွက်ပြီး ပါတီတစ်ခုကိုသွားတက်ကြပါတယ်။ ပါတီလုပ်မယ့်နေရာက ဟောလ်အိမ်ဖြစ်နေတာကိုသူတို့တွေအားလုံး သိလိုက်တဲ့အခါမှာတော့… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...

The Thing (1982) ⭐TMDB: 81.0% User Score 🎬 #Horror #Mystery #SciFi #ScienceFiction 🗓 1982 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Thing (1982) ~ IMDb – 8.2/10, Rotten Tomatoes – 85% ~ The Thing ကို အကောင်းဆုံးဂန္ထဝင်ဟော်ရာကားတွေထဲက တစ်ကားအဖြစ် စာရင်းသွင်းထားကြတယ်။ ဒီလိုသွင်းဖို့တန်အောင်လည်း The Thing ဟာ သူ့ခေတ်သူ့အခါအနေနဲ့ Practical Effect တွေရော ဇာတ်လမ်းရော အကုန်နီးပါးကောင်းခဲ့တဲ့ ဟော်ရာရုပ်ရှင်ဖြစ်ခဲ့တယ်။ ရိုက်တဲ့လူကလည်း John Carpenter… သူ့ကို ဟော်ရာရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူလို့ သတ်မှတ်ကြတယ်။ သူ့ကို ခင်ဗျားတို့မသိရင်တောင် ဟော်ရာရုပ်ရှင်ဖန် မှန်ရင် ခင်ဗျားတို့ သူ့ကားတွေနဲ့ ဘယ်လိုမှမကင်းနိုင်ဘူး။ Halloween (1978), The Fog (1980), Escape from New York (1981) နဲ့ Starman (1984) စတဲ့ နာမည်ကျော်ကားတွေကို သူကိုယ်တိုင်ရိုက်ခဲ့တာပဲ။ သူက ဂီတနောက်ခံတေးသွားတွေ ဖန်တီးတဲ့သူလည်းဟုတ်တယ်။ ဟောလိုးဝင်းနောက်ထွက်ကားတွေမှာ သူဟာ ဂီတနောက်ခံတေးသွားဖန်တီးသူအဖြစ်ရော Executive Producer အဖြစ်ပါ ပြန်ပါဝင်လာခဲ့တယ်။ မနှစ်ကထွက်ခဲ့တဲ့ ဟောလိုးဝင်းကားအထိပေါ့။ ကာပန်တာဟာ ဘတ်ဂျက်နည်းနည်းနဲ့ အမြတ်အစွန်းများအောင် လုပ်နိုင်တဲ့ ရုပ်ရှင်ဖန်တီးသူတစ်ယောက်ပဲ။ သူရွေးထားတဲ့လိုင်းကလည်း ဟော်ရာဖြစ်နေသကိုး။ ဒါပေမဲ့ The Thing ကတော့ သူ့အတွက် ပြောင်းပြန်ဖြစ်ခဲ့တယ်။ ရှေ့က သူ့အောင်မြင်မှုတွေအားလုံးကို ရိုက်ချိုးခဲ့တဲ့ကားဖြစ်ခဲ့တယ်။ The Thing အတွက် သူဘတ်ဂျက်တော်တော်သုံးခဲ့ပေမဲ့ စိတ်ညစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်ကလည်း မကြိုက်ကြသလို သူနောက်ရိုက်ရမယ့်ကားတွေကိုပါ မရိုက်ရတော့တဲ့အထိ သက်ရောက်ခဲ့တယ်။ The Thing ဟာ သူ့ဘဝကို ဖျက်ခဲ့တဲ့ရုပ်ရှင်လို့တောင်ပြောရမယ်။ Worst Musical Score ဆုကိုပါ Razzie Awards မှာရလိုက်သေးတယ်။ ဒါပေမဲ့လည်း ခေတ်တစ်ခေတ်ကို ကျော်လွန်အပြီးမှာတော့ The Thing ကို ဟော်ရာရုပ်ရှင်တွေရဲ့ မိုင်တိုင်တစ်ခုအဖြစ်သတ်မှတ်လာကြသလို The Thing ဟာ ကလပ်စစ်တန်းဝင် ဟော်ရာကားတစ်ကားဖြစ်လာခဲ့တယ်။ The Thing ဟာ ဂျွန်ကာပန်တာရဲ့ အထင်ကရအဖြစ်ဆုံးကားလည်းဖြစ်လာခဲ့တယ်။ ဇာတ်လမ်းကတော့ အန္တာတိကတိုက်မှာ သုသေသနလုပ်ဖို့ သိပ္ပံပညာရှင်တစ်စု စခန်းချနေကြတာနဲ့ အစပျိုးထားတယ်။ တစ်နေ့မှာတော့ အနီးနားမှာရှိတဲ့ တခြားနိုင်ငံက သုသေသနစခန်းဖက်က ရဟတ်ယာဉ်တစ်စီး စက်သေနတ်ရမ်းရင်း သူတို့နားမှာ ပျက်ကျသွားတယ်။ အကြောင်းအရင်းကို စုံစမ်းဖို့နဲ့ အကူအညီလိုရင် ကူညီပေးဖို့အတွက် သူတို့တွေ အိမ်နီးချင်းစခန်းဆီကိုသွားတဲ့အခါမှာ အသက်ရှင်နေတဲ့ လူတွေကို မတွေ့ရတော့ဘူး။ အဲဒီစခန်းက အလောင်းတစ်လောင်းကို စစ်ဆေးကြည့်ဖို့ သူတို့စခန်းကိုပြန်သယ်လာပြီး စစ်ကြည့်နေတုန်းမှာ ထူးဆန်းတာတွေ တွေ့လာရပြီးတော့ သူတို့ရဲ့ ခွေးလှောင်အိမ်ထဲမှာ အမျိုးအမည်မသိ သတ္တဝါတစ်ကောင်ရောက်နေတာကို တွေ့လိုက်ရတဲ့ အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...

30 Nights of Paranormal Activity with the Devil Inside the Girl with the Dragon Tattoo (2013) ⭐IMDB: 2.5/10 (4 k Votes) 🎬 #Comedy #Horror 🗓 2013 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နဂါးပုံတက်တူးနဲ့ကောင်မလေးရဲ့ကိုယ်ထဲက နတ်ဆိုးနဲ့ သဘာလွန်ဖြစ်ရပ်‌တွေရဲ့ ညပေါင်း ၃၀ ဆိုတဲ့ ၂၀၁၃တုန်းကထွက်ရှိထားတဲ့ ပေါက်တတ်ကရ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ အယ်ရန်ဂေလန်နဲ့ ဒေနာဂေလန်တို့ဟာ လင်မယားနှစ်ယောက်ပါ။ လစ်ဇ်ဂေလန်ကတော့ နဂါးပုံတက်တူးနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေတပုံတပင်နဲ့ အယ်ရန်ဂေလန်ရဲ့မယားပါသမီးပါ။ ဒီလိုနဲ့ သူတို့မိသားစုဟာ ဒေနာဂေလန် ငယ်စဉ်ကကြီးပြင်းခဲ့တဲ့နေအိမ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ထူးခြားတဲ့အရာတစ်ခုကတော့ အိမ်ရဲ့မြေအောက်ခန်းထဲမှာ ဒေနာရဲ့အဖေဟာ ရုပ်ရှင်အဖွဲ့တစ်ခုလုံးကို အပနှင်ရင်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာပါ။ ဒေနာအနေနဲ့ ဒီကိစ္စသိရှိထားပြီး သူတို့မိသားစု အဲဒီနေအိမ်ကိုပြောင်းရွှေ့လာပြီးတဲ့နောက်မှာတော့ အိမ်မှာ ထူးဆန်းတဲ့သဘာ၀လွန်ဖြစ်ရပ်တွေကို ကြုံတွေ့လာတဲ့နောက်မှာတော့ သူတို့မိသားစုအနေနဲ့ ဘယ်လိုဆက်ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ညစ်တီးညစ်ပတ် ပေါက်လွတ်ပဲစား အခွီဟာသတွေနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဟိုဒင်းဟိုဟာအခန်းတွေ ညစ်ပတ်ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုတော့ သတိပြုပေးပါ)...

Night of the Demons (1988) ⭐TMDB: 62.0% User Score 🎬 #Comedy #Fantasy #Horror 🗓 1988 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Night of the Demons (1988)====================IMDb Rating – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက Trilogy အလိုက် ထွက်ရှိခဲ့တဲ့ သရဲကားလေးတစ်ကား တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဟောလိုဝင်းညလေးတစ်ညမှာ အတွဲနှစ်တွဲရယ်၊ သူငယ်ချင်း ၃ ယောက်ရယ်၊ နှာဘူးပြီး ပါလာတဲ့ကောင်တစ်ကောင်ရယ်တို့က အူကြောင်ကြောင်မ ၂ ယောက်လုပ်တဲ့ ပါတီပွဲကို သွားကြရာကနေ ဇာတ်လမ်းစပါတယ်။ သူတို့ ပါတီဆိုတာ တခြားနေရာမဟုတ်ပဲ ရှေးခေတ်အဆက်ဆက်ကတည်းက လူသေအလောင်းများကို အလှဆင် မြုပ်နှံသဂြိုလ်ပေးခဲ့တဲ့ရှေးဟောင်းအိမ်ပျက်ကြီးတစ်ခု ဖြစ်ပြီး ဖုန်းဆိုးမြေတစ်ခုလို နေရာကြီးပေါ့လေ။ အဲဒါကို အုပ်စုလိုက် မှန်တစ်ချပ်ကို အသုံးပြုပြီး သရဲခေါ်ကြရာကနေ မကောင်းဆိုးဝါး စွမ်းအင်တစ်ခုကို သွားနိုးလိုက်သလို ဖြစ်ပြီးကြောက်မက်ဖွယ်အရာတွေ နိုးထလာတဲ့အခါမှာတော့….။ ၁၉၈၀ ကာလကျော် သရဲကားတွေဆိုတော့ ကိုယ်လုံးတီးတချို့နဲ့ ကြမ်းတမ်းတဲ့သွေးထွက်သံယို ပြကွက်တွေ ပါဝင်တာကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ဘူးဆိုတာကိုလည်း သတိပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...

Leave the World Behind (2023) ⭐IMDB: 6.7/10 (24 k Votes) 🎬 #Drama #Thriller #Mystery #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Leave the World Behind (2023) ~ IMDb – 6.7/10, RT – 74%, Meta – 68% ~ ကမ္ဘာပျက်နေချိန်မှာ အသက်ရှင်ဖို့ကြိုးစားရတဲ့ ရုပ်ရှင်အမျိုးအစား နောက်တစ်ကားပါပဲ။ ဒီကားကတော့ အက်ရှင်မဟုတ်ဘဲ ဆိုက်ကို သည်းထိပ်ရင်ဖိုအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာတောင် အဖြေကို ရှာတွေ့သလို မတွေ့သလိုနဲ့ ပဟေဠိဆန်ဆန်ရိုက်ထားတဲ့ကားမျိုးပါ။ Mr. Robot စီးရီးရဲ့ ဖန်တီးရှင် Sam Esmail က ရိုက်ကူးထားပြီး နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Julia Roberts, Mahershala Ali, Ethan Hawke တို့လို ဆရာကြီးတွေ ပါဝင်ထားပါတယ်။ Kevin Bacon ကတောင် ဝင်ပြီးအားဖြည့်ပေးထားပါသေးတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ လင်မယားနှစ်ယောက် သားတစ်ယောက်နဲ့ သမီးတစ်ယောက်ဟာ ကျေးလက်အိမ်တစ်လုံးငှားပြီး အပန်းဖြေဖို့ထွက်လာကြပါတယ်။ အငယ်ဆုံးသမီးလေးကFRIENDSတီဗီစီးရီးကို အသည်းအသန်စွဲလမ်းနေတဲ့သူဖြစ်ပြီး ဇာတ်သိမ်းပိုင်းကို အားလပ်ရက်မှာ ကြည့်ဖို့ အားခဲ့ထားတာပါ။ ဒါပေမဲ့ အပန်းဖြေအိမ်ကိုရောက်ရောက်ချင်းမှာပဲ ဖုန်းလိုင်းတွေ အင်တာနက်တွေအကုန်ပြတ်တောက်သွားပြီး ညအချိန်မတော်ကြီးမှာ အိမ်ရှင်သားအဖကပါ မြို့ပေါ်ကနေ သူတို့အိမ်ကို ပြေးလာခဲ့ပါတယ်။ အိမ်ငှားတွေနဲ့ အိမ်ရှင်တွေ တစ်ယောက်ကိုတစ်ယောက် သံသယတွေနဲ့ မီးပျက်တာတွေ လိုင်းပျက်တာတွေကို အဖြေရှာဖို့ ကြိုးစားရင်း အသက်ရှင်ဖို့ ကြိုးစားကြရပါတော့တယ်။ အငယ်ဆုံး သမီးလေးကတော့FRIENDSဇာတ်သိမ်းပိုင်းကို ကြည့်ဖို့ပဲ တလျှောက်လုံး ကြိုးစားနေပါတော့တယ်။ ချန်နယ်မြန်မာမှာ ကြည့်လို့ ရတဲ့အကြောင်းတောင် ပြောချင်သွားပါတယ်။ ကျန်တာကတော့ ဇာတ်လမ်းအဆုံးမှာ အဖြေတွေပေါ်လာသလို ကိုယ့်အတွေးနဲ့ကိုယ်လည်း ဆက်ပြီးစဉ်းစားလို့ရတဲ့အကြောင်းပဲ ပြောချင်ပါတယ်။ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...