en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Pride and Prejudice and Zombies (2016) ⭐IMDB: 5.8/10 (59 k Votes) 🎬 #Action #Comedy #Fantasy #Romance #Horror #Thriller 🗓 2016 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Cinderella (2015)ထဲက မင်းသမီးချော Lily James နဲ့ Maleficent ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Sam Riley တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇွန်ဘီကားလေးပဲဖြစ်ပါတယ်။ ဒီဇွန်ဘီကားဟာ 19 ရာစုမှာအ‌ခြေတည်ထားပြီး ထူးဆန်းတဲ့ ဇွန်ဘီပလိပ်ရောဂါကြောင့် အင်္ဂလန်နိုင်ငံဟာ စစ်တလင်းဖြစ်ခဲ့ရပုံကိုပြသထားပါတယ်။ ဒီဇာတ်ကားထဲက ဇွန်ဘီတွေက သာမာန်ဇွန်ဘီကားတွေထဲကလို တွေ့ကရာအကုန်လိုက်ကိုက်နေတာမျိုးမဟုတ်ပဲ သူတို့မှာလည်း ဦးနှောက်ရှိတဲ့အတွက် ဉာဏ်ပြေးကြပါတယ်။ ဝူးရှူးဝါးတွေမလုပ်ပဲ လူ့ ဦးနှောက်စားရဖို့အတွက် ထောင်ခြောက်လည်းဆင်တတ်သလို လူတွေကြားထဲလည်း သွားလာတတ်ကြပါသေးတယ်။ ဒီလိုဉာဏ်ကောင်းတာကြောင့်ပဲ ဇွန်ဘီတွေက တ‌ဖြေးဖြေးနဲ့အင်အားကောင်းလာတာမို့ လူသားမျိုးနွယ်တွေအတွက် ခြိမ်း‌ခြောက်မှု ကြီးတစ်ရပ်ဖြစ်လာပါတော့တယ်။ ဒီလိုတွေကြားထဲမှာမှ လူသဘောလူ့သဘာဝ လူမှုရေး ချစ်ရေးကြိုက်ရေး နိုင်ငံရေး ဒါမျိုးတွေကိုရောထည့်ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဇွန်ဘီကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့ အမြင်တစ်မျိုးထူးခြားနေမှာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားဖြစ်တယ်လို့ညွှန်းလိုက်ပါရစေ။...

Shortcomings (2023) ⭐IMDB: 6.7/10 (992 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ နေရာတကာလိုက်ပြီးတော့ လူ့ဂွစာလုပ်နေတဲ့ ဘယ်သူနဲ့မှ အဆင်မပြေကြတဲ့လူတွေက ဒီလောကမှာအများကြီးပါပဲ။ အဲ့လိုလူအများစုကလည်း သူတို့အမှားကိုသူတို့မသိကြပဲနဲ့ ဘယ်သူနဲ့မှအဆင်မပြေတာက တခြားလူတွေရဲ့ အပြစ်ကြောင့်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်လို့ကိုယ်လည်း အဲ့လိုလူဖြစ်နေတယ်ဆိုတာကို စိတ်ထဲမှာသိနေတယ်ဆိုရင်တော့ အမြန်ဆုံးပြင်လိုက်တာ အကောင်းဆုံးပါပဲ။ ဒီကားထဲမှာလည်း အရာရာကိုဘုကလန့်လိုက်တိုက်နေပြီး လူမျိုးရေးတွေအရမ်းခွဲခြားပြီး လူ့ဂွစာဖြစ်နေတဲ့ ဘန်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အဓိကအဆင်မပြေဖြစ်နေတာကတော့ သူ့ကောင်မလေးမီကိုနဲ့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကအမြဲတမ်း ရုပ်ရုင်အကြောင်းတွေ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်တွေနဲ့ပတ်သတ်ပြီး အမြဲတမ်းရန်ဖြစ်နေတတ်ကြပါတယ်။ တစ်နေ့မှာတော့ မီကိုနဲ့ ဘန်နဲ့ ပြဿနာအကြီးအကျယ်တက်ကြပြီး မီကို တစ်ယောက် သူအရမ်းသွားချင်နေတဲ့ နယူးယောက်မြို့တော်ကို ထွက်သွားပါတော့တယ်။ဒီလိုနဲ့ ဘန်လဲနောက်ဆော်တစ်ယောက်နဲ့ ကောက်တွဲခဲ့ပေမဲ့ သူ့ရဲ့အကျင့်စရိုက်တွေကြောင့် အဆင်မပြေလို့ ဆော်ပစ်ခံရတဲ့အပြင် သူ့အလုပ်ကပါပိတ်သိမ်းသွားရတဲ့အတွက် မီကိုရှိရာ နယူးယောက်မြို့ကိုလိုက်သွားပါတော့တယ်။ဒီလိုနဲ့ သူအဲ့ဒီကိုရောက်သွားတဲ့ အချိန်မှာ သူ့အတွက်ပိုဆိုးတဲ့ ကံကြမ္မာတစ်ခုကိုတွေ့ခဲ့ရပါတော့တယ်။လူဆိုတာ အဲ့လိုမျိုးမကောင်းတဲ့ စွမ်းအင်တွေကိုသယ်ဆောင်ထားနေရင်တော့ ကိုယ့်အပေါ်မှာ မကောင်းတဲ့ အရာတွေပဲဖြစ်နေမှာပါ။ဒီတော့ ဘဝမှာသူများတွေအတွက် ကန့်လန့်တိုက်တဲ့ လူ့ဂွစာဖြစ်မနေပဲ ပျော်ရွှင်တတ်တဲ့စိတ်ထားလေးထားပြီး ပျော်ရွှင်စွာနေထိုင်နိုင်ကြဖို့ ဒီကားလေးကိုကြည့်ပြီးပညာယူသင့်ပါတယ်။...

Sacrum Vindictae (2023) ⭐IMDB: 4.0/10 (32 Votes) 🎬 #Action 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်ကို မတရားဆုံးရှုံးလိုက်ရမယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ ဘယ်လိုနေမလဲ။အဲ့လိုဆုံးရှုံးအောင် လုပ်ခဲ့တဲ့သူကို အနည်းနဲ့ အများတော့ လက်စားချေခြင်စိတ်တွေပေါ်နေမှာတော့သေချာပါတယ်။ ဒီကားထဲမှာလည်း စစ်တပ်ထဲကနေထွက်လာပြီး မိန်းမနဲ့ကလေးနဲ့မိသားစုဘဝကို ပျော်ရွင်စွာဖြတ်သန်းနေတဲ့ နုချ်ကတစ်နေ့မှာတော့ ကံကြမ္မာဆိုးကြီးနဲ့ကြုံတွေ့ရပြီး သူ့မိန်းမနဲ့ကလေးကိုဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့နုချ်လည်း ကမ္ဘာပျက်ပြီးတော့ ပြန်လက်စားချေဖို့လုပ်ရင်းနဲ့ ကြေးစားလူသတ်သမားဖြစ်နေပါတော့တယ်။ သူ့အလုပ်ရှင်က မိန်းမနဲ့ကလေးတွေကိုသတ်တဲ့ လူတွေကိုမုန်းတဲ့လူဖြစ်ပြီး အဲ့လိုလုပ်ခဲ့တဲ့ လူတစ်ယောက်ကိုသတ်ဖို့နုချ်ကိုတောင်ခိုင်းခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့လိုမျိုးမုန်းတဲ့လူတစ်ယောက်က သူ့မိန်းမနဲ့သမီးသေဆုံးရခြင်းရဲ့ အဓိကတရားခံဖြစ်နေခဲ့တဲ့အခါမှာတော့ နုချ်တစ်ယောက် ဘာတွေဆက်လုပ်မယ် ဘာတွေဆက်ဖြစ်မလဲ သူ့မိန်းမနဲ့သမီးအတွက်ရောလက်စားချေနိုင်ပါ့မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။...

A Christmas Mystery (2022) ⭐TMDB: 65.0% User Score 🎬 #Comedy #Drama #Family #Mystery 🗓 2022 🎞 Movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းက ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ရွှေခေါင်းလောင်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးနေထိုင်တဲ့ ပလဲဆန့်ဘေးဆိုတဲ့မြို့လေး တစ်မြို့မှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပြီးသူတို့ မြို့ရဲ့အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ သစ်ခွဲစက်ကိုပိတ်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ခရစ္စမတ်အကြို ညမှာ ဆန်တာကလော့စ်လာတဲ့ အသံကိုကြားပြီး ဂျင်မီလေးကထွက်ကြည့်တဲ့ အခါမှာ ဆန်တာရဲ့ စွပ်ဖားလှည်းကနေ တောက်ပနေတဲ့အရာတစ်ခု ကျကျန်ခဲ့တာ ကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့ ရွှေခေါင်းလောင်းလေးတွေဖြစ်ပြီး ဂျင်မီက သူ့မြို့ရဲ့သစ်ခွဲစက်ကို ပြန်ဖွင့်နိုင်ပါစေလို့ အဲ့ဒီခေါင်းလောင်းတွေကို ကိုင်ပြီး တောင်းဆုပြုခဲ့ပါတော့တယ်။နောက်နေ့ မနက်မှာတော့သူ့ရဲ့ဆုတောင်းတွေက တကယ်ပြည့်ဝသွားပြီး အဲ့ဒီအကြောင်းကလဲ သူတို့မြို့လေးနဲ့တခြားမြို့တွေ ကိုပါပြန့်နှံ့သွားပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီခေါင်းလောင်းကိုပြတိုက်မှာ ပြသထား ကြပြီး နှစ်တိုင်းခရစ္စမတ်အကြိုနေ့မှာ ခေါင်းလောင်းတီးပွဲကို ကျင်းပလာခဲ့တာ အခုဆိုရင်နှစ်တစ်ရာရှိခဲ့ပါပြီ။ဒါပေမယ့် ထူးထူးခြားခြား အဲ့ဒီလိုနှစ်တစ်ရာ ပြည့်တဲ့နှစ်မှာပဲ အဲ့ဒီရွှေခေါင်းလောင်းတွေက ပျောက်ချင်းမလှပျောက်ဆုံးသွား ပါတော့တယ်။အဲ့ဒီခေါင်းလောင်းကိုဘယ်သူကခိုးသွားတာလဲ ဘယ်သူတွေကရော အဖြစ်မှန်ကို ရှာဖွေဖော်ထုတ်နိုင်ကြမလဲ ဆိုတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာ ခရစ္စမတ်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...

A Christmas Mystery (2022) ⭐IMDB: 5.9/10 (788 Votes) 🎬 #Comedy #Drama #Family #Mystery 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းက ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ရွှေခေါင်းလောင်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးနေထိုင်တဲ့ ပလဲဆန့်ဘေးဆိုတဲ့မြို့လေး တစ်မြို့မှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပြီးသူတို့ မြို့ရဲ့အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ သစ်ခွဲစက်ကိုပိတ်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ခရစ္စမတ်အကြို ညမှာ ဆန်တာကလော့စ်လာတဲ့ အသံကိုကြားပြီး ဂျင်မီလေးကထွက်ကြည့်တဲ့ အခါမှာ ဆန်တာရဲ့ စွပ်ဖားလှည်းကနေ တောက်ပနေတဲ့အရာတစ်ခု ကျကျန်ခဲ့တာ ကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့ ရွှေခေါင်းလောင်းလေးတွေဖြစ်ပြီး ဂျင်မီက သူ့မြို့ရဲ့သစ်ခွဲစက်ကို ပြန်ဖွင့်နိုင်ပါစေလို့ အဲ့ဒီခေါင်းလောင်းတွေကို ကိုင်ပြီး တောင်းဆုပြုခဲ့ပါတော့တယ်။နောက်နေ့ မနက်မှာတော့သူ့ရဲ့ဆုတောင်းတွေက တကယ်ပြည့်ဝသွားပြီး အဲ့ဒီအကြောင်းကလဲ သူတို့မြို့လေးနဲ့တခြားမြို့တွေ ကိုပါပြန့်နှံ့သွားပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီခေါင်းလောင်းကိုပြတိုက်မှာ ပြသထား ကြပြီး နှစ်တိုင်းခရစ္စမတ်အကြိုနေ့မှာ ခေါင်းလောင်းတီးပွဲကို ကျင်းပလာခဲ့တာ အခုဆိုရင်နှစ်တစ်ရာရှိခဲ့ပါပြီ။ဒါပေမယ့် ထူးထူးခြားခြား အဲ့ဒီလိုနှစ်တစ်ရာ ပြည့်တဲ့နှစ်မှာပဲ အဲ့ဒီရွှေခေါင်းလောင်းတွေက ပျောက်ချင်းမလှပျောက်ဆုံးသွား ပါတော့တယ်။အဲ့ဒီခေါင်းလောင်းကိုဘယ်သူကခိုးသွားတာလဲ ဘယ်သူတွေကရော အဖြစ်မှန်ကို ရှာဖွေဖော်ထုတ်နိုင်ကြမလဲ ဆိုတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာ ခရစ္စမတ်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...

Shotgun Love (2011) ⭐IMDB: 5.7/10 (238 Votes) 🎬 #Comedy #Drama #Romance 🗓 2011 🎞 movie 🌎 #SouthKorea #HongKong ⏰ 1 နာရီ 44 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shotgun Love(2011) ****************** (720Pပဲရှိလို့ အကောင်းဆုံးတင်ဆက်ပေးထားပါတယ်..) SEX IS ZEROထဲက ဒီဘဲကြီးပါကတည်းက ရှယ်ခွီရမယ်ဆိုတာ ကျွန်တော်တို့မပြောလည်းသိကြမှာပါ…သို့ပေမဲ့ သူ့ကားတွေက ရယ်ရတာနဲ့မတန်အောင် ဝမ်းနည်းကြေကွဲရအောင်လုပ်တဲ့အပိုင်လေးတွေနဲ့ လည်း ဇတ်သိမ်းတတ်ပါသေးတယ်…ဒါ့ကြောင့်လည်း သူ့ကားတွေဟာ ကျွန်တော်တို့ရင်ထဲမှာကျန်ရှိနေတာလားမပြောတတ်ပေ…ဟုမ်းရှော့ပင်းအစီအစဉ်မှာ ရှိုးမော်ဒယ်အနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ဆန်းယောဟာ ဆွဲဆောင်မှုမရှိတဲ့ အူတူတူ အတတ ယောကျာ်းတစ်ယောက်ဖြစ်ပါတယ် သူနဲ့ တစ်ရုံးတည်းမှာ အလုပ်အတူလုပ်တဲ့မိန်းမလှ‌‌လေး ဆိုယွန်းကို ရင်ထဲကနေ နှစ်နှစ်ကာကာ စုံမက်နေခဲ့ပါတယ် အဲ့လိုနဲ့ မိုးညတစ်ညမှာတော့ ဆန်းယောနဲ့ ဆိုယွန်းတို့ဟာ မိုတယ်ကိုရောက်သွားဖို့ အကြောင်းဖန်လာခဲ့ပါတယ် ဆန်းယောတစ်ယောက် သူချစ်ရသူနဲ့ မိုတယ်မှာတစ်ညတာ အတူရှိနိုင်ခဲ့တာမို့လို့ ရင်ထဲမှာ ပန်းတွေပွင့်တဲ့အထိ ပီတိဖြာနိုင်ခဲ့ပေမဲ့ နောက်တစ်နေ့ မနက်ရောက်တဲ့အခါမှာတော့… ဒီကားလေးက ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသ ဇာတ်ကားလေး ဖြစ်ပြီး တစ်ကားလုံး သဘာဝကျကျနဲ့ အတော်လေး ရယ်ရတာမို့လို့ စိတ်အပန်းဖြေဖို့အတွက် ဇာတ်ကား တစ်ကားရွေးချယ်နေတယ်ဆိုရင်တော့‌ အကြိုက်နဲ့ ကွက်တိကျနိုင်မှာပါ Comedy Movie ကြိုက် ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်နော်…....

Earwig (2021) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Drama #Fantasy #Horror 🗓 2021 🎞 movie 🌎 #UnitedKingdom #France #Belgium ⏰ 1 နာရီ 55 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2021 မှာထွက်ရှိထားတဲ့ ပြင်သစ်အမျိုးသမီးဒါရိုက်တာ Lucile Hadzihalilovic ရဲ့ ပထမဦးဆုံးသော အင်္ဂလိပ်စကားပြောရုပ်ရှင်ဖြစ်ပြီး စားရေးဆရာ Brian Catling ရဲ့ ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်း 1950 ဝန်းကျင် ဥရောပအငွေ့အသက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားရဲ့ဇာတ်ဆောင်ဖြစ်သူ အဲလ်ဘတ်ဆဲလင့်ခ်က မီရာလို့ခေါ်တဲ့ ဆယ်နှစ်အရွယ်ကလေးမလေးကို ပြုစုစောင့်ရှောင့်ရသူပါ။ ဒီမီရာလို့ခေါ်တဲ့ကလေးမလေးကို အဲလ်ဘတ်အဓိကလုပ်ပေးရတဲ့တာဝန်က ကလေးမရဲ့ ရေခဲနဲ့လုပ်ထားတဲ့အံကပ်ကို ထိန်းသိမ်းလဲလှယ်ပေးရတာပါပဲ။ တစ်နေ့မှာတော့ အမြဲတမ်းဖုန်းပဲဆက်တတ်တဲ့ အလုပ်ရှင်ဟာ မီရာကို သူတို့ဆီခေါ်လာဖို့ အဲလ်ဘတ်ကိုပြင်ဆင်ခိုင်းတဲ့အခါ… တစ်ကားလုံးမှာ Dialogue နည်းနည်းသာပါပြီး mystery ဆန်ဆန် melodrama ဆန်ဆန် ရိုက်ကူးထားတဲ့ ဒီ Earwig ဆိုတဲ့ရုပ်ရှင်ဟာ fantasy/horror genre အမျိုးအစားပါ။ ဝတ္ထုထဲမှာပဲသေချာပါပြီး ရုပ်ရှင်မှာမပါတဲ့ trivia တစ်ခုကတော့ ရုပ်ရှင်နာမည် Earwig က အကြားအာရုံအင်မတန်ကောင်းတဲ့ အဲလ်ဘတ်ရဲ့ nickname ဆိုတာပါပဲ….....

A Christmas Mystery (2022) ⭐IMDB: 5.9/10 (788 Votes) 🎬 #Comedy #Drama #Family #Mystery 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းက ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ရွှေခေါင်းလောင်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးနေထိုင်တဲ့ ပလဲဆန့်ဘေးဆိုတဲ့မြို့လေး တစ်မြို့မှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပြီးသူတို့ မြို့ရဲ့အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ သစ်ခွဲစက်ကိုပိတ်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ခရစ္စမတ်အကြို ညမှာ ဆန်တာကလော့စ်လာတဲ့ အသံကိုကြားပြီး ဂျင်မီလေးကထွက်ကြည့်တဲ့ အခါမှာ ဆန်တာရဲ့ စွပ်ဖားလှည်းကနေ တောက်ပနေတဲ့အရာတစ်ခု ကျကျန်ခဲ့တာ ကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့ ရွှေခေါင်းလောင်းလေးတွေဖြစ်ပြီး ဂျင်မီက သူ့မြို့ရဲ့သစ်ခွဲစက်ကို ပြန်ဖွင့်နိုင်ပါစေလို့ အဲ့ဒီခေါင်းလောင်းတွေကို ကိုင်ပြီး တောင်းဆုပြုခဲ့ပါတော့တယ်။နောက်နေ့ မနက်မှာတော့သူ့ရဲ့ဆုတောင်းတွေက တကယ်ပြည့်ဝသွားပြီး အဲ့ဒီအကြောင်းကလဲ သူတို့မြို့လေးနဲ့တခြားမြို့တွေ ကိုပါပြန့်နှံ့သွားပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီခေါင်းလောင်းကိုပြတိုက်မှာ ပြသထား ကြပြီး နှစ်တိုင်းခရစ္စမတ်အကြိုနေ့မှာ ခေါင်းလောင်းတီးပွဲကို ကျင်းပလာခဲ့တာ အခုဆိုရင်နှစ်တစ်ရာရှိခဲ့ပါပြီ။ဒါပေမယ့် ထူးထူးခြားခြား အဲ့ဒီလိုနှစ်တစ်ရာ ပြည့်တဲ့နှစ်မှာပဲ အဲ့ဒီရွှေခေါင်းလောင်းတွေက ပျောက်ချင်းမလှပျောက်ဆုံးသွား ပါတော့တယ်။အဲ့ဒီခေါင်းလောင်းကိုဘယ်သူကခိုးသွားတာလဲ ဘယ်သူတွေကရော အဖြစ်မှန်ကို ရှာဖွေဖော်ထုတ်နိုင်ကြမလဲ ဆိုတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာ ခရစ္စမတ်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...

The Pass (2023) ⭐IMDB: 4.8/10 (474 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Poland #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမှာကတော့ ထင်မထားတဲ့ လှည့်ကွက်တွေနဲ့ ကြည့်ရတဲ့သူကို မပျင်းရအောင်အဆုံးထိ ဆွဲခေါ်သွားမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ နီနာနဲ့ မာရီ့ဆိုတဲ့ လင်မယားနှစ်ယောက်အကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးထဲမှာတော့ နီနာနဲ့ မာရီ့ဟာ အိမ်ထောင်သက်တမ်း ၇နှစ်ရှိပြီး ဖြစ်တဲ့ လင်မယားပါ ဒါပေမဲ့ နီနာရဲ့အမေဟာ မာရီ့ကို သဘောမကျပါဘူး မာရီ့လည်း မိန်းမနဲ့ သူ့အမေကြား အရမ်းပျာယာခတ်ရပါတယ် တစ်နေ့ မာရီ့စ်တို့ သူငယ်ချင်းတစ်စု ဂေါက်ရိုက်သွားကြတဲ့အခါမှ မာရီ့စ်သူငယ်ချင်းတစ်ယောက်က passဆိုတဲ့အကြောင်းကို စတင်ပြောလာပြီး မာရီ့ကိုလည်း အဲ့ဒီpassသုံးသင့်တယ်လို့ပြောပါတယ် ဒီတော့ အဲ့ဒီpassဆိုတာက ဘာလဲ အဲ့ဒီpassကြောင့်မာရီ့စ်တို့ဘာဆက်ဖြစ်မလဲ ဒီထဲမှာမြှုပ်ထားတဲ့ ဇာတ်ကွက်တွေကရော ဘာတွေဖြစ်မလဲ…ကဲ သိချင်ရင်တော့ ဒီဇာတ်လမ်းလေးကို အခုပဲခံစားကြည့်ရှူလိုက်ကြရအောင်...

Once Upon a Crime (2023) ⭐IMDB: 5.2/10 (253 Votes) 🎬 #Adventure #Comedy #Crime #Fantasy #Mystery 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 47 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Once Upon A Crime (2023) ငယ်ငယ်တုန်းက သဘောကျခဲ့ကြတဲ့ Cinderella နဲ့ ရွှေမင်းသားလေးကို ဂျပန်ဗားရှင်းနဲ့ ကြည့်လို့ရပါပြီ။ ဒီဇာတ်လမ်းမှာ တမူထူးခြားနေတာကတော့ “ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတစ်ပါး” လို့ မဟုတ်ဘဲ“ဟိုးရှေးရှေးတုန်းက လူသတ်မှုတစ်ခု” နဲ့ အစချီထားတာပါပဲ။ Fantasy/ Crime/ Mystery စတဲ့ Genre (၃) မျိုးကို တစ်ကားတည်းမှာ ကြည့်ရမှာမို့ကြည့်မိလို့ နောင်တရမယ့်ကားမျိုးတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကိုယ်သိထားတဲ့ Cinderella ဇာတ်လမ်းကနေ ကွဲထွက်ပြီး ထူးခြားတဲ့ Plot တစ်ခုမို့မြှုပ်ကွက်လေးတွေနဲ့အတူ ကြည့်လို့ကောင်းစေမှာပါပဲနော်။ ကဲ…စကားများရင် အမှားပါတတ်တာမို့ ကိုယ်တိုင်ကြည့်ပြီး ဝေဖန်သုံးသပ်လိုက်ကြပါဦး။ အညွှန်းကိုတော့Hmweက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့HmweandKhaingပဲ ဖြစ်ပါတယ်။...

Let the Dance Begin (2023) ⭐IMDB: 6.9/10 (311 Votes) 🎬 #Comedy #Drama #Music #Romance 🗓 2023 🎞 movie 🌎 #Argentina #Spain ⏰ 1 နာရီ 40 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Let the Dance Begin (2023) ~ IMDb – 6.9/10, Rotten Tomatoes – 100% ~ ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်၊ အဲဒါအပြင် ဒရာမာကိုပါ အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ အာဂျင်တီးနားကားကိုသာ ကြည့်လိုက်ပါတော့။ ဒီဇာတ်ကားမှာ အာဂျင်တီးနား နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Dario Grandinetti နဲ့ Mercedes Morán ကနေပြီးတော့ ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် IMDb မှာ 6.9/10 နဲ့ Rotten Tomatoes မှာ 100% ပါရထားပြီး ဆု နှစ်ဆုလည်း ချိတ်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းဟာဆိုရင်တော့ ငယ်သူငယ်ချင်းသုံးယောက် ခြောက်ဆယ်ကျော်သွားတဲ့အချိန်မှာ ပြန်ဆုံတဲ့အပေါ်ကို ဇာတ်အိမ်တည်ထားတာပါ။ တစ်ပါထဲ “Tango” ဆိုတဲ့ အကတစ်မျိုးအကြောင်းပါ ပြောလိုက်ပါမယ်။ Tango ဆိုတာက ၁၈၈၀ ဝန်းကျင်တုန်းကစပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးနှစ်နိုင်ငံကြား ခေတ်စားသွားတဲ့အကတစ်ခုပေါ့။ ဘယ်လောက်ထိခေတ်စားသွားလဲဆိုရင် ၂၀၀၉ မှာ ယူနက်စ်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲပါ ဝင်သွားတဲ့အထိဖြစ်သွားပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတဲ့ သူငယ်ချင်းသုံးယောက်ထဲက နှစ်ယောက်က တစ်ချိန်က နာမည်ကြီးခဲ့တဲ့တန်ဂိုအကပညာရှင်ပေါ့။ ကားလို့စ်ဆိုတဲ့ တစ်ချိန်က နာမည်ကြီး အကလုလင်ဟာ သူ့ရဲ့ အကတွဲဖက်ဖြစ်တဲ့ မာဂရက်ဆိုတဲ့သူ ဆုံးသွားတဲ့သတင်းကိုကြားပြီးတော့ ရေမြေခြားထိ သူ့အသုဘကိုသွားတက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မာဂရက်က တကယ်မသေသေးဘဲ သူက ကားလို့စ်ကို လျှို့ဝှက်ချက်တစ်ခုရှိလို့ ပြောပြချင်တဲ့ဇောနဲ့ အကြောင်းဖန်လိုက်တာပါ။ လျှို့ဝှက်ချက်ကတော့ ကားလို့စ်က မာဂရက်နဲ့ လမ်းမခွဲခင်မှာပဲ သူနဲ့ ကလေးရခဲ့တဲ့အကြောင်းဖြစ်နေပါတယ်။ ဒါပေမဲ့ ကလေးကိုမွေးမွေးပြီးချင်းမှာ မာဂရက်က ငွေကြေးမပြေလည်တဲ့အတွက် အခြားသူတစ်ယောက်ကို မွေးစားခိုင်းလိုက်ပါတယ်။ မာဂရက်က ကားလို့စ်နဲ့ ပြန်တွေ့တဲ့အချိန်ကျမှ အဲဒီကလေးကို တွေ့ချင်ပါတယ်ဆိုပြီး အတင်းဇောကြီးနဲ့ လိုက်ပို့ခိုင်းပါတော့တယ်။ ဖြစ်ချင်တော့လည်း သူတို့ရဲ့ ကျန်နေတဲ့ တတိယသူငယ်ချင်းဆိုသူကလည်း Third-wheel ကြီးဖြစ်နေပါသေးတယ်။ ဆိုတော့ ဒီသူငယ်ချင်းတွေသုံးယောက် ဘယ်လိုရှာပုံတော်တွေများထွက်ကြမလဲ… လမ်းမှာဘယ်လိုပြဿနာတွေနဲ့ ပက်ပင်းတိုးကြမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ခွီရင်း၊ လွမ်းဆွေးရင်း၊ မိခင်မေတ္တာကို ခံစားရင်းနဲ့ ဇာတ်ကားရဲ့ရသကို အပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

HER: Chapter 1 (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Crime #Drama #Thriller #Uncategorized 🗓 2023 🎞 Movie 🌎 #India ⏰ 1 နာရီ 50 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Her – Chapter 1 (2023)===================IMDb 8.8/10တောင်ပိုင်း တက်သစ်စ မင်းသမီးချောလေး ရူဟနီရှာမာရဲ့ မှုခင်း ရုံကားသစ်Her Chapter 1 ကြည်၊ တောက်၊ ရှင်း ဗားရှင်း ထွက်ရှိလို့လာပါပြီ။ အာချာနာဆိုတဲ့ ဒုရဲအုပ်မလေးဟာ ကိစ္စတစ်ကြောင့် တာဝန် ၆ လ ရပ်ဆိုင်းခံရတာနေအလုပ်ပြန်ဝင်တဲ့အချိန်မှာပဲ စစချင်းကြုံရတဲ့အမှုက ရှုပ်ထွေးတဲ့ နှစ်လောင်းပြိုင်လူသဝာ်မှုတစ်ခုဖြစ်နေပါတယ်။ အဲဒီအမှုက ရည်ရွယ်ချက်ရှိရှိကျူးလွန်တဲ့အမှုလား၊ ခရီးသွားဟန်လွှဲဖြစ်သွားတဲ့အမှုလား၊အာချာနာကရော အတိတ်မှာဘာတွေကြုံခဲ့ရတာလဲဆိုတာကို တောင်ပိုင်းမှုခင်းကားတွေရဲ့ထုံးစံစိတ်ဝင်စားဖို့ကောင်းအောင်မြင်တွေ့ရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်…။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Dee နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )...

Tango & Cash (1989) ⭐TMDB: 64.0% User Score 🎬 #Action #Comedy #Crime #Thriller #Adventure 🗓 1989 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tango & Cash (1989) ၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ၂ ယောက်က လော့စ်အိန်ဂျလိစ်မှာ ရှိနေတော့ ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ အခက်ကြုံပါပြီ။ ဒါကြောင့် သူတို့ ၂ ယောက်ကို ရှင်းပစ်ဖို့ကြံပါတော့တယ်။ သူတို့ကိုရှင်းပစ်ချင်တာကတော့ ပရက်လို့ ခေါ်တဲ့ လက်နက် နဲ့ မူးယစ်ဆေးရာဇာကြီးပါ။ အဲဒါနဲ့ တစ်နေ့မှာ သူတို့ ၂ ယောက်လုံးဆီ သတင်းအမှားတစ်ခုကို ပေးပြီး ထောင်ချောက်ဆင်ချလိုက်ပါတယ်။ အဲဒါနဲ့ တန်ဂိုနဲ့ ကက်ရှ်တို့ နာမည်လည်းပျက်တဲ့အပြင် ထောင်ပါကျသွားတာပေါ့လေ။ အဲဒီကနေ သူတို့ ၂ ယောက် နာမည်ဘယ်လိုပြန်အဖတ်ဆယ်မလဲ… မူးယစ်ဂိုဏ်းကို ဘယ်လိုပြန်လိုက်မလဲ… ဆိုတာကို အက်ရှင်ခန်းကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ စတန့်ခန်း အတော်များများကို မင်းသားတွေကိုယ်တိုင် သရုပ်ဆောင်ခဲ့ပါတယ်။ အက်ရှင်ခန်းတွေ မပီပြင်မှာစိုးလို့ပါတဲ့လေ။ အဲဒါကြောင့် Stallone ကလည်း နံရိုးတစ်ချောင်းကျိုးခဲ့ပေမဲ့ ပြီးတဲ့အထိတော့ ရိုက်ကူးခဲ့ပါတယ်။ သူတို့ ၂ ယောက်ရဲ့ ရိုက်ကွင်းပြင်ပ ရင်းနှီးမှုကတော့ ရုပ်ရှင်ထဲအထိပါ ရောင်ပြန်ဟပ်နေသလိုပါပဲ။ စရိုက်ချင်းမတူပေမဲ့ အစပ်အဟပ်တည့်နေတာမျိုးပေါ့။ ဒါ့အပြင် ငယ်ငယ်ရွယ်ရွယ် မမ Teri Hatcher လည်း ပါပါသေးတယ်။ ဒါရိုက်တာကလည်း ဟာသတွေကို ပေါပေါပဲပဲဖြစ်အောင်မသုံးထားဘဲ အံဝင်အောင်သုံးထားတဲ့အပြင် ရိုက်ကူးတဲ့နေရာမှာလည်း အက်ရှင်ခန်းတွေကို ရှုထောင့်ကောင်းကောင်းကနေ ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားရုံတင်ခဲ့တုန်းက ဝေဖန်ရေးဆရာတွေဟာ ဇာတ်လမ်းကတော့ အော်စကာရဖို့အထိမဖြစ်နိုင်ပေမဲ့ အက်ရှင်ခန်းတွေ ကောင်းကြောင်း နဲ့ ဇာတ်ဆောင်၂ ယောက်ကြားက အတွဲညီမှုကို အထူးတလှယ်ချီးကျူးခဲ့ပါတယ်။ ဒီဇာတ်ကားဟာ 1989 ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပြီး Sylvester Stallone နဲ့ Kurt Russell တို့ကို အက်ရှင်ထိပ်သီးတွေနေရာမှာ ပိုတည်မြဲစေခဲ့ပါတယ်။ ဇာတ်လမ်းက မြုပ်ကွက်အများကြီးနဲ့ စုံထောက်ကားလိုမဟုတ်ပေမဲ့ ကိုယ်ကြိုက်ရတဲ့ အက်ရှင်မင်းသားတွေနဲ့ အက်ရှင်ခန်းကောင်းကောင်းတွေကို နှစ်သက်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

Retribution (2023) ⭐IMDB: 5.4/10 (2 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #France #Germany #Spain #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Retribution (2023) မင်းသားကြီး လီယံနီဆန် စီးတဲ့ကားထိုင်ခုံအောက်ကို ဗုံးထောင်ရဲတဲ့ကောင် ပေါ်လာပါပြီ။ ဗုံးကတော့ ဖင်ကြွလိုက်ရင် ကွဲမယ့်ဗုံးပါ။ ကားထဲမှာ သူ့သားနဲ့ သမီးလည်း ပါနေပြီး ဖုန်းတစ်လုံးကနေ လူဆိုးခိုင်းတာမှန်သမျှ ဖင်မကြွဘဲ လိုက်လုပ်ရပါတော့တယ်။ ဒီတစ်ခါတော့ ဘတ်မန်းရဲ့ဆရာလည်းမဟုတ်၊ အိုဘီဝမ်ရဲ့ ဆရာလည်းမဟုတ်တာမို့ ဗုံးကိုဖြုတ်မရဘဲ တစ်မြို့လုံး ပတ် ပြဿနာရှာရပါတော့တယ်။ ဇာတ်လမ်းက ကောင်းပါတယ်။ ကောင်းဆို 2015 တုန်းကထွက်ခဲ့တဲ့ နာမည်ကြီးစပိန်ကားကို သုံးကြိမ်မြောက် ပြန်ရိုက်တာပါ။ ရှေ့မှာလည်း ဂျာမနီက Don’t Get Out (2018), ကိုရီးယားက Hard Hit (2021) ဆိုပြီး ရိုက်ထားပါသေးတယ်။ အရင်ကားတွေ ကြည့်ဖူးဖူး မကြည့်ဖူးဖူး ဒီမင်းသားကြီးနဲ့ ဘယ်လိုကြမ်းမလဲ ကြည့်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...

Her Chapter 1 (2023) ⭐IMDB: 8.8/10 (2 k Votes) 🎬 #Bollywood #Crime #Drama #Thriller #Uncategorized 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 41 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Her – Chapter 1 (2023)===================IMDb 8.8/10တောင်ပိုင်း တက်သစ်စ မင်းသမီးချောလေး ရူဟနီရှာမာရဲ့ မှုခင်း ရုံကားသစ်Her Chapter 1 ကြည်၊ တောက်၊ ရှင်း ဗားရှင်း ထွက်ရှိလို့လာပါပြီ။ အာချာနာဆိုတဲ့ ဒုရဲအုပ်မလေးဟာ ကိစ္စတစ်ကြောင့် တာဝန် ၆ လ ရပ်ဆိုင်းခံရတာနေအလုပ်ပြန်ဝင်တဲ့အချိန်မှာပဲ စစချင်းကြုံရတဲ့အမှုက ရှုပ်ထွေးတဲ့ နှစ်လောင်းပြိုင်လူသဝာ်မှုတစ်ခုဖြစ်နေပါတယ်။ အဲဒီအမှုက ရည်ရွယ်ချက်ရှိရှိကျူးလွန်တဲ့အမှုလား၊ ခရီးသွားဟန်လွှဲဖြစ်သွားတဲ့အမှုလား၊အာချာနာကရော အတိတ်မှာဘာတွေကြုံခဲ့ရတာလဲဆိုတာကို တောင်ပိုင်းမှုခင်းကားတွေရဲ့ထုံးစံစိတ်ဝင်စားဖို့ကောင်းအောင်မြင်တွေ့ရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်…။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Dee နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )...

The Equalizer 2 (2018) ⭐IMDB: 6.7/10 (178 k Votes) 🎬 #Action #Crime #Thriller 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Equalizer 2 (2018) IMDb Rating (6.7) / Rotten Tomatoes (52%) မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ… ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့ The Equalizer  ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ.. နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ… ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington က တကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။ The Equalizer 2 (2018) မှာလဲ ပထမဇာတ်ကားထဲကလိုပဲ မတရားမှုတွေကို ဆက်လက်ချိန်ညှိနေတဲ့ Robert McCall အဖြစ် ဒန်ဇဲကိုဆက်လက်ရှုစားရမှာပါ။ The Equalizer ဇာတ်ကားတွေကို ဒီမှာhttps://channelmyanmar.org/?s=the+equalizerကြည့်ပါ။...

The Equalizer (2014) ⭐TMDB: 72.0% User Score 🎬 #Action #Crime #Thriller 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Equalizer (2014) IMDb Rating (7.2) / Rotten Tomatoes (61%) မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ… ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့ The Equalizer  ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ.. နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ… ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington က တကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။ The Equalizer 2014 ဇာတ်ကားမှာတော့ ပြည့်တန်ဆာမလေးအဖြစ် မင်းသမီး Chloë Grace Moretz လဲ ပါဝင်ထားပါတယ်။ The Equalizer ဇာတ်ကားတွေကို ဒီမှာhttps://channelmyanmar.org/?s=the+equalizerကြည့်ပါ။...

Hunt for the Wilderpeople (2016) ⭐IMDB: 7.8/10 (137 k Votes) 🎬 #Adventure #Comedy #Drama 🗓 2016 🎞 movie 🌎 #NewZealand ⏰ 1 နာရီ 41 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hunt for the Wilderpeople (2016) ~ IMDb – 7.8/10, Rotten Tomatoes – 97% ~ သွေးမတော်သားမစပ် လူကြီးနဲ့ ကလေးတစ်ယောက် သူတို့နောက်လိုက်တဲ့ အစိုးရအဖွဲ့တွေဆီကနေ ထွက်ပြေးတဲ့ ဇာတ်လမ်းပါ။ ရစ်ကီဘိက်ကာဆိုတဲ့ မိဘမဲ့ကောင်လေးကို ဟိက်နဲ့ ဘယ်လာဆိုတဲ့ ယာသမားစုံတွဲက မွေးစားရာကနေ အရှုပ်ထုပ်တွေစခဲ့တာပါ။ ရစ်ကီက ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့အတွက်တော့ ဆိုးသွမ်းခိုးနှိုက် ဖျက်ဆီးတတ်တဲ့ ပြသာနာကောင်လေးပေါ့။ ရစ်ကီရဲ့မွေးစားအမေ ဘယ်လာကတော့ သူ့ကို ဂရုတစိုက်စောင့်ရှောက်ပေးပါတယ်။ ဟိက်ကတော့ သူ့ဟာသူနေတာပါ။ တစ်နေ့မှာ ဘယ်လာ ဆုံးသွားပြီး ဟိက်က ပြစ်မှုမှတ်တမ်းဟောင်းကြောင့် ရစ်ကီကို မွေးစားခွင့်မရတဲ့အခါ ရစ်ကီက ပြန်မလိုက်ချင်ဘဲ ထွက်ပြေးဖို့ ကြံစည်ပါတော့တယ်။ အဲဒီဒေသက လူတွေ ခြုံလို့ခေါ်တဲ့ တောအုပ်ထဲမှာ မျက်စိလည် လမ်းပျောက်ပြီး ဟိက်နဲ့ ဆုံတဲ့အခါ… ရဲတွေ အစိုးရအဖွဲ့တွေ လိုက်ဖမ်းနေလို့ မတည့်အတူနေ၂ယောက် တောထဲပုန်းခိုရင်း မထင်မှတ်ဘဲ အထင်လွဲမှုတွေဖြစ်သွားပြီး သတင်းကြီးလာတဲ့အခါ… သူတို့ ၂‌ယောက် တောထဲမှာ ဘယ်လိုပြသာနာတွေကြုံရဦးမလဲ… နောက်ဆုံးမှာ ရဲတွေလက်ကလွတ်အောင် ပြေးနိုင်ပါ့မလား… Deadpool 2 ထဲက ဖက်တီးလေးနဲ့ Jurassic Park အပြင် ကားကောင်းတွေတော်တော်များများရိုက်ခဲ့တဲ့ Sam Neill တို့ခေါင်းဆောင်ပါဝင်ထားတဲ့အပြင် Jojo Rabbit နဲ့ What We Do in the Shadows တို့လိုကားကောင်းတွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Taika Waititi ရဲ့ လက်ရာတစ်ပုဒ်ကို ရှုစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Feels Like Home (2022- ) ⭐IMDB: 8.3/10 (11 k Votes) 🎬 #Comedy 🗓 2022- 🎞 tv series 🌎 #India ⏰ 38 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Feels Like Home (2022) S1 CompleteFeels Like Home 2022 Season -1 IMDb – 8.3/10Feels Like Home စီးရီးဟာဆိုရင် အိမ်နှင့်ခွဲခွာပြီး အလုပ်ကိစ္စကိုယ်စီနဲ့မြို့ပေါ်တက်လာတဲ့ ကောင်လေးလေးယောက်က တစ်အိမ်ထဲမှာစုပြီး ငှားနေရင်း ပြဿနာပေါင်းသောင်းခြောက်ထောင် ဘယ်လိုဖန်တီးကြတယ်ဆိုတာ ကြည့်ရှုရမှာပါ။ ပြဿနာကိုယ်စီနဲ့ တစ်အိမ်တည်းမှာ ပါတီတွေ၊ လိင်မှုကိစ္စတွေ၊ ရန်ပွဲတွေ၊ ဒရာမာတွေနဲ့ ယောက်ျားသားလေး ၄ ယောက် ပေါင်းစည်းလိုက်တဲ့အခါမှာတော့ သူတို့ရဲ့နေ့စဉ်ဘ၀ပါ ဟန်ချက်ညီအောင်ထိန်းဖို့ထိ ခက်ခဲလာပါတယ်။ သို့ပေမဲ့လည်း ညီကိုတွေဒီလိုနေဆိုပြီး အချင်းချင်း ဗရုတ်ကျရင်း ဖေးမကြရင်း ပြဿနာရှာတတ်တဲ့ လူငယ်တွေကနေ ရင့်ကျက်တဲ့ လူကြီးတွေဖြစ်လာအောင် သူတို့ဘယ်လိုသင်ယူကြမယ် အခက်အခဲတွေ မလုံခြုံမှုတွေကို ဘယ်လိုကူညီကြမယ်ဆိုတာ တင်ဆက်ထားပါတယ်။တစ်ချို့အတွက်တော့ မိသားစုစုံစုံညီညီ ချစ်ရခင်ရတဲ့သူတွေနဲ့အတူနေရရင် အိမ်လိုခေါ်ကြသလို တစ်ချို့ကျတော့ ဒုတိယမိသားစုလို ဘော်ဒါအချင်းချင်းနဲ့လည်း အိမ်လိုခံစားစေရပါတယ်။ ကိုယ့်အတွက်ရော ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားရတဲ့နေရာက ဘယ်နေရာမျိုးလဲဆိုတာ အဖြေရှာရင်း Feels like home ဆိုတဲ့ စီးရီးကို အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။Review နဲ့ ဘာသာပြန်ကတော့ Moon~Zwe~BpL~V~Yunni~YH တို့ပဲဖြစ်ပါတယ်။Quality – 1080p WEB DL / 720pDuration – minute (@Episode)Total Episodes:6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~Bollywood...

Bholaa Shankar (2023) ⭐IMDB: 3.1/10 (1 k Votes) 🎬 #Action #Bollywood #Drama #Uncategorized #Crime #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 38 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bhola shankar (2023)=================== ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီး၊နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီးကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့ရုံတင်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့မိန်းကလေးတွေ‌ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကိုဖြစ်နေပါတယ် ဝန်ကြီးချုပ်အထိပါ ခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့်တစ်ချက်အတိမ်းစောင်းမခံဘဲ ပြစ်မှုရှင်းလင်းရေးရဲ့ အတော်ဆုံးအရာရှိကိုလွှတ်တာတောင်အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲ ဘိုလာ.. ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေးကူညီချင်စိတ်အပြည့်နဲ့ပေါ့ဗျာ အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ် ညီမလေးက သူ့ဘဝရဲ့ အရာရာ‌ပေါ့ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ ..လူပျောက်မှုတွေဖြစ်တဲ့မြို့ထဲ အကြောင်းမသိဘဲသွားတိုက်ခန်းငှားနေမိရာကစ ဘာတွေဆက်မယ်ဆိုတာကတော့ … ဒီ Bhola Shankar ရုပ်ရှင်ဟာဆိုရင် တမီလ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Vedalam ကိုတေလေဂူဗားရှင်း remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းကို မီမလားဆိုတာကို ပရိသတ်ကြီးကပဲဆုံးဖြတ်ပေးကြပါဦး…။( Yunni~Zwe ~Cherry ~YH~ToMo တို့က ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ )...