en
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Ang Babaeng Nawawala Sa Sarili (2022) ⭐IMDB: 5.3/10 (446 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #Philippines ⏰ 1 နာရီ 41 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ang Babaeng Nawawala Sa Sarili (2022) အယ်လ်ဘီနာက အောင်မြင်မှုလမ်းကြောင်းပေါ် အခြေချမိနေတဲ့ တက်သစ်စ မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီး ဖက်ရှင်ကုမ္ပဏီကြီးတစ်ခုနဲ့ ချိတ်ဆက်မိထားပါတယ်။ ဖောက်ပြန်တဲ့ရည်းစားဟောင်းကို စွန့်ပစ်ခဲ့သလို အခုချိန်မှာ ဓာတ်ပုံဆရာတစ်ယောက်လေးတစ်ယောက်နဲ့ တွဲခုတ်ဖြစ်နေပြီး ဘဝမှာ ပူပင်စရာမရှိ အရာရာအေးချမ်းတဲ့သူပါ။ တစ်ညမှာတော့…အိမ်မှာရှိတဲ့ စတိုခန်းကိုဝင်ရှာရင်းနဲ့ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုနဲ့ဆွဲကြိုးလေးတစ်ကုံးကိုရှာတွေ့အပြီးမှာ သူ့ဘဝ အရာရာ ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဓာတ်ပုံအယ်လ်ဘမ်ထဲကဓာတ်ပုံတွေတိုင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ပုံတွေဖြစ်ပြီး အဲ့ဒီပုံတွေအားလုံးဟာလဲ မျက်နှာနေရာကို ဓားနဲ့ခြစ်ဖျက်ဆီးခံထားရပါတယ်။ သူ အမှတ်တမဲ့နဲ့ အဲ့ဒီဆွဲကြိုးကိုဝတ်လိုက်တဲ့အချိန်ကစလို့ မိန်းမတစ်ယောက်ရဲ့ ပုံရိပ်တွေမြင် အသံတွေကြားယောင်လာပြီး စိတ်လွတ်သွားတဲ့အခါမျိုးမှာ အဲ့ဒီအမျိုးသမီးဟာ သူ့ကိုပူးကပ်ပြီး တွေ့သမျှယောက်ျားတွေကို သွေးဆောင်ဖြားယောင်း လိင်ဆက်ဆံပြီး သတ်ဖြတ်ပစ်တဲ့အထိကြမ်းတမ်းလာပါတော့တယ်။ ဒီအမျိုးသမီးဟာ ဘယ်သူလဲ? သူနဲ့ဘယ်လိုဆက်နွယ်မှုနောက်ကြောင်းတွေရှိခဲ့လို့ သူ့ကိုဒုက္ခပေးချင်ရတာလဲ? ၁၉၈၉ တုန်းက အောင်မြင်ခဲ့တဲ့ ဇာတ်ကားကို ကျောရိုးယူပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ Psychological, Horror ပုံစံမျိုးဖြစ်ပြီး Kinsenas, Katapusan မှာအထက်တန်းကျောင်းသူလေးအဖြစ်မြင်ခဲ့ရတဲ့ Ayanna Misola ကို တက်သစ်စ မော်ဒယ်မလေး တစ်ယောက်အဖြစ် ဖွံ့ဖြိုးကြီးထွားလာတဲ့အလှအပတွေကိုလဲတစ်ဝကြီးခံစားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုALSမှ ပြန်ဆို ရေးသားထားပါတယ်)
...

Baby Reindeer (2024) ⭐TMDB: 78% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #UnitedKingdom ⏰ 29 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Baby Reindeer (2024)  အခုတလော Interမှာရော မြန်မာနိုင်ငံမှာရော ရေပန်းစားနေတဲ့ Netflix ကနေ ထွက်ရှိထားတဲ့ Baby Reindeer လို့ခေါ်တဲ့ ဖြစ်ရပ်မှန်စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးရဲ့ထူးခြားချက်တစ်ခုက Donny နေရာကို အပြင်က တကယ့်နစ်နာသူ victim ဖြစ်တဲ့ Richard Gadd ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Victim ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ စီးရီးဖြစ်နေတာကြောင့် ဇာတ်လမ်းမှာပါဝင်တဲ့ နောက်ယောင်လိုက်ခံရတာတွေ၊ စိတ်ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေကို တခြားစီးရီးတွေထက် နက်နက်ရှိုင်းရှိုင်း ပိုပြီးခံစားရစေမှာပါ။ဇာတ်လမ်းလေးကတော့ ဒွန်နီဒန်းက မိမိအိပ်မက်ဖြစ်တဲ့ လူရွှင်တော် အလုပ်ကို အကောင်ထည်ဖော်ဖို့ လန်ဒန်ကို လာခဲ့သူလေးပါ။ ဒွန်နီက လူရွှင်တော်ဖြစ်ဖို့ကြိုးစားရင်း ငွေလေးဝင်အောင် ဘားတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဒွန်နီ ဘားမှာ အလုပ်လုပ်နေတုန်း မာသာလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ဆိုင်ထဲဝင်လာပါတယ်။ ဒွန်နီကလည်း သူ့ရဲ့ဝမ်းနည်းပင်ပန်းနေတဲ့ပုံသဏ္ဍာန်ကို သနားသွားပြီး အလကားတိုက်လိုက်ပါတယ်။ ဒီလို အလကားတိုက်လိုက်ရာကနေ မာသာ တစ်ယောက် ဒွန်နီ့ကို တအားစွဲလန်းသွားပြီး ဒွန်နီ အလုပ်လုပ်တဲ့နေရာတွေ၊ ဖျော်ဖြေတဲ့နေရာတွေကိုပါ ရောက်ချလာပါတော့တယ်။ ဒါ့အပြင် emailလည်း တနေ့ကို အစောင် ၈၀လောက် ပို့ပြီး ဆက်တိုက်ကို နှောင့်ယှက်လာပါတော့တယ်။ ဆိုင်ထဲဝင်လာတဲ့ အမျိုးသမီးက သာမန်လို့ပဲ ထင်ထားရာကနေ မာသာရဲ့နောက်ကြောင်းတွေကို ရှာတွေ့သွားတဲ့အခါ …. ဒွန်နီ နောက်ယောင်လိုက်ခံနေရတယ်ဆိုတာကို သိသွားတဲ့အခါ …. ဘာတွေဆက်ဖြစ်ကြမလဲ၊ မာသာ့ဘက်က ဘယ်လောက်ဆိုးဆိုး လိုက်stalkနေမလဲ၊ ဘယ်လောက်ထိ စိတ်ဒဏ်ရာတွေ အနှောင့်ယှက်တွေပေးမလဲ … မာသာ့လက်ထဲကနေ ဒွန်နီတစ်ယောက် ရုန်းထွက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
...

The Veil (2024) ⭐TMDB: 62% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 37 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Veil (2024)  ဒီတစ်ခါမှာတော့ 2024ခုနှစ်မှထွက်ရှိထားတဲ့စီးရီးစပိုင်အသစ်စက်စက်လေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် Elizabeth Moss ကလည်း အဓိကနေရာကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်း အာဒီလာဟာ ဒုက္ခသည်စခန်းတစ်ခုမှာလုပ်အားပေးနေတုန်း ဒုက္ခသည်ထဲကအမျိုးသမီးတစ်ဦးက အာဒီလာဟာ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့”ISIS” အဖွဲ့ဝင်တစ်ဦးဖြစ်တယ်ဆိုပြီး စွပ်စွဲပြောဆိုတာကြောင့် သူမကိုဖမ်းထားပြီး သူမရဲ့နိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ဆီကိုသတင်းပို့အစီရင်ခံထားစဥ်မှာ အီမိုဂျင်ဆိုတဲ့အမျိုးသမီးကရောက်လာပြီး အာဒီလာကိုကယ်ထုတ်သွားပါတယ် ကယ်ထုတ်လာတဲ့လမ်းတစ်လျှောက်မှာ အာဒီလာဟာတကယ်ပဲ”ISIS”အဖွဲ့ဝင်ဟုတ်လားမဟုတ်လားဆိုတာကို အီမိုဂျင်ကအစ်အောက်မေးမြန်းနေခဲ့ပါတယ် တကယ်တော့ အီမိုဂျင်ကလည်း အာဒီလာရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့မစ်ရှင်ထမ်းဆောင်နေရတာပါအမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်ကလျှို့ဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားတယ် နောက်တစ်ယောက်ကအဲ့ဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့တာဝန်ပေးခံရတဲ့အခါ…..အာဒီလာကရောတကယ်ပဲ”ISIS”အဖွဲ့ဝင်တစ်ယောက်လား အီမိုဂျင်ကရောစုံစမ်းသိရှိသွားမလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ
...

End of the World (2018) ⭐IMDB: 2.7/10 (794 Votes) 🎬 #Action #Adventure #ScienceFiction #Drama #SciFi #Thriller 🗓 2018 🎞 movie 🌎 #China #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီးတော့ Auroras ဥတ္တရအလင်းတန်းတွေကိုဝင်ရိုးစွန်းဒေသတွေတင်မှာမကဘူး ဥရောပအလယ်ပိုင်းအမေရိကန်နိုင်ငံအလယ်ပိုင်းဒေသနဲ့ ဩစတေးလျတိုက်နဲ့နယူးဇီလန်တို့မှာပါမြင်ရလာတဲ့ Trendလေးအမီ(၂၀၁၈)ကထွက်ထားတဲ့ဒီကားလေးကိုတင်ပေးလိုက်ပါတယ်။ ဒီ Auroras တွေဟာ နေပေါ်မှာဖြစ်ပေါ်တဲ့အလွန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်ဖြစ်လာတာဖြစ်တယ်။ယခု (၂၀၂၄)ခုနှစ်ဟာ နှစ်(၂၀)အတွင်းအပြင်းထန်ဆုံး နေမုန်တိုင်း ကမ္ဘာကိုရိုက်ခတ်တာဖြစ်ပါတယ်။ဒီဇာတ်ကားမှာ နေမုန်တိုင်းပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့Corona Mass Ejection (CME)ရဲ့အားဟာအရမ်းပြင်းတဲ့အခါကမ္ဘာလေထုကိုပါသက်ရောက်သွားပြီး ရာသီဥတုတွေဖောက်ပြန်ကာသဘာဝကပ်ဘေးတွေကျရောက်လာတဲ့အကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်အမေနဲ့ စစ်တပ်ထွက်အဖေတို့ဟာ သားနဲ့သမီးကိုသဘာဝကပ်ဘေးကနေအစွမ်းကုန်ကြိုးစားပြီးသူရဲကောင်းဆန်ဆန်ကာကွယ်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။Low Budget ကားဖြစ်လို့Effectတွေသိပ်မကောင်းလှပေမယ့်solar flares တွေ solar storms တွေအကြောင်း ဗဟုသုတတွေရပါတယ်။
...

Zhou Gong Subdues Demons (2024) ⭐TMDB: 0% User Score 🎬 #Action #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကောင်းကင်နဲ့မြေကြီးစတင်ဖြစ်တည်လာတဲ့အချိန်မှာ ယင်နဲ့ယန်ဓာတ်၂မျိုးလည်းပေါက်ဖွားလာခဲ့ပါတယ် ။ ယင်ဓာတ်က အရှေ့အရပ်ကိုသွားပြီးနတ်မျိုးနွယ်တွေကိုမွေးဖွားစေသလို ယန်ဓာတ်ကလည်းအနောက်အရပ်ကိုသွားပြီး မိစ္ဆာနဲ့မကောင်းဆိုးဝါးတွေကိုမွေးဖွားလာစေခဲ့ပါတယ် ။ နတ်မျိုးနွယ်တွေနဲ့မိစ္ဆာတွေဟာ ရေနဲ့မီးလို အစဉ်တိုက်ပွဲတွေဖြစ်နောတာကြောင့်ဘိုးဘေးဟုန်ကျွင်းဟာ လူဘုံ ၊ နတ်ဘုံ နဲ့မိစ္ဆာဘုံဆိုပြီးသုံးလောကခွဲခြားလိုက်ပြီး ကောင်းကင်ကိုးဘုံရဲ့ထိပ်ဆုံးတောင်ထွဋ်မှာရွှမ်ထျန်းနတ်ဓားကိုစိုက်ပြီး လောကကြီးကို ငြိမ်းချမ်းစေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာတော့ နတ်ဓားမှာလည်း ဓားဝိညာဉ်ရှလာခဲ့ပါတယ် ။အဲဒီအချိန်မှာပဲ မိစ္ဆာဘုရင်ကလည်း ဓားကိုနုတ်ယူဖို့ကြံစည်လာတဲ့အချိန်နတ်မင်းကြီးထိုက်ယိနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပြီး ဓားကိုပါထိခိုက်စေခဲ့ပါတော့တယ် ။ အဲဒါကြောင့်နဲ့ ဓားခန္တာကပျက်စီးသွားပြီး ဓားဝိညာဉ်နဲ့ဓားအိမ်ဝိညာဉ်ကလည်း လူပြည့်ကိုကျဆင်းသွားခဲ့ပါတော့တယ် ။မိစ္ဆာဘုရင်ကြီး ဓားဝိညာဉ်ကိုဘယ်လိုလိုက်ရှာမလဲ ဓားဝိညာဉ်နဲ့ဓားအိမ်ဝိညာဉ်ကရော လူ့ဘုံမှာ အချင်ချင်းမှတ်မိပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော်
...

Somebody calm my pain[PRED-351 ] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ မဟေသီလေးနာမည်ကတော့Yamagishi Aika လို့ အမည်ရပါတယ်…. မင်းသမီးတစ်ယောက်လို ဆွဲဆောင်မှုရှိပြီး ချောမောလှပတဲ့မျက်နှာထားသမင်မျက်လုံးလို ညို့နိုင်တဲ့မျက်ဝန်းတစ်စုံနဲ့ကောင်မလေးဟာသရုပ်ဆောင်နေရာမှာလည်း မခေလှပါဘူး ဖြူဖွေးဝင်းမွတ်တဲ့အသားအရေနဲ့အတူ ကြော့ရှင်းတဲ့ဘော်ဒီလှလှလေးကိုပါရှုစားကြည့်ရှုရင်း အိမ်မက်ထဲကကောင်မလေးအဖြစ် စိတ်ကူးယဉ်နိုင်မှာပါဒီဇာတ်လမ်းလေးထဲမှာလည်း ရုပ်ရည်ချောမောတဲ့မန်နေဂျာမမတစ်ယောက်လျှို့ဝှက်စွာနဲ့ပဲ ဟိုကိစ္စကို စိတ်တအားသန်နေတဲ့အခါ တစ်ညတာအဖော်လေးတွေရှာစားတဲ့ပုံကို ရသမြောက်စွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

Zhou Gong Subdues Demons (2024) ⭐TMDB: 0% User Score 🎬 #Action #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကောင်းကင်နဲ့မြေကြီးစတင်ဖြစ်တည်လာတဲ့အချိန်မှာ ယင်နဲ့ယန်ဓာတ်၂မျိုးလည်းပေါက်ဖွားလာခဲ့ပါတယ် ။ ယင်ဓာတ်က အရှေ့အရပ်ကိုသွားပြီးနတ်မျိုးနွယ်တွေကိုမွေးဖွားစေသလို ယန်ဓာတ်ကလည်းအနောက်အရပ်ကိုသွားပြီး မိစ္ဆာနဲ့မကောင်းဆိုးဝါးတွေကိုမွေးဖွားလာစေခဲ့ပါတယ် ။ နတ်မျိုးနွယ်တွေနဲ့မိစ္ဆာတွေဟာ ရေနဲ့မီးလို အစဉ်တိုက်ပွဲတွေဖြစ်နောတာကြောင့်ဘိုးဘေးဟုန်ကျွင်းဟာ လူဘုံ ၊ နတ်ဘုံ နဲ့မိစ္ဆာဘုံဆိုပြီးသုံးလောကခွဲခြားလိုက်ပြီး ကောင်းကင်ကိုးဘုံရဲ့ထိပ်ဆုံးတောင်ထွဋ်မှာရွှမ်ထျန်းနတ်ဓားကိုစိုက်ပြီး လောကကြီးကို ငြိမ်းချမ်းစေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာတော့ နတ်ဓားမှာလည်း ဓားဝိညာဉ်ရှလာခဲ့ပါတယ် ။အဲဒီအချိန်မှာပဲ မိစ္ဆာဘုရင်ကလည်း ဓားကိုနုတ်ယူဖို့ကြံစည်လာတဲ့အချိန်နတ်မင်းကြီးထိုက်ယိနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပြီး ဓားကိုပါထိခိုက်စေခဲ့ပါတော့တယ် ။ အဲဒါကြောင့်နဲ့ ဓားခန္တာကပျက်စီးသွားပြီး ဓားဝိညာဉ်နဲ့ဓားအိမ်ဝိညာဉ်ကလည်း လူပြည့်ကိုကျဆင်းသွားခဲ့ပါတော့တယ် ။မိစ္ဆာဘုရင်ကြီး ဓားဝိညာဉ်ကိုဘယ်လိုလိုက်ရှာမလဲ ဓားဝိညာဉ်နဲ့ဓားအိမ်ဝိညာဉ်ကရော လူ့ဘုံမှာ အချင်ချင်းမှတ်မိပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော်
...

The Theory of Everything (2014) ⭐IMDB: 7.7/10 (483 k Votes) 🎬 #Biography #Drama #Romance 🗓 2014 🎞 movie 🌎 #Japan #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Theory of Everything (2014)Imdb – 7.7 / Rotten Tomatoes 80% ဒီဘက်​ခေတ်​ရဲ့ အကြီး​ကျယ်​အခမ်းနားဆုံး သိပ္ပံပညာ​ရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen​ Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ Hawking ရဲ့ တက္ကသိုလ်​ကျောင်းသားဘဝကစလို့ နာမည်​ကျော်​သိပ္ပံပညာ​ရှင်ဖြစ်​လာတဲ့အထိ သူ့ရဲ့​ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking​ အဖြစ်​သရုပ်ဆောင်​ထားတဲ့ Eddie Redmayne က ဒီ​ဇာတ်​ကားနဲ့ပဲ အော်​စကာဆုကိုရရှိခဲ့ပါတယ်။ Stephen Hawking​ ရဲ့ Biopic ရုပ်ရှင်​ဖြစ်ပေမဲ့ နားလည်​ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum​ တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီး​ဖြစ်သူ​ Jane တို့အကြားက ချစ်​ခြင်း​မေတ္တာ​တရားတွေ၊ သံယောဇဉ်​အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking​ ခံစား​နေရတဲ့ Motor Neuron ရောဂါ​ကို နှစ်​ဦး​သား​အတူရင်ဆိုင်ပြီး ဘဝကို​ရှင်သန်​ရှာဖွေခဲ့ကြပုံကို တင်ဆက်​ထားတဲ့ ကြည်​နူး​ဆွတ်ပျံ့​ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဇာတ်လမ်း​အစကိုတော့ ၁၉၆၃ ခုနှစ်​မှာ Cambridge တက္ကသိုလ်​ကို Hawking​ စတင်​ရောက်ရှိပြီး ဇနီး​ဖြစ်လာမဲ့ Jane နဲ့တွေ့ခဲ့ကြတာကနေ အစပြုထားပါတယ်။ တစ်​ခေတ်​မှာ​တစ်ယောက်​ဆိုလောက်အောင် ဥာဏ်​ကြီးသူဖြစ်ပြီး အလား​အလယ်ကောင်းများစွာရှိနေတဲ့ Hawking​ ဟာ အသက်​၂၁ နှစ်မှာ Motor Neuron​ လို့ခေါ်တဲ့ ကြွက်သား​ဆွေး​မြည့်တဲ့ရောဂါဆန်းတစ်မျိုး​ကို ခံစားရပြီး ၂နှစ်​ထက်ပိုပြီး အသက်​ရှင်​မှာမဟုတ်​ဘူးလို့ ဆရာဝန်​က မှတ်ချက်​ပေးခဲ့ပေမဲ့ Jane က သူ့ကို​လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို​နဲ့​ နှစ်​ယောက်​သား ဘဝရဲ့အချိုးအကွေ့တွေကို အတူရင်ဆိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။ ၂၀၁၄ ခုနှစ်​ရဲ့ အကောင်း​ဆုံး​ရုပ်ရှင်​ကားတွေ​ထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားမှာ အဓိကချီးကျူးရမှာက Stephen Hawking​ အဖြစ်​သရုပ်ဆောင်တဲ့ Eddie Redmayne​ ရဲ့ performance အပြင်​ Cinematography နဲ့ နောက်​ခံတေးဂီတလို့မြင်ပါတယ်။ ဒီရုပ်ရှင်​ကို ရိုက်ကူး​ခဲ့သူ James Marsh ကို Stephen Hawking ကိုယ်​တိုင်​က Eddie Redmayne​ ရဲ့​သရုပ်​ဆောင်​မှုကိုကြည့်ပြီး သူ့ကိုယ်သူ​ပြန်​ကြည့်နေသလို ခံစား​မိတယ်လို့ အီးမေးလ်ပို့ပြီးဂုဏ်ပြုခဲ့ပါသေးတယ်။ ရုပ်ရှင်​ရဲ့ခေါင်းစဥ်ကို Theory​ of Everything​ လို့ပေးထားတာနဲ့ပတ်သက်လို့ အကြောင်း​ရင်း​နှစ်ခုရှိမယ်လို့ထင်ပါတယ်။ ဇာတ်လမ်း​ထဲမှာ ရှင်း​ပြထား​သလို​ ရူပဗေဒရဲ့ အရေး​ကြီး​ဆုံး​ထောက်တိုင်နှစ်ခုက General Relativity နဲ့ Quantum Theory ဖြစ်​ပါတယ်။ General Relativity က အလွန်​ကြီးမား​တဲ့ဝတ္တုတွေဖြစ်တဲ့ ဂြိုလ်၊ကြယ်နဲ့ Galaxy တွေအပေါ်ပြဌာန်းပြီး Quantum​ က အလွန်​သေးငယ်တဲ့ အီလက်ထရွန်၊ ဖိုတွန်နဲ့ အခြေခံ​အမှုန်​တွေအပေါ် စိုးမိုးပါတယ်။ သီအိုရီနှစ်ခုက အခြေခံ​စည်းမျဥ်း​အားဖြင့် တစ်ခုကို​တစ်ခု ဆန့်ကျင်​သလိုဖြစ်နေတဲ့အတွက် သီအိုရီနှစ်ခုစလုံးကိုသုံးပြီး စကြဝဠာ​ဖြစ်​စဥ်​တွေ​ကိုရှင်းပြဖို့ကြိုးစားတဲ့နေရာမှာ အခက်အခဲ​တွေရှိလာတဲ့အတွက် ဒီသီအိုရီ​နှစ်ခု​ကိုပေါင်းစည်းပြီး လောကရဲ့ဖြစ်စဥ်အားလုံးကိုရှင်းပြနိုင်မဲ့ Theory​ of Everything​ ကိုရှာတွေ့ဖို့က Hawking​ အပါအဝင်​ ရူပဗေဒပညာရှင်တိုင်းရဲ့အိပ်မက်ဖြစ်ပါတယ်။ ဒီသီအိုရီ​ရှာတွေ့ပြီးရင် Physics မှာ ရှာဖွေစရာကုန်ပြီလို့တောင် ပြောကြပါတယ်။ ဒါကြောင့်​ ရုပ်ရှင်​ကိုဒီခေါင်းစဥ်ပေးထားတာဖြစ်နိုင်သလို ဒုတိယ​တစ်​ချက်က​ Stephen ရင်​ဆိုင်​နေရတဲ့ ရောဂါ​က တစ်နေ့တခြားဆိုးရွား​လာရာကနေ ဇနီး​ဖြစ်သူ​နဲ့ မိသားစု​အကြား​ ပဋိပက္ခ​တွေမြင့်တက်လာပြီး သူရှင်သန်နေရတဲ့ဘဝရဲ့ အဓိပ္ပာယ်​သီအိုရီ​ကိုလည်း တစ်ချိန်​တည်းမှာ ရှာဖွေ​နေခဲ့ရပုံကို ရည်ညွှန်း​ထားတာ​လည်းဖြစ်နိုင်ပါတယ်။
...

Sharathulu Varthisthai (2024) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Bollywood #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sharathulu Varthisthai 2024 (ပိရမစ်စနစ်MLM)IMDb – 7.4/10 Honeymoon Express သရုပ်ဆောင် Chaitanya Raoရဲ့ပညာပေးကားလေးပါ။ ဒီနေ့ခေတ်မှာ ရေပန်းစားတဲ့ ခေါင်းပုံဖြတ်အမြတ်ကြီးစား၊ထိပ်ပိုင်းကလူတွေပဲ ကြီးပွားပြီး အောက်ခြေကလူတွေဒုက္ခပင်လယ်ဝေရတဲ့ Chainnetworking business ခေါ် Multi-Level Marketing (MLM) အကြောင်းပညာပေးကားလေးပါ။ ချီရမ်ဂျီဗီက အစိုးရဝန်ထမ်း၊ သားကြီး။သူ့အောက်က မောင်နှမနှစ်ယောက်နဲ့ အမေမုဆိုးမကြီးကို ရှာကျွေးနေရတဲ့သူ။သူ့ပခုံးပေါ်က တာဝန်ကလေးလွန်းလို့ အိမ်ထောင်ပြုမယ့်အကြောင်း မစဥ်းစားရဲသေးတဲ့သူပေါ့။ညီနဲ့ညီမအခြေကျမှ သူ့ဆီမှာလည်းတင့်တောင်းတင့်တယ်ဖြစ်မှ လက်ထပ်မယ်စဥ်းစားထားတဲ့သူပါ။သူကငယ်တုန်းက ပညာသိပ်မတတ်ပေမယ့် စာဖတ်တယ်။ လေ့လာတယ်။ ဒီလိုနဲ့ သူတို့လူလတ်တန်းစားနေရာကိုMLMစီးပွားရေးတစ်ခုက ရောက်လာရော။ အဲဒီစီးပွားရေးကလည်း ပေါ့ပေါ့သေးသေးမဟုတ်ဘူး။သူတို့ရပ်ရွာရဲ့ အားကိုးခံယုံကြည်ရတဲ့ ရွေးကောက်ခံအမတ်ကိုယ်တိုင် အာမခံပြီးသူကိုယ်တိုင် ပါဝင်ထားတဲ့စီးပွားရေးဖြစ်နေရော။အဲဒီတော့နေရာတစ်ခုလုံးက လူတွေပါလိုက်ကြတာသောက်သောက်လဲ။ ဒ ါပေမယ့်ချီရမ်ဂျီဗီကတော့မပါဘူး။ စိတ်မယိုင်ဘူး။ ကျန်လူတွေပါ မပါဖို့ဆွယ်လိုက်သေးတယ်။ဒီလိုသူမယုံကြည်တဲ့ စီးပွားရေးကို သူ့ရဲ့ချစ်ရသူလေးနဲ့ အမေ ဖြစ်သူက ယုံကြည်ပြီးမန်ဘာဝင်လိုက်တဲ့အခါ…..ဘာတွေဆက်ဖြစ်မလဲ။ လူလတ်တန်းစားတွေရဲ့ဘဝကို မြင်ရမယ့်အပြင် MLMစနစ်ကြောင့်အောက်ခြေကမန်ဘာဝင်တွေရဲ့ဘဝ ဘယ်လိုဖြစ်သွားလဲ ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်ဒီဇာတ်လမ်းလေးကို CMမှာ ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ Suri ~ Cyrah ဖြစ်ပါတယ်)
...

Foil (2023) ⭐IMDB: 4.2/10 (175 Votes) 🎬 #Comedy #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျောင်းသားဟောင်းတွေ့ဆုံပွဲကို မသွားဖို ဆုံးဖြတ်ပြီး ကန္တာရထဲက ထူးဆန်းထွေလာအမည်တွင်တဲ့ နေရာတစ်ခုဆီကို သွားကြည့်ရင်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြဖို စွန့်စားခန်းထွက်လာကြတဲ့ ရက်စ်နဲ့ ဒက်စ်တာဟာ လမ်းတစ်ဝက်မှာပဲ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ ဒီလိုနဲ့ သူတိုဟာ ဂြိုဟ်သားပန်းကန်ပြားပျံက ကျလာတဲ့ အရာတစ်ခုလို မှတ်ယူနိုင်တဲ့ ခဲပတ်စက္ကူစကို တွေ့လိုက်တဲ့ အခါမှာ သူတိုရဲ့ကြားမှာ ဘယ်လို သဘောထားကွဲလွဲမှုတွေ ရှိလာမလဲ.. စွန့်စားခန်းဟာလည်း ဘယ်လို အလှည့်အပြောင်းရှိ လာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
...

Irena's Vow (2024) ⭐TMDB: 50% User Score 🎬 #War #Drama 🗓 2024 🎞 movie 🌎 #Canada #Poland ⏰ 2 နာရီ 1 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့ မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စား သွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ် တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့ တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီး ကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေက အပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်း အီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့ အတိုင်း Irena’s Vow ဖြစ်ပြီး IMDb Rating 6.2 အထိရရှိထားပါတယ်။ အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ် စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့ အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန် နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံး လွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာ အတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာက စိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲ ဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်း အဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်က သူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီး နိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင် ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာ ဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကို အီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကို သူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ဖွက်ထား ပေးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အီရန်နာတစ်ယောက် မီးခဲကြီးကို လက်ထဲမှာကိုင်ထားရသလို ရင်တထိတ်ထိတ်နဲ့ အိမ်ထဲမှာ ဂျူးတွေကို ဖွက်ထားပေးရင်း အီရန်နာနဲ့ဂျူးတွေ အန္တရာယ်တွေကြားက ဘယ်လိုတွေအတူတူရင်ဆိုင် ကျော်ဖြတ် သွားရမယ်ဆိုတာတွေအပြင် မထင်မှတ်ထားတဲ့ဒရာမာအချစ် ဇာတ်လမ်းလေးတစ်ခုကို ပါကြည့်ရှုရမဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

The Ruins (2008) ⭐TMDB: 60% User Score 🎬 #Adventure #Horror #Thriller 🗓 2008 🎞 movie 🌎 #UnitedStates #Germany #Australia #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၈ ခုနှစ်ကထွက်ရှိထားတဲ့ Thriller ရုပ်ရှင်ကားတစ်ကားပါ။ အမေရိကန် Thriller တွေရဲ့ Logic အတိုင်းပဲ မသွားသင့်တဲ့နေရာကိုသွားမိလို့၊ မစပ်စုသင့်တဲ့အရာတွေကိုစပ်စုမိလို့ ဒုက္ခနဲ့ လှလှတွေ့ကြတဲ့ အမေရိကန် ခရီးသွား သူငယ်ချင်း အုပ်စုတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပျောက်ဆုံးပျောက်ကွယ်သွားတဲ့ မာယာလူမျိုးတွေရဲ့ ကျောင်းဆောင်ဟောင်းကြီးတွေကို ကျောထောက်နောက်ခံထားပြီးရိုက်ကူးထားတာဖြစ်လို့ ရှေးဟောင်း မာမီဆန်ဆန် ရုပ်ရှင်မျိုးကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာ အပျင်းပြေမှာစေမှာပါ။ အေမီတို့ သူငယ်ချင်းအုပ်စုဟာ မက္ကဆီကိုကို အပန်းဖြေလာရင်း မက်သီးယပ်စ်ဆိုတဲ့ ဂျာမနီလူမျိုးတစ်ယောက်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ မက်သီးယပ်စ်က သူ့ရဲ့အစ်ကိုဖြစ်သူကိုရှာဖို့ မာယာလူမျိုးတွေရဲ့​ ရှေးဟောင်းကျောင်းဆောင်ကိုသွားရှာဖို့ပြောရင်း တောကြီးမျက်မဲထဲက ကျောင်းဆောင်ပျက်ကြီးဆီကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ ရိုးရာမပျက် မသွားသင့်တဲ့ နေရာဆို သွားရမှကျေနပ်တဲ့ လူငယ်တစ်အုပ်စု ဘယ်လိုမျိုးဒုက္ခတွေ၊ ကြောက်မက်ဖွယ်ရာကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲ? ကျောင်းဆောင်ထဲမှာ ဘယ်လိုအရာတွေက သူ့တို့ကို စောင့်ကြိုနေမလဲ? ဒီလိုဒုက္ခတွေကနေ ဘယ်လိုကြံစည်လွတ်မြောက်လာကြမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦးခင်ဗျာ သွေးထွက်သံယိုမြင်ကွင်းတွေပါတဲ့အတွက် ကြောက်တတ်သူများနဲ့ ရောဂါအခံရှိသူများ မကြည့်ကြဖို့ သတိပေးပန်ကြားအပ်ပါတယ်ခင်ဗျာ
...

Battle Over Britain (2023) ⭐IMDB: 4.1/10 (239 Votes) 🎬 #War 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 20 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀ ဂျူလိုင်ကနေအောက်တိုဘာအတွင်းမှာဖြစ်ခဲ့တဲ့ ဗြိတိသျှတော်ဝင်လေတပ်တော် (RAF- British Royal Airforce) နဲ့ နာဇီဂျာမနီတို့ရဲ့အင်အားကြီး လေတပ်ကြီး Luftwaffe တို့ကြားက လေကြောင်း တိုက်ပွဲတွေကိုအခြေပြုထားတဲ့စစ်ကားကောင်း တစ်ကောင်းပဲ ဖြစ်ပါတယ်.. အဲဒီခေတ်အခါက နာဇီတို့အင်အားကြီးတယ်ဆိုတာ ကျွန်တော်တို့လို ဒုတိယကမ္ဘာစစ်ပြီးမှမွေးလာတဲ့သူတွေ တင်မဟုတ်ပါဘူး အဲဒီတုန်းကရင်ဆိုင်ခဲ့ကြရတဲ့ မဟာမိတ် များကလည်း ဒီနာဇီတွေဟာ သူတို့ထက် လက်နက်အင်အား အဆမတန်သာလွန်တယ် ဥရောပတိုက်တစ်ခုလုံးကို အမှုန့်ချေနိုင်တဲ့အထိ စစ်အင်အားကြီးမားတာကို သိကြပါတယ်.. လေတပ်မှာလည်းဒီလိုပါပဲ လေးဆတစ်ဆလောက်အင်အား နည်းပါးလှတဲ့ ဗြိတိသျှတော်ဝင်လေတပ်တွေဟာ ဂျာမန်တွေကို အပြင်းအထန်ခုခံခဲ့ရပါတယ် ဒီနေရာမှာ ဇာတ်လမ်းမကြည့်ခင်သမိုင်းအကျဉ်းပြောပြရရင် ဒီနာဇီတွေရဲ့စစ်ဆင်ရေးဟာ သူတို့ရဲ့ဗြိတိသျှကျွန်းဆွယ်ကို ကျူးကျော်မဲ့ operation Sealion မစခင် အရေးပါတဲ့ ဆိပ်ကမ်းတွေ စစ်ရေးပစ်မှတ်တွေ ကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ် နောက်ပိုင်းမှာ နိုင်ငံရေးအဆောက်အအုံတွေ အရပ်သား ဧရိယာတွေကိုပါပစ်မှတ်ထားခံလာရပြီး ဗြိတိသျှတော်ဝင် လေတပ်ကိုလည်း လေကြောင်းမှာအသာစီးရဖို့ ကြိုးစားနေတဲ့ အချိန်ဖြစ်ပါတယ် ဒီအတွက်ဗြိတိသျှတွေဖက်ကနေ Spitfire and Hurricane တို့လိုလေယာဉ်တွေနဲ့အပြင်းအထန် ခုခံခဲ့ပါတယ် (ဒီဇာတ်ကားထဲမှာတော့ Spitfire တွေပဲပါ) ကျန်တဲ့သမိုင်းကိုတော့ spoilဖြစ်မှာစိုးလို့မပြောတော့ပါဘူး ထိုစဉ်အချိန်အခါက ပြင်းထန်တဲ့လေကြောင်းတိုက်ပွဲတွေ လေသူရဲကောင်းတွေရဲ့ ရင်ဆိုင်ရတဲ့အဖြစ်အပျက်တွေကို ဒီဇာတ်ကားမှာ တဝကြီးကြည့်ရှူခံစားရမှာပါ
...

Frontiers (2023) ⭐IMDB: 5.6/10 (182 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 31 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုယ်ချစ်ရတဲ့လူတွေ လောကကြီးထဲကထွက်ခွာသွားရရင် သူတို့မရှိတော့တာကိုစိတ်ထဲကသိနေပေမဲ့ မသိစိတ်ထဲမှာ သူတို့ကိုဆက်ရှိနေစေချင်သေးတဲ့ အခါမှာတော့ ထင်ယောင် ထင်မှားတွေဆိုတာဖြစ်လာတတ်ပါတယ်။ အခုတင်ဆက်ပေးမဲ့ IMDb Rating 5.6 ရရှိထားတဲ့ Frontiers ဆိုတဲ့ဇာတ်ကားလေးမှာလည်းအဲ့လိုအစွဲ အလမ်းကြီးမှုတွေကို ဒရာမာ သည်းထိပ်ရင်ဖိုလေးတွေနဲ့ ပေါင်းစပ်ပြီးရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီရန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က စိုက်ပျိုးမွေးမြူရေး ခြံကြီးတစ်ခုမှာ သမီးလေးနဲ့အတူ နေထိုင်နေသူဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်ကပဲ သူမရဲ့အဖေဆုံးပါးသွားတာကြောင့် စိတ်ဒဏ်ရာတွေကို ခံစားနေရသူတစ်ယောက်လည်းဖြစ် ပါတယ်။အိမ်မှာ တစ်ခါတစ်လေ တကယ်မရှိတဲ့အရာတွေကို မြင်နေတွေ့နေကြားနေရပြီး အဖေဖြစ်သူပြန်လာတယ်လို့ ထင်နေတဲ့အတွက် သူ့ညီမတွေက သူ့ကိုအကူအညီပေးဖို့ အတွက် သူတို့ကိုပစ်ပြီးဖလော်ရီဒါကို ထွက်သွားတဲ့အမေ ဖြစ်သူကို လှမ်းခေါ်လိုက်ကြပါတော့တယ်။ဒီလိုနဲ့ အမေဖြစ်သူ ရောက်လာပြီး သေတမ်းစာကိစ္စတွေဘာတွေစီစဉ်ပြီး သူတို့နဲ့ ရက်ပိုင်းလောက် အတူတူနေပေးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ အမေရိကန်ထောင်ကနေ လွတ်မြောက်လာတဲ့ ထောင်သားနှစ်ယောက်ကသူတို့ နေထိုင်ရာ ကနေဒါနယ်စပ်ကို ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေလဲကြားနေရတဲ့အခါမှာ ဒီရန်းတစ်ယောက် ကြုံတွေ့နေရတာတွေက သူ့စိတ်ကူးတွေလား တကယ့် အဖြစ်အပျက်တွေလားဆိုတာကို ကြည့်ရှုရမဲ့သည်းထိပ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

Battle Over Britain (2023) ⭐IMDB: 4.1/10 (239 Votes) 🎬 #War 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 21 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀ ဂျူလိုင်ကနေအောက်တိုဘာအတွင်းမှာဖြစ်ခဲ့တဲ့ ဗြိတိသျှတော်ဝင်လေတပ်တော် (RAF- British Royal Airforce) နဲ့ နာဇီဂျာမနီတို့ရဲ့အင်အားကြီး လေတပ်ကြီး Luftwaffe တို့ကြားက လေကြောင်း တိုက်ပွဲတွေကိုအခြေပြုထားတဲ့စစ်ကားကောင်း တစ်ကောင်းပဲ ဖြစ်ပါတယ်.. အဲဒီခေတ်အခါက နာဇီတို့အင်အားကြီးတယ်ဆိုတာ ကျွန်တော်တို့လို ဒုတိယကမ္ဘာစစ်ပြီးမှမွေးလာတဲ့သူတွေ တင်မဟုတ်ပါဘူး အဲဒီတုန်းကရင်ဆိုင်ခဲ့ကြရတဲ့ မဟာမိတ် များကလည်း ဒီနာဇီတွေဟာ သူတို့ထက် လက်နက်အင်အား အဆမတန်သာလွန်တယ် ဥရောပတိုက်တစ်ခုလုံးကို အမှုန့်ချေနိုင်တဲ့အထိ စစ်အင်အားကြီးမားတာကို သိကြပါတယ်.. လေတပ်မှာလည်းဒီလိုပါပဲ လေးဆတစ်ဆလောက်အင်အား နည်းပါးလှတဲ့ ဗြိတိသျှတော်ဝင်လေတပ်တွေဟာ ဂျာမန်တွေကို အပြင်းအထန်ခုခံခဲ့ရပါတယ် ဒီနေရာမှာ ဇာတ်လမ်းမကြည့်ခင်သမိုင်းအကျဉ်းပြောပြရရင် ဒီနာဇီတွေရဲ့စစ်ဆင်ရေးဟာ သူတို့ရဲ့ဗြိတိသျှကျွန်းဆွယ်ကို ကျူးကျော်မဲ့ operation Sealion မစခင် အရေးပါတဲ့ ဆိပ်ကမ်းတွေ စစ်ရေးပစ်မှတ်တွေ ကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ် နောက်ပိုင်းမှာ နိုင်ငံရေးအဆောက်အအုံတွေ အရပ်သား ဧရိယာတွေကိုပါပစ်မှတ်ထားခံလာရပြီး ဗြိတိသျှတော်ဝင် လေတပ်ကိုလည်း လေကြောင်းမှာအသာစီးရဖို့ ကြိုးစားနေတဲ့ အချိန်ဖြစ်ပါတယ် ဒီအတွက်ဗြိတိသျှတွေဖက်ကနေ Spitfire and Hurricane တို့လိုလေယာဉ်တွေနဲ့အပြင်းအထန် ခုခံခဲ့ပါတယ် (ဒီဇာတ်ကားထဲမှာတော့ Spitfire တွေပဲပါ) ကျန်တဲ့သမိုင်းကိုတော့ spoilဖြစ်မှာစိုးလို့မပြောတော့ပါဘူး ထိုစဉ်အချိန်အခါက ပြင်းထန်တဲ့လေကြောင်းတိုက်ပွဲတွေ လေသူရဲကောင်းတွေရဲ့ ရင်ဆိုင်ရတဲ့အဖြစ်အပျက်တွေကို ဒီဇာတ်ကားမှာ တဝကြီးကြည့်ရှူခံစားရမှာပါ
...

Vampires (1998) ⭐TMDB: 63% User Score 🎬 #Action #Adult #Horror #Thriller #Fantasy 🗓 1998 🎞 movie 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာ John Carpenter ရိုက်ကူးထားတဲ့ 1998 ခုနှစ်ထွက် သွေးစုပ်ဖုတ်ကောင် ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေကို ကြက်သွန်ဖြူကြောက်ပြီး လင်းနို့အဖြစ်လည်းပြောင်းနိုင်တဲ့အပြင် လက်ဝါးကပ်တိုင်ကိုကြောက်တဲ့ မကောင်းဆိုးဝါးတွေအဖြစ် ဖန်တီးပုံဖော်ကြပေမဲ့ ဒီရုပ်ရှင်ရဲ့ သွေးစုပ်ဖုတ်ကောင်တွေကတော့ နေရောင်ခြည်နဲ့ သစ်သားချောင်း နှလုံးထဲထိုးစိုက်ခံရမှာကိုပဲ ကြောက်ကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ –ဂျက်ခ် ခရိုး ဦးဆောင်တဲ့ သွေးစုပ်ဖုတ်ကောင်အမဲလိုက်အဖွဲ့ဟာ သွေးစုပ်ဖုတ်ကောင်အသိုက်တစ်ခုကိုဝင်ရှင်းရင်း ကျေးကျွန်တွေအကုန် ရှင်းလိုက်နိုင်ပေမဲ့ သခင်ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။အဲဒီနေ့ ည သူတို့တည်းနေတဲ့ မိုတယ်မှာ အောင်ပွဲခံနေတုန်းမှာပဲ သူတို့ရှာမတွေ့ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် သခင်တိုက်ခိုက်တာခံလိုက်ရလို့ တစ်ဖွဲ့လုံးအသတ်ခံလိုက်ရပြီး ဂျက်ခ်နဲ့ သူ့ရဲ့တွဲဖက် မွန်တိုယာပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဂျက်ခ်လည်း သူနဲ့တွေ့ဖို့ ဗာတီကန်ကနေ လွှတ်လိုက်တဲ့ ကာဒီနယ် အယ်ဘာနဲ့တွေ့ပြီး သူ့အဖွဲ့တစ်ဖွဲ့လုံးကို သတ်သွားတဲ့ သွေးစုပ်ဖုတ်ကောင်က ယန် ဗဲလက်ခ်လို့ခေါ်တဲ့အပြင် ပထမဆုံးသွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့ ဒီ‌ဗဲလက်ခ်ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်သခင်က ဘာလို့ဒီလောက် စွမ်းအားကြီးနေရတာလဲ၊ သူ့ရဲ့ရည်ရွယ်ချက်အစစ်ကတော့ ဘာလဲဆိုတာကိုသိအောင်လုပ်ရင် ဂျက်ခ်ကလည်း သူ့အဖွဲ့အတွက်လက်စားပြန်ချေဖို့ကြိုးစားတာကို သဲထိတ်ရင်ဖိုကြည့်ရှုကြရမှာပါ။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။
...

The Ruins (2008) ⭐TMDB: 60% User Score 🎬 #Adventure #Horror #Thriller 🗓 2008 🎞 movie 🌎 #UnitedStates #Germany #Australia #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၈ ခုနှစ်ကထွက်ရှိထားတဲ့ Thriller ရုပ်ရှင်ကားတစ်ကားပါ။ အမေရိကန် Thriller တွေရဲ့ Logic အတိုင်းပဲ မသွားသင့်တဲ့နေရာကိုသွားမိလို့၊ မစပ်စုသင့်တဲ့အရာတွေကိုစပ်စုမိလို့ ဒုက္ခနဲ့ လှလှတွေ့ကြတဲ့ အမေရိကန် ခရီးသွား သူငယ်ချင်း အုပ်စုတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပျောက်ဆုံးပျောက်ကွယ်သွားတဲ့ မာယာလူမျိုးတွေရဲ့ ကျောင်းဆောင်ဟောင်းကြီးတွေကို ကျောထောက်နောက်ခံထားပြီးရိုက်ကူးထားတာဖြစ်လို့ ရှေးဟောင်း မာမီဆန်ဆန် ရုပ်ရှင်မျိုးကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာ အပျင်းပြေမှာစေမှာပါ။ အေမီတို့ သူငယ်ချင်းအုပ်စုဟာ မက္ကဆီကိုကို အပန်းဖြေလာရင်း မက်သီးယပ်စ်ဆိုတဲ့ ဂျာမနီလူမျိုးတစ်ယောက်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ မက်သီးယပ်စ်က သူ့ရဲ့အစ်ကိုဖြစ်သူကိုရှာဖို့ မာယာလူမျိုးတွေရဲ့​ ရှေးဟောင်းကျောင်းဆောင်ကိုသွားရှာဖို့ပြောရင်း တောကြီးမျက်မဲထဲက ကျောင်းဆောင်ပျက်ကြီးဆီကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ ရိုးရာမပျက် မသွားသင့်တဲ့ နေရာဆို သွားရမှကျေနပ်တဲ့ လူငယ်တစ်အုပ်စု ဘယ်လိုမျိုးဒုက္ခတွေ၊ ကြောက်မက်ဖွယ်ရာကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲ? ကျောင်းဆောင်ထဲမှာ ဘယ်လိုအရာတွေက သူ့တို့ကို စောင့်ကြိုနေမလဲ? ဒီလိုဒုက္ခတွေကနေ ဘယ်လိုကြံစည်လွတ်မြောက်လာကြမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦးခင်ဗျာ သွေးထွက်သံယိုမြင်ကွင်းတွေပါတဲ့အတွက် ကြောက်တတ်သူများနဲ့ ရောဂါအခံရှိသူများ မကြည့်ကြဖို့ သတိပေးပန်ကြားအပ်ပါတယ်ခင်ဗျာ
...

Bridgerton (2020) ⭐TMDB: 81% User Score 🎬 #Drama #Romance 🗓 2020 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 53 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bridgerton Season 1+2+3 (2020) (17+)  ၁၈၀၀ ခုနှစ်များဆီက အင်္ဂလန်ပြည်ရဲ့ ကြေးရတတ် အထက်တန်းလွှာများကြားမှာ မယ်မယ်ရရ အပျင်းဖြေစရာ လုပ်စရာရယ်ဆိုလို့ အတင်းအဖျင်း ပြောကြတာ သမီးတွေ လင်ကောင်းသားကောင်းရဖို့ စပ်ကြ ဟပ်ကြတာတွေပဲ ရှိပါတယ်ဒီထဲမှာမှ အထူးသဖြင့် မုဆိုးမ လေဒီဘရစ်ဂျာတန် နဲ့ မျက်နှာချင်းဆိုင် ဖယ်သရင်တန်တော် အိမ်တော်က မျက်နှာပေါက်ဆိုးဆိုး သမီးတွေပိုင်ဆိုင်တဲ့ လေဒီဖယ်သရင်တန်တို့ကတော့ လန်ဒန်မြို့ရဲ့ အသုံးတော်ခံပါဒီထဲမှာ အပျော်အပါး အလွန်နှစ်ခြိုက်တော်မူတဲ့ အပျင်းဖြေရအောင် အမြဲ ပါတီပေး ပွဲခံနေတတ်တဲ့ ဘုရင်မကြီး ချားလော့ကတော့ ဒီဇာတ်လမ်းရဲ့ မပါမဖြစ် ဇာတ်ကောင်ပါအတင်းအဖျင်းသတင်းတွေ လှိုင်လှိုင်လွှမ်းခြုံထားတဲ့ လန်ဒန်မြို့တော်ကြီးမှာ နောက်ထပ် မပါမဖြစ်ကတော့ လန်ဒန်တစ်မြို့လုံး အပ်ကျတာကအစ သိတဲ့ လျှို့ဝှက်ချက်ပေါင်းစုံတို့ရဲ့ ကဝေ စာရေးဆရာမကြီး လေဒီဝှစ်ဆယ်ဒေါင်းပါပဲဒီဇာတ်လမ်းမှာ အရေးကြီးဆုံး အလှည့်အပြောင်းမျိုးစုံနဲ့ ရိုးမန့်စ်ခင်းကြမယ့် စုံတွဲကတော့ မကြာသေးခင်ကမှ အမွေဆက်ခံလာတဲ့ ပူပူနွေးနွေး နယ်စားလေး ဆိုင်မွန်နဲ့ ဘရစ်ဂျာတန် အိမ်တော်က သမီးကြီး ဒက်ဖ်နီ ၊ နောက်ထပ် ဒေါသကြီးတဲ့ အစ်ကိုကြီး အန်သိုနီနဲ့ သူ့အောက်မှ ဘုစုခရု ဘရစ်ဂျာတန်လေးတွေပါ။ ဒီဇာတ်လမ်းဟာ imdb 7.3 နဲ့ ပူပူနွေးနွေး ခရစ်စမတ်နေ့ကမှ season 2 ထွက်မယ်ဆိုပြီး မထွက်လို့ ပရိသတ်တွေကြား ပွက်လောရိုက်ကုန်သေးတယ် မတ် ၂၂ တော့ သေချာပေါက် ထွက်မှာပါတဲ့ ဆိုတော့ လောလောဆယ် အသားအရောင်အရရော ဇာတ်လမ်းဇာတ်ကွက်အရရော ထူးခြားပြီး ရိုဆန်တဲ့ ၁၉ရာစုအစ ဇာတ်လမ်းတည်း အပိုင်းရှစ်ပိုင်းပါ ဇာတ်လမ်းတွဲလေးကို ခံစားရင်း နှစ်သစ်ကူးကို ဖြတ်သန်းကြရအောင် S3 Reviewချစ်ခင်ကြင်နာရပါသော စီအမ်ပရိသတ်ကြီးရေ … Lady Whistledown ရဲ့ အတင်းအဖျင်းတွေနဲ့အတူ ဘရစ်ဂျာတန်တို့ တစ်ဖန် ပြန်လာခဲ့ပါပြီ။ ဒီစီစန်မှာတော့ Part 1/2 ခွဲထားပြီး အရင်ဆုံး ထွက်ရှိလာတဲ့ Part 1 [episodes 4 ပိုင်း] ကို အရင်ရှုစားရမှာဖြစ်ပါတယ်။ Part 2 က June ကျမှ ထွက်မှာပါ။ဒီတစ်ခါအလှည့်ကျလာတာကတော့ ကမ္ဘာပတ်ပြီး မွေးဌာနေကို ပြန်ရောက်လာသူ ကောလင်းဘရစ်ဂျာတန်နဲ့ ကုန်းကောက်စရာ မရှိတော့အောင် နာမည်ပျက်ပြီး မနည်းပြန်အဖက်ဆယ်ထားရတဲ့ ဖယ်သာရင်တန်မိသားစုက သမီးငယ်လေး ပန်နဲလပီတို့ရဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဘရစ်ဂျာတန်မိသားစုရဲ့ ပွဲဦးထွက် သမီးပျိုလေး ဖရန်ချက်စကာကလည်း တစ်သွေးတစ်သားနဲ့ အင်မတန် လှပချောမောတဲ့ အပျိုလေးတစ်ယောက် ဖြစ်လို့နေပါပြီ။ဒါ့အပြင် … ပန်နဲလပီ ဖယ်သာရင်တန်နဲ့ အယ်လိုဝီ ဘရစ်ဂျာတန်တို့ရဲ့ပြိုကွဲသွားတဲ့ သူငယ်ချင်းဒရာမာလေးတွေကလည်း ပါသေးတာမလို့ ဇာတ်ကျောရိုးတွေက မနည်းလှပါဘူး ….ဒီတော့ ဒီစီစန်မှာ ဘာတွေ ဘယ်လိုရင်ခုန် ဝမ်းနည်း စိတ်လှုပ်ရှားရဦးမလဲဆိုတာ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်
...

Innocent New Female Employee-Kokoro Asano (SSIS-992-Decensored) ⭐- 🎬 #Adult 🗓 - 🎞 Series 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kokoro Asano ဆိုတဲ့ JAV မင်းသမီးလေးကတော့ ဒီလောကနဲ့မလိုက်ဖက်အောင် လှပပျိုမြစ်သူဖြစ်ပါတယ်။ ဝိုင်းစက်တဲ့မျက်ဝန်းနဲ့မျက်နှာကျလေးတွေက မြင်သူရင်အေးစရာလေးပါ။ SSIS-992-Decensored  ဒီဇာတ်လမ်းကတော့ JAV တွေမှာမြင်နေကျ ဘောစ့်နဲ့ဝန်ထမ်းကောင်မလေး ဇာတ်လမ်းမျိုးဖြစ်ပြီး Decensored Version နဲ့မလို့ Kokoro Asano ပရိတ်သတ်တွေကျေနပ်ကြမှာပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

Snow Monster 2 (2022) ⭐TMDB: 70% User Score 🎬 #Adventure #Drama #SciFi #ScienceFiction 🗓 2022 🎞 Series 🌎 #China ⏰ 1 နာရီ 11 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2022ထွက် Sci-fi ,adventure အမျိုးအစားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါသက်ရှိမျိုးစိတ်တွေကိုလေ့လာနေတဲ့ သိပ္ပံပညာရှင်အန်နာဟာလွန်ခဲ့တဲ့၁၀နှစ်က သုတေသနအတွက်သဘာဝသစ်တောကိုသွားလေ့လာရင်းထူးဆန်းစွာပျောက်ကွယ်သွားတဲ့ အဘိုးဖြစ်သူကိုရှာဖွေလိုစိတ်ပြင်းပြနေခဲ့ပါတယ်… အန်နာဟာ တစ်ချိန်ကအဘိုးဖြစ်သူရဲ့တပည့် ပါမောက္ခရှဲ…အဘိုးမိတ်ဆွေရဲ့သားဖြစ်သူ လီယွီဟန်တိုနဲ့အတူသဘာဝသစ်တောဆီစွန့်စားခရီးထွက်လာပါတော့တယ်… သဘာဝသစ်တောမှာ အန္တရာယ်ပေါင်းစုံနဲ့ရင်ဆိုင်ချိန်မှာဒဏ္ဍာရီထဲမှာသာကြားဖူးတဲ့ ခြေကြီးမိစ္ဆာကိုလဲတွေ့မြင်ခွင့်ရခဲ့ပါတယ်…သဘာဝသစ်တောကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလား..အဘိုးဖြစ်သူကိုရောရှာတွေ့နိုင်မှာလားပါမောက္ခရှဲမှာဘယ်လိုအကြံတွေရှိနေတာလဲ….ဇာတ်လမ်းတစ်ပုဒ်လုံးကိုစိတ်လှုပ်ရှားခြောက်ခြားဖွယ်ကြည့်ရှုရမှာပါ
...