en
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Saving Bikini Bottom: The Sandy Cheeks Movie (2024) ⭐IMDB: 4.1/10 (288 Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #Canada #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သားသားမီးမီးတို့အားလုံးကြိုက်ကြတဲ့ ရေမြုပ်ကောင်လေးကာတွန်းကားအသစ်ထွက်လာပါပြီ ဒီတစ်ခါမှာတော့ စပွန့်ချ်ဘော့ဘ်နဲ့သူ့သူငယ်ချင်း ရှဥ့်မလေးတို့ရဲ့ စွန့်စားခန်းတွေကိုကြည့်ရှုရမှာပါ ဘီကီနီဘော်တွန်လို့ခေါ်တဲ့သူတို့နေထိုင်ရာရေအောက်မြို့လေးကို သိပ္ပံပညာရှင်လူဆိုးတစ်သိုက်သိမ်းပိုက်သွားရာကနေ စပွန့်ချ်တို့နှစ်ယောက်ပြန်ကယ်ထုတ်ဖို့ကြိုးစားကြမှာပါ ””မင်းမျက်နှာကို သေခြင်းတရားကစိုက်ကြည့်လာတဲ့အခါ မင်းဘာလုပ်မလဲကွ””””ကျွန်တော်လား ဒီလိုကြည့်တာရိုင်းတယ် အခြားနေရာကိုကြည့်လို့ပြောလိုက်မှာပေါ့ဗျ”ဆိုတဲ့ စပွန့်ချ်ဘော့ဘ်ပါနော် ကလေးတွေရဲ့အကြိုက်ဟာသကာတွန်းကားလေးပါရှင်
...

Do You Love Me As I Love You (2020) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Drama #Romance 🗓 2020 🎞 movie 🌎 #Taiwan ⏰ 1 နာရီ 48 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကြည်နူးစရာကောင်းတဲ့ ထိုင်ဝမ်အချစ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်လူတိုင်းက သူများရဲ့အချစ်ရေးကို အရမ်းစိတ်ဝင်စားပြီးအတင်းအဖျင်းတွေ ပြောလေ့ရှိပါတယ် အဲ့လိုပဲဒီကားလေးထဲမှာလည်း ကျောင်းကလူတွေရဲ့ အတင်းအဖျင်းတွေထဲမှာနာမည်ကြီးနေတဲ့ လုံးဝအတွဲမ​ဖြစ်နိုင်ဘူးလို့သတ်မှတ်ထားတဲ့ စုံတွဲစာရင်း (MI စာရင်း) ဆိုတာရှိပါတယ် ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ရှောင်ရှန်းကတော့ ရူပဗေဒမေဂျာကျောင်းသူတစ်ယောက်ဖြစ်ပြီး ဗေဒင်ကို အရမ်းစိတ်ဝင်စားတဲ့အပြင်သူ့ရဲ့ငယ်သူငယ်ချင်းလေးကျူးဟောက် ကိုကြိတ်ကြွေနေတဲ့ ကောင်မလေးတစ်ယောက်ပါ တစ်နေ့မှာ သူဟာ သူငယ်ချင်းဇုန်ထဲကနေရုန်းထွက်ပြီးအဲ့ဒီကောင်လေးကို ဗေဒင်ယ​တြာတွေကအစအသေးစိတ်ပြင်ဆင်ပြီးဖွင့်ပြောဖို့လုပ်ထားပေမဲ့သူလုပ်ထားသမျှသဲထဲရေသွန်ဖြစ်သွားခဲ့ပါတယ်အကြောင်းကတော့ အဲ့ဒီနေ့မှာပဲ ကျူးဟောက်ကတခြားကောင်မလေးကို ဖွင့်ပြောလိုက်တာပါရှောင်ရှန်းရဲ့ ဇာတ်လမ်းလေးက ဒီမှာတင်ပြီးပြတ်မသွားပါဘူးသူ့ရဲ့ အကြီးမားဆုံးကံဆိုးမှုက အခုမှရောက်လာတာပါ အဲ့ဒါကတော့… တစ်ကျောင်းလုံးရဲ့ နတ်ဘုရားမလို့တင်စားရလောက်တဲ့ အင်တာနက်ဆယ်လီ ရီကျင်းကကျူးဟောက်ဖွင့်ပြောချိန်မှာ ကျူးဟောက်သာMI စာရင်းရဲ့ ထိပ်ဆုံးသုံးတွဲကို အောင်သွယ်ပေးနိုင် မယ်ဆိုရင်တွဲမယ်လို့ပြောလိုက်တာပါပဲ ဒီလိုနဲ့ ပိုချစ်ရတဲ့လူကရှုံးရတယ်ဆိုတဲ့အတိုင်း ကြိတ်ကြွေနေတဲ့ရှောင်ရှန်းလေးတစ်ယောက် ကျူးဟောက်ကိုကူညီပေးရပါတော့တယ် ကဲ ဒီတော့ ကျူးဟောက်နဲ့ရှောင်ရှန်းတို့နှစ်ယောက် လုံးဝတွဲဖို့မဖြစ်နိုင်ပါဘူးလို့တွေးရလောက်တဲ့ထိ အကျင့်စရိုက်တွေဆန့်ကျင်ဖက်ကွဲပြားနေတဲ့ အတွဲသုံးတွဲကို ဘယ်လိုတွေအောင်သွယ်ပေးမလဲရှောင်ရှန်းလေးရဲ့အချစ်ရေးကရောဘယ်လိုဆက်ဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားရင်တော့CM က တင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးကို အခုပဲကြည့်လို့ရပါပြီနော်
...

Ash Is Purest White (2018) ⭐IMDB: 7.0/10 (11 k Votes) 🎬 #Crime #Drama #Romance 🗓 2018 🎞 movie 🌎 #China #France #Japan ⏰ 2 နာရီ 16 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြာဆိုတာ အသန့်စင်ဆုံး အဖြူရောင်ပါတဲ့။အရမ်းကိုပူပြင်းတဲ့အခြေအနေတစ်ခုမှာအရာဝတ္ထုတွေက စင်ကြယ်သွားတတ်ပါတယ်တဲ့။အဲဒါကြောင့် အပူချိန်အများဆုံးကိုခံရတဲ့ ပြာရဲ့ အဖြူရောင်ကိုအစင်ကြယ်ဆုံးပါလို့ပြောထားပါတယ်။ ဒီဇာတ်ကားမှာမြေအောက်လောက အဖွဲ့တစ်ခုက ခေါင်းဆောင်ရဲ့ ချစ်သူဖြစ်တဲ့Zhao Qiao ရဲ့ လောကဓံကြားမှာ အပူပြင်းပြင်းပေးခံရပြီး သူ့ရဲ့အကောင်းဆုံးအရည်အသွေးကို ရရှိလာတဲ့အကြောင်းရိုက်ကူးထားပါတယ်။ ပြီးတော့ သူ့ရဲ့ချစ်သူအပေါ်ထားတဲ့ အချစ်ကြီးပုံကို ကြည့်တဲ့သူတိုင်းကူးစက်ခံစားစေမှာအသေအချာပါပဲ။ မျက်ရည်ဝဲရမယ့် ဇာတ်ကားမဟုတ်ပေမဲ့မဲ့ပြုံးလေးတော့ ပြုံးဖြစ်မှာ သေချာပါတယ်။ဒီဇာတ်ကားကိုCannes Film Festival မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။IMDB Rating ကတော့ 7 ဖြစ်ပြီး အမှတ်ပေးကပ်စေးကုတ်တဲ့Rotten Tomato ဆိုတဲ့ ခရမ်းချဉ်သီးတွေကတော့ 100% ပေးထားပါတယ်။ ဒီဇာတ်ကားလေးက ခပ်အေးအေး Drama ဖြစ်ပေမယ့်ဇာတ်ကားနဲ့အတူ စီးမျောသွားစေမှာ အသေအချာပါပဲ။ကျွန်တော့်အမြင်ကတော့ Gone With the Wind ဇာတ်ကားကိုChinese Version နဲ့တွေ့လိုက်ရသလိုပါပဲ။ဘာသာပြန်နဲ့ အညွှန်း d3mon ဖြစ်ပါတယ်
...

The Legend of Kunlun (2022) ⭐TMDB: 51% User Score 🎬 #Action #Adventure #Fantasy #ScienceFiction 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 20 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂူသင်္ချိုင်း‌‌တွေထဲမှာ ရတနာတွေရှာ‌‌ဖွေစွန့်စားရမဲ့ ဇာတ်ကားလေးကိုကြည့်ရတာသဘောကျတတ်တဲ့ CM fansတွေအတွက်တော်တော်စိတ်ဝင်စားစရာကောင်းမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ဖချိုးမျိုးနွယ်စုရဲ့ သမိုင်းအကြောင်းကိုရိုက်ကူးပြသထားတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့မင်းသား ကျန်းဝမ်ဖုန်းကတော့ သူ့အဖေပျောက်ကွယ်သွားရတဲ့ဖြစ်ရပ်မှန်ကိုသိချင်သောစိတ်တစ်ခုနဲ့ ဒီရတနာသိုက်ရှာဖွေတဲ့လမ်းကို လျှောက်ခဲ့တာဖြစ်ပါတယ်ကျန်းဝမ်ဖုန်းက ကောင်းကင်ဘုံနည်းပညာကိုလေ့လာသင်ယူကာကောင်ကင်ဘုံအရာရှိဆိုတဲ့ ရာထူးကိုလည်းဆက်ခံပြီးသား လူတစ်ဦးဖြစ်ပါတယ် ဒီလိုနဲ့ ကျန်းဝမ်ဖုန်းရယ် သူ့သူငယ်ချင်းဖြစ်သူ ကျာလူပန်းနဲ့ ကျုံးလင်တို့၃ယောက်ပေါင်းပြီး လုပ်ဖော်ကိုင်ဖက်အဖြစ် ‌အတူလုပ်ကိုင်ကြရာမှကျန်းဝမ်ဖုန်းရဲ့ အဖေကိုရှာတွေ့ဖို့ နည်းလမ်းတစ်မျိုးရှာတွေ့သွားပါတယ်နည်းလမ်းကတော့ ကျောက်မင်ရှေးဟောင်းကြေးမုံကိုရအောင်ရှာပြီးခွန်းလွမ်တောင်အတွင်းမှာရှိတဲ့ လျှို့ဝှက်မြို့ထဲကိုသွားရမှာဖြစ်ပါတယ် ကျန်းဝမ်ဖုန်းလည်း သူ့အဖေနဲ့အဆက်သွယ်ပြတ်တာ၁၇နှစ်ရှိပြီဆိုတော့ အချင်းချင်းပြန်တွေ့နိုင်ဦးမလားတရုတ်ရိုးရာအမွေအနှစ်ပုံပြင်တွေနဲ့ သမိုင်းအကြောင်းလေးတွေပါထည့်သွင်းရိုက်ကူးထားတာမလို့ အားလုံးပဲThe Legend of KunLunကိုကြည့်ရှုလိုက်ရအောင်
...

Golden Doll (2016) ⭐TMDB: 20% User Score 🎬 #Horror 🗓 2016 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ကားမှကြိုက်တတ်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်horror ကားကောင်းလေးတစ်ကားကို CM ကနေတင်ဆက်လေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ပိုင်လင်ဆိုတဲ့ရေကူးချန်ပီယံမလေးရဲ့ sex tape အင်တာနက်ပေါ်မှာပေါက်ကြားသွားရာကနေစထားပါတယ် ။ ပိုင်လင်ဟာမကြာခင် အိုလံပစ်အတွင် ရေကူးပြိုင်ပွဲလေ့ကျင့်ရေး‌ဆင်းဖို့မကြာခင်အမေရိကန်ကိုသွားရတော့မှာပါ ။ ဒါပေမဲ့ မဖွယ်မရာကိစ္စတွေ ဖြစ်အပြီးမှာတော့ သူ့ရဲ့ရေကူးဆရာမဖြစ်သူကလည်းသူ့ကိုအမေရိကန်ကိုမလွှတ်‌တော့ဘဲ ရေကူးအဖွဲ့ကနေပါ နှင်ထုတ်ပါတော့တယ်။စိတ်ဓာတ်ကျစရာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ပိုင်လင်တစ်ယောက်ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပါတော့တယ် ။ ဆရာမဖြစ်သူကလည်း တပည့်ဖြစ်သူ suicide လုပ်သွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီးတချိန်လုံးအပြစ်ရှိသလိုခံစားနေရပြီး စိတ်ချောက်ခြားနေတော့သရဲခြောက်ခံရသလိုဖြစ်လာပါတယ် ။ ဒါနဲ့သူ့သူငယ်ချင်းကိုပြောပြလိုက်တဲ့အချိန်မှာ သူငယ်ချင်းက ကုမန်ထိုလို့ခေါ်တဲ့ရွှေရောင်ရုပ်ထုလေးကို အိမ်မှာကိုးကွယ်ဖို့ပြောလိုက်တဲ့အချိန်ကနေစပြီးအိမ်မှာထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာပါတော့တယ်
...

She Dao Ren (2024) ⭐TMDB: 80% User Score 🎬 #Action #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 23 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းကြီးကျောက်ကျုံးကို ထူးဆန်းတဲ့ဓားငှားသူတစ်ယောက်ကကျန့်လူဓားကိုငှားပေးခဲ့ရာက ကံကြမ္မာတစ်ဆစ်ချိုးပြောင်းလဲပြီးကျင့်ပြည်ထောင်ကိုပါ ထူထောင်ခဲ့ပါတယ် ။ဒါပေမဲ့ ဓားငှားသူဓားပြန်လာသိမ်းတဲ့အချိန်မှာပဲကျင့်ပြည်ထောင်ကပျက်သုဉ်းသွားခဲ့ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ဓားငှားသူဟာနဉ်ယိုချူးလို့ခေါ်တဲ့သူတစ်ယောက်ကိုဓားငှားပေးခဲ့ပြီးရန်သူကိုသတ်စေခဲ့ပြီး ကံကြမ္မာပြောင်းလဲကာသိုင်းလောကတခွင်ကျန့်ခွမ်းဆိုတဲ့နာမည်ကြီးလာခဲ့ပါတယ်။ ဒါပေမဲ့ ဓားငှားသူက ဓားလာသိမ်းတဲ့အချိန် နဉ်ယိုချူးက ပြန်မပေးခဲ့ပါဘူးဒီလိုနဲ့ ဓားငှားသူက ဓားကိုတောင်းတဲ့အချိန်မပေးရင်တစ်နေ့နေ့ကျ အဲဒီဓားက မင်းချစ်ရတဲ့သူကိုပြန်သတ်လိမ့်မယ်လို့ပြောသွားခဲ့ပါတယ် ။ ဇာတ်ကားထဲမှာတော့ ဒီကျိန်စာတကယ်ဖြစ်လာတဲ့အခါနဉ့်ယိုချူးဘဝဘယ်လိုတွေပြောင်းလဲလာမလဲ ?ဘယ်လိုအခက်အခဲတွေနဲ့ သူ့ဘဝဘယ်လိုဖြစ်သွားမလဲဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်
...

Biyaheng Langit (2000) ⭐TMDB: 20% User Score 🎬 #Action #Drama #Romance 🗓 2000 🎞 movie 🌎 #Philippines ⏰ 1 နာရီ 43 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခေတ်ပေါ်ဇာတ်ကားတွေနဲ့ငြီးငွေ့နေကြပြီဆိုရင် အဟောင်းထဲကအကောင်း ဂန္ဓဝင်စာရင်းဝင်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဘဲရ်ဆိုတဲ့ မိန်းမလှလေးဟာလူလတ်တန်းလွှာအသိုင်းအဝိုင်းကလာပြီးလက်ရှိအချိန်မှာတော့ သူ့မိခင်ဖြစ်သူရှိရာအမေရိကားကိုလိုက်သွားဖို့ငွေလိုနေပါတယ်။အဲ့ဒီအတွက် အဘွားဖြစ်သူကျက်စားတတ်တဲ့ ကတ်စီနိုတွေဆီလိုက်သွားရာကနေအတုမြင်အတတ်သင်ပြီးလောင်းကစားနဲ့ငွေရှာဖို့အကြံရလာခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဒန်နီဆိုတဲ့လူရှုပ်လေးတစ်ယောက်နဲ့ဆုံခဲ့မိတာပါ။ဒန်နီဟာရထားလမ်းဘေးကပျံကျရပ်ကွက်မှာနေပြီးသူ့ဇစ်မြစ်ကိုလည်း ဘယ်သူမှမသိကြပါဘူး။လတ်တလောမှာလည်းသူတို့မြို့ရဲ့လောင်းကစားဝိုင်းတွေကိုအပိုင်ကိုင်ထားတဲ့ဂန်းစတားတစ်ယောက်ဆီမှာဆက်ကြေးကောက်တဲ့အလုပ်လုပ်နေတာပါ။ဘဲရ်နဲ့ဒန်နီနှစ်ယောက်ပေါင်းပြီးကံကိုစမ်းဖို့ကြံခဲ့ပေမယ့် ကံတရားက သူတို့ဘက်မပါပဲအကြွေးမတင်သင့်တဲ့လူတွေဆီမှာအကြွေးတင်သွားခဲ့တဲ့နောက်တော့ နောက်ဆက်တွဲတွေကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ကြမ်းတမ်းတဲ့အချစ်နယ်လွန်ခန်းတစ်ချို့ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။BIYAHENG LANGIT ဟာသူ့ခေတ်သူ့အခါကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အဲ့ဒီခုနှစ်ဖိလစ်ပိုင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုကြီးခြောက်ဆုရရှိထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Sunlight Jr. (2013) ⭐IMDB: 5.6/10 (3 k Votes) 🎬 #Drama 🗓 2013 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မလီဆာနဲ့ရစ်ချီတို့ဟာ လက်မထပ်ပဲအတူနေချစ်သူတွေဖြစ်ပြီးအညံ့စားမိုတယ်လေးတစ်ခုမှာငှားနေကြပါတယ်။မလီဆာက စတိုးဆိုင်အရောင်းစာရေးလုပ်ပြီး ရစ်ချီကတော့ မတော်တဆမှုကြောင့် ဘီးတပ်ကုလားထိုင်ကမထနိုင်ပဲတောက်တိုမယ်ရပစ္စည်းလေးတွေပြင်တာ၊အစိုးရကပေးတဲ့ မသန်စွမ်းထောက်ပံ့ကြေးလေးတွေနဲ့ရပ်တည်နေရတာပါ။မလီဆာကိုယ်ဝန်ရှိလာချိန်မှာတော့ ရောက်လာမယ့်ရင်သွေးလေးအတွက် နှစ်ယောက်သားအပျော်ကြီးပျော်နေခဲ့ပေမယ့်ယိုင်နဲ့နဲ့သူတို့ဘ၀လေးကို ပြိုလဲစေမယ့် ဖြစ်ရပ်တွေကြုံလာရတဲ့အခါ..။Naomi Watts နဲ့ Matt Dillon တို့လိုထိပ်သီးသရုပ်ဆောင်ကြီးတွေအပြိုင်ကြဲထားတဲ့ ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.35GB)/(640MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

Amazon Jail (1982) ⭐TMDB: 40% User Score 🎬 #Adult #Thriller #Adventure #Action 🗓 1982 🎞 movie 🌎 #Brazil ⏰ 1 နာရီ 34 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 80,90 ခုနှစ်တွေဆီက ကာလသားတွေကြားမှာရေပန်းစားတဲ့ မိန်းမထောင်ကားလို့ သညာပြုကြတဲ့ ဇာတ်ကားမျိုးတစ်ကားဖြစ်ပါတယ်။အက်ဂါဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကမ္ဘာအနှံ့က မိန်းမချောတွေကို ဝင်ငွေကောင်း၊သက်သာတဲ့အလုပ်ရမယ်လို့ဆွယ်ပြီးတကယ်တမ်းမှာတော့ သူဌေးကြီးတွေကို လိင်ကျွန်အဖြစ်နဲ့ရောင်းစားနေတာပါ။ သူဌေးကြီးတွေက မိန်းကလေးတွေကိုရောင်းကုန်ပစ္စည်းလို လာမရွေးခင် စပ်ကြား သူတို့ကိုတောနက်ထဲမှာ လှောင်အိမ်ထဲထည့်လှောင်ထားလေ့ရှိပါတယ်။အဲ့ဒီထဲကမှ မိမိကိုယ်ကိုလိင်ကျွန်အဖြစ်မခံနိုင်တဲ့ မိန်းကလေးတစ်စုဟာ ဒီလက်နက်ကိုင်တွေရန်က လွတ်မြောက်အောင်ထွက်ပြေးရင်း တောနက်ထဲက အန္တရာယ်တွေကိုပါရင်ဆိုင်ကျော်လွှားကြပုံကို အဖော်အချွတ်တွေ ဖောဖောသီသီနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ကြည့်ရကျိုးနပ်အောင်ကိုကြမ်းပါတယ်။ခံစားကြည့်ကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

The Missing (2023) ⭐IMDB: 7.3/10 (217 Votes) 🎬 #Animation #SciFi #Drama #ScienceFiction 🗓 2023 🎞 movie 🌎 #Philippines #Thailand ⏰ 1 နာရီ 31 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Ek Kori Prem Katha (2024) ⭐IMDB: 6.8/10 (3 k Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ek Kori Prem Katha 2024 ရှေးရိုးစွဲရွာကခေတ်သစ်သမီးပျို IMDb – 6.1/10 ခုခေတ်မှာ virginityက ဘဝကြီးမဟုတ်ဘူးဆိုပြီး ပြောနေကြပေမဲ့ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာထက်ပိုတဲ့နေရာမှာတော့virgin serious တွေရှိနေဆဲပါပဲ။ အခုဒီရုပ်ရှင်လေးကတော့ အပျိုရည်ကိုရွှေလိုသဘောထားပြီး မိန်းမတွေကိုနှိပ်ကွပ်တတ်တဲ့ရွာကလေးကို ဇာတ်အိမ်တည်ရိုက်ထားတာပါ။ ဒီရွာလေးမှာ Koriဆိုတဲ့ အစဉ်အလာတစ်ခုကို မင်္ဂလာဦးညမှာ လုပ်လေ့ရှိပါတယ်။ရိုးရှင်းအောင်ပြောရရင် အပျိုစစ်ရင် မင်္ဂလာဦးညမှာ အတူနေပြီးရင် သွေးစွန်းရမယ် ဘာညာလေးတွေပေါ့။အကယ်၍ သွေးမထွက်ခဲ့ရင်တော့ သတို့သမီးဘက်က ရာမာယနထဲကသီတာလို‌မီးပေါ်ဖြတ်လျှောက်လို့ သန့်စင်မှုကို သက်သေပြခိုင်းပါသတဲ့။ ဒါပေမဲ့ လက်တွေ့ဘဝကြီးဟာ ရာမာယနဇာတ်မဟုတ်သလို သတို့သမီးလေးတွေလည်းသီတာမဟုတ်တဲ့ သာမန်သွေးနဲ့သားနဲ့လူသားဆိုတော့ မင်္ဂလာဦးညမှာသွေးမထွက်တာနဲ့ ဒီမိန်းက‌လေးဘဝပျက်ပြီဆိုတာ အစဉ်အလာကြီးဖြစ်နေတော့တာပေါ့။ ဒီလို ရှေးရိုးစွဲရွာမှာ ဆိုင်ကယ်ကို ခပ်မိုက်မိုက်မောင်းတတ်တဲ့ ဆဘ်ဟရာတာဆိုတဲ့မိန်းကလေးတစ်ယောက်ရှိပါသတဲ့။ ခပ်မိုက်မိုက်နေတတ်သူပီပီ ရှေးရိုးတွေဘာတွေသိပ်ဂရုမစိုက်တတ်တဲ့သူတစ်ယောက် ရွာအကြီးအကဲရဲ့သား လဒ်ဒူနဲ့မှ မေတ္တာမျှမိလေတော့…… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ KKKZတို့ပဲဖြစ်ပါတယ်)
...

Devil in the Flesh (1986) ⭐TMDB: 58% User Score 🎬 #Adult #Drama #Romance 🗓 1986 🎞 movie 🌎 #France #Italy ⏰ 1 နာရီ 55 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Devil in the Flesh (1986) Diavolo in corpo ဒီဇာတ်ကားကတော့ အီတလီ ရိုမန့်ဒရမ်မာရုပ်ရှင်ကားဖြစ်ပါတယ်။ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ အီတလီရဲ့အချောအလှ မင်းသမီး Rose McGowan နဲ့ မင်းသား Alex McArthur တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့…. စီနီယာ အထက်တန်းကျောင်းသားဖြစ်တဲ့ Andrea ဆိုတဲ့ကောင်လေးဟာ Guilia ဆိုတဲ့ မမကြီးတစ်ယောက်ကို ကျောင်းပြတင်းပေါက်ကနေတွေ့ပြီး စွဲလမ်းသွားခဲ့တယ်။ Guilia မှာက ထောင်ကျနေတဲ့ခင်ပွန်းသည်ရှိပြီး Andrea နဲ့ သူမတို့ဟာ ဘာဘာညာညာဇာတ်လမ်းတွေဆက်ဖြစ်ဖို့ တာစူနေကြပါတယ်။ ထူးဆန်းတာက Guilia ဟာ စိတ်ရောဂါဝေဒနာခံစားရနေသူတစ်ယောက်ပါ။ သူမကို ကုသပေးနေတဲ့ ဆရာဝန်က Andrea ရဲ့အဖေဖြစ်နေပါတယ်။ မကြာခင်မှာပဲ Guilia နဲ့ Andrea တို့ရဲ့ ဆက်ဆံရေးကို Andrea ရဲ့အဖေဖြစ်သူက ရိပ်မိသွားတဲ့အပြင် Guilia ရဲ့ခင်ပွန်းဆိုသူပါ ထောင်ကလွတ်လာတော့မယ်ဆိုတော့ကာ… သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကြီးဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ……..။ (Dark Side Production မှ တင်ဆက်သည်။)
...

Hostage (2005) ⭐TMDB: 63% User Score 🎬 #Adult #Action #Crime #Drama #Thriller 🗓 2005 🎞 movie 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ မင်းသားကြီး Bruce Willis ကို နာမည်ကြီး လာစေတဲ့ ကားတွေထဲက တစ်ကားပါပဲ ဒီကားထဲမှာလည်း သူရဲ့ သရုပ်ဆောင်နေကျ ဇာတ်ကောင်အတိုင်း အမှု့စစ်ရဲအရာရှိဟောင်း တစ်ယောက် အဖြစ်ပါ၀င်ထားပါတယ် ဇာတ်လမ်းကတော့ မိသားစုတစ်စု ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး သူကိုယ်တိုင်က ရဲမှုးဟောင်းဆိုတော့ အရှုပ်အရှင်းကြားထဲ ၀င်ပါမိတာပေါ ့ အဲ့ကနေ ဇာတ်လမ်းစတာပါပဲ… သူ့မိသားစုကိုပါ လူဆိုးတွေက ပြန်ပေးဆွဲသွားတဲ့နောက် …. သူ့အနေနဲ့ မိသားစုကို ကယ်မလား မသိတဲ့သူစိမ်းတွေကို ကယ်မလား… ခပ်မိုက်မိုက်လေးကြည့်ရှု့ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Pompeii (2014) ⭐IMDB: 5.5/10 (117 k Votes) 🎬 #Action #Adventure #History #Romance #Drama 🗓 2014 🎞 movie 🌎 #Canada #Germany #UnitedStates #UnitedKingdom ⏰ 1 နာရီ 46 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pompeii (2014)Genre – Action, Adventure, Romance, History 79 CE လောက်မှာ အီတလီနိုင်ငံက ရိုမန်အင်ပါယာလက်အောက် မြို့တော် Pompeii ဟာ အနားမှာ တည်ရှိတဲ့ မီးတောင် Mount Visuvius ရုတ်တရက် ပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ၁၆ ရာစုနှောင်းပိုင်း ပြန်လည်ရှာဖွေဖော်ထုတ်ထားခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန် အကြောင်းတစ်ခုပါ။ ဒီဇာတ်ကားလေးကတော့ Resident Evil ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Paul WS Anderson တစ်ယောက် ဒီ ဖြစ်ရပ်မှန်ကို ကိုးကားထည့်သွင်းပြီး ပြည်သူ့အချစ်တော် GOT က Jon Snow သရုပ်ဆောင်ဖြစ်တဲ့ Kit Harington ကို ခေါင်းဆောင်တင်ကာ ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အချစ် စွန့်စားခန်း ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပျက်စီးခြစားမှုတွေနဲ့ ရိုမန်လက်အောက်ခံခေတ် Pompeii မြို့က Gladiator လေး Milo ဟာ မျိုးရိုးမြင့်မိသားစုက ကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိဘဖြစ်သူတွေက ရိုမန်အမတ်ဆိုးတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ စီစဉ်နေတဲ့အချိန် အနားက မီးတောင်ကြီးကလည်း ရုတ်တရက် ထပေါက်ကွဲတဲ့အချိန် Milo တစ်ယောက် ချစ်သူလေးကို သူစိမ်းလက်မရောက်အောင် မီးတောင်ပေါက်တဲ့ကြားကနေ စွန့်စားမှုတွေ ပြုလုပ်သွားရမှာကို စိတ်ဝင်စားစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ Sucker Punch ရုပ်ရှင်ထဲက ချစ်စရာလည်းကောင်း သောက်ရမ်းလည်း ကြမ်းတဲ့ Baby Doll မင်းသမီးလေး Emily Browning လေးပဲ ပါဝင်ထားပါသေးတယ်။
...

Mulan: Rise of a Warrior (2009) ⭐TMDB: 74% User Score 🎬 #Action #Adventure #Drama 🗓 2009 🎞 movie 🌎 #China #USA #HongKong ⏰ 1 နာရီ 55 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ မူလန်ဇာတ်ကားဟာ 1998 ကထွက်ရှိထားခဲ့တဲ့ Walt Disney က Mulan Animation ဇာတ်ကားနဲ့မတူတဲ့ဖန်တီးချက်တွေနဲ့ တင်ဆက်ထားတာပါ။… နေမကောင်းတဲ့နေတဲ့ဖခင်ရဲ့ကိုယ်စားအတွက် သမီးဖြစ်သူဟွားမူလန်က စစ်မှုထမ်းဖို့အတွက်ယောကျာၤးလေးအယောင်ဆောင်ပြီးစစ်ထဲကိုဝင်ခဲ့ရပါတယ်… ကိုယ်ခံအားကောင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ မူလန်ဟာတပ်ကိုဦးဆောင်နိုင်ရုံမကပဲ တရုတ်သမိုင်းတစ်လျောက်မှာအကျော်ကြားဆုံး မိန်းကလေးစစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ရပါတယ်… တိုက်ပွဲတိုင်းမှာအောင်နိုင်ခဲ့ပေမယ့် ပင်ကိုယ်အခံကမိန်းကလေးဖြစ်နေသောကြောင့် သနားကြင်နာတတ်တဲ့စိတ်နဲ့အကြောက်တရားဟာ သူမအတွက်အားနည်းချက်တစ်ခုလိုဖြစ်လာခဲ့ရပါတယ်… တစ်ခုသောတိုက်ပွဲမှာသူမအားထားရတဲ့ ညီအစ်ကိုတွေကိုဆုံးရှုံးလိုက်ရတဲ့အခါ သူမအတွက်အကြီးမားဆုံးထိုးနှက်ချက်တစ်ခုလိုဖြစ်လာခဲ့ရပါတော့တယ်… ဒီကားရဲ့ အဓိကဇာတ်ကောင် မူလန်နေရာမှာ တရုတ်နိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Zhao Wei ကသရုပ်ဆောင်ထားပါတယ်… ဒီဇာတ်ကားနဲ့ မင်းသမီး Zhao Wei ဟာ 10th Changchun Film Festival : Actress Award 300th Hundred Flowers Award : Best Picture Award & Best Actress Award 19th Shanghai Film Critics Award : Best Actress Award Vietnam DAN Movie Awards : Favorite Actress Award စတဲ့ဆုတို့ကို ရရှိခဲ့ပါတယ်… Rating 6.8 ရရှိထားပြီး တရုတ်နိုင်ငံအမျိုးသမီးစစ်သူကြီးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ Mulan 2009 ဟာတရုတ်ပြည်သူများအပြင်တခြားနိုင်ငံကလူများကပါ အထူးနှစ်သက်ခဲ့ကြတဲ့တရုတ်အက်ရှင်ကားကောင်းတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်
...

Daddysitter (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 1 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာယာနဲ့အီသန်တို့က မိဘမဲ့မောင်နှမဖြစ်ပြီး မာယာကပဲ အချိန်ပိုင်းသူနာပြုအလုပ်နဲ့ကျောင်းတက်နေဆဲအီသန်ကိုရော စားဝတ်နေရေးအတွက်ပါ ငွေရှာနေရတာပါ။ဒီဘ၀ကနေရုန်းထွက်ဖို့အတွက် ကျောင်းပြီးအောင်ပညာဆက်သင်ပြီးနိုင်ငံခြားမှာအခြေချဖို့စိတ်ကူးတွေအတွက် သူ့မှာငွေလိုနေပါတယ်။ သူ့အခက်အခဲကိုသိတဲ့သူငယ်ချင်းဖြစ်သူရဲ့လမ်းကြောင်းပေးမှုနဲ့ မာယာတစ်ယောက် ပုံမှန်မဟုတ်တဲ့အလုပ်တစ်ခုကိုလက်ခံလိုက်မိပါတယ်။ အဲ့ဒါကတော့ ဒက်ဒီအထိန်းတော်-ဆိုတဲ့အလုပ်ပါပဲ။ဖခင်အရွယ်ငွေလျှံပြီး ကျန်းမာရေးချို့တဲ့တဲ့ သူဌေးကြီးတွေကိုအနီးကပ်ပြုစုစောင့်ရှောက်ရင်းလိုအပ်ရင် ခန္ဓာကိုယ်ပါ ပေးရတဲ့အလုပ်ပါ။ သူပထမဆုံးလက်ခံမိတဲ့ မာရီယန်နိုဆိုတဲ့သူဌေးကြီးဟာ သူ့ကိုမြင်မြင်ချင်းစွဲလန်းမိသွားချိန်မှာတော့ မာယာတစ်ယောက် ရှေ့ဆက်ဆုံးဖြတ်ဖို့အခက်တွေ့လာပါတော့တယ်။Pantaxa Laiya ပြိုင်ပွဲဝင်ဟောင်း Apple Dy နဲ့ တက်သစ်စမင်းသမီးလေး Mia Cruz တို့ခေါင်းဆောင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Ithuvare (2024) ⭐ - 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ithuvare 2024 အနိုင်အရှုံး Imdb 8.4သဘာဝပတ်ဝန်းကျင်ကောင်းမှ စားဝတ်နေရေးတွေအဆင်ပြေပြီး ကျန်းမာရေးကောင်းကောင်းနဲ့ကျရာတာဝန်ကိုထမ်းဆောင်နိုင်မှာမဟုတ်ပါလား သတိမထားမိတတ်ပေမဲ့ သ‌ဘာဝပတ်ဝန်းကျင်ကြီးကျန်းမာဖို့ကအရေးအကြီးဆုံးပါပဲလေထုညစ်ညမ်းတာ ကမ္ဘာကြီးပူနွေးလာတာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ကြရတာပဲမဟုတ်လား စွန့်ပစ်အမှိုက်မီးရှို့စက်ရုံကနေထွက်လာတဲ့အနံ့ဆိုးတွေကြောင့်ပြည်သူတွေမှာအလူးအလဲခံစားနေကြရတယ် မိုင်အတော်ကွာဝေးတဲ့အိမ်တွေ ရုံးတွေမှာတောင်မက်စ်ချွတ်ရင်မနေနိုင်လောက်တဲ့အထိ ပြတင်းပေါက်တွေအကုန် တံခါးမကြီးတွေပိတ်ထားရင်တောင်ဒီအနံ့ဆိုးကပျံ့နှံ့နေဆဲပါပဲ ညစ်ညမ်းလေရှုရှိုက်မိရင်း ချောင်းဆိုးနာတာရှည်လို့ဆေးခန်းပြေးကြရသူတွေလည်း များလာခဲ့တယ် အဝေးကလူတွေတောင် ဒီလိုအခြေအနေဆိုတော့စက်ရုံနားနေတဲ့လူတွေဘဝက ဆိုးဝါးနေတာပေါ့ ဒီတော့ပြောင်းတဲ့လူကပြောင်း ရွှေ့တဲ့လူကရွှေ့နဲ့ စွန့်ခွာသူအရေအတွက်ကပိုများလာခဲ့တယ်ဒီလိုဖြစ်ရပ်မျိုး လွန်ခဲ့တဲ့၃နှစ်ကကြုံဖူးလို့ဆန္ဒပြခဲ့ကြပေမဲ့ မအောင်မြင်ခဲ့တာလည်းရှိခဲ့ဖူးတာကိုးပြောင်းတဲ့လူများလာတော့ ရွာသူကြီးကမနေနိုင်တော့လို့ အကုန်အစည်းအဝေးခေါ်ပြီးဒီတစ်ခါတော့အင်တိုက်အားတိုက် ဆန္ဒပြဖို့ဆုံးဖြတ်ကြပါတော့တယ် ဒီတစ်ခါရော တရားရုံးထိတက်ပြီးအောင်မြင်နိုင်မလားကိုယ့်ဌာနေကိုမစွန့်ခွာဘဲအဆင်ပြေနိုင်ကြမလားဆိုတာကိုတော့… ( အညွှန်းကို Yunni ကရေးသား‌ထားပြီးဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex ~ KKKZ တို့ပဲဖြစ်ပါတယ်
...

Paradise (2024) ⭐TMDB: 90% User Score 🎬 #Bollywood #Drama #Crime 🗓 2024 🎞 movie 🌎 #India #SriLanka ⏰ 1 နာရီ 35 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paradise (2024) ကောင်းကင်ဘုံခရီး IMDb-8.1/10 ငါးနှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် သီရိလင်္ကာကို ခရီးထွက်လာကြတဲ့ အိန္ဒိယကချစ်သူစုံတွဲရာမ ၊ရာဝဏဇာတ်တော်လာ စာပေတွေသမိုင်းတွေနဲ့ အေးချမ်းတဲ့ရာသီဥတု စိမ်းစိုတဲ့ပတ်ဝန်းကျင်တွေကြားချစ်သူနှစ်ယောက်ရဲ့အချစ်တွေနဲ့ အရာရာဟာလှပနေခဲ့တယ် အချိုပေါ်သကာလောင်းသလို သူတို့အနှစ်နှစ်အလလကကြိုးစားလာတဲ့အရာတစ်ခုကလည်း ‌အကောင်အထည်ပေါ်အောင်မြင်လာတယ်သူတို့ရဲ့ရိုက်ကူးထုတ်လုပ်ရေးအတွက် Netflix ကနေ တရားဝင်ထောက်ပံ့ကြေးရလိုက်တာပဲ ဆန္ဒပြပွဲတွေ မတည်မငြိမ်တွေဖြစ်နေတဲ့အရပ်မှာ ခရီးစဉ်အဆုံးထိအေးချမ်းပျော်ရွှင်နိုင်မလား လက်တွေ့ခရီးရော ဘဝခရီးရောမှာ ကောင်းကင်ဘုံလိုအိပ်မက်တွေပြည့်ဝပျော်ရွှင်ဖို့ ထင်သလောက်လွယ်ကူနေမလားဘယ်လိုအနှောင့်အယှက်တွေကြား ရင်ဆိုင်ရုန်းကန်ရဦးမလဲ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်
...

Bharathanatyam (2024) ⭐IMDB: 7.5/10 (2 k Votes) 🎬 #Bollywood #Comedy #Thriller #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bharathanatyam (2024)“ဒါရိုက်တာ” တေလဂူး မဆလာ ဟာသရုပ်ရှင်လေးကိုပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ရာဂျာဆိုတာ လက်ထောက်ဒါရိုက်တာအဖြစ် လေးနှစ်လုပ်ကိုင်ခဲ့ပြီးကိုယ်တိုင်ရုပ်ရှင်ရိုက်ဖို့ ပရိုဂျူဆာတွေ လိုက်ကမ်းလှမ်းနေရတဲ့လူ ။ သူ့ကောင်မလေးကိုတောင် မုန့်ဝယ်မကျွေးနိုင်၊ သူ့ဇာတ်ညွှန်းကလည်းထုတ်လုပ်သူတိုင်းက ဟိုဟာဖြစ်တယ် ဒီဟာမပါဘူးဆိုပြီး ပယ်ချခံရတယ် အစစအရာရာ ကံဆိုးနေတဲ့ ရာဂျာတစ်ယောက် တစ်နေ့မှာ ဘဝအလှည့်အပြောင်းတစ်ခုကြုံရပြီးမြေအောက်ဒုစရိုက်လောကနဲ့ ပတ်သက်ဆက်နွယ်မိသွားတဲ့အခါ အန္တရာယ်များတဲ့အခြေအနေတွေကနေ ဒုစရိုက်သားတွေကို ဘယ်လိုကွက်ကျော်ရိုက်ပြီး ရှောင်တိမ်းမှာလဲ ရုပ်ရှင်ဆိုတာ ကမ္ဘာပေါ်မှာ အလှပဆုံးလိမ်လည်မှုပဲ ဆိုတဲ့စကားအတိုင်းအရှုပ်အထွေးများကြားမှာ လွတ်မြောက်အောင်ကြိုးစားပုံကိုပရိသတ်အကြိုက် မြူမြူးကြွကြွလေး တင်ဆက်ထားတာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Bulletproof Monk (2003) ⭐TMDB: 55% User Score 🎬 #Action #Comedy #Fantasy 🗓 2003 🎞 movie 🌎 #Canada #USA #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှင်ကားလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်သဘောကျမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ဒုတိယကမ္ဘာစစ်တွင်းမှာ တိဘတ်တောင်တန်းပေါ်မှာ အနန္တစွမ်းအင်တွေရနိုင်မယ့်ပေလိတ်ကိုစောင့်ရှောက်တဲ့ဘုန်းကြီးတွေနေထိုင်ပြီးအနှစ်၆၀တစ်ခါ စောင့်ရှောက်သူလွှဲပြောင်းပါတယ် နာဇီစစ်ဗိုလ်တစ်ယောက်ဟာအဲ့ဒီစွမ်းအင်ကိုတပ်မက်လွန်းလို့ အနှစ်၆၀တိုင်တိုင်ဇွဲကြီးကြီးနဲ့လိုက်နေပါတယ် နာဇီရဲ့အကြံကတော့သူစွမ်းအားတွေရရင်နိမ့်ကျတယ်လို့သူယူဆရဲ့တဲ့လူမျိုးစုတွေ အပြတ်ရှင်းပြစ်ပြီးသူ့စိတ်တိုင်းကျကမ္ဘာတည်ထောင်မှာဖြစ်ပါတယ် ဒါကိုကာကွယ်ဖို့ဘုန်ကြီးဟာအနှစ်၆၀ထွက်ပြေးရင် နှစ်၆၀ပြည့်တဲ့အချိန်မှာဘယ်သူ့ကိုစောင့်ရှောက်သူအဖြစ်လွှဲအပ်မလဲ နာဇီစစ်ဗိုလ်ကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ပေါ့ပေါ့ပါးပါးအက်ရှင်ကားကောင်းတစ်ကားအနေနဲ့ကြည့်ရမှာပါ ပေလိတ်ကိုစောင့်ရှောက်သူဘုန်းကြီးအဖြစ်Chow Yun Fatကပါဝင်သရုပ်ဆောင်ထားပါတယ်
...