ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
I Thought My Husband's Wife Was Dead (2024) ⭐IMDB: 5.8/10 (200 Votes) 🎬 #Mystery #Thriller #Drama #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I thought my husband’s wife is dead 2024 ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ survival thrillerဆန်ဆန်ဇာတ်ကားလေးပါပဲ။ ထူးထူးခြားခြား တစ်ကားလုံး အာဖရိကန်အမေရိကန်သရုပ်ဆောင်တွေပဲ အဓိကဇာတ်ဆောင်နေရာတွေကပါဝင်ထားကြတဲ့ အင်ဒီဇာတ်ကားလေးပါ။… ဇာတ်လမ်းအကျဉ်းကတော့ ခေါင်းစဉ်ထဲကလိုပါပဲလေလာနဲ့လီယိုက အောင်မြင်တဲ့ဘဝနဲ့စုံတွဲလေးပါသူတို့နှစ်ယောက်ရဲ့ဘဝထဲကို ခင်ပွန်းရဲ့သေပြီလို့ယူဆထားတဲ့ ဇနီးဟောင်း ဗစ်ကီကရုတ်တရက်ပေါ်လာတဲ့အခါမှာသုံးပွင့်ဆိုင်ဇာတ်ရှုပ်ကြီးကို ပရိသတ်ကြီးပဲအဖြေတွေကိုယ်တိုင်သိနိုင်ဖို့ ကြည့်ရှုလိုက်ကြပါလို့ ညွှန်းဆိုပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Lynn ပဲ ဖြစ်ပါတယ်...
Preparations for a Miracle (2024) ⭐IMDB: 8.2/10 (11 Votes) 🎬 #Documentary #ScienceFiction #Drama 🗓 2024 🎞 movie 🌎 #Switzerland #Germany ⏰ 1 နာရီ 29 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Preparations for a Miracle (2024) IMDb Rating (8.2) “Preparation for a miracle” က Tobias Nölle ရိုက်ကူးခဲ့တဲ့ contemporary science fiction ဖြစ်ပြီး IMDB 8.2/10 ရရှိထားတဲ့ ဂျာမဏီဘာသာစကား အခြေစိုက် Switzerland နဲ့ Germany တွဲဖက်ထုတ်လုပ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Science fiction နဲ့ documentary ပုံစံ နှစ်ခုရောထားပြီး ထူးခြားတဲ့ ဇာတ်ကြောင်းပြောကြားမှု၊ Visual ကောင်းကောင်းနဲ့ အဓိက theme တွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ နည်းပညာအပေါ် လေးနက်တဲ့ထင်ဟပ်မှုတွေဖြစ်ပေါ်အောင် ရိုက်ကူးတင်ပြထားပါတယ်။ Plot summary: အနာဂတ်က လူသားသွင်ပြင်ပုံသဏ္ဌာန်နဲ့ Android တစ်ခုက ဘုရင်ကြီးရဲ့အသံကိုဖမ်းဖို့ 2022 ခုနှစ်ကို အချိန်ခရီးသွားလာခဲ့တယ်။ သူ့ရဲ့မစ်ရှင်ကတော့ သူတို့စက်တွေရဲ့ ဖြစ်တည်မှုမေးခွန်းတွေအားလုံးအတွက် အဖြေကို ထောက်ပံ့ပေးနိုင်မယ်လို့ယုံကြည်တဲ့ လူသားဘုရင်ကြီးရဲ့ လှပတဲ့အသံကို သွင်းယူပြီး အနာဂတ်ကို ပြန်လာခဲ့ဖို့ပါပဲ။ ဒီလိုနဲ့ ဘုရင်ကြီးကို တစ်ခါမှမမြင်ဖူးတဲ့ Android ဟာ စက်ရုပ်တွေနဲ့ ပြောဆိုမေးမြန်းပြီး လူသားတွေကြား အူကြောင်ကြောင်ရောထွေးနေထိုင်ကာ ဘုရင်ကြီးကိုတွေ့ဖို့ ကြိုးစားရင်း သူနားမလည်တဲ့ အတိတ်က လူသားတွေနဲ့ စက်ပစ္စည်းတွေရဲ့ အခြေအနေတွေကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
The Blackcoat's Daughter (2015) ⭐IMDB: 5.9/10 (29 k Votes) 🎬 #Horror #Mystery #Thriller #Uncategorized 🗓 2015 🎞 movie 🌎 #Canada #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 American Horror Story/Scream Queen တို့နဲ့လူသိများပြီး Horror Princess လို့တောင်တင်စားခံရတဲ့ မင်းသမီး Emma Robertsရယ်၊ မကြာသေးမီက ထွက်ရှိထားတဲ့ Red One ဇာတ်ကားထဲက ဗီလိန်မင်းသမီး Kiernan Shipka အပြင် နာမည်ကျော်ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lucy Boyntonတို့ရဲ့ 2015ခုနှစ်ထွက် Horror ရုပ်ရှင်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ အမျိုးသမီးသီးသန့် ကတ်သလစ်ဘော်ဒါကျောင်းတစ်ခုမှာ ဆောင်းရာသီကျောင်းပိတ်ရက်ရောက်တော့ ကျောင်းသူတွေအားလုံး ကိုယ်စီ အိမ်ပြန်ကြရပါတယ်။ ဒါပေမဲ့ ကတ်သရင်းနဲ့ ရို့စ်ဆိုတဲ့ကျောင်းသူလေးနှစ်ယောက်ကတော့ ဘုရားကျောင်းဆစ်စတာတွေနဲ့အတူ ကျောင်းမှာ ကျန်ခဲ့ကြပါတယ်။ ရို့စ်ကတော့ မိဘတွေကိုလာခေါ်ရမဲ့ရက်မှားပြောလိုက်လို့ နောက်ကျနေတာဆိုပေမဲ့ ကတ်သရင်းကတော့ သူမိဘတွေကသူ့ကိုလာမခေါ်တော့ဘူး၊ ကျောင်းမှာပဲနေမယ်လို့ ထူးထူးဆန်းဆန်းတွေပြောလာပါတယ်။ မိဘတွေလာခေါ်မှာကိုစောင့်နေကြရင်း ကတ်သရင်းဟာ တဖြည်းဖြည်းနဲ့ မူမမှန်တော့ဘဲ ခြောက်ခြားစရာကိစ္စတွေ ဖြစ်ပျက်ကုန်ပါတော့တယ်။ တစ်ဖက်မှာလည်း လင်မယားနှစ်ယောက်နဲ့အတူ ကားကြုံလိုက်စီးဖြစ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုလည်း အပြိုင်အနေနဲ့ ပြသထားပါသေးတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အစပိုင်းတော့ “ဘာကြီးမှန်းမသိဘူး”လို့ထင်ကောင်းထင်နိုင်ပေမဲ့ ကြည့်ရင်းနဲ့မှ တဖြည်းဖြည်း ဇာတ်ရည်လည်ပြီး ကြောက်စရာကောင်းလာတာမျိူးပါ။ ကွက်ကွက်ကွင်းကွင်း Jump scares တွေထက် ဒိုင်ယာလော့နည်းနည်းနဲ့ တွေးတွေးပြီးကြောက်နေရမဲ့ slow burn ပုံစံ horrorဇာတ်ကားပါ။ ဘော်ဒါဆောင်မှာ နှစ်ယောက်တည်းကျန်ခဲ့တဲ့ ကောင်မလေးနှစ်ယောက်ရယ်၊ လမ်းမှာကားကြုံလိုက်စီးတဲ့ကောင်မလေးရယ်က ခြောက်ခြားစရာကိစ္စတွေနဲ့ ဘယ်လိုတွေ သက်ဆိုင်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
The Monster (2016) ⭐IMDB: 5.4/10 (20 k Votes) 🎬 #Drama #Fantasy #Horror 🗓 2016 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Monster (2016) က သားအမိနှစ်ယောက် ခရီးသွားရင်း လမ်းမှာကားပျက်ပြီး တောထဲ အကောင်တစ်ကောင်တိုက်ခိုက်တာခံရတဲ့ကားလေးဖြစ်ပါတယ်။ သူက monster horror film တခုဆိုတာထက်ပိုပြီး အမေနဲ့သမီးကြားဆက်နွယ်မှုတို့ ချစ်ခြင်းမေတ္တာတရားကို ပိုနားလည်စေပါတယ်… အရက်စွဲပြီးမူးရူးနေတတ်တဲ့ အမေအဖြစ်ကနေ သမီးတယောက်အသက်ရှင်ဖို့ကြိူးစားနေတဲ့မိခင်တယောက်ဖြစ်သွားတာတွေက အတော်လေးရသမြောက်စေတာပါ ပုံမှန်လေးဖြစ်ရာကနေ ကျောချမ်းစရာ၊ အဲကနေမှ ငိုချင်စရာဖြစ်စေတဲ့ထိ ရသကတော့အစုံပါ။ ဒါမယ့် psychological horror မျိုးလည်းဖြစ်တာကြောင့် တချို့နေရာတွေက နားလည်ရခက်စေပါတယ်… Overall အနေနဲ့ကတော့ horror နဲ့ drama နှစ်မျိုးအရောပါ။ ထိတ်လန့်စရာပါသလို ငိုစရာလည်းကောင်းပါတယ်။ ကြည့်ရတာတော့တန်ပါတယ်။ Rating ပေးရမယ်ဆိုရင်တော့ 6.8/10 ပါရှင်...
Bonhoeffer (2024) ⭐IMDB: 6.3/10 (3 k Votes) 🎬 #Drama #History #War #Biography #Thriller 🗓 2024 🎞 movie 🌎 #Belgium #Ireland ⏰ 2 နာရီ 13 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bonhoeffer: Pastor. Spy. Assassin (2024) IMDb Rating (6.3) / Rotten Tomatoes (64%) ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်မစမှီ စစ်ပွဲအစချီလာတဲ့ ကာလကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဒုတိယကမ္ဘာစစ်ဆိုတာကတော့ ဟစ်တလာရဲ့ ဒိဌိတွေကြားကနေ အစပျိုးလာတာပေါ့။ ဒီဇာတ်လမ်းထဲမှာတော့ ဂျာမနီမှာ ဟစ်တလာ အာဏာရလာပုံကို လူငယ်တစ်ယောက်နဲ့ ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း——————— ဒီထရစ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက အဆော့သန်တဲ့သူပါ။ အစ်ကိုကို အရမ်းချစ်တဲ့ဒီထရစ်ဟာ တစ်နေ့မှာ သူ့အစ်ကို စစ်မှုထမ်းဖို့အကြောင်းဖန်လာတာကိုတွေ့ခဲ့ပါတယ်။ စစ်ပွဲကနေ ပြန်မရောက်လာခဲ့တဲ့ ဒီထရစ်ဟာ သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်ပြီး စစ်ပွဲတွေအကြောင်းကို လေ့လာခဲ့ပါတယ်။ အချိန်အတော်အတန်ကြာသွားတဲ့အချိန်မှာအမေရိကကိုရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ဟစ်တလာတဖြည်းဖြည်းအာဏာရလာတာကိုသိသွားပါတယ်။ ဒီလိုနဲ့ အမေရိကမှာ ခရစ်ယာန်စစ်ဖြစ်သွားပြီး ဂျာမနီကို ပြန်ရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ခရစ်ယာန်ဘာသာကိုတောင် မှားယွင်းတဲ့ဝါဒီကိုဖြန့်ပြီး လွှမ်းမိုးသွားတဲ့ ဟစ်တလာဝါဒကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Parthenope (2024) ⭐TMDB: 70% User Score 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Italy #France ⏰ 2 နာရီ 18 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထုတ်လုပ်ထားတဲ့ဒီရုပ်ရှင်ဟာဆိုရင် အီတလီသူအမျိုးသမီးလေးတစ်ဦးရဲ့ဘ၀အကြောင်းကိုပုံဖော်ရိုက်ကူးထားခြင်းပါ ။ လူတွေကတိုတောင်းတဲ့ဘ၀ကြီးမှာ ငွေ၊ဂုဏ်၊အလှတရားတွေနောက်ကိုသာလိုက်ရင်းကုန်ဆုံးတတ်ကြပါတယ် ။ ပါတဲလိုပီမည်သူအမျိုးသမီးလေးကတော့ အကုန်ပြည့်စုံပေမယ့် ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာအဓိပ္ပာယ်ရှာချင်သူဖြစ်တယ် ။ လှပလွန်းတဲ့ရုပ်ရည်ကြောင့် ချစ်ခင်သူပေါများပေမယ့် တကယ်တမ်းမှာ အထီးကျန်ဆန်လွန်းတဲ့သူ့ဘ၀လေးကို ပါတဲလိုပီတစိယောက်ဖြည်းဖြည်းချင်းအဖြေရှာသွားပုံကို အတူစီးမျောခံစားလိုက်ကြနော် ။ ကြည့်ပြီးပြီဆိုရင် ရင်မှာဟာတာတာကြီးကျန်ခဲ့မယ့်ရုပ်ရှင်မျိုး ၊ မေးခွန်းအများကြီးချန်ထားခဲ့တဲ့အတွေးအခေါ်ရုပ်ရှင်မျိုးတွေကို သဘောကျကြရင်တော့ ဒီကားက အဲ့လူတွေအတွက်ပါပဲ...
Hippopotamus (2018) ⭐IMDB: 5.4/10 (2 k Votes) 🎬 #Drama #Thriller #Horror 🗓 2018 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 17 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မြေအောက် ခန်းတစ်ခန်းမှာ ရူဘီဆိုတဲ့ ကောင်မလေး တစ်ယောက် နိုးလာခဲ့ပါတယ် သူ့ခြေထောက်တွေလည်း လှုပ်မရတော့ဘဲ အဖမ်းခံထားတဲ့ ပုံစံပါပဲ သိပ်မကြာခင်မှာ သူ့ကို ဖမ်းထားတဲ့ သောမတ်ဆိုတဲ့သူက သူ့ကို ပြန်ပေးဆွဲထားတာဖြစ်ကြောင်း ဒူးခေါင်းက ကြွက်သားတွေကိုလည်း ထွက်ပြေးလို့ မရအောင် ဖြတ်ထားပြီးတော့ သူ့ကို ချစ်မလာမချင်း မလွှတ်ပေးဘူးလို့ ပြောလာခဲ့ပါတယ် ဒီလိုနဲ့ အဖမ်းခံရပြီး နေထိုင်လာရင်း သူနဲ့ သောမတ်ရဲ့ အတိတ်က ဆက်ဆံရေးကို ပြန်မှတ်မိလာတဲ့ အခါ သူ့ကို သောမတ်က ဘာလို့ ဖမ်းတာလဲ သူတို့ရဲ့ ပတ်သက်မှုက ဘာတွေလဲ ရူဘီတစ်ယောက် ပြန်လွတ်သွားမှာလား သောမတ်ပြောသလိုပဲ ပြန်ချစ်လာမှာလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်...
Holiday for Hire (2024) ⭐IMDB: 5.8/10 (182 Votes) 🎬 #Romance #Comedy #TVMovie 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Holiday for hire (2024)——————————Genre – RomanceIMDb – 5.8/10 ကေတီဆိုတဲ့ကောင်မလေးက ခရစ်စမတ်ပိတ်ရက်မှာရည်းစားကိုအိမ်နဲ့မိတ်ဆက်ပေးဖိုအတွက်စိတ်လှုပ်ရှားနေခဲ့ပါတယ် ဒါပေမဲ့ခရစ်စမတ်မတိုင်ခင်နေ့မှာတင်ရည်းစားကလမ်းခွဲသွားတဲ့အခါမှာတော့မိသားစုထဲမှာအမြဲတမ်းအတွဲမရှိပဲတစ်ယောက်ထဲပဲဖြစ်နေရတဲ့ကေတီတစ်ယောက် ဟန်ဆောင်ရည်းစားငှားဖိုရာဖြစ်လာပါတော့တယ်...
祝你好运 (2025) ⭐TMDB: 0% User Score 🎬 #Drama 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ CM ကနေတောပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ယနေ့ခေတ်မှာအလုပ်တခုရဖို့အတွက် အင်မတန်မှခက်ခဲလာတဲ့ခေတ်ကြီးထဲဘွဲ့ရခါစတက္ကသိုလ်ကျောင်းသားတွေအတွက်တော့ပိုလို့တောင်ဆိုးရွားနေခဲ့တာပေါ့။ကျန်းသာ့လုံကတော့ ဘွဲ့ရပညာတတ်ဖြစ်ပေမဲ့ဘွဲ့ရခါစဖြစ်တာမို့ကုမ္ပဏီတော်တော်များများကမခန့်ချင်ကြပေမဲ့လည်း ကြိုးစားရှာဖွေနေတဲ့သူပေါ့။ ဒီလိုအဆင်မပြေမှုများလာတဲ့အပြင်မိဘတွေကပါနေ့တိုင်း သူ့ကိုဆူပူကြိမ်းမောင်းလာကြတော့ အဖွားဖြစ်သူကသူ့ကိုကံဆိုတာကိုယ့်ခြေထောက်ပေါ်မှာဖြစ်ကြောင်း အပြင်ထွက်များများလည်သွားခိုင်းကြောင်းဆိုဆုံးမပြီးတော့ကျန်းသာ့လုံလည်းအဖွားစကားအတိုင်းအပြင်ထွက်တဲ့နေ့မှာတင်မထင်မှတ်ပဲမြစ်ဘေးမှာကလေးတစ်ယောက်ရေထဲပြုတ်ကျသွားတာကိုတွေ့တော့ အလျင်အမြန်ကယ်ဆယ်ခဲ့တယ်။ အဲ့အချိန်မှာသတင်းထောက်တစ်ဦးရဲ့ ကမ်းလှမ်းမှုဖြစ်တဲ့ထန်ဖေးကယ်ဆယ်ရေးအဖွဲ့ထဲဝင်ပါဖို့ကမ်းလှမ်းမှုကိုသဘောတူခဲ့ပြီးတဲ့နောက်မှာ ထန်ဖေးကယ်ဆယ်ရေးအဖွဲ့ကသူထင်သလိုလွယ်တဲ့ကိစ္စမဟုတ်သလို သူကြွားလုံးထုတ်ခဲ့သလိုမျိုးမလုပ်နိုင်တော့တဲ့တာသိလိုက်ရတဲ့အပြင်မိဘတွေကပါသူ့ကို အသုံးမကျတဲ့လူအဖြစ်ဆူပူလာကြတွေမျိုးစုံသောဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ကျန်းသာ့လုံတစ်ယောက်ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဒီဇာတ်လမ်းလေးကိုဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင်...
Tropic Thunder (2008) ⭐TMDB: 67% User Score 🎬 #Action #Comedy #Adventure #War 🗓 2008 🎞 movie 🌎 #USA #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tropic Thunder (2008) IMDb Rating (7.1) / Rotten Tomatoes (82%) ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့်တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။ မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr…Night at The Museum မင်းသားကြီး Ben Stiller…ဂါလီဗာ မင်းသားကြီး Jack Black…She’s Out of My League ထဲက Jay Baruchel…မင်းသားကြီး Tom Cruise , Matthew McConaughey …စတဲ့ နာမည်ကြီးမင်းသားတွေပါ ပါဝင်ထားပါသေးတယ်။ နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းကတော့စစ်ကားရိုက်တဲ့ သရုပ်ဆောင်မင်းသားတသိုက် ရိုက်ကွင်းလို့ သူတို့ထင်နေတဲ့နေရာကို ရောက်သွားကြပေမယ့်အဲ့နေရာက တကယ်တော့ ဖုန်းဆိုးမြေဖြစ်ပြီး တကယ်စစ်ဖြစ်နေတဲ့နေရာပါ…ဒီတော့ မင်းသားတွေကလဲ ရုပ်ရှင်ရိုက်နေတယ်ပဲ ထင်နေကြပေမယ့် အပြင်မှာ တကယ်နောင်ဂျိန်ပလေးနေတာကိုမမျှော်လင့်ဘဲ တကယ်ကြုံလိုက်ရတဲ့အခါမှာတော့ဒီသောက်ပြဿနာကြီးထဲကနေလွတ်မြောက်အောင် ဘယ်လိုဖိုက်ကြမလဲဆိုတာ အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ ခွီနေကြရမှာပါ။ မင်းသားကြီး Ben Stiller ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းက အတော်ဂွကျလှတဲ့ ဇာတ်လမ်းဖြစ်ပြီး စဉ်းစဉ်းစားစားရိုက်ကူးတတ်တာကို အသိအမှတ်ပြုရမှာပါ။စိတ်ညစ်စရာတွေကို ခဏတာမေ့ပျောက်သွားဖို့ဆို သရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေ အမှန်အကန်သရုပ်ဆောင်ထားတဲ့ ရုပ်တည်ကြီးနဲ့ ဒီလိုဟာသကားက ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။...
Matt and Mara (2024) ⭐IMDB: 6.5/10 (579 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 21 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Matt And Mara(2024) Friendship romance သူငယ်ချင်းအချစ်ဆိုတာ ဘယ်တော့မဆို အရှူံးကြည့်ပါပဲ သူငယ်ချင်းအချစ်ဆိုတာနဲ့ တစ်ယောက်နဲ့တစ်ယောက်ခွဲလဲမခွဲနိုင်အတူလဲနေလို့မရတဲ့ အချစ်ရဲ့ထောင်ချောက်လို့တောင်ပြောလို့ရတယ်။ Friend Zone ထဲကိုဘယ်တော့မှအရောက်မခံပါနဲ့ သူကလဲကိုယ့်ကိုချစ်နေတယ်။ကိုယ်လဲသူ့ကိုချစ်နေတယ် ဒါပေမဲ့ ချစ်သူမဖြစ်ဘူး။ ဒီလို Friend Zoneထဲပိတ်မိနေတဲ့သူတွေအတွက် Feel ချင်တယ်ဆိုရင်တော့ Matt and Mara ဆိုတဲ့ Romanceဇာတ်ကားလေးကြည့်ပြီး Feel လို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မာရာဆိုတဲ့ကောင်မလေးက စာပေအနှပညာဘက်ကတက္ကသိုလ်ဆရာမလုပ်နေတဲ့သူပါ စာအုပ်တွေမရေးနိုင်ပဲ စာပဲသင်နေရတာပေါ့။ သူကအမြဲသူနဲ့ဉာဏ်ရည်တူ သူလို့ပဲစာအုပ်တွေစိတ်ဝင်စားတဲ့သူနဲ့စကားပြောချင်တာ။ရှိတဲ့သူကျလဲ ဂီတသမားဆိုပေမဲ့ သူရဲ့စာပေတွေကို သူ့သီချင်းတွေလောက်စိတ်မဝင်စားတော့သူ့အတွက်အထီးကျန်နေရတာ ဒါပေမဲ့တစ်နေ့သူ့ငယ်သူငယ်ချင်း မက်ဆိုသူရောက်လာပြီးနောက်ပိုင်းသူပျော်ရွှင်မှုကိုပြန်လည်ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကသူတို့တွေးထားသလောက်မရိုးရှင်းဘူးဆိုတာ သိလာတဲ့နောက်သူတို့ ဘယ်လိုရှေ့ဆက်ကြမလဲ ဘယ်ကံကြမ္မာတွေနဲ့ကြုံရမလဲဆိုတာကိုတော့ကြည့်ရှုအားပေးကြပါဦး...
Ayla: The Daughter of War (2017) ⭐IMDB: 8.2/10 (46 k Votes) 🎬 #Drama #History #War #Biography 🗓 2017 🎞 movie 🌎 #Turkey ⏰ 2 နာရီ 4 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖြစ်ရပ်မှန် စစ်နောက်ခံ ရုပ်ရှင်ကားတစ်ခု တင်ပေးပါရစေ။ Rating 8.2 အထိ ရှိပါတယ်။ တကယ် ခံစားလို့ကောင်းတဲ့ ရုပ်ရှင်လေးပါပဲ။ တောင်မြောက်ကိုရီးယား စစ်ပွဲမှာ ကူညီဖို့ ရောက်လာတဲ့တူရကီ တပ်ရဲ့ တပ်ကြပ်ကြီး ဆူလီမန်ဟာ တိုက်ပွဲထဲမှာ တစ်ယောက်ထဲကျန်နေခဲ့တဲ့ ကိုရီးယား ကလေးမလေးတစ်ယောက်ကို ကယ်တင်လာခဲ့တယ်။ ကလေးလေးက စကားလည်းမပြောနိုင် နာမည်လည်း မသိတာမို့ အိုင်လာလို့ပဲ နာမည်ပေးခဲ့လိုက်ပါတယ်။ အိုင်လာ ဆိုတာ လရောင် လို့ အဓိပ္ပါယ်ရတဲ့ တူရကီ စကားလေးပါပဲ။ စစ်ပွဲတစ်လျှောက်လုံး အသက်ဘေးကြားထဲကနေ ကလေးလေးကို စောင့်ရှောက်ခဲ့တဲ့ တူရကီ စစ်သားနဲ့ သူ့ကို အဖေလို့ပဲ ထင်နေတဲ့ အိုင်လာလေးရဲ့ ဘဝဇာတ်လမ်းပါပဲ။ နည်းမျိုးစုံနဲ့ မခွဲရဖို့ ကြိုးစားခဲ့ပေမယ့် တူရကီကို ပြန်ရတော့မယ့် အချိန်ရောက်လာတဲ့အခါ ဆူလီမန်ဟာ အိုင်လာကိုပြန်လာတွေ့ပါ့မယ်လို့ ကတိပေးထားခဲ့တယ်။ ဆူလီမန်က ပြောခဲ့တယ် အဖေဆိုတာ သားသမီးကို ပေးတဲ့ ကတိကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသက်ရှင်နေတာပါတဲ့။ ကြည့်လိုက်ပါ၊ ငိုလိုက်ပါ၊ ပြုံးလိုက်ပါ။ နောက်ဆုံးမှာ ဆူလီမန်နဲ့အိုင်လာ အစစ်တို့ရဲ့ ဗီဒီယိုဖိုင်နဲ့ အသံဖိုင်လေးတွေပါ ပါပါတယ်။...
Stone Cold (1991) ⭐TMDB: 61% User Score 🎬 #Action #Crime #Drama #Thriller 🗓 1991 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၉၁ ခုနှစ်က ထွက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ ပရိသတ်တွေ ရင်းနှီးတဲ့သူတော့မဟုတ်ပါဘူး။ တစ်ချိန်က အမေရိကန်ဖွတ်ဘော ကစားခဲ့တဲ့ကစားသမားဟောင်းဖြစ်ပြီး ဒီကားက သူရဲ့ရုပ်ရှင်သရုပ်ဆောင်ဘဝအစရဲ့ ပထမဆုံးကားဖြစ်ပါတယ်။ IMDb rating 6.1/10 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မစ္စစ္စပီပြည်နယ်တစ်ဝိုက်မှာ ညီအကိုများလို့ နာမည်ကြီးတဲ့ဆိုင်ကယ်စီးတဲ့ ဂိုဏ်းတစ်ခုက မကောင်းတဲ့အလုပ်တွေ အကုန်လုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေပါတယ်။ ဒါကို FBI က ဖြိုခွဲချင်တဲ့အတွက် ခပ်ကြမ်းကြမ်းနေတတ်တဲ့ရဲသား ဂျိုးဟဖ်(မင်းသား)ကို အဲဒီဂိုဏ်းထဲဝင်ခိုင်းပြီး ဂိုဏ်းကို ဖမ်းဖို့ အကွက်ဆင်တာ ဖြစ်ပါတယ်။ မင်းသားအနေနဲ့ ညီအကိုတွေရဲ့ ယုံကြည်မှုရအောင် လုပ်ဆောင်အပြီး တစ်ဂိုဏ်းလုံးကို ဖမ်းကာနီးမှာပဲ ဒုစရိုက်မှုပပျောက်အောင်လုပ်နေတဲ့ ခရိုင်ရှေ့နေ ဝှစ်ပါတန်ကိုပါ ညီအကိုတွေက လုပ်ကြံကြတော့မှာ ဖြစ်သလို သူ့ကိုလည်း သူလျှိုမှန်းသိသွားကြတဲ့အတွက်ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ အက်ရှင်တွေက ဒီဘက်ခေတ်လောက် သိပ်မကောင်းပေမယ့် အဲဒီခေတ်က အရမ်းပေါက်ခဲ့တဲ့ကားလေးပါ။ ခံစားကြည့်ကြပါ။(ငယ်ငယ်က ဒီကားကို သမ္မတရုံမှာ ကြည့်ပြီး ဆိုင်ကယ်သမားဖြစ်ချင်ခဲ့တယ်။ မှတ်မှတ်ရရ ရုပ်ရှင်ရုံမှာ ချိတ်ထားတဲ့ပိုစတာကြီးက စိတ်ဝင်စားစရာ တစ်ကွက်မှမရှိတဲ့ မင်းသားကဖွတ်ကြီးကို ဖက်ထားတဲ့ပုံကြီးဗျ :D) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ Ko Nyi Nyi Kyaw Myint ပဲဖြစ်ပါတယ်။)...
True Grit (1969) ⭐TMDB: 73% User Score 🎬 #Adventure #Drama #Western 🗓 1969 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ မိတ်ဆက်ပေးမှာက 1969 က ရိုက်ကူးခဲ့တဲ့ ကောင်းဘွိုင်ဆန်ဆန် ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဲဒီခေတ်ရဲ့ နာမည်ကြီး John Wayne ဦးဆောင်ထားတဲ့ ကားပါ။ 2010 မှာ remake ရှိခဲ့ပေမယ့် ဒါကတော့ တကယ့် classic ပါပဲ။ မက်တီရော့စ်ရဲ့ အဖေက သူ့အိမ်က အိမ်အကူ တွမ်ချေနီနဲ့ ဖို့ဒ်စမစ်မြို့မှာ မြင်းပု အဝယ်ထွက်ပါတယ်။ ရည်ရွယ်ချက်ကတော့ သားဖောက်ပြီး သမင်လိုက်ဖို့ပါပဲ။ မြို့ကိုအသွားမှာပဲ သူ့အကူ ချေနီရဲ့ သတ်ဖြတ်တာကို ခံရပြီး ပိုက်ဆံရော မြင်းပါ အခိုးခံလိုက်ရပါတယ်။ စျာပနလုပ်ဖို့ အလောင်းလာယူရင်း မြို့မှာ လူဆိုးတွေကို ကြိုးပေးတာနဲ့ ကြုံပါတယ်။ သူအဖေကို သတ်တဲ့လူကိုလဲ အဲ့လိုပဲ ကြိုးပေးခံစေရမယ်လို့ ဆုံးဖြတ်ပြီး ချေနီနောက်ကို လိုက်ဖို့ မာရှယ် တစ်ယောက်ကိုရှာပါတော့တယ်။ မြို့ရဲ့ အကြမ်းဆုံး သတ္တိအရှိဆုံး မာရှယ်က ရူစတာ ဆိုတာ သိလိုက်ရလို့ ရူစတာ့ကို ဆုကြေးငွေနဲ့ စည်းရုံးပါတော့တယ်။ ချေနီ့ကိုရော မိမှာလား ဘာတွေ ကြုံကြရမလဲဆိုတာကိုတော့ သေနတ်ပစ်ခန်းတွေနဲ့အတူ ကြည့်ရှုလိုက်ပါဦး...
Max (2024) ⭐IMDB: 7.6/10 (3 k Votes) 🎬 #Action #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Max (2024) “စူပါရဲ”IMDb – 7.6/10 အိန္ဒိယရုပ်ရှင်ချစ်သူတို စောင့်မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းမင်းသား ဆူဒိဆန်ဂျိဗ်ရဲ့အသစ်ထွက် အကြမ်းစားကန်နာဒါအက်ရှင်ရုံကြီးကားကို တင်ဆက်ပေးလိုက်ပါတယ်။ တာဝန်ကျ စခန်းမှူးအချင်းချင်းတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ အင်စပက်တာအာဂျွန်။နောက်ထပ် သူ့ကိုသိကြတာက မက်စ်။ အကြောင်းအရင်းမယ်မယ်ရရမသိရဘဲ အလုပ်ကနေဆိုင်းငံ့ခံထားရာက ပထမဆုံးအလုပ်ပြန်ဝင်တဲ့အချိန်။ သူ တာဝန်ထမ်းဆောင်တဲ့ညမှာပဲ အချုပ်ထဲရောက်လာတာက ဝန်ကြီးတွေရဲ့ သားဖြစ်သူတွေ။ဝန်ကြီးသားမကလို ဝန်ကြီးအဖေဖြစ်ဖြစ် အပြစ်ပေးဖိုဝန်မလေးတဲ့ မက်စ်တစ်ယောက်မမျှော်လင့်ထားတဲ့ကိစ္စတွေဖြစ်လာတဲ့အခါမှာတော့…။ တို့ရပ်ကွက်က ကြမ်းတာမှကြိုက်တယ်ဆိုသူတွေအတွက်ရှယ်ကြမ်းပြမဲ့ စခန်းမှူးမက်စ်ရဲ့အကြမ်းအရမ်းတွေကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)...
One of Them Days (2025) ⭐IMDB: 6.9/10 (5 k Votes) 🎬 #Comedy 🗓 2025 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 One of Them Days (2025) IMDb Rating (6.9) ဇာတ်လမ်းအကျဉ်း ‘ဒရူး’နဲ့ ‘အလီဆာ’ တို့ဟာ အတူတူနေလာကြတာ ၇ နှစ်လောက်ရှိပြီဖြစ်တဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။ ဒရူးကတော့ စားပွဲထိုးအဖြစ် အလုပ်လုပ်နေပြီး ဆိုင်ခွဲမန်နေဂျာရာထူးအတွက် အင်တာဗျူးဖြေဖို့ပြင်ဆင်နေသူဖြစ်ကာ အလီဆာကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ သူတို့နေတဲ့တိုက်ခန်းမှာ အလီဆာရဲ့ ရည်းစား ‘ကီရှောင်း’ဆိုတဲ့ ဘဲတစ်ပွေက တက်နေပြီး အလီဆာကို ကပ်စား၊ ကုန်းဆင်းနေတဲ့သူပေါ့။ ဒရူးက အဲ့ဒါတွေမြင်လို့ ပြောပေမယ့် အလီဆာကို ပြောမရလို့လွှတ်ထားတာပါ။ ဒီလိုနဲ့ သူတို့အိမ်လခပေးရမယ့်ရက်ကိုရောက်လာတော့ အလီဆာက အိမ်ရှင်ကို ပိုက်ဆံတိုက်ရိုက်သွားမပေးဘဲ သူ့ရည်းစားကိုသွားပေးခိုင်းတော့တယ်။ ဟိုဘဲက အစကတည်းက သူ့နားခြူစားနေတဲ့ကောင်ဆိုတော့ ပိုက်ဆံကို ခိုးပြီးပြေးပါလေရော။ အိမ်ရှင်က ညနေ ၆ နာရီရောက်လို့မှ အိမ်လခမပေးနိုင်ရင် ဒရူးနဲ့ အလီဆာ အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းရမယ်ဆိုပြီး ပြောလာတဲ့အခါ ဒရူးတစ်ယောက် အဲ့နေ့ ညနေ ၄ နာရီမှာပဲ ရာထူးတိုးအင်တာဗျူးအတွက်သွားဖို့လိုတဲ့အခါ သူငယ်ချင်း ၂ ယောက် အိမ်လခ ဒေါ်လာ ၁,၅၀၀ အတွက် အသည်းအသန်ရှာရပါတော့မယ်။ ဒရူးအဖြစ် Nope ဇာတ်ကားထဲက Keke Palmer နဲ့ အလီဆာအဖြစ် SZA တို့ကပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Nway Oo K Zawဖြစ်ပါတယ်။)...
Online Selling (2025) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2025 🎞 movie 🌎 #Philippines ⏰ 1 နာရီ 10 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Online Selling (2025) မလီဆာနဲ့အောဆန်းတို့ဟာ အတန်းပညာမတတ်သလိုလုပ်ငန်းအတွေ့အကြုံလည်းမရှိတာကြောင့်လတ်တလောမှာ အွန်လိုင်းပေါ်က အဝတ်အထည်တွေ၊Sex toy တွေ Live လွှင့်ရောင်းတဲ့အလုပ်ကိုဗန်းပြလုပ်ပြီးနောက်ကွယ်မှာ အော်ဒါလိုက်တဲ့အလုပ်နဲ့အသက်မွေးနေပါတယ်။ ဒီဘ၀ကနေ ရုန်းထွက်ချင်တယ်ဆိုပေမယ့်လတ်တလောရွေးချယ်စရာမရှိတာကြောင့် ဆက်လုပ်ဖြစ်နေရင်းက ကယ်တင်ရှင်ကိုလည်း နှစ်ဦးလုံးရှာဖွေနေကြတာဖြစ်ပါတယ်။ သူတို့မျှော်လင့်ထားတဲ့ ကယ်တင်ရှင်ဟာဘယ်သူဖြစ်မလဲ? တကယ်ပဲ သူတို့ရဲ့ဆုတောင်းတွေပြည့်လာမလားဆိုတာတွေကိုဆက်လက်ရှုစားကြပါ။ ဇာတ်ပို့နေရာကအနေများတဲ့ Arah Alonzo နဲ့Aria Bench တို့ကို constume အမျိုးမျိုးနဲ့ပွဲထုတ်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
The Keepers of the 5 Kingdoms (2023) ⭐TMDB: 50% User Score 🎬 #Adventure #Family #Fantasy 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပက်စီလီဆိုတဲ့ကောင်မလေးက အဖေသေသွားတာကြောင့် ပူဆွေးနေသူတစ်ဦး ။ ဒီလိုပုံမှန်အထက်တန်းကျောင်းသူလေးဘ၀ထဲကိုမတော်တဆ၀င်လာတဲ့အရာတစ်ခုကြောင့် ဆန်းကြယ်တဲ့ကမ္ဘာတစ်ခုထဲ၀င်သွားပြီး အိမ်ပြန်နိုင်ဖို့ဆိုရင် ငါးနိုင်ငံကိုအုပ်စိုးချင်နေသူ မိစ္ဆာသခင်မကိုနှိမ်နင်းနိုင်မှသာဖြစ်တယ် ။ သူနဲ့သူငယ်ချင်းတစ်သိုက် အဘိုးဖြစ်တို့ဟာ ဒီအန္တရာယ်အပြည့်နဲ့ ကမ္ဘာထဲ ဘယ်လိုရုန်းကန်သွားကြမလဲ မကောင်းမှုကိုဘယ်လိုအနိုင်ယူသွားမလဲဆိုတာကိုကြည့်ရမှာပါ ။ ကလေးတွေကြိုက်မယ့် fantasy ဆန်ဆန် movie လေးပါ...
The Keepers of the 5 Kingdoms (2023) ⭐TMDB: 50% User Score 🎬 #Adventure #Family #Fantasy 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပက်စီလီဆိုတဲ့ကောင်မလေးက အဖေသေသွားတာကြောင့် ပူဆွေးနေသူတစ်ဦး ။ ဒီလိုပုံမှန်အထက်တန်းကျောင်းသူလေးဘ၀ထဲကိုမတော်တဆ၀င်လာတဲ့အရာတစ်ခုကြောင့် ဆန်းကြယ်တဲ့ကမ္ဘာတစ်ခုထဲ၀င်သွားပြီး အိမ်ပြန်နိုင်ဖို့ဆိုရင် ငါးနိုင်ငံကိုအုပ်စိုးချင်နေသူ မိစ္ဆာသခင်မကိုနှိမ်နင်းနိုင်မှသာဖြစ်တယ် ။ သူနဲ့သူငယ်ချင်းတစ်သိုက် အဘိုးဖြစ်တို့ဟာ ဒီအန္တရာယ်အပြည့်နဲ့ ကမ္ဘာထဲ ဘယ်လိုရုန်းကန်သွားကြမလဲ မကောင်းမှုကိုဘယ်လိုအနိုင်ယူသွားမလဲဆိုတာကိုကြည့်ရမှာပါ ။ ကလေးတွေကြိုက်မယ့် fantasy ဆန်ဆန် movie လေးပါ...
Blood: The Last Vampire (2000) ⭐TMDB: 69% User Score 🎬 #Action #Animation #Horror #Fantasy 🗓 2000 🎞 movie 🌎 #Japan ⏰ 48 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဟောင်းထဲက အကောင်းလေးတစ်ခု ပြန်လည်တင်ဆက်ပေးပါဦးမယ်။ ဒီ သွေးစုပ်ဖုတ်ကောင် Anime လေးက ၂၀၀၀ ခုနှစ်ကတည်းက Production IG ကနေ ထုတ်လုပ်ပေးထားတာပါ။ ၂၀၀၉ ခုနှစ်မှာဆိုရင်လည်း ဟောလိဝုဒ်ကနေ နာမည်ကျော် ကိုရီးယားမင်းသမီး Jun Ji-hyun ကို ဇာတ်ဆောင်ထားပြီး Live Action ပြန်ရိုက်ခဲ့ပါသေးတယ်။ ဇာတ်လမ်းအရ ဇာတ်အိမ်တည်ထားတာတော့ ဒုတိယကမ္ဘာစစ်အပြီးလောက် ဂျပန်မှာ အမေရိကန်တွေ အခြေစိုက်စခန်းတွေ ချနေဆဲကာလလိုမျိုးပေါ့။ အဲဒီမှာ လူတွေရဲ့သွေးသားကို စားသုံးပြီး အဆုံးစီရင်သွားသလို သတ်ဖြတ်နေကြတဲ့ လင်းနို့ပုံသဏ္ဍာန် နတ်ဆိုးတွေဆိုတာ ရှိကြတယ်။ ဒီလို မကောင်းဆိုးဝါးတွေကို တိတ်တဆိတ်နဲ့ စုံစမ်းထောက်လှမ်းပြီး သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းလည်း ရှိနေတယ်။ Saya ဆိုတာ ဒီအဖွဲ့အစည်းက အဓိကသတ်ဖြတ်ရေးသမား ကင်ဒိုဓားတစ်ချောင်းနဲ့ အကုန်ခုတ်ဖြတ်နေတဲ့ ကောင်မလေး။ နောက်ကျ အခြေစိုက်စခန်းနားမှာ အကောင်တွေသောင်းကျန်းနေတယ်ဆိုပြီး သတင်းရတာနဲ့ ကျောင်းတစ်ခုမှာ အထက်တန်းကျောင်းသူအဖြစ် အသွင်ယူထောက်လှမ်းရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။...
