en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Ran (1985) ⭐IMDB: 8.2/10 (128 k Votes) 🎬 #Action #Drama #War 🗓️ 1985 🎞️ Movie 📺 1080p 🌎 #Japan #France ⏰ 2 နာရီ 40 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ran (1985) ~ IMDb – 8.2/10, Rotten Tomatoes – 96% ~ ကူရိုဆာဝါရဲ့ Ran ဟာ ရှိတ်စပီးယားရဲ့ King Lear ပြဇာတ်ကို ပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ပါပဲ။ ၁၉၈၆ အော်စကာမှာ ဂျပန်က လူတွေနဲ့ အဆင်မပြေခဲ့တာကြောင့် Best International Feature အတွက် နိုင်ငံကိုယ်စားပြု အရွေးမခံခဲ့ရပေမဲ့ Main Categories တွေထဲက Best Director, Best Cinematography, Best Art Direction-Set Decoration, Best Costume Design ဆုတွေ ဆန်ခါတင်ဝင်ခဲ့တယ်။ ကူရိုဆာဝါအတွက် ပထမဆုံး Best Director ဆန်ခါတင်ဝင်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ ကံဆိုးချင်တော့ Best Costume Design ဆုပဲရသွားခဲ့တယ်။ သိပ်တော့လည်း အရေးမကြီးလှပါဘူးလေ။ ဘာနေနေ Ran ဟာ တခြားဆုရခဲ့တဲ့ ရုပ်ရှင်တွေထက်ပိုပြီး ဒီနေ့ထက်ထိ ရှင်သန်နေတဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ The Greatest Films Ever Made တွေထဲက တစ်ကားလည်းဖြစ်ခဲ့တယ်။ Ran ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ နောက်ဆုံး Epic Film ဖြစ်ခဲ့သလို သူ့အတွက် ငွေကုန်ကြေးကျအများဆုံးကားလည်း ဖြစ်ခဲ့တယ်။ အဲဒီကာလက ဂျပန်ရုပ်ရှင်သမိုင်းမှာ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ဆိုလည်း မမှားဘူး။ Ran ဟာ ကူရိုဆာဝါရဲ့ ရှိတ်စပီးယားပြဇာတ်ကိုပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးကားပေမဲ့ ဒီကားကို ရိုက်ဖို့အကြံရတာကတော့ ရှိတ်စပီးယားဝတ္တုကနေတော့ မဟုတ်ခဲ့ဘူး။ ၁၉၇၅လောက်မှာ သူက စစ်နယ်ရှင်တွေ အပြိုင်အဆိုင်အားပြိုင်နေခဲ့တဲ့ စင်းဂိုခုခေတ်က မိုရိမိုတိုနာရိဆိုတဲ့ စစ်နယ်ရှင်တစ်ပါးအကြောင်း ဖတ်မိရာကနေ ဒီကားရိုက်ဖို့ သူအတွေးပေါက်သွားတာ။ ဘယ်လိုတုန်းဆို မိုတိုနာရိမှာ သား၃ယောက်ရှိတယ်။ အဲဒီသားသုံးယောက်စလုံးက လိမ္မာပြီး သစ္စာရှိပြီး တော်ကြလို့ မိုတိုနာရိဟာ သားလိမ္မာတွေရဲ့အဖေဆိုပြီး ကျော်ကြားခဲ့တယ်။ ဒီမှာ ကူရိုဆာဝါက အဲဒီသားတွေသာ သားဆိုးတွေဖြစ်နေခဲ့ရင် ဘယ်လိုတွေဖြစ်ကုန်မလဲဆိုပြီး စိတ်ကူးကြည့်ရာကနေ Ran ကို ရိုက်ဖို့ အကြံပေါ်လာတာပါပဲ။ စစချင်းကတော့ ကင်းလီယာဇာတ်သုံးဖို့ မရည်ရွယ်ထားပေမဲ့ သူ့စကားအရတော့ မိုတိုနာရိနဲ့ ကင်းလီယာတို့ရဲ့ ဇာတ်လမ်းဟာ ဘာလို့လဲ သူ လုံးစေ့ပတ်ပေ့ မပြောပြတတ်ပေမဲ့ တစ်နည်းနည်းနဲ့တော့ သူ့ဘာသာတစ်သားတည်းဖြစ်သွားတယ်လို့ ဆိုတယ်။ ၁၉၇၅မှာ ကူရိုဆာဝါဟာ Ran အတွက် ဇာတ်ညွှန်းရေးပြီး နောက်နှစ်တွေမှာလည်း သူ့ထုံးစံအတိုင်း သူရိုက်ချင်တဲ့ ဇာတ်ဝင်ခန်းပုံစံအတိအကျကို စတိုရီဘုတ်တွေ ဆွဲခဲ့တယ်။ အဲဒီ စတိုရီဘုတ်တွေကိုကလည်း ပန်းချီကားတွေလို့ ပြောလည်းမမှားပါဘူး။ Ran အတွက် ကူရိုဆာဝါဟာ တော်တော်လေး အားစိုက်ထုတ်ခဲ့တယ်။ ၁၉၈၀မှာ ထွက်ခဲ့တဲ့ သူ့ရဲ့ နာမည်ကျော်ရုပ်ရှင်တစ်ကားဖြစ်တဲ့ Kagemusha ကိုတောင် သူက Ran အတွက် ဇာတ်ဝတ်ဇာတ်စား ရီဟာဇယ်လုပ်တဲ့ ရုပ်ရှင်လို့တောင် ပြောဖူးတယ်။ ၁၉၈၃မှာမှ အခက်အခဲများစွာကြားကနေ Ran ကို သူစရိုက်နိုင်ခဲ့တယ်။ Ran ထဲက ကင်းလီယာတဖြစ်လဲ မိုတိုနာရိတဖြစ်လဲ ဇာတ်ကောင်ကတော့ ဟိဒဲတိုရပါပဲ။ ဟိဒဲတိုရမှာ သားသုံးယောက်ရှိတယ်။ တစ်နေ့ သူအိုပြီဆိုပြီး သားတွေကို အမွေခွဲပေးဖို့လုပ်တာမှာ သားအငယ်ဆုံး စဘုရိုက သူ့ကိုကလန်ကဆန်လုပ်လာတာကြောင့် အမွေဖြတ်စွန့်လွှတ်ပြီး ကျန်တဲ့သား၂ယောက်ကိုပဲ မြှောက်စားလိုက်တာပါပဲ။ သူ့ရဲ့သစ္စာရှိအမတ်ကိုပါ သူ့သားငယ်ဘက်က ဝင်ပါလို့ဆိုပြီး ပြည်နှင်ဒဏ်ပေးပစ်လိုက်တယ်။ ကင်းလီယာအတိုင်းပါပဲ။ မတူတာကတော့ ကင်းလီယာက ဇာတ်ကောင်တွေမှာ အတိတ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တွေက အတိတ်ရှိပြီး ပုဂ္ဂလိက အမြင်အရတော့ Ran ထဲက ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေက ပိုပြီးကျိုးကြောင်းဆီလျော်ပါတယ်။ နောက်တစ်ချက်ကတော့ ကင်းလီယာထဲက လီယာမင်းကြီးဟာ သူခံစားခဲ့ရတဲ့ ဝေဒနာတွေနဲ့ မထိုက်တန်ဘူးလို့ ယေဘုယျသတ်မှတ်လို့ရပေမဲ့ ဟိဒဲတိုရရဲ့ အတိတ်ကို Ran မှာ ကျွန်တော်တို့ကို တဖြည်းဖြည်းပုံဖော်ပေးသွားတာအရတော့ ဟိဒဲတိုရက သူ့ကြမ္မာနဲ့ သူထိုက်တန်တယ်လို့ ပြောရမှာပါပဲ။ ဒါပေမဲ့လည်း ကူရိုဆာဝါဟာ ကင်းလီယာထဲကလို မထိုက်တန်တဲ့ ဝေဒနာတွေကိုလည်း ဇာတ်ကောင်အသစ်တွေဖန်တီးပြီး ထည့်သွင်းပေးထားပါသေးတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ် ကျောရိုးယူထားပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ဇာတ်ကောင် ဟိဒဲတိုရက သူကိုယ်တိုင်ပဲလို့ သူပြောဖူးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကလည်း ကူရိုဆာဝါရဲ့ ရန်ဟာ ကင်းလီယာကို မှီးထားပေမဲ့ သူ့ဘဝအကြောင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုဖူးတယ်။ သူသေပြီးနှောင်းခေတ်တွေမှာ သူဟာ အကျော်ကြားဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူမသေခင်မှာ သူ့တိုင်းပြည်အတွက်တော့ သူက ဂုဏ်ယူစရာမဖြစ်ခဲ့ဘူး။ သူ့ကားတွေအတွက်လည်း ငွေထုတ်ပေးမယ့်လူ မရှိသလောက်ရှားခဲ့တယ်။ သူ့ဒါရိုက်တာသက်တမ်းရှည်ကြီးရဲ့ ၁၅နှစ်တာကာလမှာပဲ သူလုပ်ချင်တာ သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ၁၉၅၀ ရဲ့ “Rashomon” ကနေ ၁၉၆၅ ရဲ့ “Red Beard” အထိအတွင်းပါပဲ။ ဒီကာလတွ

Hondisi Bareyiri (2023) ⭐IMDB: 7.5/10 (293 Votes) 🎬 #Bollywood #Drama #Romance #Comedy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 11 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hondisi Bareyiri 2023IMDb 7.5/10 ဇာတ်လမ်းအကျဉ်း ခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတစ်သိုက်ဟာ နှစ်တွေအကြာကြီးဝေးကွာသွားကြလို့တစ်နေ့မှာပြန်လည်ဆုံတွေ့ချိန်မှာ သူတို့အရင်ကျောင်းသားဘ၀ကို စမြုံပြန်ကြပါတော့တယ်။စကားစပ်မိကြရင်း တစ်ယောက်အကြောင်းတစ်ယောက်ပြောကြရာမှ သူတို့တွေရဲ့ဘ၀က ကျောင်းသားဘ၀လိုမပျော်တော့ပဲ အိမ်ထောင်ရေးတွေ အချစ်ရေးတွေ အလုပ်အကိုင်တွေ အဆင်မပြေမှုများစွာ ကိုယ်စီကြုံတွေ့ခဲ့ကြပါတယ်။ တစ်ယောက်ချင်းစီမှာ အဆင်မပြေမှုတွေရှိလာကြတဲ့အခါ သူတို့တွေအရင်လို ခင်မင်ကြဦးမှာလား၊ ပြဿနာတွေကို ကျောင်းသားဘ၀လိုမဟုတ်ဘဲ ရင့်ကျက်တဲ့လူကြီးတစ်ယောက်အနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို သူ့တို့ရဲ့ ကျောင်းတုန်းက‌ပျော်စရာတွေကို နောက်ကြောင်းပြန်ရင်း လက်ရှိအနေအထားနဲ့ယှဉ်ပြရင်း ဇာတ်လမ်းကိုတင်ဆက်ထားပါတယ်။ Rating ကောင်းပြီးမြင်နေကျဇာတ်လမ်း ဇာတ်အိမ်ဆိုပေမယ့် ရိုးအီမသွားဘဲ နာမည်ကြီးကန်နဒါသရုပ်‌ဆောင်အချောအလှတွေနဲ့အတူ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားရင်း ပင်ပန်းပြီး ရင့်ကျက်တဲ့လူကြီးဆိုတာကိုခဏ‌မေ့ပြီး ကျောင်းသားဘ၀ကိုခဏပြန်သွားကြရအောင်လား…

Hidden Island (2022) ⭐⁉️ 🎬 #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #⁉️ ⏰ 1 နာရီ 41 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hidden Island(2022) ******************* တစ်နှစ်ပတ်လုံး မြူတွေ အုံ့ဆိုင်းနေတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လူတစ်ချို့နေထိုင်ကြတယ်.. အဲဒီကျွန်းသားတွေက ကျွန်းလုံခြုံဖို့အတွက် ဘာမဆိုလုပ်ပေးတဲ့ ရွာသူကြီးကိုလည်း ကြောက်ရွံ့ကြရတယ်… အဲဒီမှာ ကျွန်းသားတစ်ယောက်ဖြစ်တဲ့ ဟယ်ဂျောင်က ဘာကိုပဲစားစား ဗိုက်ဆာ‌နေပြီး ကိုယ်ခန္ဓာကလည်း နာကျင်နေခဲ့တာမို့ နတ်ဆရာမက ကုသပေးနေတယ်….တစ်နေ့မှာ ဟယ်ဂျောင်ရဲ့ နာကျင်မှုတွေကို ကုသနိုင်ဖို့အတွက် ကုန်းမြေပေါ်က လူတစ်ယောက် လိုအပ်တယ်ဆိုပြီး နတ်ဆရာမက ဟယ်ဂျောင်ရဲ့ အစ်ကိုဖြစ်သူကို သွားခေါ်လာခဲ့ခိုင်းတယ် …တစ်ဖက်မှာလည်း လောလောလတ်လတ် အလုပ်ပြုတ်လာတဲ့ ဂျောင်ဟျော့က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှတစ်ဆင့် အလုပ်ရှာပြီး အဲဒီကျွန်းပေါ်မှာ အလုပ်လုပ်ဖို့ အကြောင်းဖန်လာခဲ့တယ်… ဒီကျွန်းပေါ်ရောက်တဲ့အခါမှာ ထူးဆန်းတာတွေ အများကြီးမြင်တွေလိုက်ရတဲ့အခါမှာတော့…. ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Yoon Sanက ရိုက်ကူးထားတာဖြစ်ပြီး cast တွေအနေနဲ့ကတော့Kim Ho chang, Choi Ryung,Sok Bo Bae, Kang You-ra, Taewoong မှ ပါဝင်ရိုက်ကူးထားပါတယ်…

Female Doctor: Flesh Slave (1986) ⭐TMDB: 44.0% User Score 🎬 #Adult #Asian #Drama #Crime 🗓️ 1986 🎞️ Movie 📺 720p 🌎 #Japan ⏰ 1 နာရီ 7 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကိုယ့်ပုံရိပ်၊ ကိုယ့်ခန္ဓာက ကိုယ်မသိလိုက်ဘဲနဲ့ လူကြီးရုပ်ရှင်မှာတွေ့လိုက်တဲ့အခါ ဘယ်လိုခံစားရမလဲ? အဲ့ဒီရုပ်ရှင်ကိုလည်း ကိုယ်နဲ့လက်ထပ်တော့မယ့်ယောက်ျားတစ်ယောက်ဆီက ပြန်သိရတဲ့အခါ ဘယ်လိုဖြေရှင်းမလဲ ? ရုပ်ရှင်ထဲမှာပါတာ ကိုယ်မဟုတ်ကြောင်း အကြိမ်ကြိမ်ရှင်းပြဖို့ကြိုးစားပေမယ့်လည်း အဆင်မပြေတဲ့အပြင် ရုပ်ရှင်ထဲကကောင်လေးနဲ့တွေ့မိလို့မေးလိုက်ပြန်တော့လည်း “ကျွန်တော်တို့ချစ်ခဲ့ကြတာ မေ့သွားပြီလား”ဆိုတော့ကမ္ဘာကြီးဘာတွေဖြစ်ကုန်တာလဲ? အတိတ်ပဲမေ့သွားတာလား ? ငါတကယ်ပဲ ဆက်ဆံခဲ့တာလား ?ရေစုန်မျောပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး လွင့်မျောလိုက်ရတော့မှာလား ?စသဖြင့်မင်းသမီးရဲ့ မေးခွန်းတွေကို တစ်ယောက်တည်းနားကြပ်လေးတပ် မီးလေးပိတ်ပြီး အဖြေဝိုင်းရှာပေးလိုက်ရအောင်ဗျာ….

Sky High (2020) ⭐IMDB: 5.6/10 (4 k Votes) 🎬 #Action #Adventure #Crime #Drama #Thriller 🗓️ 2020 🎞️ Movie 📺 720p 🌎 #Spain #Belgium #France ⏰ 2 နာရီ 3 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sky High (2020)=============Genre – Action, Adventure, CrimeIMDb Rating – 5.6/10 ဘဝကို ရိုးသားစွာ ကြိုးစားနေသူတစ်ယောက်ဖြစ်တဲ့ အန်ဂဲလ်။အမှတ်မထင် မရိုးမသား ဖိုးသခွား လုပ်နေတဲ့ ပိုလီနဲ့ ကောင်မလေးကိစ္စအချင်းချင်း ဖြစ်ပွားရာကနေ တစ်စတစ်စ ဒုစရိုက်လောကထဲကို ခြေကျွံလာပါတယ်။ ပိုလီကတော့ ခြေစွမ်းကိုမြင်လို့ အန်ဂဲလ်ကိုတဖြည်းဖြည်း ခေါ်ယူလာရင်း တဖြည်းဖြည်းနဲ့ သူ့ထက် လက်စောင်းထက်လာတာကို မြင်ရမှာပါ။ တစ်ဖက်မှာလည်း အန်ဂဲလ်က အထက်တန်းကျောင်းတုန်းက ငယ်ချစ် ဆိုးလေးကို ခုတုံးလုပ်ရင်း သူ့အဖေဖြစ်တဲ့ ရိုဟီလီယိုကို ချည်းကပ် ဝင်ရောက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ အန်ဂဲလ်တစ်ယောက် သူမုန်းတီးတဲ့ ဆင်ခြေဖုံးဘဝကို မေ့ပြစ်ဖို့ ကြိုးစားရင်း ဆရာဖြစ်ခဲ့ဖူးတဲ့ ရိုဟီလီယိုကို ကျော်ခွကာ တစ်ဖက်ကလည်း ရည်းစားပြိုင်ဖက် ပိုလီကို ကျော်ခွကာ ဘယ်လိုတွေ သူရောက်ချင်တဲ့ အထက်တန်းစားဘဝကို ရောက်အောင်လုပ်မလဲ ကြည့်ရမှာပါ။ဆိုတော့ကား တစ်ခုရှိတာက လောဘတွေပါတဲ့ ဒီလို ဖြတ်လမ်းတွေကိုလိုက်မလား၊ လိုက်ခဲ့ရင်လည်း ဘယ်လို အခက်အခဲတွေကြုံပြီး အောင်မြင်နိုင်ပါ့မလား၊ ဒါမှမဟုတ် အလွယ်နည်းကို လိုက်ခဲ့သလား စသဖြင့်ဖော်ပြထားတဲ့ စပိန်အက်ရှင်တွေကို ခံစားရမှာပါ။ ခုဆိုရင် သူ့ရဲ့နောက်ဆက်တွဲ စီးရီးပါ ထွက်ရှိနေပြီး CM က တင်ဆက်ပေးထားတာမို့ အားလုံးပဲကြည့်ရှုအားပေးနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

Inbetween Worlds (2014) ⭐IMDB: 6.5/10 (672 Votes) 🎬 #Drama #War 🗓️ 2014 🎞️ Movie 📺 720p HD 🌎 #Germany ⏰ 1 နာရီ 42 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Inbetween Worlds (2014)===================IMDb Rating – 6.5/10 ဂျာမန်စစ်သားတဦးဖြစ်တဲ့ ဂျက်စ်ပါဟာရဲ့ ညီဖြစ်သူကအာဖဂန်နစ်စတန်မှာကျဆုံးထားပေမယ့် နောက်တကြိမ်ထပ်ပြီး အာဖဂန်မှာ တာဝန်ထမ်းဆောင်ရန်ထွက်ခဲ့ပါတယ်။သူ့တာဝန်က တာလီဘန်တွေရဲ့ရန်ကနေရွာတရွာကို ဒေသခံအာဘတ်ကီတပ်ဖွဲ့တွေနဲ့ အတူတူကာကွယ်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီမှာဂျက်စ်ပါရဲ့ စကားပြန်ဖြစ်သူ တာရစ်နဲ့ သူ့ညီမလေးတို့ဟာ ဂျာမန်စစ်တပ်အတွက် စကားပြန်လုပ်ပေးနေလို့တာလီဘန်တွေရဲ့ ခြိမ်းခြောက်ခံနေရပါတယ်။  တာရစ်နဲ့ခင်မင်ရင်းနှီးသွားပြီးနောက် သနားစိတ်တွေပေါ်လာတဲ့ဂျက်စ်ပါတယောက် တာရစ်ညီမလေးဒုက္ခကြုံလာတဲ့အခါအထက်အမိန့်တွေလွန်ဆန်ပြီး ကယ်တင်နိုင်မလား ဆိုတာကိုစစ်ပွဲနောက်ခံ ဒရာမာ လေးတွေကြည့်ချင်သူတွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Chit Min Thu ဖြစ်ပါတယ်)

Ottu (2022) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Action #Bollywood #Thriller #Drama 🗓️ 2022 🎞️ Movie 📺 720p 🌎 #India ⏰ 1 နာရီ 42 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ottu (2023) မင်းသမီးချောလေး Eesha Rebba က အစွမ်းကုန်လှပေးထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့အရင်ကကားတွေနဲ့သိပ်မတူပါဘူး မစ်ရှင်တော့မစ်ရှင်ပေမဲ့ မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့မစ်ရှင်ပါ ကီချူးနဲ့ ကလျာနီဆိုတာကစုံတွဲပါ နိုင်ငံရပ်ခြားမှာအခြေချချင်ပေမဲ့ ပိုက်ဆံကမရှိဘူးပေါ့ဒီလိုနဲ့ပိုက်ဆံရှာဖို့အလုပ်ပေါ်လာပါတယ် ကီချူးဦးလေးရဲ့အဆက်နဲ့ ကီချူးကိုအဖွဲ့တစ်ဖွဲ့ကငှားတာပါသူကလူတွေနဲ့ဆက်ဆံရာမှာ တကယ်တော်တဲ့လူတစ်ယောက်ဆိုတော့ သူနဲ့ဖော်ရွေမှုကိုသုံးပြီးအတိတ်ပြန်ဖော်ချင်ကြတယ်ပေါ့ သူမှတ်ဉာဏ်ပြန်ဖော်ပေးရမဲ့လူကတော့ တစ်ချိန်တုန်းကရွှေမှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ ညာလက်ရုံးတစ်ယောက်ပါအက်ဆီးဒင့်ဖြစ်ပြီးအတိတ်မေ့သွားတော့ ရွှေ‌တွေရှိတဲ့နေရာပါမေ့သွားပါတယ်အဲဒီရွှေတွေကလည်းကုဋေ၃၀လောက်တန်တော့ ဒီရွှေတွေကိုရချင်တဲ့လူတစ်သိုက်၊မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့ ကီချူးတို့နဲ့ အတိတ်မေ့နေတဲ့ဒေးဗစ်တို့ရဲ့အရှုပ်တော်ပုံတွေကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Rating အနေနဲ့လည်း5.9ထိရထားတဲ့ကားကောင်းဆိုတော့ လက်မလွှတ်သင့်ပါဘူးရှင်

Ottu (2022) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Action #Bollywood #Thriller #Drama 🗓️ 2022 🎞️ Movie 📺 1080p 🌎 #India ⏰ 1 နာရီ 42 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ottu (2023) မင်းသမီးချောလေး Eesha Rebba က အစွမ်းကုန်လှပေးထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့အရင်ကကားတွေနဲ့သိပ်မတူပါဘူး မစ်ရှင်တော့မစ်ရှင်ပေမဲ့ မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့မစ်ရှင်ပါ ကီချူးနဲ့ ကလျာနီဆိုတာကစုံတွဲပါ နိုင်ငံရပ်ခြားမှာအခြေချချင်ပေမဲ့ ပိုက်ဆံကမရှိဘူးပေါ့ဒီလိုနဲ့ပိုက်ဆံရှာဖို့အလုပ်ပေါ်လာပါတယ် ကီချူးဦးလေးရဲ့အဆက်နဲ့ ကီချူးကိုအဖွဲ့တစ်ဖွဲ့ကငှားတာပါသူကလူတွေနဲ့ဆက်ဆံရာမှာ တကယ်တော်တဲ့လူတစ်ယောက်ဆိုတော့ သူနဲ့ဖော်ရွေမှုကိုသုံးပြီးအတိတ်ပြန်ဖော်ချင်ကြတယ်ပေါ့ သူမှတ်ဉာဏ်ပြန်ဖော်ပေးရမဲ့လူကတော့ တစ်ချိန်တုန်းကရွှေမှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ ညာလက်ရုံးတစ်ယောက်ပါအက်ဆီးဒင့်ဖြစ်ပြီးအတိတ်မေ့သွားတော့ ရွှေ‌တွေရှိတဲ့နေရာပါမေ့သွားပါတယ်အဲဒီရွှေတွေကလည်းကုဋေ၃၀လောက်တန်တော့ ဒီရွှေတွေကိုရချင်တဲ့လူတစ်သိုက်၊မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့ ကီချူးတို့နဲ့ အတိတ်မေ့နေတဲ့ဒေးဗစ်တို့ရဲ့အရှုပ်တော်ပုံတွေကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Rating အနေနဲ့လည်း5.9ထိရထားတဲ့ကားကောင်းဆိုတော့ လက်မလွှတ်သင့်ပါဘူးရှင်

Sky High (2020) ⭐IMDB: 5.6/10 (4 k Votes) 🎬 #Action #Adventure #Crime #Drama #Thriller 🗓️ 2020 🎞️ Movie 📺 1080p 🌎 #Spain #Belgium #France ⏰ 2 နာရီ 3 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sky High (2020)=============Genre – Action, Adventure, CrimeIMDb Rating – 5.6/10 ဘဝကို ရိုးသားစွာ ကြိုးစားနေသူတစ်ယောက်ဖြစ်တဲ့ အန်ဂဲလ်။အမှတ်မထင် မရိုးမသား ဖိုးသခွား လုပ်နေတဲ့ ပိုလီနဲ့ ကောင်မလေးကိစ္စအချင်းချင်း ဖြစ်ပွားရာကနေ တစ်စတစ်စ ဒုစရိုက်လောကထဲကို ခြေကျွံလာပါတယ်။ ပိုလီကတော့ ခြေစွမ်းကိုမြင်လို့ အန်ဂဲလ်ကိုတဖြည်းဖြည်း ခေါ်ယူလာရင်း တဖြည်းဖြည်းနဲ့ သူ့ထက် လက်စောင်းထက်လာတာကို မြင်ရမှာပါ။ တစ်ဖက်မှာလည်း အန်ဂဲလ်က အထက်တန်းကျောင်းတုန်းက ငယ်ချစ် ဆိုးလေးကို ခုတုံးလုပ်ရင်း သူ့အဖေဖြစ်တဲ့ ရိုဟီလီယိုကို ချည်းကပ် ဝင်ရောက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ အန်ဂဲလ်တစ်ယောက် သူမုန်းတီးတဲ့ ဆင်ခြေဖုံးဘဝကို မေ့ပြစ်ဖို့ ကြိုးစားရင်း ဆရာဖြစ်ခဲ့ဖူးတဲ့ ရိုဟီလီယိုကို ကျော်ခွကာ တစ်ဖက်ကလည်း ရည်းစားပြိုင်ဖက် ပိုလီကို ကျော်ခွကာ ဘယ်လိုတွေ သူရောက်ချင်တဲ့ အထက်တန်းစားဘဝကို ရောက်အောင်လုပ်မလဲ ကြည့်ရမှာပါ။ဆိုတော့ကား တစ်ခုရှိတာက လောဘတွေပါတဲ့ ဒီလို ဖြတ်လမ်းတွေကိုလိုက်မလား၊ လိုက်ခဲ့ရင်လည်း ဘယ်လို အခက်အခဲတွေကြုံပြီး အောင်မြင်နိုင်ပါ့မလား၊ ဒါမှမဟုတ် အလွယ်နည်းကို လိုက်ခဲ့သလား စသဖြင့်ဖော်ပြထားတဲ့ စပိန်အက်ရှင်တွေကို ခံစားရမှာပါ။ ခုဆိုရင် သူ့ရဲ့နောက်ဆက်တွဲ စီးရီးပါ ထွက်ရှိနေပြီး CM က တင်ဆက်ပေးထားတာမို့ အားလုံးပဲကြည့်ရှုအားပေးနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

Inbetween Worlds (2014) ⭐IMDB: 6.5/10 (672 Votes) 🎬 #Drama #War 🗓️ 2014 🎞️ Movie 📺 1080p FHD 🌎 #Germany ⏰ 1 နာရီ 42 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Inbetween Worlds (2014)===================IMDb Rating – 6.5/10 ဂျာမန်စစ်သားတဦးဖြစ်တဲ့ ဂျက်စ်ပါဟာရဲ့ ညီဖြစ်သူကအာဖဂန်နစ်စတန်မှာကျဆုံးထားပေမယ့် နောက်တကြိမ်ထပ်ပြီး အာဖဂန်မှာ တာဝန်ထမ်းဆောင်ရန်ထွက်ခဲ့ပါတယ်။သူ့တာဝန်က တာလီဘန်တွေရဲ့ရန်ကနေရွာတရွာကို ဒေသခံအာဘတ်ကီတပ်ဖွဲ့တွေနဲ့ အတူတူကာကွယ်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီမှာဂျက်စ်ပါရဲ့ စကားပြန်ဖြစ်သူ တာရစ်နဲ့ သူ့ညီမလေးတို့ဟာ ဂျာမန်စစ်တပ်အတွက် စကားပြန်လုပ်ပေးနေလို့တာလီဘန်တွေရဲ့ ခြိမ်းခြောက်ခံနေရပါတယ်။  တာရစ်နဲ့ခင်မင်ရင်းနှီးသွားပြီးနောက် သနားစိတ်တွေပေါ်လာတဲ့ဂျက်စ်ပါတယောက် တာရစ်ညီမလေးဒုက္ခကြုံလာတဲ့အခါအထက်အမိန့်တွေလွန်ဆန်ပြီး ကယ်တင်နိုင်မလား ဆိုတာကိုစစ်ပွဲနောက်ခံ ဒရာမာ လေးတွေကြည့်ချင်သူတွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Chit Min Thu ဖြစ်ပါတယ်)

Unwelcome (2022) ⭐IMDB: 5.0/10 (3 k Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 720p 🌎 #UnitedKingdom #Ireland ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Unwelcome (2023) Jamie နဲ့ Maya တို့လင်မယားက Maya ကိုယ်ဝန်ရှိခါစမှာလူရမ်းကားသုံးယောက်က သူတို့အိမ်ကို အတင်းဝင်လာပြီးသူတို့လင်မယားကို ရိုက်နှက်ခဲ့လို့ စိတ်ဒဏ်ရာတွေကိုယ်စီ ရနေကြပါတယ်။ Maya မီးဖွားခါနီးမှာ အိုင်ယာလန်က Jamie ရဲ့အဒေါ်ဆုံးသွားပြီးအမွေပေးခဲ့တဲ့ ကျေးလက်အိမ်လေးမှာ ဘဝသစ်စလို့ရအောင်၊ကလေးအေးအေးဆေးဆေးမွေးလို့ရအောင်ဆိုပြီး ပြောင်းလာကြပါတယ်။ သူတို့အဒေါ်အိမ်က ဥယျာဉ်အကျယ်ကြီးရယ် အိမ်အကြီးကြီးရယ်ဆိုတော့ သူတို့လင်မယားပျော်နေကြပါတယ်။ဒါပေမယ့် သူတို့အဒေါ်က ခြံထဲက သစ်သားအိမ်လေးရှေ့မှာညနေတိုင်း အသည်းအစိမ်းချကျွေးတာကို မပျက်မကွက် နေ့တိုင်းလုပ်ဖို့ မှာခဲ့ပါတယ်။သူတို့တွေက သဘာဝလွန်ကိစ္စတွေကို အယုံအကြည်မရှိတဲ့သူတွေဆိုတော့နေ့တိုင်းကျွေးဖို့ မေ့တာမျိုးတွေ ရှိလာပြီး ဘာတွေဆက်ဖြစ်လာမလဲ၊သစ်သားအိမ်လေးနောက်ကွယ်မှာ ဘာသတ္တဝါတွေရှိနေမလဲဆိုတာကိုဇာတ်လမ်းထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။

Wedding Dress (2010) ⭐IMDB: 7.5/10 (769 Votes) 🎬 #Drama #Family 🗓️ 2010 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wedding Dress (2010) ဘဝမှာ ကိုယ်ချစ်ရဆုံးသူတစ်ယောက် ရှိကြမှာပါဒီဇာတ်လမ်းလေးထဲမှာတော့ တစ်ခုလပ်မိခင် ဂိုဝွန်းက မင်္ဂလာဝတ်စုံဒီဇိုင်နာတစ်ယောက်ဖြစ်ပြီးသူ့မှာ သွေးကင်ဆာရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ် အဲဒီနောက်မှာ သူမရဲ့သမီးလေး ဂျောင်ဆိုရာကို သူမမပါဘဲ နေထိုင်တတ်ဖို့ ဆိုရာအကျင့်တွေနဲ့ပက်သက်ပြီး ဘယ်လိုတွေပြင်ဆင်ပေးခဲ့မလဲသမီးလေးနဲ့မခွဲခင်မှာ သမီးလေးအတွက် မင်္ဂလာဝတ်စုံဝတ်ဆင်ခြင်းအပါအဝင် သမီးလေးအတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးချင်ခဲ့ပါတယ်သူမရဲ့ရောဂါပိုဆိုးလာနဲ့အမျှ ဆိုရာလည်း သူ့အမေနေမကောင်းဖြစ်နေတာကို သိသွားပြီးသူ့အမေရဲ့ဆန္ဒတွေကို လျှို့ဝှက်ပြီး ဘယ်လိုဖြည့်ဆည်းပေးဖို့ကြိုးစားမလဲချစ်ရတဲ့သူ့ရဲ့အမေအတွက် သူ့အကျင့်တွေကိုပြင်ပြီး ဘယ်လိုတွေရှေ့ဆက်မလဲကိုယ်ချစ်ရဆုံးအမေနဲ့ မခွဲရခင်မှာ ဆိုရာလေးက ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကိုတော့…. အညွှန်း နဲ့ ဘာသာပြန်ကတော့Myo Myoပဲ ဖြစ်ပါတယ်။

Unwelcome (2022) ⭐IMDB: 5.0/10 (3 k Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedKingdom #Ireland ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Unwelcome (2023) Jamie နဲ့ Maya တို့လင်မယားက Maya ကိုယ်ဝန်ရှိခါစမှာလူရမ်းကားသုံးယောက်က သူတို့အိမ်ကို အတင်းဝင်လာပြီးသူတို့လင်မယားကို ရိုက်နှက်ခဲ့လို့ စိတ်ဒဏ်ရာတွေကိုယ်စီ ရနေကြပါတယ်။ Maya မီးဖွားခါနီးမှာ အိုင်ယာလန်က Jamie ရဲ့အဒေါ်ဆုံးသွားပြီးအမွေပေးခဲ့တဲ့ ကျေးလက်အိမ်လေးမှာ ဘဝသစ်စလို့ရအောင်၊ကလေးအေးအေးဆေးဆေးမွေးလို့ရအောင်ဆိုပြီး ပြောင်းလာကြပါတယ်။ သူတို့အဒေါ်အိမ်က ဥယျာဉ်အကျယ်ကြီးရယ် အိမ်အကြီးကြီးရယ်ဆိုတော့ သူတို့လင်မယားပျော်နေကြပါတယ်။ဒါပေမယ့် သူတို့အဒေါ်က ခြံထဲက သစ်သားအိမ်လေးရှေ့မှာညနေတိုင်း အသည်းအစိမ်းချကျွေးတာကို မပျက်မကွက် နေ့တိုင်းလုပ်ဖို့ မှာခဲ့ပါတယ်။သူတို့တွေက သဘာဝလွန်ကိစ္စတွေကို အယုံအကြည်မရှိတဲ့သူတွေဆိုတော့နေ့တိုင်းကျွေးဖို့ မေ့တာမျိုးတွေ ရှိလာပြီး ဘာတွေဆက်ဖြစ်လာမလဲ၊သစ်သားအိမ်လေးနောက်ကွယ်မှာ ဘာသတ္တဝါတွေရှိနေမလဲဆိုတာကိုဇာတ်လမ်းထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။

The Up Rank (2022) ⭐IMDB: 6.5/10 (108 Votes) 🎬 #Action #Crime #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Thailand ⏰ 1 နာရီ 44 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Up Rank (2023) ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ ဂိမ်းကိုအရူးအမူးစွဲလမ်းကြတဲ့လူငယ်တွေလည်း အများကြီးရှိလာပါတယ်။Rank မှ Rank ဖြစ်နေပြီး Rank ချင်းပြိုင်ရင် နိုင်ချင်ကြသူတွေလည်း အများကြီးပါပဲ။ဒီထဲကမှ ယူဆိုတဲ့ကောင်လေးဟာ ဂိမ်းကို ထမင်းမေ့ဟင်းမေ့ အဖေနဲ့ရည်းစားကိုပါမေ့ပြီး အရူးအမူးဆော့တဲ့ Ace rank ID ပိုင်ရှင်‌ပါ။တစ်နေ့မှာတော့ သူနဲ့ပွဲတစ်ပွဲမှာဆုံတဲ့အကောင့်တစ်ခုက ဂိမ်းဆော့ရင်းပိုက်ဆံရမယ်ဆိုတဲ့ စာပို့လာတဲ့အခါယူတစ်ယောက် သံသယလေးတစ်ဖက်နဲ့ စိတ်ဝင်စားလာပါတော့တယ်။ဂိမ်းဆော့ရင်းပိုက်ဆံရပေမဲ့ ဂိမ်းစည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတဲ့ rank တင်တဲ့အလုပ်…ဒီအလုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲ။ လောဘပေါ်လောဘဆင့်လာတဲ့ လူတွေရဲ့အငြိုးအာဃာတတွေ၊ဆက်ဆံရေးတွေ ပျက်စီးလာရလောက်တဲ့အထိ ရူးသွပ်ကြပုံတွေ… စတာတွေကိုIMDb 6.6 ရထားတဲ့ ဒီထိုင်းကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်။

Succession (2018-2023) ⭐IMDB: 8.8/10 (170 k Votes) 🎬 #Comedy #Drama 🗓️ 2018-2023 🎞️ Series 📺 1080p 🌎 #UnitedStates #Croatia #Italy #Norway #UnitedStatesofAmerica ⏰ 1 နာရီ 2 မိနစ် 12 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Succession (2018) Season 1 + 2  2022 ခုနှစ် အကောင်းဆုံးရုပ်ရှင်စီးရီးအဖြစ် Emmy ဆုရရှိသွားတဲ့ စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ပရိသတ်တွေအများကြီးရဲ့ အားပေးမှုကို ရထားတဲ့ ဒရာမ စီးရီးတစ်ခုလည်းဖြစ်ပါတယ်။ နာမည်ကတော့ ဆက်ခံမှု ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီစီးရီးကိုတော့ အက်မင်က စီးပွားရေး Game of Thrones လို့ တင်စားချင်ပါတယ်။ GoT လို အတိုက်အခိုက်တွေ နဂါးတွေအစား စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေရဲ့ ကွက်ကျော်ရိုက်ပုံတွေ၊ နောက်ကျောဓားနဲ့ထိုးပုံတွေ ကာရိုက်တာတွေ ပြောင်းလဲလာပုံတွေနဲ့ တင်ဆက်ထားတာမို့ စီးပွားရေးဗဟုသုတရော ရသပါ အတော်လေးပြည့်စုံတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ကာရိုက်တာတွေကလည်း Game of Thrones လိုပဲ တစ်မျိုးစီထူးခြားပြီး အကြံကိုယ်စီနဲ့ ဖြစ်နေပါတယ်။ ကြားထဲမှာ အပူးအပေါင်းတွေ အကွဲအပြဲတွေ လှည့်ကွက်တွေလည်း အတော်ကို စုံပါတယ်။ဇာတ်လမ်းအကျဉ်းလိုဂန် ရွိုင်ဆိုတဲ့ အောက်ခြေကတက်လာတဲ့ ဘီလီယံနာ သူဌေးကြီးဟာ မီဒီယာ နဲ့ ဖျော်ဖြေရေးလောကရဲ့ အင်အားအကြီးဆုံးကုမ္ပဏီကြီးတွေထဲက တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ သူ အသက် ၈၀ ပြည့်တဲ့အချိန်မှာ စီအီးအို အမှုဆောင်ချုပ်အဖြစ်ကနေ အနားယူပြီး သူ့ရဲ့ သားသမီးတွေထဲက တစ်ယောက်ကိုလက်လွှဲပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် သူ့သားသမီးတွေကလည်း တစ်ယောက်တစ်ပေါက်နဲ့မို့ ကုမ္ပဏီကို စိတ်ချလက်ချလက်လွှဲစရာလူ ရှာမတွေ့ဖြစ်နေတုန်းပါပဲ။အဲဒီအချိန်မှာပဲ လိုဂန်တစ်ယောက် ဦးနှောက်သွေးကြောပေါက်ပြီး သတိလစ်သွားခဲ့ပါပြီ၊ လိုဂန်ရဲ့ ကျန်းမာရေးသတင်းဟာ ရှယ်ယာဈေးကွက်ကြီးတစ်ခုလုံးကို ရီုက်ခတ်သွားနိုင်တာမို့ တစ်ရက်အတွင်း လိုဂန့်နေရာကို ဆက်ခံဖို့ လူတွေကို မိသားစုဝင်တွေဘုတ်အဖွဲ့တွေ အမြန်ရွေးချယ်ရပါတော့မယ်။ အဲဒီကစပြီး ဇာတ်ရှိန်တွေတက်သွားလိုက်တာ အခု နောက်ဆုံးစီစန်အထိပါပဲ။ ဒီဇာတ်လမ်းတွဲကြည့်ပြီးသွားရင်တော့ စီးပွားရေးသမားအကြီးစားဖြစ်လာဖို့ ဘယ်လောက်ဉာဏ်များပြီးဘယ်လောက် ရက်စက်ပြတ်သားဖို့လိုလဲဆိုတာပါ တွေ့လာပါလိမ့်မယ်။File size…600MB

The Moustache (2005) ⭐IMDB: 6.6/10 (5 k Votes) 🎬 #Drama #Mystery 🗓️ 2005 🎞️ Movie 📺 720p HD 🌎 #France ⏰ 1 နာရီ 25 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Moustache (2005) ~ IMDb – 6.6/10, Rotten Tomatoes – 86% ~ ပြင်သစ်ဒါရိုက်တာ Emmanuel Carrère ရိုက်ထားတဲ့ Mystery / Drama အမျိုးအစားရုပ်ရှင်ပါ။ ကိန်းကနေ မင်းသားဆုရထားတဲ့ ပြင်သစ်မင်းသား Vincent Lindon နဲ့ César Award for Best Actress ရထားတဲ့ မင်းသမီး Emmanuelle Devos တို့က သရုပ်ဆောင်ပေးထားပါတယ်။ ဝေဖန်ရေးသမားတွေတော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ခဲ့ကြပြီး RT – 86% ရထားပါတယ်။ Mystery / Drama ဆိုပေမဲ့ Psychological Drama လိုလို ဘာလိုလိုပါပဲ။ ဒီတစ်ကားလုံးကို မင်းသားနဲ့ သူ့နှုတ်ခမ်းမွှေးအပေါ် အခြေခံထားတယ်။ ကားစစမှာ မင်းသားနဲ့ သူ့မိန်းမပြောစကားအရ မင်းသားဟာ နှုတ်ခမ်းမွှေးမရိတ်တာ တော်တော်ကြာပြီဖြစ်တဲ့လူဆိုတာကို ပြထားတယ်။ ပြီးကျ သူတို့တွေ သူတို့မိတ်ဆွေတွေရဲ့ ကလေးတစ်ယောက်ရဲ့မွေးနေ့ပွဲသွားကြတယ်။ ထူးတာက မင်းသားက မုတ်ဆိတ်ရိတ်လာပေမဲ့ သူ့မိန်းမအပါအဝင် ဘယ်သူကမှ သတိမထားမိကြဘူး။ ဒီလိုနဲ့အပြန်မှာ သူ့ကိုနောက်နေကြတာလားဆိုပြီး ပေါက်ကွဲရော။ နောက်မှ သူ့မိန်းမစကားအရ သူ့မှာ နှုတ်ခမ်းမွှေးမရှိခဲ့ဘူးဆိုတာကို သိလိုက်ရတယ်။ ဒါပေမဲ့ သူယုံရခက်နေတယ်။ ဒီလိုနဲ့နောက်ထပ် သူ့ဘဝထဲကလူတွေကို သူနှုတ်ခမ်းမွှေးရှိခဲ့ပြီး အခုမရှိတော့တာ သတိထားမိလား လိုက်စမ်းသပ်တယ်။ ဒီလိုနဲ့ သူ့မှာမရှိခဲ့တာ သေချာသလိုလိုဖြစ်လာတယ်။ ဒါပေမဲ့လည်း ရှိခဲ့လား မရှိခဲ့လားနဲ့ သူ မသည်းကွဲနေဘူး။ ဒီကားဟာ လူတစ်ယောက် နှုတ်ခမ်းမွှေးတကယ်ရှိမရှိ အဖြေရှာရမယ့်ကားပါ။ အဆုံးကျ အဲဒီလူမှာ နှုတ်ခမ်းမွှေး ရှိမရှိ ခင်ဗျားတို့ ဆုံးဖြတ်ရမယ့် ရုပ်ရှင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

The Moustache (2005) ⭐IMDB: 6.6/10 (5 k Votes) 🎬 #Drama #Mystery 🗓️ 2005 🎞️ Movie 📺 1080p FHD 🌎 #France ⏰ 1 နာရီ 25 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Moustache (2005) ~ IMDb – 6.6/10, Rotten Tomatoes – 86% ~ ပြင်သစ်ဒါရိုက်တာ Emmanuel Carrère ရိုက်ထားတဲ့ Mystery / Drama အမျိုးအစားရုပ်ရှင်ပါ။ ကိန်းကနေ မင်းသားဆုရထားတဲ့ ပြင်သစ်မင်းသား Vincent Lindon နဲ့ César Award for Best Actress ရထားတဲ့ မင်းသမီး Emmanuelle Devos တို့က သရုပ်ဆောင်ပေးထားပါတယ်။ ဝေဖန်ရေးသမားတွေတော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ခဲ့ကြပြီး RT – 86% ရထားပါတယ်။ Mystery / Drama ဆိုပေမဲ့ Psychological Drama လိုလို ဘာလိုလိုပါပဲ။ ဒီတစ်ကားလုံးကို မင်းသားနဲ့ သူ့နှုတ်ခမ်းမွှေးအပေါ် အခြေခံထားတယ်။ ကားစစမှာ မင်းသားနဲ့ သူ့မိန်းမပြောစကားအရ မင်းသားဟာ နှုတ်ခမ်းမွှေးမရိတ်တာ တော်တော်ကြာပြီဖြစ်တဲ့လူဆိုတာကို ပြထားတယ်။ ပြီးကျ သူတို့တွေ သူတို့မိတ်ဆွေတွေရဲ့ ကလေးတစ်ယောက်ရဲ့မွေးနေ့ပွဲသွားကြတယ်။ ထူးတာက မင်းသားက မုတ်ဆိတ်ရိတ်လာပေမဲ့ သူ့မိန်းမအပါအဝင် ဘယ်သူကမှ သတိမထားမိကြဘူး။ ဒီလိုနဲ့အပြန်မှာ သူ့ကိုနောက်နေကြတာလားဆိုပြီး ပေါက်ကွဲရော။ နောက်မှ သူ့မိန်းမစကားအရ သူ့မှာ နှုတ်ခမ်းမွှေးမရှိခဲ့ဘူးဆိုတာကို သိလိုက်ရတယ်။ ဒါပေမဲ့ သူယုံရခက်နေတယ်။ ဒီလိုနဲ့နောက်ထပ် သူ့ဘဝထဲကလူတွေကို သူနှုတ်ခမ်းမွှေးရှိခဲ့ပြီး အခုမရှိတော့တာ သတိထားမိလား လိုက်စမ်းသပ်တယ်။ ဒီလိုနဲ့ သူ့မှာမရှိခဲ့တာ သေချာသလိုလိုဖြစ်လာတယ်။ ဒါပေမဲ့လည်း ရှိခဲ့လား မရှိခဲ့လားနဲ့ သူ မသည်းကွဲနေဘူး။ ဒီကားဟာ လူတစ်ယောက် နှုတ်ခမ်းမွှေးတကယ်ရှိမရှိ အဖြေရှာရမယ့်ကားပါ။ အဆုံးကျ အဲဒီလူမှာ နှုတ်ခမ်းမွှေး ရှိမရှိ ခင်ဗျားတို့ ဆုံးဖြတ်ရမယ့် ရုပ်ရှင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

Autumn in New York (2000) ⭐IMDB: 5.6/10 (27 k Votes) 🎬 #Drama #Romance 🗓️ 2000 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 44 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Autumn in New York(2000) ************************* နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်း ဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာ အစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။ တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။ သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီး အသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကို သူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Autumn in New York (2000) ⭐IMDB: 5.6/10 (27 k Votes) 🎬 #Drama #Romance 🗓️ 2000 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 44 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Autumn in New York(2000) ************************* နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်း ဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာ အစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။ တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။ သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီး အသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကို သူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Duan Nago Bogho (2023) ⭐IMDB: 8.4/10 (21 Votes) 🎬 #Action #Asian #Comedy #Crime #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #Malaysia ⏰ 1 နာရီ 41 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Duan Nago Bogho 2023IMDb 8.4/10Action/Drama ဒူအန်ဆိုတဲ့ Makyongရိုးရာအကအနုပညာရှင်တစ်ယောက်ဟာ ရန်ပွဲတစ်ခုမှာဝင်ပါမိတဲ့အတွက် မိဘတွေကနေ ကွာလာလမ်ပူကို ပို့လိုက်ပါတယ်။မြို့ကြီးပြကြီးမှာ သူငယ်ချင်းတွေနဲ့အတူတူ အလုပ်ပေါင်းစုံကိုလုပ်နေရပေမယ့်လည်း သူ့ရဲ့စိတ်ဝိညာဉ်ကတော့ Makyongအကထဲမှာပဲ ရှိနေပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ Makyongအကကို သုတေသနလုပ်ဖို့ဆိုပြီးဒူအန်ဆီကို ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတော့တယ်။ဒါပေမဲ့ ဒီကောင်မလေးရဲ့နောက်ကွယ်မှာ လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်။ ဒါတွေကို ဒူအန်တို့ ဘယ်လိုဖြေရှင်းပြီးဖော်ထုတ်ကြမလဲ။ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာဖြစ်ပါတယ်။