ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
The Loved Ones (2009)
⭐IMDB: 6.6/10 (42 k Votes)
🎬 #Crime #Horror
🗓️ 2009 🎞️ Movie 📺 1080p FHD
🌎 #Australia
⏰ 1 နာရီ 26 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Loved Ones(2009)
==================
အထက်တန်းကျောင်းသား ဘရန့်ဟာ ကားမတော်တဆမှုတစ်ခုမှာ
သူ့အဖေကို ဆုံးရှုံးပြီးကတည်းက စိတ်ဒဏ်ရာနဲ့ ဘဝကို ပစ်စလက်ခတ်
ဖြတ်သန်းနေတဲ့ သူပါ။သူ့အဖေဟာ သူ့ကြောင့်သေရတာဆိုပြီး
ကိုယ့်ကိုကိုယ်အပြစ်တင်တဲ့စိတ်နဲ့ ဆေးခြောက်တွေချတဲ့အပြင်
ကိုယ့်ကိုကိုယ်လည်း ဘလိပ်ဓားနဲ့ မွှန်းတတ်ပါသေးတယ်။
တစ်နေ့မှာတော့ လူတစ်ယောက်က သူ့ကိုမေ့ဆေးအုပ်ပြီး ပြန်ပေး
ဆွဲသွားပါတယ်။ဘရန့်နိုးလာတဲ့ အချိန်မှာတော့ သူဟာ သူ့အတန်းထဲက
ကောင်မလေး လိုလာ တို့အိမ်မှာရောက်နေတာကို တွေ့လိုက်ရပါတယ်။
လိုလာဟာ ဘရန့်ကို ကြိုက်နေသူဖြစ်ပြီး ဘရန့်ကိုလည်း ကျောင်းကပွဲကို
သူနဲ့ အတူသွားမလားလို့ မေးခဲ့ပါသေးတယ်။ဒါပေမယ့်လည်း ဘရန့်ကတော့
ငြင်းလိုက်ပါတယ်။ သူငြင်းလိုက်တဲ့ လိုလာနဲ့ သူ့အဖေဟာ စိတ္တဇ
လူသတ်သမားတွေဖြစ်ကြပြီး လူတွေကို ရက်ရက်စက်စက်အမဲဖြတ်ရတာကို
ပျော်ရွှင်တဲ့လူတွေဖြစ်ကြောင်း ဘရန့်သိလိုက်ရတဲ့ အချိန်မှာတော့
သူဟာ သူတို့သားအဖရဲ့ အကျဉ်းသားဖြစ်နေပါပြီ။
ဘရန့်တစ်ယောက် စိတ္တဇသားအဖနှစ်ယောက်ရဲ့ လက်ကနေ လွတ်မြောက်
နိုင်ပါ့မလား ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားမှာ
အသည်းတယားယားနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Horror/Thriller အမျိုးအစားဖြစ်ပြီး သွေးသံတရဲရဲနဲ့ စိတ်ညစ်ညူးဖွယ်
အခန်းတွေများတာကြောင့် စိတ်ကျန်းမာရေးမကောင်းသူ၊နှလုံးရောဂါ
အခံရှိသူတွေတော့ သတိထားကြည့်သင့်ပါတယ် ခင်ဗျ။
(ဘာသာပြန်နှင့်အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်)
Ride Along (2014)
⭐IMDB: 6.1/10 (117 k Votes)
🎬 #Action #Comedy #Crime
🗓️ 2014 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ride Along(2014)
===============
ကယ်လ်ဗင်ဟာ့တ် လို့ပြောလိုက်တာနဲ့ မသိတဲ့သူတော့ ရှားမယ်ထင်ပါတယ်။
ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် တကယ်ခွီရမယ့် 2014မှာ ထွက်ရှိခဲ့တဲ့ ရဲ အက်ရှင်
ဟာသဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်
ဘန်ဟာ စာသင်ကျောင်းတစ်ခုမှာ လုံခြုံရေးအဖြစ် အလုပ်လုပ်ပြီး သူ့ရဲ့
အားလပ်ချိန်တွေမှာတော့ ဂိမ်းတွေဆော့ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်း
တတ်သူတစ်ယောက်ပါ။ ဘန်မှာ သိပ်ချစ်ရတဲ့အန်ဂျလာလို့ခေါ်တဲ့ ကောင်မလေး
တစ်ယောက်လည်းရှိပါသေးတယ်။ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ အဆင်သင့်ဖြစ်
နေကြတဲ့ စုံတွဲဖြစ်ပါတယ် ဒါပေမယ့် ပြသနာကတော့ အန်ဂျလာရဲ့ အကို ဂျိမ်းစ်ပါ။
ဂျိမ်းစ်ဟာ ရဲတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလုပ်ကို တာဝန်ကျေအောင်လုပ်သူ
တစ်ယောက်ပါ။ အမှုတစ်ခုကို နှစ်နဲ့ချီပြီး လိုက်တဲ့အထိ ဂျိမ်းစ်ဟာ ဇွဲရှိသူ
တစ်ယောက်ပါ။ ဂျိမ်းစ်က သူ့ညီမဖြစ်သူ အန်ဂျလာကို အရမ်းချစ်ပြီး ယောက်ဖလောင်း
ဖြစ်သူ ဘန်ကိုတော့ ကြည့်မရလို သဘောလည်းမတူပါဘူး
တစ်နေ့တော့ ဘန်တစ်ယောက် အတ္တလန်တာ ရဲသင်တန်းကျောင်းကို ဝင်ခွင့်ရသွားခဲ့ပါတယ်။
ဒီအကြောင်းကို ဂျိမ်းစ်ကို ပြောပြလိုက်တဲ့အခါမှာတော့ ဂျိမ်းစ်ဟာ ဘန်ကို
ရဲတစ်ယောက်ဖြစ်ရန် ထိုက်တန်သလားဆိုတာ ဆုံးဖြတ်ဖို့ သူကင်းလှည့်စဉ်မှာ
အကူအဖြစ်နဲ့ ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ယောက်ဖလောင်းနှစ်ယောက်
ကင်းလှည့်ကြရင်း ဘာတွေများ တလွဲတွေဖြစ်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။
ဟာသကားကြိုက်တတ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။
( ဘာသာပြန်နဲ့ အညွှန်းကတော့ Spencer Potato ပဲ ဖြစ်ပါတယ်)
13 (2010)
⭐IMDB: 6.0/10 (43 k Votes)
🎬 #Crime #Drama #Thriller
🗓️ 2010 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 38 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
13(2010)
========
ဒီဇာတ်ကားလေးကတော့ ရင်ထဲမှာ တလှိုက်လှိုက်ဖြစ်နေစေမယ့်
သည်းထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့
ဗင်းဆင့်ဆိုတဲ့ ကောင်လေးက တရားမဝင် မြေအောက် လောင်းကစား၏
ကမ္ဘာကို အကြောင်းအမျိုးမျိုးကြောင့် ပါဝင် ပတ်သက်လာတာကနေ
ပိုက်ဆံအမြောက်အများအပါအဝင် လောင်းကြေးတွေပါ ကြီးမားလာတဲ့
အကြောင်းတွေကို အသည်းတထိတ်ထိတ်နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်
Thriller တွေ Suspense တွေကို ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့
ဇာတ်ကားလေးပဲ ဖြစ်ပါတယ်
Inostrancevia (2023)
⭐⁉️
🎬 #Fantasy #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 19 မိနစ် 05 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လွန်ခဲ့တဲ့ နှစ် ၂၀ ခန့် အမည်မသိကျွန်းတစ်ကျွန်းပေါ်မှ ထူးဆန်းစွာ လူတွေ ပျောက်ဆုံးနေမှု…!
အဲဒီ ကျွန်းဟာ သာမန်မြေပုံတွေမှာလဲ အမှတ်အသားအတိအကျသတ်မှတ်ထားခြင်းမရှိသလို သွားရောက်တဲ့ လူတိုင်း သေဆုံးနေကြသည်မို့လူသူအရောက်ပေါက်နည်းလို့နေခဲ့ပါတယ် ။ ဒါကို စူးစမ်းချင်နေကြတဲ့တက္ကသိုလ်ကျောင်းသားအဖွဲ့ဟာ သူတို့ဘွဲ့မရခင် အဲဒီကျွန်းပေါ်ကိုသွားရောက်ဖို့ ခရီးထွက်လာခဲ့ကြပါတယ် ။ ပထမရောက်တဲ့နေ့မှာအေးအေးဆေးဆေး ရှိပေမဲ့ နောက်တစ်နေ့မှာတော့သူတို့အဖွဲ့အတွင်းမှာ လူတွေသေပျောက်မှု ဖြစ်ပေါ်လာခဲ့တဲ့အခါမှာ…?
သူတို့တွေ ဒီသေပျောက်မှုကို လိုက်လံစုံစမ်းရင်း ထူးဆန်းတဲ့မကောင်းဆိုးဝါးတစ်ကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတော့တယ် ။ ဒီတော့…?
❏ ပျံ့နှံ့နေတဲ့ ကောလဟာလတွေကို မယုံကြည်တဲ့တက္ကသိုလ်ကျောင်းသားတွေ ဒီလိုမျက်မြင်ကိုယ်တွေ့ရင်ဆိုင်လာရတဲ့အခါမှာ ဘယ်လိုမျိုး တုန့်ပြန်ကြမှာလဲ ?❏ စူးစမ်းချင်စိတ် အပြည့်ရှိတဲ့လူငယ်တွေပီပီဒီမကောင်းဆိုးဝါးကို နှိမ်နင်းဖို့ဘယ်လိုမျိုးနည်းလမ်းတွေ ရှာကြမလဲ ?❏ ဒီထူးဆန်း လျှို့ဝှက်လှတဲ့ ကျွန်းပေါ်ကနေရောအသက်ရှင်လျက် ထွက်လာနိုင်ကြပါ့မလား ?ဆိုတာ သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရှုအဖြေရှာ လိုက်ရအောင်လားရှင် ။
The Wind that Shakes the Barley (2006)
⭐IMDB: 7.5/10 (51 k Votes)
🎬 #Drama #War
🗓️ 2006 🎞️ Movie 📺 720p HD
🌎 #Ireland #UnitedKingdom #Germany #Italy #Spain #France #Switzerland
⏰ 2 နာရီ 06 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Wind That Shakes the Barley(2006)
**************************************
အိုင်ယာလန်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ပြည်တွင်းစစ်အကြောင်း ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီးဇာတ်ကားခေါင်းစဉ် The wind that shakes the barleyဆိုတာက အိုင်းရစ်ရှ်လူမျိုး
သူပုန်လေးရဲ့အကြောင်းသီဆိုထားတဲ့ သီချင်းကနေယူထားတာပါ။
ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဒီသီချင်းကိုသုံးပြထားပါတယ်။ဒီဇာတ်ကားထဲမှာနယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်မှု နှိပ်စက်မှုတွေကို မခံနိုင်တဲ့နောက်မှာတော့
အိုင်ယာလန်လူငယ်လေးတွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်ကြပါတယ်။
အချို့ပြည်သူတွေကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးတာမျိုး၊
ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာ၊နေစရာပေးတာမျိုး စတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလည်းတွေ့မြင်ရမှာပါ။လွတ်လပ်ရေးပေးမယ့်ပေးတော့လည်း နယ်ချဲ့တို့ ထုံးစံအတိုင်း ရွှေရည်စိမ်ပဲပေးပြန်တယ်။
ဒီလိုနဲ့ အချင်းချင်း နိုင်ငံရေးသဘောထားတွေမတူဘဲ ငြင်းကြခုံကြနဲ့ ပြည်တွင်းစစ်ဖြစ်တာတွေကို မြင်တွေ့ရမှာပါ။
ကိုယ့်ရဲဘော်ဆိုပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကွပ်မျက်ရတာမျိုး စတဲ့ရင်နာစရာဇာတ်ကွက်တွေလည်းပါပါသေးတယ်။ဇာတ်လိုက်ညီအစ်ကိုတွေဟာလည်း အိုင်ယာလန်နိုင်ငံဖွား
သရုပ်ဆောင်တွေဖြစ်ကြပြီး peaky blinders မင်းသားကြီး Cillian Murphyရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့မြင်ရဦးမှာပါ။
The Wind that Shakes the Barley (2006)
⭐IMDB: 7.5/10 (51 k Votes)
🎬 #Drama #War
🗓️ 2006 🎞️ Movie 📺 1080p FHD

Sarang-ttawin piryo-eopseo (2006)
⭐IMDB: 6.6/10 (535 Votes)
🎬 #Drama #Romance
🗓️ 2006 🎞️ Movie 📺 1080p FHD
🌎 #SouthKorea
⏰ 2 နာရီ 00 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love Me Not(2006)
=================
ဒီတစ်ခေါက်မှာတော့ လွမ်းလည်းလွမ်းရ ငိုလည်းငိုရမယ့် ကိုရီးယားကားဟောင်း
လေးနဲ့မိတ်ဆက်ပေးပါမယ်။ဂျပန်ဒရာမာကားကိုပြန်ရိုက်ထားတာဖြစ်ပြီး
မင်းသားကြီး Kim Joo-hyukနဲ့ ပရိသတ်များအသိများတဲ့ My Little Bride၊
Autumn in my heartတို့မှမင်းသမီးချောလေး Moon Geun-youngတို့က
ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဂျူလီအန်းဆိုတဲ့သူက မကောင်းတာလုပ်စားတဲ့
ယောကျ်ားတစ်ဉီးပါ။သူ့ဖောက်သည်အမျိူးသမီးတွေဆီကနေ ဇာတ်လမ်းတွေ
ထွင်ရင်း မျက်ရည်လည်းချူ ပိုက်ဆံလည်းချူတတ်သူတစ်ဉီးပါ။အဲ့ကနေရလာတဲ့၏
ပိုက်ဆံတွေနဲ့ပျော်ပါးရင်းက အကြွေးတွေတင်တဲ့ဆီကိုရောက်လာပါတော့တယ်။
တစ်လအတွင်းမဆပ်နိုင်ရင်အသတ်ခံရမှာဖြစ်ပါတယ်။အဲ့တော့ အကြွေးဆပ်ဖို့
အကြံထုတ်ကာ သေသွားတဲ့သူငယ်ချင်းရဲ့မိသားစုအိမ်မှာ အစ်ကိုအဖြစ်ဟန်ဆောင်
ကာအမွေဆက်ခံမည့်ညီမဖြစ်သူကိုလုပ်ကြံရင်း မိမိကံကြမ္မာကိုဖန်တီးဖို့ အကြံ
ထုတ်ပါတော့တယ်။တကယ်တမ်းမှာတော့အေးစက်မာကြောတဲ့မျက်မမြင်မလေး
မင်နဲ့ ခံစားချက်များပွင့်ဟပြီးနောက်မှာတော့မေတ္တာသံယောဇဉ်ကြိုးတွယ်လာ
ပါတော့တယ်။အချစ်ကိုပြန်လည်ခင်တွယ်လာပြီးနောက် ပိုင်ဆိုင်ကြဖို့ကြိုးစား
တဲ့အခါမှာတော့ ပြဿနာအမျိုးမျိုးကိုရင်ဆိုင်ကြရပါတော့တယ်။အလိမ်အညာ
တွေနဲ့တည်ဆောက်ထားတဲ့ ဂျူလီအန်းရဲ့ယူဂျင်းသရုပ်ကိုဘယ်လိုဆက်လက်
ရှေ့တိုးမလဲ။မျက်မမြင်မလေးမင်ကိုစောင့်ရှောက်ရင်း ဘယ်လိုပြဿနာတွေနဲ့ကြုံ
တွေ့ရမလဲ။တင်နေတဲ့အကြွေးတွေဆပ်မဲ့တစ်လအချိန်မှာ ဘယ်လိုဘဝအချိုးအကွေ့
တွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှု့ခံစားရမှာပါ။
လောကကြီးမှာအရေးပါဆုံးအရာကတော့ငွေနဲ့ဝယ်လို့မရတဲ့ပစ္စည်းဖြစ်ပြီးတော့
လူတိုင်းဟာ ထိုအရာကိုပိုင်ဆိုင်ဖို့အခွင့်အရေးကိုတော့ ခဏခဏမရနိုင်ပါဘူး။
မျက်စိနဲ့မမြင်ရနိုင်တဲ့အရာတွေကို သေချာမြင်နိုင်ကြဖို့လိုပါတယ်။အနီးနားမှာ
အဝေးမှာ အတိတ်မှာ အနာဂတ်မှာ ထိုအရာနှင့်တွေ့ဆုံကြတဲ့အခါဖြစ်ပေါ်လာတဲ့
ခံစားမှု၊အဖိုးမဖြတ်နိုင်တဲ့ ပြန်လည်အစားထိုးမရနိုင်တဲ့မှတ်ဉာဏ်တွေနဲ့
တည်ဆောက်ထားတတ်တဲ့ဘဝရဲ့အခြေခံကျပုံသဘော ကို တွေ့မြင်ခံစားရမဲ့
ဒီဇာတ်ကားဟာ ဒရာမာရသပြည့်ဝစွာခံစားလိုသူတွေအတွက် လက်မလွှတ်
သင့်တဲ့ဇာတ်ကားများထဲမှာအပါအဝင်ဖြစ်ပါတယ်။
(ဘာသာပြန်သူနဲ့အညွှန်းရေးသားသူကတော့ Nwe Hnin Thazinဖြစ်ပါတယ်)
Origin of Monogamy (2013)
⭐IMDB: 6.9/10 (10 Votes)
🎬 #Adult #Drama #Romance
🗓️ 2013 🎞️ Movie 📺 720p HD
🌎 #SouthKorea
⏰ 1 နာရီ 43 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
*****************************
ဂင်ဆွန်းအယ်က AIDS သုတေသနဓာတ်ခွဲခန်းမှာ အလုပ်လုပ်ပြီး မီဂျူကတော့
ကြုံရာဝင်လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ် ဆောင်းအယ်ကတော့ စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်ပြီး
ဆွန်းအယ်ကို ကုသပေးနေရပါတယ် တစ်ရက်မှာ ဆွန်းအယ်ကို ကုသပေးနေတုန်း
ဆွန်းအယ်ရဲ့ထိတ်လန့်ဖွယ်ရာလုပ်ရပ်ကို သိလိုက်ရပါတော့တယ်တစ်ဖက်မှာလည်း မီဂျူက သူ့ချစ်သူနဲ့ မွေးနေ့ပွဲကျင်းပချင်လို
ဆွန်းအယ်ရဲ့အိမ်မှာ လာလုပ်ဖို ခွင့်တောင်းလိုက်ပါတယ် ဆွန်းအယ်က ခွင့်ပြုပေးလိုက်တဲ့အခါမှာတော့
ဆွန်းအယ် မီဂျူနဲ့သူ့ချစ်သူတို ၃ပွင့်ဆိုင် ဘယ်လိုကိစ္စတွေဖြစ်လာမလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုခံလိုက်ပါဦး
ညှို့အားပြင်းအလှပိုင်ရှင်မမတွေပါတဲ့အပြင် အိပ်ရာခန်းတွေလည်းပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း…
Sultan (2021)
⭐IMDB: 6.2/10 (5 k Votes)
🎬 #Action #Bollywood #Drama #Romance
🗓️ 2021 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 36 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sulthan (2021)
အိန္ဒိယတောင်ပိုင်းရုပ်ရှင်ချစ်သူတွေအတွက်တစ်နေ့ကထွက်လာတဲ့ မင်းသား Karthi(ကာရ်သီ) နဲ့မင်းသမီးချော Rashmika Mandanna(ရာ့ရှ်မီကာမန်ဒနား)တိုရဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဗစ်ကရမ် (ခေါ်) ဆူလ်သန်ဟာ ချန်နိုင်းမြိုကဒိတ်ဒိတ်ကြဲလူမိုက်ကြီး စည်သူပသီရဲ့သားပါ။လူမိုက်ပေမယ့် မှန်ကန်တဲ့လူမိုက်ကြီး စည်သူပသီဟာချန်နိုင်းဝန်းကျင်တစ်ဝိုက်မှာ နာမည်ကောင်းနဲ့ ကျော်ကြားပြီးဘေးပတ်ဝန်းကျင်နယ်တွေမှာ ပြဿနာပေါ်လာတိုင်းဖြေရှင်းပေးနေကျပေါ့။အုပ်ထိန်းသူမိခင် မရှိတော့တဲ့နောက်ပိုင်းလူယုံ လက်ရုံးတပည့်တွေလက်ပေါ်မှာကြီးပြင်းလာခဲ့ရတဲ့ ဆူလ်သန့်ကိုစည်သူပသီကရော ၊ တပည့်တွေအားလုံးကပါ သိပ်ချစ်ကြတယ်။
အရွယ်ရောက်သည်အထိ ပညာတွေသင်ရင်း မွန်ဘိုင်းမြိုမှာနေရတဲ့ဆူလ်သန့်အတွက် လူဆိုးလူမိုက်အလုပ်တွေကို မလုပ်ရသလိုသူကိုယ်တိုင်လည်း လူမိုက်အလုပ်ကို မနှစ်မြိုသူပါ။
ဒီလိုနဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမတော့ဖခင်ကြီးမသေခင်က ပေးခဲ့တဲ့ကတိအတိုင်းရွာတစ်ရွာကိုနှောက်ယှက်ပြီး အဲ့ဒီရွာကို ဒုက္ခပေးနေတဲ့လူမိုက်ကြီးတစ်ယောက်နဲ့ ဆူလ်သန်တစ်ယောက် ရင်ဆိုင်ရဖို ဖြစ်လာပါတယ်။
တောင်းပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း အကအလှတွေ ဝေဝေဆာဆာ ၊အက်ရှင်ခန်းတွေ ဖောဖောသီသီနဲ့ ၂နာရီကျော်ကြာတဲ့ ပြသချိန်အတွင်းပျင်းရိမသွားရလေအောင် ဟာသလေးတွေ အူမြူးစရာလေးတွေပါ ထည့်ထားတော့အိန္ဒိယရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ပျော်မှာပါ။
Sarileru Neekevvaru (2020)
⭐IMDB: 5.8/10 (8 k Votes)
🎬 #Action #Bollywood #Comedy #Drama
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 51 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ရက်ပေါင်း၅ဝလောက် ကြာပြီးတဲ့နောက်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ တေလဂူးမင်းသားချော Mahesh Babuနဲ့
ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး အကြည်တက်လာခဲ့ပါပြီ။
ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။
စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။
မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။
ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။
လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။
ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့
တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။
ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့… မင်းသားချောပါပဲ။
ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ
အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
ရက်ပေါင်း၅ဝလောက် ကြာပြီးတဲ့နောက်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ တေလဂူးမင်းသားချော Mahesh Babuနဲ့
ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး အကြည်တက်လာခဲ့ပါပြီ။
ဇာတ်လမ်းအကျဥ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။
စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။
မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။
ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။
လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။
ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့
တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။
ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့… မင်းသားချောပါပဲ။
ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ
အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Sultan (2021)
⭐IMDB: 6.2/10 (5 k Votes)
🎬 #Action #Bollywood #Drama #Romance
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 36 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sulthan (2021)
အိန္ဒိယတောင်ပိုင်းရုပ်ရှင်ချစ်သူတွေအတွက်တစ်နေ့ကထွက်လာတဲ့ မင်းသား Karthi(ကာရ်သီ) နဲ့မင်းသမီးချော Rashmika Mandanna(ရာ့ရှ်မီကာမန်ဒနား)တိုရဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဗစ်ကရမ် (ခေါ်) ဆူလ်သန်ဟာ ချန်နိုင်းမြိုကဒိတ်ဒိတ်ကြဲလူမိုက်ကြီး စည်သူပသီရဲ့သားပါ။လူမိုက်ပေမယ့် မှန်ကန်တဲ့လူမိုက်ကြီး စည်သူပသီဟာချန်နိုင်းဝန်းကျင်တစ်ဝိုက်မှာ နာမည်ကောင်းနဲ့ ကျော်ကြားပြီးဘေးပတ်ဝန်းကျင်နယ်တွေမှာ ပြဿနာပေါ်လာတိုင်းဖြေရှင်းပေးနေကျပေါ့။အုပ်ထိန်းသူမိခင် မရှိတော့တဲ့နောက်ပိုင်းလူယုံ လက်ရုံးတပည့်တွေလက်ပေါ်မှာကြီးပြင်းလာခဲ့ရတဲ့ ဆူလ်သန့်ကိုစည်သူပသီကရော ၊ တပည့်တွေအားလုံးကပါ သိပ်ချစ်ကြတယ်။
အရွယ်ရောက်သည်အထိ ပညာတွေသင်ရင်း မွန်ဘိုင်းမြိုမှာနေရတဲ့ဆူလ်သန့်အတွက် လူဆိုးလူမိုက်အလုပ်တွေကို မလုပ်ရသလိုသူကိုယ်တိုင်လည်း လူမိုက်အလုပ်ကို မနှစ်မြိုသူပါ။
ဒီလိုနဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမတော့ဖခင်ကြီးမသေခင်က ပေးခဲ့တဲ့ကတိအတိုင်းရွာတစ်ရွာကိုနှောက်ယှက်ပြီး အဲ့ဒီရွာကို ဒုက္ခပေးနေတဲ့လူမိုက်ကြီးတစ်ယောက်နဲ့ ဆူလ်သန်တစ်ယောက် ရင်ဆိုင်ရဖို ဖြစ်လာပါတယ်။
တောင်းပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း အကအလှတွေ ဝေဝေဆာဆာ ၊အက်ရှင်ခန်းတွေ ဖောဖောသီသီနဲ့ ၂နာရီကျော်ကြာတဲ့ ပြသချိန်အတွင်းပျင်းရိမသွားရလေအောင် ဟာသလေးတွေ အူမြူးစရာလေးတွေပါ ထည့်ထားတော့အိန္ဒိယရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ပျော်မှာပါ။
The Storage (2011)
⭐IMDB: 5.9/10 (1 k Votes)
🎬 #Comedy #Drama
🗓️ 2011 🎞️ Movie 📺 1080p FHD
🌎 #Finland
⏰ 1 နာရီ 40 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Storage (2011)==============IMDb rating – 5.9/10
ဒီတစ်ခေါက် ပရိတ်သတ်ကြီးအတွက် ပေါ့ပေါ့ပါးပါးဖြစ်တဲ့Drama/comedy ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့ –စတိုးဆိုင်တစ်ခုရဲ့ သိုလှောင်ခန်းထဲမှာ ရော့စ်ကုနဲ့ ရာ့နီနန်နှစ်ယောက်သား တာဝန်ယူပြီး လုပ်ပေးရပါတယ်။ ရော့စ်ကုကအဲဒီစတိုးဆိုင်မှာ အလုပ်လုပ်နေတဲ့ ကယ်ရီတာနဲ့ ဇာတ်လမ်းလေးတွေ ရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ ကယ်ရီတာက သူ့မှာကိုယ်ဝန်ရှိကြောင်း ရော့စ်ကုကို ဖွင့်ပြောလာပါတယ်။ ရော့စ်ကု ကတော့ကလေးကို ဖျက်ချပစ်ဖို့ ပြောပေမဲ့ ကယ်ရီတာကတော့ ကလေးကို မွေးဖြစ်အောင်မွေးမယ်လို့ ပြောပြီး သူနဲ့အတူတူလာမနေရင် သိုလှောင်ခန်းထဲက ပစ္စည်းတွေကို သူခိုးခဲ့တဲ့အကြောင်းကို မန်နေဂျာကို အကြောင်းကြားမယ်လို့ပါ အကြပ်ကိုင်ခြိမ်းခြောက်ပြီး သူနဲ့ မိသားစုတစ်ခုကို တည်ထောင်ဖို့ ပြောခဲ့ပါတယ်။
နောက်ပိုင်းမှာ သိုလှောင်ခန်းထဲကနေ ရော့စ်ကု ခိုးယူနေတဲ့ကိစ္စတွေကို သူဌေးသိသွားမှာလား၊ ကယ်ရီတာနဲ့အတူတူ သူတို့ရဲ့ဆင်းရဲနွမ်းပါးတဲ့ ဘဝလေးမှာ မိသားစုတစ်ခုကို တည်ထောင်နိုင်မလားဆိုတာကို ကြည့်ရှူလို့ရမယ့် ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Juneဖြစ်ပါတယ်)
The Beach of the Drowned (2015)
⭐IMDB: 6.1/10 (904 Votes)
🎬 #Crime #Drama #Mystery
🗓️ 2015 🎞️ Movie 📺 720p HD
🌎 #Spain
⏰ 1 နာရီ 32 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Beach of the Drowned (2015)========================IMDb Rating – 6.1/10
မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ အင်မတန်သေးငယ်တဲ့အပြစ်ပဲဖြစ်ဖြစ်၊ အကြီးဆုံးအပြစ်ပဲဖြစ်ဖြစ် မကောင်းမှုပါပဲ။ ဘယ်လောက်ပဲဖုံးဖိထားထား အချိန်တန်ရင် ဘူးပေါ်သလိုပေါ်ရတာချည်းပါပဲ။ အခုမိတ်ဆက်ချင်တဲ့ဇာတ်ကားလေးဟာလည်း သင်္ဘောသားတစ်ယောက် အသတ်ခံရပြီး ကမ်းခြေမှာပေါ်လာတာကစပြီး တရားခံတွေ ဖုံးကွယ်ထားတဲ့အမှုတွေ တစ်ခုပြီးတစ်ခုပေါ်လာတဲ့ စပိန်မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
ပန်ဂျွန်ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ ကာစတယ်လိုဆိုတဲ့ သင်္ဘောသားရဲ့အလောင်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ စုံထောက် လီယိုကယ်လ်ဒက်စ် နဲ့ အရာရှိ ရာဖာအက်စ်တီဗက်စ် တို့ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ရောက်ရှိလာကြပါတယ်။ သူတို့စုံစမ်းရင်း သိလာရတာက ဒီအမှုဟာသာမာန်လူသတ်မှုတင်မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ရေဘက်ကာနီရာ ဆိုတဲ့အမျိုးသမီးရဲ့ အမှုနဲ့ပါဆက်စပ်နေတာကို တွေ့လာရပါတယ်။
သူတို့တွေဟာ ကာစတယ်လိုကိုသတ်ခဲ့တာ ဘယ်သူဖြစ်မလဲ၊ ပျောက်ဆုံးနေတဲ့ အမျိုးသမီး ရေဘက်ကာကရော ဘယ်ရောက်နေမလဲ၊ တရားခံဘယ်နှယောက်လောက်ရှိနေမလဲ၊ အမှုနှစ်ခုဟာ ဘယ်လိုဆက်စပ်နေမလဲဆိုတာကို စုံစမ်းဖော်ထုတ်တာဟာ စိတ်၀င်စားဖို့ကောင်းလွန်းတာကြောင့်မှုခင်းဇာတ်လမ်းကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ချင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jaka ဖြစ်ပါတယ်)
Boso Dos (2023)
⭐TMDB: 25.0% User Score
🎬 #Adult #Drama #Comedy #Thriller
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #Philippines
⏰ 1 နာရီ 48 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Boso Dos (2023)
မာရီယိုဟာ ချောင်းကြည့်ရတာ ဝါသနာပါတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ဘဝကတည်းက ဘေးအိမ်က မမလှလှကြီးတစ်ယောက် အဝတ်လဲနေတာကို ပြတင်းပေါက်ကနေ ချောင်းကြည့်အာသာဖြေလေ့ရှိပြီး အသက်အရွယ်ရောက်လို့ ရဲတပ်ဖွဲ့ထဲဝင်တဲ့အချိန် အဲဒီမမကြီးဖြစ်တဲ့ အာရာနဲ့အတူ အလုပ်တွဲလုပ်ဖို့ဖြစ်လာတဲ့အချိန်မှာတော့ သူ့အိပ်မက်တွေလက်တွေ့ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ မူးယစ်ဂိုဏ်းတစ်ခုကို နှိမ်နင်းဖို့ အဲ့ဒီဂိုဏ်းရဲ့စခန်းကို စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ပြီး စောင့်ကြည့်ဖို့တာဝန်ကို သူနဲ့အာရာကို အထက်အရာရှိက တွဲဖက်တာဝန်ပေးလိုက်တာပါပဲ။
သူတို့စောင့်ကြည့်ရတဲ့ ဂိုဏ်းရဲ့စခန်းက ခေါင်းဆောင်၊ သူ့လက်ထောက်နဲ့ သူတို့ဆီလာတတ်တဲ့မိန်းကလေးတွေရဲ့အထန်ဇာတ်လမ်းပေါင်းစုံကို သူ တစ်ဖက်သတ်ကြွေနေရတဲ့ အာရာနဲ့အတူ တိုက်ရိုက်ကြည့်ရှုရတာဖြစ်တော့ သူ့ရဲ့ငယ်ဘဝစိတ်ကူးတွေ အကောင်အထည် ပေါ်လာမလား…သူတို့စောင့်ကြည့်နေတဲ့ဂိုဏ်းခေါင်းဆောင်နဲ့ သူတို့နဲ့အပြင်မှာ ဘယ်လိုထပ်ပြီးဆက်နွယ်လာမလဲဆိုတာတွေကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

🗓️ 2015 🎞️ Movie 📺 1080p FHD
🌎 #Spain
⏰ 1 နာရီ 32 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Beach of the Drowned (2015)========================IMDb Rating – 6.1/10
မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ အင်မတန်သေးငယ်တဲ့အပြစ်ပဲဖြစ်ဖြစ်၊ အကြီးဆုံးအပြစ်ပဲဖြစ်ဖြစ် မကောင်းမှုပါပဲ။ ဘယ်လောက်ပဲဖုံးဖိထားထား အချိန်တန်ရင် ဘူးပေါ်သလိုပေါ်ရတာချည်းပါပဲ။ အခုမိတ်ဆက်ချင်တဲ့ဇာတ်ကားလေးဟာလည်း သင်္ဘောသားတစ်ယောက် အသတ်ခံရပြီး ကမ်းခြေမှာပေါ်လာတာကစပြီး တရားခံတွေ ဖုံးကွယ်ထားတဲ့အမှုတွေ တစ်ခုပြီးတစ်ခုပေါ်လာတဲ့ စပိန်မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
ပန်ဂျွန်ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ ကာစတယ်လိုဆိုတဲ့ သင်္ဘောသားရဲ့အလောင်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ စုံထောက် လီယိုကယ်လ်ဒက်စ် နဲ့ အရာရှိ ရာဖာအက်စ်တီဗက်စ် တို့ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ရောက်ရှိလာကြပါတယ်။ သူတို့စုံစမ်းရင်း သိလာရတာက ဒီအမှုဟာသာမာန်လူသတ်မှုတင်မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ရေဘက်ကာနီရာ ဆိုတဲ့အမျိုးသမီးရဲ့ အမှုနဲ့ပါဆက်စပ်နေတာကို တွေ့လာရပါတယ်။
သူတို့တွေဟာ ကာစတယ်လိုကိုသတ်ခဲ့တာ ဘယ်သူဖြစ်မလဲ၊ ပျောက်ဆုံးနေတဲ့ အမျိုးသမီး ရေဘက်ကာကရော ဘယ်ရောက်နေမလဲ၊ တရားခံဘယ်နှယောက်လောက်ရှိနေမလဲ၊ အမှုနှစ်ခုဟာ ဘယ်လိုဆက်စပ်နေမလဲဆိုတာကို စုံစမ်းဖော်ထုတ်တာဟာ စိတ်၀င်စားဖို့ကောင်းလွန်းတာကြောင့်မှုခင်းဇာတ်လမ်းကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ချင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jaka ဖြစ်ပါတယ်)
(21+)The Beautiful Mistake In Overtime (MEYD-568)
⭐⁉️
🎬 #Adult #Asian
🗓️ ⁉️ 🎞️ Movie 📺 1080p FHD
🌎 #⁉️
⏰ 1 နာရီ 58 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပြည့်ဝန်းလှပတဲ့ စနေနံ နှစ်ခိုင်နဲ့ဖွံ့ထွားစွံကားလှတဲ့ တင်နှစ်ဆိုင်အလှပြိုင်မိချိန်မှာ မိတ်ဆွေအနေနဲ့ဘယ်လှေနံကိုနင်းရမလဲလို့ဆုံးဖြတ်ချက်ချရခက်ခဲနေရင်လှေနံနှစ်ဖက်လုံးကို ရဲရဲကြီးသာ နင်းချလိုက်ပါ
မီဂူရီလေးရဲ့ အလှမယ်ရှုံးလောက်တဲ့ရိုးရှင်းတဲ့မျက်နှာလှလှလေးဟာ ဆုတောင်းကောင်းခဲ့လေတော့မင်းကြိုက်စိုးကြိုက် ကိုယ်လုံးကိုယ်ပေါက်ကိုပါပိုင်ဆိုင်ခွင့်ရခဲ့ခြင်းအတူ ပြစ်မျိုးမှဲ့မထင်တဲ့မိန်းမသားဆိုတာ ဒါမျိုးပါပဲမိန်းမသားတွေရဲ့ ရုပ်ရည်အဆင်းရူပကာထက်ယောက်ျားသားများရဲ့ စိတ်နှလုံးကို ဆွဲဆောင်ရစ်နှောင်နိုင်တဲ့အရာကားမရှိထိုကဲ့သို့ ဘုရားသခင်ဖန်ဆင်းပေးထားသောသဘာဝရဲ့အလှတရားများကို မိတ်ဆွေတို့ပါ ကြည့်ရှုကြဖို့တင်ဆင်ပေးလိုက်ပါတယ်
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
Casanova (2005)
⭐IMDB: 6.5/10 (55 k Votes)
🎬 #Adventure #Comedy #Drama #Romance
🗓️ 2005 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 51 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Casanova(2005)
**************
Heath Ledgerပါဝင်ပြီး ဆုကြီး ၅ ဆုတောင်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်..
ညှို့ဓာတ်ပြင်းလွန်းပြီး မိန်းကလေးတိုင်းလိုလိုကိုဆွဲဆောင်နိုင်တဲ့ ကာဆာနိုဗာ..အမျိုးသမီးငယ်၊ အပျိုစင်တွေ၊ အိမ်ထောင်ရှိအမျိုးသမီးတွေသာမက မယ်သီလရှင်တွေကိုပါ
ဆွဲဆောင်ပြီးအိပ်ရာထဲခေါ်နိုင်တဲ့အတွက် တရားရုံးကပါကြိုးပေးသတ်ချင်နေတဲ့သူ..အဲဒီလိုလူတစ်ယောက် တစ်နေ့မှာတော့ အရာရှိတွေလိုက်ဖမ်းလို့ပြေးရင်း
အမျိုးသမီးတစ်ယောက်ကို အချစ်စစ်နဲ့ချစ်မိသွားပါတော့တယ်..ထို “ဖရန်ချက်စ်ကာ”ဆိုတဲ့အမျိုးသမီးလေးမှာလည်း စေ့စပ်ထားတဲ့သူရှိတဲ့အခါ..ကာဆာနိုဗာတစ်ယောက် ဖရန်ချက်စ်ကာ့စေ့စပ်ထားတဲ့သူနေရာက ဟန်ဆောင်ပါတော့တယ်။ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ တခြားမိန်းကလေးတွေနဲ့မတူထူးခြားတဲ့
သူတကယ်ချစ်တဲ့ဖရန်ချက်စ်ကာရဲ့အချစ်ကို ရနိုင်ပါ့မလား..အလိမ်တွေရောဘယ်လိုပေါ်ကုန်မလဲ..
Love, Victor (2020-2022)
⭐IMDB: 8.0/10 (19 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2020-2022 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 30 မိနစ် 00 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love, VictorLove, Victor (2020) Season 1အမည်မဖော်ဘဲနဲ့ အီးမေးလ်အပြန်အလှန်ပို့ရင်းက
အဆုံးသတ်ကျ ရဟတ်ကြီးပေါ်မှာ ချစ်ရသူနဲ့ အနမ်းပေးခဲ့တဲ့
ခရိဝုဒ်က ဂေး ကျောင်းသားလေးတစ်ယောက်ကို မှတ်မိကြသေးလားဗျ။
သူ့ရဲ့ နာမည်က “ဆိုင်မွန် စပီယာ” တဲ့လေ။
အခုတော့ သူ့ရဲ့ရင်ခုန်စရာ ဇာတ်လမ်းလေးကြောင့် ဆိုင်မွန်မှာ admirer တွေ အများကြီး ရှိနေပါပြီ။
ဒီလူတွေထဲမှာ ဗစ်တာ ဆလာဇာဆိုတဲ့ ကောင်လေး အပါအ၀င်ပေါ့။
ဗစ်တာဟာ သူ့ကိုယ်သူ အခုထိ ဘယ်လိုလူစားလဲဆိုတာ
အဖြေရှာမရသေးတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။တစ်နေ့တော့ ဗစ်တာဟာ ဖခင်ဖြစ်သူရဲ့ အလုပ်အပြောင်းအရွေ့ကြောင့်
တက္ကဆက်ကနေ အတ္တလန်တာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
ဟုတ်ပါတယ်….သူ့ရဲ့ အိုင်ဒေါ ဆိုင်မွန်တစ်ယောက် ချစ်သူနဲ့ ပထမဆုံး အနမ်းပေးခဲ့ရာ အရပ်ဒေသလေးပါ။အတ္တလန်တာမှာ ဗစ်တာဟာ သူ့ကိုယ်သူ အဖြေရှာနိုင်မယ်… ဘ၀သစ် စတင်နိုင်မယ်လို့ ယူဆထားတယ်။
တစ်ဖက်မှာလည်း message box ကနေတစ်ဆင့် ဆိုင်မွန် စပီယာထံ
သူ့ရဲ့ လျှို့ဝှက်ခံစားချက်တွေ ပို့လျက်ပေါ့….အတ္တလန်တာ ခရိဝုဒ်အထက်တန်းကျောင်းမှာ ကျောင်းတက်ရင်း ဆိုင်မွန့်လိုပဲ
အားကိုးရတဲ့ သူငယ်ချင်းတွေနဲ့ နားလည်ပေးမယ့် ပတ်၀န်းကျင်ကို ဗစ်တာ လိုချင်တယ်။
ရောက်ရောက်ချင်းနေ့မှာပဲ ဖုန်း noti ကနေ ပေါ်လာတဲ့ စာလေးတစ်စောင်ကြောင့်
သူရှေ့ဆက်ဖို့ အားတွေ ရခဲ့ပါတယ်…..{သို့ ဗစ်တာ“ငါ့ကို ဆက်သွယ်လာလို့ ၀မ်းသာမိတယ်။ ပထမဆုံး.. ခရိဝုဒ်က ကြိုဆိုပါတယ်။ အစပိုင်းတော့ ခက်ခဲတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းလည်း ငါ့လို ကျေနပ်စရာ အဆုံးသတ်လေး ရပါစေ။ မင်းမှာ ရင်ဖွင့်စရာလူမရှိတာ ငါစိတ်မကောင်းပါဘူး။ မင်းမှန်ပါတယ်။ ‘မင်း’ ဖြစ်ရတာ ဘယ်လိုနေလဲ ငါမသိဘူး။ ဒီတော့ ငါသိတာကို ငါပြောပြမယ်။ ကိုယ့်ကိုယ်ကိုယ် အဖြေရှာပြီး လောကကြီးကို ၀န်ခံရတာ ငါအကြောက်ဆုံး အလုပ်ပဲ။ ခက်ခဲပေမယ့် ငါတို့ ကျော်ဖြတ်နိုင်မှာပါ။ ပြောမရဘူး။ မင်းမိဘတွေကလည်း နားလည်ပေးချင်ပေးမှာ။ မင်းလည်း ငါ့လို အားကိုးရတဲ့ သူငယ်ချင်းတွေ ရနိုင်ပါတယ်။ ကံကောင်းရင် ကျောင်းဟောလမ်း တစ်နေရာရာမှာ မင်းဘ၀ ထာ၀ရ ပြောင်းလဲသွားအောင် လုပ်ပေးမယ့်သူတောင် မင်းရှာတွေ့နိုင်တယ်။ မင်းနဲ့ ဒါတွေ ထိုက်တန်ပါတယ်။ ဒီစာက အကူအညီဖြစ်ပါစေ။ ”ချစ်တဲ့ ဆိုင်မွန် }အညွှန်း နဲ့ ဘာသာပြန်ကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ဘာသာပြန်တွေကတော့ Yoon Sandi Aung, MTA, Lai Laii, Roman NoX, Junior တို့ပဲ ဖြစ်ကြပါတယ်။Genre….. BL, Comedy, Drama
Class (2023- )
⭐IMDB: 6.0/10 (901 Votes)
🎬 #Crime #Drama #Thriller
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #India
⏰ 50 မိနစ် 18 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[18+] Class (2023)Class (2023) A Netflix Series
Netflix ကနေ ပြီးခဲ့တဲ့ အပတ်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ကျောင်းသား Series လေးတစ်ခုပါ။ Netflix ရဲ့ နာမည်ကြီး စပိန်စီးရီးဖြစ်တဲ့ Elite ကို ကျောရိုးယူပြီး အိန္ဒိယ ဗားရှင်းလေးပြန်ရိုက်ထားတာပါ။ စပိန်စီးရီးကို ပြန်ရိုက်ထားပေမယ့် အိန္ဒိယရဲ့ အလွှာခွဲခြားဆက်ဆံရေး၊ လူမျိုးရေးခွဲခြားရေး၊ ခြစားမှုတွေ၊ မူးယစ်ဆေးတွေကို ရောသမမွှေပြီး အရှေ့တိုင်းအငွေ့အသက်လေးတွေနဲ့ မတူအောင်ဖန်တီးထားလို့ ကြည့်သင့်တဲ့ Series လေးတစ်ခုပါ။ ~ ဇာတ်လမ်းအညွှန်း ~ ဇာတ်လမ်းအစမှာတည်းက အရင် Series အတိုင်း ဇာတ်ဆောင်က အသတ်ခံလိုက်ရပါပြီ။ သူ့သေဆုံးမှုက ဘယ်သူ့ကြောင့်ဖြစ်တယ်ဆိုတာ နောက်ကြောင်းပြန်ထားတာတွေကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ နူပါခါတိုစာမြို့လေးမှာ ကျောင်းတစ်ကျောင်းမီးလောင်မှုကြောင့် မြို့မျက်နှာဖုံး အာဟူဂျာမိသားစု ဆန္ဒပြခံရတဲ့အခါ အခြေအနေတွေငြိမ်သက်အောင် အောက်အလွှာက ကျောင်းသားတွေဖြစ်တဲ့ ဒေရူး၊ ဆာဘား၊ ဘယ်လီတို့ကို ဒေလီမြို့ရဲ့ အထက်တန်းလွှာတွေချည်းရှိတဲ့ ကျောင်းကို ဝင်ခွင့်ပြုလိုက်တဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားရိုက်ပြထားတဲ့ စီးရီးလေးဖြစ်ပါတယ်။ လူငယ်တွေကြားဖြစ်တတ်တဲ့ အချစ်ရေး မူးယစ်ဆေးတွေ Night Life တွေကိုပါ ထည့်ရိုက်ထားတာကြောင့် 18+ ခန်းလေးတွေတော့ အပိုင်းတိုင်းလိုလိုမှာပါပါတယ်။ ဒါကြောင့် မူရင်း စပိန်စီးရီးလို ဆယ့်ရှစ်ယောက်စုကြည့်သင့်တဲ့ စီးရီးပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ DB ပဲဖြစ်ပါတယ်)Size ~ 600MB+