ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Following (2024) ⭐IMDB: 7.6/10 (95 Votes) 🎬 #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #SouthKorea #Korea ⏰ 1 နာရီ 43 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Following (2024) ***************** ဒီကားလေးကတော့ ကိုယ်တွေရဲ့ ဆရာမကြီး Shin Hye Sun, Mr.Sunshine ထဲက Byun Yo-Han နဲ့ My Liberation Notes ထဲက Lee El တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်တဲ့ Gu Jung Tae ရဲ့ ဝါသနာကတော့ သူများတွေကို လိုက်ကြည့်ရတာပါပဲ။ အိမ်ခြံမြေအကျိုးဆောင်ဖြစ်တဲ့အလျောက် သူ့ဆီမှာ အိမ်လာအပ်ထားတဲ့ အိမ်တွေသာမက သူများအိမ်တွေကိုပါ လျှို့ဝှက်နံပါတ်ဖော်ပြီး ခိုးဝင်တတ်တဲ့ စရိုက်ရှိတဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ သူတို့ရပ်ကွက်ထဲကို လက်တွေဘဝနဲ့ internet ပေါ်က ဘဝတွေ ကွာခြားနေတဲ့ Instagram ဆယ်လီမလေး Han So-ra ပြောင်းလာတဲ့အခါမှာတော့…။ Jung-tae တစ်ယောက် So-ra ကို စိတ်ဝင်စားပြီး သူ့အိမ်ထဲကို ခိုးဝင်ဖို့လုပ်ပေမဲ့ မရလို့မှိုင်နေတဲ့အချိန် ကံကြမ္မာမျက်နှာသာပေးပြီး So-raက Jung-tae တို့ဆီမှာ အိမ်လာအပ်တဲ့အခါ…။ ပျော်ပျော်ကြီး So-ra အိမ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ Jung-tae တစ်ယောက် တစ်နေ့ So-ra အသတ်ခံထားရတာကို မြင်သွားတဲ့အခါမှာတော့…။ ပြီးတော့ သက်သေတွေ အားလုံးကတော့ Jung-tae ကို ဦးတည်နေတဲ့အခါမှာတော့…။ ဘယ်လိုတွေ plot twist အကြမ်းစားတွေနဲ့ ဘယ်လိုစိတ်လှုပ်ရှားဖွယ်ကြည့်ရမလဲဆိုတာကိုတော့ အတူကြည့်ရှုလိုက်ရအောင်နော်။...
The Devil's Lair (2023) ⭐IMDB: 5.8/10 (196 Votes) 🎬 #Action #Fantasy #Horror #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 37 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Devil’s Lair 2023 အင်ဒိုသရဲမှကြိုက်တာဆိုတဲ့ ပရိသတ်ကြီးတို့ အကြိုက်ဖြစ်စေမယ့် အင်ဒိုစုန်းကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ဒီကားလေးမှာတော့ Jump scare typeမဟုတ်ဘဲ အောက်လမ်းဘက်တို့ စုန်းတို့ မှော်တို့ဘက်ပိုရောက်တဲ့horrorကားမျိုးပါ။ ဇာတ်လမ်းကတော့ အဖေ့ရဲ့အကြွေးတွေကို ခက်ခက်ခဲခဲဆပ်ဖို့ ရုန်းကန်နေရတဲ့အာလင်းတစ်ယောက်ညီမလေးကိုလည်း တစ်ဖက်ကစောင့်ရှောက်ရ၊ အကြွေးရှင်တွေကလည်း မိန်းမရွှင်လုပ်ခိုင်းဖို့ တကဲကဲဖြစ်နေတော့ကြံရာမရဖြစ်ပြီး ချစ်သူဖြစ်တဲ့ ဂန်တို့အဖွဲ့နဲ့အတူ ရှေးဟောင်းအိမ်တစ်အိမ်ကို ဓားပြတိုက်ဖို့လုပ်ပါတော့တယ်။အဖွဲ့ထဲက ဖစ် ကတော့ မကြည်ဖြူပေမဲ့ လင်းရဲ့ခြိမ်းခြောက်မှုနဲ့ လက်ခံပေးလိုက်ပြီး အိမ်ကြီးဆီရောက်လာတော့တာပေါ့။ ဒါပေမဲ့ အိမ်ကြီးထဲမှာ အဖိုးတန်တွေရှာနေတုန်း အမျိုးသမီးတစ်ယောက်ကို ချုပ်ထားတာမြင်ပြီး ကူညီချင်တဲ့ဂန်က လွှတ်ပေးလိုက်ပြီးသူတို့နဲ့အတူခေါ်လာချိန်မှာ အဲဒီအမျိုးသမီးလည်း ပျောက်သွားပြီး အိမ်ထဲမှာ သူတို့လေးယောက် ပိတ်မိသွားကြတဲ့အခါ…. ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့အတိုင်း ဘုမသိဘမသိနဲ့လွှတ်ပေးမိတဲ့ အမျိုးသမီးကဘာလဲ။သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့ ဒီအိမ်ကြီးထဲက ဒီလူငယ်တစ်သိုက် ရုန်းထွက်နိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။ အညွှန်းနဲ့ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...
The Crimson Rivers (2000) ⭐TMDB: 69% User Score 🎬 #Crime #Mystery #Thriller 🗓 2000 🎞 movie 🌎 #France ⏰ 1 နာရီ 46 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြင်သစ်လျှို့ဝှက်သည်းဖို မှုခင်းရုပ်ရှင်ကောင်းလေးတစ်ကားဖြစ်ပြီး မင်းသား Jean Reno နဲ့အတူ ဗီလိန်ဇာတ်ရုပ် သရုပ်ဆောင်တာများတဲ့ Vincent Cassel တို့ ပါဝင်ထားပါတယ် ရေခဲတောင် ချိုင့်ဝှမ်းဒေသမှာလွန်စွာမှနာမည်ကြီးတဲ့ ကောလိပ်တစ်ခုက ပရော်ဖက်ဆာတစ်ယောက် ကိုယ်လက်အင်္ဂါလှီးဖြတ်ခံရပြီး ထူးဆန်းစွာ သေဆုံးတဲ့အမှု ဖြစ်တယ် သူတို့ကောလိပ်မှာ ရွာတစ်ရွာလိုနေထိုင်တဲ့ ဓလေ့၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေး ဘာမဆို သီးသန့်တည်ရှိပြီး အထက်တန်းလွှာဆန်ဆန် သူတို့ အလွှာချင်းသာ ပြန်လက်ထပ်ကြတဲ့ သီးသန့်ဆန်လွန်းတဲ့ အသိုက်အဝန်း တစ်နေ့တည်းမှာပဲ မူလတန်းကျောင်းတစ်ကျောင်း ဖောက်ထွင်းခံရတဲ့အပြင် သင်္ချိုင်းဂူဗိမ္မာန်တစ်ခုကိုလည်း ဖျက်လိုဖျက်စီး လုပ်သွားတဲ့အမှုနဲ့ … ဘယ်လိုတွေ ပတ်သက်နေမှာလဲ အစွန်းရောက်တဲ့ အတွေးအခေါ်တွေနဲ့အတူ၊ ခက်ထန်ရက်စက်တဲ့ ပြကွက်တွေနဲ့ ရင်တမမ ကြည့်ရမယ့် ဇာတ်လမ်းလေးပါ...
The Beast in the Jungle (2023) ⭐IMDB: 5.4/10 (453 Votes) 🎬 #Drama #Music 🗓 2023 🎞 movie 🌎 #France #Belgium #Austria ⏰ 1 နာရီ 40 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Beast in the Jungle ဆိုတဲ့ကားကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိထားတဲ့ ပြင်သစ် ဒရာမာကားလေးပဲဖြစ်ပါတယ်။ ဂျွန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ကလပ်တစ်ခုကို လာရာကနေ မေဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့တဲ့အခါမှာ မေကသူ့ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကိစ္စတစ်ခုကြောင့် သိနေခဲ့ပေမယ့် ဂျွန်ကတော့ မမှတ်မိပါဘူး။ တစ်ကယ်တော့ ဂျွန်က မေ့ကို အကြောင်းအရာ တစ်ခုခုဖြစ်မယ်ဆိုပြီး လျို့ဝှက်ချက်တစ်ခုကို ပြောပြခဲ့ဖူးပါတယ်။ အဲဒါကတော့ ဘယ်လိုအကြောင်းအရာလည်း ဆိုတာ သူတို့နှစ်ယောက်လုံး အစက မသိခဲ့ပါဘူး။ အဲဒီလိုနဲ့ တဖြည်းဖြည်း ကလပ်ထဲမှာပဲ ၂၅ နှစ်လောက် အချိန်ကုန်ရင်း ဖြစ်လာမဲ့ အကြောင်းအရာကို စောင့်နေခဲ့ရာက ဘယ်သူက ဖြစ်လာမယ့် ကိစ္စကို ရိပ်မိသွားလဲ အဒီအကြောင်းအရာ တစ်ခုကရော ဘာလဲဆိုတာ ကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ Techno နဲ့ disco ကိုကြိုက်တဲ့သူတွေလည်း music တွေအသားပေးထားတာကြောင့် ခံစားကြည့်လို့ရမယ်လို့ ထင်ပါတယ်။...
Willow Creek (2013) ⭐IMDB: 5.1/10 (13 k Votes) 🎬 #Adventure #Horror #Mystery #Thriller 🗓 2013 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1999 နာမည်ကျော် The Blair Witch Project တို့လိုပုံစံ found footage horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာအခြေခံတာကတော့ တစ္ဆေသရဲတွေ စုန်းတွေမဟုတ်ပဲ နှင်းလူဖြစ်ပါတယ်။ နှင်းလူကိုမှ သူ့ကိုတွေ့ရများတယ်ဆိုတဲ့ဒေသတွေ၊ ဒေသခံတွေရဲ့အတွေ့အကြုံတွေ၊ နှင်းလူကျွမ်းကျင်သူတွေကိုပါထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။Blair Witch Project လိုပဲလူနည်းနည်းစရိတ်ကျဉ်းကျဉ်းနဲ့ဖန်တီးထားတာဖြစ်ပေမယ့် ပရိသတ်တွေ ဝေဖန်ရေးဆရာတွေရဲ့အားပေးမှုတွေကြောင့်ပေါက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ နှင်းလူအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ရိုက်ချင်တဲ့စုံတွဲတစ်တွဲ နှင်းလူရှိတယ်ဆိုတဲ့တောနက်ကြီးထဲကိုဝင်ရောက်ကြရာကနေ အန္တရာယ်နဲ့ရင်ဆိုင်ရပုံအကြောင်းဖြစ်ပါတယ်။ဒီလိုဇာတ်ကားတွေကြိုက်ရင်ကြည့်ထားသင့်တဲ့ကားပါပဲ။...
A Family Affair (2024) ⭐IMDB: 5.4/10 (16 k Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသစ်ထွက် ခပ်မြူးမြူး အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် လူငယ်ပရိသတ်အကြိုက် မင်းသမီး Zoey King နဲ့ ဟောလိဝုဒ် milf တစ်ပါးဖြစ်တဲ့ Nicole Kidman တို့ အမေနဲ့သမီးအဖြစ် သရုပ်ဆောင်ထားတဲ့ ကားလေးပါ ခရစ်က နာမည်ကြီးရုပ်ရှင်မင်းသားဖြစ်ပြီး သူ့ရဲ့ PA ကတော့ ငယ်ရွယ်ဖျတ်လတ်တဲ့ ဇာရာပါ ခရစ်ခိုင်းသမျှကို သူ့အလိုကျ မငြီးမငြူလုပ်ပေးရပြီးစိတ်ကုန်လာတဲ့တစ်နေ့ ရန်ဖြစ်ပြီး အလုပ်ထွက်ဖို့ ဇာရာဆုံးဖြတ်လိုက်တဲ့အခါ … ဇာရာမရှိတုန်း သဘောမနောကောင်း စာရေးဆရာမဖြစ်တဲ့ ဇာရာ့အမေ တစ်ယောက်တည်း အိမ်မှာရှိနေချိန် တောင်းပန်ဖို့ ခရစ် ရောက်လာတဲ့အခါမှာတော့ … ဇာရာ့အမေနဲ့ ခရစ်တို့ ချစ်ဇာတ်လမ်းခင်းလိုက်ကြပြီး ဘယ်လိုအလွဲတွေ ဆက်ဖြစ်ဦးမလဲ ပရိသတ်ကြီး အားပေးကြပါဦး...
Kingdom of the Planet of the Apes (2024) ⭐IMDB: 7.2/10 (57 k Votes) 🎬 #Action #Adventure #Drama #ScienceFiction #SciFi #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 2 နာရီ 25 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ ရုပ်ရှင်ကတော့ War for the Planet of the Apes (2017) ရဲ့ သီးသန့်အဆက်ဖြစ်ပြီးတော့ ဆီဇာ သေဆုံးသွားပြီး နှစ်ပေါင်းများစွာ ကာလကို ရိုက်ကူးထားတာပါ။ Apes ရုပ်ရှင် အတွဲတွေမှာတော့ လေးကားမြောက်ပါ။ ဒါရိုက်တာကတော့ Maze Runner တွေရဲ့ ဖန်တီးရှင် Wes Ball ပါပဲ။ Apes ရုပ်ရှင် ၄ ကားလုံးကိုကို Channelmyanmar App နဲ့ Website မှာ ကြည့်ရှုနိုင်ပါတယ်။ 1. Rise of the Planet of the Apes 20112. Dawn of the Planet of the Apes 20143. War for the Planet of the Apes 20174. Kingdom of the Planet of the Apes 2024 တို့ပါ။ ဒါ့အပြင် ပထမဆုံးထွက်ခဲ့တဲ့ ဗားရှင်းတွေကိုလည်း Channelmyanmar App နဲ့ Website မှာ တင်ပေးထားပါသေးတယ်။ Planet of the Apes (1968) …Beneath the Planet of the Apes (1970) …Escape From the Planet of the Apes (1971) …Conquest of the Planet of the Apes (1972) …Battle for the Planet of the Apes (1973) … ဇာတ်လမ်းအကျဉ်း ဆီဇာမရှိတော့တဲ့နောက်ပိုင်းမှာ လူဝံတွေဟာ မျိုးနွယ်စုလိုက် နေထိုင်နေကြပါပြီ။ နိုရာကတော့ လင်းယုန်တွေကို မွေးပြီး အတူအစာရှာတဲ့ လင်းယုန်မျိုးနွယ်စုက လူဝံတစ်ယောက်ပါ။ သူတို့က ဆီဇာကိုတောင်မသိကြပါဘူး။ တစ်နေ့မှာ သူတို့မျိုးနွယ်ကို ပရောက်စိမပ် ဆိုတဲ့ လူဝံကြီးဦးဆောင်တဲ့ အဖွဲ့တွေက ဝင်သတ်ပြီး အချို့တွေကို ဖမ်းသွားပါတယ်။ ပရောက်စိမပ်တို့ကတော့ ဆီဇာရဲ့ နာမည်ကိုအသုံးချပြီး ဆီဇာရဲ့အဆုံးအမတွေကို လိုရာဆွဲသုံးပြီး သောင်းကျန်းနေတဲ့အုပ်စုပါ။ နိုရာကတော့လွတ်မြောက်သွားပြီး လမ်းမှာ ဆီဇာကို ကိုးကွယ်တဲ့ မျိုးနွယ်စုက နောက်ဆုံးလက်ကျန် လူဝံနဲ့အတူ လူသားတစ်ယောက်နဲ့ပူးပေါင်းပြီး ပရောက်စိမပ်လက်ကနေ မျိုးနွယ်စုတွေကို ပြန်ကယ်ဖို့ ကြိုးစားရပါတော့တယ်။...
Kurangu Pedal (2022) ⭐IMDB: 7.9/10 (225 Votes) 🎬 #Bollywood #Drama 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kurangu Pedal(2024) IMDb-7.9/10 နွေရာသီ ပျော်စရာလေးများ နွေရာသီပိတ်ရက်မှာ ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးတွေးပျော်ကြတာကျောင်းသားဘဝမှာလူတိုင်းစိတ်ကူးခဲ့ကြတာဖူးပါပဲ ရွာတစ်ရွာရဲ့ ပူလောင်လောင်နွေရာသီတစ်ခုမှာ ကျောင်းပိတ်ရက်ရှည်ရလို့ပျော်နေကြတဲ့ကလေးတစ်သိုက်မှာ နွေရာသီအစီအစဉ်တွေအပြည့်နဲ့ပေါ့လူကြီးတွေကလည်း ကလေးတွေပိတ်ရက်မှာ ဘာလေးတွေကူခိုင်းမယ်ဘယ်အမျိုးတွေဆီပို့မယ်ဆိုတဲ့အစီအစဉ်နဲ့ပေါ့ ဒီနှစ်နွေရာသီမှာတော့ ကလေးတွေကနွေရာသီအစီအစဉ်အပြည့်နဲ့ လူကြီးတွေရဲ့အစီအစဉ်တွေကိုကန့်ကွက်ကြတော့တာပဲဒီနွေရာသီမှာကလေးတွေရဲ့ ထူးခြားတဲ့အစီအစဉ်လေးကတော့ စက်ဘီးစီးသင်ကြဖို့ပါပဲစက်ဘီးစီးသင်ဖို့ စက်ဘီးငှားခဆိုတာလိုအပ်လာကြတဲ့အချိန် မိဘတွေဆီကတောင်းဖို့ခက်ခဲနဲ့ ကြံကြဖန်ကြတာပေါ့ ကလေးအတွေး ကလေးအကြံလေးတွေနဲ့ နွေရာသီပိတ်ရက်ဖြတ်သန်းကြပုံလေးတွေကခဏတာပေါ့ပါးအပျင်းပြေရှုစရာတော့ဖြစ်မှာမို့ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်...
Top 1 (2024) ⭐IMDB: 8.1/10 (24 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 52 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 =============...
Juna Furniture (2024) ⭐IMDB: 7.8/10 (244 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Juna Furniture (2024) အမေ့လျော့ခံ အာဃာတGenre – DramaIMDB – 7.8/10 ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာနဲ့ ဇာတ်ဆောင်နေရာအားလုံးကို မင်းသားကြီး Mahesh Manjrekar တစ်ယောက်တည်းတာဝန်ယူ ရိုက်ကူးဖော်ဆောင်ထားတဲ့ အသစ်ထွက် အိန္ဒိယဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ဂိုဗင်ပတ်သာခ်ဆိုတဲ့ အသက် ၇၀ အရွယ် ဘဲကြီးဟာ ဇနီးဖြစ်သူနဲ့ လင်မယားနှစ်ယောက်တည်း အေးအေးဆေးဆေး ဖြတ်သန်းနေလျက်ရှိပါတယ်။ ရပ်ကွက်ထဲမှာလည်း မတရားတာမြင်ရင် မနေနိုင်ပဲ ဝင်ဝင်ပါမိလို့ ရပ်ကွက်ဇိုးလေးတွေနဲ့လည်း မကြာခဏ နောင်ဂျိန်ပလေးရသူပါ။ မဟုတ်မခံလူမှန်ကြီးတစ်ယောက် ဆိုပါစို့။ သားဖြစ်သူကတော့ နေရာကောင်းရထားတဲ့ အစိုးရအရာရှိဖြစ်ပြီး ချမ်းသာတဲ့ လုပ်ငန်းရှင်ရဲ့သမီးနဲ့ လက်ထပ်ထားပြီး ယောက္ခမဖြစ်သူနဲ့ အဆင်ပြေပြေရှိပြီး သူတိုနဲ့သာ အတူတူနေထိုင်တာပါ။ မိဘရင်းတွေဆီလည်း သိပ်မတွေ့ဖြစ်ပဲ ငွေရေးကြေးရေးလောက်သာ ထောက်ပံ့ထားသူပေါ့။ တစ်ရက်ကျ ဖခင်ဖြစ်သူဆီကို လစဉ်ငွေပို့ဖို့ မေ့ပြီး နောက်ကျတာတွေရယ် ရေပေါ်ဆီဘဝမှာ သာယာယစ်မူးနေပြီးမပေါ့ဆအပ်တာတွေ ဖြစ်သွားတဲ့အခါ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာပြီး သားအဖရင်းနှစ်ယောက်ကြားအာဃာတမီးတောက်တစ်ခု ပေါ်ထွန်းလာတဲ့အခါမှာတော့…..။ ရုပ်ဝါဒီတွေ ကြီးစိုးနေတဲ့ လူ့အသိုင်းအဝန်းမှာ သားသမီးတွေရဲ့ လျစ်လျူရှုမှု ခံရတဲ့သက်ကြီးရွယ်အိုမိဘတွေရဲ့ဖြစ်ပေါ်လာတဲ့ ပြဿနာ အကျပ်အတည်းဒုက္ခတွေကိုမီးမောင်းထိုးပြပေးထားတဲ့ ပညာပေးကားကောင်းလေးပဲ ဖြစ်ပါတယ်လို့ နိဂုံးချုပ်လိုက်ပါစေဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)...
Tarzan-X: Shame of Jane (1995) ⭐TMDB: 51% User Score 🎬 #Adult #Adventure #Drama 🗓 1995 🎞 movie 🌎 #Italy ⏰ 1 နာရီ 34 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 {21+} Tarzan-X: Shame of Jane (1995) ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ တာဇံကာတွန်းကားလေးကိုညိုကီတို့အားလုံးသဘောကျကြမှာပါတောတွင်းသားလေး တာဇံနဲ့ မြို့ကြီးသူလေးဂျိန်းတို့ရဲ့ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းလေးဟာ ကလေးဘဝတုန်းကတော့ဒီတိုင်း ကြည်နူးပျော်ရွှင်စရာလေးတစ်ခုပေါ့ အခုအရွယ်တွေလည်း ရောက်လာပြီဆိုတော့တာဇံကို လူကြီးဗားရှင်းကြည့်ချိန်တန်ပြီပဲဆိုရမှာပေါ့ ခေတ်ဟောင်းကားဆိုပေမယ့် မင်းသမီးလေးတွေကလည်းချောတာဇံ Live action ကို ၁၈ အပေါင်းခန်းမြိုင်မြိုင်နဲ့ကြည့်ရတဲ့တမူထူးတဲ့ရသလေးမို့ ညိုကီတို့အားပေးနိုင်ဖို့ လက်တို့တင်ဆက်ပေးလိုက်ပါတယ်...
Bhoothaddam Bhaskar Narayana (2024) ⭐TMDB: 60% User Score 🎬 #Bollywood #Drama #Mystery #Thriller #Fantasy #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bhoothaddam Bhaskar Narayana 2024 (နတ်ဆိုး) Imdb 6.4 မျက်နှာဖုံးလူသတ်မှု : ဒီလူသတ်မှုက ကာနာတာကာနားက ချင်ချိုလီတောအုပ်မှာဖြစ်ပွားခဲ့တာပါသေဆုံးသူအရေအတွက်က ၁၅ဦးထိရှိလာပြီးတော့ နစ်နာသူတွေက မသေခင်မှာအတော်လေးနှိပ်စက်ခံခဲ့ရတဲ့အနေအထားမျိုးနဲ့တွေ့ခဲ့ရတယ် ဦးခေါင်းမပါတဲ့အမျိုးသမီးတွေကိုပါတွေ့ခဲ့ရတော့ဒီဒေသခံတွေက ကျီးလန့်စာစားဖြစ်ကုန်ကြပြီး ရဲတွေလည်းကြံရာမရဖြစ်လာကြရတယ်။။။ ဘူသာဒမ် ဒီလူကတော့ အတော်ဆုံးရှေ့နေလို့ပြောရမလားပဲ သူမရှင်းနိုင်တဲ့အမှုမရှိလို့ နာမည်ကြီးလူသိများတယ်ပေါ့ငယ်စဉ်က အစ်ကိုဖြစ်သူကို လူသတ်သမားလို့စွပ်စွဲပြီး ထောင်သွင်းလို့ အစ်ကိုကရှက်စိတ်ကြောင့်သတ်သေသွားခဲ့တယ်ဒီတော့ မွေးရာပါပါရမီပါလာတဲ့ဒီကလေးက စုံထောက်ကားတွေကြည့်ပြီး ဘယ်လိုသင်ယူရမယ်ဆိုတာလေ့လာခဲ့ပြီးအခင်းနေရာသွား သဲလွန်စတွေစုလာခဲ့တယ် သူယူလာတဲ့သဲလွန်စက တစ်မှုလုံးအတွက် အဓိကဖြစ်နေပေမဲ့လည်းကလေးတစ်ယောက်ရဲ့စကားကို ဘယ်ရဲမှမယုံကြည်ပေးကြလို့ အစ်ကိုကသေဆုံးခဲ့တာတောင် လူသတ်သမားဘဝနဲ့နေသွားခဲ့ရရှာတယ်ဒီလိုထရော်မာတွေကြောင့် ရဲလုပ်မယ်ဆိုပြီးလျှောက်တော့ မျက်စိမှုန်တာကြောင့် မရခဲ့ဘူးပေါ့ ကျန်တဲ့လူတွေ သူ့အစ်ကိုလိုဖြစ်မှာစိုးလို့အမှုတွေကို ထောင့်စေ့အောင်စုံစမ်းဖော်ထုတ်ရင်း အတော်ဆုံးဖြစ်လာခဲ့တာပါ မျက်နှာဖုံးအမှုမတိုင်ခင် သူရဲ့အမှုကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ မျက်နှာဖုံးအမှုကိုရင်ဆိုင်ရပုံတွေကို ကြည့်ရှုလိုက်ကြပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ KKKZ ~ Alice Wai တို့ပဲဖြစ်ပါတယ်...
The Reaper Man (2023) ⭐IMDB: 4.8/10 (292 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျိုးဆပ်တစ်ယောက် အိမ်ဖောက်ထွင်းခံရမှုမှာ အသတ်ခံလိုက်ရပြီး ကျန်ခဲ့တဲ့ဂျက်ဆီကာဟာ ဂျိုးဆပ်သေဆုံးသွားတာကို ဖြေသိမ့်မရနိုင်ပဲ ပြန်တွေ့ချင်စိတ်နဲ့ မှော်အစွမ်းတတ်တဲ့ မိန်းမတစ်ယောက်ဆီသွားပြီး အကူအညီတောင်းရာမှ ဂျိုးဆပ်ပြန်ရောက်လာပြီး မမျှော်လင့်ထားတဲ့အရာတွေ စပြီးဖြစ်လာတဲ့အခါ… ပြန်ရောက်လာတာကရော ဂျိုးဆပ်အစစ်လား ဂျိုးဆပ်ပြန်ရောက်လာပြီးနောက်ပိုင်း ဘယ်လိုမျိုးပြောင်းလဲမှုတွေ ကြုံတွေ့ရမလဲဆိုတာကတော့ ဇာတ်လမ်းလေးကို ကြည့်ရှုပေးကြပါဦးနော်...
On Our Way (2021) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Drama #Romance 🗓 2021 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဟာ သူ့ရဲ့အိမ်မက်ကို လိုက်ခဲ့ပြီး မမျှော်လင့်တဲ့ ခရီးတစ်ခုကို ကြုံတွေ့ရတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်ဟာ သူ့ရဲ့ အိမ်မက်ဆိုး Trauma တွေရှိတဲ့တဲ့ ဘဝတစ်ခုကနေ လွတ်မြောက်ဖို့ ကြိုးစားနေသူ ဖြစ်ပြီး သူ့ရဲ့ ပန်းတိုင်တွေကို ပြည့်ဝစေဖို့ သင်ယူနေရတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။ ဇာတ်လမ်းမှာ လူငယ်တွေရဲ့ အိမ်မက်တွေ၊ ပန်းတိုင်တွေကို ဆီလျော်စွာဖော်ပြထားပြီး လမ်းခရီးတစ်ခုမှာ ကြုံတွေ့ရမယ့် အတားအဆီးတွေကို ကူးဖြတ်ရင်း ဘယ်လိုအောင်မြင်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးထားပါတယ်။ ဒီဇာတ်ကားဟာ ရိုးရှင်းပြီး ထိထိမိမိရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်တွေ ကြည့်ရှုခံစားနိုင်အောင် ဖန်တီးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။...
Polyester (1981) ⭐TMDB: 69% User Score 🎬 #Comedy #Drama #Crime 🗓 1981 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Polyester ကို ဒါရိုက်တာ ဂျွန်ဝေတာ ထုတ်လုပ်ခဲ့ပြီး ၁၉၈၁ မှာဖြန့်ချီခဲ့တဲ့ အမေရိကန်ဟာသကား ဖြစ်ပါတယ် လူတန်းစေ့နေနိုင်ပြီး ပိုက်ဆံရှာနိုင်တဲ့ယောက်ျား သားနဲ့ သမီး တယောက်စီ ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင်မတယောက် သူ့ယောက်ျားရဲ့ သူမသိသေးတဲ့ တခြား တဖက်ကို မြင်လိုက်ရတဲ့ အချိန်မှာတော့ သူတို့ မိသားစုကြီး ဘယ်လိုတွေ ဖြတ်ကျော်ရမယ် ရင်ဆိုင်ရမယ် နောက်ဆုံးအချိန်အထိ အခက်အခဲတွေ လူတွေရဲ့ လောဘစိတ်နဲ့ ယုတ်မာမှုတွေကို ဒီဇာတ်ကားထဲမှာ သရုပ်ဖော် ပြသသွားပါတယ် အမေရိကန် old movie တွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အဲဒီခေတ်ကာလ အနေအထားကို ပါကြည့်ရူရမှာမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားပါ...
How to Marry a Millionaire (1953) ⭐TMDB: 68% User Score 🎬 #Comedy #Drama #Romance 🗓 1953 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မယ်ရီလင် မွန်ရိုး ဆိုရင်တော့ မသိတဲ့သူရှိမယ်မထင်ပါဘူး။ 1953 တုန်းကထွက်ခဲ့တဲ့ ဒီအချစ်ဟာသ ကားထဲမှာဆိုရင် မယ်ရီလင်မွန်ရိုးက အဓိက မင်းသမီးသုံးလက်ထဲက တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ရှေးခေတ်ဟောလိဝုဒ် ရဲ့ ရိုက်ချက်တွေ ၁၉၅၀ ဝန်းကျင်က ဖက်ရှင် တွေနဲ့ အတူ ဇာတ်မြူးလေးတစ်ခုကိုကြည့်ရှုနိုင်မှာပါ။ ပိုလာ၊ ရှော့ဇီ နဲ့ လိုကို ဆိုတဲ့ မိန်းကလေးသုံးယောက်ဟာ နယူးယောက်က သူဋ္ဌေးရပ်ကွက်မှာ တိုက်ခန်းတစ်ခန်းငှားပြီး လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ ကြိုးစားကြတာနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီလိုနဲ့ပဲ အလွဲ အလွဲတွေဖြစ်ကြတာတွေ အချစ်နဲ့ ပိုက်ဆံကြား ဗျားများရတာတွေကို ကြည့်ရှုရမှာပါ။ ရှေးခေတ် ဟောလိဝုဒ်ကားတွေကို ကြိုက်လို့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးရယ်ချင်တာပဲ ဖြစ်ဖြစ် ဆိုရင် ဒီကားလေးက ကြည့်လို့အဆင်ပြေမှာပါ။...
Aggro Dr1ft (2023) ⭐IMDB: 5.9/10 (503 Votes) 🎬 #Action #Crime #Drama #Fantasy 🗓 2023 🎞 movie 🌎 #France #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ဒါရိုက်တာ ဟာမိုနီကိုရင်းရဲ့ experimental ရုပ်ရှင်ဖြစ်ပြီး ဝါရင့်ကြေးစား လူသတ်သမားတစ်ယောက် အကြောင်းကို ပုံဖော်ဖန်တီးထားတဲ့ Action Thriller ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးကို အနီအောက်ရောင်ခြည် ဓာတ်ပုံပညာအသုံးပြုပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကို မိုင်ယာမီနဲ့ ဖလော်ရီဒါပြည်နယ်မှာ တည်ထားခြင်းဖြစ်ပြီး ကြေးစားလူသတ်သမားတစ်ဦးဖြစ်တဲ့ Bo ရဲ့ သူလုပ်ကြံရမဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို လိုက်လံရှာဖွေပုံကို စိတ္တဇဆန်ဆန် တင်ဆက်ထားခြင်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ Bo ရဲ့ မိသားစုဘဝနဲ့ လူမှုရှုထောင့်ကိုလည်း ပုံဖော်ထားပါသေးတယ်။ ဒီဇာတ်ကားထဲမှာ Travis Scott ကလည်း Zion ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားတာကို တွေ့ရပါတယ်။ ဇာတ်လမ်းဇာတ်အိမ်က ရိုးရှင်းပြီး အမြင်ပိုင်းကို အဓိကအသားပေး ပုံဖော်ထားတယ်လို့ ခန့်မှန်းရပါတယ်။ experimental ရုပ်ရှင်ဖြစ်တာနဲ့အညီ လူတိုင်းအတွက် မဟုတ်တာတော့ သေချာပါတယ်။...
Once Upon a Time in China (1991) ⭐TMDB: 71% User Score 🎬 #Action #Adventure #Drama 🗓 1991 🎞 movie 🌎 #HongKong ⏰ 2 နာရီ 15 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇတ်လမ်းကတော့ အများရင်းနှီးပြီးသား ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရာဇဝင်မှာ ကျော်ကြားလှတဲ့ မဟုတ်မခံစိတ်ရှိသူ သနားတက်သူ ကြင်နာတက်သူ သဘောကောင်းလွန်းသူ သိုင်းအကျော်အမော် ဒေါက်တာ ဝမ်ဖေးဟုန် အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်ပြီး ကွန်ဖူးမင်းသားကြီး ဂျက်လီ မှ သရုပ်ဆောင်ရိုက်ကူးပေးထားပါတယ်… အင်္ဂလိပ်လက် ကျရောက်နေပြီး လူတွေက စိတ်ဓါတ်ပျက်ပြား အကျင့်တွေ ဖောက်ပြား နိုင်ငံခြားကို အထင်ကြီးစိတ်ဝင် ကိုယ့် လူမျိုးအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျ တောကြောင် လက်ခမောင်း ခက်တာတွေ က အစ စိတ်ထဲ မဟုတ်မခံစိတ် ဝင်ရောက်လာအောင် ရိုက်ပြထားခဲ့ပြီး ရင်သက်ရှုမောဖွယ် သိုင်းကွက် များကို လဲ မြင်တွေ့ရမှာဖြစ်ပါတယ် ကြာမြင့်ချိန် ၂ နာရီကျော်တာမို့ မိသားစု နှင့် ကြည့်ရှုအပန်းပြေနိုင်သော ရုပ်ရှင်ကားကောင်းအဖြစ် ညွှန်းဆိုလိုက်ပါရစေ...
The New One-Armed Swordsman (1971) ⭐TMDB: 68% User Score 🎬 #Action #Drama #Martial #History #War 🗓 1971 🎞 movie 🌎 #HongKong ⏰ 1 နာရီ 34 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ 1971ခုနှစ်ကရိုက်ကူးထားတဲ့လူတော်တော်များများသိကြမယ့် David Chiang ကားလေးပါဒီဇာတ်လမ်းလေးထဲမှာတော့ သိုင်းလောကမှာဖြောင့်မတ်မှန်ကန်တဲ့သူရဲကောင်းလို့ နာမည်အတွင်ခံချင်လို့တက်သစ်စထူးချွန်တဲ့သိုင်းသမားလူငယ်တွေကိုထောင်ချောက်ဆင် သတ်ဖြတ်နေတဲ့ လုံယိကျီး။ သူ့ထောင်ချောက်ထဲမှာပထမဆုံးကျဆင်းသွားတဲ့လူကတော့ ဓါးနှစ်လက်သုံးပြီးတိုက်ခိုက်တဲ့နေရာမှာထူးချွန်ပြောင်မြောက်တဲ့ ဓါးနှစ်လက်လူငယ်သိုင်းသမားလေလိတစ်ယောက် ထောင်ချောက်ထဲကျသွားပြီလုံယိကျီးနဲ့သိုင်းယှဉ်ပြိုင်ခဲ့ချိန်မှာ အလောင်းအစားအနေနဲ့ရူံးတဲ့လူ လက်တစ်ဖက်ဖြတ်ပြီးသိုင်းလောကကနေထွက်သွားဖို့ လောင်းကြေးထပ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့လေလိတစ်ယောက် လုံယိကျီးရဲ့အကွက်သုံးကွက်သိုင်းကွက်ရဲ့ဒုတိယအကွက်မှာကျရူံးသွားပြီးလက်တစ်ဖက်ဖြတ်ကာ သိုင်းလောကကနေထွက်သွားပြီးသာမာန်လူဘဝအနေနဲ့ နေထိုင်ခဲ့တယ်။ ဒီလိုနဲ့လုံယိကျီးတစ်ယောက်တော့ သူ့နာမည်ကျော်ဇော်ဖို့အရေးရှိသမျှသိုင်းလောကသားလူငယ်တွေကိုတစ်ယောက်ပြီးတစ်ယောက်ဒီနညမ်းလမ်းအတိုင်း အသုံးချသတ်ခဲ့တာပေါ့။ ဒီလိုနဲ့ တစ်နေ့လေလိလိုမျိုး ဓါးနှစ်လက်မှာထူးချွန်တဲ့သူရဲကောင်း ဖုန်းကျွင်းကျဲသူရဲကောင်းထပ်မံထွက်ပေါ်လာပြန်တယ်။သူကိုလည်း ထိုနည်းတူစွာထပ်ထောင်ချောက်ဆင်သတ်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာဘာတွေဆက်ဖြစ်လာမလဲ။...
Yatra 2 (2024) ⭐IMDB: 6.5/10 (10 k Votes) 🎬 #Biography #Bollywood #Drama #Mystery #History 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yatra 2 2024 ၂၀၀၉ခုနှစ်တုန်းက ထွက်ရှိထားတဲ့ နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့Yatraရဲ့ အဆက် Yatra 2 ထွက်ရှိလို့လာခဲ့ပါပြီ။ အရှေ့ဇာတ်လမ်းကို ပြန်နွှေးပေးရမယ်ဆိုရင် ရာဂျာရှက်ခါရာရက်ဒီဟာဖခင်ဖြစ်သူရဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမှုကို ခံခဲ့ရပြီးဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားလှုပ်ရှားခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။ အခု Yatra2 မှာတော့ ရာဂျာရှက်ခါရာရက်ဒီရဲ့ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီရဲ့ နိုင်ငံရေးလမ်းကြောင်းလျှောက်လှမ်းပုံကို ဆက်လက်ပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ဝန်ကြီးချုပ်ရာဂျာရှက်ခါရာရက်ဒီဟာ ပြည်သူတွေရဲ့ အကျိုးကို လိုလားသူတစ်ယောက်ဖြစ်တဲ့အတွက်ပြည်သူတွေကလည်း သူ့ကို အရမ်းကို ချစ်မြတ်နိုးကြပါတယ်။ ဝန်ကြီးချုပ်ဆိုပြီး သူ့ကိုယ်ကျိုးကို မကြည့်ဘဲပြည်သူတွေရဲ့ အကျိုးကိုပဲ ကြည့်ပေးတဲ့ ဝန်ကြီးချုပ်ကောင်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့သားဖြစ်သူဂျာဂန်မိုဟန်ရက်ဒီကိုလည်း နိုင်ငံရေးလောကထဲဆွဲသွင်းပြီး သားဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်တာ ၉လလောက်ပဲ ရှိတဲ့အချိန်မှာပဲ ရာဂျာရှက်ခါရာရက်ဒီဟာ ဟယ်လီကော်ပတာနဲ့ ခရီးသွားစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရင်း ရှာလို့မတွေ့တဲ့အဆုံးမှာ သေလူအဖြစ်နဲ့ ဈာပနာပွဲပြုလုပ်လိုက်ရပါတော့တယ်။ ပြည်သူချစ်တဲ့ ဝန်ကြီးချုပ်မရှိတော့တဲ့အချိန်မှာ ပြည်သူတွေ, ပါတီဝင်တွေ အကုန် ဝမ်းနည်းကြပေမယ့် ဝန်ကြီးချုပ်ရဲ့လစ်လပ်နေရာကိုတော့ အစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာ ပါတီဝင် MLAအယောက်၁၅၀ဟာ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကို ဝန်ကြီးချုပ်ရာထူးနေရာပေးဖို့ ထောက်ခံပေးခဲ့ပါတယ်။ နိုင်ငံရေးဝါကြီးတဲ့သူတွေကတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ၉လသာ တာဝန်ထမ်းဆောင်ရသေးတဲ့ ဂျာဂန်ကို ဝန်ကြီးချုပ်နေရာ မပေးချင်ခဲ့ပါဘူး…..ဒီလိုနဲ့ နိုင်ငံရေးလောကရဲ့ ထုံးစံအတိုင်း မနာလိုသူတွေရဲ့ ကန့်ကွက်မှုတွေကြားမှာ ဂျာဂန်မိုဟန်တစ်ယောက်ဘယ်လိုတွေ ဖြတ်သန်းရမလဲ ….. ဝန်ကြီးချုပ်ရာထူးနေရာကိုရောက်ရှိဖို့ ဘယ်လို ဆူးလမ်းခရီးကို ဖြတ်ကျော်ရဦးမလဲ ….ဆိုတာတွေကို ကြည့်ရှုရမယ့် နိုင်ငံရေးဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
