ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Tale of the Night (2023)
⭐IMDB: 5.6/10 (47 Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
📺 #480p #1080p
💿 599.0 MB ⦿ 1.4 GB
🌎 #China
⏰ 1 နာရီ 47 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမဲ့ရုပ်ရှင်ကတော့တရုတ်နိုင်ငံက ချန်ရှားဆိုတဲ့ မြို့ကြီးတစ်မြို့ရဲ့ ညအချိန်စည်ကားသိုက်မြိုက်မှုတွေကို ပုံဖော်ထားတဲ့ Tale of The Night ဆိုတဲ့ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-
ချန်ရှားရဲ့ ထူးခြားလှတဲ့ ညတစ်ညမှာ ညဇီးကွက် ကျင်ဝေဝေကစာအုပ်ဆိုင်မှာ နောက်နေ့မနက်မှာ ဇာတိက ထွက်ခွါသွားတော့မဲ့ဟယ်ရှီးရှီးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် အတူတကွချန်ရှားညကို အလည်သွားဖို့ သဘောတူခဲ့ကြတယ်။
တစ်ဖက်က ချန်ရှင်းကျစ်၊ လျန်ပေါင်ချီ၊ လောင်ရှဲ့တို့တစ်တွေဟာကစားကွင်းမှ ဝန်ထမ်းများဖြစ်ကြပါတယ်။ သူတို့က ညရှုခင်းကိုရှုစားရင်း အလုပ်လုပ်ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နေကြတယ်။
ညလယ်စာအဓိကရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင် အစ်မလိအတွက်ဒီညဟာ သူမရဲ့ နောက်ဆုံးအကြိမ် ခေါက်ဆွဲချက်ခြင်းဖြစ်ပါတယ်။သူမက သူမတပည့်ကို စားသောက်ဆိုင်ကို ဆက်ခံခိုင်းဖို့ ဆုံးဖြတ်ထားခဲ့တယ်။
Talk show ဖျော်ဖြေသူ ဟယ်အန့်ရဲ့ ဒီနေ့ည ဖျော်ဖြေပွဲမှာ အဖေဖြစ်သူက လာရောက် ကြည့်ရှုခဲ့တယ်။ သူ့ရဲ့ အလုပ်ကိုမိသားစုက မထောက်ခံတဲ့အတွက် အမြဲတမ်းရန်ဖြစ်နေရတယ်။ဒါပေမဲ့ မိဘရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့ သူ့ကို အမြဲတမ်း ခွင့်လွှတ်ပေးခဲ့ကြတယ်။
ညအချိန်လည်း ကုန်ဆုံးတော့မယ် လူအများက စားသောက်ဆိုင်မှာခေါက်ဆွဲစားနေကြတယ်။ တွေ့ဆုံခြင်း၊ နှစ်သက်ခြင်း၊ နေခဲ့ခြင်း၊ထွက်ခွါခြင်း၊ နားလည်မှုရခြင်း၊ ပြန်လည်ဆုံတွေ့ခြင်း တွေဟာဒီမြို့ထဲမှာပဲ ဖြစ်ပျက်နေပြီး လူတိုင်းက ဒီမြို့ကို နှစ်သက်ဖို့အကြောင်းပြချက် ကိုယ်စီ ရှိနေကြပါတယ်။...
God's Country Song (2023)
⭐IMDB: 5.7/10 (53 Votes)
🎬 #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 639.6 MB ⦿ 1.2 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
God’s Country Song (2023)
ဒီကားလေးကတော့ အရက်အလွန်အကျွံသောက်ပြီး ဒုက္ခရောက် ရုန်းကန်နေရတဲ့ နိုင်ငံကျော် အဆိုတော်တ်ယောက်အကြောင်းပါ။နိုအာဘရိုင်ယန် ကန်းထရီး အဆိုတော် ဖြစ်ချင်တာကလွဲပြီး တခြား ဘာဆန္ဒမှ မရှိသူရယ်ပါ။ဒါပေမဲ့ ဒါတွေက သူ့ရဲ့အတိတ်က ဖြစ်ရပ်တွေနဲ့ ပြန်မဆုံမိခင်အထိပါပဲ။
သူ့ရဲ့မန်နေဂျာ လယ်ရီ ဝေါ့ကာ ရဲ့ အကူအညီနဲ့ သူဟာ နာမည်ကြီးတစ်ယောက်အဖြစ်ကို လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာခဲ့ပါတယ်။ရှိုးပွဲဆိုပြီး တစ်ညမှာ သူ မမှတ်မိတော့တဲ့ ဆုံးပါးသွားပြီ ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ဆီမှာသူ့ရဲ့သားဖြစ်သူ ၄ နှစ်သား ဂျေဂျေ ဆိုတဲ့ ကလေးလေး ရှိကြောင်း သတင်းစကား ကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နိုအာ တစ်ယောက် ဘာတွေ ဆက်လုပ်တယ်ဆိုတာကို ဇာတ်ကားထဲမှာ ဆက်ကြည့်လိုက်ကြပါဦး။
ဒီဇာတ်ကားက သီချင်းကြိုက်သူတွေအတွက်ဆိုလည်း မမှားသလို မိဘမေတ္တာဖွဲ့ ကြိုက်သူတွေလည်း ကြိုက်ပါလိမ့်မယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Hetangပဲ ဖြစ်ပါတယ်။...
The Ideal Squad (2023)
⭐TMDB: 0.0% User Score
🎬 #Comedy
🗓 2023 🎞 Movie
📺 #720p #1080p
💿 726.3 MB ⦿ 1.6 GB
🌎 #Vietnam
⏰ 1 နာရီ 43 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Ideal Squad (2023)
comedy fanတွေအတွက် ဗီယက်နမ်ဟာသဇာတ်လမ်းကောင်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ခဝေးတစ်ယောက် သွမ့်ဆိုတဲ့ သူမရဲ့အရင်ယောကျာ်းကောင်းမှုကြောင့် ထောင်နန်းစံခဲ့ရတယ်။သူ ပြန်လွတ်လာချိန်မှာ သွမ့်က ဂျူဝဲလ်ဆိုတဲ့အမျိူးသမီးနဲ့ လက်ထပ်ဖို့ပြင်နေပြီ။အဲ့ဒီအမျိူးသမီးကို တင်တောင်းတာကလည်း ခဝေးအမေ ခဝေးကိုအမွေပေးခဲ့တဲ့လည်ဆွဲနဲ့။ဒါပေမယ့် လည်ဆွဲက အစစ်မဟုတ်ဘူး။ ခဝေးနဲ့သွမ့်ရဲ့သမီးလေးကိုလည်း သွမ့်ကပဲခေါ်ထားတယ်။ဒီတော့ ခဝေးနဲ့ သူမငယ်သူငယ်ချင်း ဟောင်ဖုန်းဟာ သွမ့်နဲ့ဂျူဝဲလ်တို့မင်္ဂလာဆောင်မှာ လည်ဆွဲကိုခိုးပြီးသွမ့်ကိုဖော်ကောင်လုပ်ဖို့၊ ပြီးရင် ခဝေးရဲ့သမီးလေးကို ပြန်ခေါ်ဖို့အတွက် planတွေဆွဲကြတယ်။ဒါပေမယ့် ဒီplanထဲမှာ မထင်မှတ်ဘဲ ပါလာတာက….သူခိုးဆီက ဘုမသိဘမသိနဲ့ရလိုက်တဲ့ ဆွီဒင်ကြက်ဖကြီးကို ကင်စားမိလို့ ငွေတစ်ဘီလီယံအကြွေးဆပ်နေရတဲ့ ဗရုတ်သုတ်ခမိသားစုတစ်စု။ဒီလိုနဲ့ ကပေါက်တိကပေါက်ချာ မိသားစုရယ်၊ ခဝေးတို့သူငယ်ချင်းနှစ်ယောက်ရယ်ပေါင်းပြီး ဘယ်လိုတွေလောင်းကျော်မလဲ၊planချထားတာတွေ ရှောရှောရှူရှူဖြစ်လာမလား၊ဂျူဝဲလ်ကရော လူတွေထင်သလို စိတ်နှလုံးကောင်းတဲ့သူလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာလိုက်ပါ။
အာရှဟာသကားတွေကြိုက်တတ်ရင် ဒီဗီယက်နမ်ကားလေးကိုလည်း နှစ်ခြိုက်သဘောကျပါလိမ့်မယ်နော်~
အညွှန်း နဲ့ ဘာသာပြန်ကတော့Funzaeပဲ ဖြစ်ပါတယ်။...
Hatchet II (2010)
⭐IMDB: 5.4/10 (15 k Votes)
🎬 #Comedy #Horror #Thriller #Action
🗓 2010 🎞 movie
📺 #720p #1080p
💿 839.0 MB ⦿ 1.8 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Action, Horror, ThrillerIMDB – 5.4/10
ရှေ့က ထွက်ထားတဲ့ Hatchet ပထမကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာပါ။
ပထမကားမှာ မင်းသမီးဖြစ်တဲ့ မယ်ရီဘတ်က လွတ်မြောက်ရာကနေ
ပြန်အစပျိုးထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မင်းသမီးနေရာတော့ သရုပ်ဆောင်ပြောင်းသွားပါတယ်။
ကဲ ဆက်ပြောရမယ်ဆို မယ်ရီဘတ်တစ်ယောက်
သေဘေးကနေ လွတ်လာတယ်။
ဒါပေမဲ့ အမှတ်မရှိဘူး ဒီကောင်ကြီးကို ပြန်သွားသတ်ချင်တယ်
သူ့ အစ်ကိုနဲ့ အဖေအတွက် သွေးကြွေးဆပ်ချင်တယ်ပေါ့။
အဲဒါနဲ့ ဒီလို ခရီးစဉ်တွေ လုပ်ခဲ့ဖူးတဲ့ ဇွန်ဘီးဆိုတဲ့လူဆီ
အကူအညီသွားတောင်းတော့ ဒီ ရဲတင်းသရဲကြီး ဗစ်တာခရောင်လီနဲ့
သူတို့မိသားစုက ဆက်နွယ်နေတာကို သိသွားခဲ့တယ်။
နောက်ပြီး ဒီ ဇွန်ဘီးဆိုတဲ့လူကြီးက မယ်ရီဘတ်ကို
ကူညီပေးမယ်ဆိုပြီး သူတို့ ပတ်ဝန်းကျင်က အမဲလိုက်မုဆိုးတွေ
ငါးဖမ်းသမားတွေ ဆရာကြီးတွေကို စည်းရုံးပြီး
လက်နက်အပြည့်အစုံနဲ့ စိမ့်တောထဲ ပြန်သွားပြီး
လိုက်ရှာသတ်ကြတဲ့အခါမှာတော့…..။
မယ်ရီဘတ်တစ်ယောက် အဖေနဲ့ အစ်ကိုရဲ့အလောင်းကို
ပြန်ယူနိုင်မလား ဒါမှမဟုတ် လက်စားပြန်ချေနိုင်မလား…
ဘုန်းတော်ကြီးဇွန်ဘီးဆီမှာရော ဘယ်လိုလျှို့ဝှက်ချက်ရှိလို့
ဒီလိုပြန်သွားရတာလဲ…
ကျန်တဲ့ပါလာတဲ့ကြေးစားတွေရော ဒီကောင်ကြီးကို
သတ်နိုင်ကြမှာလားဆိုပြီး ကြည့်ရှုရမှာပါ။
R-Rated ဖြစ်တဲ့အတွက် အသတ်အဖြတ်တွေ
ကြမ်းတမ်းပြီး မမြင်သင့်တာတွေ လူနှစ်ယောက်ပလူးတာတွေ
ပါဝင်တဲ့အတွက် ကြည့်ရှုခါနီး သတိပြုစေလိုပါတယ်ဗျ။...
Hatchet (2006)
⭐IMDB: 5.6/10 (32 k Votes)
🎬 #Comedy #Horror #Thriller
🗓 2006 🎞 movie
📺 #720p #1080p
💿 944.5 MB ⦿ 1.6 GB
🌎 #UnitedStates
⏰ 1 နာရီ 20 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Horror, Thriller, ComedyIMDB – 5.6/10
အမေရိကန် လူဝီဆီယားနာပြည်နယ်မှာ ချောက်ခြားဖွယ်ရာ
စိမ့်တောပုံပြင်လေး တစ်ပုဒ်ရှိပါတယ်။
ဗစ်တာခရောင်လီဆိုတာ ရုပ်ဆိုးပန်းဆိုးနဲ့
မွေးဖွားလာတဲ့ကလေးတစ်ယောက်ပါ။
သားအဖနှစ်ယောက်တည်း လူသူကင်းဝေးတဲ့တောထဲ
နေကြတာပေါ့၊ အဲဒီလိုနဲ့ တစ်ညကြတော့ ဖခင်ဖြစ်သူဟာ
စိတ်ဖောက်သွားပြီး သားဖြစ်သူကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ဆိုပြီး
ရဲတင်းကြီးနဲ့ ခုတ်သတ်လိုက်ပါတယ်။
အဲဒါကြောင့် ခုထိ စိမ့်တောထဲမှာ သူတို့အိမ်နား
ဖြတ်ရင် “ဖေဖေရေ” လို့ ငိုယိုပြီး ခေါ်နေသံ ကြားရတယ်လို့ ဆိုကြပါတယ်။
ဘန်တစ်ယောက် ၈ နှစ်ကြာတွဲခဲ့တဲ့ ကောင်မလေးနဲ့
ပြတ်ပြီး ဘော်ဒါတွေနဲ့ ခရီးထွက်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေ မရပဲ
လင်းတမှိုင်မှိုင်ပြီး ရည်းစားပူမိနေတာပေါ့။
ဒီလိုနဲ့ သူ့ ဘော်ဒါတွေနဲ့ မလိုက်ပဲ ကောလိပ်တုန်းကလူတွေ
အကြံပေးလိုက်တဲ့ စိမ့်တောထဲက သရဲခြောက်တဲ့
လှေစီးခရီးစဉ် သွားဖို့ ကြံစည်ပါတော့တယ်။
အဲဒီမှာ မနေနိုင်တဲ့ သူငယ်ချင်း မားကပ်စ်ကလည်း ပါလာခဲ့တာပေါ့။
သူတို့ရဲ့ စိမ့်တောခရီးစဉ်မှာတော့ အသက်ကြီးကြီး စုံတွဲတစ်တွဲရယ်
အပျော့စားအပြာကားရိုက်ဖို့ ကောင်မလေးနှစ်ယောက်နဲ့
ဒါရိုက်တာလိုဘဲကြီးရယ် စကားနည်းပြီး ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်ရယ်
ခရီးစဉ်ခေါင်းဆောင် လူလိမ်လိုလိုကောင်ရယ် ဘန်တို့ရယ်
စိမ့်တောထဲ ထွက်လာကြတဲ့အချိန်မှာတော့…..။
Friday the 13th တို့ Texas Chainsaw Massacre တို့
Wrong Turn တို့လိုမျိုး Slahser အမျိုးအစား
သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။
ဆိုတော့ကား R Rated ဖြစ်နေတဲ့အတွက်
အသတ်အဖြတ်တွေက ပေါ်တင်ပြကွက်တွေနဲ့ သွေးသံတရဲရဲ
တကယ်ကြမ်းပါတယ် ကလေးသူငယ်တွေရှိတဲ့လူတွေအတွက်
သတိထားကြည့်ရှုစေလိုပါတယ်၊ နောက်ပြီး ပေါက်စီနှစ်လုံးတွေဆိုတာလည်း
အားတိုင်းယားတိုင်း ပြနေတဲ့အတွက် အသက်ကလေးပြည့်မှလည်း
ကြည့်ရှုပေးဖို့ တိုက်တွန်း နှိုးဆော်ပေးလိုက်ရပါတယ်ဗျ။...
Afflicted (2013)
⭐IMDB: 6.2/10 (25 k Votes)
🎬 #Action #Adventure #Horror #Thriller #Mystery
🗓 2013 🎞 movie
📺 #720p #1080p
💿 698.7 MB ⦿ 1.6 GB
🌎 #Canada #UnitedStates
⏰ 1 နာရီ 26 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒဲရစ်ခ် နဲ့ ကလစ်ဖ် တို့က
ကမ္ဘာတစ်ပတ်ခရီးထွက်လာကြသူတွေပါ။
ခရီးထွက်လာရင်းနဲ့
ပဲရစ်ရောက်လာပြီးတဲ့အချိန် ညတစ်ညမှာ
ဒဲရစ်ခ် က ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတဲ့နောက်
သူကိုယ်တိုင်တောင်မမှတ်မိတဲ့
ထိခိုက်ဒဏ်ရာတွေရလာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ဒဲရစ်ခ်မှာ
ထူးဆန်းတဲ့ဝေဒနာတွေခံစားလာရသလို
ထူးခြားတဲ့သဘာဝလွန်အစွမ်းတွေပါရလာခဲ့ပါတယ်။
ဒဲရစ်ခ်ရဲ့သဘာဝလွန်အစွမ်းတွေက
လူတွေရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လာတဲ့အခါမှာ
ဒဲရစ်ခ်တို့တွေဘယ်လိုအဖြေရှာကြမလဲဆိုတာကို
ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။...
They Came Back (2004)
⭐IMDB: 5.8/10 (3 k Votes)
🎬 #Drama #Fantasy
🗓 2004 🎞 movie
📺 #720p #1080p
💿 819.9 MB ⦿ 1.9 GB
🌎 #France
⏰ 1 နာရီ 42 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
They Came Back (2004)
~ IMDb – 5.8/10, Rotten Tomatoes – 78% ~
ကိုယ်ချစ်ရတဲ့သူတွေ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့နေရာကို ထွက်သွားပြီးမှ ရုတ်တရက်ပြန်လာရင် ဘယ်လိုဖြစ်မလဲ…
ဒီဇာတ်ကားလေးမှာတော့ ကမ္ဘာနဲ့အဝှမ်း အရင် ၁၀ နှစ်အတွင်းက သေပြီးသားလူတွေက ရုတ်တရက်ကြီး လမ်းတွေပေါ်မှာ အကောင်းပကတိအတိုင်း ပြန်ရောက်လာတာကို တွေ့လိုက်ကြရပါတယ်။
သေပြီလို့ လက်ခံထားကြတဲ့လူတွေက ပြန်ရောက်လာတော့ လူမှုရေးမှာရော၊ အလုပ်တွေမှာပါ ကသီလင်တဖြစ်ကုန်ကြတာပေါ့။ အလုပ်နေရာကို ပြန်ပေးရမလား၊ ပင်စင်တွေကို ပြန်ပေးရမလား၊ ကိုယ့်ဘဝထဲက လုံးဝထွက်သွားပါပြီလို့ စိတ်ပိုင်းဖြတ်ပြီးမှ ပြန်ရောက်လာတဲ့သူတွေကို အရင်လို ဘာမှမဖြစ်သလိုပဲ လက်ခံလိုက်ရမလားပေါ့။
ဒီဇာတ်ကားလေးက ကြောက်စရာမကောင်းပေမဲ့ ကျောချမ်းစရာတော့ကောင်းပါတယ်။ ပြန်ရောက်လာတဲ့သူတွေက ပုံမှန်မဟုတ်ကြဘူးလေ။ ပြန်ရောက်လာတာကိုက ပုံမှန်မှမဟုတ်တာကိုး။ Fantasy, Drama လို့ပြောလို့ရတာပေါ့။ နာမည်တူ Series တစ်ခုရဲ့ Spin-off လို့လည်းပြောလို့ရပါတယ်။ ကားကောင်းတွေထွက်တာများလေ့ရှိတဲ့ ပြင်သစ်တွေရဲ့ထုံးစံအတိုင်း ကြည့်ရတာ တန်ပါတယ်လို့ အာမခံပေးလို့ရတဲ့ ပြင်သစ်ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Liquor Store Dreams (2022)
⭐IMDB: 7.9/10 (70 Votes)
🎬 #Documentary
🗓 2022 🎞 movie
📺 #720p #1080p
💿 665.7 MB ⦿ 2.1 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Liquor Store Dreams (2022)=====================
၁၉၉၂ ဧပရယ်တစ်ရက်မှာ ရဲအရာရှိလေးယောက်ဟာ Rodney Kingဆိုတဲ့လူမည်းတစ်ယောက်ကိုအကြမ်းဖက် ဖမ်းဆီးရုံမကပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကိုအနားမှာရှိတဲ့လူတစ်ယောက်က ဗီဒီယိုရိုက်ထားပြီး ဖြန့်ဝေရာက သတင်းမီဒီယာတွေမှာ ပွက်လောရိုက်ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီရဲလေးယောက်ကို တရားရုံးကတရားသေလွှတ်ပေးလိုက်ချိန်မှာတော့ လူထုရဲ့မကျေနပ်မှုဟာအုံကြွလာခဲ့ပါတော့တယ်။
ဒီအဖြစ်အပျက်ကိုထပ်ပြီးမီးမွှေးပေးလိုက်တာကတော့ Latasha Harlinsဆိုတဲ့ဆယ်ကျော်သက်မိန်းမငယ်တစ်ယောက်ကို ကိုရီးယားစတိုးဆိုင်ရှင်တစ်ယောက်က အအေးတစ်ဘူးခိုးတယ်လို့စွပ်စွဲပြီး သေနတ်နဲ့ပစ်သတ်လိုက်တဲ့အဖြစ်အပျက်ပါ။ အဲ့ဒီဖြစ်ရပ်နှစ်ခုနောက်ပိုင်းမှာ 1992 LosAngeles riots လို့သိကြတဲ့ဆူပူအုံကြွမှုဖြစ်ပေါ်လာခဲ့ပြီးမဆိုင်တဲ့သူတွေအတွက်ပါ ဂယက်ရိုက်ခဲ့တဲ့ဖြစ်ရပ်ဆိုးတွေဖြစ်ပေါ်သွားခဲ့ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အဲ့ဒီဖြစ်ရပ်တွေကြားက ကိုရီးယားယမကာစတိုးပိုင်ရှင်တွေရဲ့ဘဝ၊ သူတို့မျိုးဆက်တွေနဲ့ အသိုင်းအဝိုင်းတွေအထိဘာတွေရင်ဆိုင်တွေ့ကြုံခဲ့ရလဲ၊ ဘယ်လိုသက်ရောက်မှုတွေရှိခဲ့လဲဆိုတာတွေတင်မကပဲ မျိုးဆက်နှစ်ခုကြားက အတွေးအခေါ်အယူအဆကွာခြားချက်တွေ၊ လူငယ်တွေရဲ့ပြောင်းလဲလာတဲ့အတွေးအမြင်တွေနဲ့ ကိုရီးယား-လူမည်း နှစ်ဘက်အသိုင်းအဝိုင်းကြားက အာဃာတတွေ ဘယ်လိုသင်ပုန်းချေပြေလည်ကြမလဲ အစရှိတာတွေကို မျက်မှောက်ခေတ် George Floydဖြစ်ရပ်အထိချိတ်ဆက်တင်ပြထားတာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias မှဖြစ်ပါတယ်)...
藏凶者 (2023)
⭐TMDB: 50.0% User Score
🎬 #Action #Crime
🗓 2023 🎞 Movie
📺 #1080p #720p
💿 1004.1 MB ⦿ 585.2 MB
🌎 #UnitedStates #China
⏰ 1 နာရီ 33 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့အရာတွေထဲမှာ လူတွေရဲ့ အိပ်မက်လည်း ပါပါတယ်။အိပ်မက်ထဲက မက်တဲ့အရာတွေက တစ်ခါတလေ နားမလည်နိုင်စရာတွေအများအပြားရှိပါတယ်။ ယခု CM က ဘာသာပြန်တင်ဆက်ပေးမယ့်ဖြစ်ရပ်မှန်ရုပ်ရှင်လေးဟာဆိုရင်လည်း အိပ်မက်တစ်ခုက စတင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-
ပေကျင်းဆေးတက္ကသိုလ်မှာ ပါမောက္ခဘွဲ့ရဖို့ ကြိုးစားနေတဲ့ တုံချိုးဝမ်ဟာမောင်လေးဖြစ်သူ တုံချိုးဟွာအသတ်ခံရပြီး ရွာပျက်အနားကတံတိုင်းတွေပြိုနေတဲ့ ခြံတစ်ခုထဲမှာ အမြှုပ်ခံထားရတယ်လို့အိပ်မက်မက်ခဲ့ပါတယ်။ သူမအမေက သူမမောင်လေးကိုအဆက်အသွယ်မရတာ ၅ ရက်လောက်ရှိပြီလို့ဖုန်းဆက်လာတော့ သူမ စိုးရိမ်မိပြီး ရွာပြန်ဖို့ လုပ်ပါတော့တယ်။
သူမ ရထားနဲ့ ခရိုင်မြို့ကို ရောက်တာနဲ့ ဘကြီး မောက်ရှန်းကလာကြိုပြီးခရိုင်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ ရွာပြန်ရောက်တော့ အစ်မချွင်းမေ့ရဲ့ပြောကြားချက်အရ သူမမောင်လေးကို မပျောက်ခင်ရှေ့တစ်ရက်ကဘကြီးမောက်ရှန်းရဲ့ ချွေးမနဲ့ ဆေးရုံမှာ တွေ့ခဲ့တာ သိခဲ့ရပါတယ်။
ချိုးဝမ်တစ်ယောက် ဒီကိစ္စကို ရဲတွေကို ပြောပြလိုက်တဲ့အတွက်ရဲတွေက ဘကြီးမောက်ရှန်းအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ဘကြီးမောက်ရှန်းဟာ တစ်ရွာလုံးအပေါ်ကျေးဇူးရှိခဲ့သူဖြစ်တဲ့အတွက်ရွာသူရွာသားတွေက ချိုးဝမ်ကို မကျေနပ်ကြတော့ပါဘူး။
သို့သော် ချိုးဟွာကိုပဲ စိတ်ပူနေတဲ့ ချိုးဝမ်ဟာ ရွာသားတွေရဲ့မျက်နှာတွေကို ကြည့်မနေနိုင်တော့ပါဘူး။ သူမအမေက သူမကိုစိတ်လိုက်မာန်ပါမလုပ်ဖို့ ပြောနေသော်လည်း သူမ အမှန်တရားကို တွေ့မှဖြစ်မယ်လေ။ချိုးဝမ်တစ်ယောက် ချိုးဟွာကို ပြန်ရှာတွေ့ပါ့မလား……ချိုးဟွာရဲ့ ပျောက်ဆုံးမှု နောက်ကွယ်မှာ ဘယ်လိုပြဿနာတွေ ရှိနေမလဲ ……ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါအဖြေရှာလိုက်ရအောင်နော်။...
Older Gods (2023)
⭐IMDB: 5.1/10 (229 Votes)
🎬 #Drama #Horror #Mystery #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 336.3 MB ⦿ 950.2 MB
🌎 #UnitedKingdom
⏰ 1 နာရီ 21 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အမေရိကန် Horror စာရေးဆရာ H.P Lovecraftရဲ့ vibe မျိုးကို
ခံစားချင်သူတွေအတွက် ကားကောင်းလေးပါ…။
အကြောင်းအရာကဘယ်လိုလဲဆိုတော့ စကြဝဠာကြီးနဲ့
ချိန်ဆနှိုင်းယှဥ်ကြည့်ရင် လူသားတွေဆိုတာ သိမ်နုပ်သေးငယ်လွန်းလို့
အရာသွင်းစရာတောင်မလိုအပ်ပါဘူး….။
လူသားတွေဆိုတာ အဖိုးမတန်လို့ သေမထူးနေမထူးတွေပေါ့…။
ဒီ့အပြင် လောကကြီးမှာ လက်ရှိဘုရားတွေထက် ရှေးကျတဲ့ Godတွေ၊
Cosmic beingsတွေ၊ တိတ္ထိတွေဆိုတာလည်း ရှိပါသေးတယ်…။
လူသားတွေဆိုတာ သူတို့ဆီက ကောင်းချီးပြုခံရဖို့အတွဥ် ယဇ်ကောင်သက်သက်ပါ….။
ဒီလိုဆိုရင် အသက်ရှင်နေလို့၊ အလုပ်လုပ်နေလို့ ဘာထူးနေဦးမလဲ….။
ကိုယ်ချစ်တဲ့သူတွေနားနေလို့၊ ကြိုးစားရုန်းကန်နေလို့ဘာများ ထူးခြားသွားနေဦးမှာလဲ….။
ဒီလို Horror vibe မျိုးရမယ့်ကားလေးပါ….
ဇာတ်လမ်းအကျဥ်းကတော့
ခရစ်တစ်ယောက် သေဆုံးသွားပြီဖြစ်တဲ့ သူငယ်ချင်းဆီကနေ အထုပ်တစ်ထုပ်ရရှိခဲ့ပါတယ်…။
ထိုအထုပ်ထဲမှာ ဒီတိတ္ထိတွေအကြောင်းလေ့လာထားတာတွေ…၊ သက်သေတွေအစုံပါပဲ….။
ဒါတွေကို ဖြည်ထုတ်ကြည့်ရင်းကနေ ခရစ်တစ်ယောက် သူကိုယ်တိုင် အန္တရာယ်တောထဲ
တိုးဝင်မှန်းမသိ တိုးဝင်မိသွားတဲ့အခါမှာတော့….။...
Killers (2014)
⭐IMDB: 6.4/10 (5 k Votes)
🎬 #Action #Crime #Drama #Thriller #Horror
🗓 2014 🎞 movie
📺 #720p #1080p
💿 799.5 MB ⦿ 1.8 GB
🌎 #Indonesia #Japan
⏰ 2 နာရီ 19 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Killers (2014)
” Sound Error FIXED!!! “
~ IMDb – 6.4/10, Rotten Tomatoes – 73% ~
အင်ဒိုနဲ့ ဂျပန် ဖက်စပ်ကားလေးဖြစ်ပြီး IMDb – 6.4/10 အထိ ရရှိထားတဲ့ Action, Crime ကားကောင်းတစ်ကားပေါ့။
Nomura ကတော့ လူတိုင်းကို သူ့ရဲ့သားကောင်လို့မြင်တတ်တဲ့ စိတ္တဇ ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပြီး သူ ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်တာတွေကို ကင်မရာနဲ့ရိုက်ကူးပြီး အင်တာနက်ပေါ် တင်လေ့ရှိတယ်။ အင်ဒိုနီးရှား ဂျကာတာမြို့က ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Bayu ကတော့ သူဆောင်းပါးရေးတဲ့ အကျင့်ပျက်ခြစားသူကြောင့် အလုပ်အကိုင်လည်းပျက်၊ မိသားစုဘဝပါ ပျက်စီးခဲ့ရသူ။ တစ်နေ့မှာ Nomura တင်တဲ့ Video ကိုကြည့်မိပြီး သူ့ရဲ့စိတ်ခံစားချက်တွေ မသိမသာပြောင်းလဲသွားတယ်။ မတော်တဆမှုတစ်ခုဖြစ်ရာကနေ သူကိုယ်တိုင် လူသေမှုကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်တင်ပြီး ခံစားပါတော့တယ်။
ဒီလိုနဲ့ Nomura နဲ့ Bayu တို့ Internet ပေါ်မှာ စာရိုက်ကြ စကားပြောဖြစ်ကြရင်း… ဘယ်လိုကြမ်းတမ်းမလဲဆိုတာ ကိုယ်တိုင်သာ ခံစားကြည့်ရှုလိုက်ပါဦးလို့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)...
The Campaign (2012)
⭐IMDB: 6.1/10 (135 k Votes)
🎬 #Comedy
🗓 2012 🎞 movie
📺 #720p #1080p
💿 999.3 MB ⦿ 1.9 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rt-66% ~ IMDb-6.1 ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ The Hangover ရုပ်ရှင်တွေထဲမှာ အလန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Zach Galifianakis တို့ရဲ့ 2012 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသကားကောင်လေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဆဲဆိုကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြကွက်တွေပါဝင်တာမလို့ အသက် (၁၈) နှစ်အောက် ကလေးတွေကတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကမ် ဘရက်ဒီ (Will Ferrell) ဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ ခရိုင် (၁၄) ကိုယ်စားပြု ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် လေးကြိမ်ဆက်တိုက် ရွေးကောက်ခံခဲ့ရသူပါ။ ဒါပေမဲ့လည်း ဖောက်ပြန်ပွေရှုပ်လွန်းတဲ့လူဖြစ်တာကြောင့် လူထုထောက်ခံမှုအားကျဆင်းနေပြီး ရွေးကောက်ပွဲကလည်းကျင်းပဖို့နီးလာနေပါပြီ။
ဒီအချိန်မှာ မော့ခ်ျညီနောင်လို့ခေါ်တဲ့ ဘီလျံနာသူဌေးတွေက ခရိုင် (၁၄) မှာစက်ရုံတွေဖွင့်ပြီး လက်ဝါးအုပ်နိုင်ဖို့အတွက် ကမ်ကိုဖြုတ်ချပြီး သူ့နေရာမှာအစားထိုးဖို့ မာတီ ဟက်ဂင် (Zach Galifianakis) ကို ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားမှာ နိုင်ငံရေးအရပြိုင်ဆိုင်မှုတွေပြင်းထန်လာခဲ့ပြီး တယောက်ကိုတယောက်ဘယ်လိုချောက်တွန်းအားပြိုင်ကြမလဲ၊ တယောက်နဲ့တယောက် ပြိုင်ကြရင်း ဘယ်လိုအလွဲကြီးတွေဖြစ်ကြမလဲ၊ နောက်ဆုံးမှာရော ဘယ်သူက ရွေးကောက်ပွဲကိုနိုင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ နိုင်ငံရေးဆိုင်ရာအားပြိုင်မှုတွေမှာတလွဲလုပ်ကြကို ဟာသနှောပြီး ရှယ်ဖောက်ထားတဲ့ကားကောင်လေးဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောကြည့်ရှုလိုက်ကြပါဦးဗျ။...
Call Her King (2023)
⭐IMDB: 4.0/10 (618 Votes)
🎬 #Action #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 452.8 MB ⦿ 1.3 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Call Her King (2023)================
အတိတ်က အမှားတစ်ခုကြောင့် တရားစီရင်ရမှာလက်တွန့်နေတဲ့တရားသူကြီးဂျေဒါကင်း၊ သူ(မ) စီရင်ရမဲ့အမှုဟာလည်း ပထမအဆင့်ရာဇဝတ်ပြစ်မှုကြီးဖြစ်နေတဲ့အတွက် ရှိသမျှခွန်အားတွေ စုစည်းပြီးစီရင်ချက်ချတော့မယ်လုပ်ခါမှ တရားခံရဲ့အစ်ကိုဖြစ်သူက သူ့ညီကိုကယ်ထုတ်ဖို့အတွက် တရားရုံးကို အုပ်စုလိုက်အပိုင်စီးလိုက်တဲ့အခါမှာတော့ ဘယ်လိုတွေဆက်မဖြစ်လဲ တရားခံကရော လွတ်သွားမှာလားဆိုတာတွေကို ကြည့်ရှုရမဲ့ အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Sett Naing မှဖြစ်ပါတယ်)...
Homewrecker (2023)
⭐IMDB: 3.0/10 (102 Votes)
🎬 #Thriller #Horror
🗓 2023 🎞 movie
📺 #720p #1080p
💿 467.7 MB ⦿ 1.1 GB
🌎 #UnitedStates
⏰ 1 နာရီ 36 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Homewrecker (2023)===============
ထမရာ အိုလီဖန့်က ဥပဒေလုပ်ငန်းမှာ လုပ်ကိုင်နေပြီး ချစ်သူခလင်တွန်နဲ့ အတူနေတယ်။ လုပ်ငန်းမှာ ပါတနာဖြစ်ဖို့ ကြိုးစားနေရင်း အလုပ်ပြောင်းလာတဲ့ ဝန်ထမ်းသစ် ခင်ဇီ မီယန်နီဆိုတဲ့တက္ကသိုလ်တုန်းက သိတဲ့မိန်းကလေးနဲ့ ပြန်ဆုံခဲ့တယ်။ သဘောကောင်းတဲ့ ထမရာက ခင်ဇီကို သူငယ်ချင်းအရင်းလို ဆက်ဆံပြီးနေပေမဲ့ ခင်ဇီက ထမရာနဲ့အတူ ပြိုင်ပြီး အလုပ်မှာ ပါတနာရဖို့ကြိုးစားတော့တယ်။
အဲဒီအထိ ထမရာက ခင်ဇီ့ရဲ့မနာလိုကောက်ကျစ်မှုတွေကို မမြင်ခဲ့သေးပေမဲ့ နောက်တော့ ခင်ဇီက သူ့ချစ်သူကိုပါ ပြိုင်လုလာပြီး သူ့ဘဝကို ဖျက်ဆီးဖို့ ကြိုးစားလာတဲ့အခါမှာတော့ ထမရာတစ်ယောက်ဘယ်လိုတွေ သူငယ်ချင်းအတုဆီက နောက်ကျောဓားနဲ့အထိုးခံရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin မှဖြစ်ပါတယ်)...
The Jewel Thief (2023)
⭐IMDB: 6.5/10 (372 Votes)
🎬 #Crime #Documentary #Mystery
🗓 2023 🎞 movie
📺 #720p #1080p
💿 581.6 MB ⦿ 1.8 GB
🌎 #UnitedStates #Austria #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Jewel Thief (2023)================IMDb Rating – 6.5/10Genre – Documentary, Crime, Mystery
ဒါလေးကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ ဖန်တီးမှုကောင်းမွန်ပြီး ဉာဏ်ထက်တဲ့ ပါရမီရှင် ရာဇဝတ်သား (ဂျရယ်ဒန်နီ ဘလန်းချက်) တစ်ယောက်ရဲ့ အကြောင်းရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ မိဘအရင်းတွေက မွေးပြီးတာနဲ့ ၆ ရက်သားမှာ မွေးစားဖို့ ပေးလိုက်လို့ မွေးစားမိခင်ကြီးနဲ့ ကြီးပြင်းခဲ့ရတဲ့ ကနေဒါနိုင်ငံ ဝင်နီပဒ်က မျက်မှန်ကြီးနဲ့ လူငယ်လေးတစ်ယောက်ကနေ ဘယ်လိုဖြစ်လာမလဲပေါ့။ သူဟာ သာမန်စတိုးဆိုင်ကမြေပုံလောက် အလစ်သုတ်ရာကနေ တခြားနိုင်ငံက တော်ဝင်စိန်တုံး ခိုးတဲ့ထိပါ နာမည်ကြီးလာတဲ့ ရာဇဝတ်သားတစ်ယောက်။
ဒီလိုနဲ့ ငယ်ဘဝမှာ ပစ္စည်းတွေအလစ်သုတ်နည်း၊ ဖြတ်ပိုင်း အတုလုပ်နည်း၊အဲဒီကနေမှ ATM တွေ ဝင်ဖောက်တဲ့နည်း နောက်ကျ နိုင်ငံခြားက စိန်ပါခိုးတဲ့ထိ အဆင့်ဆင့် ဘယ်လိုမျိုး ဆင့်ကဲပြောင်းလဲလာတယ်ဆိုတာကို သူကိုယ်တိုင်အပါအဝင် သူ့ အမေ၊ သူငယ်ချင်းတွေ၊ သူ့ကို ဖမ်းဆီးခဲ့တဲ့ ရဲသား ၂ ယောက်ရယ်၊ တခြား သက်ဆိုင်ရာလူတွေက ဇာတ်ကြောင်း ပြန်လည်ပြောဆိုထားပြီးတင်ပြတဲ့နေရာမှာလည်း သူ တကယ်ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေနဲ့ အဖြစ်အပျက်တွေကိုလည်း သေချာဆင်တူပြန်ရိုက်ပြီး ပုံဖော်ထားတာပါ။ ရဲတွေနဲ့ဘယ်လို စိန်ပြေးလိုက်တမ်းတွေ ကစားပြီး ဘယ်လိုတွေ ဓားသွားပေါ်လမ်းလျှောက်ပြီး ဘယ်လိုတွေ ပြစ်မှုကျူးလွန်သလဲ ငွေကြောင့်လား ဘာကြောင့်လားနဲ့စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် မှတ်တမ်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung မှဖြစ်ပါတယ်)...
Zom 100: Bucket List of the Dead (2023)
⭐IMDB: 5.9/10 (261 Votes)
🎬 #Action #Comedy #Horror #Fantasy #SciFi
🗓 2023 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 2.3 GB
🌎 #Japan
⏰ 2 နာရီ 9 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Zom 100: Bucket List of the Dead (2023)
ဘဝမှာလူတိုင်းကတော့ ကိုယ်လုပ်ချင်တဲ့အရာတွေရှိကြမှာပါ။ဆန္ဒနဲ့လက်တွေ့ထပ်တူမကျဘဲ ပင်ပန်းရုန်းကန်နေရတဲ့သူတွေလည်းရှိကြမှာပါ။
– တနင်္လာနေ့ရုံးမသွားချင်ဘူးဖြစ်နေလား– ဘယ်လောက်ပဲကြိုးစားကြိုးစား အထက်လူကြီးတွေရဲ့ အကောင်းပြောတာမခံရဘူးလား– အချိန်ပိုတွေဆင်းနေရပြီးပင်ပန်းလွန်းနေပြီလား– ကိုယ်တကယ်ဖြစ်ချင်နေတာ ဘာများလဲဆိုတာ ပြန်တွေးနေမိပြီလား– ဒီအချိန်မှာတစ်ကမ္ဘာလုံးဇွန်ဘီတွေဖြစ်သွားရင်ကောင်းမှာပါလို့ တွေးမိတဲ့သူတွေအတွက် တကယ်ပဲဖြစ်သွားတာကိုမြင်တွေ့ရမှာပါ
တန်ဒိုအကီရာဆိုတဲ့ကောင်လေးတစ်ယောက် အလုပ်တွေဆက်တိုက်လုပ်၊ ပင်ပန်းနွမ်းနယ်ပြီးအလုပ်မသွားချင်ဖြစ်နေတဲ့ တစ်မနက်ခင်းလေးမှာ တစ်နိုင်ငံလုံးဇွန်ဘီတွေဖြစ်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။အလုပ်မသွားရလို့ ပျော်နေတဲ့အချိန်မှာ အကြံဉာဏ်တစ်ခုရပြီး စာအုပ်တစ်အုပ်မှာ ဇွန်ဘီမဖြစ်ခင်လုပ်ရမည့်အချက် ၁၀၀ ဆိုပြီးစရေးခဲ့ပါတယ်။သူ အဲဒီစာအုပ်ထဲကအတိုင်း လုပ်နိုင်ပါ့မလား အချက် ၁၀၀ ပဲ ပြည့်သွားမလားမပြည့်ခင်မှာဘဲ ဇွန်ဘီဖြစ်သွားမလား ရင်တမမနဲ့ကြည့်ရှုလိုက်ပါဦးနော်
(ဒီကားက Manga ရော Anime ရော ထွက်နေဆဲဖြစ်ပြီး နိုင်ငံတကာမှာလည်း ပရိသတ်တွေများတဲ့ကားလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်ရှူသင့်တဲ့ကားလေးပဲဖြစ်ပါတယ်)
အညွှန်း နဲ့ ဘာသာပြန်ကာတော့Mr.Kaungပဲ ဖြစ်ပါတယ်။...
200 Pounds Beauty (2023)
⭐IMDB: 5.8/10 (42 Votes)
🎬 #Comedy #Music #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 674.1 MB ⦿ 1.3 GB
🌎 #Indonesia
⏰ 1 နာရီ 37 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
200 Pounds Beauty (2023)
ဝတုတ်နေတဲ့ခန္ဓာကိုယ်ကို ယုံကြည်ချက်မရှိလို့ ကင်မရာနောက်ကွယ်ကနေပဲ သူများအတွက် သီချင်းဆိုပေးနေတဲ့ ဂျူဝီတာဆိုတဲ့ ကောင်မလေးကဘယ်နှကြိမ်မြောက်မှန်းမသိ အသည်းကွဲသွားတဲ့အခါမှာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ်။ဒါပေမယ့် အရမ်းလှပြီး အသံအရမ်းကောင်းတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲဖို့ မျှော်လင့်ချက်လမ်းစ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ…
ဇာတ်လမ်းအညွှန်းကိုဖတ်ကြည့်လိုက်ရင် အများစုရင်းနှီးနေကြမှာပါဟုတ်ပါတယ်…ဒါက ၂၀၀၆ခုနစ်က ထွက်ထားတဲ့ နာမည်ကြီး koreaကားကိုပြန်ရိုက်ထားတဲ့ indonesiaကားလေးပါဇာတ်လမ်းကျောရိုးချင်း ဆင်ပေမယ့် မတူညီတဲ့ vibeလေးနဲ့မို့ ဂျူဝီတာရဲ့ဘဝအတက်အကျတွေကိုဒီ 2023ခုနှစ်ထွက် ”200 Pounds Beauty”ဆိုတဲ့ ဇာတ်လမ်းထဲမှာ စီးမျောခံစားလိုက်ပါဦး
အညွှန်း နဲ့ ဘာသာပြန်ကတော့ Funzae ပဲ ဖြစ်ပါတယ်...
Scooby-Doo on Zombie Island (1998)
⭐IMDB: 7.7/10 (17 k Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy #Mystery
🗓 1998 🎞 video movie
📺 #720p #1080p
💿 664.2 MB ⦿ 1.6 GB
🌎 #USA #UnitedStates
⏰ 1 နာရီ 16 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Scooby-Doo on Zombie Island (1998)
~ IMDb – 7.7/10, Rotten Tomatoes – 88% ~
2019 က ထွက်ခဲ့တဲ့ Return to Zombie Island ရဲ့ပထမပိုင်း 1998 က လက်ရာဟောင်းတစ်ခုပါ။ နောက်ပိုင်းလက်ရာထက်တော့ နည်းနည်းခေတ်ဟောင်းဆန်ပေမဲ့ ဒီအပိုင်းထဲက ဖုတ်ကောင်တွေက သူတို့အမြဲဖြေရှင်းခဲ့သလို မျက်နှာဖုံးစွပ်နဲ့ လူဆိုးတွေမဟုတ်ဘဲ တကယ့် ဖုတ်ကောင်အစစ်တွေပါ။ ဒီလောက်ဆို စိတ်၀င်စားစရာကောင်းနေပါပြီ။
~ ဇာတ်လမ်းအကျဉ်း ~
စကူဘီတို့ အဖွဲ့သားတွေဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေ ဖြေရှင်းတိုင်း နောက်ဆုံးမှာ လူတွေအယောင်ဆောင်တာပဲ ဖြစ်နေတဲ့အတွက် ငြီးငွေ့လာကြပြီး ကိုယ်စီ လမ်းခွဲလို့ အဆင်ပြေရာအလုပ်တွေ ခွဲလုပ်ကြပါတယ်။ ဒက်ဖနီက သူ့ကိုယ်ပိုင် တီဗီရှိုးမှာ ခြောက်လှန့်တတ်တဲ့နေရာတွေအကြောင်း ရိုက်ကူးတင်ဆက်ရာကနေ Season 2 အတွက် နေရာရှာတာက ဇာတ်လမ်းစပါတယ်။ ဒီတစ်ခါမှာတော့ တကယ်သရဲအစစ်ခြောက်တဲ့နေရာကို လိုချင်တာပါ။
ဒီလိုနဲ့ သရဲခြောက်တဲ့နေရာတွေ ရှိတယ်လို့နာမည်ကြီးတဲ့ လူဝီဆီယာနာကို သူ့အဖွဲ့သားတွေပါ ခေါ်ပြီး ခရီးထွက်ခဲ့ပါတယ်။ လမ်းမှာနားတုန်း လီနာဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီး သူအလုပ်လုပ်တဲ့အိမ်ကြီးမှာ တကယ့်သရဲတွေရှိတယ်ဆိုပြီး ဖိတ်ခေါ်တဲ့အတွက် စကူဘီဒူးတို့အဖွဲ့ လိုက်သွားပါတော့တယ်။
ရေကန်ကြီး တစ်ဖက်ခြမ်းက အိမ်ကြီးမှာ ဘယ်လိုအကြောင်းကြောင့် သရဲတွေရှိနေတာလဲ… နောက်ထပ် ဘယ်လိုဆန်းကြယ်မှုတွေ ရင်ဆိုင်ရဦးမလဲ… ဆိုတာ အားပေးလို့ရပါပြီ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
The Mystery of Xuannu (2023)
⭐TMDB: 0.0% User Score
🎬 #History #Romance #War
🗓 2023 🎞 Movie
📺 #720p #1080p
💿 795.9 MB ⦿ 1.2 GB
🌎 #China
⏰ 1 နာရီ 25 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ရဲ့ ချစ်ပရိသတ်တို့ကို ဒီတစ်ခါမှာတော့ ရှေးခေတ်မှာ ကာကွယ်ရေးနတ်အနေနဲ့အကိုးကွယ်ခံရတဲ့ ငှက်နတ်သမီး အကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဒီဇာတ်လမ်းမှာဆိုရင် မျိုးနွယ်အစုသီးသီးကြားက ငှက်နတ်သမီးရွေးချိန်မှာကျိုဖုန်းဆိုတဲ့ ဖုန်းမျိုးနွယ်က သမီးပျိုလေးကို ငှက်နတ်သမီးအဖြစ်ရွေးချယ်ခဲ့တယ်ဆိုပေမယ့် တကယ့် ငှက်သမီးက သက်သက်ရှိနေတယ်ဆိုတာနဲ့ အစချီခဲ့ပါတယ်…
ငှက်နတ်သမီးဟာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပေးရမယ့်တာဝန်ရှိသလို အများကလည်း တလေးတစားနဲ့ အရေးတယူ ဆက်ဆံရတဲ့မြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးပေါ့… ဒီလိုအလေးပေးခံရတဲ့အတွက်ငှက်နတ်သမီးမှာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပြီးထီးနန်းဆက်ခံမယ့် အရှင့်သားရဲ့ မိဖုရားခေါင်အဖြစ်အရှင့်သားနဲ့အတူ နန်းတက်ရမယ်လို့လည်း ယုံတမ်းရှိနေခဲ့တယ်…
ဒါကြောင့်လည်း ကုလင်စစ်သူကြီးက သူ့သမီးကို ငှက်နတ်သမီးဖြစ်အောင်လုပ်ထားပြီး ညွှန့်ပေါင်းပြည်ထောင်စုကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာပေါ့…ဒါပေမယ့် တစ်ဖက်မှာ ဖုဟောင်ဆိုတဲ့ အမျိုးသမီးလေးဟာ မွေးတည်းကသူ့ကိုယ်သူ ငှက်နတ်သမီးလို့ ယုံကြည်နေသူတစ်ယောက်ပေါ့…သူ့ပင်ကိုယ်အရည်အချင်းအရ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံနေသူတစ်ဦးပေါ့…
လူသားစားတဲ့ လော့မျိုးနွယ်စုက ပုန်ကန်လာချိန်မှာတော့တကယ့်ငှက်နတ်သမီးတစ်ယောက်ရဲ့ သမိုင်းပေးတာဝန်အရသွေးဆူပြီး မရရတဲ့နည်းနဲ့ ရှေ့ထွက်တိုက်ခဲ့တယ်…အဆုံးသတ်မှာတော့ ဖုဟောင်တစ်ယောက် ငှက်နတ်သမီးအဖြစ် အလေးစားခံရမှာလား…ကုလင်စစ်သူကြီးရဲ့ သမီးကရော ဘာဆက်ဖြစ်မှာလဲ…ညွှန့်ပေါင်းပြည်ထောင်စုကရော ဘာတွေဆက်ဖြစ်မှာလဲ…လော့မျိုးနွယ်တိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကရော ဘာတွေတွေဖြစ်လာမှာလဲ…...
Big Nunu's Little Heist (2023)
⭐IMDB: 4.7/10 (122 Votes)
🎬 #Action #Comedy #Crime
🗓 2023 🎞 movie
📺 #720p #1080p
💿 681.3 MB ⦿ 1.6 GB
🌎 #SouthAfrica
⏰ 1 နာရီ 32 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအကျဉ်းလေးကတော့
တောင်အာဖရိက ကစဂေါ့ဒဖိုလာဆိုတဲ့မြို့လေးဟာ တစ်ချိန်က စက်ရုံတစ်ရုံကြောင့်
စားဝတ်နေရေး ချောင်လည်ကြပြီး မြို့သူမြို့သားတွေဟာ ပျော်ရွှင်နေကြပါတယ်၊
တစ်နေ့မှာ အခြေအနေအကြောင်းကြောင်းကြောင့် စက်ရုံကိုပိတ်ဖို့ဖြစ်လာတော့
အလုပ်လက်မဲ့သူတွေများလာပြီး ရာဇဝတ်သမားတွေလည်း ပေါလာပါတော့တယ်
၃၆ ဆိုတဲ့အလုပ်သမားလေးဟာ အရက်ဆိုင်တစ်ခုကို မီးဖိုလာပို့ရင်းနဲ့ ဆိုင်ရှေ့မှာတင်
အခိုးခံလိုက်ရတယ်၊ ဒါကိုမကျေနပ်တဲ့အတွက် ဘယ်သူတွေခိုးတာလဲ သူတို့က
ဘယ်မှာနေတာလဲဆိုပြီး အရက်ဆိုင်ပိုင်ရှင်ကိုသွားမေးတယ်၊ ဆိုင်ရှင်ကတော့
လိုက်မသွားသင့်ကြောင်း သူတို့ကအန္တရာယ်များကြောင်းပြောပေမယ့် လက်မခံတဲ့
အဆုံးမှာ လူမိုက်တွေရှိတဲ့နေရာကိုပြောပြလိုက်တယ်၊ သတ္တိရှိတဲ့ ၃၆ ဟာ
တစ်ကိုယ်တည်း လူမိုက်တွေနေရာမှာ သွားကြမ်းပြလိုက်တော့ ခေါင်းဆောင်ဖြစ်တဲ့
ပွန်ဆူနူနူဟာ သူ့ကိုသဘောကျသွားပြီး ပိတ်ရက်အတွင်းမှာ ချမ်းသာစေမယ့် လုပ်ငန်းတစ်ခု
ရှိကြောင်းပြောလိုက်တယ်၊ ပစ္စည်းပို့တဲ့အလုပ်ထက်ပိုက်ဆံအများကြီးရမယ့်
အလုပ်ဆိုတော့ ၃၆ လည်းစိတ်ဝင်စားပြီးလက်ခံလိုက်တယ်၊ ပွန်ဆူနူနူနဲ့ ၃၆ တို့ ဘာတွေလုပ်ပြီး
ပိုက်ဆံရှာကြမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။...
