ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Taken 3 (2014) ⭐IMDB: 6.0/10 (204 k Votes) 🎬 #Action #Crime #Thriller #Adventure #Drama #Mystery 🗓 2014 🎞 movie 🌎 #France #Spain #Turkey #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Taken 3 (2014) Unrated Extended Cut Old but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူမင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။ Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာhttps://channelmyanmar.org/?s=taken+trilogyဒေါင်းပါ။ Taken 3 Taken trilogy ရဲ့ ၂၀၁၄ ခုနှစ်ထွက် နောက်ဆုံးကားဖြစ်ပါတယ်။Liam Neeson နှင့် သူ၏စွန့်စားခန်းများ Taken အပိုင်း ၃ ပေါ့လေ။ သမီးဖြစ်သူ ကင်မ်အပေါ် အသည်းအသန် ဂရုစိုက်ပေးနေတဲ့ ဘရိုင်ယန်တစ်ယောက်ဖခင်တစ်ယောက်ရဲ့ တာဝန်ကို အပြည့်အဝ ကျေပွန်အောင် ကြိုးစားနေတုန်းမမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ သူ မသတ်ဘဲလူသတ်သမားအဖြစ် ထောင်ချောက်ဆင် အစွပ်စွဲခံလိုက်ရတာပါပဲ။ ရဲတွေကလည်း သူ့နောက်ကို လိုက်နေပြီး စုံစမ်းရေးမှူးခေါင်းဆောင်က အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်နေခဲ့တာမို့ ဘရိုင်ယန်တစ်ယောက် ရဲလက်က လွတ်အောင်ပြေးရတာတစ်မျိုး၊သူ့ကို ချောက်ချတဲ့ရန်သူကို စုံစမ်းရတာတစ်ဖုံနဲ့ ဗျာများပြီး ခရီးမတွင် ဖြစ်နေခဲ့ရပါတော့တယ်။သို့ပေမယ့်လည်း ဘယ်၊ ညာ အစုံ အန္တရာယ်တွေကြားထဲကဘရိုင်ယန်တစ်ယောက် ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့ ထုံးစံအတိုင်းရင်တဖိုဖိုနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ (ရုပ်ရှင်အညွှန်းနှင့်ဘာသာပြန်ကိုတော့ Emily မှ တင်ဆက်ထားပါတယ်။)...
Invalidite (2023) ⭐TMDB: 0% User Score 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 38 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size_(1.1GB)/(600MB)Quality_Blu-Ray 1080p / 720pFormat_mp4Duration_01:36:00Genre_Drama, RomanceSubtitle_Myanmar Subtitle (Hardsub)Encoder_a haoTranslated by W...
Taken (2008) ⭐TMDB: 74% User Score 🎬 #Action #Crime #Thriller 🗓 2008 🎞 movie 🌎 #France #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Taken 1 (2008) Unrated Extended Cut Old but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူမင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။ Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာhttps://channelmyanmar.org/?s=taken+trilogyဒေါင်းပါ။ မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းကို ပြောပြရရင်တော့ ဘရိုင်ယန်ကစီအိုင်အေစုံထောက်ဟောင်းတစ်ယောက်ပါ။ အလုပ်မှာပဲအချိန်ပေးခဲ့တာကြောင့်မိန်းမနဲ့ကွာရှင်းလိုက်ရပြီး ၁၇ နှစ်အရွယ်သမီးလေးကိုပါ သူ့အမေလက်ထဲထည့်ပေးလိုက်ရတာမို့အငြိမ်းစားယူပြီးနောက် သမီးဖြစ်သူကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ ကြိုးစားနေသူပါ။ တစ်ရက်မှာ သူ့သမီးက ပဲရစ်ကို သူ့သူငယ်ချင်းနဲ့ ခရီးသွားမယ်ဆိုပြီး ထွက်သွားရာကနေအယ်လ်ဘေးနီးယန်း လူမိုက်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့တယ်။ရုရှားတွေကတောင် ဝေးဝေးကရှောင်တယ်ဆိုတဲ့ အယ်လ်ဘေးနီးယန်းလူမိုက်တွေ လက်ထဲကနေဘရိုင်ယန်တစ်ယောက် သူမှာရှိတဲ့သတင်းအတိုအစလေးတွေကို သုံးပြီး သမီးဖြစ်သူကိုဘယ်လို ကယ်တင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ အသည်းယားစဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနှင့်ဘာသာပြန်ကိုတော့ Emily မှ တင်ဆက်ထားပါတယ်။)...
Shri Swapankumar-er Badami Hyena'r Kobole (2024) ⭐TMDB: 60% User Score 🎬 #Action #Comedy #Mystery #Crime #Fantasy #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shri Swapankumarer Badami Hyenar Kobole (2024) ==================================== ယခုတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ဟာသစုံထောက်ဇာတ်လမ်းမျိုးကိုမှ စာရေးဆရာနဲ့ စုံထောက်ဇာတ်ကောင်ကြားထဲက ဆက်နွယ်မှုလေးတွေကို တင်ဆက်ပြသထားပါတယ်။စုံထောက်ကြီး ဒီပက်ချာတာဂျီးရဲ့ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာဟာဖြင့် နျူကလီးယားဗုံးကို တီထွင်ပြီး ဒီပက်ချာတာဂျီးတိုနေတဲ့မြိုကို ဖျက်ဆီးဖိုလုပ်ပါတော့တယ်။ ဒီမှာပဲ စာအုပ်တွေကြားပဲ သူ့ကိုယ်သူနစ်မြှုပ်ထားတဲ့ စုံထောက်ကြီးဟာ သူ့တပည်ကျော်ဖြစ်တဲ့ ရာတန်လာနဲ့အတူ ရန်သူတော်ကြီး ဘာဒါမီဟိုင်နာကို စာရေးဆရာကြီးဆွာပန်ကူမားနဲ့ အတူတူ ဘယ်လိုတွေ ရင်ဆိုင်တိုက်ခိုက်သွားမလဲ…စုံထောက်ဇာတ်လမ်းဆိုတဲ့အတိုင်း ဘယ်လို ပဟေဠိတွေပါဝင်သွားမလဲ ….အဆုံးသတ်မှာရော စုံထောက်ကြီး အနိုင်ရသွားမှာလား…. ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် စုံထောက်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။...
Hunt Her, Kill Her (2022) ⭐IMDB: 5.3/10 (494 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 27 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hunt Her, Kill Her ( 2022 ) ======================= Hunt Her , Kill Herဟာ ဟော်ရာ Slasher အမျိုအစားရုပ်ရှင်ဖြစ်ပြီး သွေးထွက်သံယို သတ်ဖြတ်တဲ့ ရုပ်ရှင်အမျိုးအစားတွေကို ကြိုက်တဲ့လူတွေအတွက် သင့်တော်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ ထူးတာကတော့ The Evil Dead ( 1981 ) ကိုရိုက်ထားတဲ့ မြို့မှာပဲရိုက်ထားတာဖြစ်ပြီး ဇာတ်ကားထဲမှာလည်း Evil Deadထဲက အိမ်က အုတ်ခဲကို တကူးတကထည့်သုံးထားပါသေးတယ်။ Tributeလုပ်တာလား ဘာလားတော့မသိဘူးပေါ့။ဇာတ်ကတော့ စင်ဂယ်မားသားတစ်ယောက်ဟာ စက်ရုံတစ်ရုံမှာ သန့်ရှင်းရေးနဲ့ ညစောင့်အလုပ်ကို လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လူကတော့ စက်ရုံကိုရောက်လာပေမဲ့ စိတ်ကတော့ နေမကောင်းတဲ့ ကလေးဆီမှာပဲ ရှိနေခဲ့တာပေါ့။ သူအပ်ခဲ့တဲ့ အိမ်နီးချင်းကလည်း သူ့ဆီ ဖုန်းတွေတဂွမ်ဂွမ် ဆက်နေခဲ့တယ်။ အလုပ်ကလည်း အလုပ်မှာ ဖုန်းပြောတာကို သိပ်သဘောမကျချင်ဘူး။ အလုပ်ရဲ့ ပထမဆုံးနေ့ကို ဒီလို ခက်ခက်ခဲခဲကျော်ဖြတ်ရမယ့်နေ့မှာပဲ ကြမ္မာဆိုးက ဝင်လာခဲ့တယ်။ အဲဒီကြမ္မာကတော့ သူတစ်ယောက်တည်းရှိနေတာကို သိသွားတဲ့ လူဆိုးတစ်အုပ်ဟာ စက်ရုံထဲ ခိုးဝင်လာပြီး သူ့ကို ကြံကြတဲ့ ကြမ္မာပါပဲ။ ဒီစက်ရုံကြီးထဲ ပုန်းလိုက်ပြေးလိုက်နဲ့ သူ့ကို သတ်ဖို့လုပ်နေတဲ့ လူတစ်စုလက်က လွတ်ပဲလွတ်မလား ။ သူတို့လက်ထဲပဲကျသွားမလား စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1GB)/(450MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:29:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Annhi Dea Mazaak Ae (2023) ⭐IMDB: 5.7/10 (339 Votes) 🎬 #Bollywood #Comedy #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 32 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Annhi Dea Mazaak Ae (2023) “အချစ်ဖြင့်စတင်သော…”IMDb – 5.7/10 အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ စိတ်အပန်းဖြေစရာ အချစ်ဟာသရုပ်ရှင်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ရာဂျာဆိုတာ တာဘန်ပေါင်းတဲ့နေရာမှာ ဆရာတစ်ဆူ။ မင်္ဂလာပွဲတွေမှာပါ ဧည့်ပရိသတ်နဲ့သတို့သားထိ သူပေါင်းပေးတဲ့တာဘန်ကို သဘောကျနှစ်သက်ကြတာပါ။တစ်နေ့တော့ ကံတရားက စွဲလန်းသွားစေမဲ့ မိန်းကလေးတစ်ယောက်ကို ဆုံတွေ့ခွင့်ပေးပေမဲ့ကံတရားကြောင့် အက်စီးဒန့်တစ်ခုနဲ့ကြုံပြီး မြင်နိုင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။ မြင်မြင်ချင်းစွဲလန်းခဲ့ရတဲ့ ကောင်မလေးကို အမြင်အာရုံဆုံးရှုံးသွားတဲ့ ရာဂျာရဲ့ခေါင်းထဲမှာတော့ကောင်မလေးရဲ့ပုံရိပ်တွေပဲ ရှိနေခဲ့တယ်။မျက်စိပြန်မြင်ရဖို့အရေး အစ်မဖြစ်သူတို့လင်မယားရှိတဲ့ အင်္ဂလန်နိုင်ငံကို ရာဂျာတစ်ယောက်ထွက်လာခဲ့ပါတော့တယ်။ ရာဂျာတစ်ယောက် မျက်စိပြန်မြင်မှာလား…။ မြင်မြင်ချင်းချစ်ရတဲ့ မိန်းကလေးနဲ့ဆုံတွေ့နိုင်ပါ့မလားဆိုတာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Pure O (2023) ⭐IMDB: 6.1/10 (112 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pure O (2023)============IMDb Rating – 6.1/10 ဘဝမှာ အခက်အခဲတွေဆိုတာ အများကြီး ကြုံကြရမှာပဲ။ တကယ်တမ်းအရေးကြီးတာက အဲဒါတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာပါပဲ။ကျွန်တော်တို့ အားလုံး တခြားသူတွေဆီက အကူအညီကိုလိုအပ်ကြတာပါပဲ။ မိသားစုဆီက၊ သူငယ်ချင်းတွေဆီက၊ ကိုယ်ချစ်တဲ့သူတွေဆီကပေါ့။အဲဒါတွေကို ဖော်ကျူးထားတဲ့ ရုပ်ရှင်ကား ကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကူးပါးဟာ ပြန်လည်ထူထောင်ရေး စင်တာအလုပ်လုပ်တဲ့လူတစ်ယောက်ပါ။ ဆေးစွဲနေတဲ့သူတွေ၊ အရက်စွဲနေတဲ့သူတွေကို ကူညီပေးနေပေမယ့်လည်း သူ့ဘာသာသူလည်း OCD လို့ခေါ်တဲ့စိတ်ကို ထိန်းချုပ်လို့မရတဲ့ ရောဂါမျိုးဖြစ်နေတဲ့သူပါ။ အဲအတွက် ကုထုံးဆရာဝန်တွေနဲ့ ကုသမှု ခံယူသလို၊ အုပ်စုလိုက် ရင်ဖွင့်ကြတဲ့ တွေ့ဆုံပွဲမျိုးကိုလည်း သွားပါတယ်။ သူ့ရောဂါဟာ စိတ်ကို ထိန်းလို့မရဘဲ အရာရာကိုအတွေးလွန်ပြီး ကြောက်နေတာမျိုးပါ။ သူ့ဇနီးလောင်း အမ်မလီ့ကို ထိခိုက်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ၊သူ့မှာ ကုမရတဲ့ ကင်ဆာမျိုးဖြစ်နေရင်ဘယ်လိုလုပ်မလဲ အစသဖြင့်အတွေးလွန်ပြီး စိတ်ကို ထိန်းမရဘဲ ကြောက်တာပါ။ အဲအတွက်ကြောင့် ကူးပါးလည်းသူ့ဇနီးလောင်း အမ်မလီနဲ့ ကတောက်ကဆ ဖြစ်ရတာတွေ ရှိပါတယ်။ ဒီလိုနဲ့ကူးပါးလည်းအုပ်စုလိုက် ရင်ဖွင့်တဲ့ တွေ့ဆုံပွဲကနေ သူ့ဘဝအတွက် အပြောင်းအလဲဖြစ်အောင် ကြိုးစားပုံ၊ အခက်အခဲတွေ ကျော်လွှားပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...
Joy of Life (2019-2020) ⭐IMDB: 8.1/10 (2 k Votes) 🎬 #Drama #Action #Comedy #Fantasy #Romance #SciFi 🗓 2019-2020 🎞 tv series 🌎 #China ⏰ 46 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Joy of Life (Season 1)မကြာခင်မှာ Season 2ထွက်တော့မှာဖြစ်လို့ Season 1 ကို ပြန်နွှေးဖို့အတွက် ကြည်ကြည်လင်လင်နဲ့ကြည့်လို့ရအောင်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားလေးက 2019ခုနှစ်ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပြီး Douban score 7.9 နဲ့ တော်တော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးကလည်း သာမန်နဲ့မတူတဲ့ ရသမျိုးပေးစွမ်းနိုင်ပြီးတော့ မြင်တွေ့နေကျဇာတ်လမ်းမဟုတ်တာကြောင့် ကြည့်မိရင် တကယ်နောင်တရမှာတော့မဟုတ်ပါဘူး ။ဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ဖန့်ရှန်ဟာ ဒီဘက်ခေတ် 21ရာစုရဲ့ မှတ်ဉာဏ်တွေနဲ့ ရှေးခေတ်ချင်မင်းဆက်ခေတ်မှာမွေးဖွားလာခဲ့တာပါ ။ သူကမွေးလာကတည်းက နယ်မြို့လေးမှာ အဘွားဖြစ်သူကပျိုးထောင်လာခဲ့တာပါ ။ဒါပေမဲ့ သူ့ရဲ့အဖေဖြစ်သူက ဘဏ္ဍာရေးဌာနက စစ်နန်အမတ်ကြီး ဖန့်ကျန့်နဲ့ အမေဖြစ်သူကလည်း နန်းမြို့တော်မှာအတော်ဆုံးတီထွင်သူ အချမ်းသာဆုံးသူတစ်ယောက်ဖြစ်ပါတယ် ။ သူကရိုးရိုးနယ်မြို့လေးမှာနေပေမဲ့ နောက်ခံကမရိုးရှင်းတော့ မကြာခဏဆိုသလိုသူ့ကိုလိုက်သတ်ကြတဲ့သူတွေရှိလာပါတယ် ။အရွယ်ရောက်လာတဲ့ဖန့်ရှန်တစ်ယောက် သူ့မှာဘာလို့ 21ရာစုက မှတ်ဉာဏ်တွေရှိနေလဲဆိုတာရယ် ၊ ဘာလို့သူ့ကိုလိုက်သတ်နေကြတာလဲဆိုတဲ့အကြောင်းရယ် ၊ တမူထူးခြားတဲ့သူ့အမေနဲ့ပတ်သတ်တဲ့အကြောင်းပိုသိချင်တာရယ်ကြောင့် နန်းမြို့တော်ကိုလာခဲ့ပါတော့တယ် ။ဖန့်ရှန့်တစ်ယောက်နန်းမြို့တော်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့လာမလဲ ? တော်ဝင်မျိုးနွယ်ကအုပ်ချုပ်နေတဲ့ အမေဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကိုရောပြန်ယူနိုင်မလား ? နန်းတော်ထဲမှာရော ဘယ်လိုအတားအစီးတွေက စောင့်ကြိုနေမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ဖို့မမေ့ပါနဲ့...
The Edge of the Blade (2023) ⭐IMDB: 6.6/10 (312 Votes) 🎬 #Drama #History 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 41 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားဟာ ပြင်သစ်နိုင်ငံသမိုင်းကို နောက်ခံထားပြီး (၁၈၈၀) ခုနှစ်များအချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ပဲရစ်မြို့မှာ စီးချင်းထိုးပွဲတွေကို ဥပဒေပုဒ်မ တွေထုတ်ပြီး တားမြစ်ထားတာတောင် လူကြိုက်များနေတုန်းပါပဲ။ သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ ဓားဆရာ ကလီးမွန့်လာကက်ဇ်ဟာ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ့် ကြမ်းတမ်းမှုတွေနဲ့ ကြုံတွေ့နေရချိန် မာရီရို့စ် အက်စတီဆိုတဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးကို စီးချင်းထိုးအနုပညာ လောကနဲ့ ထိတွေ့စေလိုက်ပါတယ်။ တစ်ယောက်စီရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကြုံလာတဲ့အခါ သူတို့ ဘယ်လောက်အထိ ခရီးဆက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီဇာတ်ကားထဲက မာရီရို့စ် အက်စတီ ဒီဗက်ဆယ် ဆိုတာ (၁၈၄၆-၁၉၁၅) အထိ ပြင်သစ်သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ အမျိုးသမီး အခွင့်အရေးတန်းတူရရှိရေး လှုပ်ရှားမှုမှာ တက်ကြွပါဝင်ခဲ့တဲ့ ပြင်သစ်လူမျိုး အမျိုးသမီးဖြစ်ပါတယ်။ (၁၉၉၆)ခုနှစ်က နာမည်ကြီးဇာတ်ကား The Crow: City of Angels မှာ Ashe Corven ဇာတ်ကောင်နဲ့ ပွဲထွက်ခဲ့တဲ့ ဆွစ်ဇာလန်လူမျိုး သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဗင်းဆင့်ပီရက်ဇ်ရဲ့ လက်ရာဖြစ်ပါတယ်။ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး (၂၀၁၇)ခုနှစ် ကက်ဘရိုး ရုပ်ရှင်ပွဲတော်ရဲ့ Swann d’Or for Female Revelation ဆုရှင် ဒိုရီယာ တီလာက သမိုင်းဝင် အက်စတီနေရာက သရုပ်ဆောင်ထားပါတယ်။...
The Last Stop in Yuma County (2023) ⭐IMDB: 7.1/10 (865 Votes) 🎬 #Crime #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Last Stop in Yuma County ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက် Crime Thriller ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်…. ဒီကားက ဖတ်ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ ဘာတွေ ဘယ်လိုဖြစ်မလဲဆိုတာ လုံးဝကြိုမသိနိုင်ပဲ ရင်တထိတ်ထိတ် ကြည့်ရှုရမဲ့ Thriller ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ အမြည်းပြောပြရမယ်ဆိုရင် အမေရိကန် အယ်ရီဇိုးနားက နယ်ဘက်လေးတစ်ခုက ဓာတ်ဆီဆိုင်နဲ့စားသောက်ဆိုင် အတွဲအစပ်လေး နေရာမှာပဲ ဇာတ်လမ်းရဲ့ 95% က ဖြစ်ခဲ့ တာပါ။ ဆီဆိုင်မှာ ဆီကားရောက်မလို့ ဆီကုန်နေတဲ့အချိန်မှာ လမ်းခရီးမှာ ဆီပြတ်ပြီးရောက်လာတဲ့ ခရီသည်တွေ စားသောက်ဆိုင်လေးမှာ သောင်တင်နေကြပါတယ်။ တစ်ချိန်ထဲမှာပဲ သူတို့ဆီကို မနက်ကမှ ဘဏ်ဓားပြတိုက်ပြီး ပြေးလာတဲ့ လူ ၂ ယောက်လည်း လာသောင်တင်ပါတော့တယ်။ ဒီစားသောက်ဆိုင်လေးထဲမှာ လူတွေ ဘယ်လိုဇာတ်လမ်းတွေ ဖြစ်ပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ရုပ်ရှင်တစ်ကားလုံး ရင်တဖိုဖို ကြည့်ရှုနေရမှာ ဖြစ်ပါတယ်။ ကိုယ်အားပေးတဲ့ဇာတ်ကောင်က သေမလား ရှင်မလား ဘာဖြစ်မလဲဆိုတာ ရုပ်ရှင်ကို ဆုံးအောင်သာကြည့်လိုက်ဖို့ ပြောပြချင်ပါတယ်...
Old Fox (2023) ⭐IMDB: 7.3/10 (567 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Taiwan #Japan ⏰ 1 နာရီ 52 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Old Fox (2023)============IMDb Rating – 7.3/10 ၁၉၈၉ ထိုင်ဝမ်ဟာ လျင်မြန်လွန်းလှတဲ့အပြောင်းအလဲတွေကို တွေ့ကြုံနေရချိန်ဖြစ်ခဲ့ပါတယ်.။ လျောင်တယ်လိုင်းဆိုတဲ့ စားသောက်ဆိုင်မှာအလုပ်လုပ်တဲ့ မုဆိုးဖိုတစ်ယောက်နဲ့ သူ့သားငယ်လျောင်ဂျေးတို့ဟာတိုက်ခန်းတွဲတစ်ခုမှာ ငှားရမ်းနေထိုင်ပါတယ်။ အဲ့ဒီတိုက်ခန်းတွဲပိုင်ရှင်ဟာ အများက မြေခွေးအိုကြီးလို့ခေါ်ကြပြီး ရှီလို့အမည်ရတဲ့ ဩဇာကြီးခက်ထန်တဲ့ သူဌေးကြီးတစ်ယောက်ပါပဲ။အဲ့ဒီသူဌေးကြီးဟာ ကလေးငယ် လျောင်ဂျေးကိုမြင်တွေ့တဲ့အခါ သူ့အတိတ်ကိုမြင်မိသလို၊ ဆုံးပါးသွားတဲ့ သူ့သားဖြစ်သူကိုလည်းမြင်ယောင်ပါတယ်။ အဲ့ဒီလိုနဲ့ပဲ သူဌေးကြီး ရှီဟာ လျောင်ဂျေးကို အနီးကပ်ပေါင်းရင်း လေ့လာရင်းနဲ့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကို သူ့ဘ၀နဲ့ချိန်ထိုးရင်း သင်ကြားပေးဖြစ်လာပါတော့တယ်။ ၃၆ ကြိမ်မြောက်တိုကျိုရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တဲ့ ဒီဇာတ်ကားဟာ Golden Horse ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုပေါင်းခုနှစ်ဆု ဆန်ကာတင်ဝင်ခဲ့ပြီး၊ ဒါရိုက်တာဆု၊ဇာတ်ပို့မင်းသား/မင်းသမီး အစရှိတဲ့ အဓိကဆုကြီးလေးဆုရရှိခဲ့ပါတယ်။ အမျိုးအစားက ဒရာမာဆိုပေမယ့် ဇာတ်လမ်းစကတည်းက ပျင်းစရာလုံး၀မရှိပဲ ထိုင်ရာမထကြည့်ချင်အောင်ဆွဲဆောင်နိုင်တဲ့ဇာတ်ကားကောင်းပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)...
Squared Love All Over Again (2023) ⭐IMDB: 4.6/10 (723 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #Poland ⏰ 1 နာရီ 40 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းကတော့ မိုနီကာဆိုတဲ့ မူလတန်းပြ ကျောင်းဆရာမလေးက တစ်ဖက်မှာလည်းကလောက်ဒီယာ ဆိုတဲ့ နာမည်နဲ့ မော်ဒယ် ဆယ်လီတစ်ယောက်ပါ ။ ကျောင်းဆရာမ ပီပီကလေးတွေနဲ့ဆက်ဆံရေးကောင်းပြီး ကလေးချစ်တတ်တဲ့သူတစ်ယောက် ဖြစ်ပြီး ကလေးတွေအတွက် Talent show တစ်ခုမှ Host လုပ်ပေးဖို့ကမ်းလှမ်းခံပါတယ်။ ကျောင်းဆရာမအလုပ်နဲ့ မော်ဒယ်အလုပ်နှစ်ခုကို Balance ညီအောင်လုပ်ရင်း အချစ်ရေးမှာပါ ထိခိုက်လာခဲ့ ပါတယ်။ အဲ့လိုနဲ့သူ့ရဲ့ အလုပ်နှစ်ခုနဲ့ အချစ်ရေးကို Handle လုပ်ရင်း အခက်အခဲတွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနှောပြီး ကြည့်ရှုရမယ့် ပိုလန် Love Romance ကားလေးတစ်ကားပါ။...
Troll Factory (2024) ⭐IMDB: 7.5/10 (40 Votes) 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Troll Factory(2024) ****************** My Liberation Notes ထဲက အရက်သမားကြီးအဓိက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး မျက်မှောက်ခေတ်ရဲ့ ဆိုးယုတ်မှုတွေကို ကောင်းမွန်စွာဖော်ကျူးနိုင်တဲ့ ကားကြီးဆိုပြီး ကေတွေလည်းအတော်ချီးကျူးနေကြတာမို့ အားလုံးပဲ မအားရင်တောင် ချီးပါရင်းကြည့်လို့ရပါတယ်… အူဆောင်း Data နည်းပညာကုမ္ပဏီတစ်ခုဟာ ဘုတ်အဖွဲ့နဲ့လိုင်စင်ရဖို့ နောက်ဆုံးစစ်ဆေးချက်ပြုလုပ်နေတယ်….သူတို့ရဲ့နည်းပညာက ကားအမြန်နှုန်းနဲ့ပေါ်မူတည် Dataတွေခွဲခြမ်းစိတ်ဖြတ်ပေးတဲ့နည်းစနစ်….သို့သော် အဖျက်အမှောင့်အဖွဲ့အစည်းတစ်ခုက Frequency , Wave တွေနဲ့ နည်းစနစ် စစ်ဆေးချက်ကို ဘုတ်အဖွဲ့အတည်ပြုချက်မပေးနိုင်အောင် နှောင့်ယှက်ခဲ့တယ်…. ၅နှစ်နီးပါး အချိန်ယူပြီးပြုလုပ်ခဲ့ပြီး တစ်ဘဝလုံးစာပုံအောခဲ့တဲ့ ပိုင်ရှင်သူဌေးဟာ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ၄၀ဘီလီယံလောက်အကြွေးတင်သွားပါတယ်… ဒီကိစ္စကိုဖောက်ထုတ်ဖို့သတင်းထောက်က ကူညီခဲပါတယ်.. ဒါပေမဲ့ အသရေဖျက်မှုကြီးလိုဖြစ်သွားတဲ့ပြီး သူ့ကြိုးစားမှုကလည်းအရာမထင်ခဲ့ပါဘူး… သူဌေးလည်း ကိုယ့်ကိုကိုယ်သတ်သေခဲ့သလို သတင်းထောက်လည်း အလုပ်ပြုတ်သွားခဲ့ပါတယ်… အဲဒီနောက်မှာတော့ ဒီကိစ္စအားလုံးရဲ့ကြိုးကိုင်သူကို ဖော်ထုတ်ဖို့ သတင်းထောက်ကြီးကြိုးစားပါတော့တယ်...
Byzantium (2012) ⭐IMDB: 6.5/10 (46 k Votes) 🎬 #Drama #Fantasy #Horror #Thriller 🗓 2012 🎞 movie 🌎 #UnitedKingdom #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Byzantium ဇာတ်ကားဟာ ၂၀၁၂ က ထွက်ရှိခဲ့တဲ့ Fantasy Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားဟာ ၂၀၁၄ အိုင်ရစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး မင်းသမီးဆုတို့ကို ရရှိနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီကားမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတာကတော့ Clara နဲ့ Elanor လို့ခေါ်ကြတဲ့ မိန်းကလေး ၂ ယောက် ဖြစ်ပါတယ်။ သူတို့က ဟိုး ၁၈၀၀ ကျော်ကာလကတည်းကနေ အခုထိ အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ သွေးစုတ်ဖုတ်ကောင် ၂ ယောက်ဖြစ်ပါတယ်။ သူတို့တွေ အခုထိ အသက်ရှင်ကျန်နေတဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိမလဲ။ အမြဲတစေ နေရာပြောင်းပြေးနေရတဲ့ သူတို့ဘဝရဲ့ နောက်ကြောင်းက ဘာတွေရှိမလဲ။ အနာဂတ်မှာ ဘာတွေ ဖြစ်ကြမလဲ။ သူတို့ရဲ့ ရှုပ်ထွေးတဲ့ဘဝထဲကို အချစ်ဆိုတဲ့အရာလေးက ဝင်လာတဲ့အခါမှာ ဘာဖြစ်ကြမလဲ စတာတွေကို ဒီဇာတ်ကားမှာ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...
Tied Up and Down (2024) ⭐TMDB: 0% User Score 🎬 #Comedy #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 35 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကလည်း အက်ရှင်ဇာတ်ကားကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဟာသအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ပန်းချီဆရာလင်းရှောင်းရဲ့ပန်းချီတွေကိုလေလံတင်ရောင်းချရာကနေစပါတယ် ။ပန်းချီဆရာလင်းရှောင်းဟာနာမည်ကြီးပန်းချီဆရာမဟုတ်ပေမဲ့အကြောင်းအမျိုးမျိုးကြောင့် သူ့ပန်းချီတွေဟာလေလံတင်တိုင်း ဒေါ်လာသန်းချီပြီးဝင်ပါတယ် ။ အဲဒါကြောင့် သူ့ရဲ့အေးဂျင့်က ဒီလိုနာမည်မကြီးတာတောင်ဒီလောက်ထိငွေဝင်နေရင် တကယ်သာနာမည်ကြီးသွားရင်ပိုပြီးဝင်ငွေရမှာမလို့ ပြန်ပေးဆွဲခံရတဲ့ဇာတ်လမ်းတုလုပ်မယ်ဆိုပြီး လင်းရှောင်းကိုအကြံပေးခဲ့ပါတယ် ။ အဲဒီအကြံကို လင်းရှောင်းကလက်မခံခဲ့ပေမဲ့သူအပြင်မှာအလည်ထွက်နေတုန်းသူ့ကိုတကယ်လူဆိုးအစစ်တွေက ပြန်ပေးဆွဲသွားချိန်မှာတော့.. လင်းရှောင်းတစ်ယောက် လူဆိုးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲ ?လူဆိုးတွေကရော တကယ့်လူဆိုးတွေဖြစ်မလား ?သူ့ဘေးနားမှာရှိနေတဲ့သူတွေကမှသူ့ကိုအသုံးချနေတဲ့လူဆိုးတွေဖြစ်လားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဟာသအက်ရှင်ဇာတ်ကားကောင်းလေးဖြစ်တာမို့အပြီးတိုင် စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော်...
Buya Hamka Vol. 1 (2023) ⭐IMDB: 6.6/10 (828 Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 46 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Buya Hamka Vol. 1 (2023) ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Extreme Speed Police: The War on Drugs (2024) ⭐TMDB: 0% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူငယ်ပီပီ အရေးကြုံလာတဲ့အခါ ဘာကိုမှဂရုမစိုက်ပဲတရားခံကိုအမိဖမ်းနိုင်ဖို့ သွေးဆူပြီး တတ်နိုင်သမျှနည်းနဲ့ထင်ရာစိုင်းတတ်တဲ့မူးယစ်တိုက်ဖျက်ရေးရဲအရာရှိတစ်ယောက်အကြောင်းဇာတ်လမ်းဖြစ်ပါတယ်။ မူးယစ်တိုက်ဖျက်ရေး ပေါ်လစီကားတို့ရဲ့ ထုံးစံအတိုင်းဘဝနဲ့ရင်းပြီးပေးဆပ်လိုက်ရတဲ့သူလျှိုအကြောင်းတခြားသူတွေနားလည်မပေးနိုင်တဲ့တာဝန်နဲ့သံယောဇဉ်ကြားရွေးချယ်ရတဲ့အခါတာဝန်ကိုပဲရွေးချယ်ခဲ့ရတဲ့ ရဲတို့ရဲ့ဘဝတွေကိုပုံဖော်ပြထားတာပဲဖြစ်ပါတယ်။...
Infested (2023) ⭐IMDB: 6.4/10 (5 k Votes) 🎬 #Uncategorized #Horror 🗓 2023 🎞 movie 🌎 #France #UnitedStates ⏰ 1 နာရီ 46 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Infested (2023)============= ကယ်လတ်ဘ်က ကြုံရာကျပမ်းလုပ်စားနေတဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူတို့လိုလူဆင်းရဲတွေ စုပေါင်းနေထိုင်ကြတဲ့ တိုက်ခန်းတွဲကြီးတစ်ခုမှာနေပါတယ်။ ဆင်းရဲသားအများစုနေထိုင်ရာဖြစ်တဲ့အတိုင်း လူ့အလွှာရဲ့တေလေကြမ်းပိုးတွေ ဆေးသမားတွေ သူခိုးတွေကျက်စားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ ကယ်လတ်ဘ်ရဲ့ဝါသနာကတော့ တွားသွားသတ္တဝါတွေ မွေးမြူခြင်းဖြစ်ပြီး သူ့အခန်းထဲမှာ နည်းအမျိုးမျိုးနဲ့စုဆောင်းထားတဲ့ သတ္တဝါတွေရှိပါတယ်။တစ်နေ့မှာတော့ ရှားပါးမျိုးစိတ် အဆိပ်ပြင်း ပင့်ကူတစ်ကောင်ကိုခေါ်လာမိရာကနေ အဲ့ဒီပင့်ကူက လွတ်ထွက်ပီး အဆောက်အအုံကြီးတစ်ခုလုံးမှာ ဥတွေပွား၊အကောင်တွေပေါက်၊အဆမတန်ကြီးထွားလာပြီးအားလုံးကိုဒုက္ခပေးပါတော့တယ်။ အဲ့ဒီကောင်တွေရန်ကနေ လွတ်အောင်ရုန်းထွက်ဖို့ ကယ်လတ်ဘ်နဲ့သူ့သူငယ်ချင်းတစ်စု၊ တိုက်ခန်းနေလူထုရဲ့စွန့်စားခန်းတွေကို အသဲတယားယားရင်တဖိုဖိုကြည့်ရှုရမယ့် တန်းမြင့် creatures featureဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Maps to the Stars (2014) ⭐IMDB: 6.2/10 (43 k Votes) 🎬 #Adult #Comedy #Drama #Mystery 🗓 2014 🎞 movie 🌎 #Canada #Germany #France #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်က ( New Years Eve ၊ Valentines day) တို့လို Parallel Scene တွေနဲ့ရုပ်ရှင် Genre မျိုးပါ။ အဲ့ရုပ်ရှင်တွေလိုတော့ ပျော်ဖို့ကောင်းပြီး ကြည့်ရတာ Fun ဖြစ်စေမှာမဟုတ်ဘဲ Deep and Dark ဖြစ်တာကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းစေမယ့် ရုပ်ရှင်ပါ။ ဇာတ်ကောင်တွေရဲ့ တစ်ပြိုင်တည်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ အချင်းချင်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာကို Thriller, Psychopath ရိုက်ပြထားပါတယ်။ LA မြို့မှာရှိတဲ့ သရုပ်ဆောင်တွေ၊ ကြယ်ပွင့်တွေရဲ့ ဖြစ်လေ့ဖြစ်ထ ပြဿနာတွေ၊ စရိုက်တွေနဲ့ ရုပ်ရှင်ကားတွေရဲ့နောက်ကွယ်က အမှောင်ခြမ်းတွေကို စိတ္တဇဆန်ဆန် ဝတ္ထုဇာတ်လမ်းအချို့ကို ထည့်ပေါင်းရိုက်ကူးထားပါတယ်။ မင်းသားချော Robert Pattinson အပြင် အသက်အရွယ်ရလာသည့်တိုင် လူကြီးတွေသာမက လူငယ်တွေကိုပါ ဖမ်းစားနိုင်တဲ့ အလှပိုင်ရှင် မင်းသမီးကြီး Julianne Moore တို့ ပါဝင်အားဖြည့်ထားပါတယ်။ တချို့ အခန်းတွေက ၁၈ ယောက်ပေါင်းကြည့်ရတဲ့ အခန်းတချို့နဲ့ အင်းစက်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပါဝင်လို့ မိသားစုနဲ့ အတူကြည့်ရှုဖို့ မသင့်တော်ပါဘူး ဇာတ်လမ်းအကျဉ်း LA ကို ဖလော်ရီဒါကနေပြောင်းလာတဲ့ Agatha ,(Mia Wasikowska) ဇိမ်ခံကား မောင်းရင်း အချိန်ပိုင်းသရုပ်ဆောင်လုပ်နေတဲ့ Jarome (Robert Pattinson) တက်သစ်စကြယ်ပွင့် သရုပ်ဆောင်ဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ Benji နဲ့ သူ့ရဲ့ မိဘတွေ (John Cusack , Olivia Williams) အမေဖြစ်သူ သရုပ်ဆောင်မင်းသမီးကြီးကြောင့် ရခဲ့တဲ့စိတ်ဒဏ်ရာတွေကို ကုစားရင်း မိခင်ဖြစ်သူရိုက်ခဲ့တဲ့ ရုပ်ရှင်ကို ပြန်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ Havana Segrant ( Julianne Moore) စတဲ့ ဇာတ်ကောင်တွေက တစ်နည်းနည်းနဲ့ တစ်ယောက်ကိုတစ်ယောက် ဆက်နွယ်နေကြပြီးတော့ ဘယ်လို ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦးခင်ဗျာ...
Hamka & Siti Raham Vol. 2 (2023) ⭐IMDB: 8.3/10 (79 Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 43 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပိုင်း ၁ တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံကျော်စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင် တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ခေါ် ကလောင်နာမည် ဟမ်ကာရဲ့ဘ၀ဇာတ်ကြောင်းအပိုင်း ၂ ဖြစ်တဲ့ Hamka & Siti Raham ကိုတင်ဆက်ပေးလိုက်ပါတယ်။ သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားစရာကောင်းပြီး အရမ်းကျယ်ပြန်လွန်းတဲ့အတွက် အပိုင်း ၂ အနေနဲ့ဆက်လက် ထွက်ရှိလာတာပဲဖြစ်ပါတယ်။ အပိုင်း ၁ ကြည့်ပြီးသားသူတွေဆိုရင်တော့ များများစားစား နောက်ကြောင်းပြန်နေစရာမလိုပေမဲ့ အကျဉ်းချုပ်အနေနဲ့ ကတော့ ဟမ်ကာဆိုတဲ့လူက ဂျာကာတာမြို့ရဲ့ တက္ကသိုလ် တစ်ခုမှာ သူ့နာမည်ကို ပေးထားရလောက်တဲ့အထိ လူအထင်ကြီး လေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အပိုင်း ၂ ရဲ့ အစမှာတော့ ဟမ်ကာတစ်ယောက် ဘ၀အချိုးအကွေ့ များစွာနဲ့ကြုံတွေ့လာရပြီးနောက် ၁၆၄၇ ခုနှစ်မှာဒတ်ချ်က အင်ဒိုနီးရှားနိုင်ငံကိုကျူးကျော်လာတဲ့ အချိန်မှာတော့ ကလောင်ကိုင်တဲ့ လက်က လက်နက်ကိုင်တဲ့တော်လှန်ရေးသမားတစ်ယောက် ဖြစ်လာခဲ့ပြီး အမျိုးဘာသာ သာသနာနဲ့ နိုင်ငံကိုကာကွယ်ဖို့ ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းရဲ့တစ်ဝက်လောက် မှာတော့ ငြိမ်းချမ်းရေးရသွားခဲ့ပြီး ၁၉၅၀ ခုနှစ်မှာသူတို့မိသားစု ဂျာကာတာကို ပြောင်းရွှေ့ပြီးဘာသာရေးဝန်ကြီးအနေနဲ့ တာဝန် ထမ်းဆောင်ခဲ့ကြောင်းတွေအပြင် အလ္လာကိုချစ်မြတ်နိုးပြီး အမှန်ကို အမှန်အတိုင်းရေးသားတတ်တဲ့ စာပေသမားတစ်ယောက်ဖြစ်တဲ့ အခါမှာ အခန့်မသင့်စွာနဲ့ပဲ ထောင်ကျသွားခဲ့ပြီး နှိပ်စက်မှုတွေခံခဲ့ ရပုံတွေနဲ့ အလ္လာရဲ့ခွန်အားကိုတောင်းခံပြီး ရှေ့ဆက်တိုက်ခိုက်ရမဲ့ တိုက်ပွဲပေါင်းများစွာကို ရဲရဲရင့်ရင့်တိုက်ခိုက်သွားပုံတွေကို စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမဲ့ အတ္ထုပတ္တိ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
