en
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
It Chapter Two (2019) ⭐IMDB: 6.5/10 (305 k Votes) 🎬 #Drama #Fantasy #Horror 🗓 2019 🎞 movie 🌎 #Canada #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 49 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (Unicode) IT ပထမရုပ်ရှင်မှာ ပန်နီဝိုက်စ် ကို Loser club က အနိုင်ယူခဲ့ပါပြီ။ ဒါပေမယ့် အဲဒီအရာက တကယ်သေသွားတာ မဟုတ်ခဲ့ပါဘူး။ ဒီလိုသာ မသေခဲ့ရင် ၂၇နှစ်အကြာမှာ ပြန်ပေါ်လာမှာကို တွေးမိတဲ့ဘေလ်တို့အဖွဲ့ဟာ ၂၇ နှစ်ကြာလို့ အဲဒါ ပြန်ပေါ်လာရင်ပြန်စုပေါင်းပြီး တိုက်ခိုက်ဖို့ သစ္စာပြုခဲ့ကြပါတယ်။ ၂၇ နှစ် အကြာကာလရဲ့ ဇာတ်လမ်းဖြစ်တာကြောင့်ဒီဇာတ်ကားရဲ့ ဇာတ်လိုက်တွေကအသက်၃၀ ကျော်လူကြီးတွေ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူတိုကိုယ်စားပြုတဲ့ ကလေးကာရိုက်တာတွေကိုအကောင်းဆုံးပုံဖော်ပြထားတာကြောင်း အရမ်းကိုကြည့်ကောင်းနေပါလိမ့်မယ်။ ပန်နီဝိုက်စ်ကလည်း ကလေးတွေကို ခြောက်တုန်းကထက်ပိုကြမ်းလာပါလိမ့်မယ်။ ဒီတော့ အားရပါးရကြောက်ဖို့ ဘာသာပြန်ပေးလိုက်ပါတယ်။ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်
...

The Man from U.N.C.L.E. (2015) ⭐IMDB: 7.2/10 (335 k Votes) 🎬 #Action #Adventure #Comedy 🗓 2015 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Man From U.N.C.L.E (2015) IMDb Rating (7.3) / Rotten Tomatoes (68%) Superman ကိုယ်တော်ကြီး Henry Cavill ရဲ့ ဒီရုပ်ရှင်ကားက အက်ရှင်စပိုင်ရုပ်ရှင်ကားထဲမှာ Rating မြင့်ပြီး ကြည့်ကောင်းတဲ့အထဲပါပါတယ်။ ဒါရိုက်တာ Guy Ritchie ရဲ့လက်ရာဖြစ်ပြီး သူ့စတိုင်အတိုင်း ဉရောပရဲ့ Gentleman အထာဝင့်ကြွားမှုအပြည့်နဲ့ ခမ်းခမ်းနားနားလှလှပပရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့…. စစ်အေးခေတ် Cold War  ကာလကိုအခြေခံထားတာမလို့ အမေရိကန်ရဲ့ CIA အေးဂျင့်ရယ်…ရုရှားရဲ့ KGB အေးဂျင့်ရယ် နာဇီဂျာမဏီအကြောင်းတို့ကို မြင်တွေ့ရမှာဖြစ်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံအပြိုင်အဆိုင် နျူကလီးယားလက်နက်တပ်ဆင်ကြတဲ့ကာလမလို့ နာဇီဂျာမဏီတို့လက်ထဲမှာ ဒီကမ္ဘာဖျက်လက်နက်ကြီး မကျရောက်ဖို့ ကြိုးစားကြပုံတွေကို အသည်းတယားယားစွန့်စားခန်းတွေကြားမှာ လှလှပပ စမတ်ကျကျမင်းသားမင်းသမီးတွေနဲ့ ဟာသလေးတွေနဲ့ ချစ်ကြည်နူးစရာလေးတွေနဲ့ပါ ရှုစားကြရမှာပါ။
...

Kübra (2024) ⭐IMDB: 6.2/10 (4 k Votes) 🎬 #Drama #Thriller 🗓 2024 🎞 tv series 🌎 #Turkey ⏰ 39 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စာရေးဆရာ Afşin Kum ရဲ့၀တ္ထုကိုအသက်သွင်းတဲ့ ဒုတိယမြောက် Netflix စီးရီးစ်ဖြစ်ပါတယ်။ ပထမကားကတော့ တင်ဆက်ပေးပြီးသားဖြစ်တဲ့ Hot Skull 2022 ပါ။ ဒီဇာတ်လမ်းတွဲကတော့ ဂိုခန်းဆိုတဲ့အစ္စတန်ဘူသား အရပ်သားလူငယ်တစ်ယောက်ကိုအခြေခံပါတယ်။သူဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက သူတို့စခန်းကို ဝင်ရောက်စီးနင်းခံလိုက်ရာကနေ သူတစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့အတွက် လိပ်ပြာမလုံစိတ်နဲ့စိတ်ဒဏ်ရာတစ်ချို့ကိုခံစားနေရဆဲပါ။ အခုချိန်မှာတော့ ဝပ်ရှော့တစ်ခုမှာအလုပ်လုပ်နေပြီး တစ်ချိန်မှာ ချစ်သူမာဗေးကိုလက်ထပ်မယ်ဆိုတဲ့ စိတ်ကူးယဉ်အိမ်မက်တွေနဲ့ရိုးရှင်းတဲ့ဘ၀ကိုဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့ Soultouch ဆိုတဲ့ app တစ်ခုကနေ Kubra အမည်ရသုံးစွဲသူရဲ့ စာတစ်စောင်ကိုရရှိရာကနေ ဒါတွေအားလုံး ကမောက်ကမပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်။Kubra ရဲ့ပြောစကားတွေ၊သက်သေပြမှုတွေ၊တိုက်ဆိုင်လွန်းတဲ့အဖြစ်အပျက်တွေ ထူးခြားစွာပေါင်းဆုံလာတဲ့အခါမှာတော့ ဂိုခန်းဟာ သူ့ကိုယ်သူတမန်တော် Kubra ကိုဘုရားသခင်လို အထင်ရောက်လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူ့အပေါ်ယုံကြည်တဲ့နောက်လိုက်တွေအများကြီးစုမိလာပြီးတစ်နိုင်ငံလုံးအနှံ့ထောက်ခံမှုကိုရလာတဲ့အချိန်မှာမနာလိုသူတွေ၊ သူ့ကိုအသုံးချဖို့ကြိုးစားသူတွေ၊ သူ့အရှိန်အဝါကိုထိတ်လန့်ပြီးနှိမ်နင်းဖို့ကြိုးစားကြသူတွေနဲ့ ဂိုခန်းထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ သူ့ဘက်မှာရှိနေခဲ့တာ တကယ်ပဲ ဘုရားသခင်လား ဒါမှမဟုတ်? ဇာတ်လမ်းထဲမှာဆက်ပြီးအဖြေရှာကြည့်ကြပါ။
...

All-Star Superman (2011) ⭐IMDB: 6.8/10 (17 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #SciFi 🗓 2011 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 All Star Superman (2011)IMDB: 6.8/10Rotten Tomatoes: 80%Genre: Action/Sci-fi ဒီဇာတ်လမ်းလေးကနည်းနည်းရင်ထဲမှာခံစားရလိမ့်မယ်လို့ကျွန်တော်ကြိုပြောပါရစေ။ Animation ထက်ကိုပိုတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးက လူဆိုးတွေကိုချနေတဲ့ဇာတ်လမ်းဆိုတာထက် စူပါမန်းရဲ့ စိတ်နေစိတ်ထားကိုရိုက်ပြသွားတာဖြစ်ပါတယ်။ ဒေးလီးပလန်းနက်က လယ်သမားသားကလာ့ခ်ကန့်တ်၊ ခရစ်ပတွန်သား ကဲလ်အဲလ်၊ ကမ္ဘာကြီးကိုကယ်တင်နေတဲ့သံမဏိလူသား တစ်ယောက်ရဲ့ စိတ်ထားကဘယ်လောက်ထိ မြင့်မြတ်ကြောင်းပြသွားတာဖြစ်ပါတယ်။ ဇာတ်ညွှန်းဒေါက်တာ လီယိုကွင်တမ်နဲ့သူ့အဖွဲ့တွေနေကို သွားရောက်လေ့လာနေတုန်းမှာ လက်စ်လူသာကြောင့် အဆင်မပြေထဖြစ်ပါတော့တယ်။ လက်စ်လူသာဟာ အဖမ်းခံထားရတဲ့အချိန်ဖြစ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် လက်စ်လူသာဟာ ဉာဏ်ကြီးရှင်တစ်ယောက်လည်းဖြစ်တာကြောင့်လူသားမျိုးနွယ်စု ကောင်းကျိုးအတွက် တီထွင်ခိုင်းပါတော့တယ်။ စောင့်ကြည့်ရေးကာလမှာ သူဟာ နေလောက်ထိအကွာအဝေးကိုကမ္ဘာကနေလှမ်းထိန်းပြီး ဒေါက်တာ ကွင်တနမ်တို့ရဲ့ယာဉ်ကို တိုက်ခိုက်ပါတော့တယ်။ ဒါပေမယ့်လည်း ဒေါက်တာကွင်တမ်တို့ကို စူပါမန်းကလာကယ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ နေကြောင့် စူပါမန်းရဲ့ဆဲလ်တွေဟာ မြန်မြန်ကြီးပြိုကွဲလာပါတယ်။တစ်နည်းပြောရရင်တော့ စူပါမန်းဟာသေတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စူပါမန်းကြီးဟာဘယ်လိုမှသူသေတော့မယ်ဆိုတာကို ထုတ်မပြောခဲ့ပါဘူး။ သူပြောခဲ့တာတစ်ယောက်ပဲရှိပါတယ်။ အဲဒါကတော့… သူမသေခင်မှာ သူဘယ်လိုတွေလုပ်သွားလဲ၊ ကမ္ဘာကြီးအတွက်ဘာတွေလုပ်သွားလဲဆိုတာကို မြင်ရမှာဖြစ်ပါတယ်။
...

Superman/Batman: Apocalypse (2010) ⭐TMDB: 71% User Score 🎬 #Action #Adventure #Animation #ScienceFiction 🗓 2010 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Superman Batman: Apocalypse 2010 ကမို့ ကြာခဲ့ပါပြီ… သို့သော် Superman နဲ့ Supergirl ရဲ့ Super Action တွေဟာ ခုအချိန်ထိ မဟောင်းသေးပါဘူး။ Sir Bat က Action နည်းတယ်လို့ပြောလို့ရပေမယ့် သူ့လုပ်ကွက်တွေကလဲ ခုချိန်ထိ အရမ်းကို Batman ဆန်နေဆဲပါ။ Batman ဆန်နေမှတော့ ကြည့်လို့ကောင်းပြီရယ်ပေါ့။ အကောင်းဆုံး ဇာတ်ကားတစ်ကားလို့မပြောပေမယ့် အစကနေ ပြီး အဆုံးထိ ပေါ့ပေါ့ပါးပါးလေး သူခေါ်သွားပါလိမ့်မယ်။ DC Trinity ရဲ့ ချစ်စရာ အမူအကျင့်လေးတွေကို Supergirl ရဲ့ အပြစ်ကင်းစစ် ချစ်စရာကောင်းမှု နဲ့ အတူ ကြည့်ရမှာပါ။ BatFan တွေ ကြိုက်ကြသလို Superman Fan တွေလဲ အားရကြပါတယ်… DC ဟာ Animation မှာ နာမည်ရှိပါတယ်…. အဲ့လိုဖြစ်စေတဲ့ Animations များစွာထဲမှာ ဒီ Animation လေး အပါအဝင်ပါပဲ… ဒီ Animation Movie လေးကို ဘာသာပြန်ပေးထားတာကတော့ Han Minn ဖြစ်ပြီး Review ကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။
...

Kids (1995) ⭐TMDB: 69% User Score 🎬 #Adult #Drama #Crime 🗓 1995 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kids (1995)IMDB: 7.0/10Rotten Tomatoes: 47%Genre: Drama (လိင်ပိုင်းဆိုင်ရာ ပြကွက်များ နှင့်စကားပြောကြမ်းတမ်းမှုများ ပါဝင်သောကြောင့် ၁၈ နှစ်အောက်များ သို့မဟုတ် မိသားစုနဲ့အတူ မကြည့်ဖို့ တိုက်တွန်းလိုပါသည်။) ဆယ်ကျော်သက်ဘဝဆိုတာအပြစ်ကင်းစင်ပါတယ်။ ဒါမှမဟုတ် တကယ်ပဲအပြစ်ကင်းတာလား။ဒီရုပ်ရှင်က ဆယ်ကျော်သက်ဘဝဆိုတာ လမ်းမှားရောက်နိုင်တဲ့ အရွယ်ဖြစ်ကြောင်းပညာပေးထားသောဇာတ်လမ်းဖြစ်ပါတယ်။ လိင်ဆက်ဆံတာကကောင်းပါတယ်။ဒါပေမယ့် စိတ်အလိုလိုက်ပြီး အကာအကွယ်မသုံးပဲ လိင်ဆက်ဆံတဲ့အခါမှာဖြစ်လာမယ့်နောက်ဆက်တွဲတွေကခန့်မှန်းလို့မရပါဘူး။ ဒီဇာတ်လမ်းမှာ ဒါကိုသေချာပြမှာဖြစ်ပါတယ်။ ဇာတ်ညွှန်းတယ်လီနဲ့ ကက်စ်စပါ တို့နှစ်ယောက်ဟာ ဆယ်ကျော်သက်တွေဖြစ်ပါတယ်။တယ်လီက ယောင်ရင်တောင် “ပူစီ၊ ပူစီ” လို့အသံထွက်လောက်တဲ့အထိကို “ပူစီ”ကြိုက်တဲ့လူဖြစ်ပါတယ်။တယ်လီကြိုက်တာနောက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အပျိုပါ။ တယ်လီက အပျိုပန်းတွေကိုပဲလိုက်ဆွတ်ခူးနေတဲ့လူဖြစ်ပါတယ်။ ဂျန်းနီဆိုတာကတော့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူ(မ)ဘဝမှာ လိင်တစ်ခါပဲဆက်ဆံဖူးပါတယ်။ အဲဒီလူကတော့ တယ်လီနဲ့ဖြစ်ပါတယ်။ဆေးသွားစစ်ကြည့်လိုက်တဲ့အခါမှာတော့ ဂျန်းနီမှာ “HIV” ဖြစ်နေပါတယ်။ခက်တာက သူကလည်းတစ်ယောက်ထဲနဲ့ပဲ လိင်ဆက်ဆံဖူးပါတယ်။အဲတော့ဆိုလိုတာက တယ်လီမှာ “HIV” ရှိနေပါပြီ။ ဂျန်းနီတစ်ယောက် တယ်လီကိုလိုက်ရှာပါတော့တယ်။ဇာတ်လမ်းကအရမ်းကိုအေးပါတယ်။ အကြိုက်တွေ့ရန်လည်းခက်နိုင်ပါတယ်။လိင်ဆက်ဆံသည့်အခန်းများ စကားအသုံးအနှုန်းများကြမ်းများ ဖောဖောသီသီ ပါဝင်ပါသော်လည်းဆယ်ကျော်သက်ညီငယ် ညီမငယ်များ အတုယူ လမ်းမှားမရောက်ဖို့ ပညာယူဆင်ခြင်နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်
...

Thank You, Next (2024) ⭐IMDB: 5.6/10 (7 k Votes) 🎬 #Drama #Comedy #Romance 🗓 2024 🎞 tv series 🌎 #Turkey ⏰ 51 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လေလာ ဟာရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး သူ့ဦးလေးတည်ထောင်ထားတဲ့ Firm မှာအလုပ်လုပ်ပါတယ်။ မကြာသေးခင်ကမှ ရည်းစားနဲ့ပြတ်စဲထားပြီး အဲ့ဒီရည်းစားကိုဖြတ်ပြီးပြီးချင်း စိတ်ပြေလက်ပျောက်ထွက်ခဲ့တဲ့ အပန်းဖြေခရီးမှာ စားဖိုမှူးလူချောတစ်ယောက်နဲ့တွဲခုတ်ဖြစ်ခဲ့ပါသေးတယ်။ပြန်ရောက်ရောက်ချင်း သူကိုင်ရတဲ့အမှုက နာမည်ကျော်လူငယ်သန်းကြွယ်သူဌေးတစ်ဦးရဲ့ဇနီးနဲ့ကွာရှင်းပြတ်စဲမှုဖြစ်ပါတယ်။ အဲ့ဒီအမှုမှာသူက ဇနီးသည်ဘက်ကဆိုပေမယ့် တစ်ဖြည်းဖြည်းအမှုထဲမှာပါဝင်ပတ်သက်သူတွေနဲ့ ရင်းနှီးလာအကြောင်းသိလာချိန်မှာ သန်းကြွယ်သူဌေးလူချောနဲ့ သူဟာ ဘုဘောက်ကျရာကနေ ပြေလည်လာသလို၊ အချင်းချင်းနားလည်စပြုလာပါတယ်။ တချိန်တည်းမှာပဲ ပြတ်စဲခဲ့တဲ့ ရည်းစားဟောင်းက ဇွဲမလျှော့သေးပဲအမြဲတမ်းအနားမှာရှိနေတဲ့အခါ လူချောသုံးယောက် လေလာတစ်ယောက် ဇာတ်လမ်းစတင်ပါတော့တယ်။ ဇာတ်လမ်းကို non linear ပုံစံနဲ့သွားထားပြီး ဇာတ်ရဲ့အဖွင့်ဟာ ဇာတ်သိမ်းဖြစ်နေတာကိုတွေ့ကြရပါလိမ့်မယ်။ အဲ့ဒါကိုဇာတ်ထဲမှာဖြည်းဖြည်းချင်း ဖြည်ချသွားတာပါ။ ဇာတ်ကိုလည်း လူ့မလိုင်အထက်တန်းလွှာတွေထဲမှာပဲ ဖွဲ့စည်းထားပြီး ပျော်စရာ အားကျစရာ သွားရည်ယိုစရာ လူနေမှုဘ၀တွေ ရှုခင်းလှလှတွေ အမိုက်စားဝတ်စုံတွေ မင်းသားမင်းသမီး ချောချောလှလှတွေကိုတစ်၀ကြီးငေးရမှာဖြစ်တဲ့အတွက် စိတ်ကူးယဉ်လို့လည်းကောင်းမှာပါ။ရှုစားကြည့်ကြပါ။
...

Acne (2008) ⭐TMDB: 60% User Score 🎬 #Comedy #Drama 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica #Uruguay #Argentina #Spain #Mexico ⏰ 1 နာရီ 24 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Acne 2008 ဒီဇာတ်လမ်းလေးကတော့ Rafael Bregman လို့ခေါ်တဲ့ လူပျိုဖော်ဝင်စ ကောင်လေးအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ Rafael ဟာ သူ့ရဲ့ လူငယ်ဘဝမှာစိတ်မလုံခြုံစရာတွေ ပြောင်းလဲမှုတွေ နဲ့အခက်အခဲတွေ ကြုံရပါတော့တယ်။ ဇာတ်လမ်းနာမည်အတိုင်း ဝက်ခြံကတော့ အဆိုးဆုံးပေါ့။လူပျိုဖော်ဝင်ကာစ ကောင်လေးဆိုတဲ့အတိုင်း Rafael ဟာ ပထမဆုံးအနမ်းရဖို့ မဆုတ်မနစ်ကြိုးစားပါတော့တယ်။Rafael ရဲ့ လူတောတိုးနိုင်အောင်ကြိုးစားတာတွေ မိဘတွေရဲ့ အဆင်မပြေမှုတွေကြား နေရတာတွေ ဆန့်ကျင်ဖက်လိင်ကို မတရားစိတ်ဝင်စားတာတွေ စတဲ့ လူပျိုဖော်ဝင်ချိန်ဖြစ်နေကျ အကြောင်းတွေကို ဟာသလေးနှောပြီးတော့ တင်ဆက်ထားတာ ဖြစ်လို့ တော်တော်လေး ကြည့်လို့ကောင်းမယ့်ဇာတ်လမ်းလေး ဖြစ်ပါတယ်ခင်ဗျာ။ ရှုစားကြပါ။
...

Hack Your Health: The Secrets of Your Gut (2024) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Documentary 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hack Your Health: The Secrets of Your Gut (2024) မိတ်ဆွေတို့ ဘာစားစားမဝတဲ့လူတွေကို မြင်ဖူးကြတယ်မလား အဲဒီလိုပဲ အစားဆင်ခြင်ရဲ့သားနဲ့ ဝိတ်မကျပဲဝနေတဲ့လူတွေရောမြင်ဖူးတယ်မလား။ ဘာကြောင့်လဲဆိုတဲ့အဖြေကိုရှာချင်ရင်တော့ ဒီ Netflix က တင်ဆက်ပေးထားတဲ့ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ Documentary လေးကိုကြည့်ဖို့ ညွှန်းချင်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ မတူညီမှုတွေကိုဖော်ပြထားပြီး အဲဒီမတူညီမှုတွေရဲ့ မတူညီတဲ့ သက်ရောက်မှုတွေကြောင့် လူတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေး‌အပေါ်သက်ရောက်မှုလည်း မတူညီနိုင်ကြောင်းကိုတင်ဆက်ပေးထားပါတယ်။ ကျန်းမာ‌တဲ့ဘဝရဖို့အတွက် ဘယ်အရာတွေက အဓိကကျနေလဲ၊ လူတစ်ယောက်နဲ့တစ်ယောက် အူလမ်းကြောင်းအတွင်းက ပါဝင်နေတဲ့ ဇီပိုးမွှားဖွဲ့စည်းပုံတွေမတူညီတာကြောင့် ရှိလာတဲ့ကွဲပြားမှုတွေကိုသေချာရှင်းလင်းပြောပြထားပြီး ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် အူလမ်းကြောင်းတွေရဲ့ အခန်းကဏ္ဍအရေးပါပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
...

Home on the Range (2004) ⭐TMDB: 60% User Score 🎬 #Animation #Family 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Disney ရဲ့ ဇာတ်​ကား​ဟောင်း​လေး တစ်ကားဖြစ်တဲ့ Home​on the Range ဆိုတဲ့​ ဟာသ animation ရုပ်ရှင်​လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့ old but gold ဇာတ်​ကား​ဖြစ်​ပြီး ရုပ်ရှင်​ရဲ့​အမည်​Home​ on the Range​ က အမေရိကန်​တောင်​ပိုင်း​ဒေသ​ရဲ့ ဂန္တဝင်​သီချင်း​ကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်​ဘက်​ဒေသ​ရဲ့ ကောင်း​ဘွိုင်​ခေတ်​မှာ အခြေ​ပြု​ထားတာဖြစ်ပေမဲ့ အဓိက​ဇာတ်​ကောင်​တွေက ကောင်း​ဘွိုင်​တွေ မဟုတ်​ဘဲ နွား​မတွေပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်း​ကင်​ဘုံ​စား​ကျက်​မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်​တွေ​ကို ခြံရှင်ဖြစ်သူ မစ္စ​ပါးလ်က မိသားစု​ဝင်တွေလို သဘော​ထား​ပြီး အတူပျော်ရွှင်စွာ နေထိုင်​ကြပါ​တယ်။ ဒါပေမဲ့​ ပြည်နယ်​တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့​ နာမည်​ကျော်​နွားခိုးသမား လက်​ချက်​ကြောင့် ခြံရှင်လယ်သမား အတော်များများ​ ဒုက္ခ​ရောက်​နေကြ​ပါတယ်။ အလာမီဒါဆလင်း​ရဲ့ ပယောဂ​ကြောင့်​ မစ္စ​ပါး​လ်ရဲ့ ကောင်း​ကင်ဘုံ​စား​ကျက်မြေ ခြံ​လေးလည်း ဘဏ်ကြွေးနဲ့ အသိမ်း​ခံရတော့မှာဖြစ်ပါတယ်။ ဒါကြောင့်​ ခြံထဲက နွား​မသုံးကောင်ဖြစ်တဲ့ မက်​ဂီ၊ ဂရေ့စ်နဲ့ ကယ်​လို​ဝေး တို့​သုံး​ကောင်​က လူဆိုး​ကြီးဆလင်းကို ဖမ်းဆီး​ပြီး ရတဲ့​ဆုငွေ​နဲ့ ခြံ​ကိုပြန်ရွေးမယ်လို့ ဆုံးဖြတ်​လိုက်ပြီး သုံးကောင်သား ဗရုတ်သုတ်ခ​ စွန့်​စား​ခန်း​တွေဖွင့်ကြပုံကို ကြည့်​ရှု​ရမှာပါ။ ပျော်ရွှင်​ကြည်​နူး​စရာ​ကောင်း​သလို မိသားစု၊ မိတ်ဆွေ​တို့အကြား သံယောဇဉ်​တွေကိုလည်း ဟာသ​ရုပ်ရှင်​ဖြစ်ပေမဲ့ လှလှ​ပပ ထည့်သွင်းပေးထားတဲ့အပြင် ဒစ္စနေထုံးစံအတိုင်း happy ending လည်း​ဖြစ်တာမလို့ rating နည်း​တာတွေခဏမေ့ထားပြီး အချိန်​တစ်နာရီ စွန်းစွန်းပဲ ကြာတဲ့ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်လို့ နောင်​တရမယ်လို့ မထင်​ပါဘူး။
...

Mean Creek (2004) ⭐TMDB: 68% User Score 🎬 #Crime #Drama 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.0Rt – 89% ဂျော့က စာလေ့လာသင်ယူမှုပြဿနာရှိပြီး အိမ်ကလည်းအလိုလိုက်ခံထားရတဲ့ ခပ်ဆိုးဆိုးကောင်လေးပါ။ တနေ့ကျောင်းမှာ သူဗီဒီယိုရိုက်နေတုန်း ကြားဖြတ်ဝင်လာတဲ့ ဆမ်ကို စိတ်မထိန်းနိုင်ပဲ ဆွမ်းကြီးလောင်းလိုက်မိပါတယ်။ ဆမ်ကတော့ မာတင် လူသာကင်းတို့၊ ဂန္ဒီတို့လို သည်းခံတတ်တဲ့လူအေးဖြစ်လို့ ပြဿနာကခဏလေးနဲ့ပြီးသွားခဲ့ပါတယ်၊ ဒါပေမဲ့ ဆမ်ရဲ့အကိုဖြစ်သူ ရော့ကီနဲ့ သူ့သူငယ်ချင်း မာတီနဲ့ ကလိုက်ဒ်တို့ကတော့ ဖက်တီးဂျော့ကို ပညာပေးဖို့ စီစဉ်လိုက်ကြပါတယ်။ ဒီအစီအစဉ်ကတော့ မြစ်ထဲမှာ လှေစီးထွက်ရင်း Truth or Dare ဆော့ပြီး ဂျော့ကို ကိုယ်လုံးတီးနဲ့မြစ်ထဲပစ်ချဖို့ပါ။ ဒီလိုနဲ့အကုန်စီစဉ်ပြီး ဂျော့နဲ့အတူ မြစ်ထဲလှေစီးထွက်ကြရင်း 24 နာရီအတွင်းမှာ ဘယ်လိုတွေပြောင်းလဲသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။
...

The Nightingale of Bursa (2023) ⭐IMDB: 6.8/10 (7 k Votes) 🎬 #Comedy #Drama #Music 🗓 2023 🎞 movie 🌎 #Turkey ⏰ 2 နာရီ 1 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးက ၁၉၈၆ ခုနှစ် မူဒန်ညာ ကမ်းခြေမြို့လေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ တူရကီ စကားပြော Musical Drama ရုပ်ရှင်ကားလေးပါ။ အချစ်၊ အလွမ်း၊ ဟာသ၊ ဂီတ ရသအမျိုးမျိုးပေးနိုင်တဲ့ ရုပ်ရှင်ကားမျိုး ဖြစ်ပြီး ကဗျာဆန်တဲ့ အချစ်ဇာတ်လမ်းကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ ဒီရုပ်ရှင်က အချိန်ပေးရတာတန်တဲ့ ရုပ်ရှင်လေးပါ ကန်ဂျစ်ဆယ်ဇန်ဟာ တစ်နေ့မှာ သီချင်းအခွေထုတ်မယ်ဆိုတဲ့ အိပ်မက်တွေ ထွေးပိုက်ထားတဲ့ ဂီတပညာရှင် တစ်ယောက်ပါ။ တစ်ရက်မှာတော့ ကံအကြောင်းတိုက်ဆိုင်စွာနဲ့ ကနွန်းတူရိယာ တီးတဲ့ သူငယ်ချင်း တက်စ်ကင်နဲ့ သူ့ ညီမ အာဇူ တို့နဲ့ ဆုံတွေ့ခဲ့ပြီး သုံးယောက်အတူ တီးတိုင်းတစ်ဖွဲ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဂီတကို ဝါသနာ အသီးသီးရှိကြတဲ့ ဒီလူသုံးယောက်ဟာ အခက်အခဲတွေကျော်ဖြတ်ပြီး ခွေထုတ်ဖို့ကြိုးစားကြပုံတွေ အလွဲတွေကနေ ရယ်စရာမောစရာ အဖြစ် ပြောင်းလဲရပုံတွေ ကန်ဂျစ်နဲ့ အာဇူတို့ရဲ့ ဆက်ဆံရေးအခြေအနေ စတာတွေကို ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ T Hmue မှဘာသာပြန် အညွှန်းရေးသည်
...

Paradise Is Burning (2023) ⭐IMDB: 6.9/10 (425 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Sweden #Italy #Denmark #Finland ⏰ 1 နာရီ 44 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ‌တော့ Paradise is Burning ဆိုတဲ့ ဆွီဒင်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ လော်ရာ၊ မီရာ နဲ့ စတက်ဖီဆိုတဲ့ ညီအမသုံးယောက် တစ်ယောက်ကိုတစ်ယောက်မှီခိုရင်း အတူတကွနေထိုင်ကြပါတယ်။ သူတို့ရဲ့ အမေကတော့ အိမ်ကနေထွက်သွားပြီး ပျောက်ချင်းမလှပျောက်သွားလိုက်တာ ပြန်ကိုမလာတော့ပါဘူး။ ‌တစ်ရက်တော့ လူမှုကူညီရေးအသင်းက သူတို့အမေနဲ့တွေ့ဆုံဖို့ အကြောင်းကြားလာတဲ့အခါမှာတော့ အစ်မအကြီးဆုံးဖြစ်တဲ့ လော်ရာဟာ သူတို့အမေအဖြစ်ဟန်ဆောင်ပေးဖို့ လူတစ်ယောက်ကို ရှာရဖို့ အကြောင်းဖန်လာပါတော့တယ်။ ကလေးတုန်းကဆို ငါမြန်မြန်လူကြီးဖြစ်ချင်ပြီ ဆိုတာမျိုးကို ကိုယ်တိုင်လည်းပြောဖူးကြမှာပါ။ သူတို့ဆီမှာတော့ ပါတီနဲ့တောင် ဒါမျိုးကို ဂုဏ်ပြုကြတာမျိုးတွေ နောက်ပြီး ကလေး တစ်ယောက်ရဲ့အပြုအမူ အမူအကျင့်တွေ က ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့လူတွေအပေါ်မှာ ဘယ်လောက်မူတည်သလဲဆိုတာကိုလည်း မြင်တွေ့နိုင်မှာပါ။ ဒီဇာတ်ကားက ‌ပျိုဖော်ဝင်ချိန်မှာ ကြုံတွေ့ရတဲ့ ပြဿနာလေးတွေ၊ ညီအစ်မတွေကြားမှာ ဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေ နဲ့ ချစ်ခြင်းမေတ္တာတရားတွေ ကို ဖော်ပြထားတဲ့အပြင် အခက်အခဲတွေကြားမှာမှ ထားမိတဲ့ မျှော်လင့်ချက်နဲ့ ခံနိုင်ရည်ရှိမှုတို့ကို လက်တွေ့ဆန်ဆန် တင်ပြထားပါတယ်။ ခြုံပြောရမယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးက ခက်ခဲလွန်းတဲ့ အခြေအနေတွေအောက်မှာမှ ကြီးပြင်းလာရတဲ့ ရုန်းကန်မှုတွေနဲ့ အသက်ကြီးလာရတဲ့ ပျော်ရွင်မှုအရသာလေးကို ပုံဖော်ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်ဗျာ။
...

Red Swan (2024) ⭐TMDB: 100% User Score 🎬 #Drama #Action #Romance 🗓 2024 🎞 tv series 🌎 #SouthKorea ⏰ 57 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Red Swan (2024)***************အပိုင်းသစ် (၁+၂) မင်းသားချော Rain နဲ့ “Nothing Uncovered”, “18 again”စတဲ့ ဇာတ်ကားကောင်းတွေထဲက မင်းသမီး Kim Ha Neul တို့ ပါဝင်ထားတဲ့ “Red Swan”ဇာတ်လမ်းတွဲကတော့ ထွက်ရှိလာပါပြီ ဇာတ်လမ်းကတော့ ဝန်းဆူ(Kim Ha Neul)ဟာ ထိပ်တန်း ဂေါ့ဖ်ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ဖို့ အိပ်မက်ရှိသူလည်းဖြစ်ပါတယ် ဒါကြောင့် သူမဟာ ဟွာအင်လုပ်ငန်းစုရဲ့ အမွေဆက်ခံသူနဲ့ လက်ထပ်လိုက်ပြီး ဖောင်ဒေးရှင်းတစ်ခုရဲ့ ဥက္ကဌအဖြစ် လုပ်ကိုင်ခဲ့ပါတယ် အဲဒီဖောင်ဒေးရှင်းကနေတစ်ဆင့် ပရဟိတအလုပ်တွေလုပ်ပြီး ကမ္ဘာတစ်ဝှမ်း ကျော်ကြားမှုတွေ ရရှိခဲ့ပါတယ် ဒိုယွန်း(Rain)ကတော့ ဝန်းဆူရဲ့ ဘော်ဒီဂတ်အသစ်ဖြစ်ပြီး ရဲတက္ကသိုလ်မှ ဘွဲ့ရခဲ့တဲ့ ကိုယ်ခံပညာထူးချွန်သူတစ်ဦးဖြစ်ပါတယ် သူဟာ ဟွာအင်လုပ်ငန်းစုရဲ့ လုံခြုံရေးအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ခဲ့တာပါ ဒါကြောင့် သူ့ရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲ ဝန်းဆူက ဟွာအင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် action, romance ဇာတ်လမ်းတွဲပဲဖြစ်ပါတယ် အညွှန်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ် Episodes: 10Aired: Jul 3, 2024 – Jul 31, 2024Aired On: WednesdayOriginal Network:jTBCDuration: 60 minsGenres:Action,Romance,Drama,MelodramaTranslated byToe Toe Aung, Theint, Milk, Phyu Sin, Zuri & Kaung Htet ZinEncoded byAHtet <<<>> Episode 01[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ [1080p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ Episode 02[720p]     »»»UsersDrive•Yoteshin•MegaUp•StreamVid•Mega.NZ [1080p]     »»»
...

The Watchers (2024) ⭐IMDB: 5.7/10 (14 k Votes) 🎬 #Fantasy #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #Ireland #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသမီး ဒါကိုတာဖန်းနင်းရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ပဟေဠိဆန်ဆန်ကြည့်ရမှာပါ။ တောအုပ်တစ်ခုထဲကို ရောက်သွားတဲ့လူတွေဟာ ပြန်ထွက်လို့မရတော့ဘူး။ သူတို့အတွက်ခိုလှုံစရာ အိမ်တစ်လုံးတော့ ရှိနေတယ်။ ညဘက်ရောက်တိုင်း ဘာမှန်းမသိတဲ့အရာတွေက သူတို့ကို လာစောင့်ကြည့်တယ်။ နေ့ဘက်ဆိုရင်အဲဒီအရာတွေက အပြင်ထွက်မရဘူး။ ညဘက်မှာထွက်တဲ့လူတွေလည်း ပြန်မလာနိုင်ကြတော့ဘူး။ အဲဒီကိုနောက်ဆုံးရောက်လာတဲ့ မင်းသမီး ဒီလိုနေနေရတဲ့အခြေအနေကို လက်မခံဘဲ ထွက်လမ်းရှာဖို့ အသက်နဲ့ရင်းပြီးကြိုးစားတဲ့အခါဘာတွေဆက်ဖြစ်လာလဲ ကြည့်ရမှာပါ
...

Sheriff (2024) ⭐IMDB: 7.6/10 (558 Votes) 🎬 #Action #Adventure #Crime #Thriller #Drama #Mystery 🗓 2024 🎞 movie 🌎 #Malaysia ⏰ 2 နာရီ 10 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မလေးရှားအက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ Sheriff: Narko Integriti ကတော့ မလေးရှားနိုင်ငံရဲ့ ဒုတိယရုံတင်ဝင်ငွေအများဆုံးရုပ်ရှင်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးမှု၊ ဇာတ်လမ်းရေးသားမှု၊ သရုပ်ဆောင်ကောင်းမွန်မှု၊ ကင်မရာလှုပ်ရှားမှုနဲ့ ထင်မှတ်မထားတဲ့ဇာတ်လမ်းဇာတ်ကွက် အပြောင်းအလဲတွေအတွက် ချီးကျူးမှုတွေရရှိထားပြီး နောက်ဆက်တွဲရုပ်ရှင် ထပ်မံရိုက်ကူးဖို့အထိ ကြေညာထားပါတယ်။ ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး တရားရုံးကိုဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ မလေးရှားနိုင်ငံရဲ့အကြီးဆုံးဘိန်းဖြူဂိုဏ်းခေါင်းဆောင် တိုနီကို မူးယစ်နှိမ်းနှင်းရေးရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့နာဇရီက ဥပဒေနဲ့မဟုတ်ဘဲ ဘိန်းဖြူလူသတ်သမားဆိုတဲ့နာမည်နဲ့ ကိုယ်တိုင်ရှင်းလင်းဖို့လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ တိုနီရဲ့လူတွေကိုသတ်ဖြတ်နေတဲ့နာမည်ကြီးဘိန်းဖြူ လူသတ်သမားကို စစ်ဆေးဖော်ထုတ်ဖို့ ရှရစ်ဖ်ဆိုတဲ့ရဲတစ်ဦး ရောက်ရှိလာပြီး မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့ထဲက နာဇရီနဲ့အပေါင်း အပါတွေကို စတင်စုံစမ်းစစ်ဆေးလာခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကြား တိုနီရဲ့သူလျှိုတွေကဘယ်သူလဲ.. ဘိန်းဖြူလူသတ်သမားက ဘယ်သူလဲဆိုတာ အချင်းချင်း သံသယတွေနဲ့ဖော်ထုတ်သွားကြပုံကို ရင်တမမနဲ့ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။
...

Mean Streets (1973) ⭐TMDB: 71% User Score 🎬 #Crime #Drama #Thriller 🗓 1973 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချာလီက မာဖီးယားဂိုဏ်းရဲ့ မိသားစုဝင်တစ်ယောက်ပါ။ သူ့ဦးလေးက စီးပွားရေးလုပ်ငန်းတစ်ချို့ကို ဦးစီးခိုင်းစေချင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းလို ညီတစ်ယောက်လို ချစ်ခင်ရတဲ့ ဂျွန်နီကို လိုက်လံစောင့်ရှောက်ပေးနေရတာနဲ့ပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေခဲ့တာပါ။ ဂျွန်နီက တကယ့်မလည်ရှုပ် လောင်းကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငွေကြေးအရှုပ်အရှင်းလည်း အရမ်းများတဲ့သူပါ။ ဂျွန်နီတစ်ယောက် ချာလီရဲ့ မိတ်ဆွေ မိုက်ကယ်ဆီကနေ ငွေချေးပြီး ပြန်မဆပ်ရာကနေ ပြဿနာတွေ စတော့တာပဲ။ ချာလီက ဂျွန်နီရဲ့ ဝမ်းကွဲအမဖြစ်တဲ့ ထရီစာနဲ့လည်း ချစ်ကြိုက်နေတာပါ။ ထရီစာက စိတ်သိပ်မမှန်လို့ ချာလီက သနားလည်းသနားပါတယ်။ ဂျွန်နီနဲ့ ထရီစာတို့ မောင်နှမအရေးနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘဝကြားမှာ ကြားညပ်သွားတဲ့ ချာလီရဲ့အဖြစ်ကို ရှုစားရမှာပါ။ ငြိမ့်ငြိမ့်လေးနဲ့ပဲ ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး စဉ်းစားစရာ သင်ခန်းစာယူစရာတွေလည်း အများကြီးပါပဲ။ တကယ့်ဇာတ်အေးကြီး ဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေ အသက်ဝင်လှတဲ့ ဇာတ်ကွက်တွေကြောင့် လုံးဝမြောပါသွားပါလိမ့်မယ်။ Vintage ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေနဲ့ဆိုရင် ကွက်တိပါပဲ။ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဒရာမာဇာတ်ကားကောင်းလေးပါ။ နာမည်ကြီးမင်းသားကြီး ရောဘတ်ဒနီိရိုက မလည်ရှုပ် ဂျွန်နီရဲ့ နေရာကနေ ပြောင်မြောက်စွာပဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။
...

Love Marry Kill (2023) ⭐IMDB: 5.6/10 (134 Votes) 🎬 #Mystery #Thriller #Drama 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 36 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ New Orleans က ပရဟိတသမား Elisa Harrington ရဲ့ ယာဉ်တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားမှုကို အခြေတည်ထားတဲ့ သည်းထိတ်ရင်ဖို အချစ်စုံထောက်ဇာတ်ကားတစ်ကား ဖြစ်ပါတယ် လူရင်းတွေ အချင်းချင်းကြား ဖုံးဖိမှုများ၊ မူးယစ်ဆေးဝါးဂိုဏ်းများ၊ New Orleans ရဲဌာနရဲ့ အကျင့်ပျက် ခြစားမှုများ၊ အိမ်ခြံမြေအငြင်းပွားမှုများနှင့် မိသားစု၏ဂုဏ်အသရေနှင့် အာဏာတို့ရဲ့ အားပြိုင်မှုတွေကို ခပ်ပါးပါးလေး ရိုက်ပြထားတာပါ ဇာတ်လမ်းအကျဉ်း ဝါရှင်တန်ဒီစီရှိ အောင်မြင်သော မှုခင်းဆေးပညာ ပညာရှင် Jordan Toussaint ဟာ ဇာတိမြို့ဖြစ်တဲ့ New Orleans ကို ညီလာခံ တက်ဖို့ လာရင်း အချစ်ဆုံးသူငယ်ချင်း Elisa Harrington ကားတိုက်သေဆုံးမှုကို ကြုံတွေ့ခဲ့ရပါတယ်။ Elisa ရဲ့ ယောက္ခမဖြစ်သူ Grace Harrington က လူမည်းတွေ ကျွန်စနစ်က လွတ်မြောက်ခဲ့တဲ့ အထိမ်းအမှတ်ပွဲမှာ Elisa ကိုယ်စား ပါဝင်ဖို့ Jordan ကို ကမ်းလှမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အချစ်ဆုံးသူငယ်ချင်း သေဆုံးမှုမှာ မူမမှန်တဲ့ အကြောင်းတွေကို ဆက်စပ်ရင်း Elisa ရဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူရဲ့ သူငယ်ချင်းတစ်ဦးနဲ့ ဖေါက်ပြန်ခဲ့တာကို ရှာဖွေတွေ့ရှိသွားပါ တော့တယ်။ ဒါကို ဖုံးကွယ်ဖို့ Elisa ရဲ့ ယောက္ခမဖြစ်သူက ဘာတွေ လုပ်ခဲ့တာလဲ။ ဒီလိုအတန်းဖော်ရဲ့ အိမ်ထောင်ရေးနောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ဖို့ သူမရဲ့ ရည်းစားဟောင်း စုံထောက်ဖြစ်သူ Marcus Benoit နဲ့ အတူ တုန်လှုပ်ချောက်ချားဖွယ် လူသတ်မှုတို့ကို ပူးပေါင်းဖော်ထုတ်ခဲ့ကြပုံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်
...

Katak: The Brave Beluga (2023) ⭐IMDB: 6.1/10 (459 Votes) 🎬 #Adventure #Animation #Comedy #Family 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 19 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခတဒ်ဆိုတဲ့ဝေလငါးလေးဟာ အဘွားပြောပြတဲ့ဘယ်သူမှမယုံကြည်‌တဲ့အဘိုးရဲ့ပုံပြင်တွေကို ယုံကြည်သဘောကျတဲ့သူပေါ့။ အဘွားရဲ့နောက်ဆုံးအချိန်လေးမှာ သူ့အဘိုးနဲ့ပြန်ဆုံစည်း‌စေချင်တဲ့ဆန္ဒရှိလို့ မြစ်ထဲနေရာကနေ အဘိုးရှိရာသမုဒ္ဒရာဘက်ကိုခရီးဆက်ခဲ့တယ်။ အခြားဝေလငါးတွေနဲ့မတူပဲ ဖွံဖြိုးဖို့နောက်ကျနေတဲ့ခတဒ် မြစ်ထဲမှာပဲ နေဖူးတဲ့ ခတဒ် သမုဒ္ဒရာထဲမှာဘယ်လိုခရီးဆက်မလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲ အဘိုးကိုရောတွေ့ခွင့်ရ‌သွားလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်ပါတယ်။ ဒီကားလေးကြည့်ပြီး စိတ်ခွန်အားတွေရရှိမယ်လို့မျှော်လင့်ပါတယ်။
...

Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964) ⭐TMDB: 81% User Score 🎬 #Comedy #War 🗓 1964 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၁၉၆၄တုန်းကထွက်ခဲ့တဲ့ War/Comedy အဖြူအမည်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Ratingတွေကိုကြည့်လိုက်ရင် old but goldထဲကတစ်ကားဖြစ်မှန်းသိမှာပါ။ Oscarဆုလေးဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ စစ်အေးခေတ် အမေရိကန်လေတပ်က ရုရှားပိုင်နက်အနီးမှာ နျုဗုံးသယ်လေယာဉ်တွေကို အချိန်ပြည့်ဖြန့်ကျက်ထားခဲ့တဲ့အချိန်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက‌တော့ လေတပ်ဗိုလ်မှူးတစ်ယောက်အရူးထပြီး လေယာဉ်တွေကို ရုရှားပိုင်နက်ထဲပစ်မှတ်တွေကို နျူဗုံးကျဲခိုင်းတာကနေစပြီး အဲဒီကနေမီးခိုးကြွက်လျှောက်သလိုပြဿနာတက်ပြီး အမေရိကန်သမ္မတ ရုရှား၀န်ကြီးချုပ်ပါမနေရဘဲ ပြဿနာဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ (ဇာတ်လမ်းအရသာပျက်မှာစိုးလို့ reviewအရှည်ကြီးမရေးတော့ပါဘူး အားလုံးပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။)
...