en
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
The Moon (2011) ⭐TMDB: 58% User Score 🎬 #Horror #Drama #Music #History 🗓 2011 🎞 movie 🌎 #Japan #UnitedKingdom #Thailand ⏰ 2 နာရီ 6 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စန္ဒာလမင်းရဲ့ ခရီးရှည် (၂၀၁၁) ဂီတဆိုတဲ့အရာက လူတွေရဲ့စိတ်နှလုံးကို ဖွင့်ဟခံစားတတ်လာအောင် ညှို့ယူဖမ်းစားတတ်တဲ့ မှော်လက်နက်ဆိုရင်လည်းမမှားပါဘူး။ကမ္ဘာပေါ်မှာရှိတဲ့ သက်ဆိုင်ရာ ဒေသ၊ နိုင်ငံအလိုက် ရိုးရာဂီတ၊ ကျေးလက်ဂီတ၊ ခေတ်ပေါ်ဂီတတွေရှိနေကြပြီးဘဝအမောတွေကို ချွေးသိပ်ပေးနိုင်စွမ်းရှိတဲ့အတွက် အနားယူရင်းခံစားကြလေ့ရှိကြတဲ့အရာလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ၂၀၁၁ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင်အမျိုးအစားလေးဖြစ်ပါတယ်။ဒီဇာတ်ကားလေးက ၁၉၇၀ ဝန်းကျင် ကြံခုတ်ရင်းအသက်မွေးဝမ်းကျောင်းနေရတဲ့ဆင်းရဲလွန်းတဲ့မိသားစုပေါက်ဖွားလာတဲ့ စာပေပညာလည်းမသင်ကြားခဲ့ရတဲ့အတွက်စာလည်းမရေးတတ်၊ ဖတ်လည်းမဖတ်တတ်တဲ့ ပူအမ် ကလေးမငယ်လေးတစ်ယောက်ရဲ့ဘဝကနေကျေးလက်ဂီတကို ထိုင်းနိုင်ငံမှာ လူသိများလူကြိုက်များလက်ခံလာအောင်စွမ်းဆောင်နိုင်ခဲ့သူကျေးလက်ဂီတလောကရဲ့ဘုရင်မလို့ ခေါ်တွင်လာရတဲ့ ပွမ်းပူအမ် ဒူအမ်ဂျန် (Pumpuang Duangjan) ဘဝအကြောင်းကို မှတ်တမ်းတင်ဂုဏ်ပြုရင်းထိုင်းနိုင်ငံရဲ့ ကျေးလက်ဂီတသမိုင်းကို မပျောက်ပျက်ရအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ပူအမ်ဟာ ကျေးလက်သီချင်းတွေကို စင်မြင့်ထက်မှာ သီဆိုနိုင်ဖို့ဆိုတဲ့ခိုင်မာတဲ့ဘဝရည်မှန်းချက်အတွက် ဘန်ကောက်ထိအရောက်သွားပြီး လေ့လာဆည်းပူးခဲ့ပုံ၊ချစ်သူရှိလာပြီးနောက် အိမ်ထောင်သည်ဘဝနဲ့ သူမရဲ့ ဘဝအလှည့်အပြောင်းများ၊ကျေးလက်ဂီတလောကရဲ့ ယှဉ်ပြိုင်စိန်ခေါ်မှုများ၊ မိသားစုကိုထောက်ပံ့ပေးနိုင်ဖို့အတွက်ကမ်းလှမ်းလာသမျှအနုပညာအလုပ်မျိုးစုံကို ကြိုးစားလုပ်ကိုင်ရင်း ဘဝကို ရင်ဆိုင်ဖြတ်သန်းကာမိမိရဲ့ရည်မှန်းချက်မယိမ်းယိုင်ရအောင် ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်ပုံများကလူငယ်မျိုးဆက်သစ်များအတွက် လေးစားအားကျအတုယူစရာ စံပြတစ်ခုဖြစ်နေပါတော့တယ်။ ထိုင်းနိုင်ငံ ကျေးလက်ဂီတရဲ့ရသနှင့် ကျေးလက်နေပြည်သူများရဲ့ဓလေ့ ယဉ်ကျေးမှုများနဲ့၁၉၇၀-၁၉၉၂ ဝန်းကျင် ထိုင်းနိုင်ငံရဲ့ လူနေမှုစရိုက်များကို လေ့လာချင်သူများအတွက်ဒီဇာတ်ကားလေးကို ခံစားကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Dao Phyoပဲ ဖြစ်ပါတယ်။
...

Couples (2011) ⭐IMDB: 6.7/10 (318 Votes) 🎬 #Comedy #Drama #Melodrama #Romance 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 50 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Couples (2011) ***************** ဒီတစ်ခါမှာတော့ Lee Si Young၊ Lee Yoon Ji၊ Ki Joo Hyuk၊ Oh Jung Se နဲ့ Gong Hyun Jin တို့ အဓိကပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး အပန်းပြေစေမဲ့ Rom-com movie လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ -ဇာတ်လမ်းအကျဉ်း- ချစ်ရသူအတွက် ချေးငွေပါထုတ်ပြီး အိမ်ဝယ်ပေး လိုချင်တာဖြည့်ဆည်းပေးခဲ့တဲ့ ယူဆော့တစ်ယောက် သူပြန်ရလိုက်တာကတော့ သူ့ချစ်သူဆီက မက်ဆေ့လေးတစ်စောင်နဲ့ ပျောက်ချင်းမလှ ပျောက်သွားတာပဲ ဖြစ်ပါတယ်။ ပျောက်သွားတဲ့ချစ်သူကို သူငယ်ချင်းဖြစ်သူ ဘို့နမ်ရဲ့ အကူအညီနဲ့ လိုက်ရှာနေတုန်း ပဟေဠိဆန်တဲ့ ရဲမေလေး အယ်ယွန်းနဲ့ အမှတ်မထင် သိကျွမ်းပြီး ယူဆော့လည်း အယ်ယွန်းအပေါ် စိတ်ဝင်စားမှုဖြစ်လာတဲ့အခါမှာတော့ သူ့ကိုထားသွားတဲ့ ချစ်သူဟောင်း နာရီပြန်ပေါ်လာသလို နာရီဟာလည်း သူထင်သလို ဖြူစင်တဲ့ ကောင်မလေးမဟုတ်ဘဲ သိုက်တူးသမလေး ဖြစ်နေတဲ့အခါ… နာရီ သူ့ဆီကိုပြန်လာရတဲ့အကြောင်းကလည်း သိုက်တူးရင်း လူမိုက်ဂိုဏ်းခေါင်းဆောင်နဲ့ မှားယွင်းပတ်သက်မိတာ ဖြစ်နေတဲ့အခါမှာတော့.. သူတို့ ၅ယောက် ဘယ်လိုဖြစ်ကြမလဲ.. ဘယ်ကစပြီး သူတို့ရဲ့ ရေစက်တွေက မှားယွင်းနေတာလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးပါဦးနော်။
...

Daisy, a Hen Into the Wild (2011) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Adventure #Animation #Family #Drama 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 31 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “ကိတ်မုန့်သုံးလုံးရှိတယ်၊ လူကလေးယောက် ရုတ်တရတ်ကြီး အမေက ပြောတယ် သူကိတ်မုန့်မကြိုက်ဖူး သားတို့ပဲစားလိုက်ပါတဲ့” အမေဆိုတာအဲလိုလူမျိုးပါ။ ဒီကားလေးက အဲဒါကိုအကောင်းဆုံး အမြင်အသစ်နဲ့ဖော်ကြူးသွားတဲ့ ရုပ်ရှင်တစ်ကားပါ။ အရမ်းကိုကောင်းမွန်လှတဲ့ မိခင်မေတ္တာကိုဖော်ကြူးသွားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်သလို လူ့လောကမှာဖြစ်နေတဲ့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးတွေကို ထင်ဟပ်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ “အမြင့်ကိုပျံသန်းလိုက်ပါ အောက်ခြေကနေ ဂုဏ်ယူနေပါ့မယ်” ဆိုတဲ့စိတ်မျိုးက လူတိုင်းမထားနိုင်ပါဘူး။ မိဘမှာပဲရှိတဲ့ စိတ်မျိုးပါ။ ဒီ Leafie, a Hen Into the Wild ဆိုတဲ့ animation ရုပ်ရှင်ဟာ တောင်ကိုရီးယားက နာမည်ကြီး animation ဒါရိုက်တာ Oh Sung-yoon (အို ဆွန်းယွန်း) ရဲ့ ပထမဆုံး full-length Animation လက်ရာဖြစ်ပြီး အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ အို ဆွန်းယွန်းက သဘာ၀ကျတဲ့ လူသားဆန်မှုတွေကို တိရစ္ဆာန်ဇာတ်ကောင်လေးတွေ အသုံးပြုပြီး ဖော်ပြလေ့ရှိပြီး ဒီဇာတ်ကားလေးမှာလည်း လွတ်လပ်မှုလိုချင်တဲ့ ကြက်မလေး Leafie ကို အဓိက ဇာတ်ဆောင်အဖြစ်နဲ့ ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားက တောင်ကိုရီးယားမှာ အကောင်းဆုံး Animation ဆု အပါအဝင် ဆုပေါင်းများစွာ ရရှိထားတာဖြစ်ပြီး မိသားစုတွေအတွက် သင်ခန်းစာကောင်းတွေနဲ့ ကလေးတွေတင်မကပဲ လူကြီးတွေပါ ကြည့်ရှုနိုင်မယ့် အရည်သွေးမြင့် Animation ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဇာတ်ညွှန်း လီဖီဆိုတဲ့ ကြက်မလေးဟာ စိုက်/မွေး ခြံတစ်ခုထဲက ဥစားကြက်မတစ်ကောင်ဖြစ်ပါတယ်။ သူ(မ)ဟာ ခြံဝန်းကြီးထဲကိုစိုက်ကြည့်ပြီး အပြင်ကိုသွားမယ်၊ ကမ္ဘာကြီးကိုထိတွေ့မယ်ဆိုတဲ့ စိတ်ကူးအမြဲရှိတဲ့ ကြက်မလေးတစ်ကောင်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ(မ)တောင်းဆုပြုသလိုမျိုး အပြင်ဖက်ကိုရောက်သွားပါတော့မယ်။ လောကကြီးကို ပထမဦးဆုံးရောက်သွားတဲ့အချိန်မှာ သူ(မ)အသက်ကို အန္တရာယ်ပြုမယ့် အသားစားဖျံကောင်နဲ့ကြုံလိုက်ရပါတယ်။ သို့သော်လည်း ဘဲရိုင်းတစ်ကောင်က သူ(မ)ကိုလာကယ်ခဲ့ပါတယ်။ ဒီလိုနဲ့ လီဖီတစ်ယောက် တောထဲကိုရောက်သွားပြီး လောကကြီးရဲ့ အလှအပကိုတစ်ဝကြီးခံစားနေပါတော့တယ်။ တစ်ဖက်မှာလည်း ဘဲရိုင်းက ဘဲမလေးတစ်ကောင်နဲ့ အကြောင်းပါပြီး ဥလေးတစ်ဥ ဥခဲ့ပါတယ်။ ကံဆိုးချင်တော့ မိဘနှစ်ပါးကွယ်လွန်ခဲ့ပြီး ဘဲလေးဟာ ကြက်မလေးကို အမေလို့မှတ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးစိတ်မတူတဲ့ အကောင်နှစ်ကောင်၊ နေထိုင်မှုပုံစံက လုံးဝမတူတဲ့ သားအမိ နှစ်ယောက်လောကကြီးထဲမှာ ဘယ်လိုများရပ်တည်မှာလဲ လွတ်လပ်မှုအတွက် ဘယ်လိုတွေ ရုန်းကန်သွားမလဲဆိုတာတွေအပြင် မိခင်တစ်ယောက်ရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို လှပတဲ့ Animation တွေနဲ့ ကြည့်ရှု ခံစားနိုင်မှာပါ။ (တစ်ခု ကြိုတင်အသိပေးချင်တာက ဒီဇာတ်လမ်းဟာ Ending နှစ်မျိုးရှိပါတယ် 1080p Version ကတော့ Sad Ending ဖြစ်ပြီး 720p ကတော့ ပုံမှန်အတိုင်းဖြစ်ပါတယ် ကိုယ့်စိတ် အခြေအနေပေါ် မူတည်ပြီး ကြည့်ရှုနိုင်ပါတယ်)
...

Don't Move (2024) ⭐IMDB: 5.9/10 (11 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နက်ဖလစ်က အသစ်ထွက်တဲ့ စိတ္တဇ ဟော်ရာ သည်းထိပ်ရင်ဖိုကားပါ။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ စိတ္တဇလူသတ်သမားတစ်ယောက်ဟာ လူသူမနီးတဲ့ လမ်းပေါ်မှာ တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းကလေး တစ်ယောက်ကို ဖမ်းပြီး သူ့ရဲ့အိမ်ကိုခေါ်သွားဖို့ ကြိုးစားပါတယ်။ အဲဒီမိန်းကလေးကို သူက အကြောသေဆေးတစ်မျိုး ထိုးပေးထားပြီး အဲဒီဆေးက အာနိသင်အပြည့်ပြဖို့ မိနစ် ၂၀ လိုပါတယ်။ အဲဒီမိနစ် ၂၀ အတွင်းမှာ သူ့လက်ကနေ ဘယ်လို လွတ်အောင်ပြေးရမလဲဆိုတာရယ် သူကရော အဲဒီသားကောင်ကို ပြန်ရဖို့ နည်းမျိုးစုံသုံးပြီး လိုက်ရှာပုံကို ပြထားတာပါ။ ဒီလိုအမျိုးအစားကြိုက်တတ်သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။
...

Things Will Be Different (2024) ⭐TMDB: 54% User Score 🎬 #Horror #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဓားပြမှုတစ်ခုကနေ ရဲတွေလက်ကထွက်ပြေးလွတ်မြောက်လာတဲ့ မောင်နှမနှစ်ယောက်သူတို့ပုန်းခိုဖို့အတွက်နေရာရှာဖို့ဖြစ်လာပါတယ် ဒီအချိန်မှာအစ်ကိုဖြစ်သူက သူရှာတွေ့ထားတဲ့ လယ်တောထဲကအိမ်တစ်လုံးမှာသွားပုန်းနေကြမယ်ဆိုပြီးညီမဖြစ်သူနဲ့ထွက်လာခဲ့ပါတယ် အဲဒီလယ်တောထဲကအိမ်မှာ ထူးဆန်းမှုတွေနဲ့ပြည့်နေပြီး မတူညီတဲ့ အချိန်ကာလတစ်ခုကိုရောက်သွားပြီး အချိန်သံသရာထဲမှာ တစ်ဝဲလည်လည်နဲ့ရုန်းမထွက်နိုင်ဖြစ်နေကြတာပေါ့ ဒီလိုနဲ့အချိန်ထိန်းချုပ်တဲ့သူတွေနဲ့ သူတို့မောင်နှစ်မနှစ်ယောက်ကြားမှာ အပေးအယူတွေလုပ်ပြီးဒီအချိန်သံသရာထဲကနေရုန်းထွက်နိုင်ပါ့မလား…..ဘယ်လိုထူးဆန်းမှုတွေနဲ့ကြုံတွေ့ရပြီး ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ကြရမလဲဆိုတာကိုတော့……….. ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်
...

Femme Fatale (2002) ⭐TMDB: 62% User Score 🎬 #Crime #Mystery #Thriller 🗓 2002 🎞 movie 🌎 #Switzerland #France ⏰ 1 နာရီ 55 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟော့ဟော့ရမ်းရမ်း ဇာတ်ဝင်ခန်းတချို့ပါဝင်ပြီး ဇာတ်သိမ်းတော်တော်မိုက်တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် Laure ဆိုတာ အတွင်းစိတ် ကောက်ကျစ်စဉ်းလဲတဲ့ မိန်းကလေး… သူရယ် သူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ရယ် ပေါင်းပြီး ပါရီမြို့က ရုပ်ရှင်ပွဲတော်တစ်ခုမှာ စိန်တွေဝတ်လာတဲ့ ဒါရိုက်တာဘေးက အမျိုးသမီးရဲ့ စိန်တွေကို ခိုးဖို့လုပ်ကြတယ် စိန်ခိုးမစ်ရှင်မှာ အလွဲတွေဖြစ်သွားတော့ ကျန်တဲ့နှစ်ယောက်ကို သစ္စာဖောက်ပြီး စိန်တွေနဲ့ လစ်ပြေးသွားတယ် ကံကောင်းချင်တော့ ပါရီမြို့က လီလီဆိုတဲ့ ကောင်မလေးနဲ့ သူ့ကိုအမှတ်မှားနေကြတဲ့အခါမှာ လီလီ့အိမ်ကို ရောက်သွားရင်း … ဇာတ်လမ်းကို အများကြီးပြောမနေတော့ပါဘူး ဟော့ဟော့ရမ်းရမ်း ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရကျိုးနပ်မယ့် ရုပ်ရှင်လို့ပဲ ညွှန်းပါတယ်
...

Far from Heaven (2002) ⭐TMDB: 70% User Score 🎬 #Drama #Romance 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 7.3 ဒီတစ်ခါတော့ old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီးကြီး Julianne Moore ပါ၀င်သရုပ်ဆောင်ခဲ့ပြီး 2002 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်ရုပ်ရှင်ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားထဲက မင်းသား မင်းသမီးတွေက ဆုတွေအများကြီး ရရှိခဲ့တာမို့လို့ ဇာတ်လမ်းက အရမ်းကောင်းမယ်ဆိုတာ မပြောလဲသိကြမှာပါ။ ဇာတ်လမ်းအညွှန်းလေးကတော့ 1950ခုနှစ်လောက်တုန်းက အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ ဘ၀၊ လူဖြူလူမဲခွဲခြားတာတွေ၊ LGBT တွေနဲ့ ပတ်သက်ပြီး အတွေးအခေါ်တွေကို ရှုထောင့်မျိုးစုံ ထောင့်ပေါင်းစုံ ကနေ ရိုက်ပြထားတာမို့ အများကြီး‌ညွှန်းမနေတော့ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။
...

Ghost Friend Forever (2024) ⭐- 🎬 #GL 🗓 2024 🎞 movie 🌎 #Thailand ⏰ 58 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghost Friend Forever (သူငယ်ချင်းသရဲမလေး) အိမ်အသစ်ကိုပြောင်းလာတဲ့ ဒေးဆိုတဲ့ကောင်မလေးဟာ အိမ်ကိုပြောင်းပြီးတဲ့နောက်မှာအရိပ်လိုလိုတွေ မြင်နေရပေမဲ့ စိတ်ထဲထင်တာပါလေဆိုတဲ့စိတ်နဲ့ပဲ ဆက်နေနေရာကနေတစ်ရက်တော့ အိပ်မက်လိုလို အပြင်မှာလိုလိုနဲ့ ကောင်မလေးတစ်ယောက်ကို မြင်ရပါတော့တယ်။အဲဒီကောင်မလေးကို လိုက်ရှာကြည့်ပေမယ့် ဘယ်မှာမှ ရှာမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့ တစ်ရက်မှာ အိပ်နေရင်း ရုတ်တရက်လန့်နိုးလာရာကနေရှေ့မှာ သူအရင်က အိပ်မက်ထဲမှာမြင်လိုက်ရတဲ့ ကောင်မလေးကို တွေ့လိုက်ရပါတော့တယ်။ဘယ်သူလဲ ဘယ်ကလဲမေးရင် သူမြင်နေရတဲ့ကောင်မလေးဟာ သရဲမလေးဖြစ်နေတာကို သိလိုက်ရတဲ့အချိန်မှာတော့ …….အိမ်တစ်အိမ်ထဲမှာ လူကောင်မချောချောလေးနဲ့ သရဲမချောချောလေးတို့နှစ်ယောက်တည်းဘယ်လိုတွေ နှပါးသွားကြမလဲ ဆိုတာကို ကြည့်ရှုရမယ့် GL ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အညွှန်းကိုတော့Char Ouက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Char Ou, Mary, Su Myat, Dao Phyoတို့ပဲ ဖြစ်ပါတယ်။
...

Gaganachari (2024) ⭐IMDB: 7.2/10 (542 Votes) 🎬 #Bollywood #Comedy #SciFi #ScienceFiction #Fantasy 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gaganchari (2024)”အာကာသခရီးသည်”=============================== အိန္ဒိယ ရုပ်ရှင်လောကထဲမှာ ဇာတ်လမ်းကောင်းတွေအထွက်များတဲ့ Mollywood ကနေ အသစ်ထွက်လာတဲ့IMDb 7.5/10 ရ ဒက်စတိုးပီးယန်းဆန်ဆန်ဇာတ်အိမ်ဆန်းဆန်းရုပ်ရှင်သစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဝာတိယဂာမ္ဘာစစ်ဖြစ်ပြီးချိန် ကမ္ဘာပျက်ကပ်အလွန် ၂၀၄၀ ခုနစ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီခေတ် အိန္ဒိယနိုင်ငံအတွင်းမှာ စက်သုံးဆီတွေသုံးခွင့်ပိတ်ပင်ထားပြီး ဂြိုဟ်သားတွေရဲ့စိမ့်ဝင်မှုကိုလည်းကြုံနေရပါသေးတယ်။အဲဒီလို ကမ္ဘာပျက်ကပ်အလွန်ခေတ်ကြီးထဲမှာ စပ်စုတတ်တဲ့ လူငယ်နှစ်ယောက်ကဂြိုဟ်သားမုဆိုးဆိုတဲ့ ရေလည်ကြမ်းတဲ့ဘဲကြီးတစ်ပွေအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားရင်းအဲဒီကာလကြီးမှာ လူတွေကြုံတွေခဲ့ရတဲ့အကြောင်းတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Gaganachari (2024) ⭐IMDB: 7.2/10 (538 Votes) 🎬 #Bollywood #Comedy #SciFi #ScienceFiction #Fantasy 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gaganchari (2024)”အာကာသခရီးသည်”=============================== အိန္ဒိယ ရုပ်ရှင်လောကထဲမှာ ဇာတ်လမ်းကောင်းတွေအထွက်များတဲ့ Mollywood ကနေ အသစ်ထွက်လာတဲ့IMDb 7.5/10 ရ ဒက်စတိုးပီးယန်းဆန်ဆန်ဇာတ်အိမ်ဆန်းဆန်းရုပ်ရှင်သစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဝာတိယဂာမ္ဘာစစ်ဖြစ်ပြီးချိန် ကမ္ဘာပျက်ကပ်အလွန် ၂၀၄၀ ခုနစ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီခေတ် အိန္ဒိယနိုင်ငံအတွင်းမှာ စက်သုံးဆီတွေသုံးခွင့်ပိတ်ပင်ထားပြီး ဂြိုဟ်သားတွေရဲ့စိမ့်ဝင်မှုကိုလည်းကြုံနေရပါသေးတယ်။အဲဒီလို ကမ္ဘာပျက်ကပ်အလွန်ခေတ်ကြီးထဲမှာ စပ်စုတတ်တဲ့ လူငယ်နှစ်ယောက်ကဂြိုဟ်သားမုဆိုးဆိုတဲ့ ရေလည်ကြမ်းတဲ့ဘဲကြီးတစ်ပွေအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားရင်းအဲဒီကာလကြီးမှာ လူတွေကြုံတွေခဲ့ရတဲ့အကြောင်းတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Bagman (2024) ⭐IMDB: 4.6/10 (2 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bagman (2024) ဒီ ကြောက်စရာကောင်းတဲ့ ဟော်ရာကားက Colm McCarthy ရဲ့ လက်ရာပါ။ သူကတော့ Black Mirror, Peaky Blinders, Shelock တို့လိုအကောင်းဆုံးစီးရီးတွေမှာ အပိုင်းတွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါပဲ။ မင်းသားကတော့ Me Before You နဲ့ အားလုံးသိကြတဲ့ Sam Claflin ပါ။ ဇာတ်လမ်းအကျဉ်း ပက်ရဲ့ မြို့လေးမှာ အိတ်နဲ့လူကြီးဆိုတော့ ကြောက်စရာပုံပြင်တစ်ခုရှိတယ်။ အဲဒီလူကြီးက လိမ္မာတဲ့ကလေးတွေကို ဖမ်းပြီးပျောက်ကွယ်သွားအောင်လုပ်တတ်တယ်တဲ့။ အဲဒီကို အတော်များများက ပုံပြင်လို့ပဲ မှတ်ကြပေမဲ့ ပက်ကတော့ ကလေးဘဝတုန်းကတည်းက အဲဒီပုံပြင်ကို အရိုးစွဲအောင် ကြောက်ခဲ့တဲ့သူပါ။ ဒါပေမဲ့ သူပြောတာကို ဘယ်သူမှ မယုံပါဘူး။ သူအရွယ်ရောက်လို့ ကလေးတစ်ယောက်ရလာတဲ့အချိန်မှာ သူ့ရဲ့ ဇာတိမြို့လေးကို ပြန်လာဖို့ အကြောင်းဖန်လာတယ်။ အဲဒီအချိန်မှာပဲ အိတ်နဲ့လူကြီးဆိုတာ တကယ်ရှိကြောင်း သိလာပြီး သူ့ရဲ့သားကို ပစ်မှတ်ထားနေကြောင်းသိတဲ့အခါ ပက်နဲ့ သူ့မိန်းမက သူတို့သားကို ကယ်တင်ဖို့အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။)
...

Zwigato (2022) ⭐IMDB: 7.0/10 (9 k Votes) 🎬 #Bollywood #Drama 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 45 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Zwigato 2023 ဘဝဇာတ်ခုံImdb 7/10 မိသားစုအတွက် အရာရာဖြည့်ဆည်းပေးချင်တဲ့ဖခင်အတတ်နိုင်ဆုံးရုန်းကန်ရှာဖွေပေမဲ့ မန်နေဂျာအလုပ်ကထွက်လာပြီးဒလီလိုက်ပို့နေရတော့ ထင်သလောက်ခရီးမတွင်ခဲ့မိန်းမဖြစ်သူကိုလည်းရွှေပေါ်မြတင်ထားချင်သူကလေးတွေကိုလည်း သူတို့ပူဆာတဲ့ဖုန်းအပြင်ကိုကား ဆိုင်ကယ် လေယာဉ်ပျံထိဝယ်ပေးချင်ရှာသူပေါ့မိန်းမကအလုပ်လုပ်မယ်ဆိုတာတောင်အပြင်လောကကဘယ်လောက်ခက်ခဲကြောင်းပြောပြီးအိမ်မှာပဲအေးအေးဆေးဆေးနေခိုင်းပြီးသူတစ်ယောက်တည်းကုန်းရုန်းရှာဖွေနေတဲ့ဖခင်တစ်ယောက်ပါ ဒါပေမဲ့သူဒီလို ပစ္စည်းပို့နေတာကို သမီးဖြစ်သူကရှက်ပါတယ်သမီးဖြစ်သူရဲ့စာသင်ခန်းထဲမှာက ကျောင်းအုပ်ဆရာကြီးရဲ့သားရှိတယ်လေ သူ့အဖေကတော့ ဒလီပို့နေတာဆိုတော့ သိပ်မကြိုက်ချင်ဘူးပေါ့ယောကျာ်းဖြစ်သူရုန်းကန်နေရတာကိုမကြည့်ရက်တဲ့မိန်းမကအလုပ်လုပ်ဖို့ကြံပါတော့တယ် ဆိုတော့ဇာတ်လမ်းကအေးအေးလေးနဲ့အဆုံးထိဆွဲဆောင်နိုင်ပါတယ် ခုခေတ်ကြုံတွေ့နေရတဲ့ ငွေကြေး မိသားစုပြဿနာတွေကိုလည်းရှုထောင့်အသီးသီးကရိုက်ပြထားတာဖြစ်လို့ မဆိုးလှတဲ့ဇာတ်ကားတစ်ကားပါပဲ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ပဲဖြစ်ပါတယ်
...

Meiyazhagan (2024) ⭐IMDB: 8.5/10 (4 k Votes) 🎬 #Bollywood #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 38 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Meiyazhagan(2024) စစ်မှန်သောအလှပိုင်ရှင် လူသား မီယာဇ်ဟာဂန် ၂၀၂၄ ထွကိ ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဆွေမျိုးတွေအကြား အမွေစားအမွေခံခွဲဝေမှုတွေကြောင့်ဘိုးဘွားပိုင်အိမ်လေးနဲ့မွေးရပ်မြေမြို့လေးကို စိတ်နာနာနဲ့ခွဲခွာနှုတ်ဆက်ပြီး အပြီးအပိုင်ထွက်သွားခဲ့တဲ့အာရူလ်တစ်ယောက် … တစ်ဝမ်းကွဲညီမဖြစ်သူမှ သူ့ရဲ့မင်္ဂလာဆောင်ကို တက်ပေးဖို့ စာပို့လာတဲ့အခါမှာတော့နှစ်ပေါင်း(၂၀) အကြာခွဲခွာခဲ့ရတဲ့ မွေးရပ်မြေဇာတိမြို့လေးကိုပြန်ရဖို့အကြောင်းဖန်လာပါတော့တယိ။ ဘဝမှာထပ်မတွေ့ချင်တော့တဲ့ လူတွေရှိတဲ့ ချစ်ရတဲ့မြို့လေးကိုအာရူလ်တစ်ယောက်ပြန်ရောက်အပြီးတစ်စုံတစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံပြီးတဲ့နောက်မှာသူ့ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာရတဲ့အခါ….. ကြည့်ပြီးရင် နောင်တမရစေမယ့် မိသားစုဒရမ်မာကားကောင်းလေးတစ်ကားမလို့ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကရေးသားပေးထားခြင်းဖြစ်ပါတယ်)
...

Buzz House: The Movie (2024) ⭐IMDB: 3.2/10 (1 k Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Romania ⏰ 1 နာရီ 33 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရိုမေးနီးယား horror-comedy လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လှေနဲ့ပဲသွားလို့‌ရပြီး လူသူအရောက်နည်းတဲ့‌အိမ်ကြီးတစ်ခုမှာ ပြိုင်ပွဲဝင်တွေကိုသွားနေခိုင်းပြီး အဲဒီပြိုင်ပွဲဝင်တွေကို အမွေးပွကောင်ဝတ်စုံနဲ့လူက လိုက်ခြောက်လှန့်ခိုင်းတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒါပေမဲ့ ဘယ်သူမှမမျှော်လင့်ထားတဲ့အရာတစ်ခု ဖြစ်လာတဲ့အချိန်မှာတော့ ဘယ်လိုအလွဲလေးတွေ ဆက်ဖြစ်ကြမလဲဆိုတာ ရှုစားအားပေးကြပါဦး
...

Love on the Danube: Love Song (2024) ⭐IMDB: 5.8/10 (193 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedKingdom #Canada #Belgium ⏰ 1 နာရီ 24 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆာရာနဲ့ ဂျူလီယာတို့ သားအမိဟာ အားလပ်ရက်မှာ အချိန်အတူတူ ကုန်ဆုံးချင်တဲ့အတွက် အပျော်စီးသဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂျက်တို့ သားအဖဟာလည်း အချင်းချင်း ပိုရင်းနှီးလာအောင် သဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ ဒီလိုနဲ့ ဆာရာနဲ့ ဂျက်တို့ သင်္ဘောပေါ်မှာ အမှတ်မထင် ဆုံတွေ့မိပြီး ရင်းနှီးသွားရာက မိဘတွေအကြောင်း စကားစပ်မိပြီး ဆာရာ့အမေနဲ့ ဂျက်ရဲ့အဖေတို့ဟာ အိမ်ထောင်ဖက်တွေ ဆုံးသွားလို့ စိတ်ဒဏ်ရာရနေတဲ့အကြောင်း ပြောဖြစ်ကြပြီး သူတို့ မိဘတွေကို အောင်သွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်ထားသလို သူတို့မိဘတွေက ချစ်ကျွမ်းဝင်သွားမလား၊ စီစဉ်တဲ့သူနှစ်ယောက်ကပဲ ချစ်ကျွမ်းဝင်သွားမလားဆိုတာကို ကြည်နူးဖွယ်ကြည်ရှုရမဲ့ Romance Comedy ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။
...

Poultry Farm Chelladurai (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kozhipannai Chelladurai (2024)“မိဘမဲ့” ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက်အသစ်ထွက်ရှိထားတဲ့ တမီးလ်ဒရာမာရုပ်ရှင်လေးကိုတင်ဆက်လိုက်ပါတယ် ဟာသမင်းသား ယိုဂီဘာဘူလည်း တစ်ထောင့်တစ်နေရာကအားဖြည့်ထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဆူဒါနဲ့ ချလာဒူရိုင်တို့မောင်နှမဟာ ဖောက်ပြန်ပြီး ခိုးရာလိုက်သွားတဲ့မိခင်၊စိတ်ညစ်ပြီး ကလေးတွေကို ဆက်မစောင့်ရှောက်နိုင်တော့တဲ့ဖခင်ကြောင့် အဘွားအိမ်ကို ရောက်လာခဲ့တယ် ဒါပေမဲ့ ကံထပ်ဆိုးချင်တော့ အဘွားဖြစ်သူပါ ဆုံးပါးသွားတဲ့အတွက်သူတို့မောင်နှမနှစ်ယောက်ဟာ သူများပေးကမ်းတာတွေနဲ့ အသက်ရှင်နေရတဲ့အချိန်ရွာသားတစ်ယောက်က သူ့ရဲ့ကြက်ခြံမှာ အလုပ်တစ်ခုပေးခဲ့ပါတယ် လောကဓံကို သူတို့မောင်နှမ ဘယ်လိုဆက်လက်ရင်ဆိုင်မှာလဲဘယ်လိုဆူးငြှောင့်ခလုတ်တွေနဲ့ ရင်ဆိုင်ရဦးမှာလဲ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Mooru Kaasina Kudure (2024) ⭐- 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 50 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mooru Kaasina Kudure 2024 (တက္ကစီပေါ်က ဇာတ်လမ်းလေး) ဒါနူးဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဇာတ်ကားမှာ နေရာကောင်းရနိုင်ဖို့အတွက် ဒါရိုက်တာကို ရူပီး၅သိန်းပေးရမှာဖြစ်တဲ့အတွက်ဆိုနူးက ပိုက်ဆံကို သူရှိတဲ့ ဂျေပီနဂါးကို လာယူခိုင်းပါတယ်။ အိမ်ကမသိအောင်ပေးမယ့် ဆိုနူးတစ်ယောက်ကမြန်မြန်ကိစ္စပြတ်အောင် တက္ကစီငှားလာဖို့ပြောတဲ့အတွက် ဒါနူးတစ်ယောက် ကားငှားပြီးတော့ အမြန်သွားပါတော့တယ်။ ဒီလိုနဲ့ လမ်းက ပိတ်လို့ ရှောင်မောင်းနေရရင်း လမ်းတစ်နေရာအရောက်မှာ ဒါနူးစီးလာတဲ့ကားပေါ်ကိုကောင်မလေးတစ်ယောက်က ရေးကြီးသုတ်ပျာနဲ့ တက်လာခဲ့ပါတော့တယ်။ အဲဒီကောင်မလေးကတော့ ဝန်ကြီးရာမူရသီရဲ့သားနဲ့ မင်္ဂလာဆောင်တော့မယ့်နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ မာဟန်ဒရာဗာမာရဲ့သမီးလေးဆိုပြီး သူ့ကိုယ်သူ မိတ်ဆက်လာပါတယ်။ ဒီမင်္ဂလာပွဲကို လက်မခံဘဲ သူ့ချစ်သူနဲ့အတူ ပေါင်းဖက်ချင်တဲ့အတွက် အိမ်ကနေ ထွက်ပြေးလာခဲ့တာဖြစ်ပြီးသူ့အဖေကလည်း သူ့သမီးကို ပြန်ဖမ်းမိနိုင်ဖို့ သူ့လူတွေကို လွှတ်ပြီး ဖမ်းခိုင်းပါတော့တယ်။ အဲဒီကောင်မလေး ဒါနူးငှားစီလာတဲ့ကားပေါ်ကိုရောက်လာပြီးနောက် နောက်ကလိုက်လာတဲ့သူတွေကိုမမီနိုင်အောင်မောင်းပြေးရင်းနဲ့ ဒါနူးတစ်ယောက် သွားချင်တဲ့နေရာကိုမရောက်ဘဲ ကားပေါ်မှာ သောင်တင်နေပါတော့တယ်။ဒီလိုနဲ့ ဒါနူးတစ်ယောက် လိုရာပန်းတိုင်ကို ရောက်သွားနိုင်မှာလား …..သူဌေးသမီးလေးဆိုတဲ့ကောင်မလေးကရော သူမဆောင်ချင်တဲ့မင်္ဂလာပွဲကနေ လွတ်မြောက်သွားနိုင်မှာလား ….. တက္ကစီတစ်စီးပေါ်မှာတင် သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ဘယ်လိုတွေ ဖြစ်လာမလဲ….ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
...

My Summer with Irene (2024) ⭐IMDB: 6.1/10 (88 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Italy #France ⏰ 1 နာရီ 30 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Summer With Irène 2024Imdb 6/10 အီရန်နဲ့ဖြတ်သန်းခဲ့ရတဲ့နွေရာသီက အရမ်းကိုမှလှပပါတယ်ရိုးအီနေတဲ့အရာတွေဖြစ်ပျက်နေတဲ့ကျွန်မရဲ့ပတ်ဝန်းကျင်ကိုအသစ်အဆန်းတွေနဲ့အရောင်စုံစေခဲ့တဲ့သူမသူမရှိတဲ့နွေရာသီကိုမတွေးကြည့်နိုင်သလိုသူမရှိဘဲအသစ်အသစ်တွေကို ခုလိုမျိုးစိန်ခေါ်နိုင်ပါ့မလား ရောဂါကုထုံးကိုခံယူနေကြတဲ့လူနာတွေ ဒီထဲမှာ ကလာရာနဲ့ အီရန်တို့လည်းအပါအဝင်ပေါ့ငယ်ဘဝကိုတခြားကလေးတွေလိုမဖြတ်သန်းရဘဲ ကုထုံးပြီးအောင်သာအန်တုရင်းဖြတ်သန်းနေရသူတွေ အချင်းချင်းမသိကြတဲ့လူတွေကြားထဲဒီ၂ယောက်ကသွားပေါင်းမိကြတယ် အရင်ကမလုပ်ဖူးတဲ့စိန်ခေါ်မှုကတော့ ဒီလိုနေရာကထွက်ပြေးပြီးပင်လယ်ကမ်းခြေဆီသွားအပန်းဖြေဖို့ပါပဲနေရောင်နဲ့မတည့်ကြတဲ့လူတွေဖြစ်လို့ နေရောင်အောက်ကိုတောင်သိပ်မထွက်နိုင်ကြတဲ့သူတို့ကဘယ်သူမှမသိအောင်ကမ်းခြေဆီခိုးထွက်လာရင်း နွေရာသီကိုဘယ်လိုဖြတ်သန်းကြမလဲရောဂါကိုအန်တုဖို့ကြိုးစားနိုင်မလားဆိုတာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ်
...

Baligtaran (2024) ⭐IMDB: 5.1/10 (18 Votes) 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကတ်ဟာ ဒီဂျေကောင်မလေးတစ်ယောက်ဖြစ်ပြီး ငယ်ဘ၀ဖြစ်စဉ်တစ်ခုကြောင့် ယောက်ျားတွေကို ကြောက်ရွံ့ရှောင်တိမ်းတတ်ပါတယ်။ တစ်နေ့တော့ သူတို့ဘားပိုင်ရှင်နဲ့အတူပါလာတဲ့ ဒနိစ်ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံပြီး ဒနိစ်ရဲ့ဖြားယောင်းသွေးဆောင်မှုကြောင့် မိန်းကလေးချင်းဆက်ဆံဖူးတဲ့အတွေ့အကြုံကို ပထမဆုံးခံစားမိပြီး ဒနိစ်ကိုစွဲလန်းသွားပါတော့တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို Pansexual တစ်ယောက်အဖြစ်ခံယူထားတဲ့ ဒနိစ်ကတော့ သူ့ကိုအတည်မတွဲပဲ တစ်ခြားသူတွေနဲ့ခိုးစားမြဲစားနေတဲ့အချိန်မှာတော့ ကတ်တစ်ယောက် သူ့အနေအထားကို သူပြန်ဆန်းစစ်ဖို့ဖြစ်လာပါတော့တယ်။ Pantaxa laiya ပြိုင်ပွဲဝင်ဟောင်း Apple Dy ကို အမိုက်စား DJ မမအဖြစ်စတိုင်အသစ်နဲ့မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

The Haunting of the Tower of London (2022) ⭐IMDB: 3.6/10 (1 k Votes) 🎬 #History #Horror 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 30 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Haunting of the Tower of London (2022) အင်္ဂလန်ရဲ့ Tudorအိမ်တော်က ဘုရင်တွေလက်ထပ်က ဇာတ်လမ်းပါ။ အင်္ဂလန်နန်းတွင်းကားကိုမှ Horror vibeနဲ့ ရိုက်ပြထားတဲ့ဇာတ်လမ်းပါ။ အတ်ဒဝတ်ဘုရင် လက်ထပ်မှာ အယ်လီဇဘက်မိဘုရားရဲ့ သားတော်နှစ်ပါးသေဆုံးသွားပါတယ်။ နန်းတော်ထဲက ထွက်ခဲလှတဲ့ သားတော်နှစ်ပါးသေဆုံးသွားတဲ့ တရားခံက နန်းတော်ထဲမှာပဲရှိမယ်ယူဆပြီး ရှာကြပါတယ်။ အတ်ဒဝတ်ရဲ့ ထီးနန်းကို လိုချင်နေတဲ့ ရစ်ချက်ဟာ နာမကျန်းဖြစ်နေတဲ့ အတ်ဒတ်ရဲ့ သားတော်နှစ်ပါးမရှိတော့တဲ့နောက် ထီးနန်းကို သူရမှာသေချာသလောက်ဖြစ်နေတဲ့အတွက် တရားခံကိုရစ်ချက်လို့ အယ်လီဇဘက်ရဲ့ အစေခံက ထင်ထားပါတယ်။ ဒါပေမဲ့ ဘာသက်သေမှမရှိခဲ့ပါဘူး။ ဒီတော့ အယ်လီဇဘက်ရဲ့အစေခံဟာ နန်းတော်ပြင်ပက သရဲတစ္ဆေတွေကို မြင်နိုင်တဲ့ စကားပြောနိုင်တဲ့ သူတစ်ယောက်အကြောင်း သဲ့သဲ့ကြားပြီး အဲဒီလူကို နန်းတော်ကိုခေါ်လာပြီး မင်းသားလေးတွေရဲ့ ဝိညာဉ်နဲ့ စကားပြောခိုင်းပြီး တရားခံဖော်ဖို့လုပ်တဲ့အခါမှာတော့….. သရဲကားလည်းဟုတ်သလို နန်းတွင်းကားလည်းဟုတ်သလို နှိပ်စက်ခန်းတွေလည်း မနည်းပါပါတယ်။ လိင်ဆက်ဆံခန်းတစ်ချို့လည်းပါတာကြောင့် မိသားစုနဲ့ ကြည့်လို့ အဆင်မပြေပါဘူး။ ရှေးခေတ်မှာ ဇာတ်အမ်တည်ထားလို့ ဆန်းပြားသလို ဇာတ်အိမ်ကလည်း အကွက်လေးတွေနဲ့ ကြည့်လှပါတယ်။ သရဲကားကြိုက်တဲ့ လူတွေအတွက်တော့ ကြည့်ကောင်းကြမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...