en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Kho Gaye Hum Kahan (2023) ⭐IMDB: 8.8/10 (10 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kho Gaye Hum Kahan (2023)”ဘယ်မှာလမ်းတွေပျောက်ခဲ့”=============================================မင်းသမီးချောလေး အာနန်ယာပန်ဒေး၊ The White Tiger ထဲက မင်းသား ဂေါ်ရပ်ဗ်နဲ့Gully Boy ထဲက MC Shaah နေရာမှာသရုပ်ဆောင်ခဲ့တဲ့မင်းသား ချာတူရ်ဗေဒီတို့ရဲ့ ရုပ်ရှင်သစ်လေးကိုစီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အဟာနာ၊ အီမာ့ဒ်နဲ့ နီးလ်ဆိုတဲ့ စရိုက်မတူ၊ အလုပ်အကိုင်မတူကြတဲ့ငယ်သူငယ်ချင်းသုံးယောက်ဟာ မွမ်ဘိုင်းမြို့ကြီးမှာ တိုက်ခန်းတစ်ခုငှားကာ အတူနေကြပါတယ်။ ဒီလို နေကြရင်း အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဘာသာဘာဝ ရည်ရွယ်ချက်တွေဝိုးတဝါးဖြစ်ကာအနိမ့်အမြင့်အတက်ကျပေါင်းစုံကို အတူတူဖြတ်ကျော်ကြပုံတွေကိုပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားလေးပါပဲ။ ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ထားပုံလေးက ထူးခြားတဲ့အပြင် cast တွေကလည်းရှယ်တွေဖြစ်တာကြောင့် အချိန်ပေးရကျိုးနပ်တဲ့ ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားသူတွေကတော့Yunni ~ V ~ ToMo ~ Alex ~ KKKZ နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Relax, I'm from the Future (2023) ⭐IMDB: 5.4/10 (367 Votes) 🎬 #Comedy #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 33 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အနာဂတ်သွားတာတွေ အတိတ်ကိုပြန်သွားတာတွေ ဗေးရီးယန့်လိုမျိုးတွေကို ဟာသနှောထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမဲ့ ငပြောင်ကားတစ်ကားပါ။ အေးဆေးနော်…ငါက အနာဂတ်ကလာတာဆိုတာကြီးကို တွေ့သမျှလူ လျောက်ပြောနေတဲ့ ဘဲကြီးတစ်ဗွေ။ သူဘာလို့ အချိန်ခရီးသွားရလဲဆိုတော့ တယောက်တည်း ငေါင်နေရတာပျင်းလို့ပါတဲ့။ အဲဒါနဲ့ ၂၁ရာစုကာလဆီကို အပျင်းများပြေမလား အချိန်ခရီးသွားကြည့်တာတဲ့။ တစ်ခုရှိတာက နည်းပညာအခက်အခဲကြောင့် ပစ္စုပ္ပန်ကိုပြန်သွားလို့မရပါဘူး။ ဒီမှာတင်ပဲ အနာဂတ်ကဆိုတဲ့အတွက်ကြောင့် ထွက်မဲ့ထီဂဏန်းတွေကြိုသိဘာညာနဲ့ ကျေးဇူးရှိတဲ့ မိတ်ဆွေသစ်တွေကိုကူညီရင်း သူ့အကြောင်းကိုသိပြီး လိုက်ဖမ်းတဲ့လူတွေကို ရှောင်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသနှောတင်ဆက်ထားတာမို့ အပျင်းပြေစေမဲ့ကားတစ်ကားပါပဲ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ PTပဲဖြစ်ပါတယ်)...

Cherry (2022) ⭐IMDB: 5.6/10 (230 Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 16 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အသက်၂၅နှစ်အရွယ်မှာ ဘာတစ်ခုမှရေရေရာရာ မအောင်မြင်ခဲ့ဖူးတဲ့ချယ်ရီဟာ ကလေးတစ်ယောက်ကိုတော့ အောင်အောင်မြင်မြင်နဲ့ရရှိခဲ့ပါတယ်။ သူမအနေနဲ့ ဒီကလေးကို မွေးဖို့ဆုံးဖြတ်ရမလား ဖျက်ချလိုက်ရမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ၂၄နာရီစာအတွင်း ဇာတ်ကောင်ရဲ့လှုပ်ရှားမှုတွေကနေတဆင့်ရိုက်ကူးတင်ပြထားတာကို တွေ့နိုင်ပါတယ်။ ချယ်ရီတစ်ယောက် ကိုယ်ဝန်နဲ့ပက်သက်ပြီးဘယ်လိုရွေးချယ်မှုမျိုးကိုပြုလုပ်မလဲဆိုတာကို ဇာတ်လမ်းဆန်ဆန် tempoတွေမပါဘဲ ချယ်ရီ့ရဲ့ဘဝကိုပဲ ၂၄နာရီစာdocumentaryပုံစံဆန်ဆန်နဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားမျိုးပါ။ အသက်သာရလာတယ် ဘဝမှာဘာတစ်ခုမှရေရေရာရာမဖြစ်ထွန်းတဲ့လူငယ်တွေတော်တော်များများ relateလုပ်လို့ရတဲ့ real life dramaကားတစ်ကားဖြစ်ပါတယ်။...

A Violent Man (2022) ⭐IMDB: 5.0/10 (802 Votes) 🎬 #Crime #Drama 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 45 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ နှစ်ရှည် အကျဉ်းသား တစ်ယောက်အကြောင်းကို ရိုက်ပြထားတဲ့ Crime /Drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မိုက်ကယ်ဆန်ဟာ သူ့ ဇနီးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး ထောင်ကျခံနေရသူ တစ်ဦးပါ ဒေါသကြီးပြီး အကြမ်းဖက်တတ်တဲ့လူတစ်ယောက် ဖြစ်တာကြောင့် ထောင်ထဲမှာ အမှုတွေ တစ်ခုပြီးတစ်ခုဖြစ်ရင်း ထောင်သက်ဟာလည်း ပိုပြီး ရှည်ကြာလာခဲ့ပါတယ်။ မိုက်ကယ်ဆန်တစ်ယောက် ထောင်ထဲမှာ ဖြတ်သန်းနေထိုင်ပုံကို ရိုက်ကူးပြသထားတာဖြစ်ပြီး အမြဲ ကြမ်းကြမ်းတမ်းတမ်းနေတတ်တဲ့ မိုက်ကယ်ဆန်တစ်ယောက် သူ့သမီးနဲ့ တွေ့ရမယ့်အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးဗျာ...

Free Birds (2013) ⭐IMDB: 5.8/10 (26 k Votes) 🎬 #Action #Adventure #Animation #Comedy #Family #Crime #Fantasy #Horror #SciFi 🗓 2013 🎞 movie 🌎 #UnitedStates #Canada #Japan #Australia #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နှစ်တစ်နှစ်မှာရှိတဲ့ ပွဲတော်နေ့တွေရဲ့ နာမည်တွေသာကွဲပြားသွားမယ်။ တူညီတဲ့အရာတစ်ခုကတော့ စားသောက်ပွဲပါပဲ။ ပွဲတော်တစ်ခုမှာ သူနဲ့သက်ဆိုင်တဲ့အစားအသောက်တစ်ခုကတော့ မပါမဖြစ်ပေါ့။ အချိန်တွေ ဘယ်လိုပဲပြောင်းလဲသွားပါစေ… ပွဲတော်စားစရာဆိုတာ အရင်ကတည်းကရှိသလို အခုလည်းရှိနေပြီး နောင်လည်းရှိနေဦးမှာပါပဲ။ ဥပမာပြောရရင် ကျေးဇူးတော်နေ့အတွက် မပါမဖြစ် ကြက်ဆင်သားပေါ့… အဲ့ဒါကြောင့် ကျေးဇူးတော်နေ့ရောက်ခါနီးတိုင်း ကြက်ဆင်တွေမျက်ခုံးလှုပ်ရပါတယ်။ ကြက်ဆင်နိဗ္ဗာန်ဘုံဆီ ဘယ်သူ့ကိုခေါ်သွားမလဲပေါ့။ အကြောက်ဆုံးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ရက်ဂျီ ပေါ့။ သူက ကြက်ဆင်အုပ်စုကြီးအစားခံရမှာကို တွေးပူနေပြီးတော့ ထွက်ပြေးဖို့အမြဲတမ်းစည်းရုံးနေခဲ့တာပါ။ ဒါပေမဲ့ အထိမ်းအမှတ်ပွဲအတွက် ကြက်ဆင်ဖမ်းကြတော့ သူစိတ်ပူပေးနေတဲ့ ကြက်ဆင်အုပ်စုကြီးက ရယ်ဂျီ ကိုစတေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကံကောင်းချင်တော့လည်း ရယ်ဂျီ ကို သတ်ဖို့မဟုတ်ဘဲ ဘေးမဲ့ပေးတဲ့ပွဲ ဖြစ်တာကြောင့် သမ္မတစခန်းကကြက်ဆင်ဖြစ်သွားပါတော့တယ်။ ရယ်ဂျီခဗျာ.. သမ္မတရွေးထားတဲ့ကြက်ဆင်ဆိုတော့ ကုသိုလ်ကံတွေကောင်းပြီး ဇိမ်ကျနေတဲ့အချိန်… ဂျိတ်ဆိုတဲ့ နောက်ထပ်ကြက်ဆင်တစ်ကောင်က ကျေးဇူးတော်နေ့ရဲ့ အစားအသောက်စာရင်းမှာ ကြက်ဆင်သားမပါအောင် မစ်ရှင်လုပ်ရမယ်ဆိုပြီး ရောက်ချလာတဲ့အခါ… ရက်ဂျီနဲ့ဂျိတ်တို့ ဘယ်လိုတွေလွဲမလဲ? ဘယ်လိုတွေ သောင်းကျန်းမလဲဆိုတာတွေကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်...

When Time Got Louder (2022) ⭐IMDB: 7.3/10 (341 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Canada ⏰ 1 နာရီ 54 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေကတော့ coming of age dramaအမျိုးအစားလေးဖြစ်ပြီး မိသားစုလေးတစ်ခုရဲ့ ချစ်မေတ္တာတရားတွေ တစ်ဦးအပေါ်တစ်ဦး နစ်နာ ပေးဆပ်ပုံတွေ၊ ကြိုးစားရုန်းကန်ပုံတွေကို မျှဝေခံစားရမယ့် ငယ်ဘဝပုံပြင်ကားလေးပါ…။ အဓိကအားဖြင့်တော့ ပီတာဆန်မိသားစုရဲ့ မောင်နှမနှစ်ယောက်ကို အားပြုပြီးဇာတ်အိမ်တည်ထားပါတယ်…. မောင်ဖြစ်သူ ကေဒန်ဟာဆိုရင် ငယ်စဥ်ကတည်းက အော်တစ်ဇင်လို့ခေါ်တဲ့ မွေးရာပါအာရုံကြောချို့တဲ့မှု ဝေဒနာခံစားနေရသူပါ။ စကားလည်းကောင်းကောင်းမပြောနိုင်သလို နားလည်နိုင်စွမ်းလည်း သာမန်လူတွေထက်တစ်ဆင့်နိမ့်ခဲ့ရလို့ မိသားစုကမျက်စိအောက်က အပျောက်မခံ ကြည့်ရှုထားရသူလေးပါ…။ ဒီလိုဖြစ်နေတဲ့ မောင်လေးအပေါ် အစ်မဖြစ်သူအက်ဘီက အချစ်ပိုခဲ့ရပြီး မိဘတွေမအားလပ်ရင်တောင် အစ်မကြီးအမိအရာတာဝန်ကျေကာ အမြဲစောင့်ရှောက်ခဲ့သူပေါ့…။ ဒီလို မိသားစုအသိုက်အဝန်းလေးဟာ အက်ဘီတစ်ယောက် နယ်ဝေးမှာ ကျောင်းသွားမတက်ခင်အထိသာအဆင်ပြေခဲ့ပါတယ်…။ အက်ဘီတစ်ယောက် သူ့ဘဝတက်လမ်းအတွက် ကယ်လီဖိုးနီးယားမှာ ကျောင်းသွားတက်တော့ အိမ်မှာကေဒန်လေးတစ်ယောက် အဖော်မဲ့ကျန်ခဲ့ပြီး မိဘတွေကလည်း အလုပ်ကိုယ်စီနဲ့မအားလုပ်နိုင်တဲ့အခါ…. ကြေကွဲဖွယ်ဇာတ်အိမ်လေးနဲ့အတူ မိသားစုကြားချစ်မေတ္တာလေးတွေကို မြင်တွေ့ရမယ့် ဇာတ်ကားလေးမို့ ခံစားစီးမျှောကြည့်ရှုလိုက်ပါဗျာ...

For All Mankind (2019- ) ⭐IMDB: 8.1/10 (59 k Votes) 🎬 #Drama #SciFi #Fantasy #War #Politics 🗓 2019- 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 For All Mankind (2019)ဒီတစ်ခေါက်မှာတော့ IMDB 8.1/10, RT 93% ရရှိထားတဲ့ အလန်းစား စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Sci-Fi/Drama အမျိုးအစားဖြစ်ပြီး အကောင်းဆုံးဒရမ်မာစီးရီးဆု အပါအဝင် ဆုသုံးဆုနဲ့ ဆန်ကာတင် ၂၄ ခုဝင်ခဲ့တဲ့< ဝေဖန်သူတွေရဲ့အကြိုက် သုံးသပ်ချက်ကောင်းတွေ အများကြီးရရှိထားတဲ့ စီးရီးဆိုလည်း မမှားပါဘူး။ ဒီကားကိုဖန်တီးသူကလည်း Star Trek ရဲ့ပဲ့ကိုင်ရှင် Ronald D. Moore ဖြစ်တာမို့ Space advanture ဇာတ်ဝင်ခန်းတွေမှာ ပရိသတ်အကြိုက်ဖြစ်စေမယ်ဆိုတာတော့ အသေအချာပါပဲ။သမိုင်းဝင်ဖြစ်ရပ်မှန်တွေနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းကို ပေါင်းစပ်ရိုက်ကူးထားတာမို့ အပြင်မှာ တကယ်ရှိခဲ့တဲ့လူပုဂ္ဂိုလ်တွေရဲ့ ဇာတ်ကောင်တွေကလည်း ဇာတ်လမ်းကို ပိုပြီး အသက်ဝင်နေစေပါတယ်။ မင်းသား Joel Kinnaman (Johan Falk)နဲ့ Casey W. Johnson၊ မင်းသမီး Jodi Balfour (Bomb Girls: Facing the Enemy) နဲ့ Shantel VanSanten (Final Destination 4) တို့အပြင် တခြားသရုပ်ဆောင်တွေ အများကြီးကလည်း ပါဝင်အားဖြည့်ပေးထားကြပါသေးတယ်။ Your browser does not support the video tag.ဇာတ်လမ်းကတော့ ၁၉၆၉ ခုနှစ်က အမေရိကန်ရဲ့ လကမ္ဘာပေါ်ကို ဆင်းသက်နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အခြေခံထားပါတယ်။ အမေရိကန်၊ ဆိုဗီယက်နဲ့ ရုရှားတို့ သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားကြရာမှာ အမေရိကန်က အကြိမ်ကြိမ်ရှုံးနိမ့်မှုတွေ ကြုံခဲ့ရပြီး မလျှော့တဲ့ဇွဲလုံ့လနဲ့ နည်းပညာတွေကြောင့် နောက်ဆုံးမှာ အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုက ဒီမှာတင် ပြီးမသွားခဲ့ဘဲ ဆိုဗီယက်ပြည်ထောင်စုက လကမ္ဘာပေါ်ကို အမျိုးသမီးအာကာသယာဉ်မှူးတွေကိုပါ ဆင်းသက်စေခဲ့တာကြောင့် အမေရိကန်ကလည်း အားကျမခံ အမျိုးသမီးအာကာသယာဉ်မှူးတွေပါ လေ့ကျင့်ပေးဖို့ ကြိုးစားပါတော့တယ်။ ဘယ်တော့မှအဆုံးမသတ်နိုင်တဲ့ ကမ္ဘာ့အာကာသပြိုင်ပွဲဖြစ်တာမို့ အနိမ့်အမြင့် အလှည့်အပြောင်းအစုံကို Season 4 ခုစာ ဆက်တိုက် တင်ဆက်ပေးသွားမှာမို့ တစ်ဝကြီး ကြည့်ရှုခံစားလိုက်ကြပါဦးနော်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်။)...

Scrublands (2023-2023) ⭐IMDB: 7.1/10 (871 Votes) 🎬 #Drama #Crime #Thriller 🗓 2023-2023 🎞 tv series 🌎 #Australia ⏰ 53 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Scrublands (2023)Scrublands (2023) Completed Mini Series  Your browser does not support the video tag.ဒီတစ်‌ခါတော့ ဩဇီ Crime Thriller အမျိုးအစား စီးရီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိုးခေါင်ရေကြီး ရာသီဥတုဖောက်ပြန်တာတွေ အမြဲကြုံတွေ့ရတဲ့ လူဦးရေကျိုးတို့ကျဲတဲနဲ့ ရေးဗားဆန်းဆိုတဲ့ မြို့လေးမှာ ရက်စက်ကြမ်းကြုတ်တဲ့ အစုအလိုက်အပြုံလိုက်လူသတ်မှုဖြစ်ခဲ့တာကနေ ဇာတ်လမ်းစပါတယ်။ သတ်တဲ့တရားခံကလည်း မြို့သားတွေ လေးစားချစ်ခင်တဲ့၊ မြို့အတွက်ကောင်းတာတွေ အများကြီး လုပ်ပေးခဲ့တဲ့ ဖာသာဆွစ်ဖ် ပါတဲ့။ ဘုရားကျောင်းရှေ့မှာ လူ၅ယောက်ကို သူ သေနတ်နဲ့ပစ်သတ်အပြီးမှာပဲ ရဲအရာရှိက သူ့ကိုပစ်သတ်ခဲ့ပါတယ်။ ဖာသာဆွစ်ဖ်ကလည်း ကလေးမုဒိန်းကျင့်တဲ့သူအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပြီး မီဒီယာတွေက ထင်သလိုရေးကြပါတော့တယ်။ ဒီအဖြစ်ဆိုးကြီး ကြုံရပြီး တစ်နှစ်လောက်နေတော့ ဂျာနယ်လစ်မာတင်ဆိုသူက ဒီအမှုနဲ့ ပတ်သက်ပြီး သတင်းစာအတွက် ဇာတ်လမ်းရေးဖို့ ရေးဗားဆန်းကို ရောက်လာပါတယ်။ အသတ်ခံရတဲ့သူတွေက ကလေးတွေ အမျိုးသမီး‌တွေမပါဘဲ ယောကျာ်းတွေချည်း ဖြစ်နေတာရယ်၊ မြို့သူမြို့သားအချို့ကို အင်တာဗျူးပြီး မတူတဲ့အမြင်တွေရလာတာရယ်ကြောင့် ဖာသာဆွစ်ဖ်အကြောင်းကို ပိုစုံစမ်းဖို့ရာဖြစ်လာပါတယ်။ ဖာသာဆွစ်ဖ်နဲ့ သေသွားတဲ့သူတွေ ဘယ်လိုပတ်သက်နေတာလဲ… ဒီလူသတ်မှုနောက်ကွယ်မှာ ဘယ်လို အကြောင်းအရာတွေ ရှိသေးတာလဲ… ဆိုတာတွေနဲ့ပတ်သက်ပြီး မာတင်ဖော်ထုတ်တာကို စိတ်၀င်စားစရာ အားပေးရမှာပါ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Shune Lai KK ပဲဖြစ်ပါတယ်)...

Leprechaun (1993) ⭐TMDB: 56.0% User Score 🎬 #Comedy #Fantasy #Horror 🗓 1993 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Leprechaun (1992) Friends ထဲက Rachel နေရာမှာ Jennifer Aniston ကို ဒီဇာတ်ကားကြည့်မိပြီး ရွေးလိုက်တာလို့ ထင်မိတယ်။ ဖေဖေ့ပိုက်ဆံနဲ့ လောကကြီးအကြောင်းဘာမှမသိ၊ လူမှုရေးနားမလည်ပေမဲ့ အမြင်ကပ်စရာမကောင်းဘဲ ချစ်စရာကောင်းနေဖို့က သူကလွဲပြီး တခြားသူတွေ လုပ်ဖို့ ခက်လိမ့်မယ်လို့ထင်ပါတယ်။ Friends ပရိသတ်တွေ ဒီကားကိုကြည့်ပြီး Jen ကိုထပ်ချစ်သွားမှာ အသေအချာပါပဲ။ လက်ပရာခွန်ဆိုတာကတော့ တိုက်ရိုက်ဘာသာပြန်ရင် လူသေးသေးလေးလို့ ပြောတာပါတဲ့။ ပုံပြင်တွေမှာတော့ သူက ဖိနပ်ချုပ်တဲ့သူ၊ ဦးထုပ်အဝိုင်းဆောင်းထားတဲ့ ကုတ်အင်္ကျီနဲ့ လူသေးသေးလေးလို့ ပြောကြပါတယ်။ သူ့မှာ ဖိနပ်ချုပ်တာကနေရတဲ့ ရွှေတွေ အိုးလိုက်ရှိတယ်ဆိုပဲ။ သက်တံ့ရဲ့အဆုံးမှာ သူ့ရွှေအိုးကို မြှုပ်ထားပါသတဲ့။ ကျွန်တော်တို့ဆီက လူနီလေးလိုမျိုးပဲ သူ့ကို နိုင်တယ်ဆိုရင် သူပိုင်ထားတဲ့ ရွှေအိုးကို ယူလို့ရတယ်တဲ့။ ပုံပြင်တွေထဲမှာတော့ လက်ပရာခွန်က အန္တရာယ်ပေးတတ်တယ်ဆိုတာမပါဘဲ ကျီစယ်တာသန်တဲ့ ရွှတ်နောက်နောက်ကောင်လေးတွေအဖြစ်နဲ့ ပုံဖော်ကြပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Horror ဆိုတဲ့အတိုင်းပဲ ဒီလက်ပရာခွန်က နောက်တာမဟုတ်ဘဲ တကယ်လုပ်တာပါ။ ရွှေပျောက်ရှာနေတဲ့ လက်ပရာခွန်ကို မမ Jen နဲ့ ဘော်ဒါတစ်သိုက် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ Comedy နည်းနည်းရောပြီး ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...

Live Free or Die Hard (2007) ⭐TMDB: 66.0% User Score 🎬 #Action #Crime #Thriller 🗓 2007 🎞 tv movie 🌎 #USA #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင်မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=die+hardကြည့်ပါ။ Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့်ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့်သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။ Die Hard နဲ့ပတ်သက်ရင်တော့ John McClane ဇာတ်ကောင်ရဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နဲ့ပြသနာကို မရှိရှိရာနဲ့ ရသလိုဖြေရှင်းတတ်တဲ့ အကြောက်အလန့်ကင်းတဲ့စရိုက်က ပြောစမှတ်ပါပဲ။John McClane ကိုလဲ ပြသနာတွေကကြိုက်ကြပြီး သူ့ဖာသာနေရင်းထိုင်ရင်း သူ့မိသားစုကိုကယ်တင်ရင်း ပြသနာတွေထဲကို သူ့ခမျာ လုံးလုံးလျားလျားရောက်သွားရတာပါ။ Die Hard 4 ထဲက Dialouge တစ်ခုကတော့ John McClane ဇာတ်ကောင်ကိုပိုထင်ရှားစေပါမယ်။” သူရဲကောင်းဆိုတာ မျက်စိရှေ့မှာ မကယ်လို့ မရတာကို ကယ်ရင်းကယ်ရင်း နေသာသလို မနေလိုက်ဘဲ ပြသနာကိုဖြေရှင်းရင်းဖြေရှင်းရင်း ဒီလိုလူဖြစ်လာတာပါပဲ။ ” မိသားစုအတွက် မျက်စိရှေ့ကပြသနာတွေအတွက် နေသာသလိုမနေလိုက်ဘဲ ငါကတော့ ရအောင်ဖြေရှင်းမှာပဲဆိုတဲ့မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ကို ပြန်လည်ခံစားကြည့်ကြပါစို့။...

A Good Day to Die Hard (2013) ⭐IMDB: 5.2/10 (213 k Votes) 🎬 #Action #Crime #Thriller 🗓 2013 🎞 movie 🌎 #Hungary #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင်မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=die+hardကြည့်ပါ။ Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့်ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့်သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။ Die Hard နဲ့ပတ်သက်ရင်တော့ John McClane ဇာတ်ကောင်ရဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နဲ့ပြသနာကို မရှိရှိရာနဲ့ ရသလိုဖြေရှင်းတတ်တဲ့ အကြောက်အလန့်ကင်းတဲ့စရိုက်က ပြောစမှတ်ပါပဲ။John McClane ကိုလဲ ပြသနာတွေကကြိုက်ကြပြီး သူ့ဖာသာနေရင်းထိုင်ရင်း သူ့မိသားစုကိုကယ်တင်ရင်း ပြသနာတွေထဲကို သူ့ခမျာ လုံးလုံးလျားလျားရောက်သွားရတာပါ။ Die Hard 4 ထဲက Dialouge တစ်ခုကတော့ John McClane ဇာတ်ကောင်ကိုပိုထင်ရှားစေပါမယ်။” သူရဲကောင်းဆိုတာ မျက်စိရှေ့မှာ မကယ်လို့ မရတာကို ကယ်ရင်းကယ်ရင်း နေသာသလို မနေလိုက်ဘဲ ပြသနာကိုဖြေရှင်းရင်းဖြေရှင်းရင်း ဒီလိုလူဖြစ်လာတာပါပဲ။ ” မိသားစုအတွက် မျက်စိရှေ့ကပြသနာတွေအတွက် နေသာသလိုမနေလိုက်ဘဲ ငါကတော့ ရအောင်ဖြေရှင်းမှာပဲဆိုတဲ့မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ကို ပြန်လည်ခံစားကြည့်ကြပါစို့။ A Good Day to Die Hard (2013) Die hard 5 IMDb Rating (5.2) / Rotten Tomatoes (15%) 4K က ရုံတင်ဗားရှင်းဖြစ်နေတာကြောင့် ပိုမိုပြည့်စုံတဲ့ Extended Cut ဗားရှင်းနဲ့ပဲ 4K မပါဘဲ တင်ဆက်လိုက်ပါတယ်။...

Die Hard: With a Vengeance (1995) ⭐TMDB: 73.0% User Score 🎬 #Action #Crime #Thriller 🗓 1995 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင်မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=die+hardကြည့်ပါ။ Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့်ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့်သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။ Die Hard နဲ့ပတ်သက်ရင်တော့ John McClane ဇာတ်ကောင်ရဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နဲ့ပြသနာကို မရှိရှိရာနဲ့ ရသလိုဖြေရှင်းတတ်တဲ့ အကြောက်အလန့်ကင်းတဲ့စရိုက်က ပြောစမှတ်ပါပဲ။John McClane ကိုလဲ ပြသနာတွေကကြိုက်ကြပြီး သူ့ဖာသာနေရင်းထိုင်ရင်း သူ့မိသားစုကိုကယ်တင်ရင်း ပြသနာတွေထဲကို သူ့ခမျာ လုံးလုံးလျားလျားရောက်သွားရတာပါ။ Die Hard 4 ထဲက Dialouge တစ်ခုကတော့ John McClane ဇာတ်ကောင်ကိုပိုထင်ရှားစေပါမယ်။” သူရဲကောင်းဆိုတာ မျက်စိရှေ့မှာ မကယ်လို့ မရတာကို ကယ်ရင်းကယ်ရင်း နေသာသလို မနေလိုက်ဘဲ ပြသနာကိုဖြေရှင်းရင်းဖြေရှင်းရင်း ဒီလိုလူဖြစ်လာတာပါပဲ။ ” မိသားစုအတွက် မျက်စိရှေ့ကပြသနာတွေအတွက် နေသာသလိုမနေလိုက်ဘဲ ငါကတော့ ရအောင်ဖြေရှင်းမှာပဲဆိုတဲ့မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ကို ပြန်လည်ခံစားကြည့်ကြပါစို့။...

Die Hard 2 (1990) ⭐TMDB: 69.0% User Score 🎬 #Action #Crime #Thriller 🗓 1990 🎞 tv movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင်မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=die+hardကြည့်ပါ။ Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့်ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့်သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။ Die Hard နဲ့ပတ်သက်ရင်တော့ John McClane ဇာတ်ကောင်ရဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နဲ့ပြသနာကို မရှိရှိရာနဲ့ ရသလိုဖြေရှင်းတတ်တဲ့ အကြောက်အလန့်ကင်းတဲ့စရိုက်က ပြောစမှတ်ပါပဲ။John McClane ကိုလဲ ပြသနာတွေကကြိုက်ကြပြီး သူ့ဖာသာနေရင်းထိုင်ရင်း သူ့မိသားစုကိုကယ်တင်ရင်း ပြသနာတွေထဲကို သူ့ခမျာ လုံးလုံးလျားလျားရောက်သွားရတာပါ။ Die Hard 4 ထဲက Dialouge တစ်ခုကတော့ John McClane ဇာတ်ကောင်ကိုပိုထင်ရှားစေပါမယ်။” သူရဲကောင်းဆိုတာ မျက်စိရှေ့မှာ မကယ်လို့ မရတာကို ကယ်ရင်းကယ်ရင်း နေသာသလို မနေလိုက်ဘဲ ပြသနာကိုဖြေရှင်းရင်းဖြေရှင်းရင်း ဒီလိုလူဖြစ်လာတာပါပဲ။ ” မိသားစုအတွက် မျက်စိရှေ့ကပြသနာတွေအတွက် နေသာသလိုမနေလိုက်ဘဲ ငါကတော့ ရအောင်ဖြေရှင်းမှာပဲဆိုတဲ့မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ကို ပြန်လည်ခံစားကြည့်ကြပါစို့။...

Die Hard (1988) ⭐TMDB: 78.0% User Score 🎬 #Action #Crime #Thriller 🗓 1988 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင်မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=die+hardကြည့်ပါ။ Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့်ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့်သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။ Die Hard နဲ့ပတ်သက်ရင်တော့ John McClane ဇာတ်ကောင်ရဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နဲ့ပြသနာကို မရှိရှိရာနဲ့ ရသလိုဖြေရှင်းတတ်တဲ့ အကြောက်အလန့်ကင်းတဲ့စရိုက်က ပြောစမှတ်ပါပဲ။John McClane ကိုလဲ ပြသနာတွေကကြိုက်ကြပြီး သူ့ဖာသာနေရင်းထိုင်ရင်း သူ့မိသားစုကိုကယ်တင်ရင်း ပြသနာတွေထဲကို သူ့ခမျာ လုံးလုံးလျားလျားရောက်သွားရတာပါ။ Die Hard 4 ထဲက Dialouge တစ်ခုကတော့ John McClane ဇာတ်ကောင်ကိုပိုထင်ရှားစေပါမယ်။” သူရဲကောင်းဆိုတာ မျက်စိရှေ့မှာ မကယ်လို့ မရတာကို ကယ်ရင်းကယ်ရင်း နေသာသလို မနေလိုက်ဘဲ ပြသနာကိုဖြေရှင်းရင်းဖြေရှင်းရင်း ဒီလိုလူဖြစ်လာတာပါပဲ။ ” မိသားစုအတွက် မျက်စိရှေ့ကပြသနာတွေအတွက် နေသာသလိုမနေလိုက်ဘဲ ငါကတော့ ရအောင်ဖြေရှင်းမှာပဲဆိုတဲ့မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ကို ပြန်လည်ခံစားကြည့်ကြပါစို့။...

Nikki & Nora: Sister Sleuths (2022) ⭐IMDB: 6.6/10 (734 Votes) 🎬 #Crime #Drama #Mystery #TVMovie 🗓 2022 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hunter King၊ Rhiannon Fish၊ Madison Smith၊ Mike Dopud၊ Burkley Duffield တို့ပါဝင်ထားတဲ့ crime- detective ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ ကနေဒီယန်ဒါရိုက်တာ Kevin Fair ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါ။ မိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ ကြေးနည်းသရုပ်ဆောင်လုပ်ရင်း ရုန်းကန်နေပါတယ်။ တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူနိုရာမှာလည်း အမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။ သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊ လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စ ဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာက ညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။ အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေ သူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ထူးဆန်းတဲ့ သေတမ်းစာကရော ဘယ်လိုတွေဆက်စခန်းသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်တစား ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ရာနှုန်းပြည့်စုံထောက်ကားတစ်ခုလို ဇာတ်မလေးဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုလိုတဲ့ပရိသတ်တွေအတွက် အဆင်ပြေမယ့်ဇာတ်ကားဖြစ်ပါတယ်။ crime drama ဖြစ်တဲ့အတိုင်း ဇာတ်ရဲ့မြှပ်ကွက်တွေ၊ ကျောရိုးတွေကို အရသာမပျက်ယွင်းစေဘဲ ညီအစ်မသံယောဇဥ်တရားအကြောင်းကိုလည်း ဇာတ်ကားနာမည်နဲ့လိုက်အောင် အထိုက်အလျောက်ထည့်သွင်းဖော်ညွှန်းထားပါတယ်။ IMDb rating 6.6 ရရှိထားပြီး Rotten tomatoes ကတော့ 71% ဖြစ်ပါတယ်။...

Hardcore Never Dies (2023) ⭐IMDB: 6.9/10 (2 k Votes) 🎬 #Crime #Drama #Thriller #Music 🗓 2023 🎞 movie 🌎 #Netherlands ⏰ 1 နာရီ 48 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နယ်သာလန် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jim Taihuttu ရဲ့လက်ရာကောင်းလေးဖြစ်တဲ့ Crime ဇာတ်ကားလေး တစ်ကားပါ 2022 မှာ Do Not Hesitate ဇာတ်ကားနဲ့ Best Leading Role ဆုရထားတဲ့ မင်းသား Joes Brauers နဲ့ 2018-21 မှာထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ Joardy Season မှာ Honorable Mention Television Award ရရှိခဲ့တဲ့ မင်းသား Jim Deddes တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ မိုက်ကယ် နဲ့ ဒန်နီ တို့နှစ်ယောက်ဟာ အကျင့်ရော၊ စာရိတ္တ ရော ဘာဆိုဘာမှ မတူနဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့ အစ်ကိုဖြစ်သူ ဒန်နီ ကမိဘတွေက မနိုင်တော့လို့အိမ်ပေါ်ကနေကန်ချထားတဲ့ မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်တဲ့သူပေါ့ညီဖြစ်သူကတော့ စန္ဒယားအတီးသင်ပြီး ပိုကောင်းတဲ့ဘဝဖြစ်နိုင်ဖို့ အချိန်ပိုင်းအလုပ်လေးလုပ်ပြီး ကြိုးစားနေတဲ့သူပေါ့ အဖေဖြစ်တဲ့သူက ညီဖြစ်သူ သူ့အစ်ကိုလို လမ်းမှားရောက်သွားမှာစိုးလို့ အရိပ်တကြည့်ကြည့်နဲ့ ထိန်းနေရတယ် တရက်တော့ အစ်ကိုဖြစ်သူရောက်လာပြီး သူ့အရောင်းအဝယ်ကိစ္စမှာတစ်ခါလောက်ကူညီပေးဖို့ အကူအညီတောင်းရာကနေ တစ်နွယ်ငင်တစ်စင်ပါဆိုသလို ငွေကိုရေလိုသုံးနေတဲ့ သူ့အစ်ကိုရဲ့ဘဝကို တဖြည်းဖြည်းအားကျမိရာကနေ အဲဒီမူးယစ်ဆေးဝါးနွံထဲက ဘယ်လိုခက်ခက်ခဲခဲ ရုန်းထွက်မလဲဆိုတာကိုတော့………. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...

For 2 Days When My Wife Was Absent [DLDSS-149] ⭐- 🎬 #Romance #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 5 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 {21+} For 2 Days When My Wife Was Absent [DLDSS-149] ======================================================= မချိုမချဉ်အပြုံး ပြေပြစ်သပ်ရပ်အပိုအလိုမရှိတဲ့ခန္ဓာကိုယ်နဲ့ မင်းသမီးကို ပြပါဆိုရင်Honoka Ashina ကို ပြရမှာပါပဲ… ဖြူစင်သလို အပြုံးတချို့နဲ့ရင်ထဲကဆန္ဒတွေ ပေါ်ထွက်လာချိန်မချိတချိ ပြုံးပြပုံကတခါမြင်မူးရင် တသက်မေ့မယ်မထင်ပါဘူး… ဒီဇာတ်လမ်းမှာတော့ ရုံးဝန်ထမ်းမယ်နေရာကနေသရုပ်ဆောင်ထားပြီး ရင်ထဲကဆန္ဒတွေကိုကြောင်မလေး လက်သည်းဖွက်သလို ဖွက်ထားတဲ့သူမဟာ ရစ်မူးပျော်ရွှင်စေတဲ့ အရက်ကလေးဝင်လာချိန်ပြောင်းလဲသွားပုံကို ဆင်ဆာလျှော့ဗားရှင်းနဲ့ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Kalluri Rascals (2023) ⭐TMDB: 0.0% User Score 🎬 #Action #Bollywood #Thriller 🗓 2023 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 46 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kalluri Rascals 2023 ပြိုင်လမ်းပေါ်ကကောင်ဆိုးလေးများ ဘာကိုမှသိပ်ဂရုမစိုက် အလေးမထားတတ်တဲ့ ယောက်ျားတစ်ယောက်ဟာ နှလုံးသားတံခါးကိုလာခေါက်မယ့်မိန်းကလေးကိုတွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကိုပိုင်ဆိုင်ရဖို့ ဘာမဆိုလုပ်တတ်ပါသတဲ့။ ဟော့ဟော့ရမ်းရမ်းနေတတ်ပြီး အဖေ့ပြိုင်ကားကြီးကိုမောင်းလို့ ပတ်ဝန်းကျင်ကလူတွေနဲ့ ကားပြိုင်ပွဲတွေလုပ်လေ့ရှိတဲ့ ကလေကချေဗာရွန်တစ်ယောက် ပြိုင်ကားမောင်းရင်း သူများဆိုင်ဝင်တိုက်မိပြီးချိန်မှာတော့ အမေက ဖတဆိုးသားလေးကိုစိုးရိမ်ပြီး ကားကိုရောင်းခိုင်းပါတော့တယ်။ ဗာရွန်ကိုလည်း ကောလိပ်တစ်ခုမှာတက်ခိုင်းဖို့ အစ်ကိုဖြစ်သူရဲအရာရှိကို ကိုယ်တိုင်ကျောင်းအပ်ခိုင်းတာပေါ့။ အမေနဲ့အစ်ကိုကို မလွန်ဆန်နိုင်လို့သာ ကောလိပ်ရောက်လာပေမဲ့ ဗာရွန်တစ်ယောက် ကြိတ်မနိုင်ခဲမရပေါ့။ ဒီလိုနဲ့ကောလိပ်မှာ Kalluri Rascals ဆိုတဲ့ ပြိုင်ကားအဖွဲ့နဲ့တွေ့ပြီးတော့ ပြိုင်ကားပိုးကပြန်ထလာပြီး နှုတ်ခမ်းနီမလေးတွေအသဲစွဲ ပြိုင်ကားသမား အထာကျတဲ့ဘဲကြီးလုပ်နေရင်းနဲ့ သူ့ရဲ့နှလုံးသားကိုခိုးယူမယ့် နီဗီသာဆိုတဲ့ကောင်မလေးကို ကောလိပ်မှာဆုံဖို့ ဖြစ်လာချိန်မှာတော့…. သိပ်လှတဲ့နှင်းဆီတစ်ပွင့်ကို ခူးဆွတ်လိုသူတွေကများလွန်းတော့ ဗာရွန်တစ်ယောက်ရဲ့ နီဗီသာကိုရဖို့အရေး ကောလိပ်ကလူဆိုးဗိုလ်ပရမ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ နဂိုထဲကဇနဲ့ဗလနဲ့ ခေါင်းငုံ့မခံတတ်တဲ့ဗာရွန်တစ်ယောက် နီဗီသာအတွက်နဲ့ ပရမ်နဲ့ငြိရင်း အဲဒီနယ်မြေတစ်ဝိုက်က မူးယစ်ဂိုဏ်းနဲ့ပါ ငြိစွန်း‌မိလေတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Mg Shin ~ Yunni ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Dream Scenario (2023) ⭐IMDB: 7.2/10 (12 k Votes) 🎬 #Comedy #Horror #Fantasy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dream Scenario (2023)=================IMDb Rating – 7.2/10 ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင်အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာAri Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရိုဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်းရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေစိတ်ကြိုက်တွေးစရာ ချန်ထားခဲ့တာတွေ၊ ဥပမာပြ နိမိတ်ပြပုံတွေနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်းသားကြီး Nick Cage ကလည်း သူ့ရဲ့ သရုပ်ဆောင်ဘဝကို PIG (2021)The Unbearable Weight Of Massive Talent (2022) နဲ့ Dream Scenario (2023)တို့လို ရုပ်ရှင်ကားကောင်း ၃ ကားနဲ့ ပိတ်ပြီး အနားယူချင်ကြောင်းပါ ပြောခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုတော့ စိတ်ပညာရှင် Carl Jung ရဲ့ Collective Unconscious သီဝရီကို အခြေခံထားပါတယ်။ လူသားတွေဟာ မိမိကိုယ်ပိုင်အတွေ့အကြုံသိစိတ်မသိစိတ်ကနေမဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးရဲ့ လူသားမျိုးစိတ် အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ဘုံမသိစိတ်တွေ ရှိနေတယ်ဆိုတဲ့အယူအဆပါ။ ဒီဘုံမသိစိတ်ကြောင့်ပဲ ဘာသာရေးတွေရဲ့အခြေခံအယူအဆတွေ ဆင်ဆင်တူတာတွေ၊ အိပ်မက်တွေရဲ့ ဖြစ်ပျက်တတ်ပုံတွေတူတာတွေ၊ လူတွေ ‌အမှောင်ကြောက်တာ အမြင့်ကြောက်တာ စတဲ့အချက်မျိုးတွေ တူတာတွေဖြစ်လာတယ်ဆိုပါတယ်။ ဒီရုပ်ရှင်ဟာ နာမည်နဲ့လိုက်အောင် အိပ်မက်ကို အခြေခံထားတာဖြစ်ပါတယ်။ အဓိကဇာတ်ကောင် ပေါမက်သရူး (နစ်ကေ့) ဟာ ထူးခြားချက်ဘာမှမရှိတဲ့ ပျှမ်းမျှသာမန်လူစစ်စစ်တစ်ယောက်ပါ။ ဆင့်ကဲပြောင်းလဲမှုဗေဒကို သင်နေတဲ့ ပါမောက္ခတစ်ယောက်ဖြစ်ပြီး မိန်းမနဲ့ကလေးတွေနဲ့ အေးအေးဆေးဆေးပဲ‌ နေထိုင်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတတော့ အသိအမှတ်အပြုခံချင်စိတ် သူ့နယ်ပယ်မှာ အောင်မြင်ကျော်ကြားချင်စိတ်တွေရှိနေပါတယ်။ ဒီသာမန်လူတစ်ယောက်ဟာ ရုတ်တရက်ကြီး လူပေါင်းများစွာရဲ့ အိပ်မက်ထဲမှာ ပါလာလို့ဆိုပြီးနာမည်ကြီးလာပါတယ်။ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ ရှင်းမပြတတ်ပါဘူး။ အိပ်မက်တွေထဲမှာလည်း သူက ဘာမှမလုပ်ဘဲ ရပ်နေရုံ ဖြတ်လျှောက်ရုံဖြစ်နေတာကြောင့် လူတွေကသူ့ကို ရယ်စရာတစ်ခုလို၊ လူထူးဆန်းတစ်ယောက်လို ပေါ့ပေါ့ပါးပါး ချစ်ခင်ကြရုံနဲ့ နာမည်ကြီးလာပါတယ်။ လူစိတ်ဝင်စားခံလာရပါတယ်။ ရုပ်ရှင်နာမည် Dream Scenario ဆိုတဲ့အတိုင်း“မယုံနိုင်စရာကောင်းလိုက်အောင် အိပ်မက်ဆန်တဲ့ အောင်မြင်မှုမျိုး” ရလာတာပေါ့။ ဒါပေမဲနောက်တော့ လူတွေရဲ့ အိပ်မက်တွေထဲမှာ ရုတ်တရက် ပေါဟာ အရမ်းအကြမ်းဖက်လာပါတယ်။ အိပ်မက်မက်တဲ့လူတွေလည်း သူ့ကိုကြောက်လာကြပြီး အပြင်က သူ့ကိုပါ မုန်းတီးခံလာရပါတယ်။ လူချစ်လူခင်များတဲ့ ဆယ်လီဘဝကို ဘာမှမလုပ်ရပါဘဲ ရောက်လာပြီး တစ်လောကလုံးဝိုင်းမုန်းတဲ့ ဆယ်လီဘဝကိုလည်း သူဘာမှ မလုပ်ရဘဲ ရောက်သွားတဲ့ကိစ္စကြီးကတကယ်ကို စားပါတယ်။ ရယ်ရခက် ငိုရခက်ကြီးကို ထိုင်ကြည့်နေရတာပါ။ ဒါကို သူဖြေရှင်းဖို့ကြိုးစားရင်း ပိုပိုဆိုးလာတဲ့ဇာတ်ကြောင်းကို မြင်ရပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာတော့ ဆိုရှယ်မီဒီယာရဲ့ နာမည်ကြီးလွယ် နာမည်ပျက်လွယ်ပုံသဘောတရားတွေ၊ နာမည်ကြီးလာတဲ့အချက်မှာ ကောင်းကျိုးရော ဆိုးကျိုးရောရှိပုံတွေ၊ လက်ရှိခေတ်ရဲ့cancel culture လို့ခေါ်တဲ့ လူအများစု နေရာစုံမှာ ဝိုင်းကျဉ်တာကိုခံရရင် ဖြစ်တတ်တဲ့ပုံတွေကိုသရော်ထားပုံ ရိုက်ကူးထားတာပါပဲ။ ကျန်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းချင်းကို ခံစားပုံကတော့ကြည့်တဲ့သူရဲ့ ကိုယ်ပိုင်အတွေးအမြင်နဲ့ အယူအဆအပေါ်မူတည်တာမို့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...

Nightmare Man (2006) ⭐TMDB: 45.0% User Score 🎬 #Comedy #Horror #Thriller 🗓 2006 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အယ်လင်ဟာ သူနဲ့ခင်ပွန်းဖြစ်သူ ဝီလီယမ်တို့ကြား သားသမီးမထွန်းကားတဲ့ ပြဿနာကိုဖြေရှင်းရာမှာ အထောက်အကူရစေဖို့အတွက် ရောမကနေ အာဖရိကဖြစ် မျက်နှာဖုံးတစ်ခု မှာယူခဲ့ပါတယ်။ ဖြစ်ချင်တော့ မှာလိုက်တဲ့ မျက်နှာဖုံးမဟုတ်ဘဲ မိစ္ဆာရုပ်မျက်နှာဖုံးကြီးဖြစ်နေရာက အယ်လင့်ကိုဝင်ပူးပြီး အိပ်မက်ဆိုးများနဲ့ ခြောက်လှန့်ပါတော့တယ်။ နေ့စဉ်အမျှ ထင်ယောင်ထင်မှားဖြစ်တဲ့ အာရုံတွေကြောင့် အယ်လင့်ခင်ပွန်းဝီလီယမ်ဟာ စိတ်ကျန်းမာရေးဆရာဝန်များနဲ့ အယ်လင့်ကိုပြသခဲ့ပြီး စိတ်ကစဉ့်ကလျားဝေဒနာခံစားနေရကြောင်း ရောဂါအမည် တပ်ခဲ့ပါတယ်။ နေ့စဉ်ဆေးပုံမှန်သောက်နေရတဲ့ အယ်လင်ဟာ ရောဂါသက်သာ လာသလိုရှိပေမယ့် အလျှင်းမပျောက်သေးတာကြောင့် စိတ်ကျန်းမာရေးဆေးရုံ တင်ကုသဖို့ ဝီလီယမ်နဲ့ အယ်လင်တို့ ဇနီးမောင်နှံနှစ်ဦးတည်း တောလမ်းခရီး ထွက်လာခဲ့ကြပါတယ်။ လူသူဝေးတဲ့နေရာရောက်မှ ဆီကုန်လို့ကားထိုးရပ်သွားပြီး ဝီလီယံက ဆီသွား ရှာတာကြောင့် တောနက်ကြီးအလယ်မှာအယ်လင်ဟာ ကားထဲမှာမျက်နှာဖုံးနှင့် နှစ်ယောက်တည်း ကျန်ခဲ့ချိန်ကစပြီး လျှို့ဝှက်သည်းဖိုအဖြစ်အပျက်များ ဆက်တိုက် ကြုံတွေ့ရပါတော့တယ်။ အယ်လင့်ရဲ့အိပ်ဆက်ဆိုးတွေထဲက မိစ္ဆာကောင်ဟာ မျက်နှာဖုံးကြောင့်ဖြစ်မလား.. အယ်လင်ဟာတကယ်ပဲ စိတ်ကစဉ့်ကလျားဝေဒနာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား.. စိတ်ကစဉ့်ကလျားဝေဒနာသည်နှင့် ကြာရှည်ပေါင်းသင်းလာရတဲ့ ဝီလီယံဟာ အယ်လင့်ဝေဒနာကို ပျောက်ကင်းအောင်လုပ်နိုင်ပါ့မလား…ဆိုတာ Nightmare Man ဇာတ်ကားမှာရှုစားကြရမှာဖြစ်ပါတယ်။ Horror Thriller အမျိုးအစားဖြစ်ပြီး R အဆင့်သတ်မှတ်ချက်အရ သွေးထွက်သံယိုနှင့် ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းများပါဝင်တာကြောင့် ကလေးသူငယ်များနှင့် မိသားစုအလိုက်ကြည့်ရှုရန် မသင့်ကြောင်းတင်ပြလိုက်ရပါတယ်။...