en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Miss Sloane (2016) ⭐IMDB: 7.5/10 (78 k Votes) 🎬 #Drama #Thriller 🗓️ 2016 🎞️ Movie 📺 #1080p #720p #480p 💿 1.8 GB ⦿ 657.2 MB ⦿ 382.5 MB 🌎 #UnitedKingdom #France #Canada #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Miss Sloane (2016) အယ်လီဇဘတ် ဆလွန်းဟာ အောင်မြင်တဲ့မဲဆွယ်သူတစ်ယောက်ဖြစ်ပြီးတော့ သူရဲ့အလုပ်ပေါ်အရမ်းရူးသွပ်တဲ့သူဖြစ်ပါတယ်။ စိတ်ဓါတ်မာကြောပြီး ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို ဘယ်သူ့ကိုမှမငဲ့ညှာတတ်တာကြောင့် နိုင်ငံရေးနယ်ပယ်မှာ သူ့ကိုမုန်းတီးနေသူတွေလည်းအများကြီးပါပဲ။ အမေရိကမှာ သေနတ်ပစ်ခတ်မှုတွေအမြဲဖြစ်ပျက်နေပြီး နစ်နာသူအများစုက ဆယ်ကျော်သက်လူငယ်တွေ၊ ကလေးသူငယ်တွေပါပဲ။ ဒါကိုရပ်တန့်ဖို့အတွက်ဆိုရင် အမေရိကမှာ သေနတ်တွေကို အလွယ်တကူဝယ်ယူနိုင်တာကို ထိန်းချုပ်ဖို့လိုအပ်တယ်လို့ လူအများစုကထင်မြင်ကြပါတယ်။ အဲဒါကြောင့် သေနတ်ရောင်းတဲ့အခါ ဝယ်သူရဲ့ နောက်ခံအချက်အလက်ကိုစီစစ်ပြီး မှတ်တမ်းတင်ထားဖို့ ဥပဒေတစ်ခု လွှတ်တော်ကိုတင်သွင်းခဲ့ပါတယ်။ ဆလွန်းဟာ အဲဒီဥပဒေအတွက်မဲဆွယ်သူအဖြစ်တာဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေကိုဆန့်ကျင်တဲ့သူတွေက ဆလွန်းရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုပါသုံးပြီး ဆလွန်းကိုတိုက်ခိုက်လာကြပါတော့တယ်။ ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ ဆလွန်းက ဒီပြဿနာတွေကို ဘယ်လိုလှည့်ကွက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကြည့်ရှုရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Yee Waiပါ။)

Adam's Apples (2005) ⭐IMDB: 7.7/10 (52 k Votes) 🎬 #Comedy #Crime #Drama 🗓️ 2005 🎞️ Movie 📺 #1080p #720p 💿 1.5 GB ⦿ 472.7 MB 🌎 #Denmark #Germany ⏰ 1 နာရီ 35 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Adam’s Apples (2005) ထောင်ထွက်ဖြစ်တဲ့ အေဒမ်တစ်ယောက် လုပ်အားပေးဖို့ ဘုရားကျောင်းတစ်ခုကို သွားရပါတယ်။ ဒါပေမဲ့ အဲဒီကဘုန်းတော်ကြီးဖြစ်တဲ့ အီဗန်က အပြင်ပိုင်းတော့ကောင်းနေပေမယ့် တကယ်ကျ ယဉ်ယဉ်လေးရူးနေတဲ့သူပါ။ ဘာရည်မှန်းချက်ရှိလဲဆိုတာ မေးတော့ ပန်းသီးကိတ်မုန့် ဖုတ်ချင်တယ်လို့ ဖြေခဲ့တဲ့ အေဒမ်က မူမမှန်တဲ့ ဘုရားကျောင်းမှာ ကိတ်မုန့်ဖြစ်မြောက်အောင် ဖုတ်နိုင်ပါ့မလာ? ဘုရားကျောင်းထဲမှာ ဘယ်လိုအရာတွေ ကြုံတွေ့ရမလဲဆိုတာ … (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Shin Rinaပါ။)

Dom Hemingway (2013) ⭐IMDB: 6.1/10 (27 k Votes) 🎬 #Comedy #Crime #Drama 🗓️ 2013 🎞️ Movie 📺 #1080p #720p 💿 1.3 GB ⦿ 654.1 MB 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 34 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက British comedy/ dramaဖြစ်ပြီး GOTထဲက နဂါး​မေ​မေနဲ့ Sherlock Holmes ရုပ်ရုင်ထဲက မင်းသားကြီး Jude Lawတို့ အဓိကပါဝင်ထားတာပါ။ IMDb6.1နဲ့ RT 57% ရထားပါတယ်။ ​မီးခံ​သေတ္တာ ဖောက်ထွင်းဝိဇ္ဇာတစ်ဦးဖြစ်​ပြီး အမှုတစ်ခုမှာ အဖမ်းခံရကာ ​ထောင်ဒဏ်၁၂နှစ် ကျသွားခဲ့တဲ့ ဒွန်ဟဲမင်း​ဝေးဆိုတဲ့ ဒုစရိုက်သမားကြီးဟာ ​ထောင်က​ပြန်လွတ် လာချိန် ဇနီးဖြစ်သူဆုံးပါးကာ သမီးက မုန်းတီး​နေတာ​ကြောင့် မိသားစုနဲ့ ပြန်လည်နီးစပ်နိုင်ဖို့ ​ငွေလမ်းခင်းမယ်ဆိုတဲ့ အကြံနဲ့ ​အလုပ်သစ်​တွေလိုက်ရှာရင်း ကြုံ​​တွေ့ရမယ့် အခက်အခဲ​တွေကို ဘယ်လို​ဖြေရှင်းမလဲဆိုတာ ကြည့်ရမှာပါ။ စကားအ​ပြောအဆို အသုံးအနှုန်း​​တွေ ကြမ်းတမ်းတာကို သတိချပ်​စေချင်ပါတယ်။

Knights of Badassdom (2013) ⭐IMDB: 5.6/10 (21 k Votes) 🎬 #Action #Adventure #Comedy #Fantasy #Horror 🗓️ 2013 🎞️ Movie 📺 #1080p #720p 💿 1.7 GB ⦿ 751.6 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မှော်ဇာတ်လမ်းကောင်းတွေကြိုက်တတ်လား။ ပေါ့ပေါ့ပါးပါးနဲ့ရယ်မောရတဲ့ဇာတ်ကားမျိုးကြိုက်တတ်လား။ အချစ်‌တွေ၊အမုန်းတွေနဲ့၀မ်းနည်း၀မ်းသာဖြစ်ချင်ပါသလား။ အားလုံးချစ်တဲ့ မင်းသားကြီး Peter Dinklage ပါ၀င်တဲ့ Knights of Badassdom လာပါပြီ။ ဂျိုး၊ အဲရစ် နဲ့ ဟန်း တို့ဟာ အတူတူနေထိုင်ကြတဲ့ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ကြပါတယ်။ အဲရစ်နဲ့ဟန်းဟာ ဂန္ဓ၀င် စာအုပ်တွေ၊ ဂိမ်းတွေ၊ ကစားစရာတွေကို အင်မတန်မှသဘော ကျကြပြီး ဂျိုးကတော့ ရည်းစားနဲ့ဂီတ သူ့ဘ၀ပါ။ အချစ်နဲ့ တည်ဆောက်ထားတဲ့ ဂျိုးရဲ့ဘ၀လေး… တစ်ရက်မှာ ချစ်သူက လမ်းခွဲသွားတဲ့အခါ အရိုးများထိအောင်ရူးပါတော့တယ်။ ဒီတော့ မကြည့်ရက်နိုင်လွန်းတဲ့ သူငယ်ချင်းတွေက စိတ်ပြေ လက်ပျောက် ဆေးတစ်ပေါက်တိုက်လိုက်ပြီး ဂျိုးခံစားရတာ တွေသက်သာအောင် ကူညီပါတော့တယ်။ သူငယ်ချင်းဆိုတဲ့ အတိုင်း သွေးရိုးသားရိုးတော့မဟုတ်ပါဘူး။ ဂျိုးပြန်နိုးလာတဲ့ အချိန်မှာ အဲရစ်နဲ့ဟန်းတို့ ပိတ်ရက်တိုင်းလာကစားနေကျ စစ်မြေပြင်ဂိမ်းတစ်ခုထဲကို ရောက်နေခဲ့ပါပြီ။ ဂျိုးလည်း ချော်လဲရောထိုင်ရင်း ကစားပွဲထဲပါပြီးတဲ့နောက်မှာတော့ အဆန်းထွင်လွန်းတဲ့ အဲရစ်ဟာ ဘယ်ကမှန်းမသိတဲ့မှော်စာအုပ် ကြီးထုတ်ပြီး ရွတ်ပါတော့တယ်။ သူဖတ်လိုက်တဲ့စာအုပ်ဟာ ‌ကစားစရာသက်သက်မဟုတ်ဘဲ နတ်ဆိုးတွေကိုဆင့်ခေါ်တဲ့ စာအုပ်ဖြစ်နေတာကို မသိခဲ့ပါဘူး။ ဒီလိုနဲ့ သူတို့ဟာ နတ်ဆိုး ကိုဆင့်ခေါ်မိခဲ့ကြပြီး အားလပ်ရက်မှာလာပျော်ကြတဲ့ လူတစ်စု တကယ့်နတ်ဆိုးနဲ့ရင်ဆိုင်အတွေ့မှာ ဘယ်လိုတွေများ စွန့်စားနှိမ်နှင်းသွားကြမလဲဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး။

New Legend of Liao Zhai: Ying Ning (2023) ⭐TMDB: 0.0% User Score 🎬 #Fantasy 🗓️ 2023 🎞️ Movie 📺 #1080p #480p 💿 1.2 GB ⦿ 449.7 MB 🌎 #China ⏰ 1 နာရီ 26 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတစ်ခေါက် ဘာသာပြန် တင်ဆက်ပေးမဲ့ ရုပ်ရှင်လေးကတော့တရုတ်ဒဏ္ဍာရီပုံပြင်လေးကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- မြေခွေး မိစ္ဆာမလေး ယင်းနင်ဟာ မွေးစားအမေနဲ့အတူ မြို့အပြင်တစ်နေရာမှာအပူအပင်ကင်းစွာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ လူ့ပြည်ကရှန့်ယွမ်ပွဲတော်ကို သွားလည်တဲ့ လမ်းမှာ ဝမ်းကျီဖူဆိုတဲ့ ပညာရှိနဲ့ ဆုံတွေခဲ့ပါတယ်။ ဝမ်ကျီဖူဟာ ယင်းနင်အပေါ် မြင်မြင်ချင်း ချစ်မိသွားပြီး မစားနိုင်မသောက်နိုင် ဖြစ်ခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယင်းနင်ရဲ့ နေထိုင်ရာနေရာကို ရှာတွေ့သွားပြီး လက်ထပ်ခွင့်တောင်းကာ အိမ်ကို ပြန်ခေါ်လာခဲ့ပါတယ်။ ပညာတတ်မိသားစုဖြစ်တဲ့အတွက် ဝမ်ကျီဖူရဲ့ အမေဖြစ်သူ သခင်မဝမ်ဟာလွတ်လပ်သွက်လက်တဲ့ ယင်းနင်ကို ကြည့်မရ ဖြစ်နေပါတယ်။ယင်းနင်ဟာ မြေခွေးမိစ္ဆာဖြစ်ကြောင်း သိပြီးနောက်မှာတော့သူ့သားနဲ့ ယင်းနင်နဲ့ကို ရအောင် ခွဲပါတော့တယ်။ ယင်းနင်တစ်ယောက် သူ့အပေါ် အထင်အမြင်လွှဲမှား မှုတွေကို ဘယ်လို ဖြေရှင်းမလဲ ……သူမရဲ့ မိဘအရင်းကရော ဘယ်သူတွေ ဖြစ်မလဲ…..ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

Night Moves (2013) ⭐IMDB: 6.0/10 (16 k Votes) 🎬 #Drama #Thriller 🗓️ 2013 🎞️ Movie 📺 #1080p #720p 💿 1.6 GB ⦿ 619.3 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6/10 Rotten Tomatoes – 86% အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာ အထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုး ကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ သုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာ တွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။ လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီး ဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲ ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီး မလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက် လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြော ခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့ နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီး လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာ အေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။

Admission (2013) ⭐IMDB: 5.7/10 (36 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2013 🎞️ Movie 📺 #1080p #720p #480p 💿 1.3 GB ⦿ 635.5 MB ⦿ 350.5 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2023 မှအသစ်စက်စက်ထွက်ရှိထားတဲ့ Romance & comedy film အမျိုးအစားဖြစ်ပြီး IMDb – 7.5/10 အထိရရှိထားပါတယ် ဇာတ်လမ်းမှာတော့ ဆန်ဖရန်စစ္စကိုကစိတ်ရောဂါကုဆရာဝန်မလေးတစ်ယောက် သူနဲ့အကြာကြီးတွဲခဲ့တဲ့ရည်းစားဖြစ်သူကိုထားပစ်ခဲ့ပြီးအုတ်ခ်လန်ရဲ့ဆင်ခြေဖုံးရပ်ကွက်လေးကိုပြောင်းရွေ့လာရာကနေ အဲဒီရပ်ကွက်ထဲမှာအိမ်နီးနားချင်းတွေနဲ့အသားကျအောင်ကြိုးစားရင်း ဘယ်လိုရှေ့ဆက်ပြီးခင်တွယ်သွားကြမလဲဆိုတာကိုပေါ့ပေါ့ပါးပါးနဲ့စောင့်ကြည့်ရမှာပါ

Are You Here (2013) ⭐IMDB: 5.3/10 (16 k Votes) 🎬 #Comedy #Drama 🗓️ 2013 🎞️ Movie 📺 #1080p #720p 💿 1.8 GB ⦿ 771.4 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းမှာတော့ Owen Wilson နဲ့ Zach Galifianakis တို့က သူတို့နဲ့ အလိုက်ဖက်ဆုံး ဇာတ်ကောင်တွေကို အသီးသီး သရုပ်ဆောင်ထား ကြတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်. Owen Wilson ကလည်း သူအပိုင်နိုင်ဆုံး Womanizer ဇာတ်ကောင်အဖြစ်နဲ့ Steve Dallas အဖြစ် ပါဝင်ထားသလို Zach Galifianakis ကလည်း အူကြောင်ကြောင်ကျပ်မပြည့် လူနားမလည်တဲ့စကားတွေ ထထပြောတဲ့ Weirdo ပုံစံမျိုးကို ကြိုးစားစရာမလိုဘဲ ပြောင်မြောက်ပီပြင်နေခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘန်ဘိတ်ကာ ရဲ့ အဖေ သေဆုံးသွားရာကနေ စပြီး. စတိဗ်အနေနဲ့ သူငယ်ချင်းဖြစ်သူကို မိဘအိမ်ရှိရာ ကျေးလက်ကို လိုက်ပို့ပေးတာကနေ စခဲ့ပါတော့တယ်. အသုဘကို လာရင်းနဲ့ပဲ. အဖေ့ရဲ့ နောက်အိမ်ထောင် မိထွေး၊ အစ်မဖြစ်သူ တယ်ရီ တို့နဲ့အတူ သေတမ်းစာကို ဖတ်ကြားရမယ့်အချိန်ကို ရောက်လာပြီး မထင်မှတ်ထားဘဲ ဧကများစွာကျယ်တဲ့ လယ်ယာမြေအပြင် မြို့ပေါ်က ကုန်စုံဆိုင်ကိုပါ အမွေရခဲ့ချိန်မှာတော့.. ဘန်အနေနဲ့. သူ့ဘဝရဲ့ ရည်ရွယ်ချက်အသစ်ကို ရှာဖွေချိန်တန်ပြီဟု ယူဆပြီး လယ်ယာမြေနဲ့ စတိုးဆိုင်ကို ပြောင်းလဲဖို့ ကြိုးစားချိန်မှာတော့ သူ့ရဲ့လုပ်ရည်ကိုင် ရည်အပေါ်မူတည်ပြီး အိမ်ခြံမြေပိုင်ဆိုင်ခွင့်အတွက် အစ်မဖြစ်သူ နဲ့ တိုက်ပွဲဝင်ရပုံများ၊ လူအများလိုက်မမီ နိုင်တဲ့ အကြံဉာဏ်တွေကို လူအများ နားလည်အောင် စည်းရုံးရပုံများ၊ စတိဗ် နဲ့ သူငယ်ချင်းသံယောဇဉ်ကို လောကဓံအခက်အခဲ၊ ရှုပ်ထွေးမှုများကြားမှ ပါးပါးလေး ထင်ဟပ်ပြထားပုံများကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

The Secret in Their Eyes (2009) ⭐IMDB: 8.2/10 (214 k Votes) 🎬 #Drama #Mystery #Romance #Crime #Thriller 🗓️ 2009 🎞️ Movie 📺 #1080p #720p 💿 1.8 GB ⦿ 720.3 MB 🌎 #Argentina #Spain ⏰ 2 နာရီ 9 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Original Title: El secreto de sus ojosGenre – Drama, Mystery, RomanceIMDB – 8.2/10 ၂၀၁၀ ခုနှစ် အော်စကာပေးပွဲမှာ နိုင်ငံခြားဘာသာစကားပြော အကောင်းဆုံးရုပ်ရှင်ဆု ရခဲ့တယ် (စပိန်စကားပြော အာဂျင်တီးနားရုပ်ရှင်)။ IMDB မှာ 8.2 ကို လူနှစ်သိန်းကျော် ပျမ်းမျှအမှတ် ရထားတယ် IMDB အကောင်းဆုံးရုပ်ရှင် ၂၅၀ ထဲမှာ ၁၆၅ ကားမြောက်ဖြစ်တယ်။ ဘာများပြောစရာ လိုဦးမလဲ၊ ဟင်းလေးကြီးတစ်ခွက်ကို မြည်းစမ်းနေရသလိုပဲ ကြည့်ရတာတော့။ အငြိမ်းစား ဥပဒေအတိုင်ပင်ခံကြီး တစ်ယောက် အနားယူချိန်မှာ ဝတ္ထုရေးဖို့ ကြိုးစားကြည့်တယ် ကြိုးစားကြည့်တိုင်းလည်း လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ထူးထူး ခြားခြား ဖြစ်ခဲ့တဲ့ အမှုကိုပဲ ပြန်ပြီး အောက်မေ့နေတယ်။ ဒီတော့ ဒီအကြောင်းကို ဝတ္ထုလုပ်ရေးဖို့အတွက် သံယောဇဉ် ရှိခဲ့ပေမဲ့ အခြေအနေ ကွာခြားတာကြောင့် ရှေ့ဆက်မတိုးခဲ့ရတဲ့ အထက်အရာရှိဟောင်း (ခုလက်ရှိ တရားသူကြီး) ဆီ သွားအကြံ တောင်းရတော့တယ်။ အဲဒီမှာပဲ မေ့ပစ်လို့မရတဲ့ အမှတ်တရ ဟောင်းတွေ တစ်ပုံကြီး ပြန်ပေါ်လာတယ်။ အင်မတန်ချစ်ကြတဲ့ ဘဏ်စာရေးနဲ့ ကျောင်းဆရာမလင်မယားလေးကိုမှ ကံဆိုးစွာနဲ့ လူတစ်ယောက်က ဆရာမလေးကို မုဒိမ်းကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်။ အမှုယူရမှာ ကိုယ့်အလှည့် မဟုတ်ပဲ ယူလိုက်ရတဲ့ အတိုင်ပင်ခံကြီးတစ်ယောက် သူငယ်ချင်းအရက်သမားတစ်ယောက်နဲ့ အမှုလိုက်စုံစမ်းဖို့ အကြောင်းပါလာတော့တယ်။ တရားခံကို သိနေပေမယ့် ကောက်ရိုးပုံထဲက အပ်ရှာသလို ရှာရခက်ခက်နဲ့ ဘယ်လို တွေကြိုးစားပြီး ရှာဖွေကြမလဲ၊ ရှာတွေ့တဲ့အခါမှာလည်း ဘာတွေဆက်ဖြစ်မလဲ၊ အတိုင်ပင်ခံလေးနဲ့ ရှေ့နေမလေးတို့ ဇာတ်လမ်းက ဘယ်လိုလဲ၊ ဘဏ်စာရေးကရော မိန်းမကို လွမ်းစိတ်နဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ သူတို့မျက်ဝန်းတွေက လျှို့ဝှက်ချက်တွေနဲ့အတူ စီးမြောရမှာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးပြောရမယ်ဆို နောက်ဆုံးမှ ဟင်ခနဲ ဟာခနဲ သိရမယ့် ဇာတ်သိမ်းလှည့်ကွက်တွေလည်းပါပါတယ်။ ဆက်ညွန်းနေရင် ကြာပါတယ် အော်စကာဆိုတာ အလကား ရထားတာမှ မဟုတ်တာ အေးဆေးလေး အချိန်ယူကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ် နောက်ပြီး မုဒိမ်းခန်းတွေမှာ ပွင့်ပွင့် လင်းလင်း ပြသထားတာတွေ ကိုယ်အင်္ဂါတွေ ပြသတာတွေ ပါတဲ့အတွက် သတိထား ကြည့်စေလိုပါတယ်ဗျ။

The Procurator (2023) ⭐IMDB: 4.8/10 (16 Votes) 🎬 #Action #Crime #Drama #Mystery 🗓️ 2023 🎞️ Movie 📺 #1080p #480p 💿 880.5 MB ⦿ 591.8 MB 🌎 #China ⏰ 1 နာရီ 52 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dramaဇာတ်လမ်းတွဲတွေထဲက မင်းသားချော Johnny Huang ရဲ့လျို့ဝှက်ဆန်းကြယ် ရှေ့နေကားလေးကိုတင်ဆက်လေးလိုက်ပါတယ်…… ဇာတ်လမ်းအကျဉ်းလေးကတော့ ……ရှဝေဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်ဟာ လူသတ်မှုနဲ့တရားစွဲခံရပါတယ်။အစိုးရရှေ့နေလီရွေ့(Johnny Huang)ဟာလူသတ်မှုကိုလိုက်ရင်းအမှုဟောင်းတွေကိုပါဆွဲထုတ်မိပါတယ် လူသတ်မှု၊ မုဒိန်းမှု၊အစိုးရဝန်ထမ်းနဲ့စီးပွားရေးသမားတွေပူးပေါင်းပြီးလာဘ်စားတဲ့အမှုတွေပါပါဝင်လာတဲ့အခါ အားလုံးဟာဒီလူသတ်မှုဝဲဂယက်ထဲကိုဆွဲထည့်တာခံရပါတော့တယ်…… လီရွေ့နဲ့ သူ့ရဲအရင်ရည်းစားဖြစ်တဲ့ ရှဝေရဲ့ရှေ့နေထုံယွီချန်တို့ဟာတရားခွင်မှာထိပ်တိုက်ရင်ဆိုင်ကြရပါတယ်……ရှဝေဟာဘာကြောင့်နှုတ်ဆိတ်နေတာလဲ……သူ့ရဲ့ခင်ပွန်းသည်ကရောဘာလျှို့ဝှက်ချက်တွေဖုံးကွယ်ထားသလဲ……ဒီအမှုတွဲရဲ့နောက်ကွယ်မှာ ဘယ်လိုမှန်းဆမရတဲ့အန္တရာယ်တွေကသူတို့စောင့်နေမလဲဆိုတာကိုCMပရိသတ်ကြီးကခံစားကြည့်ရှုလိုက်ပါဦးနော်……

Hell on the Border (2019) ⭐IMDB: 4.6/10 (2 k Votes) 🎬 #Adventure #Uncategorized #Western #Biography 🗓️ 2019 🎞️ Movie 📺 #1080p #720p #480p 💿 1.7 GB ⦿ 1.1 GB ⦿ 561.1 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ အမရေိကန်ပြည်ထောင်စုအနောက်ပိုင်းမှာ ပထမဦးဆုံးလူမည်းမာရှယ်ဖြစ်လာတဲ့ ဘက်စ်ရိဗ့်ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဘက်စ်ရိ့ဗ်တစ်ယောက် မာရှယ်တစ်ဦးရဲ့လက်ထောက်လုပ်နေရာမှ တစ်ရက်တော့တရားသူကြီးမင်းကို လုပ်ကြံရန်ကြိုးစားနေသူတွေလက်ထဲမှ ကယ်တင်လိုက်ပြီးနောက် ရာထူးတိုးဖို့အကြောင်းဖန်လာပါတော့တယ်။ သို့သော် ထိုခေတ်အခါက လူဖြူလူမဲခွဲခြားမှုကိုတွန်းလှန်နေဆဲကာလဖြစ်သည့်အလျောက် ဘက်စ်ရိဗ့်အား ရာထူးတိုးပေးဖို့ကိုဝိုင်းကန့်ကွက်ကြပါတော့တယ်။ အကြောင်းတိုက်ဆိုင်စွာနှင့်ပဲ ထိုသို့ငြင်းခုံနေစဉ်နာမည်ကျော်လူဆိုးကြီးတစ်ဦးမှ အသိပေးချက်တစ်ခုပို့လိုက်သောအခါ ဘက်စ်ရိဗ့်တစ်ယောက် မိမိရာထူးနှင့်ထိုက်တန်ကြောင်းသက်သေပြဖို့ အတွက်စွန့်စားခန်းစတင်ပါတော့တယ်။ ဘက်စ်ရိဗ့်နှင့်အတူ တရားစီရင်ဖို့စောင့်နေတဲ့အကျဉ်းသားတစ်ဦးကလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရန် အပေးအယူလုပ်ပြီးလိုက်ပါလာခဲ့ပါတယ်။ နာမည်ကျော်လူဆိုးကြီးကို ဖမ်းရန်လမ်းတစ်လျောက်အခက်အခဲများနဲ့စွန့်စားခန်းများကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်

Bull Shark (2022) ⭐IMDB: 2.5/10 (596 Votes) 🎬 #Action #Drama #Horror #Thriller 🗓️ 2022 🎞️ Movie 📺 #1080p #720p 💿 1.5 GB ⦿ 664.8 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bull Shark(2022) *************** တက္ကဆက်ပြည်နယ်က မြို့ငယ်လေးတစ်မြို့ဟာ အေးချမ်းတိတ်ဆိတ်ပြီး လူသတ်မှုတောင်မဖြစ်ခဲ့တာ ကြာလှပါပြီ။ ဒီလိုအေးချမ်းလှတဲ့မြို့ငယ်လေးက ခရီးသွားဆွဲဆောင်မှုဖြစ်တဲ့ ရေကန်မှာ မိန်းမငယ်လေးတစ်ယောက် ငါးမန်းကိုက်ရာနဲ့ သေဆုံးနေတဲ့အခါမှာ။ မြို့တော်ဝန်အနေနဲ့လည်း သတင်းသာပေါက်ကြားသွားရင် ခရီးသွား‌တွေဆုံးရှုံးမှုအပြင် နောက်ထပ်ရာထူးကြီးကြီးကို မျှော်မှန်းလို့ မရနိုင်တော့တာကြောင့် ဒီသတင်းကို အမှောင်ချထားချင်နေပါတယ်။ ဒါပေမဲ့ အမှောင်ချထားမယ်ဆိုရင်လည်း လူတွေအတွက် အန္တရာယ်ဟာ မတွေးရဲစရာပါပဲ။ ဒီတော့ မိသားစုအဆင်မပြေမှုတွေကြောင့် အရက်စွဲနေတဲ့ တောခေါင်းဖြစ်သူဟာ အာဏာပိုင်ကတစ်ဖက် လူပေါင်းများစွာရဲ့အသက်အန္တရာယ်ကတစ်ဖက် မိသားစုအရေးကတစ်ဖက်နဲ့ ဒီငါးမန်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်ဗျာ။

Striptease (1996) ⭐IMDB: 4.5/10 (47 k Votes) 🎬 #Comedy #Crime #Drama #Thriller 🗓️ 1996 🎞️ Movie 📺 #1080p #720p 💿 1.8 GB ⦿ 744.7 MB 🌎 #UnitedStates ⏰ 1 နာရီ 57 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Striptease (1996) ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။ မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။ ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ လူတစ်ချို့က သူ့ကို အကြပ်ကိုင်ကြတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်ရဲ့နောက်ကွယ်က လက်မဲကြီးက ဒီလူတွေကိုရှင်းပစ်လိုက်လို့ အကုန်လုံးသေကုန်ကြတယ်။ အဲဒါပြီးတော့ မင်းသမီးဆီ လွှတ်တော်အမတ်အဘိုးကြီးဆီက ဖိတ်ကြားစာရောက်လာခဲ့တယ်။ သူ့အတွက်သီးသန့်ဖျော်ဖြေပေးဖို့ မယုံနိုင်စရာ အခကြေးငွေပေးပြီး ဖိတ်ကြားထားတာပေါ့။ တစ်ဖက်မှာလည်း မင်းသမီးက သူ့ကို လာစစ်ဆေးတဲ့ရဲနဲ့ ခင်သွားတာကြောင့် အခြေအနေတွေကို သိသင့်သလောက်သိနေတာဆိုတော့ သူ့အသက်အန္တရာယ်ရှိနေတာ ရိပ်တော့ရိပ်စားမိနေတယ်။ အာဏာတွေ ရမ္မက်တွေ လူ့သရိုက်တွေကြားက မိခင်တစ်ယောက်ရဲ့ သမီးနဲ့ နီးစပ်ဖို့ကြိုးစားခြင်းဟာ အောင်မြင်သွားမလား… ကျရှုံးသွားမလား… နိုင်နေကျ စာနာတရားခေါင်းပါးတဲ့ လူ့ယဉ်ကျေးတွေကပဲနိုင်သွားမလား… တစ်ခါတလေလေးများ အမှန်တရားက နိုင်သွားမလား… ကြည့်ကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)

Clementine (2019) ⭐IMDB: 5.1/10 (813 Votes) 🎬 #Drama 🗓️ 2019 🎞️ Movie 📺 #1080p #720p 💿 1.0 GB ⦿ 471.8 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Clementine (2019) ~ IMDb – 5.1/10, Rotten Tomatoes – 63% ~ အေးအေးဆွေးဆွေးလေး ကြိုက်တဲ့သူတွေအတွက် ၂၀၁၉ မှာထွက်ရှိထားတဲ့ Sydney Sweeney နဲ့ Otmara Marrero တို့ ပါဝင်တဲ့ ဒရာမာရုပ်ရှင်လေးပဲဖြစ်ပါတယ်။ အသည်းကွဲဒဏ်ရာကနေကုစားဖို့နဲ့ သူ့ရဲ့ခွေးလေးကိုပြန်ရဖို့ ကယ်ရန်တစ်ယောက် သူ့ရည်းစားဟောင်းဖြစ်သူရဲ့ ကန်စပ်အိမ်မှာသွားနေထိုင်ခဲ့ပါတယ်။ အဲဒီမှာ အမှတ်မထင် သရုပ်ဆောင်ဖြစ်ချင်နေတဲ့ ငယ်ငယ်ရွယ်ရွယ် လာနာနဲ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ကြား စကားလုံးနဲ့ဖော်ပြလို့မရတဲ့ ဆက်ဆံရေးတစ်ခုရှိလာပါတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ချောမွေ့မနေဘဲ တစ်ဖက်က ပွင့်လင်းမှုမရှိတဲ့အခါ ဆက်ဆံရေးတစ်ခုမှာ အဖုအထစ်တွေဖြစ်လာတတ်တဲ့အတိုင်း သူတို့ကြားမှာလည်း မပြေလည်မှုတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးရိုက်ကူးခဲ့တာကတော့ Lara Gallagher ပဲဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲဒါရိုက်တာကြီးမဟုတ်ပေမယ့် သူ့ရဲ့ရိုက်ကွင်းရိုက်ကွက်တွေ ဇာတ်ညွှန်းတွေက အတော်လေးကို အဆွေးဘက်ရောက်တယ်လို့ပြောနိုင်ပါတယ်။ စကားပြောရင် ဆက်တိုက်မပြောဘဲ ကြားထဲနားပြီး တစ်ယောက်‌နဲ့တစ်ယောက်စိုက်ကြည့်နေတာမျိုးတွေ၊ ကင်မရာကို ဖြည်းဖြည်းလေး ရွေ့သွားတာမျိုးတွေ၊ သံစဥ်ဆွေးဆွေးလေးတွေကို သင့်သလိုသုံး‌သွားတာတွေက အနုပညာမြောက်တယ်လို့ဆိုနိုင်ပါတယ်။ ဒီဇာတ်ကားက အနုပညာဆန်ဆန် ဒရာမာဖြစ်တာကြောင့် ငြိမ့်ငြိမ့်လေးခံစားချင်တဲ့လူတွေမြည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)

The Devil Comes at Night (2023) ⭐IMDB: 5.3/10 (95 Votes) 🎬 #Horror 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 1.4 GB ⦿ 627.7 MB 🌎 #Canada ⏰ 1 နာရီ 20 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Devil Comes at Night (2023) ဒီတစ်ခါ မိတ်ဆက်​ပေးမှာက​တော့ မိုး​အေး​အေး​လေးမှာ တစ်​ယောက်တည်းပဲဖြစ်ဖြစ်၊ ​Movie Date ပဲဖြစ်ဖြစ် ကြည့်လို့​​ကောင်းမယ့် 2023 မှာထွက်ထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖိုကား​ကောင်း​လေး The Devil Comes at Night ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ လက်​ဝှေ့အားကစားသမား​ဟောင်း ဘန်တစ်​ယောက် သူ့အ​ဖေရဲ့ အ​မွေ​ပေးခဲ့တဲ့ မီးခံ​သေတ္တာကို လာ​ရှာဖို့ သူ့အ​ဖေ​ခေါင်းချခဲ့တဲ့မြို့​လေးကို သူငယ်ချင်းဂျက်နဲ့ အတူ ပြန်လာ​နေတုန်း ဘားတစ်ခုမှာ အမူးလွန်ပြီး ရန်ပွဲဖြစ်ရင်းက​နေ သူတို့​နောက်ကို မြို့ခံ​တွေလိုက်လာတဲ့အခါ… ဘန်အ​ဖေအိမ်လည်း​ရောက်​ရော အိမ်နီးနားချင်း​​တွေက အရမ်းထူးဆန်းပြီး ​အပြင်အလည်ထွက်ဖို့ချည်း​ခေါ်​နေတဲ့အခါ အဲဒီ​နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်​တွေရှိ​နေလဲ… တိုက်တိုက်ဆိုင်ဆိုင် ဘန်​အ​ဖေ့အိမ်ကို​ရောက်တဲ့အချိန် ဘန်အ​ဖေနဲ့ ရင်းနှီးတဲ့​စေတနာဝန်ထမ်း ​အေမီကလည်း အိမ်ထဲမှာ လာပုန်း​​နေတဲ့အခါ… ဘန့်အ​ဖေ ​အေမီကိုဘာ​တွေမှာခဲ့လဲ… အိမ်ကြီးရဲ့ သမိုင်း​ကြောင်းက​ရော ဘာ​တွေလဲ… ဘန်အ​ဖေက ဘန်ကို ဘာလို့ အိမ်ကြီးဆီ​ခေါ်ခဲ့တာလဲ… ဘန်ရဲ့ သမိုင်း​ကြောင်းက​ရော ရှင်းခဲ့ရဲ့လား… ဆိုတာ​တွေကို စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမယ့် ကား​ကောင်း​လေး တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Hilom (2023) ⭐TMDB: 0.0% User Score 🎬 #Adult #Romance 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 1.9 GB ⦿ 940.8 MB 🌎 #Philippines ⏰ 1 နာရီ 58 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hilom (2023) အသည်းကွဲတာ ပျောက်တယ်ဆိုတဲ့ဆေး မတွေ့သေးတဲ့ ကော်နီကို ပေးလို့ရပါပြီ။ Hilom ကတော့ ၂၀၂၃ ထွက် ဖိလစ်ပိုင် အချစ်ဟာသဇာတ်ကားလေးပါ။ အချစ်ခန်း အနည်းငယ်ပါတဲ့အတွက် ကလေးတွေကြည့်ဖို့ကတော့ မသင့်တော်ပါဘူးနော်။ အဖေဆုံးပြီးတာမကြာသေးတာကိုမှ သတို့သမီးလောင်းကို လက်ထပ်ခွင့်တောင်းပြီးမှ ရည်းစားပစ်ခံလိုက်ရတဲ့ ဆမ်တစ်ယောက် အသေအကြေ အသည်းကွဲပါတော့တယ်။ စိတ်ဓာတ်တွေကျပြီး ကိုယ့်ဘာသာသတ်သေလောက်တဲ့ထိကို ဖြစ်သွားတာပေါ့။ အဲဒါနဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က ဆေးတစ်လုံးဝယ်လာပေးပါတယ်။ အသည်းကွဲတာပျောက်တဲ့ဆေးတဲ့… အဲဒါနဲ့ ဆမ် အဲဒီဆေးကို သောက်လိုက်ပြီးတော့ အသည်းကွဲတာပဲပျောက်မလား… အသက်ပဲပျောက်မလားတော့… ဇာတ်ကားထဲမှာပဲ မင်းသမီးလုံးလုံးလေးတွေနဲ့ အတူကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို6 9မှ ပြန်ဆို ရေးသားထားပါတယ်)

Gunehgaar (2022) ⭐IMDB: 7.4/10 (52 Votes) 🎬 #Bollywood #Thriller 🗓️ 2022 🎞️ Movie 📺 #1080p #720p 💿 598.6 MB ⦿ 319.2 MB 🌎 #India ⏰ 55 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gunehgaar 2023IMDb – 7.5 ယခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ အိန္ဒိယမှုခင်းဒရာမာကားဖြစ်ပါတယ်။အဓိကဇာတ်ကောင်မှာ ဘန်ဆယ်လ်၊ မရီနာလီ နဲ့ အုမ်တို့လူသုံးယောက်နဲ့နေရာတစ်ခုတည်းမှာတင်ပြီးသွားပေမဲ့ ဇာတ်လမ်းကတော့ ထင်ထားသလောက် မရိုးရှင်းနေပါဘူး။ ဇာတ်လမ်းအကျဉ်းတစ်ညမှာ ဘန်ဆယ်လ်က ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မရီနာလီကိုအရေးကြီးသတင်းပြောစရာရှိတယ်ဆိုပြီး သူ့အိမ်ကိုဖိတ်လိုက်တယ်။မရီနာလီဟာ ငါးအကြီးကြီးမိပြီအထင်နဲ့ ဘန်ဆယ်လ်အိမ်ရောက်လာတဲ့အချိန်မှာသူထင်မှတ်မထားတဲ့ လူတစ်ယောက်နဲ့တွေ့လိုက်ရတယ်။ သတင်းယူဖို့လာတဲ့မရီနာလီတစ်ယောက် သူက သတင်းရဲ့တစ်စိတ်တစ်ပိုင်းထဲပါနေပြီဆိုတာမသိဘဲဝင်ပါလိုက်ရာကနေ လူသတ်မှုအကြောင်းတွေပါ ပါလာတဲ့အချိန်မှာဒီလူသုံးယောက်ရဲ့ ဘယ်လိုပတ်သက်နေတယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ မိုးအေးအေးမှာ ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ ဘယ်လိုလောင်ရဦးမလဲဆိုတာပြဇာတ်ကြည့်နေရသလို လူသတ်မှုတွေကိုဘယ်လိုအဖြေရှာကြမယ်ဆိုတာရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Moon ဖြစ်ပြီး ဘာသာပြန်သူတွေကတော့Moon ~ BpL ~ Yunni ~ Thaik San ~ chiclon3 တို့ပဲဖြစ်ပါတယ်)

Theerkadarishi (2023) ⭐IMDB: 8.6/10 (1 k Votes) 🎬 #Bollywood #Crime #Thriller 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 2.8 GB ⦿ 1.1 GB 🌎 #India ⏰ 2 နာရီ 2 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Theerkadarishi (2023) IMDb 9.4/10 CM မှာတင်ဆက်ပေးထားတဲ့2018ကတည်းကထွက်ခဲ့ပြီး ongoing series ဖြစ်တဲ့ 9-1-1(2018)ဇာတ်လမ်းတွဲလိုမျိုးကို မတူညီတဲ့ Vibe နဲ့ ကြည့်ရမဲ့ ရုပ်ရှင်ကားပါ။ ဇာတ်လမ်းအကျဉ်း အရေးပေါ်အတွက် ဖုန်းခေါ်ဆိုမှုလက်ခံတဲ့ဆီကို ဖုန်းတစ်ကောလ်ဝင်လာပါတယ်။တစ်နေရာမှာ အမျိုးသမီးတစ်ဦး အန္တရာယ်ကြုံရတော့မယ် သူ့ကို အမြန်ကယ်တင်ပါ ဆိုပြီး။ဆက်တဲ့သူက သူဘယ်သူလဲ ဘယ်ကလဲ ပြောမသွားပါဘူး။ နောက်ရက်လဲရောက်ရော သူပြောတဲ့အတိုင်းပဲအမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရပါတယ်။ အဲလိုပဲ ဆက်တိုက်ဆက်တိုက် သူဖုန်းဆက်ပြီး ဖြစ်မယ်ပြောတဲ့ လူသတ်မှု မတော်တဆမှုတွေကတကယ်ပဲ ဖြစ်လာတဲ့အခါမှာတော့…။ သူပြောလို့ပဲ အဲဒီကိစ္စတွေက ဖြစ်ရတာလား။သူကပဲအဲဒီကိစ္စတွေကို ရှေ့ဖြစ်ကြိုဟောကိန်းထုတ်နိုင်တာလား။ ဒါမှမဟုတ်သူကိုယ်တိုင်ကပဲ အဲဒီကိစ္စတွေကို ကျူးလွန်နေတာလားဆိုတာစိတ်ဝင်တစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့chiclon3~BpL~Moon~Yunniနဲ့ တက်သစ်စဘာသာပြန်Thaik Sanတို့ပဲဖြစ်ပါတယ်)

The Great Alaskan Race (2019) ⭐IMDB: 5.3/10 (638 Votes) 🎬 #Action #Adventure #Drama #History 🗓️ 2019 🎞️ Movie 📺 #1080p #720p 💿 1.1 GB ⦿ 433.3 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းအညွှန်း တိုဂို ဆိုတဲ့ ခွေးသူရဲကောင်းဖြစ်ရပ်မှန်ဇာတ်လမ်းကို မင်းသားကြီး Willem Dafoe ရိုက်ကူးထားတဲ့ Togo ဆိုတဲ့ ဇာတ်လမ်းကို ကြည့်ဖူးမယ်ဆိုရင် တိုဂိုဆိုတဲ့ ခွေးလေး အကြောင်းနဲ့ နုံးမြို့က ဇာတ်လမ်းလေးကို ရင်းနှီးကြမှာပါ ။ (Togo (2019) ကို မကြည့်ရသေးရင် CM မှာ ကြည့်လို့ရပါတယ်။) အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့Togo (2019) နဲ့ မတူညီတဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ 1920 ခုနှစ်က အမေရိကန် မြောက်ပိုင်း အလက်စကာပြည်နယ်က နုံးဆိုတဲ့ ရွာလေး သာသာ မြို့လေးက ဖြစ်ပွါးခဲ့တဲ့ ကပ်ရောဂါမှာ ဘယ်သူတွေ ဘယ်လိုပါဝင်ကြိုးစားခဲ့ကြလဲဆိုတဲ့ ဖြစ်ရပ်မှန်တွေကို အဓိကထားပြီး ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဆုံဆို့နာဆိုတဲ့ ၊ ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာ ကလေးတွေအကြားမှာ ကပ်ရောဂါသဖွယ် ဖြစ်ပွါးလာတဲ့အခါမှာ ဒီမြို့လေးမှာ ကုသဖို့ဆေးကမရှိဖြစ်တယ်။ တစ်ခြား ဒေသက ဆေးတွေ ပို့ဆောင်ဖို့အတွက် စီစဉ်ကြမယ်ဆိုတော့ လည်း အေးခဲလှတဲ့ရာသီဖြစ်တာကြောင့် ရေကြောင်းလမ်း ကလည်း ပို့ဆောင်ဖို့အဆင်မပြေ၊ လေယာဉ်နဲ့ဆိုတော့လည်း အဲ့ခေတ်အခါအတွက် အဆင်မပြေဖြစ်နဲ့ ၊ နောက်ဆုံးတော့ ဒေသသုံးစွပ်ဖားသမားတွေ စွပ်ဖားခွေးတွေကိုပဲ အားကိုးဖို့ ဖြစ်လာပါတယ်။ ကုသဆေးကို နီနာနာမြို့ကနေ နုံးမြို့လေးကို ရောက်ဖို့အတွက်ဆိုရင် မိုင်ပေါင်း ၇၀၀ နီးပါးရှည်လျားတဲ့ ခရီးလမ်းဖြစ်ပါတယ်။ စွပ်ဖားသမား အယောက်၂၀က အေးခဲ လှတဲ့ မုန်တိုင်းတွေကြား ရေခဲလမ်းတွေကြား သေခြင်းတရားကို အံတုပြီး ကုသဆေးကို တစ်ပတ်အတွင်း လက်ဆင့်ကမ်းပို့ ဆောင်ကြမှာဖြစ်ပါတယ်။ ခရီးလမ်းရဲ့ မိုင်ပေါင်း ၃၀၀ကျော် လောက်ကို တာဝန်ယူခဲ့ကြတဲ့ လီယိုနတ် ဆပလာ ဆိုတဲ့ စွပ်ဖားသမားနဲ့ သူ့ရဲ့ ၁၂နှစ်အရွယ်ခေါင်းဆောင်ခွေး တိုဂိုတို့ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြပါတယ်။ အခက်အခဲ တွေကြားမှာ နုံးမြို့လေးကို သူတို့တွေ ဘယ်လိုကယ်တင် ပေးခဲ့ကြလဲဆိုတဲ့ အကြောင်းတွေကို စိတ်လှုပ်ရှားစွာနဲ့ စီးမျောပြီးကို ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ကြည့်ရှုလိုက်ကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် )

Ambush (2023) ⭐IMDB: 4.1/10 (638 Votes) 🎬 #Action #Thriller #War 🗓️ 2023 🎞️ Movie 📺 1080p #1080p #720p #480p 💿 1.8 GB ⦿ 904.4 MB ⦿ 424.1 MB 🌎 #UnitedStates ⏰ 1 နာရီ 44 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဗီယက်နမ်စစ်ပွဲအတွင်းကအမေရိကန်စစ်သားတွေရဲ့အကြောင်းကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး IMDb 4/10 ရရှိထားတဲ့ War & Action ကားဖြစ်ပါတယ် ဒီဇာတ်လမ်းဟာဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားပြီး ဇာတ်လမ်းထဲမှာတော့ ရုတ်တရက်ခြုံခိုတိုက်ခိုက်ခံလိုက်ရတဲ့တပ်စခန်းလေးတစ်ခုကစစ်သားတွေဟာမြေအောက်လိုဏ်ခေါင်းတွေထဲကနေအရေးကြီးတဲ့စစ်ဆင်ရေးတစ်ခုလုပ်ဆောင်နေကြတာကိုကြည့်ရှုရမှာပါ