en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Amar es Madurar (2023) ⭐IMDB: 3.5/10 (26 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 📺 #720p #1080p 💿 691.9 MB ⦿ 1.2 GB 🌎 #Colombia ⏰ 1 နာရီ 28 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Amar Es Madurar / To Love is to Grow (2023) ဘဝမှာ အိပ်မက်တွေကိုအကောင်ထည်ဖော်နိုင်တဲ့သူအလွန်နည်းပါတယ်။တချို့ဆို မိန်းမရပြီးတာနဲ့ ကိုယ့်အိပ်မက်တွေက အလိုလိုစွန့်လွှတ်ပြီးသားဖြစ်သွားကြတယ်။War and peace စာအုပ်ထဲက စာသားလေးလိုပဲ ရောင်းရင်း မိန်းမယူမယ်ဆိုကိုယ့်အိပ်မက်တွေအကောင်ထည်ဖော်ပြီးတဲ့အချိန် ဒါမှမဟုတ် မိန်းမတွေကိုလုံးဝစိတ်ကုန်သွားတဲ့အချိန်မှ မိန်းမယူပါတဲ့။ဒါပေမဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဲ့လိုရည်ရွယ်ချက်နှစ်ခုလုံး အကောင်ထည်ဖော်နိုင်ခဲ့တဲ့ အာဂ ယောကျာ်းတစ်ယောက်အကြောင်းပါ။ဂျုအန်ဟာ ဖက်ရှင်မော်ဒယ် အလန်းလေးတစ်ယောက်နဲ့ ကြိုက်ပေမဲ့ ဘာမှစောက်ဖြစ်မရှိတဲ့သူပါပြောရရင်စော်ကပြန်အမ်းထားတဲ့ကောင်ပေါ့။ဒါပေမဲ့ သူ့မှာအိပ်မက်တစ်ခုတော့ရှိတယ် သူ့အိပ်မက်ကတော့ ဘောလုံးပါပဲကန်ဖို့တော့မဟုတ်ဘူး ဘောလံုးနဲ့ပတ်သက်တာ အကုန်လုပ်ချင်နေတဲ့သူပါ။ဒါပေမဲ့ စော်ကအမ်းလဲထားရသေး သဝန်လဲတိုခံရတော့ ကြာတော့သိပ်မကြည်တော့တာနဲ့ လမ်းခွဲသွားပါရော။ဒါပေမဲ့ အချစ်ကြီးသူတို့ထုံးနှလုံးမှုပြီး စော်ပြန်ပြီးအထင်ကြီးခံရဖို့ အိပ်မက်တွေနောက်လိုက်ရင်း ဘာတွေပေးဆပ်ရမလဲ။သူ့စော်ကော ပြန်ရဦးမှာလားဆိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမဲ့ ကိုလံဘီယာက Romance comedy ကားလေးပါ။ ကြည့်ရှုအားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်....

The Lunchbox (2013) ⭐IMDB: 7.8/10 (59 k Votes) 🎬 #Bollywood #Drama #Romance 🗓 2013 🎞 movie 📺 #720p #1080p 💿 845.0 MB ⦿ 2.2 GB 🌎 #India #France #Germany #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (7.8) / Rotten Tomatoes (97%) အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။ သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။ သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာက‌စလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ဒီရုပ်ရှင်မှာ လူတွေက ချစ်ဖို့လည်းလိုတယ် အချစ်ခံရဖို့လည်းလိုတယ် ဆိုတဲ့အချက်ကို အသိမ်မွေ့ဆုံးပုံစံတစ်ခုနဲ့ ချပြသွားခဲ့ပါတယ်။လူတွေက တစ်ချိန်ချိန်မှာတော့ နှောင်ကြိုးတစ်ခုမှာ ရစ်တွယ်မိတတ်ကြတာပါပဲ။ ထမင်းချိုင့်မှားပို့မိတာကနေတောင် ရစ်တွယ်မိတတ်ကြတာမျိုးပေါ့။အိန္ဒိယရုပ်ရှင်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သဘောကျမိတဲ့အချက်က လူတွေမေ့နေတဲ့အချက်တစ်ခုခုကို သိမ်သိမ်မွေ့မွေ့ ထောက်ပြနိုင်တာပါပဲ။ ပညာပေးစရာရှိရင်ပေးမယ် ပညာပေးကားလို့တောင် ထင်လိုက်ရတာမဟုတ်တာမျိုးတွေနဲ့ပေါ့။မင်းသားမင်းသမီးတွေကလည်း ဆေးဆိုးပန်းရိုက် အပြင်အဆင်တွေနဲ့ အလွန်အကျွံ လုပ်ယူထားမျိုးမရှိဘဲ သာမန်လူတစ်ယောက်လို သာမန်ကိစ္စတွေကိုကြုံတွေရပုံတွေကိုပဲ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တင်ပြထားတာတွေကလည်း အိန္ဒိယရုပ်ရှင်တွေကို သဘောကျမိတဲ့အချက်ပါပဲ။ အကယ်၍များ တစ်ယောက်ယောက်က လူတွေကြား မေတ္တာပုံစံတစ်မျိုးကို ဖော်ကျူးမယ့် ဘောလိဝုဒ်ရုပ်ရှင်တစ်ခုကို မေးလာခဲ့ရင် ဒီဇာတ်ကားက ကျွန်တော့်စိတ်ထဲ ပထမဆုံးပေါ်လာမယ့် ရုပ်ရှင်ပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)...

Hit and Run (2012) ⭐IMDB: 6.1/10 (37 k Votes) 🎬 #Action #Adventure #Comedy #Romance 🗓 2012 🎞 movie 📺 #720p #1080p 💿 990.4 MB ⦿ 1.7 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dax Shepard ကိုယ်တိုင်ရေးထားတဲ့ action & comedy film ဖြစ်ပြီး သူနဲ့သူ့အမျိုးသမီး Kristen Bell တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ် ဇာတ်ကားထဲမှာပါတဲ့ ကားတော်တော်များများကလည်း Dax ကိုယ်တိုင်စုဆောင်းထားတဲ့ကားတွေဖြစ်ပြီး ဘတ်ဂျက်နည်းနည်းနဲ့ရိုက်ထားရတာဖြစ်လို့ကားပြိုင်မောင်းရတဲ့စတန့်ခန်းတွေကိုလည်းသရုပ်ဆောင်တွေကိုယ်တိုင်မောင်းပြီးရိုက်ကူးထားတာပါတဲ့_ ဇာတ်လမ်းထဲမှာတော့ Dax ဟာလွန်ခဲ့တဲ့လေးနှစ်ကဘဏ်ဓားပြမှုတစ်ခုရဲ့မျက်မြင်သက်သေအဖြစ်သက်သေကာကွယ်စောင့်ရှောက်မှုကိုခံနေရတဲ့သူပါ Kristen ကတော့ Dax ရဲ့တွဲတာမကြာသေးတဲ့ Annie ဆိုတဲ့ကောင်မလေးဖြစ်ပြီး Annie တစ်ယောက်အလုပ်အသစ်မှာအင်တာဗျူးဖို့အ‌တွက်သူတို့နှစ်ယောက်လော့စ်အိန်ဂျလစ်မြို့ကိုသွားရဖို့အကြောင်းဖန်လာပါတော့တယ် Dax ကသူအသတ်ပါခံရနိုင်တဲ့နေရာမို့မသွားဖို့ဆုံးဖြတ်ထားပေမဲ့ Annieကြောင့်အရဲစွန့်ခဲ့ရာကနေ သူ့ရဲ့ရန်သူတွေနဲ့ရင်ဆိုင်ရပါတော့တယ် သူတို့နှစ်ယောက် ရန်သူတွေလက်ထဲကနေဘယ်လိုထွက်ပြေးကြမလဲ၊ လော့စ်အိန်ဂျလစ်ကို‌ရော အင်တာဗျူးအမှီရောက်နိုင်ပါ့မလား ဆိုတာကိုဟာသနှောထားတဲ့အက်ရှင်ဇာတ်ကွက်လေးတွေနဲ့ကြည့်ရှုရမှာပါ...

About Us But Not About Us (2022) ⭐IMDB: 6.0/10 (57 Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 377.6 MB ⦿ 723.5 MB 🌎 #Philippines ⏰ 1 နာရီ 30 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပွင့်လင်းရာသီမြန်မာပြည်ဖြစ်လာပြီဆိုတော့လည်း မီယမ်မာကြီးမှာလည်း LGBTQ နဲ့ပတ်သက်လို့ အရင်ကထက် ပိုပွင့်လင်းလာတဲ့အခြေအနေမှာရှိပါတယ်။ဒါပေမဲ့လည်း လုံးဝကြီးပွင့်လင်းတာလည်း မဟုတ်သေးပြန်တော့ လွဲမှားနေတဲ့ Myths လေးတွေတော့ ရှိပါသေးတယ်။ဒီဖိလစ်ပိုင်ကားလေးကို အကြိုက်ဆုံးအချက်ကိုပြောရမယ်ဆိုရင်တော့ LGBTQs are just humansဆိုတဲ့အချက်ကို ချပြထားတာကိုပါပဲ။Privilege လူတန်းစားလည်းမဟုတ်သလို နှိမ်ချစရာလည်းမဟုတ်တဲ့ သာမန်လူလိုပဲ ဆိုးကွက် ကောင်းကွက်တွေအကုန်ရှိနေနိုင်တယ်ဆိုတဲ့ Human natureကိုချပြထားတဲ့ရုပ်ရှင်လေးပေါ့။ဖိလစ်ပိုင်ဒရာမာတွေ ကြိုက်နှစ်သက်တဲ့လူတွေဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုတော့ ကိုဗစ်ရောဂါ ထကြွသောင်းကျန်းနေတဲ့ကာလမှာ အခြေတည်ထားပြီးတော့တက္ကသိုလ်က အင်္ဂလိပ်ဘာသာပရော်ဖက်ဆာဖြစ်တဲ့ အဲရစ်က သူ့ရဲ့တပည့်ဖြစ်တဲ့ လန်းစီလော့နဲ့ လာတွေ့တာကနေ အစပျိုးထားပါတယ်။ဆရာကတော့ သိပ်လှတဲ့သက်တန့်ကြီး ကွေးနေပေမဲ့ တပည့်ဖြစ်တဲ့လန့်စ်ကတော့ ရေရေရာရာမသိတဲ့ မကွေးတကွေးလေးပေါ့။ဒါပေမဲ့ ဆရာဖြစ်သူအဲရစ်ရဲ့ အထူးအထူးသော အလေးပေးမှု ဂရုစိုက်မှုတွေကြောင့် ပတ်ဝန်းကျင်ကပြောစရာဖြစ်နေတာပေါ့။အဲရစ်ဘက်ကကြည့်တော့လည်း ပထွေးကရိုက်နှက်ခံရလို့ ခိုကိုးရာမဲ့တပည့်ကို ဂရုစိုက်ပေးတာဖြစ်ပြီးပတ်ဝန်းကျင်ကကြည့်တော့လည်း ၁၇ နှစ်တာတွဲခဲ့တဲ့ချစ်သူ နာမည်ကျော်စာရေးဆရာမားကပ်စ်က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားရတာလန့်စ်နဲ့အဲရစ်ကြားက ကရုဏာပိုလွန်းတဲ့ဆက်ဆံရေးကြောင့်လား သို့လော သို့လောပေါ့။ ဒီလိုနဲ့ ထွေရာလေးပါးစကားဝိုင်းလေးကနေ အရှိန်တက်လာတဲ့ သူတို့ ၂ ယောက်ရဲ့ စကားဝိုင်းလေးကနေကြက်သွန်ဥအခွံခွာသလို တစ်စတစ်စ ပုံရိပ်ထင်လာတဲ့ မားကပ်စ် အဲရစ်နဲ့လန့်စ် ဒီ ၃ ယောက်ရဲ့ ၃ ပွင့်ဆိုင်ဇာတ်လမ်း၊ကိုယ်စီမထင်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ မားကပ်စ်ရဲ့ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနောက်က အဖြစ်အပျက်တွေက တစ်လွှာချင်းပေါ်တဲ့အခါ…. လန့်စ်နဲ့အဲရစ်က တကယ်ပဲဆရာနဲ့တပည့်ဆက်ဆံရေးထက်မပိုဘူးလား။မားကပ်စ်ရဲ့အဆုံးစီရင်မှုကရော လန့်စ်ရဲ့ပယောဂတွေ တကယ်ပဲပါဝင်နေခဲ့တာလား။ရုပ်ရှင်နာမည်ဖြစ်တဲ့ ငါတို့အကြောင်းမဟုတ်တဲ့ငါတို့အကြောင်းဆိုတာကရော ဘာကိုရည်ညွှန်းချင်တာလဲဆိုတာကိုရုပ်ရှင်လေးကိုကြည့်ရှုခံစားရင်းနဲ့ပဲ ကိုယ်တိုင်အဖြေရှာနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။Elijah Canlasရဲ့ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ရုပ်ရှင်လေးဆိုတော့Worth watching ဖြစ်မဖြစ်ကိုတော့ ကိုယ်တိုင်ပဲအကဲဖြတ်လိုက်ကြရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...

Resolution (2012) ⭐IMDB: 6.3/10 (19 k Votes) 🎬 #Horror #Mystery #Thriller #Drama 🗓 2012 🎞 movie 📺 #480p #720p #1080p 💿 338.0 MB ⦿ 622.4 MB ⦿ 1.2 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (၂၀၁၂) လောက်ကထွက်ထားတဲ့ Resolution လို့ခေါ်တဲ့ Horror/ Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ခရစ်ဟာဝေးလံခေါင်သီတဲ့အရပ်က တဲအိမ်လေးတစ်လုံးမှာနေထိုင်တဲ့ အားတိုင်းဆေးကွဲပြီးရမ်းကားနေတဲ့ ဆေးသမားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့အထက်တန်းတုန်းကသူငယ်ချင်း မိုက်ခ်ဟာ သူငယ်ချင်းကိုဒီဘဝကကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ ခရစ်ဆီရောက်လာပါတော့တယ်။ ခရစ်ကို ပြည်လည်ထူထောင်ရေးစင်တာကိုပို့ဖို့ အနုနည်းနဲ့ပြောမရတာကြောင့် အကြမ်းနည်းသုံးပြီး ခရစ်သဘောတူလာမဲ့အချိန်ထိ လက်ထိပ်ခတ်ဖမ်းဆီးထားပါတော့တယ်။ ဒါပေမဲ့ သူတို့ဉာဏ်မမီတဲ့ ထူးဆန်းတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ သူတို့ရဲ့ဘဝတွေလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။ ဒီဇာတ်ကားမှာ Setting ကိုလည်း အဟောင်းအနွမ်းတွေနဲ့ပြည့်နှက်နေတဲ့ ဒေသခံတွေကလည်းဖော်ရွေမှုမရှိတဲ့ ထူးဆန်းတယ်ဆိုတဲ့ခံစားချက်ကို အပြည့်အဝရစေတဲ့ တောခေါင်ခေါင်နေရာတစ်ခုမှာ ရွေးချယ်ရိုက်ကူးထားတာမို့ Horror ကား vibe အပြည့်အဝရစေမှာပါ။ Horror ဆိုပေမဲ့လည်း Jump scare တွေနဲ့ပြည့်နေတဲ့ သရဲကားလိုပုံစံမျိုးမဟုတ်ဘဲ တထိတ်ထိတ်နဲ့ဇာတ်လမ်းကို ဖြည်းဖြည်းချင်းပဲဆွဲခေါ်သွားတာမို့ Mystery/Thriller လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ကားဟောင်းတစ်ကားဖြစ်ပေမဲ့ IMDB rating 6.3 ထိရရှိထားတာမို့ Horror ကားတစ်ကားအတွက်တော့ တော်တော်လေးမြင့်တဲ့ rating ကို ရရှိထားတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဇာတ်‌ဆောင်မင်းသမီးမပါဘဲ မင်းသားနှစ်ယောက်နဲ့တင် ဇာတ်ကားကိုဆွဲခေါ်သွားပြီး rating ကောင်းကောင်းရယူထားတာမို့ ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လိုတွေကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်မလဲဆိုတာ ကြည့်ရှုဝေဖန်ပေးကြပါဦးနော်။...

The Initiated (2023) ⭐TMDB: 76.0% User Score 🎬 #Crime #Mystery #Thriller 🗓 2023 🎞 Movie 📺 #480p #720p #1080p 💿 329.0 MB ⦿ 693.9 MB ⦿ 1.2 GB 🌎 #Colombia ⏰ 1 နာရီ 52 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းကတော့ Kashbah ဆိုတဲ့မြို့တစ်မြို့မှာဇာတ်အိမ်တည်ထားပြီး ပြည်သူတွေဟာမိုးဆက်တိုက်ရွာနေပေမဲ့ရေရှားပါးတဲ့ပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ် ဘာလို့လည်းဆိုတော့ရွာနေတဲ့မိုးတွေကအဆိပ်သင့်နေတဲ့အက်စစ်မိုးတွေဖြစ်နေလို့ပါ ခေတ်ပျက်နေတဲ့အချိန်မှာမတော်လောဘသမားတွေနေရာယူလာပြီးအမှုမျိုးစုံဆက်တိုက်ပေါ်ပေါက်လာပါတော့တယ် ဖရန့်ခ်မိုလီနာဆိုတဲ့သတင်းထောက်နဲ့ဂါဘီဆိုတဲ့နပန်းမယ်တို့ဟာသူတို့သူငယ်ချင်းသေသွားရာကစလို့လူပျောက်တဲ့အမှုတွေလိုက်စုံစမ်းရာကနေတကယ့်အမှုကြီးတစ်ခုကိုအစသွားဖော်မိလျက်သားဖြစ်သွားပါတော့တယ်သူတို့နှစ်ယောက်ပေါင်းပြီးတရားခံ‌ကိုဘယ်လိုဖော်ထုတ်ကြမလဲ ဘယ်သူတွေကရောဒီလိုရက်စက်တဲ့အမှုတွေကျူးလွန်နေကြတာလဲဆိုတာကိုကြည့်ရှုရမှာပါ လူတွေရဲ့လောဘတွေ အတ္တတွေ တစ်ကိုယ်ကောင်းဆန်မှုတွေကိုမီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်...

The Sound of Music (1965) ⭐IMDB: 8.1/10 (246 k Votes) 🎬 #Biography #Drama #Family #Musical #Romance 🗓 1965 🎞 movie 📺 #720p #1080p 💿 1.3 GB ⦿ 3.8 GB 🌎 #UnitedStates ⏰ 2 နာရီ 55 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Sound of Music (1965) =================== IMDb Rating – 8.1/10 အကောင်းဆုံး Musical Genre Movies တွေအကြောင်းပြောကြမယ်ဆိုရင် (1966)အော်စကာရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု..စသဖြင့် အော်စကာ၅ဆုအပြင် အခြားသောရုပ်ရှင်ဆုပေါင်းများစွာကိုပါ ပတ်သိမ်းလာတဲ့ “The Sound of Music” က သေချာပေါက်မပါမဖြစ်ပါပဲ။ (1965)ခုနှစ်က ထွက်ရှိခဲ့ပြီး ဩစတြီးယားနိုင်ငံက ဗွန်ထရက်ပ်မိသားစုအကြောင်း ဖြစ်ရပ်မှန်အခြေခံပြီး ရိုက်ကူးထားတဲ့ “The Sound of Music” ရုပ်ရှင်ဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တာကြောင့် သူ့ရုံဝင်ငွေနဲ့ ဒေဝါလီခံရခါနီး 20th Century Fox Studio ကိုကယ်ပေးနိုင်တဲ့အထိကို ဖြစ်ခဲ့ပါတယ်။ IMDb rating 8.1/10 ရရှိထားပြီး ထွက်ရှိခဲ့တဲ့အချိန်ကနေ ယခုအချိန်ထိ Box Office ရဲ့ No.6နေရာမှာ ရပ်တည်နေတဲ့ ဂန္ထဝင်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေတည်ရိုက်ကူးထားတာဆိုပေမဲ့ တကယ့်အပြင်လက်တွေ့နဲ့ ကွဲလွဲချက်လေးတွေရှိပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေတပ်အငြိမ်းစား ကပ္ပတိန်ဗွန်ထရက်ပ်ဟာ ဇနီးသည်ဆုံးပြီးကတည်းက သားသမီးတွေအပေါ် တင်းကြပ်လွန်းတဲ့သူတစ်ယောက်ပါ။ ဗွန်ထရက်ပ်အိမ်တော်ဟာ သီချင်းတွေ ဆိတ်သုဉ်းနေတာ ကြာခဲ့ပါပြီ။ တစ်နေ့မှာတော့ သီချင်းတွေကို အရမ်းမြတ်နိုးတဲ့ သီလရှင်လောင်းမာရီယာကို ကျောင်းတိုက်သီလရှင်ကြီးက ကလေးထိန်းအဖြစ်နဲ့ ဗွန်ထရက်ပ်မိသားစုအိမ်ကို လွှတ်လိုက်ရာကနေ “The Sound of Music”ဆိုတဲ့ ရုပ်ရှင်ကြီးစတင်ဖြစ်ပေါ်လာပါတယ်။ “The Sound of Music”ကို ဟိုးအရင်က ကြည့်ဖူးတဲ့သူများအနေနဲ့ သီချင်းတွေကို ရင်းနှီးနေမှာပါ။ ဘာလို့ဆို ဒီထဲက သီချင်းတွေက တစ်ခါနားထောင်ဖူးရုံနဲ့ မှတ်ဉာဏ်ထဲ နေရာယူလွယ်ပြီး ငယ်ဘဝပြန်ရောက်သွားစေသလိုလိုခံစားရစေတာကိုး။ Musical ကားတွေကိုကြိုက်နှစ်သက်သူများအတွက်တော့ လုံးဝလက်လွှတ်မခံသင့်တဲ့ Old but gold ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

Twisted Sister (2023) ⭐IMDB: 4.8/10 (137 Votes) 🎬 #Drama #Thriller #TVMovie 🗓 2023 🎞 tv movie 📺 #720p #1080p 💿 635.9 MB ⦿ 1.4 GB 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Twisted Sister (2023)=============== ကျွန်တော်တို့ ဘဝမှာ ရှိနေမှန်းမသိခဲ့တဲ့ အစ်မတစ်ယောက် ရုတ်တရက်‌ပေါ်လာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ မိဘတွေ တည်ထောင်ခဲ့တဲ့ကုမ္ပဏီကို အမွေဆက်ခံပြီး ချစ်စရာသမီးလေး ခင်ပွန်းနဲ့အတူ အမ်မလီရဲ့ဘဝလေးက ပြီးပြည့်စုံနေပါတယ်။ တစ်ရက်မှာတော့ ကလေးထိန်း အလုပ်လျှောက်မယ့် အမျိုးသမီးတစ်ယောက် အမ်မလီတို့ အိမ်ကို ရောက်လာပါတယ်။ အဲဒီအမျိုးသမီးက သူ့ကိုယ်သူ အမ်မလီရဲ့ မိဘတွေ စွန့်ပစ်လိုက်တဲ့ အစ်မရင်း လီလီပါလို့ ပြောလာပါတော့တယ်။ ကုမ္ပဏီအလုပ်တွေနဲ့ ဖိအားများနေပြီး အားကိုးစရာ လိုအပ်နေတဲ့ အမ်မလီတစ်ယောက် အစ်မကို စိတ်ချလက်ချ ယုံကြည်နိုင်ပါ့မလား၊ တစ်ချိန်တည်းမှာပဲ အမ်မလီတစ်ယောက် တိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံလာရချိန် တရားခံက ဘယ်သူလဲ၊ အမ်မလီနဲ့ မိဘတွေက လီလီ့ကို ဘာလို့ စွန့်ပစ်လိုက်တာလဲ ဆိုတာတွေကို ရင်တမမ ခံစားရမှာမလို့ အားလုံးအတူ ခံစားကြည့်လိုက်ကြရအောင်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Phu Myat Thwe ဖြစ်ပါတယ်)...

The Civil Dead (2022) ⭐IMDB: 6.3/10 (369 Votes) 🎬 #Comedy 🗓 2022 🎞 movie 📺 #720p #1080p 💿 460.4 MB ⦿ 1.3 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Civil Dead (2023)================IMDb Rating – 6.3/10 ဒီကားလေးကတော့ Clay လို့ခေါ်တဲ့ အပျော်တမ်းဓာတ်ပုံစရာတစ်ယောက်ရဲ့ ကြုံခဲ့တာလေးကိုရိုက်ကူးထားတာပါ။ Clay ကများသောအားဖြင့် အိမ်မှာဘဲ ဘီယာလေးသောက်လိုက် Chillလိုက်နဲ့ နေတတ်တဲ့ အိမ်တွင်းပုန်းဖက်တီးလေးတစ်ယောက်ပေါ့။ဒါပေမဲ့ သူ့မှာချစ်သူကောင်မလေးတော့ရှိပါတယ်။ အိမ်ငှားခပေးရက်နီးလာပြီဆိုရင် ကောင်မလေးကခိုင်းတော့ Clay တစ်ယောက်ပုံလေးဘာလေးထွက်ရိုက်ရတာပေါ့။ တစ်နေရာကျ သူရိုက်မဲ့ ရိုက်ကွင်းထဲ လူတစ်ယောက်က လာပိတ်ရပ်နေတော့ Clay လည်း ဘာညာသွားပွားရင်းနဲ့ အမှတ်မထင်စကားလက်ဆုံကျပြီး ခင်မင်သွားပါတော့တယ်။ လူတစ်ယောက်ဓာတ်ပုံရိုက်မဲ့ရှေ့ ဖြတ်လျှောက်တာတောင် ခုကာလမှ သိပ်ကြိုက်ကြတာမဟုတ်ဘူးမှတ်လား၊ အခုလိုရိုက်မဲ့ view ထဲ တည့်ကြီးရပ်နေတာကကျ ဘောင်ကျော်သွားပါပြီ။ ဒါပေမဲ့ ဖြစ်ချင်တော့ ရပ်နေတဲ့သူကလည်း အမြင်ကတ်ပုဒ်မနဲ့ရပ်နေတာမဟုတ်ဘဲ သူ့ကိုမမြင်နိုင်ဘူးထင်လို့ သူ့ဖာသာရပ်နေတာပါ၊ ဘာလို့ဆို သူက သရဲဖြစ်နေလို့ပါဘဲ။ အဲတော့ သရဲ နဲ့ ဘော်ဒါဖြစ်သွားတဲ့ Clay တစ်ယောက်ဘာတွေဘယ်လိုကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

Piku (2015) ⭐IMDB: 7.6/10 (33 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2015 🎞 movie 📺 #720p #1080p 💿 1.0 GB ⦿ 2.8 GB 🌎 #India ⏰ 2 နာရီ 3 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (7.6) / Rotten Tomatoes (89%) Deepika Padukone, Amitabh Bachchan နဲ့ Irrfan Khan တို့လို ထိပ်တန်းသရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်ကတော့ ဘောလိဝုဒ်ရဲ့ ထိပ်တန်းဒရမ်မာရုပ်ရှင်ဖြစ်ပါတယ်။မင်းသမီးဒီပီကား အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို အခြားဆုပေါင်းများစွာလဲ ရရှိခဲ့ပါတယ်… ဇာတ်လမ်းကတော့…နားက မကောင်း၊လုပ်ချင်ရာ ဇွတ်လုပ်တတ်တဲ့ ဖခင် မစ္စတာဘာနာဂျီမှာ ပီကူးဆိုတဲ့ ဗိသုကာပညာရှင် ထက်မြက်တဲ့သမီးတစ်ယောက်ရှိပြီး သူမကလဲ အဖေတူသမီးပီပီ အမြဲ အလုပ်များနေသလို စိတ်ကလည်း မရှည်တတ်ပါဘူး။ဒါကြောင့်လဲ အဖေနဲ့သမီးဟာ အမြဲလိုလို တကျက်ကျက်နဲ့ ကတောက်ကဆ ဖြစ်နေကျပါ။ဒီလိုနဲ့ သူတို့ သားအဖနှစ်ယောက် ကာလကတ္တားကို ခရီးထွက်ဖို့ ဖြစ်လာတဲ့အခါ ပီကူးတို့ သားအဖ နှစ်ယောက်အကြောင်းကို သိတဲ့ ဘယ်သူမှ ကားအငှားမလိုက်ကြပါဘူး။  ဒါပေမယ့် ဘယ်လိုမှ ငြင်းဆိုမရတဲ့အဆုံး ကားအငှားလုပ်ငန်းပိုင်ရှင် ဖြစ်တဲ့ ရာနာကိုယ်တိုင်  ကားလိုက်မောင်းပေးဖို့ဖြစ်လာရပါတော့တယ် ။ဒီလိုနဲ့ လမ်းခရီးတစ်လျှောက် သူတို့ ၃ ယောက် ဘယ်လို ၃ ပါးသွားကြမယ်ဆိုတာ………။ ဒရမ်မာဇာတ်ကားကောင်းဖြစ်တာမလို့ အေးအေးဆေးဆေးထိုင်ကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်ပြီး အီရ်ဖန်ခန်းပရိတ်သတ်တွေလဲ အလွမ်းပြေဖြစ်မှာပါ။...

Ishq-e-nadaan (2023) ⭐IMDB: 7.4/10 (52 Votes) 🎬 #Bollywood #Drama #Romance #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 643.3 MB ⦿ 1.7 GB 🌎 #India ⏰ 1 နာရီ 55 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ishq-e-Nadaan 2023 ယခုတစ်ခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ဟင်ဒီအချစ်ဒရာမာကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးကြီးနီနာဂူပတာတို့အဓိကပါဝင်ထားပြီး ဘောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေများစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ထဲမှာ စုံတွဲသုံးတွဲတို့ရဲ့အချစ်ဇာတ်လမ်းကို အချိတ်အဆက်မိမိတင်ဆက်ထားပါတယ်။– ဘဝကိုရုန်းကန်နေရပြီး တစ်နေ့မှာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးနဲ့ဆုံတွေ့ခဲ့တဲ့သူတစ်ဦး– သားနဲ့ချွေးမဖြစ်သူတို့အိမ်ကို အလည်သွားရမှ မထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့ဆုံပြီး အချစ်‌တွေပြန်ပေါက်ဖွားလာသူ– မချစ်ရက်တော့တဲ့သူတစ်ဦးနဲ့ ချစ်တတ်လွန်းသူတစ်ဦးတို့ဆုံကြရာဝယ်… ဒီလိုနဲ့အချစ်ရဲ့ အဓိပ္ပာယ်ကိုယ်စီရှာဖွေရင်း အချစ်ဆိုတဲ့ဟာကိုသူတို့ဘယ်လိုခံယူထားကြတယ်ဆိုတာ အသီးသီးအဖြေရှာကြရင်းဇာတ်ကောင်တွေအများကြီးနဲ့ ဇာတ်လမ်းရှုပ်ယှက်ခတ်သွားတာမျိုးမဖြစ်စေဘဲသူ့ဇာတ်ကောင်နဲ့သူ အံဝင်ခွင်ကျနဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~BpL~V~Zwe~Cherry~YH တို့ပဲဖြစ်ပါတယ်။...

Bird Box (2018) ⭐IMDB: 6.6/10 (363 k Votes) 🎬 #Drama #Horror #SciFi #Thriller #ScienceFiction #Mystery 🗓 2018 🎞 movie 📺 #1080p 💿 1.7 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကမ္ဘာကြီးမှာ ဒုက္ခတွေ အလိုရမက်လောဘသားတွေ ထူပြောလာတာနဲ့အမျှဆေးကြောသုတ်သင်မယ့်သူတွေပေါ်လာစမြဲပါပဲ Kingmans:The Secret Service ထဲက ဗယ်လတိုင်းလိုမျိုး ဒါမှမဟုတ်Avengers:Age of Ultron ထဲက Ultronကြီးလိုမျိုးပေါ့ ဒါပေမယ့်အခုဇာတ်ကားမှာတော့ နတ်ဆိုးလိုလိုဘာလိုလိုအမျိုးအမည် မသိတဲ့ ကောင်ကြီးအနေနဲ့မြင်ရမှာပါသူတို့ကို မမြင်ရဘူး မြင်ရ ရင်လဲအဲ့လူကအသက်မရှင်ဘူး ကိုယ့်ကိုကိုယ်သတ်သေမိတော့တာပဲ ဇာတ်လမ်းအကျဉ်းက တော့ အဲ့သဘာဝလွန်ကောင်ကြီးထွက်လာတယ်ပေါ့ လူတွေလဲ အစကမသိတော့ကြည့်မိကြပြီး ရူးကုန်တယ် ကိုယ့်ကိုကိုယ်သတ်သေတယ် စိတ်တွေ လွတ်ထွက်ကုန်တယ် တစ်ရက် မယ်လိုရီဆိုတဲ့ ကျွန်တော်တို့မင်းသမီးချောကြီး Sandra Bullock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြတာပေါ့ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့်အဖြစ် အပျက်နဲ့ ကြုံတွေ့မိတာပဲ ကံကောင်းချင်တော့ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲရောက်ခဲ့တယ် အဲ့အိမ်မှာလဲအခြားသူတွေရှိတာပေါ့ ဒီတော့ဇာတ်လမ်းက survival ဇာတ်လမ်း အဲ့အိမ်ထဲမှာပိတ်မိနေတဲ့သူတို့Medusa လိုမျိုးအကြည့်တစ်ချက်နဲ့ရူးစေတဲ့နတ်ဆိုးကြီးဘေးက ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ဘေးကဘယ်လိုရှင်သန်အောင်လုပ်ကြမလဲ ဇာတ်သိမ်းလေးဘယ်လိုဖြစ်သွားမလဲကတော့ ကိုယ့်ဖာသာပဲကြည့်ရှုခံစားကြည့်ပါဆိုတော့တာ ဒီကားလေးက rating သိပ်မများပေမယ့် အတော်လေးသပ်ရပ်လှပတဲ့ကားလို့မြင်မိပါတယ် နာမည်လေးကလဲBird Box ငှက်အိမ်လေးတဲ့ ဒီနာမည်ပေးထားတာလေးကိုချီးကျူးမိတယ် ဇာတ်လမ်းနဲ့လဲဆက်စပ်နေတာကိုး ဆိုတော့ကာ plotကကျွန်တော်ပြောခဲ့သလိုပဲဘာမှ သိပ်ထူးထူးခြားခြားကြီးမရှိဘူး ဒါပေမယ့်ကြည့်ရတာတော့သိပ်ကိုထူးခြားမှာပါ အဲ့လိုထူးခြားအောင်လဲ မင်းသမီးကြီး Sandra Bullockကဆွဲခေါ်ပေးသွားတာပါ ကလေးသရုပ်ဆောင်နှစ်ယောက်ကလဲလျှမ်းလျှမ်းတောက်ပဲ မင်းသမီးကြီးကို The Blind Side တို့Gravity တို့မှာကတည်းကကြွေတာ အခုဒီကားမှာလဲ သူတစ်ယောက်တည်းနဲ့တင်ဇာတ်အိမ်တစ်ခုလုံးစလယ်ဆုံး survival ဆိုတဲ့အခြေနေကိုပေါ်လွင်အောင်ဖမ်းစားပေးနိုင်တယ် ဒီကားက thriller နဲ့ dramatype လို့ပြောထားပေမယ့် thriller ကိုတော့သိပ်မခံစားရဘူး drama ဘက်ပိုအလေး သာတယ်လို့ ထင်မိတယ်အဲ့ဒါကလဲ ဒါရိုက်တာ Susanne Bier ကြောင့်နေမယ်သူက drama တွေအရိုက်များတယ်ဆိုတော့thriller ဖြစ်စေမယ့် scene တွေမှာသမားရိုးကျဆန်နေတယ်ဒီ Bird Box လေးဟာ 2014 ကအမေရီကန်စာရေးဆရာ Josh Malermanရဲ့ ဝတ္ထုကိုပြန်အသက်သွင်းထားတာမို့လို့movie ရဲ့ပေးချင်တဲ့ message က စာအုပ် နဲ့ထပ်တူထပ်မျှပါပဲ demon ကောင်တွေ ဘာညာတွေက အဓိကမဟုတ်ဘူးပေါ့ သင်သာ survival အခြေနေရောက်ရင်ဘယ်သွားသွားမျက်လုံးအဝတ်စည်းပြီး သွားရ မယ်ဆိုရင်ဘယ်လိုခံစားရမလဲ ဘယ်လောက်ထိ ရဲဆေးတင်ဖို့လိုမလဲဆိုတာကို မိန်းမတစ်ယောက်ရဲ့ ခွန်အားဆုံးဖြတ်နိုင် စွမ်းနဲ့ Sandra Bullock ရဲ့ အနုပညာအရောနှောလေးပေါင်းပြီး End of the Worldဖီလင်လေးကို ခံစားကြည့်ရတာ သင့်အတွက်တွေးစရာလေးတစ်ခုရသွားမယ်ဆိုရင်တော့မမှားပါဘူး ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင်က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်...

The Place (2017) ⭐IMDB: 7.0/10 (12 k Votes) 🎬 #Drama #Mystery #Thriller 🗓 2017 🎞 movie 📺 #720p #1080p 💿 453.7 MB ⦿ 1.1 GB 🌎 #Italy ⏰ 1 နာရီ 42 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မြို့တမြို့ရဲ့ လမ်းထောင့်လေးတနေရာမှာ “the place” ဆိုတဲ့စားသောက်ဆိုင်လေးတခုရှိတယ်။ ဒီဆိုင်ရဲ့ထောင့် စားပွဲခုံလေးတခုမှာအမြဲထိုင်နေတတ်တာကအမည်မသိ တဲ့လူတယောက်။သင်လိုချင်တဲ့အရာဘာပဲဖြစ်ဖြစ်ကို သူကရအောင်လုပ်ပေးနိုင်သလိုအပေးအယူအနေနဲ့ သူပြန်လို ချင်တာကတော့ သူခိုင်းတဲ့မဖြစ်နိုင်တဲ့တာ၀န်တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြီးမြောက်အောင်လုပ်ပြီး သူ့ကိုအသေး စိတ်ပြန်ပြောပြပေးဖို့ပဲ။သူ့သတင်းကြားပြီး သူ့ဆီကိုလာကြတဲ့ တဦးတယောက်ချင်းဆီတိုင်းမှာကလည်း မတူညီတဲ့ ဘ၀ဇာတ်လမ်း တွေ တောင်းဆိုမှုတွေရှိကြသလို ပြန်လုပ်ပေးကြရမယ့် တာ၀န်တွေ ကလည်းကွဲပြားကြတယ်။ ဥပမာပြောရရင် ရဲတယောက်ကို လုယက်မှုတခုအတွက်သူ့ရဲ့အကူ အညီလိုချင်ရင် လူတယောက်ကိုလက်ကိုင်တုတ်နဲ့ သေလုနီးပါး ရိုက်ခိုင်းတာမျိုး။ ကလေးအဖေတယောက်ကို သူ့ကလေးအသက် ရှင်စေချင်ရင် တခြားကလေးတယောက်ကိုလက်စ‌ဖျောက်ခိုင်း တာမျိုး။ ဒီလိုနဲ့ပဲ သူ့ဆီကိုလူအမျိုးမျိုးလာကြတယ် သူခိုင်းတဲ့ တာ၀န်တွေကို နည်းအမျိုးမျိုးနဲ့လုပ်နိုင်အောင်ကြိုးစားကြတယ်။ ဒါပေမယ့် ဒီလူကြီးရဲ့ မှတ်စုစာအုပ်ပေါ်ရေးနေရင်းသူတို့ကို တီဗီဖန်သားပြင်ပေါ်က ဇာတ်လမ်းတခုလို ဖန်တီးမှုတွေ ရုပ်သေး ရုပ်လိုကြိုးဆွဲခိုင်းစေမှုတွေကြားမှာ သူတို့ဘယ်လိုအကြောင်းအရာ တွေကိုသိလာကြမှာလဲ။ နောက်ဆုံးမှာတော့ သူတို့ရဲ့တာ၀န်တွေပြီး ဆုံးပြီးလိုအင်ဆန္ဒတွေပြည့်၀သွားကြရမလား ကျရှုံးပြီး လက်လွှတ်’ လိုက်ရမလားဆိုတာကို The placeဆိုတဲ့ အီတလီ သည်းထိတ်ရင်ဖို ဒရာမာကားလေးမှာရှုစားပေးကြပါဦး။...

Lost Illusions (2021) ⭐IMDB: 7.4/10 (5 k Votes) 🎬 #Drama #Romance 🗓 2021 🎞 movie 📺 #720p #1080p 💿 785.5 MB ⦿ 1.9 GB 🌎 #France #Belgium ⏰ 2 နာရီ 31 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rotten Tomatoes မှာ 93% , IMDb မှာ 7.4 Rating ရထားတဲ့ပြင်သစ်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်လိုက်ရပါတယ်။ ၁၉၈၀ ခုနှစ်မှာ အသက် ၂၀ အရွယ်ကဗျာဆရာလေးတစ်ယောက် ဖြစ်တဲ့လူစီယန်က အသိုင်းအဝိုင်းကြီးတစ်ခုကအိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်မိပြီးတဲ့နောက်မှ သူ့ရဲ့အိမ် ကနေ ပဲရစ်ကိုထွက်ခွာလာခဲ့ရပါတော့တယ်။စစချင်းမှာတော့ ပဲရစ်မှာဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ ပါလာတဲ့ ပိုက်ဆံလေး တွေလဲ ပြောင်ခဲ့ပါတော့တယ်။ ဒါပေမယ့်သူ့ရဲ့ ကဗျာစွမ်းရည်နဲ့ စာရေးတဲ့ စွမ်းရည်က သူမတူပဲအရမ်းထူးချွန်ပြောင်မြောက်နေတဲ့ အတွက် အရည်အချင်းရှိသူတွေအတွက် နေရာမရှားပါဘူးဆိုတာ ကိုသက်သေပြသွားပြီးတော့ သတင်းစာတိုက်တစ်ခုမှာအလုပ်ရ သွားပါတော့တယ်။နောက်ပိုင်းမှာတော့လူစီယန်တစ်ယောက် ကျော်ကြားမှုနဲ့ချမ်းသာမှုတွေလဲပြန်ရလာခဲ့ပါတော့တယ်။ ဒါပေမယ့် ကံကြမ္မာဆိုတာက ချိုတစ်လှည့်ခါးတစ်လှည့်ဆိုတဲ့ အတိုင်းပဲ သူ့ဘဝရဲ့ကျရှုံးချိန်တွေကိုရော ဘယ်လိုပြန်ရောက်သွားမလဲဆိုတဲ့ ကဗျာဆရာလေးရဲ့ ပဲရစ်မှာကြုံရဆုံရစွန့်စားခန်းအမျိုးမျိုးအဖုံဖုံကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...

The New Daughter (2009) ⭐IMDB: 5.3/10 (16 k Votes) 🎬 #Crime #Horror #Thriller 🗓 2009 🎞 movie 📺 #720p #1080p 💿 714.0 MB ⦿ 1.8 GB 🌎 #UnitedStates ⏰ 1 နာရီ 48 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Horror ကား ကြည့်ချင်နေကြသူတွေအတွက် ၂၀၀၉ မှာ ထွက်ရှိခဲ့တဲ့ The New Daughterဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဇနီးဖြစ်သူနဲ့ကွာရှင်းထားတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ဂျွန်ဂျိမ်းစ်ဟာ သားနဲ့သမီးကို ခေါ်ပြီး လူသူနည်းပါးတဲ့ အိမ်လေးတစ်အိမ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သားဖြစ်သူ ဆမ်နဲ့ သမီးဖြစ်သူ လူဝီဆာ တို့ဟာ ဆော့ကစားကြရင်း အမှတ်တမဲ့ ခြံနောက်ဖေးမှာ ထူးဆန်းတဲ့ တောင်ပို့ကြီးတစ်ခုကိုတွေ့ခဲ့ကြပါတယ်။ ဒီတောင်ပို့ကို ရှာတွေ့အပြီးမှာပဲ အိမ်ကြီးမှာ ထူးဆန်းတဲ့အရာတွေ တစ်ခုပြီးတစ်ခုဖြစ်လာပြီး လူဝီဆာရဲ့ အပြုအမူတွေဟာလည်း တစ်ဖြေးဖြေး ပြောင်းလဲလာခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို မသင်္ကာတဲ့ ဂျွန်ဂျိမ်းစ်ဟာ ဒီအိမ်ကြီးရဲ့ နောက်ကြောင်း ရာဇဝင်ကို စုံစမ်းကြည့်တဲ့အခါမှာတော့ ခြံနောက်ဖေးကတောင်ပို့ဟာ သွေးရိုးသားရိုးမဟုတ်ပဲ လူသေတွေကိုမြှုပ်နှံတဲ့ ရှေးဟောင်း သုဿန် တောင်ပို့တစ်ခု ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ အဲ့လို သိလိုက် ရတဲ့အချိန်မှာတော့ သူတို့မိသားစု ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီအိမ်ကြီးမှာ ဘယ်လိုရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေရှိနေမလဲ၊ လူဝီဆာတစ်ယောက်ရော ဘာတွေဖြစ် နေသလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် Horror drama ကားကောင်းတစ်ကား ဖြစ်ပါတယ်ခင်ဗျာ။...

On the Road to Berlin (2015) ⭐IMDB: 6.5/10 (860 Votes) 🎬 #Drama #War 🗓 2015 🎞 movie 📺 #720p #1080p 💿 957.8 MB ⦿ 1.8 GB 🌎 #Russia ⏰ 1 နာရီ 26 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Drama, WarIMDB – 6.5/10 ဒုတိယကမ္ဘာစစ်နောက်ခံ ရုရှား Red Army ဖက်က အမြင်နဲ့ တင်ဆက်ထားတဲ့ စစ်ဒရမ်မာကားလေး ဖြစ်ပါတယ်။ အိုဂါကော့ဗ်ဆိုတဲ့ ဆက်သွယ်ရေးအရာရှိလေးက တပ်တွေကို တစ်တပ်ပြီး တစ်တပ် မြင်းလေးနဲ့ ဆက်သွယ်ပေးနေရတဲ့ စစ်သားလေးပေါ့။ တစ်နေရာကျ ဂျာမန်တင့်ကားတွေနဲ့ တွေ့ပြီး အခြေအနေမလှလို့ ပြန်ဆုတ်ခွာလာရပါတယ်။ အဲဒီမှာ အဆက်အသွယ်ပြတ်တောက်လို့ ရုရှားခံစစ်တွေ တော်တော်များများ ချိုးဖောက်ခံရတာက သူ့အပြစ်တွေများတယ်ဆိုပြီး စစ်ခုံရုံးမှာ ထွက်ပြေးမှု တာဝန်မကျေပွန်မှု စသဖြင့်တွေနဲ့ သေနတ်နဲ့ ပစ်သတ်ဖို့ သေဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ သူ့ကို ပစ်သတ်ဖို့ စောင့်ကြပ်ဖို့ တာဝန်ကျတာက ရဲဘော် ဇူရာဘိဖ်ဆိုတဲ့ အမိန့်ပဲသိပြီး စကားနည်းတဲ့တစ်ယောက်။ အဲဒီအချိန်မှာပဲ ဂျာမန်တပ်တွေ ရုတ်တရက် ဝင်တိုက်လို့ နှစ်ယောက်သားထွက်ပြေးလာခဲ့ပြီး အမိန့်တာဝန် ကျေပွန်ချင်လို့ ဌာနချုပ်ထိ ရောက်မှ ပစ်သတ်မယ်ဆိုပြီး ခရီးထွက် လာခဲ့တဲ့ အခါမှတော့…..။ ရဲဘော်ရဲဘက်နှစ်ဦးရဲ့ တိုက်ပွဲတွေကြား စွန့်စားခန်းတွေထွက်ပြီး ညီအစ်ကို သံယောဇဉ်တွယ်ကြပုံတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ တစ်ခုတောင်းဆိုချင်တာကတော့ ရထားတဲ့စာဖိုင်ရဲ့ မပြည့်စုံမှုကြောင့် အဆင်ပြေအောင် ကြိုးစားပြန်ထားတာကို နားလည်ပေးစေချင်ပါတယ်ဗျ။...

Dead Silence (2007) ⭐IMDB: 6.1/10 (98 k Votes) 🎬 #Horror #Mystery #Thriller 🗓 2007 🎞 movie 📺 #1080p 💿 982.1 MB 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၀၇ ခုနှစ်က ထွက်ခဲ့ပြီး IMDB 6.2 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေမီရဲ့ ဇနီးဖြစ်သူ လီဆာဟာ ဘီလီလို့နာမည်ရတဲံ အရုပ်လေးတစ်ရုပ်ကို လက်ခံရရှိပြီးနောက်မှာ ထူးခြားတဲ့ ရှင်းမပြနိုင်တဲ့ အဖြစ်ဆိုးနဲ့ သေဆုံးသွားခဲ့ပါတယ်။ ဂျေမီတစ်ယောက် အသုဘအတွက် မွေးရပ်မြေကိုပြန်လာခဲ့ပြီးနောက်မှာ သူ့အဖေနဲ့ဇနီးငယ်၊ အသုဘစီစဉ်သူလင်မယားဆီကနေတဆင့် အရုပ်ရဲ့ မသင်္ကာစရာ ဇာတ်လမ်းအကြောင်းကို သတိပေးခံခဲ့ရပြီးနောက်မှာ…….ဇာတ်ကားကိုတော့ မယွန်းစန္ဒီမှ ဘာသာပြန်ပေးထားပါတယ်။...

Sunshine Cleaning (2008) ⭐IMDB: 6.8/10 (73 k Votes) 🎬 #Comedy #Drama 🗓 2008 🎞 movie 📺 #720p #1080p 💿 528.4 MB ⦿ 1.6 GB 🌎 #UnitedStates ⏰ 1 နာရီ 32 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Comedy, DramaIMDB – 6.8/10 ရှယ်မင်းသမီးတွေဖြစ်တဲ့ Amy Adams နဲ့ Emily Blunt တို့ အပြိုင်သရုပ်ဆောင်ထားကြတဲ့ ဘဝသရုပ်ဖော် ဒရမ်မာဟာသ ကားလေးပါ။ ရို့စ်ဆိုတာက အော်စကာဆိုတဲ့ သားငယ်လေးနဲ့ စင်ဂယ်အမေတစ်ယောက် သားကိုကျောင်းထားပြီး အလုပ်ပေါင်းစုံလုပ် ရုန်းကန်နေရတာ။ ဒီလို ရုန်းကန်နေရတဲ့ထဲ ဖခင်ကလည်း တမှောင့်ပေါ့ နောက်ပြီး ပိုဆိုးတာက ညီမဖြစ်တဲ့သူ နိုရာ၊ အလုပ်တွေလည်း မမြဲ ဆေးချလိုက် အရက်သောက်လိုက် ပေါ့ပျက်ပျက်နေလိုက် သူ့သားကိုလည်း ပေါက်ကရတွေ ခေါင်းထဲရိုက်သွင်းပေးနေတဲ့ အဒေါ်ဆိုးပေါ့လေ။ ပြီးတော့ လက်ရှိတွဲနေတဲ့ ရဲအရာရှိဆိုတာက ငယ်တုန်းက ရည်းစားဟောင်း ဒါပေမဲ့ သူကလည်း မိန်းမနဲ့ ကလေးနဲ့ ခိုးစားနေရတဲ့ဘဝမျိုးပေါ့လေ။ အဲဒီအချိန်မှာပဲ အဒေါ်ဖြစ်သူ သင်ပေးထားတာ ပေါက်ကရလုပ်ရင်း သားဖြစ်သူကို ပုဂ္ဂလိကကျောင်းပဲ ထားရတော့မယ့်အခြေအနေရောက်လာပါတယ် ပိုက်ဆံလည်း ပိုလို လာပါတယ်။ အဲဒါကြောင့် ခိုးစားနေတဲ့ ရဲအရာရှိကြီးကို ရင်ဖွင့်မိတဲ့အခါ မှာတော့ လူသေမှုတွေဖြစ်တဲ့ အခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်း ရေးလုပ်ရတာ ငွေကောင်းကောင်းရတယ်ဆိုပြီး ပြောလိုက်တဲ့အခါ ရို့စ်တစ်ယောက် ဘာမှမသိမကန်းနဲ့ ငွေဇောတိုက်ပြီး ညီမဖြစ်သူပါခေါ် ပြီး ဒီလို မှုခင်းတွေကို သန့်ရှင်းရေးလုပ်ရဖို့ ကြိုးစား ရုန်းကန်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ပြီး အောင်မြင်နိုင်မလား စသဖြင့် ဘဝသရုပ်ဖော်ကားလေးပဲ ဖြစ်ပါတယ်။ လုံးဝကို အပူသည်နေရာက Amy Adam က ပိုင်နိုင်ပြီး ပေါ့ပျက်ပျက် ညီမနေရာကလည်း Emily Blunt တို့က သရုပ်ဆောင်ထားကြတာပါ။...

Pocket Listing (2015) ⭐IMDB: 5.3/10 (7 k Votes) 🎬 #Comedy #Crime #Drama #Action #Thriller 🗓 2015 🎞 movie 📺 #720p #1080p 💿 677.7 MB ⦿ 1.4 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လော့စ်အိန်ဂျလိစ်မြို့မှာ အိမ်ခြံမြေပွဲစားတစ်ယောက်ဖြစ်တဲ့ ဂျက်ဝုဒ်မန်းဆိုတဲ့လူတစ်ယောက်ရှိတယ်။ သူက အိမ်အရောင်းအဝယ်ဖြစ်ဖို့ ရတဲ့နည်းကိုသုံးတတ်တဲ့ လူမျိုးဖြစ်ပြီး တစ်ရက်မှာတော့ အကြောင်းတစ်ခုကြောင့် ကုမ္ပဏီက သူ့ကိုအလုပ်ထုတ်လိုက်ပါတယ်။ အကြွေးတွေပုံပြီး ဆင်းရဲတွင်းထဲရောက်နေတဲ့အချိန်မှာ သူ့ကိုလာကမ်းလှမ်းတဲ့ ကော်မရှင်တစ်ခုကြောင့် သူ့ဘဝက ဘယ်လိုထပ်ပြီး ပြောင်းလဲသွားမလဲဆိုတာကတော့…...

The Summer I Turned Pretty (2022- ) ⭐IMDB: 7.4/10 (26 k Votes) 🎬 #Drama #Romance 🗓 2022- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Summer I Turned Pretty Season 1+ 2 (2022)The Summer I Turned Pretty (2022)ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရသအပြည့်အဝပေးနိုင်မယ့် Amazon Prime ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး Drama တွေဖြစ်ကြတဲ့ To All the Boys သုံးကားတွဲရဲ့ စာရေးဆရာမဖြစ်တဲ့ Jenny Han ရဲ့ နောက်ထပ်ကောင်းမွန်တဲ့ လက်ရာဖြစ်တာမို့ ကောင်းမွန်တဲ့ Drama တွေ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ ဘယ်လီဆိုတဲ့ ကောင်မလေးဟာ မိသားစုနဲ့အတူ ကာဆင့်စ် ကမ်းခြေကို နွေရာသီတိုင်းမှာ သွားနေကျပါ။ နှစ်စဉ်နှစ်တိုင်းမပျက်သွားနေကြလို့ သူ့အတွက်တော့ ကာဆင့်စ်ကမ်းခြေက အိမ်ဟာ သူ့အတွက်တော့ ပုံမှန်နေနေကျ အိမ်လိုဖြစ်နေပါတော့တယ်။ ဒါပေမယ့် နွေရာသီတစ်ခုမှာတော့ သူဟာ အရွယ်ရောက်လာပြီး ကမ်းခြေကို ခါတိုင်းလိုပဲ လာခဲ့ပေမယ့် အရင်ကနဲ့ မတူတဲ့ နွေရာသီတစ်ခုကို ကြုံတွေ့ရပါတော့တယ်။ အဲဒါကြောင့် တူညီတဲ့ ကိစ္စတွေကို ဘယ်လီတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ အညွှန်းကိုတော့ Leonard Lin က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Leonard Lin, Kuz, Richard Wai, Yoon Sandi Aung, Roman NoX တို့ပဲ ဖြစ်ကြပါတယ်။Genre….. Drama...