ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Kim Ji-young: Born 1982 (2019) ⭐IMDB: 7.3/10 (4 k Votes) 🎬 #Drama #Family #Life #Psychological 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 59 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kim Ji Young: Born 1982 (2019) ********************************** ဒီဇာတ်ကားက နာမည်ကျော်ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ… ဒီစာအုပ်ပါအကြောင်းအရာတွေဟာ စာဖတ်ပရိတ်သတ်ကြားအတော်ဂယက်ထခဲ့တယ်လို့ဆိုပါတယ်… ဒီကားထဲမှာတော့နာမည်ကြီးသရုပ်ဆောင် Yoo Gong နဲ့ Jung Yu Mi တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်…. ဘယ်လိုတွေကြောင့် စာဖတ်ပရိတ်သတ်ကြား အစွန်း(၂)ဘက်ရောက်နေကြတာလဲဆိုတာရယ်..Drama အမျိုးအစားဒီဇာတ်ကားဟာ ရှိခဲလှတဲ့ IMDb…7.6 ရနေတာလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ …တခြားဇာတ်ညွှန်းတွေတော့ မရေးတော့ပါဘူး… တဖြည်းဖြည်း ခံစားကြည့်ရှုရတဲ့ကားမို့ spoilerဖြစ်မှာစိုးရိမ်လို့Drama ကားကြိုက်သူတို့ လက်မလွှတ်သင့်ဘူးလို့သာညွှန်းဆိုပါရစေ…(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်)...
Move Like a Boss (2024) ⭐IMDB: 2.9/10 (71 Votes) 🎬 #Drama #Comedy 🗓 2024 🎞 movie 🌎 #Nigeria ⏰ 1 နာရီ 33 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Move Like a Boss (2024) *********************** ဇာတ်လမ်းအကျဉ်းကတော့ ဂျိုကိုဟာမိသားစုပိုင် နည်းပညာတစ်ခုမှာလက်ထောက်ဒါရိုက်တာလုပ်နေပါတယ်။ ကုမ္ပဏီရဲ့ စီအီးအိုလည်းဖြစ်၊အဖေလည်းဖြစ်တဲ့ သံအမတ်ကြီးဒန်ကွန်လီဟာအနားယူအပန်းဖြေဖို့အတွက် ခဏတာ ခရီးထွက်သွားခဲ့တယ်။ အဲ့အချိန်မှာကုမ္ပဏီရဲ့ရှေ့နေ ဘာရစ်စတာက ဒန်ကွန်လီရဲ့အစ်မကြီးဝေါ်ရာကိုရှယ်ယာကိုင်ဆောင်သူများ သဘောတူညီချက်ထဲက အချက်တစ်ခုကိုထောက်ပြပြီးကုမ္ပဏီရဲ့ စီအီးအိုရာထူးကို အပိုင်သိမ်းဖို့အကြံပေးတယ်။ စီအီးအိုဖြစ်သွားရင် စိတ်ကြိုက်သုံးဖြုန်းခွင့်ရမယ့်အတွက်ဝေါ်ရာလည်းအကြံကို လက်ခံလိုက်တယ်။ သူ့ကို စီအီးအိုမဲပေးဖို့အတွက်လည်းဘုတ်အဖွဲ့ဝင်တွေကိုဝေါ်ရာက မဲဆွယ်ထားလိုက်တယ်။ ဘာမှမသိသေးတဲ့ဂျိုကိုလည်း အစည်းအဝေးကိုရောက်ရောအဒေါ်ဖြစ်သူဝေါ်ရာကို အကုန်လုံးမဲပေးကြတာတွေ့ရတော့ သူလည်းစိတ်ပျက်သွားခဲ့ပါတယ်။ သဘောတူညီမှုစာချုပ်အရ ကန့်ကွက်သူရှိရင်စီအီးအိုအသစ်ဟာနောက် ၄၈ နာရီနေမှာသာအတည်ဖြစ်မှာဖြစ်တဲ့အတွက်ဂျိုကိုတစ်ယောက် သူ့အဖေစီအီးအိုရာထူးကိုအဒေါ်ဖြစ်သူ မရအောင်စတင်ကြိုးပမ်းပါတော့တယ်။ (အညွှန်းကို Tin Myo Lwin မှ ရေးသားထားပါတယ်)...
Time Cut (2024) ⭐IMDB: 5.0/10 (10 k Votes) 🎬 #Horror #ScienceFiction #Thriller #Mystery #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နက်ဖလစ်က ထုတ်တဲ့ သိပ္ပံစိတ်ကူးယဉ် စိတ္တဇလူသတ်သမား ရုပ်ရှင်အသစ်ပါ။ ဇာတ်လမ်းမိုက်ပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ စိတ်မကောင်းစရာကတော့ အတိတ်ကို တကူးတက ခရီးသွားတဲ့ခုနှစ်ဟာ ၂၀၀၃ တောင် ဖြစ်လာပြီမို့ အသက်ကြီးတွေ ဘယ်လောက်အိုနေပြီလဲ ကိုယ်တိုင် ပြန်စဉ်းစားမိပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ၂၀၀၃ ခုနှစ်မှာ ကွင်းဆက်လူသတ်သမားတစ်ယောက်က အထက်တန်းကျောင်းသားကျောင်းသူတွေကို သတ်ဖြတ်ခဲ့ပေမဲ့ တရားခံကို နှစ်ပေါင်းများစွာ ကြာတဲ့အထိ မမိခဲ့ပါဘူး။ ဒီလိုနဲ့ ၂၀၂၄ ခုနှစ်က ဒီလူသတ်မှုတွေကို သိနေတဲ့ ကျောင်းသူလေးတစ်ယောက်က ကာလယန္တရားတစ်ခုနဲ့ အတိတ်ကို ပြန်လာပြီး အဲဒီလူသတ်သမားကို ဖော်ထုတ်ဖို့နဲ့ တားဆီးဖို့ ကြိုးစားပါတော့တယ်။ အဲဒီကနေ ဘာလျှို့ဝှက်ချက်တွေ ပေါ်လာမလဲဆိုတာ ရုပ်ရှင်ထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး။...
The Forge (2024) ⭐IMDB: 6.4/10 (3 k Votes) 🎬 #Drama #Family 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ Isaiah လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်က အထက်တန်းပြီးပေမယ့် ကောလိပ်ဆက်မတတ်ဘဲ အလေလိုက်နေတဲ့ကောင်လေးတစ်ယောက်ပါ။ တစ်နေ့သူ့ဘဝကိုပြောင်းလဲသွားစေမယ့် Joshua Moore ဆိုတဲ့သူနဲ့တွေ့ပြီး သူ့ဘဝကိုဘယ်လိုပြောင်းလဲပေးသွားမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းက ဘာသာရေးနဲ့ဆိုင်တာမလို့ မိသားစုနဲ့အေးအေးဆေးဆေးကြည့်လို့ရမယ့်ဇာတ်ကားကောင်းလေးတစ်ခုပါ။ IMDb မှာလည်း 6.4 အထိရထားတဲ့ 2024 အသစ်ထွက်ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။...
Frankie Freako (2024) ⭐IMDB: 5.7/10 (560 Votes) 🎬 #Comedy #Drama #Fantasy #Horror 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 23 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ Goosebumps တို့ Chucky တို့လိုမျိုး လက်ထိုးအရုပ်တွေကိုသုံးပြီးတော့ ရိုက်ကူးထားတဲ့ Horror ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Kristy Wordsworth, Colin Cunningham, Rob Schrab တို့က ပါဝင်ပေးထားပြီးတော့ ဒါရိုက်တာ Steven Kostenski က ဦးဆောင်ရိုက်ကူးပေး ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သာမန်ပျင်းစရာ ရုံးဝန်ထမ်းဘဝမှာ ပျော်ရွှင်နေတဲ့ Conner ရဲ့ဘဝထဲကို မှင်စာလိုမကောင်းဆိုးဝါးကောင်လေးတွေ ရောက်လာပြီးတော့ သူ့ပိုင်ဆိုင်မှုအားလုံးကို ဖျက်ဆီးဖို့ကြိုးစားပါတယ်။ ဒါပေမယ့် အဲဒီမကောင်းဆိုးဝါးလေးတွေမှာလည်း သူတို့ရဲ့အကြောင်းအရင်း တစ်ခုရှိနေခဲ့ပါတယ်။ အဲဒီအကြောင်းအရင်းက ဘာဖြစ်မလဲ၊ ဘာဖြစ်လို့ Conner ဆီကို ရောက်လာရတာလဲဆိုတာတွေကို ဇာတ်ကားထဲမှာ ကိုယ်တိုင် ခံစားလိုက်ပါ။ Low budget movie ဆိုပေမယ့် IMDb မှာ rating 5.9/10, Rotten Tomato မှာ rating 89% အထိ ရရှိထားပါတယ်။ Horror genre ဆိုပေမယ့် သိပ်ကြောက်ဖို့ မကောင်းပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...
Under Parallel Skies (2024) ⭐IMDB: 5.7/10 (715 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines #HongKong ⏰ 1 နာရီ 51 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထိုင်းမင်းသား Metawin Opas-iamkajorn နဲ့ ဖိလစ်ပိုင်မင်းသမီး Janella Salvador တိုအတူ ဟောင်ကောင်မှာရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးကတော့ romance healing movie လေးတစ်ခုပါ .. ပါရင် (Metawin) က ပျောက်သွားတဲ့ သူ့ အမေကိုလိုက်ရှာဖို ဟောင်ကောင်ကိုရောက်လာပြီး ဟိုတယ်က ဝန်ထမ်းမလေး အိုင်ရစ် (Janella) နဲ့တွေ့ခဲ့ပါတယ်.. ချမ်းသာပြီး ပြဿနာရှာတတ်တဲ့ ပါရင်နဲ့ လိုက်စောင့်ရှောက်ပေးရတဲ့ အိုင်ရစ်တိုရဲ့ နွေးထွေးတဲ့ အချစ်ဇာတ်လမ်းလေးအပြင် ဟောင်ကောင်မြို အလှတွေကိုပါ ခံစားကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်...
Duresori: The Voice of East (2012) ⭐IMDB: 7.3/10 (31 Votes) 🎬 #Drama #Music #Youth 🗓 2012 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Duresori: The Voice of East (2012) ********************************* ဒီကားလေးကတော့ ဒူရယ်ဆိုရီလို့ခေါ်တဲ့ အထက်တန်းကျောင်းသားတွေပါဝင်တဲ့သံစုံကျူးအဖွဲ့ပေါ်ပေါက်လာပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဆယ်ကီနဲ့အာရမ်ဟာ ရိုးရာတေးဂီတကို ချစ်မြတ်နိုးပြီး ငယ်စဉ်ကတည်းကပဲရိုးရာဂီတကိုသီဆိုလာကြတဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပါတယ် .. နာမည်ကြီး ရိုးရာတေးသီဆိုသူအဘွားကြောင့်ဘယ်နေရာရောက်ရောက် ကိုယ့်အရည်အချင်းထက်အဘွားကြောင့်အသိမှတ်ပြုခံရသလိုဖြစ်နေတဲ့ ဆယ်ကီ .. ရိုးရာဂီတမှာ ပါရမီပါပေမဲ့ မိဘမဲ့ဖြစ်ကာ အဒေါ်ဖြစ်သူကမရှိတဲ့ကြားကထောက်ပံ့နေရတဲ့အတွက် ကြိုးစားနေရတဲ့ အာရမ် .. ကျောင်းခေါ်ချိန် မပြည့်တဲ့ကလေးတွေစုပြီးပွဲတစ်ခုမှာ သံစုံကျူးအဖွဲ့အနေနဲ့ ဖျော်ဖြေဖို့ဖြစ်လာတဲ့အခါ .. ရိုးရာဂီတသီဆိုနေကြ ကလေးတွေ အမျိုးအစားမတူတဲ့ဂီတကို သီဆိုနိုင်အောင်ဆရာကဘယ်လိုလေ့ကျင့်ပေးသွားမှာလဲ။ တေးဂီတတွေနဲ့အတူ အထက်တန်းကျောင်း ဆယ်ကျော်သက်အရွယ်ဘဝကိုပြန်လည်ခံစားရမယ့် လူငယ်ဇာတ်ကားလေးမို့ ကြည့်ရှုခံစားကြည့်ပါဦးနော် .. (အညွှန်းကို Shwe Pyae မှ ရေးသားထားပါတယ်)...
Scouting for Christmas (2024) ⭐IMDB: 6.1/10 (426 Votes) 🎬 #Comedy #TVMovie #Romance 🗓 2024 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scounting for christmas ကားလေးကတော့ rating 6.1ရှိပြီး. christmasမှာ မိသားစုနဲ့အတူ ကြည့်ပြီး Chill လိုရမဲ့ကားလေးပါ။ ဒီဇာတ်ကားထဲမှာတော့ Single mother တစ်ယောက်ဟာ christmas မှာသူ့သမီးပျော်ရွှင်မှု အတွက် အကောင်းဆုံး ဖြည့်စည်းပေးရင်း တဖက်မှာလဲ အလုပ်တွေနဲ့ ပြည့်နေသူတစ်ဦးပါ။ ကိုယ့်ပျော်ရွှင်မှုအတွက် ဂရုမစိုက်နိုင်တဲ့ သူ့ကို သူသမီးက လက်တွဲဖော်အဖြစ် မုန့်ဖုတ်ဆိုင်က မုန့်ဖုတ်ဆရာ တစ်ယောက်နဲ့ စပ်ပေးဖိုကြိုးစားပါတော့တယ်။ တစ်နေ့မှာ သူ့ရဲ့ကွာရှင်းထားတဲ့ ယောကျ်ားဟောင်း ရုပ်ကြွင်း တူးဖော်ပညာရှင်ပြန်လာတဲ့အခါ သူနဲ့မုန့်ဖုတ်ဆရာ ကြားဘာ ဆက်ဖြစ်မလဲ…သူ့ပျော်ရွှင်မှုကိုပြန်ရှာနိုင်ပါ့မလား သူတိုမိသားစုကြားက ဆံရေးကဘယ်လိုဖြစ်သွားမလဲ…. ဆိုတာကို ပေါ့ပေါ့ပါးပါး နဲ့ကြည့်လိုရမဲ့ကားကောင်းဖြစ်ပါတယ်။ ဒီကားလေးက ပြဿနာတွေကြားထဲ မိသားစုထဲမှာရှိတဲ့ နွေးထွေးတဲ့မေတ္တာတစ်မျိုးကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပြီး. christmas အငွေ့အသက်တွေပါတာမို လာမဲ့christmasမှာ ကြည့်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။...
Swing Kids (2018) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Drama #Music #Sport #War #Musical 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 14 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Swing Kids (2018) ******************* ဒီတစ်ခါမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် EXO အဖွဲ့ဝင် D.O,မင်းသမီး Park Hye Soo, ပရိတ်သတ်ရင်းနှီးပြီးသားသရုပ်ဆောင်Oh Jung se တို့အဓိက ပါဝင်ထားပြီး 2018ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ကိုရီးယား musical ရုပ်ရှင်လေးတစ်ကားကိုပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင် .. ဇာတ်လမ်းအကျဉ်း***************1951ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်းမှာမြောက်ကိုရီးယားနဲ့ တရုတ်အကျဉ်းသားတွေကတောင်ကိုရီးယား ဂိုဂျယ်ကျွန်းရှိ စခန်းကို စေလွှတ်ခံခဲ့ရပါတယ် .. POW စခန်းကတော့ ကွန်မြူနစ်စနစ်ကိုလိုလားတဲ့သူတွေနဲ့ကွန်မြူနစ်စနစ်ကိုဆန့်ကျင်တဲ့သူတွေအကြားက ပဋိပက္ခလက်အောက်မှာ ရှိနေပါတယ် .. ရိုဂီဆူကတော့ ဂိုဂျယ်POW စခန်းမှာ ထိန်းသိမ်းခံထားရတဲ့မြောက်ကိုရီးယားစစ်သားတစ်ယောက်ပါ… အဲဒီအချိန်မှာပဲ တပ်ကြပ်ကြီးဂျက်ဆင်ဆီကိုtap dance ဆိုတဲ့ ဖိနပ်စည်းချက်လိုက်အကကဖို့အကအဖွဲ့တစ်ခုဖွဲ့ရန် အမိန့်ကျလာပါတယ်… အဲဒါကြောင့် ဂျက်ဆင်က စခန်းမှာအကအဖွဲ့ဝင်တွေ ရွေးချယ်ဖို့အတွက် လူရွေးပွဲကျင်းပခဲ့ပြီး… နောက်ဆုံးမှာတော့ တရုတ်စစ်သား ရှောင်းဖန်ကွန်မြူနစ်ပါတီဝင်ဟု မတရားစွပ်စွဲခံခဲ့ရတဲ့ ဂန်ဗြောင်ဆမ်း နှင့်မိသားစုကို ထောက်ပံ့ပေးနေတဲ့ ယန်းဖန်းလယ်တို့ သုံးယောက်ကအကအဖွဲ့မှာ ပါဖို့ဖြစ်လာပါတော့တယ် … ထိုအချိန်တွင် တပ်ကြပ်ကြီးဂျက်ဆင်က ဂီဆူရဲ့ အကအရည်အချင်းကို သဘောကျပြီးတော့အကအဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းတဲ့အခါမှာတော့…. စစ်ပွဲအကြားမှာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ အကအဖွဲ့လေးကိုအကောင်အထည်ဖော်သွားနိုင်မလားဆိုတာကိုတော့ဒီကားလေးထဲမှာ စောင့်မျှော်ကြည့်ရှူပေးကြပါဦးနော် … (အညွှန်းကို May Thet မှ ရေးသားထားပါတယ်)...
Scandal Makers (2008) ⭐TMDB: 72% User Score 🎬 #Comedy #Drama 🗓 2008 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scandal Makers (2008) ************************ ဘဝကို ကြိုစားနေထိုင်လာရင်းနဲ့ အနုပညာလောကမှာ လူသိရှင်ကြားအောင်မြင်နေတဲ့အချိန် ရုတ်တရက် အိမ်ရှေ့တံခါးကိုဘယ်တုန်းက မွေးခဲ့လဲတောင် မသိလိုက်တဲ့ ကိုယ့်ရဲ့သမီးအရင်းနဲ့ မြေးတို့ ရောက်လာပြီးလူပျိုလို့ ထင်ခဲ့တဲ့ကိုယ်က ရုတ်တရက် အဘိုးဖြစ်နေတာကို သိလိုက်ရတဲ့အခါသင်တို့သာဆိုရင်ရော ဘယ်လိုဖြစ်သွားမလဲ??? Park Bo-young , Cha Tae-hyun , Wang Suk-hyun တို့ သုံးယောက်အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီးတခြားနိုင်ငံက remake တွေ ပြန်ရိုက်လောက်ရတဲ့အထိဆုပေါင်းများစွာကို ဆွတ်ခူး အောင်မြင်ခဲ့တဲ့ 2008 ခုနှစ်က ထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း******************အသက် သုံးဆယ်အရွယ် လူလတ်ပိုင်း Nam Hyun-Soo(Cha Tae-hyun) ဟာနာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုရဲ့ အောင်မြင်နေတဲ့ MC တစ်ယောက်ပါ။ သူ့ရဲ့ရေဒီယို အစီအစဉ်ကို အကြောင်းအရာတွေပို့နေကျတစ်ကိုယ်တော်မိခင်လေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ အဲဒီတစ်ကိုယ်တော်မိခင်လေးကို ရှိလို့ရှိမှန်းတောင် မသိနေတဲ့သူ့အဖေဖြစ်သူကို သွားတွေ့လိုက်ပါဆိုပြီး အာချောင်ပြီးတဲ့နောက် ..တကယ်တမ်း အဲဒီအဖေက ကိုယ်ဖြစ်နေပြီး အိမ်တံခါးဝအထိပါသမီးနဲ့မြေးဖြစ်သူတို့ ရောက်ချလာကြတဲ့အခါ… ခြေတစ်ချက်ချော်ရုံနဲ့ အောက်ဆုံးထိ ထိုးကျသွားနိုင်တဲ့ အနုပညာ လောကမှာဘယ်တုန်းက မွေးလိုက်ခဲ့မှန်းတောင် မသိခဲ့တဲ့ သားသမီးတစ်ယောက် ရှိနေတယ်ဆိုတာကိုဘယ်လိုဖုံးကွယ်ထားမလဲ?? မေတ္တာအစစ်အမှန်နဲ့ရော ချစ်ပေးနိုင်ပါ့မလားဆိုတာကို ဟာသလေးနှောရင်းရေထက်သွေးက ပိုပျစ်ကြောင်းကို ဖခင်မေတ္တာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့မိသားစုဇာတ်လမ်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ကြပါဦးနော်… (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်)...
Vacation (2015) ⭐IMDB: 6.2/10 (124 k Votes) 🎬 #Adventure #Comedy 🗓 2015 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ Comedy ဇာတ်ကဟောင်းလေးပဲဖြစ်ပါတယ်။ ကြည့်ဖူးတဲ့သူတွေလည်းရှိမှာပါ။ မိသားစုတစ်သိုက် ခရီးထွက်ရင်းအလွဲလွဲအချော်ချော်တွေဖြစ်ခဲ့တာကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ဇာတ်ဆောင်မင်းသားကလည်း Hangover ထဲမှာပါဝက်ခဲ့တဲ့ Ed Helms ပဲဖြစ်ပါတယ်။ ဒါ့အပြင် Thor မင်းသား Chris Hemsworthပါဝင်ပြောင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မိသားစုတွင်းသိပ်မနွေးထွေးတာကိုတွေ့နေရတဲ့ ဖခင်ဖြစ်သူ လေယာဉ်မှူးတစ်ယောက် နွေရာသီအားလပ်ရက်မှာ မိသားစုလိုက် Road Trip ထွက်မယ်ဆိုတာကစတာပါပဲ။ လမ်းတောက်လျောက် စထွက်ကတည်းကကိုတက်လိုက်တဲ့ပြသနာတွေဟာ ခရီးဆုံးတဲ့ထိကိုမပြီးပါဘူး။ အရင်က Comedy ဇာတ်ကားဟောင်းတွေကိုကြည့်ချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်...
Yudhra (2024) ⭐IMDB: 5.8/10 (12 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yudhra ( 2024 ) ဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက်ဟင်ဒီစကားပြော Action Thrillerအမျိုးအစားဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ်။ ဇာတ်ကားအကျဉ်းကတော့-ရဲဌာနရဲ့ အတော်ဆုံးအရာရှိနဲ့ သူ့ဇနီးသည်ဟာ ပါတီပွဲကအပြန်မှာမတော်တဆလား တမင်သက်သက်လားဆိုတာမသိတဲ့ကားအက်စီဒန့်တစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသွားကြပါတယ်။ ကိုယ်ဝန်နေ့စေ့လစေ့နဲ့မိခင်သေဆုံးသွားပေမယ့် ယုဒရာလေးကိုတော့ဗိုက်ထဲကခွဲထုတ်ပြီးကယ်တင်နိုင်ခဲ့ပါတယ်။မမွေးခင်ကတည်းက မိဘမဲ့ဖြစ်သွားခဲ့တဲ့ယုဒရာလေးကိုတော့ သူ့အဖေရဲ့မိတ်ဆွေတို့ကသားလေးတစ်ယောက်လိုမွေးစားခဲ့တယ်။ယုဒရာလေးဟာ မိဘမဲ့ဖြစ်တာရော ၊ သူ့ရဲ့မွေးဖွားလာပုံတို့ကြောင့်ရောစိတ်မထိန်းနိုင်ဘဲ ရန်လိုတဲ့ ဒေါသအိုးလေးအဖြစ်ကြီးပြင်းလာခဲ့ပါတယ်။ ကျောင်းသားလေးဘဝမှာကတည်းက သူ့ရဲ့ပုတ်သင်ညိုကိုသတ်ပစ်တဲ့ကောင်လေးကို ပြန်သတ်ဖို့လုပ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီးကြီးပြင်းလာတာနဲ့အမျှ ဆိုင်ကယ်ပြိုင်မောင်းတာလိုမျိုးအန္တရာယ်နဲ့ကစားရတဲ့အရသာတွေကို ခုံမင်တဲ့လူဆိုးလေးဖြစ်လာပါတော့တယ်။အဲဒါကြောင့် သူ့မွေးစားအဖေတွေက မီးနဲ့ကစားရမှရင်ခုန်တတ်တဲ့သူ့ရဲ့စိတ်ဓာတ်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့အတွက်အမျိုးသားအရာရှိလေ့ကျင့်ရေးကျောင်းကို ပို့လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ယုဒရာတစ်ယောက် ထိပ်သီးလူဆိုးဂိုဏ်းတွေနဲ့ ဘယ်လိုအပြိုင်ကြဲမလဲ ၊မိဘတွေသေဆုံးမှုကိုရော ဖော်ထုတ်ပြီး လက်စားချေနိုင်မလားဆိုတာတွေကိုအသတ်အပုတ် အက်ရှင်ခန်းများများနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး တခြားပေါကားတွေလိုမဟုတ်ဘဲသေသေသပ်သပ်ဖြစ်လာတဲ့ဇာတ်ကွက်တွေကြောင့် ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားတစ်ခုအနေနဲ့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်...
The Lincoln Lawyer (2011) ⭐IMDB: 7.3/10 (258 k Votes) 🎬 #Crime #Drama #Thriller #Mystery 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Lincoln Lawyer (2011) အညွှန်း********************************** IMDb …. 7.3,,,,RT….. 73% “ကနဦး ဒေါ်လာ ၁သိန်း အရင်လိုချင်တယ်…ပြီးရင် အလုပ်ချိန် ၁နာရီ ကို ဒေါ်လာ ၅၅၀ အမှုစပြီးကြားနာရင် ဒေါ်လာ ၁၀၀ ထပ်တိုးမယ်” ဒါကတော့ ရှေ့နေမစ်ခ်ရဲ့ အမှုတစ်ခုအတွက်ပျမ်းမျှအခကြေးငွေပဲ… ပိုက်ဆံချေမယ်ပြောပြီး ငွေမရသေးရင် တရားရုံးတင်တဲ့ရက်ကို ရွှေ့ပစ်တဲ့ရှေ့နေတစ်ယောက်ပါ။ သူက ဘိန်းရာဇာလိုကောင်တွေနဲ့တောင် အလုပ်လုပ်တဲ့သူ… သူ့မှာ သိပ်တော်တဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ရှိသလို… နယ်ပယ်အသီးသီးက သတင်းအတိအကျရယူပေးနိုင်တဲ့အဆက်အသွယ်တွေလည်းရှိတယ်။ ဒီလောက်ဆိုမစ်ခ်ဆိုတဲ့ရှေ့နေဟာ ဘယ်လိုဆရာကျနေမလဲသိလောက်ပါပြီ… ဒီလိုနဲ့တစ်နေ့မှာ မစ်ခ် ဟာ…လူကုံထံသူဌေးသား တစ်ယောက် မုဒိမ်းမှု၊လူရိုက်မှုတွေနဲ့ … အစွပ်စွဲခံထားရတဲ့ အမှုကို ကူညီပေးဖို့သဘောတူလိုက်တယ်… အဲဒီမှာ သောက်ကျိုးနည်းပြဿနာတွေ တသီကြီး စပါတော့တယ် …. ဒီကားက မင်းသားကြီး Matthew McConaughey အဓိကသရုပ်ဆောင်ထားတဲ့ကား… ဒီလိုစရိုက်မျိုးတွေဆို အပိုင်နိုင်ဆုံးလို့တောင်ဆိုရမယ်။ ဇာတ်လမ်းက အရမ်းမိုက်သလို… အစမှအဆုံးထိ ဆွဲဆောင်မှုရှိလွန်းတယ်…လက်မလွှတ်သင့်တဲ့ နင်းကန်ကောင်းတဲ့ကားမို့.. ဒီကားလေးကို ကြည့်ကြည့်ကြပါလို့ညွှန်းလိုက်ချင်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်...
Viswam (2024) ⭐IMDB: 4.5/10 (480 Votes) 🎬 #Action #Bollywood #Comedy #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Viswam 2024 ဒီတစ်ခေါက် 2024 ခုနှစ်ထွက် ဘောလိဝုဒ်ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား အကြမ်းဖက်မှုတွေကိုလုပ်ဆောင်နေတဲ့ လူတစ်စုကကလေးငယ်လေးတစ်ယောက်ကို လိုက်လံရှင်းလင်းသတ်ဖြတ်ကြမယ့်စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်း အကြမ်းဖက်လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ဂျာလာလူဒင်ကာရက်ရှီဆိုတဲ့လူက ဦးဆောင်ပြီးသူတို့လမ်းမှာ အဟန့်အတားဖြစ်လာမယ့်ဝန်ကြီးတစ်ဦးကို အဲဒီဝန်ကြီးရဲ့ညီဖြစ်သူနဲ့ပေါင်းသတ်လိုက်ပါတယ်။ သူတို့အဲဒီလို ဒုစရိုက်မှုကျူးလွန်နေတာကို မတော်တဆကလေးမလေးတစ်ယောက်ကမြင်သွားခဲ့ပါတယ်။ ဂျာလာလူဒင်တို့လည်း ဒီမျက်မြင်သက်သေကလေးမလေးကိုသတ်ဖို့လုပ်ကြတော့တာပေါ့။ ထိတ်လန့်နေတဲ့ဒီကလေးမလေးကို သူ့အဘိုးဖြစ်သူတို့ကသက်သာရာသက်သာကြောင်း ဘုရားကျောင်းလိုက်ပို့တဲ့အချိန်မှာသူ့ကိုသတ်ဖို့လိုက်လာတဲ့ လူမိုက်အုပ်စုနဲ့တွေ့ပါတော့တယ်။ ဒီကလေးမလေးနဲ့ သူတို့မိသားစုကို ကယ်တယ်ပေးသွားမယ့်ကယ်တင်ရှင်က ဘယ်သူဖြစ်ပြီး ဘယ်လိုအကြောင်းအရာများနဲ့ပေါ်လာပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။)...
The Last House on the Left (2009) ⭐TMDB: 65% User Score 🎬 #Horror #Thriller #Crime #Drama 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ 1972ခုနှစ်က ရိုက်ကူးခဲ့ဖူးတဲ့ နာမည်တူ ဇာတ်ကားကိုပဲ 2009 ခုနှစ်မှာ တဖန်ပြန် remake ပြီး ရိုက်ကူးထားတဲ့ horror/thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒီကားထဲမှာ လူသတ်သမား ခရုဂ် ဟာ သူနေရမယ့် ထောင်ဆီသွားနေတဲ့လမ်းမှာ သူ့ညီ ဖရန့်စစ်နဲ့ သူ့မိန်းမ ဆေဒီတို့က ဖြတ်ကယ်ပြီး ရဲတွေကိုသတ်ပစ်ခဲ့ကြပါတယ်။ တစ်နေ့တော့ မေရီ နဲ့ သူ့သူငယ်ချင်းတို့ဟာ ခရုဂ် တို့မရှိချိန် သူတို့နေတဲ့ မိုတယ်ခန်းထဲရောက်နေတုန်း ခရုဂ်တို့ပြန်လာတာနဲ့ ကြုံလိုက်ရပြီး သူတို့တည်နေရာကို တခြားသူတွေကို ပြန်မပြောပြနိုင်အောင် ပြန်ပေးဆွဲ၊ အကြမ်းဖက် မုဒိမ်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ပြီးတဲ့အချိန်မှာ မုန်တိုင်းတိုက်လာတာကြောင့် တွေ့တဲ့အပန်းဖြေအိမ်တစ်အိမ်ထဲ ၀င်ခိုဖို့လုပ်တဲ့အချိန်မှာ သူတို့၀င်ခိုဖို့ကြိုးစားခဲ့တဲ့အိမ်က မေရီရဲ့မိဘအိမ်တွေ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မေရီရဲ့မိဘတွေဟာ သူတို့ရဲ့လုပ်ရပ်တွေကို သိရှိသွားပြီး လက်စားပြန်ချေဖို့ကြိုးစားတဲ့ သတ်မယ်ဖြတ်မယ် ဇာတ်ကားကောင်းတစ်ကား ဖြစ်တာကြောင့် thriller ကားကြိုက်သူတွေ သွေးသံတရဲရဲမှကြည့်ချင်သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။...
Black (2024) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Bollywood #Thriller #ScienceFiction #Mystery #Horror 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Black 2024 (အမှောင်လောက) ဟိုးတစ်ချိန်ပေါ့ ညအမှောင်အချိန်မှာ မိဘတွေက သဘောမတူလို့ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲတစ်တွဲ၊ သူတို့ကို လိုက်ပြီးကူညီပေးနေတဲ့သူကတော့သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းပေါ့။ သူငယ်ချင်းဖြစ်သူရဲ့ ကမ်းခြေအိမ်မှာ ပုန်းခိုပြီးတော့ နေခဲ့ကြတာပေါ့။အဲဒီစုံတွဲမသိလိုက်တာကတော့ ကောင်မလေးဖြစ်သူကိုသူငယ်ချင်းဖြစ်သူကလည်း တိတ်တိတ်လေးချစ်နေပြီးတော့သူ့ဆီကို လာအကူအညီတောင်းမိတဲ့အတွက်ရင်ထဲမှာ အစိုင်အခဲတွေရှိနေတယ်ဆိုတာပါပဲ ….. လက်ရှိကာလအချိန်မှာတော့ လူငယ်စုံတွဲလေးဖြစ်တဲ့ ဗာဆန့်နဲ့ အာညာတို့ဟာဘားမှာ ပြဿနာဖြစ်ခဲ့ပြီးတော့ အခုလက်ရှိအိမ်ကနေ ကမ်းခြေအိမ်ကို ပြောင်းရွေ့လာဖို့ ဖြစ်လာပါတော့တယ်။သူတို့စုံတွဲ ကမ်းခြေအိမ်ကို ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုကိစ္စတွေ ဖြစ်လာမလဲ……ဟိုးတစ်ချိန်တုန်းက ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲနဲ့ ဗာဆန့်တို့စုံတွဲကရော ဘာတွေ ဆက်စပ်နေမလဲ ……ဘယ်လို ရှုပ်ထွေးနက်နဲတဲ့ ပြဿနာတွေကြားထဲမှာ ဘယ်လို ခြောက်ခြားဖွယ်ရာတွေကြုံတွေ့ကြရမလဲဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်၊ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Yunni~KKKZ~Linn ဖြစ်ပါတယ်)...
The American (2010) ⭐TMDB: 60% User Score 🎬 #Crime #Drama #Thriller 🗓 2010 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The American (2010)********************* IMDb….6.5,,,,Rotten ….70% မင်းသားကြီး George Clooney ရဲ့အမိုက်စားကားကိုတင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်ကားလေးမှာ အီတလီသရုပ်ဆောင်နဲ့အဆိုတော် Violante Placidoရဲ့ … ရင်သပ်ရှုမောဖွယ် အလှအပတွေကိုလည်း ဝေဝေဆာဆာတွေကိုလည်းတွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း————— အဖွဲ့အစည်းတစ်ခုလက်အောက်မှာနေပြီးတော့ လျှို့ဝှက်စွာ အလုပ်လုပ်တဲ့ ဂျက်ဆိုတဲ့ သူတစ်ယောက်ရှိတယ်။ သူလုပ်တဲ့အလုပ်က ဘယ်သူမှ မသိအောင် သဲလွန်စဖျောက်ပြီး လူသတ်တဲ့အလုပ်ပါပဲ… အလုပ်လုပ်တာ အတော်ကြာလာတော့ မကျေနပ်တဲ့အဖွဲ့အစည်းတွေက စုံစမ်းရင်းသိလာပြီးတဲ့နောက်မှာ… ဂျက်ကိုပြန်လည် သုတ်သင်ဖို့ စတင်ကြိုးစားလာကြတယ်။ ဒီလို သားကောင်အဖြစ်ပြန်ရောက်ရတဲ့ ဂျက်တစ်ယောက်.. အီတလီနိုင်ငံက မြို့ငယ်လေးတစ်မြို့မှာ ကိုယ်ယောင်ဖျောက်ပြီးသွားရောက်နေထိုင်ဖို့ကြိုးစားပါတယ်။ သို့ပေမယ့်…သူ့ကိုလိုက်သတ်ကြတဲ့သူတွေဟာ ဘယ်သူတွေများဖြစ်မလဲ… လူပေါင်းများစွာကိုသတ်ပစ်ခဲ့တဲ့ သွေးအေးလူသတ်သမားကြီးဂျက်တစ်ယောက်… အသက်ဘေးကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်လိုက်ကြပါဦး… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်...
Firecracker (2024) ⭐IMDB: 5.0/10 (945 Votes) 🎬 #Thriller #Action 🗓 2024 🎞 movie 🌎 #India #UnitedKingdom ⏰ 1 နာရီ 47 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Firecracker (2024) ဓားပြတိုက်မှုတစ်ခု မှားယွင်းစွာဖြစ်သွားတဲ့အခါမှာမီးပုံပွဲညမှာအိမ်ထဲမှာ ပိတ်မိနေတဲ့ လူသုံးယောက်ဘာဆက်ဖြစ်မလဲဆိုတာ…. မတ်တေဒါဝက်ဆန်လို့ခေါ်တဲ့ ရှပ်ပြာနိုင်ပြီး အလုပ်သေချာမကျွမ်းတဲ့အိမ်ပွဲစားပေါက်စမလေးတစ်ယောက်က တစ်ရက်မှာတော့ရာဇဝတ်မှုဖြစ်ထားပြီး ဈေးကွက်ထဲကို မကြာခင်ကမှပြန်ရောက်လာတဲ့ အိမ်ကိုလိုက်ပြဖို့ ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ သူအိမ်ပြပေးရတဲ့အတွဲက အဲ့အိမ်မှာဖြစ်ခဲ့တဲ့ရာဇဝတ်မှုနဲ့ ပက်သက်တဲ့သူတွေဖြစ်ပြီးသူတို့ရှာလို့မပြီးသေးတာကို ပြန်ရှာဖို့ရောက်လာကြတဲ့အခါ…. သာမန်အိမ်ပွဲစားမလေးတစ်ယောက်ကနေ ဓားစာခံဖြစ်သွားပြီးနောက်သူမအသက်ရှင်ဖို့ ဘယ်လိုကြံမလဲဆိုတာ မတ်တေဒါတစ်ယောက်နောက်ဆုံးမှာ လွတ်မြောက်နိုင်မလား နောက်ကွယ်ကကြိုးကိုင်နေတာတွေကရော ဘယ်သူတွေလဲဆိုတာရင်ခုန်စွာ ကြည့်ရမှာဖြစ်ပါတယ်။ အက်ရှင်ကားဆိုပေမယ့် မထင်ထားလောက်စရာ plot twist တွေလည်းပါတာမို့စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ ရုပ်ရှင်နောက်ဆုံးပိုင်းထိ ဆွဲခေါ်သွားနိုင်မှာ အသေအချာပါပဲအခုလိုရာသီမှာ ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အက်ရှင်ကားလေးကတော့ပျင်းဖို့ကောင်းဖို့ကောင်းတဲ့ညဘက်တွေမှာ ကြည့်ဖို့ အသင့်တော်ဆုံးပဲမို့ကျွန်မတို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။...
Lies My Babysitter Told (2024) ⭐IMDB: 4.9/10 (119 Votes) 🎬 #Drama #TVMovie #Thriller 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Thriller Drama ဇာတ်ကားတွေ ကြည့်ရတာကို သဘောကျတဲ့ ပရိတ်သတ်တွေအတွက် Thriller ဇာတ်ကား တစ်ကားကို ယူဆောင်လာပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် Nicole Marie Johnson, Ben VanderMey, Daniel Di Amante တို့က ပါဝင်အားဖြည့်ပေးထားပြီးတော့ ဒါရိုက်တာ Ben Meyerson က ရိုက်ကူးပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ လုပ်ငန်းခွင်ပြန်ဝင် နိုင်ဖို့အတွက် ကလေးထိန်းရှာနေတဲ့ မိခင်တစ်ယောက်ဟာ သူ့မိတ်ဆွေရဲ့သားဖြစ်သူ Matt ကို ကလေးထိန်းအဖြစ် ငှားလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ Matt မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်တွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါ။ ဇာတ်လမ်းက Plot twist တွေနဲ့ ပြည့်နှက်နေပြီးတော့ ကြည့်နေရင်း ဟင်ကနဲ ဟာကနဲဖြစ်သွားမှာတော့ အသေအချာပါပဲ။ ဇာတ်သိမ်းကို ခန့်မှန်းလို့မရအောင် ရိုက်ကူးထားပြီးတော့ ပရိသတ်တွေကို စိတ်လှုပ်ရှားဖွယ် ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...
Hangdog (2023) ⭐IMDB: 5.9/10 (136 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဟာသနဲ့ ဒရာမာကို အချိုးကျကျ ရောစပ်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကား ကြည့်ချင်တဲ့ သူတွေအတွက် မိနစ် ကိုးဆယ်ကျော်ကျော််လေးအတွင်းမှာ အရသာခံပြီး ကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဝေါ့ ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ ကောင်မလေးနဲ့အတူ အိမ်ပြောင်းလာရင်း မြို့အသစ်မှာ အခြေချရပါတယ်။ ဝေါ့ဟာ ရှပ်ပြာပြာနဲ့ စိုးရိမ် ပူပန်တတ်တဲ့သူ ပီပီ အဲဒီမှာ ပြဿနာတွေ တက်ပါတော့တယ်။ တစ်ရက်မှာ သူ့ကောင်မလေးက အလုပ်ကိစ္စနဲ့ သုံးရက်တာ ခရီး ထွက်သွားရတဲ့အခါ ဝေါ့ရဲ့ ကောင်မလေးက သူ့ရဲ့ခွေးကို ဂရုစိုက်ဖို့ ဝေါ့ကို မှာထားခဲ့ပါတယ်။ ဒါပေမဲ့ ပထမရက်မှာပဲ ခွေးက အခိုးခံ လိုက်ရပြီး ပျောက်ဆုံးသွားတဲ့အခါ ခွေး မချစ်တတ်တဲ့ ဝေါ့ တစ်ယောက် ခွေးကို အဆုံးရှုံးခံလိုက်ရမလား .. ဒါမှမဟုတ် သူ့ကောင်မလေးကိုရောပါ သူ့အနေနဲ့ ဆုံးရှုံးလိုက်ရမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဘဝမှာ စိုးရိမ်ပူပန်မှုတွေနဲ့ လုံးထွေးရင်း ကိုယ့်ရဲ့ အကြောက် တရားတွေ .. စိတ်မလုံခြုံမှုတွေကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင် တန်ဖိုးနဲ့ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခြင်းမေတ္တာတွေကို မမြင်နိုင်တော့တဲ့အခါ .. ကိုယ့်ကိုယ်ကိုယ် ပိတ်မိနေပြီး လမ်းပျောက်နေတဲ့အခါ .. ဘယ်လို ကျော်လွှားရမလဲဆိုတဲ့ မက်ဆေ့ကိုလည်း ဒီဇာတ်ကားလေးထဲမှာ အထင်းသား မြင်တွေ့နိုင်ပါတယ် ခင်ဗျာ……. ( ဇာတ်လမ်း အညွှန်းနှင့် ဘာသာပြန် BZW ဖြစ်ပါတယ်)...
