ဇာတ်ညွှန်းများ • FDMN
Closed channel
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
30 Minutes or Less (2011)
⭐IMDB: 6.1/10 (104 k Votes)
🎬 #Action #Comedy #Crime #Adventure
🗓️ 2011 🎞️ Movie
📺 #1080p #720p
💿 1.4 GB ⦿ 591.2 MB
🌎 #UnitedStates #UnitedStatesofAmerica #Germany #Canada
⏰ 1 နာရီ 24 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 6.1/10 Rotten Tomatoes -45%
ချက်ကြီးဟာမူလတန်းကျောင်းဆရာတစ်ယောက်။
ချက်ကြီးဘော်ဒါငှက်ကြီး(နစ်ခ်) ကပီဇာဆိုင်မှာ
ဒယ်လ်လီဗာရီပို့တဲ့သူ။ ဒီဘဲနှစ်ပွေကငယ်ငယ်လေးတည်းက
ခင်ခဲ့တဲ့ ငယ်ပေါင်းကြီးဖော်တွေ။ တစ်ဖက်မှာလည်း
ဘုရင်ကြီးဒွီဝိန်းနဲ့သူ့နောက်လိုက်တပည့်ကျော်ထရားဗစ်ဆိုတာ
ရှိသေးတယ်။ချက်ကြီးတို့လို ငယ်ပေါင်းကြီးဖော် တွေပဲ။
ဘုရင်ကြီးတို့က ၁၀၉-၁၁၀ တွေ။ သူ့ဖားသားကြီး
အငြိမ်းစားဗိုလ်မှူးအိမ်မှာ လက်တိုလက်တောင်းလေး လုပ်ပြီးခိုကပ်
နေတဲ့ဘဲတွေ။ဘိုးတော်ကြီးကထီပေါက်ထားပြီး ထောနေတော့
၁၀၉-၁၁၀ ကောင်တွေကို ရှယ်ဟောက်တာပေါ့။
အလုပ်မရှိအကိုင်မရှိအာဝါးဒါးရိုက်မနေနဲ့ အဖြစ်ရှိအောင်လုပ်
ဘာညာပေါ့ဗျာ။ ဘုရင်ကြီးလည်း ပွားခံရပါများတော့ ဘိုးတော်ကြီးကို
ကပ်တိုးလေးအသည်းပေါက်နေတယ်။ မြေနိုးကြီး သေရင်
အမွေတွေရမယ် သူလည်းသူဌေးတန်းဖြစ်မယ်ပေါ့။ အဲဒါနဲ့ဘိုးတော်ကြီးကို
လုပ်ကြံဖို့အကြံထုတ်တယ်။ ထုတ်တဲ့အကြံထဲမှာ ပီဇာပို့တဲ့ ငှက်ကြီး(နစ်ခ်)က
မဆီမဆိုင် သားကောင်ဖြစ်သွားတယ်။
ချက်ကြီး၊ငှက်ကြီးတစ်ဖွဲ့ အကြံကြီးတဲ့ဘုရင်ကြီးတို့ကတစ်ဖွဲ့ ဂတုံးပေါ်
ထိပ်ကွက်ဖို့ကြိုးစားကြတာတွေ တခွီခွီနဲ့ကြည့်ရမှာဖြစ်တယ်။
ဒီရုပ်ရှင်မှာ The Social Network, Justice League,
Now you see me ဇာတ်ကားတွေမှာပါဝင်တဲ့ Jesse Eisenberg က
ငှက်ကြီးအဖြစ်ပါဝင်ထားပြီး Master of None series မှာ
နာမည်ကြီးတဲ့ Aziz Ansari က ချက်ကြီးအဖြစ်ပါဝင်ပြီး တခြား
ဟောလိဝုဒ်မှာနာမည်ကျော်ဟာသသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။
Box Office မှာလည်းဒေါ်လာသန်း၄၀ကျော်ရရှိထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။
From Me to You (2010)
⭐IMDB: 6.9/10 (3 k Votes)
🎬 #Drama #Romance
🗓️ 2010 🎞️ Movie
📺 #1080p #720p #480p
💿 2.3 GB ⦿ 905.3 MB ⦿ 532.6 MB
🌎 #Japan
⏰ 2 နာရီ 8 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
From Me to You (or) Kimi ni Todoke (2010)===============================IMDb Rating – 6.9/10
Anime fan လေးတွေအကြိုက် Kimi ni Todoke ကိုမှ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Live action movie အဟောင်းလေး ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ SawakoKuronuma (Mikako Tabe)ဟာ ဆံပင်ရှည်ကြီးအမြဲချထားပြီး ရှက်ကြောက်တတ်တဲ့အပြုအမူတွေကြောင့် ၁၉၉၈ တုန်းကထွက်ခဲ့တဲ့ ဂျပန်သရဲကား ‘Ring’ ထဲက သရဲမ“Sadako” နဲ့ တူတာမို့ ငယ်ငယ်ကတည်းက အတန်းဖော်တွေရဲ့ အရှောင်ကြဉ်ခံခဲ့ရပါတယ်။
အထက်တန်းကျောင်းမှာလည်း လူတိုင်းရဲ့ ကြောက်ရွံ့မှုကိုခံနေရပေမဲ့ အတန်းထဲက လူချစ်လူခင်များတဲ့ နာမည်ကြီးကောင်လေးတစ်ယောက် Shota Kazehaya (HarumaMiura)ကတော့ သူများတွေနဲ့မတူဘဲ Sawako ကို အမြဲဂရုစိုက်ကြင်နာပေးပါတယ်။ အဲလိုနဲ့ Kazehaya ကြောင့်Sawako မှာ သူငယ်ချင်းတွေရလာပြီး သူမ အမြဲတောင့်တခဲ့ရတဲ့ ကျောင်းသားဘဝလေးရလာတဲ့အခါ သူတို့ သူငယ်ချင်းနှစ်ယောက် တဖြည်းဖြည်းကြီးထွားလာတဲ့ ကိုယ်စီခံစားချက်တွေကို အချင်းချင်းသိအောင် အရောက်ပို့နိုင်ကြမလားအဆင့် တက်သွားကြမလား ဆိုတာ…ကြည့်ရှုရမှာပါ။ လူငယ်တွေရဲ့ friendship တွေ စိတ်ခံစားချက်တွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ NaotoKumazawa ရဲ့ masterpiece လေး… ဇာတ်အိမ်ခိုင်တဲ့ဒီဇာတ်ကားလေးကို ကြည့်ဖို့ recommend ပေးလိုက်ပါတယ်။
ကားဟောင်းလေးဆိုပေမဲ့ 2009 တုန်းကထွက်ခဲ့တဲ့ originalanime အပြီး ၂၀၁၀ မှာထွက်ခဲ့တာဆိုတော့ မူမပျက် ဇာတ်လမ်းကောင်းလေးကို စီးရီးအနေနဲ့မဟုတ်ဘဲ တစ်ကားတည်းအပြီးပြန်ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khaing Khin ဖြစ်ပါတယ်)
What Remains (2022)
⭐IMDB: 5.9/10 (105 Votes)
🎬 #Drama #Mystery #Thriller
🗓️ 2022 🎞️ Movie
📺 #1080p #480p
💿 1.3 GB ⦿ 355.5 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ ခွင့်လွှတ်ခြင်းရဲ့ စွမ်းအားကြီးမားပုံကို မီးမောင်းထိုးပြထားတဲ့ကားလေးပါ။ မြို့ငယ်လေးတစ်မြို့က သင်းအုပ်ဆရာတစ်ယောက်ဖြစ်တဲ့ မာရှယ်ဆိုသူရဲ့ အမျိုးသမီးကို ထရွိုင်ပါကာက မတော်တဆသတ်လိုက်မိပါတယ်။ ဒါပေမယ့် မာရှယ်ဟာ သင်းအုပ်ဆရာတစ်ယောက်ဖြစ်နေသည့်အလျောက် သည်းခံခွင့်လွှတ်ပေးခဲ့ပြီး ရုံးတော်မှာ ထရွိုင်ပါကာကို ပြစ်ဒဏ်လျှော့ပေါ့ပေးအောင်တောင် ကာကွယ်ထွက်ဆိုပေးခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူ ဆမ်မြူရယ်ကတော့ အမေတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတာတောင် သည်းခံခွင့်လွှတ်ပေးခဲ့တဲ့ ဖခင်ဖြစ်သူရဲ့လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေရပါတယ်။ တစ်နေ့မှာတော့ ထရွိုင်တစ်ယောက် ထောင်ကလွတ်လာပြီး မာရှယ်တို့သားအဖရဲ့ မျက်စိရှေ့ကိုပြန်ရောက်လာတဲ့အခါမှာတော့ သူတို့အကြားမှာဘာဆက်ဖြစ်ကြမလဲ ထရွိုင်ပါကာကရော သူလုပ်မိခဲ့တဲ့အပြစ်တွေအတွက် ဘယ်လိုပေးဆပ်မလဲ ဆမ်မြူရယ်ကရော နားလည်ခွင့်လွှတ်ပေးနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။
Mickey's Tale of Two Witches (2021)
⭐IMDB: 6.1/10 (157 Votes)
🎬 #Action #Adventure #Animation #TVMovie #Comedy #Family #Fantasy #Musical
🗓️ 2021 🎞️ Movie
📺 #1080p #720p
💿 930.3 MB ⦿ 500.8 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 47 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mickey’s Tale of Two Witches (2021)==========================
ဒီတစ်ခါတော့ CM က Friend zone မဟုတ်တဲ့ Kid zoneလေးဖန်တီးပေးလိုက်ပြီနော်။ ငယ်ဘဝကို Nostalgic ဖြစ်စေမယ့် Mickey Mouse movie လေးဆိုပေမယ့် 2021ထွက်ဖြစ်ပြီး အရင်အဟောင်းလေးတွေလောက် ကလေးတအားမဆန်တဲ့ ဇာတ်အိမ်လေးကြောင့် ငယ်မူပြန်ချင်တဲ့CM fan တွေအတွက် Recommend ပေးပါတယ်။ Hall-oween story ဖြစ်ပြီး Minnie နဲ့ Daisy အပေါ် အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ စုန်းဖြစ်ဖို့ အတူတူကြိုးစားနေကြတဲ့ Minnie နဲ့ Daisy တို့သူငယ်ချင်းနှစ်ယောက်ရဲ့ Halloween စွန့်စားခန်းတွေကို ပုံပြင်လေးတစ်ပုဒ်အနေနဲ့တင်ဆက်သွားမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)
Malice in Wonderland (2009)
⭐IMDB: 5.8/10 (3 k Votes)
🎬 #Adventure #Drama #Fantasy #Mystery #Thriller
🗓️ 2009 🎞️ Movie
📺 #1080p #720p #480p
💿 1.7 GB ⦿ 900.1 MB ⦿ 500.4 MB
🌎 #UnitedKingdom #Spain #UnitedStates #Bahrain
⏰ 1 နာရီ 28 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားက 1865တုန်းကထွက်ခဲ့တဲ့ Alicec’s Adventures in Wonderland novel ကို အကြမ်းဖျင်းမှီငြမ်းပြီးရိုက်ကူးထားတဲ့ fantasy ကားတစ်ကားပါ။ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ Maggie Graceဟာ လန်ဒန်မြို့အလယ်မှာ တက္ကစီတစ်စီးတိုက်တာခံလိုက်ရပြီး သူ့မှတ်ဉာဏ်တွေဆုံးရှုံးလိုက်ရပြီး ပြန်နိုးလာတဲ့အခါမှာတော့ တခြားကမ္ဘာတစ်ခုလိုနေရာကိုရောက်နေတာသိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ တက္ကစီသမားရဲ့အကူအညီနဲ့ အိမ်ပြန်ဖို့ကြိုးစားတဲ့အခါမှာတော့ ခရီးတစ်လျှောက် ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လိုထူးဆန်းတဲ့အရာတွေက သူ့ကိုစောင့်ကြိုနေမလဲ၊ တက္ကစီနဲ့အတိုက်ခံရပြီး မှတ်ဉာဏ်တွေမဆုံးရှုံးခင်ကရော သူကမဘယ်သူလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကြောင့်မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်ပါဘူး။
The Yin Yang Crossover Man (2023)
⭐TMDB: 0.0% User Score
🎬 #Mystery #Thriller
🗓️ 2023 🎞️ Movie
📺 #1080p
💿 612.6 MB
🌎 #China
⏰ 1 နာရီ 22 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ရဲ့ ပရိတ်သတ်တွေအတွက် သည်းထိတ်ရင်ဖိုဖြစ်စေမဲ့ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-
အလောင်းဆယ်သူ ယန်ဟွမ်နဲ့ ဆရာဖြစ်သူ လောင်ကျန်းတို့ဟာထျန်းဆွေရွာမှာ အလောင်းဆယ်ဖို့အတွက် ရောက်လာခဲ့ပါတယ်။သို့သော် ထိုအလောင်းကို ဘယ်လိုပဲ ရှာပါစေ မြစ်ထဲမှာ မတွေ့ဘူး ဖြစ်နေပါတယ်။
ရွာသားတွေကတော့ သေဆုံးသူ လင်ယွိဟာ မြစ်နတ်ရဲ့ သတို့သမီးအဖြစ်ရွေးချယ်ခံရတဲ့အတွက် မြစ်ထဲကျသွားခဲ့တယ်လို့ ပြောကြပါတယ်။လင်ယွိရဲ့ သူငယ်ချင်းဖြစ်သူ သတင်းထောင်လင်ယောင် ကတော့အယူသီးမှုတွေကို လက်မခံသူဖြစ်ပါတယ်။
ယန်ဟွမ်နဲ့ လင်ယောင်တို့နှစ်ယောက် လင်ယွိရဲ့ သေဆုံးမှုကိုလိုက်လဲစုံစမ်းရင်း လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကသူတို့အဖေတို့ လုပ်ခဲ့တဲ့ ပြစ်မှုကြီးကို သိသွားတဲ့အခါ……
ရွာထဲမှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတဲ့အခါ တရားခံက ဘယ်သူဖြစ်မလဲ……လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မတရားမှုကိုရော သူတို့ ဖော်ထုတ်နိုင်ပါ့မလား……ဆိုတာကို သည်းထိတ်ရင်ဖိုရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။
BlackBerry (2023)
⭐IMDB: 7.6/10 (5 k Votes)
🎬 #Biography #Comedy #Drama #History
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 1.4 GB ⦿ 743.9 MB ⦿ 371.3 MB
🌎 #Canada #Finland #UnitedStatesofAmerica
⏰ 2 နာရီ 1 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
BlackBerry (2023)
ဘလက်ဘယ်ရီဖုန်းလို့ပြောလိုက်ရင် ဘာကိုမှတ်မိကြမလဲ။လူကြီးနဲ့လူလတ်ပိုင်းတွေက သူတို့တစ်ချိန်တစ်ခါကသုံးခဲ့တဲ့ဖုန်းကို မှတ်မိပြီးလူငယ်တွေအတွက်ကတော့ အပြောင်းအလဲကို အမှီမလိုက်နိုင်လို့ ကျရှုံးခဲ့ရတဲ့သမိုင်းသင်ခန်းစာအဖြစ် သိကြမယ်လို့ထင်တယ်။ဘလက်ဘယ်ရီက အိုင်ဖုန်းထက်အရင် ပထမဆုံး စမတ်ဖုန်းဖြစ်ခဲ့ပေမယ့်အိုင်ဖုန်းက touchscreen နဲ့ဝင်မိတ်ဆက်လာတဲ့အခါမှာ Keypad ကနေ အမှီလိုက်မပြောင်းလဲနိုင်လို့အိုင်ဖုန်းကဖြုတ်ချတာကို ခံလိုက်ရတဲ့ကုမ္ပဏီပေါ့။
ဒီဇာတ်လမ်းကတော့ Biography သက်သက်မဟုတ်ပဲ ဒရာမာပြုထားတာတော့အဖြစ်အပျက်အကြောင်းအရာအားလုံးက အမှန်ရယ်တော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ ဘလက်ဘယ်ရီရဲ့အောင်မြင်ခန်း ကျရှုံးခန်းတွေကို ကောင်းကောင်းကြီးသဘောပေါက်သွားမှာပါ။ဇာတ်လမ်းသွားအတွက်လဲ တကယ့်အရေးကြီးဖြစ်ရပ်တွေကို သေချာရွေးချယ်တင်ဆက်ထားတာကြောင့် တော်တော်ကိုကြည့်ရတာလွယ်ကူအဆင်ချောပါတယ်။ဒီလိုနည်းပညာဆိုင်ရာ ဇာတ်ကားတွေမှာ ဘာပြသနာရှိလဲဆိုရင် ရှုပ်ထွေးတဲ့အသုံးအနှုန်းတွေလေးလံတဲ့အဖြစ်အပျက်သမိုင်းတွေကြောင့် ဝီကီပီးဒီးရားစာမျက်နှာဖတ်နေရသလိုဖြစ်ပြီးသက်ဆိုင်ရာနယ်ပယ်ကလူပဲနားလည်ပြီး သာမန်လူတွေကနားမလည်နိုင်ကြတာပါ။ဒီ Blackberry မှာတော့ နည်းပညာအသုံးအနှုန်းတွေကို အရိုးရှင်းဆုံးဖြစ်အောင်အလွယ်ကူဆုံးဝေါဟာရတွေသာ သုံးထားပြီး ဇာတ်လမ်းသွားကလဲ သွက်သေးတာမို့အချိန်နှစ်နာရီလောက်ပေးပြီး သမိုင်းသင်ခန်းစာကောင်းတစ်ခုရမယ့်အခွင့်အရေးပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။
The Deep House (2021)
⭐IMDB: 5.3/10 (14 k Votes)
🎬 #Drama #Horror #Mystery #Thriller
🗓️ 2021 🎞️ Movie
📺 #1080p #720p
💿 1.4 GB ⦿ 796.7 MB
🌎 #France #Belgium
⏰ 1 နာရီ 22 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကိုစပ်စုစိန်နဲ့သူ့ရည်းစားတို့ဟာ ကြောက်ဖို့ကောင်းတဲ့နေရာ ထူးဆန်းတဲ့နေရာတွေကို နှစ်ယောက်သားအတူသွားစူးစမ်းကြပြီး ဗီဒီယိုတွေတင်နေကြတဲ့နှစ်ယာက်ပေါ့။
သူတို့ရဲ့ဖော်လိုဝါးတွေအတွက်ဆွဲဆောင်မှုရှိကြောက်ဖို့ကောင်းပြီး ကြည့်ရှူသူများလာစေမဲ့အရာကို ဖန်တီးဖို့ စပ်စုစိန်တစ်ယောက်အကြံရသွားပါတယ်။
ဒီလိုနဲ့ပဲ နှစ်ယောက်သားတိုင်ပင်ပြီး ဗြိတိန်ကနေပြင်သစ်အထိတကူးတကလာပြီး စပ်စုစိန်လုပ်ကြပါတော့တယ်။
ဒီလိုနဲ့ပြင်သစ်အနောက်တောင်ပိုင်းလေးက ရေအောက်မြုပ်သွားတဲ့ မြို့ကလေး(သို့) ဖရက်စ်ရေကန်လေးကို နှစ်ယောက်သားသွားစပ်စုစိန်လုပ်ကြတဲ့အခါမှာတော့…
လျှို့ဝှက်သည်းဖိုဇာတ်ကားတွေကိုကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်ကားလေးတစ်ကားပါလို့ညွှန်းပါရစေ။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )
5 cm (2012)
⭐IMDB: 7.2/10 (2 k Votes)
🎬 #Adventure #Drama #Romance
🗓️ 2012 🎞️ Movie
📺 #1080p #720p
💿 1.9 GB ⦿ 808.0 MB
🌎 #Indonesia
⏰ 2 နာရီ 6 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်
ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဘဝမှာ လက်လျှော့အရှုံးပေးချင်တဲ့ အချိန်တွေကို ကြုံဖူးကြတယ်ဟုတ်။
ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးတို့ရဲ့ စိတ်ဓာတ်ကို
မြှင့်တင်ပေးမှာ အသေအချာပါပဲ။
ဇာတ်ကားနာမည်ကတော့ 5CM လို့ခေါ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သူငယ်ချင်း ၅ ယောက်က
ခင်လာတာကြာပြီးတော့ အမြဲလိုလို အတူအချိန်ဖြုန်းဖြစ်ကြတယ်။
အတူတူစားကြသောက်ကြ လည်ကြပတ်ကြနဲ့ပေါ့။ တစ်နေ့မှာတော့
အဲဒီ ၅ ယောက်ထဲက ဂျန်တာ့ဆိုတဲ့တစ်ယောက်က သူတို့တွေ
comfort zone က ရုန်းထွက်ဖို့လိုတယ်၊ နေ့တိုင်းတွေ့နေရင် ရိုးအီသွားမယ်၊
ဒါကြောင့် သူတို့တွေ ခဏလောက် ခွဲနေရအောင်ဆိုပြီး အကြံပြုလာခဲ့တယ်။
ကျန်တဲ့ ၄ ယောက်ကလည်း သူပြောတာကို ထောက်ခံကြပြီး ၃ လ
အဆက်အသွယ်မလုပ်ကြဖို့ သဘောတူလိုက်ကြတယ်။ ၃ လအတွင်းမှာ
ကိုယ့်ဘဝကိုယ် တိုးတက်ပြောင်းလဲစေမယ့်အရာတွေကို လုပ်ကြတော့တာပေါ့။
၃ လပြည့်လို့ ပြန်တွေ့ကြတဲ့အခါ သူတို့ ၅ ယောက်က ခရီးတစ်ခု
ထွက်ကြပါတယ်။ ဂျာဗားရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ မဟာမယ်
ရူတောင်ကို တက်ကြတာပေါ့။ ဒီတောင်တက်ခရီးက ဘယ်လောက်
တောင် ခက်ခဲကြမ်းတမ်းပြီးတော့ သူငယ်ချင်း ၅ ယောက်က အခက်အခဲ
တွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ
စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ရက်ရှည်တောင်တက်ခရီးက
သူငယ်ချင်း ၅ ယောက်နဲ့ ကြည့်ရှုသူပရိသတ်တွေကို ဘာတွေပြောပြ
ပေးသွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုရင်း လေ့လာလိုက်ပါနော်။
Malum (2023)
⭐IMDB: 5.3/10 (1 k Votes)
🎬 #Horror #Drama #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 1.4 GB ⦿ 691.7 MB ⦿ 321.9 MB
🌎 #Italy #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“Last Shift” ဆိုတဲ့ရုပ်ရှင်ကိုပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပြီး IMDb 5.6/10 အထိရရှိထားတဲ့ ကြောက်စရာ thriller & horror film အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းမှာတော့ ရဲမေလေးတစ်ယောက်ဟာ သူ့အဖေရဲ့သေဆုံးမှုကိုအကြောင်းစုံသိရဖို့ကြိုးစားရင်းကနေမကောင်းဆိုးဝါးလောကသားတွေနဲ့ထိုက်တိုက်တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ သွေးသံရဲရဲနဲ့နှလုံးပျက်စရာဇာတ်ဝင်ခန်းတွေအများကြီးပါတာမို့ R-rated movie အဖြစ်သတ်မှတ်ထားပြီး အသက်မပြည့်သေးတဲ့ကလေးတွေဟာမိဘအုပ်ထိန်းမှုမရှိဘဲမကြည့်သင့်ပါဘူး။
Sullivan's Crossing (2023- )
⭐IMDB: 6.9/10 (505 Votes)
🎬 #Drama
🗓️ 2023- 🎞️ Series 📺 720p
🌎 #Canada
⏰ 44 မိနစ် 22 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sullivan’s Crossing (2023)Sullivan’s Crossing (2023)
===================
IMDb Rating – 6.9/10New York Times သတင်းစာမှာ ဖော်ပြခဲ့ပြီး best seller စာရင်း
ဝင်ခဲ့တဲ့ စာရေးဆရာမ Robyn Carr ရဲ့ဝတ္ထုငါးပုဒ်ကို အခြေခံပြီး
ရိုက်ကူးထားတဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်မသွင်းခင်မှာလည်း Audio book
တွေ ထွက်ရှိခဲ့ပြီး ပရိတ်သတ်အားပေးမှု များစွာရရှိထားတဲ့ ဇာတ်
လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
မက်ဂီဆူလီဗန်ဆိုတဲ့ အမျိုးသမီးတစ်ဦးက ဘော်စတွန်ဆေးပညာ
အသိုင်းအဝိုင်းရဲ့ အအောင်မြင်ဆုံး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ
ခွဲစိတ်ဆရာဝန်တစ်ဦးပါ။ သူမရဲ့ အောင်မြင်မှုအထွဋ်အထိပ်ကို
ရောက်နေချိန်မှာပဲ ရုတ်တရက် ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက်
ဇာတိမြို့လေးကို ပြန်ရောက်လာခဲ့တယ်။ဖခင်ရှိရာမြို့လေးမှာနေနေရင်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ
ဆိုသလို အရင်က သူကုသပေးခဲ့တဲ့ လူနာတစ်ယောက်က ရုတ်
တရက်ဆုံးပါးသွားပြီး လိုင်စင်ပိတ်သိမ်းပေးဖို့ တရားစွဲဆိုခံရတဲ့
ထိ ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ လိုင်စင်မပိတ်သိမ်းခံရဖို့ တစ်ခု
တည်းသော နည်းလမ်းက အဲဒီမြို့လေးမှာပဲ မထင်မရှားဘဝနဲ့
နေသွားရမယ် ဆိုတဲ့ အခြေအနေတစ်ခု ဖြစ်လာတဲ့အခါ……
သူ့ရဲ့အောင်မြင်တဲ့ဘဝဆီ ပြန်သွားပြီး အဖြစ်မှန်တွေနဲ့ ရင်ဆိုင်
မလား၊ ငယ်ဘဝရဲ့ ဒဏ်ရာတွေကို ကုစားဖို့ နယ်မြို့လေးမှာပဲ
ဆက်နေမလား ဆိုတဲ့ မတူညီတဲ့ဘဝနှစ်ခုကြား အားပြိုင်လွန်
ဆွဲမှုတွေကို တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာ
ပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size………….(300 MB)
Seducing Mr. Perfect (2006)
⭐IMDB: 6.5/10 (2 k Votes)
🎬 #Romance
🗓️ 2006 🎞️ Movie
📺 #1080p #720p #480p
💿 1.6 GB ⦿ 771.7 MB ⦿ 385.6 MB
🌎 #SouthKorea #HongKong
⏰ 1 နာရီ 49 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Seducing Mr. Perfect (2006)============================
ဒီနေ့မှာတော့ ၂၀၀၆ ခုနှစ်အချိန် မမ Uhm Jung Hwa တို့ ငယ်ရွယ်ခဲ့စဥ် အခုလိုလန်းမြဲလန်းခဲ့စဥ်ကကိုကို Daniel Henney နဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ Romance, Drama ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
အချစ်စစ်အချစ်မှန်ဆိုတာ တကယ်ရှိတယ်ဆိုပြီး တထစ်ချယုံကြည်တဲ့ မင်ဂျွန်းကတွဲသမျှရည်းစားတိုင်းရဲ့ထားခဲ့ခြင်းကိုခံရပြီး အချစ်ကံခေသူကောင်မလေးပေါ့။လက်ရှိရည်းစားရဲ့သစ္စာဖောက်စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ မင်ဂျွန်းတို့ကုမ္ပဏီကိုတစ်နေ့ကျ သူဌေးအသစ်ဖြစ်တဲ့ ရော်ဘင် ရောက်လာပါတော့တယ်။ (မင်ဂျွန်းဘေးကို ရှင်ဘုရင်ရောက်လာဖို့ သူတောင်းစားကောင်က ဖယ်ပေးလိုက်ရတယ်ဆိုပါတော့:3)သိပ်ချစ်တတ်လွန်းတဲ့ မင်ဂျွန်းက သူချစ်ပြီဆိုရင် မိန်းကလေးမာနရယ်လို့ ဂုဏ်သိက္ခာရယ်လို့ ထည့်မတွက်ဘဲသူကပဲ အရင်ဖုန်းခေါ်, သူကပဲ အရင်ပြေးတွေ့နဲ့ ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုခုံမင်တဲ့ကောင်မလေးပေါ့။ဒီလိုမင်ဂျွန်းရဲ့ပုံစံကို ရော်ဘင်ကနည်းနည်းလေးမှ သဘောမတွေ့ပါဘူး။ဒီလိုနဲ့ နှစ်ယောက်သားတွေ့လိုက်တာနဲ့ စကားနိုင်လုကြရာကနေရော်ဘင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အရှိုက်ထိသွားရတဲ့မင်ဂျွန်းက“Mr. Perfect ကြီးကို ဖမ်းစားပြမယ်” ဆိုပြီး စိန်ခေါ်ရာကနေနှစ်ယောက်သားရဲ့ဖူးစာဇာတ်လမ်းလေး အစပြုလာပါတော့တယ်။
ကြည့်ဖူးပြီးသားသူတွေလည်း အလွမ်းပြေပြန်ကြည့်နိုင်သလိုမကြည့်ဖူးသေးတဲ့သူတွေအနေနဲ့လည်း တစ်မျိုးလေးကြည့်ပျော်တဲ့ ရိုမန့်စ်ကားလေးပါ။အထူးသဖြင့် ကိုကို Daniel Henney ရဲ့ Visual နဲ့ ဘိုသံ accent နဲ့တင် ကြည့်ရတော်တော်တန်နေပါပြီရှင် 🤭
အညွှန်း နဲ့ ဘာသာပြန်ကတော့Lai Laiiပဲ ဖြစ်ပါတယ်။
Rare Exports (2010)
⭐IMDB: 6.6/10 (30 k Votes)
🎬 #Adventure #Fantasy #Horror
🗓️ 2010 🎞️ Movie
📺 #1080p #720p
💿 1.6 GB ⦿ 727.2 MB
🌎 #Finland #Norway #France #Sweden
⏰ 1 နာရီ 23 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sisu movieက ဖင်လန်ကွန်မန်ဒိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့
Jorma Tommilaနဲ့ Schützeအဖြစ်သရုပ်ဆောင်ခဲ့တဲ့သားဖြစ်သူ
Onni Tommila တို့ရဲ့ သားအဖနှစ်ယောက်သရုပ်ဆောင်ထားတဲ့
ခရစ်စမတ်အချိန်အခါ သည်းထိတ်ရင်ဖိုဇာတ်ကားတခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်။
အချိန်ကတော့ ခရစ်စမတ်မတိုင်ခင် ၂၄ရက်အလိုမှာပေါ့။ဥရောပ
မြောက်ပိုင်း စကန်ဒီနေးဗီးယားနိုင်ငံတွေရဲ့အာတိတ်စက်ဝိုင်းနဲ့
အနီးဆုံးဖြစ်တဲ့ လက်ပ်လန်းဆိုတဲ့ဒေသ။ အထူးသဖြင့် ဖင်လန်နိုင်ငံနဲ့
ရုရှားနိုင်ငံတို့ကြားကကော်ဗာ တွန်တူရီဆိုတဲ့တောင်မှာ တူးဖော်
နေကြတဲ့အမေရိကန်-ဗြိတိန်အဖွဲ့က ဒေသခံ ဆာမီလူမျိုးတွေရဲ့
ရှေးဟောင်းသင်္ချိုင်းတခုကိုရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ကိုချောင်းကြည့်
နေခဲ့တာက ပီရဲတာရီနဲ့ ဂျူးဆိုဆိုတဲ့ ကောင်လေးနှစ်ယောက်။
ပီရဲတာရီယုံကြည်ထားတာ ဒီတောင်ဟာဆာမီလူမျိုးတွေက ဆိုးသွမ်းတဲ့
ကလေးတွေကိုနှိပ်စက်တတ်တဲ့ ဆန်တာ ကလော့အစစ်အမှန်ကို
ဖမ်းဆီး မြေမြှုပ်ထားတဲ့နေရာပဲ။ တောင်ပေါ်ကတူးဖော်နေတာတွေရပ်သွားတဲ့
အချိန်မှာပဲသူ့ရဲ့ရွာနားမှာ သမင်တွေအကုန်လုံးနီးပါးသေကြေနေတာတွေ
ပစ္စည်းတွေပျောက်ကုန်လာတာတွေကလေးတွေပျောက်ကုန်တာအပြင်
လူထူးလူဆန်းတယောက်ကိုပါ သူ့အဖေရဲ့ ထောင်ချောက်မှာမိလာတဲ့
အချိန်မှာတော့ပီရဲတာရီနဲ့ ပီရဲတာရီရဲ့အဖေတို့က ဒီကိစ္စကိုအဖြေရှာဖို့
ဖြစ်လာပါတော့တယ်။ သမင်တွေဘာလို့သေကုန်တာလဲ။
ဒီဖမ်းမိထားတဲ့သူကဘာလဲ။ကလေးတွေဘယ်ရောက်ကုန်တာလဲ။
တောင်ပေါ်မှာကဘာလို့တိတ်ဆိတ်သွားရတာလဲ။ဒီခရစ်စမတ်ကို
သူတို့တွေကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုRare Exports ဆိုတဲ့
ဒီဇာတ်ကားလေးမှာရှုစားပေးပါဦးခင်ဗျ။
Hidden (2022)
⭐⁉️
🎬 ##Action #Drama
🗓️ 2022 🎞️ Movie
📺 1080p #1080p #720p
💿 996.7 MB ⦿ 388.3 MB
🌎 #Australia
⏰ 1 နာရီ 35 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hidden(2022)
*************
ချာမီဂျောင်းနဲ့ဂျောင်ဟယ်ဆူတို့ဟာ အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်
မီဂျောင်းဟာ ဒုစရိုက်အဖွဲ့အစည်းတစ်ခုနဲ့ပတ်သတ်ဆက်နွယ်မှုရှိခဲ့ပြီး တစ်နေ့မှာလုပ်ကြံခံလိုက်ရပါတယ်…
အဲ့ဒီလိုနဲ့ မီဂျောင်းရဲ့သေဆုံးမှုကိုသူငယ်ချင်းဖြစ်သူဂျောင်ဟယ်ဆူကအရဲစွန့်ဖော်ထုတ်ဖို့ဖြစ်လာခဲ့ပါတယ်…
ဒုစရိုက်အဖွဲ့အစည်းရဲ့နောက်ကွယ်ကပတ်သတ်ဆက်နွယ်နေတဲ့တရားခံကို ဉာဏ်အားခွန်အားသုံးပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာဖွေဖော်ထုတ်သွားပုံတွေကို
စိတ်ဝင်စားဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်…
ဒုစရိုက်အဖွဲ့အစည်းနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ မီဂျောင်းကိုသတ်လိုက်တဲ့တရားခံဟာ ဘယ်သူများဖြစ်နေမလဲ…
Tenet (2020)
⭐IMDB: 7.3/10 (531 k Votes)
🎬 #Action #SciFi #Thriller #ScienceFiction
🗓️ 2020 🎞️ Movie
📺 #720p #1080p #4K
💿 1.3 GB ⦿ 1.5 GB ⦿ 10.8 GB
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 30 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့
ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။
ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။
ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။
အရမ်းကောင်းပါတယ်၊ ကြည့်ပါ။
နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။
အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာ
အချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။
ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။
၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။
တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကို
သွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ၇ နာရီမှာ စတင်ပြီး နောက်ပြန်သွားတဲ့သူဟာ
နောက် ၁၀ မိနစ်ကြာရင် ၆ နာရီ ၅၀ မှာ တည်ရှိနေပါလိမ့်မယ်။
ဒီတော့ သက်ရောက်မှုက အရင်လာပြီး အကြောင်းရင်းက နောက်မှလာပါလိမ့်မယ်။
ဥပမာ ကျည်ဆံက အရင် နံရံမှာ မြှပ်နေပြီး နောက်မှ သေနတ်ထဲကို ပြန်ဝင်လာတာမျိုးပေါ့။
Grandfather paradox တို့ multiverse တို့ Feynman ရဲ့ ပိုစေထရွန်တွေဟာ
အလက်ထရွန်တွေ အချိန်နောက်ပြန်သွားနေခြင်းဖြစ်တယ်ဆိုတဲ့အဆိုတို့
စတာတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်လမ်းပါပဲ။
Thank You (2022)
⭐IMDB: 6.0/10 (1 k Votes)
🎬 #Bollywood #Drama #Romance
🗓️ 2022 🎞️ Movie
📺 #720p #1080p #4K
💿 1.2 GB ⦿ 2.6 GB ⦿ 10.5 GB
🌎 #India
⏰ 2 နာရီ 7 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thank You (2022)DramaIMDb 6.4/10
ကဲ တေလဂူဘက်က မင်းသားချောလေး နာဂချီတန်ယားအခီနယ်နီရဲ့ဇာတ်ကားသစ်လေး ထွက်လို့လာခဲ့ပါပြီ…
ဒီမင်းသားရဲ့ထူးခြားချက်ကတော့ သူရိုက်တဲ့ကားတော်တော်များများကဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်တဲ့ အရည်အချင်းရှိတယ်..
ခုတစ်ခါထွက်ရှိလာတဲ့ကားလေးမှာလည်း လူတစ်ယောက်ရဲ့ဘဝ…အသေအချာပြောရရင် ယောက်ျားတစ်ယောက်ရဲ့ဘဝမှာ ကြုံရတတ်တဲ့ဘဝရဲ့အချိုးအကွေ့ အနိမ့်အမြင့် အတက်အကျတွေကြားမှာ ကိုယ့်ကိုဘယ်သူဟာအမြင့်ကို ဆွဲခေါ်သွားလဲ ကိုယ့်ကို ဘယ်သူဟာ အနိမ့်ကိုဆွဲချသွားလဲဆိုတာကို ပိုင်းခြားသိမြင်တတ်အောင် သင်ပေးထားတဲ့ဇာတ်ကားကောင်းလေးပါ..
ရည်မှန်းချက်တွေအပြည့်နဲ့ အမေရိကန်ကို ရောက်လာတဲ့ အဘီဟာတစ်ကောင်ကြွက်တစ်ယောက်ဖြစ်ပြီး သူ့အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင်ကြိုးစားမယ့်လူတစ်ယောက်ပါ…
ဒါပေမဲ့ အောင်မြင်လာတဲ့အခါမှာလည်း သူဟာ တစ်ကိုယ်ကောင်းဆန်မောက်မာလာပြီး သူ့ကျေးဇူးကို မေ့လာခဲ့ပါတယ်…
ဘဝမေ့တော့မယ့်ဆဲဆဲ အမြင်မှန်ရလာတဲ့အခါမှာတော့ ဘဝကိုလက်တွေ့ကျကျနဲ့ သူဘယ်လိုဖြတ်သန်းမလဲ
သူ့ဘဝတက်လမ်းကို ဖေးမပေးခဲ့တဲ့သူတွေကို ပိုင်းခြားသိမြင်လာပြီးနောက်စိတ်ဝင်စားဖွယ် သူ့နောက်ကြောင်းတွေနဲ့အတူ ဘဝခရီးလမ်းကိုအဓိပ္ပါယ်ရှိစွာနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် ကိုယ့်ဘဝရဲ့ကျေးဇူးရှင်ရန်သူနဲ့ ဘဝလက်တွဲဖေါ်တို့ကို အောင်မြင်စွာပိုင်းခြားသိမြင်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်နော်…
Batman Begins (2005)
⭐IMDB: 8.2/10 (2 M Votes)
🎬 #Action #Crime #Drama
🗓️ 2005 🎞️ Movie
📺 #720p #1080p #4K
💿 1005.1 MB ⦿ 1.8 GB ⦿ 5.6 GB
🌎 #UnitedStates #UnitedKingdom
⏰ 2 နာရီ 20 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Batman Begins (2005)
=================
IMDb Rating 8.2/10 ရထားပြီး voting အရေအတွက်ဟာ 1,257,970 ထိရှိနေခဲ့ပါတယ်။
June 17 2005 မှာထွက်ရှိခဲ့ပြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Bat Man: Begins ဟာ ရုံဝင်ငွေ 374.2 million ရရှိခဲ့ပြီး DC Comics ကဇတ်ကောင်ကို အခြေခံထားတဲ့ super Hero ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Bat Man လို့ပြောလိုက်တာနဲ့ Christian Bale ကိုမျက်စိထဲပြေးမြင်မိကြမှာပါ။ အရင်ကလဲ Bat Man ဇတ်ကောင်ကို အလီလီရိုက်ကူးခဲ့ကြပေမဲ့ Christian Bale ကိုမမှိခဲ့ကြပါဘူး။ ဒီကားကတော့ The greatest Detective လို့လူသိများတဲ့ Bat Man စတင်ဖြစ်ပေါ်လာပုံကိုရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။The Dark Knight Trilogy ရဲ့ပထမဆုံးကားဖြစ်ပါတယ်။
ဇတ်လမ်းအကျည်းကတော့ Bat Man ဖြစ်လာမယ့် Bruce Wayne ဟာငယ်ငယ်ကလင်းနို့ကြောက်တတ်ပါတယ်။ သူ့အဖေ Thomas Wayne နဲ့ Martha Wayne တို့ဟာသန်းကြွယ်သူဌေးတွေဖြစ်ပြီး Wayne Enterprises လုပ်ငန်းပိုင်ရှင်တွေဖြစ်ပါတယ်။ တစ်နေ့ ကပွဲရုံမှာ ကပွဲသွားကြည့်ရင်း လင်းနို့ကြောက်တတ်တဲ့ Bruce ကြောင့်စောစောပြန်လာခဲ့ကြတုန်း လမ်းမှာ Joe Chill ဆိုတဲ့လူက ဓားပြတိုက်ပါတယ်။ Bruce ရဲ့မိဘနှစ်ပါးလုံးကို ဓားပြကသတ်ပြီး ထွက်ပြေးသွားပါတယ်။ နောက်တော့ တစ်ကောင်ကြွက်ဖြစ်သွားတဲ့ Bruce ဟာ ဝိန်းမိသားစုရဲ့ အိမ်တော်ထိန်း Alfred Pennyworth ရဲ့လက်ပေါ်မှာပဲကြီးပြင်းခဲ့ရပါတယ်။ ဘရုစ်ဟာ ငယ်စဉ်ကတည်းက မိဘတွေသေဆုံးခဲ့လို့ ဒုစရိုက်လောကကို ချေမှုန်းမယ်ဆိုပြီး မြေအောက်လောကထဲကို ကိုယ်တိုင်ဝင်ရောက်သွားပါတော့တယ် အဲ့ဒီမှာ မြေအောက်လောကရဲ့ဘုရင်လို့ခေါ်ရတဲ့ အရိပ်အဖွဲ့ကြီးရဲ့ ခေါင်းဆောင် Ra’s al Ghul နဲ့တွေ့ပြီးသူ့ဆီမှာပညာသင်ပါတယ်။ Bruce Wayne အနေနဲ့ဆိုရင် သူဟာအမြဲမရှိနိုင်တဲ့အတွက် သူကြောက်ခဲ့တဲ့ လင်းနို့ သင်္ကေတကို ယူပြီး ဒုစရိုက်လောကကိုချေမှုန်းတာပါ။ နောက်မှ အရိပ်အဖွဲ့ကြီးရဲ့လုပ်ရပ်တွေကို နားလည်သွားတော့ သူ့မြို့တော်ကို အစွမ်းကုန်ကာကွယ်ပါတော့တယ်။
Bat Man ဟာ Super Hero တွေက အထူးခြားဆုံးသူတစ်ယောက်ပါ ဘာထူးခြားတဲ့စွမ်းအားမှမရှိဘဲ တိုက်ခိုက်စွမ်းရည်နဲ့ ညဏ်ရည်ကိုသာသုံးပါတယ်။ Justice League ကိုဦးဆောင်သူပါ။ Bat Man က Super Power မရှိပေမဲ့ ဘယ် Hero ကိုမှမကြောက်တဲ့သူပါ အားလုံးရဲ့ အားနည်းချက်ကိုလေ့လာပြီး ဗျူဟာကျကျ တိုက်ခိုက်တတ်သူပါ ( DC မှာ Bat Man ကြောက်တာ Wonder Woman တစ်ယောက်ပဲရှိပါတယ် comics ထဲမှာတော့ Bat Man က Wonder Woman နဲ့ဘာညာဘာညာတွေပါ )။ Bat man မှာ အိမ်တော်ထိန်း လူယုံ Alfred Pennyworth ၊ Bat Man ရဲ့ Technical supporter Lucius Fox နဲ့ သူ့ရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်း Rachel Dawes ရဲမင်းကြီး ဖြစ်လာမဲ့ James Gordon တို့က ပင်တိုင်တွေပါပဲ။ ဒီရုပ်ရှင်ကားမှာတော့ Director Christopher Nolan က စိတ်ကူးယဉ်ဇတ်ကောင် Bat Man ကို ယုတ္တိရှိအောင်အသက်သွင်းခဲ့သူပါ။ Michael Caine, Liam Neeson, Morgan Freeman တို့လိုသရုပ်ဆောင်ကြီးတွေပါဝင်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
-Idiot Myo Ko-
4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အဆင်ပြေနိုင်ကြောင်း အသိပေးပါရစေ။
Batman:The Dark Knight Trilogy ဇာတ်ကား ၃ ကားလုံးကိုhttps://channelmyanmar.org/?s=batman+dark+knightမှာကြည့်ပါ။
Gumraah (2023)
⭐IMDB: 6.4/10 (755 Votes)
🎬 #Action #Bollywood #Crime #Drama #Thriller #Mystery
🗓️ 2023 🎞️ Movie
📺 #720p
💿 830.0 MB
🌎 #India
⏰ 2 နာရီ 6 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Gumraah 2023 (Imdb 6.4/10)
နာမည်ကြီးတွေဖြစ်တဲ့ အဒီတရာကပူးရ်နဲ့ Super 30 ကားထဲက မင်းသမီးချော မရူနယ်သာကာတို့နဲ့အတူတက်သစ်စမင်းသမီးချောလေး ဗီဒီကာ ပင်တိုတို့ ဦးဆောင်ပါဝင်ထားတဲ့ရုံတင်စုံထောက်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ
ဇာတ်လမ်းအစမှာတော့ အိမ်တစ်ခုထဲမှာတွေ့ရတဲ့ အလောင်းကနေစပါတယ်စုံထောက်မင်းသမီးက ဆားပုလင်းနှင်းမောင်ဆန်ဆန်ပဲလူသတ်မှုကို ဘေးကကြည့်နေတဲ့အတိုင်း ဘယ်အပေါက်ကဝင်ဘယ်အပေါက်ကထွက် ဘယ်လိုသတ်ပြီး ဘယ်နားမှာဘာရှိတယ်ဆိုပြီးကြွယ်ပြပြီးတော့ ဘေးပတ်ဝန်းကျင်ဘာညာ လူတွေကို စစ်မေးအပြီးမှာသံသယရှိဖွယ်လူတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်ပြသနာက အဲ့လူကိုဖမ်းပြီးမှ နောက်ထပ်အဲ့လူနဲ့ချွတ်စွပ်တူတဲ့လူတစ်ယောက်က စခန်းကို ထပ်ရောက်လာတဲ့အခါမှာ
ရုပ်ချင်းတူတဲ့လူနှစ်ယောက်က ဘာတွေလဲလူသတ်မှုကို ဘယ်သူကကျူးလွန်ခဲ့တာလဲဘာကြောင့်ကျူးလွန်ခဲ့တာလဲစသည်ဖြင့် ရင်ခုန်ခံစားကြည့်ရှုရမှာဖြစ်ပြီးဇာတ်လမ်းအဆုံးထိ နောက်ကြောင်းပြန်လိုက် အမှုကိုစုံစမ်းလိုက်နဲ့မရိုးအောင်ကြည့်ရမယ့်အပြင် မင်းသားမင်းသမီးချောလေးတွေကလည်းအဆစ်ပါသေးတာမို့ CM bollywoodပရိသတ်ကြီးတို့ လက်မလွှတ်တမ်း ကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်
အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM bollywood Team ကနေ တင်ဆက်ပေးထားပါတယ်
Sahara (2005)
⭐IMDB: 6.0/10 (100 k Votes)
🎬 #Action #Adventure #Comedy
🗓️ 2005 🎞️ Movie
📺 #1080p #720p
💿 3 GB ⦿ 2 GB
🌎 #UnitedKingdom #France #Germany #Spain #UnitedStates
⏰ 2 နာရီ 4 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sahara (2005)
IMdb Rating (6.0)
ဒီရုပ်ရှင်ကားက သဲကန္တာရစွန့်စားခန်းတွေအပြည့်နဲ့ Action,Adventure,Comedy ဇာတ်လမ်းပါ။မင်းသားကလဲ နာမည်ကျော် Matthew McConaughey ဗျာ…မင်းသမီးကလဲ Penélope Cruz ဆိုတော့ ဘာပြောကောင်းမလဲ ရှယ်မိုက်ပေါ့။
ဇာတ်လမ်းကတော့….
၁၈၆၅ ခုနှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ကာလတုန်းက သွန်းလုပ်ထားတဲ့ ရွှေဒင်္ဂါးပြားတွေကိုတင်ဆောင်ပြီးအရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးလာတဲ့သံချပ်ကာအပြည့်နဲ့သင်္ဘောတွေဟာမုန်တိုင်းကြောင့် နိုက်ဂျားမြစ်လမ်းကြောင်းပေါ်မှာ သောင်တင်တာတင် မျှောတာမျှောနဲ့ တကွဲတပြားဖြစ်ကုန်ကြပါတယ်….မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာနိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက်သွားတာမြင်လိုက်ကြပေမယ့်အဲ့ဒီသင်္ဘောကို ဘယ်တော့မှ ပြန်မမြင်ရတော့ပါဘူး….လှေပေါ်ပါသူအားလုံးဟာ သေဆုံးပြီး သင်္ဘောလဲပျောက်သွားတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့ပါတယ် ။အဲဒီဒဏ္ဍာရီနဲ့ ရွှေဒင်္ဂါးပြားတွေကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်ရှေးဟောင်းပစ္စည်းရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ NUMA ကုမ္ပဏီပဲပေါ့ ။
တပြိုင်တည်းလိုမှာပဲ နိုက်ဂျီးရီးယားနိုင်ငံ လာဂို့မြို့မှာ ပလိပ်ရောဂါဆန်းတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တွေ့ရှိနေပြီးအဲဒီ ပုလိပ်ရောဂါက မာလီနိုင်ငံကနေ ကူးစက်လာတာကို သတိထားမိသွားတာမလို့မာလီနိုင်ငံထဲထိ ရောဂါရဲ့ဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ဒီရောဂါပိုးက မာလီနိုင်ငံကတဆင့် နိုက်ဂျားမြစ်တွင်းမှာ စီးမျောလာတာကို သိသွားကြသလိုမာလီမှာကလဲ ဒေသခံတွေကြား ပြည်တွင်းစစ်တွေဖြစ်နေပြီး တည်ငြိမ်မှုမရှိပါဘူး။
ဒီတော့ကာ ဒဏ္ဍာရီထဲက ရွှေအပြည့်တင်ထားတဲ့ သံချပ်ကာ သင်္ဘောကို ရှာတဲ့ NUMA ကုမ္ပဏီက လူတွေရယ် ၊ပလိပ်ရောဂါပိုးကြောင့် ဇစ်မြစ်ကို ရှာတဲ့ WHO က ဆရာဝန်တွေရယ် ၊မာလီနိုင်ငံက ဒေသခံလူမျိုးစုတွေကြားက ပြည်တွင်းစစ်ပွဲတွေရယ် တစ်နေရာထဲမှာဆုံကြတဲ့အခါမှာတော့……….။
ဇာတ်လမ်းဇာတ်ကွက်ကတော့ တကယ့် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မထင်ထားသလို နှစ်ပင် သုံးပင် လိမ်တွေမို့အက်ရှင်စွန်းစားခန်းကြိုက်တဲ့ ပရိတ်သတ်တွေလက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။
(ရုပ်ရှင်အညွှန်းကို Wai Lin Kyaw မှ တင်ဆက်ထားပါတယ်။)
Open Matte Version နဲ့ တင်ဆက်ထားတာမလို့ IMAX ရုပ်ရှင်ရုံတွေလို မြင်ကွင်းကျယ် မြင်ကွင်းပြည့်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
Sahara (1983)
⭐IMDB: 4.9/10 (2 k Votes)
🎬 #Action #Adventure #Drama
🗓️ 1983 🎞️ Movie
📺 #1080p #720p
💿 3.09 GB ⦿ 1.23 GB
🌎 #UnitedKingdom #UnitedStates
⏰ 1 နာရီ 46 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးကတော့ Adventure/Romance တွေကြိုက်တတ်တဲ့သူတွေအတွက်ကြည့်သင့်ကြည့်ထိုက်တဲ့ (1983)တုန်းက ထွက်ထားတဲ့ကားဟောင်းလေးပါပဲ။
ဒေးလ်တစ်ယောက် သေဆုံးသွားတဲ့ဖခင်ကိုယ်စား ကုမ္ပဏီကိုကယ်တင်ပြီးဖခင်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ နိုင်ငံတကာကားပြိုင်ပွဲကြီးမှာ၀င်ပြိုင်ခဲ့ပါတယ်။ကားမောင်းပြိုင်ပွဲက သာမန်မဟုတ်ပဲ ကန္တာရထဲမှာရက်ရှည်မောင်းရမယ့်ပြိုင်ပွဲဖြစ်နေခဲ့တာပါ။
ဒေးလ်လိုမိန်းမတစ်ယောက်အတွက် ကန္တာရကြီးက လုံခြုံပါ့မလား။ဘယ်လိုအန္တရာယ်တွေကြုံပြီး ဖခင်ရဲ့အိမ်မက်ကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရမှာပါ။
သရုပ်ဆောင်မင်းသမီးကလည်း သူ့ခေတ်သူ့အခါတုန်းကpeople choice awardတွေအများကြီးရထားတဲ့ မင်းသမီးချောBrooke Shieldsဖြစ်တဲ့အပြင်Matrixကားထဲမှာအိုမင်းစပြုနေတဲ့ Lambert Wilsonရဲ့ငယ်ရွယ်ခန့်ညားမှုတွေကိုပါ ဒီကားထဲမှာကြည့်ရှုခံစားရမှာပါ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။)
