en
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Kubi (2023) ⭐IMDB: 6.7/10 (537 Votes) 🎬 #Action #Drama #History #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 11 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာ ခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသား ရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင် ထားပါတယ်။ ၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့ သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေ တည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကို ထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ် ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေ အများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက် ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါက မီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီး ဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင် ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသော စိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူ သိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာ ထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။ နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာ နိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေက စောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။
...

Jamnapaar (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #India ⏰ 36 မိနစ် 54 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jamnapaar (2024)Jamnapaar (2024) “တက်နိုင်ဖျားရောက်” IMDb – 8.4/10တက်သစ်စ သရုပ်ဆောင်စာရေးဆရာမလေးတစ်ဖြစ်လဲ ဆိုရှယ်အင်ဖလူရန်ဆာတစ်ယောက်လည်းဖြစ်တဲ့ မင်းသမီးချောရှရစ်ရှ်တီရင်ဒါနီနဲ့ Super 30 (2019)ထဲမှာ တပည့်တစ်ယောက်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားရစ်ဗစ်ခ်ဆာဟိုးတို့ရဲ့ စီးရီးလေးကိုတင်ဆက်ပေးပါရစေ။ ကြိုးစားချင်စိတ်ရှိပြီး ဖခင်ရဲ့လောင်းရိပ်အောက်က မလွတ်နိုင်တဲ့ စာရင်းကိုင်ပေါက်စလေး ရှန်ကီ။ ရေတွင်းထဲက ဖားငယ်လေးလို သူ့တစ်နေရာကို တစ်ကမ္ဘာလုပ်မနေဘဲ ရေပုံးလိုမျိုးအခွင့်အရေးတစ်ခုကို အမိအရဖမ်းဆုပ်ပြီး ရေတွင်းထဲက ခုန်ထွက်ဖို့ကြိုးစားတဲ့အခါ။ဒေလီအရှေ့ပိုင်းက လူတွေသိပ်အထင်မကြီးကြတဲ့ သူ့နေရာလေးကို လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ဖုံးကွယ်ထားပြီး မာနစိတ်တွေ တဖြည်းဖြည်းဝင်လာတဲ့အခါမှာတော့။ဖားကလေးခုန်လို့ အိုင်မပျက်ပေမဲ့ ဒီဖားငယ်လေးကတော့ သာမညောင်ညဖားတစ်ကောင်မဟုတ်ဘဲ ရေတွင်းဆီကနေ ခုန်ထွက်ဖို့ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ရဲ့ အိပ်မက်နောက်လိုက်ပုံကို ခံစားကြည့်ရှုကြရမှာပါ။သုံးပတ်အတွင်းမှာပဲ ဇာတ်ဝင်တေးက ၁၅သန်းကျော် ကြည့်ရှုသူရှိတဲ့ထိပေါက်ခဲ့တဲ့ ဒီစီးရီးလေးကို ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

One Cent Thief (2022) ⭐TMDB: 48% User Score 🎬 #Crime #Drama #Action #Adventure 🗓 2022 🎞 Series 🌎 #Malaysia ⏰ 52 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 One Cent Thief ( 2022 )ဘဏ်ကာစတမ်မာတစ်ယောက်ချင်းဆီကနေ အကြွေစေ့တစ်စေ့ချင်းဆီခိုးပြီး ချမ်းသာခဲ့ပေမဲ့ ကြွားချင်ဝါချင်တဲ့ စိတ်ကလေးကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ မလေးရှားငတက်ပြားကြီး အီမန်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ မလေးရုပ်သံစီးရီးလေးကို တင်ဆက်ပေးပါရစေ။ကောလိပ်ကျောင်းသားဘ၀မှာကတည်းက ကျောင်းဆာဗာတွေကို ဟက်ခ်ခဲ့တဲ့ ဉာဏ်ကြီးရှင်ဟက်ကာလေး အီမန် ကောလိပ်မပြီးခင် ကျောင်းထုတ်ခံလိုက်ရတယ်။ ဘာဘွဲ့လက်မှတ်မှမရှိတဲ့အတွက် ဘဏ်တစ်ခုမှာ ငွေသွင်းငွေထုတ်ဝန်ထမ်းတစ်ယောက်အဖြစ် လုပ်ကိုင်နေပေမဲ့ နှစ်နှစ်ကြာတဲ့ထိရာထူးတိုးမခံရပါဘူး။ ဒါပေမဲ့ ချစ်ရတဲ့ ဆိုက်ဘာလုံခြုံရေးခေါင်းဆောင် ငယ်သူငယ်ချင်းမလေးဘေးမှာ အတူရှိခွင့်ရတဲ့အတွက် သူ့ဘ၀သူ ကျေနပ်နေခဲ့တယ်။ ကံဆိုးချင်တော့ တစ်နေ့ အဖေဖြစ်သူနှလုံးဖောက်လို့ ဆေးရုံတင်လိုက်ရတာကအစ ခွဲစိတ်ဖို့အတွက် ပိုက်ဆံလိုလာခဲ့ပါတယ်။ဒီကြားထဲ အဖေဖြစ်သူရဲ့ အကြွေးရှင်လူမိုက်ကြီးတွေကပါ အကြွေးပြန်ဆပ်ဖို့ အသက်အန္တရာယ်ထိရန်ရှာလာတဲ့အခါ။ အီမန်တစ်ယောက် သူအလုပ်လုပ်နေတဲ့ဘဏ်ကိုပဲ အန္တရာယ်အကင်းဆုံးနည်းနဲ့ ဟက်ခ်ဖို့ကြံရာကစ ပြဿနာတောထဲ ဘယ်လိုတိုးဝင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Do Not Expect Too Much from the End of the World (2023) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Romania #Luxembourg #France #Croatia #Switzerland #UnitedKingdom ⏰ 2 နာရီ 44 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထူးခြားဆန်းပြားတဲ့ ရိုမေးနီးယား ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးပါရစေဗျ။ အန်ဂျလာဆိုတဲ့ ကောင်မလေးက ကော်ပိုရေးရှင်းတစ်ခုမှာ ဗီဒီယိုထုတ်လုပ်ရေးလက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ လစာနည်းနည်း၊ အလုပ်ချိန်များများနဲ့… ဟိုဟာအခိုင်းခံရ ဒီဟာအခိုင်းခံရ၊ ဟိုလူ့ညှိရ ဒီလူ့ညှိရနဲ့ အတော်တိုင်ပတ်တဲ့အလုပ်ပါ။ လူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရင် ယဥ်ကျေးပျူငှာတယ်ဆိုပေမဲ့ အလုပ်လုပ်ရင်း ပင်ပန်းလာရင် အင်စတာဂရမ်လေးဖွင့်ပြီး ယောကျာ်းပုံစံ နှုတ်ခမ်းမွှေး filterတွေထည့်၊ ရိုင်းရိုင်းစိုင်းစိုင်း ဟာသတွေပြော ပျစ်နှစ်နေအောင်ဆဲပြီး သူ့ဘာသာ ပျော်အောင်နေရရှာတယ်။ ဒီဇာတ်ကားမှာ အဓိကကတော့ လုပ်ငန်းခွင်မှာ ဒဏ်ရာရလို့ ဒုက္ခိတဖြစ်သွားတဲ့ လူတွေကို “လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးရုပ်ရှင်” ဆိုပြီး လူလိုက်ရှာပြီး ရုပ်ရှင်ရိုက်ဖို့ စီစဥ်ကြတာပါ။ ဥရောပအဆင်းရဲဆုံး ရိုမေးနီယားနိုင်ငံရဲ့ အခြေအနေတွေလည်း အရိပ်အမြွက်ပြထားပြီး အန်ဂျလာ ပြောတဲ့စကားလုံးတွေက ရယ်ရပေမဲ့ အရိုင်းဆန်ပြီး အဖော်အချွတ်တွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Red vs. Blue: Restoration (2024) ⭐IMDB: 6.3/10 (75 Votes) 🎬 #Animation #Comedy #ScienceFiction #Action #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Red Vs Blue လို့ခေါ်တဲ့ comic science fiction ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးကားပါ။ ဒီရုပ်ရှင်ထဲက စက်ရုပ်စစ်သားတွေက Xbox ရဲ့နာမည်ကြီး Game franchise တစ်ခုဖြစ်တဲ့ Halo ထဲကပါ။ ဒီစက်ရုပ်တွေမှာ အနီ နဲ့ အပြာဆိုပြီး နှစ်ဖက်ရှိကြတာပေါ့။ အနီတွေနဲ့ အပြာတွေက ဘယ်တုန်းကမှမတည့်ခဲ့ကြဘဲ နှစ်ပေါင်းများစွာ တိုက်ပွဲတွေဆင်နွဲလာခဲ့ကြတာ နောက်ဆုံးမှာ အနီရောင်အဖွဲ့ထဲက စစ်သား လက်တဆုပ်စာလောက်ပဲကျန်တော့တဲ့အထိပေါ့။ တစ်နေ့မှာ အနီရောင်‌စစ်သားတွေကို အပြာရောင်စစ်သားတစ်ယောက်ကဆက်သွယ်လာပြီး စကြ၀ဠာထဲက အဆိုးရွားဆုံးဗီလိန်ကြီးက အဆိုးရွားဆုံးပုံစံနဲ့ပြန်ရောက်လာပြီး အားလုံးကိုသတ်ဖြတ်ဖြစ်တော့မယ့်အကြောင်း သတိပေးလာတဲ့အခါမှာတော့ အနီနဲ့အပြာတွေက မတူညီမှုတွေကို ဘေးချိတ်ထားပြီး Meta လို့ခေါ်တဲ့ ဗီလိန်ကြီးကို အတူ‌ပူးပေါင်းနှိမ်နင်းကြဖို့ ကြိုးစားကြရပါတော့တယ်။
...

A Part of You (2024) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Sweden ⏰ 1 နာရီ 42 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ A Part of You ဆိုတဲ့ ဆွီဒင် Teen Drama လေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့….. ဂျူလီယာနဲ့ အာ့ဂ်နက်စ်ဆိုတဲ့ ညီအစ်မနှစ်ယောက်မှာ အစ်မဖြစ်သူဂျူလီယာက ကျောင်းမှာပေါ်ပြူလာဖြစ်သူ, ပါတီပွဲတွေမှာသူကမပါမဖြစ်,သူငယ်ချင်းတွေကြားမှာလည်းအချစ်ခံရဆုံးသူ ပြီးတော့ အရမ်းချစ်တတ်တဲ့ နိုအဲလ်ဆိုတဲ့ချစ်သူလည်းရှိတဲ့သူပေါ့။ အဲ့ဒါကြောင့်လည်း ညီမဖြစ်သူအာ့ဂ်နက်စ်ဟာ အစ်မဖြစ်သူကို အမြဲအားကျရပြီး တစ်ခါတလေမနာလိုပါဖြစ်တတ်ပါတယ် တစ်ရက်မှာ ဂျူလီယာက သူငယ်ချင်းဖြစ်သူတစ်ယောက်ရဲ့ပါတီပွဲကို အာ့ဂ်နက်စ်ကိုပါခေါ်သွားပါတယ် ဒါပေမဲ့ အဲဒီပါတီကအပြန်မှာ ဂျူလီယာတစ်ယောက်ကားအက်ဆီးဒင့်ဖြစ်ပြီးအသက်ဆုံးရှုံးခဲ့ရပါတယ် အစ်မဖြစ်သူရဲ့ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီးဖြစ်ပြီးနောက်ပိုင်း အာ့ဂ်နက်စ်တစ်ယောက် သူမရဲ့ပူဆွေးဝမ်းနည်းမှုတွေကိုဖြေဖျောက်ရင်း အစကတည်းကအားကျခဲ့ရတဲ့အစ်မဖြစ်သူရဲ့နေပုံထိုင်ပုံတွေအတိုင်းအတုယူပြီးလိုက်လုပ်ပါတော့တယ် ဒါပေမဲ့ အစ်မဖြစ်သူဂျူလီယာရဲ့အကြောင်းကိုအလုံးစုံသိတယ်လို့ထင်နေတဲ့ အာ့ဂ်နက်စ်တစ်ယောက် ဂျူလီယာရဲ့လျှို့ဝှက်ချက်ကိုသိလိုက်ရပြီးနောက်မှာ………. ဂျူလီယာသေဆုံးသွားရတာကရော တကယ်ပဲ မတော်တဆကြောင့်လား ကြည့်ရှုနိုင်မှာပါ
...

Reunion (2024) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Comedy #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ မတွေ့တာကြာပြီဖြစ်တဲ့ကျောင်းတုန်းက သူငယ်ချင်းတွေရဲ့ ပြန်လည်တွေ့ဆုံပွဲမှာ လူသတ်မှုတစ်ခုထူးဆန်းစွာဖြစ်ခဲ့ပြီး ထိုလူသတ်မှုကိုစုံစမ်းရှာဖွေရတဲ့ Crime, Mystery အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းအညွှန်းကတော့ ငယ်သူငယ်ချင်းတွေရဲ့ပြန်လည်တွေ့ဆုံပွဲမှာ အားလုံးဟာပျော်ပျော်ပါးပါးနဲ့ ပါတီပွဲ‌နွှဲနေကြတာပေါ့။ ဒီလိုနေလာရင်းနဲ့ ညနက်လာတာနဲ့အမျှ တခြားသူတွေကတစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြပေမယ့် အရမ်းမူးပြီးအပျော်လွန်နေတဲ့ သူငယ်ချင်းတစ်သိုက်ကတော့ ညလဲအရမ်းနက်သွားသလို နှင်းတွေလဲအရမ်းကျလာလို့ ထိုအိမ်မှာပဲညအိပ်လိုက်ကြပါတော့တယ်။ နောက်တစ်နေ့မနက် သူတို့နိုးလာတဲ့အချိန်မှာတော့ အံ့ဩစရာတစ်ခုက အသင့်စောင့်ကြိုနေပါတယ်။ အဲဒါကတော့ သူတို့သူငယ်ချင်းတစ်ယောက်ဟာ သေနတ်ဒဏ်ရာတွေနဲ့ အခန်းတစ်ခန်းထဲမှာ သေဆုံးနေတာပါ။ သူတို့သိရသလောက်ဆိုရင် ထိုညကနှင်းတွေပိတ်နေတဲ့အတွက် ဘယ်သူမှအပြင်ထွက်သွားဖို့မဖြစ်နိုင်တဲ့အတွက် လူသတ်သမားဟာ ယခုကျန်နေတဲ့လူစုထဲကတစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့သူတို့ဘယ်လိုတွေအဖြေရှာကြမလဲ၊ နောက်ထပ်သေဆုံးသူတွေရောရှိလာဦးမှာလားဆိုတာကို ခံစားကြည့်ရှုပေးကြပါဦး။
...

Taxi (2004) ⭐TMDB: 56% User Score 🎬 #Action #Comedy #Crime #Thriller 🗓 2004 🎞 movie 🌎 #France #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပထမတစ်ခုအနေနဲ့ပြောချင်တာက ဒီကားက ကြည့်ပျော်တဲ့ ဟာသကားကောင်းဖြစ်နေပေမယ့် Rating တွေအရမ်းနည်းနေတာပါပဲ။ နောက်တစ်ခုက Tonight Show ထဲကကျွန်တော်တို့အချစ်တော် Jimmy Fallon ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဝါးလုံးကွဲမဟုတ်ရင်တောင် Jimmy Fallon ရဲ့ရုပ်တည်နဲ့ အရွှန်းဖောက်တာတွေကအတော်လေးသဘောကျစရာကောင်းပါတယ်။ ဇာတ်ညွှန်း: အန်ဒီ ဆိုတာ အတော်လေးကိုညံ့တဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့တခြားရဲတွေအမြင်ပေါ့လေ။ တကယ်တမ်း အန်ဒီဖြစ်နေတာက လွဲတာ။ ဘာလုပ်လုပ်လွဲတယ်။ ပြောရရင်ရဲဖြစ်နေပြီး ကားတောင်ကောင်းကောင်းမမောင်းတက်ဘူး။ ဇာတ်ကားအစအမှုစလိုက်ထဲကကိုလွဲတာ။ ကားမောင်းတာအရမ်းတော်လို့ကားလိုင်စင်အသိမ်းခံလိုက်ရတဲ့အချိန်မှာ သူ့အနီးအနား ဘဏ်ဓားပြမှုတစ်ခုဖြစ်ပါရော။ ပြဿနာကစပြီ သူက အခင်းဖြစ်တဲ့နေရာနဲ့အနီးဆုံး။ ဒါပေမယ့်လမ်းလျောက်မယ်ဆိုရင် သူများထက်နောက်မှရောက်မယ်။ အဲမှာ တကစီတစ်စီးကိုတားပြီး အခင်းနေရာကိုသွားတယ်။ ဖြစ်ချင်တော့ သူတားတဲ့တက္ကစီကလည်း မကြာသေးခင်ကမှ တက္ကစီလိုင်စင်ရထားတဲ့ ဘဲလ် ဆိုတဲ့ လူမည်းအမျိုးသမီးတစ်ယောက်။ တက္ကစီလိုင်စင်ခုမှရပေမယ့်အထင်တော့မသေးပါနဲ့။ ကားနဲ့ဖက်ပြီးကြီးလာတယ်လို့ပြောရလောက်အောင်ကားအကြောင်းနားလည်တဲ့လူ။ အရှုပ်တော်ပုံထဲကိုရောက်သွားတဲ့ ဘဲလ် နဲ့ တစ်မြို့လုံးမှာအချာဆုံးရဲ အရာရှိ အန်ဒီတို့ ဘယ်လိုမျိုး အမှုကိုဆက်လိုက်မှာလဲ။ Rating တွေနည်းပေမယ့်ကြည့်ရတန်တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။
...

Rub (2023) ⭐IMDB: 5.3/10 (1 k Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နီးလ် ဟာဆိုရင် အချစ်မှာသိပ်ကံမကောင်းတဲ့ သာမန်ရုံးအလုပ်သမားလေးတစ်ယောက်ပါ တစ်နေ့တစ်နေ့ နီးလ်ဟာ အိမ်နဲ့ရုံးမှာပဲ အချိန်ကုန်နေတတ်ပါတယ်။ တစ်နေ့မှာတော့ သူရဲ့ရုံးကလုပ်ဖော်ကိုင်ဖက် တစ်ယောက်က နီးလ်ကိုပျော်စရာတွေဖန်တီးပေးဖို့ နေရာလေးတစ်ခုကို ညွှန်းပေးလိုက်ပါတယ်။ အဲဒီနေရာကတော့ အနှိပ်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ နီးလ်ကတော့ အနှိပ်ခန်းကိုသွားလိုက်ပြီးပျော်လိုက်ရပေမဲ့ သူ့လုပ်ဖော်ကိုင်ဖက်က စေတနာနဲ့ပေးတာမဟုတ်ပဲ အနိုင်ကျင့်ချင်လို့ သွားခိုင်းလိုက်တာဖြစ်နေပါတယ်။ အဲဒီအချိန်မှာ နီးလ်က စိတ်ညစ်ညစ်နဲ့နောက်တစ်ကြိမ် အနှိပ်ခန်းသွားလိုက်တဲ့အချိန်မှာ ဘာတွေနဲ့ကြုံတွေ့ရမလဲ ဘယ်လိုပြဿနာတွေက ရောက်လာမလဲ အချစ်ကိုဆာလောင်နေတဲ့ နီးလ်တစ်ယောက် အချစ်ကိုရော ရှာတွေ့သွားမလားဆိုတာ ကြည့်ရှုရမယ့်ကားလေးတစ်ကားဖြစ်ပါတယ်
...

Reminiscing Shadows (2023) ⭐IMDB: 3.2/10 (47 Votes) 🎬 #Action #Crime #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 16 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မျက်နှာဖုံးနဲ့ အစုလိုက်အပြုံလိုက်လူသတ်မှု ကြူးလွန်နေတဲ့ အဖွဲ့ကို လူသတ်မှုစုံစမ်းစစ်ဆေးရေးဌာန မှ စုံထောက်နှစ်ယောက်ကို ဖြေရှင်းရန်တာဝန်ပေးခံရသောအခါ ဘယ်လိုတွေဖော်ထုတ်ကြမလဲ ဘယ်လိုအခက်အခဲတွေရှိကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ဒန်နီရယ်ဆိုတဲ့ ပါတနာမရှိပဲ ခုနနှစ်ကျော်တယောက်တည်းရပ်တည်ခဲ့တဲ့ စုံထောက်နဲ့ မူးယစ်ဌာနက ပြောင်းလာတဲ့ အာရွန်တို့နှစ်ယောက် အတူတူလက်တွဲလုပ်ဖို့ တွန်းအားပေးခံရသောအခါ ဘာတွေကြုံတွေ့ရမလဲကို တစိမ့်စိမ့်ကြည့်ရမယ့် ဇာတ်ကားဖြစ်ပါတယ် ဂျွန်ဆန် မာတင် က ရိုက်ကူးထားတာဖြစ်ပါတယ်
...

Parallax (2023) ⭐IMDB: 4.1/10 (155 Votes) 🎬 #ScienceFiction #Thriller #SciFi 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားတွေကို တွေးပြီးမှကြည့်ချင်တဲ့ လူတွေရှိလား။ ဇာတ်လမ်းကိုကြည့်ပြီးသွားလို့ တစ်စိမ့်စိမ့်တွေးပြီးကျန်ခဲ့ချင်တာပါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်သင့်တဲ့စာရင်းထဲ ထည့်လိုက်သင့်ပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ဇာတ်လမ်းကို ဘာသာပြန်ပြီးသွားတဲ့ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ ကျန်ခဲ့နေတုန်းပါပဲ။ ဆိုတော့ ဇာတ်လမ်းအကျဉ်းလေးနည်းနည်းပြောရအောင်။ နေအိုမီနဲ့ လူးကပ်စ် ဖရိုင်းတို့က စေ့စပ်ပြီးအတူနေနေကြတဲ့ကာပယ်လေးပေါ့။ ဒါပေမဲ့ ဇာတ်လမ်းအစမှာကတည်းက စိတ်မကောင်းစွာနဲ့နေအိုမီက စိတ္တဇလိုလို စိတ်ကျရောဂါလိုလိုခံစားနေရပါတယ်။ လူးကပ်စ်ကလည်း စိတ်ကုဆရာဝန်တစ်ယောက်နဲ့ ဘာလုပ်ရမလဲ တိတ်တဆိတ်တိုင်ပင်နေတာပေါ့။ ဘယ်ကနေဘယ်လို ဖြစ်သွားမှန်း သူလည်းမသိပါဘူး။ နေအိုမီဖြစ်တဲ့ပုံကလည်း ထူးဆန်းပါတယ် သူက သူ့ကိုယ်သူဘယ်သူမှန်းမသိတော့ပါဘူး။ သူ့ကိုယ်သူ သူမသိတဲ့ တခြားကမ္ဘာတစ်ခုခုမှာ နေထိုင်နေရသလိုခံစားနေရတာပါ။ နောက်ထပ်ရှိတာက သူမက်တဲ့အိပ်မက်ပါ။ အမြဲရေနစ်နေပြီး ရေပေါ်ကိုသူလုံးဝတက်မလာနိုင်သလို ဘယ်မှာရေနစ်နေမှန်းလဲ သူမသိပါဘူး။ ဆိုတော့ မသိခြင်းပေါင်းများစွာပေါ့။ ဒါပေမဲ့ ဆေးစစ်ကြည့်တော့လည်း နေအိုမီ့ဦးနှောက်မှာ ဘာမှထူးဆန်းတာ ရှာမတွေ့ပါဘူးတဲ့။ ဆိုတော့ နေအိုမီကဟန်ဆောင်နေတာလားမေးစရာရှိပါတယ်။ ဒါမှမဟုတ် သူကမရူးဘဲ ဘေးက လူတွေရဲ့ပယောဂတစ်ခုခုကြောင့်လား။ ဆိုတော့ ဇာတ်ကားလေးကတော့ ပဟေဠိတွေ သို့လော သို့လောတွေနဲ့ပေါ့ဗျာ။ တူတူခံစား ငေးမောတွေးတောကြည့်ချင်ရင်တော့ ဇာတ်ကားလေးကို အခုပဲဒေါင်းလုပ်ဒ်ဆွဲပြီးကြည့်လိုက်ဖို့ အကြံပေးပါရစေ။
...

Tenant (2024) ⭐IMDB: 4.9/10 (2 k Votes) 🎬 #Bollywood #Thriller #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 34 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tenant (2024) “အငှား”IMDb – 6.4/10 လူကြီးမင်းတို့အတွက် စိတ်ဝင်စားဖို့ကောင်းမဲ့တလေဂူးမှုခင်းဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကောင်ခြောက်ယောက်ကို ဦးတည်ထားပြီး မြွေလှေခါးကစားနည်းမှာ အံစာတုံးခေါက်သလိုမျိုးအတက်အကျတွေနဲ့ ဘာဖြစ်မလဲမှန်းဆဖို့ ရိုက်ကူးပုံဖော်ထားတာမျိုး။ ချစ်လှစွာသော ဇနီးသည်ဖြစ်သူ အသတ်ခံလိုက်ရလို့ ရဲစခန်းကိုတိုင်ချက်ဖွင့်ပါမှသူ့ကိုပဲ တရားခံအဖြစ်စစ်မေးခံရတဲ့ ခင်ပွန်းသည်တစ်ယောက်ကနေစလိုက်တဲ့ဇာတ်လမ်း။နောက်ကြောင်းပြန်ရင်း တရားခံကသူပါလားလို့ ထင်မိပြီးမှ နောက်ထပ်အဖြစ်အပျက်တွေဆက်တိုက်ထပ်ဖြစ်လာတာမျိုးမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMO ~ Yunniတို့ဖြစ်ပါတယ်)
...

Harakiri (1962) ⭐TMDB: 84% User Score 🎬 #Action #Drama #Mystery #History 🗓 1962 🎞 movie 🌎 #Japan ⏰ 2 နာရီ 14 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Harakiri (  1962 ) ===============ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ  ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့   47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့  Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့  Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။  အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့  ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့  အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။အဲယိအိမ်တော်က အကြီးအကဲဟာ  ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနား...

Ghost in the Shell (1995) ⭐TMDB: 79% User Score 🎬 #Action #Animation #ScienceFiction #Crime #Drama #Mystery #SciFi #Thriller 🗓 1995 🎞 movie 🌎 #Japan #UnitedKingdom ⏰ 1 နာရီ 22 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 AI တွေဆိုတာဟာ အခုလိုခေတ်မှ ခေတ်စားလာတယ်ဆိုပေမယ့် ဒီ Ghost In The Shell ဆိုတဲ့ Anime ကားထဲမှာတော့ 1995 ခုနှစ်လောက်ထဲက စိတ်ကူးဉာဏ်ကွန့်မြူးပြီ ဒီ Anime ကို ဖန်တီးသူတွေက ပုံဖော်ခဲ့ကြတာပါ. ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ရုပ်သေးဆရာဆိုတဲ့ AI က အစိုးရအဖွဲ့က လူကြီးတွေကို သူတို့စမ်းသပ်ထားတဲ့ တစ္ဆေဆိုတဲ့ ခန္ဓာကိုယ်တွေကိုသုံးပြီး ချိမ်းခြောက်အကျပ်ကိုင်တဲ့ ဇာတ်အိမ်မျိုးကို တည်ထားပါတယ်. ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က မိုတိုကို ကူဆာနာဂီဆိုတဲ့ အမျိုးသမီး ဗိုလ်မှူူးတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်းခန္ဓာကိုယ်ဖြစ်တဲ့အပြင် အထူးပြုလုပ်ထားတဲ့ နည်းပညာတွေကို ပိုင်ဆိုင်ထားတဲ့ အေးဂျင့်တစ်ယောက်ပါ. သူတို့ လိုက်နေရတဲ့ လူက အင်တာနက်ကွန်ရက်ထဲကို လိုသလို သွားလာနိုင်ပြီး သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတဲ့လူတွေကို စိတ်ရှိတိုင်း ခိုင်းစေလို့ရနေပေမယ့် အဲဒီ့ ရုပ်သေးဆရာလို့ခေါ်တဲ့ AI ဟာ ဘယ်လိုကိစ္စရပ်မျိုးတွေမှာ ပါဝင်ပတ်သက်နေမလဲဆိုတာကို ကြည့်ရှုရမှာပါ. ဒါ့အပြင် ဒီ Anime ကားကို 2017 ခုနှစ်မှာ ကျွန်တော်တို့အားလုံးရဲ့ မမဖြစ်တဲ့ Scarlett Johansson က Live Action အနေနဲ့လည်း ပြန်လည်ရိုက်ကူးထားပါသေးတယ်. အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Jo Joe မှရေးသားပြန်ဆိုထားပါတယ် File size…(1.4 GB)/(704 MB)Quality….Webrip 1080p / 720pFormat…mp4Duration….01:22:00Genre… Action, Animation, Science FictionSubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Jo Joe ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါကCM Appကိုwww.cmapp.tvမှာ ရယူပါ။CM Appမှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

Visions (2023) ⭐IMDB: 5.3/10 (711 Votes) 🎬 #Mystery #Thriller 🗓 2023 🎞 movie 🌎 #France #Belgium ⏰ 2 နာရီ 3 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thriller Mystery ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် 2023 မှာထွက်ရှိခဲ့တဲ့ Visions ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Estelleဟာ နာမည်ကြီးဆရာဝန်တစ်ဦးနဲ့လက်ထပ်ထားပြီး ထူးချွန်တဲ့ ပိုင်းလော့တစ်ဦးလည်းဖြစ်ပါတယ်။ အရာရာပြည့်စုံနေတဲ့ Estelle ဘဝထဲကို အတိတ်မှာဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ Ana ဆိုတဲ့အမျိုးသမီးတစ်ဦးပြန်လည်ဝင်ရောက်လာချိန်မှာ Estelle ဟာ Ana နဲ့ ဖောက်ပြားမိပါတယ်။ Ana ပြန်ရောက်လာတဲ့အချိန်ကစပြီး Estelle ဘဝမှာ ဂြိုလ်ဆိုးဝင်သလို ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်။ Estelle ကြုံတွေ့လာရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေနောက်ကွယ်မှာတော့…။ Ana အဖြစ် Marta Nieto, Estelle အဖြစ် National Treasure, TROY, Inglourious basterds သရုပ်ဆောင် Diane Kruger ကပါဝင်ထားပါတယ်။ မင်းသမီး ၂ လက်ရဲ့ အပြိုင်သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်ရှုရမှာမလို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း.။ (မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်သော ဇာတ်ဝင်ခန်းအချို့ပါဝင်ပါတယ်)
...

Soundproof (2023) ⭐IMDB: 4.7/10 (175 Votes) 🎬 #Crime #Drama 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ Malpractice ထဲက Dr မလေး Georgina Rich ရဲ့ crime drama ကားလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ အရင်ကားလိုမဟုတ်ပဲ တစ်မူထူးခြားတဲ့ single mother ဘဝနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ single mom ဖြစ်တဲ့ ဂျိုးမှာ ဒီလန် လိုခေါ်တဲ့ သားတစ်ယောက်နဲ့ အစ်ဇီလိုခေါ်တဲ့သမီးတစ်ယောက်ရှိတယ်။ အထီးကျန်တဲ့ခံစားချက်တွေကြောင့် ကယ်ဗင်ဆိုတဲ့ သူထက်ငယ်ပြီး ဆိုးသွမ်းတဲ့ ကောင်လေးတစ်ယောက်နဲ့ တွဲနေလေရဲ့။ သူတိုနှစ်ယောက်ကြားကဆက်ဆံရေးက အတော့်ကိုဆိုးဆိုးရွားရွားပါပဲ။ တစ်နေ့မှာတော့ ဂျိုးနဲ့ကယ်ဗင်တို အိမ်အပြန်လမ်းမှာ ကယ်ဗင်က အဆင်မပြေမှုတွေနဲ့ပြဿနာဖြစ်လာတာကို ဂျိုတစ်ယောက်စိတ်ဆိုးနေလေရဲ့။ ဒါကို ကယ်ဗင်တစ်ယောက် ဂျိုးနဲ့ အတင်းတစ်တီတူးချစ်ကြည်နူးဖို ကြိုးစားရင်း ရုန်းရင်းဆန်ခက်ဖြစ်နေတာကို အစ်ဇီတစ်ယောက်မြင်သွားပြီး နောက်ကနေ မီးအိမ်နဲ့ ကယ်ဗင်ကိုရိုက်သတ်မိလိုက်တဲ့အခါမှာတော့… ဂျိုးတစ်ယောက်သူ့ရဲ့ကလေးတွေကို ရာဇဝတ်ဘေးကနေ single mom ဘဝနဲ့ ဘယ်လိုရှောင်တိမ်းသွားကြမလဲ ဘယ်လိုဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့ရင်ဆိုင်ရပြီး ဘာတွေဆက်ဖြစ်သွားမလဲ ဆိုတာတော့ တွေးကြည့်မနေကြတော့ဘဲ ပြေးသာကြည့်လိုက်ကြဖို့ ညွှန်းပေးလိုက်ရပါတယ်။
...

The Hateful Eight (2015) ⭐IMDB: 7.8/10 (664 k Votes) 🎬 #Crime #Drama #Mystery #Western #Thriller 🗓 2015 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 48 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Hateful Eight (2015) IMDb Rating (7.8) / Rotten Tomatoes (75%) ဒီရုပ်ရှင်ကတော့ ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ နာမည်ကျော် ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ သူရိုက်ခဲ့တဲ့ Pulp fiction, Kill Bill, Inglourious bastards, Django unchained တို့ကို ကြည့်ဖူးရင် သူဘယ်လိုကားမျိုးတွေ ရိုက်တတ်လဲ သိမှာပါ။ ဒီဇာတ်လမ်းမှာလဲ ကာရိုက်တာ မျိုးစုံကို အခန်းတစ်ခုထဲမှာ ထည့်ပြီး ပဟေဠိတွေနဲ့ လှလှပပ ပြသထားတာ တွေ့ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ အမေရိကန် ပြည်တွင်းစစ်အပြီး နှစ်အနည်းငယ်အကြာကို အခြေပြုထားတာပါ။ မြောက်ပိုင်းတပ်က ထွက်လာတဲ့ ဗိုလ်မှူးမားကွစ် ( ဆမ်မြူရယ် ဂျက်ဆန်) ဟာ ကြေးစားလူဆိုးဖမ်းသမားအဖြစ် အသက်မွေးနေပါတယ်။ တစ်နေ့မှာ ဝိုင်အိုးမင်းနယ် တောင်ပေါ်တစ်နေရာမှာ နှင်းမုန်တိုင်းကြောင့် ပိတ်မိနေရင်း လှည်းတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတယ်။ အဲဒီလှည်းပေါ်မှာ ပါလာတဲ့ လူတွေနဲ့ ဆိုင်လေးတစ်ခုမှာ ဝင်ခိုနားကြတယ်။ အဲဒီဆိုင်ထဲမှာလည်း ရောက်နှင့်ပြီးတဲ့သူတွေ ရှိနေပါပြီ။ အဓိကကတော့သူတို့တွေကြားထဲက ပတ်သတ်မှုနဲ့ လျို့ဝှက်ချက်တွေကို စိတ်ဝင်စားစရာထိုင်ကြည့်နေရမှာပါပဲ။ ကြာမြင့်ချိန် ၃ နာရီနီးပါးရှိပြီး ရုပ်ရှင်အရသာခံကြည့်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။
...

CIA: Comrade in America (2017) ⭐IMDB: 6.4/10 (3 k Votes) 🎬 #Action #Adventure #Bollywood #Drama #Romance 🗓 2017 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CIA : Comrade in America (2017)“ချစ်သူရှိရာသို့…” IMDb 6.4 Sita Ramam၊ King of Kotha နဲ့ Charlie တို့လို ရုပ်ရှင်တွေထဲကမင်းသား Dulquer Salmaan အဓိကပါဝင်ထားပြီး Dunki လို စာရွက်စာတမ်း မရှိဘဲအမေရိကားသွားမယ့် ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ် အာဂျီဟာ ကီရယ်လာ ကွန်ဂရက်ပါတီက နိုင်ငံရေးသမားတစ်ယောက်ရဲ့ သားဖြစ်နေပေမယ့်သူယုံကြည်ရာဝါဒကိုသာ စွဲကိုင်ထားသူပါ ဘာနေနေ အပြုံးမပျက်ဘဲ ဘဝကို ကိုယ်နေချင်သလို ဖြတ်သန်းရင်းတစ်နေ့ အမေရိကန်နိုင်ငံသူလေး ဆာရာနဲ့ ချစ်သူတွေ ဖြစ်လာတယ် ဆာရာက သူနဲ့ အမေရိကားကို လိုက်ဖို့ခေါ်တိုင်း တွင်တွင်ငြင်းပေမယ့်တစ်နေ့တော့ သူ့ချစ်သူကောင်မလေးဟာ အမေရိကားကို ပြန်သွားပြီဖြစ်ကြောင်း၊တခြားယောကျာ်းတစ်ယောက်နဲ့ အတင်းအကျပ်လက်ထပ်ခိုင်းဖို့ စီစဥ်နေပြီဖြစ်ကြောင်း သိရတော့ …. နှစ်ပတ်ဆိုတဲ့အချိန်အတွင်း ချစ်သူရှိရာ အမေရိကားကို စာရွက်စာတမ်းတွေမပါဘဲရောက်အောင်ဘယ်လိုသွားမလဲ… အခက်အခဲမျိုးစုံနဲ့ စွန့်စားခန်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

The Strange Case of a Claustrophobic Ghost (2023) ⭐IMDB: 4.8/10 (175 Votes) 🎬 #Fantasy #Family #Horror 🗓 2023 🎞 movie 🌎 #Mexico ⏰ 1 နာရီ 47 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိမ်အသစ်ကို ​ပြောင်းလာတဲ့ Nikolajဟာ ညဘက်​တွေဆို သူ့အဝတ်ဗီရိုထဲက အသံ​တွေ​ကြောင့် လန့်နိုးလာ​ရတတ်ပါတယ်။ သူတို့ရဲ့ တိုက်တန်းတည်ရှိတဲ့ လမ်းမှာ အို​ဟောင်း​နေတဲ့ အိမ်ကြီးတလုံးလည်း ရှိ​နေပါ​သေးတယ်။ ဒါ​တွေက ဘယ်လိုချိတ်ဆက်​နေလဲ။ Nikolaj က မမြင်သင့်တဲ့ ​လောကတခုကို မြင်​နေရတာလား။ သူ့အခန်းမှာဆက်​နေလို့ မရ​ဘူးဆိုတာကို လက်မခံချင်ဖြစ်​နေတဲ့ Nikolajတစ်​ယောက် စပ်စုတတ်တဲ့ညီ​​လေးနဲ့အတူ ​ကျောင်းက သူငယ်ချင်း အသစ်​လေး Ximenaနဲ့ ဘယ်လိုပူ​ပေါင်းပြီး သူ့အဝတ်ဗီရိုထဲက တစုံတရာကို ကူညီ​ပေးကြမလဲဆိုတာ ကို ဒီ မက်ဆီကန် ရုပ်ရှင်ကားသစ်​မှာ ကြည့်ရှုရမှာပါ​။ ကြည့်​နေကျ horror ကား​တွေနဲ့ မတူတဲ့ ဇာတ်​ကြောင်း​ပြောပုံနဲ့ အပြင်အဆင် ကြောင့် ပုံပြင်တစ်ပုဒ်ထဲ ​ရောက်ရှိသွားသလိုခံစားရပြီး လိုက်ပါစီး​မျောနိုင်မှာပါ။ စပိန်စကား​ပြော ရုပ်ရှင်ဖြစ်တဲ့ အပြင်၊ မြင်​နေကျမဟုတ်တဲ့ ကင်မရာ ရှု​ထောင့် ​တွေ၊ မက်ဆီကန် ရိုးရာ ယုံကြည်မှု အချို့ကို ထည့်သွင်းရိုက်ကူးထားပုံကိုလည်း မြင်​​တွေ့ရမှာပါ။ မိသားစု အတူတကွ ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။
...

The Name of the Rose (1986) ⭐TMDB: 75% User Score 🎬 #Drama #Mystery #Thriller 🗓 1986 🎞 movie 🌎 #WestGermany #Italy #France #Germany ⏰ 2 နာရီ 10 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ James Bond မင်းသားကြီး Sean Connery ရဲ့ 1986 မှာ ထွက်ခဲ့တဲ့ Mystery/thriller ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို အလယ်ခေတ်က ခရစ်ယာန် ကျောင်းတိုက်တစ်ခုမှာနေရာယူထားပါတယ်။ ဒီကျောင်းတိုက်က ကိုယ်တော်တွေ ထူးထူးဆန်းဆန်း ‌သေဆုံးလာကြတဲ့အချိန်မှာ အကုန်လုံးက နတ်ဆိုးကြောင့်လို့ထင်ခဲ့ပါတယ်။ အဲဒါနဲ့ပဲ ကျောင်းတိုက်ဟာ ကိုယ်တော် ဝီလီယမ်ကို ဒီလူသေမှုတွေကို စုံစမ်းဖို့အကူအညီ တောင်းလိုက်ပါတယ်။ ကိုယ်တော် ဝီလီယမ်ဟာ တခြားသူတွေလို သဘာဝလွန် စွမ်းအားတွေကြောင့်ဖြစ်နေတာလို့မယူဆပဲ လူသေမှုတွေကို အချက်အလက်ကျကျ လိုက်ပြီးစုံစမ်းပါတော့တယ်။ ဒီကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေး အစွန်းရောက်ယုံကြည်မှုတွေနဲ့ ကိုယ်တော် ဝီလီယမ်ရဲ့ ယုတ္တိကျကျ တွေးခေါ် တတ်ပုံတွေနဲ့ အားပြိုင်တာကို တွေ့ရှိရမှာပါ။
...