en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Closed channel

🚩 Channel was restricted by Telegram

Show more
No data
Subscribers
-524 hours
-47 days
+730 days
Posts Archive
Poacher (2024) ⭐TMDB: 100.0% User Score 🎬 #Drama #Crime 🗓 2024 🎞 Series 🌎 #Canada #India #UnitedStatesofAmerica ⏰ 1 နာရီ 45 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Poacher (2024)Poacher (2024) “ဆင်မုဆိုး” IMDb – 7.8/10Delhi Crime(2019)စီးရီးကို ဖန်တီးရေးသားပြီး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရစ်ချီမယ်ထာ ရိုက်ကူးပုံဖော်ထားတဲ့ မီနီစီးရီးအသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီစီးရီးက မလေယာလမ်းစီးရီးဖြစ်ပြီး မင်းသမီးချော အာလီယာဘတ်လည်း အားဖြည့်ထားပါတယ်။ “ကျွန်မတို့မှာ ကျွန်မတို့ကမ္ဘာမြေအတွက် တာဝန်ရှိတယ်…အဲဒါက ဒီစီးရီးမှာပါဝင်ရတဲ့အကြောင်းပြချက်တွေထဲက တစ်ချက်ပေါ့”လို့ မင်းသမီးချောအာလီယာဘတ်က ဆိုပါသေးတယ်။ ကီရာလာက တောကြီးတစ်ခုထဲမှာ ဆင်အကောင်ရေ ခြောက်ထောင်ဝန်းကျင်လောက်ပဲ ကျန်ပါတော့တယ်။ ကိုးဆယ်ပြည့်နှစ်အလွန်ကတည်းက မတွေ့ရတော့တဲ့ ဆင်မှောင်ခိုသမားတွေက ရုတ်တရက် တစ်စခန်းထလာပြီး ဆင်တွေကို သတ်ဖြတ်မှောင်ခိုကူးပါတယ်။ ဒီမှာပဲ သစ်တောဦးစီးဌာနကို အထက်က ရှယ်ကြိမ်းတော့တာပေါ့။ ငှက်ဘေးမဲ့တောမှာ တာဝန်ကျနေပြီး အေးအေးဆေးဆေးဖြတ်သန်းနေတဲ့ ထူးချွန်အရာရှိမာလာက တချိန်က ကီရာလာကဆင်ရိုင်းတွေကို ကာကွယ်ပေးခဲ့တဲ့သူ။အခုလို ဆင်တွေကိုမှောင်ခိုကူးတဲ့ကိစ္စက တာဝန်ကျအရာရှိတွေ ခေါင်းမီးတောက်နေတုန်းမှာ အရာရှိမာလာပဲ ကိုယ်တွယ်နိုင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရာရှိမာလာတစ်ယောက် ကီရာလာက တောကြီးထဲမှာ ပြန်လည်တာဝန်ထမ်းဆောင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

The Mental State (2022) ⭐IMDB: 6.1/10 (108 Votes) 🎬 #Drama #Mystery #Thriller 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 December တုန်းကမှ Release လုပ်ထားတဲ့ Drama/Mystery/Thriller ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး၊ ပြန်လည်ထူထောင်ရေးစခန်းမှာရောက်နေတဲ့ မိခင်ဖြစ်သူနဲ့ ဘဝကို ရုန်းကန်နေရတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူတို့ရဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာ ရလို့ရမှန်းမသိဖြစ်နေတဲ့ အရွယ်မရောက်သေးတဲ့ အန်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်…..လူပျိုဖော်ဝင်ခါစမှာ စိတ်ဝင်စားနေတဲ့မိန်းကလေးရဲ့ Attention ကိုရဖို့ ကြိုးစားနေရတဲ့သူ…Scholar ရဖို့အတွက် တခြားသူတွေနဲ့မတူဘဲ ဝါသနာပါတဲ့ Graphic novel တစ်အုပ်ဆွဲပြီး ကြိုးစားနေတဲ့ high school senior ကောင်လေး…. Pressure တွေကြားမှာ တိမ်ငုပ်နေတဲ့ စိတ်ရောဂါဝေဒနာတစ်ခုဟာ လူသိရှင်ကြားဖြစ်လာတဲ့အခါမှာတော့…. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
...

The Medallion (2003) ⭐TMDB: 56.0% User Score 🎬 #Action #Comedy #Fantasy #JackieChan #Thriller 🗓 2003 🎞 movie 🌎 #HongKong #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ပရိသတ်ကြီးအတွက် အချစ်တော်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ 2003 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှေးခေတ် အရှေ့တိုင်းဒဏ္ဍာရီတွေအရ သေဆုံးသူတွေကို အသက်ပြန်သွင်းပေးနိုင်ပြီး သဘာဝလွန်အစွမ်းတွေပါ ပေးနိုင်တဲ့ လည်ဆွဲပြားတစ်ပြားရှိပါတယ်။ ဒါပေမဲ့ ဒီလည်ဆွဲပြားက နှစ်ခြမ်းရှိနေပြီး နှစ်ပေါင်းတစ်ထောင်ပြည့်တိုင်း ဒီလည်ဆွဲပြားကိုပေါင်းစည်းပေးနိုင်မဲ့ ကလေးငယ်တစ်ယောက်ကိုရွေးချယ်ပါတယ်။ အက်ဒီက‌တော့ ဟောင်ကောင်ရဲဌာနရဲ့ ရဲအုပ်စုံထောက်တစ်ယောက်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ မြွေခေါင်းဆိုတဲ့ မှောင်ခိုသမားကို ဖမ်းဆီးဖို့ လုပ်နေကြတာပါ။ မြွေခေါင်းကလည်း သူတို့ထင်ထားသလို မှောင်ခိုပစ္စည်းနောက်လိုက်နေတာမဟုတ်ဘဲ လည်ဆွဲပြားနဲ့ ရွေးချယ်ခံကောင်လေးနောက်ကို လိုက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ အက်ဒီတစ်ယောက် လည်ဆွဲပြားကိုရော ကောင်လေးကိုပါ ဘယ်လိုကာကွယ်မလဲ၊ လည်ဆွဲပြားကရော ဒဏ္ဍာရီထဲကအတိုင်း တကယ်အစွမ်းရှိမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ မင်းသားကြီးဂျက်ကီချန်းရဲ့ အက်ရှင်စွန့်စားခန်းအလန်းတွေနဲ့ ဟာသတွေကိုတဝကြီးကြည့်ရှုရမှာဖြစ်လို့ ပရိသတ်တွေအကြိုက်တွေ့မဲ့ ကားကောင်းတစ်ကားဖြစ်မှာအသေအချာပါပဲဗျ။
...

Nunta pe bani (2023) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Romania ⏰ 1 နာရီ 36 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်္ဂလာ‌ဆောင်သွားရတာမကြိုက်တဲ့ မီချာတစ်ယောက် ကိုယ်တိုင် မဖြစ်မနေမင်္ဂလာဆောင်ရမဲ့အခြေအ‌နေတစ်ခုကိုရောက်သွားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ? ဇာတ်လမ်းလေးကို မီချာက သူ့အဘွားကို ပြီးခဲ့တဲ့လတွေ‌အတွင်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုပြော‌ပြနေတဲ့ပုံစံမျိုးနဲ့တင်ဆက်ထားပါတယ်။ မီချာက ငါးနှစ်လောက်အတူတွဲလာခဲ့တဲ့ချစ်သူနဲ့အတူ တစ်အိမ်တည်းနေပြီး ကားအရောင်းပြခန်းမှာအလုပ်လုပ်နေတဲ့သူဖြစ်တယ်။ တစ်နေ့မှာတော့ ကားဝယ်သူတစ်ယောက်အတွက် ကားသွားယူလာပေးရာကနေ လမ်းမှာမြောင်းထဲထိုးကျသွားတယ်။ ဝယ်သူက သူ့အတွက် ခရီးစရိတ်နဲ့ကားအတွက်ငွေပေးချေပြီးသားဖြစ်တာကြောင့် မီချာ့ခမျာ ပြန်မလျော်နိုင်ဘဲ အကြွေးတွေတင်သွားရော။ အဲလိုနဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတုန်း မင်္ဂလာဆောင်ကပိုက်ဆံလက်ဖွဲ့တွေနဲ့ဆိုရင် အကြွေးပြန်ဆပ်လို့ရမယ်လို့အကြံရသွားပြီး မင်္ဂလာဆောင်ဖို့အတွက် အစီအစဉ်တွေဆွဲပါတော့တယ်… ဇာတ်ကားလေးက ဟာသဒရာမာကားတွေဖြစ်တာမို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမှာသေချာပါတယ်။
...

Box: Metaphor (2023) ⭐IMDB: 3.1/10 (239 Votes) 🎬 #SciFi #Thriller #ScienceFiction 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 19 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ကြည့်ပြီးရင်စဉ်းစားစရာတွေကျန်ခဲ့စေမယ့် psychological thriller ကားတစ်ကားဖြစ်ပါတယ်။ ထောင်တွေနဲ့မဆံ့အောင် ရာဇဝတ်သားတွေများလာတဲ့ ပျက်ကပ်စိုက်နေတဲ့ dystopian future တစ်ခုမှာ Box Rehabilitation ဆိုတဲ့ လူကိုသေတ္တာထဲလှောင်ပိတ်ပြီး ထောင်ချတဲ့စနစ်တစ်ခုကို ကျင့်သုံးကြတာအပေါ် ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကားနာမည်နဲ့လိုက်အောင် တစ်ကားလုံး boxလေးထဲမှာပဲရိုက်ကူးထားတာဖြစ်ပြီး၊ ကိုယ်ကိုယ်တိုင် ဇာတ်ဆောင်နဲ့အတူ သေတ္တာထဲအချုပ်ခံထားရသလိုခံစားချက်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဖြည်းဖြည်းနှေးနှေးနဲ့ဇာတ်လမ်းကိုတည်ဆောက်ပြီး ဆွဲခေါ်သွားတတ်တဲ့ဇာတ်ကားမျိုးကိုကြိုက်ရင် ဒီကားကိုကြည့်ကြည့်သင့်ပါတယ်။ ပုံစံခွက်ထဲကလူ့အဖွဲ့အစည်းရဲ့နောက်ကွယ်ကရက်စက်မှုတွေရဲ့သဘာဝရယ်၊ မာကျောတဲ့လူ့စိတ်ဓာတ်ရယ်ကို ရှုစားရမယ့် thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
...

Missionary (2023) ⭐TMDB: 0.0% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 29 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ‘လူ’ဆိုတာ သိပ်ဆန်းကြယ်တဲ့သတ္တဝါပဲ။ လူတစ်ယောက်အကြောင်းကို ဘယ်လိုမှ အိတ်သွန်ဖာမှောက်မသိနိုင်ကြဘူး။ မိဘနဲ့သားသမီးကြားမှာရော၊ မောင်နှမအချင်းချင်းရော၊ အရင်းနှီးဆုံးသူငယ်ချင်းတွေရော၊ သိပ်ချစ်လှပါချည်ရဲ့ဆိုတဲ့ လင်မယားအချင်းချင်းတောင်မှ အတွင်းစိတ်ထဲထိ အမှန်အတိုင်းသိနိုင်မှသိနိုင်ပါလိမ့်မယ်။ ဒီကားထဲမှာဆိုရင် လင်မယားအချင်းချင်းကြား၊ သူငယ်ချင်းကြား၊ မောင်နှမကြား ဖုံးကွယ်ထားတာတွေ လှစ်ဟာပေါ်ပေါက်လာတဲ့အခါ၊ လူတွေရဲ့စိတ်ထဲက စိတ်ရိုင်းတွေပေါ်လာတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ပါဝင်သောဇာတ်ဝင်ခန်းများကြောင့် ကလေးသူငယ်များ ကြည့်ရှုရန်မသင့်ပါ)
...

I Heard Sarah (2022) ⭐IMDB: 5.4/10 (17 Votes) 🎬 #Drama #Music 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 12 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အီရမ်ဆိုတဲ့ရော့ခ်စတားတစ်ယောက်ဟာ တရားရုံးကချမှတ်ဝင်ခိုင်းထားတဲ့ ပြန်လည်ထူထောင်ရေးစခန်းကနေ ခိုးထွက်လာခဲ့ပြီးတော့ သူ့မွေးရပ်မြေမှာရှိတဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်းလည်းဖြစ်သလို အရင်က bandmate ဟောင်းလည်းဖြစ်တဲ့ ဂျော့ရှ်ဆီကိုသွားခဲ့ပါတယ်… အီရမ်က နာမည်ကျော်ကြားအောင်မြင်နေခဲ့ပေမယ့် တစ်နေ့တစ်နေ့အသက်ရှင်ရတာကို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူပေါ့… သူ့သူငယ်ချင်းဟောင်းဖြစ်သူ ဂျော့ရှ်ကတော့ သူနဲ့ဆန့်ကျင်ဘက်ပါ… တစ်ချိန်ကအိပ်မက်အတူတူမက်ခဲ့ကြတဲ့ အဆိုတော်ဘဝကိုလက်လျှော့ခဲ့ပြီးတော့ မွေးရပ်မြေလေးမှာ သူချစ်တဲ့မိန်းကလေးတစ်ယောက်နဲ့အတူတူ လက်ထပ်ပြီး ဘဝကိုပျော်ရွှင်စွာနဲ့နေနေတဲ့သူပါ… ဒါပေမယ့် ဂျော့ရှ်ရဲ့သာယာတဲ့ဘဝလေးဟာ အိမ်ကိုမထင်မှတ်ဘဲရောက်ချလာခဲ့တဲ့ အီရမ်ကြောင့် ပျက်စီးတော့မလိုဖြစ်လို့လာပါတယ်… ဘာအကြောင်းကြောင့်များ ဒီလိုပျက်စီးလုနီးပါးဖြစ်လာရတာလဲ… အရင်ကအရမ်းခင်မင်ခဲ့ကြပေမယ့် ခုချိန်မှာတော့ ဂျော့ရှ်က အီရမ့်ကိုဆို ခါးခါးသီးသီးနဲ့ဖြစ်နေရတာကရော အတိတ်ကအကြောင်းတစ်ခုခုနဲ့ သက်ဆိုင်နေတာကြောင့်လား… သူတို့နှစ်ယောက်ရဲ့ဘဝနောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ “I Heard Sarah” ဆိုတဲ့ဇာတ်ကားလေးကိုကြည့်ပြီးတော့ပဲ အဖြေရှာလိုက်ပါ
...

All Jacked Up and Full of Worms (2022) ⭐IMDB: 4.7/10 (282 Votes) 🎬 #Comedy #Horror 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 11 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (အဖော်အချွတ်ခန်း ကိုယ်လုံးတီးများ သွေးထွက်သံယို ရွံစရာ ပြကွက်များနှင့် အကောင်ပလောင်များ ပါဝင်သောကြောင့် ကလေးသူငယ်များ မကြည့်ရှုသင့်ပါ။) ဇာတ်လမ်းက ပြောရမယ်ဆို ဘာပြောရမှန်းတောင် မသိပါဘူး။ တီကောင်တွေကို စိတ်ကြွထင်ယောင်ထင်မှားဖြစ်စေတယ်ဆိုပြီး မူးယစ်ဆေးအနေနဲ့လုပ်ပြီး သုံးစွဲနေကြတာက အဓိကပေါ့နော်။ အဲဒီမှာ ချစ်သူဖြစ်တဲ့ကောင်မလေးက ဟစ်ပီဆေးတွေ ချခိုင်းပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ဘဲပါမယ်။ နောက်ပြီးတော့ ကလေးလိုချင်တယ်ဆိုပြီး ပရမ်းပတာ အရုပ်ကြီးတွေဝယ် ကလေးရူး ရူးနေတဲ့ ဝတုတ်ကြီးတစ်ယောက် ရှိမယ်။ အူကြောင်ကြောင် တီဗီအစီအစဉ်တွေ ကြည့်ပြီး ဂေါက်သီးထ တီကောင်တွေကျွေးနေတဲ့ ပြည့်တန်ဆာမ တစ်ယောက်ရှိမယ်။ လမ်းမပေါ်တင် ဖြစ်ချင်ရာဖြစ် သောင်းကျန်းချင်ရာ သောင်းကျန်းနေတဲ့ အာရှသူတစ်ယောက်နဲ့ ဂျိုကာလို လူပြက်တို့ စုံတွဲတစ်တွဲလည်း ရှိမယ်။ ဒီလူတွေအားလုံးက ဒီလို ရွံစရာကောင်းတဲ့ တီကောင်မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘယ်လိုဇာတ်ရှုပ်ကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။
...

Shōgun (2024) ⭐TMDB: 100.0% User Score 🎬 #Drama #War #Politics 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 10 မိနစ် 49 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shōgun (2024)Game of Thrones လိုမျိုး နယ်မြေလုတာ အာဏာလုတာတွေနဲ့ရက်ရက်စက်စက်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်ရင် အမေရိကန်-ဂျပန် ဗားရှင်း GoT လို့ပြောရမဲ့Shogun ဇာတ်လမ်းတွဲကိုကြည့်လိုက်ပါ။နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Hiroyuki Sanada၊ Anna Sawai တို့ပါဝင်ထားပြီး ၁၉၇၅ တုန်းက ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန်တွေကို စိတ်ကူးယဉ်နဲ့ ရောစပ်ဖန်တီးထားတာပါ။ဒီရုပ်ရှင်ထဲက လမ်းပြ ဘလက်သွန်းဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ဂျပန်ကိုပထမဆုံးရောက်တဲ့ အင်္ဂလိပ်လမ်းပြWilliam Adams ကို အခြေခံထားသလို ယိုရှီ တာရာနာဂါ ဇာတ်ကောင်ဟာတိုကူဂါဝါ စစ်ဘုရင်အုပ်ချုပ်ရေးကို တည်ထောင်ခဲ့တဲ့တိုကူဂါဝါ လယ်ရဆု ကို အခြေခံထားတာပါ။ ဇာတ်လမ်းအကျဉ်း၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။အဲဒီကာလမှာ ပေါ်တူဂီကသလစ်တွေဟာ ဂျပန်နဲ့ ကုန်သွယ်ပြီးအရမ်းမြတ်စွန်းနေကြတဲ့ကာလဖြစ်ပါတယ်။အခြား ဥရောပနိုင်ငံတွေကိုလည်း ဂျပန်ရဲ့ တည်နေရာကိုမသိအောင် ဖုံးထားပါတယ်။ပေါ်တူဂီတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပရိုတက်စတင့်ဘာသာဝင်ဟော်လန်လှေတွေ ဂျပန်ကိုရောက်လာချိန်မှာပဲ၊ ဂျပန်မှာလည်းဘုရင်ခံချုပ်(တိုင်ကိုး) ကွယ်လွန်သွားပြီး အမွေခံ သားငယ်လေးပဲကျန်ခဲ့တာကြောင့် စစ်ခေါင်းဆောင် ၅ ပါးဟာအာဏာလုဖို့ အားပြိုင်နေကြပါပြီ။ အဲဒီအားပြိုင်ပွဲမှာ ဥရောပက လာတဲ့ မဟာမိတ်နဲ့လက်နက်တွေဟာအဖြေဖြစ်လာနိုင်တာကြောင့် ပထမဆုံးရောက်လာတဲ့အင်္ဂလိပ် လမ်းပြ ဂျွန် ဘလက်သွန်းကို စည်းရုံးဖို့လုပ်ကြံဖို့ ကြံစည်ကြပါတော့တယ်။ တစ်ပိုင်းပြီးတစ်ပိုင်း နိုင်ငံရေးတွေ အတိုက်အခိုက်တွေနဲ့ကြမ်းမဲ့သဘောရှိလို့ တစ်ပတ်တစ်ခါတင်ဆက်ပေးတာကို စောင့်ကြည့်အားပေးကြပါဦး။
...

Wolf Hiding (2023) ⭐TMDB: 73.0% User Score 🎬 #Action #Crime 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 46 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ CMကနေတရုတ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Nick Cheung ,Ethan Juan,Darren Wang တို့ကအဓိကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်ကြတဲ့မြို့ကြီးတစ်မြို့မှာ ဟုန်ထိုက်လုပ်ငန်းစုကဂုဏ် အရှိန်အဟုန်ကြီးမားလျက်ရှိပြီး အဲ့ဒီလုပ်ငန်းစုရဲ့ ဥက္ကဌကမြို့ရဲ့ဝန်ကြီးအဖြစ်ဝင်ရောက်ရွေးချယ်ခံဖို့ ပြင်ဆင်နေခဲ့ပါတယ်တစ်ဖက်မှာလည်း သူ့ရဲ့ဥက္ကဌရာထူးကို သူ့လက်အောက်က လူတစ်ယောက်စီလွှဲပြောင်းပေးတော့မှာပဲဖြစ်ပါတယ် ဒါပေမယ့် ရာထူးလွှဲပြောင်းပေးတဲ့ပွဲနေ့မှာပဲအမှတ်မထင်ထားတဲ့ ပြဿနာမျိုးစုံကြုံခဲ့ရပါတော့တယ် အဲ့ဒီအမှတ်မထင်ထားတဲ့ပြဿနာကနေအစချီပြီးတော့ သာယာလှပနေတဲ့မြို့ကိုဆေးရောင်ဆိုးကြတဲ့ လူတစ်စုရဲ့ မကောင်းမှုတွေကလည်း တစ်စပြီးတစ်စ ပေါ်လာခဲ့ပါတယ်နှစ်ပေါင်းများစွာ အမြစ်တည်ခဲ့တဲ့ လူကုန်ကူးမှုကိုယ်တွင်းအင်္ဂါအရောင်းအဝယ်ဈေးကွက်အစရှိတဲ့မကောင်းမှုတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်မှာလဲ မကောင်းမှုပြုသူတို့ရဲ့ ဇာတ်သိမ်းကတော့ အားလုံးသိပြီးသားဇာတ်သိမ်းမျိုးပေမယ့်ဒီဇာတ်ကားရဲ့ Plot twist ကြီးကအရမ်းမိုက်ပြီးအက်ရှင်ကားကောင်းတစ်ကားဖြစ်တာမို့လို့တရုတ်ကားပရိတ်သတ်တွေအနေနဲ့ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်နော်
...

Battle Front: Duel of the Peaks (2020) ⭐TMDB: 0.0% User Score 🎬 #Action #Crime #ScienceFiction 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 31 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှင်ကား ကြမ်းကြမ်းလေးတွေ ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက်ဒီရုပ်ရှင်လေးကို အကြိုက်တွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-တရုတ်နိုင်ငံက သိပ္ပံလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ပင်လယ်ရေကို ရေချိုအဖြစ်ပြောင်းလဲဖို့နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပြီး အဲ့ဒီနည်းလမ်းကို နိုင်ငံတကာ သိပ္ပံဒုစရိုက်အဖွဲ့ကလုယူဖို့ ကြိုးစားနေပါတယ်။ ကျန့်ဖုန်းဟာ သိပ္ပံအဖွဲ့ရဲ့ ဆရာခေါင်းဆောင်ဖြစ်တဲ့သိုက်ရှင်းကော်ရဲ့ သားမက်လောင်းဖြစ်ပါတယ်။ နည်းပညာနဲ့ သူ့ရဲ့ဇနီးလောင်းကို ကာကွယ်ပေးဖို့အတွက် ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး အတိတ်မေ့သွားခဲ့ပါတယ်။ အတိတ်မေ့သွားတဲ့ ကျန့်ဖုန်းကို နျဲ့လင်ဖုန်းက ကယ်ပေးခဲ့ပြီး သူ့အိမ်မှာ ခေါ်ထားခဲ့ပါတယ်။နျဲ့လင်ဖုန်းဟာ သိုက်ရှင်းကော်ရဲ့ တပည့်အရင်းဖြစ်ပေမဲ့ အောင်မြင်မှု မရတဲ့အတွက်သူ့ဆရာကို မုန်းတီးနေသူ တစ်ယောက်ဖြစ်ပါတယ်။နည်းပညာအချက်အလက်တွေကို ရှာဖို့အတွက် တူမလေး ရှီးယင်းကိုကျန့်ဖုန်းရဲ့ ဇနီးလောင်းအဖြစ် ဟန်ဆောင်စေခဲ့ပါတယ်။ ကျန့်ဖုန်းတစ်ယောက် အတိတ်က အကြောင်းတွေကို ပြန်သတိရနိုင်မလား……နည်းပညာ အချက်အလက်တွေက နောက်ဆုံးမှာ ဘယ်သူ့လက်ထဲကို ရောက်သွားလိမ့်မလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။
...

Land (2021) ⭐IMDB: 6.7/10 (16 k Votes) 🎬 #Adventure #Drama 🗓 2021 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတွေဟာ ကံကြမ္မာ စေစားရာ ဘဝကို နိမ့်လိုက် မြင့်လိုက် အတက်အကျမျိုးစုံနဲ့ ခံစားရစမြဲပါပဲ။ လောကဓံလှိုင်း ရိုက်ပုတ်မှုကို ကြံ့ကြံ့ခံရင်း တစ်ချို့တွေက ဘဝကို ဆက်လက် ရှင်သန်နိုင်ကြပေမယ့် ဘဝကြီးကို လက်မြှောက် အရှုံးပေးသွားကြသူတွေလည်း အများကြီး ရှိပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ အရာအားလုံးက မည်းမှောင်နေပြီး မျှော်လင့်ချက် အလင်းတန်းကို မြင်နိုင်ဖို့က ခက်ခဲပါတယ်။ ဒီဇာတ်ကားမှာ ခင်တွယ်ရာ မိသားစုကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ အယ်ဒီးဆိုတဲ့ အမျိုးသမီး တစ်ယောက်ဟာ စိတ်ကျဝေဒနာကို ခံစားနေရပြီး လူတွေနဲ့ ဝေးရာ တောတောင်ထဲက အိမ်လေးတစ်လုံးကို ဝယ်ယူပြီး လာရောက်နေခဲ့ပါတယ် ခက်ခဲပင်ပန်းတဲ့ လူသူမနီး တောထဲမှာ နေထိုင်ဖို့ ကြိုးစားရင်း သေလုမြောပါး အချိန်မှာ သူ့ကို မုဆိုးတစ်ယောက်က ပြန်လည်ရှင်သန်လာအောင် ကူညီပေးခဲ့ပါတယ်။ လူတိုင်းမှာ နာကျင်စရာအတိတ် ရှိနိုင်ပေမယ့် ဒီဇာတ်ကားမှာ ဘဝကို အရှုံးပေးလိုက်တာက အဖြေမဟုတ်ဘူး ဆိုတာကို တင်ပြရိုက်ကူးထားတာပါ။ နှင်းတွေဖုံးနေတတ်တဲ့ တောင်တန်းတွေ ရှိပြီး တောရိုင်းသဘာဝ အမျိုးသားပန်းခြံတွေ အများကြီးရှိတဲ့ အမေရိကန် အနောက်ပိုင်း wyoming ပြည်နယ်က သဘာဝ အရိုင်းဆန်တဲ့ မြင်ကွင်းအလှတွေကို ရိုက်ကူးထားတာ မြင်တွေ့ရမှာပါ။
...

The Naked Kitchen (2009) ⭐TMDB: 57.0% User Score 🎬 #Drama #Romance 🗓 2009 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Naked Kitchen (2009) 2009 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Shin Min Ah ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို ပြန်တင်ဆက်ပေးချင်ပါတယ်။ ငယ်ငယ်ကတည်းက အနားမှာ အတူရှိလာခဲ့ပြီး ချစ်သူလို အစ်ကိုလိုချစ်ရတဲ့ လူနဲ့နောက်ဆုံးမှာ လက်ထပ်လိုက်တဲ့ Mo Raeရဲ့ အိမ်ထောင်ရေးက သာသာယာယာရှိနေခဲ့တာပါ။ သုံးပွင့်ဆိုင်ဇာတ်လမ်းဆိုမှတော့ တတိယလူကတော့ ပါကိုပါလာမှာပါပဲ။ဟင်းချက်ဝါသနာပါတဲ့ ယောက်ျားဖြစ်သူရဲ့ စားသောက်ဆိုင်ဖွင့်မယ့် ကိစ္စကိုအခြေတည်ပြီးတတိယလူဝင်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီကားထဲမှာ Mo Rae အဖြစ်သရုပ်ဆာင်ထားတဲ့ Shin Min Ahရဲ့ငယ်ရွယ်စဉ်က တက်ကြွလန်းဆန်းတဲ့အငွေ့အသက်ကို ခံစားနိုင်တယ်လို့ ထင်မိပါတယ်။ ယောက်ျားလေး နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ရင်ခုန်နေတဲ့ Mo Rae ဆိုတဲ့ဇာတ်ကောင်ကို ကြည့်နေရတာကအပြစ်ကင်းသလို ဖြူစင်သလိုလို ခံစားရ ပေမယ့် တစ်ချိန်တည်းမှာပဲ ဒီလောက်လည်း ရိုးရှင်းမနေပြန်ပါဘူး။ ယောက်ျား လေးနှစ် ယောက်ကို တစ်ချိန်တည်း ချစ်နိုင်ပါ့မလား??သူပဲ ၅၂၈နဲ့၁၅၀၀ကြား ဝေခွဲမရဖြစ်နေတာလား?? တစ်ဖက်က ငယ်ချစ်ဦး ဖြစ်တဲ့အပြင် လက်ထပ်ထားတဲ့ အမျိုးသားနောက်တစ်ဖက်မှာက ရင်ခုန်အောင်လုပ်နိုင်တဲ့ ဆိုးသွမ်းတဲ့မောင်လေး….ဒီနှစ်ယောက်ကြားထဲ Mo Rae ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ အပြီးထိဆက်ကြည့်ကြပေါ့နော်။ အညွှန်းနဲ့ဘာသာပြန်ကတော့Milkeuxဖြစ်ပါတယ်
...

The Origin of The Meng Po Legend (2024) ⭐TMDB: 0.0% User Score 🎬 #Drama #Fantasy #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 17 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတွေသေဆုံးပြီးတဲ့အခါ လက်ရှိဘဝကမှတ်ဉာဏ်တွေကိုမေ့ပျောက်ပစ်ပြီးပြန်လည်ဝင်စားဖို့အတွက် မုန့်ဖော်ဟင်းရည်ကိုသောက်ပြီးမေ့လျော့ခြင်းမြစ်ကူးတံတားကိုကူးကြရတယ်ဆိုတဲ့တရုတ်ဒဏ္ဍာရီတစ်ခုကို ကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားကတော့ အဲဒီမုန့်ဖော်ဟင်းရည်ရဲ့ မူလအစကဘယ်ကဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ သေဆုံးပြီးသားဝိဉာဉ်တွေက မုန့်ဖော်ဟင်းရည်ကိုသောက်သေဆုံးခဲ့တဲ့ဘဝတစ်ခုလုံးကမှတ်ဉာဏ်တွေကို မေ့ပြီးတော့ လူဝင်စားဖို့လုပ်ဆောင်ရပါတယ် ။သေချာပေါက်ပေါ့.. ဒီဘဝရဲ့မှတ်ဉာဏ်တွေကို မေ့မပစ်နိုင်တဲ့သူတွေ ၊အစွဲအလမ်းတွေရှိလို့ ကျန်ခဲ့တဲ့သူတွေကို စိတ်မချကြတဲ့ဝိဉာဉ်တွေကတော့မုန့်ဖော်ဟင်းရည်ကိုမသောက်လိုကြပါဘူး ။ အဲဒီလိုမသောက်လိုတဲ့အခါမှာမေ့လျော့ခြင်းမြစ်ရဲ့ အောက်ဘက်က ဝမ့်မြို့တော်မှာနှစ်တစ်ထောင် အတိဒုက္ခခံစားကြရပါတယ် ။ ဒီလိုနဲ့ နှစ်တစ်ထောင်ပြည့်တဲ့နေ့မှာ မုန့်ဖော်ဟင်းရည်တိုက်ကျွေးသူမုန့်ဖော်အမည်ရတဲ့နတ်သမီးက ဝမ့်မြို့တော်တံခါးကိုဖွင့်ပြီးအထီးကျန်ဝိဉာဉ်တွေနဲ့ဝိဉာဉ်ရိုင်းတွေကိုမုန့်ဖော်ဟင်းရည်ထပ်တိုက်ပြီး ဘဝကူးပေးဖို့လုပ်ဆောင်ရပြန်တယ် ။ မထင်မှတ်ထားတာကတော့ ဝမ့်မြို့မှာအဖမ်းခံထားရတဲ့ နတ်ဆိုးဘုရင်ရှိုးလော်ဟာပြန်လည်နိုးထလာခဲ့ပြီး မုန့်ဖော်ကိုတိုက်ခိုက်လာပါတော့တယ် ။တချိန်တည်းမှာပဲ အသက်ရှိဝိဉာဉ်တစ်ကောင်ကလည်း ဝမ့်မြို့တော်ကိုရောက်ရှိနေပါသေးတယ် ။ယမမင်းနေရာကိုလိုချင်နေတဲ့ ရှိုးလော်ကမုန့်ဖော်ကိုဘယ်လိုစီရင်သွားမလဲ ?အသက်ရှိဝိဉာဉ်ကရောဘယ်သူဖြစ်မလဲ ? ယမမင်းနဲ့ရှိုးလော်ကြားကပြိုင်ဆိုင်မှုတွေကြား မုန့်ဖော်တစ်ယောက် ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကိုဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ
...

First Girl I Loved (2016) ⭐IMDB: 6.1/10 (4 k Votes) 🎬 #Drama #Romance 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.1 Rotten Tomatoes 90% ဒီတစ်ခါမှာတော့2016 Sundance Film Festival မှာ Audience Award ရရှိခဲ့တဲ့ LGBTQ+ကားကောင်းလေး တစ်ကောင်းကို CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းလေးကတော့ လူတောသိပ်မတိုးတဲ့ ကျောင်းမှတ်တမ်းဌာနက ကျောင်းသူလေး Anne နဲ့ နာမည်ကြီး Softball စတား ဖြစ်တဲ့ Sasha တို့ နှစ်ယောက်ကြားထဲက ဆယ်ကျော်သက် အချစ်ဇာတ်လမ်းလေးပါပဲ ။ ကျောင်းမှတ်တမ်း စာအုပ်အတွက် မှတ်တမ်းယူပေးဖို့ Softball ပွဲ လိုက်ကြည့်ရာကနေ Sasha ကို ကြွေသွားတဲ့ Anne ဟာ ဒီအကြောင်းတွေကို သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Cliffton ကို ရင်ဖွင့်ခဲ့ပါတယ် ။ ဒီလိုကနေ “လိင်တူချင်းကြိုက်တယ်”ဆိုတာကို လက်ခံနိုင်ပုံမရတဲ့ Cliffton က Anne နဲ့ Sasha တို့ကြားထဲမှာ ခလုတ်ကန်သင်း တစ်ခုလိုဖြစ်လာပါတော့တယ် ။ ဒါပေမယ့် သူတို့နှစ်ယောက် ဆက်ဆံရေးမှာ ခလုတ်ကန်သင်းဖြစ်နေတာက Cliffton ပဲ မဟုတ်ပါဘူး ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ၊ မိဘ ၊ ဆရာ အကုန်လုံးပါပဲ ။ လိင်စိတ်တိမ်းညွှတ်မှု ၊ အချစ် နဲ့ ပတ်ဝန်းကျင်တို့ရဲ့ သုံးခုပြိုင် လွန်ဆွဲပွဲမှာ နောက်ဆုံးတော့ ဘာက အနိုင်ရသွားမလဲ ဆိုတာကို First Girl I’ve Loved ဆိုတဲ့ ဆယ်ကျော်သက်ရုပ်ရှင် ကားလေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဒါ့အပြင် သားသမီးတွေရဲ့ လိင်စိတ်တိမ်းညွှတ်မှုအပေါ် မိဘတွေရဲ့ တုံ့ပြန်မှု ၊ ကိုင်တွယ်မှု အမျိုးမျိုးကိုလည်း မြင်ရဦးမှာပါ ။ ရိုးရိုးလေးနဲ့ နွေးထွေးတဲ့ Plot ကို Color Grading ကောင်းကောင်းနဲ့ ပေါင်းစပ်ဖန်တီးထားတာမို့ LGBTQ+ ရုပ်ရှင် သဘောကျသူတွေအတွက်ဆို သေချာပေါက် ကြည့်သင့်တဲ့ ကားလေးတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်
...

Fake (2003) ⭐TMDB: 63.0% User Score 🎬 #Drama #Romance 🗓 2003 🎞 movie 🌎 #Thailand ⏰ 1 နာရီ 48 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အတုအယောင် (၂၀၂၃) ဘေး ဘိုး စုန်င်လို့ ခေါ်တဲ့ လူငယ်လေးသုံးယောက်က ဘန်ကောက်က တိုက်ခန်းလေးတစ်ခုမှာ သူငယ်ချင်းသုံးယောက်စုနေကြတယ်ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့တစ်ဦးတစ်ယောက်ချင်းစီရဲ့ အချစ်ဇာတ်လမ်းလေးတွေကိုယ်စီဖြစ်လာကြတယ် တိုက်ဆိုင်တာတစ်ခုက သူတို့ချစ်ကြိုက် အသဲကွဲဝမ်းနည်းနေကြတဲ့သူငယ်ချင်းသုံးယောက်နဲ့ပတ်သက်နေတဲ့ကောင်မလေးကလည်းခွန်နာဆိုတဲ့မိန်းကလေးတစ်ယောက်တည်းနဲ့ပဲသက်ဆိုင်နေတယ် နောက်ဆုံးမှာ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးတွေဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူအားပေးကြပါဦးနော် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Lailaဖြစ်ပါတယ်
...

Detective Dee and the Phantom of Waning Moon (2024) ⭐TMDB: 0.0% User Score 🎬 #Action #Drama #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ညတစ်ညမှာ ထန်တိုင်းပြည်ကြီးရဲ့မင်းသမီးလေးဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကိုမက်ခဲ့တယ်။အိပ်မက်ကိုအဓိပ္ပါယ်ဖော်ခိုင်းလိုက်တော့ နတ်မြင်းပျံထွက်ပေါ်လာတဲ့အတွက်မင်္ဂလာနိမိတ်ကောင်းဆိုပြီးလျှောက်တင်တဲ့အတွက် မင်းသမီးကသဘောကျသွားခဲ့တယ်။ အဲဒီလိုလျှောက်တင်ခဲ့တဲ့ ဆရာမကြီးရွှမ်ကမင်းသမီးလေးရဲ့အပစားပေးတာကိုရခဲ့တယ်။အဲဒီအချိန်မှာပဲ မိသားစုလိုက်သတ်ခံရတဲ့အမှုတစ်ကို စုံထောက်ကြီးဒီးရန်ကျယ်ကလိုက်နေခဲ့တယ်။မိသားစုလုံး စုစုပေါင်း(၁၈)ယောက်သတ်ခံရတဲ့အမှုကိုဟာကွက်တွေအများကြီးနဲ့ ပေါ့ပေါ့တန်တန်အမှုပိတ်ခံလိုက်ရတော့။ စုံထောက်ကြီးဒီးဟာ အမိန့်ကိုဆန့်ကျင်ပြီး ဒီအမှုကိုဆက်လိုက်နေခဲ့တယ်။သူထင်တဲ့အတိုင်းပါပဲ ဒီအမှုရဲ့နောက်ကွယ်မှာပိုပြီးကြီးတဲ့အကြံရှိနေခဲ့တယ်။မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာပတ်သက်နေတယ်ဆိုတာကိုတွေ့လိုက်ရတယ်။မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာဘယ်လိုပတ်သက်နေတာလဲ……နောက်ကွယ်ကတရားခံကဘယ်သူများဖြစ်နေမလဲ
...

Poor Things (2023) ⭐IMDB: 8.3/10 (104 k Votes) 🎬 #Comedy #Drama #Romance #ScienceFiction #SciFi 🗓 2023 🎞 movie 🌎 #Ireland #UnitedKingdom #UnitedStates #Hungary #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အော်စကာ အကောင်းဆုံးရုပ်ရှင်ဆု၊ မင်းသမီးဆု၊ ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ နောက်ခံဂီတဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ရိုက်ကွင်းဆု၊ မိတ်ကပ်ဆံပင်ဆု၊ တည်းဖြတ်ဆုတွေ ဆန်ကာတင် ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးပွဲမှာလည်း အကောင်းဆုံး မင်းသမီး၊ မင်းသား၊ ဇာတ်ပို့၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဂီတဆုတွေ ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ Alasdair Gray ရဲ့ ၁၉၉၂ ထုတ် Poor Things စာအုပ်ကို အခြေခံထားတာပါ။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေက‌တော့ Emma Stone, Mark Ruffalo, Willem Dafoe, Ramy Youssef, Christopher Abbott, နဲ့ Jerrod Carmichael တို့ပါပဲ။ အစ်ကိုတစ်ယောက် ပြောသလို ဒီကားကို ကြည့်သ့င်တဲ့အကြောင်းက “Emma Stone အင်ဂျင်ဝိုင်တိုင်း၊ မြင်းစီး၊ ဒေါ့ဂီဆွဲ၊ ခြေတပေါင်ကျော်၊ မောင်ရင်ဆွမ်းထမ်း၊ မော်တော်ဆပ်၊ လှေကြီးထိုး ရိုးရိုး ဝနေအောင်ကြည့်ရ။ ” လို့ပါလို့တော့ မညွှန်းချင်ပါဘူး။ Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရုပ်တည်ကြီးနဲ့ ရယ်ရခက် ငိုရခက်တဲ့ဟာသတွေကြောင့်၊ ဂိတွေပြောသလို လောကကြီးကို နက်နဲတဲ့ သရုပ်ဖော်ပုံ တင်စားပုံတွေနဲ့ ဘာညာကြောင့် ဘလာဘလာ၊ ပြောင်မြောက်တဲ့ ဇာတ်လမ်း၊ ရိုက်ချက် နဲ့ သရုပ်ဆောင်တွေကြောင့်လို့ပဲ ကြားကောင်းအောင် ညွှန်းချင်ပါတယ်။ ကြည့်မှာသာ ကြည့်လိုက်ပါ အရှုံးမရှိပါဘူး။
...

The Boxer and the Butterfly (2023) ⭐IMDB: 6.4/10 (100 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Boxer and the Butterfly [2023]( IMDb 6.6/10 ) ရိုဝမ်နဲ့ နိုအာတို့ စုံတွဲဟာ ပက်ဗ်လိုဗာ ဖိတ်ခေါ်ပြိုင်ပွဲကြီးအတွက် အများကြီးကြိုးစားအားထုတ်ခဲ့ရပါတယ်…ဒါပေမယ့်လည်း ပြိုင်ပွဲနဲ့ နီးကပ်လာသည့်တိုင် သူတို့ရဲ့ ကကွက်တွေ စင်းလုံးမချောသေးတဲ့အတွက်ကြောင့်နိုအာကပဲ ရိုဝမ့်ကို လမ်းခွဲစကားပြောပြီး တခြားသော ကဖော်ကဖက်အသစ်ဆီ ကူးပြောင်းသွားခဲ့ပါတယ်…ဒီလိုမျိုး နိုအာက လုပ်သွားခဲ့သည်တိုင် ရိုဝမ်က အတတ်နိုင်ဆုံးနားလည်ပေးရင်းချစ်ရသူနဲ့ ပြန်တွဲကရဖို့ ကကွက်တွေကို အပြင်းအထန်ပြန်လေ့ကျင့်ပါတော့တယ်…ဒီလိုနဲ့ပဲ ကကွက်အဆင်ပြေသွားလို့ နိုအာ့ဆီ ပြန်သွားခဲ့ပေမယ့် နိုအာက ပြိုင်ပွဲကိစ္စအတွက်တင်မဟုတ်ဘဲသူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုပါ အဆုံးသတ်ချင်ခဲ့တာဖြစ်ကြောင်း ပြောပါတော့တယ်…အပစ်ပယ်ခံဖြစ်သွားတဲ့ ရိုဝမ်တစ်ယောက် နိုအာကို ပြိုင်ပွဲမှာ အနိုင်ယူချင်တာကြောင့်အခြားသော ကျွမ်းကျင်အကသမားတွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားပေမယ့် အဆင်မပြေခဲ့ပါဘူး…ဒီလိုနဲ့ သူ့ကို ကကွက်တိုင်မင်မှန်အောင် အကြံပေးခဲ့တဲ့လက်ဝှေ့သမားဝေါ့တ်ကိုပဲ အကူအညီတောင်းဖို့ ဖြစ်လာပါတော့တယ်…လက်ဝှေ့နဲ့ အကဟာ ဘာတစ်ခုမှ မအပ်စပ်တာကြောင့်မို့ ရိုဝမ့်အနေနဲ့ပြိုင်ပွဲအနိုင်ရရေးအတွက် ဘယ်လိုကြိုးစားအားထုတ်သွားမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

Kapan Hamil? (2023) ⭐TMDB: 65.0% User Score 🎬 #Comedy #Romance #Drama 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 31 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kapan Hamil [2023] အယ်လန်နဲ့ နာဒရာတို့ လက်ထပ်ထားတာ ၃နှစ်ရှိပြီဖြစ်သည့်တိုင်ကလေးမထွန်းကားသေးတာက သူတို့အတွက် ပြဿနာတစ်ခုဖြစ်လို့နေပါတယ်…ပြဿနာဖြစ်ရခြင်းရဲ့ အဓိကလက်သည်ကတော့ အယ်လန့်အမေပါ ..အယ်လန့်အမေက တချိန်လုံး နာဒရာ့ကို ကိုယ်ဝန်ရှိမရှိနဲ့ ပက်သက်ပြီးတော့စစ်လားဆေးလားမေးလားမြန်းလား လုပ်လွန်းတဲ့အတွက်သူတို့လင်မယားအဖို့ စိတ်ဖိစီးစရာ ဖြစ်နေပါတော့တယ်…ဒီလိုနဲ့ တနေ့မှာ သူတို့နှစ်ဦး ဆေးခန်းပြဖို့ သဘောတူလိုက်ကြပါတော့တယ်…အယ်လန်ရဲ့မိခင်က သူ့သားဟာ သားသမီးအရမ်းထွန်းကားတဲ့ မျိုးရိုးကဆင်းသက်လာသူမို့ကိုယ်ဝန်မရရခြင်းဟာ နာဒရာ ချို့ယွင်းနေတာကြောင့်လို့သာ တစ်ထစ်ချ ယုံကြည်ထားပါတယ်…တကယ်တော့ ချို့ယွင်းနေတာဟာ အယ်လန်သာ ဖြစ်ပါတယ်…အယ်လန်ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင် Social influencer တစ်ယောက်ဖြစ်နေတာမို့သူ့ရဲ့ မြုံနေတဲ့ အားနည်းချက်ကို ဖုံးဖိဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်…ဒါပေမယ့်လည်း အဆုံးမှာ ဇနီးသည်က ဖန်ပြွန်သန္ဓေသားကုထုံးကို လက်ခံလိုက်တာမို့…ကိုယ့်သွေးရင်းသားရင်းကသာ လိုချင်တဲ့ အယ်လန်တစ်ယောက် အခက်ကြီးကြုံရပါတော့တယ်…ဒီလိုနဲ့ အယ်လန့်အနေနဲ့ ဒီအခက်အခဲတွေကြားက ဘယ်လိုကျော်လွှားသွားမလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...